Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mystery
7.0
Vanishing(2022)
Vanishing(2022) အညွှန်း**********************မင်းသားYoo Yeon-Seok အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဒီရုပ်ရှင်ကတော့ ပြင်သစ်ဒါရိုက်တာ Denis Dercourt ရိုက်ကူးပြီး ကိုရီးယား-ပြင်သစ်ပူးပေါင်းတင်ဆက်ရိုက်ကူးထားတဲ့ Crime / Drama ကားကြီးဖြစ်ပါတယ်.. ပြင်သစ်ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြသခဲ့ပြီး ကိုရီးယားမှာလည်း ရုံတင်တဲ့ကားကြီးဖြစ်ပါတယ်...ပြင်သစ်ဆရာဝန် ပရော်ဖက်ဆာ Alice က ပျက်စီးနေတဲ့ အလောင်းတွေကနေ ပြန်လည်အချက်အလက်ရှာဖွေတဲ့နည်းပညာကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ မှုခင်းဆေးပညာပညာရှင်တစ်ယောက်ဖြစ်ပြီး တောင်ကိုရီးယားကို ဆေးပညာဟောပြောပွဲတစ်ခုရှိတာကြောင့်လာရောက်ခဲ့ခြင်းဖြစ်ပါတယ်.... ဒါပေမယ့် အဲ့အချိန်မှာပဲ သူ့ကို ကိုရီးယားရဲတပ်ဖွဲ့က မြစ်ထဲမှာတွေ့တဲ့အလောင်းတစ်ခုကိုစစ်ဆေးပေးဖို့ခေါ်ဆို အကူအညီတောင်းခဲ့ပါတယ်... အဲ့လို ကူညီစုံစမ်းပေးလိုက်တဲ့အချိန်မှာတော့ နောက်ကွယ်က ကြောက်စရာကောင်းလွန်းတဲ့မှုခင်းကြီ:ကိုသိလိုက်ရချိန်မှာတော့... File Size :(1.1GB)(532MB) and (115 MB) Quality : FHDRip 1080p, 720P Format…mp4 Duration…01:30:00 Genre : Action , Drama,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn Nu Swe Encoded by Phyo Pyae
movie
Vanishing(2022)
4.8
DOA: Dead or Alive (2006)
DOA: Dead or Alive (2006) --------------------------- ၂၀၀၆ခုနှစ် အင်တာနက်တွေ သိပ်ခေတ်မထခင်တည်းကကျွန်တော်တို့ စီဒီတွေ ဒီဗီဒီခွေတွေနဲ့ ကြည့်ခဲ့တဲ့ရတဲ့ဖိုက်တာဇာတ်လမ်းလေးပါပဲ. အတော်များများလဲ မှတ်မိကြမယ်ထင်ပါတယ်..မင်းသမီးဖိုက်တာဆိုတာ ဒါမျိုးလို့ဆိုရလောက်အောင် အသေဖိုက် အသေလန်းခဲ့တာပေါ့ဗျာ...ဒီကားထဲမှာ မင်းသမီးကို ရဲတွေဝင်ဖမ်းတော့ ပင်တီဝတ်ပြရင်း လျှပ်တပြက်ဖိုက်ပြလိုက်တာ နောက်ဆုံးသေနတ်နဲ့ပေါင်ကြားချိန်ပြီး ဘော်လီဇစ်တပ်ခိုင်းလိုက်တဲ့ အက်ရှင်ခန်းဆို မျက်လုံးထဲက မထွက်တော့တာမျိုးပေါ့။ဇာတ်လမ်းအကျဉ်းကတော့..တကမ္ဘာလုံးက အတော်ဆုံးကိုယ်ခံပညာရှင်တွေကိုDOAလို့အမည်ရတဲ့ သိုင်းပြိုင်ပွဲတခုကနေ ဖိတ်ခေါ်ခဲ့ပါတယ်.တကမ္ဘာလုံးကို ကိုယ်ခံပညာရှင်ပေါင်းစုံကလဲဒီပြိုင်ပွဲကို စိတ်ဝင်စားကြတယ်. အဲ့ဒီတော့ လာရောက်ယှဉ်ပြိုင်ကြတာပေါ့. ဒါပေမယ့် အဲ့ဒီပြိုင်ပွဲရဲ့ မူမမှန်မှုတွေကိုတော့လာရောက်ယှဉ်ပြိုင်တဲ့ထဲက အချောအလှဖိုက်တာမလေးလေးယောက်က သတိထားမိပြီး ဖော်ထုတ်လိုက်တဲ့အခါမှာတော့...........။ File size…(2.1 GB)/(950 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:27:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Blake
movie
DOA: Dead or Alive (2006)
2006
5.1
Umma (2022)
Umma (2022) ====================== Killing Eve ဇာတ်လမ်းတွဲနဲ့လူသိများတဲ့ ကိုရီးယားမင်းသမီး Sandra Oh ဦးဆောင်ပါဝင်ထားတဲ့ Horror ကားကောင်းလေး ဖြစ်ပါတယ်။ Asian အငွေ့အသက်တွေပါတဲ့ Horror Genre အမျိုးအစားဖြစ်တာကြောင့် ကြောက်ဖို့ မကောင်းမှာတော့ မပူရပါဘူး။ဇာတ်လမ်းပုံစံကတော့ မိခင်ရဲ့ညှင်းပန်းနှိပ်စက်မှုကြောင့် ကိုရီးယားကနေ US ကိုထွက်ပြေးပြီး အခြေချနေထိုင်လာခဲ့တဲ့ အမန်ဒါဟာ ခရစ်ဆိုတဲ့ သမီးလေးတစ်ယောက် အရွယ်ရောက်လာတဲ့အထိပါပဲ။ သားအမိနှစ်ယောက် ပျားမွေးမြူရေးလုပ်ကိုင်ရင်း ဖုန်းမရှိ..အီးမေးလ်မရှိ အင်တာနက်မရှိဘဲ ပတ်ဝန်းကျင်နဲ့အဆက်သွယ်ဖြတ်ကာ ဇာတ်မြှုပ်နေထိုင်ခဲ့ကြပါတယ်။ ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာဖန်လာတော့ အမန်ဒါရဲ့ ဦးလေးဖြစ်သူဟာ ကိုရီးယားကနေ အိမ်ရှေ့တံခါးဝဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတယ်။ သူနဲ့အတူ သေဆုံးသွားတဲ့ အမန်ုဒါအမေရဲ့ အရိုးပြာနဲ့အကြွင်းအကျန်ပစ္စည်းတွေ ပါလာခဲ့ပါတယ်။ သမီးကိုနောက်ဆုံးစွဲလန်းစိတ်နဲ့သေသွားခဲ့တဲ့ အမန်ဒါရဲ့ မိခင် ဝိဉာဉ်ဟာ ခရစ်နဲ့အမန်ဒါတို့ နှစ်ယောက်ဘဝထဲ ဂြိုလ်ဆိုးတွေဝင်လာခဲ့တဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ဒီ Umma ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်Genre.....Drama,Horror, Mystery Quality….WEB-DL 1080p and 720p and 480p File size… 1.47GB and 728MB ...
movie
Umma (2022)
2022
5.9
Kodathi Samaksham Balan Vakeel(2019)
Kodathi Samasksham Balan Vakeel 2019ဟာသဆန်ဆန်နဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ မှုခင်းဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဘာလာခရစ်ရှ်နန်က ရှေ့နေ့တစ်ယောက်ဖြစ်ပြီးတော့ စကားထစ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်အလုပ်မှာထက်မြတ်သလောက် နေရာမရတဲ့သူပါ တစ်နေ့မှာ အဖေဖြစ်သူ ငွေလိုအပ်တာကြောင့်ယောက်ဖဖြစ်သူအပ်တဲ့ အမှုကို ကူညီဖို့လုပ်ရာကနေ အရှုပ်တွေဖြစ်လာတဲ့အခါ....အာနူရာဒါက အဖေတစ်ခုသမီးတစ်ခုနေတဲ့သူဖြစ်ပြီး အဖေဖြစ်သူက လူတစ်ယောက်နဲ့တွေ့ဖို့ထွက်သွားရာကနေ ပျောက်သွားတာကြောင့် ရဲစခန်းမှာ တိုင်ကြားချက်ဖွင့်ထားသူပါသူကလည်း ဘာလာခရစ်ရှ်နန်ရဲ့ အရှုပ်အထွေးမှာ ပါဝင်မိရာကနေ ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲစကားထစ်ရှေ့နေတစ်ယောက် ဒီအရှုပ်အထွေးကို ဘယ်လိုဖြေရှင်းမှာလဲဆိုတာဆက်လက်စောင့်ကြည့်ပါဦးနော် File size…2.4GB / 1.2GB Quality…1080p Web DL AAC 5.1ch /720p Format...mp4 Duration….2h 35min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Shwe Pyae
movie
Kodathi Samaksham Balan Vakeel(2019)
8.0
Solaris (1972)
Solaris (1972)တာကော့စကီးမှာ Features Film ၇ကားရှိတဲ့အထဲ Solarisနဲ့ Stalker နှစ်ကားပဲ Science Fictionပါ။ သူများဝတ္တုကို ရိုက်တာလည်း ဒီ၂ကားပဲ ရှိပါတယ်။ Solarisရဲ့ လက်ကျန်အတွေးစကနေ Stalkerဆက်ဖြစ်လာတယ်လည်း ပြောကြတယ်။ Solarisဟာ Stanisław Lemရဲ့ ဝတ္တုကိုရိုက်ထားတာဖြစ်ပြီး တာကော့စကီးနောက်မှာ Steven Soderberghက တစ်ခါရိုက်ခဲ့ပြီး ရူဆုခဲ ဟမဂုချိကလည်း သူ့ဆရာခိရိုရှိ ခုရိုဆ၀ အကြံပေးမှုနဲ့ ကျောင်းသားဘဝက ရိုက်ခဲ့ဖူးပါတယ်။ တာကော့စကီးရဲ့ Solarisကတော့ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံး Sci-fiတွေထဲက ထိပ်ဆုံးစာရင်းဝင်ကားဖြစ်ခဲ့ပါတယ်။အကြောင်းအရာကတော့ ဆန်းသလိုလို မဆန်းသလိုလိုပါပဲ။ Solarisဆိုတဲ့ ဂြိုဟ်ကြီးကို လေ့လာတဲ့သူတွေရဲ့ အာကာသစခန်းထဲက အဖြစ်အပျက်တွေအကြောင်းပါပဲ။ သိပ္ပံအကြောင်းအရာတွေကလည်း တခြားဘယ်ကားမှာမှ မတွေ့ဖူးတဲ့ အဆန်းကြီးတွေပါပါတယ်။ တာကော့စကီး ရုပ်ရှင်ဆိုတော့ ကိုယ့်အတွေးကို ဒီသိပ္ပံဇာတ်အိမ်ထဲ ဘောင်ဘင်မခတ်တာ အကောင်းဆုံးပါပဲ။ကဗျာဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့ဖို့နေရာလည်း ဟုတ်ပါတယ်။ တာကော့စကီးရုပ်ရှင်ဟာ ...
movie
Solaris (1972)
7.5
The Cinderella Addiction (2021)
The Cinderella Addiction (2021)Genre : Thriller,Mystery,Crime,DramaAlice in Borderland မှာ Usagiအနေနဲ့ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး Tsuchiya Taoနဲ့ မင်းသား Tanaka Keiတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ငယ်ငယ်တုန်းက Disney Princessပုံပြင်တွေမှာဆိုရင် မြင်းဖြူစီးလာတဲ့မင်းသားလေးနဲ့ အခက်အခဲကြုံနေရတဲ့မင်းသမီးတို့ တွေ့ဆုံချစ်ကြိုက်ပြီးလက်ထပ်လို့ Happily ever afterဆိုတဲ့ပုံပြင်တွေကို အသည်းစွဲခဲ့ကြဖူးပါတယ်။ ဘဝမှာလည်း ကံကောင်းစွာနဲ့ ကိုယ့်ကိုကယ်တင်ပေးမဲ့သူပေါ်လာပြီး ဘဝများပြောင်းလဲသွားလေမလားလို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်ဆိုရင်တော့ ဒီဇာတ်ကားကိုကြည့်သင့်ပါတယ်။ကလေးတွေကို တိုင်ပင်စောင့်ရှောက်ပေးတဲ့ဌာနက ဝန်ထမ်းမလေး "ကိုဟရု"ကတော့ ငယ်ငယ်တည်းက မိခင်စွန့်ပစ်တာကိုခံခဲ့ရသူပါ။ ၁၂နှစ်သမီးတည်းက မိခင်ဖြစ်သူထွက်ပြေးသွားပြီး မိခင်မေတ္တာငတ်ခဲ့သူမို့ တာဝန်ယူလိုစိတ်ကင်းမဲ့တဲ့အမေကိုမုန်းပြီး အမေလိုလူတစ်ယောက်မဖြစ်ချင်တဲ့သူပါ။ သူ့အဖေကတော့စက်ဘီးဆိုင်လေးဖွင့်ထားပြီး ညီမဖြစ်သူက အထက်တန်းတက်နေပါတယ်။ တစ်နေ့မှာတော့ အဘိုးဖြစ်သူက ရေချိုးခန်းထဲမှာမူးလဲတာကြောင့် ဆေးရုံပို့ဖို့ ကားနဲ့အပြေးသွားတုန်း အိမ်မှာထွန်းခဲ့တဲ့ခြင်ဆေးခွေကနေ မီးစွဲပြီး အိမ်မီးလောင်ပါတော့တယ်။ အိမ်မီးလောင်သွားတာကြောင့် ရည်းစားဖြစ်သူရဲ့အိမ်မှာ ခဏတည်းဖို့သွားပြန်တော့လည်း ရည်းစားဖြစ်သူက ဖောက်ပြန်နေတာနဲ့ ပက်ပင်းတိုးပါရော။အိမ်ဆုံးရှုံးပြီး ရည်းစားသစ္စာဖောက်လို့စိတ်ပျက်ပျက်နဲ့လမ်းလျှောက်လာတုန်း ရထားသံလမ်းပေါ်မှာ ...
movie
The Cinderella Addiction (2021)
5.0
The Stairs (2021)
The Stairs (2021) =============Horror, Mysteryဆုတွေ 28 wins, 14 nominations လောက်ရထားပြီး အတော်လေးစိတ်ဝင်စားဖို့ ကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ် Horror ကားလေးလာပါပြီ။ ၁၉၉၇ ခုနှစ်မှာ ဂျင်းနဲ့ဂျက်ဆီမာတင်ဆိုတဲ့ မြေးအဖိုး ၂ ယောက်ဟာ အမဲလိုက်ကြရင်း တောနက်ကြီးထဲက လှေကားတစ်ခုနဲ့ လျှိ့ဝှက်တစ်ခါးပေါက်တစ်ခုကို တွေ့ရှိရာကနေ စူးစမ်းရင်း ပျောက်ဆုံးသွားပါတယ်။ သူတို့ နှစ်ယောက်ပျောက်သွားတဲ့ သတင်းဟာ နေထိုင်ရာနယ်မြို့လေးမှာ ဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့ပြီး အဖိုးဖြစ်သူရူးပြီး ကလေးကို ရောင်းစားလိုက်တာလား၊ နှစ်ယောက်လုံး တိရိစ္ဆာန်တစ်ကောင်ကောင်ရဲ့တိုက်ခိုက်မှုကို ခံလိုက်ရတာလား...သို့လောသို့လော မေးခွန်းပေါင်းများစွာနဲ့ အဖြေမရှာနိုင်ဘဲ ဆုံးစုံးမြုပ် သွားခဲ့တာ နှစ်ပေါင်း ၂၀ ကြာသွားခဲ့ပါတယ်။နှစ်ပေါင်း ၂၀ အကြာမှာ သူငယ်ချင်း ၅ ယောက်ပါ အဖွဲ့တစ်ဖွဲ့က ၅ ရက်တာ အပန်းဖြေ ကမ့်ထိုးခရီးထွက်ဖို့အတွက်ပဲ ဒီတောထဲကို ခြေလျင်ခရီးပြန်ထွက်ခဲ့ပါတယ်။ ပျော်ပျော် ရွှင်ရွှင်ခရီးထွက်လာတဲ့ သူတို့အဖွဲ့ကို စိတ်ခြောက်ခြားဖွယ် အန္တိဌာန်အာရုံတွေကနေ တစ်ခုပြီးတစ်ခု ခြောက်လှန့်ပြီး လာရာလမ်းကနေပြန်ဖို့ သတိပေးခဲ့ပေမယ့် ရှေ့ဆက် တိုးရာကနေ ....လွန်ခဲ့တဲ့ နှစ် ၂၀ က ...
movie
The Stairs (2021)
2021
4.5
Master (2022)
Master (2022) ဇာတ်လမ်းအညွှန်း ဒီတစ်ခါ တင်ဆက်ပေးသွားမဲ့ မူဗွီလေးကတော့ Amazon Prime Video ကနေ ပြသသွားခဲ့တဲ့ Master ဆိုတဲ့ Horror, Mystery အမျိုးအစား ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အဖြူ၊ အမည်း လူတန်းစားကို အခြေခံပြီး သမိုင်းဝင် ပုံပြင်တွေနဲ့ နာမည်ကြီးတဲ့ ကျောင်းရဲ့ အဆောင်တစ်ခုအကြောင်းကို ရိုက်ထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ... အခန်းနံပါတ် ၃၀၂ က သရဲခြောက်တယ်။ အဲ့ဒီအခန်းမှာနေဖို့ဖြစ်လာတဲ့ ကျောင်းသားသစ်တွေကိုလည်း နှစ်စဉ် မကောင်းဆိုးဝါးက ခေါ်ဆောင်သွားတယ်ဆိုပြီး နာမည်ကြီးပါတယ်။ဒီလိုနဲ့ လူမည်းကျောင်းသူလေးတစ်ယောက် အဆောင်ကို အသစ်ရောက်လာပြီး အဲ့ဒီအခန်းမှာ နေရဖို့ ဖြစ်လာတဲ့အခါ ...Scary Movie film series တွေမှာ အောင်မြင်ခဲ့တဲ့ မင်းသမီး Regina Hall ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး Viewer တော်တော်များများရဲ့ ချီးမွမ်းမှုကို ရရှိထားတဲ့ Horror, Mystery အမျိုးအစားဖြစ်တဲ့အတွက် ...
movie
Master (2022)
2022
Cube (2022)
Cube (2022)Sci-fic နဲ့ Survival genreမှာ ဂျပန်ရုပ်ရှင်တွေဟာ တန်းတစ်ခုရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ထောင်ချောက်နဲ့ ပဟေဠိတွေ၊ ဘယ်အချိန် ဘယ်လိုနည်းနဲ့ သေမလဲ မှန်းဆမရမှုတွေ၊ ပီပြင်ပြီး သွေးသံရဲရဲနဲ့ သေဆုံးမှုတွေကြောင့် ဂျပန် survival genreဟာ Respectပေးထားရတဲ့ Genreတစ်ခုပါ။ ဒီရုပ်ရှင်ကတော့ မူရင်း ကနေဒါ film series ဖြစ်တဲ့ Cube ရုပ်ရှင်တွေရဲ့ ၄ကားမြောက် ပုံစံမျိုးပါ။ယောကျ်ားသား ၅ယောက်နဲ့ မိန်းမ ၁ယောက်၊ ဘယ်လိုဘယ်ပုံနဲ့ရောက်လာမှန်းမသိလိုက်ဘဲ ကုဗတုံးသဏ္ဍာန် သံအချုပ်ခန်းထဲ အချုပ်ခံထားရသူတွေ၊ ဒီလူ၆ယောက်ဟာ တစ်ဦးနဲ့တစ်ဦးသိတဲ့သူတွေမဟုတ်သလို တစ်ကြိမ်တစ်ခါတောင် မြင်ဖူးခြင်းမရှိတဲ့ သူစိမ်းသက်သက်တွေဆိုပေမယ့် တစ်ဦးချင်းစီရဲ့နောက်ကြောင်းဟာ ရိုးရှင်းမှု၊ရိုးဖြောင့်မှုမရှိတာတော့ တူညီနေသူတွေ...သူတို့ရောက်နေတဲ့ ကုဗတုံးသဏ္ဍာန်အခန်းသည် အလုံပိတ်ရယ်လို့မဟုတ်၊ ဘေးဘီမျက်နှာပြင် ၄ဖက်နှင့် အပေါ်၊ အောက်ဖက်မှာ ကပ်လျက်ကုဗတုံးအခန်းများသို့ ကူးစရာ ဂယ်ပေါက်များရှိနေသည်၊ မြင်သာအောင် ပြောရရင် လူ၆ယောက်ဖမ်းခံထားရသော ကုဗတုံးအခန်းအပါအဝင် တခြားကုဗတုံးအခန်းများစွာ စုစည်းပြီး ဧရာမ ကုဗတုံးကြီးသဏ္ဍာန် ဖန်တီးထားသော ထူးဆန်းသည့် အဆောက်အအုံကြီးဖြစ်သည်။လက်ရှိရောက်နေသည့် အခန်းမှသည် ရွေးချယ်စရာ ဂယ်ပေါက် ၆ပေါက်အထိ ပေးထား၍ ကြိုက်သည့်အပေါက်မှ ...
movie
Cube (2022)
2022
5.5
Deep Water (2022)
Deep Water (2022) တစ်မျိုးတော့မထင်နဲ့ဦး။ တကယ်ကို ထူးဆန်းပြီး ကြောင်တောင်တောင်နိုင်ပြီး အချစ်စမ်းတာက လန့်စရာကောင်းတဲ့ လင်မယားနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါ။ဝက်သားဟင်းကို နေ့တိုင်းစားရတော့ တစ်ခါတလေ ချဉ်ပေါင်ဟင်းလေးလည်း စားချင်တာပေါ့ဆိုတဲ့ သဘောမျိုးပါပဲ။ အရမ်းချစ်ကြတဲ့လင်မယားနှစ်ယောက် အချိန်တွေ ကြာလာတော့ တစ်ယောက်ကို တစ်ယောက်ရိုးလာတတ်ကြသလို သူတို့ကိုမောင်းနှင်နေတဲ့ အချစ်မီးတောက်က လောင်စာတွေလျော့လာတော့ တစ်ယောက်ကိုတစ်ယောက် အပြစ်မြင်လာကြတယ်။ မိန်းမက ယောက်ျားကို အရမ်းပျင်းစရာကောင်းတယ်လို့ မြင်တယ်။ မိန်းမက သူ့ကိုအလေးမထားတော့ဘူး မချစ်တော့ဘူးလို့ ယောက်ျားက မြင်လာတယ်။ လွတ်လွတ်လပ်လပ်နေတတ်တဲ့ မိန်းမက ယောက်ျားမရှိတော့သလိုကို လွတ်လွတ်လပ်လပ်နေလာတယ်။ အဲဒီတော့ အပြစ်တွေ မြင်နေပေမဲ့ ချစ်နေသေးတဲ့ ယောက်ျားက သဝန်တိုတယ်။ဒီအထိတော့ ပုံမှန်အိမ်ထောင်ရေး ဇာတ်လမ်းလေးလိုပါပဲ...ဒါပေမဲ့ မိန်းမနဲ့ ရင်းရင်းနှီးနှီးဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက် ပျောက်နေတာကစပြီး ပုံမှန်မဟုတ်တော့တာပါပဲ။ အဲဒီမိတ်ဆွေပျောက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယောက်ျားဖြစ်သူက သူသတ်လိုက်တာလိုလိုနဲ့ အပေါင်းအသင်းတွေကြား မိန်းမရဲ့ မိတ်ဆွေသစ်တွေကြားမှာ ဂုဏ်ယူစွာနဲ့ ...
movie
Deep Water (2022)
2022
Black Box (2021)
Black Box (2021)==============IMDb Rating - 7.2/10ကြည့်ဖူးနေကြ အမေရိကန် ဇာတ်ကားတွေနဲ့ ကွဲထွက်နေတဲ့ rating မြင့် ပြင်သစ်နိုင်ငံမှ ထုတ်လုပ်ထားတဲ့ ဥရောပရုပ်ရှင်တစ်ခုကို တင်ဆက်ပေး လိုက်ပါတယ်။အဲလ်ပ်တောင်တန်းပေါ်မှာ လေယာဥ်တစ်စီး ပျက်ကျသွားခဲ့ပါတယ်။ ထို လေယာဥ်ဟာ ခရီးသည် ၃၀၀ ကို တင်ဆောင်ပြီး ဒူဘိုင်းကနေ ပဲရစ်မြို့ကို ဦးတည်ပြီး ပျံသန်းလာခဲ့တဲ့ အေထရီယန် ၈၀၀ လေယာဥ် ဖြစ်ပါတယ်။ ထိုအမှုကို ပြင်သစ်နိုင်ငံ စုံစမ်းရေးနှင့် စိစစ်ရေးဗျူရိုက တာဝန်ယူကိုင်တွယ် ခဲ့ပါတယ်။ တစ်ရက်မှာတော့ အဆိုပါ လေယာဥ်မှ လေယာဥ်မှူးအခန်းက အသံဖမ်းစက်ကို တာဝန်ယူ နားထောင်ရတဲ့ ဗစ်တာ ပိုလော့ ဆိုတဲ့ အရာရှိ တစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးသွားသည့်အတွက် မက်သရူး ဗက်ဆာ ဟာ တာဝန်ယူကိုင်တွယ်ဖို့ ဖြစ်လာပါတယ်။မက်သရူးဗက်ဆာ ဟာ အသံနားထောင်တဲ့နေရာမှာ အထူးကျွမ်းကျင်ပြီး နားထောင်ရုံထက်ပိုပြီး အမှုတွေကို ဖော်ထုတ်ချင်သူ တစ်ယောက်ပါ။ မက်သရူး ဗက်ဆာရဲ့ မိန်းမဖြစ်သူ နိုအဲမီ ဗက်ဆာ ကတော့ ပျက်ကျသွားတဲ့ ...
movie
Black Box (2021)
2021
6.0
The Weekend Away (2022)
The Weekend Away (2022)====================IMDb Rating - 6.0/10Beth တစ်ယောက် သူငယ်ချင်းဖြစ်သူKate ရဲ့ဖိတ်ခေါ်မှုကြောင့် ပိတ်ရက်အပန်းဖြေ ခရီးတစ်ခုထွက်လာခဲ့ပါတယ်။ သူခရီးထွက်ခဲ့တဲ့နိုင်ငံက ခရိုအေးရှားပေါ့။ Beth ဆိုတာက အိမ်ထောင်ရှင်မ ကလေးတစ်ယောက်အမေ...Kateကတော့ ယောကျ်ားဖြစ်သူနဲ့ကွဲထားတဲ့ မိန်းမတစ်ယောက်...သူတို့နှစ်ယောက်က သူငယ်ချင်းဆိုပေမယ့် ဆီနဲ့ရေလိုကွာခြားတယ်။ တစ်ယောက်က Introvert တစ်ယောက်က extrovert..ဒါပေမယ့် Kateက သူ့သူငယ်ချင်းကို ပျော်အောင်ဆိုပြီး ခရိုအေးရှားရောက်တုန်း စားသောက်ဆိုင်မှာထမင်းလိုက်ကျွေးပြီး ကလပ်မှာ ပျော်ဖို့ခေါ်သွားခဲ့တာပေါ့။ ကလပ်မှာသောက်စားမူးပြီး မနက်ကျ Bethတစ်ယောက် သူတည်း နေတဲ့အခန်းမှာပဲ ပြန်နိုးလာခဲ့ပါတယ်။ဒါပေမယ့် သူ့သူငယ်ချင်း Kateကတော့ မရှိတော့ပါဘူး။ Kateတစ်ယောက်စာမလာအကြောင်းမကြားပဲပျောက်နေလို့ Bethကတော့ သူ့ရဲ့အပန်းဖြေ ခရီးလေးမှာ ရှာပုံတော်ဖွင့်ရပါတော့တယ်။ Kateက တစ်ကယ်ပဲပျောက်ဆုံးသွားတာလား။ ဒါမှမဟုတ် ဟိုးအရင်ကလို Beth ကိုဘာမှမပြောပဲထွက်သွားတာများလား....စတာတွေကို ကြည့်ရှုခံစားရမယ့် Crime, Drama, Mystery အသစ်စက်စက်လေးကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်)File Size - (1.17 GB) / (560 MB) ...
movie
The Weekend Away (2022)
2022
9.1
Irudhi Pakkam (2021)
Irudhi Pakkam (2021) Crime/ThrillerIyal ဆိုတဲ့ ကလောင်နာမည်နဲ့ အမျိုးသမီး စာရေးသူတစ်ယောက်။ Iyal ဆိုတဲ့အဓိပ္ပါယ်က သဘာဝတဲ့။ ဒီလိုပဲ Iyal ဟာလည်း သဘာဝနဲ့ တစ်သားတည်းဖြစ်နေခဲ့။သူဟာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာမျိုး လိုက်လျောညီထွေဖြစ်အောင်လည်းမကြိုးစားခဲ့။ မွေးကတည်းက တောင်ပံနှစ်ဖက်ကျိုးလာခဲ့တဲ့ မိဘမဲ့ Iyal ဟာသူဆယ်ကျော်သက်အရွယ်ကနေ စာရေးရင်းနဲ့ပဲ အချိန်တွေ တရွေ့ရွေ့ကုန်လာခဲ့တာပေါ့။သက်လတ်ပိုင်းအရွယ် အောင်မြင်ခါစ မျိုးဆက်သစ်တစ်ယောက်။ တစ်နေ့မှာတော့ သူ့ရဲ့တိုက်ခန်းမှာပဲအသတ်ခံလိုက်ရပါတယ်။ ဘယ်သူနဲ့မှ အဆက်အဆံမရှိ အပေါင်းအသင်း သူငယ်ချင်းရောရန်သူဆိုတာမျိုးရော မရှိတာမို့ အသတ်ခံရတဲ့ အကြောင်းအရင်းဟာ ရှာဖို့မလွယ်။ ဒီတော့ Iyalဘာလို့အသတ်ခံလိုက်ရသလဲ။ ဘယ်သူက သူ့ကိုသတ်ဖို့ကြိုးစားတာလဲ။ လူတစ်ယောက်ကိုသတ်ပစ်ရလောက်တဲ့ထိ ဘယ်လို အကြောင်းပြချက်တွေ ဒီနောက်မှာရှိနေမလဲ။Iyal ကရော လူအများရဲ့အမြင်ကလိုပဲ အေးဆေးပြီး တစ်ကိုယ်တည်း သီးသန့်နေတတ်တဲ့မိန်းကလေးဆိုတာ ဟုတ်ရဲ့လား။ သူ့ရဲ့သရုပ်မှန်ကရော ဘာလဲ။ သူဖုံးကွယ်ထားတဲ့မျက်နှာဖုံးနောက်မှာ ဘာတွေရှိနေမလဲ။ သူ့စာအုပ်တွေရဲ့နောက်ကွယ်က မြုပ်ကွက်တွေ။ဒါတွေရဲ့အဖြေကို တစ်ခုချင်း လိုက်စုံစမ်းရင်း ...
movie
Irudhi Pakkam (2021)
2021
7.9
Bhoothakaalam (2022)
Bhoothakaalam (2022)မကြာသေးခင်ကမှထွက်ရှိထားတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကိုပြောရရင်Psychoနဲ့ Horror ပေါင်းစပ်ထားတဲ့ စိတ္တဇသရဲကားမျိုးပါပဲ။ အသည်းငယ်တတ်ရင်တော့နေ့ခင်းဘက်လင်းလင်းရှင်းရှင်းရှိတုန်းမှာကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စိတ်ကျရောဂါခံစားနေရတဲ့သားအမိနှစ်ယောက်ဟာမိသားစုဝင်တစ်ယောက်သေဆုံးသွားပြီးနောက် ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေကိုကြုံလာရပါတယ်။ရုပ်ရှင်အစအဆုံးမှာလည်း သာမန်အိန္ဒိယသရဲကားတွေလိုပုံစံခွက်ထဲကအတိုင်းမဟုတ်ပဲစိတ္တဇထိတ်လန့်သည်းဖိုပုံစံမျိုးရော သရဲခြောက်တာရောပေါင်းပြီး ကြက်သီးထစရာဖြစ်အောင်ဖန်တီးထားပါတယ်။ဇာတ်လမ်းအစမှာ သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးကိုအရင်ဆုံးအသားပေးဖော်ပြထားပြီးတော့သူတို့ရဲ့ မိသားစုဝင်တစ် ယောက်ဆုံးရှုံးသွားရတဲ့အခါ စိတ်ကျဝေဒနာကိုစတင်ခံစားလာရတာကနေဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာလည်းလူတွေမခန့်မှန်းနိုင်တဲ့အလှည့်အပြောင်းတွေကိုမြင်ရမှာမို့ Spoiler မဖြစ်အောင် အများကြီးပြောမပြတော့ပါဘူး။ဇာတ်ကားရဲ့အစပိုင်းမှာ သရဲခြောက်တဲ့အခန်းတွေကိုအများကြီးမြင်ရမှာမဟုတ်ပေမယ့် ဒီ Psychoသားအမိနှစ်ယောက်နဲ့တင်ကိုကျောချမ်းနေရမှာတော့ အာမခံပါတယ်။ အမှန်တကယ်ကတော့ဒီဇာတ်ကားတစ်လျှောက်လုံးမှာ ပဟေဠိတွေ၊မြှုပ်ကွက်တွေ၊မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေမထင်ရင်မထင်သလိုပြနေတာကြောင့် သရဲကားလို့ကြိုမသိထားရင်တောင်ကြည့်ရတာပိုအရသာရှိမယ့်ကားမျိုးပါ။ ဒီတော့သရဲကားပရိသတ်မှမဟုတ်ပဲဇာတ်အိမ်ခိုင်ခိုင်၊ ဒိုင်ယာလော့ကောင်းကောင်းနဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုကြိုက်တတ်ရင်တော့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။ File size…1.05Gb / 500MB Quality…1080p True WEB DL AAC 2.0CH Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Haruko & Yate
movie
Bhoothakaalam (2022)
2022
6.5
The Double (2013)
The Double (2013) ဇာတ်လမ်းအညွှန်း*****************************Psycho/ Mystery ဆန်ဆန်ဇာတ်ကားမျိုးကို နှစ်သက်ရင်တော့ ဒီဇာတ်ကားလေးကိုကြည့်ရှုဖို့ recommend ပေးပါတယ်နော်။ကုမ္ပဏီတစ်ခုမှာ ၇ နှစ်တာအလုပ်လုပ်ခဲ့ပေမယ့် လူရေးလူတာမသိသေးတဲ့ ဆိုင်မွန်ဂျိမ်းစ် …သူ့စကားဆိုရင် ဘယ်သူကမှ အဖက်မလုပ်ကြသလို လူရာလည်းမသွင်းကြတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပျောက်ဆုံးပြီး ရဲရဲဝံ့ဝံ့မပြောရဲမဆိုရဲရှာသူပေါ့။ စိတ်ဝင်စားနေတဲ့ကောင်မလေးကိုလည်း ချောင်းကြည့်ရုံကလွဲပြီး ဘာမှမလုပ်ရဲတဲ့ လူပျော့လူညံ့ကလေးပေါ့။ တစ်နေ့မှာတော့ သူတို့ကုမ္ပဏီကို သူနဲ့ချွတ်စွပ်တူတဲ့လူတစ်ယောက် ရောက်လာခဲ့တယ်။ ရုပ်ရည်က ချွတ်စွပ်ပေမယ့် အကျင့်စရိုက်တွေအားလုံးက ဆန့်ကျင်ဘက်ဖြစ်နေတဲ့အခါ ...အဲဒီလူက ဘယ်သူလဲဆိုတာကို ဆိုင်မွန်နဲ့အတူ အဖြေရှာကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ) File Size : (2.6GB), (788MB) & (400MB) Quality : 1080p BluRay, 720p ...
movie
The Double (2013)
7
The Long Walk (2019)
The Long Walk (2019)မျက်မှောက်ခေတ် ရုပ်ရှင်လောကမှာတော့ အနောက်နိုင်ငံရုပ်ရှင်ဇာတ်လမ်းတွေက ပိုပြီးလူသိများရေပန်းစားနေပေမယ့်လည်း အရှေ့တောင်အာရှရုပ်ရှင်တွေကလည်း တစ်စတစ်စ ကြိုးစားထိုးဖောက်လာနေပါတယ်။ ဒီရုပ်ရှင်ကတော့ အမေရိကန်မှာမွေးပြီး အဖေဖြစ်သူအငြိမ်းစားယူပြီးနောက်မှာ အမိမြေကိုပြန်လာတဲ့ Mattie Do ဆိုတဲ့ အမျိုးသမီးဒါရိုက်တာက ရိုက်ကူးထားတဲ့ရုပ်ရှင်ပါပဲ။ သူက လက်ရှိအချိန်ထိတော့ စုစုပေါင်း ရုပ်ရှင်သုံးကားရိုက်ခဲ့ဖူးတယ်။ - 2012 မှာ ထုတ်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံး horror film "Chanthaly" မှာပဲ ပေါက်သွားခဲ့ပြီး - 2016 မှာ "Dearest Sister" ဆိုတဲ့ horror film နဲ့ - 2019 မှာ "The Long Walk" ဆိုတဲ့ sci-fi /horror film ကို ရိုက်ကူးခဲ့တယ်။ရုပ်ရှင် သုံးကားလုံးက ဝေဖန်ရေးသမားတွေကြားမှာ နာမည်ရခဲ့ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာလည်း အကြိမ်ကြိမ်ပြသခွင့်တွေ ရခဲ့တယ်။ ပထမဆုံးရုပ်ရှင်ထုတ်အပြီးမှာတော့ သူက လာအိုနိုင်ငံရဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော အမျိုးသမီးဒါရိုက်တာအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတယ်။ယခင်ရုပ်ရှင် နှစ်ကားမှာတော့ horror သီးသန့် ...
movie
The Long Walk (2019)
2019
Help (2022)
Help (2022)ရည်းစားနဲ့ လမ်းခွဲပြီးနောက် ဂရေ့စ်တစ်ယောက် သူမရဲ့ သူငယ်ချင်း လစ်ဗ်နဲ့ ရည်စားဖြစ်သူ အက်ဒ်.. ပြီးတော့ သူတို့ရဲ့ခွေးလေး ပိုလီတို့ နေထိုင်ရာ မြိုစွန်ကအိမ်လေးဆီကို အလည်ရောက်လာခဲ့တယ်။ သုံးဦးသားပိတ်ရက်ကလေးမှာ အဆင်ပြေနေကြရင်း မကြာခင်မှာဘဲ အရှုပ်အထွေးတွေစဖြစ်လာပါတော့တယ်။သူတို့ရဲ့ ကြားကလျှို့ဝှက်ချက်ဘာလဲ... သူငယ်ချင်းနှစ်ဦးရဲ့ ဆက်ဆံရေးကရော ဘယ်လိုတွေဖြစ်လာမှာလဲ... ရင်တထိတ်ထိတ်နဲ့ကြည့်ရင်း ကြည့်ရှုသူကိုယ်တိုင် လိုက်ပါအဖြေရှာနေစေမယ့် Drama,Mystery,Thriller အမျိုးအစားလေးဖြစ်ပါတယ်။ဒီသည်းထိတ်ရင်ဖိုကားက မိသားစုနဲ့ ကြည့်ရင် ပိုပြီး သည်းထိတ်ရင်ဖိုနေရမှာမို့ မိသားစုနဲ့ အတူတူ မကြည့်ဖို့ ပြောလိုက်ပါရစေ။ဆုပေါင်း ၇ ဆုနဲ့ တစ်ကြိုစာရင်း ၄ ကြိမ် ဝင်ထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဘာသာပြန် နဲ့ အညွှန်းကတော့ Zaw Myo Thu ပဲ ဖြစ်ပါတယ်။Genre.....Drama, Mystery, Thriller Quality….WEB-DL 1080p and 720pand 360p File size…1.34GB, &87MB, 221MB Format…mp4 Duration….1h 36min Subtitle….Myanmar Subtitle (Hardsub) Translator ..... Zaw Myo Thu Encoder ..... ...
movie
Help (2022)
5.1
Miss Willoughby and the Haunted Bookshop (2022)
Miss Willoughby and the Haunted Bookshop (2022) ဇာတ်လမ်းအညွှန်း****************************************လောကမှာ သရဲတစ္ဆေဆိုတာ တကယ်ပဲရှိသလားဒါမှမဟုတ် လူတွေရဲ့ စိတ္တအာရုံ သက်သက်ပဲလားမမြင်အပ်တဲ့အရာတွေ မြင်လာရတဲ့အခါမကြားသင့်တာတွေကြားလာရတဲ့အခါတကယ်ပဲ သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်လာတာလားလူတွေရဲ့ ကောက်ကျစ်တဲ့စနက်လားဆိုတာ သိနိုင်ဖို့ ခဲယဥ်းလှပါတယ်။ဒီဇာတ်လမ်းလေးထဲမှာလည်း စာအုပ်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်ဟာအသက်ကြီးလာတော့မှပဲ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကြုံလာရပါတယ်။ဒီလိုဖြစ်လာလို့ သူရဲ့ မိတ်ဆွေဆီသွားပြီး အကူအညီတောင်းခဲ့ပါတယ်။သူ့မိတ်ဆွေ ခေတ်ပညာတတ်မိန်းမပျိုလေးက ဒီလို ဝိဉာဥ်လောကကို အယုံအကြည်မရှိပါဘူး။ဒါပေမယ့် ကြုံရတဲ့သူကလည်း လိမ်လည်ပြီးပြောနေတာမဟုတ်လို့ဒီနောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေမလဲဆိုတာဆက်လက် ရှာဖွေဖော်ထုတ်ကြတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကို ကြည့်ရင်းနဲ့ ငယ်ငယ်ကကြည့်ဖူးတဲ့ စကူဘီဒူကာတွန်းလေးကိုတောင် သတိရမိပါတယ်။မကောင်းဆိုးဝါးတွေဆိုတာ လက်တွေ့ဘဝမှာ တကယ်ရှိမလားဆိုတာကို စုံထောက်ဆန်ဆန်ရှာဖွေကြပုံကိုရိုက်ကူးပုံဖော်ပေးထားတာမို့လို့ တစ်ခါလောက်ဖြစ်ဖြစ် ကြည့်ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ဇာတ်လမ်းလေးထဲမှာ Miss Willoughby အဖြစ် မင်းသမီးချော Nathalie Coxက ပါဝင်သရုပ်ဆောင်ထားပြီး Helen Deakin အဖြစ် Louise Bangay က သရုပ်ဆောင်ထားသလို တခြား အနုပညာရှင်များစွာလည်း ...
movie
Miss Willoughby and the Haunted Bookshop (2022)
2022
6.7
Signs (2002)
Signs (2002) ~ IMDb - 6.7/10, RT - 74%, Letterboxd - 3.4/5 ~Horror / Thriller ရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအနေနဲ့တော့ ဒါရိုက်တာ M. Night Shyamalan ကို မသိတဲ့လူ မရှိလောက်ပါဘူး။ ရုပ်ရှင်နဲ့ လူမတွဲမိရင်တောင် သူ့ကားအများစုကို ကြည့်ဖူးပြီးသားဖြစ်ကြမှာပါပဲ။ Shyamalan ဟာ The Sixth Sense, Unbreakable Trilogy, The Village, The Happening နဲ့ Old အစရှိတဲ့ ကားတွေကိုရိုက်ခဲ့တဲ့သူပါပဲ။Signs ဟာ Shyamalan ရဲ့ မာစတာပိစ်တစ်ကားအဖြစ် Horror ဖန်တွေ သမုတ်ကြတဲ့ ရုပ်ရှင်တစ်ကားဖြစ်သလို Mel Gibson, Joaquin Pheonix တို့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့အတူ မင်းသား Rory Culkin, ...
movie
Signs (2002)
2002
5.7
(18+)Female Teacher: In Front of the Students (1982)
Female Teacher In Front Of Students (1982) ============================================ရီကိုက ခုမှကျောင်းသစ်ကိုပြောင်းလာတဲ့အလှသွေးကြွယ်တဲ့ ဆရာမလေးတစ်ယောက်ပါ...ပုရိသတို့ ကြွေလောက်စရာ ရှိုက်ကြီးရှိုက်ဖိုအသွယ်သွယ်နဲ့ကျောင်းက ဆရာတွေကြားရော ကျောင်းသားတွေကြားရောရေပန်းစားတဲ့ ဆရာမလေးပေါ့...ဒီလိုသိပ်လှတဲ့ရီကိုဟာ တနေ့မှာောတ့ မထင်မှတ်ထားပဲရေချိုးခန်းထဲမှာ အဓမ္မကျင့်ခြင်းကို ခံခဲ့ရ့ပါတယ်...ရီကိုတစ်ယောက် ကျောင်းထဲက သူ့ကိုငမ်းတွေတဲ့ဘဲတွေကြား သူ့ကို အဓမ္မကျင့်တဲ့ လူယုတ်မာကို လိုက်ရှာရင်းဘယ်လိုဘယ်ပုံ အချစ်တိုက်ပွဲတွေ ဆင်နွှဲရမယ်ဆိုတာကိုQualityကောင်းကောင်းနဲ့တင်ဆက်ပေးထားတာမို့ကြည့်ရှုခံစားကြပါဦးဗျာ.... File size…760MB Quality…720p Blu Ray Format…mp4 Duration….1h 9m Subtitle….Myanmar Subtitle (hard sub) Encoder….X Cross Translated by Dark
movie
(18+)Female Teacher: In Front of the Students (1982)
1982
First
48
49
50
51
52
Last
Previous
Next