Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mystery
6.7
Mallari (2023)
၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ Mallari ရုပ်ရှင်ဟာ Horrorအမျိုးအစားဖြစ်ပါတယ်။ အောက်လမ်းအတတ်၊ရက်ရက်စက်စက်လူသတ်ခန်းတွေနဲ့အတူ သရဲတွေကိုပါအချိန်ခရီးသွားနိုင်တဲ့ဇာတ်ကောင်တွေနဲ့အတူ ပေါင်းစပ်ကြည့်ရှု့ရမှာဖြစ်ပါတယ်။အသံပိုင်းဆိုင်ရာ၊ အထူးပြုလုပ်ချက်တွေ၊ ရုပ်ရှင်ရိုက်ကူးမှု၊တည်းဖြတ်မှုနဲ့ သရုပ်ဆောင်ပိုင်းတွေအတွက် ဆုပေးပွဲတွေမှာအမည်တင်သွင်းခံခဲ့ရသလို ဆုတွေလည်းအများကြီးရထားတဲ့သရဲကားဖြစ်လို့ Horror ဖန်တွေအကြိုက်ဖြစ်စေမှာကတော့သေချာပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့ပထမဆုံးမှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ဆက်တိုက်လူသတ်သမား Severino Mallari အကြောင်း ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားပြီး ရုပ်ရှင်ထဲမှာ ၁၈၁၂၊ ၁၉၄၈ နဲ့ ၂၀၂၃ဆိုတဲ့အချိန်ကာလသုံးခုပါဝင်တဲ့အနက် ၁၉၄၀ နဲ့ ၂၀၂၃ အချိန်ကာလကအဖြစ်အပျက်တွေကတော့ စိတ်ကူးယဉ်ဖန်တီးမှုသာဖြစ်ပါတယ်။ ဖိလစ်ပိုင်ကို စပိန်တွေအုပ်စိုးချိန် ၁၉ ရာစုကနာမကျန်းဖြစ်နေတဲ့မိခင်အတွက် လူ ၅၇ ယောက်သတ်ဖြတ်ခဲ့တဲ့ဖာသာ Severino Mallari ဟာ ကြိုးမိန့်ပေးခံခဲ့ရပါတယ်။Mallari မိသားစုက မတူညီတဲ့အချိန်ကာလသုံးခုမှာရှိနေတဲ့Juan Severino၊ Johnrey နဲ့ Jonathan ဆိုတဲ့မျိုးဆက်သုံးခုအကြောင်း ရိုက်ကူးပြသထားပါတယ်။၁၈၁၂ က Severino က အစေခံတွေရဲ့ပြုစားတာခံလိုက်ရတဲ့မိခင်အသက်ကိုကယ်ဖို့ မကောင်းတဲ့လူတွေကိုအပြစ်ပေးတာဆိုတဲ့အကြောင်းပြချက်နဲ့ လူ ၅၇ ယောက်ကိုသတ်ပြီးမိခင်ကိုစားစေခဲ့ပါတယ်။၁၉၄၈ က Mallari မျိုးဆက်တစ်ဦးဖြစ်တဲ့ Johnrey ...
movie
Mallari (2023)
5.7
Folk Tales of Treasure ( 2024 )
တုန်းပေ စန်းသောက်ရွာမှာ မိသားစုလေးတစ်စုရှိပါတယ် ။ သူတို့မိသားစုလေးက အစကတော့ အေးအေးချမ်းချမ်းနေထိုင်ကြပေမဲ့ တစ်နေ့မှာ သားဖြစ်သူက မြွေပါကတိုးဝါအသိုက်ကို မီးသွားရှို့ရာကနေ မြွေပါကတိုးဝါဆီက လက်စားချေခံရသလိုဖြစ်ပြီး အမေရောအဖေပါဆုံးပါးသွားပါတော့တယ် ။အဲဒီကလေးကို ရတနာစုဂိုဏ်းက ဂိုဏ်းချုပ်ကခေါ်ပြီး ပညာသင်ပေးရာက ရတနာစုသူ ခုံကျောင်းစူးဖြစ်လာခဲ့ပါတယ် ။ သူတို့ရတနာစုသူတွေက ကောင်းကင်နဲ့မြေကြီးရဲ့ သန့်စင်တဲ့ဝိညာဉ်နဲ့ ဖြစ်တည်လာတဲ့ရတနာတွေကိုပဲစုစည်းရတာပါ ။ ဒီလိုနဲ့ ခုံကျောင်းစူးအရွယ်ရောက်တော့ တောင်အောက်ဆင်းပြီး ရတနာစုဖို့လုပ်ပါတော့တယ်။သူနေရာအနှံ့သွားရင်း ရွာတစ်ရွာအရောက်မှ ာ သူ့မိဘတွေကိုသတ်သွားတဲ့ ဟွမ်ဖိကျစ် ( မြွေပါကတိုးဝါ ) သောင်းကျန်းနေတယ်ဆိုတဲ့သတင်းကြားရပါတော့တယ် ။ တကယ်တမ်းသွားကြည့်လိုက်တော့ ပြဿနာတွေက ထင်သလိုမရိုးရှင်းမှန်းသိသွားချိန်မှာတော့..ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ပြီး ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ပါဦး Filesize : 725 MB Quality : WEB-DL 1080p Format : mp4 Genres : Thriller , Mystery Runtime : 1h 16 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded ...
movie
Folk Tales of Treasure ( 2024 )
5.8
I’ll Sleep When I’m Dead (2003)
I'll Sleep When I'm Dead ကတော့ ၂၀၀၃ ခုနှစ်ကထွက်ရှိခဲ့တဲ့မှုခင်းရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ထူးဆန်းတဲ့အခြေအနေတွေနဲ့သေဆုံးသွားတဲ့ညီဖြစ်သူအကြောင်းစုံစမ်းဖို့ ဇာတိမြေကိုပြန်လည်ရောက်ရှိလာတဲ့ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ လိင်ပိုင်းဆိုင်ရာအသုံးအနှုန်းတွေပါဝင်တာကြောင့် ကလေးငယ်တွေနဲ့အတူမကြည့်ရှု့သင့်ပါဘူး။ တစ်ချိန်က တစ်မြို့လုံးကဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ ရာဇဝတ်ဂိုဏ်းဆောင်ဟောင်းဝီလ်ဂရေဟမ်ဟာ အရာအားလုံးကိုစွန့်လွှတ်ပြီး တောအုပ်လေးတစ်ခုထဲမှာ အလုပ်သမားတစ်ယောက်အဖြစ်မထင်မရှားလာရောက်လုပ်ကိုင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့အလုပ်ပြုတ်သွားပြီးတဲ့နောက် ဘယ်သွားရမှန်းမသိဖြစ်နေတဲ့ဝီလ်ဟာ လမ်းမှာ ညီဖြစ်သူဒေဗီကိုမြင်တွေ့လိုက်ရပေမယ့်ထင်ယောင်ထင်မှားမြင်မိတာသာဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့စိတ်ထင့်သွားတဲ့ဝီလ်ဟာ ဒေဗီဆီဖုန်းဆက်ကြည့်ခဲ့ပေမယ့်ဆက်သွယ်လို့မရတာကြောင့် မတတ်သာတဲ့အဆုံးမှာ ဇာတိမြို့ကိုပြန်လာခဲ့ရပါတော့တယ်။ ဝီလ်ပြန်ရောက်ချိန်မှာတော့ ဒေဗီကသေဆုံးနေခဲ့ပြီဖြစ်ပြီး သာမန်သေဆုံးမှုမျိုးမဟုတ်ဘဲသံသယဖြစ်စရာတွေများတာကြောင့် ဝီလ်ဟာ အကြောင်းရင်းမှန်ကိုသိရဖို့ စတင်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဝီလ်ရဲ့ပြန်လည်ရောက်ရှိလာခြင်းက မြို့တွင်းမှာလက်ရှိမင်းမူနေတဲ့ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဖရန့်ခ်တန်နာကို ထိတ်လန့်စေခဲ့ပြီးဖရန့်ခ်ကလည်း ဝီလ်ကို မြို့ကပြန်လည်ထွက်ခွာသွားအောင်အစွမ်းကုန်ကြိုးစားလာပါတော့တယ်။ File size…1.95GB / 837MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
I’ll Sleep When I’m Dead (2003)
5.7
The Slick Guy ( 2024 )
တစ်ခါတုန်းကဘုရင်ကြီးတစ်ပါးဟာ ရောဂါအပြင်းအထန်ဖြစ်နေတဲ့အတွက် ရောဂါအားလုံးကိုပျောက်စေနိုင်တဲ့နတ်ဆေးလုံးဝူကော်ကို တော်ဝင်သမားတော်၂ယောက်ကိုရှာဖို့စေလွှတ်ခဲ့တယ်။ (၁၅)နှစ်ကြာမှ သမားတော်၂ယောက်ဟာပြန်ရောက်လာပြီ း ဝူကော်ဆေးလုံးဟာ ၂မျိုးရှိနေပါတယ်။ တစ်လုံးကတော့ ရောဂါအားလုံးကိုပျောက်စေနိုင်တဲ့နတ်ဆေးဖြစ်ပြီးတော့ နောက်တစ်လုံးကတော့ကုရာဆေးမရှိတဲ့ အဆိပ်ဆေးလုံးဖြစ်နေပါတယ်။ဒီဆေးနှစ်လုံးကိုဘယ်သူမှမခွဲခြားနိုင်တော့ မင်းကြီးဟာစွန့်စားပြီး ဆေးကိုစမ်းသောက်ကြည့်ရာကနေပြီးတော့ အသက်ရှင်နေရက်လှုပ်မရတဲ့ ရှင်ရက်နဲ့သေတဲ့အဖြစ်ကိုရောက်သွားခဲ့ပါတယ်။ သမားတော်နှစ်ယောက်ဟာလဲ ပြစ်ဒဏ်ပေးခံလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီး နတ်ဆေးလို့ယူဆရတဲ့ဝူကော်ဆေးလုံးက ပျောက်သွားခဲ့ပါတယ်။ နောက်(၁၅)နှစ်ကြာသွားတဲ့အချိန်မှာ နတ်ဆေးလုံးကို ပြန်ရှာဖို့ကြိုးစားကြတဲ့အခါ အတိတ်က ရန်ငြိုးတွေဟာ ပြန်အသက်ဝင်လာပါတော့တယ်။ Filesize : 940 MB / 558 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Mystery Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Slick Guy ( 2024 )
The Sin (2024)
The Sin (2024)**************ဒီရုပ်ရှင်ဇာတ်ကားလေးကတော့ inter ဘက်မှာ Exhuma ထက်ပိုကောင်းတယ်ဆိုပြီးတော့ Review ပေးခြင်းခံနေရတဲ့ ကားလေးပဲ ဖြစ်ပါတယ်။Cast တွေအနေနဲ့ကတော့ Kim Yoon Hye, Song Yi-jae,Park Ji-hoon, Lee Sang-ah တို့က အဓိကပါဝင်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအညွှန်း-သရုပ်ဆောင်ဖြစ်ချင်တဲ့ Shi Young က audition တစ်ခုမှာ အောင်သွားပြီးအကရုပ်ရှင်တစ်ခုရဲ့ အဓိက ဇာတ်ကောင်နေရာကို ရသွားပြီးနောက် ရိုက်ကူးရေးအတွက်ဟိုးတောထဲက စွန့်ပစ်ထားတဲ့ ကျောင်းတစ်ခုဆီကို တစ်ယောက်တည်း သွားဖို့ဖြစ်လာပါတော့တယ်။ကျောင်းကို ရောက်ရောက်ချင်းမှာတင် မကောင်းတဲ့ စွမ်းအင်ကို ခံစားမိပြီးစိတ်မသန့်သလိုဖြစ်ပေမဲ့လည်း အဲဒါကို လျစ်လျူရှုပြီး ရုပ်ရှင်ကို ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီကျောင်းကြီးထဲက မနှိုးလိုက်သင့်တဲ့ အရာတွေရှိနေတာကို မသိလိုက်ဘဲမတော်တဆ သွားထိမိလိုက်တဲ့ အခါမှာတော့....အခြေအနေတွေက ရုတ်ချည်းဆိုသလို ပြောင်းလဲ သွားပါတော့တယ် ။ဒီကားလေးက ရိုးရိုး horror ပုံစံမျိုးမဟုတ်ဘဲ ရိုးရာကျိန်စာတွေ ဖုတ်ကောင်တွေလူဆိုးဂိုဏ်းတွေ ...
movie
The Sin (2024)
(21+) The Intern: A Summer of Lust (2019)
[21+] The Intern - A Summer of Lust (2019)ဒီရုပ်ရှင်ထဲမှာ ပါတဲ့ဇာတ်ကောင်တွေက Blaire Ivory၊ Casey Calvert၊ Kali Sudhra၊ Michael Vegas။ နာမည်တွေကို သိတဲ့သူတွေလည်း သိလောက်မှာဆိုပေမဲ့ မသိသေးတဲ့သူတွေက ဒီရုပ်ရှင်လေးကို အရင်ခံစားကြည့်ပါ။ ပြီးမှ နာမည်တွေရှာပြီး လိုက်ကြည့်ချင်ရင်လည်း ကိုယ့်ဝေဒနာနဲ့ကိုယ်ပေါ့။မက်ဒီဆိုတဲ့ကောင်မလေးက ရှေးရိုးစွဲမိဘတွေဆီမှာမနေနိုင်တော့ဘဲ ဘာစီလိုနာကိုထွက်လာခဲ့တယ်။ နာမည်ကြီး အပြာရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းရေးရာပိုင်းအလုပ်သင်ဝင်လုပ်တယ်။ လွပ်လပ်မှုနဲ့ ပျော်ရွှင်မှုတွေကို ခံစားနိုင်သမျှခံစားလိုက်တယ်။တနေ့ မက်ဒီ ရုတ်တရက်ကြီး ပျောက်သွားခဲ့တယ်။ ဒီမှာပဲ ညီမဖြစ်သူ ပေစ်လီ အမေရိကကနေ အစ်မဖြစ်သူကိုရှာဖို့ ဘာစီလိုနာကို လိုက်လာခဲ့တယ်။ သူ့အစ်မ ဘာတွေဖြစ်ခဲ့လဲ ဘာဖြစ်သွားတာလဲရှာဖွေရင်း ဘ၀ရဲ့အနှစ်သာရကို ဖြည်းဖြည်းချင်း နားလည်သဘောပေါက်လာခဲ့ပုံကို အမိုက်စားရိုက်ကူးတင်ဆက်သွားတာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်) File size…1.2GB / 808MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Zeo
movie
(21+) The Intern: A Summer of Lust (2019)
2019
6
Aazam (2023)
Aazam 2023 နေရာလုပွဲImdb 6/10 ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ crime/thriller ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်မွမ်ဘိုင်းမြို့ပေါ်မှာ အာဏာရှိတဲ့လူတစ်ယောက်ရှိတယ် အာဏာကဘယ်လောက်ထိရှိလဲဆို အဲဒီလူကသေခါနီးဖြစ်လို့ အိပ်ရာထဲလဲနေတာတောင် သူ့နေရာကိုမလုရဲကြဘူးတဲ့လေ အကြောင်းကတော့ လူကသာမထနိုင်ပေမဲ့ မွန်ဘိုင်းတစ်မြို့လုံးကိုမြေလှန်ဖျက်ဆီးပစ်နိုင်လို့ပါပဲသူကွယ်လွန်ပြီးရင်သူ့နေရာကိုဆက်ခံဖို့တွေးထားကြတာကတော့ သူ့ရဲ့သားဖြစ်တဲ့ကာဒါပါ အဖေလိုတစ်မျိုး အမေလိုတစ်ဖုံနဲ့ကာဒါ့ကိုအလိုလိုက်ပြီးတော့ပျိုးထောင်ခဲ့သူတစ်ယောက်ပါ ဒါပေမဲ့လည်းဂိုဏ်းတွေကြားထဲ မကျေနပ်သဘောထားကွဲလွဲမှုတွေရှိတော့ ကာဒါ့ကိုတချို့ကခေါင်းဆောင်မတင်ချင်ကြဘူးပေါ့နာဝဘ်သေတာနဲ့ကာဒါ့ကိုပါသတ်ပြီးတော့ တခြားလူကိုနေရာချထားဖို့စီစဉ်နေကြသူတွေနဲ့ ကာဒါ့ကိုပဲ နန်းတင်ချင်တဲ့လူတွေကြားက ဖြစ်ရပ်မှန်ကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ Zwe Yan ~ ToMo ~ V ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size…1.4GB / 636MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Alex ~ Zwe Yan ~ ToMo ~ V ~ KKKZ
movie
Aazam (2023)
2023
The Plot (2024)
The Plot (2024)****************အကွက်ကျကျ လူသတ်တဲ့ကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Kang Dong Won , Lee Jong Suk, Lee Mi Suk,Lee Moo Saeng တို့လို မင်းသားမင်းသမီးကြီးတွေ ပါဝင်ထားတဲ့The Plot ဆိုတဲ့ ရုပ်ရှင်က ကွက်တိဖြစ်မှာ အသေချာပါပဲ...ဇာတ်လမ်းအညွှန်း-ကြေးစားလူသတ်တဲ့အဖွဲ့အစည်းတစ်ခုရှိတယ်.....သူတို့က တခြားသူတွေလို ချောင်းမြောင်းသေနတ်နဲ့ ပစ်ခတ်တာမျိုးထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပြီး သတ်ဖြတ်တာမျိုးတွေမလုပ်ဘူး...ဘာလို့ဆို ဒီလိုမျိုးလုပ်ရပ်တွေဟာ သဲလွန်စပေါင်းများစွာကျန်တတ်တာကြောင့်အလွယ်တကူ ရဲတွေခြေရာခံနိုင်ပြီး တရားခံကို အချိန်တိုအတွင်းဖမ်းဆီးနိုင်တာကြောင့်ပါပဲ..ဒါ့ကြောင့် သူတို့အဖွဲ့ဟာ အလုပ်အပ်သူရှိရင် ပစ်မှတ်ရဲ့ နေထိုင်မှုပုံစံကို စနစ်တကျလေ့လာပြီးမတော်တဆမှုပုံစံနဲ့သေသွားအောင် ဖန်တီးလေ့ရှိပါတယ်...ဉပမာ ယာဉ်မတော်တဆမှု၊ ဓာလိုက်သေဆုံးမှု၊ အမြင့်ပေါ်က မတော်တဆပြုတ်ကျမှု၊စသည့် မတော်တဆမှုပေါင်းများစွာပေါ့...ဒီလိုမတော်တဆမှုဖြစ်အောင် ဖန်တီးရတာ တကယ်တော့မလွယ်ပါဘူး...အလုပ်ဖြစ်မြောက်သွားရင်လည်း သူတို့အဖွဲ့ကို လုံးဝ ရဲတွေမရိပ်မိဘဲနေနိုင်သလိုအလုပ်အပ်တဲ့သူအတွက်လည်း သံသယဖြစ်စရာမလိုအောင် ဆက်လက်နေထိုင်နိုင်တာမို့အလုပ်အပ်ကြေးမြင့်မားလှသလို တကယ့်ထိပ်သီးနိုင်ငံရေးသမားတွေ စီးပွာရေးသမားတွေကသာသူတို့ကိုအလုပ်အပ်နိုင်တာမျိုးဖြစ်ပါတယ်...ဒီလိုနဲ့ ဒီကြေးစားအဖွဲ့ထဲက အဖွဲ့ဝင်တွေက သူတို့နည်းလမ်းအတိုင်း မတော်တဆမှုဖြစ်ဟန်တွေနဲ့ပြန်လည်အသတ်ခံလာရတဲ့အချိန်မှာတော့....မှုခင်းကားကိုမှ ခေါင်းစားရပြီး ...
movie
The Plot (2024)
Dead Wrong (2024)
Dead Wrong ( 2024 )ဒီရုပ်ရှင်က ဇာတ်က စစချင်း ဘာဇာတ်လဲဆိုတာ အသိရခက်တဲ့ပုံမျိုးနဲ့အရင်စပြီး တဖြည်းဖြည်းချင်း အထုပ်ဖြည်ဖြည်လာရင်း သူ့ကာရိုက်တာတွေကို development ကောင်းကောင်းလုပ်ထားတယ်။ စစချင်းကတော့ ဘယ်သူလူကောင်းလဲ လူဆိုးလဲ တော်တော်သိရခက်တယ်။ အကုန်လုံး ဂန်းစတားတွေ ဆေးရောင်းသမားတွေ သူတို့နဲ့ပတ်သက်နေတဲ့လူတွေချည်းပဲ။ အဲဒီကာရိုက်တာတွေရဲ့အလုပ်အကိုင်တွေ ပတ်သက်ဆက်နွယ်နေပုံတွေကို သူပြချင်တဲ့ဇာတ်ကြောင်းဆီ ချိတ်ဆက်သွားတာက ဇာတ်ကားအစကို တော်တော်တော့ စိတ်ဝင်စားစရာကောင်းစေခဲ့တယ်။ character developmentကောင်းတဲ့ ရုပ်ရှင်လို့တော့ ပြောရမှာပဲ။ ခမ်းကြီးနားကြီးရိုက်ထားတဲ့ ကားတော့မဟုတ်တော့ အရမ်းကြီးတော့ ပြည့်စုံမနေပေမဲ့ တော်တော်တော့ ကြည့်ကောင်းတယ် စိတ်ဝင်စားဖို့ကောင်းတယ်။ မှုခင်းဇာတ် စုံထောက်ဇာတ်ကြည့်ချင်နေတဲ့လူတွေနဲ့တော့ အံကိုက်လိမ့်မယ်။ Gone baby Gone လိုဇာတ်မျိုးကြိုက်တဲ့လူတွေလည်း ကြိုက်ကောင်းကြိုက်လိမ့်မယ်။ အဲဒီလောက်ကောင်းတယ်လို့တော့ မဆိုလိုဘူး။ဇာတ်ကတော့ မြို့လေးတစ်မြို့မှာ နာမည်ကျော်မူးယစ်ရာဇာတွေရှိတယ်။ သူတို့က လောင်းကစားကြွေးပိနေတဲ့ ကလေးမွေးစားရေးကိစ္စတွေကို အဓိကကိုင်တဲ့ ရှေ့နေတစ်ယောက်ကို သူတို့လူအဖြစ် ခြိမ်းခြောက်ပြီး အရသိမ်းသွင်းလိုက်ကြတယ်။ အဲဒီရှေ့နေက သူတို့အလုပ်တွေမှာ ဝင်မပါချင်ပေမဲ့ ရွေးစရာရှိတော့ဝင်ပါလိုက်ရတယ်။ သူက အဲဒီလက်ကနေလွတ်အောင်ကြံနေတယ်။တစ်ဘက်မှာလည်း မြို့ပေါ်က အာဏာအကြီးဆုံးမူးယစ်ရာဇာက သူ့သူငယ်ချင်းတစ်ယောက်ကို သူ့ကိစ္စတွေထဲ ဆွဲသွင်းခဲ့တယ်။ သူကလည်း သူ့မိန်းမနဲ့ကလေးနဲ့အတူတူနေနိုင်ဖို့ ငွေများများရအောင်ကြိုးစားဖို့ ဝင်သက်မိတယ်။ ဒီလိုနဲ့ အဲဒီလူက ...
movie
Dead Wrong (2024)
2024
Handling the Undead (2024)
နော်ဝေအမျိုးသမီးလူငယ်ဒါရိုက်တာ Thea Hvistendahlရဲ့ လက်ရာကောင်းအဖြစ် သတ်မှတ်ခံရတဲ့ နော်ဝေဟော်ရာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အော့စလိုမြို့ထဲမှာ ဘာအကြောင်းအရင်းမှ ရေရေရာရာမှမရှိဘဲ လျှပ်စစ်မီးတွေ မှိတ်တုတ် မှိတ်တုတ်ဖြစ်ပြီး ငှက်တွေအုပ်လိုက်ကြီး ဆူညံစွာနဲ့ ဦးတည်ရာမဲ့ ပျံသန်းနေကြတယ်။နောက်ရက်မှာပဲ မိသားစုသုံးခုစီက သေဆုံးသွားပြီးသား ချစ်ခင်ရသူတွေတစ်ယောက်စီ ထူးဆန်းစွာနဲ့ ပြန်လည်နိုးထလာခဲ့ကြတယ်။ ဘာကြောင့် သူတို့တွေ ပြန်နိုးထလာခဲ့ကြတာလဲ။ ပုံမှန်လူသားအတိုင်း သူတို့ရှင်သန်မှာလားဆိုတာ ကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Handling the Undead (2024)
5.5
Poolman (2023)
Poolman ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ထွက်နာမည်ကျော်မင်းသား Chris Pine ပါဝင်တဲ့Comedy, Mystery ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။နည်းနည်းဆန်းတဲ့ Genre အတွဲဖြစ်သလိုဇာတ်ကားလေးကလည်း နည်းနည်းလေးဆန်းပါတယ်။အတိုပြောရရင် မင်းသားဟာ ဇာတ်ကားထဲမှာDarren ဆိုတဲ့ ရေကူးကန်ထိမ်းသိမ်းရေးဝန်ထမ်းတစ်ယောက်ပါ။ သူက သူနေတဲ့ Los Angeles မြို့ကိုအရမ်းချစ်လို့ မြို့ကို တိုးတက်အောင် အမြဲကြိုးစားနေတဲ့လူတစ်ယောက်ပါ။ သူ့မှာ သူ့ကိုအမြဲအပြစ်မမြင် ကူညီပေးတဲ့မိတ်ဆွေတွေရှိသလိုသူ့ကို ရန်သူလိုမြင်နေတဲ့လူတွေလည်း ရှိပါတယ်။တစ်နေ့မှာ အများပြည်သူအကျိုးအတွက်လို့နာမည်ခံထားတဲ့ မြို့ရဲ့ အိမ်ရာစီမံကိန်းနောက်ကွယ်တစ်ခုမှာ လာဘ်ပေးလာဘ်ယူတွေ ရှိနေတာကို သူသိသွားတဲ့အခါမှာ အဲဒါကို ဖော်ထုတ်ဖို့ ကြိုးစားရင်းနောက်ကွယ်မှာ ဘယ်လိုတွေ ရှိနေမှာလဲသူထင်တာတွေကရော မှန်ပါ့မလား ဘယ်သူတွေထိခိုက်ပြီး ဘယ်သူတွေ အသာစီးရသွားမှာလဲစတာတွေကို တစ်ကားလုံး ဟာသဆန်ဆန် ရိုက်ပြထားတာမို့ Mystery လည်း ကြိုက် comedy လည်ကြိုက်တဲ့လူတွေ ကြည်သင့်ပါတယ်လို့ လက်တို့လိုက်ပါရစေခင်ဗျ.......... File size…1.87GB / 741MB Quality…WEB-DL 1080p 5.1CH ...
movie
Poolman (2023)
5.0
Nemesis the Movie: Mystery of Golden Spiral (2023)
Eiga Nemesis : Ougon Rasen no Nazo (2023) =======================================(2021)ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်စုံထောက်စီးရီး Nemesis ရဲ့နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်သွားပြန်ရှင်းပြထားပြီး ပါဝင်တဲ့အကြောင်းအရာတွေက အရမ်းကြီးဆက်စပ်မနေတာမို့ စီးရီးကိုမကြည့်ဖူးလည်း အခုမူဗီကိုကြည့်လို့ရပါတယ်။ 99.9 Criminal Lawyer လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဂျပန်စုံထောက်ကားဖြစ်ပါတယ်။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ်သုတေသနကို အောင်မြင်သွားတဲ့ သိပ္ပံပညာရှင်တာချိဘနဟာဂျိမဲ အသတ်ခံရပြီးတဲ့နောက် ကမ္ဘာပေါ်မှာ သူ့အမွေဆိုလို့ သူ့သမီးတဖြစ်လဲ ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ် မီခမိအန်နာနဲ့ လည်ဆွဲထဲက သုတေသနဒေတာတွေပဲ ကျန်ခဲ့ပါတယ်။ အဲဒီဒေတာတွေကိုလိုချင်နေတဲ့ မသမာသူလူချမ်းသာတစ်စုက အန်နာ့နောက်ကို လိုက်ကြနေတာပေါ့။ အန်နာ့မှာ သူမတူတဲ့စွမ်းရည်တွေရှိပြီး Nemesis စုံထောက်အေဂျင်စီမှာ သူ့ဒုတိယအဖေတို့၊ သူငယ်ချင်းတွေတို့နဲ့အတူ အလုပ်လုပ်နေပါတယ်။ ဒါပေမဲ့ Nemesis ခမျာ နှစ်လလုံးလုံး အမှုအပ်သူမရှိတာကြောင့် မွဲကိန်းဆိုက်ပြီး ရုံးခန်းပါပြောင်းလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ အန်နာဟာ ဒေတာတွေကိုလက်လွှဲမပေးရင် သူတန်ဖိုးထားရတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတဲ့ အိပ်မက်ဆိုးကို ညတိုင်းထပ်ခါထပ်ခါမက်နေရပါတယ်။ ...
movie
Nemesis the Movie: Mystery of Golden Spiral (2023)
5.8
Shuigui Bride ( 2024 )
Mysterious ဆန်ဆန်ဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် The water trick Bride လို့ ခေါ်တဲ့ဇာတ်ကားကောင်းလေးကို CM ကတင်ဆက်ပေးလိုက်ပါပြီ ။ရှင်းကျီမြို့ပိုင်ရှားတံတားအောက်မြစ်မှာ ရေသရဲတွေနှစ်နဲ့ချီ သောင်းကျန်းနေလို့ လူပျိုအပျိုကလေးတွေကို စတေးလိုက်တော့မှ တစ်မြို့လုံးအေးအေးချမ်းချမ်းနေရတယ်ဆိုတဲ့ ဒဏ္ဍာရီလိုလိုပုံပြင်လိုလို ဇာတ်လမ်းတွေက မြို့တစ်ခွင်ပျံ့နှံ့လျက်ရှိပါတယ် ။၇လပိုင်း၁၅ရက်နေ့ မိုးတွေသည်းလျက်ရှိနေတဲ့နေ့မှာ ရှင်းကျီမြို့နဲ့ မနီးမဝေးဘုရားကျောင်းပျက်ကြီးမှာ လက်သမားတစ်ယောက် ၊ စစ်ပြေးတစ်ယောက် ၊ နတ်ဆရာမ ၊ ကုန်သည်လင်မယားနှစ်ယောက်နဲ့ အတူ ဓားပြတိုက်တဲ့အပြစ်သားကို အထက်ကအမိန့်နဲ့အတူ ရှင်းကျီမြို့ကိုလာပို့တဲ့ ရဲအရာရှိတို့ မိုးခိုရင်းဆုံမိကြပါတော့တယ် ။အဲဒီအချိန်မှာ အပေါ်မှာပြောထားတဲ့ဒဏ္ဍာရီပုံပြင်လိုဟာကို လက်သမားဖြစ်တဲ့သူက စစ်ပြေးဖြစ်တဲ့သူကိုပုံပြင်ပြောရင်း စစ်ပြေးကပါ သူလည်းခုတလော ချန်အိမ်တော်က သတို့သမီးသေဆုံးတဲ့အကြောင်းကြားထားပြီး သေသွားတဲ့ပုံကလည်း အရှင်လက်လက်အခေါင်းထဲထည့်ပိတ်ပြီးမြစ်ထဲပစ်ချ မြစ်သရဲဖြစ်သွားတဲ့အကြောင်းကိုပြန်ပြောပြဖြစ်ပါတော့တယ်။ဒီသတင်းတွေကိုကြားသွားတဲ့ တစ္ဆေသရဲတွေကို မယုံကြည်တဲ့ရဲအရာရှိဖြစ်သူက သေချာစစ်မေးကြည့်တဲ့အခါမှာဝောာ့.. တရားခံအစစ်ဟာ သူတို့ထဲမှာပုန်းအောင်းနေကြောင်းသိသွားခဲ့ပါတယ် ။ ဒါပေမဲ့လည်း လှည့်ကွက်တွေအများကြီးနဲ့ လူသတ်သမားက သူတို့တွေကိုတစ်ယောက်ပြီးတစ်ယောက်သတ်သွားတာကိုသတ်သွားပါတယ် ။ကဲအကုန်မသေကုန်ခင် လူသတ်သမားကိုဖမ်းမိမလား ? လူသတ်သမားကပဲသူတို့အကုန်လုံးကိုသတ်သွားမလား ? သူတို့ကရော သိလျက်နဲ့ငြိမ်ခံနေမလား ဘာကြောင့် ဒီလိုတွေသတ်နေရသလဲဆိုတာကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ပါအုံးနော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Drama , ...
movie
Shuigui Bride ( 2024 )
6.6
Wild Things (1998)
Wild Things(1998)ပထမဆုံးအနေနဲ့ ဒီကားမှာ sexခန်းတွေ၊ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ၊ homosexualအခန်းတွေ ဖောဖောသီသီ ပါဝင်တာကြောင့် မိသားစုနဲ့လုံးဝမကြည့်ဖို့တစ်ချက်သတိပေးပါရစေ။18နှစ်မပြည့်သေးသူတွေ အရွယ်မရောက်သေးတဲ့လူတွေလဲမကြည့်သင့်ပါဘူးဇာတ်လမ်းမှာအဓိကဇာတ်ကောင် ငါးယောက်ပါပါတယ်။ သူတို့ကတော့...1.ဆမ်လွမ်ဘာဒိုဘလူးဘေးအထက်တန်းကျောင်းက ကျောင်းဆရာလေးဆမ်က ရုပ်ချောသဘောကောင်းတဲ့ဆရာလေးမို့ လူချစ်လူခင်ပေါပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးပေါ့။ အထူးသဖြင့် ကျောင်းသူလေးတွေအတွက်ကတော့ ဆမ်ဟာသူတို့ရဲ့ပုံပြင်ထဲကမင်းသားလေး။2. ကယ်လီဗန်ရိုင်ယန်ကယ်လီကတော့ ဘလူးဘေးအထက်တန်းကျောင်းရဲ့ A list စာရင်းဝင် ခပ်ဟော့ဟော့ သူဌေးသမီးလေး။ သူလေးကလဲ ကျောင်းဆရာကို အသေအကျေ crushနေတဲ့ ကောင်မလေး။ တစ်နေ့မှာတော့ ကယ်လီတစ်ယောက် ကျောင်းဆရာရဲ့အိမ်ကို ကားသွားဆေးပေးရင်း သူ့ကိုကျောင်းဆရာက မုဒိမ်းကျင့်ပါတယ်ဆိုပြီး ရိုးသားကြိုးစားတဲ့ ကျောင်းဆရာလေးကိုစွပ်စွဲလာပါတော့တယ်။3.ဆူဇန်မာရီတိုလာဆူဇီလို့ခေါ်ကြတဲ့ ဒီကောင်မလေးကတော့ ကယ်လီလိုပဲ ခပ်လန်းလန်းကောင်မလေးဆိုပေမယ့် ကယ်လီလိုတော့ မချမ်းသာရှာဘူး မွေးစားမိခင်နဲ့အတူ မြို့စွန်ရပ်ကွက်မှာနေရတဲ့ကောင်မလေး။အဲ..ကယ်လီက ကျောင်းဆရာမုဒိမ်းကျင့်တာခံရပါတယ် စွပ်စွဲလိုက်တော့ တစ်မြို့လုံးမယုံကြည်နိူင် ဖြစ်နေကြချိန်မှာ ဆူဇီကလဲ ဒီကျောင်းဆရာဟာ သူ့ကိုလဲ ဒီလိုပဲကျင့်ခဲ့ဖူးကြောင်း အရင်တုန်းကပြောရင် ဘယ်သူမှမယုံမှာစိုးလို့ မပြောခဲ့တာဖြစ်ကြောင်း ထပ်ပြီးထုတ်ပြောလာပါတယ်။ ဒီအချိန်မှာ ကျောင်းဆရာလေးကတကယ်ပဲ မုဒိမ်းကျင့်တယ်လို့ တချို့တွေယုံလာကြပါတယ်။4,5. စုံထောက်ရေးဒူကတ် နဲ့ ဂလော်ရီယာသူတို့ကတော့ ကျောင်းဆရာလေးဆမ်ရဲ့အမှုကိုအဓိက ကိုင်တွယ်ကြမယ့်သူတွေပါ။ သူတို့နှစ်ယောက်ထဲက စုံထောက်မလေး ဂလော်ရီယာကလဲ ကျောင်းဆရာကိုကြိတ်ကြွေနေပါသေးတယ်။ဒါကတော့ဇာတ်လမ်းရဲ့ ...
movie
Wild Things (1998)
1998
5.8
The Captives ( 2024 )
၂၁၅၀ခုနှစ်မှာ ကမ္ဘာပေါ်ကို တခြားဂြိုလ်ကပိုးကောင်သားရဲတွေ ဝင်ရောက်ကျူးကျော်လာတဲ့အကြောင်းကို ရိုက်ထားတဲ့ ခေတ်လွန်ဇာတ်ကားဖြစ်ပါတယ်။ ၂၁၅၀ခုနှစ်မှာ တခြားဂြိုလ်ကပိုးကောင်သားရဲတွေဟာ ကမ္ဘာကိုရောက်လာပြီး လူသားတွေကိုတိုက်ခိုက်ခဲ့တယ်။လူသားနဲ့ပိုးကောင်စစ်ပွဲကြီးဟာ နှစ်(၂၀)ကြာတဲ့အထိပြီးဆုံးမသွားသေးပါဘူး။ ဒီပိုးကောင်မျိုးနွယ်ဟာ အရေခွံမာပြီး အားကြီးတဲ့ပြင် မှန်းဆလို့မရတဲ့ ဉာဏ်ရည်တွေရှိတာကြောင့် လူသားတွေဟာသူတို့ကိုအပြီးသတ်နှိမ်နင်းနိုင်ဖို့ခက်ခဲနေပါတယ်။နှစ်လရှည်ကြာလာတာနဲ့အမျှ ပိုးကောင်တွေဟာ ကမ္ဘာမှာနေသားကျပြီး မျိုးရိုးဗီဇတစ်ဆင့်တက် ဆင့်ကဲပြောင်းလဲလာပါတယ်။ ကမ္ဘာကြီးပေါ်မှာရှိတဲ့လူသားတွေမျိုးသုန်းသွားမယ့် အန္တရာယ်ကျရောက်တော့မယ့် အရေးပေါ်အခြေနေကိုရောက်ရှိလာပါပြီ။ ဒီဉာဏ်ရည်ရှိတဲ့ဂြိုလ်သားပိုးကောင်တွေကိုဘယ်လိုအနိုင်ယူနိုင်မလဲ...... ကမ္ဘာကြီးဟာဒီပိုးကောင်တွေရဲ့နယ်ချဲ့ရန်ကနေလွတ်မြောက်နိုင်ပါ့မလား...... Quality : WEB-DL 2160p (4K), 1080p , 720p Format : mkv Genres : Drama , Romance , Fantasy Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Captives ( 2024 )
Wicker Park (2004)
အချစ်ဆိုတာ အင်မတန် သိမ်မွေ့နက်နဲလွန်းတဲ့ အရာတစ်ခုပါ မြင်မြင်ချင်းချစ်မိတဲ့အချစ် အသံလေးကြားနေရုံနဲ့ချစ်မိတဲ့အချစ် အတူရှိနေတာကြာလာလို့ ချစ်မိတဲ့အချစ် အဓိပ္ပာယ်မဖွင့်ဆိုနိုင်လောက်အောင် သိပ်ကိုကြီးမားလွန်းတဲ့ခံစားချက်လေးတစ်ခုပါပဲ......ချစ်တာဟာ ချစ်ရုံသပ်သပ်တင်မဟုတ်ဘဲ မေတ္တာတွေ သစ္စာတွေ သံယောဇဉ်တွေနဲ့ပါ အထပ်ထပ်ရစ်နှောင်လာရာကနေ လိုတာထက်ပိုတဲ့ စွဲလန်းစိတ်ထိဖြစ်သွားရင်တော့ ကိုယ်တိုင်ရော ကိုယ်ချစ်နေတဲ့ အချစ်ခံရတဲ့သူအတွက်ပါ ကောင်းကျိုးထက် ဆိုးကျိုးတွေလည်းဖြစ်တတ်ပါသေးတယ်.....သိမ်ကိုသိမ်မွေ့လွန်းသလို သိပ်ကိုလည်း အန္တရာယ်များလှတဲ့အချစ်ကိုမှ ရူးမတတ်စွဲလန်းခံစားမိသွားကြတဲ့သူတွေကလည်း ဒုနဲ့ဒေးရှိခဲ့ကြ.....ရှိနေကြ.....ရှိလာကြဦးမှာပါပဲ......ဒီကားလေးထဲမှာတော့ အမှတ်မထင် ကော်ဖီဆိုင်လေးတစ်ဆိုင်မှာတွေ့လိုက်ရတဲ့ ကောင်မလေးတစ်ယောက်ကို သူ့ဘဝရဲ့ ရာသက်ပန်အချစ်အဖြစ် သတ်မှတ်မိရာကနေ ကောင်မလေးကို သူ့ဘဝထဲရောက်လာဖို့ တစိုက်မတ်မတ်ကြိုးစားအားထုတ်တဲ့ကားလေးတစ်ကားပါပဲ.....ဇွဲရှိရှိကြိုးစားအားထုတ်ရင်း ဘာတွေကြုံတွေ့ရမလဲ ခံစားချက်တွေဘယ်လိုရှိမလဲ အလယ်အလတ်ဆိုတာထက် လွန်ကဲတဲ့ဘက်ရောက်ရင်ဘာဖြစ်နိုင်မလဲ ဆိုတာတွေကို ကြည့်ရှုခံစားရမှာမို့ စီးမျောလိုက်ကြပါဦးလို့...... File size…(1.7 GB)/(865 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Mystery, Romance, Thriller , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Htet Myat Paing
movie
Wicker Park (2004)
5.8
Hovering Blade ( 2024 )
သမီးလေးတစ်ယောက်ကို အဖေတစ်ယောက်အနေနဲ့ ပန်းလေးတစ်ပွင့်လိုယုယရင်း တစ်ယောက်ထဲပြုစုပျိုးထောင်လာခဲ့ပါတယ်။ သိပ်မပြည့်စုံပေမယ့် သားအဖနှစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ပါတယ်။ မိုးသည်းတဲ့တစ်ညမှာတော့ သမီးလေးဟာအိမ်ပြန်မလာတော့ပါဘူး။မြီးကောင်ပေါက်အရွယ် အပျိုဖော်ဝင်ကာစသမီးလေးပြန်ရောက်မလာတဲ့အတွက် အရူးမီးဝိုင်းသလိုလိုက်ရှာခဲ့တယ်။ ကံမကောင်းချင်တော့ နောက်(၂)ရက်အကြာမှာ မြစ်ကမ်းဘေးမှာပေါ်လာတဲ့အလောင်းဟာ သမီးလေးဖြစ်နေပါတယ်။ တရားခံဟာ အသက်(၁၈)နှစ်မပြည့်သေးတဲ့ ဆေးသမားကောင်လေး(၂)ယောက်ဖြစ်နေတာကိုမထင်မှတ်ပဲ သိလိုက်ရပြီး သမီးလေးကိုနှိပ်စက်ပြီး အဓမ္မကျင့်တဲ့ဗီဒီယိုကိုမြင်လိုက်ရတဲ့အချိန်မှ ာ အသိစိတ်လွတ်သွားပြီး တရားခံကောင်လေးတစ်ယောက်ကိုသတ်မိလိုက်ပါတယ်။ဒီလိုနဲ့ အသဲနှလုံးတွေမွမွကြေပြီး ရင်ကွဲနေတဲ့ အဖေတစ်ယောက်ရဲ့ ကလဲ့စားဟာစတင်ခဲ့ပါတယ်။ အဖေဖြစ်သူက တရားခံနောက်တစ်ယောက်ကိုလိုက်ရှာနေချိန်မှာ ရဲတွေကလဲ တရားခံကောင်လေးကိုရော သေသွားသူကောင်မလေးရဲ့အဖေကို ဆက်ပြီးမမှားအောင်တားဖို့ ရှာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အသက်(၁၈)နှစ်မပြည့်သေးတဲ့ ကလေးတွေပြစ်မှုကျူးလွန်တဲ့အခါမှာ တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်လို့မရတဲ့အတွက် အသက်မပြည့်သေးတဲ့လူငယ်တွေရဲ့ အထိန်းအကွပ်မရှိ ပြစ်မှုကျူးလွန်တဲ့အကြောင်းကိုရိုက်ထားတာဖြစ်ပါတယ်။ တရားခံနောက်တစ်ယောက်ကိုရှာတွေ့သွားတဲ့အခါ သမီးလေးအတွက် လက်စားချေမလား တရားဥပဒေလက်အပ်လိုက်မလားဆိုတာကို ဆက်ကြည့်လိုက်ပါနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Hovering Blade ( 2024 )
Reunion (2024)
ဒီဇာတ်ကားကတော့ မတွေ့တာကြာပြီဖြစ်တဲ့ကျောင်းတုန်းက သူငယ်ချင်းတွေရဲ့ ပြန်လည်တွေ့ဆုံပွဲမှာ လူသတ်မှုတစ်ခုထူးဆန်းစွာဖြစ်ခဲ့ပြီး ထိုလူသတ်မှုကိုစုံစမ်းရှာဖွေရတဲ့ Crime, Mystery အမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းအညွှန်းကတော့ ငယ်သူငယ်ချင်းတွေရဲ့ပြန်လည်တွေ့ဆုံပွဲမှာ အားလုံးဟာပျော်ပျော်ပါးပါးနဲ့ ပါတီပွဲနွှဲနေကြတာပေါ့။ဒီလိုနေလာရင်းနဲ့ ညနက်လာတာနဲ့အမျှ တခြားသူတွေကတစ်ယောက်ပြီးတစ်ယောက်ပြန်သွားကြပေမယ့် အရမ်းမူးပြီးအပျော်လွန်နေတဲ့ သူငယ်ချင်းတစ်သိုက်ကတော့ ညလဲအရမ်းနက်သွားသလို နှင်းတွေလဲအရမ်းကျလာလို့ ထိုအိမ်မှာပဲညအိပ်လိုက်ကြပါတော့တယ်။ နောက်တစ်နေ့မနက် သူတို့နိုးလာတဲ့အချိန်မှာတော့ အံ့ဩစရာတစ်ခုက အသင့်စောင့်ကြိုနေပါတယ်။ အဲဒါကတော့ သူတို့သူငယ်ချင်းတစ်ယောက်ဟာ သေနတ်ဒဏ်ရာတွေနဲ့ အခန်းတစ်ခန်းထဲမှာ သေဆုံးနေတာပါ။သူတို့သိရသလောက်ဆိုရင် ထိုညကနှင်းတွေပိတ်နေတဲ့အတွက် ဘယ်သူမှအပြင်ထွက်သွားဖို့မဖြစ်နိုင်တဲ့အတွက် လူသတ်သမားဟာ ယခုကျန်နေတဲ့လူစုထဲကတစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့သူတို့ဘယ်လိုတွေအဖြေရှာကြမလဲ၊ နောက်ထပ်သေဆုံးသူတွေရောရှိလာဦးမှာလားဆိုတာကို ခံစားကြည့်ရှုပေးကြပါဦး။File size…(1.8 GB)/(892 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie
Reunion (2024)
Reminiscing Shadows (2023)
မျက်နှာဖုံးနဲ့ အစုလိုက်အပြုံလိုက်လူသတ်မှု ကြူးလွန်နေတဲ့ အဖွဲ့ကို လူသတ်မှုစုံစမ်းစစ်ဆေးရေးဌာန မှ စုံထောက်နှစ်ယောက်ကို ဖြေရှင်းရန်တာဝန်ပေးခံရသောအခါ ဘယ်လိုတွေဖော်ထုတ်ကြမလဲ ဘယ်လိုအခက်အခဲတွေရှိကြမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်ဒန်နီရယ်ဆိုတဲ့ ပါတနာမရှိပဲ ခုနနှစ်ကျော်တယောက်တည်းရပ်တည်ခဲ့တဲ့ စုံထောက်နဲ့ မူးယစ်ဌာနက ပြောင်းလာတဲ့ အာရွန်တို့နှစ်ယောက် အတူတူလက်တွဲလုပ်ဖို့ တွန်းအားပေးခံရသောအခါ ဘာတွေကြုံတွေ့ရမလဲကို တစိမ့်စိမ့်ကြည့်ရမယ့် ဇာတ်ကားဖြစ်ပါတယ် ဂျွန်ဆန် မာတင် က ရိုက်ကူးထားတာဖြစ်ပါတယ်File size…(1.3 GB)/(650 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:15:00 Genre... Mystery, Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Dar Dar
movie
Reminiscing Shadows (2023)
8.6
Harakiri (1962)
Harakiri ( 1962 ) ===============ဟာရခိရိက ဘယ်လိုရုပ်ရှင်မျိုးလဲဆိုရင် ကျွန်တော်တော့ ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ ဖြေမိမှာပဲ။ Harakiriဟာ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲ ကျွန်တော့်အတွက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်ခဲ့တယ်။ ဟာရခိရိဆိုတဲ့ဂျပန်စကားရဲ့ အဓိပ္ပာယ်က ဝမ်းဗိုက်ကိုခွဲတယ်ဆိုတဲ့ အဓိပ္ပာယ်။ ပြောရရင် ဆာမူရိုင်းတွေ ရိုနင်တွေ အခမ်းအနားနဲ့ ဝမ်းဗိုက်ကိုခွဲပြီး သတ်သေခြင်းကို ဆိုလိုတာ။ အဲဒီအခမ်းအနားကိုတော့ Seppukuလို့ခေါ်တယ်။ ဆာမူရိုင်းတွေရဲ့ သိက္ခာကို ဖော်ပြနည်းတစ်မျိုးပေါ့။ ကီနူးရိဗ်ရဲ့ 47 Ronin နောက်ဆုံးခန်းက ဟာရခိရိလုပ်တဲ့အခန်းကို တော်တော်များများရင်းနှီးပြီးသားဖြစ်ကြမှာပဲ။ ဒါပေမဲ့ အမြဲတမ်း ဟာရခိရိက သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ရဲ့လားဆိုတာကို ဒီဟာရခိရိရုပ်ရှင်က မေးခွန်းထုတ်ပြီး ဒီဟာရခိရိရုပ်ရှင်ကပဲ ဟာရခိရိရဲ့ ဂုဏ်ကို ပြန်အဖတ်ဆည်ပေးသွားတယ်။ ဟာရခိရိဟာ ကျွန်တော်ကြည့်ဖူးတဲ့ ဘယ်ဆာမူရိုင်းကားနဲ့မှ မတူတဲ့တစ်ချက်က ကြည့်နေတဲ့လူကိုပါ ရှက်အောင်လုပ်နိုင်တဲ့အချက်ပါပဲ။ ဒီအချက်အတွက် ဒါရိုက်တာ Masaki Kobayashi ရဲ့ တင်ပြပုံကို ချီးကျူးရမှာပါပဲ။ Masaki Kobayashiဟာ ...
movie
Harakiri (1962)
First
5
6
7
8
9
Last
Previous
Next