Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mystery
7.1
Everybody Knows (2018)
Rating 7.1 ရရှိထားတဲ့ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်...Everybody know ဆိုတဲ့ဇာတ်ကားဟာ စိတ်ဝင်စားစရာ ပဟေဋ္ဌိများနဲ့ ပြည့်နှက်နေတဲ့ဇာတ်ကားတစ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအညွှန်းကတော့ ခင်ပွန်းဖြစ်သူအလုပ်မအားလပ်တာကြောင့်ရွာငယ်လေးမှာပြုလုပ်တဲ့ ညီမဖြစ်သူရဲ့ လက်ထပ်ပွဲကို လော်ရင်းနဲ့ခလေးနှစ်ယောက်ဟာ တက်ရောက်ဖို့ ထွက်လာခဲ့ကြပါတယ်။မင်္ဂလာပွဲကျင်းပတဲ့ညမှာတော့ မိဘဆွေမျိုးများ ပာတီပွဲပြုလုပ်ရင်းအားလုံးပျော်ရွှင်ကခုန်နေရင်းနဲ့ မီးပျက်သွားတဲ့အခါမှာတော့ လော်ရင်းရဲ့သမီးဖြစ်သူအိုင်ရင်းဟာ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။သမီးဖြစ်သူရဲ့ အိပ်ယာပေါ်မှာတော့ ပြန်ပေးဆွဲခံရတဲ့ သတင်းစာဖြတ်ပိုင်းအဟောင်းများကိုတွေ့ရှိခဲ့ရပြီး အိုင်ရင်းကိုတော့ ဘယ်မှာမှ လိုက်ရှာလို့ မတွေ့ခဲ့ပါဘူး။မင်္ဂလာပွဲမှာ ရှိနေတဲ့လူစာရင်းကတော့ လော်ရင်းရဲ့မိဘ မောင်နှမ ဆွေမျိုးများ၊လော်ရင်းရဲ့အိမ်နီးချင်း ရည်စားဟောင်းဖြစ်ခဲ့ဖူးသူပါကိုတို့လင်မယားနဲ့ ပြုပြင်ရေးစင်တာက လူငယ်လေးများပဲ ဖြစ်ပါတယ်။အိုင်ရင်းကို ပြန်ပေးဆွဲသွားတာ ဘယ်သူဖြစ်မလဲ၊ဘာ့ကြောင့်ပြန်ပေးဆွဲသွားရတာလဲ၊ပြန်ကောတွေ့နိုင်ပါ့မလား၊ဒီဇာတ်ကားလေးရဲ့ နာမည်နဲ့ကော ဘယ်လိုဆက်စပ်ထားလဲဆိုတာတော့မြုပ်ကွက်၊ လှည့်ကွက်များစွာနဲ့ ဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်.. File ...
movie
Everybody Knows (2018)
2018
6.7
The Clovehitch Killer ဆိုတဲ့ ၂၀၁၈ ထွက် Drama, Horror, Mystery အမျိုးအစား ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပါရစေ။Horror ဆိုပေမယ့် ထိတ်လန့်စရာ မပါပဲ ရိုးရိုးအေးအေးလေးနဲ့ပဲ တစိမ့်စိမ့် သင့့်စိတ်ကိုဆွဲဆောင်သွားမယ့် ဇာတ်ကားလေးတစ်ကားပါ။စုံထောက် Mystery ကားကြိုက်သူတွေအတွက်ကွက်တိပါပဲ။ဇာတ်လမ်းအကျဉ်းလေးကတော့ အဲဒီမြို့လေးမှာ Clovehitch ဆိုတဲ့ လူသတ်သမားသတ်သွားတဲ့ သေသူ ၁၀ ယောက်အတွက် အမှတ်တရပွဲ နှစ်တိုင်းလုပ်ပေးကြတာပါ။လူသတ်သမားက သူသတ်ခဲ့တဲ့လူတိုင်းရဲ့ အိမ်မှာ Clovehitch ကြိုးချည်နည်းနဲ့ အမှတ်အသားထားခဲ့တတ်ပါတယ်။အဲဒါကြောင့် ကြိုးချည်နည်းနာမည်ကိုယူပြီးတော့ Clovehitch လူသတ်သမားလို့ခေါ်ကြပါတယ်။သာမန်ပျော်စရာမိသားစုအတွင်းက ကင်းထောက်လူငယ်လေးဖြစ်တဲ့ Tyler က သူ့အဖေရဲ့ကားထဲမှာ ပုံမှန်မဟုတ်တဲ့ဆက်ဆံနည်းတွေပါတဲ့ အပြာဓာတ်ပုံတစ်ပုံကိုမမျှော်လင့်ပဲတွေ့ခဲ့ရာက Clovehitch လူသတ်သမားနဲ့ပတ်သက်ပြီး သဲလွန်စတွေကို တဖြည်းဖြည်းချင်းရှာတွေ့လာတဲ့အခါမှာ သူ့ရဲ့အဖေကိုယ်တိုင်က Clovehitch ဟုတ်လား မဟုတ်ဘူးလားဆိုတာကို စိတ်ဝင်တစားကြည့်ရမှာပါ။အပြာဓာတ်ပုံဆိုလို့လန့်မသွားပါနဲ့ဦး မိသားစုနဲ့ကြည့်လို့လည်း အဆင်ပြေတဲ့ကားမျိုးပါ။IMDB Rating ကတော့ 6.5 ထိရရရှိထားပါတယ်။(d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size ...
movie
The Clovehitch Killer (2018)
2018
5.8
The Little Stranger (2018)
Drama/Mystery ..IMDb 5.8/10၁၉၄၈ ခုနှစ် နွေရာသီမှာဖြစ်သည်။မနက်စောစော ကိုယ်လက်သန့်စင်ကာ မုတ်ဆိတ်ရိတ်နေရင်းသူ့ဆီဖုန်းဝင်လာသည်။ဟန်ဒရစ် အိမ်ကြီးဆီလူနာသွားကြည့်ပေးဖို့ဖြစ်သည်။ဟန်ဒရစ်အိမ်ကြီးသည် သူနှင့် စိမ်းသည်တော့မဟုတ်။အဲစ် မိသားစုမှာ ရာစုနှစ် နှစ်ခုသုံးခုတိုင်ထိုအိမ်ကြီးတွင်နေထိုင်ခဲ့ကြသော လူကုန်ထံများဖြစ်သည်။ဂုဏ်ပကာသန ထည်ဝါစွာအဆင့်မြင့်မြင့်နေထိုင်ခဲ့ကြသူများဖြစ်သည်။သူတို့ ခုလည်းဒီလိုပဲနေထိုင်တုန်းလားမသိ။သူကိုယ်ပိုင်ကားလေးမောင်းပြီး တောလမ်းများဖြတ်ကာအိမ်ကြီးဆီရောက်လာခဲ့ပြီ။ရှေ့ဂိတ်ပေါက်ရှိသော်လည်း နောက်ဖက်ဂိတ်ပေါက်မှတံခါးကို ကားပေါ်မှကိုယ်တိုင်ဆင်းဖွင့်ကာ ခြံဝန်းထဲ ကားမောင်းဝင်လာခဲ့သည်..။ခြံဝန်းထဲရောက်သောအခါ မည်သူမျှမတွေ့။သူကားပေါ်မှဆင်းပြီး တစ်ချိန်ကထည်ဝါစည်ကားခဲ့သလောက် ယခုမျက်စိရှေ့တွင် တိတ်ဆိတ်ခြောက်ကပ်နေသော အိမ်ကြီးကို ရပ်ကြည့်နေမိသည်..။မည်မျှကြာအောင် ရပ်ကြည့်နေမိသည်မသိ။ခြေသံကြားမှ လှည့်ကြည့်လိုက်ရာ လူတစ်ယောက်မှ သူ့ဆီလျှောက်လာရင်း လှမ်းနှုတ်ဆက်၏…။“ဟယ်လို..ခင်ဗျားကဘယ်သူတုန်း” “ကျွန်တော် ဒေါက်တာ ဖာရာဒေးပါ”နှုတ်ဆက်သူမှာ ခြေတစ်ဖက်ဆာနေပြီး သူ၏ညာဖက်ပါးပြင်နှင့် နားတစ်ဝိုက်တွင် မီးလောင်ပြီးအရည်ပြားများစုတ်နေသည့် အမာရွတ်ကြီးရှိသည်။သူကသူ့ကိုယ်သူမိတ်ဆက်၏။“ကျွန်တော်က ရော့ဒရစ်အဲရစ်ပါ ..ကားသံကြားတော့ ဒေါက်တာ ဂရန်ဂျာမှတ်နေတာ”………… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (900 MB) and (400 MB) Quality : WEB-DL 720p Running Time : 1h 51min Format : ...
movie
2018
6.8
From Hell (2001)
CM Fan တွေ အတွက် မင်းသားကြီး Johnny Depp ငယ်စဉ်က သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ From Hell ဆိုတဲ့ သည်းထိတ်ရင်ဖို စုံထောက် ရုပ်ရှင်ကားဖြစ်ပါတယ် IMDb Rating 6.8 ထိ ရရှိထားပါတယ် Johnny Depp နဲ့ အတူ မင်းသမီး Heather Graham ပါ သရုပ်ဆောင်ထားပါတယ် ဇတ်လမ်းပုံစံကတော့ ဒုစရိုက်မှုတွေ ကြီးစိုးတဲ့ မြို့တစ်ခုမှာ ရဲစုံထောက် နာမည်ကျော် အက်ဗာလိုင်း ဆိုတဲ့ လူတစ်ယောက်ရှိတယ် သူက ဘယ်လောက်ထိ နာမည်ကြီးလဲဆိုရင် သေနေတဲ့သူရဲ့ အလောင်းကို ကိုင်ကြည့်ရုံနဲ့ လူသတ်မှုကို ခြေရာခံနိုင်ပါသတဲ့ စိတ်စွမ်းအင်လဲ ရှိပြီး လူသတ်မှုတွေ မဖြစ်ခင် ကြိုတင်အာရုံရတက်ပါတယ် သူက လူထူးလူဆန်းလို ဖြစ်နေပြီး မြို့နယ် ရဲတပ်ဖွဲ့ရဲ့ အားကိုးရာလဲဖြစ်ပါတယ် ပုံစံ အရ ပြောရရင် မင်းသိင်္ခ ၀တ္တုထဲက ဆားပုလင်း နှင်းမောင် လိုပေါ့... တစ်ရက်မှာတော့ အဲ့ဒီ မြို့သေးသေးလေးမှာ အမှုအခင်း ထူးထူးဆန်းဆန်း တစ်ခုဖြစ်ခဲ့ပါတယ်... အဲ့ဒါကတော့ ပြည့်တန်ဆာ တွေကို လိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမား တစ်ယောက် ...
movie
From Hell (2001)
2001
8.3
The Lost Room (TV Mini-Series 2006) Complete
အဓိက အကြောင်းအရာအားလုံးက သော့ လေး တစ်ချောင်းကနေ စ တင်လာပါတယ် ရှေး ယုံတမ်းပုံပြင်တွေအရ မှော်ဆန်တဲ့ ခရီးသွား တစ်ယောက်ဟာ အခန်းတစ်ခုအတွင်း တည်းခိုနေထိုင်ခဲ့ပါတယ် ပြီးတော့ ထိုအခန်းအတွင်း ပစ္စည်းအားလုံးဟာ တန်ခိုး ကိုယ်စီ အသက်ဝင်ပြီး တန်ဖိုးရှိကုန်ကြပါတယ် တစ်နည်းနည်းဖြင့် ထိုပစ္စည်းတစ်ချို့ အပြင်ရောက်လာခဲ့ပြီး ရာဇ၀တ်သားတွေလက်ထဲကို ရောက်ရှိပြီး သတ်ဖြတ် လုယက်ကြပါတော့တယ် ထို အခန်းထဲကို ၀င်တဲ့ သော့တံ ကတော့ ဘယ်တံခါးကို ဖွင့်ဖွင့်ရောက်ချင်တဲ့နေရာကို ချက်ချင်း ပို့ဆောင်ပေး ဖွင့်ပေးတဲ့ လိုတရ သော့တံ ဖြစ်ပြီး သမီးတစ်ယောက် အဖေ ရဲသား တစ်ယောက်ဆီ ရောက်သွားရာကနေ ဇတ်လမ်း စ ပါတော့တယ်.... (သစ်ဆန်းခန့်)Episode (1) Gdrive / Yuudrive / Megaup / Meganz / Upstream Episode (2) Gdrive / Yuudrive / Megaup / Meganz / ...
movie
The Lost Room (TV Mini-Series 2006) Complete
2006
5.0
Monster Party (2018)
လူတိုင်းရင်ထဲမှာ မကောင်းဆိုးရွားတွေရှိတတ်ကြပါတယ်။လူတွေဟာ သတ်ချင်ဖြတ်ချင်တဲ့ဗီဇစိတ်ကို ယဉ်ကျေးမှုလူ့အဖွဲ့အစည်းနဲ့ ထိန်းချုပ်ခဲ့ပြီး တိရစ္ဆာန်တွေနဲ့ကွဲပြားအောင်ရုန်းထွက်ပြီးလူတွေဖြစ်လာကြတာပါ။တချို့သူတွေမှာတော့ သတ်လိုဖြတ်လိုတဲ့ ဗီဇစိတ်ကတားမရဆီးမရဖြစ်နေတတ်ပါတယ်။ဒီ Monster Party (2018) Horror,Mystery, Triller ဇာတ်ကားလေးမှာတော့ လူသတ်ခြင်းကို စွဲလမ်းနေကြလို့ ထိန်းချုပ်ထားတဲ့ အဖွဲ့တစ်ခုရဲ့ နှစ်ပတ်လည် အခမ်းအနားကို သူခိုးလေးသုံးယောက် စားပွဲထိုးဟန်ဆောင်ပြီး ဝင်ခိုးရာမှာ ဘာတွေဖြစ်မလဲသူတို့တွေဝင်ပြီးတော့ ပြန်ထွက်နိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။IMDB Rating ကတော့ 5.0 ရရှိထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ) File Size : (700 MB) and (330 MB) Quality : WEB-DL 720p Running Time : 1h 29min Format : Mp4 Genre : Horror , Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by ...
movie
Monster Party (2018)
2018
5.4
An Interview with God (2018)
ဒီတစ်ခေါက်တော့ မင်းသားချောလေး Brenton Thwaites ရဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က An Interview with God (2018)ပါ။ဘာသာရေးဆိုင်ရာကားကောင်းလေးတစ်ကားဖြစ်ပြီးဘုရားသခင်နဲ့ အပြန်အလှန် အင်တာဗျူးလုပ်နေသလို ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းလေးအကျဉ်းကတော့အာဖဂန်နစ္စတန်စစ်မြေပြင်မှာသတင်းသွားယူနေတဲ့သတင်းတပ်သားလေး ပေါလ်အာရှာ...ဘာသာတရားလိုက်စားသူဖြစ်ပေမယ့် စစ်မြေပြင်ရဲ့ ကြမ်းတမ်းတဲ့အတွေ့အကြုံတွေကနေဘုရားသခင်အပေါ်ယုံမှားသံသယဝင်လာပါတော့တယ်။စစ်မြေပြင်ကနေ အိမ်ပြန်ရောက်ချိန်မှာလဲ အိမ်ထောင်ရေးကအဆင်မပြေဖြစ်နေချိန်မှာသူ့ဆီကို အင်တာဗျူးတစ်ခုလုပ်ဖို့ကမ်းလှမ်းလာပါတော့တယ်။အဲဒီအင်တာဗျူးမှာ ဘုရားသခင်နဲ့မေးခွန်းထုတ်ကြမှာပါ။လူသားတိုင်းသိချင်နေတဲ့မေးခွန်းတွေကိုပေါလ်တစ်ယောက်မေးပေမယ့်ဘုရားသခင်ကတော့ပေါလ်ရဲ့ ဘဝကိုပဲအခြေခံကာမေးခွန်းတွေကိုပညာသားပါပါဖြေဆိုပုံတွေကို ဒီကားလေးထဲမှာတွေ့မြင်ရမှာပါ။Imdb 5.4/10 ရရှိထားတဲ့ ဒီကားလေးနာမည်ကတော့An Interview with God (2018) ပါ။ရှားရှားပါးပါးဘာသာရေးကားလေးကိုChannel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File Size : (850 MB) and (287 MB) Quality : WebDL 720p Format…mp4 Duration…1 hr 37 min Genre : Dama , Mystery Subtitle : ...
movie
An Interview with God (2018)
2018
5.3
Don’t Go (2018)
Mystery ဇာတ်ကားလေးပါIMDB rating 5.3 ရထားတဲ့ဇာတ်ကားကောင်းလေးပါဇာတ်လမ်းအစမှာတော့ ဘန်စလေတာတို့လင်မယားနှစ်ယောက်ကသူ့သမီးလေးဆုံးသွားတဲ့အချိန်ပူဆွေးသောကတွေရောက်နေတာပေါ့ဒါနဲ့သူတို့ကအိုင်ယာလန်ဘက်ကိုပြောင်းသွားပြီးဟိုတယ်အသေးစားလုပ်ငန်းလေးလုပ်ပြီးရပ်တည်မယ်လို့စဉ်းစားထားကြတယ်သူတို့စိတ်ထဲမှာတော့ပူဆွေးသောကတွေရောက်နေတယ်တစ်နေ့တော့ဘန်ကအိပ်နေရင်းအိမ်မက်မက်တယ်သူ့အိမ်မက်ကသူတို့သွားခဲ့တဲ့ကမ်းခြေအကြောင်းမက်တယ် နောက်တော့အဲ့အိမ်မက်ပဲထပ်ပြန်တယ်အဲ့အကြောင်းကိုသူ့မိန်းမကိုပြောပြတယ်သူ့သမီးကိုအိမ်မက်ထဲကနေခေါ်ပြီးအသက်ရှင်အောင်ပြန်လုပ်လို့ရတယ်လို့ယုံယုံကြည်ကြည်နဲ့ပြောပြတယ်နောက်တော့အဲ့အိမ်မက်ကိုပဲထပ်ကာထပ်ကာမက်ရင်းကစိတ်ဖိစီးမှုတွေများရင် ရူးသလိုဖြစ်လာတယ်ဘာကြောင့်လဲဘာဖြစ်လို့သူပဲအဲ့အိမ်မက်တာလဲတကယ်ပဲသူ့သမီးလေးကိုပြန်ခေါ်လို့ရလားမထင်ထားမှတ်တဲ့ဇာတ်လမ်းအဆုံးသတ်လေးဆိုတော့ပရိသတ်ကြီးပဲဆက်ကြည့်ပေးပါဦး (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုတင်မျိုးလွင် ပါ) File Size : (750 MB) and (350 MB) Quality : WEB-DL 720p Running Time : 1h 31min Format : Mp4 Genre : Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by Tin Myo Lwin Encoded by Thanhtike Zaw
movie
Don’t Go (2018)
2018
6.8
13 Beloved (or) 13: Game of Death (2006)
13-Beloved (2006)IMDb Rating (6.8)၂၀၀၆ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ထိုင်း Horror ဇာတ်လမ်းတစ်ပုဒ်ပါ။ ထိုင်း Horror ကားတွေရဲ့ထုံးစံအတိုင်း ဟာသလေးနည်းနည်းနှောပြီး ရိုက်ထားပါတယ်။ တခြား ထိုင်း Horror တွေထက် ပိုထူးတာက သရဲကားမဟုတ်သလို လူသတ်ကားစစ်စစ်ကြီးလည်း မဟုတ်ဘဲ ထူးခြားဆန်းကြယ်တဲ့ လက်တွေ့ဂိမ်းကစားပွဲကြီးတစ်ခုကို အခြေခံထားပါတယ်။ ရက်စက်မှုတွေရော လျှို့ဝှက်နက်နဲမှုတွေပါ ပြည့်နေတဲ့ စိတ်ဝင်စားစရာ Reality Game Show တစ်ခုပါ။ဇာတ်လမ်းမှာ အချစ်ရေးကံမကောင်းခဲ့သလို အကြွေးတွေလည်း ဝိုင်းနေတဲ့ ကုမ္ပဏီအရောင်းဝန်ထမ်း ပူးချစ်ဟာ အလုပ်ကထုတ်ခံလိုက်ရတဲ့အခါ စိတ်ဓာတ်ကျစရာ အဆိုးဆုံး အခြေအနေကို ရောက်ရှိသွားပါတယ်။ အဲဒီအချိန်က အမည်မသိဖုန်းတစ်ခုကို လက်ခံခဲ့ရရှိခဲ့ပြီး သူ့အတွက် ပိုက်ဆံရ အခွင့်အရေးတစ်ခု ရရှိခဲ့ပါတယ်။ အဲဒါကတော့ စိန်ခေါ်မှု ၁၃ ခု ရင်ဆိုင်ကျော်ဖြတ်ရမယ့် လျှို့ဝှက်တဲ့ လက်တွေ့ဘဝဂိမ်းကစားပွဲပါပဲ။စိန်ခေါ်မှုတစ်ခုအောင်မြင်တိုင်း သူရဲ့ဘဏ်စာရင်းထဲ ငွေအမြောက်အများ ဝင်ဝင်လာတာကြောင့် ...
movie
13 Beloved (or) 13: Game of Death (2006)
2006
7.2
Audition (1999)
Audition ဇာတ်ကားကတော့ Ryu Murakamiရဲ့ဝတ္တုကို Director : Takashi Miike က ပုံဖော်ရိုက်ကူးထားတဲ့ Drama , Horror , Mystery ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating - 7.2/10 Rotten Tomatoes - 81%Psycho Killer ကားတွေ ကြိုက်တဲ့ ပရိတ်သတ်တွေအတွက် အထူးသင့်တော်တဲ့ကားပါ။ တစ်ချိန်လုံးသတ်နေတဲ့လူသတ်ကားတွေနဲ့ ပုံစံကွဲထွက်နေပါတယ်။***ဇာတ်လမ်းအညွှန်း***Yoshikawa လို့ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် single father တစ်ယောက်ဟာ သူ့သားဖြစ်သူရဲ့အကြံပေးချက်ကြောင့် နောက်အိမ်ထောင်ပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့စိတ်တိုင်းကျ မိ်န်းမတစ်ယောက်ကို သူ့သူငယ်ချင်းဖြစ်သူရဲ့အကူအညီနဲ့ လူရွေးပွဲလုပ်ပြီးရှာပြီးနောက် မထင်မှတ်ဘဲ သူသဘောကျတဲ့အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူမနာမည်ကတော့ Asami ပါ။Asami ကို သူလက်ထပ်ထပ်ခွင့် တောင်းလိုက်တဲ့အခါမှာတော့ လုံးဝမထင်မှတ်ထားတဲ့ အလှည့်အပြောင်းကြီးတစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ်။ အဲ့ဒါကတော့......ဒီလူသတ်ကားလေးကတော့ 1999ဆိုပေမယ့် Old but Gold ဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။မကြည့်ခင် Trailerအရင်ရှာကြည့်လိုက်ပါ ဘယ်လောက်ကြမ်းတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ Ye Man Aung ဖြစ်ပါတယ်) File size __(999 MB) and (450 MB) Quality__BR-Rip 720p IMDb Rating__7.2 /10 Format__mp4 Duration__01:55:35 Type__Drama , Horror , Mystery Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie
Audition (1999)
1999
6.1
I Think We’re Alone Now(2018)
I Think We're Alone Now(2018) Delက ကမ္ဘာမြေပေါ်မှာနောက်ဆုံးကျန်ခဲ့တဲ့လူတစ်ယောက်လို့ သူ့ကိုယ်သူထင်နေတဲ့လူတစ်ယောက်ပါ။ သူက လူသူဝေးရာမြို့ငယ်လေးတစ်မြို့မှာ စိတ်ကူးယဉ်ကမ္ဘာလေးဖန်တီးပြီးကျေနပ်နေသူတစ်ယောက်ပါ။ သူနေထိုင်တဲ့မြို့လေးဟာကပ်ဆိုးတစ်ခုကြောင့်တစ်မြို့လုံးကလူတွေသေဆုံးခဲ့တာပါ။ အဲ့ဒီမြို့မှာသူတစ်ယောက်တည်းနေထိုင်ရင်း သူ့ကိုယ်သူကမ္ဘာမြေကြီးရဲ့နောက်ဆုံးလူသားလို့ထင်နေချိန်မှာGraceဆိုတဲ့ ကောင်မလေးတစ်ယောက်သူ့ဆီကိုရောက်လာခဲ့ပါတယ်။ သူက Graceကိုသူ့ကမ္ဘာငယ်လေးဆီမှာမနေစေချင်ပါဘူး ထွက်သွားခိုင်းပေ့မယ့်Graceကဆက်နေခဲ့ပါတယ်။ လူတွေအားလုံးသေဆုံးပြီး ခြောက်ခြားစရာမြို့ပျက်မှာ သူတို့်နှစ်ယောက်ကထူးဆန်းတာတစ်ခုလုပ်ခဲ့ပါတယ်။ အဲ့ဒီလိုလုပ်နေတုန်းမှာ သူတို့ မမျှော်လင့်တာတွေ အံအားသင့်စရာကောင်းလောက်အောင်ကြုံခဲ့ရတယ်... ကိုင်း သူတို့ ဘာတွေကြုံလဲ ...ဘယ်လိုတွေရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး..ဒီကားထဲက အဓိက သရုပ်ဆောင်ကြီးကိုတော့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ...မင်းသမီးလေးကလည်း နင်းကန်လှလွန်းပါတယ်... ပြီးတော့ IMDb...5.6 နဲ့ Rotten ....63% လည်းရထားလေတော့ အတော်လေးအောင်မြင်တဲ့ကားလို့ဆိုရမှာပဲဖြစ်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Amy Khine ပဲဖြစ်ပါတယ်... File Size : (860 MB) and (225 MB) Quality :720p WEBRip, Format…mp4 Duration…01:33:00 Genre : Drama , Mystery , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Phyo ...
movie
2018
8.1
Prisoners (2013)
Prisoners (2013)IMDb.... 8.1 Rotten Tomatoes.. 82% Cast..... Hugh Jackman, Jake Gyllanhaal" ကျွန်တော်တို့တတွေရဲ့ ဘဝ အဓိပ္ပါယ် ကျွန်တော်တို့ တန်ဖိုးထားမြတ်နိုးရတဲ့ လူတွေကို ဆုံးရှုံးရတဲ့အခါ ကျွန်တော်တို့တကယ်ပဲ မကောင်းဆိုးဝါး တစ်ပိုင်းဖြစ်သွားကြသလား"ဒီကားရဲ့ Main cast တွေကတော့ Hugh Jackman နဲ့ Jake Gyllanhaalပါ။ သူတို့ ပါနေတာနဲ့တင် ဘာမှဆက် ညွှန်းဖို့ မလိုလောက်အောင်ပါပဲ။အဖေဇာတ်ရုပ်တွေနဲ့ အတော်စားတဲ့ Hug Jackmanဟာ Logan တို့ Greatest Showman တို့ တို့မှာ အတော်လေး စျာန်ဝင်ခဲ့သလို ဒီကားထဲမှာလည်း သမီးပျောက်လို့ ပူပန်နေရတဲ့ အဖေတစ်ယောက်အနေနဲ့ လုံးဝ Perfect ဖြစ်ခဲ့ပါတယ်။Jake Gyllanhaal ရဲ့ ဟန်ကလည်း အတော်လေး သဘောကျစရာကောင်းတာကို တွေ့ရမှာပါ။မြို့ကလေးတစ်မြို့မှာ ဖြစ်လာမဲ့ အရာရာတိုင်းအတွက် အသင့်ပြင်ထားရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ Keller(Hugh)ဆိုတဲ့ လူလတ်တန်းစားတစ်ယောက် ရှိပါတယ်။ ကျေးဇူးတော်နေ့မှာ တစ်ဖက်လမ်းက အိမ်ကို စားသောက်ပွဲတစ်ခုသွားရင်း အိမ်ရှင်ရဲ့ သမီးလေးနဲ့ Kellerအိမ်ကို ပြန်သွားရင်း Keller ရဲ့ သမီးလေး ပျောက်ဆုံးသွားပါတယ်။လိုက်သမျှ အမှု မအောင်မြင်တာ မရှိသေးတဲ့ စုံထောက်Loki (Jake) ဟာ ဒီအမှုကို ကိုင်တွယ်ဖို့ ဖြစ်လာခဲ့တယ်။ သမီးအတွက် ...
movie
Prisoners (2013)
2013
7.5
U Turn (2018)
U-Turn ဆိုတာ မြန်မာလိုပြောရင် "ဂငယ်ကွေ့ " ပါ့။ယာဉ်စည်းကမ်း လမ်းစည်းကမ်းထဲမှာ ဂငယ်ကွေ့ မကွေ့ ရတဲ့ ဆိုင်းဘုတ်အဖြစ် U(ယူပုံစံ)ကို ကြက်ခြေခတ်ထားတဲ့အမှတ်အသားကို အသုံးပြုကြတယ်။ဒီကားလေးကတော့ ကုန်းကျော်တံတား(မိုးပျံတံတား)တစ်ခုပေါ်မှာ ဖြစ်ပျက်တဲ့ အက်ဆီးဒင့်တစ်ခုအပြီး အဲ့ဒီတံတားပေါ်မှာ ဂငယ်ကွေ့ ကွေ့မိသူတိုင်း သေဆုံးကြလို့ အဲ့ဒီအကြောင်းအရင်းကို ရဲအရာရှိတစ်ယောက်နဲ့ သတင်းထောက်တစ်ယောက်တို့က လိုက်လံစုံစမ်း ဖော်ထုတ်တဲ့အကြောင်းဖြစ်ပါတယ်။ရဲ အရာရှိ နာမည်က နာယာ့ခ်၊ သတင်းထောက်မလေး နာမည်က ရာချားနားတဲ့။ရာချာနားက သူ့ ရုံးနားက ကုန်းကျော်တံတားပေါ်က ယာဉ်စည်းကမ်းဖောက်ပြီး ဂငယ်ကွေ့ ကွေ့သူတွေကို လမ်းဘေးအဘိုးကြီးတစ်ယောက်ရဲ့ အကူအညီနဲ့ လိုက်လံ စောင့်ကြည့်မှတ်သားနေသူပါ။စည်းကမ်းဖောက်သူတွေထဲကဆွန်ဒါးဆိုသူ သေကြောင်း ကြံစည်သွားချိန်မှာ ရာချာနားလည်း စိတ်ဝင်စားပြီးစည်းကမ်းဖောက်သူ စာရင်းနဲ့ တိုက်ကြည့်တော့မှ ဂငယ်ကွေ့  ကွေ့သူ မှန်သမျှ သေဆုံးကုန်ပြီဆိုတာ သိလိုက်ရပါတယ်။ရဲစခန်းက ရာချားနားကို မသင်္ကာပါဘူး. . .။သူ့ အနားမှာ ရဲအရာရှိ ...
movie
U Turn (2018)
2018
N/A
Buy Bust (2018)
BuyBust (2018)ဒီဇာတ်လမ်းကတော့ ပြီးခဲ့တဲ့ သြဂုတ်လကမှ ရုံတင်ခဲ့တဲ့ ဖိလစ်ပိုင်အက်ရှင်ဇာတ်ကြမ်း အသစ်စက်စက်ပါ။ ဇာတ်ကြမ်းလို့ဆိုနိုင်ပေမဲ့ မင်းသမီးကို အသားပေးထားတာမို့ မြင်နေကျ မင်းသားဟီးရိုးလုပ်တဲ့ အက်ရှင်ကားတွေနဲ့တော့ နည်းနည်းကွာမှာပါ။ ဇာတ်လမ်းကျောရိုးက လက်ရှိဖိလစ်ပိုင်ရဲ့ နာမည်ကျော် မူးယစ်ဆေးနှိမ်နင်းရေးတိုက်ပွဲကြီးကို အခြေခံထားတယ်ဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းမှာ ဖိလစ်ပိုင်မူးယစ်ဆေးဝါးနှိမ်နင်းရေး အထူးတပ်ဖွဲ့က အဖွဲ့တစ်ဖွဲ့ဟာ ဖမ်းဆီးရခက်တဲ့ နာမည်ကျော် မူးယစ်ရာဇာတစ်ယောက်ရဲ့ စခန်းကို ဝင်စီးပြီး မူးယစ်ရာဇာကိုပါ ဖမ်းဆီးမယ့် စစ်ဆင်ရေးတစ်ခု အစပြုခဲ့ကြပါတယ်။ စစ်ဆင်ရေးနာမည်က Buy-Bust...သူလျိုတစ်ယောက်ရဲ့ အကူအညီနဲ့ ဝင်စီးဖို့ ထွက်လာတဲ့ သူတို့အဖွဲ့ဟာ စစ်ဆင်ရေးအစမှာပဲ ထောင်ချောက်ဆင်ခံရပြီဆိုတာ သိလိုက်ရပါတယ်။ အချိန်ယူပြီးစနစ်တကျလေ့ကျင့်ထားခဲ့ကြတဲ့ သူတို့အဖွဲ့ဝင်တွေ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ၊ ကျွမ်းကျင်ထက်မြတ်တဲ့ မန်နင်းဆိုတဲ့ အဓိကဇာတ်ကောင် အမျိုးသမီးတပ်ဖွဲ့ဝင်ကရော ဘယ်လိုတွေ ရုန်းကန်ရှင်သန်သွားမလဲ၊ မူးယစ်ရာဇာရဲ့ အာဏာစက်ထဲရောက်နေတဲ့ ဒေသခံတွေနဲ့ရော ဘယ်လို ပဋိပက္ခဖြစ်ကြမလဲ၊ သူတို့ဘက်က အကျင့်ပျက်ခြစားနေတဲ့ သူလျိုကရော ဘယ်သူဖြစ်မလဲ၊ နောက်ဆုံး ဘယ်သူတွေ အသက်ရှင်ကျန်ရစ်ခဲ့မလဲ ...
movie
Buy Bust (2018)
2018
3.0
Slender Man (2018)
Horror ပရိသတ်တွေအတွက် Slender Man ဆိုတဲ့စကားလုံးက စိမ်းမနေလောက်ဘူးထင်ပါတယ်။Thin Man နဲ့မတူတာကတော့ Thin Man က Supernatural ဇာတ်လမ်းတွဲထဲမှာပါဝင်နေတာဖြစ်ပြီးတော့ Slender Man ကတော့ အပြင်လောကမှာ ဖန်တီးထားတဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်ပါတယ်။သူ့ကို အမျိုးမျိုးပြောကြပေမယ့် အခြေခံအားဖြင့်ကတော့ အနက်ရောင်ဝတ်စုံပြည့်ဝတ်ထားတဲ့ ပုံမှန်ထက် အများကြီး ပိန်ပိန်ရှည်ရှည် မျက်နှာဗြောင်နဲ့ လူတစ်ယောက်ပုံစံနဲ့ဖော်ညွှန်းတတ်ကြပါတယ်။သူဟာလူတွေကို ဖမ်းခေါ်သွားတတ်ပြီး စိတ်ညို့တတ်ပြီးတော့ ရူးအောင်လုပ်တတ်တယ်လို့ ပြောကြပါတယ်။သူအဓိကပစ်မှတ်ထားတာက ကလေးတွေနဲ့ လူငယ်တွေများတယ်လို့သိရပါတယ်။တကယ်တန်းတော့ Slender Man က Blogger တစ်ယောက်ရဲ့လက်ဆော့ချက်နဲ့ ဖြစ်လာတဲ့ သရဲတစ်ကောင်ပါ။အဲဒါကိုမှစိတ်ဝင်စားသူတွေကထပ်ဖြည့်ရင်း Slender Man ဆိုတာဖြစ်လာပါတော့တယ်။အဲဒီလိုထပ်ဖြည့်လိုက်ရင်း Supernatural ဇာတ်လမ်းတွဲထဲက Thin Man လို တကယ်ဖြစ်လာနိုင်မလား ကျွန်တော်ကတော့ မပြောတတ်ပါဘူးဗျာ။ဒီဇာတ်ကားရဲ့ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်ကောင်မလေး လေးယောက် Slender Man ကိုဖိတ်ခေါ်မိရင်း ဘာတွေဖြစ်ကြတယ်ဆိုတာကိုရိုက်ပြထားတဲ့ အကြောင်းလေးပါ။Horror ကားကောင်းကောင်းတောင့်တနေသူတွေအတွက် အရမ်းကြီးကောင်းတယ်လို့ပြောမရပေမယ့် ...
movie
Slender Man (2018)
2018
6.5
Between Worlds (2018)
မင်းသားကြီး Nicolas Cage ရဲ့ Action, Mystery, Thriller ဇာတ်ကားသစ်လေးပါ။သေပြီးသူတွေကို ပြန်အသက်သွင်းနိုင်တဲ့ အစွမ်းဆိုတာမျိုးကို ရှိသင့်တယ်ထင်ပါသလား။ရှိရင်လည်း အဲဒါက ကောင်းမလား ဆိုးမလား။ အလုပ်ရောဖြစ်ပါမလား။ဒီဇာတ်ကားထဲမှာတော့ အဓိကဇာတ်ဆောင် Julie က သူကိုယ်တိုင် သေလုမြောပါးဖြစ်နေတဲ့အချိန်မှာ တခြားတစ်ဖက်ကိုကူးသွားပြီးတော့ ဝိညာဉ်တွေကို ပြန်ခေါ်နိုင်စွမ်းရှိပါတယ်။သူ့ရဲ့သမီးဖြစ်သူ Billie တစ်ယောက် ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး ဝိညာဉ်ထွက်သွားတော့မယ့်အချိန်မှာ မိသားစုမရှိ ဦးတည်ချက်မရှိ ဘဝသေနေတဲ့ Truck ကားမောင်းသမား Joe ရဲ့အကူအညီကိုယူပြီးတော့ ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့ရဲ့သမီးက သူ့နဲ့စိမ်းနေသလိုဖြစ်ပြီးတော့ အခုမှမြင်ဖူးတဲ့ Joe ကိုတော့ ရင်းနှီးနေသလိုဖြစ်နေတာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်လိုက်ကြပါတော့။ကြမ်းခန်းရမ်းခန်းတွေပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့တော့ အဆင်မပြေနိုင်ပါဘူး။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (700 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 34min Format : ...
movie
Between Worlds (2018)
2018
6.8
The Firm (1993)
The Firm (1993) IMDB - 6.8/10_____Rotten Tomatoes - 75% Tom Curise ဆိုရင် အတော်များများလည်း သိပြီး ကြိုက်ပြီး ဖြစ်ကြမှာပါ။ ၁၉နှစ်မှာ သရုပ်ဆောင်စလုပ်ခဲ့ပြီး လက်ရှိအသက်၅၆ထိ နာမည်ရနေဆဲ မင်းသားတစ်လက်လည်း ဟုတ်ပါတယ်။ဒီ ရုပ်ရှင်ရဲ့ စိတ်ဝင်စားစရာ ဇာတ်အိမ်ကျောရိုးမှာ Memphis မြို့က Bendini, Lambert & Lock ဆိုတဲ့ လူအနည်းအကျဉ်းသာ ပါပေမဲ့ သတင်းကြီးတဲ့ ရှေ့နေ အဖွဲ့လေးတစ်ခုရှိပါတယ်။ဒီ ရှေ့နေ အဖွဲ့ဟာ တရားဥပဒေဘက်သား အဖွဲ့မဟုတ်ပဲ Mafiaဂိုဏ်းက ငွေမဲတွေကို ခဝါချပေးတဲ့ရှေ့နေ အဖွဲ့တစ်ခုပါ။ဒီရှေ့နေအဖွဲ့မှာ Mitch MacDeere ဆိုတဲ့ ဆင်းရဲတဲ့ အသိုင်းအဝိုင်းနဲ့ရှေ့နေဖြစ်ဖို့ အလားအလာအရမ်းကောင်းနေတဲ့ ဟားဗက်ရှေ့နေ့ ကျောင်းသားတစ်ယောက်ဟာပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ သူ့ မိန်းမကဒီကိစ္စဟာ အစစ်အမှန်ဖြစ်ဖို့အတွက် ကောင်းလွန်းနေတယ် ပြောပေမဲ့ သူ နားမထောင်ခဲ့ပါဘူး။ရက်သတ္တပတ်အတော်ကြာ အလုပ်လုပ်ပေးပြီးတဲ့အခါMitch ဟာ သူအလုပ်လုပ်ပေးနေရတဲ့ ရှေ့နေအဖွဲ့ဟာ မှုခင်းဘုရင် Joey Moroltoနဲ့ ...
movie
The Firm (1993)
1993
6.6
Apostle (2018)
horror fantasy mystery ကား IMDB rating 6.6 ရထားတဲ့ဇာတ်ကားလေးပါဇာတ်လမ်းအကျဉ်းကတော့ ကျွန်းတစ်ကျွန်းပေါ်ကိုပြန်ပေးဆွဲခံရတဲ့ညီမတစ်ယောက်ကိုပြန်လိုက်ခေါ်တာ အဲ့ကျွန်းကိုဘုရင်ကိုသစ္စာဖောက်လို့ထွက်ပြေးတဲ့ မယ်ကွန် ဖရန့်ခ် ကွင်ရယ် ကသူတို့နေထိုင်တဲ့လိုရတဲ့ရွာအဖြစ်တည်ဆောက်ထားပြီးလူတွေကိုလက်ခံတယ် ကျွန်းကစိုက်ပျိုးရေးလုပ်ငန်းကိုထိန်းချုပ်ထားတဲ့ ကျွန်ရဲ့အရှင်သခင်မကြီးရှိတယ်မှော်လိုလိုဘာလိုလိုနဲ့ သူ့လိုအပ်တဲ့သွေးတွေမရရင်သီးနှံတွေကိမြေသြဇာကတစ်ဆင့်အဆိပ်ခပ်တယ်အစားအသောက်တွေလိုသလောက်မရတဲ့အချိန်မှာ သူဌေးသမီးတစ်ယောက်ကိုပြန်ပေးဆွဲ့လိုက်တယ်အဲ့အချိနိမှာသူ့အစ်ကိုသောမတ်စ်ကသူ့ညီမကိုလိုက်ရှာတဲ့စွန့်စားခန်းအကြောင်းကိုရိုက်ပြထားတာပါသောမတ်စ်တစ်ယောက်သူ့ညီမကိုကယ်နိုင်မလား သူရောအသက်ရှင်လျက်လွတ်မလားဆိုတာတော့ ဆက်ကြည့်ပေးကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုတင်မျိုးလွင် ပါ) File Size : (950 MB) and (400 MB) Quality : NF WEB-DL 720p Running Time : 2h 10min Format : Mp4 Genre : Fantasy , Horror , Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p.NF.WEBRip.DD5.1.x264-CM Translated by Tin Myo Lwin Encoded by Thanhtike Zaw
movie
Apostle (2018)
2018
7.9
Searching (2018)
Searching ဆိုတဲ့ကားလေးက ၂၀၁၈ ခုနှစ်ထွက် Thriller, Mystery, Drama ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် သားအဖနှစ်ယောက်ရှိတယ်အမေဆုံးပြီးနောက်ပိုင်း အဖေတစ်ခုသမီးတစ်ခုတစ်နေ့မှာ သမီးဖြစ်သူပျောက်သွားတယ် အဲ့ဒါနဲ့ရဲကိုတိုင်ချက်ဖွင့် လိုက်ရှာတယ် အဲ့ဒါပါပဲ။ထူးခြားတာကတော့ တစ်ကားလုံး ကွန်ပြူတာစခရင်ပေါ်မှာပဲ ပြီးသွားပါတယ်။(ဇာတ်လမ်းကိုတော့ Spoilသလိုဖြစ်မှာဆိုးလို့လုံးဝမရေးထားခြင်းဖြစ်ပါသည်)ဒိုင်ယာလော့ခ်တွေအကုန်လုံးက Facebook YouCast စတဲ့ social mediaတွေက live လွှင့်တာတွေVideo call ခေါ်တာတွေ Chat message တွေပဲဖြစ်ပါတယ်။အဲ့လိုမျိုးကြီးရိုက်ထားလို့ ပျင်းစရာတော့လုံးဝမကောင်းပါဘူးတစ်ကားလုံး ဇာတ်လမ်းဇာတ်ကွက်အချိတ်အဆက်မိမိ တင်ဆက်ထားပါတယ်။ယနေ့ခေတ်ရဲ့ Social life ကိုလုံးဝပုံဖော်ရိုက်ကူးထားတဲ့ကားလေးပါ။အမှုအသွားအလာကလဲ စိတ်ဝင်စားဖို့ကောင်းသလိုသားသမီးနဲ့မိဘကြားက မထင်မှတ်တဲ့အမှားလေးတွေ နားလည်မှုလွဲမှုလေးတွေကိုလဲ လှစ်ဟပြထားပါသေးတယ်။လျို့ဝှက်ဆန်းကြယ်ဇာတ်ကားမျိုးကိုမှသဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်။အဲ့ဒါအပြင် တစ်ကားလုံး အင်တာနက်သုံးနေတာဖြစ်နေတဲ့အတွက် ဇာတ်ကားကြည့်ရင်းပညာပါရနိုင်ပါသေးတယ်ခင်ဗျ :Dမှတ်ချက်။ ။ ဒီဇာတ်ကားရဲ့ Engမူရင်းစာဖိုင်မှာ Chat messageနေရာတွေမှာ စာတန်းမပါလာတာကြောင့် ကိုယ့်ဘာသာကိုယ်အသစ်ထည့်ပေးထားပါတယ်။အဲ့ဒါကြောင့်အချို့နေရာတွေမှာ စာတန်းမြန်နေတာမျိုးရှိနေနိုင်ပါတယ်။ စာတန်းအတွက် အချိန်နည်းလွန်းနေတာမျိုးပါ။ သည်းခံဖတ်ပေးကြပါခင်ဗျ :D (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size ...
movie
Searching (2018)
2018
The House of Violent Desire (2018)
movie
The House of Violent Desire (2018)
First
66
67
68
69
70
Last
Previous
Next