Channel Myanmar

Romance

Always Amore(2022) 6.9
Always Amore(2022) Always Amore(2022)*******************အဲလိဇဘတ်ဟာ ယောကျာ်းဖြစ်သူ ဆုံးပါးသွားပြီးနောက် မိသားစုကိုရော စီးပွားရေးကိုရောတစ်ဦးတည်းဦးဆောင်နေရရှာပါတယ်။ ယောကျာ်းဖြစ်သူရဲ့အမွေအနှစ်ဖြစ်တဲ့ စားသောက်ဆိုင်လေးဟာလည်းတစ်နှစ်ထက်တစ်နှစ်ရောင်းအားကျလာပြီးနောက် ပိတ်သိမ်းရမယ့်အခြေအနေကိုရောက်ရှိလာပါတယ်။ဒီအခြေအနေကနေကယ်တင်နိုင်ဖို့ဆိုပြီး စားသောက်ဆိုင်အကြံပေးဖြစ်သူ ဘန်နဲ့ ပူးတွဲအလုပ်လုပ်ဖို့အကြောင်းဖန်လာပါလေရော။ ဘန်ဟာ အကြံပေးလောကမှာ နာမည်ကြီးအောင်မြင်သူ၊အပြောင်းအလဲကိုကြိုဆိုသူပါ။ အဲလိဇဘတ်ကကျတော့ ယောကျာ်းဖြစ်သူရဲ့ အမှတ်တရအငွေ့အသက်တွေ ပျောက်ပျက်မသွားအောင် အပြောင်းအလဲလုပ်ဖို့ ငြင်းဆန်လေ့ရှိသူပါ။သူတို့နှစ်ဦးထိပ်တိုက်တွေ့ဆုံတဲ့အခါမှာတော့.....။ ပြောင်းလဲမှုတိုင်းဟာ အမြဲတမ်းဆိုးဝါးမနေဘဲအချစ်သစ် ပျော်ရွှင်မှုအသစ်ကိုတောင် ရှာဖွေတွေ့ရှိနိုင်ကြောင်းရိုက်ကူးပြသထားတဲ့ကားလေးဖြစ်ပါတယ်။File Size :(1.2GB) and (533MB) Quality : WEB-DL1080p, 720p Format…mp4 Duration…01:57:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Always Amore(2022)

Twelve Days ( 2023 ) 5.7
Twelve Days ( 2023 ) အခုတစ်ခေါက် အချစ်ကားအေးအေးလေးတွေကို ကြိုက်တတ်တဲ့ပရိတ်သတ်တို့အတွက် 12 Days ဆိုတဲ့ အချစ်ရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့-လှပချောမောတဲ့ လေယာဉ်မယ်လေး အားနန်နဲ့ အင်္ဂလန်မှ ပညာသင်ပြီး ပြန်လာတဲ့ ဆိုင်းမွန်တို့ဟာ ရည်းစားဖြစ်ပြီး တစ်နှစ်အကြာမှာ သူတို့နှစ်ယောက်အတွက် ကိုယ်ပိုင်နေရာရှိဖို့ရာ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဇာတ်လမ်းတွေထဲမှာတော့ အိမ်ထောင်ပြုခြင်းနဲ့ ဇာတ်သိမ်းလှလှလေးတွေ ထည့်တတ်ပေမဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက အခုမှ စမှာ ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးနောက် အမြင်မတူညီမှုကြောင့် ပြဿနာတွေ ဆက်တိုက်ဖြစ်ခဲ့ရပါတယ်။အချစ်ဆုံးဆိုတဲ့ လူနှစ်ယောက်က အိမ်ထောင်ကျပြီးနောက် အနေနီးပေမဲ့ စိတ်ချင်းဝေးသွားကြပါတယ်။ ဒီဇာတ်လမ်းလေးက အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်ပြုဖို့ မသင့်တော်ဘူးဆိုတာကို နားလည်စေနိုင်မဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ကဲ မိုးအေးအေးလေးနဲ့ feel ချင်တဲ့ ပရိသတ်ကြီးတို့ အတွက် ဒီကားလေးက အမျိုးသမီးတွေအတွက်ရော အမျိုးသားတွေအတွက်ရော ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar ...
movie

Twelve Days ( 2023 )

The Ultimate Life(2013) 6.0
The Ultimate Life(2013)  Money is the second god. တဲ့။ တကယ်ပဲ ဘဝမှာ ပိုက်ဆံသာရှိရင်အရာရာပြီးပြည့်စုံရဲ့လား။ သူ့ကြီးပဲလားကွယ့်…ဆားလေးနဲ့ပါဘုရားလို့ အမတ်ကြီးဦးပေါ်ဦး ပြန်ဖြေသလိုပါပဲ၊ ဘဝမှာ ပိုက်ဆံလေးတင်ရှိနေရုံနဲ့ မပြီးပြည့်စုံပါဘူး။ ဘဝအဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာ လူအချင်းချင်းသဘောထားမတူနိုင်ပေမယ့်လည်း သေချာတာကတော့ ငွေကြေးနဲ့တင်ဘဝအဓိပ္ပာယ်ကို တန်ဖိုးပိုင်းဖြတ်လို့မရပါဘူး။ ဒီဇာတ်လမ်းထဲမှာဂျေဆန်စတီဗင်ဟာ သူ့အဘိုးဆီကနေ အမွေဆက်ခံပြီးနောက်မှာတစ်ခြားမိသားစုဝင်တွေရဲ့ မလိုလောဘတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ကြိုးစားနေရတယ်။ တစ်ဖက်မှာတော့ ဂျေဆန်ဟာ သူ့ချစ်သူနဲ့ပြဿနာပေါ်လာပါတော့တယ်။ ဒီဘဝပြဿနာကို ဖြေရှင်းနိုင်ဖို့သူ့အဘိုးရဲ့ နေ့စဉ်မှတ်တမ်းကနေ အကြံပေးမှုရယူဖို့ ဖြစ်လာပါတော့တယ်။သူ့အဘိုးရဲ့ ဘဝမှတ်တမ်းကနေ ဘယ်လိုသင်ခန်းစာတွေ သင်ယူသွားနိုင်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။ The Ultimate Gift ၊ The Ultimate Life ၊ The Ultimate LegacyဆိုပြီးThe Ultimate Trilogy ထွက်ရှိထားတာထဲက The Ultimate Life ကိုCM ပရိတ်သတ်တွေအတွက် ဘဝသင်ခန်းစာလေးတွေ ရယူနိုင်ကြဖို့ရည်ရွယ်ရင်း တင်ဆက်ပေးလိုက်ပါပြီ။ ( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက ...
movie

The Ultimate Life(2013)

Honor Society (2022) 6.5
Honor Society (2022) Honor Society (2022) ================ IMDb Rating - 6.5/10လူကြီးတွေရော ကလေးတွေပါ ကြည့်လို့ရတဲ့ ပေါ့ပေါ့ပါးပါး ကျောင်းဟာသကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ 2022 က ထွက်ရှိထားပြီး ကြည့်ရှုနှုန်း rating တွေ မြင့်ခဲ့တဲ့ ဒါရိုက်တာ Oran Zagman ရဲ့ masterpiece လေးဖြစ်ပြီး Angourie Rice,Gaten Matarazzo(stranger things ထဲက ဒတ်စတင်) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။အော်နာ(Angourie Rice) ဆိုတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မ လေးဟာ သူ့ရဲ့အောင်မြင်မှုအတွက်ဆို ဘာမဆိုလုပ်မယ့် high archeiver, စီနီယာအထက်တန်းကျောင်းသူလေးပါ။ ဘယ်သူ့ရဲ့ ဖိအားပေးမှုကြောင့်မှ မဟုတ်ဘဲ သူကိုယ်တိုင်က နေရာတိုင်းမှာ အဆင့် ၁ ဖြစ်ချင်နေတဲ့ သူပေါ့။ သူ့ရဲ့ ရည်မှန်းချက်ကတော့ အမေရိကန်ရဲ့ အကြီးမားဆုံး တက္ကသိုလ်ဖြစ်တဲ့ ဟားဗတ်တက္ကသိုလ်ကို သူ့အရည်အချင်းနဲ့သူ တက်ရောက်နိုင်ဖို့ပါ။ သူ့ရဲ့ ဆွေးနွေးအတိုင်ပင်ခံ ဖြစ်တဲ့ မစ္စတာကာဗင် (Christopher Mintz-Plasse) က ဟားဗတ်တက္ကသိုလ်နဲ့ အဆက်အသွယ်ရှိပြီး ပြောရေးဆိုခွင့်ရှိတဲ့သူပေါ့။သူက အော်နာ တို့အတန်းထဲက ...
movie

Honor Society (2022)

2022
The Big Wedding(2013) 5.6
The Big Wedding(2013)  ဒွန်နဲ့ အယ်လီဟာ တစ်ခါက လက်ထပ်ခဲ့ကြတဲ့ စုံတွဲတစ်တွဲပါ။ချစ်စရာအိမ်လေးမှာ အတူနေခဲ့ကြပြီး သားသမီး သုံးယောက်ရှိပါတယ်။သား ဂျဲရက်ဒ် သမီး လိုင်လာနဲ့ မွေးစားသား အယ်လ်ဟန်ဒရိုပါ။လက်ရှိမှာတော့ အကြောင်းကြောင်းကြောင့် ကွာရှင်းလိုက်ကြပြီးကိုယ့်လမ်းကိုယ်လျှောက်နေကြပါပြီ။ အယ်လီကတော့ အိမ်ကနေထွက်သွားပြီး အပြင်မှာ သီးသန့်နေပါတယ်။ ဒွန်ကတော့ အရင်အိမ်မှာပဲအယ်လီရဲ့ အချစ်ဆုံး သူငယ်ချင်း ဘီဘီနဲ့ တွဲခုတ်နေပါတယ်။ ဒွန်နဲ့ အယ်လီရဲ့ မွေးစားသား အယ်လ်ဟန်ဒရိုက သူတို့သူငယ်ချင်းတွေဖြစ်တဲ့ဘယ်ရီနဲ့ မက်ဖင်တို့ရဲ့ သမီး မယ်လီဆာနဲ့ လက်ထပ်ပါတော့မယ်။လက်ထပ်ပွဲကို အယ်လ်ဟန်ဒရိုရဲ့ အမေရင်း မက်ဒေါနားလည်း ကိုလမ်ဘီယာကနေလာမှာပါ။ ပြဿနာက အဲဒီမှာ စတာပါတယ်။ အယ်လ်ဟန်ဒရိုရဲ့အမေရင်း မက်ဒေါနားက ကတ်သလစ်ဘာသာကို နက်နက်ရှိုင်းရှိုင်းယုံကြည်သက်ဝင်သူပါ။ ကွာရှင်းတာကိုလည်း ပြစ်မှုကြီးလို့ ယုံကြည့်လက်ခံထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ တစ်ဦးတည်းသော သားလေးအယ်လ်ဟန်ဒရိုကို အပြစ်ကျူးလွန်တဲ့ အယ်လီနဲ့ ဒွန်က (၁၅) နှစ်ကြာ ပျိုးထောင်ပေးထားတယ်ဆိုတာ သိသွားရင် တုန်လှုပ်သွားမှာစိုးလို့ဒွန်နဲ့ အယ်လီ ...
movie

The Big Wedding(2013)

Shaakuntalam (2023) 5
Shaakuntalam (2023) Shaakuntala (2023)ရာဇဝင်ထဲကအချစ်ဇာတ်လမ်းလေးကို စိတ်ဝင်စားသူတွေအတွက် အရသာတွေ့စေမယ့် မင်းသား Dev Mohanနဲ့မင်းသမီးSamantha Ruth Prabhuတို့သရုပ်ဆောင်ထားတဲ့ Shaakuntalaကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ပူရူအင်ပါယာရဲ့ ရဲစွမ်းသတ္တိရှိကာမင်းကျင့်တရားနဲ့အညီအုပ်ချုပ်တဲ့မင်းကြီး ဒူရှန်တာနဲ့ ကံမကောင်းအကြောင်းမလှမှုကြောင့် မိဘမဲ့ဖြစ်ကာဂုရုကြီးရဲ့မွေးစားသမီးအဖြစ်ကြီးပြင်းလာသူ မိန်းမလှလေးရှာကွန်သာလာတို့ဟာ ကံတရားရဲ့မျက်နှာသာပေးမှုကြောင့်ချစ်ကြိုးသွယ်ခဲ့ကြပါတယ်သို့ပေမယ့်လည်း ဘုရင်တစ်ပါးဖြစ်တာနဲ့အညီရန်သူတွေ တာဝန်တွေဝိုင်းနေတဲ့ မင်းကြီးဒူရှန်တာဟာ ချစ်ရသူလေးရှာကွန်သာလာကို နေရပ်မှာထားခဲ့ပြီးတိုင်းပြည်ကိုခဏပြန်သွားခဲ့ရပါတယ် ရှာကွန်သာလာမှာလည်း အခက်အခဲတချို့ကြောင့်ယောင်လည်စွာနဲ့ ဒူရှန်တာရဲ့တိုင်းပြည်ကို လိုက်သွားဖို့လုပ်တဲ့ခရီးမှာ အောင်မြင်ပါ့မလား အခက်အခဲတွေဘယ်လိုဖြေရှင်းမလဲ မင်းကြီးဒူရှန်တာကရော သူသိပ်ချစ်တဲ့ချစ်သူလေးကိုလက်ခံပါ့မလား ဆိုတာတွေကို ဇာတ်ကားတစ်လျှောက် ရိုဆန်ဆန်နဲ့ရင်သပ်ရှူ့မောစွာကြည့်ရှူ့ရပါမယ် File size…5.57GB / 3.21GB/ 630MB Quality…4kHEVC / 1080p WEB DL /720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~KhinKhin
movie

Shaakuntalam (2023)

2023
4K HEVC
Angels and Insects (1995) 6.8
Angels and Insects (1995) IMDb - 6.8/10ဒီဇာတ်ကားက Don't look up, Ready Player One , The BFG, Bridge of Spines, Bones and All အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေမှာ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ မင်းသားကြီး Mark Rylanceက ဦးဆောင်ပြီးတခြားသော Cast ၈၃ယောက်နဲ့အတူ ဒီဇာတ်ကားကို ပုံဖော်ထားပါတယ်။ဇာတ်လမ်းကတော့ တောထဲမှာ အင်းဆက်တွေကို လေ့လာပြီး သုတေသနပြုလုပ်တဲ့ ပညာရှင်မစ္စတာအမ်ဒမ်ဆမ်က သင်္ဘောမြှပ်ပြီး ယူဂျီနီးယားရဲ့ အိမ်မှာ မှီခိုနေထိုင်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ တစ်အိမ်ထဲမှာ နေထိုင်ရင်း အချိန်တစ်ခုကြာလာတော့ ယူဂျီနီးယားလေးနဲ့ ယူဖြစ်သွားပါလေရော။ ယူဂျီနီးယားနဲ့ အမ်ဒမ်ဆမ်နဲ့ယူတာကို ယူဂျီးနီးယားရဲ့ အကိုအက်ဂါကတော့ သိပ်သဘောမကျပါဘူး။ သဘောမကျတဲ့အပြင်ကိုမှာမှ နှိမ်ပါ နှိမ်နေသေးတာပါ။ မစ္စတာအမ်ဒမ်ဆမ်တစ်ယောက် အက်ဂါ နှိမ်နေတာကို မခံနိုင်တဲ့အဆုံး ကိုယ့်ဝမ်းစားရှာဖို့ သုတေသနစာအုပ် တစ်အုပ်ရေးပါတော့တယ်။ ...
movie

Angels and Insects (1995)

Space Oddity (2022) 5.5
Space Oddity (2022) Space Oddity (2022) ===============စကြဝဠာကြီးထဲမှာ နဂါးငွေ့တန်းဂလက်ဆီ‌ပေါင်း ၁၀၀ ထရီလီယံရှိတယ်။ ကျွန်တော်တို့ကမ္ဘာကြီးတည်ရှိတဲ့ Milky Way ဂလက်ဆီကြီးမှာ ဂြိုဟ်‌‌ပေါင်း ၁၀၀ဘီလီယံကျော်ရှိနေ တာပါ။ ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးမှာ လူဦးရေအဆမ တန်တိုးပွားလာတယ်။ ရာသီဖောက်ပြန်မှုတွေက ပိုပြီးဆိုးရွား လာတယ်။ ဒီတော့လူသားတွေက နေထိုင်လို့ရမယ့် တခြားဂြိုဟ် တစ်ခုကို‌ရှာဖွေနေကြဆဲပါ။ဒီဇာတ်လမ်းမှာ အဲလက်စ်က မားစ်ကိုသွားဖို့အစီအစဉ်တွေချ ထားတဲ့သူပါ။ သွားရမယ့်ခရီးက ပြန်လမ်းမဲ့နေရာဖြစ်နေတော့ မိသားစုဝင်တွေနဲ့ညှိနှိုင်းတဲ့အခါ အဆင်မပြေမှုတွေဖြစ်လာတယ်။ အဖေဖြစ်သူက သူရဲ့ပန်းစိုက်ခင်းကို လက်လွှဲယူစေချင်တယ်။ ဒါပေမယ့် အဲလက်စ်က လုပ်ချင်တာကိုဖြစ်အောင်လုပ်တတ်တဲ့ လူစားဖြစ်နေတယ်။ ဘော်ဒါတို့လည်း ကြယ်တွေကို‌ငေးရင် အဲဒီ ကြယ်တွေဆီကို သွားချင်စိတ်ဖြစ်မိလား ကမ္ဘာ‌‌ပေါ်မှာ မကုန်ခမ်း နိုင်တဲ့ အသစ်‌အဆန်းတွေရှိနေပါရဲ့ အဲလက်စ်က ဘာလို့ထွက်သွား ချင်လဲဆိုတာတော့...(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.93 GB) / (700 MB) / (400 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance, Sci-Fi Translator.......ZWT Encoder..........SWM
movie

Space Oddity (2022)

2022
Bellflower(2011) 6.5
Bellflower(2011)  အေဒင်နဲ့ဝုဒ်ရိုးဆိုတာ ကမ္ဘာပျက်မဲ့အချိန်ကိုစိတ်ကူးယဉ်ရင်းနဲ့မီးသေနတ်တွေဖန်တီး ကားအလန်းစားတွေတည်ဆောက်ရင်းဘဝကိုပေါ့ပေါ့လေးဖြတ်သန်းနေတဲ့သူငယ်ချင်းနှစ်ယောက်.တစ်ည ဘားမှာ မိုင်လီဆိုတဲ့စော်လေးကို ဝုဒ်ရိုးကကြွေသွားရင်းဒိတ်ဖို့အထိပြောရာကနေ ရည်းစားတွေဖြစ်သွားခဲ့ပါတယ်။နှစ်ယောက်စလုံးက ဘဝတွေကိုယ်စီနဲ့မလို့ အဆင်ပြေဖို့ခက်တာမလို့အဆုံးသတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ရုပ်ရှင်အဆုံးသတ်မှာရှာဖွေရမှာပါ. ၂၀၁၁ကထွက်တာတဲ့ဇာတ်ကားဖြစ်ပြီးတော့ Indie စတိုင်ဇာတ်ကားဖြစ်ပြီးဘဝမှာရှင်သန်ဖို့အတွက် ဘာတွေကိုရွေးချယ်ပြီး ဘာကိုပစ်ချထားခဲ့ရမယ်ဆိုတာကို စဉ်းစားစရာထွက်လာတာပါပဲ။ထပ်ပြောရရင် ဘဲထားမယ်ဆိုလဲ မီးဟုန်းဟုန်းတောက်စေတဲ့သေနတ်မရှိတဲ့ဘဲမျိုးကို ရွေးဖို့လိုမယ်ဆိုတာပါပဲ။ File size…1.35GB / 941MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 46m Genre ..... Action , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Bellflower(2011)

Picture Perfect Romance (2022) 6.6
Picture Perfect Romance (2022) Picture Perfect Romance (2022)~ IMDb rating - 6.6/10 ~အခုတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် လူငယ် Fancy အချစ်ဇာတ်လမ်းလေးပါ။ Main Lead နေရာမှာ​တော့ Titans စီးရီးထဲမှာ Phil ဇာတ်ကောင်နေရာကနေပါဝင်ခဲ့တဲ့ Jon McLaren နဲ့ Celeste Desjardins တို့ကပါဝင်ထားပါတယ်။ဇိုအီဆိုတဲ့ကောင်မလေးက အချစ်ဦးနဲ့လမ်းခွဲပြီး အချိန်အကြာကြီး Single ဖြစ်နေတဲ့သူပေါ့။ မင်္ဂလာပွဲမတိုင်ခင်တစ်ပတ်အလိုမှာ ရည်းစားဟောင်းရဲ့ Ghost လုပ်သွားတာကိုခံခဲ့ရပြီးနောက်ပိုင်း ဇိုအီလည်း Trauma ရသွားပြီး သူအရမ်းချစ်တဲ့မင်္ဂလာဆောင်ဓာတ်ပုံရိုက်တဲ့အလုပ်ကိုစွန့်လွှတ်ခဲ့တယ်။ ဒီလိုနဲ့တနေ့မှာ အပန်း​ဖြေစခန်းပိုင်ရှင် အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ Photographer လုပ်ပေးဖို့ဖြစ်လာတယ်။ အပန်းဖြေစခန်းကိုရောက်တဲ့အချိန်မှာ မမျှော်လင့်ဘဲ ရည်းစားဟောင်းနဲ့ပြန်တွေ့လိုက်ရတယ်။ ခပ်အေးအေးနေချင်တဲ့ဇိုအီတစ်ယောက် ရည်းစားဟောင်းရဲ့ လက်ရှိရည်းစားစပ်ဆလူးစိန်ကြောင့်လည်း အာရုံနောက်ရပြန်တယ်။ ဒီအခြေအနေကနေ ဇိုအီကိုကယ်တင်ပေးမယ့်သူကတော့ ဒေါက်တာကလာ့ခ်ဆိုတဲ့လူငယ်ဆရာဝန်လေးပေါ့...(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Picture Perfect Romance (2022)

2022
Diamond in the Rough (2022) 4.5
Diamond in the Rough (2022) Diamond in the Rough (2022) ======================Rom-com ကြိုက်နှစ်သက်သူများအတွက် ပေါ့ပေါ့ပါးပါး romantic comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေး ပါရစေ။အာရီယာနာအဲလ်ဗရက်စ်ဆိုတဲ့ ဂျစ်ကန်ကန် ကလေးမလေး က မိဘတွေဆုံးပြီးကတည်းက ဘယ်သူနဲ့မှလည်း သဟဇာ တမဖြစ်၊ သူငယ်ချင်းလည်းမရှိ၊ အလုပ်လည်းမရှိနဲ့ အိမ်မှာပဲ သူ့ကြောင်လေးရိုမီယိုနဲ့အတူ နေနေပါတယ်။ ဒါကိုကြည့်မနေ နိုင်တဲ့ သူ့ဦးလေးက သူပိုင်တဲ့အပန်းဖြေကလပ်ကိုလာပြီး အဖွဲ့ဝင်တွေနဲ့ မိတ်ဆွေဖွဲ့ရင် အလုပ်ရှာပေးမယ်လို့ ကတိပေး လိုက်ပါတယ်။ဒီလိုနဲ့ပဲ မသွားချင်သွားချင်နဲ့ ကလပ်ကိုရောက်သွားတဲ့ အာရီ ယာနာတို့ ကလပ်ရဲ့များပြားလှတဲ့ စည်းကမ်းတွေကြားမှာ ဘယ်လိုရုန်းကန်ရင်း သူငယ်ချင်းရှာမလဲ ။ သူငယ်ချင်းအပြင် ဘယ်သူတွေနဲ့ပါ တွေ့ရမလဲ။ IQ ကောင်းပေမဲ့ EQ မရှိတဲ့ သူ က အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး သူနဲ့သက်ဆိုင်တဲ့ နေရာကို ရှာဖွေပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို EL မှ ရေးသားပေးပြီး ဘာသာပြန် ရေးသားပေးသူများကတော့ EL, Khant Sett Naing တို့ဖြစ်ပါတယ်)File Size..........(1.68 GB) / (715 MB) / (424 ...
movie

Diamond in the Rough (2022)

2022
Stranger Than Fiction (2006)
Stranger Than Fiction (2006) လူတိုင်း ဘဝမှာ ကြိုးစားနေကြတာ ရုန်းကန်လှုပ်ရှားနေကြတာက နောက်တော့ ပိုကောင်းတဲ့ ဘဝမှာနေနိုင်မှာပါ ဒီနေ့ သိပ်အဆင်မပြေပေမဲ့ မနက်ဖြန်တော့ ပိုကောင်းလာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးကြောင့် ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ ဘဝက အဆုံးသတ်ကို ကြိုရေးထားပြီးသား ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေမယ်ဆို ဘယ်လို အသက်ဆက်ရှင်ကြမလဲ ဟာရိုးခရစ်ခ်က IRS က စာရင်းစစ်တစ်ဦးပါ။ သူ့ဘဝက တစ်‌နေ့တစ်နေ့ ဘာထူးခြားမှုမှမရှိဘဲ ပုံသေကားချပ်ကြီးအတိုင်းပါပဲ။ တစ်နေ့မှာတော့ သူ့လုပ်တဲ့အပြုအမူတိုင်းကို ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ အသံတစ်ခုကို သတိထားလိုက်မိပါတယ်။ တုန်လှုပ်စရာကောင်းတာက သူ မကြာခင် သေရတော့မယ်လို့ ဇာတ်ကြောင်းပြန်နေတဲ့အသံက ပြောလိုက်ပါတယ်။ ဇာတ်လမ်းတစ်ခုထဲကို ရောက်နေပြီဆိုတာ သူသိလိုက်ပါတယ်။ သူရောက်နေတဲ့ ဇာတ်လမ်းက ဟာသဇာတ်မြူလား အလွမ်းဇာတ်လား။ ဘာပဲဖြစ်ဖြစ် စာရေးဆရာကို ရှာပြီး မကြာခင်သေရတော့မယ်ဆိုတဲ့ ဇာတ်သိမ်းကို ပြောင်းဖို့ ကြိုးစားမှဖြစ်မယ်။ ဒါပေမဲ့ သူ့အကြောင်း ဝတ္ထုရေးနေတဲ့ စာရေးဆရာက အဓိကဇာတ်ကောင်တိုင်းက သေပြီး ...
movie

Stranger Than Fiction (2006)

You & Me & Me (2023) 7.1
You & Me & Me (2023) You and Me and Me (2023)တစ်ယောက်တည်းမွေးလာရပြီး တစ်ယောက်တည်းသေသွားရမယ့် လောကကြီးထဲမှာ အမြွှာဆိုတာ ဆုလာဘ်တစ်ခုပါပဲ။ အမေ့ဗိုက်ထဲမှာ အတူတူနေခဲ့ရတယ်၊ အဝတ်အစားတွေ အတူတူဝတ်ခွင့်ရှိတယ်၊ အသုံးအဆောင်တွေ အတူတူသုံးခွင့်ရှိတယ်။ဒါပေမဲ့ ဘယ်လောက်ပဲချစ်ကြတဲ့ အမြွှာတွေဖြစ်နေရင်တောင် ဝေမျှလို့မရနိုင်တာကတော့ “အချစ်ပေါ့”။၁၉၉၉ ခုနှစ်ကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာဆိုရင် You နဲ့ Me ဆိုတဲ့ ဆယ်ကျော်သက် အမြွှာညီအစ်မနှစ်ယောက်ဟာ မွေးကတည်းက အတူသွား အတူလာ အတူစားပြီး တစ်ယောက်မရှိရင် တစ်‌ယောက်မနေနိုင်တဲ့အထိ ချစ်ကြတဲ့အမြွှာတွေပါ။ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ရဲ့ဘဝထဲကို Mark လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ဝင်ရောက်လာခဲ့ပါတယ်။ ကံဇာတ်ဆရာအလိုကျ Mark ဟာ ပျိုဖော်ဝင်ခါစ ညီအစ်မနှစ်ယောက်ရဲ့အချစ်ဦး ဖြစ်လာတဲ့အခါမှာတော့ ...ကျန်တာတွေ ဝေမျှနိုင်ရင်တောင် အချစ်ကိုတော့ ဘယ်လိုမှဝေမျှလို့မရတဲ့အခါ ဒီအမြွှာညီအစ်မနှစ်ယောက်ရဲ့ ဘဝကြီးဟာ အချစ်ကြောင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာလားဆိုတာ ကြည့်ရှုခံစားရမယ့် အချစ်ဇာတ်ကားလေးတစ်ကားပါပဲ။အညွှန်းကိုတော့ Hmwe Thet Winn က ...
movie

You & Me & Me (2023)

2023
Nothing Like Paris (2023) 7
Nothing Like Paris (2023) Nothing Like Paris (2023)IMDb - 7/10လူတစ်ယောက်ရဲ့ဘဝမှာသုံးကြိမ် ချစ်မိတတ်တယ် ငါကတော့ ပထမ ဒုတိယ တတိယ အရာအားလုံးမင်းပါပဲ.....လှပါတယ်ဆိုတဲ့အချစ်မြို့တော် ပါရီ/ပဲရစ်မြို့ရဲ့ လမ်းသွယ်တွေမှာ လမ်းပတ်လျှောက်ရင်း စကားတွေဖောင်ဖွဲ့ခဲ့ကြတဲ့ Before sunset ထဲက Jessie နဲ့ Celine ကိုမှတ်မိကြတယ်ဟုတ် အဲ့လို vibe လေးကို ဒီဖိလစ်ပိုင်အချစ်ဇာတ်ကားလေးမှာပြန်ခံစားမိတယ်ပြောရရင် ဇာတ်အိမ်မတူပေမဲ့ ကော်ဖီဆိုင်တူတူထိုင်တာ သုဿန်ကိုတူတူသွားကြတာ စသဖြင့် ရိုက်ကွင်းနေရာလေးတွေကိုလည်း reference ယူထားတာကိုတွေ့ရတယ် နှစ်ယောက်သား လမ်းလျှောက်စကားဖောင်ဖွဲ့ရင်း အချစ်အကြောင်း ဘဝအကြောင်း အနုပညာအကြောင်းတွေဆွေးနွေးကြနဲ့ ကြည့်ရတာတကယ်ကို ငြိမ့်ငြိမ့်လေးပါပဲ Ghost ကားထဲက အိုးလုပ်တဲ့ ဂန္ဓဝင်အခန်းလေးကိုတောင် လက်စွမ်းပြ မှီငြမ်းထားတဲ့တစ်ခန်းပါပါသေးတယ်ဇာတ်ကားလေးက ရိုက်ချက်တွေ ရိုက်ကွင်းတွေ ဒိုင်ယာလော့တွေ အပြစ်ပြောစရာမရှိသလို ဇာတ်အိမ်လေးကလည်း ရိုးရိုးလေးနဲ့ပဲ အချစ်ကိုအဓိပ္ပာယ်ဖွင့်ဆိုထားတယ်ပဲရစ်မြို့က ဖိလစ်ပိုင်ပန်းချီဆရာ ဂျိုဂျို နဲ့ သူ့ရဲ့လက်ရာပုံတူပန်းချီထဲက ငယ်သူချင်းကောင်မလေး မေရီတို့ရဲ့ အချစ်ကို ရှာဖွေကြပုံ အချစ်ကို အဓိပ္ပာယ်သတ်မှတ်ကြပုံလေးတွေကို တီးလုံးလှလှလေးတွေနဲ့ ကြည့်ရှုနိုင်ဖို့ ...
movie

Nothing Like Paris (2023)

2023
The Wedding Wish (2023) 6.2
The Wedding Wish (2023) The Wedding Wish (2023)~ IMDb rating - 6.2/10 ~ဒီတစ်ခါ မိတ်ဆက်​ပေးမယ့်ကား​လေးက​တော့ 2023 မှာထွက်ရှိထားတဲ့ အသက် 35 နှစ်အမီ မင်္ဂလာ​ဆောင်ချင်တဲ့ ဂျန်နီနယူးလပ်ရဲ့ ​ကောင်​လေးရှာပုံ​တော်ဖွင့်တာ​လေးကို ဟာသဆန်ဆန် ​ရိုက်ပြထားထားတဲ့ Comedy, Romance ကား The Wedding Wish ​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~အသက် ၃၅ နှစ်ပြည့်​မွေး​နေ့မှာ အပြီးပြည့်စုံဆုံး ​အမျိုးသားနဲ့ အ​ကောင်းဆုံး မင်္ဂလာပွဲကိုကျင်းပရမယ်လို့ ​ဗေဒင်ဆရာက ​​ဟောကိန်းထုတ်လိုက်တာ​ကြောင့် ဂျန်နီတစ်​ယောက် ၃၅ နှစ်ပြည့်ခါနီးထဲက စိတ်​တွေလှုပ်ရှားပြီး ခန်းမ​တွေ ဘိုကင်လုပ် မိတ်ကပ်​အဖွဲ့​တွေ ငှားထား​ပေမယ့် သူ့မှာ မရှိ​သေးတာက သူ့ကိုလက်ထပ်မယ့် သတို့သား​လောင်းပါ။ သတို့သားရှာပုံ​တော်ဖွင့်ရင်း ကြုံ​တွေ့ရမယ့် ဟာသ​တွေ၊ သူငယ်ချင်း​တွေရဲ့ ကူညီမှု​တွေနဲ့ ဂျန်နီ​တစ်​ယောက် သတို့သား​​လောင်းကို​တွေ့သွားလား... ဟောကိန်းကမှန်သွားလား... ဒါမှမဟုတ် ဂျန်နီ​တစ်​ယောက် ​​​ဟောကိန်းကမဖြစ်နိုင်ဘူးဆိုတာကို ...
movie

The Wedding Wish (2023)

2023
Billiards King ( 2023 ) 5.9
Billiards King ( 2023 ) ရုပ်ရှင်အမျိုးအစားအတိုင်း ဟာသ‌နှောပြီး ဘိလိယက်အားကစားလောကရဲ့ အခြေခံသဘောတရားတွေကို တစ်ဝကြီးကြည့်ရှုရမဲ့ - Billiard's King_ဘိလိယက်ဘုရင်မဏ္ဍိုင်‎(东北球王)ရွာတစ်ရွာက အခြေခံလူတန်းစားတစ်ယောက်ဖြစ်ပြီး ဝါသနာတစ်ခုနဲ့ ဘိလိယက်ကိုခုံမင်တဲ့ -ကျိုးသာ့ဖားသူ့ရဲ့အိမ်မက်ကတော့ မြို့ကိုတက်ပြီး "တရုတ်ဘိလိယက် ကမ္ဘာ့အဆင့်မြင့်စိန်ခေါ်ပွဲစဉ်"မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရပြီး ချန်ပီယံဖြစ်‌ဖို့ပဲ ဖြစ်ပါတယ် ဒါပေမဲ့မိခင်ဖြစ်သူဟာ ကျိုးသာ့ဖားကို အတင်းလက်ထပ်ပေးဖို့ စီစဉ်ပါတော့တယ်၊ ဒီလိုနဲ့ ကျိုးသာ့ဖားဟာ ရွာကနေထွက်သွားပြီး အိမ်မက်တွေဆီကိုအရောက်လှမ်းဖို့လုပ်တဲ့အခါ。。。∆ရွာမှာရိုးရှင်းစွာဘဝကိုဖြတ်သန်းနေတဲ့သူတစ်ယောက် ရပ်ခြားမြေခြားမှာ ဘယ်လို စိန်ခေါ်မှာတွေကိုရင်ဆိုင်ရမလဲ ဝါသနာနဲ့အလုပ်မှာရော ဘယ်လိုကွဲပြားမှုတွေရှိတာကို သူသိလိုက်ရမလဲ ? ပြိုင်ပွဲအတွက်ကြိုးစားရင်း သိကျွမ်းရတဲ့မိန်းမလှလေးဟောင်ယွင်နဲ့သူ့ကြားက အဆုံးသတ်ဟာရော ဘယ်လိုဇာတ်လမ်းမျိုးနဲ့ ဇာတ်သိမ်းလိမ့်မလဲ...?∆ချန်ပီယံဆုကိုရော အနိုင်ယူနိုင်ပါ့မလား?ဒီလိုဟာသနှောပြီးပေါ့ပေါ့ပါးပါးရုပ်ရှင်လေးဖြစ်တာမို့ ပိတ်ရက်မှာအနားယူရင်း ကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK
movie

Billiards King ( 2023 )

Breathe In (2013) 6.3
Breathe In (2013) ဒီဇာတ်ကားကတော့ တကယ့်ကိုမှရိုးရိုးရှင်းရှင်းနဲ့ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ် ဇာတ်လမ်းအကြောင်းကတော့ ကျောင်းဆရာတစ်ဦးအနေနဲ့ လုပ်ကိုင်နေတဲ့ ဂီတပညာရှင်တစ်ဦးရဲ့အိမ်မှာ ဇနီးဖြစ်သူက စာသင်နှစ်တစ်ခုစာကျောင်းလာတက်တဲ့ လေ့လာရေးကျောင်းသူကို လက်ခံထားစဉ် လင်မယားနှစ်ယောက်ကြားနှစ်ပေါင်းများစွာ မြိုသိပ်ထားတဲ့ မကျေနပ်ချက်တွေပွင့်ထွက်လာကာ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို လေ့လာရေးကျောင်းသူကိုအရင်းတည်ပြီး မိသားစုအတွင်းမပြေလည်မှုတွေဖြစ်လာတဲ့ဇာတ်လမ်းတစ်ခုဖြစ်တယ်ဒီဇာတ်လမ်းလေးမှာ ဇာတ်လမ်းအဖွင့်နဲ့အပိတ်က ဇာတ်ဝင်ခန်းလေးက တွေးစရာတွေအများကြီးပေးတဲ့ဇာတ်ဝင်ခန်းတွေဖြစ်ပါတယ် ဇာတ်ဝင်ခန်းတိုင်းမှာလည်း သရုပ်ဆောင်တွေရဲ့အကြည့်တွေက တကယ့်ကိုမှသူတို့အတွင်းစိတ်ကို ထွင်းဖောက်မြင်လိုက်ရသလိုခံစားရစေတယ် ခင်ပွန်းဖြစ်သူကဇနိးသည် သူ့ကိုနားလည်မပေးလိုက်တဲ့အချိန်ဖြစ်သွားတဲ့အကြည့်၊ ဇနီးဖြစ်သူက ခင်ပွန်းသည်ဂီတအကြောင်းတွေပြောတဲ့အချိန် စိတ်မဝင်စားပေမယ့် နားလည်နိုင်ဖို့ကြိုးစားနေတဲ့အချိန်ဖြစ်သွားတဲ့သရုပ်ဆောင်ချက်တွေ စသဖြင့်သရုပ်ဆောင်ချက်တွေကိုအသေးစိတ်ရှုမြင်ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအေးလေးဖြစ်ပေမယ့် အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဆွဲဆောင်သွားမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် File size…1GB / 475MB Quality…1080p BluRay / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Eunice
movie

Breathe In (2013)

2013
What If (2013) 6.8
What If (2013) What If (2013) Genre – Comedy, Romance IMDB – 6.8/10“သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ်ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါတယ် ချစ်ရသူရယ်”ဘာရယ်မဟုတ်ဘူး ဒီကားလေး ကြည့်မိတော့ အရင်ဆုံးပြေးမြင်မိတာကဒီသီချင်းလေး ဖြစ်နေလို့။အကယ်၍များ ခင်ဗျားတို့ တကယ်အဆင်ပြေနေတဲ့လူတစ်ယောက်ကိုတွေ့ပြီဆိုပေမယ့် ရှေ့ဆက်တိုးလို့ မဖြစ်နိုင်တော့ရင်ဘယ်လိုတွေဆက်လုပ်ကြမလဲ...လောကဝတ်ကျင့်ထုံးတွေကို လိုက်နာမလား...မျက်စိမှိတ် ခြေစုံဇွတ်ဝင်တိုးပစ်လိုက်ချင်မလား…ဝေခွဲမရဖြစ်မှာ သေချာပါတယ်။တစ်လောကလုံးမှာ ကိုယ်ဘယ်လောက်ပဲ ကြောင်တောင်တောင်စကားတွေပြောတလွဲတွေလုပ်ပေမယ့် ဒါမျိုး အတူတူလိုက်ပြော/လိုက်လုပ်နိုင်စွမ်းရှိတဲ့တခြားဆန့်ကျင်ဖက်လိင်တစ်ယောက်ကို တွေ့ရတာကလည်းကံကောင်းမှုတစ်ခုပေလား ကံဆိုးမှုများပဲလား…။ကိုယ်က ဒီလူတစ်ယောက်ကို ဆိုးတူကောင်းဖက် တိုင်ပင်လို့ရတယ်ရင်ဖွင့်လို့ရတယ် အထီးကျန်ချိန် အဖော်လုပ်ပေးနိုင်တယ်ဖေးမကူညီတယ် ဒါပေမဲ့ လူ့စည်း ဘီလူစည်းဆိုတာလေးလည်း ရှိနေတော့အခက်သားမဟုတ်လား…။သူငယ်ချင်းကလည်းပြောတယ် မင်း Do or Die လုပ်ပေါ့မပြတ်မသားဆိုတာ ပိုပြီး ခံရခက်စေတယ်တဲ့ တစ်ဖက်ကလည်းရေရှည်တွဲလာတဲ့ လက်တွဲဖော်ဆိုတာက ရှိတယ်ပြဿနာဖြစ်ဖို့မပြောနဲ့ အစစအရာရာ ပြေလည်နေတဲ့ စုံတွဲဆိုတော့ကမျှော်လင့်ချက်မီးက ခပ်မှိန်မှန်သာ…ဘာဆက်လုပ်ရမလဲ…။ကိုယ့်မှာကလည်း ငယ်ဘဝက ဒဏ်ရာဒဏ်ချက်ရော ကြီးမှရတဲ့စိတ်ထိခိုက်စရာရောက ဒီကိစ္စနဲ့လာပတ်သက်နေပြီးဆုပ်လည်းစူး စားလည်းရူးမယ့်ဘဝဖြစ်နေတော့ ဘာလုပ်ရမလဲခင်ဗျားတို့သာ အကြံပေးကြပါတော့လားလို့…။ချစ်သူကဖောက်ပြန် အထီးကျန်တစ်ယောက်တည်းနေရာမှကောင်မလေးကိုတွေ့ခဲ့သူက ဟယ်ရီပေါ်တာမင်းသားဖြစ်တဲ့ဒယ်နီရယ်ရတ်ကလစ်ဖ် ...
movie

What If (2013)

2013
I Give It a Year (2013) 5.7
I Give It a Year (2013) အိမ်ထောင်ရေးဆိုတာကလည်း မိသားစု ၂ စု ပေါင်းစည်းရတဲ့ကိစ္စဖြစ်လို့. တစ်ဖက်နဲ့ တစ်ဖက်မတူညီမှုတွေကို သမီးရည်းစားဘဝမှာထက် အိမ်ထောင်ရှင်ဘဝမှာသာ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ကြတာပါသက်တမ်း ၉ လ အကြာကို ဝင်ရောက်လာပြီဖြစ်တဲ့.နတ် နဲ့ ဂျော့ရှ် တို့ အိမ်ထောင်ရေးမှာ ပြောမပြနိုင်တဲ့အဟန့်အတား တစ်ခုခုရှိနေပြီဆိုတာကိုနှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက်.အိမ်ထောင်ရေးတိုင်ပင်ပြောဆိုပေးသူတစ်ယောက်နဲ့ စုံတွဲစိတ်ကုထုံး ဆက်ရှင်ဝင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.ညျှိနှိုင်းဆွေးနွေးနေရင်း နဲ့ သူတို့ရဲ့အိမ်ထောင်သက်တမ်းအတွင်း ကြုံတွေ့ရတဲ့ မတူညီမှုတွေ၊သဘောထားမတိုက်ဆိုင်မှုတွေ၊ အခက်အခဲတွေကိုFlashback Scene များနဲ့ဟာသနှောတင်ဆက်ထားပါတယ်.သူတို့ရဲ့အိမ်ထောင်ရေးကြားထဲကို နောက်ထပ်ဝင်ရောက်လာတာကတော့ပိုကောင်းတဲ့တစ်ယောက် ဆိုတဲ့အတွေးတွေပါပဲ.နတ်ကလည်း သူ့ကို အလုပ်အပ်မယ့်အမေရိကန်လုပ်ငန်းရှင် ဂိုင်းဟားရပ် ဆိုတဲ့အမျိုးသား တစ်ယောက်အပေါ်မှာ စိတ်တိမ်းညွတ်လာခဲ့သလို.ဂျော့ရှ်ကလည်း တရားဝင် မပြတ်စဲခဲ့ရတဲ့ရည်းစားဟောင်း. ကလိုဝီအပေါ်မှာအချစ်စိတ်တွေ ပြန်လည်ယိုဖိတ် လာချိန်မှာတော့..စုံတွဲ ၂ တွဲကြားထဲက အရှုပ်အထွေး၊ပြဿနာများကြားထဲကနေ ယုံကြည်မှု၊ သည်းခံမှု၊ချစ်ခြင်းမေတ္တာများနဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ကြပုံနဲ့. ချစ်ခြင်းရဲ့ညှို့ယူစေခိုင်းမှုဒဏ်ကနေဘယ်သူတွေကများ လွတ်မြောက်နိုင်မှာလဲဆိုတာကိုအကောင်းဆုံးဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.56 GB /  686 MB Quality… Blu-Ray ...
movie

I Give It a Year (2013)

2013