Channel Myanmar

Romance

An American in Austen (2024) 6.6
An American in Austen (2024) အခုတစ်ခေါက် CM ပရိသတ်ကြီးကို ဖျော်ဖြေပေးမယ့် ရွှေရင်အေး Romance ကားလေးကတော့ "အချစ်ကို နားလည်သွားသော မိန်းကလေးတစ်ယောက်" အကြောင်းပဲ ဖြစ်ပါတယ်Harriot က စာကြည့်တိုက်မှူးမလေးတစ်ယောက်ဖြစ်ပြီး သူမကို လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတဲ့ ချစ်သူကောင်လေး Ethan ကို ပိုင်ဆိုင်ထားပေမဲ့ စာကြမ်းပိုးလေး သူမ အကြိုက်ဆုံးဝတ္ထုဖြစ်တဲ့ "Pride and Prejudice" ထဲက မစ္စတာဒါစီလို ပြီးပြည့်စုံတဲ့ အမျိုးသားတစ်ယောက်ကိုပဲ စိတ်ကူးယဉ်ပြီး ချစ်သူကောင်လေး Ethan လက်ထပ်ခွင့်တောင်းတာကို "MayBe" လို့ ကြိုးရှည်ရှည်နဲ့ လှန်ထားလိုက်ပါတယ်ဒါကို ဒဏ်ခတ်မဲ့ ကံကြမ္မာက သူမကို "Pride and Prejudice" စာအုပ်ထဲက ၁၈၀၀ များကာလ အင်္ဂလန်ကို ပို့ပေးလိုက်ပြီး ဘန်းနက် ညီအစ်မတွေဆီ အလည်လာတဲ့ အမေရိကန်က ဝမ်းကွဲအစ်မ Harriet ဘဝကို အဆန်းတကြယ် ပြောင်းလဲသွားပါတော့တယ်သူရဲ့အိပ်မက်သတို့သား မစ္စတာဒါစီနဲ့ ...
movie

An American in Austen (2024)

The Naked Kitchen (2009) 5.7
The Naked Kitchen (2009) The Naked Kitchen (2009)2009 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Shin Min Ah ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးကို ပြန်တင်ဆက်ပေးချင်ပါတယ်။ငယ်ငယ်ကတည်းက အနားမှာ အတူရှိလာခဲ့ပြီး ချစ်သူလို အစ်ကိုလိုချစ်ရတဲ့ လူနဲ့ နောက်ဆုံးမှာ လက်ထပ်လိုက်တဲ့ Mo Raeရဲ့ အိမ်ထောင်ရေးက သာသာယာယာရှိနေခဲ့တာပါ။သုံးပွင့်ဆိုင်ဇာတ်လမ်းဆိုမှတော့ တတိယလူကတော့ ပါကိုပါလာမှာပါပဲ။ ဟင်းချက်ဝါသနာပါတဲ့ ယောက်ျားဖြစ်သူရဲ့ စားသောက်ဆိုင်ဖွင့်မယ့် ကိစ္စကိုအခြေတည်ပြီး တတိယလူဝင်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ဒီကားထဲမှာ Mo Rae အဖြစ်သရုပ်ဆာင်ထားတဲ့ Shin Min Ahရဲ့ ငယ်ရွယ်စဉ်က တက်ကြွလန်းဆန်းတဲ့အငွေ့အသက်ကို ခံစားနိုင်တယ်လို့ ထင်မိပါတယ်။ယောက်ျားလေး နှစ်ယောက်ကို တစ်ပြိုင်နက်တည်း ရင်ခုန်နေတဲ့ Mo Rae ဆိုတဲ့ဇာတ်ကောင်ကို ကြည့်နေရတာက အပြစ်ကင်းသလို ဖြူစင်သလိုလို ခံစားရ ပေမယ့် တစ်ချိန်တည်းမှာပဲ ဒီလောက်လည်း ရိုးရှင်းမနေပြန်ပါဘူး။ယောက်ျား လေးနှစ် ယောက်ကို တစ်ချိန်တည်း ချစ်နိုင်ပါ့မလား?? သူပဲ ၅၂၈နဲ့၁၅၀၀ကြား ဝေခွဲမရဖြစ်နေတာလား??တစ်ဖက်က ငယ်ချစ်ဦး ဖြစ်တဲ့အပြင် လက်ထပ်ထားတဲ့ ...
movie

The Naked Kitchen (2009)

2009
Băieți Deștepți (2023)
Băieți Deștepți (2023) Baieti Destepti (2023)ရုပ်ရှင်ကြည့်ပရိသတ်တို့ကို အရသာတစ်မျိုး ပေးစွမ်းနိုင်မဲ့ ရိုမေးနီးယားအက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။(လီယို)မိန်းမသေသွားပြီးကတည်းက အရက်ပဲနေ့စဉ်သောက်နေလို့ ဆိုင်းငံ့ခံထားရတဲ့သူ။ (ကိုစတီ)ဒေါသတအားကြီးပြီး ရုံးမှာ မိတ္တူစက်ထဲက စာရွက်ထွက်မလာလို့ သေနတ်နဲ့ ပစ်ချလိုက်တဲ့အတွက် ဆိုင်းငံ့ခံထားရတဲ့သူ။ (အက်လက်စ်)အဆဲတအားသန်ပြီး ရဲကားထဲမှာ အိပ်ပျော်နေတုန်း ရေဒါခိုးခံလိုက်ရလို့ ဆိုင်းငံ့ခံထားရတဲ့သူ။ သူတို့အကုန်လုံးကို ပြန်စုစည်းစေတာက အရာရှိမအယ်လ်နာ။နာဆစ်ဆိုတဲ့ မူးယစ်ကုန်သည်တစ်ဦးက ဘယ်လိုမှဖမ်းမရတာကြောင့် နာဆစ်နဲ့ အနီးစပ်ဆုံးထိရောက်ဖူးတဲ့ သူတို့သုံးဦးကို အထူးအဖွဲ့အဖြစ် ပြန်လည်စုစည်းပြီး နာဆစ်ရဲ့ ကိုကင်းအချီကြီးကူးမဲ့ကိစ္စကို လိုက်ကြပါတယ်။ အလွဲလွဲအချော်ချော်တွေနဲ့ ဟာသ-အက်ရှင်ဇာတ်လမ်းလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3hanဖြစ်ပါတယ်)Genre..... Action, Comedy, Romance Quality…. 1080p | 720p File size… 1.7GB | 868MB Format… mp4 Duration…. 1h 8min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Băieți Deștepți (2023)

2023
Blue (2002) 6.6
Blue (2002) “ ငါတို့နှစ်ယောက် အတူတူနေကြမှာလား...တကယ့်အတွဲတွေလိုပေါ့” လို့မေးတဲ့သူနဲ့ “ငါတို့က တကယ့်အတွဲတွေပဲလေ” လို့ပြန်ဖြေတဲ့သူ... ဘယ်သူက ပိုလေးနက်တာလဲ ? ၂၄ ကြိမ်မြောက် မော်စကိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မင်းသမီးဆုရရှိခဲ့တဲ့ဂျပန်ဒရာမာဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျ ။ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးနှစ်ယောက်ရဲ့ခင်မင်မှုအကြောင်းကိုအသားပေးရိုက်ကူးထားပြီး သူတို့ရဲ့သဘာဝ၊ စိတ်ခံစားချက်၊ ခံယူချက်တွေကိုအကွက်ကျကျရိုက်ပြထားပါတယ်။ ကီရိရှီးမားကတော့ ကျောင်းမှာ အေးအေးဆေးဆေးနေတတ်ပြီးသူငယ်ချင်းအများကြီးမရှိပါဘူး။ အန်ဒိုဆိုတဲ့ နှစ်ကျကျောင်းသူနဲ့ တစ်တန်းတည်းတက်နေပြီးတစ်ဖြည်းဖြည်းချင်း ရင်းနှီးလာခဲ့ကြပါတယ်။ အန်ဒိုကလည်း ကျောင်းတစ်နှစ်နားထားတဲ့သူဆိုတော့အတန်းတူသူငယ်ချင်းမရှိသေးသလို ကီရိရှီးမားကလည်းအပေါင်းအသင်းမများတော့ အတန်းထဲမှာ တတွဲတွဲဖြစ်လာခဲ့ပါတယ်။ သူ့အိမ်ကိုယ့်အိမ်အထိသွားလည်ပြီးနောက် ရင်းနှီးမှုတွေနောက်တစ်ဆင့်တက်ခဲ့ကြပြီးမှ နွေရာသီကျောင်းပိတ်ရက်မှာအန်ဒိုတစ်ယောက် ပျောက်သွားခဲ့ပါတယ်။ အန်ဒိုဘာလို့ပျောက်သွားရတာလဲ ?အန်ဒိုဘာလို့ ကျောင်းနားခဲ့ရတာလဲ ?အန်ဒိုနဲ့ကီရိရှီးမားတို့နှစ်ယောက်ကရောဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာဆက်ကြည့်လိုက်ပါတော့နော်.... File size…    1.3 GB /  784 MB Quality… WebRip 1080p / 720p Format… mp4 Duration…. 1h 56m Genre ..... Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa
movie

Blue (2002)

The Scent of Green Papaya (1993) 7.3
The Scent of Green Papaya (1993) ၁၉၅၀ ခုနှစ်ဝန်းကျင် Saigon မြို့က မိသားစုကြီးတခုမှာမူးအိ ဆိုတဲ့ ၁၀နှစ်အရွယ် ကလေးမလေးတယောက်ဟာအိမ်ကနေထွက်လာပြီး အလုပ်လာလုပ်ပါတယ်သူ အလုပ်လုပ်ရတဲ့ မိသားစုကြီးရဲ့ ပြဿနာအရှုပ်အထွေးတွေကြားသူ့တာဝန်ဖြစ်တဲ့ အစေခံအလုပ်ကို တစိုက်မတ်မတ်လုပ်ရင်းအရွယ်ရောက်ကြီးပျင်းလာတဲ့အချိန်တနေ့မှာတော့ သူ ငယ်ငယ်ကတည်းကကြိတ်သဘောကျခဲ့ရတဲ့သူရဲ့အိမ်မှာအစေခံအဖြစ် အလုပ်သွားလုပ်ရပါတော့တယ်ဇာတ်လမ်းလေးက ရှုပ်ရှုပ်ထွေးထွေးဇာတ်ကွက်ရယ်လို့တခုမှ မပါဘဲနဲ့ မူးအိရဲ့ ကလေးဘဝအတွေးအခေါ်ကနေကြီးပျင်း ရင့်ကျက်လာတဲ့အချိန်ပြောင်းလဲလာတဲ့စိတ်ထားကို ပုံဖော်ထားရုံတင်ပါပဲအဲဒီခေတ်က ဗီယက်နမ်မိန်းကလေးတယောက်ရဲ့ ဘဝပုံစံပေါ့၁နာရီနဲ့ မိနစ်၄၀ လောက်ကြာတဲ့ ဇာတ်ကားဖြစ်ပေမဲ့လို့ဒိုင်ယာလော့ဂ်များများစားစားမပါဘဲရိုက်ကွက်တွေရယ် တီးလုံးနောက်ခံလေးရယ်နဲ့ဇာတ်လမ်းကိုသွားထားတာပါဒီရုပ်ရှင်ကို Vietnam Film ဆိုပြီး အထင်မသေးလိုက်ပါနဲ့Cinematography ကောင်းတဲ့အပြင်Musical theme ရော သရုပ်ဆောင်ပိုင်းရောကောင်းပါတယ်IMBD 7.3, rotten tomatoes 100% ထိရထားတဲ့ ဗီယက်နမ်ရုပ်ရှင်ပါဒါရိုက်တာက Haruki Murakami ရဲ့ Norwegian Wood ကိုရိုက်ကူးခဲ့တဲ့ Tran Anh Hung ပါပဲသူ့ရဲ့ ၉၀ခုနှစ်တွေတုန်းက အတော်ပေါက်ခဲ့တဲ့ အနုပညာလက်ရာပေါ့သူဟာ ဒီရုပ်ရှင်နဲ့ ဆုတွေအများကြီးရခဲ့သလိုဒီရုပ်ရှင်ကိုယ်တိုင်လည်း ကိန်းရုပ်ရှင်ပွဲတော်မှာGolden Camera, ...
movie

The Scent of Green Papaya (1993)

Leap Year (2010) 6.4
Leap Year (2010) သာမန်ချိန်မှာဆိုရင် ယောင်္ကျားလေးကပဲ ချစ်သူရည်းစားမိန်းကလေးကို လက်ထပ်ခွင့်တောင်းကြပေမယ့်Leap Year ရက်ထပ်နှစ်ရဲ့ Feb 29 ရက်နေ့မှာဆိုရင်တော့ မိန်းကလေးတွေကကိုယ်ချစ်တဲ့သူကို လက်ထပ်ခွင့်တောင်းလို့ရတဲ့အစဉ်အလာရှိပါတယ်။ဒီအကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ မင်းသမီး Amy Adams နဲ့ မင်းသား Matthew Goode တို့ရဲ့ Romance Comedy ရုပ်ရှင်လေး Leap Year (2010) ကိုခံစားကြည့်ရှုကြပါဦး။IMDb (6.4/10) ထိ ရရှိထားပြီး ဒီနေ့လို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ သေချာပေါက်ကြည့်သင့်ပါတယ်။အောက်မှာတော့ Ye Hut Khoung Wordpress ကကူးယူလာတဲ့ ရုပ်ရှင်ခံစားမှုဆောင်းပါလေး ရှိပြီးတော့ စပွိုင်လာတချို့ပါနိုင်ပါတယ်။+++++++++++++++++++++++LEAP YEAR (2010)◾ ဘော့စတွန် မြို့ကကောင်မလေးတစ်ယောက်။အိမ်ခြံမြေ အလုပ်မှာ အတော်လေး နေရာရပီး ဝင်ငွေ ကောင်းပြီး အလုပ်အကိုင် လည်း အရမ်းအဆင်ပြေနေတဲ့ မိန်းကလေး။ သူက ဖော်ရွေပြီး ချစ်စရာကောင်းတယ်။ သတ္တိလည်းရှိသလို တဇွတ်ထိုးလည်း ...
movie

Leap Year (2010)

A Cup of Flavor (2023)
A Cup of Flavor (2023) A Cup of Flavor (2023)အချစ်ဆိုတာ ကော်ဖီတစ်ခွက်လိုပါပဲတဲ့။ ခါးသက်မှုနဲ့ ချိုမြိန်မှုတွဲဖက်နေတဲ့အရာပေါ့။ ကော်ဖီလိုပဲ စွဲလမ်းမှုပါပေးပါတယ်။ အချစ်ဆိုတာကို လူတွေဟာ သမိုင်းအဆက်ဆက် အဓိပ္ပာယ်ဖွင့်ဆိုကြပေမဲ့ ခုထိလဲ ဘယ်သူမှတိတိကျကျမပြောနိုင်ပါဘူး နောက်လဲ အဖြေရှာတွေ့မှာမဟုတ်ပါဘူး။ ဒါကြောင့်ပဲ အချစ်ဆိုတာ အချစ်လို့ပဲ သတ်မှတ်လိုက်ပါ။ အချစ်ဆိုတာကို လူတွေအများကြီးက အဓိပ္ပာယ်ဖွင့်ဆိုကြတယ် တင်စားကြတယ် ဖွဲ့နွဲ့ကြတယ်။ ဒါပေမဲ့ ဘယ်တုန်းကမှပြီးဆုံးတယ်ဆိုတာ မရှိပါဘူး။ လူတွေမှာ ခံစားတတ်တဲ့နှလုံးသားရှိနေသရွေ့ အချစ်ဆိုတာတည်ရှိနေမှာဖြစ်သလို အချစ်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေ ကဗျာတွေဟာလဲ အမြဲမရိုးနိုင်ဖြစ်နေဦးမှာပါ။ အချစ်ရဲ့အကြောင်းရာတွေကို ဇာတ်လမ်းဆင်ပြထားရတဲ့ ဇာတ်လမ်းလေးထဲမှာ ၂၀၂၃ တုန်းကထွက်ထားတဲ့ ဖိလစ်ပိုင် အချစ်ကားလေးကိုလဲသဘောကျမိမှာအမှန်ပါပဲ။အစ်စီဆိုတဲ့ကောင်မလေးဟာ ဖိလစ်ပိုင်က ကော်ဖီတွေစိုက်တဲ့ နယ်မြို့လေးမှာ နေတဲ့ကောင်မလေးတစ်ယောက်ပေါ့။ သူတို့မြို့လေးက ကော်ဖီခြံတွေကို မနီလာကနေလာတဲ့ သူဌေးတွေက ဝယ်ထားပြီး အဲ့ကကော်ဖီစိုက်သူတွေကိုလဲ အလုပ်ပေးထားတော့ မိရိုးဖလာ ကော်ဖီစိုက်တဲ့ တောင်သူတွေခက်ခဲကုန်ကြတာပေါ့။ တောင်သူတွေတော်တော်များများကလဲ နယ်မြို့လေးမှာ မနေတော့ပဲ မနီလာမြို့ကြီးကိုတက်ပြီး ပိုက်ရှာဖို့ ထွက်ကုန်ကြတာပေါ့။ သူတို့မြို့လေးဟာ ခက်ခဲပြီး ဒေသခံတွေလဲ မရှိသလောက် ခြောက်ကပ်နေတာပေါ့။ ဒါပေမဲ့ အစ်စီမှာ အိပ်မက်တစ်ခုရှိပါတယ် သူတို့မြို့လေးကို တိုးတက်အောင်ကူညီမယ်ဆိုတဲ့အိပ်မက်ပေါ့။ တစ်နေ့မြို့ထဲကို လမ်းပျောက်ပြီးရောက်လာတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ပြီးနောက် အစ်စီရဲ့ဘဝလေးထဲ ဒီလူကဘယ်လိုပါဝင်ပတ်သက်လာမယ်ဆိုတာ ...
movie

A Cup of Flavor (2023)

2023
Game On (2024) 8.1
Game On (2024) Game On 2024 (ဘဝကစားပွဲ)ဆစ်ဒဟာ့သ်လို့ ခေါ်တဲ့ကောင်လေးဟာ ဂိမ်းကုမ္ပဏီတစ်ခုမှာ မားကတ်တင်းပိုင်းတာဝန်ယူထားပြီး ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေသူတစ်ဦးဖြစ်ပါတယ်။သူ့ဘဝမှာလည်း အဖော်ဆိုလို့ အချစ်ဆုံးသူငယ်ချင်းရာဟူးလ်နဲ့ အချစ်ရဆုံးသောချစ်သူ မော့ခ်ရှာတို့နှစ်ယောက်ပဲ ရှိပါတယ်။ သူငယ်ချင်းကိုလည်း မရှိမဖြစ် အရမ်းချစ်သလို ချစ်သူကိုလည်း မျက်နှာလေးမညှိုးစေရအောင် အကုန်လိုက်ဖြည့်စည်းပေးနေတဲ့ ဆစ်ဒဟာ့သ်ကို သူ့ရဲ့ချစ်သူနဲ့ သူငယ်ချင်းက ပေါင်းပြီးတော့ သူ့ရဲ့ပရောဂျက်ကို လုယူပြီးအလုပ်ပြုတ်အောင်လုပ်ရုံတင်မကဘဲ နှစ်ယောက်သားဖောက်ပြန်ကြတာကိုသိသွားတာတောင် နောက်ထပ်မလုပ်ဘူးကတိပေးရင် ခွင့်လွှတ်ပေးမယ်ဆိုပြီးပြောတဲ့ ပုခုံးကောင်းကောင်းဂျိုပေါက်နေတဲ့ဆစ်ဒဟာ့သ်။ဒီလိုနဲ့ ဘဝမှာ အလုပ်ရော ချစ်သူကိုပါ ဆုံးရှုံးခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လုပ်ဖို့ ထွက်လာတဲ့လမ်းမှာတောင် ဓားပြက တိုက်ခံရသေးတယ်။ သူ့ရဲ့အဖြစ်ဆိုးလှတဲ့ဘဝကြီးကို ထိုင်တွေးနေရင်း ဖုန်းတစ်ကောလ်ဝင်လာခဲ့ပါတယ်... အဲဒီဖုန်းကောလ်ကတော့ ငယ်ငယ်က ဆော့တဲ့ဂိမ်းတွေလိုမျိုး မစ်ရှင်တွေလုပ်ပြီး အောင်မြင်ရင် တကယ့်ပိုက်ဆံရမယ့်ဂိမ်းပဲဖြစ်ပါတယ်။ အစပိုင်းမှာ ယင်ကောင်သတ်တာမျိုး ကလေးကိုငိုအောင်လုပ်ရတာမျိုးလို မစ်ရှင်သေးသေးလေးတွေလုပ်ရင်း ပိုက်ဆံရနေပေမဲ့ နောက်ပိုင်းမှာရော ဘယ်လိုမစ်ရှင်တွေ လုပ်ဆောင်ရမလဲ ....... ဆိုတာကို ဟာသလေးတွေနှောရင်း ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Game On (2024)

2024
(18+) Poor Things (2023) 8.4
(18+) Poor Things (2023)  အော်စကာ အကောင်းဆုံးရုပ်ရှင်ဆု၊ မင်းသမီးဆု၊ ဇာတ်ပို့ဆု၊ ဒါရိုက်တာဆု၊ နောက်ခံဂီတဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ဇာတ်ညွှန်းဆု၊ ဝတ်စုံဆု၊ ရိုက်ကွင်းဆု၊ မိတ်ကပ်ဆံပင်ဆု၊ တည်းဖြတ်ဆုတွေ ဆန်ကာတင် ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးပွဲမှာလည်း အကောင်းဆုံး မင်းသမီး၊ မင်းသား၊ ဇာတ်ပို့၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ဂီတဆုတွေ ရရှိထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ သိပ္ပံစိတ်ကူးယဉ် Dark Comedy အမျိုးအစားပါပဲ။ ဖရန်ကင်စတိုင်းကို အခြေခံထားပါတယ်။ Alasdair Gray ရဲ့ ၁၉၉၂ ထုတ် Poor Things စာအုပ်ကို အခြေခံထားတာပါ။ လန်ဒန်ဝိတိုရိယခေတ် အမျိုးသမီးတစ်ယောက် သေပြီးသွားတော့မှ ဦးနှောက်အစားထိုး အသက်သွင်းခံရပြီး လောကကြီးကို အစကနေ ပြန်လေ့လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေက‌တော့ Emma Stone, Mark Ruffalo, Willem Dafoe, Ramy Youssef, Christopher Abbott, နဲ့ ...
movie

(18+) Poor Things (2023)

4K HEVC
First Girl I Loved (2016) 6.1
First Girl I Loved (2016)  IMDb 6.1 Rotten Tomatoes 90%ဒီတစ်ခါမှာတော့2016 Sundance Film Festival မှာAudience Award ရရှိခဲ့တဲ့ LGBTQ+ကားကောင်းလေးတစ်ကောင်းကို CM ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းလေးကတော့ လူတောသိပ်မတိုးတဲ့ကျောင်းမှတ်တမ်းဌာနက ကျောင်းသူလေး Anne နဲ့ နာမည်ကြီးSoftball စတား ဖြစ်တဲ့ Sasha တို့ နှစ်ယောက်ကြားထဲကဆယ်ကျော်သက် အချစ်ဇာတ်လမ်းလေးပါပဲ ။ ကျောင်းမှတ်တမ်းစာအုပ်အတွက် မှတ်တမ်းယူပေးဖို့ Softball ပွဲ လိုက်ကြည့်ရာကနေSasha ကို ကြွေသွားတဲ့ Anne ဟာ ဒီအကြောင်းတွေကိုသူ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Cliffton ကို ရင်ဖွင့်ခဲ့ပါတယ် ။ဒီလိုကနေ “လိင်တူချင်းကြိုက်တယ်”ဆိုတာကို လက်ခံနိုင်ပုံမရတဲ့Cliffton က Anne နဲ့ Sasha တို့ကြားထဲမှာ ခလုတ်ကန်သင်းတစ်ခုလိုဖြစ်လာပါတော့တယ် ။ ဒါပေမယ့် သူတို့နှစ်ယောက်ဆက်ဆံရေးမှာ ခလုတ်ကန်သင်းဖြစ်နေတာက Cliffton ပဲမဟုတ်ပါဘူး ။ ပတ်ဝန်းကျင်အသိုင်းအဝိုင်း ၊ မိဘ ...
movie

First Girl I Loved (2016)

The Origin of The Legend Of Meng Po ( 2024 ) 5.8
The Origin of The Legend Of Meng Po ( 2024 ) လူတွေသေဆုံးပြီးတဲ့အခါ လက်ရှိဘဝကမှတ်ဉာဏ်တွေကိုမေ့ပျောက်ပစ်ပြီး ပြန်လည်ဝင်စားဖို့အတွက် မုန့်ဖော်ဟင်းရည်ကိုသောက်ပြီး မေ့လျော့ခြင်းမြစ်ကူးတံတားကိုကူးကြရတယ်ဆိုတဲ့ တရုတ်ဒဏ္ဍာရီတစ်ခုကို ကြားဖူးကြမယ်လို့ထင်ပါတယ် ။ဒီဇာတ်ကားကတော့ အဲဒီမုန့်ဖော်ဟင်းရည်ရဲ့ မူလအစက ဘယ်ကဖြစ်တည်လာတယ်ဆိုတဲ့ သမိုင်းကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။သေဆုံးပြီးသားဝိဉာဉ်တွေက မုန့်ဖော်ဟင်းရည်ကိုသောက် သေဆုံးခဲ့တဲ့ဘဝတစ်ခုလုံးကမှတ်ဉာဏ်တွေကို မေ့ပြီးတော့ လူဝင်စားဖို့လုပ်ဆောင်ရပါတယ် ။ သေချာပေါက်ပေါ့.. ဒီဘဝရဲ့မှတ်ဉာဏ်တွေကို မေ့မပစ်နိုင်တဲ့သူတွေ ၊ အစွဲအလမ်းတွေရှိလို့ ကျန်ခဲ့တဲ့သူတွေကို စိတ်မချကြတဲ့ဝိဉာဉ်တွေကတော့ မုန့်ဖော်ဟင်းရည်ကိုမသောက်လိုကြပါဘူး ။ အဲဒီလိုမသောက်လိုတဲ့အခါမှာ မေ့လျော့ခြင်းမြစ်ရဲ့ အောက်ဘက်က ဝမ့်မြို့တော်မှာ နှစ်တစ်ထောင် အတိဒုက္ခခံစားကြရပါတယ် ။ဒီလိုနဲ့ နှစ်တစ်ထောင်ပြည့်တဲ့နေ့မှာ မုန့်ဖော်ဟင်းရည်တိုက်ကျွေးသူ မုန့်ဖော်အမည်ရတဲ့နတ်သမီးက ဝမ့်မြို့တော်တံခါးကိုဖွင့်ပြီး အထီးကျန်ဝိဉာဉ်တွေနဲ့ဝိဉာဉ်ရိုင်းတွေကို မုန့်ဖော်ဟင်းရည်ထပ်တိုက်ပြီး ဘဝကူးပေးဖို့လုပ်ဆောင်ရပြန်တယ် ။မထင်မှတ်ထားတာကတော့ ဝမ့်မြို့မှာအဖမ်းခံထားရတဲ့ နတ်ဆိုးဘုရင်ရှိုးလော်ဟာ ပြန်လည်နိုးထလာခဲ့ပြီး မုန့်ဖော်ကိုတိုက်ခိုက်လာပါတော့တယ် ။ တချိန်တည်းမှာပဲ အသက်ရှိဝိဉာဉ်တစ်ကောင်ကလည်း ဝမ့်မြို့တော်ကိုရောက်ရှိနေပါသေးတယ် ။ ယမမင်းနေရာကိုလိုချင်နေတဲ့ ရှိုးလော်ကမုန့်ဖော်ကိုဘယ်လိုစီရင်သွားမလဲ ? အသက်ရှိဝိဉာဉ်ကရောဘယ်သူဖြစ်မလဲ ? ယမမင်းနဲ့ရှိုးလော်ကြားက ပြိုင်ဆိုင်မှုတွေကြား မုန့်ဖော်တစ်ယောက် ဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Fantasy Runtime : 1h ...
movie

The Origin of The Legend Of Meng Po ( 2024 )

Fake (2003) 6.5
Fake (2003) အတုအယောင် (၂၀၂၃)ဘေး ဘိုး စုန်င်လို့ ခေါ်တဲ့ လူငယ်လေးသုံးယောက်က ဘန်ကောက်က တိုက်ခန်းလေးတစ်ခုမှာ သူငယ်ချင်းသုံးယောက်စုနေကြတယ် ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့တစ်ဦးတစ်ယောက်ချင်းစီရဲ့ အချစ်ဇာတ်လမ်းလေးတွေကိုယ်စီဖြစ်လာကြတယ်တိုက်ဆိုင်တာတစ်ခုက သူတို့ချစ်ကြိုက် အသဲကွဲဝမ်းနည်းနေကြတဲ့ သူငယ်ချင်းသုံးယောက်နဲ့ပတ်သက်နေတဲ့ကောင်မလေးကလည်း ခွန်နာဆိုတဲ့မိန်းကလေးတစ်ယောက်တည်းနဲ့ပဲသက်ဆိုင်နေတယ်နောက်ဆုံးမှာ သူငယ်ချင်းသုံးယောက်ရဲ့ အချစ်ဇာတ်လမ်းလေးတွေ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူအားပေးကြပါဦးနော်ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Laila ဖြစ်ပါတယ်Genre..... Drama, Romance Quality…. 1080p | 720p File size… 3.9GB | 1.1GB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Laila Encoder ..... Aaron
movie

Fake (2003)

2003
The Boxer and the Butterfly (2023) 6.4
The Boxer and the Butterfly (2023) The Boxer and the Butterfly [2023] ( IMDb 6.6/10 )ရိုဝမ်နဲ့ နိုအာတို့ စုံတွဲဟာ ပက်ဗ်လိုဗာ ဖိတ်ခေါ်ပြိုင်ပွဲကြီးအတွက် အများကြီးကြိုးစားအားထုတ်ခဲ့ရပါတယ်... ဒါပေမယ့်လည်း ပြိုင်ပွဲနဲ့ နီးကပ်လာသည့်တိုင် သူတို့ရဲ့ ကကွက်တွေ စင်းလုံးမချောသေးတဲ့အတွက်ကြောင့် နိုအာကပဲ ရိုဝမ့်ကို လမ်းခွဲစကားပြောပြီး တခြားသော ကဖော်ကဖက်အသစ်ဆီ ကူးပြောင်းသွားခဲ့ပါတယ်... ဒီလိုမျိုး နိုအာက လုပ်သွားခဲ့သည်တိုင် ရိုဝမ်က အတတ်နိုင်ဆုံးနားလည်ပေးရင်း ချစ်ရသူနဲ့ ပြန်တွဲကရဖို့ ကကွက်တွေကို အပြင်းအထန်ပြန်လေ့ကျင့်ပါတော့တယ်... ဒီလိုနဲ့ပဲ ကကွက်အဆင်ပြေသွားလို့ နိုအာ့ဆီ ပြန်သွားခဲ့ပေမယ့် နိုအာက ပြိုင်ပွဲကိစ္စအတွက်တင်မဟုတ်ဘဲ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကိုပါ အဆုံးသတ်ချင်ခဲ့တာဖြစ်ကြောင်း ပြောပါတော့တယ်... အပစ်ပယ်ခံဖြစ်သွားတဲ့ ရိုဝမ်တစ်ယောက် နိုအာကို ပြိုင်ပွဲမှာ အနိုင်ယူချင်တာကြောင့် အခြားသော ကျွမ်းကျင်အကသမားတွေနဲ့ ချိတ်ဆက်ဖို့ ကြိုးစားပေမယ့် အဆင်မပြေခဲ့ပါဘူး... ဒီလိုနဲ့ သူ့ကို ကကွက်တိုင်မင်မှန်အောင် အကြံပေးခဲ့တဲ့ လက်ဝှေ့သမားဝေါ့တ်ကိုပဲ အကူအညီတောင်းဖို့ ဖြစ်လာပါတော့တယ်... လက်ဝှေ့နဲ့ အကဟာ ဘာတစ်ခုမှ မအပ်စပ်တာကြောင့်မို့ ရိုဝမ့်အနေနဲ့ ပြိုင်ပွဲအနိုင်ရရေးအတွက် ဘယ်လိုကြိုးစားအားထုတ်သွားမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်အညွှန်း ...
movie

The Boxer and the Butterfly (2023)

2023
Kapan Hamil? (2023)
Kapan Hamil? (2023) Kapan Hamil [2023]အယ်လန်နဲ့ နာဒရာတို့ လက်ထပ်ထားတာ ၃နှစ်ရှိပြီဖြစ်သည့်တိုင် ကလေးမထွန်းကားသေးတာက သူတို့အတွက် ပြဿနာတစ်ခုဖြစ်လို့နေပါတယ်... ပြဿနာဖြစ်ရခြင်းရဲ့ အဓိကလက်သည်ကတော့ အယ်လန့်အမေပါ .. အယ်လန့်အမေက တချိန်လုံး နာဒရာ့ကို ကိုယ်ဝန်ရှိမရှိနဲ့ ပက်သက်ပြီးတော့ စစ်လားဆေးလားမေးလားမြန်းလား လုပ်လွန်းတဲ့အတွက် သူတို့လင်မယားအဖို့ စိတ်ဖိစီးစရာ ဖြစ်နေပါတော့တယ်... ဒီလိုနဲ့ တနေ့မှာ သူတို့နှစ်ဦး ဆေးခန်းပြဖို့ သဘောတူလိုက်ကြပါတော့တယ်... အယ်လန်ရဲ့မိခင်က သူ့သားဟာ သားသမီးအရမ်းထွန်းကားတဲ့ မျိုးရိုးကဆင်းသက်လာသူမို့ ကိုယ်ဝန်မရရခြင်းဟာ နာဒရာ ချို့ယွင်းနေတာကြောင့်လို့သာ တစ်ထစ်ချ ယုံကြည်ထားပါတယ်... တကယ်တော့ ချို့ယွင်းနေတာဟာ အယ်လန်သာ ဖြစ်ပါတယ်... အယ်လန်ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းရှင် Social influencer တစ်ယောက်ဖြစ်နေတာမို့ သူ့ရဲ့ မြုံနေတဲ့ အားနည်းချက်ကို ဖုံးဖိဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်... ဒါပေမယ့်လည်း အဆုံးမှာ ဇနီးသည်က ဖန်ပြွန်သန္ဓေသားကုထုံးကို လက်ခံလိုက်တာမို့... ကိုယ့်သွေးရင်းသားရင်းကသာ လိုချင်တဲ့ အယ်လန်တစ်ယောက် အခက်ကြီးကြုံရပါတော့တယ်... ဒီလိုနဲ့ အယ်လန့်အနေနဲ့ ဒီအခက်အခဲတွေကြားက ဘယ်လိုကျော်လွှားသွားမလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Kapan Hamil? (2023)

2023
Five Blind Dates (2024)
Five Blind Dates (2024) Five Blind Dates (2024)ဒီကားလေးကတော့ အခုလကမှထွက်ရှိလာပြီး ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဟာသရိုမန့်အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်။လီရာက မွေးရပ်မြေ တောင်းဗေးလ်စ်ကထွက်ပြီး အဖွားဆီက အမွေရထားတဲ့ပိုက်ဆံတွေနဲ့ ဆစ်ဒနေးကိုတက်လာပြီး တရုတ်လက်ဖက်ရည်ဆိုင်ဖွင့်ထားပြီး အရှုံးပေါ်မလိုဖြစ်နေတာပါ။တစ်နေ့ကျတော့ အစ်မဖြစ်သူအဲလစ်ရဲ့ စေ့စပ်ပွဲပါတီကြောင့် တောင်းဗေးလ်စ်ကိုပြန်ရင်း အဲဒီမှာရှိတဲ့ ဗေဒင်ဆရာမက စီးပွားရေးလမ်းကြောင်းနဲ့နှလုံးသားလမ်းကြောင်းက ရစ်နွယ်နေတာမလို့ စီးပွားရေးတက်ချင်ရင် ဘလိုင်းဒိတ်ငါးခုလုပ်ပြီး စစ်မှန်တဲ့လက်တွဲဖော်ရှာရမယ်လို့ဟောလိုက်ပါတယ်။လက်ဖက်ရည်ဆိုင် အရှုံးပေါ်ပြီး ပိတ်ရတော့မလိုဖြစ်နေတဲ့ လီရာတစ်ယောက် တွေ့ရာကောက်ရိုးမျှင်ဆွဲပြီး ဘလိုင်းဒိတ်လုပ်ရာကနေ ဘယ်လိုလူမျိုးတွေနဲ့တွေ့မလဲ... လက်တွဲဖော်ရောရှာတွေ့ပါ့မလား... လက်ဖက်ရည်ဆိုင်ရော အဆင်ပြေသွားပါ့မလား... ဆိုတာတွေကို ရယ်ရင်းမောရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 5.2GB, 1.6GB, 850MB Quality - 4K HEVC, 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 23Min Genre - ...
movie

Five Blind Dates (2024)

2024
4K HEVC
The Heartbreak Agency (2024) 5.3
The Heartbreak Agency (2024)  ခဏခဏအသည်းကွဲနေတဲ့ ဆရာကြီးတွေ ဆရာမကြီးတွေအတွက် ကုစားပေးနိုင်မဲ့နေရာကိုသိပါသလား။အဲ့ဒီနေရာကတော့အရက်ဆိုင်တို့ ဘာတို့ မဟုတ်ဘဲနဲ့အခုတင်ဆက်ပေးမဲ့The Heartbreak Agency လို့ခေါ်တဲ့ဇာတ်ကားထဲကအေဂျင်စီမှာပဲဖြစ်ပါတယ်။IMDb Rating 5.3 ရရှိထားပြီးအရမ်းကြီးလည်းမဆိုးသလို ကြည့်ပျော်ရှုပျော်ရှိတဲ့အခြေအနေမှာရှိတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။အစပိုင်းမှာ ကားလ်ဆိုတဲ့စာရေးဆရာတစ်ယောက်ကဆော်နဲ့ ရုတ်တရက်ကြီးကောက်ကာငင်ကာပြတ်သွားတာကိုတွေ့ရမှာဖြစ်ပြီး အဲ့ဒီကိစ္စကိုမကျေနပ်လို့ လိုက်စုံစမ်းတဲ့အခါမှာတော့ အသည်းကွဲတဲ့လူတွေ အတွက်ဝန်ဆောင်မှုပေးနေတဲ့အေဂျင်စီတစ်ခုကို ထောင်ထားတဲ့မာရီယာလို့ ခေါ်တဲ့ မိန်းမတစ်ယောက်ရဲ့ အကြံပေးမှုကျေးဇူးကြောင့်ဆိုတာကို သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ သူလည်းစာရေးဆရာ ပီပီမာရီယာ့အပေါ်မကျေနပ်ချက်တွေကို ခပ်ရိုင်းရိုင်းဆောင်းပါးတစ်ပုဒ်ရေးပြီးဘာမပြောညာမပြောကောက်တင်လိုက်တဲ့အခါမှာတော့ အလုပ်ပြုတ်သွားပါတော့တယ်။ကျဆင်းသွားတဲ့သူ့ဘ၀ကြီးကို ပြန်အဖတ်ဆည်ဖို့အလုပ်ပြန်ရအောင်ကြိုးစားခဲ့ပေမဲ့ မရနိုင်တာကြောင့် အရင်ကုမ္ပဏီမှာပဲပြန်သွား တောင်းပန်တဲ့အခါမှာ အလုပ်ပြန်ပေးမယ်လို့ ကမ်းလှမ်းခံခဲ့ရပါတော့တယ်။ဒါပေမယ့် အဲ့လိုအလုပ်ပြန်ရဖို့သူလုပ်ရမှာတစ်ခုရှိပြီး အဲ့ဒါကတော့မာရီယာထောင်ထားတဲ့ အဲ့ဒီအသည်းကွဲအေဂျင်စီမှာ ကုထုံးသွားခံယူရမှာပဲဖြစ်ပါတယ်။ဒီလိုနဲ့ အလုပ်ပြန်ရချင်ဇောနဲ့သူအမြင်ကပ်နေတဲ့ အဲ့ဒီအေဂျင်စီမှာကုထုံးသွားခံယူပြီးနောက်ပိုင်း မာရီယာနဲ့ သူ့ကြားမှာဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကြည့်ရမဲ့ဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။  File size…1.45GB / 675MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

The Heartbreak Agency (2024)

A Soweto Love Story (2024) 5.5
A Soweto Love Story (2024) ပေါ့ပေါ့ပါးပါးမိသားစုနဲ့ အပန်းဖြေကြည့်လို့ရတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ..2024 V day မှာတင် လတ်လတ်ဆတ်ဆတ် ထွက်ထားတဲ့A Soweto love Story ဆိုတဲ့အာဖရိကန်ကားကောင်းလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့မိသားစုထဲမှာ သားတွေချည်းသုံးယာက်မွေးထားပြီးတစ်ယောက်မှ မိန်းမမရသေးလို့ စိတ်ပူနေရတဲ့မုဆိုးမအိုအမေကြီးနဲ့ဇာတ်လမ်းတည်ထားပါတယ်..သားအကြီးကလည်း လူတွေနဲ့မပေါင်းတတ်မသင်းတတ်ဇီဇာကြောင်တတ်တဲ့ လူပျိုသိုးကြီး သားလတ်ကလည်းဆော်မြင်ရင် ကြာပစ်တတ်တဲ့အကျင့်ကြောင့် ဆော်ကမယုံကြည်အငယ်ဆုံးသားလေးကလည်း သူ့ကိုသူဇွတ်ကျားပါပြောပေမဲ့အရမ်းနွဲ့တဲ့ fashion designer ဖြစ်နေလို့ လက်လျော့ထားတာပါနောက်ဆုံး ဒီသားသုံးယောက်လုံးကိုစိတ်မရှည်တဲ့ မုဆိုးမအမေကနှစ်မကုန်ခင် ပထမဆုံးလက်ထပ်နိုင်တဲ့သူကိုမိသားစုအိမ်ကြီးအမွေပေးမယ် မဟုတ်ရင်ရောင်းပစ်မယ်ဆိုပြီးကြိမ်းလိုက်တဲ့အခါကျမှ သားသုံးယောက်လုံး မျက်ကလူးဆန်ပြာနဲ့မိန်းမထရှာတဲ့အခါ ဖြစ်လာတဲ့အလွဲတွေ လူ့သဘာဝရီစရာလေးတွေကိုပေါ့ပေါ့ပါးပါးကြည့်ရမှာပါ သာမန်မိသားစုကားလေးပေမဲ့ ပုံမှန်ဇာတ်လမ်းတွေလိုဘာဖြစ်လာမှာလဲတွေ ကြိုသိနေရတာမျိုးတွေမရှိပဲလှည့်ကွက်ကောင်းကောင်းဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ဆက်ထားတဲ့ကားမလို့ ကြည့်ရတာတန်တဲ့ဇာတ်ကားလေးပါလို့ ညွှန်းလိုက်ပါတယ်.. File size…1.83GB / 859MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

A Soweto Love Story (2024)

Been There All Along (2023) 6.0
Been There All Along (2023)  ကျွန်တော်တို့ဘဝမှာ တခါတလေ ကိုယ်ချစ်တဲ့သူတွေအနားကနေ ထွက်ခွာသွားမှာစိုးတာနဲ့ ကိုယ့်ပုံစံအမှန်ကိုဖုံးကွယ်လိမ်ညာပြီး နေခဲမိတဲ့အခိုက်အတန့်ကိုလူတိုင်းကြုံဖူးကြလိမ့်မယ်ထင်ပါတယ်အဲ့ဒီဆက်ဆံရေးတွေက တကယ်ပဲရေရှည်တည်တံ့ခဲ့ရဲ့လားကျွန်တော်တို့ကိုယ်တိုင်ကရော သူတစ်ပါးရဲ့ပုံစံခွက်ထဲမှာအံဝင်ဂွင်ကျဖြစ်ခဲ့ကျရဲ့လား ဒီဇာတ်ကားက အွန်လိုင်းကနေချစ်သူရှာတဲ့ အက်ပ်လီကေးရှင်းကုမ္မဏီရဲ့ စီအီးအိုတစ်ယောက်ဖြစ်တဲ့ ချာလီကူးပါးတစ်ယောက် သူမရဲ့ချစ်သူနဲ့လမ်းခွဲပြီးသွားတဲ့နောက် သူမရဲ့ဘဝနဲ့ကုမ္မဏီကိုပြန်လည်ကယ်တင်ဖို့ကြိုးစားပုံကို ဇာတ်အိမ်တည်ထားပြီးဒါရိုက်တာ Jim Cliffe ရိုက်ကူးပုံဖော်ထားပါတယ်ဒီဇာတ်ကားက rating 6/10 အထိရရှိထားပြီး မင်းသားAdam Hollick နဲ့ ၂၀၂၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ Cam with Caffsဆိုတဲ့ ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကိုရရှိထားတဲ့ မင်းသမီး Mallin Collinsတို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအစမှာ ချာလီတစ်ယောက်သူမရဲ့ရည်းစားက သူတို့လမ်းခွဲပျက်စဲတဲ့အကြောင်းကို လိုင်းပေါ်မှာတင်လိုက်တဲ့အတွက်ကြောင့် ကုမ္မဏီပြိုလဲတော့မယ့်အရေးနဲ့ကြုံတွေ့လာပါတယ် ချာလီတစ်ယောက် စီးပွားရေးအကြံပေးတစ်ယောက်ဖြစ်တဲ့ လီယမ်ရဲ့အကူအညီနဲ့ ကုမ္မဏီနဲ့သူမရဲ့ပုံရိပ်ကိုပြန်လည်အဖတ်ဆယ်ဖို့နဲ့ ကုမ္မဏီရဲ့ အွန်လိုင်းကနေချစ်သူရှာတဲ့အက်ပ်လီကေးရှင်းအသစ်က အမှန်တကယ်အလုပ်ဖြစ်ကြောင်းသက်သေပြဖို့ကြိုးစားရာမှာ ဘာတွေဆက်ဖြစ်မှာလဲ..ဘယ်လိုအခက်အခဲတွေကိုကြုံတွေမလဲ..ချာလီတစ်ယောက်တကယ်ပဲ အက်ပ်လီကေးရှင်းအကူအညီနဲ့ကောင်လေးရသွားနိုင်မလား ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ဒီ Been There All Along ဆိုတဲ့ romanceဇာတ်ကားလေးထဲမှာ ကြည့်ရှုသူ ...
movie

Been There All Along (2023)

Shining for One Thing ( 2024 ) 5.9
Shining for One Thing ( 2024 ) C Drama ပရိသတ်ကြီးအတွက် လူငယ်အချစ်ဒရာမာလေးတစ်ကား CMမှတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးက သာမန်ကျောင်းသားကားတွေနဲ့မတူတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့အထက်တန်းကျောင်းသားလေးတစ်ယောက်ဟာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးရင်သူတစ်ဖက်သတ်ချစ်နေခဲ့ရတဲ့ ကောင်မလေးကိုဖွင့်ပြောမယ်လို့ဆုံးဖြတ်ခဲ့တယ်။ဒါပေမယ့် ရှိုးပွဲတစ်ခုမှာမတော်တဆပေါက်ကွဲသွားပြီးတော့ ပြန်ဖြည့်ဆည်းမရနိုင်တဲ့နောင်တတွေရခဲ့တယ်။ ဒါပေမယ့် ရုတ်တရက်သူနိုးလာတော့ ကျောင်းသားလေးက အတိတ်ကိုပြန်ရောက်သွားတာကိုသိလိုက်ရတယ်။ဒီလိုနဲ့ နွေရာသီကျောင်းပိတ်ရက်မှာ ချစ်သူကိုကာကွယ်ဖို့ကြိုးစားရင် တိတ်တခိုးအချစ်ကို ဖွင့်ဟနိုင်ဖို့သတ္တိတွေမွေးလာခဲ့ပါတယ်။ ဒါပေမယ့် ဒီအရာတွေအားလုံးကသူထင်သလိုရိုးရှင်းနိုင်ပါ့မလား...... လူငယ်လေးရဲ့ဆန္ဒတွေကိုပြည့်ဝအောင်လုပ်နိုင်ပါ့မလား...... သူ့ရဲ့တစ်ဖက်သက်အချစ်ကရော လှပတဲ့အဆုံးသတ်ရှိပါ့မလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Shining for One Thing ( 2024 )

Aayiram Porkaasugal (2023) 7.6
Aayiram Porkaasugal (2023) Aayiram Porkaasukal (2023) "ရွှေဒင်္ဂါးတစ်ထောင်"========================================စီအမ်ပရိသတ်တွေအတွက် ခွီလည်းခွီ ရယ်လည်းရယ်ရတဲ့ IMDb 7.7 ရ တမီလ်စကားပြော တောင်ပိုင်း ကျေးလက်ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ထရီချီဆိုတဲ့မြို့နားက ရွာလေးတစ်ရွာမှာ အိမ်ထောင်စု ၃၄၄ စုရှိပါတယ်။ အဲဒီရွာထဲမှာ အားလုံးက အလုပ်လုပ်ကြပေမဲ့ အန်နီမူသူဆိုတဲ့လူကတော့ အစိုးရက အလကားပေးတာတွေကိုပဲ ဂုံးဆင်းရှင်သန်ရင်း ဟင်းစားလိုရင်တောင် ဘေးအိမ်ကကြက်ကိုပဲ ခိုးဖမ်းချက်စားတဲ့ လက်ကြောမတင်း အလုပ်မလုပ်သူလူပျိုကြီးပါ။တစ်နေ့မှာတော့ သူ့ဆီကို သူ့ရဲ့ညီမက တခြားရွာမှာပြဿနာရှာထားတဲ့ သားဖြစ်သူသမီးလ်ကို အန်နီမူသူ့ဆီ အားကိုးတကြီးနဲ့ လာပြီး အပ်သွားခဲ့ပါတယ်။ သူ့ရဲ့တူတော်မောင် သမီးလ်ကတော့ ယဉ်ကျေးလိမ္မာကောင်လေးဖြစ်ပြီး ဦးလေးကိုလည်း ရိုသေကာ ရွာထဲကအပျိုတွေ အသားလွတ်ဝိုင်းကြိုက်တာခံရတဲ့ ရွာရဲ့စော်ကြည်ဘဲပေါ့။ဒီလိုနဲ့ သူတို့ရွာမှာ အစိုးရရဲ့ စီမံကိန်းနဲ့ အိမ်တိုင်းမှာ အိမ်သာဆောက်ဖို့ တွင်းတွေတူးကြရင်း အန်နီမူသူရဲ့တွင်းထဲကနေ ရွှေဒင်္ဂါး ၁၀၀၀ ပါတဲ့ မြေအိုးတစ်လုံးကို ရှာတွေ့ရာကနေ တစ်ရွာလုံး တစ်ယောက်တပေါက်နဲ့ တလွဲတွေဖြစ်ကြပါတော့တယ်...။(ဒီရုပ်ရှင်အတွက် ...
movie

Aayiram Porkaasugal (2023)

2023