Channel Myanmar
Romance
It Feels So Good 2019 6.5
It Feels So Good 2019 ကန်ဂျီဟာ အလုပ်လက်မဲ့ အိမ်ထောင်ကွဲအမျိုးသားတစ်ယောက်ဖြစ်တယ်။ တစ်နေ့မှာ သူ့ရဲ့အဖေဆီက သူရဲ့ ရည်းစားဟောင်းဖြစ်သူ နာအိုကို မင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတယ်။ တကယ်တော့ ကန်ဂျီနဲ့ နာအိုကိုဟာ မောင်နှမတစ်၀မ်းကွဲတော်စပ်တဲ့အတွက် မပေါင်းစပ်လိုက်ရတဲ့ ချစ်သူတွေဆို ပိုမှန်ပါမယ်။ နာအိုကို့ရဲ့ မင်္ဂလာပွဲကို သွားဖို့အတွက် ကန်ဂျီဟာ သူ့ရဲ့ ဇာတိမြေကို ပြန်လာခဲ့ပြီး နာအိုကိုနဲ့ တွေ့ခဲ့ပါတယ်။ နာအိုကိုက သူ့ဘ၀ရဲ့ ခံယူချက်တစ်ခုကြောင့်သာ အိမ်ထောင်ပြုမှာဖြစ်ပြီး စိတ်ကတော့ ကန်ဂျီဆီမှာပဲ ရှိနေခဲ့ပါတယ်။ သတို့သားဖြစ်သူက ဗိုလ်တစ်ယောက်ဖြစ်တဲ့အတွက် တာ၀န်ကျတဲ့နေရာကိုသွားနေချိန် ကန်ဂျီနဲ့ နာအိုကို တစ်ဖန်ဇာတ်လမ်းပြန်စပြီး ဖောင်းဒိုင်းဖောင်းဒိုင်းတွေဖြစ်ပါတော့တယ်။ သတို့သား ပြန်လာမယ့် ငါးရက်အတွင်းမှာ ကန်ဂျီနဲ့ နာအိုကိုတို့ရဲ့ အခြေအနေကတော့ ဇာတ်ကားနာမည်အတိုင်းပါပဲနော်   File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 45min Genre :  Romance  Subtitle : Myanmar Subtitle (Hard ...
movie
It Feels So Good 2019
You’re Bacon Me Crazy 2020 6.7
You’re Bacon Me Crazy 2020 ဒီကားက ၂၀၂၀မှာထွက်တဲ့ romantic comedyဇာတ်ကားလေးပါ food truck theme ကိုယူထားတဲ့အတွက်ကြောင့်foodieတွေအတွက်စိတ်၀င်စား စရာကောင်းစေမဲ့ဇာတ်လမ်းလေးပါ ဇာတ်လမ်းအကျဥ္းကတော့ portlandက သွက်လက်ထက် မြက်တဲ့ မုန့်ကားပိုင်ရှင်လေးကလီယိုဟာ အဘိုးရဲ့လျို့၀ှက်ချက်ပြုတ်နည်းတွေကိုလက်ဆင့်ကမ်းပြီး လက်ရာကောင်းတဲ့စားဖိုမှူးတစ်ယောက်ပါနဲ့ တစ်နေ့မှာ city of roses ကိုနယ်တကာလှည့်နေတဲ့ ဂေ့ဘ်ဘရီရယ်ရောက်လာပြီးသူတို့စျေးမှာတွေ့ဆုံကြပြီး ကလီယိုကို လိုက်ရှာဖို့ကြိုးစားပါတော့တယ် ကလီယိုကိုတွေ့တဲ့အခါသူ့ဆိုင်နားမှာ ၀က်ဆားနယ်ခြောက် မုန့်တွေလာရောင်းပြီးတဖြည်းဖြည်းရင်းနှီးသွားကြပါတယ် သူတို့နှစ်ယောက်ဆက်ဆံရေး အတွက် မုန့်ကားပြိုင်ပွဲကနဲဲနဲတော့အပြောင်းအလဲသွားခဲ့ပါတယ် သူတို့ပြိုင်ပွဲအပြီးမှာဆက်ဆံရေးအရင်အတိုင်းပဲဆက်ရှိနေမလား တစ်ဆင့်တက်သွားမလားဆိုတာစောင့်ကြည့်ရမှာပါ   File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 22min Genre :  Romance  Subtitle : Myanmar Subtitle (Hard Sub) Translated by Nyein Lai Wai Encoded by Littleneo
movie
You’re Bacon Me Crazy 2020
The Lake House(2006) 7.0
The Lake House(2006) The Lake House(2006)(ကြည်နူးရိပ်ရဲ့ကားမို့ 1080P5.1CH ပါပြုလုပ်ပေးထားပါတယ်...)စာလေးတစ်စောင်ကြောင့် အချစ်တစ်ခုစတင်ခဲ့ဖို့ ဘယ်သူကမျှော်လင့်ခဲ့မှာလဲ?စတင်ခဲ့တဲ့အချစ်တစ်ခုကအချိန်ကာလကွာခြားနေပေမယ့် နောက်ဆုတ်လိုက်ဖို့က ခဲယဥ်းလွန်းလှပါတယ်။ကိတ်ဆိုတဲ့ဆရာ၀န်မလေးက ရေကန်ဘေးကအိမ်မှာနေခဲ့တဲ့အိမ်ပိုင်ရှင်ဟောင်းပါ။သူ့နောက်မှာပြောင်းလာမယ့် အိမ်ပိုင်ရှင်အသစ်ဆီကိုစာရေးရင်း သူ့စာက လွန်ခဲ့တဲ့နှစ်နှစ်ကရေကန်ဘေးကအိမ်မှာနေခဲ့တဲ့ အတိတ်ကအဲလက်စ်ဆီကိုရောက်သွားပါတော့တယ်။စာတွေအပြန်အလှန်ဆက်သွယ်ရင်းတစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားပေမယ့်ဆက်သွယ်စရာဆိုလို့စာတိုက်ပုံးလေးပဲရှိတဲ့သူတို့နှစ်ယောက်ရဲ့ကြားမှာ အချစ်ဆိုတာအိပ်မက်တစ်ခုလိုပါပဲ။အတိတ်က အဲလက်စ်နဲ့ အနာဂတ်က ကိတ်...ဘယ်လိုပေါင်းစည်းဖို့ကြိုးစားမလဲဆိုတာစိတ်၀င်တစားနဲ့ကြည့်ရှုရမှာပါ CMပရိသတ်ကြီးအတွက် ယခုတင်ဆက်ပေးလိုက်တာကတော့အားလုံးရဲ့အချစ်တော် ကီနူးရိဒ်နဲ့ ဆန်ဒရာဘူးလော့တို့ရဲ့ စိတ်ကူးယဥ်အချစ်ဇာတ်လမ်းလေးပါ။ချစ်ခြင်းမေတ္တာကို သီချင်းချိုချိုလေးတွေနဲ့ ကြည်ကြည်နူးနူးခံစားချင်တဲ့ ပရိသတ်ကြီးတွေအဖို့တော့....ဇာတ်လမး်အညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်....File Size :(1.7GB)(950 MB) and (363 MB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:39:00 Genre :  Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Phyo Pyae
movie
The Lake House(2006)
Once Upon a Prince 2018 6.4
Once Upon a Prince 2018 အကောင်းဆုံးဆိုတဲ့ အချစ်ကားကိုကြည့်ဖူးချင်တာလား ... ဇာတ်လမ်းက အမေရိကန်ကားဆိုပေမယ့် sexနဲ့ ပတ်သက်တဲ့ စကားတစ်လုံးတောင် မမြင်ရတဲ့ အတွက် အရမ်း Classicဆန်တဲ့ကားလေးဖြစ်သလို... ဘုရင့်မင်းသားတစ်ယောက်အကြောင်းကို အတော်ကြီး ငွေကြေးကုန်ကျခံပြီးရိုက်ထားတဲ့ကားဖြစ်ပြီး မမြင်ဖူးတာတွေ၊မသိခဲ့ရတဲ့ ဗဟုသုတတွေကို အသေးစိတ်ကျကျ မြင်တွေ့လေ့လာမှာဖြစ်တဲ့အတွက် အတော်လေးအချိန်ပေးကြည့်ရတာ တန်တဲ့ကားမျိုးလေးပါ။ ရှင်းရှင်းပြောရရင် တကယ့်ကို စံတင်ရလောက်တဲ့ ကားကောင်းပါပဲ ဇာတ်လမ်းအကျဉ်းက ဘုရင်ဖြစ်ဖို့အတွက် ရက်သတ္တပါတ်လောက်ပဲလိုတော့တဲ့ ဘုရင့်မင်းသားဟာ ...စိန့်ဆိုင်မွန်ကျွန်းလေးတွင် ခဏအနားယူနေစဉ်အချိန်မှာ စူဇန်နာ ဆိုတဲ့ ပြုံးပြုံးရွှင်ရွှင်မိန်းကလေးတစ်ဦးနဲ့ သိမိခဲ့ပြီး ...ချစ်မိသွားခဲ့ပါတယ် ဒါပေမယ့် သိတယ်မို့လား...တစ်ခါတလေတော့လည်း လူဆိုတာ အခြားသူတစ်ယောက်ကို ချစ်လို့ချစ်မိမှန်း မသိဖြစ်တတ်တယ်လေ ဒါနဲ့ မင်းသားဟာ မိန်းကလေးကို မချစ်ပါဘူးလေဆိုပြီးနေရင်းကနေ...တစတစနဲ့ သိလာတဲ့ အချိန်မှာတော့ ဘယ်လိုတွေဖြစ်လာမလဲ အညတရမိန်းကလေးကို ဘုရင့်မိဘုရားအဖြစ်တင်မြှောက်လို့ဖြစ်နိုင်ပါ့မလားဆိုတာတွေကိုတော့ ဇာတ်လမ်းကို ဒေါင်းပြီးကြည့်လိုက်ကြတာပေါ့   File Size : 600 Mb and 300mb Quality : ...
movie
Once Upon a Prince 2018
Journey to the Shore (2015) 6.2
movie
Yesterday Once More (2016) 6.7
Yesterday Once More (2016) [Unicode]Yesterday once more (2016)IMDb rating- 6.7/10"Our Times"တို့ "You are the apple of my eyes"တို့လိုကျောင်းသားကားတွေရဲ့ Vibeကိုကြိုက်တတ်တဲ့သူတွေဆိုရင် ဒီကားကိုလည်းကြိုက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ Box office မှာ ယွမ်26.3millions ရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။*လင်ထျန်းကျောင်း*ဆိုတဲ့ကောင်မလေးကစာအရမ်းတော်တဲ့အတန်းခေါင်းဆောင်ကောင်မလေးပါ။ ရှင်းဟွာတက္ကသိုလ်ရဲ့ဘဏ္ဍာရေးမေဂျာမှာတက်ခွင့်ရဖို့ကြိုးစားနေပြီး နက္ခတ္တဗေဒပညာရှင်ဖြစ်ချင်တဲ့သူ့အိပ်မက်ကိုမေ့ထားခဲ့သူပါ။အမှတ်ရချင်ဇောနဲ့စာမေးပွဲတစ်ခုမှာခိုးချမိရင်း ကျောင်းပြောင်းကျောင်းသား *ကောင်းရှန်*နဲ့ချစ်သူတွေအဖြစ်အထင်လွဲခံရပါတယ်။ *ထျန်းကျောင်း*က*ကောင်းရှန်*ကိုအိပ်မက်မရှိတဲ့လူညံ့လို့သတ်မှတ်ပြီးအထင်သေးခဲ့ပါတယ်။ တကယ်တော့သူအထင်သေးတဲ့*ကောင်းရှန်*ဆိုတာ သူ့အိပ်မက်ကိုတကယ်ဖြစ်လာအောင်လုပ်ရဲပြီး စိတ်ထားမှန်ကန်တဲ့ကောင်လေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့*ထျန်းကျောင်း*လည်း လူငယ်ဘဝကိုကောင်းကောင်းနားလည်လာပြီး အိပ်မက်အစစ်အမှန်ကဘာလဲဆိုတာသိလာခဲ့ပါတယ်။စာကလွဲပြီးဘာမှမစွန့်စားရဲတဲ့"ထျန်းကျောင်း"တစ်ယောက် "ကောင်းရှန်"ရဲ့အားပေးမှုတွေနဲ့ သူလုပ်ချင်တဲ့အရာတွေကိုလုပ်ရဲလာခဲ့ပါတယ်။ သူရချင်တဲ့အတော်ဆုံးကျောင်းသူဆုကိုလက်ခံရတော့မဲ့အချိန်မှာ "ကောင်းရှန်"တစ်ယောက်တခြားမြို့ကိုသွားဖို့ရထားထွက်ခါနီးအချိန်ဖြစ်နေခဲ့ပါတယ်။ သူတို့တွေဘာကိုရွေးချယ်ခဲ့ကြပါသလဲ... ကောင်းရှန်နဲ့တွေ့ပြီးနောက်မှာ ဘဝအပေါ်မြင်တဲ့အမြင်တွေပြောင်းလဲသွားတာကရော မှန်ကန်မယ်လို့ထင်ပါသလား... မိသားစုကိစ္စတွေ သူငယ်ချင်းသံယောဇဉ်တွေနဲ့ သူတို့တွေတစ်ယောက်ချင်းစီရဲ့ဘဝတွေကိုကြည့်ရင်း လူငယ်ဘဝအငွေ့အသက်တွေကိုပြန်ခံစားမိပြီး ငယ်ဘဝကိုပြန်အမှတ်ရလာပါလိမ့်မယ်။( အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) [Zawgyi]Yesterday once more (2016)IMDb rating- 6.7/10"Our Times"တို့ "You are the apple of my eyes"တို့လိုကျောင်းသားကားတွေရဲ့ Vibeကိုကြိုက်တတ်တဲ့သူတွေဆိုရင် ...
movie
No Touching at All (2014) 6.6
movie
No Touching at All (2014)
Love, Guaranteed (2020) 5.5
Love, Guaranteed (2020) အခုတင်ဆက်ပေးမှာကတော့ Sept 3ရက်နေ့ကမှ Netflix ထွက်ရှိထားတဲ့ ဇာတ်ကား​သစ်လေးပါစိတ်ရင်းကောင်းပြီး အားနည်းတဲ့သူတွေကိုကူညီတတ်လွန်းလို့ သူ့ရုံးခန်းပါပိတ်ပစ်ရတော့မယ့်အခြေအနေဖြစ်နေတဲ့ရှေ့နေမလေး ဆူဇန်Online Dating ပေါင်း 986ခု ဒိတ်ခဲ့ပေမယ့် ခုထိလက်တွဲဖော်ရှာမတွေ့သေးလို့Dating Website ကိုတရားစွဲချင်နေတဲ့ နစ််ခ်သူတို့နှစ်ဦးတွေ့ကြတဲ့အခါ ဆူဇန် က နစ်ခ်ကို ဘယ်လိုတွေအထင်လွဲမှာလဲနစ်ခ်ကရော ဘာလို့ 986 ကြိမ်တောင် ချိန်းတွေ့ခဲ့ရတာလဲနစ်ခ် က သူ့အချစ်ကိုရော ရှာတွေ့သွားမှာလားတရားစွဲတဲ့ကိစ္စကော ဘယ်လိုဖြစ်သွားမှာလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်လိုက်ကြပါဦးနော်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမယ့် အချစ်ဟာသကားလေးပါအညွှန်းနဲ့ ဘာသာပြန်ကတော့ Alicia ပဲဖြစ်ပါတယ် File Size : ( 855 MB , 278 MB) Quality : WEBRip 720p Running Time : 1 hr 30 min Format : ...
movie
Love, Guaranteed (2020)
Love the Way U Lie (2020) 7.2
Love the Way U Lie (2020) လေးလပိုင်းလောက်ကရုံတင်ခဲ့တဲ့ ဖိလစ်ပိုင်ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Netflix ကလည်းပြန်ဝယ်ပြီးပြသခဲ့တဲ့ရုပ်ရှင်ပါ Summary- ယော်ျားကို ဝမ်းမနည်းပဲရှေ့ဆက်စေချင်တဲ့ ဆာရာဆိုတဲ့ ဝိညာဥ်က သူ့ယော်ျားကိုဆက်သွယ်လို့ မရပါဘူး။ တစ်မြို့လုံးက ဆာရာ့အသံမကြားရဘူး။ ကွီရာပိုမှာ စတေစီဆိုတော့အကြားအမြင် ဆရာမတစ်ယောက်ရှိပါတယ်။ ဖြစ်ချင်တော့ စတေစီကပဲ ဆာရာ့အသံကိုကြားရပါတယ်။ ကြားရတာလည်း သူတို့နှစ်​ယောက်ကြားမှာ အကြောင်းအရာလေးတွေရှိလို့ပါ ယော်ျားကို တစ်ယောက်တည်းအထီးကျန်ကျန်မနေတော့ဘဲ ရှေ့ဆက်စေချင်တဲ့ ဆာရာ၊ နေသန်ကို အချစ်သစ်တွေ့စေချင်တဲ့ဆာရာ။ ဆာရာ့ယော်ျားနေသန်ကို ရှေ့ဆက်နိုင်ဖို့ကူညီရင်း စတေစီနဲ့နေသန်ကြားက အချစ်ဇာတ်လမ်းလေးကိုတွေ့ရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းပါတယ် ဇာတ်အိမ်အပြောင်းအလဲတွေမရှိပါဘဲ ဒီအတိုင်းရုပ်ရှင်တစ်ကားကို စီးမျောပြီးကြည့်နေရင်း သဘောကျမိတဲ့ဇာတ်ကားတစ်ပါးပါ။ သူတို့တွေကြားက အချစ်ကအတော်soft ဖြစ်ပါတယ်။ ဖိလစ်ပိုင်က မနီလာမြို့ရဲ့ ကွီရာပိုတံထားနဲ့ အဆောက်အအုံတွေ၊ လှပတဲ့နေရာလေးတွေ ဒီရုပ်ရှင်မှာမြင်ရမှာပါ   File Size - 1gb Quality - web-rip 1080p Subtitle -  burmese Translator - DoDo Encoder - Thit San Khant
movie
Love the Way U Lie (2020)
2020
Fall in Love With My Badboy ( 2020 ) 6.7
Fall in Love With My Badboy ( 2020 ) FA မမတွေအကြိုက် အသည်းတယားယားကြည့်ရမယ့် အချစ်သိုင်းကားလေး လာပါပြီနော်ဂိုဏ်းထဲပညာသင်ဖို့ ဝင်ဝင်ချင်းမှာတင် ဂိုဏ်းတူအစ်ကိုကိုလူကြားထဲအရှက်ရအောင်လုပ်မိလို့ ပြန်တောင်းပန်ရတဲ့အနေနဲ့ သုံးလတိတိခိုင်းသမျှမညည်းမညူလုပ်ပေးနေရတဲ့ လင်ယွဲ့ရှန်း (ရှန်းရှန်း) ဟာ တစ်ဖက်မှာစည်းကမ်းတင်းကျပ် ဒေါသကြီးတဲ့ လုံရှောက်ချန် (ချန်) ညှဉ်းဆဲသမျှခံနေရပေမယ့်နာက်တစ်ဖက်မှာတော့ နူးညံ့နွေးထွေးပြီး သူ့ကိုအမြဲဖေးမပေးတတ်တဲ့သွမ်းမုကျယ် (ကျယ်) ရဲ့အာရုံစိုက်မှုကိုလည်း ခံနေရပါတယ်။အဖြူနဲ့အမည်း ဂျစ်ကန်ကန်နဲ့နူးနူးညံ့ညံ့ ပေပေတေတေနဲ့သပ်သပ်ရပ်ရပ်ဇီဇာကြောင်တတ်သူနဲ့နားလည်ပေးတတ်သူ ဒီလိုဆန့်ကျင့်ဖက်နှစ်ယောက်ဟာငယ်သူငယ်ချင်းတွေလည်းဖြစ်ကြတယ်။သူတို့နှစ်ယောက်ကြားမှာ ရှန်းရှန်းတစ်ယောက်ဘယ်လိုတွေ နေရလည်းဆိုတာကိုအားပေးကြည့်ရှုရင်း စိတ်ပျိုကိုယ်နု ဖြစ်ကြည့်ကြပါဦးနော်ဒီဇာတ်ကားလေးကို The Black Devil and The White Prince ဆိုတဲ့၂၀၁၆ ထုတ်ဂျပန်ကားလေး ကြည့်ဖူးတဲ့သူတွေတော့ ဇာတ်လမ်းအကြမ်းလောက်ကိုသိကြမှာဖြစ်ပေမမယ့်လို့ လုံးဝမတူတဲ့ အသွင်အပြင်နဲ့ဖီလင်နောက်တစ်မျိုးကို ရရှိမှာလည်း အသေအချာပဲဖြစ်ပါတယ် Translated & Reivew By Htoo Htoo Ka JoeEncoded By LK
movie
Fall in Love With My Badboy ( 2020 )
One Winter Proposal (2019) 7.8
One Winter Proposal (2019) 2018 ခုနှစ်မှာထွက်ရှိခဲတဲ့ One winter weekend ရဲ့ အဆက်လေးပါ...One winter weekend ကို မကြည့်ရသေးတဲ့သူတွေအတွက်တော့ spoiler လေးတွေပါနိုင်ပါတယ်နော်ဇာတ်လမ်းနာမည်ကိုကြည့်တာနဲ့တင် ဇာတ်လမ်းကိုခန့်မှန်းမိလောက်ပါပြီဇာတ်လမ်းအစမှာတော့ ကယ်ရာတစ်ယောက် မနှစ်ကနယူးယားညမှာအသည်းကွဲပြီးရည်းစားမထားတော့ဘူးလို့ ကြွေးကြော်ခဲ့သလောက်ဒီနှစ်နယူးယားမှာတော့ အတိုးချပြီးတော့ကို ကြည်နူးနေတာပါOne winter weekend ရဲ့ဇာတ်သိမ်းမှာ သူငယ်ချင်းလေးယောက်ကိုယ်စီကိုယ်စီအလုပ်ကထွက်ခဲ့ကြပြီး ဒီအပိုင်းမှာတော့အလုပ်သစ်ကိုယ်စီ ဘဝသစ်ကိုယ်စီနဲ့ကနေဒါတောင်တန်းလေးတွေဆီ ပြန်ရောက်လာကြပါတော့တယ်အလုပ်တွေပြောင်းသွားသလို သူတို့အချစ်တွေကရော ပြောင်းသွားမှာလားဇာတ်သိမ်းကို Twilight ဇာတ်ကားထဲက ဂန္တဝင်ဇာတ်ဝင်သီချင်းလေးA Thousand Years နဲ့ပိတ်ထားပြီး ဝမ်းသာမျက်ရည်ပဲကျရမလားဝမ်းနည်းမျက်ရည်ပဲကျရမလားဆိုတာကိုတော့ဇာတ်ကားထဲမှာပဲ ကြည့်ရှူလိုက်ကြပါတော့ဒီ location ဒီလူတွေနဲ့ပဲပြန်ရိုက်ထားပေမဲ့ဇာတ်လမ်းလေးက ပျင်းစရာကောင်းမသွားပဲ လှပပြီးရင်းလှပနေတော့တာပါသူတို့ရဲ့ သူငယ်ချင်းသံယောဇဥ်တွေကို အားကျရမှာဖြစ်သလိုအလုပ်နဲ့ကိုယ်ရေးကိုယ်တာ balance ဖြစ်အောင်ကြိုးစားကြပုံလေးတွေကိုလည်း တွေ့မြင်ကြရမှာပါFile Size -  936 mb Quality - web-dl 1080p Subtitle - burmese Translator - MTA Encoder - Thit San Khant
movie
One Winter Proposal (2019)
2019
One Winter Weekend (2018) 7.3
One Winter Weekend (2018) Romanceချစ်သူတို့အတွက် ဆောင်းရာသီအချစ်ဇာတ်လမ်းလေးတစ်ပုဒ်လာပါပြီ "ကယ်ရာ"ဟာ အမျိုးသမီးမဂ္ဂဇင်းတစ်ခုရဲ့ relationship ကဏ္ဍက စာရေးဆရာမတစ်ယောက် သူလုပ်ရတဲ့အလုပ်က datingနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေ၊ dating stories လေးတွေကို ဆောင်းပါးတွေရေးပေးရတာပါ ဒီလိုအချစ်အကြောင်းတွေရေးနေတဲ့ စာရေးဆရာမလေးကိုယ်တိုင်ကတော့ ပျော်ရွှင်စရာနယူးယားညလေးမှာ သူ့ရည်စားအသစ်စက်စက်လေးဖောက်ပြန်တာကို ခံလိုက်ရတဲ့အခါမှာတော့ လက်တလောလုံးဝ ရည်းစားမထားတော့ဘူးဆိုပြီး သန္ဓိဌာန်ချလိုက်ပါတော့တယ် ဒီလိုနဲ့မဂ္ဂဇင်းတိုက်ရဲ့ဘော့စ်ကြီးက ဆင်ဂယ်ဖြစ်နေရင် ရေးစရာကုန်ကြမ်းမရှိပဲနေမယ်ဆိုပြီး ကယ်ရာ့အချစ်ဆုံးသူငယ်ချင်း "မက်ဂန်"သွားမဲ့ နှင်းလျှောစီးခရီးစဥ်မှာ ကယ်ရာ့ကိုပါထည့်ပေးလိုက်တဲ့အခါ One winter weekend ဆိုတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာပါတော့တယ် ကံကြမ္မာအကြောင်းဖန်တော့ နှင်းလျှောစီးကွင်းမှာ သူတို့တည်းဖို့ငှားထားတဲ့အိမ်ကို "ဘန်"နဲ့"ရှန်း"ဆိုတဲ့ သူငယ်ချင်းကောင်လေးနှစ်ယောက်ကလည်းငှားပြီးသားဖြစ်နေလေရဲ့ ဟိုတယ်တစ်ခုတည်းမှာ တည်းနေတာချင်းတူတူ ဘန်တို့ကိုမှ လက်ဆောင်ခြင်းတွေပို့လိုက်၊ နှင်းလျှောစီးဘုတ်တွေပို့လိုက်နဲ့ဆိုတော့ လျှို့ဝှက်ဆန်းကြယ်တွေကိုဖြေရှင်းရတာကြိုက်တဲ့ ကယ်ရာတစ်ယောက် ဘန့်ရဲ့သရုပ်မှန်ကိုသိချင်လာပါတော့တယ် ဘန့်ရဲ့ဖုံးကွယ်ထားတဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ ဘန့်ရဲ့အဲ့ဒီအချက်ကရော သူတို့နှစ်ယောက်ရဲ့ relationshipအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာမှာလဲ ရည်းစားမထားခြင်းအနုပညာဆိုတဲ့ဆောင်းပါးကိုရေးနေတဲ့ ကယ်ရာကရော တကယ်ပဲတစ်ကိုယ်တည်းခရီးဆက်တော့မှာလား... ဆိုတာတွေအပြင် ဒီဇာတ်လမ်းလေးကိုပိုပြီးအသက်ဝင်စေတာကတော့ ကနေဒါတောင်တန်းတွေရဲ့ နှင်းဖုံးနေတဲ့အလှလေးပါပဲ Pure romance storyline လေးရယ် ဇာတ်ဆောင်နှစ်ယောက်လုံးက စာအုပ်တွေကိုချစ်တတ်တဲ့သူဖြစ်နေတာရယ် မင်းသားနဲ့မင်းသမီး တောင်ပေါ်ကို cableနဲ့တက်တဲ့အခန်းမှာ ပြောတဲ့ ဒိုင်ယာလော့လေးတွေ၊ လှပတဲ့ရှုခင်းလေးတွေရယ် Best friend တွေကြားကသံယောဇဥ်တွေ၊ တစ်ယောက်ဘဝကို တစ်ယောက်မြှင့်တင်ပေးပုံလေးတွေရယ် etc.တွေကြောင့် Romance ချစ်သူတွေအတွက်တော့ ကနေဒါနှင်းတောင်တန်းတွေဆီ စိတ်ကူးနဲ့အလည်သွားရင်း အေးအေးချမ်းချမ်းလေး ကြည့်လို့ကောင်းမဲ့ ကားလေးတစ်ကားပါပဲ   File Size -  941 mb Quality - web-dl 1080p Subtitle - burmese Translator - MTA Encoder - Thit San ...
movie
One Winter Weekend (2018)
2018
Us Again(2020) 6.3
Us Again(2020) Us Again(2020)ချစ်ကြိုက်၊ လွမ်းဆွေး၊ ပျော်စရာရွှင်စရာ ရသစုံတဲ့ ဖိလစ်ပိုင်အချစ်ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။မာဂျီဆိုတဲ့ကောင်မလေးဟာ ပျော်ပျော်နေတတ်ပြီးတော့ ဆရာဝန် ဖြစ်ဖို့ ရည်မှန်းကာ နယ်မြို့လေးတစ်မြို့မှမနီလာမြို့တော်ကို ကျောင်းလာတက်နေသူ တစ်ယောက် ဖြစ်ပါတယ်။ကျောင်းမှာ အန်းဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွဲမိပြီး သူတို့ ၂ ယောက်ဟာ အချစ်ရဆုံး သူငယ်ချင်းတွေ ဖြစ်သွား ကြပါတယ်။ဒါပေမယ့်လည်း ကံဆိုးချင်တော့ အထက်တန်း တုန်းက သူသဘောကျခဲ့တဲ့ ကောင်လေးကိုအန်းရဲ့ ချစ်သူကောင်လေး အဖြစ် တွေ့လိုက် ရချိန်မှာ တော့….. ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဒေါင်းလုပ်ဆွဲပြီး ကြည့်ရှူလိုက်ပါ။File Size : (850 MB) and (380 MB) Quality : WEB-DL  720p Format…mp4 Duration…01:30:00 Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded ...
movie
Us Again(2020)
Chemical Hearts(2020) 6.5
Chemical Hearts(2020) Chemical Hearts(2020)ဆယ်ကျော်သက်တွေရဲ့ တကယ့်ဘဝအစစ်အမှန်ဆိုတာ ဘယ်လိုတဲ့လဲ..ဆယ်ကျော်သက်ဆိုတာ လူကြီးလား ကလေးလား ဒီဇာတ်ကားလေးထဲမှာတော့ ဆယ်ကျော်သက်ဆိုတာ လူကြီးမဟုတ် ကလေးမဟုတ် ကြားနေအခြေအနေဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုထားတယ် ...ဆယ်ကျော်သက်တစ်ယောက်ရဲ့ နှလုံးသားမှာ ဖြစ်ပျက်နေတာတွေ...ဆယ်ကျော်သက်တစ်ယောက်ရဲ့ဦးနှောက်မှာ ဖြစ်ပျက်နေတာတွေကိုလိုက်ပြီး ခန္ဓာကိုယ်က ဓာတုပစ္စည်းလေးတွေ ထုတ်လွှတ်ပေးနေပါတယ်တဲ့...အဲ့ဒီကနေ ဓာတုပစ္စည်းတွေနဲ့ ထုဆစ်လာတဲ့နှလုံးသားကို အနောက်တိုင်းရဲ့ မိဘဖြစ်သူတွေက ဘယ်လိုတွေဘဝထဲ လွှတ်ပေးလိုက်တယ်ဆိုတာတွေကို  ပညာပေးရင်းတင်ဆက်ထားတာပါ...အထက်တန်းကျောင်းသားလေးတွေရဲ့ လူ့လောကကို စတင်ဝင်ရောက်ဖြတ်သန်းပုံလေးတွေကို တင်ဆက်ထားပြီ းအချစ်ရေးအသားပေး ရိုက်ကူးထားတဲ့  ရိုဆန်ပြီးချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးမို့ ကြည့်ကြပါကုန်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်...File Size : (900 MB) and (353 MB) Quality : WEB-DL  720p Format…mp4 Duration…01:33:00 Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie
Chemical Hearts(2020)
The Perfect Couple (2007) 5.8
The Perfect Couple (2007) [Unicode]ဒီတစ်ခေါက်မှာတော့ ကိုယ်တွေရဲ့ အချစ်တော် မင်းသားချော Lee Dong Wook ရဲ့ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် Comedy-Romance မို့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေကြည့်ရှုကြရမှာပါနော်ဇာတ်လမ်းအကျဉ်းဂန်ဂျယ်ယော့ဟာ သူအရမ်းဖြစ်ချင်တဲ့ စုံထောက်ဖြစ်ဖို့ ရဲသင်တန်းကျောင်းကို တက်ခဲ့ပါတယ်သူ့မှာ ချွန်ထက်တဲ့ အရာတွေကို ကြောက်တတ်တဲ့ရောဂါရှိပေမယ့် ကြိုးစားကုသပြီး စုံထောက်ဖြစ်အောင်လုပ်ခဲ့ပါတယ်အဲ့လိုနဲ့ တစ်နေ့မှာ ခါးပိုက်နှိုက်နောက်လိုက်ရင်း ပြဿနာရှာတတ်လွန်းတဲ့ သတင်းထောက် ချွဲဆူဂျင်းကို ဝင်တိုက်မိပါတော့တယ်ပြဿနာအိုး ချွဲဆူဂျင်းကလည်း နာမည်နဲ့လိုက်အောင် ပြဿနာတစ်ခုပြန်ဖန်တီးလိုက်ပါတယ်သူမစားနေတဲ့ ငါးကိတ်ချောင်းရဲ့ တုတ်နဲ့ ဂန်ဂျယ်ယော့ရဲ့ ဗိုက်ကို ပြန်ထိုးလိုက်ပါတယ်ချွန်ထက်တဲ့ အရာတွေ ကြောက်သူဖြစ်တဲ့အတွက် ဂန်ဂျယ်ယော့တစ်ယောက် အဲ့နေရာမှာတင် သတိလစ်သွားပါတယ်နောက်နေ့မှာတော့ ဒီသတင်းဟာ မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပြီး ဂန်ဂျယ်ယော့လည်း ချွဲဆူဂျင်းကို အကြီးကျယ်ဒေါသထွက်ပါတော့တယ်ဲတိုက်ဆိုင်စွာနဲ့ စုံထောက်တွေ လူဆိုးဖမ်းပုံတွေကိုရိုက်ပြတဲ့ reality show တစ်ခုမှာ သူတု့ိ ၂ ယောက် ပူးပေါင်းတင်ဆက်ဖို့ ဖြစ်လာတဲ့အခါမှာ...ဘာတွေဆက်ဖြစ်ကြမှာလဲ...သူတို့ ၂ ယောက်ပေါင်းပြီးတော့ ဘယ်လို ...
movie
The Perfect Couple (2007)
Oasis (2002) 7.9
Oasis (2002) [Unicode]Oasis (2002) ===========IMDB = 7.9 out of 10 Rotten Tomatoes = 90 out of 100 Directed By Lee Chang Dongတောင်ကိုရီယား New Waveဒါရိုက်တာလီချန်းဒုံကို Burning, Poetry, Peppermint Candyတို့နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ လီချန်းဒုံရုပ်ရှင်တွေဟာ အမှတ်တမဲ့ကြည့်လိုက်ရင် ကိုရီယားရုပ်ရှင်လို့ လုံးဝထင်စရာမရှိတ‌ဲ့ ဇာတ်ကောင်တွေ ဇာတ်ဝင်ခန်းတွေနဲ့။ အဆိုးဘက်ရောက်တဲ့ လူသားဆန်မှုတွေကို သိသာသာမီးမောင်းထိုး ပြတတ်ပါတယ်။ လီချန်းဒုံအခုထိရိုက်ထားတဲ့ ရုပ်ရှင်ခြောက်ကားပဲရှိပါတယ်။ Peppermint Candyနဲ့ Green Fishကလွဲလို့ ကျန်တဲ့လေးကားကို သူကိုယ်တိုင်ရေးခဲ့တာပါ။ Burningကတော့ မူရာကာမိကိုကျောရိုးယူပါတယ်။လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်လူတွေ သူတို့ရဲ့ သာမန်နေ့စဉ်ဘဝမှာ သာမန်လုပ်နေကြ အရာတွေကိုပဲ ရိုက်ပြထားတယ်လို့ ဖတ်လိုက်ရပါတယ်။ သူ့ရုပ်ရှင်တွေမှာလူဆိုးလူကောင်းမရ‌ှိဘူးလို့လည်း ဆိုပါတယ်။ ဒုတိယအချက်ကို ကျွန်တော်လက်ခံပေမယ့် ပထမအချက်ကိုတော့ လုံးဝငြင်းပါတယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်မဆန်ပါဘူး။ သူ့ရုပ်ရှင်တွေမှာ အဆိုးဘက်ရောက်တဲ့။လူသားဆန်မှုအတော်များပါတယ်။ သူမှားတာ‌တော့လည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ဘဝတွေတိုင်းဟာ အမြဲတော့ သာယာတဲ့ကောင်းကင်တစ်ခုအောက်မှာ ရှိနေတာ မဟုတ်ပါဘူး။ သူမှန်ပါတယ် ။ ဒါပေမယ့် ...
movie
Oasis (2002)
As Good as It Gets(1997) 7.7
As Good as It Gets(1997) As Good As It Gets(1997) ဇာတ်လမ်းအညွှန်း *************************************IMDb....7.7,,,Rotten..85%ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ … ၁၉၉၇ ၀န်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး..ပုံမှန်မြင်တွေ့နေကြရှေးဟောင်းဇာတ်လမ်းတွေလို အဓိကဇာတ်ဆောင်နှစ်ယောက်ကို လှည့်ပတ်ရိုက်ပြတာမျိုးမဟုတ်ဘဲ...ဇာတ်လမ်း တင်ဆက်ပုံအသွားအလာတွေ ထူးခြားစွာကွဲထွက်နေတဲ့ ဒါရိုက်တာ James L. Brooks ရဲ့ ကားလေးပဲ ဖြစ်ပါတယ်…ဇာတ်လမ်းထဲမှာတော့...OCD ဖြစ်နေတဲ့ လူ့ဂွစာ စာရေးဆရာလူပျိုကြီး၊ မယ်လ်ဗင် ယူဒေါလ် ဟာ သူ့ရဲ့အိမ်နီးချင်း လူငယ် Gay ပန်းချီဆရာ၊ဆိုင်မွန် နဲ့ ခွေးလေး ဗာဒဲလ် ကို အင်မတန်မှ အမြင်ကတ်သူပါ... လူ့ဂွစာလူပျိုကြီးပီပီ အသန့်အပြန့်အလွန်ကြိုက်တော့ တွေ့ကရာသေးပန်းတတ်တဲ့ ခွေးလေး ဗာဒဲလ်က သူ့အတွက်တော့ တကယ့်အနှောက်အယှက်လေးပါပဲ...ပတ်၀န်းကျင်က ဘယ်သူနဲ့မှ ကီးမကိုက်တဲ့ ဒီလူကြီးကို သည်းခံတဲ့သူတစ်ယောက်တော့ရှိပါသေးတယ်...သူကတော့ မယ်လ်ဗင် သွားနေကြစားသောက်ဆိုင်က စားပွဲထိုးမလေး ကာရိုးလ် ပဲဖြစ်ပါတယ်...အဲ့ဒီနောက်မှာတော့စာလေးရေးပြီး တစ်ယောက်ထဲ အေးအေးလူလူ နေတတ်တဲ့ မယ်လ်ဗင် တစ်ယောက်… ရုတ်တရက်ဆိုသလို ...
movie
As Good as It Gets(1997)
I Used to Go Here (2020) 5.6
I Used to Go Here (2020) ကိတ်ဟာ စာအုပ်သစ်ထုတ်ဝေလိုက်တာမကြာသေးတဲ့ ငယ်ရွယ်တဲ့စာရေးဆရာမပါ။သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ဝတ္ထုရေးဆရာမ ဖြစ်ခဲ့ပေမယ့်သူ့စာအုပ်ဟာသူထင်သလောက်ရောင်းအားမကောင်းခဲ့ပါဘူး။သူ့ထုတ်ဝေသူကလည်း သူ့စာအုပ်မိတ်ဆက်ပွဲတွေကိုဖျက်လိုက်ပါတယ်။သူ့ရည်းစားကလည်းသူနဲ့မနေတော့တဲ့ဆက်ဆံရေးမျိုးပါ။တစ်ရက်တော့ သူတက်ခဲ့တဲ့ကောလိပ်က ပရော်ဖက်ဆာကကျောင်းမှာစာဖတ်ပွဲလေးလာလုပ်ဖို့ ကမ်းလှမ်းပါတယ်။ဒါနဲ့ သူ့ကိုစာရေးဆရာဖြစ်အောင် အားပေးခဲ့တဲ့ပရော်ဖက်ဆာရဲ့စကားကြောင့်ကောလိပ်ရှိတဲ့မြို့လေးကို ခဏပြန်လာခဲ့ပါတယ်။ပြီးတော့ သူတည်းတဲ့အိမ်ရှေ့က သူကျောင်းသူဘဝကနေခဲ့တဲ့အိမ်ဖြစ်ပြီးကျောင်းသားလေးတွေနေနေတဲ့အတွက် အိမ်ကိုသွားလည်ရင်းဇာတ်လမ်းလေးတွေစကြတာပေါ့။ပေါ့ပေါ့ပါးပါးဇာတ်မြူးလေးတစ်ကားပါ။ File Size : ( 823 MB , 258 MB) Quality : WEB Rip 720p Running Time : 1 hr 20 min Format : Mp4 Genre : Comedy , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by ...
movie
I Used to Go Here (2020)
Theatre: A Love Story (2020) 7.3
Theatre: A Love Story (2020) ဒီတခါတော့ ၂၀၂၀ထွက် ဂျပန်romance/dramaဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်. တကယ်ကို ရင်ထဲမှာ ခံစားသွားရစေမယ့် အချစ်ဇာတ်လမ်းလေးတပုဒ်ဆိုလဲ မမှားပါဘူး. ဇာတ်လမ်းအကျဉ်းလေးကတော့ Nagataဟာ သိပ်ကို အနုပညာဘက်မှာ ထူးချွန်ချင်တဲ့ လူတစ်ယောက်ပါ. သူဟာ ပြဇာတ်တွေအတွက် ဇာတ်ညွှန်းရေးတဲ့ စာရေးဆရာဖြစ်ပြီး အဲ့ဒီအလုပ်ကလွဲရင် တခြားဘယ်အလုပ်ကိုမှ မလုပ်ချင်တဲ့ခေါင်းမာတက်တဲ့ လူလဲဖြစ်ပါတယ်. တနေ့မှာတော့ သူ့ဘဝထဲကို သိပ်ကိုဖြူစင်ပြီး လှပတဲ့ နတ်သမီးလေး Sakiဝင်ရောက်လာခဲ့ပါတယ်. Nagataဟာ ပြဇာတ်တွေရေးရတာကို ဝါသနာပါပေမယ့် ပါရမီတော့ မပါခဲ့ပါဘူး. ဒီတော့ လူတွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး သူ့အဖွဲ့ဟာလဲ ပျက်သွားခဲ့ပါတယ်. အဲ့ဒီအချိန်မှာ Sakiကို သူက သရုပ်ဆောင်ခိုင်းကြည့်ခဲ့ပါတယ်, သွက်သွက်လက်လက်နဲ့ ပါရမီရှိတဲ့ Sakiလေးပါတော့ ပရိတ်သတ်တော်တော်များများက သဘောကျကျပြီး သူ့ဇာတ်လမ်းလဲ ပေါက်သွားခဲ့ပါတယ်. ဒါပေမယ့် သူကတော့ နောက်ပြဇာတ်တွေမှာ Sakiကိုထပ်မသုံးတော့ပါဘူး ဘာလို့လဲဆိုတော့ သူ့ကောင်မလေးဖြစ်တဲ့ Sakiကပါရမီရှိတာသိသာလေလေ သူကအရှုံးသမားဆိုတာ ပိုပြီးသိသာလာလေလေလို့ သူတွေးမိခဲ့လို့ပါပဲ. အပြစ်ကင်းတဲ့ Sakiလေးကတော့ ဒါတွေကို နားမလည်ခဲ့ပါဘူး. သူတို့နေတဲ့ တိုက်ခန်းခတွေ အသုံးစရိတ်တွေကို ပေးနိုင်ဖို့ အလုပ်ကိုနေ့ရောညရော လုပ်နေခဲ့ပါတယ်. Sakiက ပိုပြီးဖြူစင်တာကို သိလာလေလေ Nagataဟာ ပိုပြီး အပြစ်ရှိခံစားစိတ်ဖြစ်လာလေလေပါပဲ. သူတို့နှစ်ဦးရဲ့ဇာတ်သိမ်းက ဘယ်လိုများဖြစ်မလဲ? Sakiနဲ့Nagataပေါင်းဖက်နိုင်ရဲ့လားဆိုတာကို ဇာတ်သိမ်းပိုင်းထိ ဆွဲဆောင်နိုင်ပြီး ရင်ထဲမှာ ခံစားချက်တစ်ခု ထည့်ပေးနိုင်တဲ့ ဂျပန်ဒရာမာ ဇာတ်လမ်းလေးဖို့ ကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဗျာ.   File Size - ...
movie
Theatre: A Love Story (2020)
2020