Channel Myanmar

Romance

How to Marry a Millionaire (1953) 6.8
How to Marry a Millionaire (1953)  မယ်ရီလင် မွန်ရိုး ဆိုရင်တော့ မသိတဲ့သူရှိမယ်မထင်ပါဘူး။ 1953 တုန်းကထွက်ခဲ့တဲ့ ဒီအချစ်ဟာသ ကားထဲမှာဆိုရင် မယ်ရီလင်မွန်ရိုးက အဓိက မင်းသမီးသုံးလက်ထဲက တစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ရှေးခေတ်ဟောလိဝုဒ် ရဲ့ ရိုက်ချက်တွေ ၁၉၅၀ ဝန်းကျင်က ဖက်ရှင် တွေနဲ့ အတူ ဇာတ်မြူးလေးတစ်ခုကိုကြည့်ရှုနိုင်မှာပါ။ပိုလာ၊ ရှော့ဇီ နဲ့ လိုကို ဆိုတဲ့ မိန်းကလေးသုံးယောက်ဟာ နယူးယောက်က သူဋ္ဌေးရပ်ကွက်မှာ တိုက်ခန်းတစ်ခန်းငှားပြီး လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်နိုင်ဖို့ ကြိုးစားကြတာနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဒီလိုနဲ့ပဲ အလွဲ အလွဲတွေဖြစ်ကြတာတွေ အချစ်နဲ့ ပိုက်ဆံကြား ဗျားများရတာတွေကို ကြည့်ရှုရမှာပါ။ ရှေးခေတ် ဟောလိဝုဒ်ကားတွေကို ကြိုက်လို့ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးရယ်ချင်တာပဲ ဖြစ်ဖြစ် ဆိုရင် ဒီကားလေးက ကြည့်လို့အဆင်ပြေမှာပါ။ File size…(1.6 GB)/(820 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

How to Marry a Millionaire (1953)

For Love & Honey (2024) 6.4
For Love & Honey (2024)  ဘာဇာတ်အိမ်အရှုပ်အထွေးတွေလှည့်ကွက်တွေမှမပါပဲ နားရက်မှာစိတ်အပန်းပြေစေ ဖို့ romance ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအညွှန်းကတော့ ကျွန်းပေါ်မြို့လေးတစ်ခုမှာ မိခင်ရဲ့အမွေဖြစ်တဲ့ ပျားမွေးမြူရေးခြံကို ဆက်ခံထားပြီး အလုပ်ထဲမှာပဲ တစ်ဘဝလုံး နှစ်မြှုပ်ထားတဲ့ အီဗာ။ မြို့ရဲ့စာကြည့်တိုက်ကပျားအုံတစ်ခုကိုထိန်းသိမ်းဖို့သွားယူရင်း ရှေးခေတ်နံရံဆေးရေးပန်းချီတစ်ခုကိုရှာတွေ့ပြီးနောက် မြို့ကိုအလည်ရောက်နေတဲ့ သမိုင်းပညာရှင်လေး အော်စတင်နဲ့တွေ့ဆုံခဲ့တယ်။အော်စတင်ကလည်း ဒီပန်းချီဟာ သူ့ရဲ့သုတေသနအတွက်အရေးကြီးတယ်လို့ ယုံကြည်ထားပြီး နယ်ခံ အီဗာကို ကျွန်းတစ်လျှောက် လေ့လာရေးအတွက် ကူညီပေးဖို့တောင်းဆိုလာပါတော့တယ်။ အချစ်နဲ့ဝေးကွာနေတာကြာပြီဖြစ်တဲ့ အီဗာ ဘုကလန့်တစ်ဇွတ်ထိုးပညာရှင်လေး အော်စတင်နဲ့တွေ့ပြီးနောက် ရင်ခုန်သံတွေတစ်ဖန်ပြန်ပြီးနိုးထလာမလားဆိုတာ ကျွန်းတစ်ဝိုက် စွန့်စားခန်းလေးနဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(1.5 GB)/(840 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:24:00 Genre... Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie

For Love & Honey (2024)

The Beast (2024)
The Beast (2024) မနှစ်က ထွက်ရှိထားတဲ့ Sci-fi/Romance ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ မင်းသမီး Léa Seydoux နဲ့ မင်းသား George MacKay တို့ ဦးဆောင်ပါဝင်ထားပြီး rotten tomatoes - 86% ရရှိထားပါတယ်။ Artificial Intelligence တွေ စိုးမိုးတဲ့ ခေတ်မှာ လူသားတွေဟာ ခံစားချက်တွေကို ခြိမ်းခြောက်မှု တစ်ခုအနေနဲ့ မြင်နေကြပါတယ်။ဒီ ခံစားချက်တွေကို ရှင်းထုတ်ပြီး DNA ကို သန့်စင်ဖို့ အတွက် Gabrielle ဟာ သူ့ရဲ့ အရင်ဘဝတွေကို ခုန်ကူးရမှာဖြစ်ပါတယ်။ သူ့ရဲ့ အတိတ်ဘဝမှာ မသေဆုံးဘဲ ထာဝရရှင်သန်နေတဲ့ အချစ်ကို ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစွာနဲ့ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်တွေပဲ ကြုံခဲ့ရပါတော့တယ်။File size…(2 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:26:00 Genre... Drama, Romance , ...
movie

The Beast (2024)

Ayo Balikan (2024) 7.2
Ayo Balikan (2024) Ayo Balikan (2024)ဆဲလ်တန်လိုခေါ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးဟာ အရမ်းရိုတတ်လို့ တက္ကသိုလ်မှာ ကောင်မလေးတွေကြား ရေပန်းစားလျက်ရှိပါတယ်။ သူဟာ ကောင်မလေးတစ်ယောက်ကို သုံးရက်ထက် ပိုပြီးတော့ မတွဲတာတောင်မှ ကောင်မလေးအများစုက သူ့အချစ်ကို ရယူနိုင်ဖို ကြိုးစားနေကြတုန်းပါပဲ။ဒီလိုနဲ့ တစ်ရက်မှာတော့ ဆဲလ်တန်ဟာ သူ့ရဲ့နှလုံးသားကို နားလည်သွားပြီး သူ့ရင်ထဲမှာ တစ်ယောက်သောသူရှိနေတယ်ဆိုတာကို သိသွားပြီးတဲ့နောက်မှာတော့ ရည်းစားမပွေမရှုပ်တော့ဘဲ သူချစ်ရတဲ့ အယ်မာဆိုတဲ့ ကောင်မလေးကို ပြန်ပြီးတော့ လိုက်ဖိုကြိုးစားပါတော့တယ်။ အယ်မာဆိုတာကလည်း သူနဲ့တစ်ချိန်တခါက တွဲခဲ့ပြီးတော့ သူ့သမိုင်းမှာ ထူးထူးခြားခြား သုံးရက်မကတွဲခဲ့တဲ့ကောင်မလေးပေါ့။ဒီလိုနဲ့ ဆဲလ်တန်ဟာ အယ်မာရဲ့အချစ်ကိုပြန်ရဖို ဘယ်လိုတွေ ကြိုးစားသွားမလဲ ..... အယ်မာနဲ့ ဆဲလ်တန်တိုရဲ့ အချစ်ခရီးလမ်းကြားမှာ ဘယ်လိုအနှောင့်အယှက်တွေ ဝင်လာမလဲဆိုတာတွေကို ဟာသလေးတွေနှောပြီးတော့ ကြည့်ရှုရမယ့် အချစ်ဒရာမာဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p File size… 1.3GB | 663MB Format… mp4 Duration…. 1h 26min Subtitle…. ...
movie

Ayo Balikan (2024)

2024
My Little Bride (2004) 7.1
My Little Bride (2004) My Little Bride (2004)IMDb Rating (7)/Rotten Tomotoes (70%)ဒီဇာတ်ကားလေးကတော့ ကိုရီးယားကားတွေကို ကမ္ဘာကသတိထားမိစေခဲ့တဲ့  ၂၀၀၀ ခုနှစ်နှောင်းပိုင်း အချစ်ဟာသရုပ်ရှင်ကားလေးဖြစ်ပြီး ကိုရီးယားလှိုင်း စတင်လှုပ်ခတ်မှုမှာ နေရာတစ်နေရာကပါဝင်ခဲ့ပါတယ်။ချစ်စရာအမူအယာတွေနဲ့ ကိုရီးယားတို့ရဲ့ ရှေးရိုးစွဲရိုးရာယဉ်ကျေးမှု လူမှုဘဝနေထိုင်မှုပုံစံတချို့ကို ပေါ့ပေါ့ပါးပါးမိတ်ဆက်နိုင်ခဲ့ပြီး ကြည့်မိသူတိုင်းမှတ်မိလွယ်စေခဲ့ပါတယ်။အဓိက သရုပ်ဆာင်တွေအဖြစ် Love story in Harvard, Doctors စတဲ့ ဇာတ်လမ်းတွဲများနဲ့ နာမည်ကြီးတဲ့ မင်းသား Kim Rae Won နဲ့ အတူ အွန်စောအငယ်လေးလို့ မြန်မာတွေ အသိများတဲ့ မင်းသမီးလေး Moon Geun Young တို့ တွဲဖက် သရုပ်ဆောင် ထားပါတယ်။ဒီဇာတ်ကားမှာ  Kim Rae Won ရဲ့ အစ်ကိုကြီးတစ်ယောက်လို ရုပ်တည်ကြီးနဲ့ ပေါက်ကရတွေရော နစ်နာခံမှုတွေရောမြင်တွေ့ရမှာဖြစ်ပြီးMoon Geun Young ရဲ့ ချစ်စဖွယ် ဟန်ပန်နဲ့ ...
movie

My Little Bride (2004)

Market Mahalakshmi (2024) 8.7
Market Mahalakshmi (2024) Market Mahalakshmi (2024) "ပျံကျဈေးသည်မလေး"IMDb 8.7 ရထားတဲ့ တေလဂူး အချစ်ဟာသကားလေးဖြစ်ပါတယ် တေလဂူးရိုမန့်ဆိုတဲ့အတိုင်း အထည်ကြီး အထက်တန်းလွှာအချစ်ထက် လမ်းဘေးအချစ်ကိုသာ ဦးစားပေးထားတဲ့ ရုပ်ရှင်လေးပါဒီကားထဲက ဇာတ်လိုက်ကျော်ဟာဆိုရင် အဖေရဲ့ဇွတ်တိုက်တွန်းမှုကြောင့် အင်ဂျင်နီယာကျောင်းကိုတက်ခဲ့ရပြီး လစာဝင်ငွေကောင်းရလာတဲ့အချိန်မှာလည်း အဖေဖြစ်သူက မိန်းမအတင်းပေးစားချင်ပြန်ပါတယ်အိန္ဒိယသားရှင်တို့ထုံးစံအတိုင်း တင်တောင်းငွေ အပုံလိုက်လိုချင်တဲ့ အဖေအမေတို့ တိုက်တွန်းတဲ့ ကြင်ယာလောင်းတွေ တစ်ယောက်ပြီးတစ်ယောက် တွေ့ခဲ့ပေမယ့်လည်း သူလိုချင်တဲ့ အရည်အသွေးမျိုး ရှိမနေလို့ ကြံရခက်နေချိန်မှာစွာတေးလန်ဈေးသည်မလေး မဟာလက်ရှ်မီးနဲ့ ဆုံခဲ့ရတယ် မတူခြားနားလှတဲ့ ဘဝနှစ်ခုပေါင်းဆုံဖို့ စိန်ခေါ်မှုမျိုးစုံ တွေ့ကြုံရပုံကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size… 2.63GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Market Mahalakshmi (2024)

2024
Ancika (2024) 6.9
Ancika (2024) Ancika: Dia yang Bersamaku 1995  ( 2024 )ဒီအင်ဒိုနီးရှားအချစ်ကားက ၁၉၉၅မှာ ဆန္ဒပြပွဲတွေဖြစ်တဲ့အချိန်မှာ ဇာတ်အိမ်တည်ထားတယ်။ အထက်တန်းကျောင်းသူလေးနဲ့ တက္ကသိုလ်ကျောင်းသား ငပေငရေကောင်လေးနဲ့ရဲ့ အချစ်ဇာတ်လမ်းကို ခေတ်ဟောင်းစတိုင်လေးနဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ကြည့်ရမယ့် ရုပ်ရှင်ဆိုလည်း မမှားဘူး။  ဘတ်ဆဲလ်လားစာအုပ်ကို ပြန်ရိုက်ထားတယ်။ ကောင်လေးက မော်တော်ဆိုင်ကယ်ဂိုဏ်းခေါ် လမ်းသရဲဂိုဏ်းက အဖွဲ့ဟောင်း။ ကောင်မလေးက စာကြမ်းပိုးမလေး။ ကောင်မလေးအစ်ကိုနဲ့ ကောင်လေးက ရင်းနှီးတော့ ကောင်မလေးအိမ်ကို လာရာကနေ ကောင်လေးက ကောင်မလေးကို ကြိုက်သွားတယ်။ ကောင်လေးက ဆိုးတဲ့မိုက်တဲ့နေရာမှာ နာမည်ကျော်သလို ရုပ်ချောချမ်းသာတော့ တစ်မြို့လုံးက ကောင်မလေးတွေကြား နာမည်ကြီးတာမို့ သူ့ရည်းစားဟောင်းကို သူမမေ့သေးတဲ့အကြောင်း တစ်မြို့လုံးကသိတယ်။ ကောင်မလေးကလည်း သိတယ်။ ဒီတော့ လိမ္မာတဲ့ကောင်မလေးက ဆိုးတဲ့ကောင်လေးကို ပြန်မကြိုက်ဘူး။ သူ့ကိုရန်စလာတဲ့ကောင်လေးတွေကိုပါ ကောင်လေးက တီးတီးပစ်တော့ မိုက်တဲ့ကောင်လေးကို လိမ္မာတဲ့ကောင်မလေးက နားလည်မှုထပ်လွဲပြီး ပြန်မကြိုက်ဘူး။ ပြန်မကြိုက်ဘူးတွေထပ်နေပေမဲ့  ဣတ္ထိဝင်္ကံ ...
movie

Ancika (2024)

Just Pass (2024) 7.2
Just Pass (2024) Just Pass 2024 နောက်ဆုံးတန်းသားတို့ပျော်စံရာကျွန်တော်တို့ တက္ကသိုလ်ဝင်တန်းမှာဆို အိမ်ကလည်း အမှတ်ကောင်းအောင်ဖိအားပေးသလို ကိုယ်တိုင်လည်း ရည်မှန်းချက်အလိုက် အနည်းနဲ့အများ အားထုတ်ရတာချည်းပါပဲ။ အဓိကကတော့ ကိုယ်တက်ချင်တဲ့ကျောင်းရဲ့ အမှတ်တောင်းဆိုမှုတွေကြောင့်ပေါ့။ဒီတစ်ခါရုပ်ရှင်လေးကတော့ ကျောင်းမှာဆို နောက်ဆုံးတန်းက အမှတ်ထွက်ရင်လည်း အောင်ရုံလေးဆိုတဲ့ Just Pass ကပ်အောင်ကျောင်းသားလေးတွေရဲ့ဘဝကို ရိုက်ကူးပြထားတာပါ။အမျိုးသားဆုရှင်ကြီးဖြစ်ပြီး လေးစားခံရသူတစ်ယောက်ဖြစ်တဲ့ ဒါလာဗာယီတစ်ယောက် သူပင်စင်ယူပြီးချိန်မှာ ကောလိပ်တစ်ခုဖွင့်ဖို့လုပ်ပါတယ် ။ ဒါကတော့ ကျန်တဲ့တက္ကသိုလ်တွေမှာဆို အနှိမ်ခံရ နေရာမရရှာတဲ့ ကပ်အောင်သီးသန့် ကောလိပ်ကြီး တစ်နည်းပြောရရင်တော့ နောက်ဆုံးတန်းကကောင်လေးတို့ရဲ့နိဗ္ဗာန်ကြီးပေါ့။အတန်းထဲမှာ ဗရုတ်အကျဆုံး ပေါက်ကရအလုပ်နိုင်ဆုံး အကဲဆုံး ဇော်ကျောင်းသားတွေချည်းဆုထားတဲ့ ဒီကောလိပ်ကြီးမှာ ဘယ်လိုဗရုတ်သုတ်ခတွေဖြစ်လာမလဲ။ ကပ်အောင်တွေဆိုတာ ဘာမှမဖြစ်ထွန်းဘူးဆိုတဲ့ လူတွေရဲ့အမြင်ကို ပြောင်းလဲပေးချင်တဲ့ ကျောင်းအုပ်ကြီးရဲ့ဆန္ဒကရော ဖြစ်မြောက်ပါ့မလား ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunni ~ Thura ~ KKKZ တို့ပဲဖြစ်ပါတယ်။) File size… 2.58GB / 1.21GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle ...
movie

Just Pass (2024)

2024
Legend (1985) 6.3
Legend (1985) Legend (1985) IMDB: 6.3/10 Rotten Tomatoes: 41% Metacritic: 30% Genre: Dark FantasyLegend (1985) ရုပ်ရှင်ဟာ Gladiator, The Martian, Alien တို့လို နာမည်ကြီးကားတွေကိုရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Ridley Scott ရဲ့ လက်ရာတစ်ပုဒ်ဖြစ်ပါတယ်။ ဒါတင်မကသေးပဲမင်းသားကလည်း အချစ်တော် Tom Cruise ဖြစ်တာကြောင့်ကြည့်ရတာ တန်မှာဖြစ်ပါတယ်။ဇာတ်ညွှန်း အမှောင်သခင်ကြီးမှာ ရည်ရွယ်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ နေကိုထာဝရပျောက်ကွယ်သွားအောင်ပြုလုပ်ပြီး အမှောင်ထုနဲ့ ကမ္ဘာကြီးကိုကြီးစိုးဖို့ဖြစ်ပါတယ်။ နေကိုထာဝရ ဝင်စေချင်ရင် ကမ္ဘာပေါ်မှာကျက်စားနေတဲ့ ယူနီကွန်းမှောင်နှံကိုသတ်မှပဲရမှာပါ။ ပြဿနာက သူဟာ နေရောင်နဲ့ထိတွေ့လို့မရပါဘူး။ဒါ့ကြောင့် သူ့ရဲ့လက်ပါးစေထဲမှာမှ အမုန်းတရားတွေနဲ့ပြည့်နှက်နေတဲ့ ဘလစ်ဇ် ဆိုတဲ့မှင်စာတစ်ကောင်ကိုခေါ်ပြီး ယူနီကွန်းနှစ်ကောင်ကိုသတ်ဖို့ ကမ္ဘာမြေပေါ်ကိုလွှတ်လိုက်ပါတော့တယ်။ လီလီဆိုတာ တိုင်းပြည်တစ်ခုရဲ့ အိမ်ရှေ့မင်းသမီးလေးတစ်ပါးဖြစ်ပါတယ်။ ငယ်ရွယ်တယ်၊အပြစ်ကင်းစင်တယ်၊ ချစ်ဖို့ကောင်းတယ်၊ ဟန်ဆောင်မှုမရှိဘူး။ ဂျက်ခ်ဟာတောထဲမှာနေထိုင်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ဂျက်ခ် ဟာလီလီကို ယူနီကွန်းတွေကိုတွေ့ရဖို့ခေါ်သွားခဲ့ပေမယ့်လီလီက မထင်မှတ်ထားတာကိုလုပ်ခဲ့ပြီး ယူနီကွန်းတစ်ကောင်ကိုလက်နဲ့ထိလိုက်ပါတယ်။ကံမကောင်းစွာနဲ့ မှင်စာပစ်လိုက်တဲ့အဆိပ်မြားကလည်း ယူနီကွန်းအထီးကိုထိခဲ့ပါတယ်။ကမ္ဘာကြီးတစ်ခုလုံးရေတွေခဲသွားပြီး အမှောင်ထုကြီးကကြီးစိုးသွားပါတော့တယ်။မင်းသမီးလေး ...
movie

Legend (1985)

Shankar’s I(2015) 7.3
Shankar’s I(2015) I 2015 ခါးကုန်းကြီး Imdb 7.4ခါးကုန်းကြီးဆိုပြီးလူသိပိုများတဲ့ တစ်ခေတ်တစ်ခါကနာမည်ကြီး‌ရုံတင်ကားကို ကြည့်ရှုသူများရဲ့တောင်းဆိုမှုများကြောင့် ပြန်လည်တင်ဆက်ပေးပါရစေဇာတ်လမ်းအစမှာတော့ မျက်နှာကကြောက်ဖို့ကောင်းအောင် အဖုအထစ်တွေနဲ့ ခါးကုန်းကြီးတစ်ယောက်က နာမည်ကြီးမင်းသမီးဖြစ်တဲ့ဒီယာ့မင်္ဂလာဆောင်ကိုခိုးဝင်ပြီး ဒီယာ့ကိုခိုးယူခဲ့ပါတယ် မင်္ဂလာပွဲမှာမင်းသမီးပျောက်သွားလို့ ဗြောင်းဆန်ကုန်ပြီး ရဲတိုင်တဲ့လူကတိုင် ရှာတဲ့လူကရှာနဲ့ပေါ့ ဘာကြောင့်များ ဒီခါးကုန်းကြီးက မင်းသမီးကိုဖမ်းခေါ်သွားတာများလဲအတိတ်ကိုပြန်ကြည့်ရရင် လင်ဂတ်ဆန်ဆိုတာက မစ္စတာတမီလ်နာဒူချန်ပီယံရှစ်ဝင်ပြိုင်ဖို့ ဘော်ဒီကိုဗလတွေထွက်အောင်‌နှစ်နဲ့ချီလေ့ကျင့်ထားသူတစ်ယောက်ပါ ဒီပွဲကိုဝင်ပြိုင်ဖို့သူ့ရဲ့အတိုက်အခံက ဗလတောင့်တောင့်လူမိုက်တစ်ယောက်ပေါ့ နောက်နှစ်ဆိုအသက်ပြည့်ပြီဖြစ်လို့ ဒီနှစ်တော့သူ့ကိုအနိုင်ပေးဖို့ လင်ဂတ်ဆန်ကိုခြိမ်းခြောက်ရင်း ရန်စရှိခဲ့တဲ့သူတို့၂ယောက်အနေနဲ့ ရှေ့လျှောက်ဘယ်လိုတွေဆက်ဖြစ်ဦးမလဲဒီယာဆိုတာ လင်ဂတ်ဆန်အသည်းစွဲမင်းသမီးတစ်ယောက်ပါ ကြိုက်လွန်းလို့ဒီယာကြော်ငြာသမျှပစ္စည်းမျိုးစုံကို အစုံဝယ်စုဆောင်းထားတတ်ပါတယ် ဒီလိုနဲ့တစ်နေ့ လင်ဂတ်ဆန်က ဒီယာ့ဘော်ဒီဂတ်ဖြစ်ဖို့အကြောင်းဖန်လာပြီး ကြော်ငြာအတူရိုက်ကူးရင်းနဲ့ ထိပ်တန်းမင်းသားထက်ကျော်လွန်လာတော့ ဒီမင်းသားကသူ့အပေါ်ထားမဲ့အမုန်းတရားတွေ။။ဒီလိုနဲ့ လင်ဂတ်ဆန်ကိုမုန်းကြတဲ့လူတစ်သိုက်ပေါင်းမိသွားပြီး လင်ဂတ်ဆန်ကိုကလဲ့စားချေဖို့ဖြစ်လာတဲ့အခါမှာတော့။။ အားရကျေနပ်ဖို့ကောင်းတဲ့ လက်စားချေမှုတွေကြား ရှုစားလိုက်ကြပါဦး( အညွှန်းကိုတော့ Yunni ကရေးသားထားပြီး ဘာသာပြန်ကတော့ CM ပဲဖြစ်ပါတယ် ) File size…5.59GB / 2.49GB  Quality…WebRIp Uncut 1080p / 720p Format…mp4 Duration….3h 8min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM
movie

Shankar’s I(2015)

2015
All That Heaven Allows (1955) 7.6
All That Heaven Allows (1955) All That Heaven Allows (1955) IMDb: 7.6/10 Genre: Drama / Romanceအရမ်းအောင်မြင်ခဲ့တဲ့ ဂန္ထဝင် romanceရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးမယ်ဗျ။ဒီရုပ်ရှင်က 1955ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ ရုပ်ရှင်လို့ပြောရမယ်ဗျ။ဘာလို့လဲဆိုရင် မင်းသားကြီး ဝင်းဦးကိုယ်တိုင် ဒီရုပ်ရှင်ကိုမှီငြမ်းပြီး "နှစ်ယောက်တည်းနေချင်တယ်" ဆိုတဲ့ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးခဲ့တယ်လို့ ပြောကြလို့ပါပဲ။ ဒီရုပ်ရှင်ကတော့ စတုန်နင်ဟမ်လို့ခေါ်တဲ့မြို့လေးမှာနေထိုင်တဲ့ မုဆိုးမတစ်ယောက်ဖြစ်သူ ကယ်ရီဟာသူ့အိမ်ကို သစ်ပင်အကိုင်းအခက်တွေ လာရောက်ပြုပြင်ပေးသူ ဥယျာဉ်မှူး လူငယ်လေး ရွန်ကာဗီနဲ့ချစ်ကြိုက်မိတဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ကယ်ရီဟာ ကြွယ်ဝပြီး အပေါင်းအသင်းနည်းတဲ့သူတစ်ယောက်လို့ ပြောရပါမယ်။သားသမီးတွေဟာလည်း အားလပ်ရက်မှ ပြန်လာတတ်တာမို့ ကယ်ရီဟာ အိမ်မှာပဲ အေးဆေးစွာနေထိုင်သူတစ်ဦးပါ။ ရွန်ကတော့ ရင့်ကျက်ပြီး ဘဝကို ရှိတာနဲ့ရောင့်ရဲတင်းတိမ်နိုင်တဲ့ငယ်ရွယ်တဲ့ လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ငွေကြေးနဲ့ဂုဏ်ဒြပ်တွေကို မက်မောတဲ့ ကယ်ရီရဲ့ အသိုင်းအဝိုင်းက တစ်ဖက်၊ ရိုးရှင်းတဲ့ဘဝကိုသာလိုချင်တဲ့ ရွန်က တစ်ဖက်၊ ဒီလိုရင်ဆိုင်လာရချိန်မှာတော့ ကယ်ရီတစ်ယောက် သူ့ရဲ့ ခံစားချက်တွေကိုဘယ်လိုပြုပြင်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဒီရုပ်ရှင်မှာ အချိန်တွေပြောင်းလဲသွားပေမယ့်လိုက်ပြောင်းလဲမသွားတဲ့ လူ့အသိုင်းအဝိုင်းရဲ့ ...
movie

All That Heaven Allows (1955)

Savoring Paris (2024) 7.0
Savoring Paris (2024)  အလုပ်အကိုင်ကောင်းကောင်းဝင်ငွေကောင်းကောင်းရှိနေတဲ့ အမေရိကန် အမျိုးသမီးငယ်လေး ပဲရစ်ကို အားလပ်ရက်ထွက်သွားတဲ့အချိန်မှာတော့ ........သူ့ရဲ့ အလုပ်မှာ မပျော်ပဲ ဘဝ အနှစ်သာရပြောက်ဆုံးနေသလိုခံစားနေရတဲ့ အယ်လာက ပြင်သစ်နိုင်ငံပဲရစ်မြို့ကို အလည်အပတ် ၁၄ ရက်သွားတဲ့အခါ သူဘာတွေကြုံရမလဲ သူ့ခံစားချက်တွေ ဘယ်လိုပြောင်းလဲသွားမလဲ တကယ့် ဘဝအနှစ်သာရကို သူရှာတွေ့ သွားမလားဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်း တခုပါပဲရစ်မြို့ပေါ်က ရူခင်းတွေ လူနေမှုပုံစံတွေကို လိုက်ပါကြည့်ရူရမှာဖြစ်ပြီး အယ်လာရဲ့ စိတ်အပြောင်းအလဲ အတက်အကျ emotion ပါ ထပ်တူခံစားလို့ရမယ့် ဇာတ်ကားလေးမို့ စိတ်ဝင်စားသူတွေ လက်မလွတ်သင့်ပါဘူး File size…(1.6 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie

Savoring Paris (2024)

A Greek Recipe for Romance (2024) 6.5
A Greek Recipe for Romance (2024)  နယူးယောက်မှာ ဟိုတယ်မန်နေဂျာအဖြစ် ရာထူးတိုးဖို့ မျှော်လင့်ထားတဲ့ အက်ဘီတစ်ယောက် ဝန်ထမ်းလျှော့တဲ့အထဲပါသွားပြီးနောက် သူ့အမေရှိတဲ့ ဂရိကိုသွားလည်ခဲ့တယ်ဂရိမှာလဲ သီရိုတစ်ယောက် ၂ပတ်အတွင်း စားသောက်ဆိုင်မဖွင့်ရင် အမေဖြစ်သူရဲ့ဆိုင် အသိမ်းခံရတော့မှာကြောင့် အပူတပြင်းဖြစ်နေပြီး သူငယ်ချင်းတစ်ယောက်မိတ်ဆက်ပေးရာကနေ အက်ဘီနဲ့ အချင်းချင်းသိသွားပြီး နှစ်ယောက်သား စားသောက်ဆိုင်ကိုဖွင့်တာ အဆင်ပြေသွားကြမှာလားသီရိုရဲ့ ဘဝလမ်းကြောင်း ရွေးချယ်မှုအပေါ် သဘောမကျဖြစ်နေတဲ့ အဖေကရော စားသောက်ဆိုင်မဖွင့်ဖြစ်အောင် ဘယ်လိုတွေတားဆီးနှောက်ယှက်မလဲဆိုတာကိုတော့ A Greek Recipe for Romance ဆိုတဲ့ ကားလေးကို ကြည့်ရှုပေးကြပါဦး File size…(1.4 GB)/(730 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:24:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana
movie

A Greek Recipe for Romance (2024)

Unarvugal Thodarkadhai (2024) 7
Unarvugal Thodarkadhai (2024) Unarvugal Thodarkadhai(2024)"ချစ်ခြင်းပုစ္ဆာ" ======================================စိတ်ကြည်နူးစရာကောင်းတဲ့ တမီလ်စကားပြော အချစ်ရုပ်ရှင်လေးတစ်ပုဒ်ကို cm ပရိသတ်တွအတွက် တင်ဆက်ပေးချင်ပါတယ်။တမီလ်ဟာသမင်းသားကြီး ယိုဂီဘာဘူလည်း ဒီရုပ်ရှင်ထဲမှာ အားဖြည့်ပါဝင်ထားပါသေးတယ်။ ကာသစ်နဲ့ ရွှယ်သာတို့ဟာ လစ်ဗင်းတူဂဲသားနေကြတဲ့ စုံတွဲတွေပါ။ အဲဒီလိုနေလာကြရင်း ကာသစ်ဟာ အဆင့်တက်ချင်လာတဲ့အတွက် ရွှယ်သာ့ကို လက်ထပ်ခွင့်တောင်းခဲ့ပေမဲ့ ရွှယ်သာကတော့ လက်မခံခဲ့ပါဘူး။မာနထိခိုက်သွားတဲ့ ကြေကွဲလူငယ်လေး ကာသစ်ဟာ သူ့မိဘတွေ အတင်းပေးစားနေတဲ့ ပရီယာဆိုတဲ့ကောင်မလေးကို ဓာတ်ပုံတောင်မကြည့်ဘဲ မျက်စိမှိတ်ပြီး လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။Long term RS တစ်ခု ပျက်စီးသွားလို့ လောကကြီးကို အရွဲ့တိုက်ချင်နေတဲ့ ကာသစ်နဲ့ ရည်းစားတောင်မထားဖူးတဲ့ ချစ်စရာအဖြူထည်ကောင်မလေး ပရီယာတို့ အိမ်ထောင်ရေးဇာတ်ကို ဘယ်လိုကကြမှာလဲ.. သူတို့နှစ်ယောက်ကြားမှာ အချစ်စိတ်တွေမွေးဖွားလာမှာလားဆိုတာကို ဒီရုပ်ရှင်လေးထဲမှာ ကြည့်ရှုခံစားကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.29GB / 605MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 50mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Unarvugal Thodarkadhai (2024)

2024
Love Mouli (2024) 7
Love Mouli (2024) Love Mouli (2024) "စိတ်ကူးထဲက မိန်းကလေး"IMDb 7.1ဒီတစ်ခါမှာ တောတောင်ရှုခင်းတွေနောက်ခံ တေလဂူး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် မိုလီဟာ ပန်းချီဆရာ၊ လူ့ဂွစာ၊ အထီးကျန်လူသားတစ်ယောက်။ မိဘမဲ့ဖြစ်သလို လူတွေနဲ့ဝေးရာမှာ တစ်ယောက်တည်းနေထိုင်တဲ့လူ အမူအကျင့်ကစလို့၊ စိတ်နေစိတ်ထားအလယ်၊ ပုံပန်းသွင်ပြင်အဆုံး အများသူငှာနဲ့ ဆန့်ကျင်ဘက် လူရိုင်းတစ်ယောက်လို နောက်ဆက်ပြောရရင် မိန်းကလေးတွေကိုမယုံသူ၊ အချစ်ကို တကယ်လုံးဝမရှိဘူးလို့ ယုံတဲ့လူ၊ သူ့စိတ်ကူးထဲက အိပ်မက်ဆန်ဆန် မိန်းကလေးတစ်ယောက်တော့ ရှိတယ်စံနှုန်းတွေက စိတ်ကူးယဥ်ဆန်လွန်းလို့ တကယ်မရှိဘူးလို့ သူလက်ခံထားတဲ့ မိန်းကလေးဟာ တကယ်ပဲ သူ့ဘဝထဲရောက်လာချိန်မှာတော့ …အရိုင်းဆန်တဲ့ နှလုံးသားကို ပြီးပြည့်စုံဆုံး ဆိုတဲ့ မိန်းကလေးကရော ယဥ်လာအောင် လုပ်နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.02GB /876MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Love Mouli (2024)

Drawing Closer (2024) 7.9
Drawing Closer (2024)  "အချစ်ဟာ ကံဆိုးတဲ့လူတစ်ယောက်ရဲ့ကမ္ဘာကြီးထဲကအနက်ရောင်စုတ်ချက်တွေကိုတောင် မျက်စိကျိန်းလောက်အောင်တောက်ပတဲ့အရောင်တွေအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်” တဲ့။ ဇွန်လ ၂၇ ရက်ကမှထွက်ရှိထားတဲ့ Drawing Closer ရုပ်ရှင်ဟာRomance ၊ Drama အမျိုးအစားဖြစ်ပါတယ်။အသက်ရှင်ဖို့တစ်နှစ်ပဲ ကျန်တော့တယ်ဆိုတာသိလိုက်ရတဲ့အသက် ၁၇ နှစ်အရွယ်ကောင်လေးအာကီတိုအတွက် ဘဝကရုတ်တရက်အဓိပ္ပါယ်မဲ့သွားပြီး သူအကြိုက်ဆုံးပန်းချီဆွဲတဲ့ဝါသနာကိုတောင် စွန့်လွှတ်ခဲ့ပါတယ်။ အာကီတိုက ကျန်ရှိတဲ့အချိန်တွေမှာ မိသားစုနဲ့တခြားသူတွေအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်နေသွားပြီးပဲ ဘဝကိုအရှုံးပေးလိုက်တော့မယ်လို့ဆုံးဖြတ်ထားခဲ့ပါတယ်။တစ်ရက်မှာတော့ ဆေးရုံမှာ ခြောက်လသာအသက်ရှင်ရတော့မယ့်သက်တူရွယ်တူကောင်မလေးဟာရူနာနဲ့တွေ့ဆုံခဲ့ပါတယ်။ဘဝမှာနေရမယ့်​အချိန်သိပ်မကျန်တော့တဲ့ ဘဝတူတွေချင်းအတူတူဖြစ်နေတာကြောင့် အာကီတိုက ဟာရူနာမသေခင်မှာဟာရူနာဖြစ်ချင်တာအားလုံးလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ အာကီတိုထင်မထားခဲ့တာက ဟာရူနာရဲ့နောက်ဆုံးဆန္ဒတွေကိုလိုက်လံဖြည့်ဆည်းပေးခဲ့တာတွေက သူ့အတွက်ရှေ့ဆက်အသက်ဆက်ရှင်အောင်အတတ်နိုင်ဆုံးကြိုးစားကြည့်ချင်စိတ်ဖြစ်ပေါ်လာစေဖို့ ဘဝရဲ့အဓိပ္ပါယ်ကိုရှာဖွေတွေ့ရှိသွားစေခဲ့တာပဲဖြစ်ပါတယ်။ File size…1.76GB / 717MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Drawing Closer (2024)

How Much Do You Love Me? (2005) 5.7
How Much Do You Love Me? (2005) ပုရိသအပေါင်းတို့ အကြိမ်ကြိမ်ကြွေခဲ့ရသော Malena ဇာတ်ကားထဲက မမကြီး Monica Bellucci ကို အမှတ်ရကြဦးမလား....ဒီဇာတ်ကားမှာလဲ မမကြီးဟာ ကျွန်တော်တို့ကို အကြိမ်ကြိမ်ထပ်ခြွေဦးမှာပါ...သိဘို့။မမရဲ့ဖြစ်တည်မှုတွေက ပြင်းရှတဲ့ နှစ်ချို့ဝိုင်တစ်ခွက်လို ...။ဇာတ်လမ်းကိုသွားရမယ်ဆိုရင်တော့ဖြင့်....ဖရန်ဆွာ့ဇ်ဟာ ဟာ အထီးကျန်ဘဝနဲ့ သူ့ရဲ့ ပျင်းရိစရာ ရုပ်အလုပ်တို့ကို ငြီးငွေ့နေတဲ့ ပြင်သစ်သားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘားတစ်ခုကိုသွားရင်း လှပတဲ့ မိန်းမပျက်ကလေးတစ်ဦးဖြစ်တဲ့ ဒင်နီယယ်လာ နဲ့ ဆုံခဲ့တယ်။ မြင်မြင်ချင်း ဒင်နီယယ်လာကိုစွဲလန်းမိရင်းက သူဟာ မီလျံချီ ထီပေါက်ထားတဲ့သူဖြစ်ကြောင်း နဲ့ သူနဲ့ အတူနေမယ်ဆိုရင် တစ်လကို ယူရို ၁၀၀.၀၀၀ ငွေမကုန်မချင်းပေးမယ်လို့ ကမ်းလှမ်းလာတဲ့အခါ ဒင်နီယယ်လာကလဲ သဘောတူခဲ့တယ်။သဘောမတူနိုင်တာကတော့ သူ့ သူငယ်ချင်းလဲဖြစ် သူ့ ဆရာဝန်လဲဖြစ်တဲ့ အန်ဒရေးပါ။ အန်ဒရေးက ဖရန်ဆွာ့ဇ်ရဲ့ နှလုံးအားနည်းရောဂါဟာ ဒီလိုလိင်မှု ကိစ္စတက်ကြွပုံမျိုးနဲ့ သင့်တော်မှာ မဟုတ်ဘူးလို့ သတိပေးပါတယ်။ စားသောက်ဆိုင်မှာ ညစာစားကြရင်း ဒင်နီယယ်လာ အစာအဆိပ်သင့်သလိုဖြစ်တော့ အန်ဒရေးကို ...
movie

How Much Do You Love Me? (2005)

2005
Kambodja (2023) 6.5
Kambodja (2023) KAMBODJA ( 2023 ) ================ဒီကားကMuBiကကား။ ဒီတော့ အရမ်းကြီးမဟုတ်တောင် သူ့ဟာနဲ့သူတော့ တစ်ခုခုတော့ဟုတ်နေမယ့်ကားပဲ။ ဇာတ်ကတော့ တော်တော်တိုတယ်။ ဒါပေမဲ့ ကြည့်ရတာတော့ မဆိုးဘူး။ ဝတ္တုတိုလေးတစ်ပုဒ် ပေါ့ပေါ့ပါးပါးဖတ်ရသလို ဇာတ်မျိုးပဲ။ ခေတ်ဟောင်းမှာ ဇာတ်အိမ်တည်ထားတယ်။သူ့ဇာတ်က အဆောင်တစ်ဆောင်ကနေစတယ်။ အဲဒီအဆောင်ကိုနိုင်ငံရေးသမားတစ်ယောက်နဲ့ သူ့မိန်းမပြောင်းလာတယ်။ အဲဒီမတိုင်ခင်က အဲဒီအဆောင်မှာ စာရေးဆရာနဲ့ အဆိုတော်မအတွဲနေကြတယ်။ စစတော့ တဇောင်းချေးနဲ့မျက်ချေးဖြစ်နေရာကနေ နောက်စာရေးဆရာနဲ့ နိုင်ငံရေးသမားရဲ့မိန်းမက နည်းနည်းမျက်မှန်းတန်းမိကြတယ်။ နောက်စာရေးဆရာကစာထဲ အဲဒီမိန်းမအကြောင်းရေးဖြစ်သွားတယ်။ နောက် နိုင်ငံရေးသမားနဲ့ အဆိုတော်မကလည်း ဖောက်ပြန်နေကြတယ်။ ဒီအဆောင်မှာ ဘာတွေဆက်ဖြစ်မလဲ အငြိမ်လေးပဲ ကြည့်ရလိမ့်မယ်။ အင်ဒိုးနီးရှားရဲ့ အဲဒီခေတ်ကာလနိုင်ငံရေးကိုပါ ပြတယ်။ ဇာတ်ကလည်း တစ်နာရီခွဲတောင်မပြည့်သလို အထဲမှာပြတာကလည်း ဒီနားဒီနားမှာတင်ဖြစ်တဲ့ ဇာတ်လမ်းအတိုလေးပဲ။ ဒါပေမဲ့ ဝတ္တုတိုတစ်ပုဒ်ပေါ့ပေါ့ပါးပါး ဖတ်ရသလို ခဏလောက်အရသာခံချင်ရင်တော့ အရသာခံလို့ကောင်းတဲ့ရုပ်ရှင်ပါပဲ။ငါ့နှလုံးသားထဲမှာ အပြာရောင်တွေ... အနီရောင်တွေ အဲဒီထက်ပိုတာက မင်းရဲ့အရောင်တွေ... မနက်ဖြန်ခါကို မျှော်လင့်ရင်း.... အဲဒီနှလုံးသားဟာ ခရမ်းနုရောင်စည် ပုလဲသီတကွဲစီ( ဘာသာပြန်ပြီး ...
movie

Kambodja (2023)

Lust, Caution (2007) 7.6
Lust, Caution (2007) Lust, Caution (2007)IMDb Rating (7.6) / Rotten Tomatoes (73%)အန်းလီဟာ သူ့ရဲ့ အင်တာနေရှင်နယ်အနေနဲ့ အအောင်မြင်ဆုံးရုပ်ရှင်လို့ဆိုလို့ရနိုင်တဲ့ Brokeback Mountains ရုပ်ရှင်အောင်မြင်ပြီးတဲ့နောက် Eileen Changရဲ့ Lust, Caution ကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တယ်။ Lust , Cautionရဲ့ မူရင်းဝတ္တုကိုက တကယ့်အပြင်မှာရှိခဲ့တဲ့ တရုတ်စပိုင် ကျန်းဖင်းယု (Zheng Pingru)ကို အခြေခံထားတယ်။ Eileen Changကို အန်းလီမှတ်ချက်ပေးတာက Eileen Changလောက် တရုတ်စကားလုံးတွေကို ရက်ရက်စက်စက်သုံးတဲ့ စာရေးဆရာမျိုး သူမတွေ့ဖူးဘူးတဲ့။ ဒါကြောင့်ပဲထင်ပါတယ်။ အန်းလီရဲ့ Lust, Caution ဟာလည်း လိင်မှုခန်းတွေရဲ့နောက်ကွယ်မှာ တော်တော်လေးရက်စက်တဲ့အသွင်ကိုဆောင်နေတယ်။ Lust, Caution ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲဆို နိုင်ငံရေးနဲ့ ကိုယ်ပိုင်ခံယူချက်တွေရဲ့ မျဉ်းပေါ် နှလုံးသားရေးရာတွေရဲ့ ဆုံမှတ်တစ်နေရာကို ပြထားတဲ့ရုပ်ရှင်လို့ဆိုရမယ်။ ဒါပေမဲ့လည်း သစ္စာဖောက်တွေကို ...
movie

Lust, Caution (2007)

2007
Phulrani (2023) 5.8
Phulrani (2023) Phulrani (2023)"ပန်းဘုရင်မလေး" =============================ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလို့ရမယ့် ၂၀၂၃ ခုနှစ်ထွက် မာရသီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးဟာဆိုရင် နာမည်ကြီး အိုင်းရစ်ရှ်လူမျိုး ပြဇာတ်ရေးဆရာ ဂျော့ဂျ်ဘားနတ်ရှောကို အော်စကာဆုရစေခဲ့တဲ့ Pygmalion ဆိုတဲ့ ဂန္တဝင်ပြဇာတ်ကို အိန္ဒိယမှုပြုပြီး တမူဆန်းသစ်ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့.. Pretty Princess ဆိုတဲ့ အလှမယ်ပြိုင်ပွဲတစ်ခုမှာ အကယ်ဒမီတစ်ခုတည်းက အလှမယ်တွေဟာ ၅ နှစ်ဆက်တိုက် အနိုင်ရနေပါတယ်။အဲဒီအကယ်ဒမီကို ဦးစီးလေ့ကျင့်ပေးနေတာကတော့ ဗစ်ကရမ်ဆိုတဲ့ စိတ်မြန်လက်မြန် သင်တန်းဆရာပါ။ သူဟာ ပြိုင်ပွဲဆုပေးပွဲ့နေ့မှာ အရက်မူးပြီး သူငယ်ချင်းဖြစ်သူနဲ့ ငြင်းခုန်ရင်း သူတို့နားကိုရောက်လာတဲ့ အခြေခံလူတန်းစား ဆတ်ဆတ်ကြဲ ပန်းသည်မလေးကို အလှဘုရင်မဖြစ်အောင် လုပ်ပေးပြမယ်လို့ လူသိရှင်ကြားစိန်ခေါ်မိသွားပါတယ်။သူဟာ အဲဒီအလောင်းစားကို အနိုင်ရမှာလား၊ ရပ်ကွက်ထဲက အော်ကြောလန်ကောင်မလေးကို အလှမယ်ဖြစ်အောင်ဘယ်လိုလုပ်ပေးမှာလဲ၊ သူတို့နှစ်ယောက် ဘယ်လိုဇာတ်လမ်းဆက်ကြမလဲဆိုတာကို လူတန်းစားခွဲခြားမှုတွေကို ဆန့်ကျင်ပြထားတဲ့ ဒီရုပ်ရှင်လေးထဲမှာ ချစ်စဖွယ်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.35GB / 1.13GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Phulrani (2023)

2023