Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mystery
5.1
Mayday (2021)
Mayday (2021)============ဒီဇာတ်ကားလေးအကြောင်းပြောရရင်တော့ "Alice In the Wonderland " တို့လို့ "The Wizard of Oz"တို့လို လက်တွေ့ကမ္ဘာကြီးတစ်ခုကနေ စိတ်ကူးယဉ်ဆန်တဲ့နေရာလေးတစ်ခုကိုရောက်သွားတဲ့ပုံစံမျိုးပါပဲ။ မတူတာတော့ အထက်ကဇာတ်ကားနှစ်ကားလိုမျိုးမှော်ဆန်ဆန်ဇာတ်လမ်းအသွားအလာနဲ့ Fantasy ဖြစ်စေတာမျိုးမဟုတ်ပဲနဲ့ Mystery ပုံစံနဲ့ dramaခင်းပြီး fantasy ဖြစ်စေတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရိသဲ့သဲ့လုပ်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်ယောက်ျားလေးဝန်ထမ်းတွေနဲ့ နှိပ်စက်အနိုင်ကျင့်တတ်တဲ့အထက်လူကြီးရှိတဲ့ဟိုတယ်မှာ အလုပ်လုပ်နေရတဲ့အန်နာတစ်ယောက်၊ မုန်တိုင်းကတိုက်မီးကပျက်တဲ့တစ်နေ့ မိန်းကလေးတစ်ယောက်ရဲ့အသံကို ကြားပြီးတဲ့နောက် ထူးဆန်းတဲ့အိပ်မက်လိုနေရာလေးတစ်ခုကိုရောက်သွားရာကနေ...... Mayday ဆိုတဲ့ ဒီဇာတ်ကားလေးဖြစ်လာတယ်ဆိုပါတော့ . . . ဒီဇာတ်ကားလေးက Raindance Film Festival(2021) မှာ Best Cinematography Awardရထားတာဆိုတော့ ရိုက်ကူးထားတဲ့ရိုက်ချက်လေးတွေဖန်တီးမှုတွေလေးတွေကလှပသလို အတွေးလေးတွေပါရသွားစေနိုင်တဲ့ကားလေး ဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size - (2.14 GB)/(1.13 GB)/(700 MB) Quality – BluRay- (1080p)/(720p)/(480p) Duration - 2hr 10min Subtitle – Myanmar Hardsub Format ...
movie
Mayday (2021)
2021
6.0
The Children (2008)
The Children (2008) ============================= ခရစ်စမတ်ပွဲတော်ကို ဆင်နွှဲဖို့ Elaineတို့ မိသားစုဟာအမဖြစ်သူ Chloe ရဲ့ တသီးတခြားဖြစ်နေတဲ့ကျေးလက်အိမ်လေးကိုအလည်သွားခဲ့ကြပါတယ်..အဲ့ဒီအိမ်လေးမှာ ကလေးတွေဟာ ရောဂါပိုးကူးစက်ခံရပြီးရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်သမားလေးတွေ ဖြစ်သွားတဲ့အခါ...အချင်းချင်းသံသယတွေ ကိုယ်စီနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲ ..ပျော်ရွှင်စရာအားလပ်ရက်ခရီးလေးကနေ ပြောင်းလဲသွားတဲ့ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးကြီးကနေ ရှင်သန်နိုင်ကြမလား.......ဆိုတာကိုသည်းထိတ်ရင်ဖို စောင့်ကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်အခုလို Christmas ကာလလေးကို Christmas horror, thrillerဇာတ်ကားကောင်းလေး ကြည့်ရင်း ကျော်ဖြတ်လိုက်ကြရအောင် File size…1.8Gb / 880MB Quality… 1080p Blu Rayx264 AAC 5.1CH / 720p Format…Mp4 Duration….1h 24mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khaing Su Su Htun
movie
The Children (2008)
2008
6.5
Murder on the Orient Express (2017)
Murder on the Orient Express (2017) IMDb - 6.5/10_____Rotten - 61% စာရေးဆရာမ အဂါသာ ခရစ္စတီးရဲ့ ၁၉၃၄ တုန်းက နာမည်ကျော်ဝတ္ထုကို အခြေခံပြီး ဒါရိုက်တာကဲနက်ဘရာနက် က ရိုက်ကူးထားတာပါ။၁၉၃၄ ဆောင်းရာသီကာလ မြင်ကွင်းနဲ့အတူ နာမည်ကျော် ဘယ်လ်ဂျီယံစုံထောက် ဟာဂျူလီပွိုင်ရော့တ်ဟာ ဂျေရုဆလင်က ခိုးမှုတစ်ခုကို ဖော်ထုတ်ပြီးနောက် ခရီးသွားပြီးအပန်းဖြေဖို့ စီစဉ်ခဲ့ပါတယ်။အဲဒါနဲ့ အစ္စတန်ဘူလ်ကို သွားခဲ့ပြီးOrient Express ရထားကုမ္ပဏီ ဒါရိုက်တာ သူ့မိတ်ဆွေဘော့နဲ့ တွေ့ဆုံခဲ့ပါတယ်။လန်ဒန်ကနေ သံကြိုးစာရတဲ့အတွက် ပွိုင်ရော့တ်တစ် ယောက်ဘော့စီစဉ်ပေးတဲ့ရထား ခရီးစဉ်နဲ့ အရေးပေါ်အိမ်ပြန်ဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပွိုင် ရော့တ်ကို ဆမ်မြူရယ်ရက်ချက် ဆိုတဲ့ အမေရိကန်သူဌေးတစ် ယောက်က သုံးရက်တာ ရထား ခရီးစဉ်အတွင်းမှာ သက်တော် စောင့်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ အမည်မသိပါတီတစ်ခုရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်စာပို့ခံရတဲ့ အတွက် ပွိုင်ရော့တ်ကိုငှားတာ ဖြစ်ပေမယ့် ပွိုင်ရော့တ်ကလက် မခံခဲ့ပါဘူး။နောက်တစ်နေ့ ...
movie
Murder on the Orient Express (2017)
2017
4K HEVC
7.2
Mad Detective (2007)
Mad Detective (2007)IMDb Rating (7.2)/Rotten Tomatoes (81%)ဒီဇာတ်ကားက မြင်နေကျ စုံထောက်ကားနဲ့မတူဘဲ အလွန်ပဲ ဒိပါတယ်... Mad Detective ဆိုတဲ့ အတိုင်း အရူးစုံထောက် ဘန်းရဲ့ အကြောင်းပါ..ဇာတ်လမ်းအကျဥ်းကတော့ ... ဘန်းဟာ စုံစမ်းစစ်ဆေးရေးမှာ အရမ်းကို တော်တဲ့စုံထောက်ဖြစ်ပေမယ့် သူ့ရဲ့ ရူးကြောင်ကြောင်လုပ်ရပ်တွေကြောင့် ရဲဘ၀ကို စွန့်လွှတ်ခဲ့ရပါတယ် ဘန်းရဲ့ ထူးခြားတဲ့ ပါရမီ တစ်ခုကတော့ လူတွေရဲ့ အတွင်းစိတ်ကို လူတစ်ယောက်အသွင်နဲ့ မြင်နိုင်တာပါ...ရဲအရာရှိတစ်ယောက် ပါတနာနဲ့ အတူ သူခိုးဖမ်းရင်း ပျောက်ချင်းမလှ တစ်နှစ်ခွဲလောက်ပျောက်နေတဲ့ ဒီအမှုဟာ အရာရှိဟိုရဲ့ လက်ထဲရောက်လာပါတော့တယ် ရဲအရာရှိ ဟိုကတော့ ဘန်းကို လေးစားခဲ့ရသူတစ်ဦး ဖြစ်တဲ့အလျောက် ဒီအမှုကို ဘယ်လိုမှ မဖြေရှင်းနိုင်တော့ချိန်မှာ ဘန်းကို အကူအညီတောင်းပါတော့တယ်... ဘန်းဟာ တကယ်ပဲ ရူးကြောင်ပြီး လျှောက်ပြောနေတာလား အတွင်းစိတ်တွေကို တကယ် သိမြင်နိုင်တာလား... ဒါကိုတော့ ဇာတ်လမ်းကြည့်ရင်း အဖြေရှာအမှုလိုက်ကြဖို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(1 ...
movie
Mad Detective (2007)
HEVC 1080p
6.2
Antlers (2021)
Antlers (2021) =============== IMDb Rating - 6.2/10Story telling ဆိုတာ ရှေးလူကြီးတွေရဲ့ ဓလေ့တွေ ယဥ်ကျေးမှုတွေ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို နောင်လာနောက်သားတွေဆီ ပြောပြတဲ့ နည်းလမ်းတစ်ခုပါ။ Storytelling လို့ပြောတဲ့နေရာမှာ တကယ့်သမိုင်း တွေသာမက fairytale တွေ၊ ဒဏ္ဍာရီတွေလည်း ပါဝင်တယ်။အဲ့လိုနဲ့ အော်ရေဂန်ဒေသက ရှေးတိုင်းရင်း အမေရိကန်လူမျိုးတွေရဲ့ ယုံတမ်းပုံပြင်တွေ အစပျိုးခဲ့တယ်။ဇာတ်လမ်းအကျဥ◌်းလေးပြောရရင် . . . ဂျူလီရဲ့ အတန်းထဲမှာ ထူးဆန်းတဲ့ လူးကတ်လို့ခေါ်တဲ့ ခပ်ပိန်ပိန်ကောင်လေးတစ်ယောက်ရှိတယ်။ ဘယ်သူနဲ့မှလည်း အပေါင်းအသင်းမလုပ်သလို အနိုင်ကျင့်တာလည်း ခံနေရတယ်။ တစ်နေ့ ဂျူလီက ပုံပြင်ပြောပြဖို့ ရေးခဲ့ပါဆိုပြီး အိမ်စာပေးလိုက်တယ်။ တခြားကလေးတွေက သာမန် နတ်သမီးပုံပြင်တွေ ပြောပေမယ့် အဲ့ကောင်လေးကတော့ မတူထူးဆန်းနေတယ်။"ဝက်ဝံ၃ကောင်ဟာ တောင်ပေါ်က အေးစက်တဲ့ ဂူမှာနေတယ် ဝက်ဝံကြီးရယ် ဝက်ဝံလေးရယ် ဝက်ဝံပေါက်လေးရယ်ပေါ့ ဝက်ဝံကြီးက အားလုံးကို စောင့်ရှောက်ရတာပေါ့ တစ်နေ့ဝက်ဝံလေးပြန်လာတော့ ဝက်ဝံကြီးနဲ့ ဝက်ဝံပေါက်လေးက ထူးဆန်းနေတယ် ဝက်ဝံကြီးက နေမကောင်းဖြစ်နေပြီး စားစရာ အသားလည်းမရှိတော့ဘူး"လူးကတ်ပြောပြတဲ့ ပုံပြင်ကို ဂျူလီကြားပြီးနောက် ...
movie
Antlers (2021)
2021
6.8
Knock Knock ( 2021 )
ဒီ knock knockဇာတ်ကားတော့ တော်တော်စဉ်းစားပြီးခေါင်းခြောက်စွာကြည့်ရမဲ့ မှုခင်းဇာတ်ကားလေးပါဇာတ်ကားအစမှာတော့ လောင်လီဆိုတဲ့သူခိုးတစ်ယောက်က သူ့ရဲ့သားလေးဆေးကုပေးဖို့အတွက်ပိုက်ဆံခိုးဖို့ လူနေအဆောက်အအုံဟောင်းတစ်ခုကို ဝင်သွားတာကနေ စတင်ခဲ့တဲ့ လူသတ်မှုတစ်ခုဖြစ်ပါတယ်အဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်က ထူးထူးဆန်းဆန်းအသတ်ခံထားရတာကိုတွေ့ပါတယ်အဲ့အချိန်မှာ သူခိုးဖြစ်သူ လောင်လီက အိမ်ထဲမှာ လူငယ်တစ်ယောက်ကိုတွေ့ရာမှလူသတ်သမားထင်ပြီး ဒီလူသတ်အမှုကြီးထဲလည်းမပါအောင် ပိုက်ဆံလည်းရအောင် ခြိမ်းခြောက်ပြီးငွေညစ်ရာမှပစ္စည်းပို့သမားဖြစ်တဲ့ မာမင်လျန့်က ရုပ်တရက်ကြီးအဆောက်အအုံထဲကိုရောက်နေပါတယ်သူတို့ ၃ယောက် ဒီအမျိုးသမီးအလောင်းကိုကြည့်ပြီး ဘယ်လိုဆက်လုပ်ကြမလဲပစ္စည်းပို့သမား မာမင်လျန့်ကရော ဘာဖြစ်လို့အိမ်ထဲကိုရောက်နေတာလဲလူသတ်သမားက ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုပေးကြပါ Quality : WEB-DL 1080pFormat : mp4Genres : Comedy , Drama , Crime , MysteryDuration : 1h 47minSubtitle : Myanmar Subtitle ( Hardsub )Translated By A Pu Lay & Nu MonEncoded By ...
movie
Knock Knock ( 2021 )
4.2
Two (2021)
Thriller ချစ်သူများအတွက် ရာသီအေးအေးမှာ Chill လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ လူဆိုတာဘယ်တော့မှ တစ်ယောက်တည်းနေလို့မရပါဘူး အထီးကျန်ပြီးအဖော်မဲ့တဲ့ခံစားချက်ကြောင့် သူတို့ကို အဖော်ပြုပေးနိုင်တဲ့ တစ်စုံတစ်ယောက်တော့ လိုအပ်တာပါပဲလေဇာတ်လမ်းရဲ့အစမှာတော့ ဆာရာဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဒေးဗစ်ဆိုတဲ့အမျိုးသားတစ်ယောက်တို့ဟာ အခန်းတစ်ခန်းထဲမှာ အတူတူနှိုးထလာကြပါတယ်။တစ်ယောက်ကိုတစ်ယောက်လည်း သိကျွမ်းခြင်းမရှိကြတဲ့သူစိမ်းတွေဖြစ်ပြီးကုတင်တစ်ခုတည်းမှာကို ထပ်ရပ်သား နှိုးလာခဲ့ကြတာပါ။ဒီထပ်ပိုတဲ့အကြောင်းရင်းကတော့ သူတို့၀မ်းဗိုက်အရေပြားအချင်းချင်းကိုလည်း ပူးပြီးချုပ်ခံထားကြပါတယ်။သူတို့ ဘာလို့ အဲ့လိုအချုပ်ခံထားရတာလဲ သူတို့အခု ဘယ်မှာရောက်နေတာလဲ သူတို့ကိုဒီလိုမျိုး နောက်ကွယ်ကနေ လုပ်နေတဲ့သူက ဘယ်သူလဲ ဒီလိုပုံစံ ဒီလိုအဖြစ်ကနေရောသူတို့ လွတ်မြောက်အောင်ကြိုးစားနိုင်ပါ့မလားဆိုတာ သည်းထိတ်ရင်ဖို Thriller ရုပ်ရှင်တစ်ခုပီပီကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်(အညွှန်းရေးပြီး ဘာသာပြန်ထားသူတွေကတော့ Thura Hein နဲ့ Tarteepoe ပဲ ဖြစ်ပါတယ်) File size…193MB / 900MB / 500MB Quality…720p HEVC Small Size / 1080p NF WEB Dl AAC 5.1CH / 720p Format…mkv Duration….1h ...
movie
Two (2021)
2021
6.9
The Fable: The Killer Who Doesn’t Kill (2021)
The Fable : The Killer Who Doesn't KillIMDb - 6.9/10ဇာတ်လမ်းအညွှန်းလေးကတော့....ဘယ်လိုရန်သူမျိုးကိုမဆို ၆ စက္ကန့်နဲ့သတ်နိုင်တယ်လို့ နာမည်ကြီးတဲ့ ဒဏ္ဍာရီလာလူသတ်သမား Fable ဟာ အထက်ကအမိန့်အရ သူ့ဘဝကိုသာမန်လူတစ်ယောက်လိုဖြတ်သန်းပြီး လူမသတ်တော့ဘဲ အနားယူနေတဲ့အချိန်မှာတစ်ချိန်က သူ့မစ်ရှင်တစ်ခုကြောင့် ကြားညပ်ကံဆိုးသွားပြီး အောက်ပိုင်းသေသွားတဲ့ Masaki ဆိုတဲ့ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ပြီး လမ်းပြန်လျှောက်နိုင်အောင် ကူညီပေးဖို့ကြိုးစားပါတော့တယ်။အဲ့အချိန်မှာ သူနဲ့ရန်ကြွေးရှိခဲ့ဖူးတဲ့ ပိုက်ဆံရရင်အကုန်လုပ်တဲ့ ဒုစရိုက်သမားက တစ်ဖက်မှာတော့ ကလေးသူငယ်ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုကို ဦးစီးပြီးသူတော်ကောင်းယောင်ဆောင်ရင်းတစ်ဖက်မှာတော့ လူပြန်ပေးဆွဲပြီးငွေညှစ်နေတဲ့ မျက်နှာနှစ်ခုနဲ့လူ Utsubo ရဲ့လက်ထဲကနေ ဒုက္ခတိဖြစ်နေတဲ့ကောင်မလေးကို ဘယ်လိုကယ်တင်မလဲ၊ သူ့ကိုလက်စားချေဖို့လုပ်နေတဲ့ Utsubo တို့အဖွဲ့ကိုရော လူမသတ်ဘဲနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။Review and Franslated by : Moe Pwint PhyuGenre.....Action, Comedy, Mystery Quality….WEB-DL 1080p and 720p and 360p File size…1.8GB and 1GB and 356MB Format…mp4 Duration….2h 13min Subtitle….Myanmar Subtitle (Hardsub) Translator ..... Moe Pwint ...
movie
The Fable: The Killer Who Doesn’t Kill (2021)
2021
Detective Dee: The Sly Red Eye (2021)Di Renjie Red Eyes
ဒါကတော့ CM ကနေ ငါးကားမြောက်အဖြစ် တင်ဆက်ပေးမယ့် Young Detective Dee ဇာတ်ကားပါပဲ။ အရင်ကားများကို ကြည့်ဖူးသူများကတော့ နှလုံးပီတိ ဂွမ်းဆီထိပြီး ကြည့်ရမယ့် ဇာတ်ကားပေါ့။ Dee ရဲ့ ဟန် အရရော စုံထောက်ဇာတ်လမ်း ဟန် အရရော ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်စေရမယ့် ဇာတ်ကားတွေပေါ့။မကြည့်ဖူးသေးတဲ့ သူများအတွက်တော့ CM မှာ အရင်တင်ထားတဲ့ ဇာတ်ကားတွေကို ထွက်ရှိရာခုနှစ်ကို အလိုက် ကြည့်ရှုသင့်ပါတယ်။ဒီနေရာမှာ တစ်ခုပြောစရာရှိတာကတော့ မင်းသားတွေပါပဲ။ အဓိကဇာတ်ဆောင်မင်းသား နှစ်ယောက် ရိုက်ကူးထားပါတယ်။ Mark Chao နဲ့ Andy Lau တို့ပါ။ တကယ်တမ်း Dee ဇာတ်ကောင်နဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးသွားတဲ့ မင်းသားကြီး Andy Lau ကတော့ ကျွန်တော့်ရဲ့ အကြိုက်ဆုံးပါပဲ။ Mark Chao ...
movie
Detective Dee: The Sly Red Eye (2021)Di Renjie Red Eyes
4K HEVC Web-DL
5.1
The Whole Truth (2021)
The Whole Truth (2021)အမှန်တရားဆိုတာက တခါတလေမှာ အမှောင်ထုထဲမှာ ဖုံးကွယ်နေတဲ့ အပေါက်မဲမဲသေးသေးလေးလိုပါပဲဖင်နဲ့ဖတ် မောင်နှမနှစ်ယောက်က မိခင်ဆေးရုံတက်ရပြီးနောက်အဖိုးနဲ့အဖွား လို့ ဆိုတဲ့သူနှစ်ယောက်က အိမ်မှာ ခဏ လာနေဖို့ ခေါ်တာကြောင့် သွားနေခဲ့ကြရတယ်သူတို့မှာ အဖိုးနဲ့အဖွားရှိတယ်ဆိုတာ တစ်ခါမှမသိခဲ့တာကြောင့် သူတို့တွေက အဖိုးနဲ့အဖွားဆိုတာ တကယ်ရောဟုတ်ရဲ့လားမောင်နှမနှစ်ယောက်က အိမ်ထဲမှာ အပေါက်တစ်ခုကို ရှာတွေ့ခဲ့ချိန်မှတော့ ...ထူးဆန်းတဲ့အိမ်ကြီးထဲက အဲ့ဒီအပေါက်လေးမှာ ဘာအမှန်တရားတွေ ရှိနေမှာလဲဒီအပေါက်ကနေ ဘာဆိုးကျိုးတွေ ဖြစ်နိုင်မလဲသူတို့မောင်နှမနှစ်ယောက်အတွက် နောက်ဆုံးအမှန်တရားက ဘာများလဲဆိုတာ...အညွှန်းနဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre.....Drama, Horror, Mystery Quality….WEB-DL 1080p and 720p File size…1.5GB and 928MB and 450MB Format…mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun Encoder ..... August
movie
The Whole Truth (2021)
5.9
The Feast (2021)
The Feast (2021)ချမ်းသာတဲ့ မိသားစုတစ်စုဟာ ဝေလတောင်တန်းတွေကြားမှာ အိမ်တစ်အိမ်သီးသန်းဆောက်ပြီးနေထိုင်ပါတယ် (ဝေလနိုင်ငံဆိုတာတော့ UK ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံပါ ဝေလလူမျိုးတွေရဲ့ အင်းဂလိပ်စကားက ရှေးဟောင်းအင်းဂလိပ်စကား အစစ်ပါ)တစ်နေ့တော့ သူတို့ရဲ့ စီးပွာရေးသမားတစ်ယောက်ရယ် အိမ်နီးနားချင်းတစ်ယောက်ရယ်နဲ့ အတူ ညစာစားဖို့ စီစဉ်ထားကြပါတယ် ညစာစားပွဲမှာ ဘယ်ကမှန်းမသိတဲ့ ကောင်မလေးတစ်ယောက်က အိမ်အကူအဖြစ် လာကူညီပေးပြီးတော့ ဆိုးရွားမှုတွေအများကြီး စဖြစ်လာပါတော့တယ်အဲ့ဒီကောင်မလေးက ဘယ်သူလဲ သူတို့ကရော ညစာစားပွဲမှာ ဘာတွေဆက်ဖြစ်ကြမှာလဲ ဆိုတဲ့ မေးခွန်းတွေ သွေးထွက်ကြမ်းတဲ့ horror scenes တွေနဲ့အတူ dialogueတစ်ခုချင်းစီက သင့်ကို ဇာတ်လမ်းအကြောင်းနားလည်အောင် ရှင်းပြသွားမှာပါHorror vibe လေးခံစားချင်ပြီး plot twistလည်း ကြိုက်တဲ့သူတွေအဖို့တော့ ကြည့်ရတန်တဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါ( ဘာသာပြန်ပြီ အညွှန်းရေးသားထားသူကတော့ Thura Hein ပဲ ဖြစ်ပါတယ်)File Size__(1.7GB) / (850 MB) Quality__1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:33:00 Type__Drama , Horror ...
movie
The Feast (2021)
8.3
Psych 3: This Is Gus (2021)
သောက်တလွဲသူငယ်ချင်းနှစ်ယောက် Gus နဲ့ Shawn Spencer တို့ရဲ့ Psych ကတော့ အသစ်ထွက်လာပါပြီ။ Psych series ကနေ Psych 1 နဲ့ Psych 2 ထွက်ခဲ့ပြီးတော့ အခု Psych 3 ထွက်လာပါပြီ။ ( Psych2ကို Channel Myanmarမှာတင်ပေးဖူးပါတယ်)အခုဒီအပိုင်းမှာ Gus ကို အဓိကဇာတ်ကောင်အနေနဲ့ထားထားပါတယ်။ Gus က မကြာခင်ကလေးမွေးတော့မယ့်သူ့ချစ်သူနဲ့မင်္ဂလာဆောင်ဖို့ စီစဉ်နေချိန်မှာ Shawn Spencerရဲ့ သံသယတစ်ခုကနေအခြေတည်ပြီး Gusချစ်သူရဲ့ နောက်ကြောင်းတွေပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့နှစ်ယောက်သားလိုက်စုံစမ်းရင်းကနေတလွဲတွေဖြစ်လာတဲ့အခါမှာတော့...Psych ဇာတ်ကားပီပီ Crime,Comedy, Mystery အပြည့်နဲ့ ကြည့်ရရှုရမပျင်းရတဲ့ ကားကောင်းလေးတစ်ကားပါလို့ ညွှန်းပါရစေ။( အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.7GB) / (900 MB) Quality__1080p, 720p IMDb Rating__8.3/10 Format__mp4 Duration__01:40:00 Type__Comedy, Crime, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Chit ...
movie
Psych 3: This Is Gus (2021)
8.4
Adele One Night Only(2021)
Adele : One Night Only (2021)25 album ထွက်ရှိပြီးနောက် ခြောက်နှစ်အကြာမှာ Grammy ဆုကြီးကို 15 ကြိမ်တိတိဆွတ်ခူးထားတဲ့ Adele ဟာလေးခုမြောက် စတူဒီယို album 30နဲ့အတူ ပရိသတ်ကြီးရှေ့ကို နောက်တစ်ကြိမ် ထပ်မံရောက်ရှိလို့ လာပါပြီ။ဒီ Concert Movie လေးမှာ Adele ရဲ့ အကျော်ကြားဆုံး သီချင်းဟောင်းမြောက်များစွာအပြင်နိုဝင်ဘာ ၁၉ ရက်နေ့မှာမှ ထွက်ရှိလာမဲ့ 30album ထဲက သီချင်းတွေကိုလည်း ဖျော်ဖြေပေးထားပါတယ်။ဒါပေမဲ့ ထူးခြားချက်တစ်ခုကတော့ သီချင်းတွေကြီး သီဆိုသွားတာမျိုး မဟုတ်ဘဲ30album မြစ်ဖျားခံရာ အကြောင်းအရင်းများစွာကိုပါ အင်တာဗျူးလုပ်ရင်း ဖြေကြားပေးခဲ့ပါတယ်။ပရိသတ်ကြီးတို့ သိကြတဲ့အတိုင်းပဲ Adele ဟာ အင်တာဂရမ် Live လုပ်ရင်း30 Album ဟာ ကွာရှင်းမှုနဲ့ပတ်သက်ပြီး ရေးစပ်ခဲ့တဲ့အကြောင်းအရာတွေဖြစ်ကြောင်း ဖြေကြားခဲ့တာပါ။ဒီ Album ကနေ တဆင့် မအောင်မြင်ခဲ့တဲ့ အိမ်ထောင်ရေးဘဝ၊ ...
movie
Adele One Night Only(2021)
2021
4.8
The Accursed (2021)
Horror ကြိုက်တဲ့ ပရိသတ်တွေအတွက် India horror ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..ဟန်နာနဲ့ အိုင်ရှဲတို့က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်..တစ်နေ့တော့ ဟန်နာက အိုင်ရှဲကောင်လေးနဲ့ဖောက်ပြန်နေခဲ့တာကို အိုင်ရှဲမိသွားတော့ ဟန်နာတို့မိသားစုသေအောင်လို့ ကျိန်စာတိုက်ခဲ့ပါတယ်..ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုန်းရင်းဆန်ခက်ဖြစ်ရင်း အိုင်းရှဲ သူ့ရဲ့ကျိန်စာနောက်ဆုံးစကားလုံးကိုမပြောဘဲ သေခဲ့ရပါတယ်..ဟန်နာဟာ နှစ် ၂၀ လုံး ဒီကိစ္စကြီးကို ဖုံးဖိထားနိုင်ခဲ့ပေမဲ့ တစ်နေ့မှာတော့ အမှတ်မထင်ထားတာတွေဖြစ်လာခဲ့ပါတယ်..အိုင်ရှဲရဲ့ကျိန်စာနောက်ဆုံးစကားက ဘာဖြစ်မလဲ..အဲ့ဒီကျိန်စာကြောင့် ဟန်နာတို့မိသားစုတွေရောဘယ်လိုတွေအဆုံးသတ်သွားမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုလိုက်ရအောင်... File size…1.19Gb / 766MB Quality…1080p WEB RIP AAC5.1Ch / 720p Format…Mp4 Duration….1h 24min Subtitle….Myanmar Subtitle ( Hard Sub) Encoder….YK Translated by Honeyey
movie
The Accursed (2021)
2021
6.1
Bordertown (2006)
Bordertown (2006)Bordertown ဆိုတဲ့ကားလေးက JLo ရဲ့ နာမည်ကျော်ကားလေးတစ်ကားဖြစ်သလို တကယ့်အဖြစ်မှန်တွေ ပြည့်နှက်နေတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။အကျင့်ပျက်ချစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ မက္ကဆီကိုနိုင်ငံက Juarez ဆိုတဲ့နယ်စပ်မြို့လေးမှာ မိန်းကလေးတွေကို မုဒိန်းကျင့် လူသတ်မှုတွေက ထောင်နဲ့ချီပြီးရှိလို့နေတယ်။ တစ်ရက်တော့ အဲဒီလို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခံရတဲ့ မိန်းကလေးတစ်ယောက်က မသေပဲ ပြန်ရှင်လာခဲ့တယ်။ JLo ကတော့ အမေရိကန်က သတင်းထောက်တစ်ယောက်ပေါ့... သတင်းထောက်ဆိုတဲ့အတိုင်း စပ်စပ်စုစုနိုင်ပြီး ဒီကိစ္စကို အတော်လေးလိုက်ရတယ်။ ကြားထဲမှာလည်း အရင်က သူနဲ့ ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ နယ်ခံသတင်းထောက်တစ်ယောက်နဲ့ ပေါင်းပြီး ကောင်မလေးကိုလည်း ကာကွယ်ရင်း အသက်နဲ့စတေးပြီး ဒီသတင်းကို လိုက်ခဲ့ရတဲ့အကြောင်းတွေကို စိတ်ဝင်တစားကြည့်ရမှာပါ။ မကောင်းတဲ့ အစိုးရရဲ့ လက်အောက်မှာ အမျိုးသမီးတွေ ခေါင်းပုံဖြတ်ခံရမှု အကာအကွယ်မဲ့မှုအသက်တွေ တန်ဖိုးမဲ့မှုတွေကို CM ပရိသတ်တို့ စာနာမိမှာပါ...Jennifer Lopez နဲ့ Antonio Banderas ...
movie
Bordertown (2006)
2006
5.0
Sweet River (2020)
Sweet River (2020)==============ချစ်မြတ်နိုးရ၊ တန်ဖိုးထားရတဲ့ တစ်စုံတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ သူအဖို့ "ပျောက်သောသူ ကြာရင်မေ့" ဆိုတဲ့ အဖြစ်မျိုးလည်း ရှိနိုင်သလို ဘယ်သောအခါမှ ကုစားမရတဲ့ နောင်တအဖြစ် အမြစ်တွယ်သွားတာလည်း ရှိတတ်တယ် မဟုတ်လား၊ တချို့ ပူဆွေးမှုတွေဆိုရင် ကိုယ်တိုင် မေ့ဖျောက်ချင်စိတ်မရှိဘဲ တမ်းတမ်းတတ ဖြစ်နေတတ်တာမျိုးမှတ်လား။ဒီရုပ်ရှင်ရဲ့ Genre ဟာ Horror , mysteryပါ၊ ဒါပေမဲ့ အဓိကဇာတ်ဆောင်၂ယောက်ရဲ့ ဇာတ်ကောင်အပေါ် စီးမြောမှု၊ သရုပ်ဆောင်မှုတွေအောက်မှာ ဒီဇာတ်ကားဟာ Dramaပိုင်းကို မသိမသာ ပိုကဲသွားပါတယ်၊ သို့ပေမဲ့လည်း ရုပ်ရှင်ရဲ့ အဓိက theme ဖြစ်တဲ့ ပဟေဠိ ဆန်မှု၊ ခြောက်ခြားဖွယ်ကောင်းမှုကိုလည်း လျော့မသွားဘဲ ရိုက်ပြထားနိုင်တာကိုက ဒီကားရဲ့ဆွဲဆောင်မှုရှိတဲ့အချက်ပါကွင်းဆက်လူသတ်သမားလက်ထဲမှာ ဖမ်းခံလိုက်ရပြီး သေသလား၊ ရှင်သလားတောင် မသိတဲ့အခြေအနေအတွက် မိခင်ဖြစ်သူ Hanna ဟာ ချောင်ကျတဲ့ Billinsမြို့လေးကို ကိုယ်တိုင်စုံစမ်းအဖြေရှာဖို့ တစ်ကျော့ပြန်ရောက်လာခဲ့ပါတယ်၊သားသည်မိခင်တွေရဲ့ အပူကို ဘယ်အပူမှ မမီနိုင်ဘူး ဆိုသလို သားဇောနဲ့ မရမကအဖြေရှာဖို့ ကြိုးစားနေတဲ့ Hannaအတွက် အချိန်ကြာလေ၊ သိရှိလာလေကတော့ သူရှာနေတဲ့အဖြေဟာ ဒီမြို့လေးရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သတ်နေသလို ဒီမြို့ကရှင်သူတွေရော၊ သေဆုံးပြီးသူ တွေရောက ဒီလျှို့ဝှက်ချက်ကို မပေါ်ပေါက်စေလိုတာ၊ သူ့ကိုဒီမြို့မှာ အလိုမရှိတော့မှန်း ...
movie
Sweet River (2020)
2020
Hideout(2021)
Hideout (2021)ခရီးသွားတဲ့အခါမျိုး .. ကိုယ်နဲ့မရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုကိုသွားရတဲ့အခါနယ်ခံအိမ်တစ်အိမ်မှာ မဖြစ်မနေတစ်ညတာတည်းခိုခွင့်တောင်းရတာလိုမျိုးအခြေအနေတွေဖြစ်လာနိုင်တယ်မလား .. အိမ်အကြောင်း၊ အိမ်သားတွေအကြောင်း၊ပတ်ဝန်းကျင်အကြောင်း ဘာမှမသိရတဲ့နေရာမျိုးမှာ တစ်ညတာဖြတ်သန်းဖို့ဆိုတာတော့ တကယ်ပဲ ကျောချမ်းစရာကောင်းတဲ့အဖြစ်မျိုးပါ။“Hideout” ဒီကားလေးမှာတော့ Sarah, Reed, Kyle နဲ့ Rick တို့လေးယောက်က အရက်ဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ရာကနေအပြန်အလှန်ပစ်ခတ်ကြရင်း Reed တစ်ယောက် သေနတ်ကျည်ဆန်မှန်သွားခဲ့ပါတယ်။ ဓားပြတိုက်ခဲ့တဲ့ရာဇဝတ်သားတွေမို့ဆေးရုံသွားလို့လည်းမရ ဒဏ်ရာကလည်း သွေးတွေထွက်လွန်းနေတော့ အရေးပေါ်တည်းခိုပုန်းအောင်းဖို့အိမ်ရှာရပါတော့တယ်။ဒီလိုနဲ့လမ်းခရီးကအိမ်တစ်အိမ်ကိုတစ်ညတာတည်းခိုခွင့်နဲ့ဆေးကုသခွင့်တောင်းပြီးနေဖြစ်ခဲ့ကြရာကနေ အိမ်ပိုင်ရှင်မြေးအဘွားနှစ်ယောက်ရဲ့ထူးဆန်းတဲ့အပြုအမူအပြောအဆိုတွေ .. အိမ်ကြီးရဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံဆုံလာခဲ့ရတဲ့အခါမှာ … File size…1.36GB / 900MB Quality…1080p / 720p Format…Mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Lai Laii
movie
Hideout(2021)
2021
4.5
The Siren (2021)
The Siren (2021)ဇွန်ဘီးကားထဲက ဘီဘီအာဂျောရှီး အဓိကသရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ရောက်ရှိလာပါပြီအခြား ပူးတွဲသရုပ်ဆောင်ကလည်း Mine ဇာတ်လမ်းတွဲထဲက အိမ်တော်ထိန်းကြီး အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Park Sung Yeon ပဲ ဖြစ်ပါတယ်။"The Siren" ဆိုတဲ့ ဒီကားထဲမှာတော့ ဘီဘီအာဂျောရှီး ကို သူ့ကို စုံထောက်ရူးတစ်ယောက်အနေနဲ့တွေ့ရမှာပါ။ စုံထောက်အရှိန် မသေသေးဘူးလို့ ပြောရမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ .....Nautic Wave ဆိုတဲ့ ကုမ္ပဏီတစ်ခုကစတင်ခဲ့တဲ့ အဓိပ္ပာယ်လွဲမှားစွာ တီထွင်ထားကြတဲ့ ပစ္စည်းကြောင့်လားဆိုတဲ့ သံသယနဲ့ ကိုယ့်ကိုယ်ကိုသတ်သေမှုကို တိုက်ဆိုင်စွာနဲ့ ဖော်ထုတ်ဖို့ကြိုးစားရင်း အသံလှိုင်းတွေကနေ ဘယ်လိုအကျိုးသက်ရောက်စေတယ် လူကိုပါသေစေနိုင်တယ်ဆိုတာတွေ တွေ့ရှိလာရပြီးဒီအမှုရဲ့ ကြိုးကိုင်သူက ဘယ်သူဆိုတာ ဖော်ထုတ်ရင်း အလွဲလေးတွေနဲ့ အာဂျောရှီး ဘယ်လိုဖြစ်သွားမလဲဆိုတာကို ပဟေဠိဆန်ဆန် သည်းထိတ်ရင်ဖိုကြည့်ရမှာပါMystery , Thriller ကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားလေးပါအညွှန်းကတော့ Khaing Khin ပဲ ဖြစ်ပါတယ်။Original siteGenre.....Horror, Mystery, Thriller, Sci-Fi Quality….WEB-DL 1080p and 720p File size…1.35GB, 866MB and 475MB Format…mp4 Duration….1h 29min Subtitle….Myanmar ...
movie
The Siren (2021)
2021
6
V/H/S/94 (2021)
အရင်ဆုံး ကြိုတင်မှာထားချင်တာက ဒီဇာတ်လမ်းဟာ သွေးထွက်သံယိုတွေ ဆိုးဆိုးဝါးဝါးပါ၀င်တာကြောင့် ကလေးတွေ ကြည့်ဖို့ အဆင်မပြေနိုင်ပါဘူး ပြီးတော့ ဒီကားကို ကြည့်မယ်ဆို ထမင်းသာအရင်ပြေးစားထားလိုက်ပါဗျဒီဇာတ်လမ်းဟာ V.H.S series တွေရဲ့ 4th installment ဖြစ်ပြီး footage anthology horror film ဖြစ်တဲ့အတိုင်း ဇာတ်လမ်းတစ်လျှောက်လုံးကို ဗီဒီယိုတိတ်ခွေ သဏ္ဍာန်နဲ့ အများဆုံးမြင်ရမှာပါဇာတ်လမ်းအကျဉ်းကတော့S.W.A.T အဖွဲ့ဟာ ထူးဆန်းတဲ့ VHS tape တစ်ခုရဲ့ နောက်ကြောင်းကို စူးစမ်းလေ့လာရာကနေ ဆိုးရွားတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကို ဖုံးကွယ်ထားတဲ့ ဓလေ့ထုံးတမ်းတွေကို ရှာဖွေတွေ့ရှိသွားကြပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်ဒီဇာတ်လမ်းမှာ ကျွန်တော်တို့ သာမန်လူ့ဘ၀တွေနဲ့ ကွာခြားတဲ့ အခြေအနေတွေ သဘာ၀ကို လွန်ဆန်နေတဲ့ စမ်းသပ်မှုတွေကို ကြောက်ခမန်းလိလိ မြင်တွေ့ရမှာဖြစ်ပါတယ်File Size : (1.8 GB) & (900 MB) Quality : Bluray rip 1080p & 720 p Running Time : 01:43:00 Format : mp4 Subtitle : Myanmar Subtitle (Hard ...
movie
V/H/S/94 (2021)
5.4
Paranormal Activity: Next of Kin (2021)
Paranormal Activity: Next of Kin (2021)============================ပါရာနော်မယ် ရုပ်ရှင်တွဲတွေကို ဟော်ရာပရိသတ်အတော်များများ သိကြမှာပါ။ဒိုကူမန်ထရီဆန်ဆန် မြင်ကွင်းလေးတွေနဲ့ ကြောက်စရာ မြင်ကွှု်းတွေ သရဲတွေကိုဇာတ်လမ်းကောင်းကောင်းတွေနဲ့ ရိုက်ကူးလေ့ရှိပါတယ်။ဒီရုပ်ရှင်မှာတော့ မာဂေါ့ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို အဓိက ပြသထားတာပဲ ဖြစ်ပါတယ်။မာဂေါ့ဟာ ငယ်ငယ်က သူ့အမေက စွန့်ပစ်တာခံခဲ့ရပြီး မွေးစားမိဘတွေဆီမှာပဲ ကြီးပြင်းလာတာပါ။အသက်ကြီးလာချိန်မှ သူ့အမေ နေခဲ့တဲ့ ထူးဆန်းတဲ့ ရွာလေးကို ရှာတွေ့ခဲ့ပြီး အဲဒီမှာ မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ ထွက်လာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ထူးထူးဆန်းဆန်းရွာထဲကိုရောက်ပြီး ထူးထူးဆန်းဆန်းကြောက်စရာတွေနဲ့ ကြုံလာတဲ့အခါ . . .(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson, Lai Laii မှဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1h 38minSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie
Paranormal Activity: Next of Kin (2021)
2021
First
50
51
52
53
54
Last
Previous
Next