Channel Myanmar

Romance

It’s Complicated (2009) 6.5
It’s Complicated (2009) ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Romance ရုပ်ရှင်ကို ပြန်လည်ကြည့်ရှုရင်း ဟောလီးဝုဒ် ရုပ်ရှင်တွေရဲ့ အရင်ခေတ်ကို ပြန်လည်ခံစားလိုက်ရအောင်ပါ။ယခုရုပ်ရှင်ဟာ IMDb rating 6.5, Rotten Tomatoes 59% ရရှိထားပါတယ်။ ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အတိတ်နေ့ရက်တွေကို ပြန်ခံစားလိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂျိမ်းနဲ့ ဂျိတ်ခ်ဟာ ကွာရှင်းခဲ့တာ ကြာပြီဖြစ်တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ နှစ်တွေလည်း ကြာခဲ့ပြီမို့ သူတို့ကြားမှာ မကျေမနပ်တာတွေ မရှိတော့ဘဲ အဆင်ပြေပြေနဲ့ပဲနေနေကြပါတယ်။ ဂျိတ်ခ်ဟာလည်း အက်ဂ်နက်ဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ထပ်ပြုထားပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့သား လုခ်ရဲ့ ဘွဲ့နှင်းသဘင်ကို တက်ဖို့ နယူးယော့ခ်မြို့ကိုသွားကြပါတယ်။ အဲညမှာ သူတို့နှစ်ယောက် မူးအောင်သောက်ကြပြီး ဇာတ်လမ်းကို ပြန်စမိသွားပါတယ်။ ဂျိမ်းနဲ့ ဂျိတ်ခ်တို့ကြား ဘယ်လိုရှုပ်ထွေးတာတွေ ဖြစ်လာမလဲဆိုတာ ဟာသတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လိုက်ကြပါဦး။အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p File size… ...
movie

It’s Complicated (2009)

2009
Selfie 69 (2016) 6
Selfie 69 (2016) Selfie 69 (2016)သမီးရည်စားရန်ဖြစ်ရာမှ စပြီး အသည်းကွဲကာ သူငယ်ချင်းတွေလူငယ်ပီပီ ဘယ်လို ပေါက်ကရတွေလုပ်ပြီး အလွဲလွဲအမှားမှားတွေဖြစ်မလဲကို ကြည့်ရှုရမယ့် ပညာပေးအချစ်ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ သူငယ်ချင်းတွေ အသည်းကွဲ မူးရူးပြီး ဘယ်သူအရင်ဆုံးလက်ထပ်နိုင်မလဲ လောင်းကစားလုပ်ရာမှ နောက်ပိုင်းဖြစ်ပျက်မှုတွေမှတစ်ဆင့် သင်ခန်းစာများနဲ့တကွ ရသ အမျိုးမျိုးကို ခံစားကြည့်ရှုရမယ့် ပညာပေးလူကြီးဇာတ်ကားဖြစ်ပါတယ်။သူငယ်ချင်းအုပ်စု ၂ ဖွဲ့ဘယ်လိုမတူညီတဲ့ ဒုက္ခတွေ အလွဲလွဲ အမှားမှားတွေကို ဟာသအမြင်နဲ့ ခံစားပြီး မိဘအလိုလိုက်မှုကြောင့် ခြေဦးတည့်ရာ ပေါက်ကရတွေလုပ်ရင်း အချစ်ကိုတစ်ဖန်ပြန်လည်ရှာတွေ့နိုင်မလား အန္တရာယ်များတဲ့အမှောင်ဒုစရိုက်လောကဘက်ကို ရောက်သွားပြီး ဒုက္ခတစ်မျိုးစီနဲ့ သူငယ်ချင်း ၃ယောက် တစ်ယောက်တစ်မျိုးဆီ ဘယ်လို အလွဲတွေ သင်ခန်းစာ‌တွေကြားက အချစ်ကိုဘယ်လိုရှာကြမလဲ ဘယ်လိုမထင်မှတ်ဘဲတွေ့မလဲ ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Romance Quality…. 1080p | 720p File size… 1.4GB | 810MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle ...
movie

Selfie 69 (2016)

2016
Phases of the Moon (2022) 5.9
Phases of the Moon (2022) ဒီတစ်ခေါက်ကားလေးကတော့ 2022ခုနှစ်ကထွက်ရှိခဲ့တဲ့ Phases of the moon ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားထဲမှာဆိုရင် ဟိုတစ်လောကမှထွက်ရှိထားတဲ့ My happy marriage live action က အဆိုတော်သရုပ်ဆောင် Meguro Renလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါက‌တော့ ဇာတ်လမ်းအကျဉ်းလေးပေါ့နော်။ Tsuyoshi Osanai ဟာ ဇနီးဖြစ်တဲ့ Kozue Osanaiရယ် သူ့ရဲ့သမီးဖြစ်သူ Ruri Osanai ရယ်နဲ့ မိသားစုသုံးယောက် ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့တာပါ။ ဒါပေမဲ့ ရုတ်တရက် ဇနီးနဲ့သမီးဟာ မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ကြပြီး သူ့ရဲ့ဘဝဟာလည်းပျော်ရွှင်မှုတွေပျောက်ဆုံးသွားခဲ့ရပါတော့တယ်။ အဲ့လိုနဲ့ တစ်ရက်မှာတော့ Tsuyoshi ဆီကို Misumi Akihiko ဆိုတဲ့ဓာတ်ပုံဆရာတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။ Tsuyoshi ရဲ့ ဇနီးနဲ့သမီးဖြစ်သူ မတော်တဆဖြစ်ခဲ့တဲ့နေ့မှာ သူနဲ့တစ်ခါမှတွေ့ဆုံသိကျွမ်းဖူးခြင်းမရှိတဲ့ Ruriဟာ သူနဲ့တွေ့ဖို့လာနေရင်းမတော်တဆဖြစ်ခဲ့တယ်ဆိုတာကို Misumi ကပြောပြခဲ့ပါတယ်။ အဲ့ဒီအပြင် သူ့ရဲ့သေဆုံးသွားတဲ့ချစ်သူ Ruri Masaki ရဲ့အကြောင်းကိုပါပြောခဲ့ပြီး Ruri Osanai ဟာ သူ့ရဲ့ချစ်သူဝင်စားတာဖြစ်နိုင်ကြောင်းပြောပြခဲ့ပေမဲ့ Tsuyoshi ကတော့လက်မခံနိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာ Tsuyoshi က သူ့သမီးဟာ လူဝင်စားတယ်ဆိုတာကိုယုံကြည်လက်ခံသွားနိုင်မှာလား။ ချစ်ရသူကိုတွေ့ချင်လို့ လူပြန်ဝင်စားခဲ့တဲ့ Ruriကရော ...
movie

Phases of the Moon (2022)

2022
The Graduates (2007) 6.4
The Graduates (2007) အခုတစ်ခေါက်ဇာတ်ကားလေးကတော့ 2007ခုနှစ်ကထွက်ရှိထားတဲ့ The graduates ဆိုတဲ့ ဂျပန်ကျောင်းသားဇာတ်ကားလေးဖြစ်ပါတယ်။Kayoko Akimotoဟာဆိုရင် ကျောင်းမှာဘက်စုံတော်ပြီးတော့ တိုကျိုမှာ တက္ကသိုလ်သွားရောက်တက်ဖို့မျှော်မှန်းထားတဲ့ စီနီယာအထက်တန်းကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဘေ့စ်ဘောအသင်းရဲ့ ace pitcher ဖြစ်တဲ့ Sasaki Tomizoကတော့ Kayokoကို သဘောကျနေသူတစ်ယောက်ပါ။တစ်ဖက်မှာလည်း အတန်းရဲ့နောက်ဆုံးမှာထိုင်ပြီး အမြဲတမ်းသီချင်းနားထောင်နေတတ်တဲ့ Kei Shirataဆိုတဲ့ တေးရေးဆရာတစ်ယောက်ဖြစ်တဲ့ ကျောင်းသူလေးတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ Keiဟာ သူမနဲ့အတန်းတူ Tsujimoto Kazuyaဆိုတဲ့ ကျောင်းကရော့ခ်တီးဝိုင်းမှာ ဝင်ရောက်တီးခက်နေတဲ့ ကျောင်းသားလေးကိုသတိထားမိသွားခဲ့ရာက Tsujimoto ဟာ သူ့လိုမျိုးပဲ ဂီတကိုခံစားတတ်တဲ့သူတစ်ယောက်ဆိုတာကို ခံစားမိခဲ့ပါတယ်။ ဂီတအကြောင်းပြောရင်း နှစ်ယောက်သားရင်းနှီးသွားခဲ့ကြရာကနေ သူနဲ့ဝါသနာပါရာနယ်ပယ်ချင်းတူတဲ့ Tsujimoto အပေါ်မှာ Kei ဟာ ခံစားချက်တွေရှိလာပါတော့တယ်။ Kei ရဲ့ခံစားချက်တွေကို Tsujimotoက သိရှိပြီးလက်ခံသွားမှာလား။ Kei ရဲ့တေးရေးဆရာဖြစ်ချင်တဲ့အိပ်မက်ကရော ပြည့်ဝသွားမှာလားဆိုတာရယ်။ ‌Kayokoတက်ချင်တဲ့ တိုကျိုကတက္ကသိုလ်ကို တက်နိုင်သွားမလား။ Sasaki ရဲ့ Kayokoအပေါ်ထားတဲ့ခံစားချက်တွေက ထပ်တူကျသွားနိုင်မှာလားဆိုတာတွေကိုစောင့်ကြည့်ရမယ့်အပြင် အထက်တန်းကျောင်းသားဘဝရဲ့ အနာဂတ်ရည်မှန်းချက်တွေ ချစ်ခြင်း‌မေတ္တာတွေ စတဲ့ လူငယ်ဘဝခံစားချက်လေးတွေကို ပြန်ပြီးသတိရနိုင်မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။အညွှန်းနဲ့ဘာသာပြန်ကတော့ Khaing ပဲဖြစ်ပါတယ်Genre..... Drama, Romance Quality…. 1080p | 720p File size…  ...
movie

The Graduates (2007)

2007
In My End Is My Beginning (2009) 5.4
In My End Is My Beginning (2009) In My End is My Beginning 18+ အညွှန်းအခုတင်ဆက်ပေးလိုက်တဲ့ကိုရီးယားကားလေးကတော့ ၂၀၀၉ ခုနှစ်မှာ ဒါရိုက်တာ Min Kyu Dong ရဲ့ လက်ရာဖြစ်တဲ့ Short film လေးကို လူကြိုက်များတဲ့အတွက် Full length version အနေနဲ့ ပြန်လည်ရိုက်ကူးခဲ့ပြီး ၂၀၀၉ ဘူဆန်ရုပ်ရှင်ပြပွဲမှာ ထုတ်ပြခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ရုံတင်ခဲ့ပြီး Box office မှာ ဒေါ်လာ ၂ မီလီယံကျော်ထိပြန်လည်ရရှိခဲ့တဲ့ကားဖြစ်ပါတယ်။ မင်းသားကြီး Hwang Jung Min ၊ မင်းသမီး Uhm Jung Hwa နဲ့ Castway Div‌a ထဲက အချောလေးဖြစ်တဲ့ ရန်ဂျူး (Kim Hyo Jin) အစရှိတဲ့ ဒိတ်ဒိတ်ကြဲတွေက ပါဝင်ထားပြီး သရုပ်ဆောင်ပြောင်မြောက်လွန်းတဲ့အတွက် ဝေဖန်ရေးဆရာတွေကတောင် ချီးကျူးတဲ့အထိပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ Hwang Jung Min က ဝတ္ထုဆရာအနေနဲ့ ...
movie

In My End Is My Beginning (2009)

2009
I Love Lizzy (2023) 6
I Love Lizzy (2023) I Love Lizzy (2023)ရိုးရိုးလေးနဲ့ ကောင်းတဲ့ဖိလစ်ပိုင်ကားလေး လာပါပြီ။ ချစ်တိုင်းလည်း မညားကြပါဆိုတဲ့ ဇာတ်ကားကိုမှ ချိုချိုခါးခါးကြည့်ချင်ရင် ဒီဇာတ်ကားကို ကြည့်ရင်း သံဝေဂယူလို့ ရပါတယ်။ ဇာတ်လမ်းကတော့ ကတ်သလစ်ခရစ်ယာန်ကိုရင်ဘဝကို ခံယူထားတဲ့ ဂျက်ဖရီအက်စ်ပီနိုက လစ်ဂါစပီမြို့ဆီ စိတ်ပြေလက်ပြောက် ခရီးထွက်လာရာက စပါတယ်။ သူဟာ တကယ်ပဲ ခရစ်ယာန်ဘုန်းကြီး ဖြစ်ချင်ရဲ့လားဆိုတာကို အဖြေရှာရင်းပေါ့။ လစ်ဂါစပီမှာတော့ အရက်သမား တိုးဂိုက်မလေး လစ်ဇီနဲ့ တွေ့ဆုံခဲ့မှုကစလို့ ဘယ်လိုအကြောင်းတရားတွေနဲ့ "လစ်ဇီကို ချစ်မလဲ" ဆိုတာ ကြည့်ရမှာပါ။ သရုပ်ဆောင်တွေလည်း ကောင်းကြပြီး၊ ဖိလစ်ပိုင်ရဲ့ ခရီးသွားဆွဲဆောင်မှုအတွက် ဦးတည်ရိုက်ထားသလား မေးရအောင် cinematography လှလှလေးနဲ့ သူ့ကိုယ်ပိုင်ကာလာနဲ့သူ ကြည့်လို့ကောင်းနေတာပါပဲ။ သူ့တန်းနဲ့သူ ကြည့်ပျော်ရှိတာမို့ ခဏတာ စိတ်အပန်းပြေမယ့်ဇာတ်ကားအဖြစ် ညွှန်းပေးချင်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ပဲဖြစ်ပါတယ်Genre..... Romance Quality…. 1080p | 720p File size… 1.6GB | 743MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

I Love Lizzy (2023)

2023
Dear Jo: Almost is Never Enough (2023) 8.4
Dear Jo: Almost is Never Enough (2023) Dear Jo: Almost is Never Enough (2023)ဒီသံသရာလောကကြီးမှာ ကျွန်တော်တို့ဘဝတွေဟာ ကံဇာတ်ဆရာညွှန်းရာ အလိုကျကပြနေကြရတဲ့ ဇာတ်ကောင်တွေပဲလေ ဖယောင်းလမ်းလို့ ထင်ခဲ့တဲ့ ဘဝ‌ခရီးတွေဟာ အချိုးအကွေ့တွေမှာ ဆူးခင်းလမ်းဖြစ်သွားနိုင်အောင် ကြမ်းတမ်းသွားနိုင်တာပါပဲ ဘဝခရီးမှာ အဆုံးထိအပြုံးမပျက် လျှောက်လှမ်းဖို့အတွက် ဘယ်အရာက အလိုအပ်ဆုံးဖြစ်မလဲ....... အဲ့မေးခွန်းလေးကို ဒီ Dear Jo: Almost is Never Enough ဆိုတဲ့ အင်ဒိုကားလေးထဲမှာပဲ အေးဆေးငြင်သာစွာ ခံစားအ‌ဖြေရှာကြည့်ကြတာပေါ့ လူတစ်ကိုယ်အဖြေတစ်မျိုးတော့ ရလာကြမှာပါပဲ ဘာအဖြေမှမရခဲ့လဲ တွေးစရာတွေတော့ ကျန်ခဲ့ကြပါလိမ့်မယ်အင်ဒိုကားတွေထဲမှာ အက်ရှင်ကား ဖိုက်တင်ကား သရဲကားတွေပဲကြည့်ဖူးရာကနေ ခုဇာတ်ကားလေးကြည့်လိုက်မှပဲ အင်ဒိုတွေရဲ့ ဒရာမာနိုင်နင်းမှုကို ချီးကျူးရပါတော့မယ် ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် ကြိုမှန်းရင်လဲမှန်းကြည့်လို့ရပါတယ် ဒါပေမဲ့ အားလုံးခံစားရမှာကတော့ ဒါက ဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး ကိုယ့်ဘဝကိုထင်ဟပ်ပြမဲ့ ကြေးမုံပြင်တစ်ခုပါ မိဘအိမ်နဲ့ဝေးခဲ့တဲ့ သားသမီးတစ်ယောက်လား ချစ်ရသူနဲ့ အိမ်မက်တွေမပြည့်စုံတဲ့လူငယ်လေးတစ်ယောက်လား ကိုယ့်အချစ်ဆုံးသူကို ဆုံးရှုံးခဲ့ရသူလား ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းလေးကိုကြည့်ရှုရင်း တိုက်ဆိုင်တာလေးတွေရှိရင် တွေး‌ရင်းငေးရင် ဆွေးကြရအောင်....အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Drama, Romance Quality…. 1080p ...
movie

Dear Jo: Almost is Never Enough (2023)

2023
(18+) Love Shots (2019)
(18+) Love Shots (2019) Love Shots (2019)ဒီဇာတ်ကားလေးကတော့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတွေ လိင်စိတ်ဖြစ်ပေါ်တတ်တဲ့အကြောင်းလေးတွေနဲ့ ဘဝဖြတ်သန်းပုံတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။အန်ဗီသာဆိုတဲ့ ကျောင်းသူလေးဟာ သူ့စိတ်ထဲ အမြဲမူစကူဒူးဖို့ပဲ စဥ်းစားနေပြီး လိင်စိတ်များနေခဲ့ပါတယ်။ ဒီလိုနဲ့ ညတစ်ညမှာ မူစကူဒူးမိလိုက်ပါတယ်။ အဲ့ဒါက သူ့ဘဝရဲ့အကြီးမားဆုံးအမှားကြီးတစ်ခုဖြစ်သွားလိမ့်မယ်မှန်းသူမသိခဲ့ပါဘူး။ဘဝရဲ့အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေနဲ့ ဒီဆယ်ကျော်သက်ကောင်မလေး သူ့ဘဝကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကိုတော့....။ပညာပေးရိုက်ကူးထားတဲ့ ဒီကားလေးမှာ မိန်းမသားဘဝ မိန်းမသားဆန္ဒနဲ့ လိုအပ်ချက်တွေကို မြင်ရဦးမှာပဲ​ဖြစ်ပါတယ်နော်။Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…2GB/ 881MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Devil
movie

(18+) Love Shots (2019)

2019
Once Upon Two Times (2023) 7.2
Once Upon Two Times (2023) Once Upon Two Time (2023) တစ်ချိန်ကနှစ်ကိုယ်တူချစ်ခြင်းဒီတစ်ခါမှာတော့ အိန္ဒိယဒရာမာကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ အာဟန်ဆိုတဲ့ကောင်လေးတစ်ယောက် သူ့အမေရဲ့ဖြစ်ချင်စိတ်နဲ့ သီချင်းတွေနောက်ကို လိုက်ရင်း စီးပွားရေးနဲ့ ပတ်သတ်တဲ့ ဘွဲ့တစ်ခုကို နိုင်ငံခြားမှာ ယူဖို့ ကျောင်းသွားတက်ချင်သူတစ်ဦး။သူ့မှာ ရူဟီဆိုတဲ့ အရမ်းကိုချစ်ရတဲ့ ချစ်ရသူလေးတစ်ယောက်ရှိပြီးတော့ ကျောင်းသွားဖို့ ဝေးရမယ်ဖြစ်လာတော့ ချစ်သူတို့ရဲ့ ထုံးစံအတိုင်း မခွဲနိုင်ဖြစ်ကြပြီး လက်ထပ်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။တစ်ဖက်မှာလည်း ရူဟီရဲ့အဖေက သူ့အလုပ်ကနေ ထွက်ခဲ့ပြီး အလုပ်ထွက်လို့ဆိုပြီး သူဌေးက လက်ဆောင်အနေနဲ့ ပေးတဲ့ လေးရက်တာ မိသားစုနဲ့အတူခရီးသွားခွင့်ရပြီးတော့ ခရီးထွက်ခဲ့ကြရင်းနဲ့ အာဟန်ရဲ့အဖေနဲ့ ရူဟီရဲ့အမေကလည်း တစ်ချိန်က အခုအာဟန်နဲ့ရူဟီလိုပဲ ခွဲရဖို့ဖြစ်လာတဲ့အတွက် ခိုးပြေးဖို့အထိ ဇာတ်လမ်းတွေရှိခဲ့ပြီးမှ ချစ်တိုင်းလည်းမညားဖြစ်ခဲ့ရတဲ့အကြောင်းကို သိလိုက်ရပြီးတော့ နှစ်ဖက်မိဘလုံးက သူတို့လက်ထပ်ဖို့ကို ခါးခါးသီးသီးငြင်းဆန်လာချိန်မှာတော့... အာဟန်နဲ့ ရူဟီတို့ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လိုရှေ့ဆက်မလဲ.... သူတို့ မိဘတွေကရော ဘယ်လို ဇာတ်လမ်းတွေရှိခဲ့ကြလဲ …….သူတို့ဖြစ်နေတဲ့ ပြဿနာတွေကရော ပြေလည်သွားပါ့မလား။ တစ်ချိန်က သူတို့မိဘတွေလိုမျိုး ခါးသီးတဲ့ဇာတ်သိမ်းဖြစ်လာမလား၊ ချိုမြိန်တဲ့ချစ်ခြင်းနဲ့အဆုံးသတ်သွားမလားဆိုတာတွေကို ဒရာမာကားပီသစွာနဲ့ ကြည့်ရှူရမယ့် ဒရာမာကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL~Alex~V~Yunni~ToMo ...
movie

Once Upon Two Times (2023)

2023
Dono (2023) 5.5
Dono (2023) Dono (2023) "အဖြည့်ခံတို့ရဲ့ ချစ်လင်္ကာ" =======================မင်းသားကြီး ဆန်နီဒီရောရဲ့သားဖြစ်သူ ရာ့ဂျ်ဗီးရ်ဒီရောရဲ့ ပွဲဦးထွက် rom-com ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒေ့ဗ်ဟာ start-up လုပ်ငန်းတစ်ခုကို ဦးစီးတည်ထောင်ထားပြီး လုပ်ငန်းလည်ပတ်ဖို့ ကြိုးစားရုန်းကန်သူဖြစ်ပါတယ်။ ဒေ့ဗ်တစ်ယောက် အလုပ်အတွက် ရုန်းကန်နေရတုန်း တစ်နေ့မှာတော့ ဒေ့ဗ်ရဲ့ ဖွင့်မပြောရသေးတဲ့ ငယ်သူငယ်ချင်းခရက်ရှ်လေး အိမ်ထောင်ပြုတော့မယ်လို့ သိလိုက်ပါတယ်။တစ်ယောက်ကြိတ်ကြိုက် တစ်ယောက်တည်း ကြိတ်ဆွေးနေတဲ့ ဒေ့ဗ်ဟာ တစ်ယောက်တည်း Move on ဖို့အတွက် ငယ်ခရက်ရှ်လေးရဲ့ မင်္ဂလာဆောင်ကို သွားရင်း သတို့သားရဲ့ သူငယ်ချင်းမလေး မက်ဂ်နာနဲ့တွေ့ပြီး Keanu Reeves ရဲ့ Destination Wedding ထဲကလို ဇာတ်လမ်းတွေ ဖြစ်ကာ တစ်ယောက်နဲ့တစ်ယောက် ရှာတွေ့သွားကြပုံကို ပေါ့ပေါ့ပါးပါး တင်ဆက်ထားတဲ့၊ စိတ်အပန်းပြေစေတဲ့ အချစ်ဒရာမာရုပ်ရှင်လေးပဲဖြစ်ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Dono (2023)

2023
Rosario Tijeras (2005) 6.3
Rosario Tijeras (2005) IMDb 6.3 ၊ ခရမ်းချဉ်သီး 81 % rating တွေနဲ့အတူTV series ရော movie ရောထွက်ထားရတဲ့အထိအောင်မြင်ထားတဲ့ Columbia ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ.. ရိုဆာရီယိုလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ဘဝကိုအကြောင်းစုံကြိုးခုန်အောင် ဇာတ်လမ်းဆင်ထားထာပါ။အရမ်းချော အရမ်းလှ အရမ်းကြမ်း အရမ်းလန်းတဲ့မမရိုဆာရီယိုက သူ့ကိုယ်သူတောင်မသိလိုက်ဘဲနဲ့ပတ်ဝန်းကျင်ကြောင့် လမ်းမှားဘက်ရောက်ခဲ့ရသူလေးပါ။ Broken မိသားစုကနေမွေးဖွားလာပြီးပထွေးဖြစ်သူရဲ့အနိုင်ကျင့်မှုကိုခံခဲ့ရပါတယ်။အဲ့ဒီအချိန် သူ့အတွက်အားကိုးစရာဆိုလို့သူ့အစ်ကိုဂျွန်ဟီဖီကပဲ စောင့်ရှောက်ခဲ့ရတာပါ။အရွယ်ရောက်လာတော့လည်းလမ်းပေါ်မှာကြီးပြင်းခဲ့တဲ့သူတွေအတိုင်းပိုက်ဆံရဖို့အတွက် မကောင်းတာမှန်သမျှလုပ်ခဲ့ရသူလေးပေါ့။ ပျော်ရွှင်မှုဆိုတာ ဘယ်လိုပုံစံလဲဆိုပြီး မေ့သွားခဲ့တဲ့ရိုဆာရီယိုတစ်ယောက် လူကုံထံအသိုင်းအဝိုင်းထဲကသူငယ်ချင်းနှစ်ဦးနဲ့တွေ့ဆုံပြီးနောက်မှာဘယ်လိုတွေဇာတ်ခင်းဦးမလဲ?ဘယ်လိုရှုပ်ထွေးမှုတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာဆက်ပြီးကြည့်ရှုလိုက်ပါတော့နော်....   File size…  3.4 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 6m Genre .....  Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa
movie

Rosario Tijeras (2005)

2005
Gorgeous (1999) 6.0
Gorgeous (1999)  ဒီဇာတ်ကားလေးမှာတော့ ဟောင်ကောင်ရွှေခေတ်ကမင်းသားမင်းသမီးတွေဖြစ်တဲ့ ဂျက်ကီချန်း စတီဗင်ချောင် ရှုကြည် တိုနီလောင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အားပူဆိုတဲ့မိန်းကလေးဟာ ဘဝကို စိတ်ကူးယဉ်ဆန်ဆန်ဖြတ်သန်းနေထိုင်တတ်တဲ့ ထိုင်ဝမ်ကျွန်းဆွယ်မြို့လေးတစ်မြို့က ကောင်မလေးဖြစ်ပါတယ်။ သူဟာ တစ်နေ့မှာ ပင်လယ်ကမ်းစပ်ကိုမျှောလာတဲ့ ပုလင်းလေးတစ်ပုလင်းထဲက စာလေးတစ်စောင်ကိုတွေ့ပြီး စာရေးတဲ့ကောင်လေးကို သိချင်လို့ ဟောင်ကောင်ထိတစ်ယောက်တည်းလိုက်သွားရာကနေ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ချန်နဲ့ ဘယ်လိုများ နဖူးစာရွာလည်မလဲ ဘယ်လိုအခက်အခဲလေးတွေကြားကနေ သူတို့အချစ်ကို ရှာဖွေတွေ့ရှိကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ ကြည်နူးဖွယ်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Gorgeous (1999)

Jannat (2008) 6.9
Jannat (2008) Jannat(2008)အရ်ဂျွန်က စိတ်မြန်ပြီး တဇွတ်ထိုးလုပ်တတ်တဲ့ သွေးဆူဆူ လူငယ်တစ်ယောက်။သူကဖဲချပ်တွေကစားရတာအလွန်ဝါသနာပါပါတယ်။ ဖဲချပ်တွေကိုပွတ်တဲ့နေရာမှာတော့ ပါရမီပါတယ် ပြောရမလားပဲ...သူ့အတွက်လက်ဖျားငွေသီးလာသလိုပဲ....အဲ့ဒီငွေကနေ အဆင့်တက်ပြီး ခရက်ကစ်ပွဲတွေမှာအ‌လောင်းအစားဝင်လုပ်ပါတယ်။ ဒီလိုနဲ့ ဒုစရိုက်လောကထဲကို တဖြည်းဖြည်းသူရောက်သွားတယ်... နောက်ပိုင်းငွေအလွယ်ရလာတဲ့အပြင် ငွေရှိသူတွေရဲ့ အာဏာနဲ့ အမှန်တရားဆိုတာဟာ ငွေနဲ့အင်အားကြီးသူတို့အတွက် သာရှိတယ်လို့ သူမြင်လာတဲ့နောက်မှာတော့ သူဟာ ဒီလောကရဲ့အရှင်သခင်ဖြစ်ဖို့ကြိုးစားပါတော့တယ်.... ကိုင်းဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ဦးဗျို့... ဂန်းစတားကား ခပ်မိုက်မိုက်ကြည့်ချင်သူတွေအတွက်လက်မလွှတ်သင့်ပါကြောင်း...။ဒီကားရဲ့အဆက် Jannat 2 (2012) ကိုလဲ ဆက်လက်ရှုစားကြပါကုန်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik San မှတင်ဆက်ထားပါတယ်။) File size…(3 GB)/(1.3 GB) Quality….WEb-DL 1080p /720p Format…mp4 Duration….02:20:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thaik San
movie

Jannat (2008)

Holiday Road (2023) 7.2
Holiday Road (2023) Holiday Road (2023) ================ IMDb Rating - 7.2/10အားလပ်ရက်‌ အထူးသဖြင့် ခရစ္စမတ်လိုအားလပ်ရက်မှာ ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ အချိန်ကုန်‌ဆုံးချင်ကြတာဟာ သိပ်ကြည်နူးစရာကောင်းတယ်လို့ပြောရင် မှားမယ်မထင် ပါဘူး။ အဲလို ချစ်ရသူတွေနဲ့ ခရစ္စမတ်ကိုအတူဖြတ်သန်း ချင်တဲ့သူတွေထဲမှာ ဒန်ဗာမြို့ကိုသွားမဲ့ သူစိမ်းရှစ်ယောက် လည်းပါဝင်ပါတယ်။ရာသီဥတုဆိုးရွားလွန်းတဲ့အတွက်ကြောင့် လေယာဉ်ခရီး စဉ်တွေကိုပယ်ဖျက်လိုက်တဲ့အခါမှာတော့ လူရှစ်ယောက်က ကားတစ်စီးငှားပြီး ဒန်ဗာကို ကုန်းလမ်းကနေသွားဖို့ ‌အ ကြောင်းဖန်လာပါတော့တယ်။ ခရီးလမ်းတစ်လျှောက် တစ် ယောက်အကြောင်းတစ်ယောက်ဝေမျှ၊ အတူရယ်မောပျော် ရွှင်ရင်းနဲ့ ဖြတ်သန်းသွားတဲ့အကြောင်းနဲ့ ခရစ္စမတ်မှော်အ ကြောင်းကို ခရစ္စမတ်အားလပ်ရက်မှာ ကြည့်ရှုဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.67 GB) / (770 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Khant Sett Naing Encoder..........SWM
movie

Holiday Road (2023)

2023
The Adventures (2023)
The Adventures (2023) The Adventures (2023) (အညွှန်း) ========================My Ambulance နဲ့ Happy Old Year တို့လို ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွေမှာ ပါဝင်ခဲ့တဲ့ မင်းသား Sunny Suwanmethanont နဲ့ မင်းသမီးချောလေး Chacha Matcha Mosimann တို့ရဲ့ rom-com ကားသစ်လေး ရပါပြီ။ကုမ္ပဏီကြီးတစ်ခုမှာအလုပ်လုပ်တဲ့ အတွင်းရေးမှူးမလေး “Joe” က စွန့်စားခန်းဝတ္ထုတွေဖတ်ရတာ စွန့်စားခရီးသွားရှိုးတွေကြည့်ရတာကို ကြိုက်နှစ်သက်ပြီး လက်တွေ့ဘဝနဲ့မတူဘဲ သူ့ဘဝကိုဝတ္ထုဆန်ဆန်စွန့်စွန့်စားစားနေချင်တဲ့အိပ်မက်ရှိသူတစ်ယောက်ပါ။ တစ်ဖက်မှာလည်း “Ricky” က သူဌေးတွေကို ရှေးဟောင်းပစ္စည်းတွေပြန်ရောင်းတဲ့အလုပ်နဲ့အသက်မွေးနေသူတစ်ယောက်ပေါ့။ဒီလိုနဲ့တစ်နေ့မှာ “Joe” တစ်ယောက် သူဌေးဖြစ်သူနဲ့အတူ ရှန်ဟိုင်းကို အလုပ်ကိစ္စခရီးသွားဖို့ဖြစ်လာပါတော့တယ်။ ရှန်ဟိုင်းတစ်ခွင်လျှောက်လည်ရင်း ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ ထူးဆန်းတဲ့ရုပ်တုလေးနှစ်ရုပ်ကိုမျက်စိကျသွားရာကနေ “Ricky” တွေ့ဖို့အကြောင်းဖန်လာတာပေါ့။ စစတွေ့ချင်းမှာပဲ မပြေလည်မှုနဲ့စလာတဲ့ သူတို့ရဲ့ဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်သွားမလဲ .. ဘာတွေလွဲဦး ခွီရဦးမလဲဆိုတာကိုကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီး‌တော့ ဘာသာပြန်ထားတာကတော့ CM Thai Team ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p ...
movie

The Adventures (2023)

2023
Unique Memory: Farewell to Love ( 2019 ) 5.7
Unique Memory: Farewell to Love ( 2019 ) အပျင်းထူပြီး တုံးအအနိုင်ပေမဲ့ ချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့ပိုင်လင် အပြင်မှာဂိုက်ဆရာမလုပ်ပြီး ကိုယ့်ကျောင်းစရိတ်ကိုကိုယ့်ဘာသာရှာနေတဲ့စုန့်ချီးချီး အိမ်ကအဆင်မပြေတဲ့ကြားက အလုပ်သင်စာမေးပွဲဖြေပြီး ဆရာမဖြစ်ဖို့ကြိုးစားနေတဲ့လိလိ ဒီဇာတ်လမ်းလေးကတော့ ကျောင်းသူလေးတွေကြားထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချစ်ရေးပြဿနာလေးတွေ မိသားစုအရေးလေးတွေကို လှလှပပရိုက်ကူးထားတဲ့ ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ် ။ချစ်သူက ကျောင်းဆရာတစ်‌ယောက်ဖြစ်ချင်ခဲ့တာမလို့ ကိုယ်တိုင်ပါ ဆရာမဖြစ်လာဖို့ အလုပ်သင်ဆရာမဝင်လုပ်ခဲ့တဲ့စုန့်ချီးချီးက ချစ်သူဆီက အထားခဲ့ခံလိုက်ရတဲ့အခါ သူ့ရဲ့အချစ်ရေးကဆက်ပြီးဘယ်လိုဖြစ်လာမလဲ ချစ်စရာကောင်းတဲ့ ပိုင်လင်မှာလည်း လိုလေ‌သည်မရှိအောင် အရိပ်တကြည့်ကြည့်ဖြည့်စည်းပေးနေပေမဲ့ ဖွင့်မပြောတဲ့ သူငယ်ချင်းလိုရော အစ်ကိုလိုပါ ခင်ရတဲ့သူငယ်ချင်း လီကျားဟန်ကို လိလိနဲ့မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာတော့...လိလိတစ်ယောက် သူတို့နှစ်ယောက်ကြားဝင်လာပြီး ပိုင်လင်ရဲ့အချစ်ရေး ဘယ်လိုဖြစ်လာလိမ့်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ Healing romantic movie လေးပဲဖြစ်လို့ ‌ဇာတ်ကားလေးထဲမှာကြည့်ရှုကြဖို့‌မမေ့ပါနဲ့နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated byKay Encoded by LK
movie

Unique Memory: Farewell to Love ( 2019 )

Kho Gaye Hum Kahan (2023) 8.8
Kho Gaye Hum Kahan (2023) Kho Gaye Hum Kahan (2023)"ဘယ်မှာလမ်းတွေပျောက်ခဲ့" ============================================= မင်းသမီးချောလေး အာနန်ယာပန်ဒေး၊ The White Tiger ထဲက မင်းသား ဂေါ်ရပ်ဗ်နဲ့ Gully Boy ထဲက MC Shaah နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ချာတူရ်ဗေဒီတို့ရဲ့ ရုပ်ရှင်သစ်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အဟာနာ၊ အီမာ့ဒ်နဲ့ နီးလ်ဆိုတဲ့ စရိုက်မတူ၊ အလုပ်အကိုင်မတူကြတဲ့ ငယ်သူငယ်ချင်းသုံးယောက်ဟာ မွမ်ဘိုင်းမြို့ကြီးမှာ တိုက်ခန်းတစ်ခုငှားကာ အတူနေကြပါတယ်။ဒီလို နေကြရင်း အသက် ၂၀ ကျော်ဝန်းကျင် လူငယ်တွေဘာသာဘာဝ ရည်ရွယ်ချက်တွေဝိုးတဝါးဖြစ်ကာ အနိမ့်အမြင့်အတက်ကျပေါင်းစုံကို အတူတူဖြတ်ကျော်ကြပုံတွေကို ပေါ့ပေါ့ပါးပါးဖြစ်အောင်တင်ဆက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကားလေးပါပဲ။ဇာတ်လမ်းက ရိုးရှင်းတယ်လို့ထင်ရပေမဲ့ တင်ဆက်ထားပုံလေးက ထူးခြားတဲ့အပြင် cast တွေကလည်း ရှယ်တွေဖြစ်တာကြောင့် အချိန်ပေးရကျိုးနပ်တဲ့ ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ရေးသားသူတွေကတော့ Yunni ~ V ~ ToMo ~ Alex ~ KKKZ နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။)( ...
movie

Kho Gaye Hum Kahan (2023)

2023
{21+} For 2 Days When My Wife Was Absent [DLDSS-149]
{21+} For 2 Days When My Wife Was Absent [DLDSS-149] {21+} For 2 Days When My Wife Was Absent [DLDSS-149] =======================================================မချိုမချဉ်အပြုံး ပြေပြစ်သပ်ရပ်အပိုအလိုမရှိတဲ့ ခန္ဓာကိုယ်နဲ့ မင်းသမီးကို ပြပါဆိုရင် Honoka Ashina ကို ပြရမှာပါပဲ...ဖြူစင်သလို အပြုံးတချို့နဲ့ ရင်ထဲကဆန္ဒတွေ ပေါ်ထွက်လာချိန် မချိတချိ ပြုံးပြပုံက တခါမြင်မူးရင် တသက်မေ့မယ်မထင်ပါဘူး...ဒီဇာတ်လမ်းမှာတော့ ရုံးဝန်ထမ်းမယ်နေရာကနေ သရုပ်ဆောင်ထားပြီး ရင်ထဲကဆန္ဒတွေကို ကြောင်မလေး လက်သည်းဖွက်သလို ဖွက်ထားတဲ့ သူမဟာ ရစ်မူးပျော်ရွှင်စေတဲ့ အရက်ကလေးဝင်လာချိန် ပြောင်းလဲသွားပုံကို ဆင်ဆာလျှော့ဗားရှင်းနဲ့ ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…2GB / 850MB Quality…Reducing Mosaic 1080p / 720p Format…mp4 Duration….2h 5mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Dark
movie

{21+} For 2 Days When My Wife Was Absent [DLDSS-149]

Christmas of Yes (2023) 6.1
Christmas of Yes (2023) Christmas of Yes (2023) ================== IMDb Rating - 6.1/10အလုပ်အရမ်းကြိုးစားပြီး အလုပ်ကလွဲရင်ဘာအတွက်မှ အချိန်မရှိတဲ့ Amy Bell က ခရစ္စမတ်မတိုင်ခင်မှာပဲ ကုမ္ပဏီကနေ အလုပ်ပြုတ်သွား ခဲ့တယ်။ အဲဒီမှာ သူနဲ့ဆန့်ကျင်ဘက် စွန့်စားရေးသမား သူ့အစ်ကိုPhilက Amy ကို ခရစ္စမတ်ရက်အထိ Amy ပြောပြောနေကျ နိုးဆိုတဲ့စကားလုံး အစား အရာအားလုံးကို ရက်စ်လို့ပြောဖို့ စိန်ခေါ်မှု စခဲ့တာပါပဲ။ပြိုင်ဆိုင်ချင်စိတ်ပြင်းတဲ့ Amy လည်း အဲဒီစိန်ခေါ်မှုကိုလက်ခံခဲ့တာပေါ့။ နောက်တော့ Amy သူ့ရဲ့ ရက်စ်စိန်ခေါ်မှုကြောင့်ပဲ မကြည့်ချင်တဲ့ လက်တန်း ဟာသရှိုးပွဲကို သွားကြည့်ရရင်း ရှိုးပွဲကကောင်လေး Nico နဲ့ တွေ့ခဲ့တယ်။ Amy နဲ့ Nico တို့နှစ်ယောက် စစချင်းမှာတော့ မတူညီတဲ့စရိုက်တွေကြောင့် အချင်းချင်းအမြင်ကတ်ခဲ့ကြပေမဲ့ နောက်ပိုင်း ရက်စ်ခရစ္စမတ်အတွင်း ဘယ် လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက် ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.5 GB) / (489 MB) Quality............WEB-DL 1080p ...
movie

Christmas of Yes (2023)

2023