Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mystery
5.8
The Bridge Curse ( 2020 )
နောက်ဆုံးထွက် netflix Horror ဇာတ်ကားလေးပါပဲစိတ်ခြောက်ခြားဖွယ်သရဲကားကောင်းကြိုက်သူတွေအတွက်2020 augustလမှာထွက်ထားတဲ့ ထိုင်ဝမ်သရဲကားကောင်းလေးတစ်ကားဖြစ်ပါတယ်စတင်ထုတ်လွှင့်ချိန်ကနေ ခုချိန်ထိ Box office worldwideမှာ $347513ဝင်ငွေရရှိထားပါတယ်CGI effectတွေမပါပဲ ပြင်ပမှာတစ်ကယ်သရဲခြောက်ခံနေရသလိုရိုက်ကူးထားလို့စိတ်ခြောက်ခြားဖွယ်ကောင်းလှပါတယ် ဇာတ်လမ်းအကျဉ်းကတော့တက္ကသိုလ်ကျောင်းသားကျောင်းသူအုပ်စုတစ်ခုဟာ သတ္တိရှိမရှိစမ်းသပ်တဲ့ပွဲမှာပါဝင်တဲ့အဖွဲ့ဝင်များအောင်ကြော်ငြာဖို့ ည၁၂နာရီထိုးရင်သရဲခြောက်တယ်လို့နာမည်ကြီးလှတဲ့ သရဲမတံတားရဲ့လှေကားထစ်ကိုလျှောက်ပြရင်းlive လွှင့်ကြေငြာဖို့ ပြင်ဆင်ကြတဲ့အခါ...ဘယ်လိုတုန်လှုပ်ခြောက်ခြားဖွယ်တွေကစောင့်ကြိုနေမှာလဲ...သရဲမရဲ့ကျိန်စာကနေလွတ်မြောက်နိုင်ပါ့မလား...ထင်မထားတဲ့လှည့်ကွက်တွေပါတဲ့ စိတ်ခြောက်ခြားဖွယ် Horror ကားကောင်းတကားပါ Translated By Phyo ZawEncoded By LK
movie
The Bridge Curse ( 2020 )
7.3
Kaili Blues (2015)
Kaili Blues (2015)==============IMDb Rating - 7.3/10#Unicodeခိုင်လိမြို့၏ ပြာရီမှုန်ဝေခြင်းများမြို့ကြီးပေါ်ပဲမွေးမွေး မြို့လေးပေါ်ပဲမွေးမွေး ဇနပုဒ်ကလေးမှာပဲမွေးမွေး အချိန်တစ်ခုရောက်လာရင်တော့ . . .ပြန်မရတော့တဲ့ အသက်အရွယ်က ပြန်မရတော့တဲ့ အမှတ်တရတွေရှိနေတဲ့ ကိုယ့်မြို့ကလေးကို ချစ်တဲ့စိတ်ကအားလုံးရဲ့ ရင်မှာအမြစ်တွယ်နေကြမှာပါပဲ။အဆောက်အဦးအဟောင်းတွေဖြို အသစ်တွေဆောက်ကြလို့ပုံသဏ္ဍာန်တွေသာပြောင်းသွားကြပေမယ့် ကျွန်တော်တို့ရဲ့မြို့တွေမှာ ကျွန်တော်တို့ မမှတ်မိနိုင်စရာ အမှတ်တရဆိုတာမရှိပါဘူး။ အမှတ်တရဆိုတာ ရုပ်၀တ္တုတွေပေါ်မှာမှ မတည်ခဲ့ပဲကို။ ခိုင်လိမြို့ရဲ့ပြာရီမှုန်ဝေခြင်းများဟာ ကျွန်တော်တို့မြို့တွေအကြောင်းတော့မဟုတ်ဘူး။ ပိုင်ကန်ရဲ့ ဇာတိမြေ ခိုင်လိမြို့ကလေးအကြောင်း။ အပြင်လောကမှာတော့ခိုင်လိဟာ သူ့ဒေသရဲ့ မြို့တော်ကြီးပဲ ဒါပေမယ့် ပိုင်ကန်ရဲ့ရင်ထဲမှာတော့ သူချစ်တဲ့မြို့ကလေး သက်သက်။ သူ့မြို့ကလေးပေါ် သူချစ်တဲ့အချစ်ဟာ ကျွန်တော်တို့မြို့ကလေးကို ကျွန်တော်တို့ချစ်တဲ့အချစ်နဲ့တူတာမို့ ကျွန်တော်တို့နားလည်နိုင်ခဲ့တယ်။ ဒီရုပ်ရှင်မှာ ဒီမြို့ကလေးမှာ ရှိနေတဲ့လှပတဲ့အရာတွေကို အခမ်းနားဆုံးပြသွားတာဆိုလို့ အိမ်တွေဘေးကရေတံခွန်လေးကလေးပဲရှိမယ်။ အလှတရားဟာ အသွင်သဏ္ဍာန်၌ မတည်ပြီကိုး။ ခိုင်လိမြိုရဲ့ ပြာရီမှုန်ဝေခြင်းများထဲ စီးမျောကြည့်ရင် ပုံရိပ်တွေ၊ ကဗျာတွေ၊ဘ၀တွေဟာ ဝေဝေဝါးဝါးပဲ စီးမျောလာကြတယ်။လူနှစ်ယောက်ပြောတဲ့ စကားတွေကြားမှာ အစကတော့ ...
movie
Kaili Blues (2015)
2015
5.2
She Dies Tomorrow 2020
ဒီကားလေးက rating 5.2ရထားပါတယ် ဒီကားလေးမှာဆိုရင်တော့ Amy ကသူမနက်ဖြန်ဆိုရင်သေတော့မှာလို့ ထင်နေပါတယ် အဲ့လိုထင်နေတာကလည်း သူရဲ့အသိတွေကစနေတာ ဒါမှမဟုတ် စိတ်ရောဂါလို့ပဲထင်နေကြပါတယ် ဒါပေမယ့် အဲ့လိုထင်နေတဲ့စိတ်က သူနဲ့အနီးနားမှာရှိတဲ့လူတွေဆီကူးစက်သွားတဲ့အခါမှာတော့ ဘာဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားလေးdownပြီးကြည့်ကြည့်ပါနော် File Size : 600 Mb / 300 Mb Quality :WEB-DL 720p Format…mp4 Duration…01:25:00 Genre : Comedy, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Thiha Naing Htoo Encoded by Littleneo
movie
She Dies Tomorrow 2020
7.7
Raat Akeli Hai(2020)
Raat Akeli Hai(2020)အညွှန်း***************************** IMDB Rating 7.7 ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မစ္စတာဂျီတေးလ်ယာဒဗ်ဟာလူသတ်မှုတစ်ခုကိုစုံစမ်းဖို့တာဝန်ပေးခြင်းခံရပါတယ်။ သေဆုံးသူကအဖိုးကြီးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဒုတိယမြောက်လက်ထပ်ပွဲအပြီး ည၁၀ နာရီ နဲ့ ၁၂နာရီကြားမှာအသတ်ခံရတာဖြစ်ပါတယ်။ သေဆုံးသူရဂူဘီးရ်ဆင်းဆီမှာသေနတ်တစ်လက်ရှိပြီးသူပိုင်တဲ့သေနတ်နဲ့ပဲအသတ်ခံခဲ့ရတာဖြစ်ပါတယ်။ ညလူခြေတိတ်ချိန်မှာအသတ်ခံရတာဖြစ်ပေမယ့် သေနတ်ပစ်သံကိုဘယ်သူမှမကြားကြပါဘူး။ ဘယ်သူက ဘယ်အချိန်ဘယ်လိုသတ်လိုက်တာလဲ...ဘာကြောင့်သတ်လိုက်တာလဲ.... စုံစမ်းစစ်ဆေးရေးအရာရှိ ဂျီတေးလ်ယာဒဗ်ကဘယ်လိုစုံစမ်းဖော်ထုတ်မှာလဲ... .. ဒီအမှုမှာလူဘယ်နှဦးပါဝင်ပတ်သက်နေကြတာလဲ.. ... Cirme Drama ကားကြိုက်သူတွေအတွက်လက်မလွှတ်သင့်ပါကြောင်း.... . ဘာသာပြန်သူကတော့ Thaik San ဖြစ်ပါတယ်... File Size : (980 MB) and (380 MB)Quality : WEB-DL 720pFormat…mp4Duration…02:29:00Genre : Crime , Drama, MysterySubtitle : Myanmar Subtitle (Hard Sub)Translated by Thaik SanEncoded by Phyo Pyae
movie
Raat Akeli Hai(2020)
7.5
Following (1998)
[Unicode]Following (1998)IMDB .========== 7.5/10 Rotten Tomatoes = 81%" ခင်ဗျား ကားပေါ်မှာ တခြားလူတွေစကားပြောနေတာကို နားထောင်ဖူးလား။ ဒါမှမဟုတ်ဗျာ မြေအောက်ရထားလမ်းမှာ တွေ့တဲ့လူတွေကိုဖြစ်ဖြစ် လမ်းပေါ်ကတစ်ယောက်ယောက်ကိုပဲဖြစ်ဖြစ် စိတ်ဝင်စားစရာကောင်းတဲ့ပုံစံ နည်းနည်းလေး ထူးဆန်းတဲ့ပုံစံရှိတဲ့လူကိုဖြစ်ဖြစ် ဒီလိုတစ်ခုခုကိုပေါ့ သူတို့ဘဝက ဘယ်လိုရှင်သန်နေလဲ သူတို့ ဘာလုပ်သလဲ သူတို့ ဘယ်ကလာလဲ သူတို့ဘယ်ကိုသွားမလဲဆိုတာ ခင်ဗျား သိချင်စိတ်မဖြစ်ဖူးဘူးလား။ လူတစ်ယောက်ယောက်ရဲ့ ပြုမူကျင့်ကြံပုံကို ခင်ဗျား သတိထားကြည့်မယ်ဆိုရင် စောင့်ကြည့်နေရင်း မေးခွန်းတွေ ထောင်ပေါင်းများစွာ ထွက်လာမယ်။ ကျုပ်က အဲ့ဒီမေးခွန်းတွေကို မေးချင်ခဲ့တာ။ အဖြေတွေက ဘာတွေလဲဆိုတာ သိချင်ခဲ့တာ။ ဒီတော့ ကျုပ် လူတွေကို နောက်ယောင်ခံလိုက်ပြီး သိရအောင်လုပ်ခဲ့တယ်။"ဒါတွေက ကျွန်တော့် အညွှန်းမဟုတ်ပါဘူး။ Followingထဲက စကားတွေပါပဲ။။ Followingဟာ ခင်ဗျား ဘာတစ်ခုမှမသိဘဲ ကြည့်သွားရင် ပိုအရသာရှိမယ့် ရုပ်ရှင်ပါပဲ။ ခံစားမှုကို။လမ်းကြောင်းပေးစရာမလိုပါဘူး။ ဇာတ်လမ်းအကျဉ်းလည်း။ရေးစရာမလိုပါဘူး။ ရေးလည်းမရေးတတ်ပါဘူး။ဒီရုပ်ရှင်ကို ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ပြီး ကိုယ်တိုင် Cinematographyပိုင်းပါလုပ်ခဲ့တဲ့ သူက ခရစ္စတိုဖာနိုလန်ပါ။ဒီဘက်ခေတ် ဟောလိဝုဒ် ရုပ်ရှင်လောကမှာ ရုပ်ရှင်အရေအတွက်နည်းနည်းနဲ့ မှော်ဝင်အောင်ရိုက်တဲ့လူတွေကို လက်ချိုးရေလို့ရပါတယ်။ အဲ့ဒီထဲက ...
movie
Following (1998)
7.0
Intruder (2020)
ဇနီးဖြစ်သူကိုဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းမှုနဲ့နေထိုင်နေရတဲ့ ဂန်ဆောဂျင်းဆိုတဲ့ နာမည်ကြီးဗိသုကာပညာရှင်တစ်ယောက် ငယ်ငယ်လေးတုန်းက ညီမဖြစ်သူယူဂျင်းပျောက်သွားခဲ့လို့ အဲဒီစိတ်ဒဏ်ရာကိုလည်း ခံစားနေရတယ် ၂၅နှစ်အကြာမှာတော့ ပျောက်ဆုံးသွားတဲ့ညီမဖြစ်သူက မိသားစုဆီကို ရုတ်တရက်ပြန်လည်ရောက်ရှိလာခဲ့တယ် ပြန်လည်ရောက်ရှိလာတဲ့ ညီမဖြစ်သူရဲ့ပုံမမှန်မှုတွေကို ဆောဂျင်းတစ်ယောက် မသိစိတ်ကနေ ခံစားနေရတဲ့အခါ... ပရိသတ်အချစ်တော် ဆုန်းဂျီဟိုရဲ့ မကြာသေးခင်ကမှပြသသွားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ ဆုန်းဂျီဟိုနဲ့ဂင်မူယောတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီတဲ့သရုပ်ဆောင်မှုကို ခံစားသိမြင်ရပါလိမ့်မယ် ပုံမှန်အေးဆေးတဲ့ဂျီဟိုတစ်ယောက် ဘယ်လိုပြောင်းလဲသရုပ်ဆောင်ထားလဲဆိုတာ ဒီဇာတ်ကားလေးမှာ မြင်တွေ့နိုင်ပါလိမ့်မယ် Mystery/Thriller အမျိုးအစားဇာတ်ကားလေးဖြစ်လို့ ရုံးပိတ်ရက်ညလေးနဲ့ လိုက်ဖက်မှာအမှန်ပါပဲ File Size - 1.4GB Quality - Web-Dl 1080p Subtitle - Burmese (Hardsub) Translator - Phu Nge Nge Thein Encoder - Thit San Khant
movie
Intruder (2020)
2020
6.4
Salt (2010)
Salt (2010)=========IMDb Rating - 6.4/10#Unicode2010 မှာ ထွက်ခဲ့တဲ့ Action, Mystery, Thriller ကားလေးပဲဖြစ်ပါတယ်။ မင်းသမီးကတော့ ပရိတ်သတ်အချစ်တော် အချောစား အလန်းစား Angelina Jolie ဖြစ်ပြီး IMDB 6.4/10 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အယ်ဗလင်းဆော့တ်က အမေရိကန် စီအိုင်အေ အေးဂျင့်တစ်ယောက်ဖြစ်ပြီးသူမရဲ့ အရည်အချင်းကို အသိုင်းအဝိုင်းက အသိအမှတ်ပြုထားတဲ့သူတစ်ယောက်ပါ။ သူမ မြောက်ကိုရီးယားမှာ အဖမ်းခံရတုန်းက လာကယ်ဖို့ကြိုးစားခဲ့တဲ့ ဂျာမန်လူမျိုး ပင့်ကူမုဆိုး မိုက်ခ်နဲ့ချစ်ကျွမ်းဝင်ပြီး လက်ထပ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ဆီကို ရရှားတစ်ယောက်ရောက်လာပြီး ဆော့တ်ဟာ ရရှားသူလျှိုတစ်ယောက်ဖြစ်ကြောင်း ပြောသွားတဲ့အခါမှာတော့ဆော့တ်တစ်ယောက် ထွက်ပြေးရတော့ပါတယ်။ မိုက်ခ်လည်း ပျောက်နေပါပြီ။သူ တကယ်ရရှားသူလျှိုဟုတ်မဟုတ် မိုက်ခ်နဲ့ပြန်ဆုံမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါဦး။၂၀၁၀ မှာထွက်ရှိထားပြီ။ မတင်ရသေးတဲ့ ဇာတ်လမ်းကောင်းလေးမို့ ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)#Zawgyi2010 မွာ ထြက္ခဲ့တဲ့ Action, ...
movie
Salt (2010)
2010
6.0
Into The Void(2019)
Into The Void(2019)ထူးဆန်းတဲ့ ဗိုင်းရပ်စ် တစ်မျိုးကူးစက်မှုကြောင် ့ zombie ဘဝကိုပြောင်းသွားတဲ့သူတွေရှိတယ်..တခြား zombies တွေလိုတော့မဟုတ်ဘူး..မှတ်ဉာဏ်ပျောက်ဆုံးပြီး သူတို့ဟာညဘက်အမှောင်ချိန်ရောက်မှသာ လူတွေကိုတိုက်ခိုက်လေ့ရှိတယ်...ဒီလိုဗိုင်းရပ်စ်ဟာ တစ်နေ့မှာတော့ ကောင်မလေးတစ်ယောက်ကိုကူးသွားခဲ့တယ်...ကောင်မလေးဟာ မှတ်ဉာဏ်ပျောက်ဆုံးသွားပြီး ဇွန်ဘီးလိုဖြစ်သွားခဲ့ပေမယ့် အသိဉာဏ်တစ်ချို့တစ်ဝှက်တော့ ကျန်နေဆဲပါ..ဒါကိုသိတဲ့သူ့ကောင်လေးဟာ အန္တရာယ်တွေကြားကနေ သူ့ရဲ့ကောင်မလေးကို ဘယ်လိုမျိုးကြိုးစား ပြီးတော့ ကယ်တင်သွားမလဲ..သူ့ကောင်မလေးကရော အရင်လိုပြန်ဖြစ်သွားနိုင်မလားဆိုတာကတော့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်...File Size : (850 MB) and (320MB) Quality : WEB-DL 720p Format…mp4 Duration…01:24:00 Genre : Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie
Into The Void(2019)
6.3
The Song of Names (2019)
movie
The Song of Names (2019)
2019
5.2
Body Cam (2020)
Body Cam (2020)==============IMDb Rating - 5.2/10#Unicodeဒီဇာတ်လမ်းရဲ့ အစပိုင်း အကျဥ်းလေးကိုပြောရရင် . . .ကလေးသေဆုံးပြီးနောက်ပိုင်း စိတ်ထိခိုက်နေတဲ့ ရဲအရာရှိ ရမ်နီ လိုမီတို တစ်ယောက် ခဏတာအနားယူပြီးပြန်လည်တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးနေ့မှာတင် ယခင်တွဲဖက်လုပ်ကိုင်ဖူးတဲ့ ရဲအရာရှိတစ်ယောက်အသတ်ခံလိုက်ရပါတယ်။ သူ့အလောင်းကိုရှာတွေ့ပြီး ရဲကားထဲမှာ မှတ်တမ်းဗီဒီယိုဖိုင်ကို ဖွင့်ကြည့်မိရာကနေဗင်ကားလေးတစ်စီးကို တွေ့ပြီး နားလည်ရခက်တဲ့ သဘာဝလွန်ဖြစ်ရပ်များနဲ့ သက်ဆိုင်နေကြောင်းသိလိုက်ရပါတယ်။ ထိုဗင်ကားကို လိုက်လံရှာဖွေရာကနေ လုပ်ဖော်ကိုင်ဖက် ၂ယောက်ကပါ ထပ်မံအသတ်ခံလိုက်ရပါတယ်။ရမ်နီ လိုမီတိုတစ်ယောက် မိမိဘာသာ စုံစမ်းဖော်ထုတ်နေရင်း အဲ့ဖြစ်ရပ်ဆန်းမှာ မိမိဌာနက ရဲအရာရှိများကို ဦးတည်နေကြောင်း သိလိုက်ပါတယ်။ မိမိဌာနမှ ရဲအရာရှိများကို ကာကွယ်ဖို့ ဆက်လက်စုံစမ်းရာကနေ မထင်မှတ်ပဲအကြောင်းအရင်းအမှန်ကို သိလိုက်တဲ့အခါမှာတော့ ရဲအရာရှိ အနေနဲ့ ဘယ်လိုဆက်လုပ်မလဲ၊ အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းအမှန်က ဘာလဲ၊ ဘာကြောင့် ရဲအရာရှိတွေကို လိုက်သတ်နေရတာလဲ ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမယ့် ရုပ်ရှင်ကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ တစ်ချို့သောကိစ္စတွေဟာ ...
movie
Body Cam (2020)
2020
6.5
Birds Without Names(2017)
Birds Without Names(2017)ပိုင်ဆိုင်လိုခြင်းပဲလား၊ စွန့်လွှတ်လိုမှုပဲလား။ အချစ်ဆိုတာ ဘာများလဲ။ မသေချာပါ။အချို့က ရယူလို အချို့က ပေးဆပ်လိုကြပြီ။ လူဆိုတာ အတောင်ပံခတ်တတ်စကတည်းကိုက သင်းကွဲလာရတဲ့ ငှက်တွေသာ။ အဆုံးမတော့ တစ်ကိုယ်ရေတည်း ဖြစ်ရကြပြန်ပေမည်။ အထီးကျန်ခြင်းသည် လူသား၏တစ်စိတ်တစ်ဒေသ ဟု ဒဿနိကပညာရှင်တို့က ဆိုထား၏။လူသားရဲ့ ပင်ကိုယ်ဗီဇတွင် အထီးကျန်ခြင်းသည် ထည့်သွင်း မြှပ်နှံခဲ့ပြီးသား ဖြစ်သည်။အထီးကျန်ခြင်းသည် စိတ်ဖိစီးမှု မြင့်တတ်စေသော cortisolဟော်မုန်းကို ထွက်စေသည်ဟုဆေးပညာကဆို ထားပြီး အထီးကျန်ခြင်းကြောင့် ခံစားရသော စိတ်ဝေဒနာသည်ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသော ဝေဒနာထက်မသေးဟုစိတ်ပညာက ပြောပြန်သည်။ ကျွန်တော် မမြင်ဖူးသော နတ်ဘုရားတို့သည်ဒဏ္ဍာရီအတိုင်း အင်အားကြီးသော လူသားတို့အား ထက်ခြမ်းကွဲ၀မ်းနည်းစေခဲ့သည်ဆိုပါစို့။ အထီးကျန်ခြင်းသည် လူသား၏ အားနည်းချက်ဖြစ်ပေမည်။လူသားတစ်ယောက်သည် အထီးကျန်ခြင်းအား ကုစားရန်အလို့ငှာတပါးသောလူသားတစ်ယောက်အား မှီခိုအားထားရသည်။သူတို့ကြားက ပေါင်းကူးတံတားကလေးအား ချစ်ခြင်းဟုခေါ်ပါစေ။ချစ်စိတ် ကိန်း၀ပ်နေသော လူသားသည် အားအကြီးဆုံးဖြစ်သည်ဒီလူသားများ ဘာမဆို လုပ်ရဲလုပ်နိုင်ကြသည်။ ဂျပန်လူမျိူးတို့၏ သင်္ကေတဗေဒအတိုင်းဆိုလျှင်ငှက်တို့သည် ချစ်ခြင်းကို ...
movie
Birds Without Names(2017)
7.2
Winter’s Bone(2010)
Winter's Bone (2010) IMDB 7.2 Rotten Tomatoes 94%(အော်စကာ ၄ဆု ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု ၆၃ဆုတောင်ဆွတ်ခူးရရှိခဲ့တယ်...)အကိုကြီး အဖရာ အမကြီး အမိရာဆိုသလို မိသားစု တစ်စုမှာ အကြီးဆုံးဖြစ်ရတာ မလွယ်လှပါဘူး။အမေကလည်း ကျန်းမာရေးမကောင်း ၊ မူလတန်းကျောင်းနေအရွယ် မောင်လေးနဲ့ ညီမလေး ၊ အဖေဖြစ်သူကလည်း မူးယစ်ဆေးရောင်းဝယ်မှု့နဲ့ တရားရင်ဆိုင်နေရတာကြောင့် တစ်အိမ်လုံးရဲ့စားဝတ်နေရေးကရီခ်ဒီုလီဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပုခုံးပေါ်ကို ကျရောက်လာခဲ့ပါတယ်။ ကလေးတွေရဲ့ ကျောင်းစရိတ် ၊ အမေဖြစ်သူရဲ့ဆေးဖိုးတွေနဲ့ ကျပ်တည်းနေတုန်းမှာပဲကံဆီုးခြင်းမုန်တိုင်းတွေဟာ ပိုမိုပြင်းထန်လာခဲ့သလို တစ်ပူပေါ်တစ်ပူဆင့်လို့ ဆိုရမှာပါပဲ။ ဖခင်ဖြစ်သူ ရုံးချိန်းအမှီပြန်ပေါ်မလာခဲ့ရင် လုပ်ထုံးလုပ်နည်းအရရိခ်တို့ရဲ့ နေအိမ်ကို သိမ်းယူမယ်ဆိုတဲ့ ရဲမှူးကြီးရဲ့ စကားသံက သူမရဲ့ ခေါင်းပေါ်ကို သံရည်ပူတွေ လောင်းချလိုက်သလိုပါပဲ။ ဒီမိသားစုလေး မကွဲပြားဖို့ဆိုရင်ရိခ်တစ်ယောက် အဖေဖြစ်သူ မဖြစ်မနေရှာဖွေရတော့မှာပါ။ သို့ပေမယ့် အဖေဖြစ်သူရဲ့ ပျောက်ဆုံးမှု့က ထင်သလောက် မရိုးရှင်းမှန်း ရိခ်တစ်ယောက် သိလာတဲ့အခါမှာတော့.......။ ဒီကားလေးကို (၃)(၄) ခါလောက်ပြန်ကြည့်မိပါတယ်။ ထပ်ခါထပ်ခါ ကြည့်လေလေရိခ်အဖြစ်သရုပ်ဆောင်တဲ့ Jennifer ...
movie
Winter’s Bone(2010)
6.5
Bring Me Home(2019)
Bring Me Home(2019)တစ်ဉီးထဲသောသားလေးမို့ ရင်နင့်အောင်ချစ်ခဲ့ပါတယ်ဆိုမှာ ရုတ်တရက်ပျောက်ဆုံးသွားတယ်...မိဘ(၂)ပါးအတွက် ဘဝတွေဟာ ခါးသီးလွန်းတယ်.... လင်မယား(၂)ယောက် တစ်ယောက်ကိုတစ်ယောက်ဟန်ဆောင်ပြုံးတွေနဲ့ နှစ်သိမ့်ပေးရင်း သားလေးကိုရှာခဲ့တာ အခုဆို(၆)နှစ်တောင်ရှိခဲ့ပြီ.....ခုချိန်ထိအစအနတောင်ရှာမရသေး...ယောကျ်ားဖြစ်သူဟာ သားလေးတွေ့တဲဆိုတဲ့ စာတစ်စောင်ကြောင့်အပြေးအလွှားသွားရှာတုန်းမှာကားမှောက်ဆုံးသွားတယ်...မိခင်အတွက်တော့ တစ်ပူပေါ်တစ်ပူဆင့်ပါပဲ...ဒီလိုနဲ့တစ်နေ့မှာတော့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ သူ့သားရှိတယ်ဆိုတဲ့ အခိုင်အမာ သတင်းရပြီးတဲ့နောက်မှာတော့....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါဉီး...တော်တော်ကောင်းတဲ့ Drama ကားလေးပါ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်...File Size : (950 MB) and (472MB) Quality :WEB-DL 720p Format…mp4 Duration…01:48:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae
movie
Bring Me Home(2019)
5.0
Ghastly (2011)
[Unicode]CM FAN တွေအတွက် နောက်ထပ် Horror ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။မိသားစုတစ်စုမှာ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ် ထူးဆန်းတာကတော့ မိန်းဖြစ်သူဂါဟီး က ယောက်ျားကို ခြေထောက်ဖြတ်သတ်ပြီး သူ့ကိုယ်သူလည်း ခြေထောက်ဖြတ်ရင်း သွေးထွက်လွန် သေဆုံးခဲ့တာပါ ရဲတွေကလည်း တကယ်ကို ထူးဆန်းတဲ့ အမှုဖြစ်တာကြောင့် ဖြေရှင်းရခက်နေခဲ့ပါတယ်...သူတို့မှာတော့ ဘင်းဆိုတဲ့ သားလေးတစ်ယောက် ကျန်ရှိခဲ့ပါတယ် ဂါဟီးရဲ့ မိခင်ဖြစ်သူ နတ်ဆရာမကြီးကလည်း ပျောက်ဆုံးနေတာ ၂ လ ရှိပါပြီ...ဒါကြောင့် ရဲတွေက ပြဿနာတွေ ဖြေရှင်းပြီးတဲ့အထိ ဘင်းလေးကို အုပ်ထိန်းပေးဖို့ ဦးလေးဖြစ်သူမိသားစုဆီမှာ အပ်ထားခဲ့ပြီး ဦးလေးဖြစ်သူ မိသားစုကလည်း ဘင်းလေးကို အုပ်ထိန်းပေးဖို့ အိမ်ပြောင်းလာကြပါတယ်အိမ်ပြောင်းလာပြီးနောက်ပိုင်း ထူးဆန်းတာတွေ အများကြီးရှိတာကြောင့် အဒေါ်ဖြစ်သူက သံသယဝင်ခဲ့ပါတယ် အဲ့နောက်မှာတော့ ဘင်းလေးဆီမှာ သရဲကလေးတစ်ယောက် တွယ်ကပ်နေတာကို သိရှိခဲ့ရတဲ့နောက်....ဒါဆို သရဲကလေးကပဲ လူသတ်နေတာလား ဘာကြောင့်သတ်တာလဲ ဒီကလေးမှာ ဘာတွေ ကြုံတွေ့ခဲ့ရမလဲဆိုတာ ဒီဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြပါနော်....။( ...
movie
Ghastly (2011)
6.0
Penguin(2020)
Penguin(2020)ယနေ့ထွက် တမီးလ်ကားသစ်လေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။တမီးလ်ကားတွေထဲ ဖိုက်တိုင်အက်ရှင်တွေနဲ့ မတူ ကွဲပြားနေတတ်တဲ့ ဇာတ်ကားကောင်းမျိုးတွေ ကြည့်ဖူးကြမှာပါ။ဒီကားလည်း ထိုနည်းအတိုင်းပါပဲ။ သားအမိ(၂)ယောက်ရှိတယ်...မိခင်ဖြစ်သူဟာ သားလေးကိုအရမ်းချစ်တယ်...သူတို့သားအမိရဲ့ ဆုံတွေ့မှုဟာ ကြာကြာမခံပါဘူး...ကလေးသူခိုးတစ်ယောက် သူမရဲ့သားလေးကို ခိုးယူသွားတယ်...သဲလွန်စအနည်းငယ်တော့ချန်ခဲ့တယ်....ဒီသဲလွန်စလေးဟာ သားဖြစ်သူကို ပြန်ရှာဖို့လုံလောက်တဲ့ အချက်အလက်တော့မဟုတ်ဘူး...ဒါပေမယ့် မိခင်ဖြစ်သူဟာ သူ့သားကိုတစ်နေ့ပြန်တွေ့ရမယ်ဆိုပြီးနေ့စဉ်နဲ့အမျှကြိုးစားရှာဖွေတယ်...ဒီလိုနဲ့တစ်နေ့မှာတော့...ပေးလိုက်တဲ့ သဲလွန်စအနည်းငယ်ဟာ ကလေးကိုတွေ့ဖို့ လမ်းစဖြစ်လာတယ်...အဲ့ဒီနောက်ပိုင်းမှာတော့....ဒီကားက စိတ္တဇလူသတ်သမားဇာတ်ကားကောင်းတစ်ကားပါပဲ။စိတ်ဝင်စားစရာ အချက်တွေ အညွန်းထဲ ထည့်ရေးပြချင်ပေမဲ့ ဇာတ်လမ်းတစ်ချို့တစ်ဝက်ကိုဖော်ပြသလိုဖြစ်မှာစိုးတာမို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါရစေဗျာ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myint Thu & Nyi Nyi Koe တို့ပဲဖြစ်ပါတယ်...File Size : (1.07GB) and (520 MB) Quality : WEB-DL 720p Format…mp4 Duration…02:12:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi ...
movie
Penguin(2020)
6.7
The Vast of Night (2020)
The Vast of Night (2020)===================IMDb Rating - 6.7/10#Unicodeဒီဇာတ်ကားလေးကတော့ Drama/ Mystery/ Sci-fi အမျိုးအစားပဲဖြစ်ပါတယ်...ထူးခြားတာကတော့ ၁၉၅၀ ခုနှစ်လောက်မှာ ဇာတ်အိမ်တည်ထားတာပါပဲ...ဇာတ်လမ်းအကျဉ်းလေးကတော့... ဖေးခရွတ်ကာက ၁၆ နှစ်အရွယ် နယူးမက်ဆီကိုကကောင်မလေးပါ... သူ့အိပ်မက်ကတော့ တစ်နေ့ကျရင် ကုမ္ပဏီကြီးတစ်ခုမှာ ဖုန်းအော်ပရေတာအဖြစ်အလုပ်ဝင်ဖို့ပါပဲ... လောလောဆယ်တော့ အထက်တန်းကျောင်းတက်ပြီးမြို့ပိုင်ရေဒီယိုချန်နယ်လေးရဲ့ အော်ပရေတာလုပ်နေပါတယ်...အဲဗားရက်ကတော့ အဲဒီရေဒီယိုချန်နယ်က အစီအစဉ်တင်ဆက်သူတစ်ယောက်ပါ...ဖေးသိချင်တာမှန်သမျှ မေးလို့ရတဲ့သူပေ့ါ....တစ်ညတော့ သူတို့ရေဒီယိုအသံလွှင့်နေတုန်းထူးဆန်းတဲ့ ကြိမ်နှုန်းမြင့် Frequency တွေကို ဖမ်းမိလိုက်ပါတယ်...အဲဒီအသံတွေကို ဘယ်သူတွေက ထုတ်လွှင့်နေတာလဲဆိုတာကို စုံစမ်းရင်းဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။IMDb Rating 6.7/10 ထိရရှိထားတဲ့ ဇာတ်ကားလေးပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)#Zawgyiဒီဇာတ်ကားလေးကတော့ Drama/ Mystery/ Sci-fi အမျိုးအစားပဲဖြစ်ပါတယ်...ထူးခြားတာကတော့ ၁၉၅၀ ခုနှစ်လောက်မှာ ဇာတ်အိမ်တည်ထားတာပါပဲ...ဇာတ်လမ်းအကျဉ်းလေးကတော့... ဖေးခရွတ်ကာက ၁၆ နှစ်အရွယ် နယူးမက်ဆီကိုကကောင်မလေးပါ... သူ့အိပ်မက်ကတော့ ...
movie
The Vast of Night (2020)
2020
6.0
The Silenced(2015)
The Silenced(2015)(Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....)2015 က ထွက်ခဲ့တဲ့ The Silenced ဆိုတဲ့ movie လေးကို တင်ဆက်ပေးလိုက်ပါတယ် ...ဒီဇာတ်လမ်းမှာတော့ Abyss/ Strong Woman Do Bong-Soon တို့က မင်းသမီး Park Bo Young ကအဓိက ပါ၀င်သရုပ်ဆောင်ထားပါတယ်.... 1930 ခုနှစ် ဂျပန်စစ်တပ် အုပ်ချုပ်တဲ့အချိန်က မိန်းကလေးအဆောင်တစ်ခုကိုလည်းဂျပန် ကျောင်းအုပ်က အုပ်ချုပ်ခဲ့ပါတယ်...ဂျူရမ်ဆိုတဲ့ ကောင်မလေးဟာ အဆုတ်ရောဂါကြောင့် ဖခင်နဲ့ မိထွေးဖြစ်သူက သူမကို အဲ့ကျောင်းကို ပို့ခဲ့ပါတယ် ...ကျောင်းဆရာမတွေက သူမရဲ့ ရောဂါနဲ့ ပက်သက်လို့ ဆေးညွှန်းတွေပေး ဆေးတွေနေ့စဥ်သောက်ခိုင်းပါတယ် ...ကံကောင်းစွာနဲ့ သူမလည်း ရောဂါသက်သာလာပါတယ် ...ဒါပေမယ့် ထူးဆန်းတာက ကျောင်းက ကျောင်းသူလေးတွေ တစ်ယောက်ပြီးတစ်ယောက် ခြေရာလက်ရာ မကျန်ပဲ ပျောက်ဆုံးနေတာပါ ...
movie
The Silenced(2015)
5.4
Inheritance (2020)
movie
Inheritance (2020)
2020
6.2
Possessed (2009)
[Unicode]CM Fan တွေအတွက် 2009 တုန်းက ထွက်ရှိခဲ့တဲ့ Possessed ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ။ Horror Movie ကြိုက်နှစ်သက်တဲ့သူတှေအတွက်တော့ တကယ်အကြိုက်တွေ့စေမယ့် ဇာတ်လမ်းမျိုးပါ ။ဇာတ်လမ်းအကျဉ်းဟီဂျင်းဟာ ဆိုးလ်မှာနေပြီး တက်ကသိုလ်တက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ ။သူမမှာ အသက် ၁၄ နှစ်အရွယ် ညီမတစ်ယောက်ရှိပါတယ်တစ်ရက်မှာတော့ ညီမဖြစ်သူပျောက်ဆုံးသွားကြောင်း သူမအမေက ဖုန်းဆက်အကြောင်းကြားခဲ့တဲ့နောက်သတင်းကြားကြားချင်း သူ့အမေရှိတဲ့မြို့ဆီပြန်သွားပြီး ရဲစခန်းမှာ လူပျောက်တိုင်ခဲ့ပါတယ် ။ဘာသာရေးအစွန်းရောက်တဲ့ မိခင်ဖြစ်သူကတော့ ဆက်တိုက်ဆုတောင်းနေမယ်ဆိုရင် သူ့သမီးလေးကို ပြန်တွေ့မယ်လို့ ယုံကြည်နေပါတယ် ။အိမ်နီးနားချင်းတွေကတော့ ညီမဖြစ်သူကို မြင်လိုက်တယ်လို့ပဲ ပြောနေကြပြီး အချို့ကလည်း သူမရဲ့ ညီမကို လူမဟုတ်ဘူးလို့ပြောဆိုကြပါတယ် ။ဒါပေမယ့် ညီမဖြစ်သူ ပျောက်ဆုံးပြီးနောက်မှာတော့ ထူးခြားမှုတွေရှိလာပါတယ်....သူတို့အဆောက်အဦးက အခြား တိုက်ခန်းတွေမှာ လူသေဆုံးမှုတွေရှိလာပြီ...ဒါကြောင့် နောက်ပိုင်းမှာ ရဲကလည်း သူမရဲ့ညီမ ပျောက်ဆုံးမှုနဲ့ ဒီလိုလူတွေသေဆုံးတာက ဆက်စပ်မှုရှိနိုင်ကြောင်း ကောက်ချက်ချပြီး စုံစမ်းပါတော့တဲ့အခါ...အဲ့လိုစုံစမ်းမှုတွေ လုပ်ပြီး ...
movie
Possessed (2009)
5.8
The Cat (2011)
[Unicode]ဒီတစ်ခေါက်မှာတော့ 2011 က ထွက်ရှိခဲ့တဲ့ The Cat ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန် တင်ဆက်လိုက်ပါတယ် ။ ဒီဇာတ်ကားထဲမှာတို့ ပရိတ်သတ်တို့ရဲ့ အချစ်တော် မင်းသမီးလေး Park Min Young က ဆိုယွန်း ဆိုတဲ့ ဇာတ်ကောင်နဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းဆိုယွန်းက ပိတ်လှောင်မှုကို ကြောက်ရွံတဲ့ ရောဂါရှိတာကြောင့် ကုသမှုခံယူနေရတာပါ ၊သူမက ကြောင်လေးတွေကို ချစ်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး pet shop တစ်ခုမှာ အလုပ်လုပ်ကိုင်ပါတယ် ၊တစ်ရက်မှာတော့ သူတို့ဆိုင်နားက တိုက်ခန်းမှာနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကြောင်ကို ပြင်ဆင်ပေးရင်းနဲ့ မှန်ထဲမှာ ဆံပင်ကုတ်ဝဲလေးနဲ့ ကလေမလေး တစ်ယောက်ကို သူမ မြင်လိုက်ရပါတယ် ၊အဲ့နောက် ကြောင်ကိုပြန်လာခေါ်သွားတဲ့ ကြောင်ပိုင်ရှင်လည်း ဓာတ်လှေကားထဲမှာသေဆုံးနေခဲ့ပါတယ် ၊နောက်ရက်တွေ သိပ်မကြာမီမှာပဲ ကြောင်တစ်ကောင်ကို မွေးစားမိတဲ့ ဆိုယွန်းရဲ့ သူငယ်ချင်းလည်း သူမ ကြောင်ရဲ့ဘေးမှာ ဆံပင်ကုတ်ဝဲနဲ့ ...
movie
The Cat (2011)
First
57
58
59
60
61
Last
Previous
Next