Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mystery
6.3
Knife+Heart (2018)
ဘတ်ဂျက်နည်းနည်းနဲ့ gay porn ရုပ်ရှင်ကားထုတ်လုပ်သူAnne ဟာ သူ့ကိုစွန့်ပစ်သွားတဲ့ ချစ်သူဟောင်းလည်းဖြစ်သလိုသူ့ရုပ်ရှင်ကားတွေရဲ့ တည်းဖြတ်သူလည်းဖြစ်တဲ့ Lois နဲ့လမ်းခွဲလိုက်ရတဲ့အခါမှာ ချစ်သူကို ပြန်လည်ရယူလိုစိတ်နဲ့ပြန်လည်ရုန်းထဖို့ ဆုံးဖြတ်လာခဲ့ပါတယ်။ဒါကြောင့်ပဲ Anne ဟာ သူ့အပေါ်သစ္စာရှိတဲ့ သူငယ်ချင်းဖြစ်သူArchibald ရဲ့အကူအညီနဲ့ သူ့ရဲ့စိတ်ဆန္ဒအပြင်းပြဆုံးရုပ်ရှင်ကိုရိုက်ကူးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ တဖက်မှာတော့ သူ့ရဲ့အဓိကသရုပ်ဆောင်တွေထဲကတဦးက စအိုမှာ ဓားချက်ပေါင်းများစွာနဲ့ရက်ရက်စက်စက် အသတ်ခံရတဲ့အခါ Anne ဟာ ထူးဆန်းတဲ့စုံစမ်းစစ်ဆေးမှုတခုမှာ ပါဝင်ပတ်သက်ပြီး သူ့ဘဝကို ဘယ်လိုဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမလဲဆိုတာ ထင်မှတ်မထားတဲ့လှည့်ကွက်တွေနဲ့ ဆွဲဆောင်မှုရှိရှိ ကြည့်ရှုခံစားရမယ့် Gay Pornအသားပေး ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။ File size…1.86GB / 845MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 42m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie
Knife+Heart (2018)
5.8
Detective Dee : The Mystery of Humanoid Puppet ( 2024 )
Detective Dee ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ လူသားရုပ်သေးရုပ်အမှုဖြစ်ပါတယ်။ ဒီတစ်ခါတော့ စုံထောက်ကြီးဒီးနေရာမှာ ထိုင်ဝမ်မင်းသားချော Dylan Kuo ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မိဖုရားခေါင်ကြီးရဲ့အပန်းဖြေနန်းဆောင်မှာ မီးအကြီးအကျယ်လောင်ရာကစတင်ပါတယ်။ မိဖုရားခေါင်ကြီးရဲ့ အပန်းဖြေနန်းဆောင်မီးလောင်တဲ့အတွက် ဒါကမိဖုရားခေါင်ကြီးကို ပစ်မှတ်ထားတာဖြစ်နိုင်တယ်ဆိုပြီးတော့ စုံထောက်ကြီးဒီးကို နန်းတွင်းကိုဆင့်ခေါ်ပြီး အမှုကိုစုံစမ်းခိုင်းပါတယ်။ မီးလောင်သွားတဲ့နန်းဆောင်မှာ အရွယ်ရောက်ပြီးသားလူအရွယ်အစားရှိတဲ့ သစ်သားရုပ်တစ်ရုပ်ကိုတွေ့ရပါတယ်။ ထူးခြားတာကတော့ သစ်သားရုပ်ရဲ့နောက်ကျောမှာ မိဖုရားခေါင်ကြီးရဲ့ဇာတာကိုထွင်းထားပြီး သစ်သားရုပ်ဟာသွေးထွက်တတ်နေတာပဲဖြစ်တယ်။ဒီဂန္ဘီရဆန်တဲ့ဖြစ်ရပ်တွေရဲ့ နောက်ကွယ်ကအမှန်တရားဟာဘာဖြစ်နေမလဲ။ စုံထောက်ကြီးဒီးရဲ့ထုံးစံအတိုင်း ရှေးခေတ်မှုခင်းဇာတ်လမ်းတွေကြိုက်တဲ့သူတွေ စိတ်မပျက်စေရတဲ့အပြင် အရည်အသွေးရှိတဲ့သရုပ်ဆောင်တွေပါဝင်ထားပြီးတော့ ပီပြင်တဲ့အက်ရှင်နဲ့ Effectsတွေနဲ့သေချာရိုက်ထားတာကြောင့် စိတ်ကျေနပ်စရာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Filesize : 913 MB / 559 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Mystery Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Detective Dee : The Mystery of Humanoid Puppet ( 2024 )
5.5
The Ring Two (2005)
ဒီတစ်ခါမှာတော့ The Ring ဆိုတဲ့horror ကားကောင်းလေးကိုတင်ဆက်ပေးပါရစေတစ်ချို့သဘာဝလွန်ဖြစ်ရပ်တွေက တကယ်ရှိတယ် မရှိဘူးပြောလို့မရဘဲကိုယ်တိုင်ကြုံတွေ့မှလက်ခံလို့ရတာမျိုးဗျဒီဇာတ်ကားလေးထဲမှာလည်းအဲလိုပဲ ရေချယ်လ်နဲ့သားဖြစ်သူအေဒန်တို့ကြုံတွေ့နေရတဲ့ သဘာဝလွန်ဖြစ်ရပ်က ဘေးလူတွေအတွက်တော့ မယုံနိုင်စရာရူးကြောင်ကြောင်ပုံပြင်လိုပါပဲရေချယ်လ်ရဲ့သားဖြစ်သူအေဒန်ဟာ ဆမာရာဆိုတဲ့သေပြီးသားကလေးမလေးရဲ့ဝိညာဥ်ပူးကပ်ခြင်းကိုခံနေရတာပါဒီလိုမျိုးပူးကပ်ခံရတာမှာအေဒန်ဟာပထမဆုံးကလေးတော့မဟုတ်ပါဘူးရှေ့မှာလည်းအေဒန့်လိုမျိုးပူးကပ်ခံရတဲ့ကလေးတွေရှိပါသေးတယ်ကလေးတွေကိုပူးကပ်တတ်တဲ့ဆမာရာဟာ စိတ်ကျဝေဒနာခံစားနေရတဲ့မိခင်ဖြစ်သူကြောင့် သေဆုံးခဲ့ရတဲ့ကလေးလေးပါမိခင်ကောင်းတစ်ယောက်လိုချင်တဲ့ဆမာရာတစ်ယောက် ဝိညာဉ်ဘဝနဲ့ကလေးတွေကိုလိုက်ပူးကပ်ရင်းမိခင်ရဖို့ကြိုးစားရင်းနဲ့အေဒန်ဆီကိုပူးကပ်ရာကနေ အေဒန်လေးဟာ လူတစ်ကိုယ်စိတ်နှစ်မျိုးလိုဖြစ်သွားတတ်ပါတယ်ဒီလိုဖြစ်ရပ်ကနေလွတ်မြောက်ချင်လို့ မူလနေထိုင်ရာမြို့ကနေထွက်ပြေးတိမ်းရှောင်လာကြပေမယ့် အေဒန်ဟာ ဆမာရာရဲ့ပူးကပ်မှုကိုမလွတ်မြောက်နိုင်ဘဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုအတူတူကြည့်လိုက်ရအောင်ပါ.... File size…2.26GB / 1.12GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie
The Ring Two (2005)
5.5
A Sacrifice (2023)
အသစ်ထွက်ရှိလာတဲ့အမေရိကန်ရုပ်ရှင် A Sacrificeမှာတော့ ဂျာမနီမှာလာရောက်အခြေချနေထိုင်နေတဲ့အမေရိကန်လူမှုစိတ်ပညာရှင်ဘင်မွန်ရိုးဟာ ယုံကြည်မှုအစွန်းရောက်တဲ့ဂိုဏ်းတွေရဲ့စိတ်နေစိတ်ထားကိုလေ့လာစူးစမ်းနေသူတစ်ဦးပါ။ဘင်ရဲ့ဆယ်ကျော်သက်အရွယ်သမီးလေးမတ်ဇီကဘင်ရှိတဲ့ဂျာမနီမှာ အမေရိကန်ကနေကျောင်းလာတက်ချိန်မှာတော့ မာတင်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ပတ်သက်ခဲ့မိပါတယ်။ ဒါပေမဲ့ မာတင်က သာမန်ကောင်လေးတစ်ယောက်မဟုတ်ဘဲ အစွန်းရောက်ဂိုဏ်းတစ်ခုနဲ့ဆက်နွယ်နေပြီး မတ်ဇီကိုပါဆွဲသွင်းဖို့ကြိုးစားလာတဲ့အခါမှာတော့ ဘင်တစ်ယောက် မတ်ဇီရဲ့အသက်ကိုအစွန်းရောက်ဂိုဏ်းရဲ့လက်က ဘယ်လိုကယ်တင်မလဲဆိုတာသည်းထိတ်ရင်ဖိုကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…1.48GB / 607MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
A Sacrifice (2023)
[18+] Love Rites (1987) Ceremonie Damour
Love Rites (1987) Ceremonie damourCeremonie damour ဟာ Drama,Mystery အမျိုးအစား ပြင်သစ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ပြင်သစ်တွေရဲ့တင်ဆက်ပုံအတိုင်း ပွင့်လင်းရှတပြီး ဘာအရသာမှန်းမသိ ဒီတိုင်းလိုက်ပါစီးမျောရမယ့်ကားပါ။ဇာတ်လမ်းကတော့.... ဟျူဂိုအာနိုးဒ်ဟာ ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာတော့ မြေအောက်ရထားဘူတာရုံမှာ မာရီယမ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။မာရီယမ်ဟာပြည့်တန်ဆာတစ်ယောက်ဖြစ်ပြီး ရမ္မက်လည်းအလွန်ကြီးလှပါတယ်။ဟျူဂိုမသိခဲ့တာက မာရီယမ်ဟာ အဲ့ထက်ပိုတဲ့ လိုအင်ဆန္ဒတွေရှိနေတာကိုပဲ။ဘာတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့....။(Dark Side Production မှ တင်ဆက်သည်။) File size…(3 GB)/ (1.1 GB) Quality…BluRay 1080p/ 720p Format…mp4 Duration….01:41:01 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Lucifer Maximoff
movie
[18+] Love Rites (1987) Ceremonie Damour
5.9
Hide and Seek (2005)
ဒီဇာတ်လမ်းကတော့ မိန်းမဖြစ်သူ ကိုယ့်ကိုယ်ကိုယ်သတ်သေပြီးတဲ့နောက်မှာ David တစ်ယောက် သူ့သမီးလေး Emily နဲ့ New York မြို့ကနေ စိတ်အပန်းဖြေဖို့ နယ်ဘက်ကို ရွှေ့ပြောင်းနေခဲ့တယ်။ ဒါပေမဲ့ သူ့သမီးလေး Emily မှာ Charlie လို့ခေါ်တဲ့ စိတ်ကူးယဥ်သူငယ်ချင်းတစ်ယောက် ပေါ်လာချိန်မှာတော့ ဖြေရှင်းလို့မရတဲ့ အဆန်းတကြယ်အဖြစ်အပျက်တွေ ပေါ်လာပါတော့တယ်။Charlie ဆိုတဲ့ စိတ်ကူးယဥ်သူငယ်ချင်းက Emily ရဲ့ စိတ်ရောဂါသက်သက်လား တကယ်ရှိနေတာလား၊ အံ့ဩစရာအဖြစ်အပျက်တွေရဲ့နောက်ကွယ်က Emily ကြောင့်ပဲလားဆိုတာကို ဇာတ်အိမ်လှည့်ကွက်တွေမျိုးစုံနဲ့ ရင်ဖိုစိတ်လှုပ်ရှားဖွယ်ရာကြည့်ရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Horror, Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie
Hide and Seek (2005)
6.3
Svaha: The Sixth Finger (2016)
Svaha: The Sixth Finger (2016)IMDb Rating (6.3) / Rotten Tomatoes (75%)ဒီကိုရီးယားကားကတော့ Netflix ဇာတ်ကားလေးဖြစ်ပြီး Squid Game ထဲက မင်းသား Lee Jung-Jae နဲ့ မင်းသား Park Jung-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဘာသာရေးကျမ်းတွေ နတ်တွေ မကောင်းဆိုးဝါးတွေကို အခြေခံပြီး လူသတ်မှု လူသေမှုတွေကို စုံစမ်းဖော်ထုတ်တဲ့ဇာတ်လမ်းမျိုး ရိုက်ကူးထားလို့ Horror, Thriller အမျိုးအစားလို့ပဲ ပြောရမှာပါပဲ...ဇာတ်လမ်းကတော့... ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်နေသူဖြစ်ပါတယ်။ ဒီလိုနဲ့ သူလိုက်နေတဲ့အမှုတစ်ခုဟာ ဘာသာရေးဗန်းပြပြီး လူသတ်မှုတွေနဲ့ပါဝင်ပတ်သတ်နေတာကို တွေ့ရပါတော့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ (စတုလောကပါလ) နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ...
movie
Svaha: The Sixth Finger (2016)
2019
Unfriended (2014)
Unfriended (2014) IMDb: 5.6/10 Rotten Tomatoes: 62% Genre: Horror/MystreryUnfriended (2014) ကိုမသိတဲ့ ပရိသတ်မရှိလောက်ဘူးထင်ပါတယ်။ အဲတော့ရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူး။ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဇာတ်ညွှန်း သူငယ်ချင်းတစ်သိုက် လိုင်းပေါ်မှာ Group Video Call ပြောရင်း ဘီလီဆိုတဲ့တစ်ယောက်က သူတို့ပြောတဲ့အထဲမှာပါလာခဲ့ပါတယ်။ ခက်တာက ဘီလီဆိုတဲ့ သူငယ်ချင်းမရှိတာပါပဲ။ နောက်ထပ်သိလာရတာကတော့ ဘီလီဆိုတဲ့ လူဟာ ဆုံးသွားတဲ့ သူတို့သူငယ်ချင်း လော်ရာ ရဲ့အကောင့်ကိုယူသုံးပြီးဝင်ပြောနေတာဖြစ်ပါတယ်။ ဘာတွေဆက်ဖြစ်မှာလဲ။ လော်ရာရဲ့အကောင့်ကိုဝင်သုံးနေတာဘယ်သူများလဲ။ File size… 987 MB / 371 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 23m Genre ..... Horror, Mystery, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff
movie
Unfriended (2014)
6.9
Opera (1987)
ဒါရိုက်တာ Dario Argento ရိုက်ကူးတဲ့ horror/ mystery ဇာတ်ကား Opera မှာ rising star အဆိုတော်မလေး ဘက်တီက အဓိကဇာတ်ကောင်ဖြစ်ပါတယ်။ သူက Original Singer ဒဏ်ရာရသွားလို့ မမျှော်လင့်ဘဲ leading role ရခဲ့တာပါ။Original Singer ဒဏ်ရာရခြင်းနဲ့ တဆက်တည်းမှာပဲ အော်ပရာဟောက်စ်မှာ ရက်ရက်စက်စက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ လူသတ်သမားရဲ့ အဓိက target က ဘက်တီ ဖြစ်နေသောအခါ သူမအနေနဲ့ အသက်ရှင်ဖို့ကြိုးစားရင်း အမှု နောက်ကွယ်က မေးခွန်းတွေ၊ ဆန်းကျယ်မှုတွေကို ဖြေရှင်းရမှာဖြစ်ပြီး ဘာတွေ တွေ့ကြံရမလဲဆိုတာကိုတော့... File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre... Crime, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by BB
movie
Opera (1987)
6.5
Proof of Innocence (2016)
Proof of Innocence (2016) ************************* Detective K ရုပ်ရှင်ကားတွေနဲ့ကြည့်ရှုသူတွေကို အူလှိုက်သည်းလှိုက်ရယ်မောစေခဲ့တဲ့ မင်းသားကြီး ဂင်မြောင်မင်း၊ရုပ်ရှင်ဇာတ်ကားပေါင်း မြောက်မြားစွာမှာ အပြစ်ကင်းတဲ့မျက်နှာနဲ့ချစ်ခင်သနားဖွယ်ဇာတ်ရုပ်တွေကို အများအပြား သရုပ်ဆောင်ခဲ့တဲ့ ဂင်ဆန်းဟို၊Along with the Gods ရုပ်ရှင်ကားတွေထဲ နတ်မင်း ၃ ပါးကြားက တစ်ဦးတည်းသောမိန်းကလေးဇာတ်ရုပ်နဲ့မြန်မာပရိသတ်တွေ စတင်လူသိများလာခဲ့တဲ့ မင်းသမီးလေး ဂင်ဟျန်းဂီ၊Reply 1988 က ဒေါ့ဆွန်းအဖေတစ်ဖြစ်လဲ သဘောကောင်းတဲ့ Character တော်တော်များများမှာ တွေ့ရတဲ့ မင်းသားကြီး ဆောင်ဒုံအီတို့လိုဇာတ်ပို့ဇာတ်ရံတွေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ************** ဂွမ်ဆွန်းထယ်ဆိုတဲ့ တက္ကစီဒရိုင်ဘာက ကိုရီးယားရဲ့တရားဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ဦးဖြစ်ပြီးအရမ်းချစ်ရတဲ့သမီးလေးတစ်ယောက်လည်း ရှိပါတယ်။တစ်နေ့မှာတော့ သူ့တက္ကစီကိုငှားစီးခဲ့တဲ့ လုပ်ငန်းစုကြီးတစ်ခုရဲ့ချွေးမက အသတ်ခံလိုက်ရတဲ့အတွက်အရင်ပြစ်မှုဟောင်းတွေရှိခဲ့ဖူးတဲ့သူ့ကို လူသတ်မှုအဓိကတရားခံအဖြစ် သတ်မှတ်လိုက်ကြပြီးသေဒဏ်ချမှတ်ကာ အကျဉ်းချလိုက်ပါတယ်။သူမသတ်ပါဘူးဆိုပြီး ဘယ်လိုပဲအသည်းအသန် ငြင်းဆန်ပေမဲ့ နားထောင်ပေးသူမရှိတဲ့အခါသတင်းစာဖြတ်ပိုင်းမှာတွေ့တဲ့ စံပြရဲအရာရှိဖြစ်သူ ရဲကြပ်ကြီး "ချွဲဖီဂျယ်" ဆီကို အသနားခံစာတစ်စောင် ရေးပို့လိုက်ပါတယ်။တစ်ဖက်မှာလည်း အဖေဖြစ်သူက ထောင်မင်းသားဖြစ်ခဲ့တာကြောင့်ကိုယ့်အတွက်ရော၊ ကိုယ့်အဘိုးအတွက်ပါ အကျိုးမပေးတဲ့အဖေကို ...
movie
Proof of Innocence (2016)
5.0
Campton Manor (2024)
Horror ချစ်သူများအတွက် စိတ်ဝင်စားစရာလှည့်ကွက်မျိုးစုံနဲ့ဖြဲမခြောက်ဘဲ ကျောချမ်းနေရမဲ့ သရဲကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့Campton Manor ဖြစ်ပြီးနာမည်ကြီးသရုပ်ဆောင်တွေဒါရိုက်တာတွေနဲ့ ရိုက်ကူးထားတာတော့မဟုတ်ပေမဲ့ သူဟာနဲ့သူကြည့်ကောင်းတဲ့အနေအထားတော့ရှိပါတယ်။ဒီဇာတ်ကားကHorror ဆိုပေမဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်စဉ်တွေနဲ့ ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် ပုံမှန်သရဲကားတွေလို ခြောက် လန့်ပြေးမဟုတ်ဘဲ ခေါင်းနည်းနည်းသုံးပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အစမှာတော့ အောင်မြင်တဲ့သည်းထိတ်ရင်ဖိုစာရေးဆရာတစ်ဖြစ်လည်း ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ တက်ဒီ့ကိုတွေ့ရမှာဖြစ်ပါတယ်။သူဒီနေ့အလုပ်လာတဲ့ ရက်မှာတော့သူ့ရုံးခန်းကိုဂျက် ဆိုတဲ့လူတစ်ယောက်ကရောက်နေပါတယ်။ဂျက်ကတော်တော်ထူးဆန်းတဲ့လူတစ်ယောက်ဖြစ်ပြီး လာရင်းအကြောင်းလည်းမပြောသလို သူဘယ်သူဆိုတာကိုလည်းမပြောပြပါဘူး။ဒါပေမယ့်သူက တက်ဒီ့မှာသေဆုံးပြီးသား လူတွေကိုမြင်နေရတဲ့ အစွမ်းတစ်ခုရှိနေတာကို သိပြီးတော့ အဲ့ဒီအစွမ်းကိုအသုံးချဖို့လိုအပ်တဲ့အတွက်အကူအညီလာတောင်းတာလို့တော့ပြောပါတယ်။ဘာကိစ္စအတွက်တက်ဒီ့ အစွမ်းတွေကို လိုလဲဆိုတာကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက ကမ့်ပ်တွန်ဆိုတဲ့အိမ်တော်ကြီးမှာလူတွေအစုလိုက်အပြုံလိုက်သေဆုံးခဲ့ကြပြီး ဘာလို့သေဆုံးခဲ့ရလဲဆိုတာကိုအခုထက်ထိအဖြေမရှာနိုင်သေးတဲ့ အမှုအတွက်ပဲဖြစ်ပါတယ်။တက်ဒီကတော့စိတ်မပါပေမဲ့ ဂျက်ကအတင်းအကြပ်ခေါ်နေတဲ့အတွက်ပါသွားခဲ့ပြီးနောက်မှာတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ကမ့်ပ်တွန်အိမ်တော်ကြီးကိုရောက်ခဲ့ပါတော့တယ်။အဲ့ဒီကစပြီးတော့တက်ဒီနဲ့ ဂျက်နှစ်ယောက်အိမ်ကြီးထဲဝင်သွားခဲ့ကြပြီးနောက် ဒီအိမ်ကြီးမှာဖြစ်ခဲ့တဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေလဲ ဆိုတာကို အဖြေရှာကြပုံကို ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…976MB / 395MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 32m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard ...
movie
Campton Manor (2024)
Tastes of Horror (2023)
Tastes of Horror (2023)***********************ကဲ ကျွန်တော်တို့ Channel Myanmar ကနေ ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ဇာတ်ကားကောင်းလေးကတော့ Tastes of Horror ဆိုတဲ့နာမည်နဲ့လိုက်အောင် Horror တောင်မှ အမျိုးမျိူးသောပုံစံတွေနဲ့တစိမ့်စိမ့်တွေးပြီးမှ ကြောက်ရမဲ့ မွန်းကြပ်ရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်း ၁၀ ပုဒ်ကို ပေါင်းထားတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်း ၁ ပုဒ်ကို ဒါရိုက်တာ ၁ ယောက်စီနဲ့စုစုပေါင်း ဒါရိုက်တာ ၁၀ ယောက်က လက်စွမ်းပြထားတာပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့လည်း The Atypical Family မှ ကလေးသရုပ်ဆောင် Park So Yi၊Itaewon Class ထဲမှ Lee Joo Young, Twinkling Watermelon ထဲမှ Shin Eun Soo၊CLC အဖွဲ့ဝင် Seunghee, Seung Yeon, Ye Eun ...
movie
Tastes of Horror (2023)
7.0
Shadow of Fire (2023)
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန် ဂျပန်တွေ စစ်ရှုံးကာလဝန်းကျင်ကို အခြေပြု ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့ cm ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားဟာ နာမည်ကြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ မြူးနစ်ရုပ်ရှင်ပွဲတော်နဲ့ ဗင်းနစ် ရုပ်ရှင်ပွဲတော်တွေမှာ၂၀၂၃ အကောင်းဆုံးဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။စစ်ကြီးအတွင်းမှာ ဂျပန်နိုင်ငံကို မဟာမိတ်တပ်ဖွဲ့တွေဗုံးကြဲတိုက်ခိုက်မှုတွေ အများအပြားရှိခဲ့ပြီး နာမည်ကြီးဟီရိုရှီးမားနဲ့ နာဂါဆာကီ အဏုမြူဗုံးကြဲချမှုတွေအပြင်"အနက်ရောင်ဆီးနှင်းကျတဲ့ည"လို့တင်စားခေါ်ဝေါ်တဲ့တိုကျိုဗုံးကြဲတိုက်ခိုက်မှုမှာ တစ်ညအတွင်း လူပေါင်းတစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ကြပြီး နိုင်ငံသားအများအပြား အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရတာပါ။ဇာတ်လမ်းကို မိသားစုတစ်ခုလုံး မီးလောင်ဗုံးကြဲမှုမှာအသက်ဆုံးရှုံးခဲ့ရပြီး ပြည့်တန်ဆာအဖြစ် အသက်မွေးနေရတဲ့အမျိုးသမီးလေး တစ်ယောက်၊ အစားအစာတွေကိုလစ်သလိုခိုးယူပြီး ရှင်သန်နေရတဲ့ မိဘမဲ့ ကောင်လေးတစ်ယောက်နဲ့ စိတ်ဒဏ်ရာအများအပြား ရရှိထားတဲ့ စစ်ပြန်စစ်သားတစ်ယောက်တို့ အတူတွေ့ဆုံမှုနဲ့ စဖွင့်ထားပါတယ်။သူတို့တွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုဘဝတွေကို ခဏတာအစားပြန်ရသလို ပျော်ရွှင်ခဲ့ကြပေမယ့် ရရှိထားကြတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ ပျော်ရွှင်မှုကို ရေရှည်ပိုင်ဆိုင်ခွင့် ရဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ဒီဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေအတွက် မျှော်လင့်ချက်ကင်းမဲ့မှုတွေ၊ ကြေကွဲဝမ်းနည်းမှုတွေနဲ့အတူ အထီးကျန်မှုကိုပါထင်ဟပ်ပြသထားပြီး ...
movie
Shadow of Fire (2023)
5.7
Big Project ( 2024 )
CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသရသမြောက်တဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ရုပ်ရှင်တွေကို ဖြစ်ကတတ်ဆန်း ရိုက်ကူးလာတဲ့ခေတ်ကြီးထဲမှာ အစ်ကိုဝမ်နဲ့ ဒါရိုက်တာဟွမ်တို့က ဆန်းသစ်တီထွင်မှုတွေနဲ့ ရိုက်ကူးချင်ကြသော်လည်း စမ်းသပ်ကြည့်ဖို့ ဘက်ဂျက်ကရှိမနေပြန်ပါဘူး အဲ့လိုနဲ့တစ်နေ့မှာပရောဂျက်ကြီး တစ်ခုကို ရိုက်ကူးဖို့ နမူနာကို ထုတ်လုပ်သူထံပို့ပေးဖို့ သွားရောက်ရိုက်ကူးချိန်မှာတော့ ရတနာပုလဲကို ခိုးယူထားပြီး လူကိုပြန်ပေးဆွဲလာတဲ့ ဓါးပြနဲ့ဆုံပါလေရော ဖြစ်ချင်တော့ သူတို့ရိုက်ကူးမယ့်ကားကလည်း ပြန်ပေးဆွဲငွေညှစ်တဲ့ကားဖြစ်နေပြန်ရော ယွမ်သိန်း100 တန်ဖိုးရှိတဲ့ပုလဲကို သူတို့လည်း ဘက်ဂျက်ရတယ်ဆိုပြီး အဲ့ဒီဓါးပြနဲ့ဝင်ရောလိုက်ပါတော့တယ်အဲ့တော့ နောက်ပိုင်းဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ဟာသအနှောလေးနဲ့ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ဖို့ စိတ်အပန်းဖြေကြည့်ရှုချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော် Filesize : 1.07 GB / 565 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Crime , Comedy , Mystery Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie
Big Project ( 2024 )
6.7
The Execution (2021)
The Execution (2022)IMDb Rating (6.7) / Rotten Tomatoes (92%)ဒီဇာတ်လမ်းကတော့ ရုရှားအစိုးရအနေနဲ့ ဆယ်နှစ်ကျော်လိုက်လံရှာဖွေအဖြေထုတ်ခဲ့ရတဲ့ ကွင်းဆက်လူသတ်သမားအမှုအကြောင်း တကယ့်ဖြစ်ရပ်မှန်ဖြစ်ပြီး အမျိုးသမီးနဲ့ကလေး အယောက်50ကျော် သတ်ခဲ့တဲ့ ရုရှားကွင်းဆက်လူသတ်သမား Andrei Chikatilo ရဲ့ လူသတ်မှုတွေကို inspireယူပြီး ရိုက်ကူးထားတာပါ။ဒီဇာတ်လမ်းထဲမှာတော့ အမျိုးသမီးတွေအများကြီးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ ရုရှားရဲ့နာမည်အကြီးဆုံး ကွင်းဆက်လူသတ်သမားကို 10နှစ်ကျော်ရှာဖွေခဲ့ရာက နောက်ဆုံးမှာ ဖမ်းမိခဲ့တယ်။ ဒါပေမဲ့ အဲဒီသံသယရှိသူက သူ့အပြစ်ကိုဝန်မခံဘဲ သူ မသတ်ကြောင်းငြင်းဆန်ရာကနေ သံသယရှိသူနဲ့ စစ်ဆေးမေးမြန်းသူတို့ကြား တင်းမာမှုတွေပြင်းထန်လာပြီး ဘယ်လိုကိုယ်ရေးကိုယ်တာကိစ္စတွေပါလာမလဲ၊ ထင်မှတ်မထားတဲ့လှည့်ကွက်တွေကရော ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမယ့် ရုရှားမှုခင်း ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB )/(910 MB) Quality….BluRay 1080p / 720p Format…mp4 Duration….02:17:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thwal Htoo Zin
movie
The Execution (2021)
5.8
The Strange Story of Miao Ling (2024)
မြောင်ဒေသ ၊ ယင်ယန်မြစ်ရဲ့ ဆယ်လီအတွင်း တောင်တွေကြားထဲမှာ လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးတစ်ရွာရှိပါတယ် ။ အဲဒီရွာလေးနာမည်က သက်ရှည်ရွာတဲ့ ။သက်ရှည်ရွာရဲ့ရွာသူကြီး အဖေမာအာက တော်တော်လေးသဘောကောင်းပြီးတော့ သနားကြင်နာတတ်တယ်လို့လူသိများပါတယ် ။ ဇာတ်လမ်းကတော့ အဲဒီရွာမှာ အချမ်းသာဆုံးဖြစ်တဲ့ကျန်းယိုချိုင်က ချိုးရှန်းဆိုတဲ့လူငယ်လေးနဲ့အဖေဖြစ်သူကိုခေါ်ပြီး ရတနာရှာရကနေစတာလို့ပြောရမှာပေါ့ ။ရတနာရှာရင်းနဲ့ သုံးယောက်လုံး တရားခံမသိရဘဲ ထူးထူးဆန်းဆန်းသေသွားကြပါတယ် ။ မြို့က အရာရှိ ၊ အလောင်းစစ်နဲ့အလောင်းသိမ်းတဲ့သူကလည်း ဒီအမှုကိုအဖြေမှန်ပေါ်ဖို့ရွာကို ရောက်လာကြပါတော့တယ် ။ ဒါပေမဲ့ လူသတ်မှုတွေကို အဖြေရှာမရသေးဘဲ နောက်ထပ် လူသတ်မှုတွေပါ ဆက်တိုက်ဖြစ်လာချိန်မှာတော့...သူတို့ အမှုမှန်ပေါ်ပေါက်အောင်ဘယ်လိုဖြေရှင်းသွားကြမလဲ ? ရွာသားတွေပြောနေသလို အငြိုးအတေးတစ္ဆေက သတ်တာရော ဟုတ်ပါ့မလား ? ဒီလူသတ်မှုတွေက လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကအမှုနဲ့ သက်ဆိုင်နေတယ်ဆိုတာကရော တကယ်ပဲဖြစ်နေမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ကြပါဦး Filesize : 617 MB / 370 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Fantasy Runtime : 1h 26 ...
movie
The Strange Story of Miao Ling (2024)
7.8
El Sur (1983)
'ဒက္ခိဏတမ်းချင်း'ဒီကားကိုမကြည့်ခင် ပထမဆုံးပြောချင်တာက တစ်ခေါက်တည်းကြည့်ဖို့စဥ်းစားထားရင်၊ ကိုယ့်ကိုယ်ကိုသံသယမခိုင်ပါဘူးလို့ယူဆထားရင်၊ အချိန်မရှိလို့ ဘာလဲသိချင်ရုံစပ်စုချင်တာဆိုရင်တော့ မိတ်ဆွေအနေနဲ့ လုံးဝ မကြည့်ဖို့ တိုက်တွန်းပါရစေ။ ဒီဇာတ်ကားဟာ Life is beautiful တို့ The boy in the stripped pajamas တို့လို ကြည့်ပြီးရင်ဘာမှမျက်ရည်ချူစရာတစ်ကွက်မပါဘဲနဲ့ ဆို့ဆို့နင့်နင့်ဝေဒနါတစ်မျိုးကို ၂ ရက်လောက် ကောင်းကောင်းကြီးပေးနိုင်လို့ပါ။ ပြီးတော့ ရစ်မကြည့်မိပါစေနဲ့။ စက္ကန့်တိုင်းမှာသရုပ်ဆောင်ချက်တွေဟာ တကယ်ကိုအသက်ပါလွန်းလို့ပါ။IMDB 7.8 ထက်ပိုထိုက်တန်တဲ့ဒီစပိန်classicရုပ်ရှင်မှာ စကားလုံးနည်းနည်း တင်ပြပုံကောင်းကောင်းနဲ့ ဖခင်မေတ္တာရယ် ယောကျ်ားတစ်ယောက်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာက တစ်စုံတစ်ယောက်အပေါ်မှာထားတဲ့အချစ်ဆိုတာရယ်ကို တစ်လွှာချင်းပြထားပြီး ခံစားပြီးတဲ့နောက်မှာတော့ မေးခွန်းတွေတသီကြီးနဲ့ ဇာတ်ကောင်တွေအပေါ်မှာရော ကိုယ့်ကိုယ်ကိုပါ မေးနေမိပါလိမ့်မယ်။ ဖခင်ဖြစ်သူရဲ့မိသားစုအပေါ်ထားတဲ့အချစ်၊ သူ့အချစ်ဦးအပေါ်ထားတဲ့အချစ်၊ နောက်ဆုံးထွက်သက်အထိ သူ့မိဘအသံလေးကြားချင်ခဲ့ရှာတဲ့ သူ့မိသားစုအပေါ်ထားတဲ့အချစ် ဘယ်ဟာကချစ်တာ ဘယ်ဟာကမေတ္တာ ဘယ်ဟာကအပြစ် ဘယ်ဟာကဘာလဲ။Spoil ရရင် နောက်ဆုံးအဖေနဲ့သမီးစကားပြောတဲ့အခန်းလေးရောက်ရင် တစ်သျှူးသာဆောင်ထားပါလို့။ Bonus Fact ပြောရရင် ဒီရုပ်ရှင်က ...
movie
El Sur (1983)
Vanished in Yosemite (2023)
အခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် လျှိ့ဝှက်သည်းဖိုဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဂျနီဖာနဲ့ကတ်ထရီနာဆိုတဲ့ ညီအစ်မနှစ်ဦးဟာ Yosemite အမျိုးသားဥယျာဉ်ကို အားလပ်ရက်အလည်အပတ်ခရီးထွက်လာပါတယ်... Yosemite ဥယျာဉ်ကိုရောက်ပြီး ညရောက်တော့ သူတို့ညီအစ်မတည်းတဲ့ဟိုတယ်ရဲ့စားသောက်ဆိုင်မှာ ရစ်ခ်လို့ခေါ်တဲ့လူတစ်ယောက်နဲ့ အမှတ်မထင်ဆုံမိပါတယ်...ရစ်ခ်ကဓါတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး ဥယျာဉ်ထဲမှာဓါတ်ပုံလိုက်ရိုက်ဖို့ ဂျနီဖာနဲ့ကတ်ထရီနာတို့ကိုဖိတ်ပါတယ်....နောက်နေ့ကျတော့ ဂျနီဖာကအစာအဆိပ်သင့်ပြီး နေမကောင်းဖြစ်နေတဲ့အတွက် ကတ်ထရီနာတစ်ယောက်ထဲ ရစ်ခ်နဲ့လိုက်သွားခဲ့ပါတယ်....နေ့လည်ပြန်ရောက်မယ်လို့ပြောခဲ့ပေမဲ့ ညနေအထိပြန်မရောက်လာတဲ့အခါ ဂျနီဖာဟာကတ်ထရီနာကိုစိတ်ပူလာပါတယ်....ဒီလိုနဲ့ဂျနီဖာဟာ ကတ်ထရီနာကိုလိုက်ရှာဖို့အတွက် ရည်းစားဟောင်းဖြစ်သူ ဝေါ်လီကိုဥယျာဉ်ကိုလိုက်လာခဲ့ဖို့ပြောပြီး ကတ်ထရီနာကိုလိုက်ရှာပါတော့တယ်....File size…(1 GB) Quality….Webrip 720p Format…mp4 Duration….01:20:00 Genre... TV Movie, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie
Vanished in Yosemite (2023)
Following (2024)
Following (2024)*****************ဒီကားလေးကတော့ ကိုယ်တွေရဲ့ ဆရာမကြီး Shin Hye Sun, Mr.Sunshine ထဲကByun Yo-Han နဲ့ My Liberation Notes ထဲက Lee El တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဖြစ်တဲ့ Gu Jung Tae ရဲ့ဝါသနာကတော့ သူများတွေကို လိုက်ကြည့်ရတာပါပဲ။အိမ်ခြံမြေအကျိုးဆောင်ဖြစ်တဲ့အလျောက် သူ့ဆီမှာ အိမ်လာအပ်ထားတဲ့အိမ်တွေသာမက သူများအိမ်တွေကိုပါ လျှို့ဝှက်နံပါတ်ဖော်ပြီး ခိုးဝင်တတ်တဲ့ စရိုက်ရှိတဲ့သူပါ။ဒါပေမဲ့ တစ်နေ့ သူတို့ရပ်ကွက်ထဲကို လက်တွေဘဝနဲ့ internet ပေါ်က ဘဝတွေ ကွာခြားနေတဲ့Instagram ဆယ်လီမလေး Han So-ra ပြောင်းလာတဲ့အခါမှာတော့...။Jung-tae တစ်ယောက် So-ra ကို စိတ်ဝင်စားပြီး သူ့အိမ်ထဲကို ခိုးဝင်ဖို့လုပ်ပေမဲ့ မရလို့မှိုင်နေတဲ့အချိန်ကံကြမ္မာမျက်နှာသာပေးပြီး So-raက Jung-tae တို့ဆီမှာ အိမ်လာအပ်တဲ့အခါ...။ပျော်ပျော်ကြီး So-ra အိမ်ကို ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ ...
movie
Following (2024)
The Crimson Rivers (2000)
ပြင်သစ်လျှို့ဝှက်သည်းဖို မှုခင်းရုပ်ရှင်ကောင်းလေးတစ်ကားဖြစ်ပြီး မင်းသား Jean Reno နဲ့အတူ ဗီလိန်ဇာတ်ရုပ် သရုပ်ဆောင်တာများတဲ့ Vincent Cassel တို့ ပါဝင်ထားပါတယ် ရေခဲတောင် ချိုင့်ဝှမ်းဒေသမှာလွန်စွာမှနာမည်ကြီးတဲ့ ကောလိပ်တစ်ခုက ပရော်ဖက်ဆာတစ်ယောက် ကိုယ်လက်အင်္ဂါလှီးဖြတ်ခံရပြီး ထူးဆန်းစွာ သေဆုံးတဲ့အမှု ဖြစ်တယ်သူတို့ကောလိပ်မှာ ရွာတစ်ရွာလိုနေထိုင်တဲ့ ဓလေ့၊ ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေး ဘာမဆို သီးသန့်တည်ရှိပြီး အထက်တန်းလွှာဆန်ဆန် သူတို့ အလွှာချင်းသာ ပြန်လက်ထပ်ကြတဲ့ သီးသန့်ဆန်လွန်းတဲ့ အသိုက်အဝန်း တစ်နေ့တည်းမှာပဲ မူလတန်းကျောင်းတစ်ကျောင်း ဖောက်ထွင်းခံရတဲ့အပြင် သင်္ချိုင်းဂူဗိမ္မာန်တစ်ခုကိုလည်း ဖျက်လိုဖျက်စီး လုပ်သွားတဲ့အမှုနဲ့ … ဘယ်လိုတွေ ပတ်သက်နေမှာလဲ အစွန်းရောက်တဲ့ အတွေးအခေါ်တွေနဲ့အတူ၊ ခက်ထန်ရက်စက်တဲ့ ပြကွက်တွေနဲ့ ရင်တမမ ကြည့်ရမယ့် ဇာတ်လမ်းလေးပါFile size…(1.7 GB)/(842 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre... Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
The Crimson Rivers (2000)
First
3
4
5
6
7
Last
Previous
Next