Channel Myanmar

Romance

Ashes (2024)
Ashes (2024)  ဒီတစ်ခါ ချန်နယ်မြန်မာပရိသတ်ကြီးကိုမိတ်ဆက်ပေးမှာကတော့Netfilx ကနေဒီလထဲမှာပဲ အသစ်စက်စက်ထွက်ရှိထားတဲ့တူရကီကားကောင်းလေးဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့အူခမ်ဆိုတဲ့ စာအုပ်ထုတ်ဝေရေးကုမ္ပဏီကြီးတစ်ခုမှာဂိုချက်ဆိုတဲ့ အမျိုးသမီလေးဟာ ရောက်လာတဲ့စာမူမှန်သမျှကိုပထမဆုံးဖတ်ရှုစစ်ထုတ်ပေးရတဲ့ သူဌေးကတော်မလေးပါဂိုချက်ဟာသူ့ယောက်ျားနဲ့အတူ anniversary ကိုအတူတူဖြတ်သန်းနေကြတဲ့ပွဲမှာပဲ လက်ရေးမူကြမ်းတစ်အုပ်ကိုဖတ်ကြည့်မိပါတော့တယ် သူဟာဇာတ်လမ်းထဲမျောပါလာရင်းနဲ့ဇာတ်လမ်းရဲ့တည်နေရာတွေက အပြင်မှာတကယ်ရှိနေတာကိုသိလိုက်ရပါတယ်..ဒီလိုနဲ့လူကုံထံအသိုင်းအဝိုင်းမှာပျင်းရိနေတဲ့ ဂိုချက်ဟာဒီစာအုပ်ကသွားခဲ့တဲ့ဇာတ်လမ်းအတိုင်း သူကိုယ်တိုင်လိုက်လျှောက်ကြည့်ပါတော့တယ် ဒါပေမဲ့ဝတ္တုဟာထင်ထားသလောက် မရိုးရှင်းခဲ့တဲ့အပြင် သူကိုယ်တိုင်ကလည်းဇာတ်လမ်းထဲကအဖြစ်အပျက်တွေအတိုင်း လိုက်ပြီးကြုံတွေ့လာတဲ့အခါမှာတော့ ...... File size…1.31GB / 611MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

Ashes (2024)

See You Again (2023)
See You Again (2023) ပြန်လည်ဆုံတွေ့ကြရာဝယ် (၂၀၂၃)ထိုင်မှာ ဝီးလို့ ခေါ်တဲ့ အရမ်းချစ်ရတဲ့ ကောင်မလေး တစ်ယောက်ရှိပါတယ် သူတို့ လက်ထပ်လိုက်ကြပြီး တစ်ပတ်လောက်မှာ ဝီးတစ်ယောက် ကင်ဆာနဲ့ဆုံးသွားပါတယ် ဝီး ဆုံးသွားတော့နောက်ပိုင်း ထိုင်တစ်ယောက် Move on မလုပ်နိုင်ဘဲ အတိတ်မှာပဲ ကိန်းအောင်နေခဲ့ပါတယ်တစ်နေ့မှာ ထိုင်ရဲ့ သူငယ်ချင်း သမီးလေးတစ်ယောက် မွေးဖွားခဲ့ပါတယ် အဲ့ကလေးမလေးရဲ့ နာမည်က ၀မ်မိုင်ပါ ၀မ်မိုင်က ငယ်ငယ်လေးကတည်း ထိုင်အပေါ် သံယောဇဉ်တွေရှိနေခဲ့ပါတယ် သူ့ရဲ့ တစ်ချို့ အပြုအမူ အပြောအဆိုတွေကလည်း ဝီးနဲ့ သွားဆင်နေပါတယ် ဒီလိုနဲ့ ထိုင်က ၀မ်မိုင်ကို ဝီး၀င်စားတာလို့ ယုံကြည့်ခဲ့ပါတယ်ဆိုတော့ ထိုင် နဲ့ သူ့သမီးလောက်အရွယ်သာရှိတဲ့ ၀မ်မိုင်တို့ရဲ့ အချစ်ဇာတ်လမ်း ဘယ်လို အဆုံးသတ်သွားမှာလဲ ၀မ်မိုင်ကရော တကယ်ပဲ ဝီး၀င်စားတာလားဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်းနဲ့ ဘာသာပြန်တော့ Fake Love ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 2GB | 689MB Format… mp4 Duration….  1h ...
movie

See You Again (2023)

2023
Troy (2004) 7.2
Troy (2004) Troy (2004) ရုပ်ရှင်ခံစားမှုTroy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဖူးနားဝရှိကြပါလိမ့်မည်။ထင်ရှားကျော်ကြားသော စစ်ပွဲတွေအကြောင်း ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေလက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီးဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့၏ ထရွိုင်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြုစိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။စစ်ပွဲဖြစ်ပွားရပုံ ကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ထရွိုင်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ဖြစ်သူကပါ ဦးစီးတိုက်ခိုက်ရသည်။ထိုသို့ ဂရိနှင့်ထရွိုင်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြသော အကြောင်းကို ကဗျာရှည်အဖြစ် မှတ်တမ်းတင်ခဲ့ရာကနေ (အခြားသော ...
movie

Troy (2004)

2004
4K HEVC
Food for the Heart (2023) 5.8
Food for the Heart (2023) Food for the Heart (2023) IMDb - 5.9/10"လီရာ" ဆိုတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက သူပိုင်တဲ့ "The Loving Spoonful" အမည်ရှိ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းလေးကို စိတ်နှစ်ထားတဲ့ အမျိုးသမီးလေးပေါ့အရာရာကို သူ့အတွေးအခေါ်နဲ့ သူ့ခြေသူ့လက် လုပ်ချင်တယ်... ဝန်ထမ်းဆိုလို့ "ဖေး" ဆိုတဲ့ ကျောင်းသူကောင်မလေးတစ်ယောက်ပဲ ရှိပြီး ကိုယ်တိုင် နေ့မနားညမနား အလုပ်လုပ်ရလို့ သူမရဲ့ချစ်မေတ္တာတွေ အလုံးစုံကို customer တွေအတွက် သူမရဲ့ ဟင်းပွဲလေးတွေကနေ အနွေးဓာတ်ပေးဖို့ပဲ ပုံအပ်ထားသူလေး....တစ်ဖက်မှာလည်း တူမလေးအိုင်ဗီနဲ့ တူအရီးနှစ်ယောက်တည်း နေတဲ့ လူပျိုကြီး "အန်ကယ်အီလိုင်" တစ်ယောက် သူတို့တိုက်ခန်းကို ပြောင်းလာတယ် သူကတော့ ငွေကြေးပြေလည်မှုနဲ့ အမိမဲ့တူမလေးကို ဂရုတစိုက်ချစ်ပေးဖို့ဆိုတဲ့ ဟန်ချက်နှစ်ခုကို ဘက်မျှအောင် ညှိဖို့ အခက်အခဲဖြစ်နေသူပါအန်ကယ်အီလိုင်တစ်ယောက် တူမလေးကို နွေရာသီ လေ့လာရေးစခန်းမှာ ထားချင်ပေမဲ့ ဈေးကြီးလို့ မတတ်နိုင်တာကြောင့် တစ်ခုကြံရတော့တယ် ဒီလိုနဲ့ အစားအသောက် ဖန်တီးရှင် အပျိုကြီးမမနဲ့ ပရောဂျက်မန်နေဂျာ အန်ကယ်တို့ အလုပ်တွဲလုပ်ရဖို့ ဖြစ်လာတယ်ပေါ့အရာရာ ...
movie

Food for the Heart (2023)

2023
Fireworks (2023) 7.4
Fireworks (2023) Fireworks [2023] (IMDb 7.4/10 , RT 100% )ဂျာနီက အီတလီ စစ္စလီကျွန်းပေါ်က မိန်းမလျာတစ်ယောက်... သူ့ဟာ ယောက်ျားလေးတစ်ယောက်နဲ့ ပက်သက်ခဲ့ဖူးတာကို လူသိရှင်ကြားဖြစ်သွားလို့ ပတ်ဝန်းကျင်က ဝိုင်းဝန်းအနိုင်ကျင့်တာကို ခံနေရသူ... ပထွေးလုပ်သူရဲ့ ဆိုင်ကယ်ရုံမှာ အလုပ်ဝင်လုပ်ရင်းနဲ့ တစ်နေ့မှာတော့ လာအပ်ထားတဲ့ ဆိုင်ကယ်ကို သွားပို့ပေးရပါတော့တယ်... ဒီလိုနဲ့ မထင်မှတ်ဘဲ နီနိုနဲ့ ဆုံတွေခဲ့ပါတော့တယ်... နောက်တော့ ဂျာနီလည်း နီနိုတို့မိသားစုဟာ မီးရှူးမီးပန်းလုပ်ငန်း လုပ်ကိုင်ကြတာမို့ သူ့ကို ဖိနှိပ်နေတဲ့ ရပ်ဝန်းက ထွက်ပြီး နီနိုတို့ဆီမှာ အလုပ်သွားလျှောက်ခဲ့ပါတယ်... ဒါပေမယ့် နီနို့အဖေဟာ လစာမပေးနိုင်လို့ လက်မခံခဲ့ပါဘူး... အဲ့အစား နီနို့ဦးလေးရဲ့ ကျောက်တွင်းမှာ အလုပ်ထည့်ပေးလိုက်ပါတယ်... ဒီလိုနဲ့ ဂျာနီလည်း ပထွေးအိမ်ကနေ လွတ်မယ့် လမ်းစပွင့်လာပါတော့တယ်... ကံကြမ္မာက အလှည့်အပြောင်းဖြစ်ချင်တော့ ဂျာနီဟာ သူ့ကို မခန့်တဲ့ မီးရှူးမီးပန်းအလုပ်မှာ နီနိုနဲ့ နှစ်ယောက်တည်းအတူတွဲလုပ်ရကံ ကြုံလာပါတော့တယ်... ဒီလိုနဲ့ သူတို့ နှစ်ဦး စိတ်တိမ်းညွတ်ကြရင်းက ချစ်ကျွမ်းဝင်ပါတော့တယ်... လိင်တူချစ်ကြိုက်ကြတာကို နီနို့မိဘတွေနဲ့ ပတ်ဝန်းကျင်က သိသွားတဲ့အခါ သူတို့ ဘယ်လိုရင်ဆိုင်ကြရမလဲ ရှုစားရမှာပဲ ...
movie

Fireworks (2023)

2023
The Last Wife (2023) 6.2
The Last Wife (2023) The Last Wife (2023) (IMDb 6.2/10)ဒီတစ်ခါ အာရှရုပ်ရှင်ပရိသတ်ကြီးအတွက် ငယ်ငယ်တုန်းက သနားစရာထိုင်းကားတွေ ဖိလစ်ပိုင်ကားတွေလိုမျိုး သနားဖို့အရမ်းကောင်းပြီး မျက်ရည်တွေဘူးသီးလုံးလောက်ကျရမယ့် ဗီယက်နမ် ဒရာမာကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်ဒီကားထဲမှာ ကေတီငုယင်လို ဗီယက်နမ်ရဲ့တက်သစ်စ မင်းသမီးချောလေးက ဦးဆောင်ပါဝင်ထားပြီး ဇာတ်နာတာကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ ကြည့်ရင်းနဲ့ မင်းသမီးလေးကို သနားရမဲ့ဇာတ်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ လင်းက ဂဏန်းရွာလို့ခေါ်တဲ့ရွာလေးက ဆင်းရဲတဲ့ရွာသူလေးတစ်ယောက်ပါ တစ်နေ့ကျတော့ သူ့ကို နယ်စားမင်းက တတိယဇနီးအဖြစ် မယားငယ်ထားဖို့ဆိုပြီး အခမ်းအနားနဲ့လာခေါ်သွားပါတယ်... ဒီလိုလာခေါ်သွားတာ လင်းလေးက ဥစ္စာမက်လို့လား နယ်စားမင်းကိုပဲတကယ်စုံမက်လို့လား ဘယ်သူမှတော့ သေချာမသိပါဘူး အဲ့လိုနဲ့ ညားခါစမှာတော့ နယ်စားမင်းနဲ့သမီးတစ်ယောက် ထွန်းကားခဲ့ပေမယ့် ၇ နှစ်ကြာတဲ့ထိ သားလေးမရခဲ့ပါဘူး အဲ့အချိန်မှာ လင်းရဲ့ချစ်သူဟောင်း အာနန်က ရွာကိုပြန်ရောက်လာတဲ့အခါမှာ အတိတ်ကအကြောင်းတွေလည်း အဟောင်းတွေအသစ်ဖြစ်ပြီးတော့ လင်းတို့ချစ်သူနှစ်ဦး ပြန်ပေါင်းဖက်နိုင်မလားဆိုတာတော့.... ဇာတ်လမ်းလေးကရိုးရှင်းသလိုဖြစ်နေပေမယ့် မြှပ်ကွက်တွေနဲနဲတော့ပါတဲ့အပြင် ဇာတ်ကလေးကလည်း အရမ်းနာလို့ သနားတတ်သူများ မျက်ရည်လွယ်သူများ တစ်ရှူးဆောင်ရင်းကြည့်ပါလို့ အကြံပေးရင် တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Drama, Romance Quality…. 1080p | 720p File size… ...
movie

The Last Wife (2023)

2024
Kaatru Veliyidai (2017) 5.8
Kaatru Veliyidai (2017) Kaatru Veliyidai (2017) "ဓါးသွားထက်က ပျားရည်စက်များ" IMDb - 5.8/10ယခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ အက်ရှင်ကြမ်းကြမ်း အချစ်ရိုမန့်စ်ဒရာမာကားလေးတစ်ကားပဲဖြစ်ပါတယ် ဗာရွန်လို့ခေါ်တဲ့ လေတပ်အရာရှိတစ်ဦးဟာ ကာဂီလ်စစ်ပွဲအတွင်း ပါကစ္စတန်မှာ ထောင်ကျနေခဲ့ပါတယ်။၈ပေ၅ပေပဲ ရှိတဲ့ အကျဉ်းထောင်လေးထဲမှာ သွေးတွေအလိမ်းလိမ်းနဲ့ နေ့လည်းမသိ ညလည်းမသိ နေခဲ့ရတဲ့အချိန်မှာ သူ့နိုင်ငံကိုချစ်တဲ့စိတ်၊ ရန်သူတွေကိုမုန်းတဲ့စိတ် ပြီးတော့ သူ့ချစ်သူလေးကို ချစ်တဲ့စိတ်နဲ့ပဲ အသက်ဆက်ရှင်နေခဲ့ရပါတယ်။သူ့ချစ်သူလေး ဒေါက်တာလီလာရဲ့ ပထမဆုံးတာဝန်ကျတဲ့နေ့မှာပဲ ကိုကိုဗာရွန်က ကားအက်စီးဒန့်နဲ့ ဆေးရုံကိုရောက်လာရင်း ဒေါက်တာလီလာရဲ့ပထမဆုံးလူနာဖြစ်ခွင့်ရခဲ့ပြီးနောက်ပိုင်း ခင်မင်ရာကနေ ချစ်သွားကြတယ်ပေါ့ ပါကစ္စတန်ထောင်ထဲမှာ ချစ်သူလေးစိတ်နဲ့ နေလာရင်း ထောင်ထဲကနေ လွတ်မြောက်လာတဲ့အခါ သူ့ချစ်သူလေးကို အရင်လိုက်ရှာခဲ့ပါတော့တယ်အဲဒီနောက်မှာတော့ ဗာရွန် ပါကစ္စတန်ထောင်ထဲကနေ ဘယ်လိုလွတ်မြောက်လာခဲ့လဲ ........ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုမျိုးလေးလဲ ........ လေတပ်အရာရှိလေးဗာရွန်နဲ့ သူ့ချစ်သူလီလာတို့ ပြန်လည်ဆုံတွေ့နိုင်ကြမှာလား ........ ဆိုတာတွေကို ရင်ခုန်ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
movie

Kaatru Veliyidai (2017)

2017
Wild Seas (2022)
Wild Seas (2022) ဒီဇာတ်လမ်းလေးကတော့ Wild Seas ဆိုတဲ့အတိုင်း Sailors တွေ ကြမ်းတမ်းတဲ့ ပင်လယ်ပြင်မှာ ဘယ်လိုခက်ခက်ခဲခဲကြိုးစားရင်ဆိုင်ကြလဲဆိုတာကို လှပတဲ့ရှူခင်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးတွေရောနှောပြီးကြည့်ရှူရမယ့်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့........အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့ငါးဖမ်းသမားယောက်ျားနဲ့အတူ ပင်လယ်ပြင်တစ်ခွင်မှာကျင်လည်ကျက်စားရင်း ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့သူတို့အဖွဲ့အတွက်လူလိုလို့ဆိုပြီး အဖွဲ့ဝင်အသစ်တစ်ယောက်ကိုရှာရာကနေ မက်ဆန့်စ်ဆိုတဲ့ခပ်ငယ်ငယ်ခပ်ချောချောကောင်လေးတစ်ယောက်က သူတို့ဘဝထဲကိုဝင်လာခဲ့ပါတယ်။ အမျိုးသမီးဖြစ်သူကတော့ ကောင်လေးကို ကလေးတစ်ယောက်လိုပဲဆက်ဆံခဲ့ပေမဲ့ အဲဒီကောင်လေးဘက်က အမျိုးသမီးအပေါ်ကိုထားတဲ့ လေးစားမှုတွေကချစ်ခြင်းတရားအဖြစ်ပြောင်းလဲသွားတဲ့အခါမှာတော့....သူတို့လင်မယားနှစ်ယောက်ကြားထဲမှာ ဘယ်လိုပြဿနာတွေ သယ်ဆောင်လာမလဲဆိုတာကို ဇာတ်ရှိန်အနိမ့်အမြင့်နဲ့ ကြည့်ရှူရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။  File size…(1.5 GB)/(875 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee 
movie

Wild Seas (2022)

Dinner Rush (2000) 7.2
Dinner Rush (2000) 2000ခုနှစ်က ထွက်ရှိပြီး Rotten Tomatoes 91% ရထားတဲ့ Crime/Thriller ရုပ်ရှင်ကားဖြစ်ပါတယ်။2022 ကထွက်ခဲ့တဲ့ The Bear လိုမျိူး စားဖိုဆောင်ထဲမှာ စားဖိုမှူးတွေ ရုန့်ရင်းဆန်ခတ် သုတ်သီးသုတ်ပျာဖြစ်နေတာမျိုး၊ စားသောက်ဆိုင်ထဲက စားပွဲဝိုင်းတွေမှာ ထိုင်နေတဲ့ လူတွေရဲ့ အကြောင်းတွေကို တစ်ညအတွင်းမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတာပါ။Mr. Cropa က လောင်ကစားဒိုင် ပိုင်ရှင်ပါ။ သူ့မှာ Gigino ဆိုတဲ့ အီတလီ စားသောက်ဆိုင်လည်း ရှိပါတယ်။ သူ့ရဲ့ သားဖြစ်သူ Udo ကတော့ စားသောက်ဆိုင်ရဲ့ အကြီးဆုံးစားဖိုမှူးပါ။ လက်ထောက်စားဖိုမှူး Duncanကတော့ မလောင်းရမနေနိုင်အောင် လောင်းကစားခုံမင်သူဖြစ်ပါတယ်။ Duncan ပတ်သတ်မိသွားတဲ့ ဂန်းစတား နှစ်ယောက်က Cropa ရဲ့ စားသောက်ဆိုင်ကို ရောက်လာခဲ့ပြီး Cropa ကို အကြပ်ကိုင်ကြပါတယ်။ကြည့်ရတာ သုတ်သီးသုတ်ပျာ ဖြစ်နေပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File ...
movie

Dinner Rush (2000)

Kill Me If You Dare (2024)
Kill Me If You Dare (2024) Kill me if you dare (2024)ပိတ်ရက်မှာ ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အပန်းဖြေနိုင်ဖို့ ပိုလန်နိုင်ငံက ရိုက်ကူးပြီး Netflix က ဖြန့်ချီထားတဲ့ Romance/ Comedy ရုပ်ရှင်လေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ပိုလန်နိုင်ငံက ရိုက်ကူးတာမို့ မြင်နေကျ Hollywood ရုပ်ရှင်တွေနဲ့ ကွဲထွက်နေပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပျော့တ်နဲ့ နာတာလီယာတို့ဟာ ရုန်းကန်နေရတဲ့ သာမန်လင်မယားတွေပါ။ ငွေကြေးလည်း မချမ်းသာသလို စားနိုင်ရုံသောက်နိုင်ရုံပါပဲ။ အိမ်ထောင်သက်ကြာပြီဖြစ်တာမို့ ယောကျ်ားက မိန်းမကို ဂရုမစိုက်နိုင်တာ၊ ပိုက်ဆံနှမြောတာ အစရှိသဖြင့် ပြဿနာအသေးအမွှားတွေတော့ ရှိပေမယ့် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုပါပဲ။ နှစ်ပတ်လည်နေ့မို့လို့ ညစာထွက်စားရင်း ခဲခြစ်ကံစမ်းမဲလာရောင်းတဲ့ အဘွားကြီးဆီကနေ ခဲခြစ်ကံစမ်းမဲ ဝယ်ပြီး ကံစမ်းရာကနေ ပိုက်ဆံ ၅ သန်း မဲပေါက်သွားပါတယ်။ ဒီလိုနဲ့ လင်မယား ၂ ယောက်ကြား ငွေကြေးဝင်လာပြီး တစ်ယောက်ကို တစ်ယောက်ကများ သတ်ပစ်ပြီး ပိုက်ဆံတွေ လုမလားဆိုတဲ့ သံသယတွေ ဝင်လာကြလို့ တလွဲတွေဖြစ်တာကို ဟာသတွေနဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားလေးပါ။အညွှန်း နဲ့ ...
movie

Kill Me If You Dare (2024)

2024
{18+} Nice Sister-In-Law 2 (2017)

{18+} Nice Sister-In-Law 2 (2017)

2017
Blue Valentine (2010) 7.3
Blue Valentine (2010) Blue Valentine (2010)~ IMDb - 7.3/10, RT - 86%, Meta - 81% ~မပြေလည်ခြင်းများဟာ အနီရောင်နေ့ရက်တစ်ချို့ရဲ့အတွင်းသားထဲ စီးဆင်းသွားတဲ့နောက် ခရမ်းရောင်တစ်ခုက အရောင်ဗေဒတွေအတိုင်း ငါ့သွေးကြောထဲလှည့်ပတ်နေခဲ့ရင်း အခုဆိုဘယ်နှရာသီ။ ဘဝဟာ ချောကလက်ဘူးတစ်ဘူးနဲ့ သဏ္ဍာန်တူကြောင်း ရုပ်ရှင်ထဲက ခပ်အအ,ကာရိုက်တစ်ကောင်ပြောဖူးတာ ကြားဖူးမှာပါ။ ကိုကိုး၈၀ရာခိုင်နှုန်း ကိုကိုး၉၀ရာခိုင်နှုန်း ကိုကိုး၉၉ရာခိုင်နှုန်း။ များများစားစား မျှော်လင့်စရာဟာ အခါးဓာတ်နဲ့ အသားကျသွားဖို့ပေါ့။ အောင်မြင်တဲ့အချစ်ကို ဘဝတစ်ကွေ့မှာ ငါတို့ပက်ပင်းတွေ့ဖူးကြမှာပဲ။ ကမ္ဘာအဆက်ဆက်က ဖူးစာလို့ ထင်ကောင်းထင်ခဲ့ကြဖူးလိမ့်မယ်။ "ကြည်ဖြူနိုင်သူ နှစ်ဦး"လည်း ဖြစ်ခဲ့ကြဖူးတယ်။ မင်းအရိပ်မှာငါခို ငါ့သီချင်းမှာကခဲ့ဖူးတဲ့ ဆံပင်တွေလည်းမရှည်သေးဘူး။ ချိုသော နွေးသော မဖြောင့်တန်းသော လေမသွေးလက်များ ကံတော်မကုန်ခင်အထိတော့ တံလျှပ်တို့က အစစ်ပဲ အချစ်ရယ်။ နေဝင်သွားတဲ့ တံတားကြီးရဲ့ဟိုးတစ်ဘက်က ညနေဟာ ငါသိတဲ့ကဗျာတစ်ပုဒ်ကို လှိုက်စားသွားဖူးတယ်။ ဒါဟာ ရွှေရင်ပြုံးတုံ့အခါလည်ပေါ့။ မျက်ရည်တွေတောင်မှ ...
movie

Blue Valentine (2010)

2010
Moscow Square (Moszkva Ter) (2001) 7.8
Moscow Square (Moszkva Ter) (2001) IMDb 7.8 အထိရရှိထားတဲ့ ဟန်ဂေရီ ရိုမန့်စ် ကော်မဒီ ကျောင်းသား ဒရာမာ ရုပ်ရှင်ကောင်းလေးတစ်ခုပါ။၁၉၈၉ နွေရာသီရဲ့ တက္ကသိုလ်၀င်တန်းစာမေးပွဲ နေ့ရက်များဆီသို့...၁၉၈၉ ဟာ ဟန်ဂေရီနိုင်ငံရဲ့ နိုင်ငံရေး‌အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တဲ့နှစ်ဖြစ်တယ်။ ပတ်ယာတို့ သူငယ်ချင်းတစ်အုပ်အတွက်တော့ ဒီကိစ္စတွေဟာ တက္ကသိုလ်၀င်တန်းစာမေးပွဲလောက် ခေါင်းထဲမှာမရှိကြ။ သူတို့ဟာအထက်တန်းပြီး‌ကြတော့မယ်။ မကြာခင် တက္ကသိုလ်ဆက်တက်သူကတက်၊ အလုပ်ခွင်၀င်မယ့်သူက၀င်နဲ့ ဘ၀အတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ချကြရတော့မယ်။ပတ်ယာတို့ခေတ်မှာက အခုခေတ်လို ကွန်ပြူတာတွေ ဖုန်းတွေသုံးနိုင်ဖို့နေနေသာသာ အပြာဗီဒီယိုကြည့်ရင်တောင် သူငယ်ချင်းတစ်ယောက်အိမ်မှာဝိုင်းစုရင်း ကြည့်ကြရတာ။ ပတ်ယာတို့ လူငယ်လေးတွေအတွက်တော့ လူငယ်ဘ၀မှာ ကျောင်းလစ်၊ ဘီယာဆိုင်ထိုင်၊ ညဖက် ကပွဲပါတီတွေခိုးသွားတာတွေကလွဲရင် တခြားလုပ်စရာ များများစာစားမရှိဘူး။ သူငယ်ချင်းအုပ်စုတွေရဲ့ ထုံးစံအတိုင်း သူတို့အုပ်စုထဲမှာလည်း စော်ကြည်ဘဲပါတယ်၊ ပြိုင်ကား စီးနိုင်တဲ့ သူဌေးသားပါတယ်၊ လေးလုံးနဲ့ စာဂျပိုးပါတယ်၊ အားလုံးထက်ပိုထွားပြီး လူရည်ပိုလည်တဲ့ကောင်ပါတယ်၊ ဇာတ်လိုက်ကျော် ကောင်မလေးတစ်ယောက် စသဖြင့် လူပေါင်းစုံ ပါကြတယ်ပေါ့။စာသင်နှစ်တစ်နှစ်လုံး ပျော်ချင်တိုင်းပျော် ...
movie

Moscow Square (Moszkva Ter) (2001)

Upgraded (2024) 6.1
Upgraded (2024)  လူကြီးဆန်တဲ့အလှနဲ့ မောင်လေးတွေကိုဖမ်းစားထားတဲ့မမCamila Mendes ရဲ့အချစ်ဇာတ်ကားအသစ်ထွက်ရှိလာပါပြီ။ဒီအချစ်ဇာတ်ကားလေးရဲ့ နာမည်ကတော့ Upgraded ဖြစ်ပြီးIMDb Rating 6.1 အထိရရှိထားပါတယ်။အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက်က ပိုက်ဆံဆိုရင်ရေသည် မိန်းမထက်တောင် ပိုမွဲပြီး အစ်မရဲ့အိမ်မှာကပ်နေနေရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။နေ့စဉ်ရက်ဆက် သူ့ကိုအိမ်မှာမနေစေချင်တဲ့ မလိုလားအပ်တဲ့စကားတွေကိုကြားနေရပြီး တစ်နေ့မှာ သူအရမ်းဝါသနာပါတဲ့ပန်းချီပြခန်းလေး တစ်ခုဖွင့်နိုင်ဖို့ရည်မှန်းချက်ရှိနေသူဖြစ်ပါတယ်။အဲ့ဒီ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက်ပန်းချီကားတွေကို လေလံတင်ပေးတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီး အလုပ်သင်ဘ၀မှာ သူ့ရဲ့အရည်အချင်းတစ်ခုကိုသူဌေးရှေ့မှာပြနိုင်ခဲ့တဲ့အတွက် လန်ဒန်မှာသူဌေးရဲ့ လက်ထောက်အနေနဲ့ လိုက်ပြီးအလုပ်လုပ်ရဖို့ အကြောင်းဖန်လာပါတော့တယ်။အဲ့ဒီလန်ဒန်ကို သွားတဲ့လေယာဉ်ပေါ်မှာ ဝီလီယမ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပြီး အမှတ်မထင်သူ့ကိုယ်သူ သူ့ကုမ္ပဏီရဲ့ဒါရိုက်တာလို့ ပြောလိုက်မိပြီး အဲ့ဒီဇာတ်အတိုင်းဆက်ကနေလိုက်ပါတော့တယ်။ဒီလိုနဲ့မှ အဲ့ဒီအလိမ်အညာတွေကတဖြည်းဖြည်းနဲ့ ပိုကြီးလာခဲ့ပြီးနောက်ဆုံးမှာတော့ လောကဓံရဲ့ရိုက်ချက်ကို ဘယ်လိုပြန်ခံစားရမယ်ဆိုတာတွေ ဝီလီယမ်နဲ့အန်နာကြားမှာရော အဲ့ဒီအလိမ်အညာကနေ အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ပေါက်လာမလားဆိုတာတွေကို ကြည့်ရှုရမဲ့ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.55GB / 683MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Drama , Romance Subtitle….Myanmar ...
movie

Upgraded (2024)

Read My Lips (2001) 7.3
Read My Lips (2001) ထောင်ထွက်တစ်ယောက်နှင့် နားမကြားတဲ့သာမာန်ရုံးဝန်ထမ်းကောင်မလေးတို့ နဖူးစာရွာလည်ပြီး ဒေါ်လာခုနှစ်သောင်းကို ခိုးယူဖို့ ကြံစည်ကြတဲ့အခါ???ဇာတ်လမ်းအကျဉ်း......ကာလာဟာ နားမကြားတဲ့အမျိုးသမီးဖြစ်ပြီး လူတွေရဲ့ နှုတ်ခမ်းအမူအရာကိုဖတ်ပြီး ဘာပြောနေလဲဆိုတာကို သိနိုင်တဲ့သူပါ။ သူမဟာ ဆောက်လုပ်ရေးကုမ္မဏီတစ်ခုမှာ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်နေပြီးတော့ သာမာန်အတိုင်း ပျင်းရိစရာကောင်းတဲ့ ရုံးလုပ်ငန်းမှာ စိတ်လှုပ်ရှားစရာမရှိဘဲ ဘဝကို ဖြတ်သန်းနေသူတစ်ဦးပါ။ တစ်နေ့မှာတော့ သူမဟာ တစ်ယောက်တည်း အလုပ်မနိုင်တဲ့အတွက် ရုံးကူအလုပ်သင်ရှာရာကနေ ထောင်က ပူပူနွေးနွေးထွက်လာတဲ့ ပေါလ်အန်ဂျလီကို တွေ့ပြီး ထောင်ထွက်မှန်းသိသိနဲ့ သနားမိပြီး အလုပ်ခန့်လိုက်ပါ‌တော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား ရင်းနှီးလာကြပြီးနောက်မှာ ပေါလ်ဟာ မားချန့်ဆိုတဲ့ ကလပ်ပိုင်ရှင်ဆီမှာ ဒေါ်လာ ခုနှစ်သောင်းအကြွေးတင်နေပြီး မားချန့်ရဲ့ ကလပ်မှာ အကြွေးဆပ်ဖို့အတွက် အလုပ်သွားလုပ်ရပါတော့တယ်။ ပေါလ်က အလုပ်လုပ်ရင်းနဲ့ မားချန့်ဆီမှာ ဒေါ်လာအများကြီးရှိကြောင်း သိလိုက်ရတဲ့အခါ ကာလာကို အကူအညီတောင်းပြီး ငွေခိုးယူနိုင်ဖို့ အစီအစဉ်ဆွဲပါတော့တယ်။ အဲဒီတော့ သူတို့နှစ်ယောက်သား မားချန့်ဆီက ငွေခိုးယူနိုင်ပါ့မလား၊ ကာလာလို့ နားမကြားတဲ့သူက ဘယ်လိုအရေးပါလို့ ...
movie

Read My Lips (2001)

Anyone But You (2023) 6.6
Anyone But You (2023) Anyone But You (2023)~ IMDb - 6.6/10, RT - 52%, Meta - 52% ~ကျန်တာမပြောခင် အရင်ဆုံးဝန်ခံရမှာက ဒီရုပ်ရှင်မှာ အဖမ်းစားဆုံးနိုင်ဆုံးက ဇာတ်လည်းမဟုတ်သလို ဒိုင်ယာလော့လည်းမဟုတ်ပါဘူး။ Sydney Sweeney ပါပဲ။ Euphoria နဲ့ အားလုံးသိပြီးသားဖြစ်မှာပါ။ Madame Web ထဲပါထားသလို The Voyeurs ထဲလည်း သူ့အလှတွေတော်တော်ပြပြီးပါပြီ။ ဆွဲဆောင်မှု တော်တော်ရှိတဲ့ မင်းသမီးပေါ့။ Friends with Benefits, Easy A နဲ့ Peter Rabbit တို့ရဲ့ ဒါရိုက်တာ Will Gluck ပဲ ရိုက်ထားတာပါ။ သူ့ကားတွေအကုန်ကြည့်ကောင်းတယ်ဆိုတော့ ဒီကားလည်း ကြည့်မကောင်းမှာတော့ ပူစရာမရှိဘူး။ ဒါရိုက်တာဟာ အင်တာတိန်မာတစ်ယောက်ပီသပါတယ်။ ဒါရိုက်တာဟာ ဆစ်ဒနီကို ခေါင်းအစခြေအဆုံး အကုန်သုံးပြီး ဒီရုပ်ရှင်အတွက် ...
movie

Anyone But You (2023)

2023
4K HEVC
Love on your Doorstep (2023) 5.3
Love on your Doorstep (2023) ဒီတစ်ခေါက်တော့ ပရိတ်သတ်ကြီးတို့အတွက် romance ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးချင်ပါတယ်ဆက်ဆံရေးတစ်ခုမှာ ကိုယ်လိုချင်တဲ့အခြေအနေမဟုတ်တော့ရင် နှစ်ဘက်စလုံးကလည်းမညှိနှိုင်းပေးနိုင်တော့ရင် ပြေပြေလည်လည်နဲ့ လမ်းခွဲပြီး healthy relationship တစ်ခုကိုတည်ဆောက်လို့ရတယ်ဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ အဓိကပုံဖော်ထားပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့....ရုပ်သံလှိုင်းတစ်ခုမှာ အရည်အချင်းရှိပြီး အလုပ်ကိုစိတ်အားထက်သန်တဲ့ မေစီကတော့ သူ့ရဲ့ရှိုးအစီအစဉ်အသစ်ကိုရဖို့ အသည်းအသန်ကြိုးစားနေပါတယ်။အဲဒီအချိန်မှာပဲ ဂုဏ်ပြုဖို့အတွက်ပန်းခြင်းလာပို့ပေးတဲ့ Bloom app ကိုတည်ထောင်ထားတဲ့ ဝါရန်တို့လုပ်နေတဲ့ ပန်းပို့ပေးတဲ့စီးပွားရေးကို မေစီတစ်ယောက် သိပ်ကိုစိတ်ဝင်စားသွားပါတယ်။ဒါပေမဲ့ မေစီနောက်ကနေလိုက်စည်းရုံးပေမဲ့ ဝါရန်တစ်ယောက်သဘောမတူတဲ့အခါမှာတော့ မေစီတစ်ယောက် ဝါရန်ကို ဘယ်လိုသဘောတူအောင်သိမ်းသွင်းမှာလဲ သူ့ရဲ့အလုပ်မှာနစ်မြောနေတဲ့ ရည်းစားလေးနဲ့ပဲရေရှည်လက်တွဲသွားမလားဆိုတာကို ဒီဇာတ်လမ်းထဲမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…(1.6 GB)/(853 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe Yee
movie

Love on your Doorstep (2023)

Sanam Bewafa (1991) 5.2
Sanam Bewafa (1991) Sanam Bewafa (1991) Drama, Romance IMDb 5.2/10 (1.5K)အခုတစ်ခါမှာတော့ ဆလ်မန်းခန်းရဲ့ငယ်ရွယ်နုပျိုစဉ်အခါတုန်းက ရိုက်ခဲ့ဖူးတဲ့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါတော့မယ်နော်။ ဒီဇာတ်ကားလေးဟာ Budge သိန်း၉၀သာ သုံးခဲ့ပေမယ့် Box Office မှာ ၁၀.၂၅ကုဋေရရှိခဲ့ပါတယ်။ အဲ့ဒီတုန်းက တော်တော်လေးအောင်မြင်ခဲ့တဲ့ ကားလည်းဆိုရမယ်။ ၃၇ကြိမ်မြောက် Film Fare ဆုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး။ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ ကားလေးပါပဲ။မာနတွေ အာဃာတတွေ အမုန်းတွေနဲ့ ရန်ငြှိုးထားနေတဲ့ ပထန်မိသားစုနှစ်စုရဲ့အကြောင်းပေါ့ဗျာ။ နှစ်ရှည်လများ နယ်နိမိတ်တွေ ပိုင်ခြားသတ်မှတ်ပြီး နယ်ကျော်သူ သေပွဲဝင်ရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ကြိမ်းမောင်းနေခဲ့ကြတာပေါ့။ဒီစစ်ပွဲတွေကြားထဲကို နူးညံ့တဲ့ချစ်ခြင်းမေတ္တာလေးဝင်လာခဲ့ပါတော့တယ်။ ဆလ်မန်းနဲ့ ရွခ်ဆာရ်တို့ရဲ့ချစ်ခြင်းမေတ္တာပါပဲ။ သူတို့နှစ်ဦးကတော့ နှစ်ရှည်လများ ရန်ငြှိုးရှိနေခဲ့ကြတဲ့ နှစ်ဖက်မိသားစုရဲ့သားနဲ့သမီးပါ။ မိဘတွေက လူသတ်ဖို့ဝန်မလေးသလို သားသမီးနဲ့ယှဉ်လာရင်လည်း အသက်ပေးကြမယ့်လူစားမျိုးတွေပါပဲ။ဆလ်မန်းနဲ့ ရွခ်ဆာရ်တို့ရဲ့ချစ်ခြင်းမေတ္တာက ဒီမိသားစုနှစ်စုကိုပြန်လည်ပေါင်းဆည်းစေနိုင်မလား...။ဒါမှမဟုတ် သေပွဲဝင်သွားကြရမလား...။အချစ်နဲ့စစ် ဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ စိတ်ဝင်တစားကြည့်ရှုပေးပါဦးနော်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3.45GB / ...
movie

Sanam Bewafa (1991)

1991
Jorugaa Husharugaa (2023) 7.1
Jorugaa Husharugaa (2023) Jorugaa Husharugaa (2023) "နှစ်ပွင့်ခွဲဆိုင်" ===================================စီအမ်ဖန်တွေအတွက် IMDb 7.7 ရ ပေါ့ပေါ့ပါးပါး တေလဂူးစကားပြော အချစ်ဟာသရုပ်ရှင်လေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။ဆန်တို့ဆိုတဲ့ ပရိုဂရမ်မာလေးဟာ အလုပ်မှာ ရာထူးတိုးချင်လို့ ဂေါ်မစွံ ဘော့စ်ဖြစ်သူကို စော်ရှာပေးဖို့ကြိုးစားရင်း ကပ်ဖားယပ်ဖားလုပ်နေရသူပါ။ သူ့မှာ နီတရာဆိုတဲ့ ခပ်ဟော့ဟော့ ချစ်သူကောင်မလေးလည်းရှိပြီး သူတို့နှစ်ဦးက သိပ်ကို ကဲကြတဲ့ချစ်သူတွေပေါ့။ဒီလိုနေ့ တနေ့မှာ ဆန်တို့ရဲ့ရုံးကို နီတရာက မပြောမဆိုအလုပ်ဝင်လာတဲ့အတွက် သူတို့ချင်း ချစ်သူတွေဖြစ်ကြောင်း ဖုံးကွယ်ထားရင်းကနေ ဆန်တို့ရဲ့ ဘော့စ်ဖြစ်သူ ဂေ ါ်မစွံက နီတရာကို သဘောကျလာတဲ့အခါမှာတော့...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2GB / 922MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Jorugaa Husharugaa (2023)

2023
Steal Your Heart (2023) 5.7
Steal Your Heart (2023)  Ro တာလေးတွေကိုမှကြည့်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်ဇာတ်ကားနာမည်အတိုင်းပရိသတ်တွေရဲ့အသည်းနှလုံးကိုခိုးသွားမဲ့Steal Your Heart ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.7 ရရှိထားပြီးအချစ်ကားငြိမ့်ငြိမ့်လေးတွေကြည့်ချင်တဲ့သူတွေအတွက်တော့အဆင်ပြေစေမဲ့ကားလေးပဲဖြစ်ပါတယ်။ဒီကားထဲမှာအဓိကဇာတ်ကောင်တွေကတော့ဂျိတ်နဲ့မလစ်ဆာတို့ဖြစ်ပြီးဂျိတ်က ဗလဲ လို့ခေါ်တဲ့ဒီဇိုင်နာကုမ္ပဏီကြီးရဲ့အကြီးတန်းဒီဇိုင်နာဖြစ်သလိုကုမ္ပဏီဥက္ကဌရဲ့သားလည်းဖြစ်ပါတယ်။မလစ်ဆာဆိုတဲ့ ကောင်မလေးကတော့ အစ်မဖြစ်သူနဲ့အတူတူဖက်ရှင်ဆိုင်လေးဖွင့်ထားတဲ့ လက်ဝတ်လက်စား ဒီဇိုင်းဆွဲပြီး လုပ်ရောင်းရတာကို ဝါသနာပါတဲ့ သာမန်ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဝါသနာတွေကတူညီကြပေမဲ့ အခြေအနေတွေကတော့မိုးနဲ့ မြေလိုကွာခြားနေကြပါတယ်။ဒီလိုကွာခြားနေတဲ့ လူနှစ်ယောက်ကိုဆုံစည်းစေခဲ့တာကတော့ဂျိတ်အမေကော်ဒီလီယာပဲဖြစ်ပါတယ်။ကော်ဒီလီယာကမလစ်ဆာရဲ့ဆိုင်လေးမှာ ပစ္စည်းလေးတစ်ခုသွားဝယ်ရင်းနဲ့ မလစ်ဆာတို့မိသားစုအတွက် အရမ်းအရေးကြီးတဲ့ ဆောင်းနှင်းဆီဆိုတဲ့လည်ဆွဲလေးမှားပါသွားပါတော့တယ်။အဲ့ဒါနဲ့ မလစ်ဆာပြန်သွားတောင်းတဲ့အခါမှာတော့ ဂျိတ်နဲ့ဆုံစည်းခဲ့ပြီး သူတို့နှစ်ယောက်အတူတူမဖြစ်မနေလက်တွဲလုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘယ်သူက ဘယ်သူ့အသည်းနှလုံးကိုခိုးယူသွားမလဲဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်.. File size…2.13GB / 964MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre …..  Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Steal Your Heart (2023)