Channel Myanmar

Romance

Third Day (2024)
Third Day (2024)  တူရကီ အချစ်ကားကောင်းလေးတစ်ကားမိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘဝမှာသူချစ်ရတဲ့သူနဲ့ပဲလက်တွဲမယ်လို့ဆုံးဖြတ်ထားတဲ့အယ်လီယာဟာ dating site တစ်ခုမှာ ဆီမိဟ် ဆိုတဲ့ကောင်လေးနဲ့ဆုံမိတယ်။ဆီမိဟ်ဟာ သူ့အတွက် စစ်မှန်တဲ့လက်တွဲဖော်ဆိုပြီးယုံကြည်တဲ့အတွက်ဆီမိဟ်ရှိရာနေရာကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။ လက်ထပ်ဖို့ အတင်းတိုက်တွန်းနေတဲ့ မိခင်ဖြစ်သူကို အစ္စတန်ဘူမှာ အလုပ်အင်တာဗျူးရှိတယ် ၊ ခရီးသွားဖို့အချိန်သုံး‌ရက်လောက်ပေးပါဆိုပြီးတောင်းဆိုတယ်။မိခင်ဖြစ်သူကလည်း သုံးရက်ကျော်လို့မှပြန်မလာရင် ယောက်ျားပေးစားပစ်မယ်လို့ပြောတယ်။အယ်လီယာကလည်းသူ့အမေပြောတဲ့စကားကို လက်ခံပြီးအိမ်ကနေထွက်လာခဲ့တယ်။ဒီလိုနဲ့ ဆီမိဟ်တို့အိမ်ရောက်တဲ့အခါမှာ သူထင်ထားတဲ့သူနဲ့လွဲနေတဲ့အခါမှာတော့....  File size…1.93GB / 1.05GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 39m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Third Day (2024)

Scent of Love (2003)
Scent of Love (2003) The Scent Of Love (2003)ကျွန်တော်ကတော့ တစ်သက်တာလို့ ပြောတော့ သူက တစ်ခဏဖြစ်မှာပါတဲ့။ဒီလိုနဲ့ သူ့ထက်ငယ်တဲ့ငချွတ်လေး ကျွန်တော့်အချစ်ကို မယုံကြည်ခဲ့ပါဘူးပေါ့။သူ့ကို နောက်ထပ်မဆုံးရှုံးချင်တော့တဲ့အခါ ရေစက်ဆိုတာ ဖန်တီးယူရမယ်မှန်း လက်ခံလိုက်ရတာပဲ။"အသက်ရှင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊၊ မင်းလိုတာမှန်သမျှ ဖြည့်ဆည်းပေးပါ့မယ်"လူချင်းနီးနေပေမဲ့ မပြောနိုင်တာတွေ များတဲ့အခါ ဒဏ်ရာတွေက မကုစားနိုင်ပြန်ဘူး။ချစ်ခြင်းတွေက ဖြူစင်တော့လည်း နောင်တတွေက လျော့မသွားပြန်ဘူး။နားလည်မှုတွေ ရှိခဲ့ကြ၊ အကြင်နာတွေ ပိုခဲ့ကြ ဆုံခဲ့ပါလျက်၊ ပျော်ရွှင်ခဲ့ပါလျက်နဲ့များ... မင်းဆီက ဂန္ဓာမာပန်းနံ့ထပ်မရတော့တဲ့အခါ...။၂၀၀၃ ခုနှစ်က ထွက်ရှိထားတာမို့ လွမ်းလွမ်းဆွေးဆွေး Melodrama မျိုးကို ၂၀၀၀ ခုနှစ်က ခံစားသက်ဝင်မှုအတိုင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်)Genre..... Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 2.5GB | 1GB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Su Myat Encoder ..... Aaron
movie

Scent of Love (2003)

Drowning Love (2016) 5.8
Drowning Love (2016) Drowning Love (2016)IMDb - 5.8 My Drama List - 7.2  “လမ်းခွဲလိုက်တာက နှစ်ဖက်စလုံး မနာကျင်ရမယ့်နည်းလမ်းပဲ”ဆယ်ကျော်သက်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ မိုချိဇုကိနာဆုမဲက အဘိုးရဲ့ကျန်းမာရေးကြောင့်မော်ဒယ်ဘဝကနှုတ်ထွက်ပြီး နယ်ဘက်ကိုပြောင်းလာခဲ့ရပါတယ်။နယ်ဘက်ကိုပြောင်းလာရလို့ ဝမ်းနည်းနေတဲ့နာဆုမဲက တစ်ရက်မှာတော့ပင်လယ်နားမှာ ခိုးလို့ခေါ်တဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့ပြီး စိတ်ဝင်စားခဲ့ပါတယ်။တစ်ရက်တော့ မော်ဒယ်ဘဝကအနားယူလိုက်တဲ့ နာဆုမဲကိုနာမည်ကျော်ဓာတ်ပုံဆရာဖြစ်တဲ့ ဟီရိုနိုအုရှိူးဂိုက photo book ရိုက်ဖို့ ကမ်းလှမ်းလာပါတယ်။ခိုးရဲ့အာရုံစိုက်မှုကိုရဖို့အတွက် နာဆုမဲက photo book ရိုက်ဖို့ သဘောတူခဲ့ပါတယ်။ဒီလိုနဲ့ ခိုးနဲ့ရင်းနှီးလာခဲ့ပြီး တစ်ရက်မှာတော့ ဟီရိုနိုအုက ရုပ်ရှင်ရိုက်ဖို့ပါ ကမ်းလှမ်းလာခဲ့ပါတယ်။ရုပ်ရှင်အတွက် စဉ်းစားနေတုန်းမှာ မုဒိမ်းမှုနဲ့ကြုံရပြီး အနုပညာလောကကနေ အပြီးတိုင်နှုတ်ထွက်၊ခိုးနဲ့လည်း လမ်းခွဲခဲ့တဲ့ နာဆုမဲတစ်ယောက် ဘယ်လိုမျိုး အားတင်းပြီး ‌အနုပညာလောကထဲကို ပြန်ဝင်မလဲ...ခိုးနဲ့နာဆုမဲတို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမလဲ...  File size…    2.4 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Drowning Love (2016)

E-San Love Story (2017)
E-San Love Story (2017) E San Love Story (2017)ဒီတစ်ခါမှာလည်း CM က ဇာတ်ကားတစ်ကားနဲ့ ပြန်လာခဲ့ပြန်ပါပြီ။ ဒါပေမဲ့ သူကတော့ ပြန်မလာတော့ပါဘူး...။မစောင့်နဲ့နော်ပြောလို့ မစောင့်တုန်းကလည်း ပြန်မလာသလို စောင့်နေနော်ပြောလို့ စောင့်နေတော့လည်း ပြန်မလာပြန်ပါဘူး။ဇာတ်လမ်းထဲတင် ပြန်မလာတာမဟုတ်ဘဲ အပြင်လောကမှာလည်း ပြန်မလာမှာမို့ ညီကိုတို့ ကြည့်ဖို့ E-San Love Story ကို ဘာသာပြန် တင်ဆက်လိုက်ပေးပါတယ်။စောင့်နေနော်ပြောပြီး ထွက်သွားသူဟာ မြို့ကို ပြန်လာပေမဲ့ ဆီအန့်ဆီကိုတော့ ပြန်မလာခဲ့ပါဘူး။ ငယ်ရည်းစားကို ဆုံးရှုံလိုက်ရတဲ့ ဆီအန်ရဲ့ အချစ်ဇာတ်လမ်းကို တိုက်ဆိုင်သူတို့အတွက် အနာပေါ်ဆားဖြူးခံရင်း ကြည့်ရှူခံစားရမှာပါ။ဒါ့အပြင် ဟာသအရွှန်းဖောက် အရန်ဇာတ်ကောင်တွေလည်း ပါဦးမှာမို့ အငိုမျက်လုံး အပြုံးမျက်နှာနဲ့ ကြည့်ရှုနိုင်ပြီပဲ ဖြစ်ပါတယ် 🥹🥹(အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်)Genre..... Comedy, Romance Quality…. 1080p | 720p File size… 1.6GB | 837MB Format… mp4 Duration…. 1h 34min Subtitle…. Myanm ar ...
movie

E-San Love Story (2017)

Song One (2014) 5.8
Song One (2014)  သီချင်းနားထောင်ရတာကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်သီချင်းအေးအေးလေးတွေနဲ့ တစ်ကားလုံးအေးဆေးလေး Chill ပြီးကြည့်ရှုနိုင်မဲ့ ၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Song One ဖြစ်ပြီး IMDb Rating 5.8ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့The Idea Of You တို့ The Lovers တို့လိုဇာတ်ကားတွေအပြင်တခြားသောနာမည်ကြီးဒရာမာဇာတ်ကားတွေမှာသရုပ်ဆောင်ခဲ့တဲ့ဒရာမာမင်းသမီးချော မမ Anne Hathaway နဲ့ဂီတပညာရှင်သရုပ်ဆောင်Johnny Flynn တို့ပဲဖြစ်ပါတယ်။ဟန်နရီဆိုတဲ့ကောင်လေးကဂီတပညာရှင်အဆိုတော်တစ်ယောက်ဖြစ်လာဖို့အတွက် ကောလိပ်ကနေထွက်ပြီး သီချင်းတွေကိုသီဆိုရေးစပ်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် အစပိုင်းဆိုတော့လမ်းဘေးတွေမှာသီချင်းလိုက်ဆို ရှိတာလေးနဲ့အဆင်ပြေအောင်နေထိုင်နေပြီး တစ်နေ့မှာအဆိုတော်ဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်နဲ့လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ကံဆိုးစွာနဲ့ပဲ နားကြပ်တပ်သီချင်းနားထောင်ပြီးလမ်းလျှောက်နေတုန်းကားတိုက်ခံလိုက်ရတဲ့အတွက် ကိုမာဝင်သွားတဲ့အခြေအနေကိုပါရောက်သွားပါတော့တယ်။အဲ့ဒီအခါမှာ သူနဲ့စကားမပြောဖြစ်တာကြာပြီ ဖြစ်တဲ့အစ်မဖြစ်သူဖရန်နီနဲ့ အမေဖြစ်သူတို့ကသူ့ကိုစောင့်ရှောက်ပေးဖို့ ဆေးရုံလိုက်လာခဲ့ပြီး ဝမ်းနည်းစရာအဖြစ်အပျက်နဲ့မိသားစုပြန်ဆုံစည်းခဲ့ရပါတော့တယ်။အဲ့ဒီအခါမှာ အစ်မဖြစ်သူဖရန်နီက မောင်လေးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ပြီး ဟန်နရီ့အကြိုက်ဆုံးအဆိုတော် ဂျိမ်းစ်နဲ့သွားတွေ့ဆုံစကားပြောခဲ့ပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ ဂျိမ်းစ်နဲ့ဟန်နရီတို့မိသားစုခင်မင်သွားကြာပြီး ဟန်နရီကိုမာဝင်ရာကနေပြန်နိုးထလာနိုင်အောင်ကြိုးစားရင်းနဲ့ဘယ်လိုစိတ်ဝင်စားစရာဒရာမာလေးတွေကို ကြည့်ရှုခံစားရမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.27GB / 560MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 26m Genre ...
movie

Song One (2014)

The Edge of Love (2008) 6.1
The Edge of Love (2008)  Peaky Blinders မင်းသားကြီး Cillian Murphy နဲ့Pirate of the Caribbean တို့ Atonement တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချော Keira Knightley တို့ရဲ့ ၂၀၀၈ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Edge Of Love ဖြစ်ပြီး IMDbRating 6.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်းအချစ်ရဲ့အဆုံးစွန်မှာ ဘယ်လိုအရာမျိုးတွေရှိမယ်ဆိုတာကိုအဓိပ္ပာယ်လေးနက်စွာနဲ့ နားလည်ရခက်အောင် စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဂျာမနီနဲ့အင်္ဂလန်စစ်ဖြစ်နေတဲ့ အချိန်ကာလမှာ အင်္ဂလန်မှာစိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီအချစ်ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်တောင်မဟုတ်ဘဲ ၄ ပွင့်ဆိုင်ဖြစ်တဲ့ လူ ၄ ယောက်ကြားကသပွတ်အူထက်ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်လမ်းက ဘယ်လိုစလဲဆိုတော့ ဒေလန်ဆိုတဲ့ ကဗျာဆရာယောင်ယောင် စာရေးဆရာယောင်ယောင် တိုင်းပြည်မှာစစ်ပွဲတွေဖြစ်နေတဲ့အချိန်စစ်မှုထမ်းရမှာငြင်းဆန်တဲ့ သူတစ်ယောက်က ဗယ်ရာလို့ခေါ်တဲ့တပ်မှာဖျော်ဖြေသူကောင်မလေးတစ်ယောက်နဲ့ပြန်တွေ့ရာကနေစပါတယ်။သူတို့နှစ်ယောက်က ငယ်စဉ်တုန်းကချစ်သူတွေဖြစ်ခဲ့ပြီး အခုပြန်တွေ့တဲ့အခါမှာလည်း သံယောဇဉ်တွေကမပြတ်နိုင်ကြသေးပါဘူး။ဒါပေမယ့်ဒေလန့်မှာမယားကြီးရှိနေတာကိုတော့ ဗယ်ရာတစ်ယောက်မသိခဲ့ပါဘူး။နောက်နေ့ ဒေလန့်မယားကြီးဖြစ်တဲ့ ကတ်တလင်းကဒေလန်ရှိရာကိုလိုက်ခဲ့တဲ့အချိန်မှာ ပုံမှန်ဆိုရင် ပွဲတွေဖြစ်လောက်ပေမဲ့ အရင်ခေတ်ကမလားလို့တော့မသိ သဘောထားကြီးစွာနဲ့ပဲမယားကြီးနဲ့မယားငယ်အပေးအယူမျှတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းတွေပါဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီ ၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကိုထပ်ဝင်လာသူကတော့ ...
movie

The Edge of Love (2008)

The Delinquent Season (2018) 6.4
The Delinquent Season (2018)  ဒရာမာမှဒရာမာဆိုသူများအတွက် Peaky Blinders မင်းသားကြီးCillian Murphy ပါဝင်သရုပ်ဆောင်ခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာမျိုးစုံကိုခံစားရမဲ့ 2018 တုန်းကဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Delinquent Season ဖြစ်ပြီးIMDb Rating 6.4 အထိရရှိထားပါတယ်။ဒီဇာတ်ကားထဲမှာတော့မိသားစုနှစ်ခုကြားကမိဘတွေရဲ့ကြားမှာအရင်းနှီးလွန်သွားရင်းနဲ့မိသားစုနှစ်ခုလုံးပြိုကွဲဖို့အကြောင်းဖန်လာရာကနေဖြစ်တည်လာခဲ့တဲ့ဒရာမာပေါင်းသောင်းခြောက်ထောင်ကိုမြင်တွေ့ရမှာဖြစ်တဲ့အတွက်ပညာပေးအနေနဲ့ရော Entertainment အနေနဲ့ပါကြည့်ဖို့အဆင်ပြေပါတယ်။အထက်မှာပြောခဲ့တဲ့ မိသားစုနှစ်ခုကတော့ ဂျင်မ်နဲ့ဒန်နီရယ်တို့ရဲ့မိသားစုနဲ့ခရစ်နဲ့အီဗွန်တို့ရဲ့မိသားစုပဲဖြစ်ပါတယ်။မိသားစုနှစ်ခုလုံးမှာကလေးနှစ်ယောက်စီရှိကြပြီး ဇနီးနှစ်ယောက်ဖြစ်တဲ့ဒန်နီရယ်နဲ့အီဗွန်တို့ကတော့သူငယ်ချင်းအရင်းတွေပဲဖြစ်ပါတယ်။နိုင်ငံခြားမိသားစုတွေရဲ့ထုံးစံအတိုင်းသူတို့တွေက မိသားစုနှစ်ခုအတူတူညစာစားကြပြီး ပေါင်းသင်းဆက်ဆံရေးတွေလုပ်ကြတဲ့အတွက် ဂျင်မ်နဲ့ခရစ်တို့ကလည်းအထိုက်အသင့်တော့ရင်းနှီးပါတယ်။ခရစ်နဲ့အီဗွန်တို့ရဲ့ မိသားစုဘ၀လေးကသာယာအဆင်ပြေနေပေမဲ့ ခရစ်ကအကြောင်းပြချက်မရှိ ကြမ်းတမ်းရိုင်းစိုင်းလာတဲ့အခါမှာတော့ အီဗွန်လည်းအရမ်းတွေစိတ်ညစ်ပြီး ကြံရာမရဖြစ်နေပါတော့တယ်။အဲ့ဒီလိုပျော့ညံ့နေတဲ့အချိန်မှာ အီဗွန်နဲ့ဂျင်မ်တို့ဖောက်ပြန်ဖို့ အကြောင်းဖန်လာခဲ့ပြီး မိသားစုနှစ်ခုကြားမှာဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အရှုပ်အထွေးတွေဆက်ဖြစ်လာမလဲ အီဗွန်နဲ့ဂျင်မ်တို့ရဲ့အချစ်ကရောစစ်မှန်ရဲ့လား ဘယ်လိုဇာတ်သိမ်းမျိုးကိုရောကြည့်ရှုခံစားရမလဲအစရှိသဖြင့်ပရိသတ်တွေရဲ့စိတ်ကို ဖမ်းစားညှို့ယူသွားမဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.17GB / 515MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 43m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Delinquent Season (2018)

My Sole Desire aka  À mon seul désir (2023) 6.1
My Sole Desire aka À mon seul désir (2023) “My Sole Desire” လို့ခေါ်တဲ့ ပြင်သစ်ဒရာမာ ဇာတ်လမ်း‌လေးကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာကတော့ Lucie Borleteau ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် Marcia လို့ခေါ်တဲ့ ၂၀ကျော် မိန်းကလေးတစ်ယောက်ဟာ စိတ်ဝင်စားမှုကြောင့် အဖော်အချွတ်ကလပ်တခုဖြစ်တဲ့ Le Royaume ခေါ် The Kingdom လို့ခေါ်တဲ့ ကလပ်ထဲကို ဝင်သွားရင်းနဲ့ စိတ်ဝင်စားမှုကနေ စပြီးတော့ သူတကယ်စိတ်ပါတဲ့ ပုံစံ လွပ်လပ်မှုနဲ့ ခံစားမှုကို ရှာတွေ့သွားပါတော့တယ်။Marcia ဟာ အပြင်လူဖြစ်ပေမယ့် တနေ့မှာ အကမယ်တွေ ကင်မရာတွေ ကိုတွေ့ပြီးတော့ စိတ်ပါသွားတာနဲ့ ဝင်ခွင့်ပြိုင်မယ်ဆိုပြီးတော့ လုပ်တဲ့အခါမှာ အဲဒီလောကထဲကို မထင်မှတ်ပဲ ရောက်လာပါတော့တယ်။ ဒီအဖော်အချွတ်မယ်လောကထဲကို ရောက်လာတဲ့ အချိန်ကစပြီးတော့ သူ့ရဲ့ စိတ်ဆန္ဒတွေ အကြောက်တရားတွေ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ ကို ခံရပါတော့တယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် ကိုယ်ကြိုက်တာကိုယ်လုပ်ဆိုတဲ့ပုံစံမျိုးကို သွားထားပါတယ်။ မိန်းကလေး အပေါင်းအသင်းတွေကြားထဲက နားလည်ရခက်တဲ့ ပြဿနာတွေ၊သူ့ကိုသူလက်ခံနိုင်ဖို့ ဘယ်လိုလုပ်ခဲ့ရလဲဆိုတဲ့ အကြောင်းပါ။ Marcia ရဲ့ဇာတ်လမ်း၊ သူတကယ်ဖြစ်ချင်တာဖြစ်ဖို့အတွက် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲခြင်းကို ဘယ်လို ကျော်ဖြတ်ခဲ့ရသလဲ ဆိုတာက ...
movie

My Sole Desire aka À mon seul désir (2023)

Silent Love (2024) 6.0
Silent Love (2024) Silent Love ( 2024 )ဇာတ်အိမ်လန်းလန်းနဲ့ ဂျပန်ရိုမန့်တစ်ရုပ်ရှင်ပါ။ ပုံမှန်ဂျပန်ရုပ်ရှင်တွေလို အရမ်းငြိမ်နေတဲ့ပုံစံနဲ့သွားတာမဟုတ်လို့ ဂျပန်ရုပ်ရှင်ပရိသတ်မဟုတ်တဲ့ အာရှရုပ်ရှင်ပရိသတ်တွေအတွက်လည်း အကြိုက်တွေ့လောက်မယ့် ရုပ်ရှင်ပါပဲ။  ရိုမန့်ကားတွေမှာ ပြဿနာက မတူတဲ့ပုံစံတစ်ခု အသစ်ထွက်လာဖို့ တော်တော်ခက်ခဲတာပါပဲ။  ဖြစ်နိုင်သလောက် အကုန်လုံးရိုက်ပြပြီးပြီ။ ထပ်ကျော့လည်း ရိုက်ပြခဲ့ပြီးပြီ။ အသစ်ကောင်းကောင်းတစ်ခုခုပေါ်လာဖို့က တော်တော်ကြုံတောင့်ကြုံခဲလိုဖြစ်နေတယ်။ ဒါက ဇာတ်အိမ်ကို အဓိက အခြေအတည်တဲ့ အမျိုးအစားအတွက်ပဲ ပြောတာပါ။ ပြောရရင် ဒီကားကို စစဖွင့်ချင်းတုန်းက ကျွန်တော်လည်း မျှော်လင့်ချက်မထားထားတော့ စစအခန်းနဲ့တင် နာမည်ကြီးရိုမန့်ကားထဲက အခန်းပဲဟ။ ဒါထပ်ရိုက်ပြဦးမှာလားတွေးမိပေမဲ့ ထင်တာနဲ့တော့ လွဲသွားတယ်။ ဒီတော့ ရိုးအီနေမှာစိုးလို့ ရိုမန့်မကြည့်ဖြစ်တော့ရင်တောင် ဒီကားတော့ စမ်းကြည့်သင့်တယ်ထင်တာပါပဲ။ဇာတ်ကတော့ ပီယာနိုတီးတာက ဘဝတစ်ခုလို့ ခံယူထားတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ တစ်နေ့ သူက မျက်စိကွယ်သွားတော့ သတ်သေဖို့လုပ်တယ်။ ဒါကို သန့်ရှင်းရေးသမားကောင်လေးက ကယ်လိုက်တယ်။ အဲဒီကောင်လေးကလည်း စကားမပြောနိုင်ဘူး။ ဒီကနေသူတို့ရေစက်စတယ်ပေါ့။ ဒီလိုနဲ့ ...
movie

Silent Love (2024)

Waqt (2005) 6.7
Waqt (2005) Waqt The Race Against Time(2005)ဆန့်ကျင်ဘက်မျဉ်းပြိုင်နှစ်ကြောင်းရဲ့ အားပြိုင်မှုIMDb-6.7/10ဘောလိဝုဒ်ပရိသတ်ကြီးအတွက် Legend တွေရဲ့ တစ်ခေတ်တခါက ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် အမီတာဘဂျမ်း ၊ ပရီရန်ကား ၊ အရှေးကူးမား တို့လို ထိပ်သီးအနုပညာရှင်တွေချည်းပါဝင်ထားတဲ့ကားဖြစ်ပါတယ်ဘဝနေဝင်ချိန်နဲ့ နီးနေပြီဖြစ်တဲ့ဖခင်ဖြစ်သူက သူကိုယ်တိုင်လည်း ဘဝကို ကြိုးစားရှင်သန်ခဲ့သလိုသူကြိုးစားတည်‌ထောင်ခဲ့တဲ့ ဘဝကို သားဖြစ်သူလက်ထဲအကြွင်းမဲ့ယုံကြည်အပ်နှံထားခဲ့ချင်တယ် သူထွက်မသွားခင် သားဖြစ်တဲ့သူကို ဘဝကြီးအကြောင်း သေချာနားလည်ပြီး အဖိုးတန်တဲ့ လူတော်လူကောင်းတစ်ယောက်အဖြစ်နဲ့ မြင်ခဲ့ချင်တယ် သားဖြစ်သူရဲ့သွေး မျိုးဆက်လေးရလာခဲ့ရင်ဆိုပြီးတော့လည်း တွေးတွေးပြီးပျော်နေတတ်တဲ့သူသားဖြစ်တဲ့သူကတော့ အဲဒီအချက်တွေနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့သူပါပဲ တော်တတ်ပြီးသားအဖေနဲ့ မပူပန်ရတဲ့စည်းစိမ်တွေကြား ဘာလိုနေသေးလဲဆိုပြီး ဘဝကိုပျော်ပျော်ပဲဖြတ်သန်းနေခဲ့တယ် ။သားဖြစ်သူကအားမကိုးရ သုံးစားမရတဲ့အပြင် ရန်သူတော်ရဲ့ သမီးကိုမှအရယူလာတော့ ဘဝဆိုတာရင်ဆိုင်ကြည့်စမ်းဆိုပြီး အကြမ်းနည်းသုံးအိမ်ပေါ်ကနှင်ချတော့တာပဲသိက္ခာ ဥစ္စာ အစစပြည့်စုံနေတဲ့မိသားစုကနေ ရုတ်တရက်ကြီး ဘာမှမရှိတဲ့ဘဝကို ရောက်သွားတဲ့သူက သူ့အဖေဗီဇတွေပါပြီး တိုးတက်အောင်လုပ်နိုင်မလား ဖခင်မေတ္တာကိုရော နားလည်သဘောပေါက်သွားမလား20 ရာစုဝန်းကျင်က ထွက်ရှိခဲ့တဲ့ ဂန္တဝင်တင်တဲ့ဘောလိဝုဒ်ကောင်းများစွာလို ဒီကားကရော အဲဒီစံနှုန်းကိုမီရဲ့လား ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေ‌ကတော့ CM Bollywood Team မှဖြစ်ပါတယ် File size…5.62GB / 2.35GB Quality…AMZ WEB DL 1080p / 720p Format…mp4 Duration….2h 33m Subtitle….Myanmar ...
movie

Waqt (2005)

2005
Against the Ropes (2004)
Against the Ropes (2004)  *"Against the Ropes"* ဇာတ်ကားသည် 2004 ခုနှစ်မှာထွက်ရှိခဲ့တဲ့ အားကစားဒရမ်မာ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် ဂျက်ကီကယ်လန်ဆိုတဲ့ အားကစားမှာ စိတ်အားထက်သန်လှတဲ့ အမျိုးသမီးတစ်ဦးရဲ့ လက်ဝှေ့လောကထဲကိုတိုးဝင်ပုံကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။အမျိုးသမီးများကို အလေးထားမှုမရှိတဲ့လက်ဝှေ့လောကမှာ အမျိုးသားများနဲ့ရင်ဘောင်တန်ပြီး တန်းတူယှဉ်ပြိုင်ရင်း အလုပ်ကိုကြိုးစားရုန်းကန်သွားပုံကို စိတ်ဝင်စားဖွယ်ဖော်ပြထားတာပါ။ လက်ဝှေ့လောကမှာ နာမည်မရှိသေးတဲ့ လက်ဝှေ့သမားတစ်ယောက်ကို နာမည်ကျော်တစ်ဦးဖြစ်တဲ့အထိ လေ့ကျင့်သင်ကြားပေးပြီး စိန်ခေါ်မှုများ အခက်အခဲများနှင့်အောင်မြင်မှုကို ထင်ဟပ်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။ File size…(2.2 GB)/(1.8 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Romance, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khin Sanda 
movie

Against the Ropes (2004)

Passengers (2008) 5.8
Passengers (2008)  cm ပရိသတ်ကြီးကို ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ MysteryRomance Thriller ဇာတ်လမ်းလေး တစ်ခုကတော့ Passengers ဆိုတဲ့ဇာတ်ကားလေးပါ။ဒီဇာတ်ကားမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Anne Hathaway နဲ့Patrick Wilson တို့ခေါင်းဆောင်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကြောင်း ပြောရရင် ကမ်းခြေတစ်ခုအနီးမှာ လေယာဉ်ပျက်ကျမတော်တဆမှု ဖြစ်ခဲ့ပါတယ်။ အဲဒီမတော်တဆမှုမှာ အသက်မသေဘဲရှင်ကျန်ရစ်တဲ့ ခရီးသည် ငါးဦးကို ကလဲရာဆိုတဲ့ စိတ်အထူးကုဆရာဝန်မလေးက အဖွဲ့လိုက် ဆွေးနွေးကုသမှု အကြံပေးနေတာပါ။ဒီငါးဦးထဲမှာမှ အဲရစ်ဆိုတဲ့ ကောင်လေးက တခြားသူတွေနဲ့ မဟုတ်ဘဲကလဲရာနဲ့ တစ်ဦးချင်း သီးသန့်တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုပြန်ပါတယ်။သူတို့နှစ်ဦးကြားမှာ စစတွေ့ဆုံကတည်းက အဲရစ်က ကလဲရာကိုသဘောကျမိပြီး ကလဲရာဘက်ကတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာကြောင့်ဒါကိုမသိကျိုးကျွံ နေဖို့ ကြိုးစားနေတာပါ။ ဒီလိုနဲ့ ဆရာဝန်မလေးနဲ့တွေ့ဆုံဆွေးနွေးနေတဲ့ ကျန်လေးဦးမှာ တစ်ယောက်ပြီး တစ်ယောက်ပျောက်ဆုံးကုန်ကြတဲ့အခါ လူနာတွေအတွက် စိတ်ပူမိတဲ့ ကလဲရာတစ်ယောက် လေကြောင်းလိုင်းဘက်က သူနဲ့ တွေ့ဆုံမေးမြန်းရာမှာလည်းကျေနပ်စရာ အဖြေမရပါဘူး။ဒီပဟေဠိကို ဖော်ထုတ်ဖို့ ကြိုးစားရင်းနဲ့ သူမကိုယ်တိုင် ...
movie

Passengers (2008)

Salmon Fishing in the Yemen (2011) 6.8
Salmon Fishing in the Yemen (2011)  cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန့်ဟာသဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားအမည်ကအတိုင်းယီမင်နိုင်ငံလို အပူပိုင်းဒေသ နိုင်ငံတစ်ခုမှာ ဆယ်လ်မွန်ငါးတွေမွေးမြူဖို့ ကြိုးစားတာပါ။ဆယ်လ်မွန်ငါးတွေရဲ့ တခြားငါးတွေနဲ့ မတူတဲ့ သဘောသဘာဝကအားလုံးသိကြတဲ့ အတိုင်းပဲ သူတို့ဟာ ရေငံမှာ ကြီးထွားရှင်သန်ကျက်စားကြပြီး ဥဥမျိုးပွားချိန်အတွက်ကျမှ ရေကိုဆန်တက်ပြီးသူတို့ရဲ့ ဇာတိမူလ မြစ်ဖျားခံရာ ရေချိုဒေသတွေဆီ ကူးခတ်ပြန်ကြတာပါ။ဆယ်လ်မွန်ငါးတို့ရဲ့ ဇွဲလုံ့လ ဝီရိယဉာဉ်ဟာ လူသားတွေအတွက်အားကျပမာယူစရာ ဖြစ်သလို ငါးဖမ်းသမားတွေအတွက်လည်းဆယ်လ်မွန်ငါးတွေဟာ တန်ဖိုးရှိတဲ့ ငါးမျိုးစိတ်ပါပဲ။ဇာတ်ကားမှာတော့ ယီမင်နိုင်ငံက ခေါင်းဆာင် စော်ဘွားကြီးတစ်ယောက်ဟာ သူသဘောကျလှတဲ့ ဆယ်လ်မွန်ငါးတွေကိုနိုင်ငံထဲမှာ ရှိစေချင်တဲ့ ဆန္ဒအရ ငွေကုန်ကြေးကျ ဘယ်လောက်များနေပါစေ..ရအောင်လုပ်မယ်ဆိုပြီး ပရောဂျက်အတွက်အကြံပေးကုမ္ပဏီက သူ့ကိုယ်စားလှယ်ဖြစ်တဲ့ ဟယ်ရီယက်ဆိုတဲ့အမျိုးသမီးလေးကို တာဝန်ပေးလိုက်ပါတယ်။ဒေါက်တာအဲဖရက်ဒ်ဂျုံးစ်ဆိုတဲ့ ငါးပါရဂူဘွဲ့ရ အစိုးရအရာရှိတစ်ယောက်ကို နိုင်ငံရေးအရ ချစ်ကြည်ရေးအတွက်ရော မီဒီယာအာရုံလွှဲပြောင်းတဲ့ အနေနဲ့ပါ ဒီဖြစ်နိုင်ခြေ နည်းပါးလှတဲ့ ပရောဂျက်ကိုဟယ်ရီယက်နဲ့ အလုပ်အတူ တွဲလုပ်ဖို့ ဖိအားပေး တာဝန်ပေးလိုက်ချိန်မှာတော့....။သူတို့နှစ်ဦးကြားက ကတောက်ကဆဖြစ်မှုလေးတွေနဲ့ ပရောဂျက်တစ်လျှောက် ရင်ဆိုင်ရတဲ့ နိုင်ငံရေး၊ ...
movie

Salmon Fishing in the Yemen (2011)

Elevator (2024) 7.6
Elevator (2024) Elevator (2024)ဒီကားကတော့ ထူးထူးခြားခြား ဓာတ်လှေကားထဲပဲ ဇာတ်အိမ်တည်သွားတာများတယ်။ ဒါပေမဲ့ အဓိကကတော့ ဓာတ်လှေကားမဟုတ်ဘူးပေါ့။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတဲ့လူတွေအကြောင်း။ ကိုယ်တိုင်ကလည်း အဲဒီလိုလူဖြစ်နေပေမဲ့ အဲဒီလိုလူတွေကို ကူညီချင်လို့ App တစ်ခု ရေးပြီး အဲဒီappအတွက် ရင်းနှီးမြုပ်နှံသူကို ဓာတ်လှေကားစောင့်ကောင်လေးလုပ်ရင်း ဓာတ်လှေကားထဲပဲ ရှာခဲ့တဲ့အကြောင်းပေါ့။ ဓာတ်လှေကားမှာ အတက်နဲ့အဆင်းရှိသလို ဓာတ်လှေကားထဲမှာ သူလည်း အတက်တွေ အဆင်းတွေ ကြုံခဲ့ရတယ်။ ဓာတ်လှေကားထဲပဲ အချစ်ကိုတွေ့ခဲ့သလို ဓာတ်လှေကားကနေပဲ အချစ်နဲ့ဝေးခဲ့တယ်။ ဓာတ်လှေကားကနေပဲ ရင်းနှီးမြုပ်နှံသူရခဲ့သလို ဓာတ်လှေကားထဲကနေပဲ ငွေတွေကို သူကျောခိုင်းခဲ့တယ်။ သူ့အိပ်မက်ကတော့ သူ့လို ပြည်ပဝင်လုပ်သားတွေ အလုပ်အကိုင် အလွယ်တကူရှာလို့ရအောင် အိမ်ကိုငွေလွှဲရအောင် အဆင်ပြေအောင်လုပ်ပေးနိုင်တဲ့ App ကို သေချာလေး ထုတ်နိုင်ဖို့ပေါ့။ အဲဒီအိပ်မက်ဖြစ်လာအောင် သူဘာတွေဖြတ်သန်းရမလဲ ကျွန်တော်တို့ ဒီရုပ်ရှင်မှာ ကြည့်ရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 972MB | 485MB Format… mp4 Duration…. ...
movie

Elevator (2024)

Kacher Manush Dure Thuiya (2024) 6.9
Kacher Manush Dure Thuiya (2024) Kacher Manush Dure Thuiya 2024 (LDRSတို့ရဲ့ချစ်ဒုက္ခ)ဖာဟန်ဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်၊ ဘဝကို ကြိုးစားရုန်းကန်ရင်းနဲ့ ကွန်ပျူတာသိပ္ပံဘွဲ့ကို ကြိုးစားအရယူနေတဲ့ စာတော်တဲ့ကောင်လေး။ရှာမင်ဆိုတဲ့ကောင်မလေးကတော့ အတိတ်ကအမှားတစ်ခုအတွက် ထပ်ပြီးတော့ မိသားစုမျက်နှာမငယ်ရအောင် လုပ်ငန်းအသစ်တည်ထောင်ရင်း ကြိုးစားလုပ်ကိုင်နေတဲ့ကောင်မလေးတစ်ယောက်။ရှာမင်က အလုပ်ကိုကြိုးစားလုပ်ကိုင်နေပေမယ့် အစ်ကိုဖြစ်သူကတော့ အိမ်ထောင်ပဲ ပြုပေးချင်နေပြီး အမြဲ ဒီကိစ္စကြောင့် မောင်နှမနှစ်ယောက်ရန်ဖြစ်ရပါတယ်။ ဒီလိုနဲ့ ဖာဟန်နဲ့ ရှာမင် ဆုံတွေ့ကြပြီး ချစ်ကြိုက်မိသွားရာကနေ အကြောင်းကြောင်းကြောင့် နှစ်ယောက်သား အဝေးရောက်သွားတဲ့အခါမှာတော့ .....အဝေးကနေပဲ ချစ်ကြရတဲ့သူတို့နှစ်ယောက်ကြားက အလွမ်း, နာကျင်မှု, သံသယတွေ, ဒေါသတွေ, မယုံကြည်မှုတွေနဲ့အတူ ဆက်ဆံရေးတစ်ခုကို ဘယ်လိုအဆင်ပြေအောင် နေသွားကြမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဒရာမာဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… 2.38GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Kacher Manush Dure Thuiya (2024)

Last Night (2010) 6.5
Last Night (2010)  ဒီဇာတ်ကားကတော့ Romantic Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ Massy Tadjedin က director အနေနဲ့ရောwriter အဖြစ်နဲ့ပါ ဦးဆောင်ရိုက်ကူးထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Avatar ရုပ်ရှင်နဲ့ နာမည်ကြီးလာတဲ့ Sam Worthington, မင်းသမီးချော Keira Knightleyတို့က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Michael နဲ့Joanna တို့ဟာ သူတို့ရဲ့အိမ်ထောင်ရေးမှာ ပျော်နေကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ရေးထဲကို မမျှော်လင့်ထားတဲ့သူတွေ အမှတ်မထင် ဝင်ရောက်လာတဲ့အခါမှာတော့ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဟာတစ်ယောက်ပေါ်တစ်ယောက် သံသယတွေဝင်လာပြီးတော့မယုံသင်္ကာတွေဖြစ်လာကြပါတယ်။ အဲဒီလိုမျိုး ဘေးကနေ မဆိုင်တဲ့လူတွေဝင်ပါလာတဲ့ကြားကနေ သူတို့နှစ်ယောက်ဟာ ပြန်လည်သင့်မြတ်အောင် ဘယ်လိုတွေကြိုးစားကြမလဲ၊ တကယ်ရော ပြန်လည်သင့်မြတ်နိုင်ပါ့မလားဆိုတာတွေကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ။File size…1.25GB / 587MB Quality…Blu-Ray  1080p  / 720p Format…mp4 Duration….1h 33m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

Last Night (2010)

White Lies, Black Lies ( 2016 ) 6
White Lies, Black Lies ( 2016 ) Suspense drama တွေကြိုက်တယ်ဆိုတဲ့သူတွေအတွက် ထိုင်ဝမ်ဇာတ်ကားကောင်းလေးတင်ပေးလိုက်ပါတယ်။ တစ်ခါတစ်လေမှာ အဖြူရောင်မုသားတစ်ခုကိုဖုံးကွယ်ဖို့အတွက် မုသားတွေမဆုံးနိုင်အောင်ဆက်ပြောရတတ်တယ်။ မုသားတွေများလာတော့ တကယ့်အမှန်တရားဟာ ဘယ်လိုလဲဆိုတာဝေဝါးသွားတတ်တယ်။ညတစ်ညမှာ ကောင်းရှုံမြို့ကဆံသဆိုင်တစ်ခုမှာ ဆိုင်ရှင်အမျိုးသမီးကို လည်လှီးတဲ့လူသတ်မှုဖြစ်ပွါးခဲ့တယ်။ခင်ပွန်းဖြစ်သူက ဆေးရုံကိုလာပို့ပေမယ့် အရေးပေါ်ခွဲစိတ်နေတုန်းမှာပဲ ထွက်ပြေးသွားခဲ့တယ်။ ရဲတွေကခင်ပွန်းဖြစ်တဲ့သူကို အဓိကသံသယရှိသူအနေနဲ့လိုက်ရှာကြပါတော့တယ်။အထက်တန်းကျောင်းကငယ်ချစ်ဦးနဲ့ အသက်တွေကြီးမှပြန်ဆုံတဲ့အခါ အချစ်တွေမကုန်သေးတဲ့အတွက် အမှားတွေလုပ်မိခဲ့ကြတယ်။ မိန်းမဖြစ်တဲ့သူကသိသွားတဲ့အခါ စိတ်လိုက်မာန်ပါနဲ့ သတ်သေသွားတယ်လို့ထွက်ဆိုချက်ပေးပေမယ့် ရဲတွေကမယုံပဲဆက်စစ်ဆေးကြတယ်။ ဒါဟာတကယ်ပဲ မတော်တဆမှုလားရည်ရွယ်ချက်ရှိရှိလူသတ်မှုလား…… နောက်ကွယ်မှာဘယ်လိုဇာတ်လမ်းတွေရှိနေမလဲဆိုတာကို စိတ်ဝင်စားစရာတွေနဲ့ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ် Filesize : 924 MB / 479 MB Quality : WEB-DL HEVC 1080p , 720p Format : mkv Genres : Crime , Mystery , Romance Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

White Lies, Black Lies ( 2016 )

Trisha on the Rocks (2024) 6
Trisha on the Rocks (2024) Trisha on the Rocks (2024) "ပူပင်ကြောင့်ကြမဲ့ အချစ်"IMDb 6.5CM ပရိသတ်ကြီးအတွက် ရင်ကိုအေးစေမယ့် ဂူဂျာရတ် စကားပြော အချစ်/ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်Shaitaan (2024) က မင်းသမီး Janki Bodiwala က မိဘစကားနားမထောင်ဘဲ ကိုယ်ထင်ရာလုပ် ပျော်ရာသွားတတ်တဲ့ တက်တက်ကြွကြွမိန်းကလေး ထရီရှာနေရာက ပါဝင်ထားပြီးဗစ်ရှဲလ်ကတော့ အရက်ပုန်းရောင်းချတဲ့ ကလေကချေဖြစ်ပါတယ်... တစ်ည ထရီရှာ့ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပါတီမှာ အရက်လာပို့တဲ့ ဗစ်ရှဲလ်နဲ့ စကားပြောဖြစ်သွားပါတယ်အထက်တန်းလွှာက မိန်းကလေးဖြစ်ပေမယ့် ကလေကချေ ဗစ်ရှဲလ်ရဲ့ လွတ်လပ်တဲ့ဟန်နဲ့ စကားဖော်ရွေမှုကို သဘောကျသွားတဲ့အတွက် အဲဒီညမှာပဲ အချစ်ဇာတ်လမ်းခင်းလိုက်ကြပါတယ်မနက်မိုးလင်းတော့ သူတို့နှစ်ယောက်သဘောတူ တစ်ညတာကနေ အဆင့်ထပ်မတက်ဖို့ပြောကာ လမ်းခွဲလိုက်ပြီးနောက်မှာမှ ထရီရှာ သူ့ကိုမဖြစ်မနေ ပြန်လိုက်ရှာဖို့ လိုလာတဲ့အခါမှာတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.5GB / 1.06GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Trisha on the Rocks (2024)

2024