Channel Myanmar

Mystery

One Missed Call 2 (2005) 5.3
One Missed Call 2 (2005) One Missed Call 2 (2005)ဂျပန် horror movie လေးဖြစ်တဲ့ One Missed Call 2 ဟာဆိုရင် ရင်သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်ဒီကားလေးမှာဆိုရင်ဂျပန်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ သမီးဖြစ်သူဖုန်းကို ထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာပြီးနောက် ဆိုင်ရှင်ကသေဆုံးသွားခဲ့တာကနေစသွားတဲ့ဇာတ်လမ်းလေးပါကိုယ့်နာမည်နဲ့ကိုယ့်ဖုန်းထဲကို ထူးဆန်းတဲ့သ ringtone သံနဲ့ဝင်လာပီးနောက် ဖုန်းလက်ခံရှိတဲ့သူတစ်ယောက်ပီးတစ်ယောက်ထူးဆန်းစွာနဲ့ နာနာကျင်ကျင်သေဆုံးခဲ့ရတယ်ဂျပန်မှာလိုမျိုးအလားတူထိုင်ဝမ်မှာလည်း ဒီလိုအဖြစ်အပျက်မျိုးဖြစ်နေတာကို ဘယ်လိုဖြေရှင်းသွားကြမှာလဲ ဘယ်လိုအငြှိုးတွေရှိနေလို့ဒီလိုမျိုးလူတွေကိုလိုက်သတ်နေရတာလဲ ဖုန်းလက်ခံရရှိတဲ့သူတွေကရောကံကြမ္မာကိုရှောင်လွှဲနိုင်ပါ့မလားဆိုတာကို ရင်ခန်စွာနဲ့ကြည့်ရှုလိုက်ရအောင်ပါနော်တရုတ်မင်းသားချော Peter Ho လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကြတော့ Yong Hom ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery Quality…. 1080p | 720p | 480p File size… 2.11GB | 864MB | 429MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Yong Hom Encoder ..... August
movie

One Missed Call 2 (2005)

2005
Jeepers Creepers Reborn (2022)
Jeepers Creepers Reborn (2022) ဒီတစ်ခါတော့ Horrorကြိုက်နှစ်သက်သူများအတွက် ဇာတ်ကားလေးတစ်ကားညွှန်းပေးပါရစေ Jeepers Creepersကြိုက်နှစ်သက်သူတွေအတွက် ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးဆိုရင်လဲမမှားပါဘူးဇာတ်လမ်းလေးကိုအမြည်းပေးရရင် ချေ့စ်နဲ့လိန်းတို့က သမီးရည်းစားစုံတွဲတွေပေါ့ ချေ့စ်က ဒီလောကကြီးမှာ ခရီပါရှိတယ်ဆိုတာယုံကြည်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ကောင်မလေးလိန်းကတော့ ဒါဟာလူတွေလုပ်ကြံဖန်တီးပြီးပြောကြတာပါလို့ထင်နေသူပါတစ်နေ့ချေ့စ်က လိန်းကို Horror Houndပွဲတော်ကိုခေါ်သွားခဲ့ရာမှ အဲ့ဒီနေရာမှာလိန်းရဲ့ခေါင်းထဲကိုမျှော်လင့်မထားတဲ့ သေခြင်းတရားအနိဌာရုံတွေရောက်လာပါတော့တယ် ဘာကြောင့်လိန်းရဲ့မှတ်ဉာဏ်ထဲမှာဒီလိုအနိဌာရုံတွေပေါ်လာတာလဲ ခရီပါဆိုတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးနဲ့ရောဘယ်လိုတွေပတ်သက်ဆက်နွယ်နေလဲ ၂၃နှစ်မှာတစ်ကြိမ်ပေါ်လာတတ်ပြီး လူတွေကိုအစုလိုက်အပြုံလိုက်သတ်တတ်တဲ့ခရီပါကရော တကယ်ရှိလားဆိုတာ.. ဒီဇာတ်လမ်းလေးမှာ ရင်တထိတ်ထိတ်နဲ့စောင့်မျှော်ကြည့်ရှုပေးကြပါဦး... File size…1.6GB / 761MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Sora
movie

Jeepers Creepers Reborn (2022)

2022
Mona Lisa and the Blood Moon (2022) 6.2
Mona Lisa and the Blood Moon (2022)  ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ စိတ်အမောပြေစေမဲ့ ကားလေးတစ်ကားပါပဲ မွန်နာလီဆာ ဆိုရင် မသိတဲ့သူမရှိသလောက်ပါပဲ ဒီကားထဲက မွန်နာလီဆာလေးကတော့ ကိုရီးယားသူလေးဖြစ်နေတာပါ ထူးခြားတာက သူ့မှာ လူတွေရဲ့စိတ်ကို ထိန်းချုပ်ပြီး သူလိုချင်တာကို ခိုင်းနိုင်တဲ့ အစွမ်းသတ္တိရှိနေတာပါပဲ သူ့ကို ဆယ်ကျော်သက် စိတ္တဇရောဂါသည် ထိန်းသိမ်းရေး ဆေးရုံမှာ ၁၂နှစ်ကြာ ထိန်းသိမ်းထားရာကနေ လပြည့်နေ့တစ်ညမှာ သူ့ကို လက်သည်းခြေသည်းညှပ်ပေးတဲ့သူကို စိတ်နဲ့ထိန်းချုပ်ပြီး ကိုယ့်ကိယ်ကို ဓားနဲ့ထိုးအောင်လုပ်ခဲ့တာပါ အဲဒီဆေးရုံးကနေ သူလွတ်သွားလို့ ခြေဦးတည့်ရာလျှောက်သွားရင်း ဖော်ချွတ်ကလပ်က အကမယ် ဘွန်နီဘဲလ်ဆိုတဲ့ တစ်ယောက်ကို ဘာဂါဆိုင်တစ်ဆိုင်မှာ ကူညီပေးရာကနေ အကမယ်က သူ့ကို အိမ်ခေါ်သွားခဲ့တာပါ သူ့ရဲ့ အစွမ်းကိုသိသွားတဲ့ အကမယ် ဟာ သူ့အစွမ်းတွေသုံးပြီး ပိုက်ဆံတွေ လိုက်လိမ်ပါတော့တယ် အဲဒီလိုနဲ့ အလိမ်ခံလိုက်ရတဲ့သူတွေက ရဲစခန်းကိုလာတိုင်တဲ့အချိန်မှာပဲ သူကပျောက်သွားတဲ့ စိတ်ရောဂါသည်ဆိုတာကို သိသွားပြီး ရဲတွေကအသည်းအသန်လိုက်ဖမ်းတော့တာပါပဲ အဲဒီလိုလိုက်ဖမ်းတဲ့အချိန်မှာ သူလွတ်အောင်ပြေးနိုင်မလား အကမယ်ကရော ...
movie

Mona Lisa and the Blood Moon (2022)

The Legend Of Aquawitch ( 2022 ) 5.9
The Legend Of Aquawitch ( 2022 ) ဟိုး....ကိုယ်မမြင်နိုင်တဲ့ ရေအောက်တစ်နေရာမှာ ကိုယ်တွေမသိနိုင်တဲ့ အရာတွေရှိနေတတ်ပါတယ် ထူးဆန်းထွေလာ/သည်းထိတ်ရင်ဖိုဇာတ်ကားတွေ သဘောကျတဲ့သူတွေအတွက်တော့ ဒီဇာတ်ကားလေးက အကြိုက်တွေ့စေမှာအသေချာပါပဲရှင် ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့......,ချန်အန်းမြို့ရဲ့ ညနက်ယံအချိန်ကာလ..., ချွီကျန်းရေကန်မှာ လေဆင်နှာမောင်းတိုက်ခတ်ပြီးတဲ့နောက် ရေထဲမှ မကောင်းဆိုးဝါးတစ်ကောင်ဟာ လူတွေကို ဝါးမျိုစားသောက်တယ်ဆိုတဲ့ ကိစ္စတစ်ခုဟာ တိုင်းပြည်တစ်ခွင်ပျံ့နှံ့လို့လာခဲ့ပါတော့တယ် တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားဟာ ဆောင်းဦးလယ်ပွဲတော်နေ့အချိန်မှာ ထီးနန်းကိုဆက်ခံပြီး ချွီကျန်းရေကန်မှာ မိခင်ဖြစ်သူအတွက် အောင့်မေ့သတိရဖွယ် အခန်းအနားတစ်ခု ကျင်းပဖို့ စီစဥ်ထားတာလဲဖြစ်ပါတယ် အဲ့ဒါကြောင့် ဆောင်းဦးလယ်ပွဲတော်မတိုင်ခင်မှာ တရားရုံးချုပ်ကို ရေထဲကမကောင်းဆိုးဝါးနဲ့ ပတ်သတ်တဲ့အမှုစစ်ဆေးစုံစမ်းဖို့အတွက် အမိန့်ပေးခြင်းခံရပါတယ်အဲ....ဒီလိုနဲ့ , ဆောင်းဦးလယ်ပွဲတော် ညမှာ အိမ်ရှေ့စံရဲ့ လှေဟာ ရေကန်ရဲ့ အလယ်တည့်တည့်ကို ရောက်သွားတဲ့အချိန်မှာတော့ ဧရာမ ရေသတ္တဝါကြီးရဲ့ တိုက်ခိုက်ခြင်းကို ခံရပါတော့တယ် အဲ့ဒီအချိန်မှာပဲ ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ကဘယ်သူဖြစ်မလဲ ဒီကိစ္စကြီးဟာ ကြောက်ဖို့ကောင်းလှတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်တဲ့အကြောင်း သိရှိသွားတဲ့အချိန်မှာတော့ ....?❏ သူဒီကိစ္စကိုဘယ်လိုကိုင်တွယ်မလဲ ❏ နောက်ကွယ်ကြိုးကိုင်သူတွေကိုရော သူအဆုံးသတ်နိုင်ပါ့မလား ❏ ရေမိစ္ဆာကြီးကို သူနှိမ်နှင်းနိုင်ပြီး အိမ်ရှေ့စံနဲ့ အပြစ်မဲ့ ပြည်သူတွေကို ကယ်တင်နိုင်ပါ့မလာဆိုတာ? ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080 , 480p Format : mp4 Genres : Mystery Runtime : 1h 24 min Subtitle ...
movie

The Legend Of Aquawitch ( 2022 )

The Invincible Constable ( 2022 ) 6.1
The Invincible Constable ( 2022 ) "ကျန်ကျောင်းနှင့် ထူးဆန်းသောမီးနတ်ရုပ်ထုခိုးမှု" (2022)ရန်ကျုံးဧကရာဇ်စိုးစံစဥ်ကာလမှာ သူရဲကောင်းကျန်ကျောင်းကို ကြောင်ဘုရင်ဘွဲ့ချီးမြှင့်ခဲ့ပါတယ်။ ဒါကိုမကျေနပ်တဲ့ ကောင်းကင်ကျွန်းကကြွက်ငါးကောင်အဖွဲ့ဟာ ကျန်ကျောင်းကိုဒုက္ခရောက်အောင်ကြံစည်ဖို့ချောင်းနေခဲ့တယ်။ အငယ်ဆုံးကြွက်ဖြစ်တဲ့ ပိုင်ယွီထန်ကတော့ ကျန်ကျောင်းကိုဒုက္ခပေးဖို့စိတ်ဓာတ်အပြင်းပြဆုံးဖြစ်နေပါတယ်။အခွင့်ကြုံလာတဲ့အချိန်ကတော့ မီးနတ်ပွဲတော်ကျင်းပတဲ့အချိန်ပါပဲ။ မင်းကြီးဟာတိုင်းပြည်အတွက်ဆုတောင်းဖို့မီးနတ်ရုပ်ထုကို သွန်းလုပ်ခဲ့ပြီး အဲ့ဒီရုပ်ထုကိုကာကွယ်ဖို့ကျန်ကျောင်းကို​တာဝန်ပေးထားခဲ့ပါတယ်။ ရုပ်ထုဟာအသက်တမျှအရေးကြီးလှတဲ့ရတနာပေါ့။ ပိုင်ယွီထန်ဟာမီးနတ်ရုပ်ထုကိုခိုးယူလို့ရခဲ့ပေမယ့် ပွဲတော်မှာမီးလောင်ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီး ပြည်သူအများဒုက္ခရောက်ရပါတော့တယ်။ဒီအမှုကိုဖြေရှင်းဖို့ ကျန်ကျောင်းခေါင်းပေါ်ကျလာတဲ့အခါမှာတော့… မီးလောင်ပေါက်ကွဲမှုကြီးဟာ ကြွက်ငါးကောင်ကြောင့်လား နောက်ကွယ်မှာဘယ်သူရှိနေတာလဲ ဘယ်လိုမြှုပ်ကွက်တွေနဲ့ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Mystery Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Invincible Constable ( 2022 )

The Perfumier (2022) 4.0
The Perfumier (2022) The Perfumier (2022) ==================အကြည်ဓာတ်ရဖို့ လရောင်ခံတာတို့ spell jar ဆောင်တာတို့ဆိုတာ ဒီဇာတ် ကားထဲက ရေမွှေးနဲ့ ယှဉ်ရင်တော့ ပါမွှားလေးပါပဲ။ ဆန်နီ ဆိုတဲ့ မှုခင်းဌာနက ရဲမေတစ်ဦးဟာ ငယ်စဉ်ကတည်းက ဘယ်အနံ့ကိုမှ မခံစားရတဲ့ အနံ့ပျောက် နေတဲ့သူတစ်ဦးပါ။ သူမမှာ ယူရို ဆိုတဲ့ ကလေးနှစ်ယောက်အဖေ အိမ်ထောင်သည် ချစ်သူစုံထောက်တစ်ယောက်လည်း ရှိပါသေးတယ်။ဒိုရီယန်ကတော့ ဘယ်အနံ့မဆို ခွဲခြားသိနိုင်ပြီး ထူးခြားတဲ့ အနံ့ခံစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ရေမွှေးတီထွင်သူ တစ်ဦးပါ။ အချစ်ရေမွှေး လို့ခေါ်တဲ့ စွတ်လိုက် တာနဲ့ အားလုံးက တန်းတန်းစွဲဝိုင်းချစ်ကြမယ့် ရေမွှေးကို တီထွင်ဖို့အတွက် မိန်းမငယ်လေးတွေကို သတ်ဖြတ်ပြီး အနံ့ဂလင်းန်တွေကို ဖြတ်ထုတ်ယူတာ သူ့ရဲ့အလုပ်ပါပဲ။ဆန်နီတစ်ယောက် ဒိုရီယန်ရဲ့ ပြစ်မှုတွေကို ဖော်ထုတ်ဖို့ လိုက်လံကြိုးစားရင်း Sex perfume ဆိုတဲ့ ရမ္မက်ရေမွှေးကို အမှတ်မထင်ရရှိသွားပြီးနောက် သူမ ဘာဆက်လုပ်မလဲဆိုတာကတော့ ဇာတ်သိမ်းထိ စောင့်ကြည့်ရမှ သိရပါလိမ့်မယ်။ 21st September, 2022 မှာ Netflix ကနေ ထွက်ရှိလာတဲ့ psychological drama, crime ...
movie

The Perfumier (2022)

2022
Limit (2022)
Limit (2022) Limit (2022) ပိုကြည်တဲ့ WEB-DL version ထွက်လာလို့ update ပေးထားပါတယ်ခင်ဗျာ Limit ဆိုတဲ့ Thriller အမျိုးအစား ကိုရီးယား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ ကလေးတွေကို ပြန်ပေးဆွဲမှုတွေကျူးလွန်နေတဲ့ ပြန်ပေးဂိုဏ်းတစ်ခုကို အသွင်ယူပြီး စုံစမ်းစစ်ဖို့ တာဝန်ပေးခံရတဲ့ ရဲမေ တစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။သူများကလေးတွေကို ကယ်တင်ပေးနိုင်ဖို့ ကြိုးစားနေရရာက သူ့ရဲ့ ကလေးကပါ ပြန်ပေးဆွဲခံလိုက်ရပါတယ်။တစ်ဆက်တည်းမှာပဲ ပြန်ပေးသမားတွေက သာမန်ငွေညှစ်ရုံသက်သက်မဟုတ်ဘဲ ကလေးတွေရဲ့ ကိုယ်တွင်း အင်္ဂါတွေကို တရားမဝင်အရောင်းအဝယ်လုပ်ကိုင်နေတဲ့ ပြန်ပေးဂိုဏ်းဆိုတာ သိလိုက်ရတဲ့အခါ သူ ဘယ်လိုတွေ ဆက်လုပ်မလဲ?ကလေးတွေကို ကယ်တင်နိုင်ဖို့နဲ့ ပြန်ပေးဂိုဏ်းကို ဖမ်းဆီးနှိမ်နင်းနိုင်ဖို့ ရေကုန်ရေခမ်းကြိုးစားမဲ့ ရဲမေလေး ... နောက်ဆုံးရလဒ်က ဘာဖြစ်မလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ဆက်လက် ကြည့်ရှုလိုက်ရအောင်ပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Estel ပါ။)File Size          : 1.4GB, ...
movie

Limit (2022)

2022
Inescapable (2012) 5.2
Inescapable (2012) Inescapable (2012) ==============၂၀၁၂ က ထွက်ရှိခဲ့တဲ့ နိုင်ငံရေးနောက်ခံပြုထားတဲ့ Drama, Thriller ဇာတ်ကားတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်။ MCU ရဲ့ Spider-man သုံးကားထဲမှာ အန်တီမေအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Marisa Tomei ရဲ့ အလှအပ တွေကိုလည်း ခံစားရဦးမှာပါ။အာဒိဒ်ဟာ ကနေဒါ နိုင်ငံ တိုရန်တိုမှာ ဇနီးတစ်ယောက်၊ သမီးနှစ်ယောက်နဲ့ အခြေတကျ နေထိုင်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းလာခဲ့သူပါ။ သူ့သမီး ဖြစ်သူ နှစ်ယောက်ကတော့ သူ့အဖေရဲ့ ‌အတိတ်ကို သိချင်ပေမယ့် အာဒိဒ်ဟာ ပြောမပြခဲ့ပါဘူး။  တစ်နေ့မှာတော့ သမီးအကြီးဖြစ်သူ မူနာ ဟာ ဆီးရီးယားနိုင်ငံ ဒက်မာစကတ်မြို့မှာ ပျောက်ဆုံးသွားပါတော့တယ်။ သမီးအကြီးက ဂရိနိုင်ငံကနေ ဓာတ်ပုံရိုက်ကူးရေးလုပ်ရင်း ကနေဒါကို ပြန်မလာဘဲ သူ့အဖေအကြောင်းကို စုံစမ်းချင်တဲ့အတွက် ဆီးရီးယားနိုင်ငံကို အဖေမသိအောင် ခိုးသွားခဲ့တာပါ။အာဒိဒ်လည်း သတင်းရရချင်း သမီးဖြစ်သူကို ကယ်ဆယ်ဖို့ ဆီးရီးယားနိုင်ငံကို ပြန်သွားခဲ့ရင်း သူ ချန်ထားခဲ့ပြီ ဖြစ်တဲ့ သူ့ဘဝအဟောင်းက ဇာတ်လမ်းတွေ ပြန်လိုက်ပါတော့တယ်။ သမီးကို ကယ်တင်ချင်စိတ်ကြီးနေတဲ့ အာဒိဒ် ...
movie

Inescapable (2012)

2012
House of Darkness (2022) 4.7
House of Darkness (2022) House of Darkness (2022)ဘဝမှာ ကြောက်ဖို့ကောင်းတဲ့သရဲကား၊ Horror Thriller အမျိုးအစားရုပ်ရှင်ကားမျိုးတွေအများကြီး ကြည့်ဖူးကြပါလိမ့်မယ်။ သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ House of Darkness ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ တမူထူးခြားတဲ့ Horror/Mystery အမျိုးအစားရုပ်ရှင်ကားဖြစ်တယ်ဆိုတာ အာမခံပါရစေ။ ရုပ်ရှင်တစ်ကားလုံးမှာ အဓိကဇာတ်ဆောင် ၂ ယောက်နဲ့ အရန်မင်းသမီး ၂ ယောက်သာပါဝင်တဲ့ ဒီရုပ်ရှင်ကားဟာ ကြည့်ရှုသူတွေရဲ့ စိတ်ကိုမရိုးမရွဖြစ်အောင်ဖန်တီးပေးမှာသေချာပါတယ်။ အစပိုင်းမှာတော့ ပျင်းဖို့ကောင်းတယ်လို့ ထင်ရကောင်းထင်ရနိုင်ပေမယ့် အချိန်ကြာလာလေလေ သိချင်စိတ်ပိုများလာအောင် စွဲဆောင်သွားပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဟက် ဆိုတဲ့အမျိုးသားတစ်ဦးဟာ မီနာ ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ဦးကို ဘားမှာတွေ့ပြီး အိမ်ပြန်ပို့ပေးရာကနေစတင်ထားပါတယ်။ အိမ်ဆိုတာကလည်း ရဲတိုက်ကြီးဖြစ်ပါတယ်။ ရဲတိုက်ကြီးဆီအရောက်မှာတော့ မောင် Hap ဟာ ယောင်္ကျားတို့ထုံး နှလုံးမူပြီး Mina ကိုအရကြံဖို့ သိုင်းကွက်ပေါင်းစုံခင်းပါတော့တယ်။ ဘာဆက်ဖြစ်မလဲ? မီနာက ဟက် ကိုဘယ်လိုခေါင်းစားမလဲ? သူ့အကြံကောအောင်မြင်ပါ့မလား? အိမ်ကြီးရဲ့လျှို့ဝှက်ချက်ကဘာလဲဆိုတာကိုတော့ လျှို့ဝှက်ဆန်းကြယ် ...
movie

House of Darkness (2022)

2022
The Bad Seed (2018) 6.5
The Bad Seed (2018) Rating 6.1 ရှိတဲ့ Horror ဆန်ဆန်ကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်....ဒေးဗစ်ဂရိုစ့်မန်းဆိုတဲ့လူတစ်ယောက်ဟာ သူ့မိန်းမ မရှိတော့ဘဲနဲ့သူ့သမီးလေးဖြစ်သူ အမ်မာဂရိုစ့်မန်းကိုစောင့်ရှောက်ပြီးနေထိုင်သူတစ်ဦးဖြစ်ပါတယ်တစ်နေ့မှာတော့ အမ်မာ့ရဲ့ကျောင်းမှာကောင်လေးတစ်ယောက်ရေနစ်ပြီး သေဆုံးသွားခဲ့ပါတယ်...ထိုအဖြစ်အပျက်ကြောင့် ဒေးဗစ်ဟာ အမ်မာဝမ်းနည်းပူဆွေးနေမှာကိုစိုးရိမ်နေမိသော်လည်း အမ်မာမှာ သူထင်ထားသလိုမဟုတ်ဘဲနဲ့ဆန့်ကျင်ဘက်တွေဖြစ်နေပါတယ်...ချောမောပြီးချစ်စဖွယ်ကောင်းလှတဲ့ အမ်မာဟာ တကယ်တော့ ဘယ်လိုလူမျိုးလဲ...သူ့ရဲ့အကျင့်စရိုက်အမှန်က ဘာလဲဆိုတာကိုဒီကားထဲမှာဆက်ပြီးကြည့်ရှုလိုက်ကြပါဦး.... File Size : (787 MB) and (226 MB) Quality : Wed DL 720p Running Time : 1hr 27 min Format : Mp4 Genre : Drama , Horror , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Pone Thone Encoded by Moe Myint Lwin 
movie

The Bad Seed (2018)

2018
Countdown (2012) 6.3
Countdown (2012) ဂျက် အဖြစ် Peach Pachara ဘီ အဖြစ် Toey Jarinporn ဖန် အဖြစ် Peak Pattarasayaဇာတ်လမ်းအကျဉ်းဖန်၊ဘီနဲ့ ဂျက်တို့က နယူးယောက်က တိုက်ခန်းတစ်ခုမှာ တူတူနေကြတဲ့ သူငယ်ချင်းတွေပါနှစ်သစ်ကူးညရောက်မယ့်အချိန်မှာ ဂျက်က သူမူးယစ်ဆေးဝယ်နေကျ လူက ဆက်မရောင်းတော့တာမို့ အရောင်းအဝယ်သမားရဲ့ ဖုန်းနံပတ်ကို တောင်းလာခဲ့ပါတယ်ဖုန်းနံပတ်က နောက်ဆုံးဂဏန်းပျောက်နေခဲ့ရာက ၃ ဂဏန်းထည့်ဆက်ကြည့်ရင်း သူတို့သုံးယောက်ဆီ လူတစ်ယောက်က ဆေးတွေနဲ့ ရောက်လာခဲ့ပါတယ်နှစ်ကူးညမှာ ဆေးသုံးကြရင်း လူစိမ်းရဲ့ မူမမှန်မှုတွေကို သတိထားမိရာက ဖုန်းနံပတ်ရဲ့ လိုနေတဲ့ဂဏန်းက ၃ မဟုတ်ဘဲ ၈ ဖြစ်နေတာ သိသွားခဲ့ပါတယ်ရောက်နေတဲ့ လူစိမ်းကရော ဘယ်သူလဲ ဘာအတွက် ရောက်နေတာလဲ ဖန် ဘီ နဲ့ ဂျက်တို့မှာရော ဘာတွေလျှို့ဝှက်ထားတာရှိနေတာလဲနှစ်ကူးညမှာ ဖုန်းနံပတ်မှားရာက သူတို့ရဲ့ဘဝတွေ ဘာတွေများပြောင်းလဲသွားမလဲဆိုတာ ကြည့်ရှုရအောင် ။File Size__(1.9GB) / (920MB) Quality__WEB-DL_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:30:00 Type__Horror, Mystery, Thriller Subtitle__Myanmar Subtitle ...
movie

Countdown (2012)

See The Sea ( 2022 ) 6.1
See The Sea ( 2022 ) အခုတစ်ခေါက် CM ပရိသတ်တွေအတွက် ပင်လယ်စွန့်စားခန်းဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- ပင်လယ်မုဆိုးတပ်မှ ဝူချင်နှင့် လျိုလီ၊ တုချန်ဖုန်း၊ လုံရှင်း တိုသည် ပင်လယ်မုဆိုးအဖွဲ ဖွဲလိုက်ပြီး ကွေးရွှးနယ်မြေကို သွားရောက်ကာ မသေခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေကြတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းထဲတွင် သေသူကိုပြန်ရှင်ပြီး အရိုးကိုအသားပြည့်စေနိုင်တဲ့ ကွေးရွှးကျောက်ကို ရှာဖွေရန်အတွက် ဝူချင်တိုအဖွဲဟာ အန္တရာယ်တွေနဲ့ ပြည့်နက်နေတဲ့ စွန့်စားရေးခရီးတစ်ခုကို စတင်ခဲ့ကြပါတယ်။တစ်ဖက်မှာလည်း တခြားလျှိဝှက်အဖွဲတစ်ခုက တိတ်တဆိတ်လှုပ်ရှားနေခဲ့ပါတယ်။ ရတနာကိုလုယူဖိုအတွက် အဖွဲနှစ်ဖွဲ့ဘယ်လို ထိပ်တိုက်တွေ့ကြမလဲ...... စွန့်စားရေးခရီးမှာ အန္တရာယ်တွေကို ဘယ်လိုဖြတ်ကျော်ကြမလဲ...... ဆိုတာကို CM ရဲ့ဘာသာပြန်နဲ့အတူ ကြည့်ရှုခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Fantasy , Adventure Runtime : 1h 16min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

See The Sea ( 2022 )

Delia’s Gone (2022) 4.4
Delia’s Gone (2022) Delia's Gone (2022)ငယ်စဉ်က မြစ်ထဲပြုတ်ကျခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် ဦးနှောက်ထိခိုက်ခဲ့ရတဲ့လူးဝစ်စ်တစ်ယောက်မှာ ခင်တွယ်စရာဆိုလို့ အစ်မဖြစ်သူဒေလီယာတစ်ယောက်ပဲရှိပါတယ်။ပြောင်းလဲမှုကိုမနှစ်သက်တဲ့လူးဝစ်စ်ကို ဒေလီယာက အလုပ်အတွက် အိမ်ပြောင်းမယ့်အကြောင်းကို ထုတ်ပြောလာချိန်မှာတော့ မောင်နှမနှစ်ယောက် ကတောက်ကဆဖြစ်ပြီး ဒေလီယာတစ်ယောက် လူးဝစ်စ်ကို လှည့်ပတ်ပြောဆိုလို့ အိမ်ကနေခိုးထွက်သွားပါတယ် ။ အဲဒီညက လူးဝစ်စ်လည်း မူးရင်သွေးဆိုးတတ်တာကိုမေ့ပြီး အရက်သောက်မိသွားပါတယ်။ ပြောင်းလဲမှုကို မနှစ်သက်တဲ့ လူးဝစ်စ်အတွက်တော့ အဲဒီညလေးက ကြမ္မာဆိုးငင်တဲ့ညလေးဖြစ်ခဲ့တဲ့အခါ...နောက်တစ်ရက်နိုးလာချိန်မှာ အစ်မဖြစ်သူအလောင်းနဲ့အတူ လက်မှာသွေးတွေပေကျံရင်း နိုးထလာတဲ့လူးဝစ်စ်တစ်ယောက် အစ်မကိုသတ်တဲ့လူအဖြစ် ထောင်ကျသွားတဲ့အချိန်မှာ လူသတ်သမားအဖြစ်ခံယူရင်း ကိုယ့်ကိုယ်ကို ပိတ်‌လှောင်ပြီး ၇ နှစ်တာကြာမြင့်ခဲ့ပါတယ်။ ဒီအချိန်မှာ မဖိတ်ခေါ်ဘဲရောက်လာတဲ့ စတက်ကာကိုးလ်ဆိုတဲ့ဧည့်သည်နဲ့ သူနဲ့အတူပါလာတဲ့ ဒေလီယာသေဆုံးမှုနဲ့ပတ်သတ်တဲ့သဲလွန်စ ပေါ်ထွက်လာချိန်မှာတော့ ဒေလီယာရဲ့‌ သေဆုံးမှုနောက်ကွယ်က ခါးသီးတဲ့အမှန်တရားကို လူးဝစ်စ်တစ်ယောက် ဘယ်လိုရှာဖွေမလဲဆိုတာ ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါစို့လား။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Chirst ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Mystery Quality…. 1080p | 720p | 480p File size…1.16GB | 633MB | 284MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle ...
movie

Delia’s Gone (2022)

2022
To Catch a Thief (1955) 7.4
To Catch a Thief (1955) To Catch A Thief (1955)IMDb Rating (7.4) / Rotten Tomatoes (94%)Marilyn Monroe နဲ့ခေတ်ပြိုင် အော်စကာဆုရ မင်းသမီးတစ်ဦးဖြစ်တဲ့ Grace Kelly ရဲ့ ထင်ရှားတဲ့ရုပ်ရှင်ကား To Catch A Thief (၁၉၅၅)ကို တင်ဆက်ပေးချင်ပါတယ် ဆွဲဆောင်မှုရှိတဲ့ အပြောချိုချို ဟန်ပန်အမူအရာတွေနဲ့ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့အလှဆုံးမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Grace Kelly နဲ့  ဂန္တဝင်မင်းသားကြီး Cary Grant တို့ကို ပူးတွဲမြင်တွေ့ရမယ့်ဇာတ်ကားပါ။ဇာတ်လမ်းအကျဥ်းကတော့ John Robie ဆိုတဲ့ ရတနာသူခိုးတစ်ယောက်ဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ ခိုးမှုတွေမှာ သူအပြစ်မရှိကြောင်း သက်သေပြဖို့အတွက် သူ့ကိုတုပ​နေတဲ့ တကယ့် ရတနာသူခိုးကို ပြန်လိုက်ရှာပေးရမှာပါ ဇာတ်ကားဟာ ဒိုင်ယာလော့ခ်တွေကအစ လှိုင်းလုံးလေးတွေလို အလှုပ်အရွေ့တွေနဲ့ရှိနေပြီး ဇာတ်လမ်းကလည်း နိမ့်ချီမြင့်ချီနဲ့ရှိနေတာကတော့ နာမည်ကျော် ဂန္တဝင်ဒါရိုက်တာကြီး Alfred Hitchcock ...
movie

To Catch a Thief (1955)

4K HEVC
Suicide Forest Village (2021) 5.1
Suicide Forest Village (2021) Suicide forest village (2021)Ju On:The Grudge sequelsတွေနဲ့ Howling Village(2017)Ox-head village (2022)တို့ရဲ့ directorရိုက်ကူးတဲ့ နောက်ထပ်ရွာတစ်ကားဖြစ်တဲ့ horrorရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရွာ၃ရွာကို ခုနှစ်အလိုက် အစဉ်အတိုင်းကြည့်ရင် ပိုပြီးကြည့်ရပြေပါလိမ့်မယ်။ဖူဂျီတောင်ပတ်လည်ကတောတွေထဲမှာ suicide forestလို့ခေါ်တဲ့ သစ်ပင်ပင်လယ်ကြီးရှိပါတယ်။ ဒီသစ်ပင်ပင်လယ်ထဲရောက်သွားတဲ့သူတိုင်း ပြန်မထွက်နိုင်ဘဲ ကျိန်စာမိပြီး ကိုယ့်ကိုယ်ကိုသတ်သေကာ သေဆုံးရတယ်လို့ ယုံတမ်းစကားတွေ ဂျပန်မှာရှိခဲ့ပါတယ်။ ဇာတ်လမ်းအစမှာတော့ အခိနလို့ခေါ်တဲ့ကောင်မလေးက ဒီတောထဲကိုသွားပြီး liveလွှင့်နေတာပါ။ လွှင့်နေရင်းနဲ့ သူ့ကိုတိုက်ခိုက်ခံရပြီး လဲကျကာ တကယ် အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ဟိဘိခိ ဆိုတဲ့ကောင်မလေးကတော့ သဘာဝလွန်ဖြစ်ရပ်တွေကိုစိတ်ဝင်စားပြီး ဝါသနာတူတဲ့လူတွေပါတဲ့ဂရုထဲကိုလည်း ဝင်ထားပါတယ်။ တစ်နေ့မှာတော့ သူ့အစ်မရဲ့အိမ်မှာ suicide forestထဲက ကျိန်စာသင့်သေတ္တာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီသေတ္တာကိုကိုင်မိတဲ့သူတိုင်း ကျိန်စာသင့်ပြီးသေဆုံးရမယ်လို့ ဆိုပါတယ်။သူတို့မိသားစုတွေ ဒီသေမင်းတမန် သေတ္တာကိုဘယ်လိုမျိုးကိုင်တွယ်ကြမလဲ။ သူတို့နဲ့ ဒီsuicide forestထဲကရွာက ဘယ်လိုမျိုးပတ်သက်နေခဲ့ပြီး ဘယ်သူတွေ ဘယ်နည်းလမ်းနဲ့သေဆုံးကြဦးမလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ပြီး ကြောက်လိုက်ရအောင်ပါ။( ...
movie

Suicide Forest Village (2021)

Qimen Dark Blade ( 2022 ) 5.9
Qimen Dark Blade ( 2022 ) CM ပရိသတ်တိုအတွက် အခုတစ်ခါ ဘာသာပြန်တင်ဆက်ပေးမယ့်ကားလေးကတော့ Dark Blade ဆိုတဲ့ သိုင်းကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ စုန့်လျောင်ခေတ်တွင် လျှိဝှက်အဖွဲ "ဖုန့်ဟော်တပ်" က ထန်ကျီယန်းကို မြိုတော်ဟွမ်ချိန်စီးမှာ သူလျှိအဖြစ်စေလွှတ်ခဲ့ပါတယ်။သိုပေမဲ့ သူမဟာ သူမခင်ပွန်း ကျိုးချန်အန်းနှင့်အတူ ဘဝကို အေးချမ်းစွာဖြတ်သန်းဖို ဆုံးဖြတ်လိုက်ချိန်မှာပဲ ဖုန့်ဟော်တပ်က သူမခင်ပွန်းကို ဖမ်းဆီးခြင်းဖြင့် သူမကိုခြိမ်းခြောက်ပြီး မြောက်ပိုင်းမှ သံတမန်ကို သတ်ရန် တာဝန်အသစ်ပေးအပ်ခဲ့ပါတယ်။တာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာ ဖုန့်ဟော်တပ်က သူမရှေ့မှာ သူမခင်ပွန်းကို သတ်ခဲ့တဲ့အတွက် ဖုန့်ဟော်တပ်ကို ချေမှုန်းရန် သူမဆုံးဖြတ်လိုက်သည်။ သူမ ဖုန်းဟော်တပ်ကြီးတစ်ခုလုံးကို ချေမှုန်းဖို ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ...... ထိုအန္တရာယ်တွေကို သူမဘယ်လို ဖြတ်သန်းမလဲ...... ဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ လိုက်ပါခံစားကြည့်ရှုကြပါစို့ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action , Mystery Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded ...
movie

Qimen Dark Blade ( 2022 )

The Mothman Prophecies (2002) 6.4
The Mothman Prophecies (2002) ဂျွန်ကလိုင်းက ဝါရှင်တန်ဒီစီပို့စ်သတင်းဌာနရဲ့ အောင်မြင်တဲ့ သတင်းထောက်ဖြစ်သလို သာယာတဲ့အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ တစ်ညမှာ သူနဲ့ဇနီးသည်တို့ ‌အိမ်ပြန်လာစဉ် ကားမတော်တဆမှုနဲ့ ဇနီးဖြစ်သူဆုံးပါးသွား ပါတယ်။ သေခါနီးအချိန် ဇနီးသည်က ကားတိုက်မှုမဖြစ်ခင် သူမြင်ခဲ့တဲ့ အရာတစ်ခုကို ဂျွန်ရောမြင်ခဲ့ရဲ့လားလို့ မေးခွန်း ထုတ်သွားခဲ့သလို ဂျွန်ကိုယ်တိုင်လည်း ဇနီးသည် ဝှက်ခဲ့တဲ့ ပဟေဠိကို အဖြေရှာမရဘဲ အချိန်၂နှစ်ကုန်သွားပါတယ်။၂နှစ်ကြာတဲ့အထိ ဇနီးဖြစ်သူသေဆုံးမှုကနေ ရုန်းမထွက်နိုင် ဖြစ်နေတဲ့ ဂျွန်ဟာ တစ်ညမှာအလုပ်ခရီးသွားရင်း ကားပျက် သွားလို့ နီးရာအိမ်ကို အကူအညီဝင်တောင်းခဲ့ရာ မထင်မှတ် ထားတဲ့ ကိစ္စတစ်ခုကို သိလိုက်ရပါတယ်။ အိမ်ပိုင်ရှင်တွေက ဂျွန်ကို ၃ညဆက်တိုက် မနက်၂နာရီခွဲတိုင်း တံခါးလာခေါက် တဲ့ Stalkerအဖြစ်စွပ်စွဲဖမ်းဆီးပြီး ရဲလက်အပ်လိုက်တာပါ။ ဒါ့အပြင် သူရောက်နေတဲ့နေရာက ဝါရှင်တန်နဲ့မိုင်၄၀၀ကျော် ဝေးတဲ့ အိုဟိုင်းယိုးဖြစ်နေတာပါ။မနက်၁နာရီထိုးမှ အိမ်ကစထွက်လာပေမယ့် မနက်၂:၃၀မှာ နေ့ဝက်ခရီးလောက် မောင်းရမယ့် အိုဟိုင်းယိုးကိရောက်နေ သလို အရှေ့၂ရက်လောက်ကတည်းက သူတို့ကိုနှောင့်ယှက် နေသူအဖြစ် အိမ်ရှင်တွေက စွပ်စွဲနေတာကြောင့် ဂျွန်လည်း ဘူမသိကိုးမသိ ရဲဖမ်းခံလိုက်ရပါတယ်။ အဆိုပါရဲနဲ့ စကား စပ်မိတဲ့အခါ ဒီမြို့မှာလည်း ထူးဆန်းတဲ့အရာ‌ကို မြင်တွေ့ နေသူတွေရှိကြောင်း သိလိုက်ရတဲ့အခါ ဇနီးဖြစ်သူပြောခဲ့တဲ့ ပဟေဠိဆန်တဲ့ အရာအကြောင်း စဉ်းစားမိပြီး ဇနီးသည်ရဲ့ ပုံမှန်မဟုတ်တဲ့သေဆုံးမှုနဲ့ ထိုပဟေဠိဖြစ်တည်မှုအကြောင်း လိုက်လံစုံစမ်းရာမှ သဘာဝလွန်ဖြစ်ရပ်ဆန်းကြယ်တွေထဲ ဝင်တိုးမိသွားပါတော့တယ်။ File ...
movie

The Mothman Prophecies (2002)

2002
Nenjuku Needhi (2022) 7.4
Nenjuku Needhi (2022) “လူသားအားလုံး သာတူညီမျှ ဖြစ်သွားရင် ဘယ်သူက အုပ်ချုပ်မင်းလုပ်မှာလဲ…တဲ့ လူသားအားလုံးဟာ သာတူညီမျှ အခွင့်အရေးရသင့်ကြောင်း တွေးခေါ်နိုင်စွမ်းရှိတဲ့သူပေါ့ဗျာ”ကမ္ဘာအနှံ့မှာ လူ့အခွင့်အရေးအရ သာတူညီမျှဖြစ်နိုင်ဖို့ ယနေ့ထိတိုင် Ideology Revolution တွေ ဆင်နွှဲနေရဆဲပါ။ ပဒေသရာဇ်စနစ်တော်လှန်ရေးမှစပြီး ယနေ့ LGBTQ+ အခွင့်အရေးတွေအထိ ကျွန်တော်တို့ လူသားတွေ တော်လှန်ခဲ့ကြရာ သာတူညီမျှ အခွင့်အရေးရှိတဲ့ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ သို့ပေမဲ့ ကျွန်တော်တို့နိုင်ငံအပါအဝင် ကမ္ဘာ့ဒေသတချို့မှာလည်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ အိန္ဒိယနိုင်ငံဟာ လူတန်းစားခွဲခြားမှုကြီးမားပြီး ဇာတ်နိမ့်၊ ဇာတ်မြင့် စသဖြင့် အမျိုးမျိုး ခွဲခြားဆက်ဆံတဲ့ ပြဿနာဟာ ယနေ့ထိတိုင် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ဇာတ်ခွဲခြားမှုအပေါ် အခြေခံပြီး လူ့အခွင့်အရေးအတွက် လှလှပပ တင်ဆက်ထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ================ ဗီဂျာယာရာဂါဗန်ဟာ နိုင်ငံခြားကနေ ပြန်လာပြီးနောက် အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်မယ့် ရဲအရာရှိတစ်ယောက်ပါ။ နယ်ဘက်ကို တာဝန်ကျတဲ့အခါမှာတော့ လူတန်းစားခွဲခြားမှုတွေကို သိရပြီး ကသိကအောင့် ဖြစ်ရတာပေါ့။ တာဝန်ထမ်းဆောင်ရင်း တစ်နေ့မှာတော့ ပျောက်ဆုံးနေတဲ့ ဇာတ်နိမ့်အမျိုးသမီးငယ် ၃ ဦးထဲမှာ ...
movie

Nenjuku Needhi (2022)

2022