Channel Myanmar

Mystery

The Harbinger (2022)
The Harbinger (2022) The Harbinger (2022)ပုဗ္ဗနိမိတ် (သို့) ရှေ့တော်ပြေး ဆိုတဲ့ခေါင်းစဥ်အတိုင်း Omen လို နိမိတ်တွေကို အဓိကထားတာ မဟုတ်ဘဲ Devil ရဲ့ ရှေ့တော်ပြေးအကြောင်းကို ရိုက်ကူးထားတဲ့ Horror, Thriller အမျိုးအစားပါ။ဒန်နီယယ်တို့ဟာ တစ်ချိန်တုန်းက သိပ်ကိုပျော်စရာကောင်းတဲ့ မိသားစုလေးပါ။ ယခုအခါမှာတော့ သမီးလေး ရိုဆလီရဲ့ ထူးဆန်းတဲ့အပြုအမူတွေနဲ့အတူ အလုပ်ကိစ္စကြောင့် တစ်မြို့ပြီးတစ်မြို့ပြောင်းရွေ့နေထိုင်ကြပါတယ်။ ဒီတစ်ခါရောက်သွားတဲ့ မြို့လေးမှာတော့ မိမိကိုယ်ကို သတ်သေမှုတွေ ဆက်တိုက်ဆိုသလို ကြုံလာရတယ်။ အမှုတိုင်းမှာလည်း ရှေးဟောင်းပစ္စည်းလေးတစ်ခုက ရှိနေတယ်။ အဲဒီမြို့လေးမှာ ကျိန်စာသင့်နေတယ်လို့ သမုတ်ကြတဲ့ မူလဇာတိသား အင်ဒီးယန်းလူမျိုးစုတွေရဲ့ ​နယ်မြေလည်း ရှိနေပြန်တယ်။ ဒီသတ်သေမှုတွေက ဒန်နီယယ်တို့ မိသားစုနဲ့ ဘယ်လိုပတ်သတ်နေမလဲ မူရင်း အင်ဒီးယန်းလူမျိုးတွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုအားပေးရင်း ရင်ဖိုနိုင်ရန် ညွှန်းဆိုလိုက်ပါရစေ...(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, ...
movie

The Harbinger (2022)

2022
Invisible Guard ( 2022 ) 5.9
Invisible Guard ( 2022 ) ဆန်းဆန်းပြားပြားမိစ္ဆာအတတ်တွေနဲ့ သိုင်းကားလေးတစ်ကားလာပါပြီ။ ထန်ခေတ်ကာလမှာ ကိုယ်ပျောက်ကိုယ်ရံတော်ဆိုတဲ့ အထူးအဖွဲ့အစည်းတစ်ခုရှိခဲ့တယ်။ တရားရေးဌာနအတွက်အမှုထမ်းရပေမယ့် အပယ်ခံအပြစ်သားတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။ပိုးမိစ္ဆာတွေကိုကြိုးကိုင်ထိန်းချုပ်ပြီး လူသတ်မှုတွေဖြစ်ပွားလာတော့ အပယ်ခံကိုယ်ပျောက်ကိုယ်ရံတော်အဖွဲ့ရဲ့တပ်မှူးPeiဟာ အမှုကိုအဖြေရှာရင်း သပွတ်အူလိုရှုပ်ထွေးတဲ့ မှုခင်းဖြစ်စဉ်ထဲကိုရောက်သွားပါတော့တယ်။တစ်ချိန်တည်းမှာပဲ အဖေကိုသတ်သွားတဲ့တရားခံကိုလိုက်ရှာနေတဲ့ မိန်းကလေး Han chu yiဟာ တရားခံကိုခြေရာမခံမိပဲ ရန်သူလိုက်သတ်တာခံရလို့ပြေးရင်းနဲ့ Pei တွေ့ဆုံဖို့အကြောင်းဖန်ပြီး သူတို့ဟာပူးပေါင်းပြီး ဖြစ်လာတဲ့အခက်အခဲတွေကိုရင်ဆိုင်ကြပါတယ်။ သူတို့မသိတာကတော့ သူတို့ကိုစောင့်နေခဲ့တာ ပိုပြီးဆိုးရွားတဲ့ စုန်းဘုရင်ကြီးဆိုတာပါပဲ။Pei ဟာ စုန်းဘုရင်ကြီးကိုဘယ်လိုရင်ဆိုင်ပြီး ပြည်သူတွေကိုဘယ်လိုကယ်မလဲဆိုတာတော့ အဆုံးထိကြည့်ရှုအားပေးလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller  , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Invisible Guard ( 2022 )

White Night (2009) 6.5
White Night (2009) White Night (2009)"ငါ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ဘယ်အပြစ်မဆို (၁၅)နှစ်ကြာရင် အပြစ်ကြေတယ်တဲ့။ ငါတို့ နောက်(၁၅)နှစ်ကြာမှ ပြန်တွေ့ကြရအောင်"- ဒီစကားကို လီဂျီအာက ကင်ယိုဟန်ကို ပြောခဲ့တာပါ။သူတို့ နှစ်ယောက်ရဲ့ ကလေးဘဝက ကြမ်းတမ်းခဲ့ပါတယ်။ ကင်ယိုဟန်ရဲ့ အဖေဖြစ်သူ တစ်ညမှာ အသတ်ခံခဲ့ရပြီး လီဂျီအာရဲ့ အမေဖြစ်သူက လူသတ်မှုအတွက် အဓိက သံသယရှိသူ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ကင်ယိုဟန်ရဲ့ အမေက ခင်ပွန်းဖြစ်သူ အသတ်ခံရပြီးချိန်မှာပဲ အလုပ်သမား ကန်ဂျယ်ဒိုနဲ့ ဖောက်ပြန်ခဲ့ပါတယ်။ သပွတ်အူလို ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေကြားက လူသတ်မှုကို စုံစမ်းရသူကတော့ စုံထောက်ဟန်ဒုန်ဆူပါ။ စုံစမ်းနေရင်း တန်းလန်းမှာပဲ သံသယရှိသူ လီဂျီအာရဲ့ အမေဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတော့တယ်။"ဘဝမှာ အချိန်အခါ ဆိုတာရှိတယ်။ ကိုယ်လုပ်ချင်တဲ့ အရာတွေကို လုပ်လို့ရတဲ့ တစ်ခုတည်းသော အချိန်အခါ"ဒီစကားကို ပြောခဲ့တဲ့ စုံထောက်ဟန်ဟာ သံသယရှိသူ သတ်သေသွားလို့ အမှုပိတ်ကာမှ အမှုအတွက် မသင်္ကာစရာတွေကို ရှာတွေ့လာတဲ့အတွက် အမှုကို သဲကြီးမဲကြီးလိုက်ရင်း ...
movie

White Night (2009)

2009
Detective vs. Sleuths ( 2022 ) 6.3
Detective vs. Sleuths ( 2022 ) CM ကနေ ဒီတစ်ခါမှာတော့ စိတ္တဆန်ဆန် လူသတ်မှုတွေကို ဖော်ထုတ်မယ့် Detective vs. Sleuths ဆိုတဲ့ စုံထောက်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဟောင်ကောင်မှာ စိတ္တဇဆန်ဆန် လူသတ်မှုတွေ ဖြစ်ပွားခဲ့ပြီး တစ်ချိုအမှုတွေဆို နှစ်နဲ့ချီပြီး မဖော်ထုတ်နိုင်ဘဲ ရှိနေဆဲအချိန်မှာ အဲ့လိုအမှုတွေကို တစ်ကိုယ်တော် ဖော်ထုတ်နေတဲ့ အံ့ဖွယ်စုံထောက် လီကျွင့်ကတော့ ရဲတပ်ဖွဲအတွက် မျက်စိနောက်စရာဖြစ်လိုနေပါတယ်ဘာလိုလဲဆိုတော့ သူတံတားအောက်မှာ ရေးလိုက်တဲ့ စာလုံးအတိုင်း အမှုတွေ ဖြစ်ဖြစ်လာနေလိုပဲ ဖြစ်ပါတယ် စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် တာဝန်ကနေ ရပ်နားခံလိုက်ရတဲ့သူ့ကို လူတွေက ရူးနေပြီလို သတ်မှတ်ကြပေမယ့် သူကတော့ သူ့ကိုယ်သူအံ့ဖွယ်စုံထောက် ဆိုတာကို သက်သပြဖို အမြဲကြိုးစားခဲ့ပါတယ် လုယက်လူသတ်မှု အလောင်းပျံအမှု ကွင်းဆက်လူသတ်မှု သားသတ်သမားအမှု အစရှိတဲ့အမှုတွေမှာလူသတ်တရားခံရဲ့လှည့်ကွက်တွေကို အံ့ဖွယ်စုံထောက်ကြီး လီကျွင့်က ဘယ်လိုဖြေရှင်းသွားမှာလဲဒီလိုစိတ္တဇလူသတ်မှုတွေ အစတည်ရာကရော ဘယ်ကနေ လာတာလဲ ဟောင်ကောင်ကားပရိသတ်တွေအတွက်တော့ ရင်းနှီးလောက်တဲ့ သရုပ်ဆောင်တွေကပဲ ပါဝင်ထားတာ‌ဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်တွေကလည်း အရမ်းမိုက်တာမိုလို စုံထောက်ကားကြိုက်တဲ့သူတွေ အနေနဲ့တော့ သဘောကျမိမှာအမှန်ပဲဖြစ်လို ဒီကားလေးကို ကြည့်ကြည့်ဖို ညွှန်းပေးချင်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime ...
movie

Detective vs. Sleuths ( 2022 )

Dark Water (2002) 6.7
Dark Water (2002) Dark Water (2002)~ IMDb - 6.7/10, Rotten Tomatoes - 81% ~နာမည်ကျော် The Ring တို့ Sadako တို့ရဲ့ ဖန်တီးရှင် ဒါရိုက်တာ Hideo Nakata ရဲ့ IMDb Rating - 6.7/10 အထိရရှိခဲ့တဲ့ Horror အမျိုးအစား Dark Water ကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ ယိုရှိမီဆိုတဲ့အမျိုးသမီးဟာ ယောကျာ်းနဲ့ ကွာရှင်းပြီးနောက် သမီး အီကုကို ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်အတွက် အခြေအတင်ဖြစ်နေကြတုန်း အခြေအနေပါ။ လောလောဆယ် သမီးလေးနဲ့ အတူ နေဖို့အတွက် တိုက်ခန်းတစ်ခုကိုရှာနေခဲ့ပါတယ်။ အဆင်ပြေသွားတဲ့အခန်းက ဆောက်ထားတာကြာပြီမို့ မျက်နှာကျက်ကနေ ရေတွေ နည်းနည်းစီးကျနေခဲ့ပါတယ်။ တိုက်ခန်းမန်နေဂျာကို ပြောပေမယ့် အကြောင်းမထူးခဲ့ပါဘူး။လွန်ခဲ့တဲ့ ၂နှစ်တုန်းက ပျောက်ဆုံးသွားတဲ့ ကလေးမလေးဟာ သမီးလေးအီကုကို တက်ခဲ့တဲ့ကျောင်းမှာပဲ တက်သွားတာပါ။ ...
movie

Dark Water (2002)

2002
Accident (2009) 6.6
Accident (2009) Accident (2009)Brain လို့ နာမည်ရတဲ့ ကြေးစားလူသတ်သမားက သူ့အဖွဲ့နဲ့အတူ လူသတ်မှုတွေကို မတော်တဆမှုဖြစ်အောင် ဖန်တီးပြီး အဖွဲ့လိုက် လှုပ်ရှားပေးကြတာပါ။သူတို့ရဲ့လှုပ်ရှားမှုတစ်ခု မမျှော်လင့်ဘဲ လွဲချော်ပြီးခဲ့တဲ့နောက်မှာတော့ ဒီအဖြစ်အပျက်ဟာ တမင် ဖန်တီးခံရတာလို့ ဘရိန်းက ယူဆပါတယ်။ တစ်ယောက်ယောက်က သူနဲ့ သူ့အဖွဲ့ကို မလှုပ်ရှားနိုင်တော့အောင် ဖန်တီးတယ် ထင်လာပါတော့တယ်။ဒီအဖြစ်အပျက်နဲ့ သက်ဆိုင်မယ်လို့ ယူဆရတဲ့ အာမခံကိုယ်စားလှယ်တစ်ယောက်နဲ့ ဆုံလာချိန်မှာတော့ .... တကယ်ပဲ ကတုံးပေါ် ထ်ပ်ကွက်သလို မတော်တဆမှုနဲ့ လူသတ်နေတဲ့ ကြေးစားအဖွဲ့ကို မတော်တဆမှုတွေ တကယ်ပဲ ဖန်တီးနေတာလား? တခြားတခြားသော အကြောင်းရင်းတွေ ရှိနေတာလား ဆိုတာကတော့အညွှန်း နဲ့ ဘာသာပြန်ကတော့ Xiao Zhen ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.1GB | 554MB | 2489MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar ...
movie

Accident (2009)

2009
Where the Crawdads Sing (2022) 7.1
Where the Crawdads Sing (2022) Where the Crawdads Sing (2022)~ IMDb rating - 7.1/10 ~Delia Owens ရဲ့ ၂၀၁၉မှာထွက်ခဲ့ပြီး The New York Times Fiction Best Sellers ဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာပါ။ စာအုပ်ကလည်း နာမည်ကြီးသလို ဇာတ်ကားကလည်း တော်တော်လေးကောင်းတဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကတော့ စီးရီးတွေနဲ့ နာမည်စရလာပြီး ဒီနှစ်ထဲ FRESH နဲ့ Where the Crawdads Sing လိုကားကောင်းတွေရိုက်ထားတဲ့၊ ဆုတွေတစ်သီတစ်သန်းကြီးရရနေတဲ့ Daisy Edgar-Jones ပါ။ ရုပ်လည်းလှသလို သရုပ်ဆောင်လည်းကောင်းပါတယ်။ နောက် ဒီကားထဲက သူ့ရှေ့နေနေရာမှာ‌တော့ လင်ကွန်းကားထဲ အမေရိကန်ပြည်ထောင်စုအထွေထွေအတွင်းရေးမှူးနေရာက သရုပ်ဆောင်ခဲ့တဲ့ David Strathairn ပါပါတယ်။စိမ့်တောကြီးရှိတဲ့ မြို့လေးတစ်မြို့ရှိတယ်။ အဲဒီစိမ့်တောမှာ မိသားစုနည်းနည်းပါးပါးနေကြတယ်။ နောက်ကျ အဲဒီစိမ့်တောက မိသားစုတွေအကုန်ပြောင်းသွားကြပြီး ကောင်မလေးတစ်ယောက်နဲ့ ...
movie

Where the Crawdads Sing (2022)

2022
Detective Dee and Nine Dragon Coffin ( 2022 ) 6.9
Detective Dee and Nine Dragon Coffin ( 2022 ) Detective Dee ပရိသတ်တွေအတွက် နောက်တစ်ကားကို CM မှတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ ၆၇၆ခုနှစ်ခန့်ကာလမှာ သင်္ချိုင်းသူခိုးတစ်သိုက်ဟာ လူသားစားတဲ့အခေါင်းတလားကိုတူးဖော်ခဲ့မိပါတယ်။ ရွှေနဂါးကြီးဟာအခေါင်းအတွင်းကနေပျံထွက်လာခဲ့ပြီး ပြုစားခံထားရတဲ့အလောင်းဟာ အခေါင်းထဲကထွက်လာပြီး ဘုရင်ကြီးနဲ့ဘုရင်မကြီးကိုလုပ်ကြံဖို့ကြိုးစားခဲ့ရာ ကိုယ်ရံတော်အရာရှိလီက တားမြစ်ကယ်တင်ခဲ့ပါတယ်။ထုံးစံအရ တရားရေးဌာနက Di Ren Jie ဟာ အမိန့်တော်အရ အမှုကိုစစ်ဆေးတော့တာပေါ့။ လူသားစားပြီးဓားလှံတွေကိုမကြောက်တဲ့အလောင်းကောင်တွေဟာ လွန်ခဲ့တဲ့နှစ်၂၀တုန်းက နယ်နှင်ဒဏ်ပေးခံခဲ့ရတဲ့ မိဖုရားကြီးဝမ်ရဲ့မျိုးဆက်ရဲ့လုပ်ရပ်ပဲဆိုတာကိုသိလိုက်ရပါတယ်။ဒီလိုနဲ့ မီးပုံးပွဲညမှာ လူတွေစည်းကားနေတဲ့အချိန်မှာ ထူးဆန်းတဲ့ပုလွေသံနဲ့အတူ အလောင်းကောင်တွေဟာ Chang An မြို့ထဲကိုဝင်လာပါတော့တယ်။ အလုံးအရင်းနဲ့ဝင်လာတဲ့ အလောင်းကောင်တွေ လူတွေကိုကိုက်လိုက်တိုင်းတိုးလာတဲ့အလောင်းကောင်တွေကို ဆရာဒီးတို့နှိမ်နင်းနိုင်ပါ့မလား ဘယ်အချိန်အထိများတောင့်ခံနိုင်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ပြီးခံစားလိုက်ပါနော်. Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Fantasy Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded By LK
movie

Detective Dee and Nine Dragon Coffin ( 2022 )

The Stranger in Our Bed (2022) 4.5
The Stranger in Our Bed (2022) အချစ်ခံရတယ်ဆိုတာ ကောင်းတဲ့အရာပါ ဒါပေမဲ့ အရမ်းကြီး စိတ္တဇဆန်ဆန် အချစ်ခံရပြန်ရင်လည်း လွတ်လပ်မှုတွေပျောက်ဆုံးပြီး ဘဝကြီးက ထောင်ကျသလိုဖြစ်နေမှာပါ ဒီကားလေးကတော့ အချစ်ကြောင့် မမှားသင့်တာတွေ မှားပြီးကမောက်ကမဖြစ်ရတဲ့အကြောင်းရိုက်ထားတဲ့ ကားလေးတစ်ကားပါပဲ ချားလော့တ် ဆိုတဲ့ စီအီးအို ဇနီးဟာ သူ့ဘဝကိုစိတ်ကုန်ပြီးတော့ ယောက်ျားတစ်ယောက်နဲ့ဖောက်ပြန်မိခဲ့တာပါအဲဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ အတူတူထွက်ပြေးဖို့ကြိုးစားတာကနေ ဇာတ်လမ်းက စတာပါ ခိုးပြေးကြမဲ့နေမှာပဲ သူနဲ့ဖောက်ပြန်နေတဲ့ အမျိုးသားဟာ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတော့တယ် အဲဒီမှာပဲ ချားလော့တ် က သူ့ရဲ့ ချစ်သူကိုရှာဖို့ သူ့ချစ်သူရဲ့ အစ်မနဲ့ဆက်သွယ်ခဲ့ပါတော့တယ် အဲဒီလိုရှာရင်းနဲ့မှ သူနဲ့ဖောက်ပြန်နေတဲ့သူက ဘယ်သူလဲ သူ့ယောကျာ်းကရော ဒီကိစ္စမှာ ပါဝင်ပတ်သက်နေလား သူ့ရဲ့ ယောက္ခမကရော ဘယ်လိုကြိုးကိုင်ထားလဲဆိုတာကို ပဟေဠိတွေနဲ့ ကြည့်လို့ကောင်းတဲ့ ကားကောင်းလေးတစ်ကားပါပဲFile size…(1.49GB)/(786MB)/(397MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Thriller /  mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

The Stranger in Our Bed (2022)

When I Consume You (2021) 4..7
When I Consume You (2021) When I Consume You (2021) =====================2021ခုနှစ်date နဲ့ ခုမှထွက်ရှိလာတဲ့ ဒီဇာတ်ကားလေးကတော့ horrorနဲ့ mysteriousရုပ်ရှင်တွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဘဝကိုရုန်းရင်းနဲ့အကောင်းဆုံးကြိုးစားနေတဲ့ ဒက်ဖ်နီရှောနဲ့ အနေအေးပြီးကြောက်တက်တဲ့ ဝီလ်ဆန်ရှောတို့ မောင်နှမ နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပါတယ်။ တစ်နေ့ဝီလ်အိမ်ပြန်လာတဲ့အချိန် သူ့ရဲ့အစ်မသေဆုံးနေတာကို တွေ့လိုက်ရပါတယ် သူ့အစ်မ အသတ်ခံလိုက်ရတာကို သိသွားတော့ လူသတ်သမားကိုလိုက်ရှာရင်းနဲ့ အဲဒီလူက သူ့အစ်မနောက်ကို လိုက်နေတဲ့ stalkerဆိုတာသိခဲ့ရပြီး ကလဲ့စားချေဖို့ ဆုံးဖြတ်လိုက် တာပေါ့။ ဒါပေမယ့် အဲဒီလူကတကယ်ပဲ ဒီအတိုင်းstalkerလား၊ သူတို့မောင်နှမကိုရောဘာလို့ လိုက်နေရတာလဲ၊ ဝီလ်ကရော သူ့အစ်မ အတွက် ကလဲ့စားချေပေးနိုင်မလားဆိုတာကို ဒီကားထဲမှာကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Moe Phway Cherry ဖြစ်ပါတယ်) File Size..........(1.7 GB) / (361 MB) Quality............WebRip 1080p / 720p Duration.........1Hr 32mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......Moe Phway Cherry Encoder..........SWM
movie

When I Consume You (2021)

2021
Nope (2022) 7.3
Nope (2022) Nope (2022)စိတ်ကူးတွေ ဟာသဉာဏ်တွေ အမြဲဆန်းသစ်တဲ့ ကီးနဲ့ပီလီဆိုတဲ့ ဟာသသရုပ်ဆောင်အတွဲကို အတော်များများကြည့်ဖူးကြမှာပါ။ ပီလီက သာမန် ဟာသတိုလေးတွေတင်ရိုက်တာမဟုတ်ပါဘူး။ Get Out လို ထူးဆန်းတဲ့ရုပ်ရှင်ကောင်းမျိုးကိုလည်း ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တဲ့သူပါ။ အခုတော့ သူကိုယ်တိုင်ဇာတ်ညွှန်းထပ်ရေးပြီး ရိုက်ကူးထားတဲ့ သိပ္ပံဟော်ရာ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ မင်းသားကတော့ Get Out ဇာတ်ကားကတည်းက သူနဲ့အတွဲညီခဲ့တဲ့ မင်းသားပါပဲ။ဒီဇာတ်လမ်းအကျဉ်းမှာတော့ ရုပ်ရှင်ရိုက်ဖို့မြင်းတွေကို လေ့ကျင့်ပေးတဲ့ ခြံပိုင်ရှင်ကြီးတစ်ယောက်ဟာ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ တိုလီမုတ်စပစ္စည်းတွေထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့သား အိုဂျေက အဲဒီမြင်းခြံကို မပြုတ်အောင် မနည်းကျားကန်ပြီးဆက်ရုန်းကန်နေရတာပါပဲ။ သူ့ရဲ့ညီမကတော့ ဒါရိုက်တာ သရုပ်ဆောင် အဆိုတော်ရူးလေးဖြစ်ပြီး မြင်းခြံကိုစိတ်မဝင်စားလှပါဘူး။ တစ်နေ့မှာတော့ အိုဂျေ ဟာ သူတို့ခြံဘက်ကနေ ပန်းကန်ပြားပျံလိုအရာကြီးတစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရပါတယ်။ ဒီတော့ သူတို့မောင်နှမနှစ်ယောက်က အဲဒီပန်းကန်ပြားပျံကို သက်သေရိုက်ကူးပြီးသူဌေးဖြစ်ဖို့ ကြံစည်ကြပါတော့တယ်။ ဒါပေမဲ့ သူတို့ထင်တာထက် ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ကိစ္စတွေဖြစ်လာတဲ့အခါ...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Sci-fi Quality…. 1080p | 720p ...
movie

Nope (2022)

2022
Heaven (2022) 6.7
Heaven (2022) Heaven(2022) Imdb-6.7/10 ဒီဇာတ်ကားမှာတော့ အခြားဘောလိဝုဒ် လူသတ်သမားရှာဖွေတဲ့ကားတွေနဲ့မတူညီဘဲ လူသတ်သမားလူဆိုးကိုကြိုတင်ပြထားတာတွေ အရိပ်အမြွက်ပြောထားတာတွေနည်းနည်းလေးမှ မရှိတဲ့ စုံစမ်းရေးရဲအရာရှိတစ်ယောက်ရဲ့ အမှုကိုနည်းစနစ်ကျကျလိုက်လံစုံစမ်းဖော်ထုတ်ပုံကို အသေးစိတ်စိတ်ဝင်စားဖွယ်ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ်စုံစမ်းစစ်ဆေးရေးရဲအရာရှိပီတာကူရီရှင်းကယ် ‌ တနေ့မှာတောအုပ်ထဲမှာပုပ်ပွသေဆုံးနေတဲ့အလောင်းတစ်လောင်းကို ရှာတွေ့ရာကနေ အဲ့ဒီအလောင်းကနေရနိုင်သမျှသဲလွန်စတွေကိုအသုံးချပြီး လူသတ်သမားကိုလိုက်ဖို့ကြံစည်ပါတော့တယ်ရဲအရာရှိပီတာက ဖြောင့်မတ်ပြီးအလုပ်ကြိုးစားတဲ့ရဲတစ်ယောက်ဖြစ်ကာ သူ့အမေနဲ့သူ့ရဲ့မိတဆိုးသားလေးပဲရှိတဲ့မိသားစုကိုတောင် ‌အချိန်မပေးနိုင်ဘဲ အေးတိအေးစက်‌ဆက်ဆံတတ်တဲ့အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ပါတယ် ဒီကားမှာတော့ ဗီလိန်နဲ့ဇာတ်လိုက် battleဆိုင်တာတွေ Tempoအတက်အကျဖြစ်အောင် အဓိကမရိုက်ပြထားဘဲ ရဲအရာရှိတစ်ဦးရဲ့ဘဝကို ထင်ဟပ်စေမဲ့လူမှုရေးတာဝန်လစ်ဟင်းမှုတွေ ဖွင့်မပြောပေမဲ့ခံစားတတ်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာတွေ(စာရေးသူရဲ့ အဖေအတိုင်းပါပဲ)၊ကို ကွက်ကွက်ကွင်းကွင်း အသားပေးရိုက်ပြထားလို့ ကြည့်ရှုသင့်တဲ့ drama mystery ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…1.8GB / 861MB Quality…1080p HQ AVC AAC5.1CH / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Allena & Kham Mon & Kevin Ag & Yunni
movie

Heaven (2022)

2022
Get Away If You Can (2022)
Get Away If You Can (2022) Get Away If You Can (2022)ဒီရုပ်ရှင်ဟာ မြင်ရတွေ့ရခဲတဲ့ ရုပ်ရှင်ပါ။ အင်မတန် ဆန်းပြားတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ လူ့စိတ်ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ လင်မယားနှစ်ယောက် သင်္ဘောနဲ့ ခရီးတစ်ခုထွက်လာကြတယ်။ မိန်းမက လမ်းမှာတွေ့တဲ့ ကျွန်းလေးတစ်ကျွန်းမှာ ဆင်းချင်တယ်။ ယောက်ျားက မဆင်းချင်ဘူး။ ဒီလိုနဲ့ မိန်းမက ခိုးဆင်းသွားတယ်။ ဒါကိုယောက်ျားက ပြန်ခေါ်ဖို့ကြိုးစားတယ်။ ကျွန်းပေါ်က မိန်းမရယ်၊ လှေပေါ်က ယောက်ျားရယ်၊ စိတ်ချင်းလွန်ဆွဲကြတယ်။ ဒါကိုအတိတ်က ဖြစ်ရပ်လေးတွေနဲ့ ပေါင်းစပ်ပြီး လူ့သဘောမနောကို ထင်ဟပ်အောင်ပြထားတဲ့ရုပ်ရှင်ပါ။ဒီရုပ်ရှင်ဟာ‌ တော်တော်လေးကိုထူးခြားတဲ့ ရုပ်ရှင်ပါ။ ဒီလိုတော်တော်ထူးခြားတဲ့ရုပ်ရှင်မှာ တော်တော်ကောင်းတဲ့ ဇာတ်ပို့မင်းသား တစ်ယောက်ပါပါတယ်။ သူကတော့ Ed Harris ပေါ့။ လက်ရှိ Westworld ထဲ အန်တနီဟော့ပ်ကင်းအလွန်မှာ သူသရုပ်ဆောင်အကောင်းဆုံးလို့ပြောလို့ရသလို Top Gun: Maverick တို့ Apollo 13 တို့ A ...
movie

Get Away If You Can (2022)

2022
Vengeance (2022) 7.0
Vengeance (2022) Vengeance (2022) ============== IMDb Rating - 7.0/10ဟာသ ဆန်းကြယ် သည်းထိတ်ရင်ဖို အမျိုးအစားရုပ်ရှင်ပါ။ ဘီဂျေ နိုဗက်က ကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ် မင်းသားလုပ်ပြီး ရိုက်ကူးထားတာပါ။ ဒဿနဆန်ဆန်ကားမျိုးပေါ့။ အစပိုင်းတော့ အတော်ကိုရယ်ရပါတယ်။နာမည်ကြီး ပေါ့ကတ်စ် ဂျာနယ်လစ် စာရေးဆရာ ဘန် ဟာ အချစ်ကို အယုံအကြည်မရှိဘဲ မိန်းကလေးတွေအများကြီးကို အပျော်တွဲတတ်တဲ့ လူတစ်ယောက်ပါ။ တစ်နေ့တော့ ညဘက်ကြီးသူ့ဆီကို ဖုန်းဝင်လာတယ်။ မင်းရဲ့ ရည်းစား အက်ဘ်လင်းသေပြီ ဈာပနကို လာပေးပါဆိုပြီး အက်ဘ် လင်းဆိုတဲ့မိန်းကလေးရဲ့အစ်ကိုက ဖုန်းဆက်လာတာပါ။ ဘန်က အက်ဘ် လင်းနဲ့ ၃ခါလောက်ပဲချိန်းဖူးတာဖြစ်ပြီး စိတ်ထဲတောင် သိပ်အမှတ်တရ မရှိလှပါဘူး။ဒါပေမဲ့ အက်ဘ်လင်းရဲ့မိသားစုက သူ့ကို အရေးကြီးပုဂ္ဂိုလ်လို အရေးတကြီး ဖိတ်နေတဲ့အတွက် လိုက်သွားလိုက်ပါတယ်။ နေရာက‌တော့ တက္ကဆက် ပြည်နယ်ထဲကိုမှ အတော်ခေါ်တဲ့ နေရာပါပဲ။ အဲဒီဈာပနအပြီးမှာတော့ အက်ဘ်လင်းအစ်ကိုက သူ့ညီမသေတာဟာ လူသတ်ခံရတာဖြစ်နိုင်တယ်၊ လူသတ်တရားခံကို အတူရှာပြီးလက်စားချေဖို့ ဘန့်ကိုပြောပါတယ်။ ဘန်ကတော့ ဒီမိသားစုရဲ့ အူကြောင်ကြောင် ရိုးရှင်းပုံကိုသာ ဇာတ်လမ်းအသံ ဖမ်းပြီး ပေါ့ကတ်စ်လွှင့်လိုက်ရရင် အရမ်းပေါက်မှာပဲဆိုပြီး လူသတ်မှုဆိုတာ မယုံပေမဲ့ အလိုက်သင့်လိုက်စုံစမ်းလိုက်ပါတယ်။အဲဒီမှာ သူသိလိုက်ရတာက ...
movie

Vengeance (2022)

2022
Ripley’s Game (2002) 6.6
Ripley’s Game (2002) Ripley's Game (2002)~ IMDb - 6.6/10, Rotten Tomatoes - 92% ~"တွမ် ရစ်ပလေ"ဒီလူက ဘာလား။ အူကြောင်ကြောင်ကောင်လား။ မထုံတက်တေးလား။ လူယုတ်မာလား။ လူပျော့လူညံ့လား။ သွေးအေးသူကြီးလား။သူဟာ လူထဲက လူတစ်ယောက်ပါပဲ။ နည်းနည်းတော့ အရောင်ပိုစုံတယ်ပေါ့ဗျာ။ ကောင်းရောင်းကောင်းဝယ် လုပ်စားနေသူတော့မဟုတ်ပါဘူး။ ဖျံကျတတ်တယ်၊ ဖျံကျခြင်းရဲ့ အန္တရာယ်တွေကို လူမိုက်ဆန်ဆန် ကာကွယ်နိုင်တယ်။ ပိုက်ဆံရဖို့အတွက် အချီကြီးကြံတဲ့သူ။ ဒါပေမဲ့ ငွေနောက်ကို ဆက်တိုက် တမ်းတမ်းစွဲလိုက်နေသူတော့မဟုတ်ဘူး။သူလိုချင်သလောက် ရလိုက်တော့ ခြေငြိမ်သွားတယ်။ ဇာတ်မြှုပ်သွားတယ်။ ဂီတပညာရှင် ဇနီးသည်ကို အကောင်းဆုံးထောက်ပံ့လို့ ဂီတသံနဲ့ ပန်းချီကားကြားမှာ မွေ့လျော်နေတဲ့ သူဌေးကြီးပေါ့။အတိတ်က အရိပ်လိုလိုက်နေသတဲ့။ အတိတ်တစ္ဆေလာခြောက်တဲ့အခါ တွမ်ရစ်ပလေ က မထုံတက်တေးပါပဲ။ သူနဲ့အလုပ်အတူလုပ်ခဲ့တဲ့ လူမိုက်တစ်ယောက်က သူ့ကို လူသတ်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ ဒါကိုပဲ ပါတီတစ်ခုမှာ သူမရှိဘူးမှတ်လို့ အတင်းတုပ်ခဲ့တဲ့ ပန်းချီကားဘောင်ကွပ်လုပ်တဲ့ ...
movie

Ripley’s Game (2002)

2002
Cadaver (2022) 7.9
Cadaver (2022) Cadaver (2022)ဘယ်သူက တရားခံလဲ... ဘယ်သူက နစ်နာသူလဲ... တရားမှုကို ဘယ်လိုရှာဖွေကြမလဲ...ထောင်ထဲမှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်နဲ့ အကျဥ်းကျနေပေမယ့်လည်း သူ့ဘဝကိုဖျက်ဆီးခဲ့သူတွေကို လက်တုံ့ပြန်သတ်ဖြတ်ဖို့ စိုင်းပြင်းနေတဲ့ ဗတ်ထရီ... တစ်ချိန်တည်းမှာပဲ ဗတ်ထရီရဲ့ အကျဥ်းခန်းနံရံမှာ ပုံဆွဲထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ နာမည်ကျော်လူချမ်းသာဆရာဝန်တစ်ယောက် သတ်ဖြတ်ခံရတဲ့အခါ...သူမရဲ့ အမှုလိုက်နိုင်စွမ်းကြောင့် ဒီလူသတ်မှုစုံစမ်းရာမှာပါဝင်လာတဲ့ ရဲဆာဂျင်ဘတ်ဒရာနဲ့ ရဲအရာရှိဗီရှယ်တို့ ဗတ်ထရီကို မေးမြန်းစစ်ဆေးရင်း ဘယ်လိုရှုပ်ထွေးတဲ့နောက်ကြောင်းတွေ ပေါ်ထွက်လာဦးမလဲ... ဗတ်ထရီက တကယ့်လူသတ်တရားခံလား၊ ဒါဆိုရင် အကျဥ်းခန်းထဲကနေ သူဘယ်လိုသတ်လိုက်တာလဲ၊ သူ့ကို ဘယ်သူက ကူညီနေတာလဲ၊ ဘယ်သူတွေ ထပ်ပြီးအသတ်ခံရဦးမှာလဲ၊ ဘာကြောင့်လဲ... စတဲ့မေးခွန်းပေါင်းများစွာ၊ အလှည့်အပြောင်းများစွာ၊ ရင်နင့်ခံပြင်းစရာ အဖြစ်အပျက်များစွာနဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့် မှုခင်းဒရာမာဇာတ်ကားလေးဖြစ်ပါတယ်... File size…7.69GB / 2.08GB / 1GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khai & OeliuJ & Kevin & Yunni
movie

Cadaver (2022)

2022
4K HEVC Web-DL
They/Them (2022) 4.5
They/Them (2022) They/Them (2022) =============== Horror, Mystery, ThrillerHorror ကားကောင်းကြိုက်တဲ့ ပရိသတ်ကြီးအတွက် ထပ်မံ ထွက်ရှိလာတဲ့ ကားကောင်းလေးကတော့ They/Them 2022 ဖြစ်ပါတယ်။ Horror ကားကောင်းလေးတွေဟာ ထွက်ခဲလေ့ရှိပြီး Horror ကား‌လေး‌တွေကို တကယ်ကောင်းတယ်၊ မကောင်းဘူး သတ်မှတ်ချက်တွေဟာလည်း တစ်ယောက်နဲ့တစ်ယောက်တူမယ် မထင်ပါဘူး။Horror ကားတွေ ခဏခဏဘာသာပြန်ဖူးတဲ့ ကျွန်တော့်အနေနဲ့ ကတော့ ကြည့်ရတာ မဆိုးဘူးလို့ သတ်မှတ်မိတဲ့ ကားလေးလည်း ဖြစ်ပါတယ်။အကြမ်းပတမ်း ပိုးစိုးပက်စက်ကြီး သတ်နေတာတွေ မတွေ့ရနိုင်ပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ ကြည့်ပျော်ရှုပျော်လေးမို့ တင်ဆက်ပေးလိုက်ပါတယ်။LGBTQ+ လူငယ်လူရွယ်တစ်သိုက်ဟာ conversion camp လို့ခေါ်တဲ့ သူတို့ကို ပုံမှန်လိင်စိတ်ပြန်‌ဖြစ်အောင် ပြောင်းလဲပေးမယ့် စခန်းကို ရိုက်ကွင်းတည်ပြီး ရိုက်ကူးထားတဲ့ Horror ကား‌ကောင်းလေးဖြစ်တဲ့ They/Them ကို ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(1.1 GB) / (530 MB) / (305 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 44mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, ...
movie

They/Them (2022)

2022
Noroi: The Curse (2005) 6.9
Noroi: The Curse (2005) Noroi: The Curse (2005)"ဒီကားရဲ့ 1080p HD Version ဟာ မရှိ‌သလောက် ရှားလို့ ခွေဗားရှင်း 480p ကိုပဲ အတော်လေးကြည်အောင် Encode ပေးထားပါတယ်။ တစ်ချိန်ချိန်မှာ 1080p ရှာတွေ့ခဲ့ရင်လည်း update လုပ်ပေးသွားပါမယ်။"ဒီတစ်ခါတော့ ၂၀၀၅ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb rating 6.9/10 အထိရရှိထားတဲ့ Japanese horror movie ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ Incantation လို vibe မျိုးနဲ့ pseudo-documentary ကို လက်တွေ့ဆန်ဆန်ကြည့်ရှုရတာ နှစ်သက်သူဆိုရင်တော့ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားပါ။ဇာတ်လမ်းအကျဥ်းလေးကတော့ ကိုဘာယာရှိဟာ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို ရှာဖွေလေ့လာပြီး စာအုပ်တွေပါထုတ်ဝေတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပြီး သူနောက်ဆုံးလေ့လာခဲ့တဲ့ မှတ်တမ်းမှာ လူမျိုးစုတစ်စုဆီက ဆင်းသက်လာတဲ့ ရိုးရာပွဲကနေပေါ်ပေါက်လာတဲ့ အရာတစ်ခုကို လေ့လာရင်း သူကိုယ်တိုင်ဖြစ်ရပ်ဆိုးတွေ ကြုံခဲ့ရပါတယ်။ဗီဒီယိုကို အစဆုံးမှတ်တမ်းတင်ပြီးချိန်မှာတော့ သူ့အိမ်ပါ မီးလောင်သွားသလို ဇနီးသည်ကိုပါ ...
movie

Noroi: The Curse (2005)

2005
Howling Village (2020) 5
Howling Village (2020) Howling Village (2020)ဒီဇာတ်လမ်း ဇာတ်အိမ်တည်ထားတဲ့ အိနုနခိလှိုဏ်ခေါင်းက ဂျပန်နိုင်ငံ ဖူကုအိုကာစီရင်စုမှာ အမှန်တကယ်ရှိနေတဲ့နေရာတစ်ခုပါ။ သရဲခြောက်တဲ့နေရာမှာ နာမည်ကြီးပြီး ကြမ်းတဲ့နေရာတစ်ခုလို့ ဆိုလို့ရပါတယ်။ လှိုဏ်ခေါင်းထဲမှာရော အနီးတဝိုက်မှာပါ လူသတ်မှုတွေဖြစ်ခဲ့ပြီး ဂျပန်ရဲ့ကြောက်စရာအကောင်းဆုံးနေရာလို့ ပြောကြရတဲ့အထိပါပဲ။ သရဲခြောက်တဲ့ဇာတ်လမ်းတွေ ယုံတမ်းစကားတွေ လည်း ဂလူထုကြားထဲမှာ အများကြီးပြန့်နှံ့နေခဲ့တာပါ။အပြင်က အိနုနခိရွာကလည်း ဇာတ်လမ်းထဲကအတိုင်းပဲ ဆည်တည်ဆောက်မှုကြောင့်‌ ရေအောက်ကိုရောက်ရှိသွားပါပြီ။ဇာတ်လမ်းအကျဉ်းကတော့စုံတွဲတစ်တွဲက အိနုနခိလှိုဏ်ခေါင်းရှိတဲ့နေရာကို ည၂နာရီမှာရောက်ပြီး ဗီဒီယိုရိုက်နေကြပါတယ်။ လှိုဏ်ခေါင်းနားက ဖုန်းရုံက ည၂နာရီတိတိမှာ ဖုန်းမြည်လာတာကြောင့် ကောင်မလေးဖြစ်တဲ့ အခိနက ဖုန်းကို ကိုင်လိုက်ပါတယ်။ တစ်ဖက်ကပြောလိုက်တဲ့စကားကြောင့် ကောင်မလေးနဲ့ကောင်လေးလည်း ချက်ချင်းပဲ လှိုဏ်ခေါင်းထဲဝင်သွားခဲ့ပါတယ်။ ဒါပေမဲ့ ခြောက်ခြားစရာတွေ တွေ့ကြုံလိုက်ရပြီး သွေးရူးသွေးတန်းနဲ့ အိမ်ပြန်ပြေးလာကြပါတယ်။နောက်နေ့မှာတော့ အခိနက ကြောင်တောင်တောင်ဖြစ်နေပါပြီ။ မကြာခင်မှာပဲ အခိနဟာ ရေစင်အမြင့်ကြီးကနေ ခုန်ချပြီးသေဆုံးသွားခဲ့ပါတယ်။ ချစ်သူသေဆုံးသွားလို့ ဝမ်းနည်းနေတဲ့ကောင်လေးဖြစ်သူ ယုမက မကျေနပ်ချက်ကြောင့် လှိုဏ်ခေါင်းထဲကို နောက်တစ်ခေါက်ထပ်သွားရင်း ပျောက်ဆုံးသွားပါတယ်။ အဲဒီလှိုဏ်ခေါင်းရှေ့ကဖုန်းရုံမှာ ဖုန်းဝင်လာတာကို ...
movie

Howling Village (2020)