Channel Myanmar

Mystery

The New Dragon Inn: Heroes Awakening ( 2024 ) 5.8
The New Dragon Inn: Heroes Awakening ( 2024 ) နန်းတွင်းမှာ မင်းကြီးနာမကျန်းဖြစ်နေပြီး မိန်းမစိုးတွေ စိတ်တိုင်းကျချယ်လှယ်နေတဲ့အချိန်မှာ ကျိုးမိသားစုတစ်ခုလုံးဟာလည်း အပြစ်ရယ်လို့ ကြီးကြီးမားမားမလုပ်မိဘဲ ပုန်ကန်သူအဖြစ် ခေါင်စဉ်အတပ်ခံရပြီး မတရားဖမ်းဆီးခံခဲ့ရပါတယ် ။အဲဒီအချိန် ကျိုးမျိုးဆက်ဖြစ်တဲ့ ကျိုးဟွိုင်အန်းကို မိန်းမစိုးလက်ထောက်က ရှီးချန်မှာ တစ်အိမ်လုံးအသတ်ခံလိုက်ရတဲ့ ချွီမိသားရဲ့အငယ်ဆုံးသမီးကို ရှီးချန်ကလူတွေလက်‌ထဲမရောက်ခင် ပြန်လုလာခဲ့ပေးဖို့နဲ့ လာမဲ့တစ္ဆေပွဲတော်နေ့မှာ တာဝန်ခံဖုန်ဆီကို လုံမန်ကျွန်း လုံမန်တည်းခိုဆောင်မှာ လွှဲပြောင်းပေးဖို့ တာဝန်ပေးလိုက်ပါတော့တယ် ။ဒီတာဝန်သာအောင်မြင်ရင် သူ့မိသားစုဝင်တွေရဲ့ စီရင်ချက်က တစ်မျိုးပြောင်းသွားနိုင်တာမလို့ အခွင့်အရေးကို လက်လွှတ်မခံဖို့ပါမှာကြားလိုက်ပါတော့တယ် ။ ဇာတ်လမ်းထဲမှာတော့ ဟွိုင်အန်းတစ်ယောက် ချွီအိမ်ရဲ့သမီးအငယ်ဆုံးလေးကို ဘယ်လိုကယ်တင်လာမယ်ဆိုတာရယ် လုံမန်တည်းခိုဆောင်မှာ ဘယ်လိုလျို့ဝှက်ချက်တွေ ဘယ်လိုအန္တာရာယ်တွေကစောင့်ကြိုနေမလဲဆိုတာရယ် ချွီအိမ်ကသမီးငယ်လေးကိုရော ဘာလို့လိုက်သတ်နေကြလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by ...
movie

The New Dragon Inn: Heroes Awakening ( 2024 )

Reasonable Doubt (2014) 5.7
Reasonable Doubt (2014)  ဥပဒေမှာ Reasonable Doubt ဆိုတာက အမှုတစ်ခုနဲ့ပတ်သက်ပြီး တစ်ယောက်ယောက်ကကျူးလွန်တယ်ဆိုတာကို​ သက်သေတွေအရ အကျိုးသင့်အကြောင်းသင့်သံသယ​ဝင်ပြီးစစ်ဆေးဖို့လုပ်တာကိုခေါ်တာပါဒါပေမဲ့​ သူဟာတရားခံအစစ်ပါလို့ကောက်ချက် ပြီးစီရင်ချက်ချဖို့ကတော့ အထက်ကပြောခဲ့တဲ့​ Reasonable Doubtဆိုတဲ့ အဆင့်ထက်ကျော်လွန်ဖို့လိုပါတယ်..ဘာလို့​လဲဆိုတော့​လူတစ်ယောက်ကို အဲလိုမျိုးအကျိုး​အကြောင်း​သင့်သံသယဝင်ခံရအောင်လုပ်ဖို့ကပစ္စည်း​သက်သေတွေဖန်တီးယူလို့ရတာကြောင့်ပါ.ကဲ​ ဆိုတော့​ ဒီ​ဇာတ်ကားမှာအဲဒါကိုသေသေချာချာမြင်တွေ့ရမှာပဲဖြစ်ပါတယ် မစ်ချ်ဆိုသူ​ဟာ​ အစိုးရခရိုင်ရှေ့နေရုံးက ဒိတ်ဒိတ်ကြဲရှေ့နေတစ်ဦးဖြစ်ပါတယ်သူ့မှာလှပတဲ့ဇနီးရယ် သမီးလေးရယ်နဲ့ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ထားသူပါတစ်ညမှာ အမှုတစ်ခုအတွက်သူငယ်ချင်းတွေနဲ့အောင်ပွဲခံသောက်ကြရင်းအမူးလွန်ပြီး ကားမောင်းအိမ်ပြန်တဲ့မစ်ချ်ဟာ လူတစ်ယောက်ကိုဝင်တိုက်မိခဲ့ပါတယ်.အဲဒီမှာစပြီးတော့ မစ်ချ်တစ်ယောက်မကြုံစဖူးအဖြစ်အပျက်တွေကြုံလာဖို့အကြောင်းဖန်လာတော့တာပါပဲမစ်ချ်တိုက်မိတဲ့လူက ဘယ်လိုလူမျိုးလဲ..မစ်ချ်ကကောအဲအတွက်ဘာတွေဆက်လုပ်ရမလဲ...ဆိုတာကိုဆက်ကြည့်ရင်းနဲ့ဇာတ်ကားကောင်းလေးကိုခံစားလိုက်ရအောင်ပါ  File size…1.03GB / 446MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 31m Genre …..Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

Reasonable Doubt (2014)

Mars Express (2023)
Mars Express (2023)  IMDb 7.6 ရထားတဲ့ ပြင်သစ် သိပ္ပံစိတ်ကူးယဥ် animation လေးကို တင်ဆက်ပေးလိုက်ပါတယ်ခေတ်လွန်မားစ်ဂြိုဟ်မှာ ဇာတ်လမ်းတည်ထားပြီး Aline ဆိုတဲ့ အလွတ်စုံထောက်မလေးနဲ့ သူ့ရဲ့ပါတနာ Carlos ဆိုတဲ့ စက်ရုပ်တစ်ရုပ်တို့က ဟက်ကာတစ်ယောက်ကို လိုက်ဖမ်းရင်း ... နက်နဲတဲ့ လျှို့ဝှက်ကြံစည်မှုတစ်ခုကို သိလာတဲ့ ဇာတ်လမ်းပါ သူတို့ခေတ်မှာ စက်ရုပ်တွေနဲ့ လူသားတွေ ယှဥ်တွဲနေထိုင်ကြပြီး Aline ရဲ့ ပါတနာ Carlos ဟာဆိုရင်လည်း တစ်ချိန်က လူသားတစ်ယောက်ပါပဲသေဆုံးသွားပြီးနောက်မှာမှ Back-up လို့ ခေါ်တဲ့ စက်ရုပ်အမျိုးအစားအဖြစ် ပြန်အသက်သွင်းခြင်း ခံလိုက်ရတာပါ လူသားနဲ့စက်ကြားက ဆက်နွယ်မှု ခေတ်လွန်ကာလက နေ့စဥ်ဘဝ အခက်အခဲတွေကို တွေ့မြင်ရမှာဖြစ်ပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းလေးမို့ ညွှန်းပေးလိုက်ရပါတယ် File size…(1.1 GB)/(606 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Animation, Science Fiction, Action, Mystery Subtitle….Myanmar Subtitle ...
movie

Mars Express (2023)

Rope (1948) 7.9
Rope (1948)  "ကြိုး"ကြိုးလေး တစ်ချောင်းက လူတွေအများကြီးရဲ့ ဘဝကို ပြောင်းလဲသွားစေမယ်ဆိုရင် သင် လက်ခံနိုင်ပါ့မလား။ 1948 ကဇာတ်ကားဆိုတော့ ဒီဘက်ခေတ်က လူတွေနဲ့ အလှမ်းဝေးတဲ့ ကာလာတစ်ခုက ရုပ်ရှင်ဆိုရင်လဲ မမှားပါဘူး။ ဒါပေမယ့် IMDB နဲ့ Rotten Tomato မှာ rating တော်တော်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါ။ Director Hitchcock ရဲ့ ပထမဆုံး Technicolor နဲ့ရိုက်ခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။သူငယ်ချင်းနှစ်ယောက်ဟာ Nietzchean Theory (နီချေး သီအိုရီ) ကို သဘောကျပြီး လောကမှာ လူ့အဆင့်အတန်း နှစ်မျိုးနဲ့ ဘယ်သူကတော့ ဘယ်သူ့ကို သတ်ခွင့်ရသင့်တယ်ဆိုတဲ့ အယူကို လက်တွေ့ဘဝထဲ ခေါ်ဆောင်လာခဲ့ပါတယ်။ ကျူးလွန်ခဲ့တာကို ဘယ်လိုရှောင်တိမ်းမလဲ။ လွတ်သွားမှာလား မိသွားမှာလားဆိုတာကို ဇာတ်သိမ်းခန်းအထိ စိတ်ဝင်တစား ကြည့်ရမှာဖြစ်ပါတယ်။ အပြင်မှာ တကယ်ရှိခဲ့တဲ့ Leopold နဲ့ Loeb အမှု​ကို အခြေခံယူထားတဲ့ ဒီကားမှာ ...
movie

Rope (1948)

Carrot Cake Murder: A Hannah Swensen Mystery (2023) 6.2
Carrot Cake Murder: A Hannah Swensen Mystery (2023)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်...စာရေးဆရာမ Joanne Fluke ရဲ့ Hannah Swensen Mysteries စာအုပ်တွဲထဲက Carrot cake murder ဆိုတဲ့စာအုပ်အပေါ်အခြေခံထားပါတယ်...ဇာတ်လမ်းအကြောင်းကတော့ ဟန်နာစွင်ဆန်ကကွတ်ကီးဆိုင်ပိုင်ပါတယ်....ဇာတ်လမ်းရဲ့အစမှာဟန်နာက သူမရဲ့သူငယ်ချင်းဖြစ်သူ နော်မန်ရဲ့အမေအတွက် မွေးနေ့ပွဲကျင်းပဖို့စီစဉ်နေကြတာပါ....မွေးနေ့ပွဲကိုနော်မန်ကိုထိန်းကျောင်းခဲ့တဲ့ ယူဂျင်းဆိုတဲ့လူပိုင်တဲ့စားသောက်ဆိုင်မှာကျင်းပဖို့စီစဉ်ခဲ့ကြပါတယ်....ထိုစားသောက်ဆိုင်ရဲ့ဘေးကပ်ရပ်မှာ‌တော့ စတိုင်နာအဆောက်အဦးရှိပါတယ်...စတိုင်နာအဆောက်အဦးကိုဖြိုချဖို့နဲ့ပတ်သက်ပြီး အဆောက်အဦးရဲ့ရှေ့မှာဆန္ဒပြတာတွေလည်းရှိပါတယ်....နော်မန်ရဲ့အမေအတွက်မွေးနေ့ပွဲကျင်းပပြီးစီးပြီး ညဘက်နော်မန်ကဟန်နာကိုပစ္စည်းတွေလိုက်ပို့ပေးတဲ့အချိန် စတိုင်နာအဆောက်အဦးရဲ့အရှေ့ကိုရောက်တော့ အဆောက်အဦးထဲကဗုံးပေါက်ကွဲသံကိုကြားလိုက်ရပါတယ်...ထိုအခါ နော်မန်နဲ့ဟန်နာတို့နှစ်ယောက်အဆောက်အဦးထဲပြေးဝင်ကြည့်တဲ့အခါမှာတော့ အဆောက်အဦးရဲ့ဓါတ်လှေကားအောက်ခြေမှာ အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတယ်....ဟန်နာရဲ့ရည်းစားဖြစ်သူ မိုက်ခ်ကစုံထောက်ဆိုတော့ ဟန်နာကအလောင်းတွေ့ရာနေရာကိုတိတ်တိတ်လေးဝင်ရှာရင်း သော့တစ်တွဲ၊ချိန်းကြိုးတစ်ခုနဲ့ အဝတ်စတစ်စတို့ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်.... ထိုသက်သေတွေအပေါ်မူတည်ပြီး ဟန်နာနဲ့မိုက်ခ်နဲ့လူသတ်သမားကိုဘယ်လိုရှာဖွေဖော်ထုတ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ.... File size…(760 Mb) Quality….Webrip 720p Format…mp4 Duration….01:24:00 Genre... Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Carrot Cake Murder: A Hannah Swensen Mystery (2023)

Hot Fuzz (2007) 7.9
Hot Fuzz (2007) သရော်ထားတဲ့ရုပ်ရှင်များထဲမှာ အရယ်ရဆုံး အကောင်းဆုံးလို့ရှာရင် Hot Fuzz ဆိုတဲ့ရုပ်ရှင်ကားက ထိပ်ဆုံးကပါတတ်ပါတယ်။သရော်ထားချက်တွေရော သရုပ်ဆောင်တွေရော အက်ရှင်တွေရော ကြည့်လို့အင်မတန်ကောင်းတဲ့ရုပ်ရှင်ပါ။ဇာတ်လမ်းကတော့....ထူးချွန်လွန်းတဲ့ရဲတစ်ယောက်ဖြစ်တဲ့ Nicholas Angel ဟာ ဥပဒေကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စာအုပ်ကြီးသမားအဖြစ် လန်ဒန်ရဲတပ်ဖွဲ့မှာအသက်ဘေးအန္တရာယ်တွေလဲ မမှုဘဲ ရဲလုပ်ငန်းတာဝန်တွေကို ရွပ်ရွပ်ချွံချွံထမ်းဆောင်နေသူပါ။ဒီလိုထူးချွန်လွန်းလို့ ဆုတံဆိပ်ပေါင်းများစွာ အကြိမ်တိုင်းရရှိနေသူဖြစ်ပါတယ်။ဒါပေမယ့် ရဲဌာနတစ်ခုလုံးက လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုမမြင်ချင်တော့ပါဘူးတဲ့...ဘာလို့လဲဆိုတော့ သူတစ်ယောက်ပဲ ထူးချွန်လွန်းနေပြီး ကျန်တဲ့ရဲတွေ အသုံးမကျသလိုခံစားလာရလို့ပါတဲ့....LoL...ဒါကြောင့်သူ့ကို ရာထူးအတင်းတိုးပေးပြီး သူ မပြောင်းရွှေ့ချင်တဲ့နယ်ဖက်ကိုပို့လိုက်ပါတယ်...သူက မပြောင်းရွှေ့ချင်ကြောင်း ရဲချုပ်ဆီ စောဒကတက်တဲ့အခါမှာတော့ သူရှိနေရင် ရဲချုပ်ကိုယ်တိုင်အသုံးမကျသလိုခံစားနေရလို့ တမင်ကိုပို့ခံရမှန်းသိလိုက်ရပါတော့တယ်....ဒါနဲ့ပဲ ထူးချွန်လွန်းတဲ့ဝန်ထမ်းတို့ ထုံးစံအတိုင်း ချောင်ခြိုချောင်ကြား နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့သွားရပါတော့တယ်။နယ်မြို့လေးဟာလဲ ထူးဆန်းစွာပဲ ဆယ်နှစ်နေလို့ အမှုတစ်ခုတောင်မရှိပါဘူးတဲ့။ကောင်းသတင်းတွေမွှေးပြီး အေးချမ်းလွန်းတဲ့ မြို့ကလေးလို့ အများသူငှာက အားကျနေရပေမယ့် တကယ့်တကယ် အတွင်းထဲမှာကျက်သရေမင်္ဂလာအဖြာဖြာ ယုတ်လျော့နေတာကို ကိုထူးချွန်တစ်ယောက် သိသွားတဲ့အခါမှာတော့.....တစ်မြို့လုံးနဲ့ တစ်ယောက် ဘယ်လိုတွေ ချကြမလဲဆိုတာ.........။လူ့သဘောတွေကို သရော်ထားတဲ့ ...
movie

Hot Fuzz (2007)

2007
4K HEVC
Sometimes Always Never (2018) 6.3
Sometimes Always Never (2018)  ခရစ်ယာန်ကျမ်းစာတွေထဲမှာ ပျောက်သောသားအကြောင်းရေးသားထားတဲ့ ကျမ်းပိုဒ်တွေ ပါဝင်ပါတယ်။အဲ့ဒီ ပျောက်သောသားဆိုတာက အိမ်ရဲ့စည်းစိမ်တစ်ဝက်ကို ယူကာအိမ်ကနေဆင်းသွားပြီး သုံးဖြုန်းလို့ ကုန်တော့မှ အိမ်ကိုပြန်လာတဲ့သားအကြောင်းပဲ ဖြစ်ပါတယ်။အဖေဖြစ်သူက အဲ့ဒီပျောက်သောသားပြန်လာတဲ့အခါမှာ စိတ်မဆိုးမငြိုငြင်တဲ့အပြင် အိမ်ရဲ့ကျွဲနွားတစ်ဝက်ကိုသတ်ပြီးစားသောက်ပွဲကြီးလုပ်ပေးတဲ့အပြင်လက်စွပ်တစ်ကွင်းပါ ပြန်လာတဲ့အနေနဲ့ ပေးခဲ့ပါသေးတယ်။အဲ့ဒီအချိန်မှာ ဘေးနားကနေရပ်ကြည့်နေရတဲ့ လူကတော့အဖေ့နားမှာပဲ ကျန်ပြီး အစစအရာရာကူလုပ်ပေးခဲ့တဲ့လိမ္မာတဲ့သားပါပဲ။အခုတင်ဆက်ပေးမဲ့ Sometimes Always Never ဆိုတဲ့ဇာတ်ကားကလည်းအဲ့ဒီအကြောင်းအရာကို Live Actionပြန်ရိုက်ထားသလားတောင် ထင်ရပါတယ်။2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေးတစ်ကားဖြစ်ပြီး IMDbRating 6.3 ရရှိထားပါတယ်။ဇာတ်ကားလေးရဲ့ အကျဉ်းချုပ်ကတော့ အထက်မှာပြောခဲ့သလိုပဲ အလန်ဆိုတဲ့အဖေမှာ ပီတာနဲ့ မိုက်ကယ်ဆိုတဲ့သားနှစ်ယောက်ရှိပြီး မိုက်ကယ်ကတော့ ငယ်ငယ်လေးကတည်းကအိမ်ကနေဆင်းသွားပြီး ပျောက်ဆုံးနေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီတော့ အလန်ကမိုက်ကယ်ပျောက်သွားတဲ့အချိန်ကတည်းကစပြီး လိုက်ရှာနေခဲ့တာအခုဆိုရင် နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။အဲ့ဒီလို ပျောက်သောသားကို လိုက်ရှာနေရင်းနဲ့ အဖေဖြစ်သူရဲ့အနွံတာတွေ အားလုံးကို ခံနေရသူကတော့ ပီတာပဲဖြစ်ပြီးသူ့အဖေပြဿနာရှာသမျှ ဒုက္ခပေးသမျှကို ခါးစည်းခံရင်းနဲ့ပဲသည်းခံနေလာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အလန်ကတော့ပီတာ့ကို မမြင်ဘဲပျောက်သောသားကိုပဲ လိုက်ရှာနေရင်းနဲ့နောက်ဆုံးမှာ ကျမ်းစာထဲကလို ပျောက်သောသားအိမ်ပြန်လာပါ့မလားဆိုတာကို ကြည့်နေကျဇာတ်ကားတွေနဲ့ Feelingမတူပဲ တစ်မျိုးလေးကြည့်ရှုခံစားရမဲ့ ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ File ...
movie

Sometimes Always Never (2018)

The Eye (2008) 5.4
The Eye (2008)  Horror ကားလည်း ကြည့်ချင်တယ် ..သိပ်ပြီးတော့လည်း မကြောက်ချင်ဘူး ..ဒါပေမယ့် ဇာတ်ကားကလည်း ကြည့်ရတာစိတ်ဝင်တစားဖြစ်ချင်တယ်ဆိုရင်တော့ နာမည်ကြီးမင်းသမီး Jessica Alba သရုပ်ဆောင်ထားတဲ့The Eye ဆိုတဲ့ ဇာတ်ကားကို ကြည့်ပါ။ဒီဇာတ်ကားထဲမှာ ဆစ်ဒနီဝဲလ်ဆိုတဲ့ မျက်မမြင်ကောင်မလေးနေရာမှာ Jessica Alba က အထူးသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဆစ်ဒနီဝဲလ်ကအသက်ငါးနှစ် အရွယ်တုန်းက မျက်စိကို ထိမှန်ပြီးဗျောက်အိုးထိမှန်ပြီး မျက်စိကွယ်ခဲ့တဲ့သူ။ နောက်ဆယ့်ငါးနှစ် အကြာမှာ သူ့ရဲ့ မျက်စိကို မျက်ကြည်လွှာအစားထိုးကုသခဲ့တယ်။ဇာတ်လမ်းက ဒီမှာ စတာပါ။မျက်စိက ကုသပြီးလို့ စစချင်း ဘာမှ သိပ်မမြင်ရသေးပေမယ့် ခက်တာက ကြောက်စရာကောင်းတဲ့ပုံရိပ်တွေ ..မီးလောင်နေတာတွေ ..လူသေတွေ အဲဒါတွေကို သူ့အနေနဲ့ မြင်လာရတယ်။သေမယ့် လူတွေကို ကြိုတင်ပြီး ပုံရိပ်တွေ မြင်နေရသလိုဖြစ်လာတယ် ..ဒီလိုတွေ မြင်လာရတာက ဘာကြောင့်လဲ?ဆစ်ဒနီအနေနဲ့ ဒါကို ဘယ်လိုမျိုး ကျော်ဖြတ်သွားမလဲ?ဆေးပညာနဲ့ ဒီကိစ္စက ဘယ်လိုမျိုး ဆက်သွယ်မှုတွေရှိနေသလဲ စတဲ့ ...
movie

The Eye (2008)

Strictly Confidential (2024)
Strictly Confidential (2024)  Strictly Confidential ဇာတ်ကားဟာ 2024 ခုနှစ်မှာထွက်ရှိထားတဲ့ လျှို့ဝှက်ဆန်းကျယ်ပြီး သည်းထိတ်ရင်ဖိုဖြစ်စေတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် ဒါရိုက်တာ Damian Hurley ၊Lee Beasley ၊ Gabbi Edmunds ၊ Caroline Murray တို့က ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်မီယာ ဆိုတဲ့ကောင်မလေးက သူ့အချစ်ဆုံးသူငယ်ချင်း ရေဘက်ကာရဲ့နှစ်ပတ်လည်နေ့မှာ နှစ်တိုင်းရေဘက်ကာနဲ့ဆုံနေကျဖြစ်တဲ့ ရေဘက်ကာရဲ့မိသားစုနေထိုင်ရာအိမ်ကို သူငယ်ချင်းတွေနဲ့အတူသွားလည်ခဲ့ပါတယ်သူငယ်ချင်းရဲ့သေဆုံးမှုကို သံသယဝင်ပြီး ပူဆွေးဝမ်းနည်းနေတဲ့မီယာတစ်ယောက် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့စီစဥ်‌နေချိန် ဘယ်လိုအပြောင်းအလဲတွေ၊ ဘယ်လိုလျှို့ဝှက်ချက်တွေ၊ ဘယ်လိုသစ္စာဖောက်မှုတွေကိုကြုံတွေ့ရမလဲဆိုတာ စိတ်လှုပ်ရှားရင်းကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် File size…(1.5 GB)/(864 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Thriller. Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su 
movie

Strictly Confidential (2024)

The Hopewell Haunting (2022)
The Hopewell Haunting (2022)  မနှစ်​က ထွက်ရှိ​ခဲ့တဲ့​ Horror / Thriller ဇာတ်ကား​တစ်​ကား​ဖြစ်​တဲ့ The​ Hopewell Haunting က တကယ့်​ဖြစ်​ရပ်မှန်ကို အခြေ​ခံထားတဲ့ ထိတ်​လန့်သည်းဖိုဇာတ်ကားဖြစ်ပါတယ်။ ဒဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ Dane Sear ရဲ့ အဘွား​ဖြစ်သူ​ကြုံတွေ့ခဲ့တဲ့ ၁၉၁၉ ခုနှစ်​က အဖြစ်အပျက်​တစ်ခုကို ပြန်လည်​ရိုက်ကူး​ထားတယ်လို့သိရပါတယ်။ဇာတ်လမ်း​အကျဥ်းကတော့ Kentucky ပြည်နယ် Hopewell မြို့​လေးကို ပြောင်း​ရွှေ့​ရောက်​ရှိလာတဲ့ လင်မယား​နှစ်ယောက်​ အိမ်​တစ်အိမ်မှာနေထိုင်ရင်း ထူးဆန်း​တာတွေကြုံတွေ့လာတဲ့အခါ မြို့​လေးရဲ့ဘုရားကျောင်းက တရား​ဟော​ဆရာ​ဖြစ်သူ​ဂျိမ်း​ကို အကူအညီ​တောင်းပါတယ်။ ဂျိမ်း​လည်း​ အိမ်​ကိုလိုက်စစ်ဆေးရင်း အမျိုး​အမည်​မသိတဲ့ သဘာဝလွန်အရာတစ်ခုနဲ့ ရင်​ဆိုင်​နေရပြီဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ဇာတ်လမ်း​က ဖြည်း​ဖြည်း​ချင်း​သွားတဲ့ Slow​-paced အမျိုး​အစား​ဖြစ်ပြီး Kentucky ပြည်နယ်​ရဲ့လူသိများတဲ့ သဘာဝလွန်ဖြစ်ရပ်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဘတ်ဂျက်ဇာတ်ကားဖြစ်တဲ့အတွက် အများကြီးမ​မျှော်လင့်​ဖို့တော့ လိုပါ​တယ်။File size…(1.6 GB)/(822 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Thriller, Drama, Horror, Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

The Hopewell Haunting (2022)

A Model Murder (2024)
A Model Murder (2024) Klassy Kara ဆိုတဲ့ နာမည်နဲ့ Modelfans ဆိုတဲ့ websiteမှာ ပုံတွေတင်ပြီး နာမည်ကြီးလာတဲ့ Kara Woods ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်ရှိပါတယ်။ သူ့မှာ ဖော်လိုဝါတွေလည်း များသလို model rankingကလည်း top ten ထဲမှာ ရှိပါတယ်။တစ်ရက် သူ့သူငယ်ချင်း ဖြစ်တဲ့ သူ့လိုပဲ Modelfansက မော်ဒယ်မလေး Maxine Madisonက အသတ်ခံလိုက်ရပါတယ်။ Maxine အသတ်ခံရပြီး Kara ရဲ့ Rankingကလည်း Top Five ထဲ ရောက်သွားတာပါပဲ။ Karaက websiteကနေ ပုံတင်ပြီး ငွေရှာနေပေမယ့် သူတကယ် လုပ်ချင်တာက မင်းသမီးအလုပ်ပါ။ လူရွေးပွဲတွေ ခဏခဏသွားပေမယ့်လည်းသူ့ကို modelfans siteကဖြစ်လို့ အဖော်အချွတ် မော်ဒယ်တစ်ယောက်လို့ပဲ အထင်သေးခံရပါတယ်။ ဒါပေမယ့် Kara က ဇွဲမလျှော့ပါဘူး။ တစ်ရက် ဖန်တွေ ပို့ပေးလာတဲ့ ...
movie

A Model Murder (2024)

Warm Bodies (2013) 6.9
Warm Bodies (2013) IMDb (6.9) / Rotten Tomatoes (81%)Vampire တစ်ကောင်ကိုချစ်နိုင်ပေမယ့် Zombieဆိုရင်ရော ချစ်နိုင်ပါ့မလား? အခုက စိတ်လှုပ်ရှားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် အလှည့်ပါ။ လူ့ဦးနှောက်တွေစားတဲ့ Zombieတစ်ကောင်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့။ Zombieတစ်ကောင်ဖြစ်တဲ့ Rဟာ သူရဲ့တစ်နေ့တာကို စွန့်ပစ်ခံမြို့က လေဆိပ်ပျက်ထဲမှာ ဟိုဟိုဒီဒီလျှောက်သွားရင် ကုန်ဆုံးလေ့ရှိပါတယ်။ သူ့မှာ Mဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။အဓိပ္ပါယ်မဲ့နေတဲ့ သူ့ဘဝထဲကို ဝင်လာတဲ့သူက Julie Julieနဲ့သူ့သူငယ်ချင်းတစ်စု Rတို့နေတဲ့ မြို့ပျက်ထဲမှာရှိတဲ့ ဆေးဝါးတွေကို ယူဖို့ အထက်ကအမိန့်ပေးခံရတယ်။ Julieတို့လည်း အဆောက်အအုံဟောင်းတစ်ခုက ဆေးဝါးတွေကို သယ်နေတုန်း Rတို့ Zombieအုပ်စုနဲ့တိုးတဲ့အခါ….... Zombieဖြစ်နေတဲ့ Rဟာ Julieရဲ့ချစ်သူကို သတ်ပစ်ပြီး သူ့ရဲ့ ဦးနှောက်ကို စားလိုက်တယ်။ ဒီနေရာမှာ လှည့်ကွက်တစ်ခုက သေသူရဲ့ ဦးနှောက်ကိုစားလိုက်တဲ့အခါ သေသူရဲ့မှတ်ဉာဏ်တွေကို zombieက ခံစားနိုင်တယ်ဆိုတာ။Julieချစ်သူ့ရဲ့ မှတ်ဉာဏ်တွေကတစ်ဆင့် Rဟာ Julieအပေါ် ထူးဆန်းတဲ့ခံစားချက်တစ်ခု ခံစားလိုက်ရတယ်။ ဒီလိုနဲ့ zombieတွေ လက်ထဲ ဒုက္ခရောက်နေတဲ့ Julieကို ...
movie

Warm Bodies (2013)

2013
4K HEVC
Reincarnation (2005) 6.1
Reincarnation (2005)  Reincarnation (2005) ===================The grudge series ရဲ့ ပဲ့ကိုင်ရှင် Takashi Shimizuရဲ့ လက်ရာကောင်းလေးဖြစ်တဲ့ Reincarnation ကို တင်ဆက်လိုက်ပါတယ် ဇာတ်လမ်းနာမည်အတိုင်း လူဝင်စားတွေအကြောင်း ရိုက်ကူးထားတာပါ ဟိုတယ်တစ်ခုမှ ပါမောက္ခတစ်ယောက်ရဲ့ ရူးမိုက်စွာသတ်ဖြတ်ခြင်းကို ခံရတဲ့ လူ ၁၁ယောက် ရှိပါတယ် ယနေ့ခေတ်မှာတော့ နာဂိဆာဆိုတဲ့ တက်သစ်စ မင်းသမီးလေးဟာ ဒီဖြစ်ရပ်မှန်ကို ရိုက်ကူးမယ့်ရုပ်ရှင်မှာ သရုပ်ဆောင်ဖို အကြောင်းဖန်လာပါတော့တယ် ဇာတ်ညွှန်းကို လက်ခံရရှိပြီးကတည်းက မြင်နေကျမဟုတ်တဲ့အရာတွေကို မြင်လာရတယ် အရုပ်ကိုင်ထားတဲ့ ကလေးမလေးတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေဟာ သူ့ဆီရောက်ရောက်လာတယ် ရိုက်ကွင်းအတွက် တကယ်ဖြစ်ပျက်ခဲ့တဲ့ ဟိုတယ်ကို သွားရောက် လေ့လာပြီးနောက်မှာ အခြေအနေတွေက ပိုဆိုးလာခဲ့တယ် သူ့ကိုယ်သူ ကလေးမလေးရဲ့ လူဝင်စားလို ယုံကြည်လာတယ် ယာယိုအီဆိုတဲ့ မိန်းကလေးတစ်ယောက်ကလည်း အဲဒီဟိုတယ်ကို ခဏခဏ အိပ်မက်ထဲ မြင်နေတာမို သူငယ်ချင်းရဲ့ အကူအညီနဲ့ လိုက်လံစုံစမ်းရာမှာတော့... သူတို နှစ်ဦး ဘယ်လိုတွေ ချိတ်ဆက်မိမလဲဆိုတာ plot twistလေးနဲ့အတူ ခံစားလိုကောင်းမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါကြောင်း...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ ...
movie

Reincarnation (2005)

North by Northwest (1959) 8.3
North by Northwest (1959)  ဒီတစ်ခါမှာတော့ ၁၉၅၉ ခုနှစ်က စပိုင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Thriller/Mystery အမျိုးအစားဖြစ်ပြီး IMDB 8.3/10, Rt 97% ရရှိထားပြီး မင်းသားကြီး Cary Grant နဲ့ မင်းသမီးကြီး Eva Marie Saint တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ရော်ဂျာက နယူးယောက်က ကြော်ငြာအမှုဆောင်တစ်ယောက်ဖြစ်ပြီး အလုပ်ကိုတန်ိဖုးထားကာ ဘဝကို ကြိုးကြိုစားစား ဖြတ်သန်းနေသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ သူ့ကို ကတ်ပ်လန်ဆိုတဲ့လူလို့ အခိုင်အမာ စွပ်စွဲပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ သူက သူ့ကို ပြန်ပေးဆွဲထားသူတွေကို သူက ရော်ဂျာဖြစ်ကြောင်း၊ ကတ်ပ်လန်မဟုတ်ကြောင်း ဘယ်လောက်ပဲ ရှင်းပြပြောဆိုပေမဲ့ တစ်ဖက်ကလူတွေက လက်မခံဘဲ သူ့အသက်ကို ရန်မူဖို့ ကြိုးစားခဲ့ရာမှာတော့..သူက တကယ်ပဲ သူတို့ပြောသလို ကတ်ပ်လန်ဆိုတဲ့လူလား၊ အသတ်ခံရမှာစိုးလို့ ဟန်ဆောင်နေတာလား၊ တကယ်လို့ သူက ကတ်ပ်လန်မဟုတ်ဘူးဆိုရင်ရော သူတို့က ဘာလို့ ...
movie

North by Northwest (1959)

The Babadook (2014) 6.8
The Babadook (2014) Genre – Drama, Horror, Mystery IMDB – 6.8/10ဒီကားလေးက ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Psychological horror/Mystery အမျိုးအစား ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။Horror ကားကောင်းတွေရှားတဲ့အနေအထားမှာ လွန်ခဲ့တဲ့၁၀နှစ်လောက်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးကတော့ ဟော်ရာဖန်တွေကို အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းကတော့ အမ်မီလီရာဆိုတဲ့အမျိုးသမီးဟာ Single Mom တစ်ဦးဖြစ်ပြီး သူ့သားလေး ဆမ်မြူရယ်ကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်နေတာပါ။ သူ့အမျိုးသားကတော့ သူ့သားဖြစ်သူ ဆမ်မြူရယ်မွေးတဲ့နေ့မှာပဲ ကားမတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ အမ်မလီရာဟာ ၇နှစ်ကျော်ပြီးဖြစ်ပေမဲ့ အဲဒီဆုံးရှုံးမှုကို လက်ရှိအချိန်အထိ ကြေကွဲတမ်းတနေသေးတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ သူ့သားလေးဖြစ်တဲ့ ဆမ်မြူရယ်က မျက်လှည့်ကို အရမ်းစိတ်ဝင်စားပြီး မကောင်းဆိုးဝါးတွေကိုလည်း ယုံကြည်တတ်တဲ့ကလေးတစ်ယောက်ပေါ့။တစ်ညမှာ မိခင်ဖြစ်သူက သားဖြစ်သူကို အိပ်ရာဝင်ပုံပြင်ဖတ်ပြရင်း "မစ္စတာဘာဘာဒေါ့ခ်"လို့ ခေါ်တဲ့စာအုပ်ကိုဖတ်ပြမိခဲ့တယ်။ အဲဒီညကနေစပြီး သူတို့သားအမိနှစ်ယောက်ရဲ့အိမ်မှာ ကြောက်စရာအဖြစ်အပျက်တွေ ဇယ်ဆက်သလိုပဲ ဆက်တိုက်ပေါ်ပေါက်လာခဲ့တော့တယ်။ဇာတ်လမ်းရဲ့အသက်ကတော့ သားအမိနှစ်ယောက်ရဲ့ ဆက်ဆံရေးနဲ့ချစ်ခြင်းမေတ္တာလို့ပဲပြောရမယ်။ သရုပ်ဆောင်မင်းသမီး Essie Davis ရဲ့ သရုပ်ဆောင်ချက်တွေကလည်း အတော်ပြောင်မြောက်တယ်။ ခင်ပွန်းသည်ကိုဆုံးရှုံးလိုက်ရလို့ စိတ်ဒဏ်ရာရပြီးကြေကွဲနေတဲ့ဇနီးသည်၊ သားဖြစ်သူကအရမ်းဆိုးပြီး ထိန်းရခက်ပေမဲ့လည်း အချစ်မလျော့တဲ့မိခင်နေရာကနေ သရုပ်ဆောင်ထားတာက အတော်မိုက်ပြီး ရင်ထဲထိစေမှာအသေအချာပါပဲ။ထိတ်လန့်ခြောက်ခြားစရာအဖြစ်အပျက်တွေနဲ့ ကြည်နူးစရာချစ်ခြင်းမေတ္တာတို့ကို အချိုးကျပေါင်းစပ်လိုက်တဲ့အခါမှာ သိပ်ကိုလှပကောင်းမွန်တဲ့ Emotionally Investing ဖြစ်စေမယ့် ဟော်ရာကားတစ်ကားထွက်ပေါ်လာတော့တယ်။File size…    1.3 GB /  637 ...
movie

The Babadook (2014)

What the Peeper Saw (1972) 5.8
What the Peeper Saw (1972) IMDb Rating - 5.8/10(18+ အခန်းတချို့ပါဝင်၍ အသက်ရွယ်မပြည့်သူများနှင့် မိသားစုဝင်များအတူတကွ ကြည့်ရှုရန်မသင့်တော်ပါ)မားကပ်စ်ရဲ့အမေရင်းဆုံးသွားပြီးတဲ့နောက်အယ်လီစ်က မားကပ်စ်ရဲ့အဖေပေါလ်နဲ့လက်ထပ်ခဲ့ပြီးသူတို့အိမ်ကိုပြောင်းနေခဲ့ပါတယ်။ မားကပ်စ်နဲ့စတွေ့ပြီးနောက်ပိုင်း အယ်လီစ်က မားကပ်စ် ရဲ့အပြုအမူတွေမူမမှန်တာထူးဆန်းနေတာကိုစတင်သတိထားမိလာပြီးမားကပ်စ်က သူ့အမေသေဆုံးမှုနဲ့ပတ်သတ်ပြီးလျှို့ဝှက်ထားတာတွေရှိနိုင်တယ်လို့သံသယဝင်လာပါတော့တယ်။ အယ်လီစ်က အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားရင်းမိသားစုအတွင်းမှာဖြစ်လာတဲ့စိတ်ဖိစီးမှုတွေ,မယုံကြည်မှုတွေ,အလိမ်အညာတွေ နဲ့ နောက်ကွယ်ကအကြောင်းတွေ,လျှို့ဝှက်ချက်တွေ..........စတဲ့အကြောင်းတွေကိုpsychological thrillerဆန်ဆန်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…    3.6 GB /  1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ..... Crime / Drama / Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Paing
movie

What the Peeper Saw (1972)

Monster (2023) 5.0

Monster (2023)

Blood Hangs In The Coffin ( 2024 ) 5.6
Blood Hangs In The Coffin ( 2024 ) တာ့မင်ပြည်မှာ အကျင့်ပျက်ချစားနေတဲ့ တုန်းချန်စစ်တပ်နဲ့ညွှန်းကြားရေးမှူးတစ်ဦးရှိပါတယ် ။ သူကရုံး‌တော်ကတခြားအမတ်တွေနဲ့ပေါင်းပြီ းလာဘ်စားကြတာကြောင့် ပြည်သူတွေလည်း အခွန်အခတွေများပြီး ဆင်းရဲဒုက္ခတွေကြုံရတာပေါ့ ။ဒီလိုအကျင့်ပျက်ချစားမှုတွေကို ဖူအိမ်‌တော်က သခင်ကြီးဖူကသေချာစုံစမ်းပြီး အမှုမှာပါဝင်နေတဲ့အမတ်တွေနဲ့နာမည်ကိုချရေးပြီး မင်းကြီးဆီတင်ပြဖို့လုပ်ပါတော့တယ် ။ဒါပေမဲ့ မထင်မှတ်ထားဘဲ တုန်းချန်စစ်တပ်တွေဆီကနေ လုပ်ကြံခံရပြီး အငယ်ဆုံးသမီးလေးတစ်ယောက်တည်းရှင်သန်လွတ်မြောက်ခဲ့ပါတယ် ။ညွှန်ကြားရေးမှူးဟာ သူတကယ်လိုချင်တဲ့နာမည်စာရင်းကိုမရလိုက်တဲ့အပြင် လူတစ်ယောက်ကပါလွတ်သွားတော့ ဒေါသထွက်ပြီး အခေါင်းတစ်ခုကို ဖူအိမ်မှာပဲ ဖူအိမ်ကအိမ်သား၃၄ယောက်ရဲ့ခေါင်းတွေထည့်ပြီးချိတ်ဆွဲစေခဲ့ပါတယ် ။နှစ်၂၀ကြာပြီးတဲ့အချိန်မှာတော့ ညွှန်းကြားရေးမှူးက မတော်တဆ သူတစ်အိမ်လုံးအပြတ်ရှင်းခဲ့တဲ့ဖူအိမ်ကိုပြန်ရောက်လာချိန်မှာတော့... သူသတ်ခဲ့တဲ့ဖူအိမ်ဆိုတာကိုမှတ်မိပါ့မလား လွတ်သွားတဲ့ကလေးကရော သူ့ကိုရန်သူအဖြစ်သဘောထားနေအုံးမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်လမ်းလေးဖြစ်လို့ စောင့်ကြည့်ပေးဖို့‌မမေ့ပါနဲ့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Blood Hangs In The Coffin ( 2024 )

Nothing Can’t Be Undone by a HotPot ( 2024 ) 6
Nothing Can’t Be Undone by a HotPot ( 2024 ) မမ Yangmi ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Comedy Suspense ရှပ်ရှင်ဇာတ်ကားလေးတင်ပေးလိုက်ပါပြီ။ တစ်ယောက်နဲ့တစ်ယောက်လုံးဝမသိတဲ့ လူစိမ်း(၄)ယောက်ဟာ လာဘ်စားတဲ့အရာရှိတစ်ယောက်ရဲ့အိမ်မှာ လာဘ်စားထားတဲ့ ပိုက်ဆံတွေဖွက်ထားတဲ့နေရာသိသွားပြီးတော့ သွားခိုးလာခဲ့ကြတယ်။ခရီးဆောင်သေတ္တာတစ်လုံးအပြည့်ပိုက်ဆံတွေရလာတဲ့အတွက် အရမ်းပျော်ပြီး ပိုက်ဆံခွဲဖို့ကြံနေကြတဲ့အချိန်မှာ အဖွဲ့သားတစ်ယောက်ယူလာတဲ့ နောက်ထပ်သေတ္တာတစ်လုံးထဲမှာ အလောင်းတစ်လောင်းပါလာတဲ့အခါ အားလုံးဟာဘယ်လိုလုပ်ရမှန်းမသိ ပြာယာခတ်သွားကြတယ်။(ဟော့ပေါ့တစ်အိုးနဲ့ပြဿနာအားလုံးကိုဖြေရှင်းလို့ရတယ်) ဆိုတဲ့ရုပ်ရှင်နာမည်အတိုင်း (၄)ယောက်သား ဟော့ပေါ့ဝိုင်းမှာထိုင်ပြီးတော့ ဒီအလောင်းကိုဘယ်လိုလုပ်ကြမလဲဆိုတာ အကြီးအကျယ်ဆွေးနွေးကြတော့တာပေါ့။ ဆူပွက်နေတဲ့ဟော့ပေါ့အိုးနဲ့အတူ သူတို့ရဲ့လောဘတွေနဲ့ အလိမ်အညာတွေဟာတဖြည်းဖြည်းပေါ်လာခဲ့တယ်။သူတို့(၄)ယောက်ရဲ့ တကယ်သရုပ်မှန်တွေကဘယ်သူတွေဖြစ်နေပြီးတော့ အမှန်တရားကဘယ်လိုဖြစ်မလဲဆိုတာ ဆက်ပြီးကြည့်လိုက်ပါနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Crime , Mystery Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Nothing Can’t Be Undone by a HotPot ( 2024 )