Channel Myanmar

Romance

Step Up All In (2014) 5.9
Step Up All In (2014)  Genre – Drama, Music, Romance IMDB – 5.9/10 Step Up ရုပ်ရှင်တွေရဲ့ နောက်ဆုံးကားဖြစ်ပါတယ်။သူကတော့ ထူးထူးခြားခြား All In ဆိုတဲ့အတိုင်း ရှေ့ကလူတွေချည်းပြန်သုံးထားတာပဲဖြစ်ပါတယ်။ အဓိက မင်းသားနေရာဆို Revolutionက ရှောန် ပြန်ဖြစ်သွားပြီး မင်းသမီးနေရာကျ No 2 ထဲက အန်ဒီဖြစ်သွားပါတယ်။ နောက်ပြီး အရင်ကားက နာမည်ကြီး အကသမားတွေလည်း ပြန်ပါပေးထားတာပါ ဆရာသမား မုစ်အပါအဝင်ပေါ့လေ။ဇာတ်လမ်းအရတော့ ရှောင်န်တို့အုပ်စု Revolution အပြီး မိုင်ယာမီကနေအယ်အေကို ချီတက်လာကြပုံရတယ်။ လူရွေးပွဲတွေဝင်လျှောက်ခွေးတွေဖြစ် ပိုက်ဆံကမကျန် စသဖြင့်ပေါ့လေ ဒီတော့ တစ်ဖွဲ့သားလုံးကပြန်ကြမယ်ပေါ့ မိုင်ယာမီ အိမ်ကွင်းမှာပဲ ဆက်ကြိုးစားကြရအောင်ပြောတော့ စကားများကြပြီး ရှောင်န်တစ်ယောက်တည်းသာကျန်ခဲ့ပါတယ်။ ဒီတော့ နေစရာမရှိတဲ့အတွက် မုစ်ကို အကူအညီတောင်းတော့ သူတို့အဖိုးအဖွားရဲ့ ရွန်ဘအကသင်တန်းကျောင်းမှာတောက်တိုမယ်ရလုပ်ရင်း ကပ်နေရပါတော့တယ်။ အဲဒီအချိန်မှာလက်စ်ဗီးဂတ်စ်မှာ Vortex ဆိုတဲ့ ပြိုင်ပွဲသစ်ပေါ်လာတယ် သူကနိုင်သွားရင် အဲဒီမှာပဲ ၃ ...
movie

Step Up All In (2014)

Step Up Revolution (2012) 6.4
Step Up Revolution (2012)  Genre – Drama, Music, Romance IMDB – 6.4/10Step Up ရုပ်ရှင်တွေ အများကြီးထွက်ခဲ့တဲ့နောက်ကျွန်တော့်အတွက်တော့ အကြိုက်ဆုံးတွေက No 2 ပြီးရင် ဒီRevolution ဖြစ်လိမ့်မယ်ထင်တယ် ဘာလို့လဲဆိုတော့ သူသွားတဲ့ပုံစံက အရင်ကားတွေ အဖွဲ့လိုက် ယှဉ်ပြိုင်တာမျိုးတွေ မဟုတ်ပဲFalsh Mob လို့ခေါ်တဲ့ အများလူကြားမှာ ပြချင်တဲ့ Messageတစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီး ရုတ်တရက် ထကကြပြီးပုံဖော်တာမျိုးကို အသုံးပြုထားလို့ပဲ ဖြစ်တယ်။ ဒီကားမှာတော့ နာမည်က Revolution ဆိုတဲ့အတိုင်း တစ်ခုခုကိုတော်လှန်တာတဲ့အကြောင်း Mob တွေ လုပ်ကြတာပေါ့။ ဒီကားမှာပါတဲ့ကခန်းတွေကလည်း ပိုပြီး အနုပညာဆန်လာတယ် မျက်စိပဒေသာလည်းဖြစ်တယ် (ပြတိုက်အခန်းနဲ့ ရုံးပုံစံ အခန်းဆို တော်တော်ကိုမိုက်တယ်)သီချင်းတွေလည်း အဲဒီခေတ်တုန်းက ခေတ်စားခဲ့တဲ့ Dubstep တွေအပြင်Hip Hop အလန်းစားတွေနဲ့ အရှေ့ကားက Legend တွေလည်း Cameoအဖြစ် ပြန်သရုပ်ဆောင်ထားကြသေးတာ။ ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်န်ဆိုတဲ့လူငယ်လေးက ...
movie

Step Up Revolution (2012)

Step Up 3D (2010) 6.1
Step Up 3D (2010) Genre – Drama, Music, Romance IMDB – 6.1/10 Step Up Franchise ရဲ့ ၃ ကားမြောက်လည်းဖြစ်အဲဒီခေတ်က 3D နည်းပညာပေါ်ပြီဆိုတော့ 3D နဲ့ရိုက်ထားတာလည်း ဖြစ်တဲ့ Step Up 3D ကားလေးပါ။ ဒီကားကိုတော့နံပါတ် ၂ ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jon M.Chu ပဲဆက်ရိုက်ကူးခဲ့တာပါ အဲဒါကြောင့်လားတော့ မသိ သူ့လူတွေကိုဝေဝေဆာဆာ ပြန်သုံးထားတာကို မြင်ရပါမယ် ဥပမာ မုစ်ပေါ့ဒီကားမှာဆို အဓိကဇာတ်ရုပ်နီးပါး လုပ်ခွင့် ရသွားခဲ့တယ်။ဒီကားလေးရဲ့အကြောင်းကတော့ ကျွန်တော်တို့ဆရာသမားမုစ်တစ်ယောက် နံပါတ် ၂ ကားထဲမှာ MSA အဖွဲ့နဲ့ သောင်းကျန်းပြီးတော့ မိဘကို နောက်ထပ်မကတော့ပါဘူး ကတိပေးပြီး NYUကျောင်းကို အင်ဂျင်နီယာမေဂျာတက်ဖို့ ရောက်လာခဲ့တယ်။အဲဒီမှာ ဝါသနာကို မစွန့်လွှတ်နိုင်ပဲ ကပွဲတစ်ခုမှာ ဝင်ကရာကနေပြဿနာတက်ပြီး လုခ်ဆိုတဲ့ လူတစ်ယောက်က ကယ်သွားခဲ့တယ်။ဖြစ်ချင်တော့ ဒီ ...
movie

Step Up 3D (2010)

Step Up 2: The Streets (2008) 6.2
Step Up 2: The Streets (2008)  Genre – Drama, Music, Romance IMDB – 6.2/10ခင်ဗျားတို့တွေကို အကရုပ်ရှင် ဘာကောင်းလဲမေးလိုက်ရင်သေချာပေါက် Step Up ကားတစ်ကားကို ညွန်းပေးကြလိမ့်မယ်။အဲဒီလို ညွန်းရအောင်လည်း သူက ၂၀၀၀ ခုနှစ်အကျော်တွေမှာပေါက်ခဲ့ပြီး Franchise ကြီးကို ဖြစ်သွားခဲ့တာကိုး။ မင်းသားChaning Tatum စတင်ခဲ့လိုက်တဲ့ Step Up ရုပ်ရှင်ဟာဆိုနောက်ပိုင်း Step Up 2 The Streets, Step Up 3D, Step UpRevolution နဲ့ Step Up All In ထိ ဆက်တိုက်ထွက်ခဲ့တယ်။အဓိကကျောရိုးကတော့ ကျွန်တော်တို့ငယ်စဉ်ဘဝက သိခဲ့ကြတဲ့ဟစ်ဟော့အက၊ ဖရီးစတိုင်၊ Underground လမ်းဘေးအကပေါင်းစုံကလမ်းဘေးကလူငယ်တွေရဲ့ လွတ်လပ်တဲ့ဘဝ၊ ရွေးချယ်မှုတွေကိုကိုယ်စားပြု တော်လှန်ရေးပြယုဂ်အနေနဲ့ဆိုပြီး သီချင်းကောင်းကောင်းတွေနဲ့ ရိုက်ကူးတင်ဆက်ပြတာမျိုး။ဒီထဲက နာမည်ကြီးဇာတ်ကောင်တွေဆိုလည်း အဓိကဇာတ်ကောင်မဖြစ်ရပေမယ့် နောက်ပိုင်းကားတွေမှာပါ ဆရာကြီးနေရာတွေကCameo ပြန်ပါတတ်ကြတယ်၊ ကျွန်တော်အကြိုက်ဆုံးကတော့ဒီရုပ်ရှင်မှာ စပါဝင်လာတဲ့ ...
movie

Step Up 2: The Streets (2008)

Great Expectations (1998) 6.8
Great Expectations (1998) ဒီဇာတ်ကားကပေးတဲ့သင်ခန်းစာကတော့ ဘဝမှာ မမျှော်လင့်သင့်တဲ့သူကိုမျှော်လင့်မိရင်၊ အချိန်တန်ဖြတ်သင့်တဲ့ကြိုးကိုမဖြတ်ပဲနေရင် ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရနိုင်တယ်ဆိုတာပါပဲ။ လူတိုင်းက ကိုယ့်လိုမဟုတ်ပါဘူး။ တချို့အရာတွေကို ကိုယ့်ဘက်ကသာ လေးလေးနက်နက်သဘောထားပေမဲ့ တဖက်လူအတွက်ဆိုရင် ကိုယ်ကအသုံးချခံတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်။ လူတွေက အချင်းချင်း false hopeတွေပေးတတ်ကြတယ်။ အဲဒါကြောင့် အကောင်းဆုံးက ငါးစာပဲမြင်ပြီးငါးမျှားချိတ်ကိုမမေ့တတ်ဖို့ပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်နားနီးမြို့လေးမှာနေတဲ့ ဖင်းဆိုတဲ့ကောင်လေးက မြို့မှာအချမ်းသာဆုံးဖြစ်တဲ့နိုရာဒရစ်ဂါဒင်စမောတို့အိမ်မှာ အလုပ်လုပ်ရဖို့ဖြစ်လာတယ်။ ဒင်စမောဆိုတဲ့အဖွားကြီးက အသဲကွဲပြီးယောကျ်ားတွေကိုမုန်းတီးနေသူပါ။ ဖင်းရဲ့အလုပ်က ထွေထွေထူးထူးမဟုတ်ပဲ ဒင်စမောရဲ့အိမ်က ကလေးမလေးအက်စတယ်လာကိုအဖော်ပြုပေးဖို့ပါပဲ။ အက်စတယ်လာကိုစတွေ့တွေ့ချင်း ချစ်မိခဲ့တဲ့ဖင်းကအပတ်တိုင်း ထိုအိမ်ကိုသွားပြီး ပုံဆွဲ၊ အတူကပေးရင်းအဖော်ပြုပေးခဲ့တယ်။ ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့တဲ့အက်စတယ်လာကို လူပျိုပေါက်အရွယ်ရောက်သည့်တိုင်အောင် ဖင်းရဲ့ခံစားချက်တွေက မပြောင်းလဲခဲ့ပါဘူး။ အက်စတယ်လာ့အတွက်တော့ ဖင်းက အိမ်ကိုလာနေကျအလုပ်သမားတစ်ဦးဆိုတာထက်မပိုခဲ့ဘူး။ ဒါတွေကို ဖင်းဘက်က သိချင်မှသိခဲ့မှာပါ။ အချစ်ဦးအက်စတယ်လာကလည်း သူ့အပေါ်မှာခံစားချက်တွေရှိနေတယ်လို့ ဖင်းက တဖက်သတ်ယုံကြည်နေခဲ့တယ်။ နောက်ပိုင်းမှာ ဖင်းတစ်ယောက်ဘာတွေဆက်ဖြစ်မယ်၊ ဖင်းရဲ့ဘဝဘယ်လိုတွေပြောင်းလဲလာမယ်၊ ဖင်းနဲ့အက်စတယ်လာတို့ရဲ့ကံကြမ္မာကဘယ်လိုပြောင်းလဲလာမယ်ဆိုတာ...။ File size…(2.3 GB)/(1.2 GB)/(620 Mb) Quality….Webrip 1080p / ...
movie

Great Expectations (1998)

Top Gear (2022) 8.0
Top Gear (2022) Top Gear (2022) IMDb 8.3/10 Top Gear တဲ့။ ဇာတ်ကားနာမည်ကြည့်လိုက်တာနဲ့ ကားတစီးနဲ့ ပတ်ကြမ်းတာမျိုးဖြစ်မှာပဲလို့ တွေးမိလိုက်တယ်မလား။ ဟုတ်ပါတယ် ခုတင်ဆက်ပေးမဲ့ ဇာတ်ကားက... မူးယစ်ရာဇာ စစ်ဒါးသ်ဆိုတဲ့ လူက မွမ်ဘိုင်းကနေ လစ်ထွက်ပြီး ဟိုက်ဒရာဘတ်ကနေ စင်ကာပူကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့အချိန်။ကျွန်တော်တို့ ဇာတ်လိုက်ကျော် အာဂျွန်က ခုမှ ပူပူနွေးနွေး အိမ်ထောင်ကျပြီးကာစ၊သူက တက္ကစီဒရိုက်ဘာ၊ မင်း ဘွဲ့ရပြီးသားကို ဘာလို့ တက္ကစီဆွဲစားနေတာလဲဆိုတော့ ကျွန်တော့်မိန်းမကို ကားစီးစေချင်လို့၊ ရတဲ့ဘွဲ့နဲ့ အလုပ်ဝင်လုပ်ရင် ဆိုင်ကယ်နားတောင် ကပ်နိုင်မှာမဟုတ်ဘူး တဲ့၊မိန်းမကို အဲ့လောက်ချစ်တာ၊ တရက် တက္ကစီဆွဲပြီး အိမ်ပြန်တဲ့လမ်းမှာ လမ်းကြုံတယ်ဆိုပြီး လူ၂ယောက် တင်ခေါ်လာရာကနေအစ၊ အဲဒီလူ၂ယောက်က မူးယစ်ဂိုဏ်းနဲ့ပက်သတ်နေပြီး သူ့အကြောင်းကလည်း လမ်းမှာ ပြောထားဆိုထားတာ သိနေတော့ သူ့ဇနီးချောလေးကို ပြန်ပေးဆွဲပြီး သူတို့ ပြောတာ လုပ်ခိုင်းပါရော၊နောက်ခံတီးလုံးတွေရော သီချင်းတွေရောက ရေလည်မိုက်ပြီး ဇာတ်လမ်းကရော မိတ်ဆွေတို့ကို ပျင်းစေမှာမဟုတ်ဘူးဆိုတာ လက်တို့ရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းကို chiclon3 မှရေးထားပြီး chiclon3 & Bpl & Yunni ...
movie

Top Gear (2022)

2022
A Pinch of Portugal (2023) 6.2
A Pinch of Portugal (2023) A Pinch of Portugal (2023) =================== IMDb Rating - 6.2/10အကူစားဖိုမှူးမလေး Annaက ပေါ်တူဂီကို Cooking Show တစ်ခုအတွက် ရောက်လာခဲ့တယ်။ ဒါပေမဲ့ အဲဒီရှိုးပွဲရဲ့ နာမည် ကြီး စားဖိုမှူးက ရုတ်တရက် ရှိုးကထွက်သွားတော့ သူကိုယ် တိုင် ရှိုးပွဲကိုဦးဆောင်ဖို့ အကြောင်းဖန်လာခဲ့တယ်။ရိုက်ကူးရေးအဖွဲ့မှာပါတဲ့ သူငယ်ချင်း ကင်မရာမန်း ကောင် လေးအပြင်၊ ပေါ်တူဂီမှာဆုံတဲ့ စျေးပိုင်ရှင် အမျိုးသားတစ်ဦး နဲ့လည်း ဆုံတွေ့ခဲ့ရတယ်။ သူတို့နှစ်ယောက်လုံးက Annaရဲ့ လုပ်ငန်းမှာ အကူအညီဖြစ်သလို တစ်ယောက်ယောက်က တော့ Annaရဲ့ အချစ်ရေးမှာလည်း ပါဝင်လာမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.5 GB) / (617 MB) / (356 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 24Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Thwal Htoo Zin Encoder..........SWM 
movie

A Pinch of Portugal (2023)

2023
Neelavelicham (2023) 6.4
Neelavelicham (2023) Neelavelicham (2023) IMDb 6.5ဟောင်းနွမ်းပြီး ချုံနွယ်ပိတ်ပေါင်းတွေနဲ့ လျှောက်လမ်းကိုတောင် ဖုံးအုပ်နေတဲ့ ခြံကြီးတစ်ခြံ... ဒီခြံကြီးထဲမှာ နွယ်တွေရစ်ပတ်နေတဲ့အိမ်အိုကြီးနဲ့ ရေတွင်းပျက်တစ်လုံး...ညဘက်အမှောင်ထဲကြည့်လိုက်မိရင် သရဲကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသလိုမျိုး ချောက်ချားဖွယ်အတိပေါ့ အဲဒီမြိုထဲကလူတွေဆို ဒီခြံရှေ့ နေ့ခင်းကြောင်တောင်တောင် ဖြတ်မသွားရဲလောက်အောင် အခြောက်အလှန့်ကလည်း ကြမ်းမှကြမ်း..ဒီအိမ်ကြီးမှာ ဇာတ်လမ်းကလည်းရှိခဲ့တာကိုး အချစ်ကို ဆုံးရှုးခဲ့ရလို ခြံပိုင်ရှင်သမီးလေးတစ်ယောက် ရေတွင်းထဲခုန်ချပြီး အစိမ်းသေသေခဲ့ရတယ် အဲဒီနောက်ပိုင်း ယောကျာ်းတွေကို မုန်းတီးပြီး သရဲအနေနဲ့ ခြံကိုလည်း စောင့်ရှောက် တွေ့သမျှလူတိုင်းလည်း ခြောက်လှန့်တယ်လို ဆိုကြတယ်ဒီခြံကို မအူမလည်နဲ့ ငှားမိသွားတာက စာရေးဆရာပေါက်စ ..ဈေးကလည်းအတော်တန်တော့ ၂လစာငွေချေပြီး ငှားလိုက်မိတယ် သူဒီခြံထဲကို ပြောင်းလာတာပါလိုမိတ်ဆက်လိုက်တိုင်း လူတွေက ကြောက်လန့်ကုန်ကြတယ် ဒီလိုနဲ့ သူတစ်စတစ်စတွေ့တွေ့လာရတဲ့ ချောက်ခြားမှုတွေ...ခြံကလည်းထပ်ငှားဖိုရာ ပိုက်ဆံမရှိလေတော့ ဒီခြံထဲက မမြင်ရတဲ့ အစိမ်းသေနဲ့သူဘယ်လိုနှစ်ပါးသွားမလဲ...ဇာတ်လမ်းက မပေါ့သွားမဲ့ဇာတ်လမ်းဖြစ်တာမို သရဲကားကြိုက်ပရိတ်သတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားပါပဲရှင် (အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni,Khin နဲ့ BpL တိုပဲဖြစ်ပါတယ်) File ...
movie

Neelavelicham (2023)

2023
One True Loves (2023) 5.3
One True Loves (2023) One True Loves (2023)စစ်မှန်တဲ့အချစ်နဲ့ ဘဝမှာဘယ်နှစ်ကြိမ်ကြုံတွေ့နိုင်သလဲ။ အမ်မာဘလဲရ်ဆိုတဲ့မိန်းကလေးအတွက်တော့ ကံကြမ္မာက နှစ်ကြိမ်တောင်ယူဆောင်လာပေးခဲ့တယ်။ ဘဝမှာဒုတိယအကြိမ်ထပ်ချစ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကျမှ ထာဝရဆုံးရှူံးလိုက်ရပြီထင်တဲ့သူကပြန်ရောက်လာတဲ့အခါ....main castတွေအကုန် သရုပ်ဆောင်အဆင်ပြေကြပြီး ဇာတ်ဝင်တေးတွေလည်းသူ့နေရာနဲ့သူအံဝင်ခွင်ကျထည့်ထားပြီး ကြည့်ရတာcringeမဖြစ်ဘဲအဆင်ပြေတယ်လို့ထင်ပါတယ်။ Hacksaw Ridge, Interceptorတို့မှာsupporting rolesတွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့Luke Braceyနဲ့ Shang-Chi and the Legend of the Ten RingsထဲကShang-Chiနေရာမှာသရုပ်ဆောင်ခဲ့တဲ့Simu Liuတို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းအမ်မာက သူ့ဘဝရဲ့ငယ်ရွယ်တဲ့အချိန်မှာပဲ စစ်မှန်တဲ့လက်တွဲဖော်တစ်ယောက်ကိုရခဲ့တယ်။ documentaryတွေရိုက်ရတာသဘောကျတဲ့ဂျက်စီရယ် ခရီးသွားဘလော့ဂ်တွေရေးရတာနှစ်သက်တဲ့ အမ်မာရယ် စိတ်တူကိုယ်တူဝါသနာတူစုံတွဲလေးဖြစ်ခဲ့တယ်။ဆမ်လီကတော့ အမ်မာရဲ့ကျောင်းနေဖက်အခင်ဆုံးသူငယ်ချင်း အမ်မာကိုအရင်တွေ့ပြီး အရင်စကြိုက်ခဲ့တဲ့သူပေမယ့် ဖွင့်မပြောဖြစ်ခဲ့ဘဲ တစ်ဖက်သတ်အချစ်နဲ့အဆုံးသတ်သွားခဲ့တယ်။ ဒါ​​ပေမဲ့ကံကြမ္မာက ဆမ်နဲ့အမ်မာကိုပြန်ဆုံစေခဲ့တယ်။ အမ်မာလည်း ဂျက်စီမရှိတော့တာ ၃ နှစ်အကြာမှာတော့အမှန်တရားကိုလက်ခံလိုက်ပြီး နောက်တစ်ကြိမ်ထပ်ချစ်ဖို့ဆုံးဖြတ်လိုက်တယ်။တကယ်တော့ဂျက်စီကမသေခဲ့ဘဲ လူသူမရှိတဲ့ကျွန်းတစ်ကျွန်းမှာသောင်တင်နေခဲ့တာပါ။(မင်းသားကြီးTom Hanks)ရဲ့Castawayကိုတောင်သတိရသွား)အမ်မာကိုပြန်တွေ့ရဖို့မျှော်လင့်ချက်နဲ့ လေးနှစ်လုံးကျွန်းပေါ်မှာမသေအောင်နေခဲ့ပေမယ့် ပြန်ရောက်လာတဲ့အချိန်မှာ ကိုယ့်ဇနီးမှာ နောက်ထပ်စေ့စပ်ထားတဲ့သူရှိနေခဲ့ပြီ။ဒါတွေသာဖြစ်မလာခဲ့ရင် ဂျက်စီလည်းအမ်မာနဲ့ထာဝရပျော်ရွှင်သွားရမှာ။ ဆမ်လီကလည်းကြိုးစားခွင့် မျှော်လင့်ခွင့်ရှိတယ်။ ဒီဆုံးဖြတ်ရခက်တဲ့အခြေအနေကို အမ်မာဘယ်လိုဖြေရှင်းမလဲ။ ပရိသတ်ကြီးသာဆိုရင်ရော ဘယ်သူ့ကိုရွေးချယ်မလဲ....(ဘာသာပြန်ပြီး ...
movie

One True Loves (2023)

Maya and Her Lover (2021) 5.5
Maya and Her Lover (2021) Maya and Her Lover (2021) ======================ဒီတစ်ခေါက် ပရိတ်သတ်ကြီးကို drama အမျိုးအစား ဇာတ်လမ်း ကောင်းလေးတစ်ခုနဲ့ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့.. ဘဝအတက်အကျ အပြောင်းအလဲ‌တွေသိပ်မရှိတော့ဘဲ တည်ငြိမ် ရင့်ကျက်‌တဲ့ အသက်အပိုင်းအခြားတစ်ခုကို ရောက်နေပြီဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် မာယာဟာ introvert ဆန်ဆန် သူ့ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းရင်း အတည်တကျ မိသားစုဘဝ လေးတစ်ခုကို တည်ထောင်ချင်နေခဲ့ပါတယ်။ ဒီလိုမျိုးဘဝကို တည် တည်ငြိမ်ငြိမ်ပဲ ဖြတ်သန်းချင်နေတဲ့ သူ့ရဲ့ဘဝထဲကို သူ့အသက်ထက် ဝက်ပိုငယ်တဲ့ ကောင်လေးတစ်ယောက်က ဝင်ရောက်လာခဲ့ပါတယ်။အဲဒီကောင်လေးရဲ့ တွေးခေါ်ပုံတွေ..သူရည်မှန်းထားတဲ့ ပန်းတိုင်တွေ မျှော်လင့်ချက်တွေက မာယာကိုသူ့ရဲ့အတိတ် ငယ်ငယ်တုန်းကပုံရိပ် တွေကို ပြန်အမှတ်ရစေတာကြောင့် အဲဒီကောင်လေးဟာ သူလိုချင်တဲ့ အ‌ခြေတကျဖြစ်တဲ့ တည်ငြိမ်တဲ့ဘဝကို မပေးနိုင်ပေမဲ့ သူအဲဒီကောင် လေးအပေါ်ကို ဂရုစိုက်ပေးချင်စိတ်တွေ ကူညီပေးချင်စိတ်တွေ ပေါက် ဖွားလာခဲ့ပါတယ်။မာယာတစ်ယောက် သူ့ကောင်လေးကို တကယ်ချစ် မိသွားမှာလား.. သူ့ရဲ့ကျန်ရှိတဲ့ဘဝကို အရင်လိုပဲ အချစ်မရှိဘဲ အတိတ် မှာပဲနစ်မြောရင်း ကုန်ဆုံးသွားမလားဆိုတာကိုတော့..ဒီဇာတ်လမ်းလေး ထဲမှာ ကြည့်ရှူရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.17 GB) / (422 MB) Quality............WEB-DL 1080p ...
movie

Maya and Her Lover (2021)

2021
[21+]Dark Room(1983) 5.1
[21+]Dark Room(1983) နာကာတာက အောင်မြင်ကျော်ကြားလှတဲ့ စာရေးဆရာတယောက်.. သူချစ်ရတဲ့ မိန်းမတယောက်ရယ်..... တနေ့ နာကာတာအတွက် ဆုံးရှုံးမှုကြီးက မမျှော်လင့်ပဲ ရောက်လာတယ် သူချစ်ရတဲ့ မိန်းမ မတော်တဆမှုနဲ့ ဆုံးသွားတယ်... အဲဒီနောက်ပိုင်း နာကာတာဟာ နောက်ထပ် အချစ်မရှာတော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တယ်..ဘဝမှာလေ တခါတလေ ကိုယ်မထင်မှတ်တာတွေ ဖြစ်လာတက်တယ် သူဆုံးဖြတ်ချက်ချာ စောသွားတယ်လို့ယူဆရမယ်.... သူ့အနားမှာ အချောလေးတွေ တယောက်ပြီးတယောက် လာဝဲတယ် ယုတ်စွ အဆုံး Lesbian ကအစ သူ့မှ သူပဲ ဖြစ်လာတဲ့အခါ..လူကြီးကြိုက်အခန်းတွေ ဖောဖောသီသီ တန်ဆာဆင်ထားတာဖြစ်လို့ DS Fans တွေအတွက်တင်ဆက်ပေးလိုက်ပါတယ် File size…1.7GB / 743MB Quality…1080p /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi
movie

[21+]Dark Room(1983)

1983
[18+]Six Sense: Women in Sight (2019)
[18+]Six Sense: Women in Sight (2019) Six Sense: Women in Sight (2019) *****************************************မိန်းမတွေကို မြင်ရုံနဲ့ ဒီမိန်းမက ဘာတွေ စဉ်းစားနေတယ် ဘာတွေ လုပ်နေတယ်ဆိုတာကို မြင်နိုင်တဲ့ လူကြီးတစ်ယောက်ရှိတယ်တဲ့ ,,,အဲဒီလူကြီးက နှလုံးဖောက်လို့ သေသွားခဲ့ရာကနေ ပြန်နိုးလာတဲ့အချိန်ကစပြီး‌ အဲဒီလို ထူးဆန်းတဲ့ ကိစ္စ‌တွေ စဖြစ်တော့တာတဲ့ အဲဒီ စိတ်စွမ်းအင်ကြောင့်ပဲ မိန်းမကြမ်း ကြေသူကြီး ဖြစ်လာခဲ့တယ် ...အဲဒီစိတ်စွမ်းအင်နဲ့ မိန်းမတွေနဲ့ လိုအင် ဆန္ဒတွေကို ထွင်းဖောက်ကြည့်ပြီး‌တော့ဘယ်လိုများ အသုံးချမလဲဆိုတာကိုတော့ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်...File Size :(1.7GB) and (628MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:16:00 Genre : Adult, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS
movie

[18+]Six Sense: Women in Sight (2019)

The Englishman Who Went Up a Hill But Came Down a Mountain (1995) 6.6
The Englishman Who Went Up a Hill But Came Down a Mountain (1995) ဒီတစ်ခေါက်မှာတော့ IMDB 6.6/10 ရရှိထားတဲ့ Comedy/Drama အမျိုးအစား ချစ်စဖွယ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Comedy ဆိုလည်း comedy၊ Drama ဆိုလည်း drama ပိုင်နိုင်လှတဲ့ မင်းသားကြီး Hugh Grant (Notting Hill/ Two Weeks Notice)၊ အိုင်းရစ် မင်းသားကြီး Colm Meaney (Intermission/The Journey)နဲ့ မင်းသမီးကြီး Tara Fitzgerald (Sirens - 1994/ The Woman in White)တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ဒါရိုက်တာ Christopher Mongerရဲ့ အဘိုးဖြစ်သူပြောပြတဲ့၊ တကယ်ရှိခဲ့တဲ့ရွာလေးရဲ့ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးဟာဆိုရင်တော့ သဘာဝကျတဲ့ ဟာသတွေ၊ သရုပ်ဆောင်မှုတွေနဲ့ တစ်ချက်တစ်ချက်မှ အရွှန်းထထဖောက်တာမို့ မထင်မှတ်တဲ့ ဟာသလေးတွေနဲ့ ရယ်မောစေမိမှာ အမှန်ပါပဲ။ဇာတ်လမ်းအကျဉ်း ၁၉၁၇ခုနှစ်၊ ပထမကမ္ဘာစစ်အတွင်းတုန်းက အင်္ဂလိပ်လူမျိုးနှစ်ယောက်ဖြစ်တဲ့ ဂျော့ချ်ဂါရတ်နဲ့ သူ့လက်ထောက် အန်ဆန်တို့နှစ်ယောက်ဟာ မြေပုံရေးဆွဲသူတွေအဖြစ်နဲ့ ဝယ်ရှ်လူမျိုးတွေရဲ့ရွာလေးကို ရောက်လာခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ ရွာမှာရှိတဲ့ တစ်လုံးတည်းသော တောင်ဖြစ်တဲ့ ဖနွန်ဂါရူရဲ့ အမြင့်ကို တိုင်းတာပြီး တောင်တစ်လုံးအဖြစ် ဘုရင်ကြီးရဲ့မြေပုံမှာထည့်သွင်းဖို့ပါပဲ။ သူတို့ရဲ့စံချိန်စံညွှန်းတွေအရ ...
movie

The Englishman Who Went Up a Hill But Came Down a Mountain (1995)

Royalteen: Princess Margrethe (2023) 4.6
Royalteen: Princess Margrethe (2023) Royalteen: Princess Margrethe (2023) ===========================အခုတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးကို မေ ၁၁ ရက်‌နေ့ကမှ ထွက်ရှိထားတဲ့ အသစ်စက်စက်ဇာတ်ကားကောင်းလေးတစ်ခုနဲ့ တင်ဆက်ပေးပါရစေ။နော်ဝေးနိုင်ငံက မင်းသမီး‌လေး မာဂရက်သီတစ်ယောက် လူထု အမြင် မိသားစုရေးကိစ္စတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေ ကြုံ တွေ့ရလေ့ရှိတဲ့ ပြဿနာတွေကို ဘယ်လိုမျိုးရင်ဆိုင်ရမလဲဆိုတာ ကို ဒီဇာတ်လမ်းမှာ ကြည့်ရှူရမှာပါ။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... မင်းသမီးလေး မာဂရက်သီက သာမန်ဆယ်ကျော်သက်တစ်ယောက် ဖြစ်ပေမဲ့ တော်ဝင်မိသားစုမှာမွေးဖွားလာတာကြောင့် ဆယ်ကျော်သက် ဘဝကို အပြည့်အဝမခံစားရတဲ့သူပါ။ သူမရဲ့အပြုအမူတွေကို အမြဲ စောင့်ထိန်းနေရပြီး လူထုအမြင်ကွယ်ရာမှာ ပြောစကားကိုနာမခံဘဲ အရက်တွေသောက်ပြီး ဆေးတွေသုံးတာက သူမကိုလွတ်လပ်မှုကို ခံစားရစေပါတယ်။ တစ်နေ့မှာတော့ မာဂရက်သီ ဆေးသုံးနေတဲ့ပုံကို သူမရဲ့ သူငယ်ချင်းဖြစ်သူ ဂူ့စတက်က ဗီဒီယိုရိုက်သွားပါတယ်။ အဲဒီ ဗီဒီယိုကို ဖျက်ပစ်ပေးဖို့ပြောပေမဲ့ ဂူ့စတက်ကတော့ ဘာကိုမှရေရေ ရာရာမပြောခဲ့ပါဘူး။ ဒီလိုအကြပ်အတည်းကို ခံစားနေရတဲ့အချိန်မှာမှ ဒိန်းမတ်နိုင်ငံက မင်းသားလေး အလက်ဇန်းဒါးက သူမနဲ့တွေ့ဆုံဖို့ ရောက်လာတဲ့အချိန်မှာတော့...မင်းသမီးလေးက ဒီကိစ္စကို မပေါက် ကြားစေဘဲ ဖြေရှင်းနိုင်မှာလား...သူမဘယ်လိုရဲရဲဝံ့ဝံ့ရင်ဆိုင်သွားမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးမှာ ကြည့်ရှူခံစားရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(2.11 GB) / (763 MB) / (445 MB) Quality............WEB-DL ...
movie

Royalteen: Princess Margrethe (2023)

2023
Killing Romance (2023) 6.8
Killing Romance (2023) Killing Romance (2023)Musical Film အမျိုးအစားကို သဘောကျနှစ်ခြိုက်ကြတဲ့သူတွေအတွက် Killing Romance ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီ ဒီဇာတ်ကားထဲမှာသုံးထားတဲ့ Concept ကိုကြည့်လိုက်ရင် ရုပ်ပြဆန်ဆန် ပုံပြင်တစ်ပုဒ်ကိုကြည့်နေရသလို ခံစားချက်မျိုးဖြစ်နေမှာပါဇာတ်လမ်းအကျဉ်းကတော့ သရုပ်ဆောင်မင်းသမီးဘဝကနေ အနားယူလိုက်တဲ့ ဟွမ်ယောရယ်ဟာ တောင်ပစိဖိတ်မှာရှိတဲ့ Qualla ကျွန်းပေါ်ကို ရောက်ရှိသွားရာကနေ ဇာတ်လမ်းစပါတယ်။အရင်က ကိုယ့်စိတ်ကိုယ့်ခန္ဓာကို ကိုယ်ပိုင်ခဲ့တဲ့ ဟွမ်ယောရယ်တစ်ယောက် Qualla ကျွန်းပေါ်က ဘီလူးခေါင်းနဲ့သူဌေးကို မင်းသားလေးလို့မှတ်ထင်ပြီး အိမ်ထောင်ပြုလိုက်မိတဲ့အခါမှာတော့ ရဲတိုက်လိုစံအိမ်ကြီးထဲမှာ အကျဉ်းကျနေရသလို ဖြစ်ခဲ့ရပါတော့တယ်ဒါပေမဲ့ သူတို့အိမ်ရဲ့ဘေးကပ်ရပ်မှာနေတဲ့ စာမေးပွဲ ၃ ခါကျ ကောင်လေးနဲ့ အမှတ်မထင် သိကျွမ်းသွားခဲ့တဲ့အခါမှာတော့ အကျဉ်းကျနေသလို ဘဝကြီးကနေ လွတ်မြောက်အောင် ယောရယ်တစ်ယောက် အဲဒီကောင်လေးနဲ့အတူ ဘယ်လိုကြိုးစားသွားမလဲ‌ဆိုတာ ကြည့်ရှုခံစားကြရမှာပါCasts တွေအနေနဲ့ အားလုံးသိကြပြီးသား မင်းသမီးကြီး Lee Honey, မင်းသား Lee Sun Kyun နဲ့ Gong Myung တို့က အဓိကပါဝင်ထားကြပါတယ်အညွှန်းကိုတော့ Hmwe Thet ...
movie

Killing Romance (2023)

2023
Back To The Tomorrow ( 2023 ) 5.9
Back To The Tomorrow ( 2023 ) နေ့ရက်တစ်ရက်ထဲကိုပဲတစ်ဖန်တလဲလဲဖြတ်သန်းနေရမယ်ဆိုရင် သင်တို့ဘာတွေလုပ်ပြီး ဘယ်လိုဖြတ်သန်းကြမလဲ......ကိုယ့်ကိုယ်ကိုကံဆိုးတယ်လို့ သတ်မှတ်ထားတဲ့ပေါင်ကျန့်ဟာ ဘာကိုမှအလေးနက်မထားပဲ ကြုံရာလုပ်စားပြီးနေလာခဲ့တယ်။ သူကအိမ်လခတောင်မှန်အောင်မပေးနိုင်ပါဘူး။ တစ်နေ့တာကုန်ဆုံးသွားပြီး နောက်တစ်နေ့ပြန်နိုးလာတဲ့အချိန်မှ ာ သူကဟာ(၁၁)လ (၁၁)ရက်ကိုပဲပြန်ပြန်ရောက်သွားပြီး ကြုံတွေ့ခဲ့တာတွေကို အတိအကျပြန်ကြုံရတာကိုသိလိုက်ရတယ်......ဒီလိုနဲ့မပြီးဆုံးနိုင်အောင်ဖြတ်သန်းနေရတဲ့(၁၁.၁၁)နေ့ကို ပေါင်ကျန့်ဟာနည်းအမျိုးမျိုးစုံနဲ့ လုပ်ချင်ရာတွေလုပ်ပြီးဖြတ်သန်းရင်း သူလွဲချော်ခဲ့ရတဲ့အရာတွေ အထင်လွဲခဲ့တာတွေကိုနားလည်လာခဲ့တယ်။အဲဒီလိုနဲ့သူ့ရဲ့(၁၁.၁၁)နေ့ကိုပိုပိုကောင်းအောင်ကြိုးစားရင်း အဲဒီညမှာနှလုံးရောဂါနဲ့သေရမယ့် ကလေးရှိတာကိုသိသွားခဲ့ပါတယ်။ ကံကြမ္မာကိုပြောင်းလဲလို့မရတဲ့အတွက် ကလေးလေးရဲ့ မသေခင်ဆန္ဒတွေကို ဖြည့်စည်းပေးဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ လူသားဆန်မှုတွေနဲ့ ဒီချာလည်ရိုက်နေတဲ့နေ့ရက်တစ်ခုကိုဘယ်လိုအကြိမ်ကြိမ်ဖြတ်သန်းကြမလဲ...... မနက်ဖန်ကိုဘယ်လိုများမှရောက်နိုင်မှာလဲ..ဆိုတာကို ခံစားကြည့်ရှုလိုက်ပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Back To The Tomorrow ( 2023 )

Shape of Tulip(2023) 6.7
Shape of Tulip(2023) Shape of Tulip(2023)*******************ဂျပန်သူလေး ဆာရီတာ ယူရီကိုက လွန်ခဲ့တဲ့ သုံးနှစ်က တိုကျိုကို ခရီးထွက်လာတဲ့ ကိုရီယားသားလေးနဲ့ ၁၅ မိနစ်လောက် စကားပြောမိရာကနေ အမှတ်မထင် ချစ်မိသွားခဲ့တယ် ...ဒါပေမဲ့ ရုပ်ရည်ကိုတော့ အတိအကျ မမှတ်မိတော့သလို နာမည်ကိုလည်း မမေးထားမိဘူး ...ကုံးဂျူဆိုတဲ့ မြို့လေးက လာတယ်ဆိုတာကိုပဲ သိခဲ့ရတယ်...ဒါပေမဲ့လည်း ပြန်တွေ့ရမယ်လို့ ယုံကြည်ပြီးကိုရီးယားဘာသာစကားကို ၃နှစ်တိုင်တိုင် သင်ယူပြီးတော့ အဲဒီအမျိုးသားကိုရှာဖို့ ကိုရီးယားကို ထွက်လာခဲ့တယ် .... အဲဒီနောက်မှာ သူတို့နှစ်ယောက် ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှူအားပေးလိုက်ကြပါဦးနော်....File Size :(1.98GB) &(719MB) Quality : ‌WEB-DL 1080P,720P Format…mp4 Duration…01:46:00 Genre :Drama ,  Romance Subtitle : Myanmar Subtitle (Hard Sub) Translated  Miri Encoded by Phyo Pyae
movie

Shape of Tulip(2023)

Behind the Blue Eyes ( 2023 ) 6.1
Behind the Blue Eyes ( 2023 ) ငါတို့ရဲ့ ပုံပြင်မှာ ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းမရှိပေမဲ့ ငါဒီဘဝမှာ နင့်ကို ရှာတွေနိုင်တာ ကံကောင်းမှုကြီးပဲ။ ဒီဇာတ်လမ်းလေးကတော့ ကျောက်ရှင်းဟွေ့နဲ့ လင်ဟန့်ချုံးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ကျောက်ရှင်းဟွေ့နဲ့ လင်ဟန့်ချုံးတို့ဟာ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ပြီး ရင်ခုန်ခဲ့ကြပါတယ်။ သို့ပေမဲ့ အကွာအဝေးတွေ၊ မိသားစုပြဿနာတွေကြောင့် သူတို့နှစ်ယောက်ဟာ အကြိမ်ကြိမ် ခွဲခွါခဲ့ကြရတယ်။ရှင်းဟွေ့တစ်ယောက် တွေဝေနေချိန်မှာ သူ့ဆီကို ဟန့်ချုံးရဲ့ အသံသွင်းထားတဲ့ ကက်ဆက်ခွေလေး ရောက်လာပါတယ်။ ကက်ဆက်ခွေနားထောင်ပြီးနောက် ရှင်းဟွေ့တစ်ယောက် သူ့ရဲ့အချစ်ကို လိုက်ရှာဖို့ အတိတ်က မှတ်ဉာဏ်တွေအတိုင်း တစ်ရက်တာ ခရီးထွက်ခဲ့ပါတယ်။ရှင်းဟွေ့တစ်ယောက် ဟန့်ချုံးကို ရှာတွေ့နိုင်မလား...... သူတို့နှစ်ယောက်ရဲ့ ခိုင်မာတဲ့ အချစ်ကရော အခက်အခဲတွေကို ကျော်ဖြတ်နိုင်မလား...... ဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Behind the Blue Eyes ( 2023 )

Beautiful Disaster (2023)
Beautiful Disaster (2023) Beautiful Disaster (2023)Disaster လို့ပြောလိုက်ရင် အားလုံးနားလည်ထားတာ ဒါအဆိုးထဲမှာမှ တော်တော့်ကိုဆိုးရွားတဲ့အရာပေါ့။ ဒါပေမဲ့ ဒါကို Beautiful နဲ့တွဲဖက်ပြီးမြင်ရတော့ အတော်လေးကို နားလည်ရခက်သွားစေမှာပါ။ ဒီတော့ ဒီ Beautiful Disaster ဆိုတဲ့ဒီကားလေးကရော ဘယ်လိုအချစ်မျိုးကိုသရုပ်ဖော်ထားလဲဆိုတာ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။အက်ဘီဆိုတဲ့ကောင်မလေးဟာ ဖဲသမားအဖေရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာရတဲ့ မိန်းကလေးတစ်ယောက်ပါ။ အိမ်ထောင်ဦးစီးက လောင်းကစားသမားဖြစ်နေလေတော့ အမေကထားရစ်ခဲ့တဲ့ အက်ဘီရဲ့မိသားစုဘဝကလည်း သာယာနိုင်စရာအကြောင်းမရှိဘူးပေါ့။ ငယ်စဉ်ကတည်းက Pokerနဲ့ထိတွေ့ခဲ့တဲ့အက်ဘီဟာ Pokerမှာ အလွန်ပါရမီထူးသူဖြစ်ပေမဲ့ သူ့အဖေလိုမဟုတ်ဘဲ သာမန်ဘဝနဲ့ပဲရှင်သန်ချင်သူရယ်ပါ။ ဒါကပဲသူ့ကို အဖေဆီကနေထွက်ပြေးဖို့ တွန်းအားပေးခဲ့တဲ့အချက်ပါပဲ။Poker Prodigy Lucky 13 ဘဝကိုထားရစ်ခဲ့ပြီး တည်ငြိမ်အေးချမ်းတဲ့ သာမန်ကောလိပ်ကျောင်းသူလေးဘဝကိုစဖို့ ရည်ရွယ်ထားတဲ့ အက်ဘီတစ်ယောက် သူငယ်ချင်းကောင်းမှုနဲ့ ဖိုက်တာလေးထရားဗစ်ရဲ့လက်ဝှေ့ပွဲကို ကြည့်ရဖို့ဖြစ်လာပြီးတော့ အက်ဘီဆိုတဲ့ကောင်မလေးရဲ့အလှမှာ ထရားဗစ်တစ်‌ယောက် ကြွေဆင်းသွားတဲ့အခါ...ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းဖို့အတွေးနဲ့ ပလေးဘွိုင်းငပွေးလေးထရားဗစ်ကို အကြောက်အကန်ငြင်းရင်းနဲ့ ကိုတည်ကြည်ဆရာဝန်လေး ပါကာကို အတင်းတွေခေါင်းငြိမ့်နေတဲ့ အက်ဘီ၊ ဇွဲနပဲကြီးကြီးနဲ့ အက်ဘီကိုအရလိုက်မဲ့ထရားဗစ် သူတို့နှစ်ယောက်ကြားက လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဖြစ်နေတဲ့ ဘာရယ်လို့နာမည်တပ်မရတဲ့ပတ်သက်မှုကို ...
movie

Beautiful Disaster (2023)

[18+]Sexy Home Service (2018)
[18+]Sexy Home Service (2018) [18+]Sexy Home Service (2018)****************************ဂျုံဟျွန်းဆိုတဲ့ ကောင်လေးက Batman အနှိပ်ခန်းမှာ အလုပ်လုပ်ရင်း သူ့ချစ်သူနဲ့ တစ်အိမ်တည်းအတူတူနေကြတယ်...ဒါပေမဲ့ တစ်နေ့မှာ အနှိပ်ခန်းအတွက် လူသစ်သွားခေါ်ဖို့ အင်းချွန်းလေဆိပ်ကို သွားရာမှာရည်းစားဟောင်းထိုင်းမ‌လေးကို ဖျတ်ကနဲ လှမ်းတွေ့လိုက်ရတယ်..အဲဒီအချိန်မှာပဲ ရည်းစားဟောင်းကို ချစ်တဲ့ စိတ်တွေ ပြန်လည် နိုးထလာပြီးတော့လက်ရှိချစ်သူနဲ့ အချစ်ရေးမှာ အဆင်မပြေမှုတွေဖြစ်‌လာခဲ့တယ် ဖြစ်ချင်တော့ ရည်းစားဟောင်းထိုင်းမလေးကအနှိပ်ခန်းမှာ အလုပ်လုပ်ဖို့ ကိုရီးယားကို လာတာဖြစ်နေခဲ့တယ် ကိုယ်ချစ်တဲ့သူက ဒီလို လုပ်စားတာကို မခံစားနိုင်တဲ့ ဂျုံဟျွန်းတစ်ယောက် သူ့ကို ပြန်ပိုင်ဆိုင်ရဖို့ ဘယ်လိုတွေ ကြိုးစားမလဲ လက်ရှိချစ်သူနဲ့ အချစ်ရေးကလည်း ဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာရယ် အနှိပ်ခန်းက ကောင်မလေးတွေရဲ့ ဒုက္ခတွေအပြင်ခပ်ကြမ်းကြမ်း အချစ်ဇာတ်ခင်းကြတာတွေပါ ပါဝင်ပါတယ်...စကီအလန်းတွေပါဝင်တာမို့ ဒေါင်းရကျိုးနပ်စေမှာပါ...File Size :(1.6GB) and (585MB) Quality : WEB-DL1080p, 720p Format…mp4 Duration…01:33:00 Genre : Drama , Romance, Adult Subtitle : Myanmar Subtitle ...
movie

[18+]Sexy Home Service (2018)