Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Romance
7.7
Closest Love to Heaven (2017)
ဒီတစ်ခါတော့rating မြင့်ဂျပန်ကားလေးတစ်ကားနဲ့cmပရိတ်သတ်တွေကိုမိတ်ဆက်ပေးချင်ပါတယ်rating မြင့်သလိုဇတ်လမ်းကလည်းအလွန်ပင်ကောင်းမွန်လှပါတယ်လူငယ်ဖန်စီအချစ်ဇတ်လမ်းတွေကိုနှစ်သက်တဲ့cm ပရိတ်သတ်တွေအတွက်ကတော့လက်မလွတ်သင့်တဲ့ဇတ်ကားတစ်ကားပါပဲလောကကြီးမှာတစ်နှစ်သက်တမ်းသာနေဖို့ကျန်တော့သည့်ကောင်ချောလေးခိရကျောင်းတွင်သူတစ်ပါးအမြဲအနှိမ်ခံကောင်မလေးအိုကမူရစရိုက်မတူညီတဲ့သူတို့နှစ်ယောက်ဘယ်လိုခင်မင်ပြီးသူငယ်ချင်းဖြစ်သွားမလဲသူငယ်ချင်းကနေတဆင့်တက်ပြီးအရမ်းချစ်ကြတဲ့ချစ်သူတွေဖြစ်သွားတဲ့အချိ်န်မှာကောတစ်နှစ်လောက်သာအသက်ရှင်နေရတော့မည့်ခိရနဲ့အိုကမူရကိုအိုကမူရမိဘတွေကသဘောတူကြည်ဖြူကြမှာလားမဖြောင့်ဖြူးတဲ့ချစ်သူနှစ်ဦးရဲ့ဘဝခရီးလမ်းကိုဘယ်လိုကျော်ဖြတ်ကြမှာလဲတကယ်ဆိုရင်အချစ်ပဲလိုတယ်ဆိုတဲ့ချမ်းချမ်းရဲ့သီချင်းထဲကလိုနေသွားကြမှာလားစိတ်ဝင်တစားကြည့်ရမှာပါဂျပန်နိုင်ငံရဲ့အလှအပကျောင်းသူကျောင်းသားတွေရဲ့ဓလေ့စရိုက်ချစ်ခြင်းမေတ္တာတွေကိုဒီဇတ်ကားမှာမြင်တွေ့ကြရမှာပါimb rating အလွန်ပင်မြင့်မားတဲ့ဒီကားလေးကကောcm ပရိတ်သတ်တွေရဲ့အကြိုက်နဲ့ကိုက်ညီမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်။အားပေးကြပါဦးလို့ပြောကြားရင်းကောင်းမကောင်းကိုယ်တိုင်သာကြည့်လိုက်ကြပါလို့(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က ကိုစိုးထွေးပါ) File Size : (800 MB) and (350 MB) Quality : Bluray 720p Running Time : 1hr 49min Format : Mp4 Genre :Comedy,Drama,Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Soe Htwe Encode by Thanhtike Zaw
movie
Closest Love to Heaven (2017)
2017
7.0
You Are My Sunshine(2005)
Imdb .......7.0 ဒီဇတ်ကား2006 ခုနှစ်တွင်ထွက်ရှိခဲ့ပြီး အကောင်းဆုံးဒါရိုက်တာဆု အကောင်းဆုံးအမျိုးသားဇတ်ဆောင်ဆု အကောင်းဆုံးအမျိုးသမီးဇတ်ဆောင်ဆု ရုပ်ရှင်ဆု အကောင်းဆုံးဇတ်ပို့ဆု တွေရရှိခဲ့ပါတယ်.............. ဒီကားထဲက မင်းသားကြီးကတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ တစ်လောကထွက်ရှိခဲ့တဲ့ Battleship Island မှာ ဂီတအဖွဲ့ခေါင်းဆောင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Hwang Jung-min ပါ... သူဟာ မွေးမြူရေးလုပ်ငန်းနဲ့အသက်မွေးနေတဲ့သူတစ်ယောက်ပါ အသက်အရွယ်အရ သူဟာအိမ်ထောင် ပြုသင့်တဲ့အရွယ်ဖြစ်ပေမဲ့ သူ့ရည်မှန်းချက်ကြောင့် အိမ်ထောင်ပြုဖို့အရေးဟာ နှောင့်နှေးနေတယ်..... တကယ်ချစ်တဲ့သူတွေမှ သူအိမ်ထောင်ပြုမယ် ဆိုတဲ့ ရည်မှန်းချက်ကြောင့်ပါ......ဒီလိုနဲ့သူတကယ်ချစ်တဲ့ မိန်းမတစ်ယောက်ကို တစ်နေ့တော့တွေ့သွားတယ်....အဲ့ဒီမိန်းကလေးက KTV နဲ့ကော်ဖီဆိုင်မှာ အလုပ် လုပ်တဲ့မိန်းကလေးတစ်ယောက်......ဒီကားက Plot အလှည့်အပြောင်းလေးတွေသိပ်ကိုငြင်သာတယ်... ဒါပေမဲ့စွမ်းအားက အရမ်းကိုကြီးတယ်....... ကိုင်းပြိတ်သတ်ကြီးရေ . FILM ဆု မင်းသားဆု မင်းသမီးဆု ဒါရိုက်တာဆု ဇတ်ပို့ဆုတွေ ရခဲ့လဲဆိုတာ ကြည့်ရင်းနဲ့သဘောပေါက်သွားလိမ့်မယ်.......ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ ကို Phyo Thu Hein ဖြစ်ပါတယ် File Size : (784 MB) and (384 MB) Quality : 720p Running Time : 2hr 05min Format : ...
movie
2005
N/A
Secret Fruit (2017)
ဒီတခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့"Secret fruit" ဆိုတဲ့ တရုတ်လူငယ်အချစ် ဇာတ်လမ်းလေးပါအချစ်ဦးကို ကျောင်းသားဘဝ မှာ ကြုံတတ်ကြပါတယ် တစ်ဖက်သတ်အချစ်ဆိုတာကိုလဲ ကြုံဖူးမှာပါ ကိုယ်စိတ်ဝင်စားတဲ့ကောင်လေး သို့ ကောင်မလေးက ကိုယ့်ကို ပြန်သဘောကျတာမျိုးလဲ ရှိမှာပါ ဒါမျိုးကြုံဖူးရင်တော့ အတိုင်းထက်အလွန်ပေါ့...ကျောင်းသားဘဝကို ကျော်ပြီး တက္ကသိုလ် တက်မှ အချစ် ဆိုတာကို ကြုံဖူးတဲ့လူတွေလဲရှိမှာပါ...များသောအားဖြင့် ကျောင်းတုန်းက ရင်ခုန်ခဲ့ဖူးတဲ့ crush တွေနဲ့ အမှတ်တရတွေ ရှိဖူးကြမှာပါဒီဇာတ်လမ်းလေးကတော့ ရင်ခုန်တတ်စ အရွယ်မှာ တွေ့ရတဲ့ အချစ်အကြောင်းကို ဖော်ကျူးထားတာပါအညွှန်း- သွမ်ဘိုဝမ်ဆိုတဲ့ ကောင်လေး နဲ့ ယွီချင်းဇင်းဆိုတဲ့ ကောင်မလေး ဟာ ငယ်ငယ်တည်းက သူငယ်ချင်းတွေပါယွီချင်းဇင်းက ငယ်စဉ်ကတည်းက သွမ် ဘိုဝမ်ကို တဖက်သတ်ချစ်နေခဲ့ပါတယ်သွမ် ဘိုဝမ်ကတော့ ကျောင်းမှာ စာလာသင်တဲ့ ဆရာမတစ်ဦးကို စိတ်ဝင်စားနေခဲ့ပါတယ်"ဆရာမနဲ့ ကျွန်တော်"ဆိုပါတော့ဒါကို ယွီချင်းဇင်း သိလိုက်တဲ့ အချိန်မှာတော့ သွမ် ဘိုဝမ်အတွက် ...
movie
Secret Fruit (2017)
5.2
[18+] Tokyo Train Girls: Private Lessons (2009)
ဒီတစ်ခါတော့ ပရိတ်သတ်ကြီးအတွက် 2009 ခုနှစ်က ထွက်ရှိထားတဲ့ ဂျပန် ၁၈+ ကားလေးတင်ဆက်လိုက်ပါတယ်။ဒီဇာတ်ကားကို ကြည့်ပြီးရင် ရင်ထဲမှာ နှမြောတသတွေ ထင်ကျန်ခံစားစေရမယ်လို့ စာရေးသူရဲရဲကြီးအာမခံတယ်ဘာလို့လဲ ဆိုတော့ဒီကားထဲက မင်းသမီးလောက် ပြည့်စုံတဲ့ အကြည့်၊ ရုပ်ရည်၊ မယ်ရှုံးလောက်တဲ့ခန္ဓာကိုယ် 18+ လောကမှာ ခပ်ရှားရှားရယ်။ပိုတယ် ဆိုမှာစိုးလို့ ထပ်ပြီးမတင်စားတော့ပါဘူး။ကျောင်းဆရာမဖြစ်ချင်တဲ့ ကာဝါဆာကီ တစ်ယောက် ကောလိပ်ကို မဖြစ်မနေ ကြိုးစားတက်ခဲ့ရပါတယ်ကောလိပ်မှာ သူငယ်ချင်းအသစ်တွေရခဲ့ပါတယ်သူငယ်ချင်းတွေက ငွေကြေးတက်နိုင်သူတွေဖြစ်နေပါတယ်သူမဟာ သူတို့နဲ့ အပြိုင် သုံးရင်း ကျောင်းတက်လာလိုက်တာ အကြွေးတွေန ပတ်လည်ဝိုင်းသွားပါတော့တယ်။ဒီလိုနဲ့ သူမဟာကျောင်းပြီးသွားခဲ့ပြီး ကျောင်းဆရာမအလုပ်ကို ကျောင်းရဲ့ အညံ့ဆုံးအခန်းမှာ စာသင်ရပါတယ်။သူမရဲ့အကြွေးတွေက များလွန်းတာကြောင့် ကျောင်းဆရာမလစာနဲ့ဘယ်လိုမှမကြေပါဘူး။ဒါကြောင့်သူမဟာ အိမ်မှာနေရင်း ၀င်ငွေကောင်းတဲ့ Video Chatting အလုပ်ကို စတင်လုပ်ပါတော့တယ်...။သူမဟာမျက်နှာဖေါ်မပြပဲ နာမည်အသစ်နဲ့ အကောင့်ကိုသုံးခဲ့ပေမဲ့ သူမရဲ့ အတန်းသားတစ်ယောက်က သိသွားပါတယ်......ဘာတွေဘယ်လို ဆက်ဖြစ်မလဲဆိုတာတော့ 18+ ပရိတ်သတ်ကြီးသိတဲ့အတိုင်းပဲ...။ File Size ...
movie
[18+] Tokyo Train Girls: Private Lessons (2009)
2009
8.3
I See You (2017)
Channel Myanmar ပရိတ်သတ်တွေအတွက် ပိတ်ရက်မှာ အနားယူအပန်းဖြေ ကြည့်ရှု.နိုင်ဖို့ဖိလစ်ပိုင်အချစ် Romance ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဂျပန်နိုင်ငံ စပိုရိုမြို့မှာဧည့်လမ်းညွှန်အဖြစ်အသက်မွေးလမ်းကြောင်းပြုလုပ်နေတဲ့ ဖိလစ်ပိုင်သူလေး လေယာ..လေယာနဲ့လက်ထပ်ဖို့နှစ်နှစ်ကျော်စေ့စပ်ထားတဲ့ ဂျပန်နိုင်ငံသား နိုဘုသတို့သားလောင်းကရှောင်ဖဟ်ရှောင်ဖယ်လုပ်ပြီး ခြံခုန်တာကို သိသွားပြီးတဲ့နောက် ယာယီမျက်စိကွယ်ခြင်းဖြစ်ခဲ့တယ်လေယာ မျက်စိကွယ်တဲ့အခ်ျိန်လေယာအနားရုတ်တရက်ရောက်လာတဲ့ တိုညှိအဆိုးဆုံးဝေဒနာတွေနဲ့ကြုံနေရချိန် တိုညိုတစ်ယောက်လေယာကိုဘယ်လိုကူညီဖေးမရင်းသံယောဇဉ်တွယ်ခဲ့ရာက.လေယာမျက်စိပြန်မြင်လာတဲ့အချိန်ဘယ်လိုတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်ကြပါဦးဒီဇာတ်ကားမှာတစ်ခုသိထားရမှာက မင်းသားလုံးဝမချောပါဘူး :3ဇာတ်လမ်းသဘောသဘာဝကတော့ အတော်ကောင်းတဲ့ဇာတ်လမ်းလေးဖြစ်လို့လက်လွှတ်မခံသင်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က ဖြူဖြူသန့်ပါ) File Size : (650 MB) and (250 MB) Quality : HDRip 720p Running Time : 1hr 24min Format : Mp4 Genre :Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Phyu Phyu Thant Encode by Thanhtike Zaw
movie
I See You (2017)
2017
6.2
My Tutor Friend 2 (2007)
ဒီတစ်ကားကတော့ မတူညီတဲ့ plot တွေ ကွဲပြားတဲ့ မင်းသား မင်းသမီးတွေနဲ့ My tutor Friend 1 ရဲ့ အဆက်အဖြစ် CJ ENTERTAINMENT က တင်ဆက်လိုက်တာပါအဓိက ဇာတ်ကောင်တွေအနေနဲ့ကတော့ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုတောင်းနဲ့ ပြည့်စုံပြီး တစ်ချက်ပြုံးရင် ကြယ်ကြွေလောက်တဲ့ မင်းသားချော Park Ki woong နဲ့ ဘယ်လိုနေနေ ချစ်စဖွယ် မမေ့နိုင်စဖွယ် အမူအရာလေးတွေနဲ့ မင်းသမီးချောလေး Lee Chung ah တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်ကိုရီးယားကို Student exchange နဲ့ ကျောင်းလာတတ်တဲ့ ဂျပန်မလေး ဂျွန်ကို ဟာ သူမရဲ့ Crush ဖြစ်တဲ့ ဝူဆန်းကို ကိုရီးယားမှာ လိုက်ရှာချင်ခဲ့ပါတယ်သူမတည်းခိုရာ ဧည့်ဂေဟာ ပိုင်ရှင်ဧ။်သားဖြစ်သူကတော့ လူငယ်ဆန်ဆန် ရွတ်နောက်နောက် နေတတ်ပြီး ပိုက်ဆံကို ရရင်ရသလို ရှာတတ်သူပါဒီအပျော်လွန်တတ်တဲ့ ကောင်လေးမှာ ...
movie
My Tutor Friend 2 (2007)
2007
6.7
My Tutor Friend (2003)
2003 မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်လမ်းလေးက နာမည်ကျော် မင်းသား Kwon Sangwoo နဲ့ နာမည်ကြီး အချောအလှ ထိပ်ခေါင် မင်းသမီး Kim Haneul တို့မှ အဓိက ပါဝင်ထားပြီး CJ Entertainment ရဲ့ ရုပ်ရှင်ကားကောင်းတွေ ထဲက တစ်ကားဖြစ်ပါတယ်Comedy ရဲ့ အရသာ အပြည့်အဝပါဝင်တဲ့ ဒီဇာတ်ကားဟာ တောင်ကိုရီးယားရဲ့ တစ်ခေတ်တစ်ခါမှာ အောင်မြင်မှုပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့တာ အတော်အများ သိကြမှာပါ (မသိသေးရင် အခုပဲ ကြည့်လိုက်ပါ)အထက်တန်းကျောင်းမှ အလုပ်ပြုတ်လာတဲ့ ဆရာမလေး ချွဲဆူဝမ်ဟာ မိခင်ရဲ့ စေညွှန်းချက်အရ မိခင်ဖြစ်သူဧ။်ချမ်းသာသော သူငယ်ချင်းရဲ့ သားကို ဂိုက်လုပ်ပေးဖို့ ဖြစ်လာပါတယ်ဂျစ်ကန်ကန် အပေအတေ နှစ်ကျ ပြသာနာအိုး ကျောင်းသားနဲ့ ဆတ်ဆတ်ထိမခံ ငါဟဲ့ ဆရာမ ဆိုတဲ့ မာန်အပြည့်နဲ့ ကျူရှင်ဆရာမတို့ ဆုံစည်းကြတဲ့အခါမှာ ဘယ်လို ကတောက်ကဆတွေ ဘယ်လိုအလွဲလေးတွေ ...
movie
My Tutor Friend (2003)
2003
8.2
Munna Bhai M.B.B.S. (2003)
ဒီကားကို 3 idiot ဒါရိုက်တာ Rajkuma Hirani ရိုက်ကူးခဲ့ပြီး နာမည်ကြီးမင်းသား (Sanjay Dutt)မင်းသမီးချော Gracy Singh နဲ့ 3 idiot ထဲက ဗိုင်းရပ်ကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ (Roman Irani)တို့ က အဓိကပါဝင်ခဲ့ပါတယ်. Sanjay ဟာ လူမိုက်ခေါင်းဆောင်တစ်ယောက်ပါ ပြန်ပေးဆွဲတယ် လိုချင်တာကို မရ ရတဲ့နည်းနဲ့ ယူတယ် တပည့်လူမိုက်တွေလည်း အများကြီး ....သို့ပေမဲ့ သူ့မိဘတွေသိထားတဲ့အဖြစ်က Sanjay ဟာသိပ်ကိုထူးချွန်တဲ့ ဆရာဝန်တစ်ယောက် ဒီလိုဖြစ်အောင်လည်း Sanjay က လိမ်ထားနိုင်တယ် မိဘတွေသူ့ဆီအလည်လာရင် သူတို့နေတဲ့ အဆောက်အဦးဟာ ဆေးရုံဖြစ်သွားပြီး တပည့်တွေက လူနာတွေဟန်ဆောင်ကြတယ် မိဘတွေက တစ်နေ့တော့ ဆရာဝန်မတစ်ယောက်နဲ့ စေ့စပ်ပေးကြတယ်...စေ့စပ်ပွဲမှာ သူဆရာဝန်အဖြစ် လိမ်ထားမှန်းအားလုံးက သိသွားကြတဲ့အပြင် တန်ဘိုးတစ်စက်မှမရှိတဲ့လူအဖြစ် ဆက်ဆံခံလိုက်ရတော့ Sanjay ဟာ မခံချင်စိတ်နဲ့ရည်မှန်းချက်ကြီးတစ်ခုထားလိုက်တယ်...အဲ့ဒါက သူတကယ့်ဆရာဝန်အစစ်အမှန် ဖြစ်ရမယ် သူတကယ်ကြိုးစားမယ်ဆိုတာပဲ.....သူဘယ်လိုတွေကြိုးစားလဲ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရလဲ ဆိုတာကိုတော့ ဒီကားက အတော်လေးရယ်ရတယ် ဟာသလေးတွေနှောပြီး message လေးတွေပေးသွားတယ် ဒီကားထဲက လူကြမ်းကြီးက ကျွန်တော်တို့လျစ်လျူရှုထားတဲ့ ...
movie
Munna Bhai M.B.B.S. (2003)
2003
6.9
A Ghost Story (2017)
A Ghost Story (2017) IMDb - 6.9/10_____Rotten - 91% ဇာတ်ကားနာမည်လေးကြည့်လိုက်ရုံနဲ့သရဲကားဆိုပြီးပြေးမြင်မိမှာပါ။ဟုတ်ပါတယ်သရဲကားတော့သရဲကားပါပဲ။ဒါပေမယ့်သရဲဖက်ကနေရိုက်ပြထားတဲ့သရဲကားလေးပါဗျာ။နာမည်လေးအတိုင်းပါပဲသရဲတစ်ကောင်ရဲ့ဇာတ်လမ်းလေးပါ။ကျွန်တော်တို့သေဆုံးသွားရင်ဘာတွေဖြစ်သွားမလဲ။ဘယ်ကိုရောက်သွားမလဲ။ဒီမေးခွန်းတွေဟာတော်တော်များများယခုထိငြင်းခုံနေကြဆဲပါ။ဘာသာအမျိုးအမျိုးမှာပါရှိပြီးဖြစ်ပေမယ့်ဒီမေးခွန်းကိုတစ်ခါလောက်ဖြစ်ဖြစ်တော့လူတိုင်းတွေးဖူးကြမှာပါပဲ။ဒီကားလေးဟာတကယ်ကိုရိုးရိုးရှင်းရှင်းလေးရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ကျွန်တော်တို့နေ့စဉ်ဓူဝလုပ်ရှားနေတဲ့ပုံကိုကင်မရာချထားပြီးရိုက်ထားသလိုပါပဲ။တကယ်ကိုရိုးရိုးရှင်းရှင်းရိုက်ပြထားတာမို့ပရိသတ်အများစုအတွက်ပျင်းစရာဖြစ်နိုင်ပါလိမ့်မယ်။ရိုးရှင်းလွန်းလို့သရဲတောင်ရိုးရိုးလေးပဲပြထားတာပါ။ဒါပေမယ့်သည်းခံပြီးဆက်ကြည့်မယ်ဆိုရင်တော့ဖြင့်ဇာတ်ကားလေးအပြီးမှာတစ်ခုခုတော့စဉ်းစားစရာကျန်မယ်လို့ထင်ပါတယ်။သရဲကားကြောက်တဲ့သူတွေအတွက်Horrorကားထက်Mystryပုံစံဇာတ်ကားမျိုးပါ။ကြောက်ဖို့မကောင်းသလိုတွေးစရာတွေပဲပေးမယ့်ကားလေးပါ။ကျွန်တော်တို့ကြုံတွေ့နေရတဲ့လူနေမှုပုံစံတွေပြီးတော့သေပြီးသွားရင်ဘယ်လိုဖြစ်မလဲဆိုတဲ့အမြင်လေးတွေ။သေဆုံးသွားသူနဲ့ကျန်ရစ်သူကြားသံယောဇဉ်ချည်နှောင်မှုတွေ၊ဒါတွေကိုလက်တွေ့ကျကျကိုယ်ပိုင်အတွေးအခေါ်တရပ်နဲ့ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ပြောခဲ့တဲ့အတိုင်းလက်တွေ့ကျပြလွန်းလို့ပျင်းကောင်းပျင်းသွားနိုင်စရာတော့ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။အိမ်တစ်အိမ်ကိုပြောင်းလာတဲ့စုံတွဲတစ်တွဲကနေစတာပါပဲ။သူတို့နှစ်ယောက်ကတကယ်ကိုချစ်ကြတဲ့သူတွေပါ။တနေ့မှာတော့ကောင်လေးဟာကားတိုက်မှုဖြစ်ပြီးကွယ်လွန်သွားပါတယ်။အဲဒီလိုနဲ့အထီးကျန်ရစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်တည်းရှိတဲ့အိမ်လေးကို ကောင်လေးရဲ့ဝိညာဉ်ပြန်ရောက်လာပါတော့တယ်။ကောင်လေးအနေနဲ့သူ့အမျိုးသမီးကိုပြန်ဆက်သွယ်ဖို့ကြိုးစားရှာပါတယ်။အမြဲတမ်းသူ့ဘေးမှာရှိနေပေးတယ်။သူလုပ်သမျှကိုကြည့်နေပေးတယ်။အဲဒီအပိုင်းတွေကြည့်ရင်းကိုယ့်ကိုဘယ်သူများကြည့်နေမလဲဆိုပြီးကလိကလိဖြစ်နေပါလိမ့်မယ်။တကယ်လည်းကိုယ့်ဘေးပတ်ဝန်ကျင်မှာသွားလာလှုပ်ရှားနေသူတွေရှိနေနိုင်တာပါပဲ။ဇာတ်လမ်းလေးကရိုးရိုးလေးဆိုပေမယ့်လူတွေတွေးတတ်ပုံစံတွေ၊လူ့သဘာဝတွေ၊အတွေးအခေါ်တချို့ကိုပါထည့်သွင်းပြထားပါတယ်။စဉ်းစားစရာအပြည့်နဲ့ရိုးရိုးရှင်းရှင်းကားလေးတစ်ကားပါပဲ။နိုင်ငံတကာမှာလည်းဝေဖန်မှုအမျိုးမျိုးရရှိထားပြီးRatingအနေနဲ့လည်း7.7ထိရရှိထားတဲ့အပြင်ဆု၂ဆုပါရရှိထားပြီးပါပြီ။တစ်ခုတော့ရှိပါတယ်Horrorကားမဟုတ်တဲ့အတွက်Horrorကြိုက်တဲ့ပရိသတ်တွေအတွက်တော့စိတ်ကျေနပ်စရာဖြစ်မှာမဟုတ်ပါဘူး။ဒါပေမယ့်တစ်ခုခုတွေးစရာတော့ရလိမ့်မယ်လို့ပြောပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ) File Size : (650 MB) Quality : 720p Bluray Running Time : 1hr 32min Format : Mp4 Genre :Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encode by Thanhtike Zaw
movie
A Ghost Story (2017)
2017
6.1
Kabhi Alvida Naa Kehna (2006)
ခြေစွမ်းပြပြီး အောင်မြင်ကျော်ကြားနေတဲ့ ဘောလုံးကစားသမား တစ်ယောက်ဖြစ်တဲ့ ဒေ့ဗ် သူ့မှာ သွက်လက်ပြီး အရည်အချင်း သိပ်ရှိတဲ့ ရီဟား လို့ ခေါ်တဲ့ မိန်းမနဲ့ သားလေး တစ်ယောက်ရှိတယ်တစ်နေ့မှာတော့ ဒေ့ဗ်က မင်္ဂလာဆောင် တစ်ခုကနေ သူ့အမေကို သွားကြိုတာ အမေဖြစ်သူက သတို့သမီး မလာသေးလို့ မင်္ဂလာပွဲ မပြီးသေးလို့ မပြန်သေးတော့ ပန်းခြံထဲမှာ လမ်းလျှောက်နေရင်း သတို့သမီး ဝတ်စုံနဲ့ မိန်းကလေး တစ်ယောက်ကိုတွေ့ခဲ့တယ် သူ့နာမည်က မာယာ"လက်မထပ်ခင် မင်း အချစ်စစ်ကို ရှာသင့်တယ် လက်ထပ်ပြီးသွားရင်တော့ မင်းရှာလို့ မရဘူးနော်ဒါဆို တကယ်လို့ လက်ထပ်ပြီးမှ အချစ်စစ်ကို တွေ့ခဲ့ရင်ကော""ကျွန်မက မနှုတ်ဆက်ဘူး နှုတ်ဆက်တယ်ဆိုတာ နောင်တစ်ကြိမ် ထပ်တွေ့မယ်ဆိုတဲ့ မျှောလင့်ချက် မရှိအောင် လုပ်လိုက်သလိုပဲ ဘယ်သူပြောနိုင်မလဲ နောက်တစ်ကြိမ် ပြန်တွေ့ဦးမလား ဆိုတာ"အခုမှ တွေ့ဖူးတဲ့ မာယာ့ကို ဒေ့ဗ် တစ်ယောက် အရင်ကတည်းက ရင်းနှီးနေသလို ခံစားခဲ့ရတယ် ဒါကြောင့်လဲ သူမကို ...
movie
2006
5.7
You Call It Passion (2015)
ကိုရီးယားအချစ်ဟာသဇာတ်လမ်းလေးပါ။မင်းသား Jung Jae‑young မင်းသမီး Park Bo‑young တို့ပါဝင်ထားပြီး အပန်းဖြေရင်းကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပါ။ File Size…(850MB) and (320MB)Quality…BluRay Rip 720pFormat…mp4 Duration…01:46:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya AungTranslated by Missy
movie
You Call It Passion (2015)
2015
7.3
Jerry Maguire (1996)
Jerry Maguire(1996) IMDb ....7.3 ,,,,Rotten 83% ဒီကားထဲမှာ မင်းသားTom Cruise က Jerry Maguire အမည်နဲ့ အားကစား အေးဂျင့်အဖြစ်သရုပ်ဆောင်ထားတယ် စကားလုံးလှလှတွေကိုအသုံးပြုပြီး အောင်မြင်တဲ့အားကစားသမားတွေနဲ့ အားကစားအသင်းတွေကြားမှာ ငွေကြေး ကစားနေတဲ့သူတစ်ယောက်ပေါ့.အချစ်ဆိုတာကိုလည်း စာရွက်ပေါ်က ဂဏန်းတွေလို တွက်ချက်ပြီး အကျိုးအမြတ်ယူတတ်သူ .....သူဟာနာမည်ကျော်အေးဂျင့်အဖြစ်ကာလတစ်ခုထိနေနိုင်ခဲ့ပေမဲ့ တစ်နေ့တော့ ဘယ်သူမှ သူနဲ့စာချုပ်မချုပ်ချင်လောက်အောင် ဆိုးတဲ့အခြေအနေရောက်သွားတယ်......... ကျွန်တော်တို့ရှင်သန်ရင်း ဘဝတစ်ခုတည်ဆောက်တဲ့အခါမှ အချစ်ရယ် အလုပ်ရယ် ငွေကြေး ရယ် ကြားမှာ ပင်ပန်းနွမ်းနယ်နေတယ်........နှလုံးသားနဲ့ဦးဏှောက် ပေါင်းစပ်မှုကြောင့် စကားတွေပြောတယ် ဟန်အမူအရာတွေပေါ်ပေါက်လာတယ်.... တစ်ချို့သောအလုပ်တွေမှာ ဦးဏှောက်ကရာနှုန်းပြည့်ဆုံးဖြတ်ပေးပေမဲ့ နှလုံးသားကြောင့် ယိမ်းယိုင်ခဲ့တာ ရှိတယ် နှလုံးသားရဲ့ အသိပေးမှုအောက်မှာလည်း ဦးဏှောက်ရဲ့ တစ်ချို့သော တလွဲ မာနတွေ အတ္တတွေကြောင့်ပြိုလဲခဲ့တာရှိတယ်...ကိုယ့်အတွက် တကယ့်ပျော်ရွှင်မှုဆိုတာအဲ့အချိန်ရောက်ရင် လက်တစ်ကမ်းအလိုမှာပဲ လေတစ်ချက်အဝှေ့ခံလိုက်ရတဲ့ အခိုးအငွေ့လေးလိုပဲပျောက်သွားတတ်တယ် ပျော်ရွှင်မှုရဖို့အတွက် အတ္တတွေ မာနတွေကို အချိန်ကိုက် ခဝါချတတ်ဖို့လိုသလို ကိုယ့်နှလုံးသားရဲ့လိုအပ်ချက်အစစ်အမှန်ကိုလည်းမြင်အောင်ကြည့်တတ်ဖို့လိုတယ်...ကျွန်တော်ဘာလို့ဒါတွေပြောနေတာလဲဆိုတော့ ဒီကားကိုကြည့်လိုက်ရင်ခင်ဗျားတို့သဘောပေါက်သွားမယ်ထင်တယ် ဒီဇာတ်ကားမှာ တွမ်ခရုဟာ Golden Globe Award for Best Actor ဆုရသွားတယ် ဒါ့အပြင် ရုပ်ရှင်ဆုပေါင်း ဆယ့်တစ်ဆုလည်း ရခဲ့တယ် IMDb Rotten...ကလည်းကောင်းတယ်...ဒီအချက်အလက်တွေအရ ...
movie
Jerry Maguire (1996)
1996
7.9
The Big Sick (2017)
The Big Sick (2017) IMDb - 7.5/10_______Rotten - 98%CM ပရိတ်သတ်တွေကို ဒီတခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Big Sick" ပဲဖြစ်ပါတယ်IMDB 7.5 နဲ့ ပရိတ်သတ်အားပေးမှုကို ရရှိထားတာဆိုတော့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါဇာတ်လမ်း အကြောင်းအရာကတော့ကူမေးလ်နမ်ဂျီယာနီ ဟာ အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ ပါကစ္စတန် ဟာသပညာရှင်တစ်ယောက်ဖြစ်ပါတယ်သူဟာ လူတွေရှေ့မှာ ဟာသပြောရတဲ့ ပညာရှင် တစ်ယောက်ပါတစ်နေ့မှာတော့ သူ့ပွဲမှာ လာအားပေးတဲ့ အမ်မလီဆိုတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်ဆုံတဲ့နေ့မှာဘဲ အနောက်တိုင်းထုံးစံအတိုင်း အတူနေခဲ့ကြပါတယ်ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ တိုးပွားခဲ့ပါတယ်ဒါပေမယ့်...ပါကစ္စတန်လူမျိုးတွေဟာ မိဘတွေ စီစဉ်ပေးတဲ့သူနဲ့ လက်ဆက်ရပါတယ် ....လူမျိုးမတူ ဘာသာမတူတဲ့ လူနဲ့ လက်ထပ်တဲ့လူတိုင်းကို မိသားစုကနေ ဖယ်ထုတ်ခြင်းခံရပါတယ်...စကားပြောခွင့်ဆက်သွယ်ခွင့်မရှိပါဘူး....ဒီထုံးစံကို သိတဲ့ ကူမေးလ်ဟာ အမ်မလီကိုလဲ ဖွင့်မပြောချင် မိဘတွေကိုလဲ စိတ်မဆင်းရဲစေချင်တာနဲ့ ပြောလို့ မထွက်ခဲ့ပါဘူး...တစ်နေ့မှာတော့ အမ်မလီဟာ ဒီအကြောင်းအားလုံးကို သိခဲ့ပါတယ်..သူတို့နှစ်ယောက်လမ်းခွဲခဲ့ကြပါတယ်..ဒါပေမယ့်...အမ်မလီဟာ ...
movie
The Big Sick (2017)
2017
6.8
Lady Macbeth (2017)
Lady Macbeth (2017) IMDb - 6.8/10_____Rotten - 88% ဒီကားက ၁၉ရာစုတွင်း အင်္ဂလန်နိုင်ငံရဲ့ လူနေမှုအဆင့်အတန်းကိုရိုက်ပြ ထားတဲ့ကားလေးပါ...တစ်နည်းအားဖြင့် အမျိုးသမီးများဟာ အမျိုးသားတွေနဲ့တန်းတူအခွင့်အရေးမရခဲ့လို့ ကနဦးကြိုးစားမှုကိုပုံဖော်ထားပါတယ်.... .ကျေးလက်မိန်းကလေးတစ်ယောက်ဟာ သတို့သမီးအဖြစ်ရောင်းစားခံခဲ့ရတယ်..... အားလုံးကို မလုပ်ချင်ပေမဲ့လည်း ရှေးဦးစည်းမျဉ်း စည်းကမ်းတွေနဲ့ ပြန်လည်ချေပရန်ခက်ခဲတဲ့စကားလုံးတွေကြားသူမ ဓားစာခံဖြစ်ခဲ့တယ် သိုပေမဲ့လည်း မိန်းကလေးဟာ အရွယ်လည်းကောင်း အလှပဆုံးချိန်လည်း ရောက်ရှိနေလေတော့ ယောင်္ကျားမိသားစုအသိုင်းအဝန်းကြားမှာ လုပ်သင့် မလုပ်သင့်မစဉ်းစားပဲ စိတ်ဆန္ဒတွေကို လွှတ်ပေးမိတယ်..... ကိုင်း ကျန်တာတော့ ကြည့်ရှုခံစားကြည့်လိုက်ပါဦးလို့ ဘာသာပြန်ကကတော့ Pyae Xein Sett ဖြစ်ပါတယ် ဒီကားက ၁၉ရာစုတွင်း အင်္ဂလန်နိုင်ငံရဲ့ လူနေမှုအဆင့်အတန်းကိုရိုက်ပြ ထားတဲ့ကားလေးပါ...တစ်နည်းအားဖြင့် အမျိုးသမီးများဟာ အမျိုးသားတွေနဲ့တန်းတူအခွင့်အရေးမရခဲ့လို့ ကနဦးကြိုးစားမှုကိုပုံဖော်ထားပါတယ်.... .ကျေးလက်မိန်းကလေးတစ်ယောက်ဟာ သတို့သမီးအဖြစ်ရောင်းစားခံခဲ့ရတယ်..... အားလုံးကို မလုပ်ချင်ပေမဲ့လည်း ရှေးဦးစည်းမျဉ်း စည်းကမ်းတွေနဲ့ ပြန်လည်ချေပရန်ခက်ခဲတဲ့စကားလုံးတွေကြားသူမ ဓားစာခံဖြစ်ခဲ့တယ် သိုပေမဲ့လည်း မိန်းကလေးဟာ အရွယ်လည်းကောင်း အလှပဆုံးချိန်လည်း ရောက်ရှိနေလေတော့ ယောင်္ကျားမိသားစုအသိုင်းအ၀န်းကြားမှာ လုပ်သင့် မလုပ်သင့်မစဉ်းစားပဲ စိတ်ဆန္ဒတွေကို လွှတ်ပေးမိတယ်..... ကိုင်း ကျန်တာတော့ ကြည့်ရှုခံစားကြည့်လိုက်ပါဦးလို့ ဘာသာပြန်ကကတော့ Pyae Xein Sett ဖြစ်ပါတယ် Qty - Blu ray 720p Duration - 1hr 29min Subtitle - Myanmar Hardsub Gern - ...
movie
Lady Macbeth (2017)
2016
6.2
Finally Found Someone (2017)
2017 ထွက် အချစ်ဟာသဇာတ်မြူးလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါး နဲ့ အေးအေးဆေးဆေးလေးကြည့်ရတာကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်ကြိုက်တွေ့မယ့်ကားလေးပါ ဒီဇာတ်ကားလေးထဲက အကြိုက်တွေ့မိတဲ့ စကားလေးကတော့ "အချစ်ဆိုတာ နောက်တခါအခွင့်အရေးပေးဖို့ထိုက်တန်တယ် တဲ့ပြီးတော့ အချစ်စစ်ဆိုနောက်တခါ အခွင့်အရေးထပ်ပေးနိုင်တယ်တဲ့ "ဇာတ်လမ်း အကျဉ်းကတော့ aprilynn ဟာ သူ့ မင်္ဂလာပွဲလေးရဲ့ သူတို့သားဖြစ်တဲ့ Randy နဲ့ လွဲချော်သွားတယ်ဆိုတဲ့ သတင်းဟာ အွန်လိုင်းမှ တဆင့်ပျံနှံသွားပါတယ်မြို့တော်ဝန်ရဲ့သားဖြစ်တဲ့ Randy ဟာမြို့တော်ဝန်အဖြစ်ဝင်ပြိုင်မှာ ဖြစ်တာကြောင့် Aprilynn ကိုပစ်ထားခဲ့တာက သူ့ရဲ့ Image ကိုထိခိုက်စေပြီးထောက်ခံမဲတွေလျော့လာစေပါတယ် ပိုပြီးဝမ်းနည်းစရာ ကောင်းတာက သူဟာ သူတို့သားရဲ့အဖေက ငှားထားတဲ့ Public Relation agency က raffy နဲ့ ဆုံတွေ့မိပြီး raffy ရဲ့ အကြံပေးချက်တွေနဲ့ သူဟာ Randy ကို သိက္ခာမကျစေဖို့အတွက် ဟန်ဆောင်နေရပါတယ် ဒီလိုနဲ့အနေခြင်းနီးလာတဲ့ Aprilynn ဟာ Raffy ကိုချစ်မိသွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမယ် ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြကြရမှာပါဘာသာပြန်ကတော့ ...
movie
Finally Found Someone (2017)
2017
Jab Harry Met Sejal (2017)
မင်းသားရှာရွတ်ခန်းနဲ့ မင်း သမီး အနွတ်ရှ်ကာရှားမားတို့က ခေါင်းဆောင် ပါဝင်ထားတာဖြစ်ပြီး သူတို့နှစ်ယောက် ပူးတွဲသရုပ်ဆောင်တဲ့ တတိယမြောက်ဇာတ်ကားဖြစ်သလို ပါရာဂွေး၊ အမ်စတာဒမ်၊ ဗီယင်နာ၊ လစ္စ ဘွန်းနဲ့ ဘူဒါပက်စ်က ရှုခင်းအလှ အပတွေကိုပါ ခံစားကြည့်ရှုရမှာပါ။ဟာရင်ဒါဟယ်ရီဆင်းန်နီ ဟာရာဟာ အမ်စတာဒမ်က ဧည့် လမ်းညွှန်တစ်ယောက်ဖြစ်ပြီး စန်းပွင့်သူ ဖြစ်သလို ခင်မင်တတ်၊ ကူညီတတ်သူတစ်ယောက်ဖြစ်ပါ တယ်။ တစ်ရက်မှာတော့ သူဂိုက်လုပ်ပေးနေတဲ့ ဂူဂျာရာတီမိသားစု ကို လေဆိပ်လိုက်ပို့အပြီးမှာတော့ ပြဿနာလေးတစ်ခု စပါတော့ တယ်။ဂူဂျာရာတီ မိသားစုဝင်တစ် ယောက်ဖြစ်တဲ့ ဆီဂျယ်ဇာဗာရီ ဟာ ခရီးစဉ်မှာ သူ့ရဲ့စေ့စပ်လက် စွပ်ပျောက်သွားလို့ပဲ ဖြစ်ပါတယ်။ လက်စွပ်ပြန်ရှာချင်တဲ့ ဆီဂျယ်ကို ဟယ်ရီက ကူညီပေးဖို့ အင်တင် တင်ဖြစ်နေပေမယ့်လည်း အတူ လိုက်ရှာပေးခဲ့ပါတယ်။ ဟယ်ရီဟာဂူဂျာရာတီ မိသားစုကို လိုက်ပို့ခဲ့တဲ့ နေရာ တွေအကုန်လုံးကို ဆီဂျယ်နဲ့အတူ ပြန်သွားပြီး လက်စွပ်လိုက်ရှာခဲ့ ကြပါတယ်။ ...
movie
Jab Harry Met Sejal (2017)
2017
6.8
Can We Still Be Friends? (2017)
"အချစ်စစ်မှာ ပြီးပြည့်စုံမှုကိုတောင်းဆိုနေတာဟာ သိပ်ကိုရူးမိုက်တဲ့လုပ်ရပ်ပါပဲ"တဲ့ Movieထဲကအကြိုက်ဆုံးစာသားလေးပါ…ဇာတ်လမ်း အကျဉ်းလေးကတော့ ဒီလိုပါ… ဆမ်နဲ့ဒစ် ဟာ တွဲလာကြတာ ၈နှစ်ကြာပြီဖြစ်ပြီး တစ်အိမ်တည်း အတူနေထိုင်ကြတဲ့ စုံတွဲတစ်တွဲပေါ့... ဆမ်(မင်းသမီး)ကတော့ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး ဒစ် (မင်းသား)ကတော့ဝင်ငွေချောက်တိ ချောက်ချက်ရတဲ့ Comicရေးသူပါ…ဆမ်နဲ့ဒစ်ဟာတစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြပေမယ့် ဒစ် ဟာပေါ့ပေါ့နေတတ်သူဖြစ်တာကတစ်ကြောင်း… ပုံမှန်ဝင်ငွေလည်းမရတာတစ်ကြောင်းကြောင့် အိမ်စရိတ်တွေ အိမ်မှုကိစ္စတွေအားလုံးဟာ ဆမ့်တစ်ယောက်တည်းအပေါ်မှာပဲအမြဲကျရောက်နေတဲ့အချိန်…ဆမ်ကလည်းမိန်းကလေးပီပီ ရုံးကသူငယ်ချင်းကိုအားကျပြီး ချစ်သူရဲ့ဂရုစိုက်မှုတွေ စပရိုက်တွေ ကိုလာတွေ မျှော်လင့်လာမိရာက…သူတို့နှစ်ဦးလမ်းခွဲတဲ့အထိဖြစ်လာရပါတယ်…လမ်းခွဲပြီးနောက် ဆမ်ဟာ သူ့ရဲ့စိတ်ကူးယဉ်မင်းသားပုံစံ ဆရာဝန် ဥစ္စာပေါ ရုပ်ချော စပရိုက်တွေလည်းလုပ်ပေးတတ်တဲ့ ယောက်ျားတစ်ယောက်နဲ့ တွေ့တဲ့အခါ....ဆမ်ဟာပျော်ရွှင်သွားရတော့မှာလား??? ဒစ်ကရော ပြောင်းလဲလာမှာလား??? ဘာ ညာ ကိုတော့ ပရိသတ်ကြီးဘာသာပဲရှုစားလိုက်ဖို့ "Can we still be friend?" ဆိုတဲ့ ဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုဘာသာပြန် တင်ဆက်လိုက်ပါတယ်ဘာသာပြန်နဲ့အညွန်းကတော့ မေသဇင်မြင့် ဖြစ်ပါတယ် QTY - web dl 720pFormat - Mp4 (×264)Duration - 1hr53minSubtitle - Myanmar HardsubGern - RomanceTranslator - May Thazin ...
movie
Can We Still Be Friends? (2017)
2017
5.8
My Ex & Whys (2017)
ဒီတခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "My Ex and Whys" ဆိုတဲ့ ဖိလစ်ပိုင်အချစ်ဟာသ ဇာတ်လမ်းလေးပါကာလီဟာ Bakit List Girl ဆိုတဲ့ ဘလော့ကို ရေးတဲ့ ဘလော့ဂါတစ်ယောက်ပါBakit ဆိုတာကတော့ ဖိလစ်ပိုင်လို why ဘာလို့လဲ ဆိုတဲ့ အဓိပ္ပါယ်ပါအဲ့ ဘလော့မှာဆိုရင် ဘာလို့ ယောကျာ်းတွေ သစ္စာမရှိတာလဲ ဆိုတဲ့ ခေါင်းစဉ်ကို အဓိကထားပြီး ယောကျာ်းတွေရဲ့ မကောင်းကြောင်းကို ဘာလို့ လဲ ဆိုတဲ့ အမေး တွေ နဲ့ တင်လေ့ရှိပါတယ်ကာလီ ဆိုတဲ့ ကောင်မလေး ယောကျာ်းတွေကို သစ္စာမရှိတဲ့ လူတွေလို့ ဘာလို့ မြင်တာလဲ????ဒီလိုပါ...သူ ဘလော့ဂါမဖြစ်ခင် လွန်ခဲ့တဲ့ ၂နှစ်လောက်က သူ့အဖေနဲ့ အမေ ကွဲခဲ့ပါတယ်ကွဲရတဲ့ အကြောင်းရင်းကလဲ သူ့အဖေ သစ္စာဖောက်တာကြောင့်ပါပြီးတော့ အဲ့အချိန်လောက်မှာဘဲ ဂျီယိုဆိုတဲ့ ခပ်ချောချော လူရှုပ်လူပွေ နဲ့ ...
movie
My Ex & Whys (2017)
2017
[18+] Origin of Monogamy (2013)
ခန္ဓာကိုယ်ကိုရောင်းပြီးဖခင်ရဲ့အကြွေးတွေဆပ်နေရတဲ့ကောင်မလေးမီဂျူ... သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ဆန်းနယ်က အေအိုင်ဒီအက်စ်ရောဂါဆေးစစ်ဆေးရေးဌာနမှာအလုပ်လုပ်ပြီး ယောကျာ်းတွေကိုရွံ့မုန်းနေသူ... မီဂျူနဲ့လက်ထပ်မယ့်ကောင်လေးနဲ့ ဆန်းနယ်တို့်ဆုံကြတဲ့အခါ.....။ ပွဲကလှပါပြီ....:P Kim Seon-ae works at the AIDS Research Laboratory, Jang Mi-joo works at a nooky establishment and Han Seong-ae is a psychiatrist. Seong-ae talks to single men about sex and is responsible for her friend Seon-ae's hypnotic treatment. One day, Seong-ae hears something shocking about AIDS during therapy... Seon-ae shudders at the mention of men and doesn't want anything ...
movie
[18+] Origin of Monogamy (2013)
2013
6.6
Dear Other Self (2017)
ကျွန်မတို့ဘဝမှာ တစ်ခါတစ်ရံ ငါသာဒီလိုမလုပ်ခဲ့ရင် ဘာဖြစ်နေမှာလဲ အဲ့ဒီတုန်းကသာဟိုလိုရွေးခဲ့မိရင် ခုချိန်တော့ ဘယ်လိုတွေဖြစ်နေမှာ အစရှိသည်ဖြင့်ကိုယ့်ဘဝနောက်ကြောင်းကိုပြန်သုံးသပ်ရင်းကြိတ်မနိုင်ခဲမရ(သို့)ကျေနပ်နေရမယ့်အခိုက်အတန့်တွေ ကြုံခဲ့ဖူးကြမှာပါအကြောင်းသေးသေးလေးတစ်ခုကနေ အပြောင်းအလဲအများကြီးထိဦးတည်သွားနိုင်တာမဟုတ်လား…ဒါကို ဖိလစ်ပိုင်ဇာတ်လမ်းလေးကစိတ်ဝင်စားဖွယ်ပုံဖော်ပေးထားပါတယ်…ဘက်ကီဟာသာမန်ကုမ္ပဏီဝန်ထမ်းလေးတစ်ဦးပါတစ်နေ့မှာတော့ ကုမ္ပဏီအတွက်အရေးကြီးတဲ့စာတမ်းတွေပြင်ဆင်နေတဲ့အချိန် ဘေးအိမ်ကသောင်းကျန်းနေတဲ့ကာရာအိုကေသံတွေကြောင့်အိပ်ရေးပျက်ခဲ့ရပါတယ်မနက်ကျကော်ဖီဆိုင်အဝင်မှာလက်တော့ပေါ်ကော်ဖီခွက်မှောက်ကျပြီး ဘက်ကီပြင်ဆင်ထားသမျှအချက်အလက်အားလုံးပျက်စီးသွားပါတော့တယ်…ညကအိပ်ရေးပျက်ရာကနေ နောက်ဆုံးကုမ္ပဏီကနေတောင်အလုပ်ထွက်လိုက်ရတဲ့အထိပါပဲ...အလုပ်ထွက်ပြီးဘက်ကီတစ်ယောက်မိသားစုကိုထားခဲ့ပြီးကမ္ဘာပတ်ခရီးထွက်ဖို့ပြင်ပါတော့တယ်…ဒီနေရာမှာစဉ်းစားစရာက တကယ်လို့များသာ အခြားတစ်ဖက်ကဘက်ကီဟာ အဲ့ဒီညမှာအိပ်ရေးမပျက်ခဲ့ဘဲ အလုပ်မှာအောင်မြင်မှုရှိသွားခဲ့မယ်…မိသားစုကိုပိုအချိန်ပေးဂရုစိုက်မိခဲ့မယ်ဆိုရင်ရော…ဘက်ကီ့ဘဝဘယ်လိုတွေများဆက်ဖြစ်မှာလဲ?အိပ်ရေးပျက်ခဲ့ရတဲ့ဘက်ကီလည်းခရီးတွေထွက်ပြီး ဘယ်လိုတွေများဆက်ဖြစ်မှာလဲ?သင်တို့သာ ရွေးချယ်ခွင့်ရခဲ့ရင်ရော ဘယ်လိုဘဝမျိုးကိုရွေးချယ်မှာလဲဆိုတာတွေကို…ဘဝနှစ်ခု အပြိုင်ယှဉ်ပြပြီးတင်ဆက်ထားတဲ့စိတ်ဝင်စားစရာဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်ကတော့ မေသဇင်မြင့်ပါ) File Size : (700 MB) and (380 MB) Quality : Webrip Running Time : 1hr 50minutes Format : Mp4 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Thazin Myint Encode by Thanhtike Zaw
movie
Dear Other Self (2017)
2017
First
133
134
135
136
137
Last
Previous
Next