Channel Myanmar

Mystery

Visions (2023) 5.3
Visions (2023)  Thriller Mystery ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် 2023 မှာထွက်ရှိခဲ့တဲ့ Visions ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Estelleဟာ နာမည်ကြီးဆရာဝန်တစ်ဦးနဲ့လက်ထပ်ထားပြီး ထူးချွန်တဲ့ ပိုင်းလော့တစ်ဦးလည်းဖြစ်ပါတယ်။ အရာရာပြည့်စုံနေတဲ့ Estelle ဘဝထဲကို အတိတ်မှာဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ Ana ဆိုတဲ့အမျိုးသမီးတစ်ဦးပြန်လည်ဝင်ရောက်လာချိန်မှာ Estelle ဟာ Ana နဲ့ ဖောက်ပြားမိပါတယ်။ Ana ပြန်ရောက်လာတဲ့အချိန်ကစပြီး Estelle ဘဝမှာ ဂြိုလ်ဆိုးဝင်သလို ကမောက်ကမတွေဖြစ်ကုန်ပါတော့တယ်။ Estelle ကြုံတွေ့လာရတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေနောက်ကွယ်မှာတော့…။Ana အဖြစ် Marta Nieto, Estelle အဖြစ် National Treasure, TROY, Inglourious basterds သရုပ်ဆောင် Diane Kruger ကပါဝင်ထားပါတယ်။ မင်းသမီး ၂ လက်ရဲ့ အပြိုင်သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးကြည့်ရှုရမှာမလို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း.။ (မိသားစုနှင့်အတူ ကြည့်ရှုရန်မသင့်တော်သော ဇာတ်ဝင်ခန်းအချို့ပါဝင်ပါတယ်) File size…(1.8 GB)/(870 Mb) Quality….Webrip ...
movie

Visions (2023)

The Hateful Eight (2015) 7.8
The Hateful Eight (2015)  The Hateful Eight (2015)IMDb Rating (7.8) / Rotten Tomatoes (75%)ဒီရုပ်ရှင်ကတော့ ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ နာမည်ကျော် ရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။သူရိုက်ခဲ့တဲ့ Pulp fiction, Kill Bill, Inglourious bastards,Django unchained တို့ကို ကြည့်ဖူးရင် သူဘယ်လိုကားမျိုးတွေရိုက်တတ်လဲ သိမှာပါ။ ဒီဇာတ်လမ်းမှာလဲ ကာရိုက်တာ မျိုးစုံကို အခန်းတစ်ခုထဲမှာထည့်ပြီး ပဟေဠိတွေနဲ့ လှလှပပ ပြသထားတာ တွေ့ပါလိမ့်မယ်။ဇာတ်လမ်းကတော့ အမေရိကန် ပြည်တွင်းစစ်အပြီး နှစ်အနည်းငယ်အကြာကိုအခြေပြုထားတာပါ။ မြောက်ပိုင်းတပ်က ထွက်လာတဲ့ ဗိုလ်မှူးမားကွစ်( ဆမ်မြူရယ် ဂျက်ဆန်) ဟာ ကြေးစားလူဆိုးဖမ်းသမားအဖြစ်အသက်မွေးနေပါတယ်။ တစ်နေ့မှာ ဝိုင်အိုးမင်းနယ် တောင်ပေါ်တစ်နေရာမှာနှင်းမုန်တိုင်းကြောင့် ပိတ်မိနေရင်း လှည်းတစ်စီးနဲ့ လမ်းကြုံလိုက်ခဲ့ရတယ်။အဲဒီလှည်းပေါ်မှာ ပါလာတဲ့ လူတွေနဲ့ ဆိုင်လေးတစ်ခုမှာ ဝင်ခိုနားကြတယ်။အဲဒီဆိုင်ထဲမှာလည်း ရောက်နှင့်ပြီးတဲ့သူတွေ ရှိနေပါပြီ။အဓိကကတော့သူတို့တွေကြားထဲက ပတ်သတ်မှုနဲ့ လျို့ဝှက်ချက်တွေကိုစိတ်ဝင်စားစရာထိုင်ကြည့်နေရမှာပါပဲ။ကြာမြင့်ချိန် ၃ ...
movie

The Hateful Eight (2015)

2015
4K HEVC
The Name of the Rose (1986) 7.7
The Name of the Rose (1986)  ဒီကားကတော့ James Bond မင်းသားကြီး Sean Connery ရဲ့ 1986 မှာ ထွက်ခဲ့တဲ့ Mystery/thriller ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို အလယ်ခေတ်က ခရစ်ယာန် ကျောင်းတိုက်တစ်ခုမှာနေရာယူထားပါတယ်။ ဒီကျောင်းတိုက်က ကိုယ်တော်တွေ ထူးထူးဆန်းဆန်း ‌သေဆုံးလာကြတဲ့အချိန်မှာ အကုန်လုံးက နတ်ဆိုးကြောင့်လို့ထင်ခဲ့ပါတယ်။အဲဒါနဲ့ပဲ ကျောင်းတိုက်ဟာ ကိုယ်တော် ဝီလီယမ်ကို ဒီလူသေမှုတွေကို စုံစမ်းဖို့အကူအညီ တောင်းလိုက်ပါတယ်။ ကိုယ်တော် ဝီလီယမ်ဟာ တခြားသူတွေလို သဘာဝလွန် စွမ်းအားတွေကြောင့်ဖြစ်နေတာလို့မယူဆပဲ လူသေမှုတွေကို အချက်အလက်ကျကျ လိုက်ပြီးစုံစမ်းပါတော့တယ်။ဒီကားထဲမှာ ခရစ်ယာန် ဘုန်းတော်ကြီးတွေရဲ့ ဘာသာရေး အစွန်းရောက်ယုံကြည်မှုတွေနဲ့ ကိုယ်တော် ဝီလီယမ်ရဲ့ ယုတ္တိကျကျ တွေးခေါ် တတ်ပုံတွေနဲ့ အားပြိုင်တာကို တွေ့ရှိရမှာပါ။ File size…(2.9 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

The Name of the Rose (1986)

Apocalypse Now (1979) 8.4
Apocalypse Now (1979) Apocalypse Now (1979) ================= IMDb Rating (8.4) / Rotten Tomatoes (97%)ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင် God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။Apocalypse Now (1979) ...
movie

Apocalypse Now (1979)

1979
4K HEVC
Fairy Tale Killer ( 2024 ) 5.8
Fairy Tale Killer ( 2024 ) လုံအန်းမြို့ပြင်ရှိ လယ်တောမှာ အလောင်းတစ်လောင်းတွေ့ရာမှစလို့ အဆိုပါ လယ်တောပိုင်ရှင်ဖြစ်သူဟာ လွန်ခဲ့တဲ့ ၅ နှစ် လူပျောက်မှုနဲ့ရော လက်ရှိ လူသေအလောင်းနဲ့ပါ ဆက်စပ်နေမှန်း ပေါ်လာတဲ့အခါ မှုခင်းရဲအရာရှိဖန်းယွီနဲ့ သူ့တပ်ဖွဲ့ဝင်တွေ ဒီအမှုကို စုံစမ်းဖို့ ဖြစ်လာပါတော့တယ်မှုခင်းရဲတပ်ဖွဲ့က သံသယရှိနေတဲ့ တရားခံဟာ အခင်းဖြစ်ပွားတဲ့နေ့က ယာဉ်ထိန်းရဲ ချွေးရှောင်ထျန်းရဲ့လုပ်ဖော်ကိုင်ဖက်ကို ကားနဲ့တိုက်ပြီး ထွက်ပြေးရမှာစလို့ ချွေးရှောင်ထျန်းပါ ရဲအရာရှိဖန်းနဲ့ ပူးပေါင်းပြီး အဆိုပါအမှုကို ဖော်ထုတ်ဖို့ ဖြစ်လာတဲ့အခါ သူတို့အားလုံး သံသယရှိနေတဲ့သူကရော တကယ့်တရားခံအစစ်ဟုတ်ရဲ့လားဆိုတာကို ဒီဇာတ်ကားလေးမှာ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mee Mee Jue Jue Encoded by LK   
movie

Fairy Tale Killer ( 2024 )

Mystery of Error ( 2024 ) 5.7
Mystery of Error ( 2024 ) ဒီတစ်ခါမှာလည်း နန်းတွင်းကားတွေကို ကြိုက်နှစ်သက်ဆဲပရိသတ်ကြီးအတွက် နန်းတွင်းဇာတ်ကားကောင်းလေးတစ်ကားကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ လက်ရှိတိုင်းပြည်မှာ အုပ်ချုပ်နေတဲ့မင်းကြီးဖြစ်သူ ကျိုးစူးဝမ်ကို သူ့ရဲ့ဦးရီးတော်ဖြစ်တဲ့ ကျိုးတိက ပုန်ကန်ဖို့လုပ်ခဲ့ပြီးတော့ နန်းမြို့တော်ကိုဝိုင်းကာ အတင်းအညံ့ခံခိုင်းခဲ့ပါတယ် ။ဒီလိုတွေဖြစ်မှာကိုကြိုသိခဲ့တဲ့ အရင်မင်းကြီးက သူ့သားတော်ကို ဒီလိုအခက်အခဲတွေကလွတ်အောင် အစီအစဉ်အချို့ချမှတ်ပေးခဲ့ပါတယ် ။ သူ့ရဲ့လူယုံတော်ဝမ်ယင်းကို မျက်နှာပြောင်းလဲခြင်းအတတ်နဲ့ ဝမ်းယင်းရဲ့တပည့် ဟူယန်နဲ့သားတော်ကျိုးစူးဝမ်တို့ရဲ့မျက်နှာကိုလဲလှယ်စေခဲ့ပါတယ် ။သားတာ်ကို ဦးရီးတော်ကျိုးတိဆီက လက်လံသတ်ဖြတ်မခံရအောင် ဟူယန်ရဲ့မျက်နှာနဲ့ ဆက်လက်အသက်ရှင်စေခဲ့ပါတယ် ။ ဒါပေမဲ့ ဘုရင်ဖြစ်သွားတဲ့ ဟူယန်အစစ်ကလည်း ကျူးစူးဝမ်ဆိုတဲ့ သရုပ်နဲ့အတူ ပုန်ကန်ဖို့ကြိုးစားလာချိန်မှာတော့ ကျိုးစူးဝမ်အစစ်တစ်ယောက် ဟူယန်ဆီကနေ လုပ်ကြံခံရပါတော့တယ် ။အဲဒီလုပ်ကြံမှုကြောင့် သေမလိုဖြစ်သွားတဲ့ ကျိုးစူးဝမ်ကို ဓားပြမလေး ကျန်းရှန်းကယ်တင်ကာ ရွာမှာဖမ်းထားလိုက်ပါတော့တယ် ။ ဇာတ်လမ်းထဲမှာတော့ ကျိုးစူးဝမ်အစစ်တစ်ယောက် သူ့မျက်နှာနဲ့ သူ့နာမည်ဖျက်၊ လုပ်စားနေတဲ့ ဟူယန်ကိုဘယ်လို‌ချေမှုန်းမလဲ ? ယူယန်မျက်နှာနဲ့သူ့ကို ဘယ်သူကယုံကြည့်ပါ့မလဲ ? ဘုရင်နေရာမှာထိုင်နေတဲ့ ကျိုးတိကိုရော ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရှုလိုက်ပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 26 ...
movie

Mystery of Error ( 2024 )

The Adderall Diaries (2015) 5.5
The Adderall Diaries (2015)  The Adderall Diaries ဇာတ်ကားဟာ ၂၀၁၅ ထွက်နာမည်ကျော် မင်းသားမင်းသမီးတွေ ပါဝင်တဲ့Crime Drama Mystery ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အားလုံးကြိုက်တဲ့ နာမည်ကျော်မင်းသား James Franco၊အားလုံးသိတဲ့ မင်းသမီး Amber Heard တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်..ဇာတ်လမ်းလေးကတော့ စတီဖင် ဆိုတဲ့ မင်းသားဟာနာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အတိတ်က ဖခင်နဲ့ အဆင်မပြေခဲ့ရတဲ့ စိတ်ဒုက္ခဆင်းရဲတွေဆက်ဆံရေးအကြောင်းတွေကို စာအုပ်ရေးခဲ့ပါတယ်။ဒါပေမဲ့ သူ့စာအုပ် မိတ်ဆက်ပွဲမှာ သေပြီလို့ ရေးထားတဲ့သူ့အဖေကိုယ်တိုင် ရုတ်တရက် ရောက်လာတဲ့အခါမှာသူတို့ကြား ဘယ်လို ဆက်ဆံရေးတွေ ရှီမှာလဲ ရှိခဲ့လဲဆိုတာကို မတူညီတဲ့ ဖက် ၂ ဖက်ကနေ ကြည့်ရမှာ ဖြစ်သလိုတစ်ချိန်တည်းမှာပဲ စတီဖင် စာရေးဖို့ လေ့လာနေတဲ့လူသတ်မှုတစ်ခုကလည်း သူတို့ဘဝနဲ့ နီးစပ်နေတဲ့အခါသူ့အပေါ် ဘယ်လို သက်ရောက်မှုတွေရှိမလဲ ကြားထဲမှာလဲချစ်သူ၊မိတ်ဆွေ၊လုပ်ဖော်ကိုင်ဖက်တွေကလည်း သူ့ဘဝကိုဘယ်လို သက်ရောက်မှုတွေရှိမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ရာကြည့်ရမှာ ဖြစ်ပါတယ်.. File size…1.29GB / 583MB Quality…Blu-Ray 1080p  / ...
movie

The Adderall Diaries (2015)

The Intruders (2015)
The Intruders (2015)  အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက်က အပြင်ထွက်ရမှာကိုအရမ်းကြောက်လန့်ပြီး အိမ်ထဲမှာပဲ နေနေခဲ့တာအခုဆိုရင်၁၀ နှစ်ကျော်တောင်ရှိခဲ့ပါပြီ။ အခုအချိန်မှာတော့ သူကသေလုမျောပါးဖြစ်နေတဲ့ သူ့အစ်ကိုကို အိမ်မှာပဲ စောင့်ရှောက်ပေးနေခဲ့ပါတယ်။သူဘာလို့ အိမ်ပြင်ထွက်ရမှာအရမ်းကြောက်လန့်နေတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ သေချာမသိရသေးပါဘူး။သူ့အစ်ကို ဆုံးပါးသွားတဲ့အချိန်မှာတော့ အစ်ကိုရဲ့သေတမ်းစာအတိုင်း ပိုက်ဆံတွေအများကြီးကို အမွေရခဲ့ပါတော့တယ်။လူသူတွေနဲ့ ထိတွေ့ဆက်ဆံရမှာကိုကြောက်တဲ့ အန်နာ့မှာသိတဲ့ လူဆိုလို့ သူ့အိမ်ကို စားစရာ Delievery လာပို့နေကျ ကောင်လေးနဲ့ သူ့အစ်ကိုရဲ့ ရှေ့နေပဲရှိပါတယ်။အဲ့ဒါကြောင့် အန်နာလည်း စားစရာပို့တဲ့ ကောင်လေးဖြစ်တဲ့ဒန်နဲ့ ခင်မင်သွားပြီး သူ့အတွက်အရေးမကြီးတဲ့ အမွေရထားတဲ့ပိုက်ဆံတွေကို ဒန့်ကိုပေးပါတော့တယ်။ဒါပေမယ့် ဒန်ကအဲ့ဒီလောက် ပိုက်ဆံအများကြီးကို လက်မခံနိုင်တဲ့အတွက်ငြင်းခဲ့ပါတယ်။ဒီလိုနဲ့ အစ်ကိုဖြစ်သူရဲ့ ဈာပနနေ့ကို ရောက်ရှိလာခဲ့ပြီး ထုံးစံအတိုင်းပဲ အန်နာကတော့လုံး၀အပြင်မထွက်ပါဘူး။အဲ့ဒီအချိန်မှာ လူ ၃ ယောက်ကသူ့အိမ်ထဲကို ဖောက်ထွင်းဝင်ရောက်လာကြပြီး သူအမွေရထားတဲ့ပိုက်ဆံတွေကိုလာရှာပါတော့တယ်။အဲ့ဒီ လူတွေကဘယ်သူတွေလဲဆိုတာကိုအန်နာလုံး၀မသိသလို သူ့ဆီမှာပိုက်ဆံရှိနေတယ်ဆိုတဲ့သတင်းကို ဘယ်လိုရသွားကြမှန်းလည်း မသိပါဘူး။သိပ်မကြာလိုက်ခင်မှာပဲ အဲ့ဒီလူတွေက အန်နာ့ကိုတွေ့သွားပြီး ပိုက်ဆံတွေဘယ်မှာထားလဲဆိုတာကို အတင်းမေးပါတော့တယ်။ဒီလိုနဲ့အဲ့ဒီ အိမ်ကြီးထဲမှာ လူဆိုးသုံးယောက်နဲ့ အန်နာတစ်ယောက်တည်းဖြစ်နေခဲ့ပေမဲ့ တကယ်တမ်းမုဆိုးကသားကောင် ...
movie

The Intruders (2015)

Mad Fate (2023) 6.4
Mad Fate (2023)  Mad Fate (2023)============"ကံလမ်းကြောင်းက ခင်းပြီးသားပေမဲ့ လျှောက်လှမ်းမဲ့ပုံစံကို ရွေးချယ်လို့ရတယ်" လူငယ်လေးတစ်ယောက်ရဲ့ဇာတာကိုကြည့်ပြီးနောက် လူသတ်‌ပြီး‌ထောင်ကျကိန်းရှိနိုင်တဲ့အတွက် ‌ဗေဒင်ဆရာကအရမ်းထိတ်လန့်သွားပြီး ကူညီပေးချင်စိတ်တွေပေါ်သွားတယ်။ အကြောင်းကတော့ အဲ့လူငယ်လေးက မကောင်းတဲ့နက္ခတ်တွေနဲ့ယှဉ်ပြီးမွေးဖွားလာတဲ့အတွက် လူသတ်ချင်စိတ်တွေအမြဲဖြစ်ပေါ်လေ့ရှိပြီး ကံအညံ့တွေနဲ့ပဲကြုံရမှာပဲဖြစ်တယ်။‌ အစက‌တော့ ဒါတွေကိုမယုံသလိုလိုနဲ့ ဂျစ်ကန်ကန်ဖြစ်ခဲ့ပေမဲ့ ထောင်မကျချင်တဲ့ဆန္ဒလေးတစ်ခုကြောင့် ဗေဒင်ဆရာဖြစ်သူကိုအကူအညီတောင်းလာပါတော့တယ်။ သူတို့နှစ်ယောက် ကံကြမ္မာကိုဘယ်လိုပြောင်းလဲကြမလဲ ပြောင်းလဲလို့ရောရပါ့မလားဆိုတာကြည့်ရှုရမဲ့ ဟောင်ကောင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.6GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie

Mad Fate (2023)

Mutant Chronicles (2008) 5.2
Mutant Chronicles (2008) Mutant Chronicles (2008)=================="တစ်ခါတုန်းက လူသားမျိုးနွယ်တွေကို သန္ဓေပြောင်းသတ္တဝါကောင်တွေအဖြစ် ပြောင်းလဲပစ်တဲ့စက်ကြီးတစ်ခု အာကာသကနေ ကျလာခဲ့တယ်။ ဒါပေမဲ့ Neachdainn ဆိုတဲ့ ကယ်တင်ရှင် စစ်သည်တော် ပေါ်ပေါက်လာပြီး သူ့ညီအစ်ကိုတွေနဲ့အတူ အဲဒီစက်ယန္တရားကြီးကို မြေအောက်ထဲ မြှပ်နှံနိုင်ခဲ့တာကြောင့် လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်နိုင်ခဲ့တယ်။"ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းစာအုပ်ထဲက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တယ်။ ဒါပေမဲ့ 2707 ခုနှစ် အဖွဲ့အစည်းနှစ်ခုကြား စစ်ပွဲဖြစ်ပြီး အဲဒီစက်ယန္တရားကြီး ပြန်ပွင့်သွားတာကြောင့် လူသားမျိုးနွယ်က တစ်ဖန်ပြန်လည် ကပ်ဆိုက်လာပါတော့တယ်။ မှတ်တမ်းစာအုပ်ရဲ့ဟောကိန်းဖြစ်တဲ့ ကယ်တင်ရှင်တစ်ဦးပေါ်လာပြီး အဲဒီစက်ယန္တရားကို ဖျက်ဆီးနိုင်မယ်ဆိုတာကို ယုံကြည်တဲ့ ဘရာသာ Samuel က လူအနည်းငယ်ကိုစုဆောင်းပြီး သေစေနိုင်တဲ့ စက်ယန္တရားကြီးကိုဖျက်ဆီးဖို့ ကမ္ဘာ့မြေအောက်ကို ခရီးထွက်ဖို့ကြံစည်ခဲ့တယ်။ ပြန်လမ်းမရှိတဲ့ ဒီမစ်ရှင်မှာ Samuel နဲ့ သူ့လူတွေ ဟောကိန်းအတိုင်း ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ သဲထိတ်ရင်ဖိုစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ဒီဇာတ်လမ်းရဲ့ Cast တွေကတော့ ...
movie

Mutant Chronicles (2008)

Founders Day (2023) 5.0
Founders Day (2023) Founders Day (2023)=============Founders Day ( 2023) ဇာတ်ကားကတော့ သည်းထိပ်ရင်ဖိုအမျိုးအစားထဲကပါပဲ။ Mystery သဘောလည်းပါတယ်ပြောရမယ်။ ဒါပေမယ့် များသောအားဖြင့် Horror ကားတွေက ပုဂ္ဂလိကအကြောက်းအရာတွေကိုအခြေခံပြီးရိုက်ကြပေမယ့် ဒီဇာတ်ကားမှာတော့ ရှုထောင့်တစ်မျိုးကို ပေးထားပါတယ်။ လေးနှစ်တစ်ကြိမ်မဲပေးရွေးချယ်ရတဲ့ မြို့တော်ဝန်ရာထူးကို အရယူကြဖို့ ကြိုးစားကြတဲ့ဘက်နှစ်ဘက်ရဲ့ပြသနာတွေကို အခြေပြုပြီးတော့ ကြားအုပ်စုက အာဏာယူသွားတာမျိုးကို ရိုက်ကူးထားတာပါ။ထူးခြားသွားတဲ့အပိုင်းကတော့ ဒီလိုပြသနာတွေဖြစ်ကြတဲ့ ဘက်နှစ်ဘက်ကို သတ်လိုက်ခြင်းဟာ တရားတယ်/လူထုကို ငဲ့ညှာခြင်းဖြစ်တယ်ဆိုပြီး တင်ပြသွားတာပါ။ ဒါရိုက်တာ Erik Bloomquist က ရိုက်ကူးခဲ့တာဖြစ်ပြီး Toronto After Dark Film Festival မှာ Audience Award ကို ရရှိခဲ့ကြီး IMDb rating 4.4 ရပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ )File size_(1.5GB)/(770MB) Quality_Blu-Ray 1080p / ...
movie

Founders Day (2023)

The Birds (1963) 7.6
The Birds (1963)  Classic Films တွေကြိုက်တဲ့သူဆို Alfred Hitchcock ကို သိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားက England က Sir ဘွဲ့ရထားတဲ့ directior တစ်ယောက်ဖြစ်သလို Film လောကမှာ influential အဖြစ်ဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ Alfred Hitchcockရဲ့ လက်ရာဖြစ်ပါတယ်။ ‌ ထပ်ဆင့်အနေနဲ့ နာမည်ကြီး စာရေးဆရာမ Daphne Du Maurier ရဲ့ 'The Birds' အမည်ရ ၀တ္ထုကို ရုပ်ရှင် ပြန်ရိုက်ထားတာဖြစ်ပါတယ်။ 1963 က ထွက်တာဆိုပေမည့် ခုထိ မဟောင်းသွားဘဲ ကောင်းနေဆဲပါပဲ။ IMDb မှာ 7.6 ရရှိထားပါတယ်။ဇာတ်လမ်းအကြောင်းတော့ အများကြီးပြောမနေတော့ပါဘူး။ ဒီတိုင်း ဘာမှမသိထားဘဲ ကြည့်လိုက်တာ ပိုကောင်းမယ် ယူဆပါတယ်။ File size…(2.7 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:59:00 Genre...Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

The Birds (1963)

Third Suspect ( 2024 ) 5.9
Third Suspect ( 2024 ) CM ချစ်ပရိသတ်တို့အတွက် တရုတ် မှုခင်းကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းလေးကတော့ ရုတ်တရက်ကြီး ဘယ်သူမှန်းမသိတဲ့ အလောင်းပေါ်လာခဲ့တယ်... ဒါပေမယ့်လည်း အလောင်းတွေ့တဲ့နေရာက အခင်းနေရာမဟုတ်ဘဲ အလောင်းပစ်တဲ့နေရာဖြစ်နေခဲ့တယ်...ဒီလိုနဲ့ ရဲတွေ အမှုစစ်ဆေးတဲ့အခါမှာ သဲလွန်စ ပျောက်နေတာပေါ့... ဒီအန်အေစစ်ဆေးချက်တွေကြောင့်သာ သေဆုံးသူကို သိနိုင်ခဲ့ပေမယ့်လည်း... ဘယ်သူသတ်တယ်ဆိုတဲ့ ကွင်းဆက်က ပျောက်နေပြန်တယ်...ဒီလိုနဲ့ သေဆုံးသာက ပြည်သူ့ချဉ်ဖတ် ဖြစ်နေပြန်တာမို့ သူ့ကို သတ်ချင်သူကများတာနဲ့ သံသယရှိသူလည်း များလာတာကြောင့် ရဲတပ်ဖွဲ့လည်း အတော်လေး ခေါင်းကိုက်ခဲ့ရပါတယ်...သံသယရှိသူတွေကတော့ ကွက်ကျော်အရိုက်ခံခဲ့ရတဲ့ ပြိုင်ဖက်ကုမ္ပဏီပိုင်ရှင်ရယ် အိမ်ထောင်ရေးဖောက်ပြန်ခံရတဲ့ သူ့ဇနီးသည် တစ်ရွာလုံးကို ဂျင်းထည့်ခဲ့တာကြောင့် တွေ့ရာသင်္ချိုင်းဓားမဆိုင်း ဖြစ်နေတဲ့ ရွာကလူမိုက်ကြီးရယ် ဘာကြောင့်မှန်းမသိ သူ့ပိုင်ဆိုင်မှုကို ထိန်းသိမ်းထားတဲ့ သူ့ဇနီးရဲ့ ညီမရယ်ကဲ ဒီလေးယောက်မှာ ဘယ်သူက တရားခံအစစ်လဲဆိုတာကတေ ာ့ CM ရဲ့ မှုခင်းကားတွေကို မပြတ်ကြည့်နေတဲ့ စုံထောက်လေးတွေကိုပဲ အဖြေဖော်ထုတ်လိုက်ကြပါတော့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 30 min Subtitle ...
movie

Third Suspect ( 2024 )

The Dry 2 – Force of Nature (2024) 6.2
The Dry 2 – Force of Nature (2024) The Dry 2 - Force of Nature (2024)=======================စုံထောက် Aaron Falk က တောထဲ ခရီးထွက်ရာကနေ လမ်းပျောက်ခဲ့တဲ့ အမျိုးသမီးလေးယောက်ကို ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါးယောက်မြောက်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Alice ကတော့ ကယ်တင်ခံရတဲ့အထဲမပါဘဲ ကျန်တဲ့အမျိုးသမီးတွေနဲ့ အဖွဲ့ကွဲပြီး တောထဲကျန်ခဲ့တယ်လို့ပြောတယ်။ ရဲတွေလည်း ပျောက်သွားတဲ့အမျိုးသမီး Alice ကို ရှာဖို့ တောထဲမှာ ကယ်ဆယ်ရေးအဖွဲ့တွေလွှတ်ပြီး ရှာဖွေကြတော့တယ်။ ဒါပေမဲ့ ကယ်တင်ခံရတဲ့ အမျိုးသမီးတွေပြောတဲ့စကားက တစ်ယောက်နဲ့တစ်ယောက်မတူဘဲ အမျိုးမျိုးကွဲထွက်နေပြီး ယုံစားရခက်နေတာကြောင့် Alice ကို ရှာဖွေဖို့ ဘယ်လိုတွေအခက်အခဲဖြစ်မလဲ၊ တောထဲမှာ Alice ပါဝင်တဲ့ အမျိုးသမီးအဖွဲ့ရဲ့ တကယ်ဖြစ်ပျက်ခဲ့တဲ့ဇာတ်ကြောင်းအစစ်အမှန်က ဘာဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ Mystery ဆန်စွာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Fiona Gillen ပါ )File ...
movie

The Dry 2 – Force of Nature (2024)

The Lodger (2009) 5.7
The Lodger (2009) The Lodger (2009)============အယ်လင်ဟာ မပြေလည်တဲ့ အိမ်ထောင်ရေးနဲ့စိတ်ဒဏ်ရာတွေကြားမှာ ခက်ခက်ခဲခဲရှေ့ဆက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ခြံဝင်းထဲက ငှားစားတဲ့အိမ်အလွတ်ကို သူစိမ်းလူချောတစ်ယောက်ပြောင်းလာခဲ့ချိန်မှာတော့ ငြီးငွေ့ဖွယ် သူ့ဘ၀ထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီသူစိမ်းဟာ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်အဖြစ်မိတ်ဆက်ပါတယ်။စိတ်ကူးနဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်အနှောင့်အယှက်မခံနိုင်လို့ဆိုပြီး သူငှားနေတဲ့ အိမ်ထဲကိုအယ်လင်ကိုပါအလာမခံပါဘူး။ ဒါပေမယ့် သူ့ဆင်ခြေနဲ့သူ ဟုတ်နေတဲ့အတွက်သံသယတစ်စုံတစ်ရာမရှိပဲ ပဟေဠိဆန်တဲ့လူတစ်ယောက်ကို အယ်လင့်အနေနဲ့လက်ခံထားမိရက်သားဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ဟာ ဝက်စ်ဟောလိ၀ုဒ်မှာ ရက်စက်ကြမ်းတမ်းလွန်းတဲ့လူသတ်မှုတွေစပြီးဖြစ်ပေါ်နေတဲ့အချိန်ပါ။ အသတ်ခံရသူတွေဟာ ပြည့်တန်ဆာတွေဖြစ်ပြီး သတ်ပုံသတ်နည်းတွေ သားကောင်ရွေးချယ်မှုတွေဟာ လွန်ခဲ့တဲ့ ၁၈၈၈ ခုနှစ်က လန်ဒန်မှာဖြစ်‌ပေါ်ခဲ့ပြီး အခုချိန်ထိတရားခံမပေါ်ခဲ့တဲ့ Jack the Ripper ကိုပုံတူကူးထားတာဖြစ်ပါတယ်။ အဲ့ဒီလိုပုံစံတူလူသတ်မှုတွေဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကလည်းဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီအမှုတွေရဲ့တရားခံကိုဖော်ထုတ် ကွပ်မျက်ခဲ့ပြီးပါပြီ၊ ဒါဆိုရင်အခုထပ်ဖြစ်လာတဲ့လူသတ်မှုတွေကရော ပုံတူကူးလူသတ်သမားနောက်တစ်ယောက်လား? ဖမ်းဆီးကွပ်မျက်ခံလိုက်ရတဲ့သူဟာ တရားခံအစစ်ဖြစ်နိုင်ပါ့မလား? အဲ့ဒီလူသတ်မှုတွေဟာ အယ်လင်နဲ့ ဘယ်လိုပတ်သက်လာမလဲ ဆက်လက်ရှုစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Crime, Horror , Mystery Subtitle_Myanmar Subtitle ...
movie

The Lodger (2009)

Leviathan (1989) 5.2
Leviathan (1989) Leviathan (1989)===========ထရိုင်အိုးရှင်းဆိုတဲ့ကော်ပိုရေးရှင်းကြီးတစ်ခုဟာ ဘူမိပညာရှင်တစ်ဦးဖြစ်တဲ့ စတိဗ်ဘတ်ခ်ကို ငှားရမ်းပြီးပင်လယ်အောက်သတ္တုတူးဖော်မှုကိုကာလရှည်ဆောင်ရွက်နေပါတယ်။တစ်နေ့တော့ အဖွဲ့သားနှစ်ယောက်ဟာစခန်းထဲကအပြင်ထွက်ပြီး တူးဖော်ရေးလုပ်နေချိန်မှာ လဗိုင်ယာသန် ဆိုတဲ့သင်္ဘောပျက်တစ်စီးကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သင်္ဘောဟာရုရှားသင်္ဘောဖြစ်ပြီး ရှာတွေ့ခဲ့တဲ့စာရွက်စာတမ်းတွေအရ သင်္ဘောပေါ်မှာရှိသမျှလူအားလုံးဟာ သေဆုံးခဲ့ပြီးသားဖြစ်ပါတယ်။သင်္ဘောကိုလည်း ရည်ရွယ်ချက်ရှိရှိပစ်ခတ်နှစ်မြုပ်ခဲ့တာလို့သိရပေမယ့်တစ်ခြားအချက်အလက်တွေကပဟေဠိဖြစ်နေခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီသင်္ဘောထဲကို ဝင်ရောက်သွားခဲ့တဲ့ အဖွဲ့သားတစ်ယောက်ဖြစ်တဲ့ ဆစ်ပတ်ခ်ဟာအရေပြားအင်ပြင်တွေထရာကနေ နာရီပိုင်းအတွင်းသေဆုံးသွားခဲ့သလို ဆစ်ပတ်ခ်နဲ့အတူသွားခဲ့တဲ့ ဘိုးမန်းဆိုတဲ့အဖွဲ့သူကတော့ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပါတယ်။ အဲ့ဒီနှစ်ယောက်ရဲ့အလောင်းနှစ်လောင်းဟာတစ်ခုတည်းအဖြစ်ပူးပေါင်းသွားခဲ့ပြီး သူတို့ကိုစတင်တိုက်ခိုက်ခဲ့သလို အဲ့ဒီကနေပြတ်ကျန်နေခဲ့တဲ့ ခြေထောက်တစ်ဖက်ကပါအသက်ဝင်အသွင်ပြောင်းလာတဲ့အခါမှာတော့..။Alien တို့၊ Virus တို့လို Vibe မျိုးနဲ့အမိုက်စား science fiction horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.6GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:40:00 Genre_Adventure, Horror, Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias 
movie

Leviathan (1989)

You’re Killing Me (2023)
You’re Killing Me (2023)  ဇာတ်လမ်းရဲ့အစမှာတော့ Melissa Brown ဆိုတဲ့ကောင်မလေးတယောက်ပျောက်ဆုံးသွားတာနဲ့ ရဲတွေက ‌ကောင်မလေးရဲ့အထက်တန်းကျောင်းမှာစုံစမ်းစစ်ဆေးရေးတွေပြုလုပ်နေကြပြီး သဲလွန်စတွေမရလို့အခက်တွေ့နေကြပါတယ်၊Eden ဆိုတဲ့ကောင်မလေးက Penbrook College ကိုသူငယ်ချင်းဖြစ်သူ Zara နဲ့အတူ ငယ်စဉ်ကထဲကသွားတက်ဖို့ဆန္ဒရှိနေသူတယောက်ပါ၊Zara ကဂီတမှာထူးချွန်သူဖြစ်လို့ ကျောင်းကို Scholarship နဲ့အတူဝင်ခွင့်ရခဲ့ပါတယ်၊Eden ကလည်း Scholarship ကိုရဖို့ စောင့်ဆိုင်းစာရင်းထဲမှာရောက်နေပြီဆိုပေမယ့် သေချာပေါက်ရဖို့အတွက်ဆို ထောက်ခံစာကောင်းကောင်းရဖို့လိုအပ်နေပါတယ်၊အဲ့ဒီလိုကနေ ကျောင်းကအမတ်တယောက်ရဲ့သားဖြစ်သူ Schroder ကိုချဉ်းကပ်ပြီးသူ့အ‌‌ဖေရဲ့ထောက်ခံစာကိုရနိုင်ဖို့ကြိုးပမ်းပါတော့တယ်၊ဒီလိုနဲ့ Eden တယောက် Schroder နဲ့ရင်းနှီးမှုရအောင် သူငယ်ချင်းဖြစ်သူ Zara နဲ့အတူ Schroder ရဲ့ပါတီကိုသွားခဲ့ကြပါတယ်၊ပါတီမှာ မထင်မှတ်ပဲ Schroder ရဲ့သူငယ်ချင်းဖြစ်သူ Gooch ရဲ့ဖုန်းထဲကနေ Melissa ပျောက်သွားခြင်းက Schroder တို့နဲ့ဆက်စပ်နေတယ်ဆိုတဲ့ သက်သေဗီဒီယိုကိုတွေ့လိုက်ရပါတယ်၊အဲဒါနဲ့ပဲ Eden တယောက် အဲ့ဒီသက်သေကို ရဲလက်ကိုအပ်နိုင်ဖို့ကြိုးစားပါတယ်၊Schroder တို့ကလည်း Eden တို့ကိုအိမ်ကနေထွက်ခွင့်လုံးဝမပေးပဲ ဖုန်းကိုပြန်ယူနိုင်ဖို့ကြိုးစားပါတော့တယ်၊"Eden တို့သက်သေကိုရဲလက်ထဲအပ်နိုင်ပါ့မလား"၊"Melissa တယောက်ကကောဘာဖြစ်သွားတာလဲ"၊"Schroder တယောက်ဘယ်လိုပြစ်မှုတွေကိုဆက်ပြီးကျူးလွန်အုံးမှာ‌လဲ" စတာတွေကိုရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ် File size…(1.3 GB)/(580 ...
movie

You’re Killing Me (2023)

Valentine (2001) 5.0
Valentine (2001) Valentine (2001) =================၁၉၈၈ တုန်းက ဂျူနီယာအထက်တန်းကျောင်းတစ်ကျောင်းရဲ့ဗယ်လင်တိုင်းနေ့ အထိမ်းအမှတ်ကပွဲဖြစ်ပါတယ်။ ဘယ်သူမှအရောမဝင်တဲ့ ဂျယ်ရမီဆိုတဲ့ကျောင်း သားလေးတစ်ယောက်ဟာ သူနဲ့တွဲကဖို့မိန်းကလေးတွေကို တစ်ယောက်ပြီးတစ် ယောက်လိုက်မေးနေခဲ့ပေမယ့် အားလုံးကလှောင်ပြောင်ငြင်းပယ်တာကိုခံခဲ့ရပါ တယ်။ အဲ့ဒီထဲကမှ သူဌေးသမီးတစ်ယောက်ဖြစ်တဲ့ ဒေါ်ရသီက သူ့ဖိတ်ကြားချက် ကို လက်ခံခဲ့သလိုနမ်းတာကိုလည်းလက်ခံခဲ့ပါတယ်။ဒါပေမယ့် ကျောင်းသားကြီးတစ်ချို့နဲ့ဒေါ်ရသီ သူငယ်ချင်းတွေ သူတို့နှစ်ယောက် ကိုမြင်သွားတဲ့အချိန်မှာတော့..ဒေါ်ရသီက သူ့ကို ဂျယ်ရမီက အတင်းဝင်လုံးတာ ဖြစ်ကြောင်းငြင်းတဲ့အတွက် အားလုံး၀ိုင်းပြီးထိုးကြိတ်ကန်ကြောက်တာကို ဂျယ် ရမီခံခဲ့ရပြီးကျောင်းကထွက်တဲ့အထိဖြစ်သွားခဲ့ပါတယ်။လက်ရှိခေတ်ကာလမှာတော့ အဲ့ဒီတုန်းက ဒေါ်ရသီနဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကိတ်၊ လီလီ၊ ပေ့ချ် နဲ့ ရှယ်လီတို့ဟာ တစ်ယောက်တစ်ယောက်နေရာစီမှာ ကိုယ့်ဘ၀နဲ့ ကိုယ်ဖြစ်နေကြပါပြီ၊ သူတို့ကိုပြန်လည်ဆုံဆည်းစေခဲ့တာကတော့ ရှယ်လီတစ် ယောက်ရက်ရက်စက်စက်အသတ်ခံရတဲ့အမှုကြောင့်ဖြစ်ပြီး ဒီအမှုဟာ အစပဲရှိ သေးတာကို သိလိုက်ကြရချိန်မှာတော့ မေ့ထားချင်တဲ့အတိတ်ကို ပြန်အစဖော်ဖို့ ဖြစ်လာပါတော့တယ်။Slasher ကားတွေခေတ်စားတဲ့ကာလ၊ထွက်တိုင်းလည်းပေါက်ခဲ့တဲ့ ကာလက ဇာတ်ကားဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ဇာတ်ကားမဟုတ်ပေမယ့် ဇာတ် လမ်းဇာတ်အိမ်၊ သရုပ်ဆောင်တွေနဲ့ twist တွေအရပါ ပေါ့ပေါ့ပါးပါးကြည့်ပျော် တာထက်ပိုတဲ့ကားပါ။ Denise richards ကလည်း အရမ်းလှပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.5 GB) / (700 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 36Min Subtitle...........Myanmar ...
movie

Valentine (2001)

Marnie (1964) 7.1
Marnie (1964)  ၁၉၆၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Marnie ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် မင်းသမီးကြီး ‘Tippi’ Hedren နဲ့ မင်းသားကြီး Sean Connery တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။မာနီက ဆွဲဆောင်မှုရှိတဲ့အပြင်ငယ်ရွယ်တဲ့အမျိုးသမီးလေးဖြစ်ပြီး နာမည်တုတွေအများကြီးနဲ့ ကုမ္ပဏီကြီးတွေမှာ အချိန်တစ်ခုလောက်အထိ အလုပ်လုပ်ကာ အဲ့ဒီအလုပ်မှာရှိတဲ့ ပိုက်ဆံတွေကို ခိုးယူတတ်တဲ့ သူခိုးတစ်ယောက် လူလိမ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့ သူမအလုပ်သွားလျှောက်တဲ့ ရတ်ထ်လန်ကုမ္ပဏီရဲ့ သူဋ္ဌေး မက်ခ်ရတ်ထ်လန်က သူမကို မျက်စိကျပြီး အလုပ်ခန့်လိုက်ပြီးနောက် သူမရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး သူမကို အကြပ်ကိုင်ကာ သူ့ကို အတင်းအဓမ္မ လက်ထပ်စေပါတော့တယ်။ လက်ထပ်ပြီးသွားမှ သိလိုက်ရတာကတော့ မာနီက သူမကို ဘယ်ယောက်ျားသားကမှ ထိတွေ့တာကို မနှစ်သက်ပါဘူး။မုန်တိုင်းတွေထန်တဲ့ညတွေမှာဆိုရင်လည်း အရူးတစ်ယောက်လို အော်ဟစ်ငိုကြွေးနေတတ်ပါသေးတယ်။ ညဖက်တိုင်းလိုလို အိပ်မက်ဆိုးတွေ မက်နေတတ်တဲ့ မာနီ၊ မက်ခ်ကို သဘောကျပေမယ့် မက်ခ်ရဲ့ အထိအတွေ့ကို မနှစ်သက်တဲ့ မာနီ ...
movie

Marnie (1964)

Lethal Legacy (2023) 6.1
Lethal Legacy (2023)  အန်နာ ဆိုတာကတော့ ရုန်းကန်နေရတယ့် ပန်းချီဆရာမ တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ဆီကို ရှေ့နေတစ်ယောက် ရောက်လာပြီး သူ့ရဲ့ ဆုံးပါးသွားတဲ့ဦးလေးက သူ့အတွက် အမွေတွေ ချန်ထားပေးခဲ့ကြောင်း အသိပေးလာပါတယ်။ဦးလေးပေးခဲ့တဲ့ အမွေတွေထဲမှာ နာမည်ကြီး ကုမ္ပဏီ တစ်ခုရဲ့ စီအီးအိုရာထူးပါ ပါနေပါတယ် အနုပညာရှင်ပီပီ စီးပွားရေးကို စိတ်မပါလှပေ မယ့် မိသားစုအမွေအနှစ် လုပ်ငန်းကို ထိန်းသိမ်း ထားချင်တာကြောင့် စီအီးအို တာဝန်ကို ယူရင်း သူ့ရဲ့ဦးလေး သေဆုံးမှုဟာ သာမန် မဟုတ်မှန်း သိရှိလာတဲ့အခါမှာတော့... File size…(1.5 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvero
movie

Lethal Legacy (2023)