Channel Myanmar

Romance

I’m a Cyborg, But That’s OK ( 2006 ) 7.1
I’m a Cyborg, But That’s OK ( 2006 ) IMDb 7.1 ရရှိထားတဲ့ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းပုံစံကတော့  သူမတူတဲ့ပုံစံလေးပေါ့.. သူမတူဆို စိတ်မနှံ့တဲ့သူနှစ်ယောက်ကြားမှာ ဖြစ်ပေါ်တဲ့ အချစ်ဇာတ်လေးတစ်ခုပါ...ယောင်းဂွန်းဆိုတဲ့ ကောင်မလေးက ကိုယ့်ကိုယ်ကို စက်ရုပ်လို့ ယုံကြည်နေတဲ့ ကောင်မလေး တစ်နေ့ စိတ္တဇဆေးရုံကို တက်တဲ့အခါ လူတွေရဲ့ အရာအားလုံးကို ခိုးနိုင်တယ်လို့ ထင်ရတဲ့ ကောင်လေးတစ်ယောက်ကို ဆေးရုံမှာ တွေ့လိုက်ရတယ်...ဒီအခါမှာတော့ သူ့ဆီက တစ်ခုခုကို ခိုးပေးဖို့အတွက် တောင်းဆိုရင်း ရင်းနှီးမှုတစ်ခုရခဲ့ရာကနေ... စက်ရုပ်လို့ထင်နေတဲ့ ကောင်မလေးကို ဘယ်လိုတွေကူညီမယ်.. ဘာတွေဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ ဇာတ်ကားဟောင်း ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ် Filesize : 2.12 GB / 1.04 GB Quality : WEB-DL HEVC 1080p , 720p Format : mkv  Genres : Drama , Romance , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

I’m a Cyborg, But That’s OK ( 2006 )

2006
The Immigrant (2013) 6.6
The Immigrant (2013)  1921 မှာ Ewa Cybulska နဲ့သူ့အမဟာ သူတိုရဲ့ အမေရိကန်အိပ်မက်ကိုအကောင်အထည်ဖော်ဖိုအတွက် မွေးရပ်ပိုလန်မြေကနေပြီးတော့ New York မြိုကိုထွက်လာခဲ့ပါတယ်။ကံမကောင်းအကြောင်းမလှစွာပဲ Ellis ကျွန်းပေါ်ရောက်တဲ့အချိန်မှာတော့ သူ့အမဟာ နာမကျန်းဖြစ်နေတဲ့အတွက် ညီအမနှစ်ယောက်ခွဲရပါတော့တယ်။ မန်ဟန်တန်ရဲ့လမ်းမတွေပေါ်မှာသွားစရာနေရာမရှိချိန် နာမကျန်းဖြစ်လိုသီးသန့်ထားခံထားရတဲ့သူ့အမ Magda ကို ကယ်တင်ဖို ကြံရာမရဖြစ်‌နေချိန်မှာ Ewa ဟာBruno Weiss ရဲ့အကူအညီကိုရယူပြီး Bruno ရဲ့ ပြည့်တန်ဆာလုပ်ငန်းထဲ ဝင်ရောက်ရပါတော့တယ်။ပြင်သစ်မင်းသမီးချော Marion Cotillard , Joker မင်းသားJoaquin Phoenix နဲ့ Hawkeye မင်းသား Jeremy Renner တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၀၀ နှစ်အစောပိုင်းကာလများဆီကimmigrants တွေရဲ့ ဘဝဖြစ်ရပ်မှန်တွေကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်...... File size…1.24GB / 562MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….2h Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

The Immigrant (2013)

Little Hearts (2024) 7.1
Little Hearts (2024) Little Hearts 2024 ငယ်နုတဲ့နှလုံးသားနေ့စဉ်ဘဝရဲ့ပြဿနာတွေကြားမှာ ဟာဒယရွှင်ဆေးကို တောင့်‌တနေသူတွေအတွက် မလေယာလမ် အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဟာသဖောဖောသီသီနဲ့ သားအဖနှစ်ယောက်ရဲ့ ‌အလွဲလေးတွေကို ဟာသနှောပြီးရိုက်ကူးပုံဖော်ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးရုပ်ရှင်ကြည့်ချင်သူတွေ သဘောတွေ့မှာပါ။မွေးမွေးပြီးချင်းမှာပဲ အမေဆုံးသွားတဲ့ မိတဇိုးလေးစီဘီ၊ အမေမရှိတဲ့ စီဘီရဲ့ဘဝမှာ ဘေဘီကပဲအဖေရော အမေပါ တာဝန်ယူခဲ့ရတာပေါ့။ ဘေဘီအဖေအလုပ်လုပ်တဲ့ စိုက်ခင်းပိုင်ရှင် ဂျွန်ဆန်က အလုပ်ရှင်ရော ငယ်သူငယ်ချင်းပါဖြစ်နေတဲ့သူ့အတွက် သားသမီးတွေလည်း မောင်နှမလို ဖြစ်နေကြတာပါ။ဒါပေမဲ့ အနားယူတဲ့အရွယ်ရောက်ကာမှ ဘေဘီရဲ့နှလုံးသားက တစ်ဖန်ပြန်နိုးထဖို့ဖြစ်လာတဲ့အပြင် ယူကေက ဂျွန်ဆန်ရဲ့သားနဲ့သူကိုယ်တိုင်လည်း အချစ်နဲ့ဆုံတွေ့လာရတဲ့အခါ...(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size… 1.8GB / 973MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Little Hearts (2024)

Backspot (2024)
Backspot (2024)  အောင်မြင်မှုနဲ့ ပြီးပြည့်စုံမှုကို ဆာလောင်နေတဲ့ ဆယ်ကျော်သက် ပန်းပွားအကအဖွဲ့ဝင် ရိုင်လီနဲ့ သူ့ရဲ့ချစ်သူဖြစ်တဲ့ အမန်ဒါ ထိပ်တန်းပန်းပွားအကအဖွဲ့ Thunderhawksမှာပါရဖို့အတွက် သူတို့ရဲ့ကြိုးစားမှုနဲ့ ရုန်းကန်မှုတွေ ဒါပေမဲ့ ပြိုင်ပွဲဆိုတာက အနိုင်နဲ့အရှုံး နှစ်ခုတည်းပဲရှိတာမလို့ ပြိုင်ဆိုင်မှုတွေနောက်ကနေပါလာတဲ့ ကျရှုံးမှု သဘောထားကွဲလွဲမှုတွေကို သူတို့ဘယ်လိုရင်ဆိုင်ကြမလဲ။Thunderhawksကိုရောက်သွားချိန်မှာရော တောင်းဆိုချက်တွေမြင့်မားလွန်းတဲ့ အကသမားတွေကို ဖိအားပေးလွန်းတဲ့နည်းပြရဲ့ demandတွေကိုရော သူတို့ဘယ်လိုလိုက်မီအောင်ကြိုးစားရမလဲ။ ဆယ်ကျော်သက်နဲ့မမျှတဲ့ ဖိအားတွေကြုံလာချိန်မှာ ဖြစ်တတ်တဲ့ သဘာဝတွေ အပြုအမူတွေနဲ့ ဒါတွေကို ရိုင်လီတစ်ယောက် ဘယ်လိုဖြတ်ကျော်မလဲ။ လူစာရင်းထဲက ဖယ်ထုတ်မခံရဖို့ ချန်ပီယံပြိုင်ပွဲမှာပါဝင်ခွင့် သူဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားကြပါဦး။ File size…(1.7 GB)/(971 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy
movie

Backspot (2024)

House of Flying Daggers (2004) 7.6
House of Flying Daggers (2004) House of Flying Daggers (2004)IMDb Rating (7.5) / Rotten Tomatoes (87%)Hero တို့ The Great Wall တို့ Full River Red တို့ စတဲ့နာမည်ကျော်တရုတ်ကားတွေရဲ့ ဒါရိုက်တာ Zhang Yimou ရဲ့ ဂန္တဝင်ရုပ်ရှင်ကားကြီးပါ။မင်းသားကြီး Andy Lau ရဲ့ ပျိုမြစ်မှုကုန်ဆုံးကာစ ကျက်သရေရှိခံ့ညားထည်ဝါမှုတွေ ရောက်လာကာစအချိန် သူ့ရဲ့ prime time မှာ ဒီဇာတ်ကားကို သရုပ်ဆောင်ခဲ့ပါတယ်။ နောက်မင်းသားကတော့ ထိုင်ဝမ်နွယ်ဖွား ဂျပန်မင်းသားကြီး Takeshi Kaneshiro ပါ။ မင်းသမီးကတော့ တရုတ်မင်းသမီးတွေထဲ တကယ့်ထိပ်တန်းဆိုတဲ့ အလှပဂေးလေး Zhang Ziyi ပါပဲ။ဇာတ်လမ်းကတော့ ...... ဂန္ဓာလရာဇ်ပြည် တန်မင်းဆက်ရဲ့ နေဝင်ဆည်းဆာအချိန်ပေါ့ဗျာ။ မင်းဧကရာဇ်ရဲ့ ညံ့ဖျင်းမှု၊ ဝိသမလောဘသား အကျင့်ပျက်အစိုးရ အရာရှိမင်းတွေရဲ့ ပြည်သူအပေါ် ...
movie

House of Flying Daggers (2004)

2004
Welcome to My Side ( 2024 ) 6
Welcome to My Side ( 2024 ) ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ကြည့်နေကျဇာတ်ကားမျိုးမဟုတ်တဲ့ အချစ်ဇာတ်ကားလေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ချန်ရှောင်ကျိုးဆို‌တဲ့ ကောင်လေးတစ်ယောက် တစ်နေ့ သူ့ချစ်သူနဲ့လမ်းခွဲခဲ့ကြပါတယ် အကြောင်းအရင်းကတော့ ဆေးလိပ်မဖြတ်နိုင်လို့ပါ အဲ့နေ့လမ်းခွဲတဲ့ညမှာတင်ပဲ ရှောင်ကျိုးတစ်ယောက် ဆေးလိပ်ကိုနာကျည်းပြီး ဆေးလိပ်ဖြတ်ဖို့ ဆေးခန်းတစ်ခုကို ရောက်သွားရာမှာတော့ ‌ဆရာဝန်က ဦးနှောက်ကို လျှပ်စစ်ကုထုံးနဲ့ လုပ်ပေးနေချိန်မှာ ရုတ်တရက်ကြီး မီးပျက်သွားပြီး ဦးနှောက်ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်၃ရက်ကြာမေ့မြောပြီးနောက်မှာတော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အဝါရောင်ကိုမြင်တာနဲ့ ဘေးပတ်ဝန်းကျင်က လူတွေအားလုံးဟာ အဝါရောင်ဘဲရုပ်အဖြစ်ပြောင်းသွားပြီး စကားသံမကြားရတော့ဘဲ ဘဲအော်သံပဲကြားရတော့တာပါအဲ့လိုနဲ့တစ်နေ့ အစားသောက် vlog လုပ်တဲ့နာမည်ကြီး ဖုန်ကျားနန်ဆိုတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းကြောင့် တွေ့ဆုံခဲ့ရပြီးနောက်မှာတော့ ရှောင်ကျိုးတစ်ယောက်သိလိုက်ရတာက ကျားနန်သူ့နားမှာရှိနေရင် သူအဝါရောင်ကိုကြည့်လည်း ဘာမှမဖြစ်တာပါပဲအဲ့လိုနဲ့ တစ်နေ့မှာ ကျားနန်တစ်ယောက် သူ့အနားကနေ ထွက်သွားချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမှာလဲ ဘာလို့ ကျားနန်က သူ့အနားမှာရှိနေချိန်တိုင် ရောဂါမဖောက်ရတာလဲ ဆိုတာကိုတော့ ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ အချစ်ဇာတ်ကားလေးမှာ ကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်နော် Filesize : 956 MB / 536 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Comedy , Romance , Fantasy Runtime : 1h 42 ...
movie

Welcome to My Side ( 2024 )

I Love You to the Moon and Back ( 2024 ) 6
I Love You to the Moon and Back ( 2024 ) I Love you to the Moon and Back ဆိုတဲ့ကားလေးကတော့ မင်းမျက်နှာလေးကိုမြင်ရဖို့အတွက်နဲ့ လကမ္ဘာထိအောင် အသွားအပြန်လုပ်ရလဲကျေနပ်ပါတယ်ဆိုတဲ့ ချစ်ခြင်းတွေကိုဖော်ပြတဲ့အချစ်ကားလေးဖြစ်ပါတယ်။ရွာကညားခါစလင်မယားလေးဟာ မြို့တက်ပြီးအလုပ်လုပ်ကြတော့ တစ်မြို့စီခွဲနေကြရတယ်။ ပျော်ရွှင်ခြင်းစံအိမ်ဆိုတဲ့ ရှင့်ဖူတည်းခိုခန်းလေးမှာ တစ်လကို ၁ခါ ၂ခါ လောက်ချိန်းတွေ့ကြပြီး ချစ်ကြည်နူး တစ်တီတူးကြတာပေါ့။ဆောင်းလယ်ပွဲတော်လို့ခေါ်တဲ့ လနတ်ကန်တော့ပွဲနေ့မှ နှစ်ယောက်လုံးမထင်မှတ်ပဲအလုပ်ကခွင့်ရကြတော့ အရင်လိုကြိုမချိန်းပဲ surprise တိုက်မယ်ဆိုပြီး ၂ယောက်လုံးကမပြောမဆိုသွားကြတော့ လွဲကြတာပေါ့။ဒီလိုနဲ့သွားလိုက်ပြန်လိုက်နဲ့ ပွဲတော်နေ့မှာ ၂ယောက်သားဆုံရောဆုံနိုင်ကြပါဦးမလား ဆိုတဲ့အကြောင်းလေးကို ရထားပေါ်မှာကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်လေးတွေနဲ့ရောညှပ်ပြီး ပုံဖော်ထားတဲ့ ကြည်နူးစရာဇာတ်ကားလေးပဲဖြစ်ပါတယ် ။ Filesize : 1.03 GB / 587 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Drama , Romance  Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by ...
movie

I Love You to the Moon and Back ( 2024 )

Hiroshima Mon Amour (1959) 7.8
Hiroshima Mon Amour (1959)  Hiroshima Mon Amour (1959)~ IMDb - 7.8/10, Rotten Tomatoes - 96% ~Alain Resnais ရဲ့ Hiroshima Mon Amour ဟာ Breathless (1960) တို့၊ The 400 Blows (1959) တို့လိုပဲ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဒီကားဟာ စစကတော့ အက်တမ်ဗုံးအကြောင်း ဒိုကူမန်ထရီအတိုအဖြစ်ရိုက်ဖို့လုပ်ရာကနေ စတယ်။Alain Resnais က Night and Fog ဆိုတဲ့ နာမည်နဲ့ နာဇီအကျဉ်းစခန်းတွေအကြောင်း ရိုက်ဖူးတော့ ဒီလိုပုံစံမျိုးထပ်မဖြစ်ချင်တော့ ဘယ်လိုပုံစံနဲ့ရိုက်ပြရမလဲ တော်တော်ခေါင်းစားခဲ့တယ်။ ဒီ့နောက်တော့ ဒီလိုပုံစံဖြစ်လာတယ်ပေါ့။ ဒါပေမဲ့ သူဝန်ခံထားတာကတော့ ဒီကားနဲ့ ‌အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာမ Marguerite Duras သာ မပါခဲ့ရင် သူတော်တော်ခေါင်းစားနေရမှာတဲ့။ Marguerite Duras ...
movie

Hiroshima Mon Amour (1959)

1959
Miss Shampoo ( 2023 ) 6
Miss Shampoo ( 2023 ) အချစ်၊ အက်ရှင်၊ ဟာသ စတဲ့ ရသ ၃ မျိုးလုံး ခံစားရမဲ့ ထိုင်ဝမ် နာမည်ကြီး ဇာတ်ညွှန်းဆရာ ဒါရိုက်တာ Giddens Ko ရဲ့ Miss Shampoo ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-အစ်ကိုထိုက်ဟာ ဒုစရိုက်ဂိုဏ်းအချင်းချင်း နယ်မြေလုတိုက်ခိုက်မှုတစ်ခုမှာ ဒဏ်ရာအပြင်းအထန်ရပြီး ခေါင်းလျှော်မလေး အားဖန်းရဲ့ ဆံပင်ညှပ်ဆိုင်ထဲကို ဝင်ပုန်းခဲ့တဲ့အချိန်မှာ အားဖန်းရဲ့ ဖုံးကွယ်ပေးမှုကြောင့် အသက်ချမ်းသာခွင့်ရခဲ့ပါတယ်။အားဖန်းက ဆံပင်ညှပ်ဒီဇိုင်နာ ဖြစ်ချင်ခဲ့ပြီး အခွင့်အရေးမရှိတာကို သိသွားတဲ့ အားထိုက်က သူ့လက်အောက်ငယ်သားတွေရဲ့ ဆံပင်တွေကို အားဖန်းဆီ လေ့ကျင့်ခံဖို့ ခိုင်းစေခဲ့ပါတယ်။ အဲဒီနောက် အားဖန်းလည်း လူမိုက်တစ်ဖွဲ့လုံးနဲ့ ခင်မင်သွားခဲ့ပြီး အားထိုက်နဲ့ ရည်းစားတွေ ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ နယ်မြေလုချင်တဲ့ ရန်သူအဖွဲ့က အားထိုက်ကိုလည်း အလွတ်မပေးခဲ့ပါဘူး။ ဆက်ပြီးဒုက္ခပေးဖို့ ကြိုးစားနေခဲ့ပါတယ်။ ရန်သူတွေ ပြည့်နှက်နေတဲ့ သူတို့လောကကြီးထဲမှာ အချစ်နဲ့ ကလဲ့စားချေဖို့အရေး ရွေးချယ်ရတဲ့အခါမှာ အားထိုက်တစ်ယောက် ဘယ်လိုရွေးချယ်မလဲ ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.37 GB / 778 MB Quality : WEB-DL 1080p ...
movie

Miss Shampoo ( 2023 )

The End of Endless Love (2020) 6.1
The End of Endless Love (2020) ၂၀၂၀ ခုနှစ်  ရုပ်ရှင်ရုံမှာ လာကြည့်သူတိုင်း မျက်ရည်ကျခဲ့ရတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးက သဘာဝလွန် တခြားကမ္ဘာက လာတဲ့ ရှင်းထန်ဆိုတဲ့ကောင်လေးက မိခင်ကမ္ဘာကို ပြန်ဖို့ ကြိုးစားတဲ့ ရက် ၁၀၀ အတွင်းအဖြစ်ပျက်လေးကို ရိုက်ကူးထားတာပါ။အရင်ဆုံး တခြားကမ္ဘာက လာတဲ့ သူတို့က လူသားတွေနဲ့မတူဘဲ လူသားတွေရဲ့ ပျော်ရွှင်မှု တစ်နည်းအားဖြင့်ပြောရင် သူ့အသံနဲ့ ဖန်တီးထားတဲ့ လူသားတွေရဲ့ပျော်ရွှင်မှုကိုစားသောက်ရင်း ရှင်သန်နေရတာပေါ့။ဒီလို သဘာဝလွန် တခြားကမ္ဘာကလာတဲ့သူ့မှာလည်း အားနည်းချက်ရှိပါတယ်။ လူတစ်ယောက်ကို သူ့စွမ်းအားသုံးပြီး ပျော်ရွှင်အောင် ၃ ကြိမ်လုပ်လိုက်မိရင် အဲ့လူနဲ့ ချိတ်ဆက်သွားတာပါပဲ။ ချိတ်ဆက်သွားတယ်ဆိုတာ ဒီလူသားသေတဲ့အချိန်မှာ သူပါ လိုက်သေရတာမျိုးပါ။ဒါကြောင့် အတတ်နိုင်ဆုံး ဘယ်သူနဲ့မှ မချိတ်ဆက်မိအောင် ကြိုးစားနေတဲ့ ရှင်းထန်တစ်ယောက်က ရှောင်လွှဲမရတဲ့ ကံတရားကြောင့် ကျီဇယ်ဆိုတဲ့ ဟန်ဆောင်အပြုံးအပြည့်နဲ့ ကောင်မလေးနဲ့ ချိတ်ဆက်မိသွားခဲ့တယ်။ မိခင်ကမ္ဘာကို အဆုံးသတ်မှာပြန်နိုင်မှာလား။ ကျီဇယ်ရဲ့ ဟန်ဆောင်အပြုံးတွေကို အသက်သွင်းနိုင်မှာလား။ ဘယ်လို အပြောင်းအလဲဖြစ်မယ်ဆိုတာ စောင့်ကြည့်လိုက်ကြပါ။ Filesize : 1.20 GB / 683 MB Quality : WEB-DL 1080p , 720p Format : mkv  Genres : ...
movie

The End of Endless Love (2020)

Twenty Hacker (2021) 7.4
Twenty Hacker (2021) ဂျယ်မင်း ဆိုတဲ့အထက်တန်းကျောင်းသား ကောင်လေးဟာ ဆိုက်ဗာတိုက်ခိုက်မှုကြောင့် ဘဝကြီးပြောင်းလဲသွားပြီး သူ့ရဲ့ အဖေကို ဆုံးရှုံးလိုက်ရပါတယ် ဟက်ကာသမားက အရမ်းတော်လွန်းတဲ့အတွက် ရဲတွေမဖမ်းနိုင်တာကြောင့် ဟက်ကာသမားကိုဖမ်းဖို့ သူကိုယ်တိုင် ဟက်ကာလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဟက်ကင်းလုပ်ပြီး ပိုကောင်းတဲ့ကမ္ဘာတစ်ခုကို ဖန်တီးမဲ့ "ပိုကောင်းတဲ့ကမ္ဘာ"ဆိုတဲ့အဖွဲ့နဲ့ ဟက်ကာအရည်အချင်းပြည့်ဝလာတဲ့ ဂျယ်မင်းတို့ တက္ကသိုလ်မှာ တွေ့ကြတဲ့အခါ ဟက်ကာကိုဖမ်းဖို့အတွက် သူတို့အချင်းချင်းပူးပေါင်းပြီးဘယ်လိုတွေ လုပ်ဆောင်ကြမလဲဆိုတာ ရင်တဖိုဖိုနဲ့ဆက်လက်ကြည့်ရှုရမှာပါ Filesize : 1.09 GB / 588 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Action , Crime Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yamin Ei Encoded by LK  
movie

Twenty Hacker (2021)

Our Lady of the Assassins (2000) 6.8
Our Lady of the Assassins (2000) 'Our Lady Of The Assassins' ဆိုတဲ့ ဇာတ်ကားလေးကအသက်(၅၀)ဝန်းကျင်အရွယ်ရှိပြီဖြစ်တဲ့စာရေးဆရာ ဖာနန်ဒိုတစ်ယောက်သူ့မွေးရပ်ဇာတိဖြစ်တဲ့ မယ်ဒဲလ်ရင်မြို့ကို ပြန်ရောက်လာရာကနေဇာတ်အိမ်တည်ထားတဲ့ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။လိင်တူချစ်သူဖြစ်တဲ့ ဖာနန်ဒိုဟာ သူ့သူငယ်ချင်းရဲ့ အမျိုးသားဆောင်ကြာမြိုင်မှာဆယ်ကျော်သက်အရွယ် အဲလက်စ်ဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံခဲ့ရာကနေ သူ့ငယ်ဘဝမြို့ရဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ရပါတော့တယ်။ရာသီဥတုသာယာပြီးတော့ အလည်အပတ်သွားလို့ကောင်းတယ်ဆိုပြီးနာမည်ကြီးတဲ့မယ်ဒဲလ်ရင်မြို့ကလေးရဲ့အမှောင်ဖက်ခြမ်းလို့ဆိုရမယ့် ခိုးဆိုးလုယက်မှုတွေနဲ့ လူတွေရဲ့အမှောင်ဖက်ခြမ်းကိုပါ ဇာတ်ကောင်တွေကနေတဆင့်ပြောပြသွားတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဖာနန်ဒိုဟာ အဲလက်စ်ကို မြို့တလျှောက်အလည်အပတ်သွားဖို့အဖော်အဖြစ်ခေါ်ခဲ့တာ ဖြစ်ပေမယ့်လည်းနှစ်ယောက်ကြားကသံယောဇဉ်တွေဟာ မယ်ဒဲလ်ရင်မြို့ရဲ့ ပြောင်းလဲမှုလိုမျိုးပဲတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတော့တယ်။ ဒီဇာတ်ကားထဲမှာ အသက်အရွယ်ကွာခြားလွန်းတဲ့ ဖာနန်ဒိုနဲ့အဲလက်စ်တို့နှစ်ဦးကြားက တွယ်တာမှု သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေကိုပါခံစားမိပြီးတော့ထူးဆန်းတဲ့ လူ့သဘောသဘာဝကိုလည်းအေးအေးလူလူ ကြည့်ရှုနိုင်ခံစားနိုင်မယ်။ ဒီဇာတ်ကားဟာမှုခင်းရေးရာနဲ့ ချစ်ခြင်းမေတ္တာတို့ကိုအဓိကဖော်ပြထားတဲ့ (၂၀၀၀)ခုနစ်ထွက် စပိန်ဘာသာစကားပြောဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ကိုလံဘီယာစာရေးဆရာ Fernando Vallejo ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိငယ် ဝတ္ထုတစ်ပုဒ်ကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဖာနန်ဒိုနဲ့ အဲလက်စ်တို့ရဲ့ ချစ်ခြင်းမေတ္တာကကော သူတို့နှစ်ဦးတွေးထားသလိုမျိုးလွယ်ကူခရီးပေါက်နေမလားဆိုတာကိုတော့ ဇာတ်လမ်းလေးကိုကြည့်ပြီးခံစားသုံးသပ်ကြည့်ကြရမှာပဲဖြစ်ပါတယ်။  File size…    2.2 GB /  1.1 GB Quality… BluRay 1080p / ...
movie

Our Lady of the Assassins (2000)

Handsome Guys (2024) 6.9
Handsome Guys (2024) Handsome Guys (2024)************************ဒီဇာတ်ကားလေးက black comedy horror film ဖြစ်ပြီးတော့ဒါရိုက်တာ Nam Dong-hyeop က ရိုက်ကူးထားတာဖြစ်သလိုCanadian comedy horror film ဖြစ်တဲ့ Tucker and Dale vs Evil ကိုremake ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။သရုပ်‌ဆောင်တွေအနေနဲ့ကတော့ Lee Sung-min, Lee Hee-joon,Gong Seung-yeon, Park Ji-hwan, Lee Kyu-hyung စတဲ့ဒိတ်ဒိတ်ကြဲတွေက ပါဝင်အားဖြည့်ပေးထားကြပါတယ်။ဇာတ်လမ်းအညွှန်း-ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်းလူမိုက်တွေလို့ အထင်မှားခံနေရသူတွေဖြစ်ပေမဲ့လည်း သူတို့ ညီအစ်ကိုနှစ်ယောက်ဟာဥရောပစတိုင်အိမ်လေးမှာ နေဖို့ စိတ်ကူးအိပ်မက်ရှိကြသူ‌တွေပါ။တစ်နေ့မှာ သူတို့ စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီးမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကိုအမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့...ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလိုကြောက်စရာလည်းကောင်းလို့ဆိုပြီး ...
movie

Handsome Guys (2024)

Passion Play (2010) 5.5
Passion Play (2010) Passion Play (2010)အရင်က နာမည်ကြီး trumpet player ဖြစ်ခဲ့တဲ့ Nate Poole က လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ဇနီးကို မသိဘဲအိပ်မိရာကနေ လူဆိုးဂိုဏ်းခေါင်းဆောင်က လိုက်သတ်လို ကန္တာရထဲ ထွက်ပြေးခဲ့ရတယ်။ အဲဒီမှာသူ ဆပ်ကပ်ပွဲတစ်ခုဆီရောက်သွားပြီး မထင်မှတ်ဘဲ အတောင်ပံတွေရှိတဲ့ မိန်းမလှလေးကို တွေ့ခဲ့ချိန်မှာတော့ သူ့ဘဝကြီးရော ငှက်အတောင်ပံတွေနဲ့ မိန်းမပျိုလေးရဲ့ဘဝရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။နာမည်ကြီး မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့ Mickey Rourke၊ Megan fox၊ Bill Murray၊ Rhys Ifans နဲ့ Kelly Lynch တိုအကုန် ပါဝင်တာမို မလွတ်တမ်းကြည့်ရှုသင့်ပါတယ်နော်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.5GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Fantasy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated ...
movie

Passion Play (2010)

Fly Me to the Moon (2024) 6.8
Fly Me to the Moon (2024) Fly Me to the Moon (2024)IMDb Rating (6.8) / Rotten Tomatoes (65%)ကဲ Scarlett Johansson နဲ့ Channing Tatum တို့ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီး လာပါပြီ။ ဒါရိုက်တာကတော့ ဖလက်ရှ်၊ အဲရိုး စီးရီးတို့ကို ဖန်တီးခဲ့တဲ့ Greg Berlanti ပါပဲ။ လပေါ်ကို နီးလ် အမ်းစထရောင်း ပထမဆုံး ဆင်းသက်ခဲ့တဲ့ အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ စစ်အေးတိုက်ပွဲကာလ အမေရိကန် နဲ့ ဆိုဗီယက် အားပြိုင်မှုမှာ အာကာသစီမံကိန်းတွေဟာ အရမ်းအရေးပါခဲ့ပါတယ်။ အမေရိကန်ဟာ ဆိုဗီယက်ထက်အရင်လပေါ်ကို ခြေချနိုင်ခဲ့ပေမဲ့ ဆိုဗီယက်တွေက အဲဒီအချိန်ကတည်းကရော အခုချိန်ထိ တစ်ကမ္ဘာလုံးက လပေါ်ဆင်းတဲ့အဖြစ်အပျက်ဟာ ရိုက်ကွင်းနဲ့အတုဖန်တီးထားတာလို့ စွပ်စွဲနေကြတုန်းပါပဲ။ အမှန်တရားကိုတော့ အမေရိကန်တာဝန်ရှိသူတွေပဲ သိပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းကိုးလ်ဟာ ခေါင်းမာပြီး စိတ်ဆတ်တဲ့ စစ်ပြန် ပိုင်းလော့တစ်ယောက်၊ လပေါ်ခရီးစဉ် အပိုလို-၁၁ လွှင့်တင်ရေးမှာ ညွှန်ကြားရေးမှူးတာဝန်ယူထားရတာပါ။ ကယ်လီကတော့ အရမ်းတော်တဲ့ ...
movie

Fly Me to the Moon (2024)

4K HEVC
My Otaku Girlfriend aka Mi Novia Otaku (2023) 6.7
My Otaku Girlfriend aka Mi Novia Otaku (2023) My Otaku Girlfriend (2013) မန်ဂါကြိုက်တဲ့ကျွန်‌တော့်ရဲ့ချစ်သူလေးIMDb 6.7/10ရုပ်ပြတွေကိုရေးရတာနှစ်သက်တဲ့ကောင်လေးတစ်ယောက်ဟာ Oxford မှာ စီးပွားရေးမဟာတန်းတက်ဖို့ schorlarship လျှောက်ရန် စာတွေနဲ့လုံးပန်းနေရင်း သူ့ရဲ့ အလွန်နာမည်ကြီးနေတဲ့ ဇာတ်လမ်းကိုဆက်မရေးတော့ဘဲ ပစ်ထားပြီးစာပဲကြိုးစားနေခဲ့ပါတယ်သူရေးတဲ့ဇာတ်လမ်းတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းပေမဲ့ သူ့ရဲ့ဘဝကတော့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ်တစ်ရက်မှာတော့ သူ့ရဲ့ fan အကြီးစားဖြစ်တဲ့ကောင်မလေးတစ်ဦးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ပြီးနောက် သူ့ရဲ့ပျင်းရိစရာကောင်းတဲ့ဘဝကြီးက တစ်ဆစ်ချိုးပြောင်းလဲသွားမလားဆိုတာကို ငြိမ့်ငြိမ့်လေးကြည့်ရမှာပါ(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Teamပဲဖြစ်ပါတယ်) File size…2GB / 989MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

My Otaku Girlfriend aka Mi Novia Otaku (2023)

2023
Light Light Light aka Valoa valoa valoa (2023) 7.1
Light Light Light aka Valoa valoa valoa (2023) Light Light Light 2023 လှပသောနွေဦး Imdb 7.1 လူတွေရဲ့ သတိမဲ့မှုကြောင့်အပူလွန်ကဲပြီး ရိန်းကအဏုမြူဓာတ်ပေါင်းဖိုပေါက်ကွဲခဲ့ရတယ် ဒီရလဒ်အနေနဲ့ကတော့ အမှုန်တိမ်တိုက်ကြီးဖြစ်တည်ရွေ့လျားခဲ့ပြီး ရေဒီယိုသတ္တိကြွတွေနဲ့ လူတွေကိုထိခိုက်စေလာလို့ ပြောင်းကြရွေ့ကြအချိန် ဒီလိုအရွှေ့အပြောင်းထဲ မီမီဆိုတဲ့ကလေးမလည်းအပါပေါ့မြို့ငယ်လေးကိုကျောင်းပြောင်းလာခဲ့တဲ့သူမ အရာရာကအသစ်အဆန်းဖြစ်လို့ ဆယ်ကျော်သက်တစ်ယောက်အတွက်တော့ စိန်ခေါ်မှုတစ်ခုပဲပေါ့ ဒီလိုနဲ့သူတွေ့ဆုံခဲ့ရတာက မာရီယာ မာရီယာ့ကိုအိမ်က သူငယ်ချင်းရစေချင်ခဲ့တာပါအမြဲတမ်းတစ်ယောက်တည်းရပ်တည်လာတဲ့သူမအတွက် မီမီ့ကိုရခဲ့တော့ စာလည်းအတူလုပ် အတူစားအတူအိပ်ရင်းနဲ့ တစ်ယောက်အပေါ်တစ်ယောက်ခံစားချက်လေးတွေတိုးလာတာပေါ့ လှပတဲ့နွေဦးမှာ ထွက်ပေါ်လာမဲ့ သူတို့၂ဦးရဲ့အလှပဆုံးသော အမှတ်တရတွေကိုခံစားကြည့်ရှုလိုက်ပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် ) File size…1.7GB / 757MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 30mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Alex ~ ToMo
movie

Light Light Light aka Valoa valoa valoa (2023)

2023
In the Land of Women (2007) 6.4
In the Land of Women (2007)  In The Land Of Women (2007)စာရေးဆရာကောင်လေး Carter က စော်ပစ်ခံရပြီးနောက်ပိုင်း ဒီပျက်ရှင်ဝင်ရာကနေ သူ့ရဲ့နေမကောင်းတဲ့အဖွားကိုပြုစုရင်း တစ်ယောက်တည်းနေတော့မယ်ဆိုပြီး LA ကနေ Michigan မြိုလေးကို ပြောင်းလာခဲ့တယ်။အဲဒီမှာ Sarah ဆိုတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးနဲ့တွေ့ပြီး ရင်ဖွင့်ဖြစ်ရင်း ရင်းနှီးလာရာကနေ Sarah ရဲ့ သမီးနှစ်ယောက်နဲ့ ခင်မင်ပြီး သူ့ရဲ့ စာရေးဖို စိတ်အားထက်သန်မှုတွေပါ ပြန်လည်ပေါ်ပေါက်လာခဲ့တယ်။ဒါပေမဲ့ Carter ရဲ့ Sarah အပေါ် ခံစားချက်တွေက အိမ်နီးချင်းမိတ်ဆွေအဆင့်ထက်ပိုလာရုံတင်မကဘဲ Sarah ရဲ့ သမီးကြီး Lucy ကပါ Carter အပေါ် စိတ်ယိုင်လာတော့ နဂိုကတည်းက ဖောက်ပြန်မှုရှိနေတဲ့ Sarah တိုမိသားစုကြား ဘယ်လိုရှုပ်ထွေးမှုတွေဖြစ်ကုန်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဟာသတွေနဲ့နှောပြီး စိတ်ဝင်စားဖွယ်ရာ ဆက်လက်ကြည့်ရှုလိုက်ပါဦးဗျာ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )File size_(1.3GB)/(750MB) Quality_Blu-Ray ...
movie

In the Land of Women (2007)

Moments We Shared ( 2024 ) 6.1
Moments We Shared ( 2024 ) Cameo အလန်းတွေနဲ့ ပြည့်နေတဲ့ Moment We Shared လေးနဲ့ အတူCM ချစ်ပရိတ်သတ်တို့ဆီ ပြန်လာပါပြီ... ဒီနေ့မှာတော့ ဘဝတွေထဲက ဘဝအကြောင်းကို ကာတွန်းတစ်ဖုံ အချစ် အလွမ်း အဆွေး မိသားစု ခံစားချက်တွေ ရောပြီး ရုပ်ရှင်တစ်ဖန် ဖန်တီး တင်ဆက်ထားတဲ့ Moment We Shared ဆိုတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆို ငယ်စဉ်တည်းက အဖွားလက်ထဲ ကြီးပြင်းလာရတဲ့ လျိုရှီစန်းတစ်ယောက်... မြို့သေးလေးမှာ ကြီးပြင်းလာပြီး မြို့ကြီးပြကြီးမှာနေရတဲ့ ဘဝကို ခံစားချင်နေတဲ့ လျိုရှီစန်းတစ်ယောက်... သူ့အိပ်မက်တွေအတိုင်း မြို့ကြီးမှာ တက္ကသိုလ်တွေတက်ပြီး အလုပ်ဝင်ခဲ့ပေမယ့်... ဘဝက ရေခဲမုန့်စားသလို မချိုမြိန်ဘူးလေ...အာမခံကုမ္ပဏီမှာ ဝင်ပြီး အလုပ်လုပ်ခဲ့ပေမယ့်.. အထက်ဖား အောက်ဖိ တဲ့အသိုင်းအဝိုင်း... အရက်သောက်မှ ခင်ချင်တဲ့ အသိုင်းအဝိုင်း.... ပတ်သက်မှုရှိမှ လူရာသွင်းချင်တဲ့အသိုင်းအဝိုင်းကြားမှာ နေရတာ ဘယ်အဆင်ပြေပါ့မလဲ...သူ့ခဗျာ မအောင်မြင်သရွေ့ အဖွားဆီမပြန်ဘူးလို့ တွေးနေပေမယ့်... ပြောနေပေမယ့်လည်း... စိတ်ထဲမှာ အကြိမ်ကြိမ် အဖွားရှိတဲ့ မြို့လေးကို ပြန်နေခဲ့တာကနေ ရုတ်တရက်ကြီး တကယ် အဖွားအိမ်ကို ပြန်ရောက်သွားခဲ့တယ်...ဘာကြောင့်ပြန်ရောက်တယ်မသိပေမယ့် တစ်ခဏတော့ ဘဝအမောတွေကို မေ့ပြီး ဘဝရဲ့ အရသာကို တစ်ဆင့်ချင်း ပုံဖော်ပြသွားတာဆိုတော့ ပရိသတ်တို့လည်း ဘဝအမောတွေထဲက ခဏလေး ရုန်းထွက်နိုင်ဖို့ ...
movie

Moments We Shared ( 2024 )