Channel Myanmar

Romance

Head in the Clouds (2002) 6.6
Head in the Clouds (2002) ဇာတ်လမ်းလေးကတော့ ၁၉၃၃ခုနှစ် မိုးသည်းညလေးတစ်ညမှာ ဂယ်ဒါတဲ့ပိုက်ဆံရှိအထက်တန်းလွှာကမိန်းမချောလေးတစ်ယောက် ကမ်းဘရေခ်ျ့တက္ကသိုလ်ဝင်းထဲကိုပြေးဝင်လာရင်းနဲ့ ဂိုက်မယ်လွန်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အခန်းမှာဝင်ပုန်းရင်းကနေဒီဇာတ်လမ်းလေးကိုစတင်ခဲ့တယ်ပဲဆိုရမှာပေါ့ ဂယ်ဒါကလှသသလို ကောင်လေးတွေကြားမှာလဲ ရေပန်းစားတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ဇာတ်ကြောင်းကခပ်ရှုပ်ရှုပ်ရယ် ဒီလိုကောင်မလေးကိုမှ တစ်ညတာသူ့အခန်းထဲမှာပေးနေမိတဲ့ဂိုက်အတွက်ကတော့ ကံကောင်းခြင်းတွေပဲသယ်ဆောင်လာလေသလား တခြားကောဘာတွေဖြစ်နိုင်မလဲဆိုတာကိုတော့ အဲ့အချိန်တုန်းကတော့မသိနိုင်ခဲ့ဘူးပေါ့လေ နောက်ဂယ်ဒါလန်ဒန်ကနေနှစ်အတော်ကြာအောင်ပျောက်သွားပြီးတဲ့နောက် သူရောက်နေတဲ့ပဲရစ်ကိုလာခဲ့ဖို့ဂိုက်ကိုစာပို့လိုက်တဲ့အခါ ဂိုက်တစ်ယောက်ဂယ်ဒါနောက်ကိုရရာရထားနဲ့ဆွဲပြီးတော့လိုက်သွားပါလေရောပေါ့ အဲ့အချိန်မှာ ဂယ်ဒါကအနုပညာအလုပ်တစ်ခုကိုလုပ်နေပြီးတော့ သူ့ကိုကူညီပေးနေတဲ့မီယာဆိုတဲ့ကောင်မလေးတစ်ယောက်လဲသူ့ဘေးနားမှာရှိနေခဲ့ပါတယ် ဂယ်ဒါ ဂိုက် မီယာတို့၃ယောက်ရဲ့ဆက်နွယ်မှုတွေကိုစစ်နောက်ခံထားပြီးတော့ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ ဇာတ်လမ်းလေးကတစ်မျိုးလေးစိတ်ဝင်စားစရာကောင်းပါတယ် အခုပြောပြထားတာက ဇာတ်လမ်းရဲ့တစ်ဝက်တောင်မရှိသေးပါဘူး Rating6.6 ရထားပီး ဇာတ်ကားနဲပတ်သက်ပီ ဆုတွေလဲရထားတဲ့ ကားလေးလဲဖြစ်ပါတယ်။ ဆုရကားလေးမလို့ကြည့်ရှုသင့်ပါကြောင်းထပ်လောင်းပြောကြားပါရစေ။ (ဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Charm ပဲဖြစ်ပါတယ်)  File Size : (1.00 GB) & (445 MB) Quality : .1080p.BluRay Running Time : 2h 1min Format : Mp4 Genre    :  Drama, Romance, War  Subtitle : Myanmar Subtitle (Hard Sub) Translated by Charm Encoded by Arkar Phyo (Yrfatt)
movie

Head in the Clouds (2002)

2004
Miracle of Giving Fool(2008) 7.5
Miracle of Giving Fool(2008) Miracle of Giving Fool(2008) IMDb...7.5 ဆံပင်က ဖွာလန်ကျဲ ..လမ်းလျောက်ပုံက ကိုယ့်ရို့ကားယား...ပါးစပ်ကလည်း တစ်ချိန်လုံးပွစိ ပွစိနဲ့....ရေမချိုးတာကြာတော့ သူ့အနားတော်ရုံလူမကပ်ချင်ပြန်... သို့ပေမယ့် သူ့မျက်နှာက တစ်ချိန်လုံးနီးပါးပြုံးနေတယ်... သူ့နာမည်က ဆွန်းယောင်တဲ့...တစ်ရွာလုံးကတော့ သူ့ကို အရူးဆွန်းယောင်လို့ခေါ်တယ်.. .... သူ့မှာ ညီမလေးတစ်ယောက်လည်းရှိတယ်...အဖေနဲ့အမေကတော့ဆုံးသွားရှာတော့ ဒီညီမလေးကိုသူပဲစောင့်ရှောက်နေရတယ်... သာမန်လူတစ်ယောက်လို တွေးခေါ်စဉ်းစားမှုမပြုနိုင်ပေမယ့်  သူ့ခေါင်းထဲမှာ အရေးကြီးဆုံးအချက်မှတ်သားပြီး တတ်နိုင်သလောက်အကောင်အထည်ဖော်နေတယ်.. အဲ့ဒါတွေကတော့ ညီမလေးကျောင်းနေဖို့ နဲ့ တစ်ခုခုဖြစ်ရင်ဆေးကုဖို့ မုန့်ရောင်းပိုက်ဆံရှာရမယ်...ညီမလေးအတွက်မနက်စာပြင်ရမယ်..အခန်းထဲကိုညီမလေးရောက်မရောက်ကြည့်ရမယ်... သူသိပ်သဘောကျခဲ့တဲ့ ကျောင်းနေဖက်သူငယ်ချင်းမလေး ရွာပြန်အလာကိုမျှော်မယ်... ဒီကားက ကိုးရီးယားဒရမ်မာမင်းသား Tae-Hyun Cha  က အရူးဆွန်းယောင်လေးနေရာမှာသရုပ်ဆောင်ထားတယ်... အူကြောင်ကြောင် သနားစဖွယ် ဇာတ်ရုပ်မျိုးဆို အပိုင်နိုင်ဆုံးသရုပ်ဆောင် နိုင်သူလို့တောင်ခေါ်ရမယ်ထင်တယ်... ခင်ဗျားတို့ရဲ့နှလုံးသားဟာ ဒီကားမကြည့်ခင်မှာရော စကြည့်ကြည့်ချင်းမှာရော  တော်ရုံကိစ္စကို မထေ့မဲ့မြင်လုပ်နိုင်ကောင်းလုပ်နိုင်လိမ့်မယ်... သို့ပေမယ့် ဒီကားကြည့်ပြီး မိနစ်(၂၀)လောက်ကြာတဲ့အချိန်မှာ ကမ္ဘာပေါ်မှာ အနူးညံဆုံးနှလုံးသားတစ်ခုကို ကိုင်ဆောင်ပြီး ဆွန်းယောင်ရဲ့နောက်ကိုလိုက်နေရပါ့လားလို့ ကိုယ့်ကိုကိုယ် သတိထားမိသွားလိမ့်မယ်... တစ်ခါတစ်ရံ  ဇာတ်ကားကြည့်နေတဲ့အချိန် ဖန်သားပြင်ဟာ ဘယ်သိပ္ပံပညာရှင်မှအဖြေမထုတ်နိုင်သေးတဲ့ မျက်လုံးပြသနာကြောင့်ေ၀၀ါးသွားလိမ့်မယ်... ကိုင်းခံစားကြည့်လိုက်ပါဦးနော်....  File Size : (887 MB) and (343 MB) Quality :DvD-Rip Format…mp4 Duration…01:30:00 Genre :  Comedy, Romance Subtitle : Myanmar Subtitle ...
movie

Miracle of Giving Fool(2008)

2008
Adventureland (2009) 6.8
Adventureland (2009) 1987ခုနှစ်ရဲ့ကျောင်းသားတစ်ယောက်လက်တွေ့ဘ၀ထဲကိုဝင်ပါတော့မယ် ပြသနာကတော့မပြောင်းသွားပါဘူး ဘာအရာမှလည်းမလွယ်ကူခဲ့ပါဘူး သမီးရည်းစားရေးမှာလည်းအသည်းကွဲနေတဲ့ကွဲဘဲလေးဖြစ်ပြီး လုပ်ငန်းခွင်မှာဆိုလည်းဘာအတွေ့အကြုံမှာမရှိတဲ့ငပေါသာသာပါ မိဘတွေကလည်းကျောင်းစရိတ်မပြောနဲ့ မုန့်ဖိုးတောင်မပေးတော့တဲ့အခြေအနေကိုရောက်နေပါပြီ ပိုက်ဆံရှာဖိုလိုလာတဲ့အချိန်မှာ သူ့အားလပ်ရက်တွေကိုAdventurelandလို့ခေါ်တဲ့ ကစားကွင်းမှာလုပ်ဖို့အကြောင်းဖန်လာပါတယ် စုတ်ပြတ်နာကျင်ပြီးအတွင်းပိုင်းသေဆုံးမတတ်ဖြစ်နေတဲ့လူငယ်တစ်ယောက်က လူတွေအပန်းဖြေ ပျော်ရွှင်ဖို့လာတဲ့ကစားကွင်းမှာအလုပ်လုပ်တယ်ဆိုတာ အရမ်းကြီးဆန့်ကျင်ဘက်ဖြစ်နေသလိုပါပဲ သူ့စိတ်အခြေအနေနဲ့လူမှုရေး၊အချစ်ရေးတွေကို ကစားကွင်းမှာအလုပ်လုပ်ရင်းဘယ်လိုကျော်ဖြတ်သွားမလဲ ပုံမှန်ကားဖြစ်တဲ့အတွက်ပိုကြည့်သင်တယ်လို့ထင်ပါတယ် Sci-fiတွေFantasyတွေထက်စာရင်ဒီလိုကားတွေကပေးတဲ့messageက လက်တွေ့ဘ၀မှာတကယ်အထောက်အကူဖြစ်ပါတယ် ဘာသာပြန်ပေးထားတာတော့Dollyဖြစ်ပြီးကျွန်တော်sithuကencodeပေးထားပါတယ်
movie

Adventureland (2009)

2009
Love 911 (2012) 6.9
Love 911 (2012)  ကိုရီးယားတွေကဟာသကားဆိုလဲရယ်ရအောင်ရိုက်သလို ဟာသကားတွေထဲမှာတစ်ခါတစ်ခါ ဒရာမာအချိုးလေးတွေပစ်ပစ်ထည့်တတ်ပါတယ်။ အဲ့လိုကားမျိုးတွေကြည့်ရတဲ့အခါ ဟင်းမျိုးစုံချထားတဲ့ ထမင်းဝိုင်းထဲမှာ ထမင်းစားရသလိုမျိုးခံစားရပါတယ်။ အချိုလေးလဲပါတယ် အစပ်ကလေးလဲပါတယ် အချဉ်အငန်ကလဲ အပိုအလိုမရှိ ဒီ Love 911 ဆိုတာကလဲ အဲ့လိုဇာတ်ကားမျိုးပါ ဇာတ်လမ်းအညွှန်းကတော့ ဂိုမီဆုက နှလုံးခွဲစိတ်ဆရာဝန်မလေးတစ်ယောက်ပါ အရမ်းကိုတော်ပြီး သွက်သွက်လက်လက်နဲ့ ချစ်ဖို့ကောင်းတဲ့ သူပေါ့ ချောင်ဂန်လီကတော့ မီးသတ်သမားဖြစ်ပြီး လူမှုရေးညံ့ဖျင်း စကားကို အပြောအဆိုမတတ် ဘုဘောက်ပြောပြီးနေတတ်တဲ့သူပါ တစ်နေ့မှာဂင်မီဆုတို့ဆေးရုံအရေးပေါ်ဌာနကိုလူနာတစ်ယောက် ရောက်လာပါတယ် လူနာက နှလုံးအဆို့ရှင်အစားထိုးထားခဲ့ဖူးတဲ့ လူဖြစ်ပြီး ခေါင်းကိုက်တာတွေအဆက်မပြတ်ဖြစ်လာတာကြောင့်အရေးပေါ် ရောက်လာတာပါ ဒီမှာ ဂိုမီဆုကနှလုံးနဲ့ပတ်သက်တယ်လို့ မှားယွင်းစွာ ဆုံးဖြတ်မိပြီး ဆေးပေးပြီးပြန်လွှတ်လိုက်ပါတယ် ဒီမှာပဲလူနာဟာဆေးရုံရှေ့ပြန်ရောက်ရောက်ချင်းပဲ မေ့လဲသွားပါတယ် သေချာစစ်ကြည့်မှ လူနာဦးနှောက်ထဲမှာသွေးတွေရောက်နေပြီးအရမ်းကို အသက်အန္တရာယ်ရှိတယ်ဆိုတာအဖြေထွက်လာပါတယ် လူနာရှင်အမျိုးသားကလဲ ဂိုမီဆုကို ပြဿနာရှာဖို့ ပွဲကြမ်းပါပြီ အဲ့မှာပဲ မင်းသားတို့ မီးသတ်တပ်ဖွဲ့ဟာရောက်လာခဲ့ပြီး ဝင်တားရာက ချောင်ဂန်လီဟာ လူနာရှင်အမျိုးသားကြောင့် ဒဏ်ရာရသွားပါတယ် ဒီနောက်မှတော့လူနာရှင်က ဂိုမီဆိုကိုတရားစွဲဆိုပါတယ် ဆေးရုံကလဲ ဂိုမီဆုကို ၃နှစ်ဆေးကုသခွင့်ပိတ်ထားခဲ့ပြီး ဂိုမီဆု သူငယ်ချင်းပါ အဆစ်ပါသွားပါတယ် ဒါကိုဂိုမီဆုရှေ့နေက အကြမ်းဖက်ခံရတဲ့ မီးသတ်သမားကိုရှာပြီး ထိုလူကိုပြန်တရားစွဲခိုင်းမှသာ ဂိုမီဆုတို့ဘက်ကအသာစီးရမယ်လို့ပြောတာကြောင့် ဂိုမီဆုမှာ ချောင်ဂန်လီကို ကပ်ရပါတော့တယ် အကြံနဲ့ချဉ်းကပ်ခဲ့ပေမယ့် တကယ်တမ်း ချောင်ဂန်လီရဲ့စိတ်ထားကို ...
movie

Love 911 (2012)

2012
The Messenger(2009) 7.1
The Messenger(2009) The Messenger(2009)IMDb.....7.1,,,,,,Rotten.......89%စစ်ကားဟေ့ဆိုလျှင်  BLACK HAWK DOWN ၊AMERICAN SNIPER၊LONE SURVIVOR၊ SAVING PRIVATE RYANတို့လို  ကျည်ဆံသံတဝီဝီ  အမြောက်ဆံတဝုန်းဝုန်းတွေပါတဲ့ကားမျိုးမှ သဘောကျတဲ့ ကျွန်တော့်အဖို့  ယ္ခုThe Messenger(2009) ဇာတ်ကားကိုကြည့်ဖို့အတော်ကြီးကို အားမွေးရပါတယ်....ဘာလို့လဲဆိုတော့ ဒီဇာတ်ကားက WAR အမျိုးအစားဖြစ်ပေမယ့်Drama ဘက်ကိုဦးစားပေးထားလို့ပါပဲ... WAR အမျိုးအစားဖြစ်လို့ ခဏတော့ကြည့်လိုက်မှဆိုပြီး မြည်းကြည့်လိုက်တာ ကျွန်တော်အထက်ကပြောခဲ့တဲ့စစ်ကားကောင်းတွေမှာမပါခဲ့တဲ့ ရှုထောင့်ကိုရိုက်ပြထားတယ်....အစပိုင်း၁၅မိနစ်လောက်ပဲကြည့်ရသေးတယ် ...အဆုံးထိ ကြည့်ဖြစ်သွားသလို အတွေးတွေလည်း တစ်ကိုယ်လုံးထုံလွှမ်းကျန်ခဲ့တယ်...အမေရိကန်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ယောက်ဟာ  ရှေ့တန်းမှာ လက်နက်ကြီးထိခဲ့လို့ မျက်လုံး ခြေထောက်တို့မှ ဒဏ်ရာရရှိသွားတယ်..ဒါကြောင့်သူ့ကို စစ်တပ်ကနေ ပင်စင်ပေးဖို့ ပြုလုပ်ပေးတယ်..မပေးခင်ကာလ (၃)မှာ ပေါ့ပါးတဲ့တာဝန်တစ်ခုကိုခိုင်းလိုက်တယ်....သူလုပ်ရတဲ့အလုပ်မှာ အထက်အရာရှိတစ်ယောက်ရှိတယ်...သူ့အလုပ်က လွယ်ကူလွန်းတယ်လို့ ယူဆတယ်...တိုက်ခိုက်ရေးစစ်သားတစ်ယောက်အနေနဲ့ ဒီအလုပ်က သူ့အတွက်စိတ်ပျက်စရာဖြစ်နေတယ်...သို့ပေမယ့် သူထင်သလောက် မလွယ်ကူမှန်း (၃)ခါလောက်လုပ်ပြီးတဲ့အချိန်မှာသိလိုက်ရတယ်...ခင်ဗျားတို့လည်း ဇာတ်ကားကြည့်နေရင်း သူတို့လုပ်တဲ့အလုပ်နေရာကို ဝင်ရောက်ခံစားရင်းအဆိုးတကာ့အဆိုးဆုံးစစ်ပြေပြင်ကိုသွားနေသလိုခံစားရလိမ့်မယ်...ဘာအလုပ်ဆိုတာရယ် ...ဘယ်လိုတွေ တွေ့ကြုံရမယ်ဆိုတာရယ်တော့ စပွိုင်လာမဖြစ်စေလို့တဲ့အတွက်ကြောင့်မပြောတော့ပါဘူး...သို့ပေမယ့် စစ်ကားကောင်းကြိုက်တဲ့သူတွေအဖို့ ဒီကားကိုကြည့်စေချင်တယ်....ခင်ဗျားတို့အတွက် ရုပ်ရှင်ကားကြည့်ရတာ အချဉ်းနှီးမဖြစ်စေပါ့လားဆိုတဲ့အတွေးမျိုးရစေတဲ့ကားစာရင်းထဲမှာ ဒီကားလည်း စာရင်းဝင်သွားလိမ့်မယ်လို့အာမခံတယ်...ဒီကားက ဇာတ်ညွှန်းဆု၊ဇာတ်ပို့ဆုအတွက် အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို  အခြားဆု(၁၇)ဆုလည်းရရှိခဲ့တယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye ...
movie

The Messenger(2009)

2009
The Place Promised in Our Early Days(2004) 7.1
The Place Promised in Our Early Days(2004) The place promised in our early days (2004)IMDB Rating... 7.1 Rotten Tomatoes.... 80%စာရေးဆရာကြီးမင်းလူက ဘယ်စာအုပ်ထဲမှာလဲမသိဘူးရေးဖူးတယ်...တကယ်တော့ အချစ်ဆိုတာခွေးလျက်ခံရတဲ့ ထန်းလျှက်ခဲလိုပဲ ကြာလေ လုံးပါး ပါးရလေတဲ့... သူပြောတာလည်း ဟုတ်သလိုလိုပင်..သို့ပေမယ့် ကျွန်တော်တို့အားလုံး ရနံတွေနဲ့ကင်းလို့ရချင်ရမယ်... အရောင်တွေနဲ့ကင်းလို့ရချင်ရမယ်..အချစ်ဆိုတာကြီးကိုတော့ ကင်းကွာဖို့ ခဲယဉ်းလွန်းလှပါတယ်... ဒီအချစ်ကြီးကို အချိန်မရွေးဖန်ဆင်းဖို့ နှလုံးသားကြီးကကျွန်တော်တို့ရဲ့ ဘယ်ဘက်ရင်အုံကြီးထဲမှာရှိနေတာကိုး....ဒီဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်အပြီး 1996ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့  ကျောင်းသားလေးတစ်ယောက်နဲ့ ကျောင်းသူလေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ...ကျောင်းသား ကျောင်းသူဘဝ အစပိုင်းမှာရိုးစင်းစွာခင်ခဲ့ကြပေမယ့် နောက်ပိုင်းတော့ သူတို့နှလုံးတွေကသံစဉ်တွေပြောင်းကုန်တယ်..သို့ပေမယ့်  သာမန်သူငယ်ချင်းတွေလိုပဲဖြတ်သန်းခဲ့ကြတယ်..သူတို့နေတဲ့ နေရာမှာ မျှော်စင်ကြီးတစ်ခုရှိတယ်...  ငယ်ရွယ်တဲ့သူတွေအဖို့ သူတို့မှာအိပ်မက်တွေလည်းရှိကြတယ်..အဲ့ဒါကတော့ လေယာဉ်တည်ဆောက်ဖို့ပါပဲ.. ပြီးတော့ ထူးခြားတဲ့ မျှော်စင်ရဲ့ လျို့ဝှက်ချက်ကို သူတို့ဖော်ဖို့လုပ်နေတုန်းမှာပဲကောင်မလေးက ရုတ်တရက်ပျောက်သွားတယ်...ကောင်မလေး ဘာကြောင့်ပျောက်သွားတာလဲ ...သူတို့ပြန်လည် ဆုံတွေ့နိုင်ဦးမလားဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...အိပ်မက်ဆန် လှအလွန်းတဲ့ တိမ်ရှု့ခင်းတွေနဲ့ IMDb rating အနေနဲ့ 7.1 အထိရထားတဲ့ Drama ,Romace,Sci-fi Anime ...
movie

The Place Promised in Our Early Days(2004)

2004
The Mermaid: Lake of the Dead (2018) 4.0
The Mermaid: Lake of the Dead (2018) ဒီဇတ်ကားလေးက Queen of the spades နဲ့ Bride တို့ရဲ့ ဒါရိုက်တာ(ကြောက်လန့်စရာဇတ်ကားတွေဘဲရိုက်တဲ့ ရုရှားဒါရိုက်တာ) ရိုက်ကူးထားတဲ့တတိယံမိ ဇတ်ကားကောင်းတစ်ကားလေးဘဲဖြစ်ပါတယ်။ ရှေ့ကထွက်ထားတဲ့ဇတ်ကားတွေနည်းတူ ခြောက်လန့်မှုတွေ ပဟေဋ္ဌိတွေနဲ့တည်ဆောက်ထားပုံကလည်း ဇတ်ကားရဲ့ ဆွဲဆောင်မှုတစ်ခုဘဲဖြစ်ပါတယ်။ ဒီဇတ်ကားလေးကတော့ ရေကန်ထဲက မိန်းမတစ်ယောက်ဇတ်ကွက်နဲ့အစပျိုးထားပါတယ်။ လူသူမနေတဲ့အိမ်နားကရေကန်ထဲမှာ ရိုးမားတစ်ယောက်ရေသွားကူးရင်းနဲ့ ရေသူမတစ်ယောက်နဲ့ဆုံခဲ့လေတယ်။ အဲ့ချိန်ကစပြီးတော့ရိုးမားတစ်ယောက် ပုံမှန်မဟုတ်တာတွေဖြစ်လာတော့တယ်။ ဒါကိုရိပ်မိတဲ့သတို့သမီးလောင်းက အခြေအနေကိုရိပ်စားမိကာ အဲ့အိမ်အိုနဲ့ ရေကန်ဆီကိုသွားခဲ့တယ်။ ကျိန်စာသင့်နေတဲ့ သတို့သား အတွက် သတို့သမီးက ရေသူမ နဲ့ ဘာတွေ အပေးအယူလုပ်ရမလဲ ဆက်ပြောနေရင်ဇတ်လမ်း ပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ဘဲကြည့်ရှု့ခံစားလိုက်ပါနော်.. သရဲကားကြိုက်တတ်တဲ့ Hardcore ဖန်တွေအတွက်ကတော့ ဒါက ဇတ်လမ်းကောင်း တစ်ခုဖြစ်နေတယ်ဆိုတာကြိုတင်သတင်းကောင်းပါးလိုက်ပါရစေ... ဒီရုပ်ရှင်ကားကို Anny Sharr က ဘာသာပြန်ပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie


2018
Love Again (2018)
Love Again (2018) အခုတင်ဆက်ပေးချင်တာကတော့ ရိုမန်တစ်ဒရမ်မာချစ်ပရိသတ်ကြီးအတွက် ကိုရီးယား-ဗီယက်နမ် အချစ်ဒရမ်မာဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျီဖီးလ်က နာမည်ကျော် Kpop တေးရေးဆရာတစ်ယောက်ဖြစ်ပါတယ်သူရေးလိုက်တဲ့သီချင်းတိုင်းပေါက်ပြီး ဆုတွေရပေမယ့်ဘယ်တော့မှ ဆုတက်ယူလေ့မရှိတဲ့ တစ်ယောက်လည်းဖြစ်ပါတယ်မီကတော့ ဂျီဖီးလ်ရဲ့အမာခံပရိသတ်ဖြစ်ပြီး နာမည်ကျော်တေးရေးဆရာတစ်ယောက်ဖြစ်လာဖို့ အိပ်မက်မက်နေတဲ့ ဗီယက်နမ်သူလေးပါတစ်နေ့မှာတော့ ဂျီဖီးလ်ရဲ့ချစ်သူဟောင်း ယွန်းမီ ဗီယက်နမ်မြစ်တစ်ခုမှာ အဆုံးစီရင်သွားတဲ့သတင်းကြားလိုက်ရတဲ့အခါမှာတော့...ဂျီဖီးလ်ရဲ့လျှို့ဝှက်ထားတဲ့အတိတ်ကဘာဖြစ်မလဲ...တူညီတဲ့အိပ်မက်တွေပဲထပ်ခါထပ်ခါမက်နေတဲ့မီနဲ့ကရော ဘယ်လိုပတ်သက်နေမလဲဆိုတာ....ပါဝင်ထားတဲ့ဗီယက်နမ်မင်းသမီးလေးကချောသလို ဇာတ်ဝင်တေးလေးကောင်းကောင်းလေးတွေပါဝင်တာမို့ ကြည့်ကောင်းစေမှာအမှန်ပါပဲ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  မေမြတ်သူ ပါ) File Size : (750 MB) and (260 MB) Quality : HDRip 720p Running Time : 1hr 37min Format : Mp4 Genre : Romance,Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p HDRip AAC H.264-JAYENT Translated by May Myat Thu Encoded by Thanhtike Zaw
movie

Love Again (2018)

After the Rain (2018) 6.8
After the Rain (2018) After the Rain (2018)_____IMDb - 6.8/10    အခိရာ တချိဘန ဆိုတဲ့ ကောင်မလေး ဟာ အသက် ၁၇ နှစ် ရှိပြီဖြစ်ပြီး အထက်တန်းကျောင်းသူလေး တစ်ယောက်ပေါ့... သူမ ဟာ ကျောင်းမှာ စာတော်ပြီး အားကစားမှာလဲ အပြေး ချံပီယံ ဖြစ်ပါတယ် သူမ ရဲ့ စံချိန်ကို မှီတဲ့ သူ တစ်ယောက်မှ ပေါ်ထွက်မလာခဲ့ပါဘူး... တစ်ရက်မှာတော့ ခြေထောက်ဒဏ်ဖြစ်ပြီး သူမ အိပ်မက်တွေ အကုန်လုံး ဆုံးရှုံးသွားခဲ့တယ်... စိတ်ပျက်လက်ပျက်ဖြစ်ပြီး သူမ အားကစားအဖွဲ့ကို ဘယ်တော့မှ ထပ်မလာခဲ့တော့ဘူး... အဲ့ဒီအစား သူမ အတွက် မက်လောက်စရာ ဘာမှ မရှိတဲ့ အိမ် နဲ့ ဝေးတဲ့ စားသောက်ဆိုင် သေးသေးလေး တစ်ခုမှာ စားပွဲထိုး ဝင်လုပ်နေခဲ့တယ်... ဆိုင်မှာ ရှိတဲ့ ယောင်္ကျားလေး မှန်သမျှ ဟာ သူမ ကို စိတ်ဝင်စားကြတယ် သူမ ရဲ့ မျက်နှာချေချေ နေမှုကြောင့် ဘယ်သူမှ မစ ရဲကြဘူး... အားလုံးကလဲ ဒီလို ချစ်ဖို့ကောင်းလွန်းတဲ့ ကောင်မလေး တစ်ယောက်က စားပွဲထိုး လာလုပ်နေလဲ ဆိုတာလဲ နားမလည်နိုင်ခဲ့ကြဘူး... ဒါပေမဲ့ အဲ့ဒီနေရာမှာ အခီရာ အတွက် အရေးကြီးတဲ့ လူတစ်ယောက်ရှိနေပါတယ် သူမ ချစ်သော ဦး ပေါ့... အဲ့ဒီ ဦး ...
movie

After the Rain (2018)

2018
Overboard (2018) 5.6
Overboard (2018)  ဒီရုပ်ရှင်ကားဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Overboard ဆိုတဲ့ ရုပ်ရှင်ကားကို ပြန်လည် ဆန်းသစ်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ် ဇတ်လမ်းပုံစံလေးက Drama , Comedy အမျိုးအစားလေးပါ ကျနော်တို့ သိတဲ့ စင်ဒရဲလား ပုံပြင်လေးလိုပါပဲ အတိဆင်းရဲ ဒုက္ခရောက်နေတဲ့ မင်းသမီးလေးဆီကို ရွှေမင်းသားလေးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသလိုပေါ့ ယုံတမ်းပုံပြင်တွေက တကယ်တမ်း ဖြစ်လာနိုင်ပါတယ် အဲ့ဒီလိုပဲ မြို့လေးတစ်မြို့မှာ သူနာပြုတစ်ယောက်ဖြစ်ဖို့ စာတွေ ကျတ်ရင်း တစ်ဖက်မှာလဲ အဖေ မရှိတော့တဲ့ သမီးလေး ၃ ယောက် ရဲ့ တာဝန်တွေ ထမ်းဆောင်ရင်း Single Mother လုပ်နေတဲ့ ကိတ် ဆိုတဲ့ ကောင်မလေးရှိတယ် တစ်ခြားတစ်ဖက်မှာလဲ အန်တိုနီယို လုပ်ငန်းစုကြီးရဲ့ အမွေပိုင် လီယို ဆိုတဲ့ သူဌေးသားလေး လူရှုပ်လူပွေ လေး တစ်ယောက်လဲ ရှိပြန်တယ် လီယို က အဖေဖြစ်သူရဲ့ လုပ်ငန်းကို ဦးစီးဖို့ ရှောင်ပြေးနေပြီး အချိန်ရှိတိုင်း အပျော်စီး သင်္ဘောကြီး တစ်ခုဝယ်ကာ ကောင်မလေး အလန်းလေးတွေ တင်ရင်း သောက်လိုက် စားလိုက် ပျော်ပါးလိုက် နဲ့ အချိန်ကုန်နေတဲ့ သူတစ်ဦးပေါ့ တစ်ရက်မှာတော့ သူဌေးလေး လီယိုနာဒို ရဲ့ သင်္ဘောကြီးဟာ ကိတ်တို့ မြို့လေးရဲ့ ...
movie

Overboard (2018)

2018
Manmarziyaan ( 2018 ) 7.0
Manmarziyaan ( 2018 ) ဘောလီဝုဒ် ဒါရိုက်တာတွေထဲမှာ ဘယ်သူနဲ့မှမတူဘဲတမူထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ ချပြလေ့ရှိတဲ့Anurag Kashyap ရဲ့နောက်ဆုံးထွက် တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် Gangs of Wasseypur,Ugly, Sacred Gmaes တို့လိုနာမည်ကျော်ဇာတ်ကား၊ဇာတ်လမ်းတွဲတွေရဲ့ ဖန်တီးရှင်ကြီးလည်း ဖြစ်ပါတယ်ဒီဇာတ်ကားမှာလည်း အချစ်ဇာတ်ကို ဘောလီဝုဒ်ရဲ့ဖန်တရာဇာတ်တွေနဲ့ မတူဘဲ အသစ်တစ်မျိုး ချပြထားပါတယ်Love, Sex & Marriage စတာတွေကို ခပ်ဆန်းဆန်းလေးတင်ဆက်ထားပါတယ်ဇာတ်လမ်းလေးကတော့ မိသားစုတွေမသိအောင်ရည်းစားခိုးထားနေတဲ့ ရူမီ့တစ်ယောက် အိမ်ကလူတွေအခန်းထဲမှာ ဘဲနဲ့ ပက်ပင်းမိသွားပါတယ် ဒီအချိန်မှာရည်စားထားတာကနေ လက်ထပ်ထိမ်းမြားရတော့မယ့်အခြေအနေကို ဖြစ်လာပါပြီ အိမ်ကပေးစားတဲ့သူမယူချင်ရင်သူ့ကောင်လေးကို လာတောင်းရမ်းခိုင်းပေမယ့် ရူမိ့ရည်းစားဗစ်ကီကတော့ တလွဲတချော်လုပ်လို့ ပေးစားတဲ့သူနဲ့ပဲယူလိုက်ရပါတော့တယ် အခုမှ ဇာတ်လမ်းစပါတော့တယ်ရူမီ၊ ဗစ်ကီနဲ့ ရော်ဘီတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုဆက်လက်ခံစားလိုက်ကြပါတော့ ခင်ဗျာ ဘာသာပြန်နဲ့အညွန်းကတော့ ကို ဇော်ထူးပဲဖြစ်ပါတယ် Translated By Zaw HtooEncoded By LK
movie

Manmarziyaan ( 2018 )

2018
[18+] Guilty of Romance (2011) 6.8
[18+] Guilty of Romance (2011) (Dark Side Production မှ တင်ဆက်သည်။)Guilty of RomanceIMDb (6.8)ပထမဆုံးပြောချင်တာက ဒီဇာတ်ကားက တော်တော်လေးကိုရှုပ်ထွေးတဲ့ ၁၈နှစ်အထက်မှကြည့်လို့ရတဲ့ကားပါဇာတ်ကားကို ပြန်ဖြစ်ခဲ့တဲ့အကြောင်းကတော့ ဖြစ်ရပ်မှန်မှုခင်းတွေအကြောင်းကို ဝတ္တုလေးတွေလိုပြန်ရေးတဲ့ မရွှေမိုး (ကိုရီးယား)ရဲ့ ပိုစ့်တစ်ခုကြောင့်ပါပဲ အဲ့ဒီ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကိုအခြေခံပြီးတော့ ဒီဇာတ်ကားကို ရိုက်ကူးထားတာပါမရွှေမိုးရေးထားတဲ့ ဇာတ်လမ်းကိုအကျဉ်းချုပ်ကို အရင်ပြောပြချင်ပါတယ် A ဆိုတဲ့အမျိုးသမီးဟာ ၁၉၉၇ ခုနှစ် မတ်လ ၈ရက်နေ့ အဲ့နေ့မှာအသတ်ခံလိုက်ရပါတယ် အသတ်ခံရပုံက ကာမဆက်ဆံပြီးတော့ လည်ပင်းညှစ်သတ်လိုက်တာပါ ဝမ်းနည်းဖွယ်ရာလူသတ်မှုပါပဲအသတ်ခံရတဲ့သူကိုစစ်လိုက်တဲ့အခါ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကိုင်တဲ့ ဆင်းရဲစုတ်ပြတ်တဲ့မိန်းကလေးတစ်ယောက်ပုံစံမျိုးပါ.. ဒါပေမယ့် ဆန်းကြယ်တာက သူမရဲ့အချက်အလက်တွေကိုစစ်ဆေးတော့မှ သူမဟာ ပြည့်တန်ဆာတစ်ယောက်မဟုတ်ဘဲ နာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ အုပ်ချုပ်ရေးမှာ အရေးပါတဲ့ ဂုဏ်သိက္ခာရှိ ပညာတတ် လူချမ်းသာမိန်းကလေးတစ်ယောက်ဖြစ်နေတာပါပဲ။ဒါဖြင့်ရင် သူကဘာလို့ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ပြီးတော့ လမ်းပေါ်မှာ ဒီလိုပုံနဲ့လာသေနေရတာလဲ ဒါဟာ လူတိုင်းတွေးမိတဲ့မေးခွန်းတစ်ခုပါ ဒါပေမယ့် အဖြေကတော့မရှိခဲ့ပါဘူး။ဒီအမှုပိုပြီးတော့ နာမည်ကြီးသွားရတဲ့အကြောင်းရင်းကတော့ သူ့ကိုသတ်တယ်လို့ယူဆရတဲ့ နီပေါနိုင်ငံသားအလုပ်သမားကြောင့်ပါ သူများနိုင်ငံလာနေပြီး သူတို့နိုင်ငံသားကိုသတ်သွားတယ်လို့ယူဆတဲ့ ဂျပန် လူမျိုးထုကြီးကို နိုင်ငံတော်က ထိန်းသိမ်းနိုင်ဖို့ အဆင့်ဆင့်အခါခါစစ်ဆေးခဲ့ရပါတယ်။သက်သေတွေမတိကျမှုတွေကြောင့် တရားခံအစစ်မတွေ့ခင်မှာ နီပေါနိုင်ငံသားကိုပဲ တရားခံလို့သတ်မှတ်ပြီး ဖမ်းဆီးထားခဲ့တာပါ အဲ့ဒီ့နီပေါနိုင်ငံသားဟာ လက်မလျှော့ပဲ အယူခံ ခဏခဏဝင်ကာ သူ့ရဲ့ရိုးသားမှုကို ပြသနိုင်ခဲ့သွားပါတယ် ဒါပေမဲ့ နှစ်ပေါင်း ၁၅နှစ်ကို ထောင်ထဲမှာကုန်ဆုံးလိုက်ရပါတယ် အဲဒီအဖြစ်အပျက်ကြောင့် တရားခံအစစ်ကိုရှာမတွေ့နိုင်တဲ့ အမှု သေသူရဲ့အလုပ်အကိုင်အကြောင်းခန့်မှန်းနိုင်မှုမရှိတာတွေကြောင့် အခုချိန်ထိကို ဖြေရှင်းလို့မရသေးတဲ့ ထူးဆန်းတဲ့အမှုအဖြစ်နဲ့ ...
movie

[18+] Guilty of Romance (2011)

2011
Suddenly It’s Magic ( 2012 ) 6.1
Suddenly It’s Magic ( 2012 ) ဒီထိုင်းကားလေးကတော့ ကြည်ကြည်နူးနူးနဲ့ Ro လို့ ကောင်းတဲ့ကားလေးပါ. မင်းသား Mario Maurer နဲ့အတူ မင်းသမီး Erich Gonzales တို့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ မားကပ်စ် က လူသိများတဲ့သရုပ်ဆောင်လေးတစ်ဦးပေါ့ ရုပ်ရည်ချောမောမှုကြောင့် ကျော်ကြားပေမယ့်လည်း အချစ်ရေးတော့ကံမကောင်းပါဘူး..သူနဲ့အတူတွဲ ရိုက်နေတဲ့ မင်းသမီးနဲ့အတူချစ်ကြိုက်ခဲ့ပေမယ့်လည်း အသည်းကွဲခဲ့ရတယ်..ဂျီဝီကတော့ ကိတ်မုန့်ဖုတ်လုပ်ငန်း လုပ်တဲ့ ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်.. ဒီလိုနဲ့အသည်းကွဲနေတဲ့ မားကပ်စ် နဲ့ ဂျိုဝီတို့စတင်တွေ့ ဆုံပြီးတော့ ဘယ်လိုလေးတွေဆက်ဖြစ်မလဲ Romance လေးတွေကို ဆက်လက်ခံစားကြည့်ရှုပါ ဘာသာပြန်ကတော့ တာတီးပိုး ဖြစ်ပါတယ်  
movie


2012
[21+] Sex and Lucía (2001) 7.1
[21+] Sex and Lucía (2001)    [21+] Sex and Lucía (2001) IMDb...7.2,,Rotten...71   ဆရာကြီးပီမိုးနင်းက  ကာမသိဒ္ဓိကျမ်း ဆိုပြီး စာအုပ်တစ်အုပ်ရေးသားခဲ့တယ်... ဆရာကြီးကတော့ ဆန့်ကျင်ဘက်လိင်တွေနဲ့ပတ်သက်ပြီး ပေါင်းသင်းဆက်ဆံရေးအဆင်ပြေစေဖို့ရည်ရွယ်ရေးသားခဲ့ပေမယ့် တစ်ချို့သော သူတွေအတွက် ညစ်ညမ်းစာပေသဘောမျိုးခံစားကြတာရှိတယ်... ဒီလိုပဲရုပ်ရှင်လောကမှာလည်း Lust, Caution , Rape me, Nymphomaniac စတဲ့ဇာတ်လမ်းမျိုးတွေဟာ ပညာပေးဇာတ်လမ်းတွေပါပဲ.. သိတဲ့အတိုင်း  အထက်ပါဇာတ်ကားများဟာ အတော်ပွင့်ပွင့်လင်းလင်းနဲ့ sex အခန်းပေါင်းများစွာပါလေ့ရှိတယ်... တစ်ချို့တွေကတော့ အာရုံတစ်မျိုးနဲ့ခံစားကြတယ်ပေါ့လေ... သို့ပေမယ့် ဒီလိုဇာတ်အိမ်ကောင်းကောင်း ပွင့်လင်းမြင်သာတဲ့အခန်းပေါင်းများစွာပါဝင်ဇာတ်ကားတွေကတော့ လက်ချိုးရေလို့ရပါတယ်...ဒီစာရင်းထဲမှာ  Sex and Lucía(2001) ဇာတ်ကားကို မဖြစ်မနေထည့်သွင်းရမယ်လို့ထင်ပါတယ်... ဆုပေါင်း(၁၀)ဆုရရှိခဲ့သလို ဆန်ကာတင်(၁၇)ခုစာရင်းလည်းဝင်ခဲ့ပါတယ်...ဒီကားက အထက်မှာပြောခဲ့သလိုပဲ (21+)ခန်းတွေနဲ့ အနုပညာမြောက်စွာပုံဖော်ထားပါတယ်... ကိုင်း အနုပညာမြောက်စွာခံစားတတ်တဲ့သူမျိုးတွေအတွက် ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါသည်... အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်.... File Size : (1 GB) Quality : Blu-Ray 720p Format…mp4 Duration…02:08:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Wira Aung Encoded by RGB
movie

[21+] Sex and Lucía (2001)

2001
Blue Iguana (2018) 5.3
Blue Iguana (2018) အက်​ဒီနဲ့ ​ပေါ်လ်​တို့ဟာ စား​သောက်​ဆိုင်​​လေးတဟ်​ဆိုင်​မှာ အချိန်​ပိုင်းလုပ်​ရင်းတရားမဝင်​အလုပ်​များကို ​ငွေယူပြီး လုပ်​​ပေးတဲ့ လူမိုက်​နှစ်​​ယောက်​ ဖြစ်​ပါတယ်​။ရှေ့​နေမ​လေး ကတ်​သရင်းက​တော့ မ​ကောင်းတဲ့လူတစ်​​ယောက်​အ​ပေါ်ယုံကြည်​မိလို့ လူဆိုး​ခေါင်း​ဆောင်​ အာကာဒီဆီမှာ အ​ကြွေးတင်​​နေပြီးသူခိုင်းတာ​တွေ လုပ်​​ပေး​နေရတဲ့ ​ရှေ့​နေမ​လေးတစ်​​ယောက်​ပါ။တစ်ေ​န့မှာ​တော့ အာကာဒီရဲ့ ​စေခိုင်းမှု​ကြောင့်​ ပစ္စည်းတစ်​ခုကိုဖြတ်​လုရမယ့်​ကိစ္စဖြစ်​လာခဲ့တဲ့အခါမှာ​တော့အက်​ဒီနဲ့ ​ပေါလ်​တို့ဆီမှာ လာ​ရောက်အလုပ်​အပ်​နှံခဲ့ပါတယ်​။အက်​ဒီနဲ့ ​ပေါလ်​တို့ဟာ အလုပ်​လက်​ခံခဲ့ပြီး ကတ်​သရင်း​ပြောတဲ့အတိုင်း လုပ်​​ပေးခဲ့​ပေမယ့်​ကြားဝင်​​နှောက်​ယှက်​တဲ့ လူဆိုးတစ်​သိုက်​​ကြောင့်​ သူတို့လုယူခဲ့တဲ့ ပစ္စည်းကို ဆုံးရှုံးခဲ့ရပါတယ်​။ပိုက်​ဆံလည်းမရ စိတ်​ညစ်​ပြီး အိမ်​ပြန်​​ဖို့ ပြင်​ဆင်​​နေကြတုန်းမှာကတ်​သရင်း​ရောက်​လာခဲ့ပြီး ဖြစ်​​ကြောင်းကုန်​စင်​ကို ​ပြောပြခဲ့ပါတယ်​။ဒါ့အပြင်​ လူဆိုးဘုရင်​ အာကာဒီ​နောက်​လုပ်​မယ့်​အလုပ်​ကို ကြားဝင်​ဖြတ်​ခုတ်​ဖို့ စု​ပေါင်းကြံစည်​ကြရင်းဘယ်​လို​တွေ ဖြသ်​လာမလဲဆိုတာ​တော့ဒီဟာသအက်​ရှင်​ဇာတ်​ကား​လေးကို ကြည့်​ရူအား​ပေးလိုက်​ကြပါဦးခင်​​ဗျာ..... File Size : (874 MB) and (254 ...
movie

Blue Iguana (2018)

2018
He’s Just Not That Into You (2009) 6.4
He’s Just Not That Into You (2009) He’s Just Not That Into Youဒီဇာတ်လမ်းကတော့ ၂၀၀၉ တုန်းက ထွက်ထားတဲ့ အချစ်ဒရမ်မာဇာတ်မြူးလေးပါ။ ဒီကားမှာ လူငယ် ၉ ယောက်ရဲ့ အချစ်ရေးပြသနာတွေကို ပုံဖော်ထားတာကြောင့် မင်းသား မင်းသမီးတွေ စုံစုံလင်လင် တွေ့ရမှာပါ (ဆာဘတ်တောင် ပါသေးတယ် ?)။ဇာတ်လမ်းမှာ အဓိကဇာတ်ကောင်တွေအဖြစ် Ben Affleck, Jennifer Aniston, Bradley Cooper, Jennifer Goodwin, Drew Barrymore, Scarlett Johanssဝn နဲ့ Justin Long တို့လို့ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားတာမို့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။လက်တွေ့ဘဝမှာ လူငယ်တွေကြားဖြစ်ပျက်နေတဲ့ အချစ်ရေးပြသနာတွေကို ရိုက်ကူးထားတာမို့ relationship နဲ့ မကင်းနိုင်သူတိုင်း ကြည့်သင့်ပါတယ်။ မိန်းကလေးအတွေးနဲ့ ယောကျာ်းလေးဘက်က အတွေး မတူတာလေးတွေ၊ ဆောရန် ရှောင်ရန် လေးတွေပေါ့ ??? အချစ်စစ်ကိုလိုချင်ပေမဲ့ လူမှန်မတွေ့နိုင်ဘဲ အမြဲလွဲနေတဲ့ ...
movie

He’s Just Not That Into You (2009)

2009
Zoe (2018) 6.1
Zoe (2018) Zoe ရုပ်ရှင်ဇာတ်ကားကတော့ 2018ခုနှစ်မှာ ထွက်ရှိတာဖြစ်ပြီး အများနဲ့မတူပုံစံကွဲထွက်နေတဲ့ ဇာတ်လမ်းမျိုးကိုမှရိုက်လေ့ရှိတဲ့ ဒါရိုက်တာ Drake Doremus ကရိုက်ကူးထားတာပဲဖြစ်ပါတယ်။ AI နည်းပညာတွေတိုးတက်လာနဲ့အမျှ ပုံစံတူစက်ရုပ်တွေဟာ လူသားအစစ်တွေနဲ့ ခွဲခြားလို့မရအောင်ကို အရာရာမှာ ထပ်တူကြလာပါတယ်။ ဒီဇာတ်ကားမှာဆိုရင် မြင်နေတွေ့နေကျဇာတ်လမ်းမျိုးက ကွဲထွက်သွားပြီး သဘာဝကို ကျော်လွန်တဲ့ လူသားမျိုးစိတ်နဲ့ စက်ရုပ်တို့ရဲ့ပေါင်းစပ်ပုံကိုဖော်ပြထားပါတယ်။ " ဇိုး " ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ရိုမန်တစ်ဆန်ဆန်လေးရိုက်ကူးထားတာပါ။ စက်ရုပ်နဲ့လူသားဖြစ်တာတောင် အချစ်နဲ့တွေ့ရင် အရာရာကိုနားလည်လက်ခံနိုင်လာတာကို ဒီဇာတ်ကားမှာတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ "Zoe" ကိုတော့ May Thu ကဘာသာပြန်ပေးပြီး အညွှန်းကိုလဲကိုယ်တိုင်ရေးပေးထားပါတယ်
movie

Zoe (2018)

2018
Blended(2014) 6.5
Blended(2014) Blended (2014) IMDB..... 6.5 ဒီကားထဲက မင်းသား Adam Slanderကိုအတော်များများလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ သူရဲ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက နှုတ်ခမ်းနီမလေးတို့အကြိုက်မဖြစ်သလို ရိုက်တဲ့ဇာတ်ကားတော်တော်များများရဲ့ Character ပိုင်းကလည်း ထက်မြက်ထူးချွန်တဲ့ ပုံစံမျိုးမရှိသလောက်ပါပဲ... အူတူတူ အတတနဲ့ ပေါက်ကရ အလွဲလွဲအချော်ချော်တွေကြီးပဲ...သို့ပေမယ့် ဒီစရိုက် ဒီပုံစံနဲ့လူကြီးကပဲ ကျွန်တော်တို့ရဲ့ နှုတ်ခမ်းတွေကိုပြုံးပျော်နိုင်စေသလို  နှလုံးအိမ်ကိုလည်း ၀မ်းနည်းကြေကွဲအောင်လုပ်နိုင်စွမ်းရှိတယ်.... ဒီကားလေးမှာလည်း  အိမ်ထောင်ဖက်ကောင်းရှာဖို့ blind date ကျရင်း အလွဲလွဲအချောချောဖြစ်တဲ့ လူကြီးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကထားရိုက်ကူးထားတာပါ... ကိုင်းပရိတ်သတ်ကြီးရေ အကြောင်းအမျိုးမျိုးကြောင့် တင်းတင်းစေ့ထားရတဲ့ ခင်ဗျားတို့ နှုတ်ခမ်းတွေကို ပျော်ရွှင်စွာနဲ့ ကွေးညွှတ်သွားစေချင်ရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါနော်..... စကားမစပ် ဒီမင်းသားနဲ့မင်းသမီးပဲရိုက်ထားတဲ့ 50 First Dates လည်းကောင်းတယ်နော်..... File Size : (1GB) and (373 MB) Quality : Blu-Ray 720p Format…mp4 Duration…01:570:00 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Phyo Pyae 
movie

Blended(2014)

2014
Wake Up Sid(2009) 7.6
Wake Up Sid(2009) Wake Up Sid(2009). IMDb...7.6 သူနာမည်က ဆစ်ဒ်...ချမ်းသာတဲ့မိသားစုကပေါက်ဖွားလာတဲ့သူ...လက်ဖျောက်တစ်ချက်အတွင်းမှာ ပန်းတွေပွင့်စေချင်သလား.....ရနံတွေ လွမ်းခြုံချင်သလား...ဘာမဆိုဖန်တီးနိုင်လောက်အောင်ချမ်းသာတဲ့သူပီပီ လောကကြီးကို အပြုံးတွေနဲ့ ဂျစ်ကန်ကန်ဖြတ်သန်းနေတဲ့ကောင်လေးတစ်ယောက်...သူငယ်ချင်းတွေနဲ့အချိန်ကုန်ပြီး ဘ၀ရည်မှန်းချက်ဆိုတာ မတွေးကောင်း မလုပ်သင့်တဲ့အရာလိုသတ်မှတ်ထားတဲ့သူ...ကျောင်းမှာလည်း စာမလုပ်တဲ့ကျောင်းပျော်ကြီးပေါ့... အိုင်ရှားဆိုတဲ့ကောင်မလေးကတော့ သူနဲ့ဆန့်ကျင်ဘက်ပါပဲ...ဘ၀ရပ်တည်မှုအတွက် ကြိုးစားရုန်းကန်နေရသလို  ဆစ်ဒ်နဲ့လည်း ခံယူချက်တွေတော်တော်များများက အတော်ကြီးကိုခြားနားနေပါတယ်.. သို့ပေမယ့်သူနဲ့ (၂)ယောက်က သူငယ်ချင်းပါပဲ... ကိုင်းဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး..သိပ်ကိုနူးညံသိမ်မွေ့လွန်းတဲ့ကားလေးပါ.. .ဒီကားက ဇာတ်လမ်းကမှန်းဆရလွယ်တယ်လို့ခင်ဗျားတို့ထင်ချင်ထင်လိမ့်မယ်.. သို့ပေမယ် နေ့စဉ်နဲ့အမျှရုန်းကန်နေရတဲ့ကျွန်တော်တို့နှလုံးသားဟာ ပင်ပန်းနွမ်းနယ်ရှာလွန်းတယ်...ဒီကားကြည့်ပြီးရင်တော့ ခင်ဗျားတို့ နှလုံးသားဟာ ဆောင်းရာသီမှာသောက်ရတဲ့ ထန်းရည်ပင်ကျစစ်စစ်လိုဖြစ်သွားလိမ့်မယ် ...သိတယ်မဟုတ်လား ပင်ကျရည်စစ်စစ်ဆိုရင် အမြှုံလေးတွေက  ပုဇွန်ဆိတ်ခုန်လေး တဖြတ်ဖြတ်ခုန်နေတာလေ....ခင်ဗျားတို့နှလုံးသားလည်း တဖြတ်ဖြတ်ခုန်သွားလိမ့်မယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်.... File Size : (1000 MB) and (422 MB) Quality : Blu-Ray 720p Format…mp4 Duration…02:18:00 Genre :  Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae 
movie

Wake Up Sid(2009)

2009