Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Romance
5.5
The Tearsmith (2024)
အီတလီဆယ်ကျော်သက်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့The Tearsmith ဟာ ၂၀၂၄ ဧပြီ ၄ ရက်ကမှ ထွက်ရှိထားတာဖြစ်ပါတယ်။ Erin Doom ရေးသားထားတဲ့The Tearsmith ဝတ္တုကိုအခြေခံပြီး Alessandro Genovesi ကရိုက်ကူးပေးထားတာပါ။ Simone Baldasseroni နဲ့Caterina Ferioli က ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားပြီးGen Z ပရိသတ်တွေအတွက် ရည်ရွယ်ဖန်တီးထားတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************မိဘတွေက ကားမတော်တဆမှုကြောင့်ဆုံးပါးသွားတဲ့အတွက်နီကာဟာ ဂရေ့ဗ်လို့နာမည်ပြောင်ခေါ်ကြတဲ့မိဘမဲ့ဂေဟာကိုရောက်ရှိလာခဲ့ပါတယ်။ ဂရေ့ဗ်မှာ နီကာဟာ သူ့ကိုရင့်ရင့်သီးသီးဆက်ဆံလေ့ရှိတဲ့ရီဂျယ်ဆိုတဲ့ကောင်လေးနဲ့သာမက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်လာတဲ့ အာဒဲလင်နဲ့ပါဆုံတွေ့ခဲ့ပါတယ်။ နီကာအရွယ်ရောက်လာချိန်မှာတော့ မီလီဂန်မိသားစုက ရီဂျယ်နဲ့အတူမွေးစားဖို့ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ မိသားစုတစ်ခုအမြဲလိုချင်နေခဲ့တဲ့နီကာဟာ မိဘအသစ်တွေရဲ့မေတ္တာကိုအပြည့်အဝရရှိပေမယ့် မပျော်ရွှင်နိုင်သေးဘဲ ဂရေ့ဗ်မှာကြုံခဲ့ရတဲ့နှိပ်စက်ညှင်းပန်းမှုတွေရဲ့အကျိုးဆက်ကိုခံစားနေရဆဲဖြစ်သလို ရီဂျယ်ကသူ့ကိုဘာလို့ရင့်ရင့်သီးသီးဆက်ဆံနေခဲ့လဲဆိုတဲ့အကြောင်းရင်းကိုသိရှိသွားတဲ့အခါမှာတော့ နီကာဘာဆက်လုပ်မှာလဲဆိုတာဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…1.25GB / 574MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
The Tearsmith (2024)
Copenhagen (2014)
ဝီလျံဖို့ဒ်ဆိုတဲ့ အမေရိကန်လူငယ်လေးဟာ သူ့သူငယ်ချင်းအတွဲတစ်တွဲနဲ့အတူဥရောပကိုခရီးထွက်လာခဲ့ပါတယ်။ ခရီးစဉ်ရဲ့ရည်ရွယ်ချက်က သူ့ဖခင်ဆုံးသွားတဲ့နောက် ပစ္စည်းအဟောင်းလေးတွေကိုလှန်လှောရင်းရှာတွေ့ခဲ့တဲ့ စာလေးတစ်စောင်ကြောင့်ပဲ။လိပ်စာ၊ရည်ညွှန်းချက်အပြည့်အစုံပါပေမယ့် သူ့အဖေမပို့ဖြစ်ခဲ့တဲ့စာလေးကို သူ့အလှည့်မှာရောက်အောင်ပို့မယ်ဆိုပြီးထွက်လာခဲ့တာ။ အဲ့ဒီလိုဆုံးဖြတ်မိတာ ဘာကြောင့်လဲ သူကိုယ်တိုင်ရေရေရာရာမသိဘူး။ဖခင်ဖြစ်သူအပေါ်လည်း အဲ့ဒီလောက်လေးလေးနက်နက်ခံစားချက်ရှိတဲ့သူမဟုတ်ဘူး။သူ့စရိုက်ဟာ ညစ်ကျယ်ကျယ်ခပ်ရိုင်းရိုင်းဖြစ်တယ်။ အဲ့ဒီစရိုက်ကြောင့်ပဲ အတူခရီးသွားဖော် သူငယ်ချင်းအတွဲနဲ့ရန်ဖြစ်ပြီးလူချင်းကွဲသွားသလို အဲ့ဒီစရိုက်ကြောင့်ပဲ မြို့ခံမိန်းမငယ်လေး အက်ဖီနဲ့ ဘုဘောက်ကျပြီး မိတ်ဆွေဖြစ်ခဲ့ကြတယ်။ကိုပင်ဟေဂင်ဟာ သာမန်ဥရောပမြို့တစ်မြို့မဟုတ်ပဲ ဒင်နီယယ့် ဖခင်ရဲ့မွေးရပ်မြေဖြစ်ပါတယ်။ ဒင်နီယယ်ရဲ့ ဘာသာစကားအခက်အခဲကိုသိသွားတဲ့ အက်ဖီဟာ ဒင်နီယယ်သွားလိုတဲ့အရပ်ကို ကူညီစုံစမ်းရင်းနဲ့ ခရီးတိုလေးတစ်ခုကို စတင်မိခဲ့ကြပါတယ်။ အဲ့ဒီခရီးတိုလေးဟာ သူတို့နှစ်ဦးအတွက် တစ်သက်မမေ့နိုင်စရာ အဓိပ္ပါယ်တွေအများကြီးဆောင်ယူလာခဲ့မယ့် ခရီးလေးတစ်ခုဖြစ်လာပါတော့တယ်။Copenhagen က ၂၀၁၄တုန်းကထွက်ထားတဲ့ အင်ဒီကားလေးတစ်ကားပါ။ပရိသတ်တွေဆီကရော ဝေဖန်ရောဆရာတွေဆီကပါ ရီဗျူးအကောင်းတွေပိုင်ဆိုင်ထားပြီး၊ ရုပ်ရှင်ပွဲတော်တွေအများကြီးမှာ ဆုတွေရထားပါတယ်။ အင်ဒီကားဆိုပေမယ့် နားလည်ရခက်အောင် ပညာပြထားတာတွေမပါဝင်ပဲ ငြိမ့်ငြိမ့်ညောင်းညောင်းစီးမျောလို့ရမယ့် ဇာတ်ကားလှလှလေးတစ်ကားလည်းဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Adventure, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Copenhagen (2014)
Good Luck Chuck (2007)
ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၀၇ ခုနှစ်ထွက် အချစ်ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကပေါ့ပေါ့ပါးပါးနဲ့ စိတ်ကိုလွတ်လပ်ပေါ့ပါးစေမဲ့ကားလေပါ။ဆုတွေလည်းရရှိထားပါတယ်။ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေကတော့ Dane Cook၊ Dan Foglerနဲ့ မင်းသမီးကတော့ Fantastic four ဇာတ်ကားထဲကမင်းသမီး Jessica Alba ကသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ဆန်းဆန်းလေးနဲ့ရီရပါတယ်။ သွားဆရာဝန် ဒေါက်တာချာလီလိုဂန်ဟာ ငယ်စဉ်ကလေးဘဝတုန်းက ဆော့ကစားရင်နဲ့ ကလေးတစ်ယောက်ရဲ့ကျိန်စာအတိုက်ခံခဲ့ရပါတယ်။ သူနဲ့တွဲတဲ့မိန်းကလေးတိုင်း နောက်ကောင်တစ်ယောက်ဆီပါသွားစေရမယ်ဆိုပြီး ကျိန်စာတိုက်ခံလိုက်ရတာပါ။ အသက်ကြီးလာတော့ ရည်စားအများကြီးတွဲခဲ့ဖူးပေမဲ့လည်း အချစ်စစ်ကိုမခံစားဖူးခဲ့ပါဘူး။သူဟာသူရည်းစားဟောင်းရဲ့မင်္ဂလာဆောင်ကိုသွားရင်းနဲ့ အမျိုးသမီးတွေကြားနာမည်ကျော်ကြားသွားပါတယ်။ သတို့သမီးကချာလီနဲ့ပြတ်ပြီးတော့မှ သူ့ရဲ့အချစ်စစ်ကိုတွေ့ရှိခဲ့ကြောင်းပြောလိုက်တဲ့အတွက် ချာလီကိုလာဘ်ကောင်လေးဆိုပြီးအမျိုးသမီးတွေကထင်မှတ်လာကြပါတယ်။ ဒီတော့အမျိုးသမီးတွေကချာလီနဲ့အတူအိပ်ခွင့်ရဖို့ကြိုးစားလာကြပါတယ်။ ချာလီကတော့ ဒီကိစ္စကိုအယုံအကြည်မရှိပေမဲ့လည်း သူ့သူငယ်ချင်း ဒေါက်တာစတူရဲ့မြှောက်ပင့်ပြောဆိုမှုကြောင့် မိန်းကလေးတွေကိုပါရမီဖြည့်ပေးတဲ့အနေနဲ့ သူတို့နဲ့အတူအိပ်ပေးခဲ့ပါတယ်။ (အတော်ကံကောင်းတဲ့လူပါ) ကြာလာတဲ့အခါချာလီဟာဒီကိစ္စကိုစိတ်ကုန်လာပါတယ်။ အချစ်မပါတဲ့လိင်ဆက်ဆံရေးလည်းဖြစ်၊ဒီမိန်းကလေးတွေကလည်းသူနဲ့အတူဆက်ဆံနေချိန်မှာတောင် သူ့အပေါ်စိတ်မရောက်နေပဲ အချစ်စစ်ဖြစ်လာမဲ့ နောက်ကောင်တစ်ယောက်အကြောင်းတွေးနေကြလို့ပါ။ချာလီဟာဒီလိုလာဘ်ကောင်ကိစ္စဖြစ်ပြီးတဲ့နောက်မှာ သူဟာအမျိုးသမီးတွေရဲ့အသုံးချခံပဲဖြစ်နေတယ်လို့ထင်မှတ်လာပြီး အချစ်စစ်ကိုလိုချင်လာပါတော့တယ်။ သူကသူရဲ့လက်တွဲဖော်ဟာ မင်္ဂလာဆောင်မှာတွေ့ခဲ့တဲ့ ပင်ဂွင်းစောင့်ရှောက်ရေးမှာအလုပ်လုပ်တဲ့ ကမ်ဝက်ဇ်လာလို့ထင်မှတ်ပါတယ်။ကမ်ဝက်ဇ်လာကတော့ချာလီရဲ့လာဘ်ကောင်ကိစ္စကြောင့်ချာလီကိုမတွဲချင်ခဲ့ပါဘူး။ ဒါပေမဲ့ ချာလီရဲ့ကြိုးစားမှုကြောင့်ကမ်ဝက်ဇ်လာကချိန်းတွေ့ကြဖို့သဘောတူလိုက်ပါတယ်။ အဲ့ဒီမှာပြဿနာစတာပါပဲ။ ချာလီဟာကမ်နဲ့အတူအိပ်လို့မရပါဘူး။ အိပ်လိုက်တာနဲ့နောက်ကောင်တစ်ယောက်ဆီကိုပါသွားမှာပါ။ ဒီတော့ချာလီနဲ့ကမ်တို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ...ပေါင်းဆက်ဖြစ်မလားဆိုတာကိုဆက်လက်ခံစားကြပါခင်ဗျာ။ဒီဇာတ်လမ်းလေးကမထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ဟာသပြကွက်လေးတွေနဲ့ဆိုတော့ကြည့်ပျော်ပါတယ်။ မင်းသမီးရဲ့နမော်နမဲ့နိုင်ပုံလေးတွေကလည်းချစ်ဖို့ကောင်းပါတယ်။ ...
movie
Good Luck Chuck (2007)
Drift (2024)
ဂျက်ကွီလင်းဆိုတဲ့ ကောင်မလေးဟာ ဝန်ကြီးသမီးတစ်ဦးဖြစ်ပြီး လန်ဒန်မှာ သွားရောက်နေထိုင်နေသူပါ။တစ်ရက်မှာတော့ မိသားစုတွေနဲ့ တွေ့ဆုံဖို့ သူဟာ Liberia ကိုနှစ်ပတ်ကြာပြန်လာခဲ့ပါတယ်။အဲ့ဒီအချိန်နိုင်ငံအတွင်းမှာ ပဋိပက္ခပေါင်းများစွာနဲ့ ပြည်တွင်းစစ်ပေါ်ပေါက်လာပြီး ဂျက်ကွီလင်းတို့ ဝန်ကြီးမိသားစုအိမ်ဟာလည်း ပုန်ကန်သူတွေလက်အောက်ကို ကျရောက်ကာ ကံကြမ္မာဆိုးဝင်ခဲ့ပါတော့တယ်။ နိုင်ငံဟာလည်း စစ်မီးကြောင့် ပျက်စီးနေတဲ့အချိန် ဂျက်ကွီလင်းဟာ နိုင်ငံက ထွက်ပြေးပြီး ဂရိကျွန်းလေးတစ်ကျွန်းကို ရောက်ရှိသွားခဲ့ပါတယ်။ ဝန်ကြီးသမီးတစ်ဦးဖြစ်ပြီး ဘဝမှာ အဆင်ပြေပြေနေခဲ့ရသူတစ်ယောက် နိုင်ငံပျက်စီးနေချိန် ဂရိကျွန်းမှာ နေ့စဉ်ဘဝကို ခက်ခဲစွာရှင်သန်နေထိုင်ရပုံကို ကြည့်ရှုခံစားရမယ့် Drama ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် File size…(2.1 GB)/(988 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
Drift (2024)
6.1
Three Nights a Week (2022)
(18+) Three Nights A Week [2022] (IMDb 6.2/10, RT 100% )ဘက်ပ်တစ်က ဆမီယာဆိုတဲ့ သူနာပြုသင်တန်းကျောင်းသူရဲ့ ရည်းစားဖြစ်ပြီးတော့ ဆမီယာ အလုပ်သင်လုပ်နေတဲ့ ဆေးခန်းက လူထုအကျိုးပြု ပရဟိတလုပ်သားအဖြစ် လိင်လုပ်သားတွေကို လိင်ပညာအသိပေးတာ ဆေးကုသပေးတာမျိုးတွေကို အပတ်စဉ်ဆောင်ရွက်ကြပါတယ်.. တစ်နေ့မှာတော့ ဘက်ပ်တစ်ဟာ ကွတ်ကီးဆိုတဲ့ Drag queenတစ်ယောက်နဲ့ စတင်သိကျွမ်းပါတော့တယ်... သူ ပထမဆုံးတွေ့ဖူးတဲ့ Queenတွေမို့ ဓာတ်ပုံရိုက်ယူရင်းက ပရောဂျက်အသစ်တစ်ခုအတွက် အကြံရသွားပါတော့တယ်... သူ့အကြံဉာဏ်ကတော့ Queenတွေရဲ့ စင်ပေါ်က ဖျော်ဖြေမှုတွေကို လူတိုင်းမြင်ဖူးကြပြီးသားမို့ သူတို့ရဲ့ စင်အောက်က ဘဝကို တင်ဆက်ပြသဖို့ပဲ ဖြစ်ပါတယ်... ဒီလိုနဲ့ ဘက်ပ်တစ်ယောက် Dragလောကထဲကို ထဲထဲဝင်ဝင်လေ့လာရင်း စိတ်ရောကိုယ်ပါဖြစ်သွားရာက ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ်... ဒီဇာတ်ကားက Rating ကောင်းသလို တကယ်လည်း ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်ခဗျာအညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. ...
movie
Three Nights a Week (2022)
2022
6.8
Heartbreak Hotel (2015)
Heartbreak Hotel (2015)အိပ်မက်နဲ့ငွေ ဘယ်အရာက ပိုအရေးကြီးသလဲလို့တွေးရင်း ငွေရှိမှ အိပ်မက်မက်နိုင်မယ့်ဘဝတွေအကြောင်းကို ရိုက်ကူးပြထားတဲ့ Heartbreak Hotel (2015) ကို CM မှာ ကြည့်လို့ရပါပြီနော်။ဇာတ်လမ်းအကျဉ်းကတော့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူကိုလိုက်ရှာရင်း အမေရိကကို တရားမဝင်ရောက်လာခဲ့ကြတဲ့ "ဂျွန်" နဲ့ သူ့သူငယ်ချင်း "ချန်း" တို့ဟာ လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီလူအတွက် အလုပ်လုပ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ ဂျွန်ဟာ အမေရိကကိုရောက်နေတဲ့ ကိုရီးယားသူလေး "ဆာရာ" ကို သဘောကျမိသွားတဲ့အချိန်မှာတော့ အချစ်ရော အိပ်မက်ဟာ ငွေရှိမှဖြစ်နိုင်ကြောင်းကို သဘောပေါက်သွားပါတော့တယ်။ ဒါ့ကြောင့် ဂျွန်နဲ့ဆာရာတို့ဟာ နှစ်ယောက်သား ပေါင်းဖက်ဖို့ကြိုးစားကြရင် ငွေရဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားကြမလဲ၊ ငွေနောက်ကိုလိုက်ရင်း နှစ်ယောက်သားရဲ့အချစ်တွေက ဆက်လက်တည်မြဲနိုင်ပါ့မလား စတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မယ့် Action/Romance ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Win ပဲ ဖြစ်ပါတယ်။Genre..... Action, Romance Quality…. 1080p | 720p File size… 1.3GB | 613MB Format… ...
movie
Heartbreak Hotel (2015)
2015
The Illusionist (2006)
မင်းသားကြီး Edward Norton ရဲ့ နာမည်ကျော် ရုပ်ရှင်ကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Now You See Me လို မျက်လှည့်ကားကောင်းကောင်းမျိုးတွေထဲက တစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမဖြစ်နိုင်တဲ့အရာတွေကိုအာရုံစိုက်လွန်းတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကိုလွတ်ထွက်သွားတတ်ပါတယ်။ မျက်လှည့်ဆိုတာ ဒီလိုမျိုးပါပဲ။ လူငယ်မျက်လှည့်ဝါသနာရှင်အက်ဝဒ်က မြို့စားသမီးနဲ့ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြတယ်။ဒါပေမဲ့ မျိုးရိုးဂုဏ်မတူတဲ့သူတို့နှစ်ယောက်က ဘယ်လိုမှပေါင်းဖက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ အက်ဝဒ်က အချစ်ဦးဆိုဖီနဲ့ဝေးပြီး၁၅နှစ်ကြာတဲ့အခါ မျက်လှည့်ဆရာအိုက်စ်ဟန်ဖြစ်လာခဲ့တယ်။ အချစ်ဦးနဲ့ နောက်ထပ်ပြန်တွေ့တဲ့အချိန်မှာတော့ အိုက်စ်ဟန်က သူ့ရဲ့မျက်လှည့်ပြကွက်တွေနဲ့အချစ်ဦးကိုပြန်ရဖို့ကြိုးစားမှာပါ။ မျက်လှည့်ဆိုတဲ့အရာကဘယ်လောက်ထိစွမ်းနိုင်လဲဆိုတာနဲ့ အဆုံးသတ်မှာအိုက်စ်ဟန်ဖြစ်ချင်သလိုဖြစ်လာနိုင်မလားဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ File size…(1.8 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Fantasy, Drama, Thriller, Roamce Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie
The Illusionist (2006)
6.9
Bright Star (2009)
အင်္ဂလိပ်ကဗျာဆရာကြီး John Keats အကြောင်းရိုက်ကူးထားတဲ့ Romance/Thriller ရုပ်ရှင်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။IMDb 6.9 နဲ့ Rotten Tomatoes 83% ရရှိထားပြီး စာတွေကဗျာတွေချစ်တတ်တဲ့သူတွေ ရိုမန့်စ်ရုပ်ရှင်တွေကိုသဘောကျသူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။အချိန်ကာလအားဖြင့် ၁၈၁၈ ခုနှစ်ဖြစ်ပြီး လန်ဒန်မြို့စွန်က ဟမ့်စတက်လို့အမည်ရတဲ့ ရွာငယ်လေးက အိမ်ကြီးတစ်တစ်အိမ်မှာ ကဗျာဆရာချားလ်စ်ဘရောင်း နဲ့ ဒီလ်မိသားစုတို့ အတူနေကြပါတယ်။ ဒီအိမ်ကြီးမှာ ဒီလ်မိသားစုတ၀က် ကဗျာဆရာချားလ်ဘရောင်းနဲ့ ဂျွန်ကိစ်တို့ကတ၀က် အတူနေထိုင်ကြတာပါ။ ဒီလ်မိသားစုနဲ့ပတ်သက်မှုကြောင့် ဖခင်မရှိတော့တဲ့ဘရွန်းမိသားစုဟာ ကဗျာဆရာ ဘရောင်း နဲ့ ဂျွန်ကိစ်တို့နဲ့ သိကျွမ်းနေကြသူတွေပါ။ ဘရွန်းမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်တဲ့ ဖန်နီကတော့ အ၀တ်အထည်ဖန်တီးချုပ်လုပ်ရတာနဲ့ ကပွဲတက်ရတာကို စုံမက်တဲ့ အသက်တဆယ့်ရှစ်နှစ်အရွယ် မိန်းမပျိုလေးပါ။ ဒီလို မိသားစုချင်း နှီးနှောဆက်နွယ်မှုတွေကြောင့် ကဗျာဆရာ ဂျွန်ကိစ် နဲ့ ဖန်နီတို့ဟာ အချင်းချင်း မေတ္တာသက်၀င်သွားကြပါတော့တယ်။ ကျန်တာတွေကိုတော့ အများကြီးဆက်မပြောပြတော့ပါဘူး။ဒီရုပ်ရှင်ဟာ လူသားနှစ်ယောက်အကြားက ချစ်ခြင်းမေတ္တာကို ကဗျာတွေစာတွေနဲ့ လွမ်းဆွတ်ဖွယ်၊ ...
movie
Bright Star (2009)
5.8
My Boyfriends’ Dogs (2014)
My Boyfriends’ Dogs [2014] ( IMDb 5.8/10 )မိုးသည်းတဲ့ ညတစ်ညမှာ ဘေလီတစ်ယောက် ပိတ်နေပြီဖြစ်တဲ့ ဆိုင်တစ်ဆိုင်အတွင်းကို ခွေးသုံးကောင်ရယ် မင်္ဂလာဆောင်ဂါဝန်ကြီး ဝတ်လျက်သားရယ်နဲ့ ဝင်ရောက်လာခဲ့ပါတယ်... စပ်စုလိုတဲ့ ဆိုင်ရှင်လင်မယားဟာ ဘေလီ့ကို မင်္ဂလာပွဲပျက်လို့ ထွက်ပြေးလာတယ်လို့ပဲ ထင်မှတ်ပြီး ဇာတ်ကြောင်းကို ရှင်းပြဖို့ တိုက်တွန်းပါတော့တယ်... ဒီလိုနဲ့ ခွေးသိပ်ချစ်တဲ့ ဘေလီလည်း သူ့ရဲ့ ဖြစ်ကြောင်းကုန်စင်ကို စတင်ရှင်းပြပါတော့တယ်... အိမ်အသစ်ကို စတင်ပြောင်းရွှေ့ရာကနေ အစပြုခဲ့တဲ့ သူ့ရဲ့အချစ်ဇာတ်လမ်းတွေဟာ ဘယ်နည်းဘယ်ပုံနဲ့ အဆုံးသတ်သွားပြီး အခုလို မင်္ဂလာဆောင်ဂါဝန်တကားကားနဲ့ မိုးရေထဲ ပြေးလွှားနေရတဲ့ အဖြစ်ကို ရောက်သွားရလဲဆိုတာ တစ်ဆင့်ချင်းစီ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Drama, Family, Romance Quality…. 1080p | 720p File size… 1.4GB | 686MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle ...
movie
My Boyfriends’ Dogs (2014)
2014
8.6
Juni (2024)
Juni 2024 (ဂျူနီရဲ့ အချစ်ပုံပြင်) IMDb 8.6/10ဒီတစ်ခါမှာတော့ ကဖေးပိုင်ရှင်လေးနဲ့ ဂရပ်ဖစ်ဒီဇိုင်နာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အချစ်ဇာတ်လမ်းလေးဖြစ်တဲ့အတိုင်းပဲ အလွမ်းအဆွေး အချစ်အမုန်း ခံစားချက်အစုံကို ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ဟင်းတစ်ပွဲကို အရသာမရှိရင် မစားတတ်တဲ့အဖေဖြစ်သူကြောင့်နဲ့ ငယ်စဉ်အရွယ်ကတည်းက မိဘဖြစ်သူတွေပျော်ရွှင်ဖို့ စမ်းချက်ကြည့်ရင်းနဲ့ အချက်အပြုတ်ကိစ္စတွေကို ဝါသနာထုံသွားတဲ့ ပါသာ။ ကြီးလာတဲ့အခါမှာတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အမြဲတမ်း မီနူးအသစ်တွေကိုပဲ စဉ်းစားပြီး လုပ်နေသူ။ဒီလို အချက်အပြုတ်ကို ခုံမင်တဲ့ ပါသာတစ်ယောက် သူ့ကဖေးကို အမြဲလာနေတဲ့ ဖောက်သည်ဖြစ်သူ ဂရပ်ဖစ်ဒီဇိုင်နာ ဂျူနီကို တိတ်တခိုးလေးချစ်ကြိုက်မိရာကနေ ....... ပါသာတစ်ယောက် ဂျူနီ့ကို ဘယ်လိုတွေ ပိုးပန်းသွားမလဲ .....ပါသာတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းလေးကရော ဘယ်လိုတွေဖြစ်လာမလဲ.... ဆိုတာကို ခံစားကြည့်ရှုပေးကြပါဦးနော် (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ Suri ~ Alex ~ ToMo ~ Aditi တို့ပဲဖြစ်ပါတယ်) File size…2.3GB / 0.99GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 18m Subtitle….Myanmar ...
movie
Juni (2024)
2024
7
Rewind (2023)
Rewind (2023)ယခုတစ်ခါမှာတော့ အချိန်နောက်ပြန်သွားတဲ့ ဖိလစ်ပိုင် အချစ်ရိုမန့်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မယ်ရီလို့ခေါ်တဲ့ကောင်မလေးဟာ ငယ်ငယ်လေးကတည်းက ဂျွန်ဆိုတဲ့ကောင်လေးကို ချစ်လာခဲ့ပြီး သူတို့တွေ ကြီးလာတဲ့အခါမှာလည်း အိမ်ထောင်တစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်မှာ အော်စတင်လို့ခေါ်တဲ့ သားလေးတစ်ယောက်ရှိလာတဲ့နောက်မှာ ဂျွန်ဟာလည်း အလုပ်သရဲပီပီ အလုပ်အားတဲ့အချိန်မှာတောင် အလုပ်ကိုပဲ ဘယ်လိုတွေတိုးချဲ့ရမလဲဆိုတာ တွေးတောနေသူ။ ဂျွန်ဟာ အလုပ်ရှုပ်ရင်ရှုပ် မရှုပ်ရင် ပင်ပန်း မဟုတ်ရင် စိတ်ဆိုးနေလေ့ရှိပြီး မိသားစုနဲ့လည်း နွေးထွေးမှုတွေ ပျောက်ဆုံးလို့နေပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ဂျွန်ဟာ သူမှန်းထားတဲ့ ရာထူးတိုးနေရာကို မရလိုက်တဲ့နောက်မှာတော့ စိတ်လိုက်မာန်ပါလုပ်ပြီး အလုပ်ကနေ ထွက်လာခဲ့ပြီးနောက်ရက်မှာ သားလေးအော်စတင်ရဲ့ ပရိုဂရမ်ကို ဂျွန်နဲ့မယ်ရီတို့အတူသွားကြရင်း ကားပေါ်မှာ ရန်ဖြစ်ရင်း ကားတိုက်မှုဖြစ်ကာ မယ်ရီဟာ သေဆုံးသွားခဲ့ရပါတယ်။ မယ်ရီသေဆုံးသွားတဲ့နောက်မှာ ဂျွန်ဟာနောင်တကြီးစွာနဲ့ အရက်သောက်နေရင်း လော့ချ်လို့ခေါ်တဲ့ ဘုရားသခင်နဲ့ဆုံတွေ့ပြီး သူ့မိန်းမမသေဆုံးခင်အချိန်ကို ပြန်သွားပြီး ကယ်တင်နိုင်မဲ့အခွင့်အရေးရလာတဲ့နောက်မှာတော့ ....... ဂျွန်ဟာ အတိတ်ကို ဘယ်လိုပြင်ဆင်သွားမလဲ ..... အရင်က အဆင်မပြေဖြစ်နေတဲ့ သူတို့မိသားစုလေးရော အဆင်ပြေသွားမလား.... ဆိုတာတွေကို ကြည့်ရှုရမဲ့ ရိုမန့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ...
movie
Rewind (2023)
2023
The Curious Case of Benjamin Button (2008)
အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ မကျော်လွှားနိုင်။ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို ...
movie
The Curious Case of Benjamin Button (2008)
6.6
French Kiss (1995)
When Harry meets Sally, You've got mail, Sleepless in Seattle လိုမျိုး90s romantic movies တွေရဲ့ ပင်တိုင်စံ မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့Meg Ryan ရဲ့ romance ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ကိတ်ဆိုတာက ဘ၀မှာ ဘာမှ မစွန့်စားရဲသာမန်ရိုးကျလိုပဲ နေတတ်လွန်းတဲ့သူပေါ့။သူ့ရဲ့ စေ့စပ်ထားသူဖြစ်တဲ့ ချာလီနဲ့ အတူတူ အိမ်လေးတစ်လုံး၀ယ် အခြေချဖို့ပဲ မျှော်လင့်ထားပြီးအချစ်မြို့တော် ပါရီမြို့ကို ချာလီနဲ့အတူတူလေယာဉ်စီးလိုက်ခဲ့ဖို့ကိုတောင် မဝံ့ရဲတဲ့သူလေးပါ။ ဒီလိုမျိုးကိုမှ ပါရီကို ထွက်သွားတဲ့ ချာလီတစ်ယောက်ကပြင်သစ်သူ တစ်ယောက်နဲ့ ငြိပြီး လမ်းခွဲဖို့တွေပြောလာတဲ့အခါမှာတော့ ကိတ်တစ်ယောက်ဘာကိုမှမကြောက်နိုင်တော့ပဲ ချာလီ့ကိုရှာဖို့ ပြင်သစ်ကို ထွက်လာရပါတော့တယ်။ကိတ်ရဲ့ ပြင်သစ်တခွင် ချာလီ ရှာပုံတော်ခရီးမှာ ပါလာတဲ့သူကတော့"လု"လည်းမဟုတ် "လယု"လည်းမဟုတ်တဲ့ "လျုခ်" တက်ဆီယာဆိုတဲ့ပြင်သစ်သား သူခိုးတစ်ယောက်ပေါ့။ ကိတ်ကို အသုံးချပြီး ပြင်သစ်နိုင်ငံထဲ ပစ္စည်းခိုးသွင်းခဲ့တာကနေပဲသူမရဲ့ ရှာပုံတော်ခရီးကို လိုက်ကူညီပေးဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ပဲ ...
movie
French Kiss (1995)
7.4
Slow (2023)
Slow (2023)မှတ်မိသလောက်ဆို တစ်ခါသား ပလေတိုက သူ့ဆရာသမားဆော့ခရိတ္တိကို "အချစ်ဆိုတာ ဘာလဲ ဆရာ"လို့ လာမေးတယ်။ ဆော့ခရိတ္တိက ပလေတိုကို တောထဲသွားပြီး မင်းအလှဆုံး ထင်တဲ့ ပန်းတစ်ပွင့်ခူးခဲ့ဆိုပြီး မှာလိုက်တယ်။ ပလေတိုက တောထဲသွားပြီး သူ့အလှဆုံးထင်တဲ့ ပန်းတစ်ပွင့်ကို သွားခူးလာတယ်။ ပြန်လာတော့ ပန်းက လမ်းမှာကြာတာကြောင့်ရော သူ့ဘာသာကိုက အပင်ကခူးပြီးရင် မခံတာကြောင့်ရော ညှိုးသွားတယ်။ ဒီတော့ ဆော့ခရိတ္တိက ပလေတိုကို နောက်တစ်ခေါက်ထပ်သွားခိုင်းတယ်။ ဒီတစ်ခါကျ ပလေတိုက တော်တော်နဲ့ပြန်ပေါ်မလာဘူး။ လနဲ့ချီလာတော့ ဆော့ခရိတ္တိက တောထဲလိုက်လာတယ်။ တောတွင်းတစ်နေရာမှာ ပလေတိုက တဲထိုးပြီးနေနေတာတွေ့ရတယ်။ သူ့အလှဆုံးလို့ထင်တဲ့ ပန်းပွင့်ရှိတဲ့အပင်နားမှာ တဲထိုးနေနေတာပေါ့။ အဲဒီမှာ ဆော့ခရိတ္တိက ပလေတိုကို အချစ်ဆိုတာ ဘာလဲ မင်းသိပြီကိုးလို့ ပြောသတဲ့။ "ပလေးတိုးနစ်အချစ်" ဆိုတာ ပိုင်ဆိုင်ရ ပေါင်းဆုံရမှမဟုတ်ဘဲ အချစ်ကိုအချစ်အတိုင်း ချစ်နေတဲ့အချစ်လို့ တာရာမင်းဝေ က သင်နဲ့နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည်ထဲ ရေးဖူးတယ်။သူ့ဖွင့်ဆိုချက်ကတော့ ပလေတိုးနစ်အချစ်ဆိုတာ လိင်ဆန္ဒတွေ ရိုမန့်တစ်တွေ မရှိနေတဲ့အချစ်မျိုး ဒါမှမဟုတ် အဲဒီအရာတွေကို ဖိနှိပ်ထားပြီးနေတဲ့အချစ် သန့်စင်အောင်နေတဲ့ ...
movie
Slow (2023)
2023
Molli and Max in the Future (2024)
ဒီရုပ်ရှင်ကတော့ အရင်နှစ်ကမှထွက်ထားတဲ့ Sci-fi, Drama, Comedy သုံးမျိုးကို ရောသမမွှေထားတဲ့ရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်က အာကာသထဲက သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းကို ရိုက်ထားတာပေါ့။ဇာတ်လမ်းအကျဉ်းကတော့ မက်စ် နဲ့ မော်လီက အနာဂတ်က အာကာသထဲက ဂြိုဟ်တွေမှာနေကြပါတယ်။ အဲဒီအနာဂတ်မှာက ကမ္ဘာကြီးကတော့ လူသားတွေလုပ်လို့ပျက်သွားပါပြီတဲ့။တစ်ရက်မှာ မော်လီ နဲ့ မက်စ်က အာကာသတစ်နေရာမှာဆုံရင်းကနေ သူငယ်ချင်းတွေဖြစ်သွားကြတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က အကျင့်စရိုက်ရော ကိုယ်ရည်ကိုယ်သွေးတွေပါ မတူကြတဲ့သူနှစ်ဦး။ဒီလိုနဲ့ သူတို့နှစ်ဦးက သူငယ်ချင်းအဆင့်ကနေမတက်ခင်မှာ အကြောင်းတခုကြောင့်ခွဲလိုက်ရတယ်ပေါ့။ ဒါပေမဲ့ နောက်နှစ်အနည်းငယ်အကြာမှာ ဂလက််ဆီရဲ့တနေရာမှာ ကံမကုန်ဘဲ ပြန်ဆုံကြပြန်ပါတယ်။ အဲဒီအခါမှာလည်း သူတို့က တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းကောင်းတွေအဖြစ် ရှိပေးပြီးတော့ အချိန်အတူကုန်ဆုံးကြပြန်တယ်။ဒီလိုနဲ့ မော်လီနဲ့မက်စ်တို့က ဘ၀အတွက်လက်တွဲဖော်ရှာကြဖို့အချိန်ရောက်လာတဲ့အခါမှာတော့ သူတို့နှစ်ဦးလုံးအတွက် ဖူးစာဖက်တွေကိုရှာကြတဲ့နေရာမှာ သင့်တော်တဲ့သူမတွေ့ဘဲ နောက်ဆုံးမှာ သူတို့အတွက်အကောင်းဆုံးဖြစ်တဲ့သူက သူတို့နှစ်ယောက် အချင်းချင်းပဲဖြစ်နေတာကို သိလိုက်ကြရတယ်ပေါ့။ဒါပေမဲ့ ရွေးချယ်မယ့်လမ်းတွေ၊ ပင်ကိုယ်စရိုက်တွေမတူညီနေတဲ့သူတို့နှစ်ဦးဟာ ရှေ့ဆက်တိုးလိုက်ရင် ကြုံတွေ့လာရမယ့်အခက်အခဲတွေကို ကြောက်ရွံ့ပြီး ဖရန့်ဇုန်ထဲကနေရုန်းထွက်ဖို့ရာကို ...
movie
Molli and Max in the Future (2024)
6.5
J. Edgar (2011)
J Edgar (2011)IMDb Rating (6.5)ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဆရာကြီး လီယိုနာဒိုက အဓိကဦးဆောင်ထားပြီး သူ့ထက်ဆရာ့ဆရာ ကလင့်စ်အိစ်ဝုဒ်က ပရိုဂျူဆာ ဒါရိုက်တာလုပ်ထားတဲ့ ဘိုင်အိုဂရပ်ဖီကားလေးပါပဲလူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတဲ့ဘိုင်အိုဂရပ်ဖီကားဆိုပေမြ့ ဂျေအက်ဂါဆိုတဲ့ အမေရိကန်ရဲ့နာမည်ကြီး ထောက်လှမ်းရေး အဖွဲ့အစည်း FBI ကို စတင်တည်ထောင်ခဲ့တဲ့သူပါ အဲ့တော့ သူ့အကြောင်းဆိုတာက FBI အဖွဲ့ကြီးရဲ့သမိုင်းကြောင်းပါပဲ စစ်အေးတိုက်ပွဲကာလမှာ ကမ္ဘာမှာ ကွန်မြူနစ်စနစ်ကြီးစိုးချိန် အမေရိကန်နိုင်ငံမှာ ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာကစပြီး အမေရိကန်ရဲ့ အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်အောင် ဂျေအက်ဂါတစ်ယောက်သူ့ခြေသူလက်နဲ့ ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သူ့ဘဝအကြောင်းနဲ့ ယှဉ်တွဲပြီးတော့ ပုံဖော်ပြထားတာပါ လီယိုနာဒိုကတော့ လီယိုနာဒိုပါပဲ လုံးဝကိုဇာတ်ကောင်နဲ့ထပ်တူညီတယ်လို့ခံစားရပြီး ရသလဲပေးနိုင်သလို အဲ့ခေတ်က အမေရိကန်အကြောင်း ဗျူရိုစနစ်တွေအကြောင်း တစေ့တစောင်းကို ဇာတ်လမ်းသွားလေးနဲ့ကြည့်ရမှာမို့ CM ပရိသတ်တို့ လက်မလွှတ်ကြဖို့ အကြံပေးလိုပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားပါတယ်။) File size…(1.9 GB)/(970 MB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie
J. Edgar (2011)
6.3
Shifting Gears (2024)
ဂျက်စ်ဆိုတဲ့ အမျိုးသမီးလေးက ကားပြင်တဲ့နေရာမှာ ကျွမ်းကျင်ပြီး ရှေးဟောင်းဂန္ဒဝင်ကားတွေကို ပြန် Modify လုပ်တဲ့နေရာမှာလည်း ထူးချွန်တဲ့လူတစ်ယောက်ပါ။ဖအေဖြစ်သူ ဖွင့်ထားတဲ့ ဝပ်ရှော့လေးမှာ လုပ်ကိုင်နေတာပေါ့။ တစ်ရက်ကျ သူတို့ဝပ်ရှော့နေရာက အပြိုင်အဆိုင်များလာတဲ့အတွက် မြေပိုင်ရှင်က ဈေးပိုတောင်းလာတဲ့အခါ သားအဖနှစ်ယောက် အကျပ်အတည်း ဖြစ်တာပေါ့။ ဒီလိုနဲ့ လူအများရှေ့ရောက်ရင် ချွေးစီးတွေပြန်ပြီး လူကြောက်တတ်တဲ့ ဂျက်စ်တစ်ယောက် ဝပ်ရှော့လေးကို ကယ်တင်ဖို့အတွက် ကားတွေကို ပြန်မွမ်းမံပြင်ဆင်ရတဲ့ အစီအစဉ်တစ်ခုကို ဝင်ပြိုင်ပါတော့တယ်။ဖြစ်ချင်တော့ ပြိုင်ပွဲဝင်ထဲကတစ်ယောက်က ရည်းစားဟောင်း ဖြစ်နေတဲ့အပြင် အဖေနဲ့ ပတ်သက်တဲ့ ဆိုးရွားတဲ့သမိုင်းကြောင်းလေးကလည်း ရှိခဲ့တော့ ဘုနဲ့ဘောက် နှစ်ယောက်သား ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရင်း အခက်အခဲတွေကို ကျော်ဖြတ်ကာ ဝပ်ရှော့လေးကို ကယ်တင်သွားနိုင်မလားဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် အချစ်ဟာသ ဒရမ်မာကားလေးပဲ ဖြစ်ပါတယ်။ File size…(1.4 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie
Shifting Gears (2024)
Art of Love (2024)
Art of Love (2024) Synopsisပေါ့ပေါ့ပါးပါးရုပ်ရှင် ကြည့်ချင်သူများအတွက် Drama, Romance, Thriller ရုပ်ရှင်ကားကောင်းလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ တူရကီနိုင်ငံက ရိုက်ကူးထားပြီး Netflix ကနေ ဖြန့်ချီပေးထားပါတယ်။ Netflix ကားတွေ ပေါချင်းတိုင်း ပေါနေတဲ့အချိန်မှာ ဥရောပနိုင်ငံတွေက ရိုက်တဲ့ ရုပ်ရှင်တွေကတော့ အဆင့်အတန်းတစ်ခုမှာ ရှိနေပါသေးတယ်။ အခုဇာတ်ကားဟာလည်း ဇာတ်လမ်း၊ဇာတ်အိမ်မှာ အဆင့်တစ်ခုရှိပြီး ဥရောပနိုင်ငံတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကိုပါ တပါတည်း ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အာလင်းဟာ အင်တာပိုလ်ရဲ့ အနုညာမှုခင်းအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ရဲအရာရှိတစ်ယောက်ပါ။ ပြတိုက်တွေ၊ ပြခန်းတွေကနေ တန်ဖိုးအရမ်းမကြီးတဲ့ ပန်းချီကားတွေအခိုးခံရမှုကို လိုက်လံစုံစမ်းဖို့ တာဝန်ပေးခြင်းကို ခံရတဲ့သူပါ။ ဒီလိုနဲ့ ပန်းချီကားအခိုးခံရမှုတွေကိုစုံစမ်းရင်း အရင်က အဆက်ဟောင်းဖြစ်တဲ့ ဂူနေးဆိုတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ ပြန်ဆုံပါတယ်။ အာလင်းဟာ ပန်းချီကားတွေ အခိုးခံရမှုမှာ ဂူနေး ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိနေပါတယ်။ တကယ်ပဲ ဂူနေးက ပတ်သက်နေတာလားဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားလိုက်ပါဦး။အညွန်း နဲ့ ဘာသာပြန်ကတော့ Leonard ...
movie
Art of Love (2024)
2024
6.5
(18+) Paloma, Nakakalalaki Ka (1998)
Paloma (1998) "တိမ်ထူထူကြားက ဥယျဉ်မှူး" IMDb - 6.5/10ပါလိုမာဆိုတာ အိမ်ကြီးထဲကနေ ဘယ်ကိုမှထွက်ခွင့်မရှိဘဲ အစ်မကြီးဖြစ်သူနဲ့အတူနေရသူလေး။ ချစ်တဲ့သူနဲ့ အကြိမ်ကြိမ်ထွက်ပြေးခဲ့ပေမဲ့ အစ်မဖြစ်သူက မရရအောင်ခွဲပြီး ပြန်ခေါ်လာခဲ့တာ။ အစ်မဆိုပေမဲ့ အစ်မအရင်းမဟုတ်ဘဲ မိဘတွေဆုံးပါးသွားကတည်းက အပျိုကြီးမမရဲ့ မွေးပြီးစားခြင်းခံနေရတဲ့သူ။တစ်ရက် အပျိုကြီးမမက ခြံထဲမှာ အလုပ်လုပ်ဖို့ ဥယျာဉ်မှူးတစ်ယောက်ခန့်လိုက်ပါတယ်။ ဥယျာဉ်မှူးဖြစ်ဖို့အရည်အချင်းတွေက အသက်ငယ်ရမယ်၊ ကျန်းမာရေးကောင်းရမယ်၊ သူတို့အိမ်မှာပဲနေရမယ်တဲ့။အဲဒီလို ငယ်ရွယ်ပြီး ကျန်းမာသန်စွမ်းတဲ့ ဥယျာဉ်မှူးကလေး သူတို့အိမ်ကိုရောက်လာတဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ဖြစ်ပါတယ်)' File size…2.55GB / 878MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by V
movie
(18+) Paloma, Nakakalalaki Ka (1998)
1998
5.2
Unravel: A Swiss Side Love Story (2023)
Unravel : A Swiss Side Love Story (2023)ဘဝရဲ့ အခက်အခဲတွေများလာပြီး မွန်းကျပ်လာတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တွေပေါက်တတ်ကြတယ်မလား၊ ဒီလို သတ်သေချင်တဲ့သူတွေကို သူတို့ရဲ့ဆန္ဒတွေပြီးမြောက်သွားစေဖို့ ကူညီပေးတဲ့ ဆေးရုံက ဆွဇ်ဇာလန်နိုင်ငံမှာ တည်ရှိပြီး ဒီလိုကူညီပေးတာဟာ သူတို့နိုင်ငံမှာတော့ တရားဝင်ပါတယ်။ လူစီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ မိသားစုပြဿနာလေးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အတွက် ဆွဇ်ဇာလန်နိုင်ငံက အဲဒီဆေးရုံကို လာခဲ့ပြီး ဆွေးနွေးရာကနေ လူစီဟာ တကယ်ပဲ သတ်သေချင်ရဲ့လားဆိုတာကို ပြန်စဉ်းစားခိုင်းလိုက်ပါတယ်။ ဒီလိုနဲ့ ဆွဇ်ဇာလန်ကို လည်ပတ်ကြည့်ရင်း နိုအာဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ နိုအာကတော့ လူတိုင်းကို ကူညီပေးတတ်သူဖြစ်ပြီးတော့ လူစီနဲ့တွေ့တော့ လူစီ့အကြောင်းတွေသိပြီးတဲ့နောက်မှာ လူစီရဲ့ဘဝကို ပြန်ရနိုင်ဖို့ အတက်နိုင်ဆုံး အစွမ်းကုန်ကူညီပေးပါတော့တယ်။ နိုအာက ဘယ်လိုတွေ ကူညီပေးပြီးတော့ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ရဲ့ အခြေအနေတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို အရိုအချိုလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Romance, Drama Quality…. 1080p | 720p File size… 1.5GB ...
movie
Unravel: A Swiss Side Love Story (2023)
2023
First
17
18
19
20
21
Last
Previous
Next