Channel Myanmar

Romance

A Girl in My Room (2022) 6.6
A Girl in My Room (2022) A Girl In My Room (2022)ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ A girl in my room ဆိုပြီး 2022ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင်တော့ လူသားကောင်လေးနဲ့ သူ့အခန်းထဲမှာပေါ်လာတဲ့သရဲမလေးတို့ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါမယ်နော်။ Yohei က နှစ်နှစ်လောက်တွဲခဲ့တဲ့ သူ့ကောင်မလေးကိုထားခဲ့ခြင်းကိုခံခဲ့ရပါတယ်။ Yoheiရဲ့ကောင်မလေးထွက်သွားပြီးတဲ့ညမှာပဲ သူ့အခန်းထဲမှာ သရဲမလေးပေါ်လာခဲ့ပါတယ်။ သရဲမလေးက အသက်ရှင်နေခဲ့တဲ့အချိန်တုန်းက အချစ်ကိုတစ်ခါမှမခံစားခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေပါတယ်။ စစချင်းမှာတော့ Yoဟာ သရဲမလေးကိုနှင်ထုတ်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့ သူ့ကိုအန္တရာယ်မပေးတဲ့အတွက်နှင်ထုတ်ဖို့ကြိုးစားတာကိုရပ်လိုက်ပြီး တဖြည်းဖြည်းရင်းနှီးလာရာက တစ်ခါမှမချစ်ခဲ့ဖူးတဲ့သရဲမလေးဟာ Yo ကို သံယောဇဉ်တွေတွယ်လာခဲ့ပါ‌တော့တယ်။ တစ်ရက်မှာတော့ Yoရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Kana ဟာ Yo ရဲ့အိမ်မှာ သရဲရှိနေတယ်ဆိုတာကိုသိပြီး အဒေါ်ဖြစ်သူအကြားမြင်ဆရာမဆီကိုသွားပြီးတော့ မေးကြည့်ကြဖို့ Yoကို တိုက်တွန်းခဲ့ပါတယ်။ Yoကတော့ သရဲမလေးဟာ သူ့ရဲ့နာမည်ကိုတောင်မမှတ်မိတဲ့အတွက် သူ့အကြောင်းကိုနည်းနည်းဖြစ်ဖြစ်သိနိုင်မလားဆိုပြီးတော့ Kana ရဲ့ အကြံဉာဏ်ကိုလက်ခံပြီး အကြားမြင်ဆရာမဆီကိုသွားခဲ့ပေတဲ့ အကြားမြင်ဆရာမဟာ Yo အိမ်ကသရဲမလေးကိုဘာလုပ်လိုက်မှာလဲ။ သရဲမလေးက Yo အိမ်ကနေထွက်သွားရပြီး Yoနဲ့ခွဲသွားရမှာလားဆိုတာကိုတော့ အားလုံးက ဇာတ်ကားလေးကိုပဲစောင့်ကြည့်လိုက်ကြပါတော့နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။Genre..... Fantasy, Romance Quality…. 1080p | ...
movie

A Girl in My Room (2022)

2022
{18+} Zaher (2020)
{18+} Zaher (2020) Zaher (2020)ညတစ်ညမှာ အိမ်တစ်အိမ်ကို ကောင်မလေးတစ်ယောက်က တံခါးခေါက်ပြီး ဝင်ခွင့်တောင်းတယ်။ အိမ်ပိုင်ရှင်ကောင်လေးက ဝင်ခွင့်ပေးလိုက်ပါတယ်။ ဒီဝင်ခွင့်ပေးလိုက်ရာကနေ ဇာတ်လမ်းလေးတပုဒ်ဖြစ်တည်လာတာပါပဲဧည့်သည်နဲ့အိမ်ရှင်တို့ကြားရင်းနှီးမှုအဆင့်တွေ မြင့်လာတဲ့အခါ သံယောဇဉ်တွေတွယ်လာပြီး ဧည့်သည်မလေးက ဒီအိမ်မှာ အိမ်ရှင်မလေးပါဖြစ်ချင်လာတဲ့အခါ...မထင်မှတ်ထားတဲ့ဇာတ်လမ်းအလှည့်ပြောင်းနဲ့ ညိုပြာညက်အသားရည်ပိုင်ရှင် ခန္ဓာကိုယ်ပြေပျစ်လှတဲ့ ဘောလိဝုဒ်မင်းသမီးလေးနဲ့အတူ တင်ဆက်ပေးထားပါတယ်...(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…400MB Quality…720p Format…mp4 Duration….60mins Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Devil
movie

{18+} Zaher (2020)

Water Lilies (2007) 6.7
Water Lilies (2007) Water lilies (2007)IMDb rating - 6.7ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းမှာ “မာရီ”၊ “ဖလော်ရီယန်”နဲ့ “အန်နီ”ဆိုတဲ့ ၁၅နှစ်အရွယ်ကလေးမလေးသုံးယောက်ပါဝင်ပါတယ်။မာရီက တစ်ခုခုဆိုရင် မဝံ့မရဲတဲ့သူ၊ စကားနဲပြီး အနေအေးတဲ့ကောင်မလေးပါ။မာရီရဲ့သူငယ်ချင်း ‘အန်နီ’ကတော့ ဝဝတုတ်တုတ် ချစ်စရာကလေးမလေးဖြစ်ပြီး‘ဖရန်ဆွာ’ဆိုတဲ့ ကောင်လေးဆီက ပထမဆုံးအနမ်းရချင်နေသူလေးပါ။ဖလော်ရီယန်ကတော့ ဘယ်သူ့ကိုမှထည့်မထွက်တတ်တဲ့သူ၊ရေထဲဘဲလေးအကအဖွဲ့ ခေါင်းဆောင်၊ ကောင်လေးတွေပါးစပ်ဖျားမှာတသသဖြစ်ရတဲ့အလှဘုရင်မလေးပါ၊ ဒါကြောင့် ယောကျ်ားတိုင်းနဲ့အိပ်တဲ့အပျက်မလို့သတင်းတွေထွက်နေတဲ့သူလည်း ဟုတ်ပါတယ်။မာရီက ရေထဲဘဲလေးအကဖျော်ဖြေပွဲကိုကြည့်ပြီးတဲ့နောက်မှာဖလော်ရီယန်ဆီ ချဉ်းကပ်လာခဲ့ပါတယ်။ကောင်မလေး ၃ယောက်ရယ် သုံးပွင့်ဆိုင်နေတဲ့ပြဿနာလေးရယ်ကဘယ်လိုဖြစ်သွားမလဲ။ သူတို့တစ်ဦးချင်းဆီရဲ့ ပထမဆုံးအနမ်း၊ ပထမဆုံးအထမြောက်နိုင်ဖို့ဆိုတာတွေအဆင်ပြေပြေဖြစ်လာနိုင်ပါ့မလား။ ဒီဇာတ်လမ်းမှာ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးတွေရဲ့မြီးကောင်ပေါက်အရွယ် စိတ်ကစားတတ်တဲ့သဘောသဘာဝလေးတွေ၊ပျိုဖော်ဝင်စ လိင်စိတ်နိုးကြွားမှုအကြောင်းတွေကိုလှလှပပနဲ့ သဘာဝကျအောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းက အေးအေးညိမ့်ညိမ့်လေး ကြည့်ရမှာဖြစ်ပြီးruntime ကလည်း မိနစ် ၈၀ စာလောက်ပါပဲ။awards တွေလည်း သိမ်းပိုက်ထားတဲ့ ဇာတ်လမ်းလေးမို့ ကြည့်ရှုလိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size…     2.1 GB /   854 MB Quality… Web-DL 1080p ...
movie

Water Lilies (2007)

2007
The Remains of the Day (1993) 7.8
The Remains of the Day (1993) The Remains of the Day (1993)~ IMDb - 7.8/10, Rotten Tomatoes - 96% ~ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler's List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီ‌ဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး ...
movie

The Remains of the Day (1993)

1993
Love Birds (2023) 5.3
Love Birds (2023) Love Birds (2023)"အချစ်ငှက်ကလေးတွေ" =================================မာယာဆိုတဲ့ ရှေ့နေမလေးဟာ အင်မတန့်အင်မတန်တော်တဲ့ ကွာရှင်းရှေ့နေမလေးပါ။ ကွာရှင်းပေးတဲ့နေရာမှာ တော်တာမဟုတ်ဘူး။ ကွာရှင်းချင်တဲ့လင်မယားတွေကို ကွာရှင်းချင်စိတ်ပျောက်အောင် တရားရုံးမှာ လျှောက်လွဲချက်ပေးပြီး အထောက်အထားမခိုင်လုံလို့ တရားသူကြီးက ကွာရှင်းမိန့်ပေးရင်တောင် မာယာဟာ စကားလုံးလှလှလေးတွေနဲ့ တယောထိုးပြီး ကာယကံရှင်တွေကို ချစ်စိတ်ကြင်နာစိတ်ပြန်ဝင်ပြီး ပြန်ပေါင်းစည်းအောင်လုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။အဲဒီလိုနဲ့ တစ်နေ့တော့ သူ့ဆီကို အသိကနေတဆင့်ရောက်လာတဲ့ ဒီပါ့ခ်နဲ့ ပူဂျာဆိုတဲ့ ကွာရှင်းချင်နေတဲ့ လူထူးဆန်းဇနီးမောင်နှံကို ပြန်ပေါင်းစည်းရေး မောင်းတီးပေးရတဲ့အချိန်မှာတော့ အခွီလေးတွေမထူမပါးဖောက်ထားတဲ့ အချစ်ငှက်ကလေးတွေဆိုတဲ့ အနှီရုပ်ရှင် ပေါ်ပေါက်လာပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Love Birds (2023)

2023
[18+] The Sexual Story of O (1984)
[18+] The Sexual Story of O (1984) The Sexual Story of O (1984)Erotic ဇာတ်ကားတွေနဲ့နာမည်ကြီးတဲ့ စပိန်ဒါရိုက်တာကြီး Jesús Franco ရဲ့လက်ရာဖြစ်ပါတယ်။စွန့်စားခန်းတွေကိုရှာဖွေနေတဲ့ အိုဒီလ်ဆိုတဲ့ ဆယ်ကျော်သက်မိန်းမငယ်လေးဟာ အိမ်နီးချင်းလင်မယားရဲ့သွေးဆောင်မှုကိုခံခဲ့ရပြီး အတွေ့အကြုံထူးတွေမှာ ယစ်မူးနေခဲ့မိပါတယ်။ ဒါပေမဲ့ အဲဒီလင်မယားက သူ့ကို တဏှာကျွန်အစွန်းရောက်တွေဖြစ်တဲ့ ဗွန်ဘေကီမင်းသားနဲ့ ကြင်ယာတော်ဆီမှာ ရောင်းစားဖို့ကြံစည်ထားခဲ့တာပါ။သူတို့ရဲ့အကြံအစည်အောင်မြင်သွားမလား... အဲဒီလိုအဖြစ်ဆိုးကနေ လွတ်မြောက်အောင် ကူညီမယ့် ကယ်တင်ရှင်ပေါ်လာမလား... ဆိုတာကို ဆက်လက်ရှုစားကြပါ။ ဥရောပရှေးဟောင်းကားတွေထုံးစံ အတော်ကြမ်းတဲ့ကားဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 745MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Romance Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB
movie

[18+] The Sexual Story of O (1984)

1984
Blue Jay (2016) 7.3
Blue Jay (2016) ဒီတခေါက်တင်ဆက်ပေးထားတာကတော့American Horror Story, Ocean's 8 စတဲ့ဒိတ်ဒိတ်ကြဲရုပ်ရှင်တွေထဲက နာမည်ကြီးမင်းသမီး Sarah Paulson ရဲ့ရိုမန့်စ်ဒရာမာရုပ်ရှင်လေးပဲ ဖြစ်ပါတယ်မင်းသားကလည်း Creep (2014),(2017) တို့ရဲ့ဇာတ်ညွှန်းရေးဆရာ/သရုပ်ဆောင်ဖြစ်တဲ့ Mark Duplass ပါIMDB rating 7.3 နဲ့ ခရမ်းချဉ်သီးပုပ် 92% တောင်ရထားတဲ့အချစ်ဇာတ်လမ်းကောင်းလေးဆိုလည်း မမှားပါဘူးဒီဇာတ်ကားက ကာရိုက်တာတွေအများကြီးမပါဝင်ဘဲနဲ့အဓိကဇာတ်ဆောင် မင်းသား မင်းသားမင်းသမီး ၂ယောက်ရယ်အဘိုးကြီး ၁ဦးရယ်ပဲ ပါဝင်ပါတယ် ပြီးတော့လည်း တမူထူးစွာ ရုပ်ရှင်ကို B&W အဖြစ်ရိုက်ထားပါတယ်ဇာတ်လမ်းလေးရဲ့နာမည်ကလည်း Blue Jay ငှက်ခါး တဲ့စည်ကားဆူညံမှု‌တွေမရှိတော့တဲ့ သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းလူတွေပဲကျန်ခဲ့တဲ့ နယ်မြို့လေးတမြို့မှာ ဇာတိကို ခဏပြန်လာကြတဲ့ငယ်သူငယ်ချင်းတဖြစ်လဲ ရည်းစားဟောင်းနှစ်ဦးရဲ့ မတွေ့တာကြာတဲ့စကားဝိုင်းလေးကို အေးအေးငြိမ့်ငြိမ့်လေးနဲ့နားဝင်ချိုတဲ့နောက်ခံတီးလုံးလေးတွေနဲ့ ဒီကားကို ဖန်တီးထားပါတယ်အတက်အကျကြမ်းတဲ့ ဇာတ်ဝင်ခန်းရယ်လို့ အထွေအထူးမပါပေမဲ့ကြည့်ရတဲ့သူရဲ့ရင်ထဲ တချိန်က ရှိခဲ့ကြဖူးမဲ့ ဆက်ဆံရေးလေးတွေကိုပြန်တွေးအမှတ်ရစေပြီး ကြည်နူးမိစေပါတယ်Before Sunrise လို ဇာတ်လမ်းသွားမျိုးကိုသဘောကျတဲ့သူတွေ စမ်းကြည့်သင်ပါတယ်ဇာတ်ကြောင်းလေးကတော့...ဂျင်မ်တယောက် သူ့မိခင်ဆုံးသွားတော့ အိမ်ကပစ္စည်းတွေကိုရှင်းရင်းအိမ်ကိုပြန်ပြင်ပြီး ...
movie

Blue Jay (2016)

2016
The Ballad of Little Jo (1993) 6.7
The Ballad of Little Jo (1993)  လူလတ်ဘဝမှာ ယောကျ်ားတစ်ယောက်လိုနေထိုင်ခဲ့တယ်... သေကာမှ မိန်းမတစ်ယောက်ဖြစ်နေမှန်းသိရတော့တယ်။ ၁၉ရာစုလောက်က ဖြစ်ရပ်မှန်ဇာတ်ကြောင်းတစ်ခုကို စိတ်ကူးစိတ်သန်းယူပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂျို့စ်ဖင်းမော်နက်ဟန်ဆိုတဲ့ သူဌေးသမီးက ဓာတ်ပုံဆရာနဲ့ကြိုက်ခဲ့ပြီး တရားမဝင်ကလေးတစ်ယောက်ရခဲ့တယ်။ အဲဒီခေတ်က ၁၉ရာစုဆိုတဲ့အတိုင်း အမျိုးသားတွေကအခွင့်ထူးခံဘဝမျိုးနဲ့နေရပြီး အမျိုးသမီးတွေရဲ့ဘဝကတော့ လူချမ်းသာမျိုးရိုးမှမဟုတ်ရင် သိပ်ပြီးမလုံခြုံလှပါဘူး။ တရားမဝင်ကလေးရခဲ့တဲ့ ဂျို့စ်ဖင်းအပေါ် အဖေဖြစ်သူရဲ့အမျက်ကြောင့် ဂျို့စ်ဖင်းက အိမ်ကနေထွက်လာခဲ့ရတယ်။ အိမ်ခြေရာမဲ့မိန်းကလေးအဖြစ်နဲ့သွားလာရင်း မလုံခြုံလာတာကြောင့် နောက်ဆုံးမှာ ယောကျ်ားလေးအဖြစ်အသွင်ပြောင်းပြီး ဂျိုးမော်နက်ဟန်အဖြစ်နဲ့ သတ္တုတွင်းတူးတဲ့မြို့လေးကိုရောက်လာခဲ့ပါတော့တယ်။  File size…(3.1 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:01:00 Genre...Drama, Romance, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

The Ballad of Little Jo (1993)

Kannagi (2023) 7.9
Kannagi (2023) Kannagi (2023) " အာဂမိန်းမသား "IMDb-8.1/10Yashwanth Kishore လို့ခေါ်တဲ့အမျိုးသားဒါရိုက်တာတစ်ယောက် ရိုက်ကူးတဲ့ အမျိုးသမီးလေးယောက်ရဲ့ ခက်ခဲဖြတ်သန်းရတဲ့ဘဝအဖုံဖုံကိုရိုက်ကူးထားတာဖြစ်ပါတယ်အိမ်ထောင်ပြုဖို့ အားလုံးစီစဉ်ထားပြီးမှ အဆင်မပြေမှုတွေဆက်တိုင်ဖြစ်နေတဲ့ကာလိုင် ယောက်ျားက ကွာရှင်းခွင့်တောင်းဆိုခံထားရတဲ့နယ်သရာ အိမ်ထောင်သည်ဘဝအစတည်းက ပတ်ဝန်းကျင်စံသတ်မှတ်ချက်တွေကြား ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့နဒီ ချစ်သူနဲ့ကိုယ်ဝန်ရပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတဲ့ ဂီတာဒီလေးယောက်ရဲ့ဘဝဟာ ဘေးကနေကြည့်ရင်ရိုးရှင်းသလောက် လက်တွေ့ရင်ဆိုင်ကြတဲ့အချိန်မှာ ရိုးရှင်းမနေပါဘူး မိသားစု ၊ ခင်ပွန်းဘက်ကမိသားစု နဲ့ ပတ်ဝန်းကျင်ပြောစကား နဲ့ ကိုယ်တိုင်ဆင်ခြင်တုံ့တရားတွေကြား အဖြေရှာရင်းလမ်းပျောက်နေကြသူတွေ...မိန်းမတွေခက်ခဲပင်ပန်းရတာကို မိန်းမတွေပဲသိတယ်လို့ပြောခဲ့ကြပေမဲ့ ဒီကားကတော့ ယောက်ျားတစ်ယောက်က ဇာတ်ညွှန်းရေးရိုက်ကူးထားတာမို့ ဘယ်လိုအမြင်တွေကွဲထွက်နေမလဲဆိုတာရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ V ~ Zwe ~ Cherry ~ ToMo ~ BpL တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.39GB  / 975MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ...
movie

Kannagi (2023)

2023
Just for Showmance (2023) 6.6
Just for Showmance (2023)  အခုခေတ်မှာအင်တာနက်တွေကိုလူတိုင်းသုံးလာတာနဲ့အမျှ အွန်လိုင်းInfluencer ဆိုတာကလည်းအလုပ်တစ်ခုဖြစ်လာပါပြီ။ကိုယ့်ကိုယ်ကိုယ်နာမည်ကြီးသထက်ကြီးအောင်ကြိုးစားရင်း ထုတ်ကုန်တွေထုတ်ရောင်းတာစပွန်ဆာတွေကြော်ငြာပေးတာအစရှိသဖြင့်နဲ့ငွေဝင်လမ်းကြောင်းရှာဖွေရပါတယ်။အခုတင်ဆက်ပေးမဲ့ Just For Showmance ဆိုတဲ့ဇာတ်ကားထဲကတယ်ရာဆိုတဲ့ အမျိုးသမီးကလည်း Influencer တစ်ယောက်ဖြစ်ပြီးဒီနေ့မှာပဲသူ့ရဲ့ Skincare တွေကိုပွဲထုတ်ရောင်းချခဲ့ပါတယ်။အဲ့ဒီအပြင်ကိုမှသူ့မှာ တီဗီအစီအစဉ်တင်ဆက်သူဖြစ်ချင်တဲ့အိပ်မက်လည်းရှိပြီး လူရွေးပွဲတွေလည်းဝင်ရွေးခံထားပါတယ်။ဒါပေမယ့် သူက လိုအပ်သလောက်နာမည်သိပ်မကြီးတဲ့အတွက် သူ့ပစ္စည်းတွေအများကြီးမရောင်းရတဲ့အပြင် တီဗီအစီအစဉ်တင်ဆက်သူဖြစ်ဖို့လည်းရွေးချယ်မခံရပါဘူး။အဲ့ဒီအချိန်မှာပဲကံကောင်းစွာနဲ့Happily Ever After ဆိုတဲ့အစီအစဉ်တစ်ခုမှာပါဝင်ဖို့ သူ့ဆီဖုန်းဆက်လာခဲ့ပါတယ်။Happily Ever After ဆိုတာကတစ်ခါမှ မမြင်မတွေ့ဖူးတဲ့သူနှစ်ယောက်ကို လက်ထပ်ပေးတဲ့တီဗီရှိုး အစီအစဉ်တစ်ခုဖြစ်ပြီး အဲ့ဒီမှာပါဝင်ရင်နာမည်ကြီးမှာ မလို့တယ်ရာလည်း နှစ်ခါပြန်စဉ်းစားမနေပဲ လက်ခံလိုက်ပါတော့တယ်။ဒါပေမယ့် သူ့ရည်ရွယ်ချက်က နာမည်ကြီးလာဖို့ပဲဖြစ်ပြီးလက်ထပ်ဖို့ မဟုတ်တဲ့အတွက်သူနဲ့ချိတ်ပေးမဲ့ လူကိုစုံစမ်းပြီးသွားညှိနှိုင်းခဲ့ပါတော့တယ်။သူနဲ့ချိတ်ပေးမဲ့ လူကတော့ကျေးလက်မှာ နေထိုင်တဲ့ဂျိုးဆိုတဲ့မုဆိုးဖိုကလေးအဖေလူရိုးလေးဖြစ်ပြီး သမီးလေးတစ်ယောက်ရှိပါတယ်။အဲ့ဒီသမီးလေးကသွက်လက်ပြီး သူ့အဖေကိုအတင်းတိုက်တွန်းတာကြောင့်ဂျိုးလည်းလက်ခံလိုက်ရပြီး တကယ်တမ်းသူတို့ကြားမှာ သံယောဇဉ်တွေတွယ်လာကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုRomantic ဆန်ဆန်ကြည့်ရှုရမဲ့ IMDb Rating 6.9 ရရှိထားတဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။  File size…1.72 GB / 693 MB Quality…AMZN WEB-DL 1080p / 720p Format…mp4 Duration….1h 23m Genre ….. ...
movie

Just for Showmance (2023)

The Love Issue (2023) 6.1
The Love Issue (2023)  ဒီတစ်ခါတော့ ကြည်ကြည်နူးနူးလေး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ခံစားရဦးမှာပါ...။မမျှော်လင့်ဘဲ တွေ့ဆုံကြရပေမယ့် ကိုယ်စီကိုယ်စီအကြောင်းလေးတွေကြောင့်ချစ်သူတွေအဖြစ်ဟန်ဆောင်ကြရတဲ့ ဇာတ်လမ်းသွားလေးကိုမှ ခံစားချက်အနိမ့်အမြင့်အစုံနဲ့ တင်ဆက်ပြထားပါတယ်...။မင်းသားနဲ့မင်းသမီးကို လိုက်ဖက်အောင် ဇာတ်အိမ်ဖွဲ့ထားပုံလေးက သိမ်သိမ်မွေ့မွေ့လေးပါ...။ဇာတ်အိမ်လေးကတော့...အလှအပမဂ္ဂဇင်းတစ်ခုရဲ့ အယ်ဒီတာဖြစ်တဲ့ ဒါဆီဟာ မဂ္ဂဇင်းမျက်နှာဖုံးကာဗာရိုက်ဖို့အတွက် ဓာတ်ပုံဆရာတစ်ယောက်အလိုရှိနေတာပါ...။ရှာသမျှ ဓာတ်ပုံဆရာတွေကလည်း အလုပ်အချိန်ဇယားအပြည့်ဆိုတော့ကြံရခက်နေပါလေရော..။ဆုံဆည်းဖို့အကြောင်းဖန်လာပြန်တော့လည်း အချစ်ကအနီးလေးတင်ရှိနေတာပါ...။နိတ်ဟာ နာမည်ကျော်ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ခဲ့ပြီး ကိစ္စလေးတစ်ခုကြောင့်အလုပ်ကနေ ခဏအနားယူနေတာပါ။အလုပ်ပြန်လုပ်မယ်ဆိုတော့ ဒါဆီနဲ့တွေ့ဖို့အကြောင်းဖန်လာပါလေရော။သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းဘယ်လိုဖြစ်လာမလဲဆိုတာကိုရိုက်ကွင်းရိုက်ကွက်လှလှလေးတွေနဲ့မြင်တွေ့ရဦးမယ့်ကားလေးပါ...။  File size…1.69 GB / 723 MB Quality…AMZN WEB-DL 1080p / 720p Format…mp4 Duration….1h 25m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Love Issue (2023)

Kahi De Ne Prem Chhe (2023) 8.8
Kahi De Ne Prem Chhe (2023) Kahi De Ne Prem Chhe (2023) "သာလိကာမလေးရဲ့ ချစ်ပုံပြင်" IMDb - 8.8/10အိန္ဒိယရုပ်ရှင်ပရိသတ်တို့အတွက် အချစ်ဇာတ်လမ်းလေးတပုဒ် တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က မျက်နှာသစ်တွေဆိုပေမဲ့ သွက်လက်ထက်မြတ်တဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဇာတ်လမ်းမှာ မျောပါသွားစေမှာပါ။အန်ဂျလီဆိုတဲ့ အမျိုးသမီးလေးက ရွာငယ်လေးကနေ မြို့ကြီးကိုတက်လို့ အလုပ်သွားလုပ်ဖို့ရာ စိတ်အားထက်သန်တဲ့သူလေး။ အဒေါ်ဖြစ်သူက DDLJထဲက ဆင်မရန်ဘ၀ထဲကို ရာ့ဂျ်ပါလာခဲ့သလို ပါလာပါလိမ့်မယ်တော်လို့ ပြောပေမဲ့ အဖေဖြစ်သူက သမီးဖြစ်သူဆန္ဒအတိုင်း မြို့ကြီးကို စေလွှတ်ခဲ့ပါတယ်။အာဒီတယာဆိုတာ မြို့က ကုမ္ပဏီပိုင်ရှင်သူဌေးလေးတစ်ဦး။မိသားစုဆိုလို့ စိတ်သိပ်မပြည့်တဲ့ အစ်ကိုတစ်ယောက်ပဲရှိပြီး အစ်ကိုဖြစ်သူကိုပဲ ဂရုစိုက်ရင်း အချစ်တွေ အိမ်ထောင်ရေးတွေကို စိတ်မဝင်စားတဲ့သူ။အာဒီတယာတို့ ညီအစ်ကိုနှစ်ယောက်တည်းရှိတဲ့ ဘ၀ထဲကို အန်ဂျလီလေး ဝင်လာတဲ့အခါမှာတော့။အချစ်ကို အယုံအကြည်မရှိတဲ့ အာဒီတယာတစ်ယောက် ချစ်တတ်သွားမှာလား။ အန်ဂျလီကရော အာဒီတယာကို ချစ်တတ်အောင် သင်ပေးသွားမှာလားဆိုတာအပြင် ကြည်နူးစရာ ရင်နင့်စရာဇာတ်ကွက်များရယ်နဲ့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link ...
movie

Kahi De Ne Prem Chhe (2023)

2023
Santa, Maybe (2023) 6.2
Santa, Maybe (2023) Santa Maybe (2023) ================ IMDb Rating - 6.2/10 Genre – Drama, Romanceလိုင်လာဆိုတဲ့ ကောင်မလေးက ပြဇာတ်ရုံတစ်ခုမှာ ရုံမန်နေဂျာဖြစ်ပြီး အရာအားလုံးကို စိတ်ပူပင်တတ်ပြီး ကိုယ်တိုင်ဝင်ပါလုပ်ရမှာ စိတ်အေး တတ်တဲ့လူမျိုး။ အစ်ကိုနဲ့ အမေဖြစ်တဲ့ မိသားစုအချိန်တွေတောင် အလုပ် ရှိလို့ဆိုပြီး တစ်ခါတလေ အချိန်မပေးနိုင်သူမျိုး။ တစ်ရက်ကျ ပြဇာတ်ရုံ ကို မားကတ်တင်းမန်နေဂျာအသစ် ဂလင်းရောက်လာတယ်။ဖြစ်ချင်တော့ ဂလင်းဆိုတဲ့လူက အထက်တန်းကျောင်းမှာတုန်းက လိုင် လာ့ကို အမျိုးမျိုးစနောက်ပြီး အနိုင်ကျင့်ခဲ့တဲ့လူတစ်ယောက်။ ခုလည်း အလုပ်ထိ ရောက်လာတော့ လိုင်လာနဲ့ ဂလင်းတို့ ဘုနဲ့ဘောက် ဘယ်လို ဆက်ဖြစ်မလဲပေါ့လေ။ ဒီအချိန်မှာပဲ ကုမ္ပဏီကနေ လျှို့ဝှက်ဆန်တာဆိုတဲ့ ကစားနည်းကစားတဲ့အခါ ဂလင်းအနေနဲ့ မဲနှိုက်ရာမှာ လိုင်လာ ဖြစ်နေတော့ သူမသိအောင်လည်း တစ်ပတ်ကို လက်ဆောင်တစ်ခု ဘယ်လိုပေးကြမလဲ ဆိုတာ ကြည့်ရှုရမယ့် ခရစ္စမတ်အခြေခံ ဒရမ်မာအချစ်ကားလေး ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်)File Size..........(1.3 GB) / (514 MB) Quality............WEB-DL 1080p / ...
movie

Santa, Maybe (2023)

2023
{18+} Gangnam Daughter-in-law  (2019)
{18+} Gangnam Daughter-in-law (2019) {18+} Gangnam Daughter-in-law (2019) =======================ဒီကားလေးမှာတော့ အသက်ငယ်ငယ်ကောင်မလေးကို သဘောကျမိတဲ့ ဘဲကြီးတစ်ယောက် ကောင်မလေးကို ဂွင်ဖန်ရာကနေ လွဲချော်သွားပြီး သားနဲ့လက်ထပ်ပေးလိုက်ရာကနေ ကောင်မလေးကလည်း ယောက္ခထီးနဲ့ တူတူ တစ်အိမ်တည်းနေမိရင်း သံယောဇဉ်တွယ်မိတဲ့ ဦးနဲ့မီးဇာတ်လမ်းလေးဖြစ်ပါတယ်တစ်ယောက်တည်းမုဆိုးဖိုဘ၀နဲ့ အထီးကျန်လို့ နောက်ထပ်အိမ်ထောင်ပြုမယ့်သူရှာတော့လည်း အပျက်မဖြစ်နေလို့ စွဲလမ်းမိပေမယ့် အဲ့ကောင်မလေးကလည်းသားနဲ့ပါ ဖောက်ပြန်တော့ နဂိုတည်းက ချစ်နေမိတဲ့ ချွေးမလေးနဲ့ တူတူဘယ်လိုလက်တုံ့ပြန်မယ် ဘယ်လိုတွေစခန်းသွားမယ်ဆိုတာကို ဇာတ်လမ်းဇာတ်ကွက်လေးနဲ့ကြည့်ရမှာပါ တွေ့ဖူးနေကြသရုပ်ဆောင်တွေမဟုတ်ပဲ အသစ်တွေသုံးထားပေးလို့ မင်းသမီးအမိုက်စား အလန်းစားတွေကို တ၀ကြီးခံစားရအုန်းမယ့် ကားကောင်းလေးပါ(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…600MB Quality…720p Format…mp4 Duration….1h 14mins Subtitle….Myanmar Subtitle (Hard Sub) Encoder…XCross Translated by  FOX
movie

{18+} Gangnam Daughter-in-law (2019)

2019
Starfish (2023) 8.6
Starfish (2023) Starfish (2023) "ပင်လယ်အောက်က လမ်းပျောက်ကြယ်" ===========================================IMDb 8.7/10 Dhokha: Round D Corner ဆိုတဲ့ ၂၀၂၂ ထွက် ရုပ်ရှင်ထဲမှာ တမီလ်မင်းသားကြီး အာရ်မာဒေဗန်းနဲ့ အပြိုင်သရုပ်ဆောင်ပြီး အနီရောင်ဆာရီတစ်ထည်တည်းနဲ့ ပရိသတ်တွေကို ပြုစားခဲ့တဲ့ မင်းသမီးချော ခူရှားလီကူးမားရ်ရဲ့ Starfish ဆိုတဲ့ ရုပ်ရှင်လေးထွက်ရှိလာပါပြီ။ဒီရုပ်ရှင်ဟာဆိုရင် မင်းသမီးခူရှားလီကူးမားရ်ရဲ့အလှတွေနဲ့အတူ ပင်လယ်ရေအောက်ကမ္ဘာကြီးရဲ့ ပဟေဠိဆန်တဲ့အလှအပတွေကိုပါ သေချာပုံဖော်ပြထားလို့ ပရိသတ်တွေအတွက် မျက်စိပဒါသဖြစ်စေမှာ အမှန်ပါပဲ။ပင်လယ်ဆိုတာ အပေါ်ယံမှာ လှပေမဲ့ ဘယ်သူမှမမြင်နိုင်တဲ့အတွင်းပိုင်းမှာတော့ လျှို့ဝှက်ချက်တွေပြည့်နေပါတယ်။ တာရာ့ဘဝဟာလည်း အဲဒီလိုပါပဲ။ အပြင်ပိုင်းမှာ စင်းလုံးချောလှတဲ့ ရေငုပ်သမလေးဆိုပေမဲ့ လူတွေမသိတဲ့အတွင်းပိုင်းမှာတော့ မှောင်မိုက်ရှုပ်ထွေးမှုတွေ မတည်ငြိမ်မှုတွေ ပြည့်နှက်နေပါတယ်။ ပင်လယ်ကြီးလိုမျိုး နားလည်ရခက်တဲ့တာရာဟာ သူချစ်တဲ့ယောက်ျားတစ်ယောက်နဲ့ သူ့ကိုချစ်တဲ့ ယောက်ျားတစ်ယောက်ကြားမှာ ဘဝရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချရင်း သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းအတူ စိတ်ဒဏ်ရာတွေကို ဖွင့်လှစ်ပြပုံကို တာရာ့ရဲ့ အလှအပတွေနဲ့အတူ ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File ...
movie

Starfish (2023)

2023
Loving (2016) 7.0
Loving (2016) Rating 7/10 လူမျိုးခြားစုံတွဲဖြစ်တဲ့ ရစ်ချက်နဲ့ ​မေးဒရစ် ဟာ ချစ်ကျွမ်းဝင်ခဲ့ကြပြီး၁၉၅၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတယ်သူတို့ကြီးပြင်းခဲ့ကြတဲ့ ဗာဂျီးနီးယားက မြို့​လေးမှာအ​​ခြေချဖို့ လုပ်​နေတဲ့အချိန်မှာဘဲ အဖမ်းခံခဲ့ရပြီးလူမျိုးခြားလက်မထပ်ရဥပ​ဒေ​ကြောင့် ပြည်နယ်ဒဏ်​ပေးခြင်းခံလိုက်ရပါတယ်ဝါရှင်တန်မှာ အ​ခြေချပြီးတဲ့​နောက်မှာ တစ်​နေ့ က​လေး​တွေ​ကြောင့်ဘဲဗာဂျီးနီးယားကို ပြန်အ​ခြေချဖို့ ဖြစ်လာခဲ့ပါ​တော့တယ်တကယ့်အဖြစ်အပျက်ကို အ​ခြေခံထားတာမို့ရစ်ချက်နဲ့ ​မေးဒရစ် ဟာ ဗာဂျီးနီးယားကိုဘဲ ပြန်အ​ခြေချနိုင်မလားလူမျိူး​ရေးခွဲခြားတဲ့ဥပ​ဒေ​တွေကိုတွန်းလှန်သွားနိုင်မလားဆိုတာ ကြည့်ရမှာဘဲဖြစ်ပါတယ် File size…    1.7 GB / 709 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 3m Genre ..... Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Su
movie

Loving (2016)

2016
Mannequin (1987) 6.0
Mannequin (1987) (function(f,b,n,j,x,e){})();ဂျိုနာသန်ဆွစ်ချာဟာ သူ့ရဲနမော်နမဲ့ နိုင်မှုတွေကြောင့် အလုပ်တွေမကြာခဏပြောင်းရလေ့ရှိတဲ့ အနုပညာဝါသနာရှင် လူငယ်လေးတစ်ယောက်။ သူ ပထမဆုံးဒီဇိုင်းထွင်ခဲ့ စွဲလန်းခဲ့တဲ့ အရုပ်ကလေးတစ်ရုပ်ကို နောက်ဆုံး သူအလုပ်ရတဲ့ စတိုးဆိုင်မှာ ပြန်တွေ့ရတဲ့ အချိန် အဲ့ဒီအရုပ်မလေးက နှစ်ယောက်တည်းရှိတဲ့အချိန် အသက်ဝင်လာခဲ့ပြီး သူ့ကိုယ်သူ အမ်မာ လို့ မိတ်ဆက်လာခဲ့ပါတယ်။ အမ်မာကလဲ အီဂျစ်ခေတ်သူတစ်ဦး။ မိဘက သဘောတူတဲ့သူနဲ့ မယူနိုင်ရာကနေ ကျိန်စာသင့်ပြီး ခေတ်တွေ တစ်ခေတ်ပြီး တစ်ခေတ်ဖြတ်သန်းလာရင်း အခုချိန်ထိ သူချစ်နိုင်မယ့်သူကိုရှာဖွေနေဆဲသူတစ်ယောက်။ . ဂျိနာသန်ဆိုတဲ့သူဟာ ဘယ်တုန်းကမှ အောင်မြင်မယ့်သူ တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးလို့ ယူဆပြီး အဆက်အသွယ်ဖြတ်သွားတဲ့ သူ့ချစ်သူတင်မက သူ့ကိုအမြဲတမ်းအထင်သေးခဲ့တဲ့ ပြိုင်ဘက် နာမည်ကျော် စတိုးဆိုင်က ပိုင်ရှင်တွေပါ အံ့သြသင့်ရတဲ့အထိ ပြူတင်းပေါက်ပြခန်း အလှဆင်ခင်းကျင်းသူအဖြစ် အကြီးအကျယ်အောင်မြင်လာတဲ့အခါ..။ သူ့အောင်မြင်မှုတွေရဲ့ နောက်ကွယ်ကလျှို့ဝှက်ချက်က ဘာလဲ? ဘယ်သူကမှ ဆေးဖော်ကြောဖက်မလုပ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ကို ပံ့ပိုးကူညီခဲ့ကြသူတွေက ဘယ်သူတွေဖြစ်မလဲ? အစစအရာရာ အဆင်ပြေချောမွေ့နေပြီလို့ပြောလို့ရတဲ့ အချစ်ဇာတ်လမ်းမှာဖြစ်ပေါ်လာမယ့် ဆူးညှောင့်ခလုတ်တွေရယ်။ လူစင်စစ် မဟုတ်တဲ့ သူချစ်ကျွမ်းဝင်မိတဲ့ အရုပ်မလေးနဲ့ ဘယ်လိုပေါင်းဖက်ကြမလဲ? . Mannequin ဟာ ဝေဖန်ရေးဆရာတွေက ...
movie

Mannequin (1987)

The Song of Lunch (2010) 7.3
The Song of Lunch (2010) (function(f,b,n,j,x,e){})(); ကဗျာဆရာကြီး ခရစ်စတိုဖာရိဒ်ရဲ့ "The Song of Lunch" လို့အမည်ရတဲ့ ကဗျာကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ရိုက်ကူးထားပြီး IMDb 7.3 အထိရရှိထားတဲ့ မြင်တွေ့ရခဲတဲ့ ရှားရှားပါးပါးရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ဆောင်တွေကလည်း ဝါရင့်သရုပ်ဆောင်မင်းသားကြီး Alan Rickman နဲ့ မင်းသမီးကြီး Emma Thompson တို့ပါ။ ကဗျာကိုပြန်လည်ရိုက်ကူးထားတဲ့အတွက် ဒီရုပ်ရှင်ထဲမှာ ကာရိုက်တာတွေရဲ့နာမည်တွေကို သူ၊ သူမ အစရှိသဖြင့်ပဲ သုံးစွဲထားပါတယ်။"သူ"ဆိုတာက လန်ဒန်မြို့က စာပေထုတ်ဝေသူ သက်ကြီးပိုင်းအမျိုးသားကြီးပါ။ "သူမ"ကတော့ "သူ့"ရဲ့ရည်းစားဟောင်းဖြစ်သူ၊ လက်ရှိအချိန်မှာ ဇနီးကောင်းတစ်ဦး၊ သားတွေရဲ့အမေကောင်းတစ်ဦးတောင် ဖြစ်နေပြီး ဘ၀မှာအထိုင်ကျနေတဲ့သူ။မတွေ့ရတာ ဆယ်စုနှစ်တစ်ခု ကျော်ပြီဖြစ်တဲ့ သူ နဲ့ သူမဟာ လန်ဒန်မြို့၊ ဆိုဟိုရပ်ကွက်ထဲက စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာအတူစားဖို့ အကြောင်းဖန်လာခဲ့တယ်။သူဟာ စားသောက်ဆိုင်ကိုသွားဖို့ ရုံးခန်းကနေဆင်း လမ်းလျှောက်လာကတည်းကနေစပြီး မြင်မြင်သမျှအရာကို စာဆန်ပေဆန်တဲ့စကားလုံးတွေနဲ့ ပုံဖော်လာလိုက်တာ သူမနဲ့အတူ နေ့လယ်စာစားပြီးချိန်အထိပါပဲ။တချိန်ကသိပ်ချစ်ခဲ့ရပြီး ကံဆိုးစွာနဲ့လွဲချော်ခဲ့ရတဲ့ ...
movie

The Song of Lunch (2010)

Ganjil Genap (2023) 7.6
Ganjil Genap (2023) (function(f,b,n,j,x,e){})(); စက်ဘီးပဲဝယ်ဖို့တတ်နိုင်တဲ့သူကို ကိုယ်ရောင်းချင်တာကကားဖြစ်နေရင် ကိုယ့်ရဲ့ကားကဘယ်လိုမှရောင်းထွက်မှာမဟုတ်ပါဘူး။ဇာတ်လမ်းအကျဥ်းလေးက မိခင်တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ဂါလာက ချစ်သူနဲ့လက်ထပ်ပြီးမိသားစုဘဝလေးတစ်ခုကိုပိုင်ဆိုင်ချင်ခဲ့တာပါ။ ဒါကြောင့်လည်း ၈နှစ်ကြာတွဲလာခဲ့တဲ့ချစ်သူဘက်ကလက်ထပ်ခွင့်တောင်းလာဖို့ကို အမြဲမျှော်လင့်နေခဲ့တဲ့သူပေါ့။ ဒါပေမဲ့ ဉာဏ်ကောင်းတဲ့သူတွေမှကြာကြာချစ်နိုင်တယ်ဆိုတဲ့စကားအတိုင်းပဲ ဂါလာ့ရဲ့ချစ်သူဘာရာက ဂါလာ့ကိုဆက်မချစ်နိုင်တော့ပဲ အကြောင်းရင်းမည်မည်ရရမရှိတိုင် ထားသွားခဲ့ပါတယ်။ဒီလိုနဲ့ ဂါလာလည်းအသည်းကွဲခဲ့ပြီး ရှေ့ဆက်ဘာတွေဆက်ဖြစ်လာမလဲ....။ ဒီဇာတ်ကားထဲမှာတော့ တခြားရိုမန့်စ်ကားတွေနဲ့မတူဘဲလက်တွေ့ဘဝက RS ပြဿနာတွေကိုပါထည့်ရိုက်ပြထားလို့ စိတ်ကူးယဥ်ဆန်တဲ့ရိုမန့်စ်ကားတွေနဲ့ ကွဲထွက်နေပြီး realityဆန်ဆန်ကြည့်ရမယ့် အင်ဒိုနီးရှား romance comedyကားတစ်ကားပဲဖြစ်ပါတယ်။ File size…(1.6 GB)/(810 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Drama,Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

Ganjil Genap (2023)