Channel Myanmar
Romance
Are We In Love? (2020) 7.3
Are We In Love? (2020) နတ်မျက်စိ ​ဗေဒင်စာအုပ်ကို သိကြတယ်မလား.... တကယ်လို့ ကိုယ့်ရဲ့အချစ်ကိစ္စနဲ့   ပတ်သတ်တဲ့ ​မေးခွန်း​တွေကို   အမှန်တိုင်း​ဖြေ​ပေးတဲ့ စာအုပ်ရှိခဲ့မယ်ဆိုရင်   ဘာ​တွေ​မေးမိမယ်စိတ်ကူးကြလဲ.... ဒီကားက ဆိုး​ဂျောင်ဆိုတဲ့ ​ကောင်မ​လေးက   အူတူတူ​လေး သူ့​ဘော့စ်ဆွန်း​ဂျေး က ကော်ဖီဆိုင်ပိုင်ရှင်... တစ်​နေ့ ဆိုး​ဂျောင်က ​ဘော့စ်အပြစ်​ပေးလို့ညနက်တဲ့ထိ အလုပ်လုပ်ရင်း   အဖွားအိုတစ်​ယောက်ကဆိုင်ကိုလာပြီး စာအုပ်တစ်အုပ်​ပေးသွားတယ် အဲ့စာအုပ်​လေးရပြီး​နောက်ပိုင်းဆိုး​ဂျောင်းအချစ်​ရေးက   ဂျွမ်းထိုး​မှောက်ခုန်ဖြစ်သွားတယ် ​ဘော့စ်အူတိုတဲ့ အခန်း​လေး​တွေဆို အူယားစရာတအား​ကောင်းလွန်းပါတယ် ​ပေါကားလုံးဝမဟုတ်တာ​တော့ အာမခံပါတယ် ဒီကား​လေးကြည့်ပြီး အချစ်စစ်ကိုရှာ​ဖွေတတ်ကြပါ​စေလို့    File Size - 1.1 GB Quality - Web-Dl 1080P Subtitle - Burmese (Hardsub) Translator - Dolly Encoder - Thit San Khant
movie
Are We In Love? (2020)
2019
App War (2018) 6.6
App War (2018) [Unicode]Start-Up ဆိုတဲ့ စကားလေးက ယနေခေတ် လူငယ်တွေကြားမှာ ရေပန်းစားလာပါတယ်...လူငယ်တော်တော်များများက သူတိုက အလုပ်တွေကနေ ထွက်ပြီး ကိုယ်ပိုင် လုပ်ငန်းတွေ start-up လုပ်ကြပါတယ် ။အဲ့ထဲမှာ ၉၀ ရာခိုင်နှုန်းက ကျရှုံးပြီး ၈ ရာခိုင်နှုန်းက ခက်ခက်ခဲခဲ ရုန်းကန်ရပါတယ် ၂ ရာခိုင်းနှုန်းလောက်ကသာ အောင်မြင်ကြတာပါ လူငယ်အချို့ဟာ အောင်မြင်မယ့် ၂ ရာခိုင်နှုန်းထဲမှာ သူတို့တွေပါမယ်လို့ အတိကျ မပြောနိုင်ပေမယ့်လည်း ဒီလိုစွန့်စားမှုမျိုးတွေကို လုပ်ကြပါတယ်...ဒီတစ်ခါတော့ အဲ့လိုစွန့်စားပြီး start-up လုပ်ကြတဲ့ လူငယ်တွေအကြောင်းကိုရိုက်ကူးထားတဲ့ Movie လေးတစ်ခုကို CM fan တွေအတွက်တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအကျဉ်း ---------------------- Bom ဟာ သူငယ်ချင်းတွေနဲ့ အတူ start-up ပြိုင်ပွဲတွေကို ဝင်ပြိုင်လေ့ရှိပါတယ် ၊ ပြိုင်ပွဲမှာ အခြားအဖွဲ့က အနိုင်ရသွားပြီး သူတို့ရဲ့ App ကို ရွေးချယ်မခံခဲ့ရတာကြောင့် စိတ်ညစ်နေခဲ့ပါတယ် June ဆိုတဲ့ ကောင်မလေးကလည်း Bom ...
movie
App War (2018)
2018
Straight Up(2019) 6.5
Straight Up(2019) Straight Up(2019)ဇာတ်လမ်းအကြောင်းကို မသွားခင် ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်ရအောင်။ သင်ဟာ LGBT တွေကို ဘယ်လိုမြင်လဲ။ သင့်ရဲ့ မသိစိတ်ထဲမှာ Gay% Straight% ဘယ်လောက်စီရှိမယ်ထင်လဲ။ လုံးဝ Straight ပါလို့ အာမခံလား။ အဲဒါဆို တခါတလေ ယောက်ျားလေးချင်းပဲဖြစ်ဖြစ် မိန်းကလေးချင်းပဲဖြစ်ဖြစ် မိမိရဲ့ပုခုံးပေါ် ဒါမှမဟုတ် ပေါင်ပေါ်ကို ရုတ်တရတ် လက်အတင်ခံလိုက်ရတဲ့အချိန်မှာ စိတ်ထဲဘယ်လိုဖြစ်သွားဖူးလဲ။ သောက်ရင်းစားရင်း မူးမူးနဲ့ ဘော်ဒါအချင်းချင်းကိုပဲဖြစ်ဖြစ် အခြားဝိုင်းက လိင်တူတစ်ယောက်ကိုပဲဖြစ်ဖြစ် နမ်းမိသွားတာမျိုး အဲ့ဒီလို အလားတူကိစ္စမျိုး အဲ့ထက်ဆိုးတဲ့ ကိစ္စမျိုးရှိခဲ့ဖူးလား။ နောက်နေ့မနက်မှာ အဲဒီလုပ်ရပ်ကို ပြန်အမှတ်ရမိရင်း ငါများ Gay သွားပြီလားလို့ စိုးရိမ်စိတ်ပေါ်ဖူးကြတယ်မလား။ ဒါမှမဟုတ် မိမိက Gay ပါလို့ ဝိုင်းသမုတ်ကြတဲ့ ပတ်ဝန်းကျင်ရောက်ရင် မသိစိတ်ထဲက အနည်းငယ်သော Gay % က တိုးပွားပေါက်ကွဲထွက်လာပြီး လုံးဝ Gay သွားမယ်လို့ထင်မိလား။ တွန်းရော ...
movie
Straight Up(2019)
Valley Girl(2020) 5.5
Valley Girl(2020) Valley Girl(2020) ဒီဇာတ်ကားလေးက Musical Romantic Comedy ဇာတ်ကားအမျိုးအစားလေးပါ။ အရမ်း Sweet ဖြစ်ပြီးတော့ ရိုထားတဲ့ ကားလေးပါ။ရယ်လည်းရယ်ရသလို  တစ်ကားလုံးလဲ သီချင်းလေးတွေနဲ့ တကယ် နားထောင်ပြီး ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။တောင်ကြားမြို့လေးထဲမှာ ရှိတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေက ဖက်ရှင်ဆိုလဲဆင်တူ ဝတ်ကြတယ်။ဘဝကို ပျော်ပျော်ပဲဖြတ်သန်းကြပေမယ့် အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာတော့အထက်တန်းစားယောက်ကျားမှဖြစ်ရမယ်ပေါ့။ အဲ့ထဲမှာမှ ဂျူလီ ဆိုတဲ့ ကောင်မလေးက တစ်မူထူးခြားတယ်။ရှေးရိုးစွဲ မဆန်ချင်ဘူး ...အချစ်ကိုကိုးကွယ်သလို ဘယ်လိုအတန်းအစားပဲနေနေ ချစ်ခဲ့မယ်ဆိုရင်ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့အသင့်ပဲဆိုပါတော့...။ အဲ့ဒီလို ကောင်မလေးနဲ့ မိဘမရှိ တေလွင့်နေတဲ့ရမ်ဒမ် ဆိုတဲ့ ကောင်လေးတို့ ကမ်းခြေမှာ ဆုံတွေ့ခဲ့ကြတယ်...မတူညီတဲ့ပတ်ဝန်းကျင်က မွေးဖွားခဲ့ကြသလိုအယူအဆတွေလည်း ကိုယ်စီကွဲပြားကြလေတော့ ရေရှည်မှာ အချစ်ကိုအရင်းတည်တဲ့သူတို့နှစ်ယောက်ဟာ ဟန်ချက်ညီစွာလျှောက်လမ်းဖို့ အတော်ခက်တယ်ပြောရမယ်....ကိုင်းသူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါနော်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်....File Size : (950 MB) and (310 MB) Quality : WEB-DL ...
movie
Valley Girl(2020)
Mr. Hurt (2017) 6.0
Mr. Hurt (2017) Mr. Hurt (သို့) နာကျင်နေသော ချိဖI Fine..Thank You..Love You,Heart Attack ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသား Sunny ရဲ့ နောက်ထပ်ဇာတ်ကားတစ်ကားပါ။ဒီဇာတ်ကားတစ်ခုလုံးကို သူ့ရဲ့ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ သိပ်သည်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ဇာတ်လမ်းကတော့ နာကျင်နေသောချိဖ တစ်ယောက်အကြောင်းပါ။အစွဲအလမ်းကြီးသလို ဒေါသလဲကြီးတတ်တဲ့ နာကျင်နေသောချိဖ ဒွန်စီချန်။(သူဟာယောင်္ကျားလေးအများစုရဲ့ သဘာဝကိုကိုယ်စားပြုသွားပါတယ်။)ခေါင်းနည်းနည်းလွတ်နေပေမယ့် ရုပ်ဖြောင့် ပိုက်ဆံရှိလို့ အဆိုတော်ဖြစ်လာပုံရတဲ့ ဂျင်မီ။နှလုံးသားထက် အောင်မြင်ကျော်ကြားမှုကို မက်တွယ်ထားတဲ့ နိုင်ငံကျော်မော်ဒယ် အန်နာ။ (သူကလဲ မိန်းကလေးအများစုရဲ့ သဘာဝကို ကိုယ်စားပြုသွားပါတယ်။)ကြင်နာတတ်တဲ့ မိခင်စိတ်မျိုးနဲ့ ရောဂါသည်မလေး ဒီယူ။ဒီဇာတ်ကောင်လေးယောက်ကို အခြေပြုလို့ ချစ်ခြင်းရဲ့နာကျင်မှုတွေအကြောင်းကို ပြသထားပါတယ်....။အပြင်မှာလိုပါပဲ...ယောင်္ကျားလေးတွေဟာ နှလုံးသားခပ်များများ ဦးနှောက်ခပ်နည်းနည်းနဲ့ ချစ်ခြင်းမှာ နစ်မြုပ်နေတတ်ကြပြီးမိန်းကလေးတွေကတော့ နှလုံးသားခပ်နည်းနည်း ဦးနှောက်ခပ်များများနဲ့ ချစ်ခြင်းကို စီမံတတ်ကြပါတယ်။ဒါပေမယ့်ဘယ်သူပဲဖြစ်ဖြစ်ပါလေ...တကယ်ချစ်ရသူကတော့ အမြဲတမ်း နာကျင်ရတာပါပဲ။ခံစားနာကျင်ပေးကြပါဦး။( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/category/sunny/  ကြည့်လို့ရပါတယ်။-Zawgyi- Mr. Hurt ...
movie
Mr. Hurt (2017)
2017
Shambala (2012) 6.8
Shambala (2012) မင်းသား Sunny နဲ့ Shutter ဇာတ်ကားထဲမင်းသား Ananda Everingham နဲ့ညီအစ်ကိုအဖြစ်သရုပ်ဆောင်ထားတဲ့ Shambhala ဟာ ထိုင်းရုပ်ရှင်လောကမှာတွေ့ရခဲ့တဲ့ဇာတ်ကားပါ။ဆက်ဆံရေးအဆင်မပြေတဲ့ညီအစ်ကို ၂ယောက် တိဗက်ကိုခရီးထွက်ရင်းနားလည်မှုရလာတာကိုတင်ဆက်ထားတယ်။ရယ်ရတဲ့ road trip ဇာတ်လမ်းမှာ ညီအစ်ကို ၂ယောက်ကြားကချစ်ခြင်းမေတ္တာကိုသရုပ်ဖော်ထားတဲ့ dramedy ဆန်ဆန်ဇာတ်လမ်းမျိုးဖြစ်ပြီးတိဗက်ရဲ့လှပတဲ့ရှုခင်းတွေကိုလည်းမြင်ရဦးမှာပါ။(ရုပ်ရှင်အညွှန်းကို Myanmore Plus မှကူးယူဖော်ပြပါသည်။) ( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/category/sunny/  ကြည့်လို့ရပါတယ်။)  File size…(1.1 GB) Quality….DVD-Rip Format…mp4 Duration….01:53:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mann MawKunn
movie
Shambala (2012)
Seven Something ( 2012 ) 6.9
Seven Something ( 2012 )  2012 က ထွက်ရှိခဲ့တဲ့ Seven Something ဇာတ်ကားလေးဟာထိုင်းနိုင်ငံရဲ့ အကောင်းဆုံး Top 20 List ထဲမှာဝင်တဲ့ဇာတ်ကားလေးပါထိုင်းတို့ Ro ပြီဆိုရင် အသေကြွေတယ်မလား..ဒီဇာတ်ကားလေးဟာလည်းအချစ်ဇာတ်လမ်းလေး သုံးခုကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်ပထမဆုံးကတော့ ဗီဒီယိုရိုက်တာအရမ်းဝါသနာပါတဲ့ ဒါရိုက်တာဖြစ်ချင်တဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်.သေချာပြောရမယ်ဆိုရင်တော့Social Media ( Facebook , twitter , instagram ) တွေကိုဘဝမှတ်နေတဲ့ကျောင်းသားလေးရဲ့အချစ်ဇာတ်လမ်းလေးဒုတိယကတော့ ကျော်ကြားမှုကိုမက်မောတဲ့မင်းသမီးတစ်ယောက်နဲ့အဏ္ဏဝါ ပြတိုက်ကရေငုတ်သမားလေးတစ်ယောက်..သူတို့တွေချစ်ခဲ့ကြပေမယ့် မိန်းကလေးက ကျော်ကြားမှုကိုအလွန်အမင်းပဲမက်မောလွန်းတာကြောင့်လမ်းခွဲခဲ့ရတယ်..ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရမယ့်အချစ်ဇာတ်လမ်းလေးတတိယတစ်ခုကတော့.. ခင်ပွန်းသည်ဆုံးပါးသွားတဲ့အသက်၄၀ကျော်မမကြီးနဲ့ ၂၀ ကျော် အက်စမာရောဂါကြောင့်မာရသွန်ပြေးတဲ့ကောင်လေးတို့ဇာတ်လမ်းလေး..ခံစားချက်တွေဖြစ်ပေါ်ခဲ့ပေမယ့်မဖြစ်သင့်ဘူး မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဘယ်လိုကျော်ဖြတ်ပြီးဘယ်လိုရှေ့ဆက်မလဲဆိုတာကိုကြည့်ရမှာပါ..အချစ်ဇာတ်လမ်းကောင်းလေးတွေကြိုက်နှစ်သက်သူတွေအတွက်တော့ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/category/sunny/  ကြည့်လို့ရပါတယ်။)  - Zawgyi-2012 က ထွက်ရှိခဲ့တဲ့ Seven Something ဇာတ်ကားလေးဟာထိုင်းနိုင်ငံရဲ့ အကောင်းဆုံး Top 20 List ထဲမှာဝင်တဲ့ဇာတ်ကားလေးပါထိုင်းတို့ Ro ပြီဆိုရင် အသေကြွေတယ်မလား..ဒီဇာတ်ကားလေးဟာလည်းအချစ်ဇာတ်လမ်းလေး သုံးခုကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ် ပထမဆုံးကတော့ ဗီဒီယိုရိုက်တာအရမ်းဝါသနာပါတဲ့ ...
movie
Seven Something ( 2012 )
2012
The Bedside Detective (2007) 6.4
The Bedside Detective (2007) IMDb Rating (6.5) ရရှိထားတဲ့ ထိုင်းဟာသဇာတ်ကားလေးဖြစ်ပါတယ်။ဂျော့ဆိုတဲ့ ငနဲလေးဟာ စွန့်စားတီထွင်ရတာကို ကြိုက်တတ်တဲ့ လူငယ်တစ်ယောက်ပါ...သူဟာ...တီဗွီပန်ကာ...နေရောင်ခြည်နဲ့ကင်စားရတဲ့ ဘာဘီကျူးဆိုင် စတဲ့ စွန့်ဦးတီထွင်တဲ့လုပ်ငန်းတွေကို စိတ်ကူးပေါက်သလိုလုပ်ပြီးလုပ်တိုင်းမှာ သောက်တလွဲဖြစ်သွားတတ်ပေမယ့် စိတ်ဓါတ်ကတော့ လုံးဝမကျပါဘူး....ဒါပေမယ့် အကြွေးတွေ ဖိစီးလာတဲ့အခါမှာတော့ ပိုက်ဆံရမယ့် စွန့်စွန့်စားစား အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်....ဒါကတော့ ကြာကူလီဇာတ်လမ်းအရှုပ်တွေကို ဖော်ထုတ်ရမယ့် စုံထောက်လုပ်ငန်းပါ။အဲ့ဇာတ်လမ်းအရှုပ်တွေထဲက ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းကြွေသွားမိတဲ့အခါမှာတော့....မောင်ဂျော့တစ်ယောက် ဘယ်လိုတွေ စွန့်စားမလဲဆိုတာ.........။မင်းသားကတော့ I fine thank you,love you ...Heard Attack ဇာတ်ကားတွေထဲက မင်းသား Sunny Suwanmethanont...မင်းသမီးက ချစ်စဖွယ်မျက်နှာပေးလေးနဲ့ Pattarasaya Kreuasuwansri...တကယ်ကောင်းတဲ့ ထိုင်းဟာသဇာတ်ကားလေးတွေက Entertainment ဖြစ်တာ အသေအချာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပါ။( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/category/sunny/  ကြည့်လို့ရပါတယ်။)- Zawgyi -IMDb Rating (6.5) ရရွိထားတဲ့ ...
movie
The Bedside Detective (2007)
2007
Rich in Love (2020) 7.3
Rich in Love (2020) CM Fan တွေအတွက် ပေါ်တူဂီ ရုပ်ရှင်ကားသစ် တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်... ဘရာဇီးနိုင်ငံ ရီယို မြို့ ရဲ့ နောက်ခံ အလှ နဲ့ အရမ်းလှပတဲ့ အချစ်ဇတ်လမ်းလေး တစ်ခုအကြောင်းပေါ့... အချစ်မှာ အကြောင်းပြချက်မရှိဘူးဆိုတာ ယုံလား ? တက်ကို ဆိုတဲ့ သူဌေးလေးဟာ သူ့အဖေက အရမ်းချမ်းသာလွန်းလို့ ဘော့ကျော့နေပြီး တစ်မြို့လုံးက ကောင်မလေးတွေ နဲ့ ပတ်ပြီး အိပ်နေတာပေါ့ ရီယို နဲ့ နီးတဲ့ တောင်ယာစိုက်ခင်းတွေ ရှိတဲ့ဘက်က ခရမ်းချဉ်သီးမင်းသားလေး လို့ နာမည် တွင်တယ် တစ်မြို့လုံးက အရွယ်ရောက်ပြီး ကောင်မလေးတိုင်း ဟာ တက်ကို လို နာမည်ကြီး ရုပ်ချော သူဌေးသားလေး နဲ့ စုံတွဲခုတ်ချင်ကြတာပါ အဲ့ဒီ တစ်ဖက်က ရီယိုမြို့မှာတော့ ဆေးကျောင်းသူလေး ပေါ်လာ ဟာ ဆရာဝန်ဖြစ်ခွင့်ရဖို့ အလုပ်သင်ဆရာဝန် အဖြစ် တာဝန်ထမ်းဆောင်ရင်း နဲ့ တစ်ရက်မှာ ပေါ်လာ ရဲ့ သူငယ်ချင်း မင်္ဂလာဆောင်အတွက် ခရမ်းချဉ်သီးမြို့ကို ရောက်လာပါတယ်... ကံဆိုးစွာပဲ အဲ့ဒီနေ့မှာ မတော်တဆ မှု တစ်ခုဖြစ်ပြီး သူဌေးသားလေး တက်ကို နဲ့ ဆရာဝန်လောင်းမလေး ပေါ်လာ တို့ ဆုံမိကြတာပဲ... ပေါ်လာ ကို မြင်မြင်ချင်း ချစ်သွားတဲ့ ...
movie
Rich in Love (2020)
2020
50 First Dates(2004) 6.8
50 First Dates(2004) 50 First Dates(2004)သစ္စာနီကပြောတယ် အချစ်ဆိုတာ ဆပ်ပြာဖူဖောင်းတဲ့ တာရာမင်းဝေကတော့ အချစ်ဆိုတာ မသိစိတ်ရဲ့တည်ရှိခြင်းနဲ့ ဖြစ်ခြင်းကြားက လျှို့ဝှက်သောဆုံမှတ်တဲ့ တက္ကသိုလ်ဘုန်းနိုင်ကတော့ အချစ်စစ်ဆိုတာ တစ်သက်မှာတစ်ခါပွင့်တဲ့ ပိတောက်ပန်းရဲ့သစ္စာတရားနဲ့ခိုင်းနှိုင်းထားတယ် အချစ်ကြောင့်ဖြစ်တဲ့လုပ်ရပ်တွေကိုတော့တစ်ချို့ကပြောကြတယ် ဟန်ဆောင်မှုတွေကျော်လွန်ပြီး သတ္တိတွေရဲ့အလွန်ကိုတွန်းပို့ခြင်းခံရတဲ့လုပ်ရပ်တဲ့ ရူးသွပ်မိုက်မဲခြင်းလို့လည်း ခပ်ကြမ်းကြမ်းခေါင်းစဉ်တပ်ကြတာလည်းရှိတယ်....ကျွန်တော်တို့ဘဝမှာ မိုက်မဲခြင်းရူးသွပ်ခြင်းတွေမြောက်များစွာ လုပ်ခဲ့ကြတယ် ဒီလိုလုပ်ရပ်တွေကြားမှာ အချစ်ကြောင့်ရူးသွပ်သွားတာကတော့ အရမ်းချိုမြိန်ပျော်ရွှင်ဖို့ကောင်းပါတယ် .....ဘာလို့ဆိုနှလုံးသားရဲ့လိုအပ် ချက် အချစ်ကိုတခြားအရာတွေက ဖြည့်ဆည်းပေးနိုင်တာမှမဟုတ်တာ......... ငါးပြတိုက်မှာအလုပ်လုပ်နေတဲ့လူရွယ်တစ်ယောက်ရှိတယ်...တစ်နေ့စားသောက်ဆိုင်မှာထိုင်နေရင်း မုန်တွေ့နဲ့ဆော့ကစားနေတဲ့ကောင်မလေးကိုတွေ့ မိတယ်....အဲ့ကောင်မလေးကိုမြင်တော့စိတ်ဝင်စားသွားပြီး ချဉ်းကပ်မိတယ်.....သူအောင်မြင်ပါတယ်...နောက်နေ့ဒီလိုအချိန်တွေ့ဖို့ကောင်မလေး ကတောင်ပြန်ချိန်းသွားတယ်....နောက်တစ်နေ့မှာ ကောင်မလေးနဲ့တွေ့တော့ သူနှုတ်ဆက်မိတယ်...ထူးဆန်းတာက ကောင်မလေးရဲ့တုန့်ပြန်မှုပဲ... ခပ်စိမ်းစိမ်းကြည့်ရင်း ဘာတွေလာကြောင်နေတာလဲဆိုတဲ့ခွန်းတုံပြန်မှုကြောင့် သူဆွံအသွားတယ်.... နောက်မှသိလိုက်ရတာက ကောင်မလေးဟာ ကားမတော်တဆမှုကြောင့် ခပ်ဆန်းဆန်းအတိတ်မေ့ရောဂါရနေတာပါပဲ..... ကျွန်တော်ပြောတဲ့ သတ္တိတွေရဲ့အလွန် ရူးသွပ်မိုက်မဲခြင်းဆိုတာ အဲ့ဒီမှ စတာပဲ...ဆက်ပြောရင် ပေါ့သွားမှာစိုးရိမ်လို့ ဒီတင်ပဲနားပါရစေ.... " ခင်ဗျား တို့ ကျွန်တော့ကိုရူးတယ်ပဲပြောပြော မိုက်မဲလွန်းတယ်ပြောပြောရပါတယ် ဒါပေမဲ့ ကျွန်တော်ပျော်တယ် ကျွန်တော့ဘဝဟာ သူမပါ.... အားလုံးအတွက်ရင်ဆိုင်နိုင်တယ်...နောက်တစ်ခုပြောချင်တာက ကျွန်တော့ကိုပြစ်တင်ဝေဖန်နေမိတယ်ဆိုရင် သေချာတယ် ခင်ဗျားဟာ အချစ်ကိုမကြုံဖူးသေးသလို ကျွန်တော့လိုအချစ်စစ်တစ်ခုနဲ့မချစ်ဖူးသေးလို့ပါပဲ...." ဒီကားလေးပြီးတော့ လူရွယ်က ကျွန်တော်တို့ကို အသံတိတ် ဒီစကားလေးပြောသွားတယ်လို့ ကျွန်တော်ထင်မိတယ်File Size…(850MB) Quality…BluRay 720p Format…mp4 Duration…01:39:00 Subtitle…Myanmar Subtitle(Hardsub) Encoder… ...
movie
50 First Dates(2004)
2004
Awarapan(2007) 7.2
Awarapan(2007) Awarapan(2007)ဒီAwarapan 2007ဇာတ်ကားလေးကတော့ IMDB rating 7.2/10ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး Action, Drama, Romance ဇာတ်ကား အမျိုးအစားဖြစ်ပါတယ်။ ဂန်းစတားတစ်ယောက်...သူ့ဘဝမှာ သစ္စာတရားဆိုတာကိုလက်ကိုင်ထားပြီးဂန်းစတားအဖွဲ့တစ်ခုဆီမှာလုပ်တယ်...ကိစ္စတော်တော်များများဟာ သူ့ရဲ့လက်ရဲဇက်ရဲနဲ့ထက်မြက်တဲ့ စဉ်းစားဉာဏ်တွေကြောင့်အောင်မြင်တယ်...ဂန်းစတားခေါင်းဆောင်ကလည်း သူ့ကိုအားကိုးတယ်...တစ်နေ့တော့ သူ့ကို လူကုန်ကူးခံရတဲ့မိန်းကလေးတစ်ယောက်ကိုသတ်ဖို့အမိန့်ပေးခြင်းခံရပါတယ်။ မိန်းကလေးတစ်ယောက်ကို သတ်ရမယ်ဆိုပေမဲ့လည်းအမိန့်က အမိန့်ပဲမဟုတ်လား....ဒီလုပ်ရပ်ကို သူမနှစ်မြို့ပေမယ့်လည်း သူသတ်ဖြတ်ဖို့စီစဉ်ပါတယ်...သို့ပေမယ်... ဒီမိန်းကလေးအပေါ်မှာ သနားဂရုဏာသက်သွားပြီးတဲ့အချိန်မှာတော့ဘယ်သူမှ မထင်ထားတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ပါတော့တယ်...သူ့ရွေးချယ်ထားတဲ့လမ်းကြောင့် ဂန်းစတားအဖွဲ့က သူ့ကို ဘယ်လို အဆုံးသတ်ပေးမလဲ..သူချစ်ခင်သွားတဲ့ကောင်မလေးကရော ဘယ်သူဖြစ်မလဲ...အန္တရယ်များလွန်းလှတဲ့ ဒီလမ်းကြောင်းကိုရော သူဖြတ်ကျော်နိုင်ပါ့မလား.....အက်ရှင် ဇာတ်ကားကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း...... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ဖြစ်ပါတယ်.....File Size : (1.13 GB) and (561 MB) Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Action , Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Awarapan(2007)
The Wrong Missy (2020) 7.3
The Wrong Missy (2020) The wrong missy (2020) က Netflix ကနေအသစ်ထွက်လာတဲ့ romantic comedy ဇာတ်လမ်းလေးပါ။ ဘဝမှာ စိတ်ကူးနဲ့ လုပ်ချင်ပြီး မလုပ်ဖြစ်တာတွေ အများကြီး ကြုံဖူးကြမှာပါ။ မစ်စီကတော့ အဲဒီလိုလူမျိုး လုံးဝမဟုတ်ပါဘူး။ ပထမဆုံး တွေ့ဖူးတဲ့လူနဲ့ sex အကြောင်း ပြောဖို့ဝန်မလေးသလို တစ်ဖက်လူက ဘယ်လိုတွေးနေမလဲ စိတ်မပူတတ်တဲ့လူမျိုးပါ။ တစ်ခါမှ ရုပ်တည်ကြီးနဲ့ မနေသလို သူတန်ဖိုးထားတဲ့ လူတွေအတွက် စွန့်လွှတ်အနစ်နာခံဖို့လည်း အသင့်ပါပဲ။ သူ့ရဲ့စိတ်က လွတ်လပ်လွန်းလို့ လူတွေကသူ့ကို ရူးနေပြီ‌လို့တောင် ထင်ကြတဲ့အထိပါပဲ။ အမြဲတမ်း တစ်လွဲတွေ လုပ်ပေမယ့် တကယ်ရေးကြီးလာတဲ့အခါ အားလုံးကို ကယ်တင်ပေးမယ့် လူမျိုးပါ။ အိတ်ထဲမှာလည်း ဓားမကြီးတစ်လတ် အမြဲဆောင်ထားပြီး ဘွဲ့ ၅ ခုလောက်ယူထားတဲ့ master brain ပါ။ ရုပ်ဆိုးသလောက် ထက်မြတ်နဲ့ strong & independent woman လည်းဖြစ်ပါတယ်။ ဟာဝိုင်အီကမ်းခြေက ရှုခင်းတွေနဲ့ တစ်လွဲတွေ တောက်လျှောက်လုပ်တတ်တဲ့ မစ်စီက အိမ်ထဲမှာနေပြီး မွန်းကြပ်နေသူတွေ လိုအပ်နေတာနဲ့ ကွက်တိပဲလို့ ပြောချင်ပါတယ်။   File Size - 647.1 MB Quality - Web-Dl 720p Runtime -  1h 30min Translator ...
movie
The Wrong Missy (2020)
2020
Tokyo Fiancée(2014) 6.3
Tokyo Fiancée(2014) Tokyo Fiancée(2014)okyo Finance2014 ဒီတစ်ခါတော့ အိမ်တွင်းအောင်းနေရတဲ့ CMဖန်တွေအတွက်Drama/Romance/Comedyကားလေးနဲ့ ဖျော်ဖြေတင်ဆက်ပေးပါရစေ. ဒီကားလေးကတော့IMDb6.1/10ရထားတာကြောင့် ဇာတ်ကားကောင်းလေးတစ်ကာ ဖြစ်တာကို အထူးတလည်ပြောဖို့လိုမယ်မထင်ပါဘူးနော်.‌ ဇာတ်လမ်းထဲမှာ ဘယ်လ်ဂျီယံသူဖြစ်ပေမယ့်ဂျပန်မှာမွေးခဲ့တဲ့ အမ်မီလီဟာ ဂျပန်ကို ချစ်မြတ်နိုးတာကြောင့်သူ အသက်20မှာ ဂျပန်ကို ပြန်လာခဲ့ပါတယ်.ဂျပန်ကို ရောက်နေချိန်မှာ တဖက်တစ်လမ်းကနေ ၀င်ငွေရအောင် ဆိုပြီး အချိန်ပိုင်းပြင်သစ်စာသင်ပေးဖို့ လုပ်ခဲ့ပါတယ်.အဲ့အချိန်မှာပဲ ပြင်သစ်စာကို စိတ်၀င်စားတဲ့ ဂျပန်ကောင်လေး ရင်ရီဟာဆက်သွယ်လာခဲ့ပါတယ်.အဲ့နောက်မှာ သူတို့နှစ်ယောက်ဟာ ပြင်သစ်စကားသင်ရင်း ခင်မင်ရင်းနှီးလာခဲ့ပါတယ်.ခင်မင်ရင်းနှီးမှုကနေ အဆင့်တွေပိုလာရင်း ထူးဆန်းတဲ့ကံကြမ္မာအလှည့်အပြောင်းကြောင့်ဘယ်လိုတွေ ဖြစ်တယ်ဆိုတာကို ရိုက်ပြထားတဲ့ ဒရာမာဇာတ်ကားကောင်းလေး ဖြစ်တာကြောင့် ဒရာမာနှစ်သက်သူတို့ လက်မလွှတ်ပဲ ကြည့်ရှူသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းလိုက်ရပါတယ်ခင်ဗျာ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ YK ပဲဖြစ်ပါတယ်....File Size : (900 MB) and (443 MB) Quality : Blu-Ray 720p Format…mp4 Duration…01:40:00 Genre : Romance , Drama, Comedy Subtitle ...
movie
Tokyo Fiancée(2014)
The Palace (2013) 5.9
The Palace (2013) [Unicode]The Palace(2013)ဒီဇာတ်လမ်းကနန်းတွင်းကိုရောက်လာတဲ့ အပျိုတော်လေးနှစ်ယောက် ချန်ရှန်းနဲ့လျိုလီတို့အကြောင်းကိုပုံဖော်ထားတာပါလူတစ်ယောက်ကိုအနစ်နာခံပြီး ရူးရူးမူးမူးချစ်ခဲ့တဲ့ချန်ရှန်း(ZhouDongYu)နဲ့အချစ်ထက်ဂုဏ်အဆင့်အတန်းကိုပိုမက်မောတဲ့ လျိုလီ(ZhaoLiYing)တို့နှစ်ယောက်က နန်းတွင်းထဲမှာခင်သွားကြတဲ့သူငယ်ချင်းတွေ....မင်းသားတစ်ပါးတည်းကိုသာချစ်မိခဲ့တဲ့ချန်ရှန်းနဲ့ ဘယ်မင်းသားရရဆိုတဲ့လျိုလီတို့နှစ်ယောက်ရဲ့ ဘဝအလှည့်အပြောင်းတွေ....လျိုလီရဲ့ရက်စက်ယုတ်မာမှုတွေ...မင်းသားညီအစ်ကိုတွေကြားက ရာဇပလ္လင်လုပွဲတွေအပြင်ချင်မင်းဆက်ကမင်းသားတစ်ပါးနဲ့အပျိုတော်လေးတို့ရဲ့အချစ်ဇာတ်လမ်းကိုလွမ်းမောဖွယ်ကြည့်ရှုရမှာပါ ၊ဒီဇာတ်လမ်းကတရုတ်ကားကြိုက်သူတွေအတွက်တော့ ကျောက်လိယင်းနဲ့ အနှစ်တွေချည်းပဲရိုက်တဲ့ကျိုးတုန်ယွီတို့ကိုကြည့်ရတာနဲ့တင်တော်တော်တန်နေမှာပါ xD( အညွှန်းနဲ့ ဘာသာပြန်သူကတော့ Hikari ဖြစ်ပါတယ် ) [Zawgyi]The Palace(2013)ဒီဇာတ်လမ်းကနန်းတွင်းကို​ရောက်လာတဲ့ အပျိုတော်လေးနှစ်ယောက် ချန်ရှန်းနဲ့လျိုလီတို့အကြောင်းကိုပုံဖော်ထားတာပါလူတစ်ယောက်ကိုအနစ်နာခံပြီး ရူးရူးမူးမူးချစ်ခဲ့တဲ့ချန်ရှန်း(ZhouDongYu)နဲ့အချစ်ထက်ဂုဏ်အဆင့်အတန်းကိုပိုမက်မောတဲ့ လျိုလီ(ZhaoLiYing)တို့နှစ်ယောက်က နန်းတွင်းထဲမှာခင်သွားကြတဲ့သူငယ်ချင်းတွေ....မင်းသားတစ်ပါးတည်းကိုသာချစ်မိခဲ့တဲ့ချန်ရှန်းနဲ့ ဘယ်မင်းသားရရဆိုတဲ့လျိုလီတို့နှစ်ယောက်ရဲ့ ဘဝအလှည့်အပြောင်းတွေ....လျိုလီရဲ့ရက်စက်ယုတ်မာမှုတွေ...မင်းသားညီအစ်ကိုတွေကြားက ရာဇပလ္လင်လုပွဲတွေအပြင်ချင်မင်းဆက်ကမင်းသားတစ်ပါးနဲ့အပျို​တော်​လေးတို့ရဲ့အချစ်ဇာတ်လမ်းကိုလွမ်း​မောဖွယ်ကြည့်ရှုရမှာပါ ၊ဒီဇာတ်လမ်းကတရုတ်ကားကြိုက်သူတွေအတွက်​တော့ ကျောက်လိယင်းနဲ့ အနှစ်တွေချည်းပဲရိုက်တဲ့ကျိုးတုန်ယွီတို့ကိုကြည့်ရတာနဲ့တင်တော်တော်တန်နေမှာပါ xD( အညွှန်းနဲ့ ဘာသာပြန်သူကတော့ Hikari ဖြစ်ပါတယ် ) File size__( 950 MB ) and ( 400 MB) Quality__Blu-720p IMDb Rating__5.9/10 Format__mp4 Duration__01:49:55 Type__History, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Myint Myat Thinn Encoded by Naing Aung Latt
movie
The Palace (2013)
The Half of It (2020) 7.2
The Half of It (2020) The Half of It (2020)================#UnicodeIMDb Rating 7.2/10 ထိရရှိထားပြီး လူကြည့်များ လူကြိုက်များနေတဲ့  မေလ (၁)ရက်နေ့ကNetflix မှာ ပြသခဲ့တဲ့ ဇာတ်လမ်းအသစ်စက်စက်ကလေးပဲ ဖြစ်ပါတယ်။ယခုအချိန်မှာ ထရိုက်ဘီကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး နောက်ခံစကားပြောဆုကို ရရှိထားပါတယ်။ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ အရင်ကြားဖူးတဲ့ ပုံပြင်တွေလို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့တခြားအခြမ်းကို ရှာနေကြတာပါ။ ကိုယ့်ရဲ့တခြားအခြမ်းကို တွေ့တဲ့အချိန်မှာ မပြောဘဲနဲ့ နားလည်တဲ့ခံစားမှုမျိုး ရကြတာပါ။ ဒီဇာတ်လမ်းရဲ့ တခြားအခြမ်းကရော .....ဇာတ်လမ်းအကျဉ်းကတော့ ...... စကွေဟေမစ်ရှ်မြို့က အယ်လီချူး ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါပဲ။ သူက အထက်တန်းကျောင်းသူ တစ်ဦးဖြစ်ပြီးတော့ သူ့ဖခင်ကြီးကိုလည်း ပြုစုရ၊သူ့ကျောင်းစားရိတ်ကိုလည်း သူ ရှာနေရတာပါ။စာတော်တဲ့လူဖြစ်တာကြောင့် တခြားကျောင်းသားတွေအတွက် အက်ဆေးရေးပေးပြီး ပိုက်ဆံရှာရပါတယ်။ တစ်နေ့တော့ သူ့ကို ကောင်လေးတစ်ယောက်ကအကူအညီတောင်းလာပါတယ်။ရည်းစားစာ ရေးပေးဖို့ပါတဲ့။ သူ ရည်းစားစာ စရေးပေးလိုက်တဲ့အချိန်မှာတော့ .......IMDb Rating ကလည်း 7.2/10 ...
movie
The Half of It (2020)
2020
The Great Debaters(2007) 7.6
The Great Debaters(2007) The Great Debaters(2007) IMDb.....7.6,,,,,Rotten....79% စကားလုံးတွေရဲ့စွမ်းအားက ဘယ်လောက်ကြီးကြောင်းကို အားလုံးလည်းသိပါတယ်....ကျွန်တော်တို့ငယ်ငယ်ကဖတ်ဖူးခဲ့တဲ့ ခုံတော်မောင်ကျဘမ်းဆိုတာစာပေကျမ်းဂန်မှာ နှံ့စပ်ကျွမ်းကျင်တဲ့သလို စကားအရာမှာလည်း တစ်ဘက်ကမ်းခတ်ကျွမ်းကျင်တဲ့အတွက်အကြောင့် ကျပန်းဆိုတာ သူ့ဆီကလာတာ အားလုံးလည်းသိမှာပါ...ကျွန်တော်ဘာလို့ ဒါတွေပြောနေရလဲ ဆိုတော့ ဒီကားရဲ့နာမည်ကိုက The Great Debaters ဆိုတော့ခင်ဗျားတို့လည်းမှန်းမိလောက်မှာပါ....ကျွန်တော်တို့ရဲ့ မင်းသားကြီး Denzel Washington က debate ပြိုင်ပွဲအတွက်လေ့ကျင့်ပေးရတဲ့ပါမောက္ခအဖြစ်သရုပ်ဆောင်ထားတယ်....သူကနေ့ဘက်ဆိုရင် ကျောင်းဆရာလုပ်ပြီးတော့ ညဘက်ဆိုရင်တော့  အလုပ်သမားလူတန်းစားအတွက် တက်ကြွလှုပ်ရှားသူဖြစ်တယ်...ဒီကားက ဖြစ်ရပ်မှန်အပေါ်အခြေခံရိုက်ကူးထားတာဖြစ်လို့  အဲ့ဒီ့အချိန်က အမေရိကန်ရဲ့ ခေတ်၊ စနစ်နဲ့ လူမှုဘဝကို လွဲမှန်းနေတဲ့ဟန်ပန်တွေမြင်နေရလိမ့်မယ်...ဒီကားကိုကြည့်မယ်ဆိုရင်  debate ပွဲတွေများစွာကြည့်ရမယ့်အပြင်ဘယ်လိုယှဉ်ပြိုင်သင့်တယ်..ဘယ်လိုပြင်ဆင်သင့်တယ်..ဘယ်လိုယူဆထားသင့်တယ်ဆိုတာတွေလည်းတွေ့လိမ့်မယ်..ခေတ်စနစ်ရဲ့ ဆိုးကျိုးတွေ...အဲ့ဒီအချိန်အခါက လွဲမှားနေတဲ့အယူအဆတစ်ချို့တွေ တွေ့ရလိမ့်မယ်...နောက်ပြီး Debate ရဲ့ ခမ်းနားကြီးကျယ်ခြင်းတွေကိုလည်း လေ့လာပြီးသားဖြစ်နေလိမ့်မယ်...ပြီးတော့ ဒီကားကြည့်နေစဉ်မှာ စကားလုံးတွေရဲ့ စွမ်းအားကိုသဘောကျလွန်းလို့ ခင်ဗျားဟာကျေနပ်ပီတိဖြစ်တဲ့အပြုံးတွေလည်း ဝေနေလိမ့်မယ်....ဘာသာပြန်သူကတော့ Scarlett May ပဲဖြစ်ပါတယ်.... File Size : (1GB) Quality : Blu-Ray 720p Format…mp4 Duration…02:06:00 Genre : ...
movie
The Great Debaters(2007)
2007
Principal: Am I In a Love Story? (2018) 6.0
movie
Love Aaj Kal (2020) 5.4
Love Aaj Kal (2020) ဒီတစ်ခါ ဘောလီဝုဒ်ဖန်တွေအတွက် ရုံတင် အချစ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်မင်းသား/မင်းသမီး နှစ်ယောက်စလုံးကလည်း ပရိသတ်အကြိုက် လူငယ် ခပ်ချောချောတွေချည်းပါပဲမိန်းကေလးပရိသတ်တွေအကြိုက် Kartik Aaryan နဲ့ ယောက်ျားလေး ပရိသတ်တွေအကြိုက် Sara Ali Khan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နောက်ထပ်မင်းသမီးချောလေးတစ်ယောက်လည်း ထပ်ပါသေးတယ်ဗျာ အသစ်လေးဆိုပေမယ့် သူလည်း အချောလေးပါပဲဒီကားအကြောင်းမပြောခင် အဓိက ပြောရမှာက ဒါရိုက်တာပဲဗျ ဒါရိုက်တာကတော့ တခြားသူမဟုတ်ပါဘူး ဘောလီဝုဒ်မှာ ကိုယ်ပိုင်ဟန်တစ်ခု တည်ထောင်ထားနိုင်တဲ့ Imtiaz Ali ပဲဖြစ်ပါတယ်အချစ်ကားများစွာကို ပုံဖေါ်ထားသူပီပီ အခုဇာတ်ကားလည်း Drama, Romance ကားကောင်းတစ်ကားပါပဲဇာတ်လမ်းလေးကတော့ ၁၉၉၀ ခုနှစ်က လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနဲ့ယခု ၂၀၂၀ က လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနှစ်ပုဒ်ကို စိတ်ဝင်စားဖွယ်အကြောင်းအရာနဲ့ ချိတ်ဆက်ပြသသွားတာပါအချစ်နဲ့ အလုပ်ကြားက ပြဿနာတွေ မိသားစုအခက်အခဲတွေ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေ ရိုးရာဓလေ့တွေနဲ့ အခြေနေပေါင်းများစွာကြားကဖြတ်ကျော်လာခဲ့တဲ့ ယနေ့ခေတ် အချစ်ဇာတ်တစ်ပုဒ်ပါပဲ ခံစားကြည့်လိုက်ကြပါဦး………..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw ...
movie
Love Aaj Kal (2020)
2020