Channel Myanmar

Mystery

Touching Gold Captain ( 2022 ) 6
Touching Gold Captain ( 2022 ) အုတ်ဂူဖောက်တဲ့ရတနာသိုက်ရှာပုံတော်တွေကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တို့အတွက် ဒီတခါမှာလည်း လျို့ဝှက်ဆန်းကြယ်မှုတွေ၊ ကျိန်စာတွေ၊ မိစ္ဆာတွေ နဲ့အတူ အုတ်ဂူဖောက်ကြမယ့် စွန့်စားခန်းဇာတ်လမ်းကိုတင်ဆက်ပေးလိုက်ပါတယ်။ချောင်ရွှင့်ဆိုတဲ့လူငယ်လေးဟာ မောကျင်းရဲ့ ၄၆ မြောက်မျိုးဆက်ဖြစ်ပါတယ်။ မောကျင်းဆိုတာကတော့ အုတ်ဂူဖောက်တဲ့နေရာမှာဆရာတစ်ဆူလို့ သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။ ချောင်ရွှင့်ဟာမောကျင်းမျိုးဆက်ဖြစ်သော်ငြားလည်း၊ ငယ်ကတည်းကအဖေကစွန့်ပစ်သွားပြီးအမေကလည်းဆုံးပါးသွားတာမို့ အုတ်ဂူဖောက်ပညာမပြောနဲ့ ဘာပညာကိုမှတောင်မသင်လိုက်ရပါဘူး။သူတတ်တာကတော့ လိမ်လည်လှည့်ဖြားတာပါပဲ။ ဒါပေမဲ့လည်း တစ်နေ့မှာ ဆိုက်ဆိုက်မြိုက်ဆိုက် အန္တရာယ်ကရောက်ရှိလာပါတယ်။ အေးအေးချမ်းချမ်းနေနေတဲ့သူတို့ရွာလေးကို တိုင်းတစ်ပါးသားတွေရောက်ရှိလာပြီး၊ ထိုသူတွေရဲ့ရည်ရွယ်ချက်ကတော့ အုတ်ဂူဖောက်ပြီးရတနာသိုက်တူးဖို့ မောကျင်းမျိုးဆက်ဖြစ်တဲ့ ချောင်ရွှင့်ကိုလာရှာတာပါပဲ။တစ်ရွာလုံးရဲ့အသက်နဲ့ခြိမ်းခြောက်တဲ့အခါမှာတော့ ချောင်ရွှင့်ဟာ အုတ်ဂူဖောက်သူအဖြစ်နဲ့ ရှေးခေတ်ဘုရင်များရဲ့ ဂူသင်္ချိုင်းထဲကို လိုက်ပါသွားရတဲ့အခါမှာတော့.... စောင့်ကြိုနေတဲ့ကျိန်စာတွေနဲ့ မကောင်းဆိုးဝါးမိစ္ဆာတွေကိုကျော်ဖြတ်နိုင်ပါ့မလား ဂူထဲကရော အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်။  Quality : WEB-DL 1080p , 480p Format : mp4 Genres: Action , Adventure , Mystery Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Nu Mon , Hnin Wutt Hmone Encoded by LK
movie

Touching Gold Captain ( 2022 )

CBI 5: The Brain (2022) 6.2
CBI 5: The Brain (2022) ဒီတစ်ခါမှာလည်း ထုံးစံအတိုင်း ခေါင်းစားစရာတွေ တစ်ပုံကြီးနဲ့ အိန္ဒိယစုံထောက်ကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB မှာ ၆.၁ ရထားတဲ့ စုံထောက်အက်ရှင် Crime, Mystery, Thriller အမျိုးစားရုပ်ရှင်ဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း... ဝန်ကြီးချုပ်နဲ့အတူ ခရီးထွက်ခဲ့တဲ့ ဝန်ကြီးတစ်ယောက် သေဆုံးသွားတဲ့နောက်ကွယ်ကနေစပြီး Basket Killings ဆိုတဲ့ ကွင်းဆက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်နောက်ဆုံးအသတ်ခံရတဲ့သူက ရဲအရာရှိတစ်ယောက်ဖြစ်တာမို့ ရဲတွေပါ အလုပ်ရှုပ်လာပါတယ် ဒီအချိန်မှာ "မာနကြီးပြီး ဘယ်တော့မှမကျရှုံးဘူး" လို့ ကြွေးကြော်ထားတဲ့ CBI အိန္ဒိယ ဗဟိုထောက်လှမ်းရေးကို အမှုကိုလွှဲပါတော့တယ် CBI နဲ့ ရဲအဖွဲ့ကြားက အဖုအထစ်တွေ အားပြိုင်မှုတွေနဲ့ တရားခံကို ဘယ်လိုဖော်ထုတ်ဖို့ကြိုးစားလည်းဆိုတာကိုတော့ ၂နာရီနဲ့ ၄၂မိနစ်ကြာတဲ့ ဒီရုပ်ရှင်မှာ တ၀ကြီး လိုက်ပါစီးမျောခံစားကြည့်လိုက်ပါဦး...   File size…2.54GB / 1.2GB Quality…1080p WEB DL Malayalam AAC5.1CH / 720p Format...mp4 Duration….2h 42mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Yunni ~ Honey ~ OeliuJ    
movie

CBI 5: The Brain (2022)

2022
The Wolf Witch ( 2022 ) 6.9
The Wolf Witch ( 2022 ) ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင်...ချန်အန်းဆိုသူ လျို့ဝှက်အမှုစစ်တစ်ယောက်က တာဝန်အရ ပါးစပ်ရာဇဝင်တစ်ပုဒ်လို ပြန့်နေတဲ့ ဆံဖြူရှင်မိစ္ဆာမ လျန်နီရှန်းအကြောင်း စုံစမ်းဖို့ ရောက်လာခဲ့ရာ..တကယ်စုံစမ်းတဲ့အချိန်မှာ ဆံဖြူရှင်မိစ္ဆာမ လျန်နီရှန်းအကြောင်းကိုသာမက သိုင်းလောကရဲ့ ရှုပ်ထွေးလှတဲ့ ဂိုဏ်းတွေကြား ဆက်နွယ်မှုတွေနဲ့အတူ လျန်နီရှန်းကို ပုံတူခိုးပြီး နောက်ကွယ်က ချောက်တွန်းနေတဲ့ တခြားဂိုဏ်းအကြောင်းပါသိခဲ့ရတယ်...လျန်နီရှန်းရဲ့ ဇာတ်ကြောင်းကတော့ ဗားရှင်းတိုင်းနီးပါးမှာ ပုံစံစုံနဲ့ တင်ဆက်ပြနေကြမို့ ထူးထွေပြီး မိတ်မဆက်တော့ပါဘူး... အချစ်တစ်ခုကို ကိုးစားမိတဲ့အချိန်မှာ ချစ်ရတဲ့သူရဲ့ရက်ရက်စက်စက် သစ္စာဖောက်တာခံရပြီးနောက် အချစ်ကိုမယုံတော့တဲ့ လျန်နီရှန်းတစ်ယောက်...အတိတ်က နာကျင်စရာ အချစ်ဇာတ်လမ်းတစ်ခုမှာ ကိုယ်တိုင် မင်းသားအနေနဲ့ ကခဲ့ပြီးနောက် ထပ်ပြီးချစ်ရမှာ ကြောက်နေခဲ့တဲ့ ချန်အန်းတို့ ဆုံတဲ့အခါ... အချစ်ခံစားချက် အသစ်တစ်ဖန်ပဲ မွေးဖွားလာမလား... အတိတ်က ဒဏ်ရာကိုမကုစားနိုင်လို့ အလွမ်းနဲ့အဆုံးသတ်မလား... ဒါမှမဟုတ် အသစ်တစ်ဖန်မွေးဖွားလာမယ့် ဒဏ်ရာတစ်ခုက စောင့်ကြိုနေမလားဆိုတာ Channel Myanmar မှာ ဒေါင်းလုပ်ပြီး ခံစားကြည့်လိုက်ကြပါ...  Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Romance Runtime : 1h 25min Subtitle : Myanmar Subtitle ( Hardsub ...
movie

The Wolf Witch ( 2022 )

Masquerade Night (2021) 6.3
Masquerade Night (2021) Masquerade Night (2021)~ IMDb rating - 6.3/10 ~ဂျပန်စုံထောက်ကားတွေကိုကြည့်ရတာကြိုက်တဲ့သူတွေအတွက် စလယ်ဆုံးမပျင်းရမယ့် ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူသတ်သမားရှိတယ်ဆိုတာလွဲပြီး ဘာ info မှမသိရတဲ့သူတစ်ယောက်ကို ဟိုတယ်ထဲမှာလိုက်ရှာကြရမှာမို့လို့ပါ။ဟိုတယ်လုပ်ငန်းဆောင်တာနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုရော အမှုလိုက်တဲ့နေရာမှာ ဆက်စပ်ချိတ်ဆက်မှုကိုရော အသားပေးရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ၂၀၁၉မှာထွက်ခဲ့တဲ့ Masquerade Hotel ရဲ့ အဆက်အဖြစ်ရိုက်ထားတာပါ။ သို့ပေမဲ့ ပထမကားကို မကြည့်ဘဲ ကြည့်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နဲရိမခရိုင်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ သတ်ခံရစဉ်မှာ Lolita ဝတ်စုံဝတ်ထားပြီး ဓာတ်လိုက်သေစေတဲ့နည်းနဲ့သတ်ခံရတာကြောင့် ပုံမှန်မဟုတ်တဲ့အမှုတစ်ခုပါပဲ။ တိုကျို မြို့တော်ရဲတွေလည်း စုံစမ်းလို့မရဖြစ်နေတုန်း အမည်လျှို့ဝှက်ပြီးသတင်းပေးလို့ရတဲ့ hotline ကနေ စာတစ်စောင်ရောက်လာခဲ့ပါတယ်။အဲဒါကတော့ "အမျိုးသမီးကိုသတ်ခဲ့တဲ့လူသတ်သမားက ဒီဇင်ဘာ ၃၁ရက်နေ့မှာ Hotel Cortesia တိုကျို ကိုရောက်လာလိမ့်မယ်"ဆိုတာပါပဲ။ လူသတ်သမားရဲ့အသွင်အပြင်ကိုလည်းမသိ သဲလွန်စလည်းတစ်ခုမှမရှိတဲ့အမှုကို ဟိုတယ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းမှုနဲ့အတူ လိုက်ရှာဖို့ဖြစ်လာပါတယ်။ခက်တာက ပွဲကိုတက်မယ့်သူပေါင်း ၅၀၀ရှိတဲ့အပြင် မျက်နှာဖုံးတပ်ထားတာဖြစ်လို့ ...
movie

Masquerade Night (2021)

2021
Taking Lives (2004)
Taking Lives (2004)    Taking Lives (2004) ~~~~~~~~~~~~~~~~~~~~~~~ ကမ်းခြေသွားရင် ဝင်ကစွပ်ကောင်လေးတွေကို မြင်ဖူးကြလား ဝင်ကစွပ်တွေက တခြားသတ္တဝါတွေရဲ့အခွံကို သူ့ကိုယ်ပိုင်အိမ်သဖွယ်ဝင်နေကြတယ်လူတစ်ယောက်ကရော အဲ့လိုသူများဘဝကို ကိုယ့်ဘဝလို အပိုင်ယူလိုက်လို့ရလား ဒီမေးခွန်းရဲ့အဖြေကို အခုတင်ပေးသွားမယ့်ရုပ်ရှင်ထဲမှာပဲ အဖြေရှာကြည့်ကြပါဒီလိုကားမျိုးက ဇာတ်ကြောင်းအရမ်းပြောရင် spoiler ဖြစ်မှာစိုးရလို့ မိတ်ဆက်သဘောပဲ ပြောမယ်နော့ နှစ်ပေါင်းများစွာ လွတ်မြောက်နေတဲ့ စိတ္တဇကွင်းဆက်လူသတ်သမားကို FBI အထူးအေးဂျင့် Angelina Jolie နဲ့အတူ ကိုယ်တိုင်စုံစမ်းထောက်လှမ်းလိုက်ပါPsychological thriller ဆိုတဲ့အတိုင်း သည်းထိတ်ရမယ်၊ ရင်ဖိုရမယ်၊ Crime drama ဆိုတဲ့ဆိုတဲ့အတိုင်း အံ့ဩရမယ်၊ မင်သက်ရမယ် ရင်မဖိုရမှာတော့မပူနဲ့၊ Jolie နဲ့ Ethan Hawke တို့ကို ကြည့်ရင်း စောင်ကိုက်ရမှာ အသေအချာပါပဲIMDB -6.2 RT- 22% File size…(1.6GB)/(830MB)/(458MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Crime / Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK
movie

Taking Lives (2004)

My Girlfriend is a Serial Killer (2019) 5.8
My Girlfriend is a Serial Killer (2019) My Girlfriend is a Serial Killer (2019)အချစ်ဆိုတာ ဒီလောကမှာ အဆန်းကြယ်ဆုံးအရာပါပဲ။ တချို့က ချောချောလေးတွေကို ချစ်ကြတယ်။ တချို့က စာကြမ်းပိုးမလေးတွေကို ချစ်ကြတယ်။ တချို့က သေးသေးလေးတွေကို ချစ်ကြတယ်။ တချို့ကကျ နားလည်ရခက်တဲ့ ကောင်မလေးတွေကို ချစ်ကြတယ်။ ပြောမကုန်ဘူးပေါ့။ လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ပြောလည်း မဆုံးပါဘူး။ဆိုပေမဲ့ ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ကျော်ကြီးကတော့ ဘေးခန်းက ကောင်မလေး လူသတ်တာကို မြင်ပြီး ချစ်မိတယ်တဲ့ဗျာ။ ဆန်းတော့ဆန်းသား... အဲဒီကောင်မလေးက သူ့ကိုသတ်ချင်လည်း သတ်နိုင်တာ သူသိပေမဲ့ ချစ်မိနေဆဲပါပဲ။ လောကမှာ အသန့်စင်အမွန်မြတ်ဆုံး အချစ်ထက်မြင့်တဲ့ ဆီရီရယ်တိုးနစ်အချစ်ကို ပုံဖော်ထားတဲ့ ဂျပန်ကားလေးပါပဲ။ မင်းသမီးလေးလည်း ချောပါတယ်။ ခပ်ချောချော ကောင်မလေးတွေ လူသတ်တဲ့အခါ ချစ်စိတ်အပြည့်နဲ့ ကြည့်တတ်အောင်လို့ ကြည့်ရှုမုဒိတာပွားထားသင့်တဲ့ ရုပ်ရှင်ပါပဲ။ လောကမှာ အချစ်ဟာအကြီးအကျယ်ဆုံးအရာပဲမလား။ ကောင်မလေးချောနေရင်ပေါ့ဗျာ...(အညွှန်းရေးပေးထားသူကတော့ Lucifer Morningstar ဖြစ်ပြီး ...
movie

My Girlfriend is a Serial Killer (2019)

2019
Dorm (2006) 6.8
Dorm (2006) Horror ဆိုပေမယ့် ကြောက်ရလန့်ရတာချည်းမဟုတ်ဘဲ ဇာတ်လမ်းဦးစားပေးရိုက်ထားတဲ့ ဇာတ်ကားကိုမှကြည့်ချင်သူတွေအတွက် Best Director ဆုအပါအ၀င် ဆု၇ဆု ရထားတဲ့ ဒီကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအကျဥ်းချာဒရီဆိုတဲ့ကလေးက မိဘဖိအားပေးမှုကြောင့် ဒုတိယနှစ်ဝက်မှာ ကျောင်းပြောင်းခဲ့ရပါတယ်သူပြောင်းလာတဲ့ကျောင်းမှာအဖြစ်အပျက်တွေအများကြီးရှိခဲ့ပြီး အဲ့ထဲမှာမှ အဲ့ဒီကျောင်းကရေကူးကန်ဟောင်းမှာ ရေထဲခုန်ချသေသွားတဲ့ကျောင်းသားတစ်ယောက်ရှိခဲ့ဖူးတယ်လို့လည်းပြောနေကြပါတယ် ယခုလက်ရှိအချိန်မှာတော့ အဲ့ဒီရေကူးကန်ကိုပိတ်ထားလိုက်ပါပြီချာဒရီဟာ ကျောင်းရောက်ရောက်ချင်း သူငယ်ချင်းတွေသိပ်မရှိခဲ့ပါဘူး သူ့မှာခင်ရတဲ့သူငယ်ချင်းဆိုလို့ တစ်ယောက်ပဲရှိတယ်...အတူသွား အတူကစားရင်း နောက်မှ သူသိလိုက်ရတာကတော့ သူ့သူငယ်ချင်းက...ကဲ ဇာတ်လမ်းကတော့အဲ့မှာစတာပါပဲ ဘယ်လိုစိတ်ခြောက်ခြားစရာတွေလာဦးမလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှူလိုက်ရအောင်နော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ )File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__01:50:00 Type__Drama, Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt
movie

Dorm (2006)

Last Seen Alive (2022) 5.8
Last Seen Alive (2022) Last Seen Alive (2022)မင်းသားကြီး Gerard Buttler ရဲ့ ဇာတ်ကားအသစ်လာပါပြီ။ ဒီတစ်ခါတော့ အရင်လို သမ္မတလိုက်ကယ်တာမဟုတ်ဘဲ လူပျောက်လိုက်ရှာမှာပါ။ လူပျောက်ရှာပုံတော် ဇာတ်ကားတွေ နှစ်သက်တဲ့ပရိသတ်အတွက် အသစ်ထွက်ရှိလာတဲ့ကားလေးပါ။ ဝေလ်နဲ့ လီဆာစပန်းက အိမ်ထောင်ရေးအဆင်မပြေကြတဲ့ ဇနီးမောင်နှံပါ။ ခဏ အိမ်ခွဲနေချင်တယ်လို့ တောင်းဆိုလာတဲ့ ဇနီးဖြစ်သူလီဆာ့ကို ဝေလ်က မခွဲချင်ပေမဲ့ တနယ်တကျေးက လီဆာ့မိဘအိမ်ကို လိုက်ပို့ဖို့ ထွက်လာခဲ့ကြပါတယ်။လမ်းခရီးမှာ ဂတ်စ်ကုန်လို့ ဝင်ဖြည့်တုန်း လီဆာတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။ ဇနီးဖြစ်သူကို ခေါင်းမီးတောက်အောင်ရှာပေမဲ့ မတွေ့တော့ ဝေလ်လည်း ရဲတိုင်ရတော့တာပေါ့။ နောက်ဆုံးသဲလွန်စလေးတစ်ခုက လီဆာဟာ မပျောက်သွားခင် အထက်တန်းကျောင်းနေဘက်ဖြစ်သူ နက်ကယ်စ်နဲ့ နောက်ဆုံးစကားပြောနေခဲ့တာကိုပါပဲ။ရဲတွေကလည်း ဖောက်ပြန်တဲ့ရာဇဝင်ရှိဖူးတဲ့ လီဆာတစ်ယောက် ခင်ပွန်းဖြစ်သူရဲ့ လက်တုံ့ပြန်ခြင်းကို ခံလိုက်ရတာလား ဒါမှမဟုတ် ခင်ပွန်းဖြစ်သူကို နောက်တစ်ကြိမ် သစ္စာဖောက်ပြီး ပြေးတာလား ဝေခွဲမရကြပါဘူး။ ပျောက်သွားတဲ့ မိန်းမဖြစ်သူကို အသက်ရှင်လျှက် ပြန်တွေ့ပါ့မလား?ဝေလ်ကလည်း သူမလုပ်ပါဘူးလို့ တွင်တွင်ငြင်းရင်းနဲ့ ...
movie

Last Seen Alive (2022)

2022
In a Lonely Place (1950) 7.9
In a Lonely Place (1950) In a lonely place (1950)အဖြူ အမဲ ဂန္တဝင် ရုပ်ရှင် classical film ကောင်းကောင်းတွေကို ကြိုက်တတ်တဲ့ သူတွေ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ Rotten tomatoes ရုပ်ရှင်ဝေဖန်ရေး ဝက်ဘ်ဆိုက်မှာလဲ rating ကောင်းကောင်း ရထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းကျောရိုးကတော့ဒုတိယ ကမ္ဘာစစ်ကြီးလွန်ပြီး ၁၉၅၀ ကာလများက နာမည်ကြီး ဒစ်ခ်ဆန် စတီးလ်ဆိုတဲ့ ဇာတ်ညွှန်းရေး ဆရာ တစ်ယောက်ရဲ့ အသက်ငါးဆယ်ဝန်းကျင် ဘဝအဖြစ်အပျက်တွေပေါ်မှာ တည်ထားတာပါ။ ဒစ်ဆန်ဟာ သူအိမ်ခေါ်မိတဲ့ ကောင်မလေး တစ်ယောက် အသတ်ခံရတာကြောင့် ရဲတွေရဲ့ သံသယအရှိဆုံးသူအဖြစ် သတ်မှတ်ခံရပါတယ်။ ရဲတွေက သူ့မျက်နှာချင်းဆိုင်မှာ နေတဲ့ တက်သစ်စ မင်းသမီး တစ်ယောက်ကို ခေါ်မေးရာကနေ ဇာတ်ညွှန်းရေးဆရာ ဒစ်ခ်ဆန်နဲ့ မင်းသမီးတို့ မေတ္တာသက်ဝင်သွားပါတယ်။ပေါက်ကွဲလွယ်တဲ့ ဒေါသအိုးတစ်ဦး ဖြစ်ပြီး မဟုတ်ရင်မခံတတ်တဲ့ ဗီဇလည်းရှိသလို မိမိအတ္တကိုလည်း နည်းနည်းလေးမှ အထိပါးမခံတဲ့ ဒစ်ခ်ဆန်တစ်ယောက်ရဲ့ အပြုအမူတွေဟာ ရဲတွေ သံသယဝင်လောက်စရာကောင်းအောင်ကို မူမမှန်တွေ ...
movie

In a Lonely Place (1950)

1950
The Empty Man (2020) 6.2
The Empty Man (2020) The Empty Man (2020) ================= IMDb Rating - 6.2/10အမန်ဒါလို့ခေါ်တဲ့ မိန်းမကလေးတစ်ယောက်ထူးဆန်းစွာပျောက်ဆုံးသွားပြီးနောက် ရဲအရာရှိဟောင်းတစ်ဦးဖြစ်သူ ဂျိမ်းစ် လဆွန်ဘရာဟာ အမှုကို စုံစမ်းဖို့ဖြစ်လာခဲ့ ပါတယ်။ သိုပေမယ့် ထိုပျောက်ဆုံးမှုဟာ သမားရိုးကျမဟုတ်ပဲ ထူးဆန်းတဲ့ ဘာသာ ရေးအုပ်စုတစ်စုက နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်တာနဲ့ ဆက်စပ်နေခဲ့ပါတယ်။ ထိုသို့သော ပုံမှန်မဟုတ်တဲ့ အမှုကို ဖြေရှင်းပြီး အမန်ဒါကို တွေ့အောင်ရှာနိုင်ပါ့မလား။ လှည့်ကွက်တွေကြားကနေ ကလေးအတွေးလိုလို စိတ်ကူးယဉ်လိုလိုနဲ့ The Empty Man လို့ခေါ်တယ့် နတ္ထိလူကရော (မြန်မာအလိုဆိုရင်တော့ အုန်းမှုန့်ခွက်သရဲပေါ့) ကရော ဘယ်လိုအရာမျိုးလဲ....။ပေါင်းကူးတံတားကနေ လူဖြစ်လာတယ်၊ လူကနေပြီးတော့ သူ့ရဲ့အတွေးတွေ ဖြစ်လာတယ်၊ သူ့ရဲ့အတွေးတွေကနေ အိပ်မက်ဖြစ်လာတယ်၊ အိပ်မက်တွေကနေ စွမ်းအားတွေဖြစ်လာတယ်၊ စွမ်းအားတွေကနေ ပေါင်းကူတံတားတွေဖြစ်လာတယ်၊ အသင်ထုတ်လွှင့်လိုက်တာကို ကျွန်ုပ်တို့လက်ခံရရှိတယ်....... ဒါဟာ The Empty Man နတ္ထိလူပါပဲ။ဒီဇာတ်ကားရဲ့ ရိုက်ကွင်းရိုက်ကွက်တွေဟာ တစ်ခြား horror ကားတွေနဲ့မတူပဲ ထူးခြားပြီး ကြောက်စရာလည်းကောင်းပါတယ်။ Rated R သတ်မှတ်ခံထားရပြီး ဝတ်လစ်စလစ်အခန်း (18+}လည်း အနည်းငယ်ပါဝင်တာကြောင့် ကလေးငယ်တွေနဲ့ မိသားစုအတူ ကြည့်တာတွေ မလုပ်ပါနဲ့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw ...
movie

The Empty Man (2020)

2020
The Boy Behind The Door (2020) 5.6
The Boy Behind The Door (2020) The Boy Behind The Door (2020) ========================The boy behind the door… လက်မလွှတ်ဘဲ ကြည့်သင့်တဲ့ကားလို့ ညွှန်းချင်ပါတယ်။ ရုပ်ရှင်ရဲ့ စွန့်စားခန်းတွေ၊ နောက်ခံတီးလုံးတွေ၊ လျပ်တပြတ်ဇာတ်ဝင်ခန်းတွေကြောင့် ဇာတ်လမ်းအဆုံးအထိ ထိုင်ရာ မထကြည့်ရှုရမယ့် ကားကောင်းလေးပါ။ ခရမ်းချဉ်သီးကစလို့ တခြား ratingတွေကလည်း အကောင်းဆုံးအမှတ်ပေးထားတော့ ဒေါင်းကြည့်လို့ မမှားတဲ့ကားကောင်းလေးပါခင်ဗျာ ။ရုပ်ရှင်မှာ ကလေးဇာတ်ဆောင်နှစ်ယောက်ကိုပဲ အဓိကထားပြီးရိုက်ကူးထား ပါတယ်။ ကလေးနှစ်ယောက်ကလည်း ရုပ်ရှင်ရိုက်တာနဲ့မတူပဲ သူတို့တကယ် ကြုံတွေ့ရသလို သရုပ်ဆောင်ပိုင်နိုင်ကြပါတယ်။ဘော်ဘီ နဲ့ ကယ်ဗင်တို့ကအရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ သူတို့ နှစ်ယောက်ပြန်ပေးဆွဲခံရပေမယ့် ဘော်ဘီကတော့ ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ အပြင်ကိုရောက်ပြီးမှ ကယ်ဗင်ရဲ့ “ကယ်ကြပါဦး”ဆိုတဲ့အသံကို ကြားပြီးတဲ့ နောက်မှာ ဘော်ဘီရဲ့ခြေလှမ်းတွေက ဘယ်ကိုဆက်ဦးတည်မှာလဲ... ကယ်ဗင်ကရော တကယ်အဆင်ပြေရဲ့လား.....အဲ့တော ဆက်ရေးရင် ဇာတ်ရှိန်ပျက်မှာစိုးလို့ ဆက်ကြည့်လိုက်ပါတော့ဗျာ။ စိတ်ကျေနပ်မှုတစ်ခုတော့ ရစေမှာပါ ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(900 MB) / (400 MB) Quality............Blu-Ray 1080p / 720p Duration.........1Hr ...
movie

The Boy Behind The Door (2020)

2020
The Scarlet Letter (2004)
The Scarlet Letter (2004) (18+) The Scarlet Letter (2004)ဒီဇာတ်ကားရဲ့နာမည်ကို The Scarlet Letter ဆိုတဲ့စာအုပ်ကို အစွဲပြုပြီး ​ပေးထားတာဆို​ပေမယ့် ဇာတ်လမ်းနဲ့ အလိုက်ဖက်ဆုံးနာမည်ကို ​စဉ်းစားရရင် "အချစ်​ကြောင့် ပျက်သုဉ်းရသူများ"လို့ ကင်ပွန်းတပ်ရင် မှားမယ်မထင်ပါဘူး။ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Mystery Drama ရုပ်ရှင်ဖြစ်ပြီး တစ်​ခေတ်တစ်ခါက အ​တော်​ရေပန်းစားခဲ့တဲ့ ကိုရီးယားရုပ်ရှင်ပါ၊ IMDb 6.4အထိရရှိထားပြီး ဇာတ်လမ်းသွားနဲ့ plot twist​တွေက အ​တော်​လေးမိုက်ပါတယ်၊ အ​​​ဖော်အပြလည်း ကြမ်းသလို ​သွေးသံရဲရဲ​တွေလည်း ပါဝင်လို့ 18+လို့ ​ပြောလို့ရပါတယ်။ မထင်ထားတဲ့plot twistအဆန်း​​တွေကြိုက်ရင် ဒီဇာတ်ကားကို ​သေချာ​ပေါက် ညွှန်းလို့ရပါတယ်။သရုပ်​ဆောင်​​တွေအ​​နေနဲ့ အားလုံးရင်းနှီးပြီးသား Dr. Romantic ထဲက မင်းသားကြီး Han Suk Kyu နဲ့ တချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီး Lee Eun Juတို့ အဓိကပါဝင်ထားသလို ဒီဘက်​ခေတ် ဒရာမာ​တွေမှာ မကြာခဏတွေ့​နေကျ မင်းသား၊မင်းသမီးကြီး​တွေ ပါဝင်ထားပါ​သေးတယ်၊ ဒီဇာတ်ကားက မင်းသမီးLee Eun Juရဲ့ ​နောက်ဆုံးဇာတ်ကား ဖြစ်ပြီး ​အညွန့်တလူလူနဲ့ ...
movie

The Scarlet Letter (2004)

2004
Musudan (2016)
Musudan (2016) Musudan (2016)ပန့်ဟောက်စ် ထဲက ရှင်းဆူယွန်း လို့ လူသိများတဲ့ မင်းသမီးကြီး အီဂျီအာ ရဲ့ Mystery Thriller ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ တောင်ကိုရီးယားနှင့်မြောက်ကိုရီယားနယ်စပ်ကြားမှာ အကြောင်းအရင်းမရှိလူသေမှု၊ လူပျောက်မှုတွေ ဖြစ်နေခဲ့လို့ ဒီအကြောင်းကိုစုံစမ်းဖြေရှင်းဖို့ တောင်ကိုရီးယားက အထူးတပ်ဖွဲ့ဖွဲ့ပြီး ၂၄နာရီမစ်ရှင် တစ်ခုကို စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတပ်ဖွဲ့ နယ်စပ်ကိုရောက်သွားတဲ့အခါမှာတော့ သာမန်မဟုတ်တဲ့အဖြေတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဒီအဖြေက ဘာဖြစ်မလဲဆို‌တာ ဖော်ထုတ်ရင်း ဘယ်လိုအခက်အခဲမျိုးတွေနဲ့ကြုံတွေ့ရလဲ၊ အ‌ဖြေကို ရှာတွေ့တဲ့အချိန်ဘာဆက်လုပ်ကြလဲ၊ နောက်ဆက်တွဲဘာတွေဖြစ်လာလဲ ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Yolanda Shwe ပဲ ဖြစ်ပါတယ်Genre.....Action, Mystery, Thriller Quality….1080p | 720p| 480p File size…1.4Gb | 745MB | 275MB Format…mp4 Duration….1h 27min Subtitle….Myanmar Subtitle (Hardsub) Translator ..... Yolanda Shwe Encoder ..... August
movie

Musudan (2016)

Deewangee (2002) 6.5
Deewangee (2002) မင်းသားကြီးအဂျေးနဲ့အရှေးခန်နာ...မင်းသမီး Urmila Matondkar တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားက IMDb Rating(6.5) ရရှိထားတဲ့ Crime,Mystery အမျိုးအစား စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးပါ။"အချစ်" ခေတ်အဆက်ဆက်က ဒီစကားလုံးလေးနှစ်လုံးကို ကဗျာတွေ စာတွေ ပေတွေနဲ့ ဖော်ကျူးခဲ့ကြတယ်...ခံစားချက်ထောင်ချီကနေ ပေါက်ဖွားလာတဲ့ ဒီစကားလုံးလေးက လူသားကို လုံးဝ ရူးသွပ်သွားအောင် လုပ်နိုင်ခဲ့တယ်..ပြောကြတယ်မလား အချစ်အတွက်ဆို အသက်လည်းပေးနိုင်သလို သေလည်းသေရဲတယ်ပေါ့ ဒါဟာ တကယ်အချစ်ကိုရူးသွပ်ကြတဲ့ လူတွေမှာ ပေါက်ဖွားလာတဲ့ ခံစားချက်လေးပါ...ဒီလိုအချစ်မျိုးတွေ တကယ်ရှိခဲ့ကောင်း ရှိခဲ့ပါလိမ့်မယ် ရှိလည်း ရှိနိုင်ပါတယ်...ဒီလိုစွဲလန်းရူးသွပ်စိတ်ကို ဖေါ်ပြထားတဲ့ ဒီကားလေးမှာ ငယ်ငယ်လေးကတည်းက တိတ်တခိုးချစ်စိတ်တွေနဲ့ ဖုံးကွယ်ထားခဲ့ရတဲ့ ခံစားချက်တွေကို ရင်မှာမျိုသိပ်ရင်း ဆရ်ဂမ်ဆိုတဲ့ကောင်မလေးကို တရန်းဆိုတဲ့ကောင်လေးဟာ ရင်မှာကျိတ်ပိုးငြိတွယ်နေခဲ့တယ်...မိဘတွေက ရင်းနှီးသိကျွမ်းကြလို့ သူတို့နှစ်ယောက်ကို ငယ်ငယ်လေးကတည်းက သဘောတူထားခဲ့ကြတယ်..လောကဓံကြောင့် တရန်းရဲ့မိဘတွေ ငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ကြပြီး ချစ်ရသူနဲ့ငယ်ငယ်လေးကတည်းက ကွေကွင်းသွားခဲ့ရပါတယ်..ပြန်ဆုံမိတဲ့အခိုက်အတန့် သိပ်မကြာခင်မှာပဲ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်...ရဲတွေဟာ တရန်းကို လက်ပူးလက်ကြပ်မိလို့ လူသတ်တရားခံလို့ မှတ်ယူထားခဲ့ကြတယ်...ဆရ်ဂမ်ဟာ တရန်းကလူသတ်သမားမဖြစ်နိုင်ဘူးဆိုတာကို ယုံကြည်တဲ့အတွက် နာမည်ကျော်ရှေ့နေလေး ရာဂျ်ကို အမှုလိုက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်...တရန်းကလည်း သူ လူမသတ်ပါဘူးလို့ ငြင်းတယ်...ရှေ့နေရာဂျ်ကလည်း ဆရ်ဂမ်ကို သဘောကျနေတော့ ဒီအမှုကိုလိုက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်...ဒီလိုနဲ့ တရန်းဟာ တကယ်ပဲ လူသတ်သမားဖြစ်နေမလား...တကယ့်လူသတ်သမားက ဘယ်သူဖြစ်နေမလဲဆိုတာကို လှည့်ကွက်တွေများစွာနဲ့ ...
movie

Deewangee (2002)

Laddaland (2011) 6.2
Laddaland (2011)  ထီဆိုတဲ့သူဟာ သူ့ယောက္ခမအထင်သေးပြောဆိုမှုတွေကိုမခံနိုင်တဲ့အတွက် လတ်ဒါလန်အိမ်ရာက အိမ်တစ်အိမ်ကိုအရစ်ကျနဲ့ပေးဝယ်ခဲ့ပါတယ်ဘန်ကောက်ကနေ လတ်ဒါလန်ကို ပြောင်းရွှေ့ပြီး သူတို့အိမ်ပိုင်တစ်လုံးရှိရင် သူတို့မိသားစုပျော်ရွှင်ကြမယ်လို့ထင်ခဲ့ပေမဲ့ ထီထင်သလို မဖြစ်ခဲ့ပါဘူးတစ်နေ့မှာ သူတို့အိမ်နားက အိမ်တစ်အိမ်မှာအမျိုးသမီးတယောက်သေဆုံးပြီးနောက်ပိုင်း အခြေနေတွေကပိုပိုဆိုးလာပြီး ခြောက်ခြားစရာတွေဖြစ်လာပါတော့တယ်...လူတိုင်းက အဲ့ဒီအိမ်မှာသရဲရှိတယ်လို့ပြောနေကြပေမဲ့ ထီကတော့ သူတို့ရဲ့ ပထမဆုံးပိုင်ဆိုင်ရတဲ့ အိမ်လေးမို့ မယုံခဲ့ပါဘူးအဲ့ဒီအိမ်မှာသရဲတကယ်ရှိရဲ့လား...လတ်ဒါလန်အိမ်ရာမှာရော ဘယ်လိုခြောက်ခြားစရာဖြစ်ရပ်တွေကြုံရဦးမလဲဆိုတာ ဇာတ်ကားမှာကြည့်ရှူလိုက်ရအောင်နော် ။ဒီကားထဲမှာတော့ May Who ဆိုတဲ့ထိုင်းကားထဲက မင်းသမီးချော Sutatta Udomsilp ပါ၀င်ထားပြီး ဒီကားနဲ့ Best Supporting Actress ဆုကို ရရှိခဲ့ပါတယ် ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Nang Mwe Kham ပါ )File Size__(2GB) / (970MB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:52:00 Type__Drama, Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung ...
movie

Laddaland (2011)

The Unbelievable (The Cases of Disappearances) 2022 6
The Unbelievable (The Cases of Disappearances) 2022 မြူခိုးရွာဟာ မျိုးရိုးစဥ်ဆက်နှစ်ပေါင်းထောင်ချီ နဂါးဘုရင်ကို ကိုးကွယ်လာခဲ့ပြီး ၊ နဂါးဘုရင်ရဲ့ကောင်းချီးနဲ့စောင့်ရှောက်မှုကိုရရှိထားတယ်လို့လက်ခံထားကြပါတယ်။ တစ်ရက်မှာ လူတစ်ယောက်ထူးဆန်းစွာ သေဆုံးသွားပြီး ကံကြမ္မာဆိုးကမြူခိုးရွာလေးကို စတင်ရိုက်ခတ်လာပါတော့တယ်။သေဆုံးသွားတဲ့သူဟာ နဂါးဘုရင်ကိုအပြစ်ပြုမိလို့ ဒဏ်ခတ်ခံရတယ်လို့ဆိုကြတဲ့အခါ... အစွဲအလမ်းတွေ ယုံကြည်ကိုးကွယ်မှုတွေကိုမယုံကြည်တဲ့ ဝမ်ကျဲဟာ တကယ့်အမှန်တရားကိုရှာဖို့​ကြိုးစားပါတော့တယ်။ အဲ့အချိန်မှာပဲ သူ့ရဲ့မွေးစားအဖေဖြစ်သူပါ ထူးဆန်းစွာသေဆုံးသွားပြန်ပါတယ်။နောက်တော့ ရွာလေးဟာ ထူးဆန်းတဲ့ဗီဇပြောင်း မကောင်းဆိုးဝါးသတ္တဝါတွေရဲ့ တိုက်ခိုက်ခြင်းကိုခံရပြီး၊ တစ်ရက်ပြီးတစ်ရက် သေသူတွေတိုးလာတဲ့အခါ.... အယူသီးတဲ့ရွာသားတွေဟာ ဒီပြဿနာကိုဘယ်လိုဖြေရှင်းလေမလဲ။ ဝမ်ကျဲတို့ကရော ဗီဇ​ပြောင်းသတ္တဝါတွေကိုဘယ်လိုရင်ဆိုင်လေမလဲ။ ရွာကိုရော ဒီကပ်ဘေးကနေ ကယ်တင်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ စိတ်လှုပ်ရှားစွာ အဖြေရှာကြည့်ကြရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Thriller Runtime : 1h 9min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Moon , Kyawt Encoded by LK
movie

The Unbelievable (The Cases of Disappearances) 2022

The Curious Case of Tianjin ( 2022 ) 6.1
The Curious Case of Tianjin ( 2022 ) ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ချင်ဖန်ဟာတရုတ်ရိုးရာသမားတော်တစ်ယောက်ဖြစ်ပြီး ကျင်းမန်ဆိပ်ကမ်းမှာနေပါတယ်။ငြိမ်းချမ်းရေးကိုလိုလားပြီးအေး​အေးဆေးဆေးနေချင်သူပေါ့။​ဆိပ်ကမ်းရဲ့အဖွဲ့ကြီးနှစ်ဖွဲ့ဖြစ်တဲ့ "ရိက္ခာပို့ဆောင်ရေးအဖွဲ့" နဲ့ "ချင်းလုံအဖွဲ့" တို့ စားကျက်လုရင်းရန်ပွဲတွေဖြစ်ကြတဲ့အခါမှာ ချင်ဖန်ဟာဘုမသိဘမသိဝင်ပါမိရော။ သူဟာဖျန်ဖြေဖို့ရည်ရွယ်ချက်နဲ့ဝင်ပါခဲ့ပေမယ့်၊ မထင်မှတ်ထားစွာဘဲ လူနှစ်ယောက်သေသွားတဲ့အခါ မှော်အတတ်သုံးတယ်လို့စွပ်စွဲခံရပြီးထောင်နန်းစံရပါလေရော။သူ့ရဲ့အပြစ်ကင်းမှုကိုသက်သေပြဖို့​ထောင်ထဲကခိုးထွက်ပြီး ရင်ခွဲရုံမှာအလောင်းခွဲစိတ်တာကိုသွားကြည့်နေတဲ့အချိန်မှာပဲ ဆေးတစ်မျိုးကြောင့်မေ့မျောသွားပါတော့တယ်။ အလောင်းကလည်းပျောက်ဆုံးသွားတယ်။ အကုသိုလ်ဟာအဖော်အပေါင်းနဲ့လာတယ်ဆိုသလိုပဲ သူ့ဘာသာသူမေ့မျောပြီး ဆောင်ကြာမြိုင်တစ်ခုကိုဘယ်လိုရောက်လို့ရောက်မှန်းမသိ နှပ်နေစဥ်မှာပဲ၊ အဲ့ဒီညမှာဆိပ်ကမ်းကလူတချို့ဟာ ထိန်းချုပ်ခံရသလို အသိစိတ်မရှိတော့တဲ့ပုံစံတွေနဲ့ရေထဲခုန်ချပြီးသေသွားကြရော။ဆိုတော့ တစ်မှုပေါ်တစ်မှုဆင့်ပြီး လူသတ်မှု၊ အလောင်းခိုးမှု၊ ထောင်ဖောက်မှုတွေအပြင် ၊ လူအများရဲ့မှော်အတတ်သုံးတယ်ဆိုတဲ့ စွပ်စွဲချက်ပါထပ်လောင်းလာတဲ့အခါမှာတော့… ချင်ဖန်ဟာသူ့ရဲ့ဖြူစင်မှုကိုသက်​သေပြဖို့အတွက်ကြိုးစားရပါတော့တယ်။ ဒီအမှုတွေရဲ့နောက်ကွယ်မှာဘယ်သူရှိနေတာလဲ။ မှော်အတတ်တွေနဲ့ရောသက်ဆိုင်နေတာလား။ ချင်ဖန်ကရောဒီထူးဆန်းတဲ့အမှုတွေကိုဖော်ထုတ်နိုင်ပါ့မလား။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Adventure Runtime : 1h 23min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Curious Case of Tianjin ( 2022 )

Symbol (2009) 7.0
Symbol (2009) ဒီတစ်ခေါက်မှာတော့ 2009 ခုနှစ်က ထွက်ရှိထားတဲ့ Symbol ဆိုတဲ့ဂျပန်စိတ်ကူးယဉ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာ စပိန်မိသားစုလေးတစ်စုနဲ့ စတင်ထားပါတယ်။ ကလေးတွေက ကျောင်းသွား၊ မိဘတွေက အလုပ်လုပ်တဲ့သာမန်မိသားစုလေးတစ်စုပေါ့။ အဲဒီနောက်မှာတော့ ရုတ်တရက်ကြီး အဖြူရောင်ဗလာအခန်းတစ်ခန်းထဲမှာ ပိတ်မိနေတဲ့ဆံပင်ဂုတ်ဝိုင်းကေနဲ့ ညအိပ်ဝမ်းဆက်အစိမ်းရောင်ကွက်ကြားကိုဝတ်ထားတဲ့ ဂျပန်ဘဲကြီးတစ်ယောက်ဆီကို ရောက်သွားပါတယ်။သိပ်မကြာပါဘူး။ အဖြူရောင်နံရံကြီးပေါ်မှာ မြားနတ်မောင်ဂွေးစိ သေးသေးလေးတွေ နံရံအနှံ့ ပေါ်လာတာပေါ့။အဲဒီ ဂွေးစိသေးသေးလေးတွေကို ဖိလိုက်ရင် ကြုံရာပစ္စည်းတစ်ခုခု ကျလာပါတယ်။ဆူရှီ၊ ပန်းအိုး၊ တူ၊ ဘောလုံး၊ မဂ္ဂဇင်း စသဖြင့် ကြုံရာပေါ့။ အဲဒီ ထူးဆန်းတဲ့အခန်းကြီးကပစ္စည်းတွေ ချပေးရုံတင်မကဘဲ ညအိပ်အင်္ကျီနဲ့ဘဲကြီးကို အနုနည်းနဲ့ နှိပ်စက်ပါသေးတယ်။ အဲဒီအခန်းက ဘဲကြီးကို ဘယ်လိုအနုနည်းနဲ့နှိပ်စက်မလဲ။ ဘဲကြီးကဘာလို့အဲဒီအခန်းထဲ ရောက်နေတာလဲ။ အဲဒီအခန်းထဲကနေ အပြင်ကိုဘယ်လိုထွက်မလဲ။ တကယ်ရော အပြင်ထွက်လို့ ရနိုင်ပါ့မလား။ဗလာခန်းထဲကဘဲကြီးနဲ့ ဇာတ်လမ်းအစက စပိန်မိသားစုနဲ့ ဘာဆိုင်လို့လဲ။စသဖြင့် "လဲ" ပေါင်းများစွာနဲ့ စောင့်ကြည့်ရမယ့်ကားဖြစ်ပါတယ်။ ဘာမှမဆိုင်တာကို မဆိုင်ဆိုင်အောင်လုပ်တာကိုက ဂျပန်တွေရဲ့skill တစ်ခုမဟုတ်လား။ ဒီတော့ ...
movie

Symbol (2009)

2009
Siam Square (2017) 5.3
Siam Square (2017) လွန်ခဲ့တဲ့နှစ် ၃၀ ခန့်က စယမ်မှာ ရုတ်တရက်ကြီးမီးပျက်သွားပြီးကျောင်းသူမလေးတစ်ယောက်ဟာ လျှို့ဝှက်ဆန်းကြယ်စွာပျောက်ဆုံးသွားခဲ့ပါတယ်နောက်ပိုင်းမှာ ကောင်မလေးရဲ့ဝိညာဉ်က ယခုလက်ရှိအချိန်ထိစယမ်မှာသွားလာနေတုန်းပဲလို့ ခြောက်ခြားစရာကောလဟာလတွေပျံ့နေတော့တာပေါ့အဲ့ဒီသရဲက သူနဲ့အတူနေဖို့တယောက်ယောက်ကိုခေါ်ချင်ရင် အဲ့ဒီလူရဲ့အိပ်မက်ထဲဝင်လာတတ်ပြီး အိပ်မက်ကနေနိုးလာရင်ညာဘက်လက်မှာ ကြိုးနီချည်ခံထားရတယ်တဲ့ ကြိုးနီချည်ခံရပြီဆိုရင် မကြာခင်သေရတော့မယ်ဆိုတဲ့ကောလဟာလတွေလည်း ပျံ့နေပါတယ်ဒါကို သရဲတကယ်ရှိမရှိအတည်ပြုချင်တဲ့ ကျောင်းသားတစ်ဖွဲ့က သရဲကိုဗွီဒီယိုရိုက်ဖို့သွားရင်း ဘယ်လိုခြောက်ခြားစရာတွေနဲ့ကြုံရမလဲ သရဲကရောတကယ်ရှိရဲ့လား ကြိုးနီပုံပြင်ကရောတကယ်လားဆိုတာ ဇာတ်ကားမှာကြည့်ရှူလိုက်ရအောင်... သည်းထိပ်ရင်ဖို ဇာတ်ကားကြိုက်တဲ့သူအတွက် ဒီကားက လုံးဝမလွှတ်သင့်တဲ့ကားလေးပါနော် ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Nang Mwe Kham ပါ )File Size__(1.9GB) / (1GB) Quality__1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:53:00 Type__Drama , Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt
movie

Siam Square (2017)

Longling Insect Valley (2022) 6
Longling Insect Valley (2022) "လုံလင်ပိုးမွှားတောင်ကြား" ဆိုတာဘယ်လိုနေရာမျိုးလဲ။ အဆိပ်ရှိမြွေကြီးတွေ၊ ဧရာမကင်းမြီးကောက်တွေ၊ ပင့်ကူတွေနဲ့ တခြားသောထူးဆန်းတဲ့ သတ္တဝါတွေကျက်စားနေထိုင်ရာနေရာပေါ့။နှစ်ပေါင်းများစွာအိပ်ပျော်နေတဲ့ရှေးဟောင်းသားရဲတွေလည်းရှိတယ်လို့ဆိုကြတယ်။ ဝင်သွားပြီးရင်ပြန်လမ်းမရှိတဲ့ သေမင်းတံခါးဝဖြစ်ပြီး၊ ဘဝအသစ်စရာလို့လည်းဆိုကြပါတယ်။ ဘာလို့ ဘဝအသစ်စရာလို့ပြောတာလဲ? လုံလင်ပိုးမွှားတောင်ကြားမှာသေဆုံးသွားပြီးရင် ပြန်လည်မွေးဖွားနိုင်တဲ့အစွမ်းရှိတဲ့သတ္တဝါတစ်မျိုးရှိတယ်တဲ့။ဒါကိုမျက်မြင်တွေ့ဖူးတဲ့ဇီဝဗေဒပါမောက္ခတစ်ယောက်က အရူးလို့သတ်မှတ်ခံရပြီး၊ အလုပ်ကပါထွက်ခဲ့ရတယ်။ သူဟာအဲ့ဒီသတ္တဝါတကယ်ရှိကြောင်းသက်​သေပြချင်နေခဲ့တယ်။ ပိုးမွှားတောင်ကြားသုတေသနမှာပျောက်ဆုံးသွားတဲ့ ပါမောက္ခတစ်ဦးရဲ့သားဖြစ်သူဟာလည်း အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့တောင်ကြားအကြောင်းကို တိတ််တိတ်လေးစုံစမ်းနေခဲ့တယ်။သူတို့၂ယောက်နဲ့ ကုလို့မရတဲ့ရောဂါခံစားနေရတဲ့ လူချမ်းသာအဘိုးကြီးတို့တွေ့ကြတဲ့အခါ လုံလင်ပိုးမွှားတောင်ကြားကိုခရီးဆက်မယ့် စွန့်စားခန်းစတင်ပါတော့တယ်။ မတူညီတဲ့ပန်းတိုင်ကိုယ်စီရှိကြတဲ့ မတူညီတဲ့လူတွေ အတူတကွခရီးဆက်ကြတဲ့အခါ....ဆန်းကြယ်တဲ့ ပဟေဠိ​တွေကိုအဖြေညှိကြရင်း ရှေးဟောင်းသတ္တဝါတွေနဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရလေမလဲ။ မသေမျိုးဖြစ်စေနိုင်တဲ့ သတ္တဝါကရော တကယ်ရှိလား။ ဘယ်သူတွေရဲ့ရည်ရွယ်ချက်ကအောင်မြင်ပြီး ဘယ်သူတွေက ကျဆုံးလေမလဲ။ Quality : WEB-DL 1080p , 480pFomat : mp4Genres : Adventure . ThrillerRuntime : 1h 7minSubtitle :  Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK
movie

Longling Insect Valley (2022)