Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mystery
7.6
Decision to Leave (2022)
Decision to Leave ( 2022) ----------------------- ဒီရုပ်ရှင် နာမည်စထွက်ကတည်းက ပတ်ချန်းဝုရိုက်ပြီး Lust Cautionတစ်ကားနဲ့တင် ဆင်ဆာစပယ်ရှယ်မိထားတဲ့ ထျန်းဝေက အဓိကသရုပ်ဆောင်ထားတာမို တော်တော်လေး မျှော်နေခဲ့တာပါ။ ထျန်းဝေမှာလည်း သရုပ်ဆောင်သာကောင်းတယ် တရုတ်ပြည်ကမကြည်တာမို ပိုင်ကန်ရဲ့ long daysတို အန်းလီရဲ့ Lust cautionတိုကလွဲ ဘာကားမှကောင်းကောင်းများများမရှိလှဘူးမလား။ နောက် ဆရာပတ်ကတော့ သိကြတဲ့အတိုင်း Old Boyကားနဲ့ လျှမ်းလျှမ်းတောက်ခဲ့ပြီး အနောက်ကမ္ဘာကပါ ပြန်ရိုက်ရသလို တောင်ကိုရီးယားဒါရိုက်တာတွေထဲ သူ့ကိုကြိုက်တဲ့သူလည်းတော်တော်များပါတယ်။ ရိုက်သမျှကားအကုန်လည်း ရှယ်တွေချည်းပဲကိုး၊ပ တ်ချန်းဝုဟာ တောင်ကိုရီးယားရုပ်ရှင်လိုင်းမှာ လီချန်းဒုံပြီးရင် ကျွန်တော့်အတွက်တော့ ကားအသစ်အထွက်စေချင်ဆုံး ဒါရိုက်တာပါပဲ။ ဆရာကြီးလီကတော့ ထွက်မလာပေမဲ့ ပတ်ချန်းဝုကတော့ ထွက်လာပါပြီ ဒီရုပ်ရှင်ကိုလည်း အင်္ဂလိပ်စာဖိုင်မထွက်သေးတာကြောင့် ဇာတ်လမ်းတော့ သေချာမကြည့်ရသေးပေမဲ့ စီနီမာတိုဂရပ်ဖီတွေပတ်ကြည့်ထားတာတော့ အကုန်အပျံစားတွေချည်းပါပဲ။ စီနီမာတွေကိုချည်း ထိုင်ကြည့်နေရင်တောင် ပျင်းစရာကိုမရှိပါဘူး။ ပတ်ချန်းဝုရဲ့ အရည်အသွေးမကျဘဲ ပတ်ချန်းဝုကားပီပီသသနဲ့ထွက်လာတယ်ပြောရပါမယ်။ ဇာတ်အိမ်ကိုတော့ သေချာမကြည့်ရသေးဘူးပေါ့။ ...
movie
Decision to Leave (2022)
2022
7.5
The Omen (1976)
The Omen (1976)~ IMDb - 7.5/10, RT - 86%, Meta - 62% ~တစ်ချို့ရုပ်ရှင်တွေက ကျိန်စာသင့်နေတတ်ကြတာ အားလုံးပဲ ကြားဖူးကြပါလိမ့်မယ်။ The Omen ဟာ အဲဒီကျိန်စာသင့်ရုပ်ရှင်တွေထဲမှာမှ အဆိုးဆုံးကျိန်စာသင့်နေတဲ့ ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရုပ်ရှင်ပါ။ အိုမန်ရိုက်ကွင်းမှာ သေတာတွေရော ဒဏ်ရာရတာတွေရော မိုးကြိုးပစ်တာတွေပါ အစုံဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကိုလုပ်တဲ့သူက အဖွဲ့သားတွေကို ဒီရုပ်ရှင်ရိုက်တာကို စေတန်ကြိုက်မှာမဟုတ်ဘူးလို့တောင် ပြောခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်သမိုင်းမှာ စေတန်ကို စိတ်ဆိုးအောင်လုပ်ခဲ့တဲ့ ရုပ်ရှင်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။သူရိုက်ထားတဲ့အကြောင်းအရာကလည်း ခရစ်တော်ရဲ့ ဆန့်ကျင်ဘက် Antichrist ဖြစ်တဲ့ ယေဝါဖန်ဆင်းတဲ့ နိုင်ငံတော်ကို အရင်းကဖြိုဖို့ စေတန်က လူ့အသွင်နဲ့ လူ့လောကထဲ အကြံကြီးကြံဖို့ လွှတ်ထားတဲ့ ဒေမီယံဆိုတဲ့ စေတန်ရဲ့သားတော် လူ့လောကထဲရောက်လာတဲ့အကြောင်းပါ။ ဒေမီယံဟာ လူ့လောကထဲကကို သွန်းဆိုတဲ့ လူကုံထံတစ်ယောက်ရဲ့သားကို သတ်ပြီး ...
movie
The Omen (1976)
1976
8.2
John Luther (2022)
John Luther(2022)ဒီကားကတော့ IMDb Rating 8.4အထိရရှိထားတဲ့ အိန္ဒိယစုံထောက်ကားလေးပဲ ဖြစ်ပါတယ်။ အိမ်မပြန်နိုင်ရလောက်တဲ့အထိ အလုပ်ကြိုးစားနဲ့ နယ်မြေခံ ရဲတစ်ယောက်ဖြစ်တဲ့ ဂျွန်လူသာ တစ်ယောက်။သူ့ညီမဖြစ်သူရဲ့ မင်္ဂလာဆောင်ကိုတောင် အချိန်မနည်းလုပြီး ပြန်ရတဲ့အထိ အလုပ်ကို ကြိုးစားပမ်းစားလုပ်နေရင်းကနေ တစ်နေ့မှာ သူတာဝန်ကျနေတဲ့ နယ်မြေအဝန်းအဝိုင်းအတွင်းက အက်စီးဒင့်တစ်ခုမှာ ပါဝင်သွားပြီး အဲ့ဒီအမှုက နိုင်ငံရေးနဲ့ ပက်သက်နေတယ့်အခါ.........Thriller Movieအမျိုးအစားဖြစ်တဲ့အတွက် ဒီအမှုကို သူဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ တစ်ကားလုံးမှာလည်း ဒါရိုက်တာဖြစ်သူ Abhijith Josephက ဇာတ်လမ်းကို ဖြည်းဖြည်းချင်းဆွဲခေါ်သွားပြီး နောက်ဆုံးမှာ ဘယ်လိုမှမှန်းဆထားလို့မရတဲ့ Plotကို လှလှပပလေးဖော်ပြသွားခဲ့တာပါ။ စုံထောက်ကားဖြစ်တဲ့အပြင် Thrillerဖြစ်တာမို့လို့ ကြည့်မယ်ဆိုရင် နောင်တမရနိုင်ပါဘူးနော်။ File size…2.1GB / 996MB Quality…1080p True WEB DL AAC5.1CH / 720 p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yate & Lwin Htoo & Thet Ko ...
movie
John Luther (2022)
2022
6.7
Cleaner(2007)
Cleaner(2007) အညွှန်း********************ဒီဇာတ်ကားကတော့ ကျွန်တော်တို့ရဲ့အချစ်တော်ကြီး Samuel L.Jackson၊ မင်းသားကြီး Ed Harris နဲ့ မင်းသမီး Eva Mendes စတဲ့ နာမည်ကြီးသရုပ်ဆောင်များ ပါဝင်ပြီး ဒါရိုက်တာ Renny Harlin က ရိုက်ကူးထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ တွမ်ကတ်တလာ(Samuel L.Jackson)ဟာရဲဝန်ထမ်းအလုပ်ကနေ အနားယူပြီး သူ့ရဲ့သမီးလေးကိုထောက်ပံ့ပေးဖို့အတွက်မှုခင်းဖြစ်ပွားတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ရတဲ့သူအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။တစ်နေ့မှာတော့ သူလူမရှိတဲ့အိမ်တစ်အိမ်မှာ အလုပ်လုပ်ခဲ့ရပြီး အဲ့ဒီအိမ်မှာနေတဲ့ အန်းနော်ကပ်(Eva Mendes) ရဲ့အမျိုးသားဟာထူးဆန်းစွာပဲပျောက်ဆုံးနေတယ်ဆိုတာ သိလိုက်ရတယ်။ အဲ့ဒီအတွက်ကြောင့် တည်ငြိမ်နေပြီဖြစ်တဲ့ တွမ်ကတ်တလာရဲ့ဘဝကြီးဟာလည်းအရှုပ်တွေထဲကို နောက်တစ်ကြိမ်ပြန်လာရောက်ရှိလာပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ အန်းနော်ကပ်ရဲ့အမျိုးသားကို ပြန်လည်ရှာဖွေတာအပြင်တွမ်ကတ်တလာရဲ့ အတိတ်ကအရှုပ်တော်ပုံတွေ၊ သူ့နားကသူငယ်ချင်းဖြစ်သူ အက်ဒီလော်ရန်ဇို(Ed Harris)ရဲ့လျှိုဝှက်ချက်တွေနဲ့ ထင်မှတ်မထားတဲ့ လှည့်ကွက်တွေကို စိတ်ဝင်စားဖွယ်ခံစားကြရမှာပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာ သွေးထွက်သံယိုဖြစ်တာတွေနဲ့မသတီစရာကောင်းတဲ့အခန်းတွေပါဝင်တာကြောင့် နှလုံးမကောင်းသူများကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File Size :(1.9GB)(618 MB) and (380 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:28:00 Genre : Crime , Thriller, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Cleaner(2007)
6
The Signal (2014)
The Signal (2014)IMDb 6, RT 61%နဲ့ ၂၀၁၄က ထွက်ရှိခဲ့တဲ့ Sci-fic, thriller ဇာတ်ကားကို တင်ဆက်ပေးချင်ပါတယ်။ DC's Titansမှာ ဒစ်ဂရေဆင်အဖြစ် ပါဝင်တဲ့ Brenton Thwaitesနဲ့ Ready Player One မင်းသမီး Olivia Cookeတို့ အဓိကပါဝင်ထားပါတယ်။ မထင်မှတ်ထားတဲ့plot twistတွေနဲ့ ဇာတ်လမ်း ကလည်း အတော်လေး သွက်တာကြောင့် ကြည့်ပျော်တဲ့ စိတ်ကူးယဉ်သိပ္ပံ ဇာတ်ကားပါပဲ။ MITကျောင်းသား၃ယောက်ဖြစ်တဲ့ နစ်၊ ဟေလေနဲ့ ဂျိုနာတို့ဟာ ကျောင်းရဲ့ နက်ဝေါ့ဆာဗာကို ဟက်ခ်သွားခဲ့တဲ့ နော်မတ်ဆိုတဲ့ ဟက်ကာကို သူတို့နည်း သူတို့ဟန်နဲ့ လိုက်လံရှာဖွေနေသူတွေပါ။ ဒီလိုနဲ့တစ်နေ့မှာ နော်မတ်ဆိုသူရဲ့ IP addressကိုရပြီး ထိုတည်နေရာအတိုင်း နီဗားဒါးကသဲကန္တာရတစ်ခုထဲ ဟက်ကာဖမ်း ထွက်ခဲ့ပါတယ်။ IPလိပ်စာကိုရောက်မှပဲ ထောင်ချောက်ဆင် ခံရမှန်းသိသွားပြီး သူတို့မထင်မှတ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ကိစ္စတွေကို နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရပါတော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre.....Drama, Mystery, Sci-fi Quality…. 1080p | 720p | ...
movie
The Signal (2014)
2014
6.5
Executioner’s Strange Talk ( 2022 )
သေဒဏ်ကျခံရတဲ့ အပြစ်သားတွေကိုခေါင်းဖြတ်ကွပ်မျက်ဖို့တာဝန်ယူရတဲ့ အာဏာပါးကွက်သားတွေမှာ စည်းမျဥ်းတစ်ခုရှိပါတယ်။ မွန်းတည့်မကျော်ခင်မှာ အပြစ်သားကို စီရင်ရတာပါပဲ။ စီရင်ချိန်ကျော်သွားခဲ့ရင် စည်းမျဥ်းကိုဖောက်ဖျက်မိသလိုဖြစ်ပြီး သရဲဝိဉာဥ်တွေက လက်စားချေဖို့ပြန်လာတတ်ကြပါတယ်တဲ့။အာဏာပါးကွက်သားတစ်ယောက်ဖြစ်တဲ့ရှဲ့ချီဟာ ပြစ်ဒဏ်စီရင်ရာမှာ အချိန်ကျော်လွန်သွားရာကနေ စည်းမျဥ်းကိုဖောက်ဖျက်မိသွားပါတယ်။ သူကွပ်မျက်ခဲ့တဲ့သရဲမဟာ သူ့ကိုပြန်လာရှာရာကနေ ၊ သူတင်မက တစ်မြို့လုံးကို ကံဆိုးမှုတွေစတင်လွှမ်းခြုံလာတဲ့အခါ ၊ ခြောက်ခြားဖွယ်ရာဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာတဲ့မခါမှာ.. မြို့ထဲကလူတွေကလည်း ရှဲ့ချီကိုဝိုင်းပြီးအပြစ်တင်ကြပါတော့တယ်။သရဲတွေ မိစ္ဆာတွေ ကျိန်စာတွေပါဝင်နေတဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Fantasy , Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Executioner’s Strange Talk ( 2022 )
4.4
Pipa (2022)
Pipa (2022)==========အတိတ်က နာကျင်မှုတွေကို သိမ်းဆည်းထားရင်း အရင်ကနေခဲ့ဖူးတဲ့ မြို့ငယ်လေးကို သူမသားလေးနဲ့အတူ ပြန်လည်ရောက်ရှိလာတဲ့ ရဲဝန် ထမ်းဟောင်း Manuela Pipa Pelari။သူမရဲ့အဒေါ် ဖြစ်သူက ဒီမြို့ငယ်လေးကို ပြောင်းလာဖို့ တိုက်တွန်းမှုကြောင့် မြို့ငယ်လေးမှာပဲ လယ်ယာလုပ်ရင်း single mom အဖြစ် သားငယ်လေးနဲ့ အတူ အေးအေးချမ်းချမ်း ဘဝကို ဖြတ်သန်းနေပါတယ်။ တစ်ရက်ကျတော့ သူတို့ရဲ့မြို့မှာ အိန္ဒိယသွေးနှောမိန်းကလေးတစ်ယောက် မီးလောင်ပြီး သေဆုံး သွားပါတယ်။ရဲတွေကတော့ ဒီအမှုကို မတော်တဆဖြစ်ခဲ့တာလို့ ယူဆပေမယ့် သူမရဲ့ အဒေါ်က သံသယရှိနေပါတယ်။ ဒါကြောင့် သူ့တူမ Pipa ကိုအကူအညီ တောင်းပြီး အမှုမှန်ပေါ်အောင် စုံစမ်းစစ်ဆေးပါတော့တယ်။ အိန္ဒိယသွေးနှော ကောင်မလေး ဘာကြောင့်ဆုံးသွားတာလဲ၊ ရဲတွေက ဘာကြောင့် မတော်မဆ အမှုလို့ ကောက်ချက်ချတာလဲ၊ Pipa ရဲ့ အတိတ်က နာကျင်မှုတွေက ဘာဖြစ်မလဲ ဆိုတာကို ဆက်လက်ကြည့်ရှူပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.78 GB) / (858 MB) / (510 ...
movie
Pipa (2022)
2022
6.2
Di Renjie Resurrection (2022)
အခုတင်ဆက်ပေးလိုက်တဲ့ Detective Dee ရဲ့အကြောင်းကိုတော့ အထူးတစ်လည်မိတ်ဆက်ပေးနေစရာမလိုဘူးထင်ပါတယ်။ ခက်ခဲနက်နဲတဲ့အမှုမျိုးမျိုးမှာ လက်စွမ်းတွေပြခဲ့တဲ့ ဆရာကြီးဒီးတစ်ယောက် ဘယ်လိုတွေလက်စွမ်းပြဦးမလဲဆိုတာ ကြည့်လိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်းလေးကတော့ဘုရင်မကြီးက Detective Dee အတွက်ကျင်းပပေးတဲ့ ရာထူးတိုးဂုဏ်ပြုပွဲမှာ ဝိဉာဉ်စစ်သည်တွေနန်းတွင်းကိုဝင်စီးတယ်ဆိုတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ကြီးဖြစ်သွားခဲ့တယ်။ အဲဒါနဲ့ စုံထောက်ကြီးဒီးတစ်ယောက်က အသေကောင်တွေ ပြန်ထလာတယ်ဆိုတဲ့ ချောင်ခရိုင်ကိုအပြေးနှင်ပြီး အမှုစုံစမ်းဖို့သွားတဲ့အချိန်မှာပဲ ခြုံခိုတိုက်ခိုက်ခံလိုက်ရပါတယ်။စုံထောက်ကြီးဒီးသေဆုံးသွားတာကို ဘုရင်မကြီးက တိတ်တဆိတ်ပဲသဂြိုလ်ခိုင်းလိုက်ပါတယ်။ အဲဒီအချိန်မှာ စုံထောက်ကြီးဒီးနဲ့ ရုပ်ချင်းဆင်တဲ့ စုန့်ရှောင်ပိုင်ဆိုတဲ့လူဟာ သူ့ကိုယ်သူစုံထောက်ကြီးဒီးပါဆိုပြီး လိမ်စားနေပါရော။ အဲဒီလိုနဲ့ စုံထောက်ကြီးဒီးရဲ့ ရန်သူက သူ့ဆီကိုရောက်လာပါတော့တယ်။ အယောင်ဆောင်Deeတစ်ယောက် ဘယ်လိုများအန္တရာယ်တွေကိုကျော်ဖြတ်မလဲ ...... စုံထောက်ကြီးDeeကရော တကယ်သေသွားပြီလား...... အမှုရဲ့နောက်ကွယ်ကလက်မဲကြီးကဘယ်သူဖြစ်ပြီးတော့ ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုတော့ အဆုံးထိဆက်ကြည့်လိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery Runtime : 1h 13min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie
Di Renjie Resurrection (2022)
6.3
High Crimes (2002)
ကလဲရ် ကုဘစ်ဟာ သိပ်ကို တော်တဲ့ အမျိုးသမီး ရှေ့နေတစ်ယောက်ပါ။ သူ့ရဲ့ အမျိုးသား တွမ်နဲ့အတူ အေးအတူပူအမျှ နေထိုင်နေသူပေါ့။ ဒါပေမဲ့ တစ်နေ့မှာ အမေရိကန်စစ်တပ်ဟာ သူ့ရဲ့ အမျိုးသားကို ရုတ်ချည်း ဖမ်းဆီးခဲ့ပြီး သူ့အမျိုးသားဟာ တွမ် ကုဘစ်မဟုတ်ဘဲ။ ရွန် ချက်မန်းလို့ အမည်ရတဲ့ တပ်ပြေးတစ်ယောက်လို့ ဆိုလာပါတယ်။ပိုဆိုးတာက ရွန်ချက်မန်းဟာ လူအစုလိုက် အပြုံလိုက် သတ်မှုနဲ့ သေဒဏ်ကျမယ့် တရားခံဖြစ်နေတာပါပဲ။ သို့ပေမဲ့ ဒါတွေဟာ မဟုတ်မမှန် စွပ်စွဲချက်မှန်း သိလိုက်ရတဲ့အပြင် သူ့ရဲ့ အမျိုးသားကို တရားဆိုင်ဖို့ စစ်တပ်က အညတရ ရှေ့နေတစ်ယောက်သာ ချပေးထားတဲ့ အချိန်မှာ ကလဲရ်ဟာ ချာလီဆိုတဲ့ စစ်ထွက် တပ်သားဟောင်းကြီးရဲ့ အကူအညီနဲ့ စစ်တစ်တပ်လုံးနဲ့ မိန်းမတစ်ယောက် အကြိတ်အနယ် တရားရေးရာတွေ စတင်ပါတော့တယ်။ဒီဇာတ်လမ်းမှာ မင်းသမီး Ashley Jadd က ကလဲရ်၊ ...
movie
High Crimes (2002)
5.9
Marionette (2020)
Marionette (2020)==============ဒီကားလေးကတော့ Thriller အမျိုးအစားပြင်သစ်ဇာတ်ကားကောင်းလေးပါ။ ရုပ်သေးရုပ်လိုမျိုးဘဝတွေဟာကြိုးဆွဲရာကနေရတယ်ဆိုတာလေးလဲပေါ်လွင် အောင်ရိုက်ပြထားပြီးဇာတ်လမ်းလှည့်ကွက်လေးတွေနဲ့ The Six Sense ကားလိုမျိုး အဆုံးသတ်မှာလှည့်ကွက်အကြီးကြီးနဲ့စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝသစ်ကိုစတင်ဖို့အတွက် ကလေးစိတ်ရောဂါ အထူးကုဆရာဝန်မဟာ စကော့တလန်ကိုပြောင်းလာပြီးနောက် သူမရဲ့ယောကျာ်း Accidentကြောင့်ဆုံးပါးသွားခဲ့တယ် ။ မကြာခင်မှာပဲထူးထူးဆန်းဆန်း ဆယ်နှစ်သား အရွယ်ကောင်လေးတစ်ယောက်ကို ကုသပေးနေရာမှ အဲ့ဒီကောင်လေးဆွဲထားတဲ့ ပုံတွေက အနာဂတ်ကိုကြိုတင်ခန့်မှန်းနိုင်တာကိုသိလာပြီးတဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ မိုးအေးအေးနဲ့ကော်ဖီခွက်လေးကိုင်ပြီးကြည့်ရမယ်ဇာတ်ကား လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်) File Size..........(1.44 GB) / (662 MB) / (376 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 52mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Thriller Translator.......Sai Thurein Lynn Encoder..........SWM
movie
Marionette (2020)
2020
6.3
Retribution (2006)
Sakebi 2006ဂျပန်ရဲ့ David Cronenbergလို့တင်စားကြတဲ့ ဂျပန်horrorမှာနာမည်ကြီး ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kiyoshi Kurosawaရိုက်ကူးထားတဲ့ horror/mysteryရုပ်ရှင်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့စုံထောက်တစ်ယောက်ဖြစ်တဲ့ "ခိုးဂျိ ရခုရှော"ဟာ ကမ်းစပ်မြို့တစ်ခုမှာ တာဝန်ကျနေပြီး လူသတ်မှုတွေကို လိုက်လံစုံစမ်းနေပါတယ်။ ငလျင်လှုပ်ပြီးတဲ့တစ်နေ့မှာတော့ အပျက်အစီးပုံတွေကြားမှာ သေဆုံးနေတဲ့မိန်းမတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူ့ကို ဆားငန်ရေထဲ နှစ်သတ်ပြီးမှ လာရောက်စွန့်ပစ်ထားပုံ ရတာမို့ ဒီအမှုကို ဆက်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ အမှုရဲ့ သဲလွန်စတွေက သူကိုယ်တိုင်ကိုပဲ တရားခံအဖြစ် ညွှန်ပြနေပြီး သူလည်းဘာမှမမှတ်မိတာမို့ အကျပ်ရိုက်နေပါတယ်။မကြာခင်မှာပဲ အသတ်ခံထားရတဲ့ ကျောင်းသား အလောင်းတစ်လောင်း ထပ်ပေါ်လာပါတယ်။ သူ့ကိုလည်း စစ်ဆေးတဲ့အခါမှာလည်း ဆားငန်ရေတွေတွေ့ရပြီး ကြိုးနဲ့ချည်ခံထားရပရပုံပေါက်တာမို့ လူသတ်သမားက ကွင်းဆက်လူသတ်သမားဖြစ်နိုင်ခြေများလာပါတယ်။ဒီအမှုတွေကို စုံစမ်းနေစဉ်မှာပဲ သူ့အနားကို ဝတ်စုံနီဝတ်ထားတဲ့ သရဲမက အမြဲရောက်လာပြီး နှောင့်ယှက်တာကို ခံနေရပါတယ်။သူ့ကို အမြဲနှောင်ယှက်နေတဲ့ သရဲမနဲ့ ဒီအမှုတွေက ဘယ်လိုဆက်စပ်ပြီး ဘာကြောင့် စုံထောက်ကိုပဲ အမြဲတမ်းနှောင့်ယှက်နေရလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ...
movie
Retribution (2006)
6.4
Dawn Breaks Behind the Eyes (2021)
Dawn Breaks Behind the Eyes (2021) ===========================တစ်ချို့ရုပ်ရှင်တွေဟာ စေ့စေ့တွေးမှ ရေးရေးပေါ် လို့ပြောမလား နှစ်ထပ်ရှိမှ မှတ်မိတယ်ခေါ်မလား ဒီရုပ်ရှင်ကို နှစ်ခါပြန်ကြည့်မှ ဇာတ်လမ်းကပေးချင်တဲ့ Message ကိုနည်းနည်းလောက်ခန့်မှန်း လို့ရပါတယ်။ရဲတိုက်ကြီးတစ်လုံး အမွေရတဲ့ ကွဲခါနီး လင်မယားနှစ်ယောက်ဟာ လူမနေတော့တဲ့ရဲတိုက်ကို သွားကြည့်ခဲ့ပါတယ်။ အိုမင်းဟောင်းနွမ်း နေတဲ့ ရဲတိုက်ကြီးမှာ သူတို့ဘာများကြုံတွေ့ရမှာလဲ။ တဖက်မှာ အကောင်းဆုံးရုပ်ရှင်တစ်ခုကိုဖန်တီးဖို့ကြိုးစားနေတဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေဟာလည်း ရဲတိုက်မှာရုပ်ရှင်ရိုက်ဖူးကြတဲ့အခါ သူတို့လင်မယားနဲ့ ဘယ်လိုပတ်သတ်မှုရှိလာမလဲ။ ဘယ်လိုရှုပ်ထွေး မှုတွေပေါ်ပေါက်လာမလဲဆိုတာ စီးမျောခံစားလိုက်ပါဦး။ Horror Movie ဆိုတာထက် ဒဿန ဆန်တဲ့ ရုပ်ရှင်တပုဒ်လို့ ညွှန်းဆိုချင်ပါတယ် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်) File Size..........(1.58 GB) / (523 MB) / (316 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 13mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Horror, Mystery Translator.......Lwin Htoo Aung Encoder..........SWM
movie
Dawn Breaks Behind the Eyes (2021)
2021
7.2
The Ghost Writer(2010)
The Ghost Writer(2010) အညွှန်း****************************ဒီကားဟာ ဆုပေါင်း ၃၃ ဆုတောင်ရရှိခဲ့ပါတယ်..ဝါရင့်မင်းသမီး Olivia Williams၊ Star wars မင်းသား Evan McGregor နဲ့ James Bond မင်းသားကြီးPierce Brosnan တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို ရှဲဒိုးရေးပေးတဲ့ နာမည်ကျော်ရှဲဒိုးစာရေးဆရာ ဂို့စ်ဟာဗြိတိန်ဝန်ကြီးချုပ်ဟောင်း အဒမ်လန်းရဲ့ ကိုယ်တွေ့မှတ်တမ်းကို ရေးပေးဖို့ ငွေကြေးတနင့်တပိုးနဲ့ ကမ်းလှမ်းလာပါတယ်။နိုင်ငံရေးအကြောင်းကို သေချာမသိပေမယ့်လည်း ရမယ့်ငွေပမာဏကမနည်းတာကြောင့် ဗြိတိန်သား ဂို့စ်တစ်ယောက် အမေရိကန်အထိ လိုက်ပြီး ရှဲဒိုးရေးပေးဖို့ပြင်ဆင်ရပါတော့တယ်။သူ့ကိုငှါးဖြစ်သွားတာက သူ့အရင်ရေးပေးနေတဲမိုက်ခ်ဆိုသူဟာ ရေနစ်သေဆုံးသွားလို့ပါပဲ။သူ အလုပ်စတော့မယ့်အချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဒမ်လန်းဟာ စီအိုင်အေနဲ့ပူးပေါင်းပြီးပြည်သူအချို့ကို အကြမ်းဖက်သမားဟုဆိုကာ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကောလဟာလတွေ ထွက်လာပါတယ်။ဒီကောလဟာလတွေကြား ဂို့စ်တစ်ယောက် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်ရင်းဘယ်လိုအရှုပ်တော်ပုံတွေထဲ ပဲလှော်ကြား ဆားညပ်မလဲဆိုတာကတော့… File Size :(1.9GB) (714 MB) and (245 MB) Quality : ...
movie
The Ghost Writer(2010)
[18+]Chloe(2009)
Chloe(2009) အညွှန်း*******************မိုးအေးအေးလေးမှာ ပျင်းပျင်းနဲ့ ကြည့်လို့ကောင်းမဲ့ erotic movie လေး တစ်ခုကို ညွှန်းပါဆိုရင်Chloe ဆိုတဲ့ ဒီဇာတ်ကားလေးကို ညွှန်းပါရစေ။ erotic ဇာတ်ကားဆိုပေမယ့် ဇာတ်လမ်း plot ကတကယ် မထင်ထားရလောက်တဲ့အထိ မိုက်ပါတယ်။ ကက်သရင်းဆိုတဲ့ midlife အရွယ်သားဖွားမီးယပ်ဆရာဝန်မတစ်ဦးရဲ့ အိမ်ထောင်ရေးဟာ ခလိုးဝီ ဆိုတဲ့ ငယ်ရွယ်လှပပြီး ညှို့အားပြင်းတဲ့အမျိုးသမီးလေးကြောင့် ဘယ်လိုများ ယိမ်းယိုင်သွားမလဲ။ ကက်သရင်းက အသက်ရလာတာနဲ့အမျှ သူ့ခန္ဓာကိုယ်ကိုinsecure ဖြစ်လာတယ် ယောက်ျားနဲ့လည်း ချစ်ကြည် မနူးနိုင်တော့ဘဲ တဖြေးဖြေး ဝေးကွာလာတယ်။တစ်နေ့ သူ့ခင်ပွန်းအတွက် မွေးနေ့ပွဲစီစဉ်ထားရာကနေ သူ့ခင်ပွန်းဖြစ်သူ ဒေးဗစ်က အိမ်အပြန်လေယာဉ်ခရီးကို တမင် နောက်ကျအောင် လုပ်ပြီး အိမ်ပြန် မလာခဲ့ဘူး။ အဲ့မှာစပြီးကက်သရင်းတစ်ယောက် သူ့ယောက်ျားအပေါ် သံသယတွေ စပြီး ဝင်လာခဲ့တယ်။ဒီလိုနဲ့ ခလိုးဝီနဲ့ တွေ့ပြီး သူ့ယောက်ျားကို မြှူစွယ်ဖို့ သူ့ယောက်ျား ဘယ်လိုတုန့်ပြန်လဲဆိုတာတွေကိုသူ့ကို ပြန်တင်ပြဖို့ ...
movie
[18+]Chloe(2009)
4.5
Woodland Grey (2021)
Woodland Grey (2021) =================ဝီလီယမ်က တောနက်ကြီးက နောက်တွဲယာဉ်တစ်ခုမှာ နေထိုင်တဲ့ လူတစ်ယောက်ဖြစ်တယ်။ တစ်နေ့မှာ အမ်မလီ ဆိုတဲ့ အမျိုးသမီး တစ်ယောက်က သူနေတဲ့နေရာနားမှာ ဘာကြောင့်မှန်းမသိ မေ့လဲ နေတော့ ဝီလီယမ်က သူနေတဲ့နေရာကို ခေါ်လာလိုက်တယ်။ အမ်မလီ နိုးလာတော့ ပြန်မယ်လုပ်ပေမဲ့ ဒဏ်ရာရထားတာကြောင့် သူ့ဆီမှာတစ်ညတည်းလိုက်ရော အဲဒါနဲ့ နောက်နေ့မနက်ရောက်တော့ အမ်မလီတစ်ယောက် သူတို့နေတဲ့နေရာနားက တဲစုတ်လေးတစ်ခုထဲမှာ ကလေးမလေး တစ်ယောက်ကို တွေ့ပြီး တံခါးဖွင့်ပေးလိုက်တဲ့အချိန်မှာ Horror Movieတို့ ထုံးစံအတိုင်း ဇာတ်လမ်းစတော့တာပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.4 GB) / (650 MB) / (390 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Khant Sett Naing Encoder..........SWM
movie
Woodland Grey (2021)
2021
7.3
Girl in the Picture (2022)
Girl in the Picture (2022)~ IMDb - 7.3/10, Rotten Tomatoes - 95% ~ခင်ဗျား ကြားဖူးတယ်မလား။ လက်တွေ့ဟာ စိတ်ကူးယဉ်ထက် ပိုဆန်းကြယ်သတဲ့။ ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် အများကြီးပိုဆန်းကျယ်တဲ့ ဖြစ်ရပ်မှန် ဒိုကူမန်ထရီဇာတ်လမ်းပါပဲ။1990 ခုနှစ်မှာ မိန်းကလေးတစ်ယောက် ကားတိုက်ခံရပြီး ဆုံးသွားတယ်။ ဆရာဝန်တွေ စစ်ကြည့်တော့ သူ့ကိုယ်မှာ ကားတိုက်ခံရတာအပြင် တခြားအနာပေါင်းသောင်းခြောက်ထောင် ရှိနေခဲ့တယ်။ ရဲတွေက သွေးရိုးသွေးသား မဟုတ်ဘူးလို့ ယူဆပြီး စုံစမ်းစစ်ဆေးခဲ့ကြတယ်။ ကောင်မလေးရဲ့ ယောက်ျားနဲ့ ကောင်မလေးအလုပ်လုပ်တဲ့နေရာကို စစစ်တော့ ကောင်မလေးယောက်ျားက ကောင်မလေးထက် အသက်နှစ်ပြန်လောက်ကြီးတဲ့ အဘိုးကြီးဖြစ်ပြီး ကောင်မလေးအလုပ်လုပ်တဲ့နေရာက အဖော်အချွတ်ကလပ်ဖြစ်နေခဲ့တယ်။ ဒီကောင်မလေးနဲ့ပတ်သက်သမျှ ဘာတစ်ခုမှ သွေးရိုးသားရိုး သာမန်ဖြစ်မနေခဲ့...။ဒီလိုနဲ့ ဆက်စုံစမ်းကြည့်တော့ ဒီမြို့မှာ သူတို့ကို လင်မယားအဖြစ်သိထားကြပေမဲ့ နောက်တစ်မြို့မှာ သားအဖအဖြစ်သိထားကြတာပါ သိလိုက်ရတယ်။ ထူးခြားဆန်းကြယ်စွာပဲ ကိုယ့်သမီးကို ...
movie
Girl in the Picture (2022)
2022
6.0
Insane (2016)
INSANE (2016)Thriller ကြိုက်သူတွေအတွက် ၂၀၁၆ တုန်းက ထွက်ထားပြီး ဆုတွေရထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းမှာ Bad Guys S1 က မင်းသမီး Gang Ye Won နဲ့ One The Woman က မင်းသား Lee Sang Yoon တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းနာနမ်ဆူက '၂၄ နာရီ' ဆိုတဲ့ ရှိုးတစ်ခုရဲ့ ပီဒီ ပါ ပီဒီနာက သူ့ရဲ့ရှိုးအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို အမြဲတမ်းစုံစမ်းရှာဖွေနေသူပေါ့ တစ်ရက်မှာတော့ ပီဒီနာရဲ့ ရှိုးအတွက် စိတ်ဝင်စားစရာ ဒိုင်ယာရီလေး တစ်ခုရောက်လာခဲ့ပါတယ် အဲဒီဒိုင်ယာရီကို ရေးသားထားတဲ့ကောင်မလေးက " ဂန်ဆူအာ "ဒိုင်ယာရီထဲမှာ ရေးသားထားတဲ့အကြောင်းအရာတွေက... ဂန်ဆူအာဟာ အိမ်ပြန်လမ်းမှာအဖမ်းခံလိုက်ရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုကို ပို့ခံရတယ်...သူမ အဲဒီ စိတ်ကျန်းမာရေးဆေးရုံထဲမှာ ပိတ်မိနေတယ်...ဒီဆေးရုံမှာ သူမကို ကူညီမယ့်သူကလည်း ဟန်ဒုံရှစ် တစ်ယောက်ပဲ ရှိတယ်လို့ ရေးသားထားတယ်စုံစမ်းကြည့်လိုက်တဲ့အခါမှာ ...
movie
Insane (2016)
5.1
Ox-Head Village (2022)
Ox-Head Village (2022)၂၀၂၂ရဲ့နောက်ဆုံးထွက် သည်းထိတ်ရင်ဖို ဂျပန်ရုပ်ရှင်ကို CMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Howling Village,Suicide forest villageလို နာမည်ကြီးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ဒါရိုက်တာရဲ့ ၃ကားမြောက် Horrorကားပါ။ စစချင်းမှာ ဟိုတယ်ပျက်ထဲကို သွားပြီးliveလွှင့်ပြထားတာကြောင့် "Gonjiam"လိုမျိုး ဇာတ်လမ်းလားလို့တောင် သွားသတိရမိပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ -အထက်တန်းကျောင်းသူလေး ၃ယောက်က သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ ဟိုတယ်ပျက်ထဲကို liveလွှင့်ပြရာကနေ စပါတယ်။ သူတို့ထဲက "ရှိအွန်"ဆိုတဲ့ကျောင်းသူလေးကတော့ liveထဲမှာ သူ့ရုပ်ပါမှာစိုးလို့ နွားခေါင်း ခေါင်းစွပ်ကိုဆောင်းထားခဲ့ပါတယ်။ အဲဒါနဲ့ ကျန်တဲ့ကောင်မလေးတွေက ရှိအွန်ကို အခန်းတစ်ခုထဲမှာ အတင်းပိတ်ထားလိုက်ကြပါတယ်။ခဏကြာတော့ တံခါးကိုဖွင့်ပြီးပြန်ရှာကြည့်ပေမဲ့ ရှိအွန်ကတော့ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားခဲ့ပါပြီ။ ဒီအဖြစ်အပျက်ကို ကြည့်မိသွားတဲ့သူတော့ "ခန်အွန်"လို့ခေါ်တဲ့ကောင်မလေးပါ။ သူဟာ videoထဲက နွားခေါင်းဝတ်ထားတဲ့ ရှိအွန်နဲ့ ရုပ်ချင်းခွဲမရအောင် တူနေတာမို့ ဒီထူးဆန်းတဲ့ဖြစ်ရပ်ကိုစိတ်ဝင်စားသွားခဲ့ပါတယ်။ခန်အွန်လည်း နွေရာသီကျောင်းပိတ်ရက်မှာ သူ့ရဲ့အီစီကလီကောင်လေး "ရန်"နဲ့အတူ liveထဲက ရေပူစမ်းဟိုတယ်ပျက်ကြီးရှိတဲ့မြို့ကို သွားကြပါတယ်။ အဲဒီမှာပဲ သူတို့ကိုလိုက်ပို့ပေးတဲ့taxiသမားက နွားခေါင်းပုံပြင်အကြောင်းကိုပြောပြပါတယ်။ဒီပုံပြင်ကိုနားထောင်မိတဲ့သူတိုင်းဟာ ...
movie
Ox-Head Village (2022)
5.3
Frank and Penelope (2022)
Frank and Penelope ( 2022 )Ridley Scottရဲ့ နာမည်ကျော် ရုပ်ရှင်ဖြစ်တဲ့ Thelma & Louise အငွေ့အသက်အပြည့်နဲ့ ရိုက်ကူးထားပြီး နာမည်ပါ အဓိကဇာတ်ကောင်၂ကောင်ရဲ့ နာမည်လိုက်ပေးထားတဲ့ ရုပ်ရှင်ပါ။ Thelma & Louise ကို ထည့်ပြောထားသလို ဇာတ်လိုက်ကလည်း ရုပ်ရှင်ထဲကလိုပါ လိုက်လုပ်ချင်တဲ့သူကို ဇာတ်ကောင်အဖြစ်ပြသထားတာပါ။ဇာတ်လမ်းကတော့ စစချင်းမှာတော ShawShankလို မိန်းမဖောက်ပြန်နေတာကို ပက်ပင်းမိတဲ့ယောက်ျားနဲ့ စထားတယ်။ တုံ့ပြန်ပုံတော့မတူဘူးပေါ့။ သေနတ်နဲ့ပစ်မသတ်ဘဲ သူ့ဘာသာThelma & Louiseကားထဲကလို ကားပတ်မောင်းရင်း ချောက်ကြီးထဲကားမောင်းချဖို့လုပ်တယ်။ ဒီနောက် ကလပ်သွားရင်း အဖော်အချွတ်မယ်လေးရဲ့ ညုလုံးတွေအောက် မျောသွားပြီး ကောင်မလေးကို ကယ်လာခဲ့တယ်။ နောက်ကောင်မလေးနဲ့ သူ့အစီအစဉ်အတိုင်း ကားပတ်မောင်း လျှောက်သွားရင်း ပဟေဠိဆန်ဆန်ဂိုဏ်းတစ်ဂိုဏ်းနဲ့တွေ့တယ်။ ကားအမျိုးအစားက Mysteryဆိုတော့ ပဟေဠိဆန်ဆန်ဖြစ်နေဖို့လိုတယ်မလား။ ဒီကားက Thelma & Louiseကို အငွေ့ယူရိုက်ထားပေမဲ့ သူပဟေဠိဆန်ဆန်ဇာတ်အိမ်လုပ်ထားပုံကလည်း ...
movie
Frank and Penelope (2022)
6.6
The Witch: Part 2. The Other One (2022)
The Witch Part 2: The Other One (2022) Kim Dami နဲ့ Choi Woo-Shik တို့ရဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင် The Witch:The Subversion ရဲ့ အဆက်အနေနဲ့ The Witch Part 2 ထွက်ရှိလာပါပြီ။Part 2 မှာတော့ အားလုံးသိကြတဲ့ မင်းသား Lee Jong-Suk နဲ့ xtraordinary Attorney Woo ထဲက မင်းသမီး Park Eun Bin တို့ပါဝင်ထားသလို Part 1 က Casts တော်တော်များများလည်း ပြန်လည်ပါဝင်ထားကြပါတယ်။ထူးခြားဆန်းသစ်တဲ့ လူသားမျိုးစိတ်တစ်ခု ဖန်တီးဖို့ ကြိုးစားကြရင်း ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ၊ အစမ်းသပ်ခံလူသားတွေ အားလုံးကို ရှင်းလိုက်ပေမဲ့ အဲဒီထဲကတစ်ယောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ်။သွေးသံရဲရဲနဲ့ လျှောက်သွားနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ KyungHee တို့ အမှတ်မထင် တွေ့ဆုံပြီးတဲ့နောက် ဒီမိန်းကလေးကို ကာကွယ်ဖို့အတွက် ...
movie
The Witch: Part 2. The Other One (2022)
2022
First
44
45
46
47
48
Last
Previous
Next