Channel Myanmar
Mystery
Dark Encounter (2019) 4.9
Dark Encounter (2019) 11980ဝန်းကျင် ပန်ဆယ်ဗေးနီးယားပြည်နယ်တွင်းက နယ်ဘက်အိမ်လေးတအိမ်။မှန်ဘောင်သွင်းထားတဲ့မိသားစုဓာတ်ပုံလေး တပုံကအောက်ကိုကျပြီး မှန်လေးကကွဲနေတယ်။ပုံထဲမှာ မြင်ရတာကတော့ အဖေအမေရယ် ကောင်လေးတယောက်ကောင်မလေးတယောက် လေးယောက်ရှိတဲ့ မိသားစုလေး။လက်ဆေးကန်မှာလည်း ရေပိုက်ခေါင်း ပိတ်မထားလို့ ရေတွေ ဒလဟောကျနေတယ်။အိမ်တံခါးကလည်း ဟ ဟလေး ပွင့်နေတယ်။ကားတစီးအိမ်ရှေ့ရောက်လာပြီးအဖေနဲ့အမေ နှစ်ယောက်အိမ်ထဲကို စကားပြောရင်း ဝင်လာကြတယ်။အိမ်တံခါးပွင့်နေတော့ သူတို့သမီးဆီလာလည်မယ့်သူ ရှိလို့လားလို့ ထင်လိုက်ကြသေးတယ်။ဒါပေမယ့် ရေပိုက်ခေါင်းကလည်း ပွင့်နေပြီးသူတို့ သမီးကို ခေါ်တော့လည်း ပြန်ထူးသံမကြားခဲ့ရဘူး။အဲလိုနဲ့ပဲ သူတို့ရဲ့သမီးလေးဟာ ပျောက်ဆုံးသွားခဲ့ရတော့တယ်။ တနှစ်ကြာခဲ့ပြီ။ သူတို့သမီးလေးရဲ့ သတင်းအစအနတောင် မရခဲ့ဘူး။တနှစ်တိတိပြည့်တဲ့နေ့မှာပဲ တနှစ်ပြည့် အောက်မေ့ဖွယ်ပွဲလေး ကျင်းပခဲ့ကြတယ်။အဲဒီညမှာပဲ သမီးလေးအဖေက မီးရှူးမီးပန်းတွေဆော့နေတယ်ထင်တဲ့ကောင်လေးတချို့ကို သတိပေးဆုံးမဖို့ ထွက်မယ်လုပ်တော့သူ့သားရောဘေးလူတွေကရော စိတ်မချလို့ လိုက်သွားကြရင်းတောထဲမှာ ထူးဆန်းတဲ့မီးအလင်းရောင်တွေကို ...
movie
Dark Encounter (2019)
Vivarium (2020) 6.1
Vivarium (2020) Sci-fi / Thriller ကားကောင်းကြိုက်သူများအတွက် လတ်တလောထွက်ထားပြီးNow you see me တို့ Zombie Land တို့ထဲကမင်းသား Jesse Eisenberg ပါဝင်ထားတဲ့ကားလေး။လူငယ်စုံတွဲ တတွဲက အတူနေဖို့အိမ်လေး တအိမ်ကိုလိုက်ရှာနေခဲ့တယ်။အိမ်ရာစျေးနှုန်းတွေကလည်း သိတဲ့အတိုင်း တဖြည်းဖြည်းမြင့်တက်လာနေတယ်။အသိတယောက်ကလည်း အိမ်ရာကောင်းကောင်းတွေ့ရင်လက်မနှေးဖို့ ရတုန်းယူထားဖို့အကြံပေးသွားသေးတယ်။အဲနေ့ညနေမှာပဲ သူတို့စုံတွဲက အိမ်ရာတွေရောင်းတဲ့နေရာမှာအိမ်ခြံမြေအကျိုးဆောင်နဲ့ သွားတွေ့ ခဲ့ကြတယ်။အကျိုးဆောင်ပုံစံကတော့ တမျိုးကြီးပဲ။ထောင့်မကျိုးတာလည်း မဟုတ် ရိုင်းစိုင်းတာလည်းမဟုတ်တမျိုးကြီးဖြစ်နေပေမယ့် အပြောကောင်းတော့သူတို့အိမ်ရာကို ပုံထဲတင်မဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။အကျိုးဆောင်အပြောအရ နေရာကလည်းအဆင်ပြေမယ့်ဆင်ခြေဖုံးနေရာအိမ်ရာတွေကိုလည်း လူတွေကဝယ်ပြီး နေရာရွှေ့လာကြတော့မှာ။အိမ်ရှာနေတာလည်း ကြာနေပြီမလား။အဆင်ပြေရင်တော့ ဝယ်လိုက်ကြမယ်စိတ်ကူးနဲ့ပေါ့။အဲလိုနဲ့ သူတို့အိမ်ရာတွေဆီသွားခဲ့ကြတယ်။အိမ်တွေကတော့ ပုံစံတူတွေပဲ။အဲလိုနဲ့ သူတို့ကြည့်ရမယ့် အိမ် ...
movie
Vivarium (2020)
The Whistleblower(2019) 5.5
The Whistleblower(2019) The Whistleblower(2019)(unicode)မက်က သြစတေးလျအခြေစိုက် သတ္တုတူးဖော်တဲ့ကုမ္ပဏီတခုမှ အလုပ် လုပ်နေတဲ့ တရုတ်လူမျိုးတစ်ယောက်ပါ။ သူ့ရဲ့ကြိုးစားမှုကြောင့်ပဲ ကုမ္ပဏီမှာလည်းနေရာကောင်းရထားတဲ့ သူတယောက်ပါ။ မက်ရဲ့ကုမ္ပဏီက နည်းပညာအသစ်တခုကို အာဖရိကမှာသွားစမ်းသပ်ရင်း ဆိုးရွားတဲ့ သဘာဝဘေး ငလျင်ဒဏ်ခံကိုကြုံလိုက်ရတယ်.....။ ဒီငလျင်အတွက် ကယ်ဆယ်ရေးလုပ်ဖို့သွားတဲ့ မက်ရဲ့သူငယ်ချင်းက ပြန်ရောက်လာတဲ့ညမှာပဲ အသတ်ခံလိုက်ရပါတယ်။ဒီလူသတ်ခံရမှုဟာ ဘာကြောင့်လဲ.... ငလျင်ဒဏ်ဟာ သဘာ၀ဘေးမဟုတ်ဘဲ နည်းပညာကြောင့်လား..... မက်ရဲ့သူငယ်ချင်းကလည်း မသေခင်မှာ ကယ်ဆယ်ရေးလုပ်နေတုန်းမှာ တွေ့ခဲ့တာတွေကို ဘယ်သူ့ကိုဝေမျှခဲ့လဲ.... အကြိုးအမြတ်ကိုပဲကြည့်ပြီး လူတွေရဲ့ ဆိုးကျိုးကိုမကြည့်တဲ့ ကိုယ်ကြိုးသမားတွေရဲ့ရန်ကနေ ဘယ်လို မက်တို့ရင်ဆိုင်ရမလဲ...ခံစားကြည့်ကြပါဉီး....၁၃၄ မိနစ် ကြာတဲ့ ဒီကားဟာ မာလဝီ၊ တရုတ်နဲ့ သြစ​တြေးလျ တို့မှာ အဓိက ဇာတ်အိမ်တည်ထားပြီး dramaနဲ့ actionကို အချိုးညီညီ​ပေါင်းစပ်ထားတဲ့ ဇာတ်ကား​ကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း အစ အလယ် အဆုံး အလှည့်အ​ပြောင်းများစွာနဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ​အောင် ဆွဲ​ခေါ်သွားမယ့် ဇာတ်လမ်း​ကောင်း​လေးမို့ပါ။ မင်းသမီး Wei Tang ကိုကြည့်ရတာနဲ့တင်တန်ပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ K ပဲဖြစ်ပါတယ်....(zawgyi)မက္က ...
movie
The Whistleblower(2019)
Lost Girls(2020) 6.5
movie
Lost Girls(2020)
The Invisible Man (2020) 7.5
The Invisible Man (2020) The Invisible Man (2020)===================IMDb Rating 7.5/10 ထိရရှိထားပါတယ် . . .#UnicodeFebruary လကုန်ခါနီးမှာ ရုံတင်သွားတဲ့ ပရိတ်သတ်တွေစောင့်မျှော်နေတဲ့ The Invisible Man ကတော့ အကြည်ထွက်ရှိလို့လာပါပြီ။ ဒီကားကလည်း ပရိတ်သတ်အကြိုက်ဖြစ်စေခဲ့တဲ့ နောက်ထပ် ဟော်ရာ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။ ဇာတ်ကားကနာမည်အတိုင်းပါပဲ ကိုယ်ပျောက်နိုင်တဲ့လူတစ်ယောက်အကြောင်းပါ။ ဇာတ်လမ်းအစမှာ ဆယ်စီလီရယ် ဆိုတဲ့ မိန်းကလေးဟာသူ့ကို အရာရာချုပ်ကိုင်ထားချင်တဲ့ ရည်းစားဖြစ်သူ အေဒရီယန်ကို အတင်းစွန့်ခွာထားခဲ့ပါတယ်။ အေဒရီယန်ဟာ အမြင်အာရုံပိုင်းကင်မရာပိုင်းမှာ ကမ္ဘာ့အတော်ဆုံးလို့ပြောလို့ရတဲ့ သိပ္ပံပညာရှင်ပါ။ အေဒရီယန်ဟာ အစွဲအလန်းကြီးပြီး ခေါင်းမာလွန်းတဲ့သူ ဖြစ်တာမို့ ဆယ်စီလီရယ်ကို အလွတ်မပေးခဲ့ပါဘူး။ ဒါပေမယ့် အေဒရီယန် သေဆုံးသွားခဲ့ပြီးနောက်မှာတော့ ဆယ်စီလီရယ်တစ်ယောက်ဘဝသစ်ကို စိတ်ရှင်းရှင်းနဲ့စနိုင်လာခဲ့ပါပြီး။ ဒါပေမယ့် အေဒရီယန်ဟာ တကယ်သေတာမဟုတ်သလို ဆယ်စီလီရယ်ကို ဒုက္ခမျိုးစုံပေးပြီး သူ့ဆီကိုပြန်ရောက်လာဖို့ ကြောက်စရာကောင်းတဲ့ လုပ်ရပ်တွေလုပ်လာတဲ့အခါမှာတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ် . . ...
movie
The Invisible Man (2020)
2020
Brahms: The Boy II (2020) 4.3
movie
Brahms: The Boy II (2020)
2020
The Postcard Killings(2020) 5.7
The Postcard Killings(2020) The Postcard Killings(2020)(unicode)ရဲသက်တမ်းအနှစ်သုံးဆယ်ရှိတဲ့ ဂျေကော့ရဲ့သမီးဟာ ဥရောပတစ်ခွင် ဟန်နီးမွန်းထွက်ရင်းအသတ်ခံလိုက်ရပါတယ် ...အသတ်ခံလိုက်ရတဲ့ပုံစံဟာ သာမန်လူသတ်မှုတွေနဲ့ကွဲပြားပြီး ပြတိုက်တွေထဲက အနုပညာပန်းချီကားတွေ ကျောက်စစ်ရုပ်ထုတွေ ပုံစံအတိုင်းဖြစ်နေတာပါ ...ဒီလိုအမှုကို အရင်ကစပိန်နိုင်ငံမက်ထရစ်မြို့မှာက လက်ထပ်ပြီးခါက စုံတွဲလည်းဖြစ်ခဲ့ဖူးပါတယ်... ရဲမှတ်တမ်းတွေအရ ပုံစံတူတဲ့အတွက် ကွင်းဆက်လူသတ်သမားအဖြစ်သတ်မှတ်လိုက်ပါတယ်... တစ်ဦးတည်းသောသမီး ဒီလိုမတရားသေဆုံးမှုဟာ သူ့အတွက်တော့ ဖြေမဆည်နိုင်အောင်ပဲ... အဲ့ဒါကြောင့်အမှုမှန်ပေါ်ဖို့အတွက် အခင်းဖြစ်ပွားခဲ့တဲ့ လန်ဒန်ကရဲတွေနဲ့ပူးပေါင်းလုပ်ဆောင် လူသတ်သမားကိုဖမ်းဖို့ကြိုစားပါတော့တယ် ....သူတကယ်ပဲဖမ်းဆီးဖို့ကြိုးစားရာမှာအောင်မြင်ပါ့မလား.... ဖမ်းဆီးဖို့ကြိုးစားစဉ်မှာလည်း အလားတူ လူသတ်မှုမျိုးတွေ ဆက်လက်ဖြစ်ပေါ်နေဉီးမှာလား....ဒီလောက်နှစ်ကြာနေတာတောင် ဘာဖြစ်လို့ လူသတ်သမားကို မဖမ်းနိုင်ကြတာလဲ....လူသတ်သမားကရော ဘယ်လိုရည်ရွယ်ချက်တွေကြောင့် ဒါမျိုးတွေလိုက်သတ်ရတာလဲ...ခံစားကြည့်ကြပါဉီး...Crime,Mystery ကားကြိုက်သူတို့အတွက် လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပါ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်...(zawgyi)ရဲသက်တမ်းအနှစ်သုံးဆယ်ရှိတဲ့ ဂျေကော့ရဲ့သမီးဟာ ဥရောပတစ်ခွင် ဟန်နီးမွန်းထွက်ရင်းအသတ်ခံလိုက်ရပါတယ် ...အသတ်ခံလိုက်ရတဲ့ပုံစံဟာ သာမန်လူသတ်မှုတွေနဲ့ကွဲပြားပြီး ပြတိုက်တွေထဲက အနုပညာပန်းချီကားတွေ ကျောက်စစ်ရုပ်ထုတွေ ပုံစံအတိုင်းဖြစ်နေတာပါ ...ဒီလိုအမှုကို အရင်ကစပိန်နိုင်ငံမက်ထရစ်မြို့မှာက လက်ထပ်ပြီးခါက စုံတွဲလည်းဖြစ်ခဲ့ဖူးပါတယ်... ရဲမှတ်တမ်းတွေအရ ပုံစံတူတဲ့အတွက် ကွင်းဆက်လူသတ်သမားအဖြစ်သတ်မှတ်လိုက်ပါတယ်... တစ်ဦးတည်းသောသမီး ဒီလိုမတရားသေဆုံးမှုဟာ သူ့အတွက်တော့ ဖြေမဆည်နိုင်အောင်ပဲ... အဲ့ဒါကြောင့်အမှုမှန်ပေါ်ဖို့အတွက် အခင်းဖြစ်ပွားခဲ့တဲ့ ...
movie
The Dark Red(2018) 5.0
The Dark Red(2018) The Dark Red(2018)(unicode)စိတ်ကျန်းမာရေးဆေးရုံကြီးသို့ အမျိုးသမီးလူနာတစ်ယောက်ရောက်ရှိလာသည်။ လူနာဖြစ်သူက သူ့ကလေးကို သူ့ထံမှ လူတစ်စု အတင်းယူသွားကြောင်း ကလေးကို ပြန်ယူရမည် ဖြစ်ကြောင်း တွင်တွင်ပြောနေသည်။ ဆရာဝန်များ စမ်းသပ်စစ်ဆေးကြည့်သောအခါ အမျိုးသမီးလူနာမှာ မကြာမီ က ကလေးအသေမွေးထားသောကြောင့် ကယောင်ခြောက်ခြားဖြင့် ပြောဆိုနေသော စိတ်ကစဉ့်ကလျား ဝေဒနာရှင် သာဖြစ်ကြောင်း အခိုင်အမာကောက်ချက်ချကြသည်။ လူနာရဲ့ ခိုင်လုံသော ပြောဆိုချက် များကြောင့် ဆရာဝန်များအားလုံးက လက်မြှောက်ကာ စိတ်ပညာကုထုံးပညာရှင် ဒေါက်တာဂျက်ကီ ဒီလုပ်စ်ကို အကူအညီတောင်းကာ အဖြေထုတ်ခိုင်းလိုက်သည်။ လူနာဖြစ်သူနှင့် တွေ့ဆုံမေးမြန်းကြည့် ရင်း ဒေါက်တာဒီလုပ်စ်သည် အင်မတန်စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်ကို အစဆွဲထုတ်နိုင် လိုက်သောအခါ………။ ဆရာဝန်များရဲ့ ကောက်ချက်နှင့် အမျိုးသမီးလူနာ၏ တကယ့်အဖြစ်အပျက် မည်သူက မည်မျှထိ မှန်ကန်နိုင်ပါမည်နည်း? ။ ဘယ်သူတွေ ပါဝင်ပက်သက်ပါသနည်း?။ ဆိုက်ကို ဆန်ဆန်ဇာတ်လမ်းများကို ကြိုက်နှစ်သက်သူများ အကြိုက်တွေ့နိုင်သော ဇာတ်လမ်းမျိုး ဖြစ်ပါသည်။ ဇာတ်လမ်းအညွှန်းနဲ့ ...
movie
The Dark Red(2018)
Parallel World Love Story (2019) 5.7
Parallel World Love Story (2019) unicodeParallel World Love Storyက စာရေးဆရာ Keigo Higashino ရဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဒီဇာတ်ကားကို ဒါရိုက်တာ Yoshitaka Mori ကရိုက်ကူးထားတာပါ။Mayuko အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး Riho Yoshioka ဟာဒီဇာတ်ကားနဲ့ပဲ 2019 Newcomer of the Year Awardကိုရရှိခဲ့ပါတယ်။Parallel World Love Storyဆိုတဲ့ ခေါင်းစဉ်အတိုင်း"Parallel Universes" သဘောတရားကိုအခြေခံပြီး မျဉ်းပြိုင်ကမ္ဘာနှစ်ခုကြားက ချစ်ခြင်းမေတ္တာနဲ့ခင်မင်မှုတွေကို ပုံဖော်ထားပါတယ်။ Takashi နဲ့Tomohiko ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ မိန်းကလေး Mayuko တို့ရဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ပုဒ်ပါ။မိမိကောင်မလေး Mayuko က တခြားမျဉ်းပြိုင်ကမ္ဘာမှာ သူငယ်ချင်းTomohiko ရဲ့ ကောင်မလေးဖြစ်နေတဲ့အခါTakashi ရဲ့ စိတ်တွေရှုပ်ထွေးလာပါတော့တယ်။မတူညီတဲ့ ကမ္ဘာနှစ်ခုက မတူညီတဲ့ဘဝနှစ်ခုမှာဘယ်အရာက အစစ်အမှန်လဲဆိုတာကို Takashiတစ်ယောက်ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာက စိတ်ဝင်စားစရာပါ။တစ်မူထူးကဲတဲ့ စိတ်ကူးယဉ်ဆန်ဆန်ဇာတ်လမ်းတွေကိုမှ နှစ်သက်ကြရင်ဒီ Parallel World Love ...
movie
Parallel World Love Story (2019)
The Closet (2020) 5.7
movie
The Closet (2020)
Into the Ashes (2019) 6.2
movie
Into the Ashes (2019)
2019
The Grudge (2020) 4.1
The Grudge (2020) ရုံတင်ထားတဲ့ သရဲကားတစ်ခုကို တင်ပေးထားပါတယ်။Jump scare အများစုကို သုံးထားတာမို့အသည်းငယ်ရင်တော့ မကြည့်သင့်ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ခင်ပွန်းသေဆုံးသွားလို့သားတစ်ယောက်နဲ့ အိမ်ပြောင်းလာတဲ့ စုံထောက်မူဒွန်ဟာ ထူးဆန်းတဲ့ လူသေမှုတစ်ခုကို စုံစမ်းရင်းကြောက်စရာအိမ်ကြီးတစ်လုံးထဲက ရောက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ အဲဒီအိမ်ကြီးထဲမှာ အစဉ်အဆက်သေဆုံးခဲ့ကြတဲ့သူတွေအကြောင်းကိုသိလာပြီးမူဒွန်ဆီကိုပါဒီအန္တရာယ်တွေရောက်လာတဲ့အခါဒီကိစ္စတွေရဲ့ ဇစ်မြစ်ကိုရှာပြီး အန္တရာယ်တွေကိုကျော်လွှားဖို့ကြိုးစားရပါတော့တယ် File Size : (877 MB , 322 MB ) Quality : WEB-DL 720p Running Time : 1 hr 34 min Format : Mp4 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
The Grudge (2020)
Spenser Confidential (2020) 6.3
Spenser Confidential (2020) Confidential(2020) အားလုံးစောင့်မျှော်ခဲ့ကြတဲ့ မင်းသားMark Wahlberg ရဲ့ Spenser Confidential ရုပ်ရှင်ဖြစ်ပါတယ်။အမေရိကန် comedy-thriller ရုပ်ရှင်အမျိုးအစားပါ။ဒါရိုက်တာ Peter Berg ရိုက်ကူးထားပြီးNetflix Production က ထုတ်လုပ်ဖြန့်ချီထားပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် Mark Wahlberg ရဲ့ ပထမဦးဆုံး Netflixရုပ်ရှင်ကားပါ။အမေရိကန်ရက်ပ်ပါ Post Malone တစ်ယောက် ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ဒီဇာတ်လမ်းမှာ ဘော်စတွန်မြို့ရဲ့ရဲအရာရှိတစ်ယောက်ဖြစ်တဲ့Spenser ဟာ အကျင့်ပျက်ခြစားနေတဲ့ သူ့အထက်အရာရှိကိုကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ထောင်ထဲမှာ ငါးနှစ်နေခဲ့ရတယ်။Spenser က ထောင်ကထွက်လာပြီးတဲ့အချိန်မှာ ဘော်စတွန်မြို့ကနေထွက်သွားပြီးထရပ်ကားမောင်းသူအဖြစ် ဘဝအသစ်ပြန်စတော့မှာပါ။ဒါပေမယ့် သူ ထောင်ကထွက်လာပြီးတဲ့ နောက်နေ့မှာရာဇဝတ်မှုတစ်ခုရုတ်တရက်ပေါ်ပေါက်လာခဲ့တယ်။အဲ့ဒီရာဇဝတ်မှုရဲ့ ရှုပ်ထွေးပွေလီမှုကို တွေ့ရှိလိုက်ရတဲ့Spenser တစ်ယောက် အမှန်တရားကို ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ File ...
movie
Spenser Confidential (2020)
The Body (2019) 5.7
The Body (2019) (Unicode)ဒီတစ်ခါ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၉ ထွက် Crime, Mystery ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း နာမည်ကျော်တွေဖြစ်တဲ့ Emraan Hasmi နဲ့ Rishi Kapoor တို့ အပြိုင်သရုပ်ဆောင်ထားကြတာပါအထူးသဖြင့် မင်းသမီးရဲ့အက်တင်တွေကလည်း အတော်လေးကို ကောင်းလှပါတယ်ဇာတ်လမ်းလေးကတော့ စီပွားရေးလောကမှာ အောင်မြင်ပြီး သြဇာအာဏာကြီးမားတဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ နှလုံးရောဂါနဲ့ ဆုံးသွားခဲ့ပါတယ်အလောင်းခွဲစိတ်စစ်ဆေးဖို့ သူ့အလောင်းကို ရင်ခွဲရုံပို့ထားတဲ့အခါ ညဘက်ကျတော့ အလောင်းပျောက်သွားပါတယ်ညစောင့်ပြောတာတော့ အလောင်းပြန်ရှင်လာပြီး ထသွားတာတဲ့ဒါပေမဲ့ တာဝန်ကျရဲမှူးကြီးကတော့ သူ့ယောက်ျားဖြစ်သူ အဂျေးပူရီကိုပဲ သံသယဝင်နေပါတော့တယ်ထိုညမှာ ရဲမှူးကြီးနဲ့ အဂျေးပူရီတို့ မာယာဗာရ်မားရဲ့အလောင်းကို ရှာတွေ့ပါ့မလားဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်သွားမလဲဆိုတာကိုတော့ အားလုံးပဲ ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်လိုက်ကြပါအထူးမေတ္တာရပ်ခံလိုတာက ဒီဇာတ်ကားဟာ ၂၀၁၂ ခုနှစ်ထွက် The Body ကို Remake ပြန်ရိုက်ထားတဲ့ဇာတ်ကားဖြစ်သည့်အတွက်...
movie
The Body (2019)
2019
Horse Girl (2019) 5.9
Horse Girl (2019) ဆာရာဆိုတဲ့လူမှုဆက်ဆံရေးညံ့ပြီးတစ်ယောက်တည်းနေလေ့ရှိတဲ့သူမကအနုပညာနဲ့လက်မှုပစ္စည်းတွေကြိုက်ပြီးမြင်းစီးရတာနဲ့သဘာဝလွန်ဇာတ်ကားတွေကြည့်တာကို ဝါသနာပါလှသူပါ ။သူမရဲ့လက်တွေ့ဘဝ ကို ရောယှက်ရှုပ်ထွေးစေတာကတော့သူမရဲ့ ရှင်းလင်းပြတ်သားတဲ့ အိပ်မက်ဆိုးတွေကပဲဖြစ်ပါတယ် ။အိပ်မက်ဆိုးတွေကိုအိပ်မက်လို့မယူဆပဲထူးခြား ဆန်းကြယ် ဇာတ်ကားတွေအကြည့်လွန်နေတဲ့သူမကအိပ်မက်ထဲကအရာတွေက အိပ်မက်မဟုတ်ပဲအပြင်မှာ အမှန်တကယ်ရောက်ရှိနေတယ်လို့ယူဆတဲ့သူမ အတွေးအခေါ်က မှန်ကန်နေလားဒါမှမဟုတ် သူမ ကိုယ်တိုင်က ရူးကြောင်ကြောင်ဖြစ်နေတာလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပါ IMBD-5.9 ရရှိထားပြီးMystery,Drama ဇာတ်ကား အမျိုးအစားပဲဖြစ်ပါတယ်........ File Size : ( 975 MB , 310 MB ) Quality : WEB-DL 720p Running Time : 1 hr 43 min Format : Mp4 Genre : Drama , Mystery Subtitle : Myanmar Subtitle ...
movie
Horse Girl (2019)
Freaks(2018) 7.0
Freaks(2018) Freaks(2018)အၫႊန္း*******************IMDb...7.0(unicode)Freaks (2019) Abnormal သို့မဟုတ် Freak လို့ သတ်မှတ်ခံထားရတဲ့ ညာဖက်မျက်လုံးမှ သွေးများကျတတ်တဲ့ လူတစ်စုရှိတယ်.....ဒီလိုသာမန်မဟုတ်တဲ့ ပတ်ဝန်းကျင်မှာ ကလိုဝီ လို့ခေါ်တဲ့ ခုနှစ်နှစ်အရွယ်သမီးလေးကို သာမာန်ကလေးတွေကဲ့သို့ နေထိုင်တတ်အောင် သင်ကြားပေးနေသော ဟင်နရီကိုတွေ့ရမှာဖြစ်ပါတယ်... သူ့ဇနီး မယ်ရီကို သေဆုံးသွားလို့ သမီးလေးဘေးကင်းအောင် စောင့်ရှောက်ပေးရင်း ကလေးကို အိမ်ထဲမှာပဲ လုံခြုံအောင်ထားခဲ့ပါတယ်...သူဘယ်လိုပဲသင်သင် နေထိုင်အောင်ကြိုးစား ကြိုးစား သမီးလေး ကလိုဝီ မှာ ထူးခြားတဲ့စွမ်းအင်တစ်ခုပိုင်ဆိုင်ထားတယ်...ဒါကို ဖခင်ဖြစ်သူလည်းမသိရှာဘူး... ဒီအစွမ်းကြောင့်ပဲ သူ့အမေရဲ့ တကယ့်ဖြစ်ရပ်မှန်ကိုသိခဲ့ရတယ်..တခြားတစ်ဘက်မှာလည်း သူတို့မျိုးနွယ်စုတွေကို ADF အဖွဲ့ကမုဆိုးက သားကောင်လိုက်သလို လိုက်လံဖယ်ရှားနေခြင်းကိုခံနေရတယ်.....ကလိုဝီရဲ့ ထူးခြားတဲ့စွမ်းအင်တွေက ဘာတွေလဲ... သူ့အမေရဲ့အဖြစ်ကိုသိပြီးတဲ့နောက် ဘယ်လိုဆက်ဖြစ်ကြမလဲ...သုတ်သင်ရှင်းလင်းရေး အဖွဲ့တွေရန်ကရော လွတ်မြောက်ပါ့မလား....IMDb...7.0တောင်ရရှိထားတာမို့ ကားကောင်းတစ်ခုဖြစ်ပါကြောင်းညွှန်းဆိုပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Htoo Htoo Ka Joe ပဲဖြစ်ပါတယ်...(zawgyi)Abnormal သို့မဟုတ် Freak လို့ သတ်မှတ်ခံထားရတဲ့ ညာဖက်မျက်လုံးမှ သွေးများကျတတ်တဲ့ လူတစ်စုရှိတယ်.....ဒီလိုသာမန်မဟုတ်တဲ့ ပတ်ဝန်းကျင်မှာ ကလိုဝီ လို့ခေါ်တဲ့ ခုနှစ်နှစ်အရွယ်သမီးလေးကို သာမာန်ကလေးတွေကဲ့သို့ ...
movie
Freaks(2018)
Black Christmas (2019) 5.1
Black Christmas (2019) ခရစ္စမတ်ပိတ်ရက်မှာ ​ကျောင်းသား​တွေကိုယ်စီကမိသားစု​တွေနဲ့အချိန်ကုန်ဆုံးဖို့ပြန်သွားကြတာ​ကြောင့်ဟာ​သော်​ကောလိပ်ကြီးက တိတ်ဆိတ်ငြိမ်သက်​နေခဲ့တယ်ဒါ​ပေမယ့် ရိုင်​လေနဲ့ သူမရဲ့​ကောလိပ်ကညီအစ်မ​တွေအိမ်မပြန်ကြပဲအ​ဆောင်မှာ ခရစ္စမတ်ပိတ်ရက်ကိုကုန်ဆုံးခဲ့ကြတယ်ရိုင်​လေတို့အဖွဲ့က ​ခရစ္စမတ်ညမှာ တစ်​ယောက်နဲ့တစ်​ယောက်အဆင်မ​ပြေဖြစ်ခဲ့ပြီး ရန်ဖြစ်ကြရင်းမျက်နှာဖုံးစွပ်ထားတဲ့လူစိမ်း​တွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရတယ် ​သူမတို့အဖွဲ့က ဘာအတွက်​ကြောင့်တိုက်ခိုက်ခံရတာလဲ.....တခြားအ​ဆောင်မှာရှိ​နေကြတဲ့​ကောင်မ​လေး​တွေက​ရောသူတို့လိုပဲတိုက်ခိုက်ခံရတာလား.....ရိုင်​လေတို့အဖွဲ့မှာ ဘယ်သူ​တွေကအသက်ရှင်ပြီး လွတ်​မြောက်ခဲ့မလဲ.....အဲ့တိုက်ခိုက်မှု​တွေက ဘာအတွက်​ကြောင့်ဖြစ်လာရတာလဲဆို​​တော့..... File Size : ( 862 MB , 270 MB )Quality : WEB-DL 720p Running Time : 1 hr 32 min Format : Mp4 Genre : Horror , Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hsu Lei Encoded ...
movie
Black Christmas (2019)
Warning: Do Not Play (2019) 5.2
Warning: Do Not Play (2019) Warning:Do Not Play (2019)[Unicode]ဒီဇာတ်လမ်းရဲ့Main characterက ပတ်မီဂျောင်ဆိုတဲ့ဒါရိုက်တာပါ ၊ သူမကBestDirectorAwardတွေထားတဲ့ နာမည်ရှိဒါရိုက်တာတစ်ယောက်...စာချုပ်ချုပ်မယ့်အေဂျင်စီဘက်ကနေသရဲကားရိုက်ဖို့ အဆောတလျှင် ဇာတ်လမ်းတောင်းလာရာကနေအစပြုလို့ လဝက်အတွင်း သူမရဲ့သရဲကားအတွက် ကုန်ကြမ်းရှာဖို့ဖြစ်လာတဲ့အခါ...ဂျူနီယာတစ်ယောက်ဆီကနေ သရဲရိုက်တဲ့သရဲကားဆိုတဲ့ ထူးထူးခြားခြားရုပ်ရှင်အကြောင်း အဖြစ်အပျက်တစ်ခုကိုကြားခဲ့တယ် ၊လူတွေသေခဲ့တယ်ဆိုတဲ့အကြောင်းတွေရောကြားပြီးတဲ့နောက် အလုပ်အတွက်အရေးတကြီးလိုတာကြောင့်ရော သိချင်စိတ်ကြောင့်ရော အစဆွဲထုတ်မိတဲ့ ကြည့်ရှု့ခွင့်ပိတ်ထားတဲ့ အဲ့ရုပ်ရှင်ကနေ ဘယ်လိုထိတ်လန့်စရာတွေ တွေ့ကြုံလာရမလဲ...(အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ်)[Zawgyi]Warning:Do Not Play (2019)ဒီဇာတ်လမ်းရဲ့Main characterက ပတ်မီဂျောင်ဆိုတဲ့ဒါရိုက်တာပါ ၊ သူမကBestDirectorAwardတွေထားတဲ့ နာမည်ရှိဒါရိုက်တာတစ်ယောက်...စာချုပ်ချုပ်မယ့်အေဂျင်စီဘက်ကနေသရဲကားရိုက်ဖို့ အဆောတလျှင် ဇာတ်လမ်းတောင်းလာရာကနေအစပြုလို့ လဝက်အတွင်း သူမရဲ့သရဲကားအတွက် ကုန်ကြမ်းရှာဖို့ဖြစ်လာတဲ့အခါ...ဂျူနီယာတစ်ယောက်ဆီကနေ သရဲရိုက်တဲ့သရဲကားဆိုတဲ့ ထူးထူးခြားခြားရုပ်ရှင်အကြောင်း အဖြစ်အပျက်တစ်ခုကိုကြားခဲ့တယ် ၊လူတွေသေခဲ့တယ်ဆိုတဲ့အကြောင်းတွေရောကြားပြီးတဲ့နောက် အလုပ်အတွက်အရေးတကြီးလိုတာကြောင့်ရော သိချင်စိတ်ကြောင့်ရော အစဆွဲထုတ်မိတဲ့ ကြည့်ရှု့ခွင့်ပိတ်ထားတဲ့ အဲ့ရုပ်ရှင်ကနေ ဘယ်လိုထိတ်လန့်စရာတွေ တွေ့ကြုံလာရမလဲ...(အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ်) File size__( 780 MB) and ( 310 MB) Quality__Blu-720p IMDb Rating__5.2/10 Format__mp4 Duration__01:26:36 Type__ Horror, ...
movie
Detention (2019) 7.2
Detention (2019) [Unicode]Detention (2019)၂၀၁၉နှစ်ကုန်ပိုင်းလောက်ကထွက်ထားတဲ့ Psychological Horror film လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ၊ဇာတ်လမ်းလေးက၁၉၆၂ခုနှစ်အတွင်း ထိုင်ဝမ်စစ်အစိုးရလက်အောက်ကျရောက်တဲ့အချိန်...အစိုးရကိုပုန်ကန်ဖို့မပြောနဲ့ စကားတောင်လွတ်လွတ်လပ်လပ်မပြောရဲလောက်အောင် အုပ်စုဖွဲ့တာတွေတားမြစ် ၊စစ်အုပ်ချုပ်ရေးကိုဖီဆန်မယ့် သဘောသဘာဝတွေပါတဲ့စာအုပ်စာပေတွေ ၊ လူငယ်တွေကိုဆွဲဆောင်တဲ့စာအုပ်စာပေတွေ ဖတ်ခြင်းရေးခြင်းကိုလဲ သေဒဏ်ပေးတဲ့အထိကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့အချိန်....လွတ်လပ်ရေးမြတ်နိုးတဲ့ကျောင်းဆရာလေး ကျန်းမင်ဟွေက တိတ်တဆိတ်စာအုပ်အသင်းတစ်ခုဖွဲ့စည်းထားခဲ့တယ်...တစ်နေ့မှာ စာအုပ်အသင်းထဲကကျောင်းသားဝေကျုံးထင်နဲ့ စီနီယာအတန်းကကျောင်းသူဖန်ရေ့ရှင်းတို့ သူတို့ကျောင်းကြီးထဲပိတ်မိရာကသူတို့တွေ့ခဲ့ရတဲ့ထိတ်လန့်မှုတွေနဲ့ ပြောင်းလဲသွားတဲ့သူတို့ရဲ့ကံတရား....သူတို့တင်မဟုတ်ပဲစာအုပ်အသင်းတစ်ခုလုံးရဲ့ကံတရား...ဘယ်သူ့ကြောင့်စတင်ခဲ့ပြီး ...ဘယ်မှာအဆုံးသတ်မှာလဲ...Psychological Horrorဆိုတဲ့အတိုင်း သရဲတွေချည်းပြူးပြူးပြဲပြဲခြောက်တာမဟုတ်ပဲ ၊ဘာတွေလဲ ဘာတွေလဲဆိုတဲ့ ? မေးခွန်းပေါင်းများစွာနဲ့ ဇဝေဇဝါ အလန့်တကြားလေးကြည့်ရမယ့်ကားလေးမို့လို့ရသအသစ်တစ်ခုခံစားရစေဖို့မျှော်လင့်ရင်း တင်ဆက်ပေးလိုက်ပါတယ် ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ်) [Zawgyi]Detention (2019)၂၀၁၉နှစ်ကုန်ပိုင်းလောက်ကထွက်ထားတဲ့ Psychological Horror film လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ၊ဇာတ်လမ်းလေးက၁၉၆၂ခုနှစ်အတွင်း ထိုင်ဝမ်စစ်အစိုးရလက်အောက်ကျရောက်တဲ့အချိန်...အစိုးရကိုပုန်ကန်ဖို့မပြောနဲ့ စကားတောင်လွတ်လွတ်လပ်လပ်မပြောရဲလောက်အောင် အုပ်စုဖွဲ့တာတွေတားမြစ် ၊စစ်အုပ်ချုပ်ရေးကိုဖီဆန်မယ့် သဘောသဘာဝတွေပါတဲ့စာအုပ်စာပေတွေ ၊ လူငယ်တွေကိုဆွဲဆောင်တဲ့စာအုပ်စာပေတွေ ဖတ်ခြင်းရေးခြင်းကိုလဲ သေဒဏ်ပေးတဲ့အထိကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့အချိန်....လွတ်လပ်ရေးမြတ်နိုးတဲ့ကျောင်းဆရာလေး ကျန်းမင်ဟွေက တိတ်တဆိတ်စာအုပ်အသင်းတစ်ခုဖွဲ့စည်းထားခဲ့တယ်...တစ်နေ့မှာ စာအုပ်အသင်းထဲကကျောင်းသားဝေကျုံးထင်နဲ့ စီနီယာအတန်းကကျောင်းသူဖန်ရေ့ရှင်းတို့ သူတို့ကျောင်းကြီးထဲပိတ်မိရာကသူတို့တွေ့ခဲ့ရတဲ့ထိတ်လန့်မှုတွေနဲ့ ပြောင်းလဲသွားတဲ့သူတို့ရဲ့ကံတရား....သူတို့တင်မဟုတ်ပဲစာအုပ်အသင်းတစ်ခုလုံးရဲ့ကံတရား...ဘယ်သူ့ကြောင့်စတင်ခဲ့ပြီး ...
movie
Detention (2019)
Intrigo: Death of an Author (2020) 5.6
Intrigo: Death of an Author (2020) Intrigo: Death of an Author (2020)=========================#Unicodeဒီဇာတ်လမ်းအစပျိုးထားပုံက ဘာသာပြန်စာရေးဆရာတစ်ဦးဖြစ်တဲ့ ဟင်နရီက ဝေးလံခေါင်ဖျားဒေသကအဲလက်စ်ဆီကိုရောက်လာပြီး  သူရေးထားတဲ့ စာအုပ်အကြောင်းကိုပြောပြတာကနေ အစချီထားတယ်၊သူပြောပြတဲ့ ဇာတ်လမ်းအကြောင်းအရာတွေဟာ သူကိုယ်တိုင်ရဲ့အကြောင်းတွေလား ဆိုတာ အဲလက်စ်ကသုံးသပ်နေရင်း နားထောင်နေရင်း . ဇာတ်လမ်းလှည့်ကွက်တွေဟာ မြင့်တတ်လာသထက် မြင့်တတ်လာပါတယ်၊ဇာတ်လမ်းရဲ့နောက်ဆုံးအဆုံးသတ်ကတော့ ကြည့်ရှုသူရဲ့ရင်ထဲကိုထိစေမယ်လို့တော့ မျှော်လင့်မိပါသေးတယ်။ #Zawgyiဒီဇာတ်လမ်းအစပျိုးထားပုံက ဘာသာပြန်စာရေးဆရာတစ်ဦးဖြစ်တဲ့ ဟင်နရီက ဝေးလံခေါင်ဖျားဒေသကအဲလက်စ်ဆီကိုရောက်လာပြီး သူရေးထားတဲ့ စာအုပ်အကြောင်းကိုပြောပြတာကနေ အစချီထားတယ်၊သူပြောပြတဲ့ ဇာတ်လမ်းအကြောင်းအရာတွေဟာ သူကိုယ်တိုင်ရဲ့အကြောင်းတွေလား ဆိုတာ အဲလက်စ်ကသုံးသပ်နေရင်း နားထောင်နေရင်း . ဇာတ်လမ်းလှည့်ကွက်တွေဟာ မြင့်တတ်လာသထက် မြင့်တတ်လာပါတယ်၊ဇာတ်လမ်းရဲ့နောက်ဆုံးအဆုံးသတ်ကတော့ ကြည့်ရှုသူရဲ့ရင်ထဲကိုထိစေမယ်လို့တော့ မျှော်လင့်မိပါသေးတယ်။(ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ Z Naing Z Nianh ပဲဖြစ်ပါတယ်။) Quality – 720p  WEB-RIPDuration – 1 hrs 46 minsSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie
Intrigo: Death of an Author (2020)
2020