Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mystery
6.0
Me and Me(2020)
Me and Me(2020)ဂင်ဆူယော့က ကျောင်းဆရာတစ်ယောက်ပါ...ရီယောင်းလို့ခေါ်တဲ့ ဇနီးသည်ရှိပြီးထိုဇနီးသည်က ထူးဆန်းတဲ့စိတ်ေ၀ဒနာကို ခံစားနေရပါတယ်...ကျောင်းဆရာဟာသူ့ဇနီးဖြစ်နေတဲ့ဝေဒနာဟာ တော်ရုံလူသိနိုင်ဖို့ခဲယဉ်းတဲ့ရောဂါမျိုးမို့ ရွာထဲကသူတွေမသိအောင်သိုသိုသိပ်သိပ်နေနိုင်ကြတယ်...တစ်နေ့တော့ ရွာသားတစ်ယောက်သိသွားရာကစပြီး မကြာခင်မှာပဲကျောင်းဆရာအိမ်မီးလောင်ပြီး လင်မယား(၂)ယောက်လုံးဆုံးသွားရှာတယ်...ဒါ့ကြောင့် ရဲတွေဟာ မတော်တဆမှုလား တမင်ကြံစည်မှုလားဆိုပြီး အပူတပြင်းစုံစမ်းပါတော့တယ်...ဘယ်ဟာက အဖြစ်မှန်လည်းဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Han Thu Aye ပဲဖြစ်ပါတယ်..File Size :(907 MB) and (333 MB) Quality : FHDRip 720p Format…mp4 Duration…01:45:00 Genre : Mystery , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Phyo Pyae
movie
Me and Me(2020)
Teuri 2019
Teuri 2019 ဒီကားကတော့ ၂၀၁၉ ကထွက်ထားတဲ့ triller/Mystery အမျိုးအစားကားတစ်ကားဖြစ်ပါတယ်။ဒီကားနာမည် Teuri(ထယ်အူရီ)ဆိုတာ ကိုရီးယားမှာရှိတဲ့ ကျွန်းတစ်ကျွန်းရဲ့အမည်ပါ။ဇာတ်လမ်းအစမှာ ယန်းဂျန်းဂိုဆိုတဲ့ သူတစ်ယောက်က ထယ်အူရီကျွန်းမှာနေတဲ့ သူအကိုဖြစ်သူယန်းချွန်းဘယ်ဆိုတဲ့ သူရဲ့စာတွေကိုနှစ်ပေါင်းနှစ်ဆယ်ကြာမှ သက်ဆိုင်သူအသီးသီးဆီကို ကိုယ်တိုင်သွားပို့ရဖို့ဖြစ်လာခဲ့ပါတယ်။ယန်းဂျန်းဂိုဆိုတာက ဉာဏ်ရည်မမှီတဲ့ disable တစ်ယောက်ဖြစ်သလို နှစ်နှစ်ဆယ်ကြာမှ သူအကိုဆီကပထမဆုံးစာတွေလက်ခံရရှိတာလည်းဖြစ်ပါတယ်။ တော်တော်များများသိထားကြတာကတော့ ယန်းချွန်းဘယ်ဆိုသူက လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်ထဲကဆုံးပါးသွားခဲ့သူပါ။ ဒီလိုသေဆုံးသွားပြီလို့သိထားတဲ့သူတစ်ယောက်ရဲ့စာတွေက အခုချိန်ကျမှ ဘာကြောင့် ရောက်လာခဲ့တာလဲ။ဒီစာတွေကို ယန်းချွန်းဘယ်နဲ့ အလုပ်တူတူလုပ်ခဲ့သူတွေဖြစ်တဲ့ ဘို့ဂျူအင်း၊ဂျန်းဘန်းဂျွန်းနဲ့ စက်ရုံသူဠေးကင်ဆီကိုလည်း အသီးသီးဆီကိုလည်း ရေးသားထားတာ တွေ့ရပါတယ်။ ဒီစာတွေရဲ့အကြောင်းအရာကဘာလဲ။ယန်းချွန်းဘယ်ဆိုသူကကော သေသွားပြီလား။ပျောက်ဆုံးနေတာလား။ဒီစာတွေကိုလက်ခံရရှိသူ ယန်းချွန်းဘယ်ညီကလည်း ဉာဏ်ရည်မပြည့်မီသူဖြစ်နေတဲ့အပြင် သူကိုယ်တိုင် သူအကိုမှာခဲ့တဲ့ ဒီစာတွေကို သက်ဆိုင်သူအသီးသီးဆီ ကိုယ်တိုင်ကိုယ်ကျ လိုက်ပေးရတဲ့အခါ ဘယ်လို အဖြစ်အပျက်တွေကြုံလာမလဲဆိုတာကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ ။ဇာတ်ကားထဲက တချို့နေရာတွေက စကားကို မြှုပ်ပြီးပြောထားလို့ နည်းနည်းလေးတော့ လိုက်တွေးပေးရမယ့်ကားလေးပါလို့ ကြိုပြောထားချင်ပါတယ်။ကျန်တာတော့ ကိုယ်တိုင် ခံစားကြည့်လိုက်ကြပါအုန်း။ Translator - Moe Pwint Encoder - Thit San Khant File Size - 920MB and 400MB Quality 1080p and 720p
movie
Teuri 2019
2019
7.0
Rebecca(2020)
Rebecca(2020)အညွှန်း***********************နက်ဖလစ်က ၂၀၂၀ ထဲမှာ တင်ဆက်ထားတဲ့ Rebecca ဆိုတဲ့ဇာတ်ကားလေးဟာ Daphne du Maurier ရဲ့ ၁၉၃၈ခုနှစ်က ဝတ္ထုကို ပြန်အသက်သွင်းထားတဲ့ ဇာတ်လမ်းတခုပဲဖြစ်ပါတယ်... ဒီဇာတ်ကားထဲမှာတော့ အမည်ကို မဖော်ပြထားတဲ့ တကောင်ကြွက် မိန်းကလေးတဦးဟာ လေဒီ တဦးရဲ့ မိန်းမဖော်အဖြစ် ပြင်သစ်တောင်ပိုင်းကို အလည်အပတ် ရောက်သွားတယ်... ကံကောင်းထောက်မစွာ အင်္ဂလန်က လူချမ်းသာတဦးဖြစ်တဲ့ မစ္စတာ ဒီဝင်းတားဆိုတဲ့ မုဆိုးဖိုနဲ့ ဖူးစာဆုံခဲ့ ပြီးတဲ့နောက် မစ္စတာ ဒီဝင်းတားတို့ ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်ခဲ့တဲ့ မန်ဒါလေ ဆိုတဲ့ အိမ်ကြီးကို တပါတည်း လိုက်လာခဲ့တယ်....သူမ ဘဝဟာ အစပိုင်းပျော်စရာကောင်းတယ်လို့ထင်ရပေမယ်...မကြာပါဘူးမှုခင်းနဲ့ဆိုင်တဲ့ထူးဆန်းအံအားသင့်စရာ ပြဿနာမျိုးစုံနဲ့ စပြီးကြုံရသလိုဒါတွေကိုဖြေရှင်းပေးဖို့လည်း တာဝန်တွေရှိလာပါတော့တယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:01:00 Genre : Drama, Mystery, Romance Subtitle : Myanmar Subtitle (Hard ...
movie
Rebecca(2020)
6.7
Port of Call 2015
Port Of Call ပျော်ရွှင်မှုဆိုတာ ဘာလဲ ? ဝမ်းနည်းမှုဆိုတာရော? ဒီလူ့ဘဝကြီးမှာ ပျော်ဖို့ ဘာတွေပေးဆပ်ရမလဲ? ဘာတွေစွန့်စားရမလဲ ? ရှိတာလေးနဲ့ပျော်ရွှင်အောင်နေပြီး လာဘလေးသာမကြီးလာခဲ့ရင် ၁၆ စ်အရွယ် သဆုံးမှုဆိုတာဖြစ်မလာနိုင်ဘူးလို့ V ကတော့ ဘာသာပြန်နေရင်း တွးနေမိခဲ့တယ်။ တကယ်ကောင်းတဲ့ကားလေးပါ။ 18 စ်အထက် Softcore လေးတွေပါလို့ မိသားစုကြားကြည့်လို့မသင့်ပါဘူးနော်။ မာ်ဒန်ဖြစ်ချင်လွန်းတဲ့ ဝမ်ကျားမိန် တစ်ယောက် အိမ်ကလည်းအဆင်မပြေချိန် စီးပွားရေးမပြေလည်ချိန် စိတ်ထွက်ပေါက်ကိုလိုက်ရှာရင်း အပျော်မယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘဝကြီးက ခါးတယ်လို့ခံယူထားတဲ့သူ့အတွက်တော့ ပျာ်စရာကကြာရှည်မခံခဲ့ပါဘူး။ တစ်နေ့မှာ ဝတုတ်ကောင်လေးတစ်ယောက်က သူလူသတ်ခဲ့တယ်ဆိုပြီး ရဲစခန်းလာအဖမ်းခံတယ်။ အမှုကအားလုံးပိတ်သွားပြီဆိုပေမယ့် မပြီးသေးတာက ဇာတ်လိုက်ကျော်ကြီး Aron Kwok. အခုမှစတွေ့တဲ့သူကို သတ်ရအောင် ဘာတွေကများစည်းရုံးလိုက်သလဲပေါ့ နာက်ဆုံးအဆုံးသတ်မှာ ဝမ်ကျားမိန် ပာခဲ့တာကတော့ အခန်းရဲ့အပြင်ဘက်တံခါး တဲ့ အဲ့တော့ စိတ်ကိုဖွင့်ထားပါ စိတ်ရဲ့အမှောင်ဘက်ခြမ်းကနေ တိုးထွက်ခဲ့ပါတဲ့ သူကတော့ တ်ဆက်ခဲ့ပါတယ်တဲ့ ။ ။ Translator -Jo Jo Va Encoder - Thit San Khant File size-862MB Quality-720p
movie
Port of Call 2015
2015
5.3
Foster Boy (2020)
Foster Boy (2020)==============IMDb Rating - 5.3/10#Unicodeကလေးသူငယ်စောင့်ရှောက်ရေးစင်တာကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရဆီက လက်လွှဲယူဖို့ကြိုးစားနေတဲ့ လုပ်ငန်းစုကြီးကို ၁၉ နှစ်ပဲရှိသေးတဲ့ ပေတိပေစုတ် ဓားပြရုပ်ပေါက်နေတဲ့ လူမည်းကောင်လေးက တရားစွဲနေတယ်တဲ့။ ဂျမဲ ရန်ဒေါ့ ဆိုတဲ့ ဒီကောင်လေးက တရားရုံးကို တစ်နှစ် ၅ ခါလောက်ရောက်နေတတ်တဲ့၊ အချုပ်ခန်းကို အိမ်ဦးနဲ့ ကြမ်းပြင်လိုသဘောထားတဲ့ကောင်လေး ဒီကောင်လေးက ဘာကြောင့်များ ဒီလိုကုမ္ပဏီကြီးကို တရားစွဲထားတာလဲ။ တရားစွဲထားတယ်ဆိုပေမဲ့ သူ့ဘက်ကလျှောက်လဲပေးမယ့်ရှေ့နေတောင်မငှားနိုင်ပါဘူး။ ဒီအမှုကို သူနိုင်နိုင်ပါမလား။ ကံကြမ္မာရဲ့ဖေးမမှု ဒါမှမဟုတ် စိတ်ထားမှန်တဲ့လူတစ်ယောက် ဒါမှမဟုတ် ဖြောင့်မှန်တဲ့ တရားသူကြီး တစ်ယောက်ရဲ့ အကူအညီနဲ့ နာမည်ကျော်ရှေ့နေတစ်ယောက်က သူ့အတွက် လျှောက်လဲပေးမယ့်အခွင့်အရေး ရလာတယ်။ သူလို တေလေပုံပေါက်နေတဲ့ဆယ်ကျော်သက်ကောင်လေးနဲ့ လုပ်ငန်းစုကြီးတစ်ခုရဲ့ ရှေ့နေတဖြစ်လဲ သူ့ရဲ့ ရှေ့နေကတော့ တွေ့တွေ့ချင်းဆောက်နဲ့ထွင်း ဆိုသလို မတူတဲ့ လောကကလူနှစ်ယောက် ထိပ်တိုက်တွေ့မိပြီး အဆင်မပြေဖြစ်ကြတယ်။ဂျမဲ ရဲ့ ...
movie
Foster Boy (2020)
2020
7.4
Dolores Claiborne 1995
Stephen King ရဲ့ Dolores Claiborne ၀တ္ထုကို မှီငြမ်းရိုက်ကူးထားပါတယ်။ တစ်နေ့ Dolores ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ အိမ်အကူအဖြစ်အလုပ်လုပ်တဲ့ အိမ်က သူဌေးမကြီးကို သတ်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။ ဒီသတင်းကြားတဲ့အချိန်မှာ မတွေ့ရတာ ၁၈ နှစ်လောက်ကြာပြီဖြစ်တဲ့ သမီးဖြစ်သူဟာ သူနေထိုင်တဲ့ကျွန်းလေးကို ပြန်ရောက်လာခဲ့ပြီး ဒီအမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားရင်း အမေနဲ့သမီးကြား အတိတ်က နားလည်မှုလွဲခဲ့တာတွေကို ပြေလည်ဖို့ ကြိုးစားကြပုံတွေကို ရိုက်ကူးထားပါတယ် ဒီဇာတ်လမ်းထဲမှာ Dolores Claiborne ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ ဘ၀အခြေအနေ နစ်မွန်းရပုံတွေ မိခင်တစ်ယောက်အနေနဲ့ သမီးဖြစ်သူအတွက် ပင်ပင်ပန်းပန်း ကြိုးစားရပုံတွေ လူစိတ်မရှိတဲ့ ယောက်ျားဖြစ်သူရဲ့ ဒုက္ခခံရပုံတွေကို ကြည့်တဲ့သူပါ မခံချိမခံသာဖြစ်ရလောက်အောင် ဆွဲခေါ်သွားနိုင်ပါတယ် File size… 1 Gb / 500 Mb Quality… Webrip 1080p / 720p Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Yoon ...
movie
Dolores Claiborne 1995
5.4
Hubie Halloween 2020
မင်းသားကြီး အဒမ် ဆမ်ဒလာရဲ့ ဟောလိုးဝင်း ဟာသ ကားအသစ် ထွက်ပါပြီ။ ဒီရုပ်ရှင်မှာတော့ အဒမ်ဟာ ဟျူဘီ ဒူဘွား ဆိုတဲ့ သဘောကောင်းပြီး ရိုးအတဲ့လူကြီး၊ တစ်မြို့လုံးက အနိုင်ကျင့်ခံရတဲ့သူ အဖြစ် ပါဝင်ထားပါတယ်။ ဟျူဘီဟာ အင်မတင် ရိုးအပြီး ကြီးမားတဲ့ ယုံကြည်ချက်ကြီး တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ ဟောလိုးဝင်း ညတိုင်းမှာ မြို့သူမြို့သားတွေ ဘေးကင်းဖို့ဟာ သူ့တာဝန်ပဲ ဖြစ်တယ်လို့ပါပဲ။ ဒါကြောင့် ဟောလိုးဝင်းညတိုင်းမှာ တစ်မြို့လုံးကို ကင်းလှည့်ပြီး အမြင်မတော်တာတွေ မသင်္ကာတာတွေကို ရဲကို သတင်းပြေးပြေးပို့တတ်ပါတယ်။ ဒါကြောင့် တစ်မြို့လုံးက လူတွေရော၊ ရဲတွေရောက ဟျူဘီကို အမြင်ကတ်ပြီး ပတ်ရှောင်နေကြရတာပါ။ ဒီလိုနဲ့ အခုရောက်လာတဲ့ ဟောလိုးဝင်းညမှာတော့ အရင်က ဟောလိုးဝင်း ညတွေလို မဟုတ်ဘဲ ထူးခြားတဲ့ ကိစ္စတွေ၊ လူပျောက်ဆုံးမှုတွေစတင်ဖြစ်လာပြီး ဟျူဘီက ရဲတွေကို သတင်းပေးပေမယ့် ...
movie
Hubie Halloween 2020
5.8
Imprisonment ( 2019 )
ဒီတစ်ခေါက်ကတော့ အိမ်တွင်းစုံထောက်လုပ်ချင်ကြသူတွေအတွက်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးက နာမည်ကြီး ရုပ်သံတင်ဆက်သူ ရန်ကျီဟောက်နဲ့စရမှာပေါ့။သူက အွန်လိုင်းစာမျက်နှာတိုင်းမှာ နာမည်ကြီးလောက်အောင်အောင်မြင်ကျော်ကြားခဲ့သူတစ်ယောက်ဆိုပေမယ့် မတော်တဆမှုတစ်ခုကြောင့်နာမည်ထိုးကျသွားပါတယ်။ ဘာမတော်တဆဆိုတာတော့ သေချာမပြောပြထားပါဘူး။ဒါက အရေးကြီးတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ကောင်းခန်းက ဒီမှာစပြီ။ နေ့ခင်းကြောင်တောင် လမ်းလယ်ကောင်မှာလှလှပပ လျှောက်လှမ်းလာတဲ့ အမျိုးသမီးတစ်ဦး ရုတ်တရက်ကြီးမျက်နှာအုပ်က ဖမ်းခေါ်ခံလိုက်ရပါတယ်။ ဒီအမျိုးသမီးက စိတ်ကျန်းမာရေးဆေးရုံလို့ပြောရမလားစိတ်ပိုင်းဆိုင်ရာပြန်လည်ကုစားရေးစင်တာခေါ်ရမလား အဲ့လို အိမ်ပျက်ကြီးမှာ အချုပ်ခံလိုက်ရပါတယ်။ဇာတ်လမ်းက ဒီလိုနဲ့စတာပေါ့နော်။ အဲ့အမျိုးသမီးကို ပတ်တီးတွေအပြည့်နဲ့နာမည်ကျနေတဲ့ တင်ဆက်သူဟောင်း ရန်ကျီဟောက်လည်းတွေ့ရော... ဇာတ်လမ်းကြည့်သူတွေအတွက် စုံထောက်ခန်းစတာပေါ့နော်။ကဲ စုံထောက်ကြီးတို့ အမှုဖော်ဖို့ ဇာတ်ကားလေး ဒေါင်းကြည့်လိုက်တော့နော်...Translated & Review By Chu ChuEncoded By LK
movie
Imprisonment ( 2019 )
5.5
Nishabdham(2020)
Nishabdham(2020)အညွှန်း*************************3 idiots ဇာတ်ကားထဲက ဖာရ်ဟန်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး R. Madhavan ၊ ဘာဟူဘာလီမင်းသမီး Anushka Shetty တို့ သရုပ်ဆောင်ထားတဲ့ Horror,Mystery,Thriller ကားလေး ထွက်လာလို့ဘောလိဝုဒ် ၊ တောလိဝုဒ် ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း အမေရိကန်နိုင်ငံ ၊ အနောက်ကမ်းရိုးတမ်းမှာရှိတဲ့ Seattle မြို့အစွန်... လူသူအရောက်အပေါက်နည်းလှတဲ့ တောအုပ်တစ်ခုဘေးက အိမ်တစ်အိမ်... အချိန်က အမှောင်ကြီးစိုးတဲ့ မဟူရာည... မှိန်ပြပြထွန်းညှိထားတဲ့ မီးအိမ်ရဲ့ အလင်းရောင်နဲ့ အတူ... ခပ်ငြိမ့်ငြိမ့် တီးလုံးသံကို အားပြုပြီး စည်းချက်ညီတဲ့ စုံတွဲအကလေးနဲ့ ချစ်သူနှစ်ဦး ပျော်မြူးနေချိန် မြေအောက်ခန်းထဲက လျှပ်စစ် မီးသီး တစ်ခုခုဖြစ်နေသံကြားလိုက်ရတယ်။ မြေအောက်ခန်းထဲမှာ ပစ္စည်းအပျက်တချို့ရယ်၊ ပန်းချီတချို့ရယ်ကလွဲပြီး တခြား ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရ။ ပီတာတစ်ယောက် ရီဝေဝေနဲ့ ဆင်းကြည့်ခဲ့တယ်။ ချစ်သူဖြစ်တဲ့ မလီဆာဟာ အောက်ထပ်က အော်သံတစ်ခုကို ကြားလိုက်ရတယ်။ ပီတာကို လိုက်လံကြည့်ရှုခဲ့ရာမှာတော့ ပီတာဟာ နံရံမှာ လက်နှစ်ဖက်ကို ချွန်ထက်တဲ့အရာတွေနဲ့ ပူးရိုက်ထားပြီး သွေးအလိမ်းလိမ်းနဲ့ သေဆုံးနေတာကို မြင်လိုက်ရပါတော့တယ်။ မလီဆာလည်း အဖြေမရှိတဲ့ မေးခွန်းတွေနဲ့ တွေဝေနေချိန် သူလည်း အလစ်တိုက်ခံလိုက်ရတယ်။ ဒီအိမ်က တစ္ဆေခြောက်တယ်လို့ ...
movie
Nishabdham(2020)
6.5
The Great War of Archimedes (2019)
[Unicode]ရေတပ်ကလူတွေကိုစိတ်နာပြီး အစိုးရနဲ့ကင်းကင်းနေချင်သော အင်ပါယာ တက္ကသိုလ်က သင်္ချာဉာဏ်ကြီးရှင်လေး ကိုင် တာဒါရှီတစ်ယောက်... မုန်းလှပါချည်ရဲ့ဆိုတဲ့ ရေတပ်က ဗိုလ်ချုပ်တစ်ဦးရဲ့ ကူညီပေးမှုနဲ့ ရေတပ်မှာ ဗိုလ်မှူးတစ်ယောက်ဖြစ်ခဲ့ပါတော့တယ်သူ့ရဲ့တာဝန်ကတော့ သူ့ကိုအကူညီတောင်းတဲ့ ဗိုလ်ချုပ် ရာမာတိုတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ စစ်သင်္ဘောတည်ဆောက်ဖို့ ပြိုင်ဆိုင်နေတဲ့ ဟီယာရာမာရဲ့ ဒီဖိုင်းကုန်ကျစရိတ်အမှန်ကို ဖော်ထုတ်ပေးဖို့ပါပဲကိုင် တစ်ယောက် ဘာမှအသေးစိတ်မသိရပဲဘဲနဲ့ ကိန်းဂဏန်းတွေဟာမလိမ်ညာတတ်ဘူးဆိုတဲ့ ယုံကြည်ချက်တစ်ခုတည်းနဲ့ သူ့တာဝန်တွေကိုပြီးမြောက်အောင်လုပ်ခဲ့ပါတော့တယ် သို့သော်လည်း သူမသိသေးတဲ့ ရေတပ်နောက်ကွယ်ကလူတွေရဲ့ လျှို့ဝှက်ချက်ကိုသိလာရတဲ့အခါမှာတော့....နိုင်ငံကိုကာကွယ်ဖို့ကြိုးစားနေကြတဲ့ ရေတပ်ကတပ်မတော်သားတွေအကြောင်းနဲ့ ကိုင်ရဲ့ ထက်မြက်လှတဲ့ နည်းလမ်းတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) [Zawgyi]ရေတပ်ကလူတွေကိုစိတ်နာပြီး အစိုးရနဲ့ကင်းကင်းနေချင်သော အင်ပါယာ တက္ကသိုလ်က သင်္ချာဉာဏ်ကြီးရှင်လေး ကိုင် တာဒါရှီတစ်ယောက်... မုန်းလှပါချည်ရဲ့ဆိုတဲ့ ရေတပ်က ဗိုလ်ချုပ်တစ်ဦးရဲ့ ကူညီပေးမှုနဲ့ ရေတပ်မှာ ဗိုလ်မှူးတစ်ယောက်ဖြစ်ခဲ့ပါတော့တယ်သူ့ရဲ့တာဝန်ကတော့ သူ့ကိုအကူညီတောင်းတဲ့ ဗိုလ်ချုပ် ရာမာတိုတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ စစ်သင်္ဘောတည်ဆောက်ဖို့ ပြိုင်ဆိုင်နေတဲ့ ဟီယာရာမာရဲ့ ...
movie
7.3
Halahal(2020)
Halahal(2020)(Crime, Mystery, Thriller)IMDb Rating ......... 7.5/10ဆေးကျောင်းသူလေးတစ်ဉီးဟာ ကျောင်းတက်နေဆဲကာလမှာပဲ ဆုံးပါးသွားတယ်....သူဆုံးတဲ့အကြောင်းအရင်းကို ရဲတွေအာဏာပိုင်တွေက ဖော်ထုတ်ပြီးနောက်ကိုယ့်ကိုယ်ကိုသေကြောင်းကြံမှုဆိုပြီး အဖြေထုတ်လိုက်တယ်....အချစ်ရဆုံးသမီးလေးဆုံးပါးသွားတော့ ကျန်ရစ်သူမိသားစုဟာအရူးမီးဝိုင်းသလိုပါပဲ...ဖခင်ဖြစ်တဲ့သူဟာ သူ့သမီးလေး ကိုယ့်ကိုကိုယ်သတ်သေလောက်အောင် စိတ်ဖိစီးစရာအကြောင်းလုံးဝမရှိဘူးလို့ယူဆနေတယ်...ဒါ့ကြောင့် သူနည်းသူ့ဟန်နဲ့ စုံစမ်းဖို့ကြိုးစားပါတော့တယ်....တကယ်ပဲသမီးဖြစ်သူဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံတာလား....အသတ်ခံရပြီး ရဲတွေ အာဏာပိုင်တွေဝိုင်းဖုံးဖိထားရလောက်အောင် တခြား ကြီးမားတဲ့မသမာမှုတွေရှိနေမလား...ဘယ်လိုအကြောင်းအရာတွေဖြစ်မလဲ...စုံစမ်းနေစဉ်မှာရော ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ....ဒီဇာတ်လမ်းကတော့ဖခင်ဖြစ်သူဟာမိတ်ဆွေ/ရန်သူ ခွဲခြားလို့မရတဲ့ အခြေအနေမှ စပြီး.... ပဟေဠိတစ်ခုကို တဖြည်းဖြည်းချင်းအဖြေရှာနေတဲ့ အပူသည်ဖခင်တစ်ယောက်ကို ဇာတ်အိမ်တည်ထားပြီး..ကိုယ်တိုင်ပါဝင်အဖြေထုတ်နေရတဲ့ ဇတ်လမ်းကောင်းမို့ မှုခင်းအိန္ဒိယကားတွေကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်...File Size :(910 MB) and (380 MB) Quality :WEB-DL 720p Format…mp4 Duration…01:37:00 Genre : Crime , Mystery ,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thar ...
movie
Halahal(2020)
6.0
Circle (2015)
Circle (2015)==========IMDb Rating - 6.0/10#Unicodeမဲပေးရမယ့် အချိန် ရောက်ပြီ ဆိုတော့ မဲပေးတဲ့ကားလေး ကြည့်လိုက်ကြရအောင်ဗျာ။ဘယ်လို မဲပေးကြမှာလဲ? ကိုယ့်ကို မဲပေးဖို့ လုပ်ရမှာလား? ကိုယ့်ကို မဲမပေးဖို့ လုပ်ရမှာလား?ဘယ်သူတွေအတွက် ဘယ်လို မဲဆွယ်ကြမှာလဲ?ဇာတ်လမ်းကတော့ ဒီလိုပါ။ လူအယောက် ၅၀ ဟာ အမှောင်ခန်းကြီးတစ်ခန်းမှာ နိုးလာပါတယ်။သူတို့ကို ကို စက်ဝိုင်းတစ်ခုထဲမှာ ထားပါတယ်။ ကလေး၊ လူကြီး၊ လူဖြူ၊ လူမည်း၊ ကိုယ်ဝန်ဆောင်၊အိမ်ထောင်သည်၊ အပြာကားမင်းသမီး ... စသဖြင့် ပါပါတယ်။ အဲဒီထဲကနေမှ နှစ်မိနစ်ကို တစ်ယောက်နှုန်းနဲ့ သတ်ဖို့ လူကို ရွေးရပါတယ်။ ဘယ်သူ့ကို ရွေးမယ် ဆိုတဲ့ စံကတော့ ရှိနေတဲ့ စက်ဝိုင်းထဲက လူ ၅၀နဲ့ပဲ ဆိုင်ပါတယ်။ဒီတော့ ဘယ်သူ့ကို ရွေးမယ်ဆိုတာကို မဲပေးကြတဲ့အချိန်မှာတော့ .....လူ့သဘော၊ လူ့သဘာဝတွေကို ဒီဇာတ်လမ်းထဲမှာ မြင်ရပါမယ်။ လူ့အသိုင်းအဝိုင်းရဲ့ ...
movie
Circle (2015)
2015
7.0
Monos (2019)
Monos (2019)===========IMDb Rating - 7.0/10#Unicode"နာမည်ကျော် Gummy Bearလို့ခေါ်တဲ့ ၀က်ဝံရုပ်မုန့်ကလေး တွေကို 1992မှာ စတီထွင်ခဲ့တယ်။ ဒီမုန့်ကလေးတွေဟာ အေးဆေး ဝါးလို့ရအောင်နူးညံ့ရတယ် ဒါပေမယ့် သူ့ပုံစံဖြစ်တဲ့ ၀က်ဝံရုပ်ကလေးမပျက်အောင် မာကျောရမယ်။ အဲ့ဒီလိုမျိုးအရည်အသွေး မပါရှိတဲ့မုန့်တွေ ထုတ်လုပ်မှုမှာ ပါမပါ စစ်ဆေးဖို့က၁၅နှစ်ဝန်းကျင်လောက်ရှိတဲ့ ကလေးတွေရဲ့ အလုပ်ပါပဲ။"ဒါကရုပ်ရှင်ထဲက တီဗီမှာလာနေတဲ့ သတင်းပါပဲ။ ကလေးသာသာအရွယ်ကလေးတွေဟာ မုန့်မြည်းတဲ့ အလုပ်လောက်ပဲ လုပ်သင့်ပါတယ်။ ဒါပေမယ့် ဒီသတင်းကိုကြည့်နေတဲ့ ၁၅နှစ်သားကောင်လေးရဲ့ အလုပ်ကတော့ စစ်တိုက်ရတာပါ။ ၂၀မကျော်တဲ့ ကလေးတစ်အုပ်ကို စစ်တိုက်ဖို့ လေ့ကျင့်ပေးထားပြီး သူတို့အဖွဲ့ကို Monosတွေလို့ခေါ်ပါတယ်။သူတို့ ဘယ်ကလာလဲ ဘယ်လိုသူပုန်ဖြစ်လာလဲ မပြပေမယ့် သူတို့ရှင်သန်ရတဲ့ဘ၀ကိုတော့ ဆေးမှင်ရည်စုတ်ထိုးသလို ထင်းနေအောင်ကို ပြသွားတယ်။Monosလို့ခေါ်တဲ့ ကလေးတစ်အုပ်ကို သူပုန် အဖွဲ့အစည်းက သုံ့ပန်းဖမ်းထားတဲ့ အမေရိကန် အင်ဂျင်နီယာမတစ်ယောက်ကို စောင့်ကြည့်ဖို့ တာ၀န်ပေးထားတယ်။တစ်ဆက်တည်းမှာပဲ ရိက္ခာအတွက် နို့စားနွားမတစ်ကောင်ငှားပေးထားတယ်။ ငှားပေးတယ်ဆိုတာ စစ်ဆင်းရေးပြီးရင် ပြန်ပေးရမယ့် သဘောပါပဲ။ သူတို့ကိုပေးထားတဲ့တာ၀န်မှာ နံပါတ်တစ်အရေးကြီးတာက စစ်သုံ့ပန်းမလွတ်အောင် ကြည့်ရမယ်။နံပါတ်နှစ် အရေးကြီးတာက နွားမကို သေချာစောင့်ရှောက်ရမယ်။ ဒါပေမယ့် ကလေးတွေထဲက တစ်ယောက်က နွားမကိုသေနတ်နဲ့ပစ်မိသွားပါတယ်။ ဒီနွားတစ်ကောင်သေတဲ့အတွက် သူတို့ထဲက တာ၀န်ယူထားတဲ့တစ်ယောက်က ကွပ်မျက်ခံရမှာပါ။ ဒါပေမယ့် သူ့ကို အားပေးမယ့်သူ ဘယ်သူမှမရှိပါဘူး ကျန်တဲ့ကလေးတွေအကုန်လုံးဟာသေသွားတဲ့ နွားကိုပေါ်ရင်းအလုပ်များနေကြတယ်။ ဒီမှာပဲ အဲ့ဒီကောင်လေးဟာ သူ့ကိုယ်သူသတ်သေသွားတယ်။ သူတို့အသက်ဟာ နွားတစ်ကောင်လောက်မှ တန်ဖိုး မရှိတာလားတော့မသိပါဘူး။ ဒီအကြောင်းကို သတင်းပို့တဲ့အချိန်မှာလည်း သူတို့ခေါင်းဆောင်လူကြီးက အမှတ်မသားမရှိတဲ့မြေပုံမှာမြှပ်ဖို့နဲ့ ...
movie
Monos (2019)
2019
7.0
The Great Hypnotist (2014)
[Unicode]ဇာတ်လမ်းအမျိုးအစားကတော့ အားလုံးစိတ်ဝင်စားကြမယ့် Mystery - Thriller ပဲဖြစ်ပါတယ်အိပ်မွေ့ချကုထုံးမှာ အရမ်းတော်တဲ့စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာရွှီယွေနင်ဆီကို ထူးခြားတဲ့ case အနေနဲ့ သရဲတွေကိုမြင်နိုင်တယ်လို့ပြောလာတဲ့ လျန်ရှောင်ရန်ဆိုတဲ့မိန်းမတစ်ယောက် ကုသခံဖို့ရောက်လာခဲ့တာကနေ အစပြုဇာတ်ကြောင်းဆင်ထားပါတယ်သူ့ပညာကို အတော်လေးယုံကြည်မှုရှိပြီး မာနကြီးတဲ့ ဒေါက်တာရွှီယွေနင်တစ်ယောက် အချက်အလက်ကျစွာနဲ့ သူ့ကိုတန်ပြန်တုန့်ပြန်လာတဲ့ လူနာနဲ့တွေ့ကြုံလာရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ အဲဒီအချက်အလက်ဆိုတာတွေကရော အမှန်တကယ်ပဲလား နောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေဆက်ရှိနေမလဲဆိုတာ ရင်သပ်ရှုမောရင်းကြည့်ရှုရပါလိမ့်မယ်အဓိကဇာတ်ကောင်နေရာတွေကတော့ Forbes China Celebrity 2020 ရဲ့ နံပါတ်၂နေရာမှာရှိနေတဲ့ နာမည်ကြီးအနုပညာပါရမီရှင် Xu Zheng ဖြစ်ပြီး တွဲဖက်အားဖြည့်ထားသူကတော့ So Close ဇာတ်ကားရဲ့ရဲမေဆိုရင် ရုပ်ရှင်ပရိသတ်အားလုံးသိနိုင်ကြမှာဖြစ်ပါတယ်ဆရာဝန်နဲ့လူနာ ဆွေးနွေးကုသနေတဲ့ဟောခန်းထဲမှာ ဇာတ်ကားပြီးသွားတာဖြစ်ပေမယ့် အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပြီး ပြီးလို့ပြီးလိုက်မှန်းတောင်မသိဖြစ်သွားမယ်ဆိုတာ လုံးဝအာမခံပါတယ် ။( အညွှန်းရေးသားထားသူကတော့ Phu Nge Nge Thein ဖြစ်ပါတယ် ) [Zawgyi]ဇာတ်လမ်းအမျိုးအစားကတော့ အားလုံးစိတ်ဝင်စားကြမယ့် Mystery - Thriller ပဲဖြစ်ပါတယ်အိပ်မွေ့ချကုထုံးမှာ အရမ်းတော်တဲ့စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာရွှီယွေနင်ဆီကို ထူးခြားတဲ့ case အနေနဲ့ သရဲတွေကိုမြင်နိုင်တယ်လို့ပြောလာတဲ့ ...
movie
4.2
Witches in the Woods (2019)======================IMDb Rating - 4.2/10#Unicodeဒီဇာတ်လမ်းလေးကတော့ ၂၀၁၉ ကထွက်ရှိထားတဲ့ Horror/Thriller/ Mystery ဆန်ဆန် ဇာတ်ကား လေးပါ။ ဇာတ်လမ်းကတော့ အပျော်ခရီး ထွက်လာကြတဲ့ သူငယ်ချင်းတစ်သိုက်တောလမ်းတစ်နေရာမှာ လမ်းပျောက်နေကြတယ်။ သူတို့လမ်းပျောက်နေတဲ့နေရာက စုန်းနဲ့ ပတ်သက်ပြီးဇာတ်လမ်းလေးရှိခဲ့တဲ့နေရာ။ ရာသီဉတုကလည်း နှင်းတွေကျပြီး အပူချိန်ကလည်း အနှုတ်ပြနေတယ်။ ဒီတော့ ဒီသူငယ်ချင်းတစ်သိုက် ဆိုးဝါးတဲ့ရာသီဉတုအောက်မှာ စုန်းဇာတ်လမ်း ရှိတဲ့တောထဲဘယ်လိုရှင်သန်ကြမလဲ။ စုန်းကဝေကားတွေထဲကလိုမျိုး တောထဲမှာ စုန်းကဝေတွေနဲ့ တွေ့ပြီး ဖိုက်တင်ချကြမှာလား။ ဒါမှမဟုတ် စွန့်စားခန်းတွေဖွင့်ပြီး လမ်းရှာကြမှာလား။ သေချာတာကတော့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ အဖြေကိုတော့ဇာတ်လမ်းကိုကြည့်မှပဲသိရမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။)Quality – 720p BluRayDuration - 1hr 32minSubtitle – Myanmar HardsubFormat – Mp4Genre : Horror, ...
movie
Witches in the Woods (2019)
2020
5.6
Z 2019
ခင်ဗျားတို့ကျွန်တော်တို့မှာရော ငယ်ငယ်တုန်းကစိတ်ကူးယဥ်သူငယ်ချင်းတွေရှိခဲ့ကြဖူးသလား မရှိတာပဲကောင်းပါတယ်ဗျာ အခုဒီကားလေးထဲက ကောင်လေးမှာတော့စိတ်ကူးယဥ်သူငယ်ချင်းလေးရှိနေတယ် ဂျော့ဆိုတဲ့ရှစ်နှစ်အရွယ်ကောင်လေးဟာ သူ့စိတ်ကူးယဥ်သူငယ်ချင်းနဲ့သာဆော့နေတတ်တယ် သူ့မိဘတွေကသာမန်ကလေးတစ်ယောက်ဆော့နေသလိုထင်ပြီးသတိမထားခဲ့ကြဘူး တစ်နေ့ဂျော့ ကကျောင်းမှာကလေးတွေကိုပြဿနာရှာလာတာကနေ သူ့စိတ်ကူးယဥ်သူငယ်ချင်းအကြောင်းကိုသတိထားလာမိတယ် သူ့စိတ်ကူးယဥ်သူငယ်ချင်းကလဲတစ်ခြားသူမဟုတ်ပဲ သူ့အမေရဲ့ ငယ်ဘဝကစိတ်ကူးယဥ်သူငယ်ချင်းဖြစ်နေပြန်တယ် သူတို့ရဲ့စိတ်ကူးယဥ်သူငယ်ချင်းဇက်ကို ဘယ်လိုတိုက်ထုတ်မလဲ ဘာတွေဆက်ဖြစ်မလဲကတော့ ဇာတ်ကားလေးထဲမှာကြည့်ရှုပေးပါဦး File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 23min Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by T Lone Encoded by Littleneo
movie
Z 2019
5
The Antique: Secret of the Old Books (2018)
movie
6.0
The Culprit(2019)
The Culprit(2019)ယူဂျောင်းဆိုတဲ့ အမျိုးသမီးတစ်ယောက် အသတ်ခံရတဲ့ မှုခင်းဖြစ်ပွားခဲ့ပါတယ် ....ရဲတွေရဲ့ စုံစမ်းမှုအပြီး သဲလွန်စတွေအရ တရားခံဟာ သူမခင်ပွန်းရဲ့ သူငယ်ချင်း ဖြစ်သူ ဂျွန်ဆောင်းလို့ညွှန်ပြနေတယ်...ဒါပေမယ့် ဂျွန်ဆောင်းရဲ့ ဇနီးကလည်း သူ့ယောက်ျားက တရားခံ မဟုတ်ဘူးလို့ အခိုင်မာပြောနေပြန်ပါတယ် ...ဂျွန်ဆောင်းရဲ့ဇနီးက သူမယောင်္ကျားဖြစ်သူတရားခံမဟုတ်ဘူးလို့ထင်တဲ့အပြင် တရားခံအစစ်ဟာဘယ်သူလဲဆိုတာကိုရဲတွေကိုပြောခဲ့တယ်...ဒီအမှုရဲ့တရားခံဟာလွယ်ကူသလိုလိုနဲ့တဖြည်းဖြည်းရှုတ်ထွေးလာတဲ့အခါမှာတော့....တရားခံအစစ်ဟာ ဘယ်သူလဲ. ...ဘာကြောင့်သတ်ခဲ့တာလဲ...တရားခံအစစ်ကိုရောအမှားအယွင်းမရှိ ဖမ်းဆီးနိုင်ပါ့မလား...ခံစားကြည့်ကြပါဉီး....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size : (850 MB) and (313MB) Quality : FHDRip 720p Format…mp4 Duration…01:40:00 Genre : Crime, Thriller , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Phyo Pyae
movie
The Culprit(2019)
3.6
You’re Not Alone 2020
အန်မာ တစ်ယောက် ခင်ပွန်းဟောင်းသေဆုံးသွားပြီးတဲ့နောက်မှာ မွေးပြီးနောက်ပိုင်းတည်းက မြင်ခွင့်မရခဲ့တဲ့ သူ့ရဲ့သမီးဖြစ်သူကို စောင့်ရှောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် တစ်ကိုယ်တည်းမိခင်ဘဝနဲ့ အိုင်လာလေးကို စောင့်ရှောက်ရင်း မမျှော်လင့်ထားတဲ့ ပြဿနာတွေကြုံခဲ့ရပါတော့တယ် မမြင်ရတဲ့မကောင်းဆိုးဝါးတွေဟာ ခင်ပွန်းတစ်ယောက် ဖခင်တစ်ယောက် လောလောလတ်လတ်ဆုံးရှုံးထားရတဲ့ သားအမိနှစ်ယောက်ကို နှိပ်စက်ပါတော့တယ် အန်မာတစ်ယောက် အရင်အိမ်ကိုပြောင်းပြီးတည်းက မမြင်ရတဲ့အမှောင်ပယောဂတွေနဲ့ရင်ဆိုင်ရင်း သူနဲ့သူ့သမီးလွတ်မြောက်ဖို့အတွက် အစွမ်းကုန်ကြိုးစားပါတော့တယ် အန်မာတစ်ယောက် သူ့သမီးကိုကယ်တင်နိုင်ပါ့မလား ဘယ်အရာတွေက သူ့ကိုနှိပ်စက်နေတာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ စောင့်ကြည့်လိုက်ကြပါဦး F ile Size : 600mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 32min Genre ;Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Littleneo
movie
You’re Not Alone 2020
6.0
47 Days The Mystery Unfolds(2020)
47 Days The Mystery Unfolds(2020)မင်းသားက ရဲဗျာ ရဲကိုမှ ဇာတ်ရဲလက်ရဲအသေရဲ ...တစ်ခုခုဆို တဇွတ်ထိုးတဇောက်ကန်းလုပ်တတ်လွန်းလို့ သူ့သူငယ်ချင်းက သူနဲ့ဆို လူဆိုးမဖမ်းချင်. စွန်းဗျင်းတဲ့ရဲဆိုပါတော့.. ဒါလည်း သူ့အကျင့်မပြင်တဲ့ဘဲ... ချစ်ရတဲ့ဇနီးချောလေးနဲ့ ကွဲကွာခဲ့ချိန်ကစပြီး ဒီလူဟာ ပုံမှန်လို မဟုတ်တော့ဘဲ ပြောင်းလဲလာခဲ့တယ်...အရင်လို ရဲဆရာကြီးမဟုတ်တော့ဘဲ ပါဝါနည်းသွားတဲ့အချိန်မှာမှ အမှုကြီးကြီးတွေကို ရင်ဆိုင်လာရတဲ့အခါမှာတော့... ဒီဇာတ်ကားမှာ လက်သီးတစ်ချက်ထိုးလို့ ဆယ်ပေလောက်လွင့်သွားတာမျိုးမပါသလို ငှက်ပျောသီးနဲ့ လည်ပင်းလှီးတာတို့လည်း ကင်းဝေးပါတယ်...အရှိကိုအရှိအတိုင်း ယုတ္တိရှိရှိရိုက်ပြထားတဲ့ကားမို့လို့ မင်းသမီးကလည်းစွန်းချောတော့အားလုံးကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ရင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.....File Size : (850 MB) and (347MB) Quality : WEB-DL 720p Format…mp4 Duration…02:02:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie
47 Days The Mystery Unfolds(2020)
First
56
57
58
59
60
Last
Previous
Next