Channel Myanmar

Romance

Retreat to You (2023) 6.3
Retreat to You (2023)  ငယ်ချစ်ဦးကို သတိရ​နေတဲ့သူ​တွေရှိကြလား ရှန် နဲ့ အပ်က်ဘီ ဆိုတဲ့ ငယ်သူငယ်ချင်းနှစ်​ယောက် အထက်တန်း​ကျောင်းပြီးကတည်းက ၁၇ နှစ်လုံးလုံး အဆက်အသွယ်မလုပ်ဘဲ​နေခဲ့ကြတဲ့ သူငယ်ချင်း နှစ်​ယောက် .......နွေရာသီအပန်း​ဖြေစခန်းမှာ ကံတရား​ကြောင့်ပြန်ဆုံကြတဲ့အခါ သူတို့ နှစ်​ယောက်ကြားက လွန်ခဲ့တဲ့ ၁၇နှစ်က အထင်လွဲခဲ့ရတဲ့ ပြဿနာတွေ နားလည်မှုလွဲခဲ့တာ​တွေ ဘယ်လို ​ဖြေရှင်းကြမလဲ.......နွေရာသီအပန်း​ဖြေစခန်းမှာ သဘာဝတရားကြီးနဲ့ ထိ​တွေ့ရင်း သူတို့နှစ်​ယောက်ကြားက ရင်ခုံမှု​တွေ တလွဲဖြစ်တဲ့ ပြသနာ​လေး​တွေကို ကြည့်ရှု့ရမဲ့ ဇာတ်ကား​ကောင်း တခုပါ........ File size…(1.6 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie

Retreat to You (2023)

This Beautiful Fantastic (2016) 6.9
This Beautiful Fantastic (2016)  ဒီကားလေးတော့ English Romance Drama ဇာတ်လမ်းလေးဖြစ်ပြီး အဓိကဇာတ်ဆောင် ဘယ်ဘာဘရောင်းဆိုတဲ့ OCD ရှိတဲ့ကောင်မလေးက သူ့ရဲ့တစ်နေ့တာကို တိတိကျကျဖြတ်သန်းနေပါတယ်။ဒါပေမဲ့ သူ့မှာအပင်တွေကိုကြောက်တဲ့ အကျင့်တစ်ခုရှိပါတယ် တနေ့မှာတော့ သူ့အိမ်ပိုင်‌ရှင်က အပင်တွေကြောက်လို့ မရှင်းပဲထားထားတဲ့ သူ့အိမ်ရှေ့က ဥယျာဉ်ကို မရှင်းနိုင်ရင် အိမ်ပေါ်ကဆင်းကမယ်လို့ပြောလာတဲ့ အခါသူ့အနေနဲ့ ဘယ်လိုဖြေရှင်းမလဲ‌ဆိုတာကြည့်ရမှာပါ။ အဆုံးသတ်လေးကတော့တော်တော်လေးကောင်းပါတယ် ပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့အတွက်ကြည့်ရတာလည်း အဆင်ပြေပါတယ်။ File size…(1.6 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikkobaby
movie

This Beautiful Fantastic (2016)

(18+) Stranger by the Lake (2013) 6.9
(18+) Stranger by the Lake (2013)  ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်ထွက်ပြင်သစ် Thriller/Drama ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ တမျိုးလေးဆွဲဆောင်မှုရှိတဲ့ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ဇာတ်ညွှန်းဖရန့်ခ်ဆိုတာကတော့ ကိုယ်တုံးလုံးချွတ်ပြီးနေရတဲ့ ကမ်းခြေမှာ အမြဲလာအပန်းဖြေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူဟာကမ်းခြေလာရင်း ဟင်နရီလို့ခေါ်တဲ့ လူတစ်ယောက်နဲ့ အသိဖြစ်သွားခဲ့ပါတယ်။ ကမ်းခြေမှာ မီချယ် ဆိုတဲ့ခပ်မိုက်မိုက် ဘဲတစ်ယောက်ကလည်းရှိနေပြန်ပါတယ်။ ဖရန့်ခ် ဟာ မီချယ်ကိုမြင်မြင်ချင်းချစ်မိသွားပါတယ်။တစ်ညနေမှာတော့ ကန်ထဲမှာလူတစ်ယောက်က တခြားလူတစ်ယောက်ကိုရေနှစ်သတ်နေတာကို ဖရန့်ခ်တွေ့သွားခဲ့ပါတယ်။ဇာတ်လမ်းက တစ်ဆစ်ချိုးပြောင်းလဲသွားတာမလို့ ကြည့်ကြည့်ကြပါ။ပွင့်လင်းမြင်သာတဲ့ ရိုက်ကွင်းရိုက်ကွက်တွေကြောင့် မိသားစုနဲ့အတူကြည့်ရှုရန်မသင့်ပါဘူး File size…(980 Mb) Quality….Blu-Ray - 720p Format…mp4 Duration….01:40:00 Genre...Drama, Romance, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie

(18+) Stranger by the Lake (2013)

Love Me If You Dare (2024) 5.4
Love Me If You Dare (2024) Love Me if You Dare 2024 ဝိညာဉ်ချစ်သူအချစ်ဟာမျက်ကန်းလို့ပဲပြောပြော ချစ်တဲ့သူကမျက်ကန်းပဲပြောပြော ကျွန်တော်တို့အားလုံးဟာ ချစ်မိပြီဆိုရင် သူ့ရဲ့ဆိုးကွက်တွေကို ဘာမှမမြင်ဘဲ ရူးရူးမိုက်မိုက် ချစ်မိတတ်ကြသတဲ့။ ဒီဇာတ်လမ်းလေးထဲက အာဂျွန်သည်လည်း ထိုနည်းတူပေါ့။အာဂျွန်ဟာ ဖြစ်ရပ်ဆန်းတွေကို လိုက်လံစုံစမ်းတတ်တဲ့ YouTuberလေးတစ်ယောက်ပါ။ သူနောက်ဆုံးမျက်စိကျမိသွားတာကတော့ ဒီဗ်ယာဗာသီဆိုတဲ့မိန်းကလေးနဲ့ ရွာထဲက တစ်နာရီလောက်အမြဲငိုသံကြားရတဲ့ ထူးဆန်းတဲ့အိမ်ကြီးအာဂျွန်ကတော့ ဒီဗ်ယာဗာသီအကြောင်းကို စုံစမ်းဖို့ စိတ်အားထက်သန်နေပေမဲ့ ဒီဗ်ယာဗာသီကို မြင်လိုက်တဲ့သူတိုင်း အသက်မရှင်ဘူးဆိုတဲ့ နာမည်ဆိုးကြောင့် အာဂျွန်ကိုစိတ်ပူနေတဲ့ ပရီယာနဲ့ ပရာတပ်ဒီအကြောင်းကိုစုံစမ်းလေလေ သိချင်စိတ်နဲ့အတူ ဒီဝိညာဉ်မလေးအပေါ် ရင်ထဲကအချစ်စိတ်တွေ ယိုဖိတ်လာမိတဲ့အာဂျွန်တစ်ယောက် တစ်စတစ်စ နက်နက်ရှိုင်းရှိုင်း တိုးဝင်မိရင်း ဘာတွေဆက်ဖြစ်လာမလဲ‌ဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ~ V ~ Alex ~ Yunniတို့ပဲဖြစ်ပါတယ်။) File size… 1.6GB / 750MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ToMo ~ V ~ ...
movie

Love Me If You Dare (2024)

2024
Tale of the Mural (2023) 6.0
Tale of the Mural (2023) Tale of the Mural (2023) =====================ဒီတရုတ်ကားကတော့ ကြည့်ကောင်းပါတယ်။ ဘုရားစူး တကယ်ကြည့်ကောင်းပါတယ်။ အဓိကကတော့ မင်းသမီးတွေလှသလို ဖမ်းစားတဲ့အခန်းတွေလည်း ပါသကိုး။ ဇာတ်ကတော့  နာမည်ကျော်  Chinese Ghost Storyလို အမျိုးအစားမျိုးပဲ။ မမြင်အပ်ဘဝတွေနဲ့ လူသားတွေ ချစ်ကြိုးသွယ်တဲ့ အကြောင်းပေါ့။ ဒါပေမဲ့ သူကနည်းနည်းလေးတော့ ဇာတ်အိမ်က ကွန့်ထားတယ်။ဇာမဏီနတ်ဘုရားမနဲ့ စာကလေးမိစ္ဆာမ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရင်း အပယ်ဘုံတံခါးကို စာကလေးမိစ္ဆာမက ဖွင့်လိုက်တဲ့နောက် ဇာမဏီနတ်ဘုရားမက သူ့ကိုယ်သူပါ နံရံဆေးရေးပန်းချီကားထဲ ချိပ်ပိတ်ခံပြီး မိစ္ဆာတွေကို တားဖို့စတေးခဲ့တယ်။  ဒီလိုနဲ့ အပြင်လောကမှာ သူ့စွမ်းအားတွေ ကိန်းဝပ်နေတဲ့ အတောင်တစ်ချောင်းကို ကျကျန်ခဲ့ပြီး သူ့ကိုယ်သူ  ပန်းချီကားထဲ ချိပ်ပိတ်မိသွားခဲ့တယ်။ ဒီလိုနဲ့ အနှစ်နှစ်ဆယ်ကျော်ကြာတဲ့အထိ ဒီပန်းချီကားထဲကနေ ဘယ်သူမှမထွက်နိုင်ခဲ့ဘူး။ဒါပေမဲ့ ဒီကာလတွေမှာ မိစ္ဆာမဟာ လူသားယောက်ျားတွေကို တစ္ဆေမတွေကိုသုံးပြီး ဖျားယောင်းပြီး အသက်ဓာတ်စုပ်ရင်း ဒီပန်းချီကားထဲကနေ ထွက်ဖို့အားဖြည့်နေခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ...
movie

Tale of the Mural (2023)

You, I Love (2018) 4.8
You, I Love (2018) We love (2018)IMDb - 4.8 My Drama List - 6.6ခဲအိတ၊ ခိုယိုမိ၊ ရင်းနဲ့ ယူးတို့က တစ်တိုက်တည်းမှာနေကြတဲ့ ငယ်သူငယ်ချင်းတွေပါ။ ရင်းက ယူးကို စတွေ့ကတည်းက ချစ်မိသွားခဲ့ပေမယ့် ယူးရဲ့အဖေက ကြင်ကြင်နာနာဆက်ဆံတဲ့ ယောက်ျားတိုင်းက မကောင်းဘူးလို့ ယူးကိုဆုံးမထားတာကို သိပြီးနောက်ပိုင်း ယူးကို အနိုင်ကျင့်လာခဲ့ပါတယ်။ဒီလိုနဲ့ ယူးတို့အိမ် ပြန်ပြင်ဖို့အတွက် တခြားရပ်ကွက်ကို ယာယီ အိမ်ပြောင်းနေတဲ့အချိန်မှာ ခါဇုမိလို့ခေါ်တဲ့ ကောင်လေးနဲ့တွေ့ပြီး ခါဇုမိကလည်း ယူးကိုချစ်မိသွားပါတော့တယ်။ အဲဒါကြောင့် ခါဇုမိက ယူးကို ကြင်ကြင်နာနာဆက်ဆံပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးအောင် လုပ်ပေးလာပါတော့တယ်။တစ်သက်လုံး ပြိုင်ဘက်မရှိလာတဲ့ရင်းတစ်ယောက် ခါဇုမိဆီမှာ ယူးကိုအလုခံရမှာကိုလည်း စိုးရိမ်၊ ယူးဆီကအငြင်းခံရမှာလည်း ကြောက်တဲ့အတွက် အကြံတစ်ခုထုတ်လိုက်ပါတော့တယ်၊ အဲဒါကတော့ သူ့ကိုလာကြိုက်တဲ့ကောင်မလေးတွေကို ငြင်းရတာစိတ်ရှုပ်လို့လို့ အကြောင်းပြပြီး ယူးကို ယာယီချစ်သူလုပ်ခိုင်းဖို့ပါပဲ။ယူးတစ်ယောက် ရင်း ပြောင်းလဲပြီး သူ့အပေါ်ကြင်နာလာတာကို ဘယ်လိုခံစားရမလဲ၊ ရင်းကရော ယူးအပေါ် ပွင့်ပွင့်လင်းလင်းနဲ့ ဖွင့်ပြောလာနိုင်ပါ့မလား စတာတွေကို 2018ခုနှစ်က ထွက်ရှိခဲ့တဲ့ We Love ကျောင်းသားအချစ်ဇာတ်ကားလေးထဲမှာ ဆက်လက်ပြီး ကြည့်လိုက်ကြရအောင်File ...
movie

You, I Love (2018)

My Best Summer ( 2019 ) 6
My Best Summer ( 2019 ) ဒီကားလေးဟာ 2019ထွက် တရုတ်ကျောင်းသားအချစ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်... Imdb6 ရထားပြီး တရုတ်နိုင်ငံမှာ လူကြိုက်များလှတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ.. ကန်ကန်ဆိုတဲ့သာမန်ကျောင်းသူလေးက တရုတ်ပြည်မှာနံပါတ်၁ကျောင်းဖြစ်တဲ့ ကျိန့်ဟွာအထက်တန်းကျောင်းကို ဝင်ရောက်ခဲ့တဲ့ပထမနေ့မှာပဲ ရူပဗေဒဉာဏ်ကြီးရှင် ယွီဟိုင်တို့တွေ့ဆုံပြီး တစ်ခုံတည်းအတူထိုင်ဖို့ဖြစ်လာတဲ့အခါ.. သူတို့နှစ်ယောက်ကြားမှာ သူငယ်ချင်းသံယောဇဉ်တွေခိုင်မာလာပြီး အပြန်အလှန်သဘောကျနေပေမယ့် မျိုသိပ်ပြီးရင်ထဲမှာသိမ်းဆည်းထားကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမှာလဲ.. သူတို့နှစ်ယောက်ဆုံဆည်းနိုင်ပါ့မလား ဒီကားလေးထဲမှာ သူတို့နှစ်ယောက်အပြင် သူငယ်ချင်းတစ်သိုက်ကြားက အဖြစ်အပျက်လေးတွေကိုပြန်မြင်ရပြီး အထက်တန်းကျောင်းသား/သူဘဝကိုပြန်ပြီး အမှတ်ရစေမှာအမှန်ပါပဲ.. Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance  Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK  
movie

My Best Summer ( 2019 )

2019
Isi & Ossi (2020) 6.5
Isi & Ossi (2020)  ညဘက်မှာ romance လေးတွေနဲ့ chillချင်တဲ့သူတွေအတွက် germanအချစ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။Ratingကောင်းတွေ ပိုင်ဆိုင်ထားတဲ့အပြင် ပေါ့ပေါ့ပါးပါးနဲ့ရင်ထဲမှာနွေးထွေးသွားစေမယ့် အချစ်ဟာသဇာတ်လမ်းလေးဆိုတော့ အခုပဲလက်မနှေးဘဲရှုစားလိုက်ကြပါစို။အစ်စီဟာ ဂျာမန်မှာအချမ်းသာဆုံး လူ 50 စာရင်းဝင်ဘီလျံနာသူဌေးကြီးရဲ့ တစ်ဦးတည်းသောသမီးစည်းကမ်းတင်းကြပ်လွန်းတဲ့ အဖေနဲ့အမေရဲ့ ပုံစံခွက်ထဲကပျင်းခြောက်ခြောက်ဘဝကြီးမှာ ရှင်သန်လာခဲ့ရသူတစ်ယောက်ဒီလိုနဲ့တစ်နေ့မှာ ကောလိပ်ကိုအတင်းတက်စေချင်တဲ့အဖေနဲ့အမေကိုဆန့်ကျင်ပြီး နယူးယောက်က နာမည်ကြီးအချက်အပြုတ်သင်တန်းကိုတက်ဖိုအတွက် အစ်စီတစ်ယောက် မန်းဟိုင်းမ်ကိုဆင်းလာပြီး အဆိုးအတေဘဲတစ်ယောက်ရှာပြီး မိဘဆီက ငွေညှစ်ဖိုလုပ်ပါတော့တယ်။အဲဒီမှာအော်စီဆိုတဲ့ကောင်လေးနဲ့ ဆုံဖိုဖြစ်လာတာပေါ့။မိဘတွေရဲ့မျက်စိထဲ လုံးဝကန့်လန့်ဖြစ်စေမယ့် ဘဲတစ်ပွေလိုနေတဲ့အစ်စီရယ်၊ ပွဲထိုးခါနီးမှ စပွန်ဆာပျောက်သွားတဲ့လက်ဝှေ့သမားလေးအော်စီတို အပေးအယူတစ်ခုလုပ်ဖိုဖြစ်လာတဲ့အခါမှာတော့....အကျိုးအမြတ်ကိုယ်စီမျှော်ကိုးပြီး စခဲ့တဲ့ သူတိုနှစ်ယောက်ရဲ့ဇာတ်လမ်းက ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ File size…2.07GB / 995MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD
movie

Isi & Ossi (2020)

Wicker Park (2004)
Wicker Park (2004)  အချစ်ဆိုတာ အင်မတန် သိမ်မွေ့နက်နဲလွန်းတဲ့ အရာတစ်ခုပါ မြင်မြင်ချင်းချစ်မိတဲ့အချစ် အသံလေးကြားနေရုံနဲ့ချစ်မိတဲ့အချစ် အတူရှိနေတာကြာလာလို့ ချစ်မိတဲ့အချစ် အဓိပ္ပာယ်မဖွင့်ဆိုနိုင်လောက်အောင် သိပ်ကိုကြီးမားလွန်းတဲ့ခံစားချက်လေးတစ်ခုပါပဲ......ချစ်တာဟာ ချစ်ရုံသပ်သပ်တင်မဟုတ်ဘဲ မေတ္တာတွေ သစ္စာတွေ သံယောဇဉ်တွေနဲ့ပါ အထပ်ထပ်ရစ်နှောင်လာရာကနေ လိုတာထက်ပိုတဲ့ စွဲလန်းစိတ်ထိဖြစ်သွားရင်တော့ ကိုယ်တိုင်ရော ကိုယ်ချစ်နေတဲ့ အချစ်ခံရတဲ့သူအတွက်ပါ ကောင်းကျိုးထက် ဆိုးကျိုးတွေလည်းဖြစ်တတ်ပါသေးတယ်.....သိမ်ကိုသိမ်မွေ့လွန်းသလို သိပ်ကိုလည်း အန္တရာယ်များလှတဲ့အချစ်ကိုမှ ရူးမတတ်စွဲလန်းခံစားမိသွားကြတဲ့သူတွေကလည်း ဒုနဲ့ဒေးရှိခဲ့ကြ.....ရှိနေကြ.....ရှိလာကြဦးမှာပါပဲ......ဒီကားလေးထဲမှာတော့ အမှတ်မထင် ကော်ဖီဆိုင်လေးတစ်ဆိုင်မှာတွေ့လိုက်ရတဲ့ ကောင်မလေးတစ်ယောက်ကို သူ့ဘဝရဲ့ ရာသက်ပန်အချစ်အဖြစ် သတ်မှတ်မိရာကနေ ကောင်မလေးကို သူ့ဘဝထဲရောက်လာဖို့ တစိုက်မတ်မတ်ကြိုးစားအားထုတ်တဲ့ကားလေးတစ်ကားပါပဲ.....ဇွဲရှိရှိကြိုးစားအားထုတ်ရင်း ဘာတွေကြုံတွေ့ရမလဲ ခံစားချက်တွေဘယ်လိုရှိမလဲ အလယ်အလတ်ဆိုတာထက် လွန်ကဲတဲ့ဘက်ရောက်ရင်ဘာဖြစ်နိုင်မလဲ ဆိုတာတွေကို ကြည့်ရှုခံစားရမှာမို့ စီးမျောလိုက်ကြပါဦးလို့...... File size…(1.7 GB)/(865 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Mystery, Romance, Thriller , Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Htet Myat Paing
movie

Wicker Park (2004)

Dinda (2024) 5.7
Dinda (2024)  အဝေးရောက်ချစ်သူဆိုတဲ့ဘဝကို ကိုယ်တိုင်ကြုံဖူးခဲ့ရတဲ့သူတွေ စာနာနားလည်နိုင်မဲ့သာမန်ရိုးရှင်းတဲ့ အချစ်ဇာတ်ကားလေးတစ်ခုပါ...ချစ်ရသူနဲ့ ဝေးဝေးမှာ အချိန်အကြာကြီးနေရဖို့ဆိုတာကိုဘယ်သူမှ မလိုလားပေမဲ့ ရှောင်လွှဲလို့မရတဲ့အကြောင်းတွေကြောင့် မတတ်သာတဲ့ ရွေးချယ်မှုကိုပြုလုပ်ခဲ့ကြရသူချည်းပါပဲ...အဲဒီလိုအဝေးရောက်ချစ်သူဘဝနဲ့ သုံးနှစ်တာနေထိုင်ပြီးနောက်နောက်ဆုံး ချစ်သူ "ဂယ်ရီ" ရှိရာ ဂျာကာတာကိုပြန်လာနိုင်ခဲ့တဲ့ ဒင်ဒါ ဆိုတဲ့ကောင်မလေး"အခုကစပြီး ပျော်စရာတွေပဲရှိတော့တယ်...အခုချိန်က ပျော်ရွှင်စရာဇာတ်ကြောင်းလေးရဲ့ အစပဲ..ချစ်ရသူနဲ့ အတူတူ ပျော်ပျော်ကြီးနေမယ်" ဆိုတဲ့ ဒင်ဒါတစ်ယောက်ချစ်ရသူနဲ့ ပြန်တွေ့တဲ့အခါ ထင်ထားသလို မပျော်ရွှင်ရဘဲရန်တွေဖြစ်ရင်း ပြန်အဆင်ပြေလိုက်ရင်းနဲ့ စိမ်းကားလာကြပါတယ်...အဲဒီလိုတွေ ဘာကြောင့်ဖြစ်ရတာလဲ...ချစ်သူတွေ အနေဝေးသွားလို့ပဲလား...အနေဝေးတဲ့ချစ်သူတိုင်း ဝမ်းနည်းဖွယ်ရာဇာတ်သိမ်းနဲ့ပဲကြုံတွေ့ရတာလားဆိုတာကို ဒီကားလေးကြည့်ရင်းအဖြေရှာနိုင်ကြမှာ ဖြစ်ပါတယ်... File size…1.35GB / 573MB Quality…WEB-DL 1080p 5.1CH  / 720p Format…mp4 Duration….1h 34m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt
movie

Dinda (2024)

Am I OK? (2024) 6.5
Am I OK? (2024)  Am I OK? ရုပ်ရှပ်ပိုစတာကမင်းသမီးငိုနေတဲ့ပုံဖြစ်နေပေမယ့် တကယ်ကတော့Comedy ၊ Drama နဲ့ Romance အမျိုးအစားပဲဖြစ်ပါတယ်။Fifty Shades of Grey နဲ့လူသိများမင်းသမီးဖြစ်တဲ့Dakota Johnson က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အချစ်ဆုံးသူငယ်ချင်းတွေရဲ့ ခံစားချက်လေးတွေကိုပြန်လည်တူးဆွကြည့်ချင်နေတဲ့လူတွေအတွက်တော့ဒီရုပ်ရှင်ကကွက်တိပါပဲ။အလှအပစပါးတစ်ခုရဲ့ဧည့်ကြိုကောင်တာမှာအလုပ်လုပ်တဲ့ အသက် ၃၂ နှစ်အရွယ်လူစီမှာ ဂျိန်းဆိုတဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်။ လူစီနဲ့ဂျိန်းဟာ အချင်းချင်းအရမ်းချစ်ကြပြီးအသေးအမွှားလေးတွေကအစ တစ်ယောက်ကိုတစ်ယောက်ပြောပြလေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ ဂျိန်းကကောင်မလေးတစ်ယောက်ကို နမ်းဖူးတယ်လို့ပြောပြလာတဲ့အချိန်မှ လူစီက သူဟာလိင်တူချင်းချစ်သူတစ်ယောက်ပါလို့ဝန်ခံလာခဲ့ပါတယ်။ လူစီက လိင်တူချစ်ခင်သူဆိုတာကိုတခြားသူတွေသိသွားမှာစိုးရိမ်နေပြီး အချစ်ရေးမှာမဝံ့မရဲတွေဖြစ်နေတာကြောင့် ဂျိန်းကပဲ အစစအရာရာလိုက်ကူညီခဲ့ရပါတယ်။ ဒါပေမဲ့ ဂျိန်းက အလုပ်ရာထူးတိုးနဲ့လန်ဒန်ကိုပြောင်းရတော့မယ့်အချိန်မှာ လူစီနဲ့ဂျိန်းတို့အကြီးအကျယ်ရန်ဖြစ်ခဲ့ကြပါတယ်။တစ်ယောက်နဲ့တစ်ယောက်မခေါ်ဘဲနေတဲ့ အချိန်ကြာလာတာနဲ့အမျှ အချင်းချင်းထောက်ပြခဲ့ကြတဲ့ ကိုယ့်အားနည်းချက်တွေကိုယ်ပြန်လည်ဆန်းစစ်ပြုပြင်ခဲ့ကြပါတယ်။တစ်ယောက်တစ်နေရာစီဝေးကွာသွားကြတော့မယ့် အချစ်ဆုံးသူငယ်ချင်းတွေဟာ အချင်းချင်းမာနတွေတင်းခံပြီးတစ်သက်လုံးမခေါ်ဘဲနေကြတော့မှာလား။ဂျိန်းလန်ဒန်ကိုမသွားခင် လူစီနဲ့ဂျိန်းတို့ ပြန်လည်သင့်မြတ်သွားမှာလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.55GB / 542MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Comedy  , Drama , ...
movie

Am I OK? (2024)

In Good Hands (2022) 5.7
In Good Hands (2022)  Single mother တစ်ယောက်ဖြစ်တဲ့Melisaဟာ ရောဂါကြောင့်၅လပဲအသက်ရှင်ရတော့မယ်လို့ သိသွားတဲ့အခါ... တစ်ဦးတည်းသောသားလေးကိုဘယ်သူက စောင့်ရှောက်ပါ့မလဲ တွေးပူလာပါတယ်။ ဒါကြောင့် တစ်သက်လုံးယောက်ျားတွေနဲ့ မပတ်သတ်တော့ဘူးလို့ ဆုံးဖြတ်ပြီးခါမှ လူ့လောကမှာကျန်ရစ်မယ့်သားလေးအတွက် ရည်းစားထားဖို့ တစ်ဖန်တွေးရပြန်ပါပြီ။ ဒီလိုအချိန်မှာမှ လူ့ဂွစာ၊လုပ်ငန်းရှင်၊ ပလေးဘွိုင်း၊ လူပျိုကြီးတစ်ယောက်နဲ့ အမှတ်မထင် ဆုံမိကြတဲ့အခါ။စတွေ့တည်းက ဘုနဲ့ဘောက် သားလေးနဲ့လည်းအဆင်မပြေပေမဲ့ ဒီပလေးဘွိုင်းကိုပဲချဉ်းကပ်တော့မယ်လို့ Melisaတစ်‌ယောက် ဆုံးဖြတ်လိုက်ပါတယ်။ Melisaတို့သားအမိဒီပလေးဘွိုင်းကြီးနဲ့ ဘယ်လိုဆက်ဖြစ်မလဲ ခေါင်းမာတဲ့သားလေးကရောလက်ခံပါ့မလားဆိုတာ ကြည့်လိုက်ပါဦးနော်။ File size…1.30GB / 637MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 44m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

In Good Hands (2022)

In Good Hands 2 (2024)
In Good Hands 2 (2024)  ဒီကားဟာ In good hands 1 ရဲ့ အဆက်ဖြစ်ပြီး 1 မှာတော့မယ်လစ်ဆာဆုံးသွားပြီး ဖာရတ်တို့သားအဖနှစ်ယောက်တည်းကျန်ခဲ့တာနဲ့ အဆုံးသတ်ထားပါတယ်။ဒီ 2 မှာတော့ ဖာရတ်တို့သားအဖနှစ်ယောက်ဟာ မိသားစုတစ်ခုမှာ အရေးပါတဲ့လူတစ်ယောက် မရှိတော့လို့တက်နိုင်သလောက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန်နေကြပေမဲ့ 1နှစ်ကြာသွားတဲ့အထိ အဆင်မပြေရှာပါဘူး။ဖာရတ်ကလည်း အရက်တွေအမြဲမပြတ်သောက်သလိုသားလေးဂျန်ကလည်း ကျောင်းမှာအပယ်ခံလေးဖြစ်နေဆဲပါ။ဒါအပြင် သားအဖနှစ်ယောက်ကလည်း အဖေရယ်သားရယ်လို့မခေါ်ကြပြန်တာကြည့်ခြင်းဖြင့်လုံလောက်တဲ့နားလည်မှုမရှိသေးဟန်တူပါတယ်။သားဖြစ်သူကလည်း အဖေကို အရက်ဖြတ်စေချင်အဖေဖြစ်သူကလည်း သားကို ကျောင်းအမြဲပို့ချင်နဲ့နှစ်ယောက်သား ဘယ်လိုမှတိုင်ပင်ညှိမရနဲ့ လစ်လပ်သွားတဲ့မယ်လစ်ဆာနေရာကို အစားထိုးဖို့ လူတစ်ယောက်လိုကိုလိုလာပါပြီ။ ရှေ့ဆက်ပြီး သူတို့သားအဖတွေဘာတွေဆက်ဖြစ်ကြမလဲ ဘယ်သူတွေနဲ့ဆုံကြမလဲဆိုတာဆက်ကြည့်လိုက်ပါဦးနော်။  File size…1.45GB / 697MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

In Good Hands 2 (2024)

October (2018) 8.0
October (2018) (Blu Ray 1080p Quality Update)အောက်တိုဘာ တဲ့ ရုပ်ရှင်နာမည်ကစွဲဆောင်မှုမရှိသလိုပါပဲ။ဒါပေမယ့် IMDB Rating 7.9 ရရှိထားပြီး Rotten tomato ကတော့ 86% ရရှိထားပါတယ်။Rating မြင့်သလောက်လဲဇာတ်ကားက အရမ်းစွဲဆောင်မှုရှိပြီး အဓိပ္ပါယ်ရှိပြီး ကြည့်ရတာတန်တဲ့ဇာတ်ကားတစ်ကားပါ အာမခံနိုင်ပါတယ်။ကျွန်တော့်အနေနဲ့ဆိုရင် ဆရာမြသန်းတင့်ရဲ့ လေလွင့်သူကို Romance Version နဲ့ဖတ်လိုက်ရသလိုခံစားရပါတယ်။လူငယ်တွေ ကြည့်ကိုကြည့်သင့်တဲ့ကားလို့ပြောရင်မလွန်ဘူးထင်ပါတယ်။အပူအပင်မရှိတဲ့ ဟော်တယ်အလုပ်သင်ဝန်ထမ်း ၂၁ အရွယ် Dan တစ်ယောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့သူငယ်ချင်းတွေနဲ့ အတူတူ အေးအတူပူအမျှ ပျော်ပျော်ရွှင်ရွှင်နေနေတုန်းမှာပဲ သူ့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။သူနဲ့နီးစပ်တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Shiuli တစ်ယောက်တိုက်ပေါ်ကကျပြီးကိုမာဖြစ်သွားခဲ့တာပါပဲ။အဲဒီဖြစ်ရပ်ကို စိတ်ခံစားလွယ်တဲ့ Dan တစ်ယောက် ဘယ်လိုရင်ဆိုင်ရလဲဆိုတာကိုဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။ပြီးတော့ ဒီဇာတ်ကားက အချစ်ဇာတ်လမ်းမဟုတ်ပါဘူး ဒါပေမယ့် အချစ်အကြောင်းကိုပြောပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File size… 1.6GB / 638MB Quality…BluRay 1080p / 720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by d3mon 
movie

October (2018)

2018
Mr. Bachelor (2023)
Mr. Bachelor (2023) Mr.Bachelor (2023) "၃၁ယောက်မြောက် သတို့သမီး"ရယ်ရင်းပြုံးရင်း စိတ်အမောပြေစေဖို့ ခင်ဗျားတို့အတွက် ကန်နေဒါစကားပြော အိန္ဒိယဟာသအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်တယ်။သူများတွေ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ကျောင်းဆရာကြီးဖြစ်ဖို့ ငယ်ဘ၀အိပ်မက်ရှိကြချိန်မှာ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ကာသစ်ခ်အတွက်က အိမ်ထောင်ပြုဖို့။ဒီအိပ်မက်ဖြစ်တည်လာရတာလည်း အမေဖြစ်သူကြောင့်။ တစ်ရက်ထမင်းစားရင်း အမေဖြစ်သူကို ကာသစ်ခ်တစ်ယောက်မေးတာက အိမ်ထောင်ပြုတယ်ဆိုတာ ဘာလဲ အမေတဲ့။ အမေဖြစ်သူ ပြန်ဖြေတာက အိမ်ထောင်ပြုတယ်ဆိုတာ ပွဲတော်ကြီးတစ်ခုလိုပဲတဲ့၊ ပွဲတော်တွေဆိုတာ တစ်နှစ်မှတစ်ကြိမ်ပဲပျော်ရပေမဲ့ အိမ်ထောင်ရေးကတော့ နေ့တိုင်းပျော်ရွှင်မှုကိုခံစားနေရတာမျိုးတဲ့။ဒီမှာပဲ မောင်ကာသစ်ခ်တစ်ယောက် သူများတွေ ထွေထု၊ သားရေပင်ပစ်နေတဲ့အရွယ်ကတည်းက မက်လာလိုက်တဲ့အိပ်မက်ကြီးက အိမ်ထောင်ပြုဖို့။ အချိန်တန်အရွယ်ရောက်လို့ အလုပ်ကောင်းကောင်းရပြီး မိန်းမရဖို့အရေး မိဘတွေကို ပူဆာပေမဲ့ သွားတွေ့သမျှ မိန်းကလေးတိုင်းမှာ တစ်ယောက်မှအဆင်မပြေ။အကြောင်းအရင်းကို အဖြေရှာကြည့်ချိန်မှာတော့ အဘိုးဖြစ်သူရဲ့အမှားကြောင့် တိုက်ခံရတဲ့ကျိန်စာကြောင့်ပါတဲ့။ ဒီကျိန်စာကို ပျက်ပျယ်ဖို့ အိမ်ထောင်ပြုချင်သူ လူပျိုကြီးမောင်ကာသစ်ခ် အသည်းအသန်ကြိုးစားပုံကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.3GB / 1.14GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mr. Bachelor (2023)

2023
Viva La Vida ( 2024 ) 6.8
Viva La Vida ( 2024 ) CMကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ကျောက်ကပ်ဝေဒနာရှင်ကောင်မလေးနဲ့ ဦးနှောက် အကျိတ်ရောဂါသည်ကောင်လေးတို့ကြားက သံယောဇဉ်လေးကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ဝေဒနာကို ခံစားနေရတဲ့ ၂၅နှစ်အရွယ် ကောင်မလေးလင်မင်တစ်ယောက် လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေပျောက်ဆုံးပြီး အတိုင်းအဆတွေနဲ့ အမှားယွင်းမခံတဲ့လူနေမှုဘဝထဲမှာ နေထိုင်ရင်း အသက်ဆက်ရှင်ဖို့ ကျောက်ကပ်အလှူခံခဲ့ပေမယ့်လည်း သူ့ထက်ရှေ့မှာလူတွေအများကြီးရှိနေတာကြောင့် မျှော်လင့်ချက်မဲ့နေခဲ့တဲ့ သူမ တစ်နေ့မှာတော့ သူမကို ကျောက်ကပ်လှူပေးနိုင်တဲ့‌ သူနဲ့ လက်ထပ်ယူပြီး အိမ်သားတွေကိုစောင့်ရှောက်ပေးပါ့မယ်ဆိုပြီး အကျိတ်ဝေဒနာရှင်ဂရုထဲကိုဗီဒီယိုပို့လိုက်ရာကနေမှ ဦးနှောက်အကျိတ်ဝေဒနာကိုခံစားနေရတဲ့ကောင်လေး လွီထူနဲ့ စတင်စုံစည်းခဲ့ပါတယ်လင်မင်က ဂရုထဲကို ဗီဒီယိုပို့ပြီး သိပ်မကြာခင်မှာပဲ ပြန်ဖျက်လိုက်ပေမယ့် လွီထူတစ်ယောက်က ဗီဒီယိုကို ကူးထားပြီး လင်မင်ကို သေချာလိုက်စုံစမ်းပါတော့တယ် စစချင်းမှာတော့ ဒီလုပ်ရပ်ဟာ လင်မင်အတွက် စိတ်အနှောင့်ယှက်ဖြစ်စေခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဝေဒနာရှင်အချင်းချင်းကိုယ်ချင်းစာပြီး ဖေးမရင်းကနေမှ ချစ်ခြင်းသံယောဇဉ်တွေပေါက်ဖွားလာခဲ့ပါတယ်ဒီလိုမျိုး ဝေဒနာရှင်နှစ်ယောက်ရဲ့ အဆုံးသတ်က လှပနိုင်ပါ့မလား သူတို့နှစ်ဦး ချစ်ခြင်းစွမ်းအားက အရာရာကိုကျော်ဖြတ်နိုင်ပါ့မလား ‌ ယနေ့ခေတ်မှာလူအများစုက ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေထိုင်မှုဘဝနဲ့ကျင့်သားရနေကြပြီး ဒီကားလေးကိုကြည့်ပြီးရင်တော့ ကိုယ့်ကျန်းမာရေးကို ပြန်ပြီးတော့ သတိမူလာမိစေနိုင်လောက်အောင် ကျောက်ကပ်ဝေဒနာရှင်တစ်ယောက်ရဲ့ ဒုက္ခတွေကို အသေအချာလေးရိုက်ကူးပြသထားပြီး ကျန်းမာရေးဗဟုသုတလည်းရ ဟာသအနှောလေးနဲ့ရိုက်ကူးထားတာမို့လို့ ရသမျိုးစုံကိုလည်းခံစားရမှာမို့လို့ တရုတ်ကားကြိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 2h 9 ...
movie

Viva La Vida ( 2024 )

The Wedding Contract (2023) 6.2
The Wedding Contract (2023)  ဒီဇာတ်ကားက​တော့ သမီးရည်းစားနှစ်​ယောက်မြင်မြင်ချင်း ချစ်ကြိုက်ကြပြီး လက်ထပ်ဖို့စီစဥ်ကြတဲ့ အခါမှာ​သူတို့နှစ်ဦးတွေ့ကြုံရတဲ့ အခက်အခဲ​တွေကိုရိုက်ပြထားတဲ့ အချစ်ဇာတ်လမ်း​လေးဖြစ်ပါတယ်။မင်္ဂလာပွဲမတိုင်ခင် အလုပ်ကိစ္စ၊ မိဘ​တွေမမြင်မတူတာ နဲ့ တစ်ဦးနဲ့ တစ်ဦး ​သ​ဘောထားချင်းမကိုက်ညီတာ​တွေကို ဘယ်လို​​ကျော်ဖြတ်ကြမလဲဆိုတာကြည့်ရမဲ့အပြင် ဂျူးလူမျိုး​တွေရဲ့ မင်္ဂလာပွဲရိုးရာအ​ကြောင်းကိုပါ​လေ့လာရမဲ့ ဇာတ်ကား​လေးတစ်ကားဖြစ်ပါတယ်။ အဓိကဇာတ်​ကောင်နှစ်ဦးက ဖြစ်​ပေါ်လာတဲ့အခက်အခဲ​တွေ့ကို ဘယ်လို​ကျော်ဖြတ်မလဲဆိုတာက​တော့ ဇာတ်လမ်းလဲမှာ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ.. File size…(1.3 GB)/(790 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:24:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jack
movie

The Wedding Contract (2023)

Shall We Dance? (2004)
Shall We Dance? (2004) ၂၀၀၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ အချစ်ဟာသဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်....ဇကာတင်ဆု ၇ ဆုရရှိထားပါတယ်...မင်းသားမင်းသမီးတွေကတော့ ရွှေရောင်ကမ္ဘာလုံးဆုရရှိထားတဲ့ မင်းသားကြီး Richard Gere နဲ့ မင်းသမီးတွေကတော့ Susan Sarandom နဲ့ Jennifer Lopez တို့ပါဝင်ထားပါတယ် ဇာတ်လမ်းအကြောင်းလေးပြောရရင်တော့ အမွေကိစ္စစီမံခန့်ခွဲပေးတဲ့ ရှေ့နေဖြစ်သူ ဂျွန်ကလက်ခ်ဟာ အိမ်ထောင်ကျခဲ့တာ နှစ် ၂၀ နီးပါကြာခဲ့ပါပြီ...သူဟာမိသားစုကိုချစ်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့လည်း သူကိုယ်တိုင်ကလည်းအလုပ်ရှုပ် မိန်းမဖြစ်သူကလည်းအလုပ်ရှူပ်သူတစ်ယောက်ဖြစ်လေတော့ နေ့စဉ်အလုပ်နဲ့အိမ်၊အိမ်နဲ့အလုပ် ဒီလိုပုံမှန်ကိစ္စတွေကြား သူဟာပျင်းရိလာခဲ့ပါတယ်...ဆန္ဒမပြည့်ဝဖြစ်လာခဲ့ပါတယ် ဂျွန်ကလက်ခ် နေ့စဉ်အလုပ်ကအပြန် လမ်းမှာ မြင်တွေ့ရသူကတော့ ပေါ်လီနာဆိုတဲ့ကချေသည်မိန်းကလေးဖြစ်ပါတယ်...သူမဟာနေ့စဉ် မစ်စ်မစ်ဇီရဲ့အကသင်တန်းမှ ပြတင်းပေါက်ကနေတဆင့် အပြင်ကိုငေးကြည့်လေ့ရှိပါတယ်....ဂျွန်ကလက်ခ်ဟာပေါ်လီနာကိုတွေ့ပါများလာတဲ့အခါ မစ်စ်မစ်ဇီရဲ့အကသင်တန်းကိုတက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်... ဒီလိုနဲ့ဂျွန်ကလက်ခ် အကသင်တန်းတက်တော့ အိမ်ပြန်နောက်ကျလာတယ်....အပြုအမူတွေပြောင်းလာတယ်...ဒါကိုသတိထားမိတဲ့ မိန်းမဖြစ်သူဘယ်ဗာလီက စုံထောက်တစ်ယောက်ကိုငှားပြီး သူ့ယောက်ျားနောက်ကိုလိုက်ခိုင်းပါတော့တယ်....ဒီတော့ ဂျွန်ကလက်ခ်နဲ့ပေါ်လီနာတို့ကြားဘယ်လိုဖြစ်သွားမလဲ....မိန်းမဖြစ်သူဘယ်ဗာလီက ဂျွန်ကလက်ခ်အကသင်တန်းတက်နေမှန်းသိသွားတဲ့အခါဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါခင်ဗျာ....File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre... Comedy, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Shall We Dance? (2004)