Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Romance
All My Life (2020)
IMDb Rating (6.2) ရရှိထားတဲ့ အသစ်စက်စက် အချစ်ဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်...ဇာတ်လမ်းကတော့...ဆောလ်မွန်ချောင်နဲ့ ဂျန်နီဖာကာတာတို့ဟာ အမှတ်မထင်တွေ့ဆုံရာကနေ အရမ်းချစ်ကြတဲ့စုံတွဲလေးဖြစ်လာခဲ့ပါတယ်.. ပျော်ပျော်နေတတ်တဲ့သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီရင်း လက်ထပ်ဖို့ထိဆုံးဖြတ်ခဲ့ပါတယ်..ဒါပေမဲ့ သူတို့နှစ်ယောက်ကြား မမြင်ရတဲ့ လောကဒါဏ်တစ်ခု ရောက်ရှိလာတဲ့အခါမှာတော့... သူတို့နှစ်ဦး အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ကြမလဲ.. သူတို့ရဲ့ အိမ်မက်တွေနဲ့ စီခြယ်ထားတဲ့ မျှော်လင့်ခြင်း ကောင်းကင်ကြီး တောက်ပနေဦးမလား...စိတ်ဝင်စားစရာပါ...ဒီဇာတ်ကားလေးမှာ ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကိုသာမက သူငယ်ချင်းသံယောဇဉ်နဲ့မေတ္တာကိုပါခံစားရမှာဖြစ်တဲ့အပြင် စကားလုံးတွေ စာသားတွေကလည်း အချစ်ကို ကိုးကွယ်လာဖို့ ထိုက်တန်နေခဲ့ပါတယ်...ထူးခြားတာကတော့ ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်ပါ...ကျွန်တော်တို့ကိုယ်တိုင်ပါဝင်ခံစားဖို့ လက်တွေ့ဆန်လွန်းနေမှာပါ..။ချစ်ခြင်းကို ယုံကြည်သူများအဖို့ Romantic, Heart-warming ဇာတ်လမ်းလေးကို ကြည့်သင့်တယ်လို့ ညွှန်းဆိုချင်ပါတယ်။ File size…(1.6 GB) and (900 MB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:31:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Su Myat Now Maung
movie
All My Life (2020)
8.3
Amélie (2001)
Amélie(2001)========================IMDb Rating- 8.3/10 Rotten Tomatoes- 89% "အဲ့ကောင်မလေးက သူများရဲ့ ကမောက်ကမ ဘ၀တွေကို ကူပြင်ပေးဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်လေ" "ကိုယ့်ဘ၀ကိုယ်ကျတော့ရော မပြင်ဘူးလား? ကိုယ်ရဲ့ ကမောက်ကမဖြစ်နေတဲ့ ဘ၀ကို မပြင်ဘူးလား? ကိုယ်မှ မပြင်ရင် ဘယ်သူက လာပြီး ကူပြင်ပေးမှာလဲ? " -Amélie(2001) ကျောင်းတက်ဖို့အရွယ်ရောက်လာတဲ့Amélie Poulainကို သူ့အဖေက နှလုံးရောဂါရှိတယ်လို့ အမှတ်မှားပြီး ကျောင်းမထားပါဘူးဒီတော့ သူ့အမေက သူ့ကို အိမ်မှာပဲ ထားပြီး ကိုယ်တိုင် စာသင်ပေးပါတယ်အဲ့အချိန်ကစပြီး Amélieက အထီးကျန်တဲ့လူတစ်ယောက်ဖြစ်လာပြီး သူ့အထီးကျန်မှုတွေကို စိတ်ကူးယဉ်မှုတွေနဲ့ပဲ အဖော်ပြုခဲ့ပါတယ်ဒါကြောင့် အရွယ်ရောက် အလုပ်လုပ်နေတဲ့အချိန်မှာ ကိစ္စတိုင်းကို သူမတူတဲ့အမြင်နဲ့ ရှုမြင်တတ်တဲ့လူတစ်ယောက်ဖြစ်လာပါတယ်မင်းသမီး ဒိုင်ယာနာဆုံးတဲ့ ၁၉၉၇ခုနှစ် ဩဂုတ်လ ၃၁ရက်မှာ သူ့ကံကြမ္မာပြောင်းဖို့ ဖြစ်လာပါတယ်အဲ့နေမှာ Amélieက သူ့တိုက်ခန်းထဲကနေ ဘူးတစ်ဘူးရှာတွေ့ပါတယ်အဲ့ဘူးက တခြားတော့ မဟုတ်ပါဘူးလွန်ခဲ့တဲ့ နှစ်လေးဆယ်က သူ့တိုက်ခန်းမှာနေခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ ပစ္စည်းပါအဲ့ဘူးလည်း တွေ့တော့ Amélieက ...
movie
Amélie (2001)
2001
6
Chivalrous ( 2020 )
ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ကျုံမင်းဆက်ကို ပြန်လည်တည်ထောင်ဖို့ ကြိုးပမ်းတဲ့ ဇာတ်လမ်းပုံစံလေးပါဇာတ်ကြောင်းလေးကတော့...ကျုံမင်းဆက်က ဘုရင်ဝမ်မှာ ထူးချွန်လှတဲ့အကြံပေးလေးယောက်ရှိပါတယ် အဲ့ဒီအကြံပေးလေးယောက်ထဲမှာတော့နန်ကုံရှီဆိုတဲ့အကြံပေးက အထူးချွန်ဆုံးပါ အဲ့အပြင် နန်ကုံရှီရဲ့ ဦးလေးဟာလည်း စစ်ပွဲတိုင်း အောင်ပွဲရတဲ့ စစ်နတ်ဘုရားတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့သူဟာ စစ်ပွဲတစ်ခုမှာ ဒဏ်ရာအပြင်းအထန်ရပြီး ကျုံမင်းဆက်ကိုပြန်တည်ထောင်ဖို့ရာအတွက် လိုအပ်တဲ့ ရတနာတွေကို ဝှက်ထားတဲ့ မြေပုံရွှမ်ဝူအမိန့်စာကို နန်ကုံရှီကို စောင့်ရှောက်ဖို့ အပ်နှံထားခဲ့ပါတယ်နောက်ပိုင်းနန်ကုံရှီမိသားစုရဲ့ မျိုးဆက်တွေဟာ ဒီတာဝန်ကြီးကိုအရေးကြီးတာဝန်တစ်ခုအဖြစ်သတ်မှတ်ပြီး ရွှမ်ဝူအမိန့်စာကိုလက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြပါတယ်အဲ့ဒီနန်ကုံမိသားစုရဲ့ မျိုးဆက် နန်ကုံယွီဟာ နောက်ဆုံးမင်းဆက်ရဲ့သမီးတော် မင်းသမီး ယုံနင်ကို ကာကွယ်ပြီး ရွှမ်ဝူအမိန့်စာနဲ့နိုင်ငံတော်ကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေသူပါတချို့လူတွေဟာလည်း ရတနာတွေကို တပ်မက်ပြီး ရွှမ်ဝူ အမိန့်စာကိုမက်မောလာကြပြီး နန်ကုံရှီမိသားစုကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြပါတယ်တစ်ဖက်မှာလည်း စစ်နတ်ဘုရားရဲ့ မျိုးဆက်ဖြစ်တဲ့ မော့ရှောင်ဟောင်ဟာတစ်ကိုယ်တည်း ဝေါ်လုံချိုင့်ဝှမ်းမှာသိုင်းပညာကိုသာ ကျင့်ကြံနေခဲ့သူပါဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ဆရာက သူ့အတွက် အမိန့်သုံးခု ချန်ထားခဲ့တာသိလိုက်ရပါတယ် ပထမအမိန့်ကတော့ မင်းသမီးကို ကာကွယ်ပြီးမိသားစုကြီးလေးစုကြားက ပဋိပက္ခကို ဖြေရှင်းဖို့ဖြစ်ပြီးဒုတိယနဲ့ တတိယအမိန့်ကိုတော့ ...
movie
Chivalrous ( 2020 )
5.6
Adoring
The Adoring (2019)ည အိပ်မပျော်တုန်း ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ကားလေးပေါ့ နာမည်က Adoring တဲ့ ဒီရုပ်ရှင်ကားထဲမှာ မိသားစု ၆ ခု ဟာ မတူညီတဲ့ ပြသနာလေးတွေ ရှိပါတယ် တူညီတာကတော့ သူတို့ မွေးထားတဲ့ အကောင်လေးတွေ ရဲ့ ချစ်ခြင်းမေတ္တာ ပါပဲ ရှိကြမှာပါ တစ်ချို့တွေ ချစ်သူ မရှိ အိမ်ထောင်မကျခင် မွေးထားတဲ့ အကောင်လေးတွေကို သက်ဆိုင်သူ ရောက်လာတဲ့ အခါ စွန့်ပစ်လိုက်ရတာတွေ သက်ဆိုင်သူက အကောင်လေးတွေ မချစ်တက်ရင် ရွေးချယ်ရမယ့် အခါ ဒီအကောင်လေးတွေကို ဘေးပို့လိုက်ရတာတွေ ပေါ့ ပြီးတော့ အထီးကျန်နေတဲ့ လူတွေ က အကောင်လေးတွေကို သူတို့ သားသမီးလိုပဲ ချစ်ကြတယ် နွေးထွေးတယ် ယုယတယ် အကောင်လေးတွေကလဲ မထင်မှတ်ထားအောင် သူတို့ သခင်တွေ အပေါ် ချစ်ကြပြီး ဂရုစိုက်ကြတယ် လူသားတွေ ကြားထဲမှာတောင် မရှိတက် မတွေ့ရတဲ့ နွေးထွေးမှုတွေဟာ သူတို့တွေမှာ ရှိပါတယ် သင်ဟာ တိချစ်သူ တစ်ယောက်ဆို ဒီရုပ်ရှင်ကားကို ကြည့်ပြီး ငိုဖို့ တစ်ရှူးဆောင်ထားပါ ဒါမှမဟုတ် မကြည့်ပါနဲ့ ပုံမှန်လူတွေတောင် ဒီရုပ်ရှင်ကို ကြည့်ပြီး အကောင်လေးတွေ မွေးချင်စိတ် ချစ်ချင်စိတ် ဖြစ်လာမယ် ထင်တာပါပဲ တစ်ချို့တွေက ...
movie
Adoring
2019
6.5
Sylvie’s Love(2020)
Sylvie's Love(2020)Sylvieဆိုတဲ့ မိန်းကလေးက တီဗွီအစီအစဉ်ထုတ်လုပ်ရေးဖြစ်ချင်သူပါ.....Robertကတော့ ဝါသနာကိုအရင်းခံပြီး ဆက်ဆိုဖုန်းမှုတ်နေတဲ့နာမည်မကြီးတဲ့ သာမန်ကောင်လေးပါ....တစ်နေ့မှာ Robertတစ်ယောက် သီချင်းခွေဝယ်ရင်း Sylvieအဖေ့ရဲ့ ခွေဆိုင်လေးကိုရောက်လာပါတယ်.....Sylvieအဖေ Herbetက Robertကို ဆိုင်မှာအလုပ်ခန့်ရာကနေSylvieနဲ့ Robertတို့အနေချင်း နီးလာခဲ့ပါတယ်.....အဲ့ဒီနောက်သူတို့မမျှော်လင့်တဲ့အရာတွေဆက်တိုက်ဖြစ်လာခဲ့ပါတော့တယ်...ဒီကားက Thor: Ragnarok နဲ့ လူသိများလာတဲ့ မင်းသမီး Tessa Thompson အဓိကသရုပ်ဆောင်ထားပြီးတော်တော်လေးမိုက်တဲ့ဇာတ်လမ်းလေးမို့ ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်.... File Size :(1.1GB) and (358MB) Quality : WEB-DL 720p Format…mp4 Duration…01:54:00 Genre : Drama, Music, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae
movie
Sylvie’s Love(2020)
6.8
Our Love Story (2016)
Our Love Story (2016) 2016 ကထွက်ခဲ့တဲ့ our love story ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားလေးက ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေ ၅ ဆုတောင်ရရှိထားပါတယ်Lesbian/Romance အမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းဂင်ယွန်ဂျူဟာ ပန်းချီဆရာမ တစ်ယောက်ဖြစ်ပြီး ပြပွဲအတွက် ထူးခြားတဲ့ လက်ရာတစ်ခု ဖန်တီးနေတဲ့လူပါအသက် ၃၂ နှစ်အရွယ်ရောက်တဲ့အထိ ရည်းစားမထားသေးတဲ့ အပျိုကြီးတစ်ယောက်ဆိုလည်းမမှားပါဘူးအပျိုကြီးယွန်ဂျူနဲ့ ဂျီဆူဆိုတဲ့ ကောင်မလေး mini-mart တစ်ခုမှာ အမှတ်မထင်တွေ့ခဲ့ပါတယ်မှတ်ပုံတင်မေ့လာခဲ့လို့ ဆေးလိပ်ဝယ်မရဖြစ်နေတဲ့ ဂျီဆူကို အပျိုကြီးက ဆေးလိပ်ဝယ်တိုက်လိုက်တာပါအဲ့နောက်မှာတော့ သူတို့ ဘယ်လိုတွေဆက်တွေ့ပြီး ချစ်သူဖြစ်သွားမလဲ.......Lesbian အတွဲလေးဖြစ်တာကြောင့် ဘယ်လို ပြဿနာလေးတွေကြုံရမလဲ......အဆုံးထိ လက်တွဲနိုင်မှာလားဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်18+ ဇာတ်ဝင်ခန်း အနည်းငယ်ပါတာမို့ မိသားစုနဲ့တူတူ ကြည့်ရှုဖို့ မသင့်တော်ပါဘူး ဒီဇတ်ကားကိုတော့ Hay Thar Oo ကဘာသာပြန်ပေးထားပါတယ်File Size - 896MB Quality - HDRip File Type - ...
movie
Our Love Story (2016)
2016
Love Actually (2003)
Love Actually (2003) ================ အခုလိုခရစ္စမတ်ကာလနီးလာတဲ့အချိန်လေးမှာ ခရစ္စမတ်ပါဝင်တဲ့ဇာတ်လမ်းကိုကြည့်ရတဲ့အရသာဟာ အင်မတန်ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတာအမှန်ပါပဲ (ကိုယ့်တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှမမြင်ဖူးတဲ့ နှင်းပွင့်လေးတွေကိုစိတ်ကူးယဉ်ရတဲ့feelလေးနဲ့ပေါ့) အဲ့ဒီထဲမှာမှ ကိုယ်သဘောကျတဲ့မင်းသားမင်းသမီး သရုပ်ဆောင်တွေကိုတစ်စုတစ်ဝေးထဲမြင်တွေ့ရမယ်ဆို အတိုင်းထက်လွန်းကျေနပ်ဖို့ကောင်းပြီမဟုတ်ပါလား ဗြိတိန်ရဲ့နာမည်ကျော်သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ မင်းသားကြီး Liam Nesson , Alan Rickman Colin Firth,Bill Nighy ,Rowan Atkinson ချစ်စရာမင်းသမီးချောလေး Keira Nightly နဲ့ Laura Linney တို့ကိုတစ်နေရာထဲမှာ မြင်လိုက်ရတာနဲ့တင်အချိန်ပေးရကျိုးနပ်သည့်အပြင် ဖွဲ့စည်းထားတဲ့ဇာတ်လမ်းဟာဆိုရင်အပြစ်ဆိုရက်စရာမရှိ နှစ်လိုဖွယ်ကောင်းလွန်းတယ်လို့ပင်ညွှန်းရမယ့် ဇာတ်လမ်းဟောင်းလေးတစ်ခုပါ intertwined stories လို့ခေါ်တဲ့ ဇာတ်လမ်းတစ်ခုထဲမှာမတူညီတဲ့ဇာတ်လမ်းလေးတွေကို ယှက်နွယ်ပြီးပြသွားလေ့ရှိပုံစံရုပ်ရှင်ကားမျိုးတွေကို သဘောကျတတ်တဲ့သူတွေပိုပြီးအကြိုက်တွေ့မှာပါ ဝမ်းသားခြင်းကြည်နူးခြင်းဝမ်းနည်းရခြင်းတွေနဲ့ Love actually ဇာတ်ကားဟာ Drama/Comedy/ Romance စသဖြင့် ရသမျိုးစုံကိုပေးတဲ့ Family Type Friendship အသားပေးထားတာဖြစ်တဲ့အတွက် ခရစ္စမတ်ချိန်ခါအားလပ်ရက်မှာမိသားစုနဲ့အတူ အချိန်ပေးပြီးကြည့်ရန်လည်းအသင့်တော်ဆုံးပါပဲ အညွှန်းလေးအကျဉ်းချုပ်ပြောရရင်.... မူးယစ်ဆေးဖြတ်ပြီးအဆိုတော်ပြန်လုပ် ခပ်ကြောင်ကြောင်စကားလုံးတွေပြောပြီး ခရစ္စမတ်သီချင်းတစ်ပုဒ်ကိုဆိုနေတဲ့ ခေတ်ဟောင်းအဆိုတော်အဘိုးကြီးတစ်ယောက် အမေရိကားကိုရောက်မှစော်ကြည်မယ်ထင်ပြီး မိမိမွေးရပ်မြေကိုစွနိ့ခွာချင်နေတဲ့ ဗြိတန်သားငနဲလေးတစ်ယောက် အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာပွဲကို အခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီး ကင်မရာလေးနဲ့ရိုက်ပြီးအမှတ်တရပုံရိပ်ကို တိတ်တခိုးခံစားချက်တွေနဲ့အတူ ခိုးပြီးသိမ်းဆည်းထားတဲ့ကောင်လေးတစ်ယောက် ဝန်ထမ်းကောင်မလေးကိုအပေါ်မှာ ချစ်စိတ်ဝင်မိရာကနေ အမေရိကန်သမ္မတကိုတောင် ချေပနိုင်တဲ့စကားတွေပြောဖြစ်သွားရာကနေ ပြည်သူရဲ့အချစ်တော်အင်္ဂလန်ဝန်ကြီးချုပ်တစ်ယောက် ဖောက်ပြန်တဲ့မိန်းမကိုလက်ပူးလက်ကြပ်မိပြီး စိတ်နာနာနဲ့ ပြင်သစ်ကတော့ရွာလေးဘက်ကို ခရီးထွက်အနားယူရာမှတွေ့ဆုံခဲ့သော ပေါ်တူဂီမလေးကိုချစ်မိသွားတဲ့လူတစ်ယောက် Real sex မဟုတ်တဲ့ဟန်ပြသရုပ်ဆောင် အပြာကားရိုက်ရင်းတကယ်ချစ်မိသွားတဲ့ချစ်သူနှစ်ဦး သူဋ္ဌေးဖြစ်သူကိုစနိုက်ကြော်ရန်လိုက်ကပ်နေတဲ့ စာရေးမလေးနဲ့ သူဋ္ဌေးရဲ့မိန်းမမိသားစုအကြောင်း ရုံးတစ်ခုထဲမှာအတူတူလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်လေးကိုတစ်ဖတ်သတ်အချစ်နဲ့ ၂နှစ် ၇လနဲ့ ၃ရက်တိုင်အောင်ထိ ဖွင့်ဟပြောဖို့ရန်အခြေအနေမပေးတဲ့ ကောင်မလေးတစ်ယောက်အကြောင်း စသဖြင့် မတူညီတဲ့ဇာတ်လမ်း ၈ ခုဟာဘယ်မျိုးသော အကြောင်းအရာတွေနဲ့ ချိတ်ဆက်နေမလဲ ကြည့်နေတဲ့ပရိတ်သတ်ကိုဝမ်းသာကြည်နူးတစ်လှည့် ဝမ်းနည်းကြေကွဲစရာလေးတွေနဲ့တစ်ဖုံ ခံစားမှုတွေရမယ်ဆိုတာသေချာပါတယ် Love actually ဇာတ်ကားဟာ Nominated 27 နဲ့ Winners 10 ခုကို ရရှိထားဖြစ်ပြီး အကောင်းဆုံးဇာတ်ပို့ဆုတွေကို မင်းသားကြီး Bill Nighy နဲ့ မင်းသမီးကြီး Emma Thompson တို့ကအများဆုံးရထားကြပြီး 2017 ခုနှစ်မှာတော့ Red Nose Day Actually ဆိုတဲ့ မိနစ်ပိုင်းစာလေးနဲ့အလွမ်းပြေတင်ဆက်ပေးခဲ့ပါတယ် အကယ်၍ Sequal များဆက်ထွက်ခဲ့မယ်ဆိုရင်လည်း Alan Rickman ...
movie
Love Actually (2003)
7.7
You Are the Apple of My Eye (2011)
(Zawgyi) အချစ်အကြောင်းတွေ မျိုးစုံအောင် နားရည်ဝဝ ကြားဖူးခဲ့ကြမယ်...ပေးဆပ်ခြင်းတွေ ရယူခြင်းတွေ အတ္တတွေကြားညှပ်ပြီး ဝါဒဆန်ဆန်လဲ ထူးဆန်းဖူးခဲ့ကြမယ်...ခမ်းနားခြင်း ချမ်းသာခြင်း ဆင်းရဲခြင်းတွေကြားက ရောင်စုံအချစ်တွေအကြောင်းလဲ တရားကျဖူးခဲ့ကြမယ်...အံ့သြစရာကတော့ ကြားဖူးသမျှနဲ့ ခံစားရတာက တခြားစီ ဖြစ်နေမယ်ဆိုတာပဲ....တကယ်တော့ အချစ်မှာ ရိုးသားဖြူစင်တာကလွဲလို့ ကျန်တဲ့ဘယ်ကဏ္ဍမှ မပါဘူးလို့ ဒီဇာတ်ကားလေးက သက်သေပြနေမယ်...တချို့ငြိမ်းချမ်းရေးတွေက ဆွေးနွေးစရာမလိုတဲ့အချိန်မှာ ရလိမ့်မယ်....ချစ်ခြင်းလဲအတူတူပါပဲ...သူ့အလိုလို နေရင်းထိုင်ရင်း တဖြေးဖြေးကျွံကျ နစ်ဝင်သွားတာမျိုး....သတိထားမိတဲ့အချိန်မှာ အချစ်ဆိုတာဘာလဲလို့ အဓိပ္ပါယ်ဖွင့်စရာမလိုအောင် ကိုယ်တိုင်က ချစ်ခြင်းဖြစ်နေလိမ့်မယ်...အပိုတွေကို သိပ်တော့လဲ အံ့သြစရာမရှိပါဘူး...စကားလုံးတွေကြား လူသားတွေညှပ်နေတာ ကြာခဲ့ပြီကော...ဒါပေမယ့် ဖြေသိမ့်စရာက ချစ်ခြင်းဆိုတာကို အဓိပ္ပါယ်ဖွင့်ခံစားဖို့ ဒီလိုဇာတ်ကားလေးတွေ ကျန်နေသေးတယ်။ဒီဇာတ်ကားကို ဘယ်လိုမှ လက်လွတ်မခံပါနဲ့ မိတ်ဆွေ... ကိုယ့်နှလုံးသားကို ကိုယ်ပြန်မြင်ရဖို့အခွင့်အရေးကို မိမိရရဆုပ်ကိုင်ထားပါ။IMDb Rating (7.7) ရရှိထားတဲ့ ထိုင်ဝမ်အချစ်ဇာတ်ကားစစ်စစ်လေးပါ။ (Unicode) အချစ်အကြောင်းတွေ မျိုးစုံအောင် နားရည်ဝဝ ကြားဖူးခဲ့ကြမယ်...ပေးဆပ်ခြင်းတွေ ရယူခြင်းတွေ အတ္တတွေကြားညှပ်ပြီး ဝါဒဆန်ဆန်လဲ ထူးဆန်းဖူးခဲ့ကြမယ်...ခမ်းနားခြင်း ချမ်းသာခြင်း ဆင်းရဲခြင်းတွေကြားက ရောင်စုံအချစ်တွေအကြောင်းလဲ ...
movie
You Are the Apple of My Eye (2011)
2011
HEVC 1080p 5.1
7.0
Your Name Engraved Herein (2020)
[Unicode]BLကားလေးတွေ ကြိုက်နှစ်သက်သူတွေအတွက် ( Dec 23 ) မနေ့ကမှ ထွက်ထားတဲ့ အရမ်းရိုဆန်တဲ့ ကားလေး လာပါပြီနော် ဒီကားလေးကတော့ ၁၉၈၇ခုနှစ် ထိုင်ဝမ်မှာ စစ်အုပ်ချုပ်ရေး ရုတ်သိမ်းလိုက်ခါစ ခေါတ်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးပုံဖော်ထားတာပါ။ဒီဇာတ်ကား ဇာတ်အိမ်တည်တဲ့ ၁၉၈၇ခုနှစ်မှာဆိုရင် လက်ရှိကာလလို ပွင့်ပွင့်လင်းလင်း ရှိတဲ့အချိန်အခါမဟုတ်တာကြောင့် လိင်တူကြိုက်နှစ်သက်တာကို ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ခဲ့ကြပါတယ် ။အဲဒီတုန်းက လိင်တူကြိုက်တဲ့လူကို အထင်သေးစက်ဆုပ်စရာလို့ မြင်ခဲ့ကြပြီး သူတို့ဟာ အဖိနှိပ်ခံ အနိုင်ကျင့်ခံတွေ ဖြစ်ခဲ့ကြတာပါ ။ဇာတ်ကြောင်းလေးကတော့....စည်းကမ်းကြီးလှတဲ့ ယောကျာ်းလေး ခရစ်ယာန်ကျောင်းမှာ ဘတ်ဒီလို့ အများကခေါ်ကြတဲ့ကောင်လေးဟာ မကြာခဏဆိုသလို ကျောင်းစည်းကမ်း ဖောက်ဖျက်လေ့ရှိပါတယ်အဲ့ဒီလူဆိုးလေး ဘတ်ဒီ ကို ချန်ကျားဟန်ဆိုတဲ့ကောင်လေးက ဂရုစိုက်ပေးရင်း သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သူငယ်ချင်းသံယောဇဉ်ထက်ပိုပြီးချစ်မိသွားကြတယ်အချစ်စစ်ဆိုတာ ဖြောင်းဖြူးရိုးထုံးစံမရှိဆိုသလိုမျိုးပဲလိင်တူချစ်သူတွေကို လက်မခံနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ မိဘအသိုင်းအဝိုင်းရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်လာရတဲ့အခါ သူတို့နှစ်ယောက်ရဲ့ အချစ်က ဒီလိုအခက်အခဲတွေကို သတ္တိရှိရှိနဲ့ ...
movie
Your Name Engraved Herein (2020)
2020
7.2
Unpaused(2020)
Unpaused(2020)ဇာတ်လမ်းအညွှန်းIMDb...7.2Covid 19 အဆင့်မဟုတ်တော့ဘူး Covid 30ထိတောင်ရောက်ကုန်ပြီ...အိမ်မှာနေပြီး အပြင်မထွက်ရတဲ့အချိန်ပိုများလာတဲ့အပြင်သေဆုံးတဲ့ဉီးရေကလည်း များပြားလွန်းလှတယ်...ဒါ့ကြောင့် အဟန်ဆိုတဲ့သူဟာ အိမ်မှာနေတယ် ..onlineကနေ ဘွဲ့တွေယူတယ်...ဘွဲ့လက်မှတ်တွေနံရံအပြည့်...နောက်ဆုံး စားဖိုမှူးဘွဲ့တောင်ကောက်ယူလိုက်သေးတယ်....ကြိုးခုန်တယ်...Tvကြည့်တယ်...နည်းပညာအကူအညီရယူပြီး onlineကနေ ဆော်တွေပတ်ဒိတ်တယ်...အခုဆို သူဒိတ်တာ၁၉၃ယောက်ရှိပြီ....အိမ်ထဲမှာနေရတာများတော့ အထီးကျန်ခြင်းတွေကို ဖြေဖျောက်ဖို့ ကောင်မလေးတွေနဲ့ဒိတ်လိုက်စိတ်တိုင်းမကျလိုက်နဲ့...နောက်တော့ အင်္ကျီအနီဝတ်ထားတဲ့ ၁၉၄ယောက်မြောက်ခပ်လှလှမိန်းကလေးနဲ့ တွေ့တော့မှာတလွဲကြီးတွေစဖြစ်တော့တာပဲ...ဒီကားက Covidကာလအတွင်းရိုက်ကူးထားတာဖြစ်ပြီး အခုလက်ရှိအဖြစ်အပျက်တွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြထားသလို ရယ်လည်းရယ်ရပါတယ်...အားပေးမှုများတဲ့ဇာတ်ကားဖြစ်လို့ ကြည့်သင့်ပါကြောင်း...File Size : (1.98GB) and (979 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:53:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Unpaused(2020)
6.3
Woman of the Photographs (2020)
Woman of the Photographs (2020)========================= သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်တဲ့ ကိုင်ဟာ ဓါတ်ပုံဆရာတစ်ဦးဖြစ်ပါတယ် သူဟာအင်းဆက်တွေ အကောင်ပလောင်တွေကိုလူတွေထက်ပိုပြီး စိတ်ဝင်တစားရိုက်ကူးချင်တဲ့သူမျိုးဖြစ်ပါတယ် သူ့အဖေထားခဲ့တဲ့စတူဒီယိုတခုအမွေရထားလေတော့ သူတတ်တဲ့ပညာလေးနဲ့ဓါတ်ပုံရိုက် retouchလုပ်ရင်းအသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ပါတယ် မိတ်ဆွေတစ်ဦးထဲရှိပြီး အဲ့ဒီမိတ်ဆွေကပဲသူ့ရဲ့အခိုင်အမာဖောက်သည်တစ်ဦးပါ ခုချိန်ထိရည်းစားထားဖို့မပြောနဲ့ မိန်းကလေးတွေကိုဆိုရင်တောင်ရှောင်ဖို့စဥ်းစားနေတဲ့သူကတနေ့တော့ တောထဲမှာအင်းဆက်လေးတွေကို ဓါတ်ပုံရိုက်နေရင်း စိတ်ဝင်စားစရာမိန်းကလေးတစ်ဦးကိုတွေ့ရှိခဲ့ပါတော့တယ် မိန်းကလေးတို့ရဲ့သဘာဝ ဓါတ်ပုံလှလှလေးတွေရိုက်ပြီး အင်တာနက်ပေါ်တင်ကာ like ,follower တွေကို ဘဝမှတ်နေသူလေးပါ သူချစ်တဲ့မိန်းကလေးကိုဆန္ဒတွေပြည့်ဝစေဖို့သူတတ်တဲ့ပညာနဲ့ဓါတ်ပုံတွေရိုက်ပေး retouchလုပ်ပေးရင်းက ဘယ်လိုတွေဘဝသင်ခန်းစာရကြမလဲဆိုတာစောင့်ကြည့်ရမှာပါ သင်တို့ပါတ်ဝန်းကျင်မှာ like ,follower ကို ဘဝမှတ်နေတဲ့သူတွေရှိရင် လက်တို့ပြီးအတူကြည့်လိုက်ကြပါဦး Translated and Reviewed by : Nay ChiEncoded by : YKQuality : 720pFile Size : 958MBDuration : 1h 29minsSubtitle : Myanmar ( hard sub )
movie
Woman of the Photographs (2020)
2020
5.7
The Last Christmas Party (2020)
The Last Christmas Party (2020)=========================IMDb Rating - 5.7/10#Unicodeခရစ်စမတ်မတိုင်ခင် CM ပိရိသတ်တွေအတွက် ခရစ်စမတ် Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.....ဒီဇာတ်ကားကတော့ ခရစ်စမတ် ကျောင်းပိတ်ရက်မတိုင်ခင် ခရစ်စမတ်ပါတီလုပ်ရင်း ကောလိပ်ကျောင်းသားစုံတွဲသုံးတွဲရဲ့ အချစ်ရေးဇာတ်လမ်းကို ကြည့်ရှုရမှာပါ? စတီဗင်နဲ့ ကာရိုလင်း၊ အက်နဲ့ ဂျွန်၊ ချာလီနဲ့ လော်ရာ . . .ကျောင်းပိတ်ရက်မတိုင်ခင် ခွဲခွာကြရမယ့် စုံတွဲသုံးတွဲရဲ့ ပြဿနာတွေနဲ့ သူတို့ရဲ့ အချစ်ပေါ်မှာ ခံယူချက်တွေကဘယ်လိုတွေရှိလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပါ။ ဒရမ်မာကားကြိုက်တဲ့သူတွေအတွက် ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်....... ဒီဇာတ်ကားလေးဟာ ငြိမ့်ငြိမ့်လေးနဲ့ အတော်ကြည့်လို့ကောင်းပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။) #Zawgyiခရစ်စမတ်မတိုင်ခင် CM ပိရိသတ်တွေအတွက် ခရစ်စမတ် Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.....ဒီဇာတ်ကားကတော့ ခရစ်စမတ် ကျောင်းပိတ်ရက်မတိုင်ခင် ခရစ်စမတ်ပါတီလုပ်ရင်း ကောလိပ်ကျောင်းသားစုံတွဲသုံးတွဲရဲ့ အချစ်ရေးဇာတ်လမ်းကို ကြည့်ရှုရမှာပါ? စတီဗင်နဲ့ ကာရိုလင်း၊ ...
movie
2020
6.9
Shithouse (2020)
Shithouse (2020)=============IMDb Rating - 6.9/10#Unicodeဒီကားလေးက အမေချစ်သားလေး ကောလိပ်ကိုရောက်လာတော့ ဘယ်လိုအခက်အခဲတွေကြုံရလဲဆိုတာ ရိုက်ပြထားတာပါ။အဲလက်က အဖေ မရှိတော့တဲ့နောက်ပိုင်း အမေနဲ့ ညီမလေးနဲ့နေတဲ့ လူငယ်လေးတစ်ယောက်။ အထက်တန်းပြီးတော့ ကောလိပ်ရောက်တော့ အမေချစ်သားလေးမှာ ပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာရှိလာကော။ အခန်းဖော်အရက်သမားနဲ့ကလည်း မေးပြောခေါ်ထူးလောက်ဘဲရှိ။ အခြား သူငယ်ချင်းတွေကလဲမရှိ။ တစ်ရက် shithouse ပါတီကို အခန်းဖော်ယစ်ထုပ်နဲ့သွားတက်ပြီးနောက်ဘာတွေဆက်ဖြစ်မလဲ။ အမေချစ်သားလေး အဲလက် ကောလိပ်မှာ ကျောင်းပျော်ကြီး ဖြစ်မလား FA ဘဝနဲ့ဘဲ ကျောင်းပြီးမလားကိုစိတ်ဝင်တစားကြည့်ရမှာပါ . Comedy, Drama, Romance အမျိုးအစားကို ပီပီသသလေးရိုက်ပြထားတာတွေ့ရပါတယ်။တစ်ချို့ဇာတ်ဝင်ခန်းတွေက 18+ ဆန်ဆန်လေး တစ်ချို့ပါတယ်ဆိုတော့ သတိပေးပါရစေ . မင်းသမီးလေးကတော့ လှသား :P(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Z Naing Z Nianh ပဲဖြစ်ပါတယ်။) #Zawgyiဒီကားလေးက အမေချစ်သားလေး ကောလိပ်ကိုရောက်လာတော့ ဘယ်လိုအခက်အခဲတွေကြုံရလဲဆိုတာ ရိုက်ပြထားတာပါ။အဲလက်က အဖေ ...
movie
Shithouse (2020)
2020
6.0
Wild Mountain Thyme(2020)အညွှန်း**********************************ခေါင်းမာပြီး တဇွတ်ထိုးနိုင်တဲ့ ရိုစ့်မယ်ရီမယ်ဒွန်းဆိုတဲ့ကောင်မလေး။ငယ်ငယ်ကတည်းက ကြိတ်ကြိုက်ခဲ့ရတဲ့ အန်တိုနီရိုင်လီဆိုတဲ့အိမ်နီးချင်းကောင်လေးရဲ့ အချစ်ကိုပိုင်ဆိုင်ရဖို့သူမရဲ့ နှလုံးသားကို ပြင်ဆင်ထားတယ်။ ဟိုဖက်အိမ်က ကောင်ကလေးပေါ့။ဒါပေမဲ့ အန်တိုနီက မိသားစုကိစ္စပြဿနာတွေနဲ့ အလုပ်ရှုပ်နေပြီး သူမရဲ့အချစ်ကို မမြင်ခဲ့ဖြစ်နေပါတယ်။တနေ့ သူမရဲ့အမေဆုံးပါးသွားတဲ့နောက်မှာတော့ လောကကြီးအပေါ် ရှုမြင်ပုံတွေပြောင်းလဲသွားပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဉီး...ဒီကားမှာ Fifty Shapes of Gery ရဲ့ မင်းသားချော Jamie Dornan နဲ့ A Quiet Place ကမင်းသမီး Emily Blunt တို့က အတွဲညီညီသရုပ်ဆောင်ထားပြီးရသတစ်မျိုးရစေမယ့် ကားကောင်းတစ်ကားပဲဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thithtoo Zawပဲဖြစ်ပါတယ်... File Size :(1.8GB) and (961MB) Quality :WEB-DL1080P, 720p Format…mp4 Duration…01:48:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thithtoo Zaw Encoded by ...
movie
Wild Mountain Thyme(2020)
7.2
[18+] A Frozen Flower (2008) Director’s Cut Version
ဒီကားကတော့ အတော်လေးထူးခြားတဲ့ ဇာတ်ကားပါ......တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားတဲ့ ရာဇဝင်ဇာတ်ကားဖြစ်ပြီးတော့လူတွေရဲ့ Dark Side ခြမ်းကို ထင်ပေါ်အောင် ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်...မင်းသမီးက Running Man ရဲ့ နာမည်ကျော် Song Ji Hyo ဂျီဟိုဖြစ်ပြီး သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ဩချရမှာပါ..။မင်းသားတွေကလဲ နာမည်ကျော်တွေချည်းပါပဲ...Jo In-sung , Joo Jin-Mo တို့အဓိကနေရာကပါဝင်ထားပြီးတော့ အဲ့ခေတ်ကနာမည်မရှိသေးတဲ့ Song Joong‑ki တောင် အရံအဖြစ် ပါဝင်ထားတာပါ။ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်....Gore ရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ Joo Jin Mo ဟာ Gay တစ်ယောက်ပါ...ဘုရင်ကဂေးတာဆိုတော့ ပွဲက လှနေပါပြီ...သူဟာ ယမ်မင်းဆက်ရဲ့မင်းသမီး Song Ji Hyo နဲ့လက်ထပ်ခဲ့ပေမယ့်သူတို့မှာထီးနန်းကိုဆက်ခံနိုင်မယ့် သားသမီးမထွန်းကားလာခဲ့ပါ....အဲ့ဒါကြောင့်ပဲ မင်းကြီး Joo Jin Mo နဲ့ ယမ်မင်းဆက်ဘုရင်ကြီးတို့မှာ ဖိအားတွေရှိလာခဲ့ပါတယ်...တစ်ဖက်မှာတော့ မင်းကြီး Joo Jin Mo ရဲ့ ကိုယ်ရံတော်ဖြစ်တဲ့ ...
movie
[18+] A Frozen Flower (2008) Director’s Cut Version
2008
HEVC 1080p 5.1
5.5
My Wife Got Married (2008)
My wife got married 2008 ------------------------------------------ တစ်ရက်မှာ မထင်မှတ်ပဲ ကျွန်တော်သိပ်ချစ်ရတဲ့ သူမနဲ့ ပြန်ဆုံတွေ့ခဲ့တယ်..... သူနဲ့ပက်သက်ရင် အမြဲလွဲတတ်တဲ့ ကျွန်တော်ဟာ ဒီတခါတော့ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုနဲ့ ပြန်ဆုံတွေ့ခဲ့ရပြီး ချစ်ကြိုးသွယ်နိုင်ခဲ့တယ်........ ဒါပေမယ့် ကျီစားတတ်တဲ့ ကံကြမ္မာရဲ့လှည့်စားမှုကြောင့် တနေ့မှာ မထင်မှတ်ပဲ သူ့စကားတခွန်းကြောင့် ကျွန်တော်ဘဝထပ်ပြီး လမ်းပျောက်ခဲ့ရပြန်ပါတယ်..... သူပြောခဲ့တဲ့စကားက "သူ့မှာနောက်တစ်ယောက်ရှိနေကြောင်းနဲ့ သူ့ကိုပဲ လက်ထပ်ချင်ကြောင်းပါ"ပဲ................ တစ်နေ့မှာ ဒေါ့ဟွန်းဟာ အရင်က လုပ်ဖော်ကိုင်ဖက်အနေနဲ့ တဖက်သတ်လဲ ချစ်ခဲ့ရတဲ့ ဂျူအင်နာကို ပြန်တွေ့ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ နှစ်ယောက်လုံးက ဘောလုံးပွဲကြည့်ရတာ ဝါသနာပါနေခဲ့ကြတယ်။ ဂျူအင်နာရဲ့ စိတ်ဓာတ်တွေ ဝါသနာတွေ ချစ်ဖို့ကောင်းမှုနဲ့ ဆွဲဆောင်မှုရှိတာတွေကြောင့် ချစ်သူတွေဖြစ် လက်ထပ်ကြပြီး အပျော်ကြီးပျော်နေခဲ့ကြပေမယ့် တစ်ရက်မှာ ရုတ်တရတ် ဂျူအင်နာက သူ့မှာနောက်တစ်ယောက်ရှိနေပြီဖြစ်ကြောင်း ဒေါ့ဟွန်းကို အသိပေးလာတော့တယ်။ ဒေါ့ဟွန်းအနေနဲ့ သူသိပ်ချစ်ရတဲ့ မိန်းကလေး ပျော်စေချင်တဲ့စိတ်နဲ့ ပေးဆပ်တဲ့အချစ်နဲ့ လက်လွှတ်လိုက်မလား အတ္တစိတ်နဲ့ သူမကို ပြန်လွန်ဆွဲမလား ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားလေးပါ........... Translated by : Jerrica Encoded by : YK Quality : 1080p ...
movie
My Wife Got Married (2008)
2008
5.4
Middleton Christmas 2020
Middleton Christmas ဇာတ်ကားက Romanceအမျိုးအစားလေးပါ မကြာခင်ကျရောက်လာတော့မဲ့ခရစ်စမတ်ပွဲတော်အကြောင်း အသားပေးရိုက်ကူးထားတဲ့ဇာတ်ကားလေးပါပဲ ဇာတ်လမ်းအကျဥ္းက Middletonကိုယ်ပိုင်အထက်တန်းကျောင်းကို ဖလော်ရီဒါကပြောင်းလာတဲ့ကျောင်းသားလေး မက ်စ်နဲ့ အရည်အချင်းရှိတဲ့သူ့အဖေကို ကျောင်းအုပ်ဆရာမကြီးက အလုပ်ခန့်လိုက်ပါတယ် ကျောင်းအုပ်ဆရာမကြီးရဲ့သမီး ဆမန်သာနဲ့မက ်စ်တို့မထင်မှတ်ပဲတွေ့ဆုံပီးနောက် အတန်းဖော်တွေဖြစ်လာခဲ့ပါတယ် ဆမန်သာမှာအစကရည်းစားရှိပေမဲ့သူ့ကို တကယ်မချစ်ဘူးဆိုတာနားလည်သွားပီးနောက် မှာ မက ်စ်အပေါ်စိတ်ယိုင်လာခဲ့ပါတယ် တစ်နေ့မက ်စ်ကိုတွေ့ဖို့ကားမောင်းလာရင်း accidentဖြစ်ပီး ကျောက်ကပ်ပျက်စီးသွားခဲ့ပါတယ် ဒါကိုသိတဲ့သွေးအမျိုးအစားတူတဲ့ ဆမ်ရဲ့အရင်ရည်းစားက လှူဖို့ပြင်ဆင်ခဲ့ပေမဲ့သူ့မိဘတွေကခွင့်မပြုခဲ့ပါဘူး မက ်စ်ကတော့အဖေကိုတောင်အသိမပေးပဲခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ် ခွဲစိတ်မှုအပီးမှာ ဆမ်ကချက်ချင်းသက်သာလာခဲ့ပေမဲ့ မက ်စ်ကတော့သတိမေ့နေခဲ့ပါတယ် ဒီလိုအခက်အခဲတွေရင်ဆိုင်ပီးနောက် မှာ မက ်စ်ပြန်လည်ကျန်းမာလာမလား သူတို့နှစ်ယောက်ပေါင်းစည်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ File Size :(1.4 GB) and (700 MB) Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:40:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Zora Yang Encoded by Littleneohttps://megaup.net/Ulnq/The.Big.Bang.Theory.S01E16.The.Peanut.Reaction.1080p(CM).mp4
movie
Middleton Christmas 2020
6.8
Love You Forever
Love you forever (2020) တရုတ်ကျောင်းသားကားလေး ကြည့်ကြမလား ?? ကျောင်းသားကားလေးရယ်လို့မဟုတ်ဘူး....... ဘယ်လိုပြောရမလဲ အချစ်ကားပေါ့... ဟုတ်တယ် အချစ်ကား....... ဘာသာပြန်တဲ့သူတောင် ချစ်သူကို သတိရသွားတဲ့အထိ စွဲဆောင်လွန်းတဲ့ အချစ်ကား... မိသားစုနဲ့ကြည့်လည်း သင့်လျော်ပြီး ဒီကားလေးကို ဒေါင်းပြီး ချစ်သူကိုပေးလိုက်ရင်တော့ စပါယ်ရှယ်ပါပဲ... ထားပါ...ဇာတ်လမ်းလေးပြောရအောင်.. ငယ်ငယ်လေးကတည်းက ကစားဖော်ကစားဖက် လင်းကော် နဲ့ ချိုးချန်း က ၆ နှစ်လောက်မှာကွဲသွားခဲ့ပါတယ်။ အဲ့တုန်းက ကစားနေရင်းနဲ့ လက်ပတ်နာရီတစ်လုံးကောက်မိရာက ဇာတ်လမ်းစတာပဲ။ အထက်တန်းရောက်တော့ သူတို့နှစ်ယောက်ပြန်တွေ့ပါတယ်။ ကျောင်းသားသဘာဝ ပျော်ပျော်ရွှင်ရွှင်ပေါ့... အဲ့လိုနဲ့ ကောင်လေး မွေးနေ့မှာ မထင်မှတ်ဘဲ ချိုးချန်း က ကားမတော်တဆမှုနဲ့ အသက်သေဆုံးခဲ့ပါတယ်။ ဆေးရုံမှာ လင်းကော် ကတော့ ကောက်ရတဲ့လက်ပတ်နာရီကို ကိုင်ပြီး ငိုယိုနေခဲ့တာပေါ့... ထပ်ပြောချင်ပေမယ့် ... spoil မှာကြောက်လို့ မပြောတော့ဘူး “ချစ်နေမယ် အချိန်တွေမကုန်ဆုံးခင်ထိပေါ့” တကယ် ရင်ထဲထိလို့ ၁၀၀ ရာခိုင်နှုန်း ကြည့်ဖို့ တိုက်တွန်းပါတယ်နော်..... File Size - 1.6GB, 759MB Quality - 1080P, 720P Subtitle - Myanmar (Hardsub) Translator - Jo Jo Va Encoder - ...
movie
Love You Forever
2020
7.0
Last Letter (2020)
movie
Last Letter (2020)
2020
6.0
Tum Mile(2009)
Tum Mile(2009)Emraan Hashmi နဲ့ Soha Ali Khan တို့ရဲ့ Romance/Drama ဇာတ်ကားလေး တစ်ကား ဖြစ်ပါတယ်။မိုးလေဝသ စောင့်ကြည့်ရေး ဌာနမှ ဝန်ထမ်းတစ်ဦးက မိုးသက်လေပြင်း ကျတော့မယ့် အရိပ်အကဲတွေ့တဲ့အတွက်ကြောင့် လေယာဥ်ကွင်းကို အကြောင်းကြားဖို့ လုပ်ပါတယ်။ ဒါပေမယ့် တစ်ခြားဝန်ထမ်းတွေက အကြောင်းကြားရင်လဲ ဘာမှ ထူးမှာမဟုတ်ကြောင်း ပြောတာကြောင့် ဒီအတိုင်းပဲထားလိုက်ပါတယ်။ လေယာဥ်ထဲမှာ မွန်ဘိုင်းကိုပြန်ကြမယ့် အက်ရှေးနဲ့ စန်ဂျနာ တို့ ပါလာပါတယ်။ အက်ရှေးနဲ့ စန်ဂျနာက လွန်ခဲ့တဲ့ ၆ နှစ်က ချစ်သူတွေဖြစ်ခဲ့ကြပြီးအကြောင်းအမျိုးမျိုးကြောင့် ပြတ်စဲသွားတဲ့ ချစ်သူဟောင်းတွေပါ... သူတို့ရဲ့အချစ် ဇာတ်လမ်း အသစ်တဖန် ပြန်လည် စတင်လာမှာလား...... ဘာကြောင့်ကွဲကွာ သွားခဲ့ကြတာလဲ..... မုန်တိုင်း ဒဏ်ကနေ ဘယ်လို ရှောင်ထွက်ကြမှာလဲ.... ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ပြောကြားရင်း..... ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်...File Size :(1.18GB) and (450 ...
movie
Tum Mile(2009)
First
103
104
105
106
107
Last
Previous
Next