Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Romance
7.5
The Apartment (1996) L’appartement
The Apartment (1996) L'appartementIMDb Rating (7.3) / Rotten Tomatoes (86%)မမ Monica Bellucci နဲ့ Irreversible (2002) မှာအတွဲညီခဲ့တဲ့ မင်းသား Vincent Cassel တို့ရဲ့ ပထမအကြိမ်ဆုံတွေ့ထားတဲ့ ပြင်သစ်ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းကတော့....မက်စ်ဟာ ပြင်သစ်သား တစ်ဦးဖြစ်ပြီး အနည်းငယ်ပွေရှုပ်တတ်တဲ့ စရိုက်ရှိပေမယ့် အခုချိန်မှာတော့ စေ့စပ်ထားပြီးပါပြီ။ တစ်နေ့ အလုပ်ကိစ္စနဲ့ တိုကျိုကိုသွားမယ့်လမ်းမှာ တစ်ချိန်က အချစ်ဆုံး အချစ်ဟောင်း တစ်ဦးဖြစ်ခဲ့တဲ့ လီဆာလို့ ထင်ရတဲ့ အမျိုးသမီး တစ်ယောက်ကို အတွေ့မှာတော့ သူဟာ အားလုံးကိုမေ့လျော့ပြီး အဲ့ဒီအမျိုးသမီးကို နောက်ယောင်ခံလိုက်ပါတော့တယ်။ အဲ့ဒီအမျိုးသမီး ရဲ့ တိုက်ခန်းမှာ ပုန်းအောင်းနေပြီး သူရောက်အလာထွက်တွေ့ချိန်မှာတော့ အဲ့ဒီအမျိုးသမီးဟာ လီဆာ မဟုတ်ပဲ ရုပ်ချင်း ခပ်ဆင်ဆင်တူတဲ့ အဲလက်စ် ဆိုတဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ အချစ်နယ်ကျွံမိခဲ့ကြတယ်။ တကယ်တမ်း သူတို့မသိသေးတာက အဲလက်စ်ဟာ မက်စ်ရဲ့ ...
movie
The Apartment (1996) L’appartement
1996
6.2
Touched with Fire (2015)
Touched with Fire ဟာ 2015 ခုနှစ်ကထွက်ရှိထားတဲ့အမေရိကန်ဒရာမာဇာတ်ကားကောင်းဖြစ်ပြီး ဒါရိုက်တာPaul Dalio က ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ စိတ်ကျန်းမာရေးဆေးရုံမှာဆုံတွေ့ပြီး ချစ်ကျွမ်းဝင်သွားတဲ့ ကဗျာဆရာနဲ့ကဗျာဆရာမနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးက အနုပညာနဲ့ စာပေရေးသားဖန်တီးခြင်းကို ဝါသနာထုံပြီး ကဗျာပါရမီကောင်းကြပေမဲ့တဖက်မှာလည်း စိတ်ကြွစိတ်ကျ အစွန်းနှစ်ဖက်ရှိတဲ့Bipolar စိတ်ရောဂါခံစားနေရတဲ့ စိတ်ဝေဒနာရှင်တွေဖြစ်ပါတယ်။မာကိုနဲ့ ကာလာတို့နှစ်ဦးဟာ အဖွဲ့လိုက်ကုထုံးခံယူမှုမှာတယောက်ကိုတယောက် စသတိထားမိခဲ့ကြပြီးတော့တဖြည်းဖြည်းနဲ့ သိပ်ချစ်ကြတဲ့စုံတွဲတွေဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ မိသားစုနဲ့ ဆရာဝန်ရဲ့ အကြံပေးစကားတွေကိုပါဆန့်ကျင်ပြီး သူတို့နှစ်ဦးရဲ့ နှစ်ကိုယ်တူဘဝတခုတည်ဆောက်ဖို့ကြိုးစားကြပုံကို ရင်ဖိုလှိုက်မောစွာ ကြည့်ရှုခံစားကြရမှာပါ။ File size…1.62GB / 759MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 46m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie
Touched with Fire (2015)
6.2
The Two Faces of January (2014)
January ဆိုတဲ့စကားလုံးဟာ မျက်နှာနှစ်ဖက်ရှိတဲ့ဂရိနတ်ဘုရား Janus ကိုအစွဲပြုပြီး ခေါ်ဝေါ်တယ်ဆိုတာသိပါသလား။ ဒီရုပ်ရှင်ဟာ ဆန့်ကျင်ဖက်နှစ်ခု ဒွန်တွဲတည်ရှိနေခြင်းကို ကိုယ်စားပြုတဲ့ နတ်ဘုရား Janus ကိုကျောရိုးယူပြီး ရိုက်ကူးထားတဲ့ ဇာတ်အိမ်ဖြစ်ပါတယ်။ဂရိနိုင်ငံမှာ ဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်နေတဲ့လူလိမ်ပေါက်စ ရိုင်ဒယ်လ်ဟာ တစ်နေ့မှာ လူကုံထံဇနီးမောင်နှံနှစ်ဦးနဲ့ တွေ့ရှိခဲ့တယ်။ တိုင်းတစ်ပါးမှာ လာဆုံတဲ့အမေရိကန်သားချင်းအနေနဲ့ သူတို့ ၃ ဦးဟာ အချိန်တိုအတွင်းခင်မင်သွားကြတော့တယ်။ဒါပေမဲ့ ခမ်းနားမှု မျက်နှာဖုံးကွာကျသွားတဲ့အချိန်ရိုင်ဒယ်လ်ဟာလူကုံထံလင်မယားထဲက ခင်ပွန်းဖြစ်သူရဲ့ရာဇဝတ်မှုကြီးကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့အခါ….အထက်တန်းဆန်ဆန် ဇာတ်လမ်းနောက်ခံနဲ့အံ့ဩမှင်သက်စေမဲ့ ရှုခင်းတွေ၊ အချစ်နဲ့ အန္တရာယ်ကြားကစွန့်စားမှုတွေကို ကြည့်ရှုနိုင်မဲ့ ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size…1.20GB / 596MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 36m Genre ….. Crime , Mystery , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie
The Two Faces of January (2014)
7.1
Loving Leah (2009)
ဒီတစ်ခါ cm ပရိသတ်ကြီးကို မိုးအေးအေးလေးဇိမ်နဲ့ကွေးပြီး ကြည့်ဖို့ ဆွတ်ပျံ့ကြည်နူးဖို့ ကောင်းတဲ့အချစ်ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။နှလုံးခွဲစိတ် ဆရာဝန်တစ်ဦး ဖြစ်တဲ့ ဂျိတ်ခ်ဟာ ဂျူးလူမျိုးတစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ဆရာဝန်တစ်ယောက်ပါ။ တစ်နေ့မှာ အစ်ကိုဖြစ်သူဂျူးဘာသာရေးဆရာ ရုတ်တရတ်ဆုံးပါးသွားပြီး အိမ်ကိုနာရေးပြန်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။သူမသိလိုက်တာက ကလေးမရှိသေးတဲ့ ဂျူးအိမ်ထောင်မှာအစ်ကိုဖြစ်သူ ဆုံးပါးပြီး ညီဖြစ်သူက လူပျိုလူလွတ်ဆိုရင်အစ်ကိုဖြစ်သူရဲ့ ဇနီးကို လက်ထပ်ယူဖို့ သတ်မှတ်ထားတဲ့လယ်ဗီရိတ် အိမ်ထောင်ပြုခြင်း ရှိနေတယ်ဆိုတာပါပဲ။ဘာသာရေးကို သိပ်ပြီး ယုံကြည်မှုမရှိတဲ့ ဂျိတ်ခ်နဲ့ သူ့ရဲ့ဆန့်ကျင်ဘက် ခယ်မလေး လေယာတို့ နှစ်ဦး ဆုံတွေ့ချိန်မှာတော့ ဘယ်လိုတွေ ဖြစ်လာမလဲ။ရှေးရိုးစွဲ ယုံကြည်မှု ဘာသာရေး ကိုင်းရှိုင်းတဲ့ ဂျူးမိသားစုအတွင်းဖြစ်တတ်တဲ့ သဘောတရားလေးတွေနဲ့ အမြင်မတူညီတဲ့သူနှစ်ဦး ပေါင်းစပ်ဖို့ အကြောင်းဖန်လာတဲ့အခါ....။ရိုမန်တစ် ဇာတ်ကားကောင်းတွေ ရိုက်ကူးလေ့ရှိတဲ့Hallmark Channel က ရိုက်ကူးထားပြီး Nomination ငါးခုအထိ ရထားတဲ့ အချစ်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ File size…2.01GB / ...
movie
Loving Leah (2009)
6.7
Only You (2018)
ဒီတခါတော့ cm ပရိသတ်ကြီးကို မိုးအေးအေးလေးမှာရိုမန့်စ် ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။နယူးရီးယား ညတစ်ညမှာ သူငယ်ချင်းအိမ်မှာ သောက်စားပြီးပြန်လာတဲ့ အယ်လီနာဆိုတဲ့ ကောင်မလေး အငှားကားလုတားရာကနေ ဂျိတ်ခ်ဆိုတဲ့ သူ့ထက်အများကြီး ငယ်တဲ့ကောင်လေးနဲ့ စပြီး ဆုံဖြစ်ခဲ့ကြပါတယ်။ကားအတူစီးပြီးတဲ့နောက် လမ်းမခွဲဖြစ်ဘဲ ဇာတ်လမ်းလေးတစ်ခုကိုစမိခဲ့တဲ့ အချစ်ဇာတ်လမ်း ရိုမန့်စ် ဒရာမာ ကားကောင်းလေးပါ။ဒီဇာတ်ကားမှာ စုံတွဲတွေ ချစ်ခင်စုံမက် အတူနေကြပြီးနောက်ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲတွေနဲ့ တွေ့ဆုံတဲ့အခါမှာတွေ့ကြုံရတဲ့ ပြောင်းလဲမှုတွေ၊ လက်တွဲဖော်ရဲ့ အားပေးမှုကဘယ်လောက်အရေးပါသလဲဆိုတာကို မီးမောင်းထိုးပြထားနိုင်ပါတယ်။RS သမားတွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေး တစ်ကားပါ။မရှိတဲ့သူတွေကတော့ ကြိုကြည့်ထားတာပေါ့နော်။Infertility နဲ့ ပတ်သတ်ပြီး အမျိုးသမီးငယ်တွေ ခံစားရတဲ့အပိုင်းတွေနဲ့ မိဘတွေဆီက တစ်ဆင့်ရခဲ့တဲ့ စိတ်ဒဏ်ရာတွေဒါတွေကို ဘယ်လိုမျိုး ကျော်ဖြတ်နိုင်မလဲဆိုတဲ့ အတွေးစလေးတွေထည့်ပေးနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားမို့ ကြည့်ရှုခံစားကြည့်ကြပါဦးလို့...။ File size…1.62GB / 784MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 59m Genre ….. Drama ...
movie
Only You (2018)
5.7
The Rising Waves 3 ( 2021 )
ပါးစပ်မပိတ်အောင်ကိုရယ်နေစေရမဲ့ မာမိသားစုရဲ့ဂယက်လှိုင်းတွေအကြောင်း တတိယကားဖြစ်ပါတယ်။ အရှေ့ ၂ ကားကိုလဲတင်ဆက်ပေးပြီးသားပါ ၃ ကားလုံးကိုဒီလင့်မှာ ကြည့်ရှုနိုင်ပါတယ်မာလျို့တို့မိသားစုဟာ မချမ်းသာပေမယ့် တည်ငြိမ်အေးချမ်းတဲ့ ဘဝလေးနဲ့ နေလာခဲ့တယ်။ ဒါပေမယ့် ဒီပျော်ရွှင်မှုလေးဟာ မာလျို့ရဲ့အဖေတစ်ယောက် ပတ်ဝန်းကျင်ကမကြားသင့်တဲ့ အတင်းအဖျင်းတွေကြားခဲ့တဲ့အချိန်အထိပဲတည်မြဲခဲ့တယ်။ပြဿနာကတော့ မြေးအဖိုးနှစ်ယောက်ရုပ်မတူရာကနေစတာပါပဲ။ မြေးအဖိုးနှစ်ယောက်ရုပ်မတူတဲ့အတွက် မြေးအရင်းမဖြစ်နိုင်ဘူးလို့ အတင်းအဖျင်းတွေပြောကြတဲ့အတွက် အဖိုးဖြစ်သူကမြေးနဲ့ DNAစစ်ကြည့်လိုက်တော့ သွေးသားမတော်စပ်ပါဘူးဆိုပြီးအဖြေထွက်လာခဲ့တယ်။ အဲဒီလိုနဲ့ချွေးမကိုအပြစ်တင်စွပ်စွဲပြီး နောက်တစ်နေ့မှာ မာလျို့တို့သားအဖက DNA ထပ်သွားစစ်ကြည့်လိုက်ပါတယ်။ အဲဒီမှာတင်ပြဿနာကပိုရှုပ်သွားတော့တာပါပဲ။ကလေးကမာလျို့ရဲ့သားအရင်းဖြစ်ပေမယ့် အဖိုးနဲ့သွေးမတော်ဘူးဆိုတော့ မာလျို့တို့သားအဖက သားအဖအရင်းမဟုတ်တဲ့သဘောဖြစ်သွားခဲ့တယ်။ ကဲ...... ဒီသပွတ်အူဇာတ်လမ်းရဲ့အဆုံးသတ်ဟာဘယ်လိုများဖြစ်နေမလဲ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 16 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Rising Waves 3 ( 2021 )
5.7
Making Waves 2 ( 2021 )
ပါးစပ်မပိတ်အောင်ကိုရယ်နေစေရမဲ့ မာမိသားစုရဲ့ဂယက်လှိုင်းတွေအကြောင်းဒုတိယကားဖြစ်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး ၃ ကားလုံးကို ဒီလင့်မှာကြည့်နိုင်ပါတယ်ဒီဇာတ်ကားမှာ တစ်ချိန်က မိုက်ခဲ့တဲ့ လူမိုက်ကြီးတစ်ယောက် ဈာန်လျှောသွားခဲ့ရတဲ့ ဘဝကို ပုံဖော်ပြထားခဲ့တာပါ..ဒီဇာတ်လမ်းလေးကို အကျဉ်းလေးကတော့. အစ်ကိုကြီးနောက်လိုက်ရင်း အသက်ကြီးလာတဲ့ လောကျစ်တစ်ယောက် လုံခြုံရေးတံခါးစောင့်ဘဝကို ရောက်သွားခဲ့တာပါပဲ.. သူက လုံခြုံရေးတံခါးစောင့်ဖြစ်တော့ တုန်းယိကရော တစ်ခုလတ်ကို ယူပြီး သူ့သားကို ထိန်းကျောင်းပြီး အလုပ်နဲ့လက်မပြတ်ခဲ့ဘူးပေါ့... သူတို့ရဲ့အစ်ကိုကြီးကတော့ မိန်းမလုပ်စာစားပြီး မိုက်ကြည့်ဖို့ ကြိုးစားနေခဲ့တာပေါ့...ဒါပေမယ့်လည်း စိတ်ကသာရှိတာ လူက အိုပြီလေ လူမိုက်အသစ်တွေနဲ့ ယှဉ်ထိုးဖို့မပြောနဲ့ ကြည့်တောင် မကြည့်နိုင်ရှာပါဘူး... ဒီလိုနဲ့ တုန်းယိတစ်ယောက် ကိုရီးယားက စက်ရုံကို သွားပြီး အလုပ်လုပ်ဖို့ဖြစ်လာတယ်... သူလည်း သွားရော သူ့မိန်းမတစ်ခုလတ်က အမူအကျင့်တွေပြောင်းနေတာကြောင့် လူမိုက်ကြီး ၂ ယောက်က စုံထောက်ဖြစ်လာခဲ့တာပေါ့.. ဒီလိုနဲ့ တုန်းယိမိန်းမနောက်မီးလင်းတာကို စုံစမ်းရင်း... ဘာတွေဖြစ်မလဲဆိုတာကို မပြောတော့ဘူး..ဘဝအမောတွေကို ရယ်မောရင်းဖြေဖျောက်ဖို့ဇာတ်ကားလေးကို ကြည့်လိုက်ကြရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 07 min Subtitle : Myanmar Subtitle ( Hardsub ...
movie
Making Waves 2 ( 2021 )
5
Phalana Abbayi Phalana Ammayi (2023)
Phalana Abbayi Phalana Ammayi (2023) "အချစ်နယ် ကန့်သတ်ချက်"ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2023 ခုနှစ်ထွက် အိန္ဒိယတေလူဂူးဘာသာစကားပြော အချစ်ဟာသရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို Srinivas Avasarala ရိုက်ကူးပေးထားပြီးတော့ Naga Shaurya နဲ့ Malvika Nair တိုက အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ဆန်ဂျေးနဲ့ အာနူပါမာတိုနှစ်ယောက် ကောလိပ်မှာ ဆုံတွေ့ရာကနေ တဖြည်းဖြည်း ရင်းနှီးသွားပြီး အချစ်တွေနဲ့အတူ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို အတူတူ တည်ဆောက်လိုက်ကြပါတော့တယ်။သူတိုနှစ်ယောက်ဟာ ကောလိပ်အပြီးမှာတော့ တူတူနေထိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ အဆင်မပြေ ဖြစ်လာရာကနေ လမ်းခွဲလိုက်ရပါတယ်။ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆန်ဂျေးတစ်ယောက် သူဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ အာနူပါမာနဲ့ ပြန်တွေ့ဆုံရင်း သူတိုနှစ်ယောက်ကြား ဘာတွေ ဆက်ဖြစ်ကြဦးမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို တိုက်တွန်းပါရစေရှင်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ် File size… 1.9GB / 847MB Quality…WEB DL 1080p / ...
movie
Phalana Abbayi Phalana Ammayi (2023)
2023
6
Vinveli Devathai (2023)
Vinveli Devathai 2023 ချစ်ခြင်းငယ်ပြိုင်ကျောင်းသားအချစ်ဇာတ်လမ်းတွေကို သဘောကျသူတွေအတွက် တမီလ်ကျောင်းသားအချစ်ဇာတ်လမ်းလေး တင်ဆက်ပေးချင်ပါတယ်။ ငယ်ချစ်နှစ်တစ်ရာမမေ့သာဆိုတဲ့ ခရစ်ရှ် ၊ နောက်မှဆုံပေမဲ့ နွေးထွေးမှုပေးနိုင်တဲ့ အာကက်ရှ်နဲ့ ဗန်နီလာဆိုတဲ့ကောင်မလေးတို့ကြားက 3 ပွင့်ဆိုင်ချစ်ဇာတ်လမ်းကို ရှုစားရမှာပါ။ဖခင်ကအမြဲနှိပ်စက်ရိုက်နှက်တတ်သလို အမေကလည်း အဖေ့ကိုမနိုင်တဲ့အတွက် အိမ်ဆိုတာငရဲပမာဖြစ်နေတဲ့ ဗန်နီလာတစ်ယောက် ကျောင်းမှာသူ့ကိုကာကွယ်ပေးတဲ့ကိုကြီး ခရစ်ရှ်ဟာ သူ့အတွက်တစ်ကမ္ဘာပါပေါ့။ဒါပေမဲ့ အတ္တတွေကြားမှာ အချစ်ဦးနဲ့လွဲချော်ရဖို့ဖြစ်လာပြီး နွေးထွေးတဲ့ရင်ခွင်ပိုင်ရှင် အာကတ်ရှ်နဲ့ထပ်ဆုံရဖို့ဖြစ်လာတဲ့အခါ....တစ်ဖက်က အာကာသယာဉ်မှူးဖြစ်ချင်တဲ့ အိပ်မက်ကတစ်ဖက်၊ ချစ်သူနဲ့မိသားစုရေးရာတွေကတစ်ဖက်နဲ့ ဗန်နီလာတစ်ယောက် သူ့ရဲ့ရည်မှန်းချက်အတွက် ဘယ်လိုကြိုးစားမလဲဆိုတာ ရှုစားကြပါဦးစို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size…2.37GB / 969MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Vinveli Devathai (2023)
2023
7
Thaaram Theertha Koodaram (2023)
Thaaram Theertha Koodaram (2023) သောကမျက်ရည်စက်များ IMDb- 7.8/10အမေဖြစ်သူက နောက်ယောကျ်ားယူသွားပြီး ပထွေးဖြစ်သူ နှင်ချခံထားရတဲ့ အကြွေးနွံနစ်နေတဲ့ အိမ်ခြေရာမဲ့ညီမနှစ်ယောက်။အခန်းခကလည်း မပေးနိုင်တဲ့အပြင် အကြွေးရှင်တွေကလည်း သတ်မှတ်ရက်အတွင်း အကြွေးကို ဆပ်ဖို အတင်းတိုက်တွန်းနေတဲ့အခြေအနေမှာ သူငှားနေတဲ့အခန်းရဲ့ ဘေးအခန်းက ကောင်လေး ဆန်ဂျေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ဆန်ဂျေးဆိုသူကတော့ နှစ်ကိုယ်ခွဲစိတ်ရောဂါခံစားနေရပြီးတော့ မိသားစုကနေ ပစ်ပယ်ခြင်းကို ခံထားရသူတစ်ဦးပေါ့။ ဒီလိုနဲ့ ဆန်ဂျေးဟာ အိမ်ခြေရာမဲ့ညီမနှစ်ယောက်ကို သူဟာ လူမှုစိတ်ဓာတ်အပြည့်အဝရှိသူပါဆိုတာကို သက်သေပြနိုင်ဖို ကူညီပေးဖို ကြိုးစားရင်းနဲ့ ဘယ်လိုတွေ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဒရာမာရိုမန့်စ် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~V~Alex~ToMo တိုပဲဖြစ်ပါတယ်) File size…1.8GB / 736MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Alex~ToMo
movie
Thaaram Theertha Koodaram (2023)
2023
5.6
Wanderlust (2012)
Wanderlust (2012)Paul Rudd ရယ်...Jennifer Aniston နဲ့ အဲ့တုန်းက သူ့ချစ်သူ Justin Theroux တို့ပါဝင်သရုပ်ဆောင်ထားတဲ့ဒီရုပ်ရှင်ကားက Comedy Romance အချစ်ဟာသရုပ်ရှင်ကားလေးဖြစ်ပါတယ်...အလုပ်အကိုင်မရှိတော့လို့ ဓာတ်ကျနေတဲ့ စုံတွဲတစ်တွဲဟာဒီကမ္ဘာမှာ ကိုယ့်ကိုပျော်ရွှင်စေမယ့် တခြားရှင်သန်နေထိုင်မှုပုံစံတမျိုးမျိုးကိုရှာဖွေဖို့ ဆုံးဖြတ်လိုက်ကြပါတယ်..ဒါကြောင့်မလို့ နယူးယောက်ကနေ တင်နက်ဆီ ပြည်နယ်က ဟစ်ပီရွာလေးမှာ သွားနေထိုင်ရင်းမတူကွဲပြားတဲ့လူတွေကြား အလွဲလွဲအချော်ချော်ဖြစ်ကြရင်းအေးချမ်းတဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိကြမလားဆိုတာ...။ File size….(3 GB )/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Wanderlust (2012)
7
Rasavathi (2024)
Rasavathi (2024) "အဂ္ဂိရတ်ဆရာ" IMDb - 7.6/10ခန့်ညားထယ်ဝါတဲ့ အသံပါဝါနဲ့ စကားပြောလေယူလေသိမ်းတွေကြောင့် ပရိသတ်သတိထားမိကြတဲ့ တမီလ်မင်းသား အာဂျွန်ဒါ့စ်ရဲ့ အသစ်ထွက်ရှိလာတဲ့ အချစ်နဲ့ ထိတ်လန့်သည်းဖိုကို အချိုးညီညီပေါင်းစပ်ထားတဲ့ရုပ်ရှင်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ကိုဒိုင်ကာနယ်ဆိုတဲ့ အေးချမ်းတဲ့မြို့လေးမှာ ဒေါက်တာဆာဒါတစ်ယောက် ဇာတ်မြှုပ်နေထိုင်ရင်း သူ့ဆေးပညာကို ဆက်လက်လေ့လာနေခဲ့ပါတယ်။အဲဒီမြို့လေးကိုပဲ ဆူယာဆိုတဲ့ အမျိုးသမီးလေးက ဟိုတယ်မန်နေဂျာအဖြစ်ရောက်ရှိလာခဲ့ပြီး သူတို့နှစ်ဦး အကြောင်းတိုက်ဆိုင်ရင်း ရင်းနှီးသွားကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အတိတ်ကဒဏ်ရာတွေ အဖြစ်အပျက်တွေပြောပြကြရင်း ပိုပိုရင်းနှီးလာခဲ့ကြပါတော့တယ်။နောက်ထပ် တာဝန်နဲ့အတူရောက်လာခဲ့သူကတော့ ရဲအရာရှိပါရာဆူ။ ပါရာဆူနဲ့ ဒေါက်တာဆာဒါကြား အဆင်မပြေမှုတွေရှိလာတဲ့အခါမှာတော့...။ အတိတ်ကဖြစ်ရပ်နဲ့ ပစ္စပ္ပုန်ကာလကြား အလှည့်ကျပြသရင်း စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.9GB / 855MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Rasavathi (2024)
2024
5.7
Trouble Makers ( 2019 )
အိမ်ထောင်ရေးသက်တမ်းကြာလာတဲ့အခါ လင်မယားကြားမှာပြောစရာစကားတွေနည်းသွားပြီး သံသယတွေများလာတတ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ကိုယ့်ထင်ကြေးနဲ့သံသယတွေလျှောက်တွေးရင်း လင်မယားကြားမှာ မလိုအပ်တဲ့ပြဿနာတွေဖြစ်လာတဲ့အကြောင်း ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။မာစန်းဟာအသက်လတ်ပိုင်းရောက်လာတဲ့အခါ အရင်လိုမသန်စွမ်းတော့တာကြောင့် မိန်းမကိုအရင်လိုပျော်ရွှင်မှုတွေမပေးနိုင်ဖြစ်ရပါတယ်။ အဲဒါကမိန်းမဖြစ်သူက သူ့ကိုမချစ်တော့လို့လား အပြင်မှာတခြားတစ်ယောက်ရှိနေပြီလားဆိုပြီး သံသယဝင်ကာ အသက်ငယ်ငယ်သရုပ်ဆောင်မလေးကိုငှားပြီး ယောင်္ကျားကို စမ်းသပ်လိုက်မိတဲ့အတွက်အခြေနေတွေပိုဆိုးသွားခဲ့ပါတယ်။အစမ်းသပ်ခံလိုက်ရတဲ့ မာစန်းဟာလဲမကျေမချမ်းဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်ကိုပြန်ငှားပြီး မိန်းမကိုပြန်လက်စားချေဖို့စီစဉ်ပါတယ်။ တဖြည်းဖြည်းနဲ့ မိန်းမဖြစ်သူက သူများလက်ထဲပါသွားနိုင်တာကိုတွေးရင်း ကြောက်လာတဲ့အတွက် ရပ်တန့်ဖို့ကြိုးစားပေမယ့် သူနောက်ကျသွားပါပြီ။ မာစန်းတစ်ယောက် မဟေသီကိုပြန်ရအောင်ကြိုးစားခွင့်ပြန်ရနိုင်ပါဦးမလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Trouble Makers ( 2019 )
7
Radhaamadhavam (2024)
Radha Madhavam 2024 အတ္တကြားကစတေးခံနှလုံးသားIMDb - 8.7/10Bollywood အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မျှော်လင့်နေတဲ့ချစ်ပရိသတ်တို့အတွက် သာမန်ချစ်ကြိုက်ညား romanceနဲ့မတူဘဲ မေတ္တာနဲ့သစ္စာကို အလေးပေးရိုက်ကူးထားတဲ့ တေလဂူဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ကျေးရွာဇနပုဒ်လေးတစ်ခုက MCCဆိုတဲ့ ပြန်လည်ထူထောင်ရေးစင်တာတည်ထောင်သူ ရာဒါဆိုတဲ့မိန်းကလေးရဲ့ အချစ်ဇာတ်လမ်းလေးပေါ့။ပရဟိတသမားတစ်ယောက်ရဲ့ နှလုံးသားကိုနားလည်ချင်ရင် တစ်စုံတစ်ယောက်ကို ကိုယ့်ဘဝထက်ပိုပြီး ချစ်ကြည့်လိုက်စမ်းပါတဲ့။ ဒါဆို မိသားစုရဲ့ အိမ်ထောင်ဦးစီးနေရာကို လျစ်လျူရှုလို့ လမ်းဘေးမှာမူးရူးနေတဲ့ ယမကာလုလင်တစ်စုကို လိုလေသေးမရှိကူညီနေတဲ့MCCစင်တာ၊ ယောက်ျားဖြစ်သူ သားဖြစ်သူတွေ အသိတရားပြန်ဝင်သွားလို့ အဆင်ပြေအောင် ကူညီပေးခဲ့တဲ့ ရာဒါတစ်ယောက် ဒီMCCစင်တာကို စထောင်ဖြစ်ခဲ့တဲ့အကြောင်းရင်း တစ်နည်း ရာဒါနဲ့မာဒါဗာတို့ရဲ့အချစ်ဇာတ်လမ်းက ဘယ်လိုစခဲ့လဲဆိုတာကို ဒီဇာတ်ကားလေးမှာ ရှုစားရမှာပါ။ရာဒါနဲ့မာဒါဗာဟာ ငယ်စဉ်ကျောင်းသားအရွယ်ကတည်းက ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းနှစ်ယောက်၊ ရာဒါကတော့ ခင်မင်ရုံပဲဆိုပေမဲ့ အဲဒီအချိန်ကတည်းကတော့ မာဒါဗာကတော့ တိတ်တခိုးချစ်နေခဲ့ရသူပါ။ ဒါပေမဲ့ ရာဒါရဲ့အဖေဖြစ်သူရဲ့ အမျိုးဇာတ်ကွာခြားမှု မူဝါဒတွေ ရိုက်သွင်းခံရပြီးမှာတော့ ရာဒါတစ်ယောက် ပြောင်းလဲပြီး မာဒါဗာနဲ့လည်း ဝေးကွာသွားခဲ့ရတာပေါ့။ဖူးစာပါရင် ဘယ်သူခွဲခွဲ တစ်ချိန်ချိန်တော့ ပြန်ဆုံရသလိုပဲ ရာဒါနဲ့မာဒါဗာတို့ ပြန်ဆုံချိန်မှာတော့ မာဒါဗာရဲ့အချစ်တွေ မပြောင်းလဲခဲ့သလို ရာဒါလည်း သူတောင်မသိလိုက်ဘဲ အချစ်တွေ ...
movie
Radhaamadhavam (2024)
2024
6.5
The Old Garden (2006)
The Old Garden (2006) - အညွှန်းဒီတစ်ခေါက်မှာဝောာ့ CM ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်ကာလ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကို နောက်ခံထားပြီးရိုက်ကူးထားတဲ့ Korean Old Movie ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဟျွန်းဝူကတော့ စိတ်အားထက်သန်တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေမှာလည်း မကြာခဏပါဝင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ အစိုးရဟာ ဆန္ဒပြသူတွေကိုရက်ရက်စက်စက် ဖြိုခွဲနှိမ်နှင်းရာကနေ ပုန်းရှောင်ထွက်ပြေးလာခဲ့တဲ့ ဟျွန်းဝူတစ်ယောက်ဟာ နယ်ဝေးရွာလေးတစ်ရွာကို ရောက်ရှိလာခဲ့ရင်း အဲဒီရွာလေးက ထက်မြက်တဲ့ ကျောင်းဆရာမလေး ဟန်ယွန်းဟီးနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ရှုပ်ထွေးလှတဲ့အခြေအနေတွေကြားမှာ ဟျွန်းဝူနဲ့ ယွန်းဟီးတို့ကြားက ချစ်ခြင်းဟာ တဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီး ချစ်သူနှစ်ဦးဟာ အခက်အခဲတွေကို မသေချာမရေရာမှုတွေကြားက အတူတူကျော်လွှားဖို့ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ ကံအကြောင်းမလှစွာဘဲ ဟျွန်းဝူဟာ ပြန်လည်ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၇ နှစ်ကျသွားတဲ့အခါ..။ ဘာတွေများဆက်ဖြစ်ကြမှာလဲ။ ထောင်ကပြန်လွတ်မြောက်လာတဲ့ ဟျွန်းဝူကရော ဘယ်လိုပြောင်းလဲနေတဲ့အခြေအနေကို ကြုံတွေ့ရမလဲ ၊ ချစ်ရတဲ့ဆရာမလေး ယွန်းဟီးနဲ့ရော ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို တမြေ့မြေ့နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. ...
movie
The Old Garden (2006)
2006
The Merchant of Venice (2004)
အလယ်ခေတ် ၁၆ ရာစု ဝန်းကျင်မှာ ဥရောပဒေသတစ်လျှောက် ဖြန့်ကျက်နေထိုင်တဲ့ ဂျူးတွေက ဘာသာရေးအရ ခွဲခြားဖိနှိပ်ခြင်းကို ခံရပါတယ်။ ဖွံ့ဖြိုးလွတ်လပ်လှပါချည်ရဲ့ဆိုတဲ့ ဗင်းနစ်မြို့မှာတောင် ဂျူးဘာသာဝင်တွေက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရကြပါဘူး။ ဗင်းနစ်ရဲ့ 'ဂက်တို' လို့ခေါ်တဲ့ ရှေးဟောင်းဒေသတစ်ခုမှာပဲ ဂျူးလူမျိုးတွေကို စုစည်းနေထိုင်ခိုင်းပြီး ညနေ နေဝင်တာနဲ့ အဲဒီဒေသရဲ့ ဂိတ်တံခါးကို ခရစ်ယာန်တပ်တွေနဲ့ ပတ်လည်ဝိုင်း ပိတ်ချပါတယ်။နေ့ဘက်ဆိုရင် ဂက်တိုဒေသကနေ ထွက်ခွာတဲ့ ဘယ်ဂျူးမဆို ဂိတ်ရိုးကို ကျော်တာနဲ့ အနီရောင်ဦးထုပ်ကို ဝတ်ဆင်ရပါတယ်။ ခရစ်ယာန်တွေနဲ့ မရောသွားအောင်ပေါ့။ အဲဒီနည်းနဲ့ ဗင်းနစ်ရဲ့ ဥပဒေထဲမှာ ဂျူးတွေကို တရားဝင်ခွဲခြားထားတာပါ။ နောက်ပြီး ဘယ်ဂျူးမဆို စည်းစိမ်ဥစ္စာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒီတော့ ဗင်းနစ်မြို့မှာ နေတဲ့ ဂျူးဘာသာဝင်တွေက ဘာစီးပွားမှ လုပ်မရမဲ့ တူတူဆိုပြီး ရှိတဲ့ငွေကို အတိုးချေးစားကြပါတယ်။ အဲဒီငွေတိုးချေးစားတာကိုလဲ ခရစ်ယာန်ဘာသာမှာ တားမြစ်ပညတ်ထားပြန်တယ်။ဗင်းနစ်မြို့က ...
movie
The Merchant of Venice (2004)
Three Dates to Forever (2023)
Online Dating ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ရှားပါသေးတယ်။ Tinder လို app ဟာ အောင်မြင်နေခဲ့တာ ကြာပါပြီ။ ရည်ရွယ်ချက်က ဖူးစာရှင် ရှာတွေ့နိုင်ဖို့ online ပေါ်ကနေ ရှာဖွေကြတာပါ။ဒီဇာတ်ကားကလည်း dating scene တွေအပေါ် မှီတည်ပြီးရိုက်ပြထားတာပါ။ ရေဒီယို ကြေညာသူ မက်ဒီက online dating လုပ်ဖို့ မပြောနဲ့ အလုပ်တွေထဲမှာသာ အာရုံအပြည့်ထည့်ထားသူ တစ်ယောက်ပါ။ Application အသစ်တစ်ခုဖြစ်တဲ့ Tripledate က သုံးကြိမ် ချိန်းဆိုပြီးတာနဲ့ ဖူးစာရှင် အစစ်ကိုတွေ့နိုင်မယ် မဟုတ်ရင် ငွေပြန်အမ်းမယ်လို့ ရဲရဲဝံ့ဝံ့ အာမခံပေးပြီး online dating scene ထဲ ဝင်လာဖို့ ကြိုးစားနေပါတယ်။Online dating ကို အယုံအကြည်မရှိတဲ့ မက်ဒီကလဲ ဒီ app ကို အလိမ်အညာဆိုပြီး ရေဒီယိုကနေ လှော်ပါတော့တယ်။ ...
movie
Three Dates to Forever (2023)
Raising Helen (2004)
၂၀၀၀ ခုနှစ်ကျော်ကာလတွေမှာ ခေတ်စားခဲ့တဲ့ အမေရိကန်ဟာသရုပ်ရှင်ကားတွေထဲက တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Family/Drama နဲ့ Comedy အမျိုးအစားရုပ်ရှင်ဖြစ်ပြီး ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Helen Harris က နာမည်ကြီး ဖက်ရှင်အေဂျင်စီတစ်ခုမှာ အလုပ်လုပ်တဲ့ ခေတ်ဆန်ဆန်မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာ သူ့အစ်မအကြီးဆုံး Lindsay တို့ဇနီးမောင်နှံ ကားမှောက်ပြီး ကွယ်လွန်သွားကြပါတယ်။Lindsay က သေတမ်းစာမှာ သူ့ရဲ့သားသမီးသုံးယောက်ကို ညီမအလတ်ဖြစ်တဲ့ မိခင်အဖြစ် အတွေ့အကြုံရှိပြီးသား Jenny လက်ထဲမအပ်ခဲ့ဘဲ ထူးဆန်းစွာနဲ့ ညီမအငယ်ဆုံး Helen လက်ထဲအပ်ခဲ့ပါတယ်။ ဒီလိုနဲ့ မိခင်တစ်ဦးဖြစ်ဖို့ အသင့်မဖြစ်သေးတဲ့ Helen နဲ့ ကလေးသုံးဦးတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရှုရမှာပါ။ဟာသရုပ်ရှင်ဆိုပေမဲ့ မိသားစု၊ ချစ်ခြင်းမေတ္တာနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေခြင်း စတဲ့ theme တွေ ထိတွေ့ထားတဲ့ လေးနက်ကြည်နူးဖွယ် Drama အငွေ့အသက်များလည်း ပါဝင်ပါတယ်။ Lindsay ...
movie
Raising Helen (2004)
5.5
Video City: Be Kind, Please Rewind (2023)
မအောင်မြင်သေးတဲ့ ဇာတ်လမ်းတိုတွေရိုက်ကူးတဲ့ filmmaker တစ်ယောက် မထင်မှတ်ထားဘဲ ၉၀ခုနှစ်ကို ပြန်ရောက်သွားတဲ့အခါမှာ တော့ မထင်မှတ်ထားတာတွေကြုံတွေ့ပြီးအဲ့မှာ သူ့ဘ၀ကို ပြောင်းလဲပေးမယ့် ကောင်မလေးတစ်ယောက်နဲ့ အမှတ်မထင်တွ့ကာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှု့ကြရမှာပါFile size_(1.5GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:45:00 Genre_Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thiha
movie
Video City: Be Kind, Please Rewind (2023)
Legend of the Lost Locket (2024)
IMDB 6.9/10 ရရှိထားတဲ့ အချစ်ဇာတ်ကား အသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူ အမ်မီလီယာက မိခင်ဖြစ်သူ မဆုံးပါးခင်က ဆန္ဒဖြစ်တဲ့ ပျောက်ဆုံးနေတဲ့ လော့ကတ်လေးတစ်ခုကို ရှာဖွေဖို့ ကြိုးစားနေသူပါ။ ဒဏ္ဍာရီတွေအရ အဲဒီလော့ကတ်လေးရဲ့ နာမည်က အချစ်စစ်လော့ကတ်ဖြစ်ပြီး ဝတ်ဆင်သူကို အချစ်စစ်နဲ့ဆုံဆည်းရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။ဒါပေမဲ့ ကံမကောင်းအကြောင်း မလှစွာနဲ့ နှစ်ခြမ်းကွဲနေရှာတဲ့ လော့ကတ်လေးက တစ်ကွဲစီဖြစ်နေခဲ့ပြီး တစ်ခြမ်းကိုတော့ အမ်မီလီယာရဲ့အမေက ငွေအမြောက်အမြားပေးပြီး ဝယ်ယူသိမ်းဆည်းထားနိုင်ခဲ့ပါတယ်။ မိခင်ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ ပျောက်ဆုံးနေတဲ့လော့ကတ်တစ်ခြမ်းကို ရှာဖွေဖို့ လမ်းစတွေရှာရင်းနဲ့ နောက်ဆုံးမှာတော့ အမ်မီလီယာက ဝယ်လ်မာတန်ဆိုတဲ့ မြို့ငယ်လေးကို ရောက်ရှိလာခဲ့ပါတော့တယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက သမိုင်းရှိခဲ့တဲ့ မြို့ငယ်လေးမှာ သူ့ကို ကူညီပေးတဲ့ ရဲမှူး မားကတ်စ်နဲ့အတူ ပျောက်ဆုံးနေတဲ့ လော့ကတ်ကို ရှာရင်း မထင်မှတ်ထားတဲ့ အခက်အခဲတွေကြုံတွေ့ခဲ့ရာမှာ အမ်မီလီယာတစ်ယောက် အခက်အခဲများစွာကိုကျော်ဖြတ်ပြီး တကယ်ပဲ အချစ်စစ်လော့ကတ်တစ်ခြမ်းကို ရှာဖွေတွေ့ရှိသွားနိုင်မှာလား၊ အဲဒီလော့ကတ်ကရော ...
movie
Legend of the Lost Locket (2024)
First
9
10
11
12
13
Last
Previous
Next