Channel Myanmar

Mystery

The Headless General Who Stole the Book of Heaven (2023) 5.1
The Headless General Who Stole the Book of Heaven (2023) ဒဏ္ဍာရီအရ ချဲ့ထျန်းမျိုးနွယ်စုဟာ ငရဲပြည်က တစ္ဆေတံခါးကို ဖွင့်ခဲ့ပြီး ချဲ့ထျန်းလျှို့ဝှက်ပညာကို ကျင့်ကြံခဲ့တယ်။ အဲဒီပညာရဲ့ လျှို့ဝှက်ချက်တွေကို ချဲ့ထျန်းစာအုပ်မှာ မှတ်တမ်းတင်ထားတယ်တဲ့။ အားဂူလိဦးဆောင်တဲ့ ဝံပုလွေတပ်ကြီးဟာ ချဲ့ထျန်းမျိုးနွယ်ရဲ့ နဂါးသွေးကြောရတနာနဲ့ မိန်းမလှလေး ရှီထျန်းကျောင်းကို လိုချင်တဲ့အတွက် ကျွိလန်မြို့ကို အပိုင်သိမ်းချင်နေကြပါတယ်။ မြို့စောင့်စစ်သူကြီးရှီဝမ့်ဖူးဟာ ရန်သူအင်အားကို မနိုင်တဲ့အတွက် မြို့ထဲကပြည်သူတွေနဲ့ သူ့သမီးကို ကယ်တင်ဖို့အတွက် ရှောင်းပုဖျင်နဲ့ ပူးပေါင်းပြီး ချဲ့ထျန်းစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ လျှို့ဝှက်ပညာတွေကို အသုံးချပြီး ကျွိလန်မြို့ကို တစ္ဆေမြို့အဖြစ်ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကြောက်စရာကောင်းတဲ့ ကျိန်စာ ၇ ခုကိုလည်း ကျိန်ဆိုခဲ့ပြီး သူ့ရဲ့ခေါင်းကိုဖြတ်ပြီး တစ္ဆေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ဝံပုလွေတပ်တွေကလည်း ရှီဝမ့်ဖူးကို သေပြီအထင်နဲ့ မြို့ထဲကို ဝင်လာခဲ့ပါတယ်။ မထင်ထားဘဲ မြို့ထဲမှာ နိမိတ်ဆိုးတွေ ဆက်တိုက်ပြပြီး ဝံပုလွေတပ်က စစ်သူကြီးတို့လည်း ဆက်တိုက်အသေဆိုးနဲ့ သေခဲ့ရပါတယ်။ "ခေါင်းပြတ်စစ်သူကြီးထွက်လာပြီး ကျိန်စာတွေ အမှန်ဖြစ်လာမယ်"ဆိုတဲ့ ကောလာဟလက ပျံ့သွားပြီး အားလုံးကြောက်လန့်နေကြပါတယ်။ အားဂူလိတစ်ယောက် နဂါးသွေးကြောကို ရှာတွေ့နိုင်မလား...... ခေါင်းပြတ်စစ်သူကြီးကရော မြို့နေပြည်သူတွေနဲ့ သူ့သမီးကို ဘယ်လို ကယ်တင်မလဲဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ အဖြေရှာလိုက်ရအောင်နော်။Quality - WEB DL 1080p,720p Format - mp4 Genres - Action, ...
movie

The Headless General Who Stole the Book of Heaven (2023)

Haunting of the Queen Mary (2023)
Haunting of the Queen Mary (2023) Haunting of the Queen Mary (2023)~ Rotten Tomatoes - 71% ~လတ်တလော ထွက်ရှိထားတဲ့ Horror ရုပ်ရှင်တစ်ကားပါ။ ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီးလိုပဲ ကမ္ဘာ့အမြန်ဆုံး သင်္ဘောကြီးအဖြစ် နာမည်ကြီးခဲ့တဲ့ Queen Mary သင်္ဘောကြီးပေါ်က ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ၊ အတိတ်ဆိုးတွေနဲ့ ပိတ်မိနေတဲ့ ဝိညာဉ်တွေအကြောင်းပါ။Queen Mary သင်္ဘောကြီးဟာ ကမ္ဘာစစ်တွေ အပျက်အစီးတွေကြားမှာ ကြံ့ကြံ့ခိုင် ကျန်ရစ်ခဲ့ပြီး မနစ်မြုပ်နိုင်တဲ့ သင်္ဘောအဖြစ် သင်္ဘောသားတွေကြား နာမည်ကျော်ပါတယ်။ ဒီဂုဏ်သတင်းနောက်ကွယ်မှာ ထိတ်လန့်စရာ စတေးမှုတွေရှိနေပါတယ်။ရှေးက သင်္ဘောဆောက်တဲ့အင်ဂျင်နီယာတွေရဲ့ရိုးရာအရ သင်္ဘောတစ်စင်း မနစ်မြုပ်အောင် လူသားတစ်ယောက်ကို ဆောက်တုန်းမှာ နှိပ်စက်ပြီး မြှုပ်ရပါတယ်တဲ့။ ဒီသင်္ဘောကြီးမှာလည်း အဲဒီလိုအယူနဲ့ အကျဉ်းသားတစ်ယောက်ကို မြှုပ်ထားပါတယ်။ကံဆိုးစွာနဲ့ သင်္ဘောက ခရီးစဉ်သွားရင်း နစ်မြုပ်သွားတဲ့အခါ သေဆုံးသွားတဲ့ခရီးသည်တွေက သရဲအဖြစ်နဲ့ခြောက်လှန့်နေပါတယ်။ ဒီဘက်ခေတ်မှာ သရဲ‌ခြောက်တာတွေနဲ့ သင်္ဘောကို လှည့်ပတ်ကြည့်ဖို့ Tour ...
movie

Haunting of the Queen Mary (2023)

2023
Losmen Melati (2023) 5.7
Losmen Melati (2023) Losmen Melati (Motel Melati) (2023)လာတည်းတဲ့သူတွေအားလုံး အသက်ရှင်ရက်ပြန်မသွားနိုင်ကြတဲ့ Motel Melati ဆိုတဲ လျှို့ဝှက်မှုတွေပြည့်နေတဲ့ မိုတယ်တစ်ခုရှိပါတယ်။အဲဒီမိုတယ်မှာတော့ မိုတယ်ပိုင်ရှင်ရယ် ဝန်ထမ်းတစ်ယောက်ရယ် နှစ်ယောက်တည်း ရှိပြီးတော့ လာတည်းတဲ့သူတွေကို မိုတယ်ပိုင်ရှင်က လက်ဖက်ရည်နဲ့ ဧည့်ခံပြီးမှ အခန်းထဲဝင်ကြရတဲ့ ထုံးစံတစ်ခုရှိပါတယ်။ဇာတ်လမ်းထဲမှာတော့ မိခင်နာရေးကအပြန် မိုတယ်မှာဝင်တည်းတဲ့ မိသားစုတစ်စုရယ်၊ မိုတယ်မှာ လာချိန်းတွေ့တဲ့ စုံတွဲတစ်တွဲရယ်၊ မိုတယ်ကို ဓားပြတိုက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ရယ် ချောက်ခြားစရာမိုတယ်ကြီးမှာ ဘာတွေဆက်ဖြစ်ကြမလဲ၊ လာတည်းတဲ့သူတွေရဲ့ စိတ်ကိုလှည့်စားပြီး ဝိညာဉ်နှုတ်ယူတတ်တဲ့ ဒီမိုတယ်ရဲ့နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ။IMDb 6.6 ရထားတဲ့ အင်ဒိုနီးရှား Horror, Thriller, Mystery အမျိုးအစား ဇာတ်လမ်းဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Horror. Mystery, Thriller Quality…. 1080p | 720p File size…950MB | 518MB Format… mp4 Duration….1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Losmen Melati (2023)

2023
Bedeviled (2016) 4.2
Bedeviled (2016) Bedeviled (2016) =============ယနေ့ခေတ်ကမ္ဘာဟာ နည်းပညာတွေထွန်းကားလာတာနဲ့အမျှ လူတွေဟာလည်း နည်းပညာနောက်ကိုလိုက်ရင်း အမှားမှားအယွင်းယွင်းတွေ ဖြစ်လာကြပါတယ်။ အခု ဒီ Bedeviled ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ ထူးဆန်းတဲ့ သရဲကားလို့ ပြော ရမှာပါ။ မစ္စတာ ဘီဒီဗယ်လ်ဆိုတဲ့ အက်ပ်ပလီကေးရှင်းက သူ့ကို အင်စတောလုပ် ထားတဲ့ ဖုန်းပိုင်ရှင်တွေကို အကြောက်တရားတွေပေးပြီး သုတ်သင်တာမျိုးပေါ့။ဇာတ်လမ်းအကျဥ်းကတော့ နစ်ကီဆိုတဲ့ ဆယ်ကျော်သက် အရွယ်ကောင်မလေး တစ်ယောက် ထူးဆန်းစွာသေဆုံးခြင်းကစတင်ပါတယ်။ သူသေဆုံးသွားပြီးနောက် မှာ သူ့သူငယ်ချင်းတွေရဲ့ စမတ်ဖုန်းထဲ အက်ပ်ပလီကေးရှင်းတစ်ခု အင်စတောလုပ် မလားဆိုပြီး အင်ဗိုက်ရောက်လာပါလေရော။ သူငယ်ချင်းတွေကလည်း အမှုမဲ့အ မှတ်မဲ့နဲ့ အင်စတောရာကနေ မဖြစ်သင့်တာတွေဖြစ်ပြီး အကြောက်တရားရဲ့ လွှမ်း မိုးမှုကို ခံရတော့တာပါပဲ။Bedeviled ဟာ နာမည်ကြီးသရဲကားတွေလောက် ကြောက်စရာမကောင်းဘူးဆို ပေမယ့် သူ့နေရာနဲ့သူ အဆင်ပြေတဲ့ ရုပ်ရှင်ကားလို့ဆိုရမှာပါ။ ဇာတ်လမ်းကလည်း ထူးဆန်းပြီး တချို့ Jump Scare နေရာလေးတွေဆို တော်တော်ကို သေသပ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ အပျင်းပြေသရဲကားတစ်ကားဖွင့်ထားချင်တယ်၊ ကြည့်ချင်တယ်ဆိုရင်တော့ Bedeviled က သင့်တော်တဲ့အကြောင်း ညွှန်းလိုက်ပါ ရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်)File ...
movie

Bedeviled (2016)

2016
Burned by Love (2023) 5.0
Burned by Love (2023) Burned by Love (2023) =================ဒီကားလေးကတော့ American Assassin ဇာတ်ကားထဲက မင်းသမီး ချောလေး Shiva Negar ဇာတ်ဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ် ဆောင်ထားတဲ့ အိမ်ထောင်ရေးဇာတ်ကားကောင်းလေးတစ်ကားဖြစ် ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အတွင်းခန်း အလှပြင်ပန်းချီဆရာ အနေနဲ့ အသက်မွေးတဲ့ Shiva တစ်ယောက် ခင်ပွန်းသည်ရဲ့ ဖောက်ပြန် မှုကို လက်ပူးလက်ကြပ်မိသွားပြီး အိမ်ထောင်ကွဲဘဝကိုရောက်သွား ရှာပါတယ်။ တစ်နှစ်လောက် ကြာတဲ့အထိ Move on မလုပ်နိုင်တော့ အတူနေအခန်းဖော်က ဘဲလေးဘာလေးရအောင် ဆိုပြီး Tinder လိုမျိူး Dating Account ဖွင့်ပေးပြီး သုံးခိုင်းရာကနေ Shiva တစ်ယောက် Marco ဆိုတဲ့ဘဲနဲ့ ညိသွားပါတော့တယ်။ ဖြစ်ချင်တော့ Marco က ကြာကူလီ ဖိုးတွမ်တီးသမားဖြစ်နေတော့ ပိုက်ဆံလည်းရှုံး အသည်းလည်းကွဲ မိအေးနှစ်ခါနာဖြစ်ပါတော့တယ်။ အဲတော့ သူ့လိုမျိုး နောက်ထပ်ကောင်မလေးတွေ မခံရလေအောင်ဆို ပြီး လိုင်းပေါ်မှာ သတိပေးစာတွေထုတ်၊ မိန်းကလေးအချင်းချင်းရင်ဖွင့် ကြနဲ့ Carry on လုပ်တဲ့အခါမှာ Marco တစ်ယောက် စားပေါက်ပိတ် သွားပါတော့တယ်။ စားပေါက်ပိတ်သွားတဲ့ ကြာကူလီ Marco က ...
movie

Burned by Love (2023)

2023
Mr Yin-Yang ( 2023 ) 5.9
Mr Yin-Yang ( 2023 ) ချင်းယွမ်မြို့ မှာ ထူးခြားတဲ့ကိစ္စတွေအခြေတည်နေတဲ့ လင်းအိမ်တော်ရဲ့ကနေအစတည်ခဲ့တဲ့ဇာတ်လမ်းလေးပါပဲ...ဖေးယွမ်လို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မှာ သုန်းကျစ်လို့ ခေါ်တဲ့ အဖော် ကောင်လးတစ်ယောက်ရှိခဲ့တယ်... တစ်နေ့မှာ နှစ်ယောက်သားသီးသန့်နေရာလေးတစ်ခု ဘယ်သူ့ကိုမှမပြောပါဘူးဆိုပြီး ကတိပြုခဲ့ကြပြီး သုန်းကျစ်က အဲ့ဒီနေရာလေးမှာ ရုပ်သေးအတတ်ပညာကို အိမ်ရှင်တွေမသိအောင်ခိုးသင်ခဲ့တယ်...တစ်နေ့မှာ ငွေရှာပြီး ထွက်သွားဖို့အတွက်ပေါ့...ဒါပေမယ့် ကံကြမ္မာဖန်လာတော့ အရာရာကို ငွေနဲ့ပဲ ဖြေရှင်းတဲ့ လင်းအိမ်တော်က သေဆုံးပြီးဖြစ်တဲ့ သားဖြစ်သူကို ယင်ဓာတ် နဲ့မင်္ဂလာဆောင်ပေးဖို့  ဖေးယွမ်နဲ့ စီစဥ်ခဲ့ကြတယ်...ဖေးယွမ်သိတော့ ကြောက်လန့်တကြား သုန်းကျစ်ကို အကူအညီတောင်းခဲ့တော့ သူတို့လျို့ဝှက်နေရာလေးမှာ ပုန်းနေဖို့ပြောခဲ့တယ်... အိမ်ရှင်တွေက ဖေးယွမ်ပျောက်ဆုံးသွားတဲ့ အတွက် သုန်းကျစ်ကိုစစ်မေးရင်း ဖေးယွမ်ပြန်ပေါ်လာတာကြောင့်အရင်အစီအစဥ်အတိုင်း မင်္ဂလာပွဲစီစဥ်ကာ အရှင်လတ်လတ်​မြုပ်ပစ်ခဲ့ကြတယ်... မတရားသဖြင့်သေခဲ့ရတဲ့ ဝိဉာဥ်ဖြစ်တာကြောင့် ခြောက်လန့်မှုတွေရှိလာပြီး ယင်းယန်ဆရာ ယင်းရှစ်စန်းကို ခေါ်ခဲ့လိုက်ကြတယ်....ယင်းရှစ်စန်းကဖြေရှင်းပေးနိုင်ပါ့မလား.... လင်းအိမ်တော်ရဲ့ အရှုပ်တော်ပုံကရောဒီလောက်ပဲလား ဘာတွေ ထပ်ရှိဦးမလဲ.... သရဲခြောက်တယ်ဆိုတာရော အမှန်တကယ်ပဲလား လုပ်ကြံနေတဲ့သူရှိနေတာလားဆိုတာကို စောင့်မျှော်ကြည့်ပေးကြပါဦးနော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Horror , Mystery Runtime : 1h 45 min Subtitle : Myanmar Subtitle ( ...
movie

Mr Yin-Yang ( 2023 )

Indiana Jones and the Kingdom of the Crystal Skull (2008) 6.2
Indiana Jones and the Kingdom of the Crystal Skull (2008) Indiana Jones and the Kingdom of the Crystal Skull (2008)IMDb Rating (6.2) / Rotten Tomatoes (77%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ ...
movie

Indiana Jones and the Kingdom of the Crystal Skull (2008)

2008
4K HEVC
Indiana Jones and the Last Crusade (1989) 8.2
Indiana Jones and the Last Crusade (1989) Indiana Jones and the Last Crusade (1989)IMDb Rating (8.4) / Rotten Tomatoes (84%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ...
movie

Indiana Jones and the Last Crusade (1989)

1989
4K HEVC
Indiana Jones and the Temple of Doom (1984) 7.6
Indiana Jones and the Temple of Doom (1984) Indiana Jones and the Temple of Doom (1984)IMDb Rating (7.5) / Rotten Tomatoes (77%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ ...
movie

Indiana Jones and the Temple of Doom (1984)

1984
4K HEVC
Indiana Jones and Raiders of the Lost Ark (1981) 8.4
Indiana Jones and Raiders of the Lost Ark (1981) Indiana Jones and Raiders of the Lost Ark (1981)IMDb Rating (8.4) / Rotten Tomatoes (93%)++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ ...
movie

Indiana Jones and Raiders of the Lost Ark (1981)

1981
4K HEVC
The Boogeyman (2023) 6.1
The Boogeyman (2023) ဒီသရဲကားကတော့ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ဝတ္ထုတိုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မူလအစီအစဉ်ကတော့ Hulu မှာ streaming ပြသဖို့ ဖြစ်ပေမဲ့အကြိုပွဲတွေမှာ လူတွေအရမ်းကြောက်ပြီးကြိုက်ကြတဲ့အတွက် ရုံတင်ဖြစ်သွားပါတယ်။အချို့အခန်းတွေမှာ ပရိသတ်တွေ အရမ်းအော်ပြီး အရေးကြီးတဲ့ဒိုင်ယာလော့တွေကို အသံဖုံးသွားလို့ ရုပ်ရှင်ကိုကြောက်စရာအခန်းနဲ့ ဒိုင်ယာလော့ကြား နည်းနည်းခြားအောင်ပြန်တည်းဖြတ်လိုက်ရပါသေးတယ်။ဒီရုပ်ရှင်ရဲ့ အဓိက မိန်းကလေးသရုပ်ဆောင်နှစ်ယောက်ကတော့Star Wars Series ထဲက မင်းသမီးလေယာနဲ့ ဒရက်ရှ် နေရာက သရုပ်ဆောင်ခဲ့တဲ့နှစ်ယောက်ပါပဲ။ဇာတ်လမ်းအကျဉ်းအဓိကမကောင်းဆိုးဝါး ဘူဂီမန်းဟာ စတီဖင်ကင်းရဲ့ နာမည်ကျော် IT နဲ့ အတော်ဆင်တူပါတယ်။ကလေးတွေကို အရမ်းကြောက်အောင်လုပ်ပြီး သတ်ပစ်တာပါ။ဒါပေမဲ့ IT လောက်တော့ စွမ်းအားမကြီးပါဘူး။သူဟာ အလင်းကိုကြောက်ပါတယ်။အမှောင်ထဲမှာပဲ လှုပ်ရှားနိုင်တယ်။စိတ်ဒဏ်ရာရှိနေတဲ့ကလေးတွေကို ပစ်မှတ်ထားတယ်။ဒီလိုမျိုးပါပဲ။စတီဖင်ကင်းရဲ့ ဝတ္ထုတိုပဲဖြစ်လို့ IT, Dark Tower လို့ပင်မဇာတ်ကြောင်းကြီးမှာတော့ ထပ်မပါသေးပါဘူး။ဒီရုပ်ရှင်မှာတော့ စိတ်ကုထုံးဆရာဝန်ဒေါက်တာ ဟာပါမှာ ဆေဒီ နဲ့ ဆောယာဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်။သူတို့ရဲ့အမေကတော့ မကြာသေးခင်‌လေးက ကားတိုက်မှုဖြစ်ပြီးဆုံးသွားတာမို့ သူတို့မိသားစုဝင်သုံးယောက်လုံးကိုယ်စီပူဆွေးနေတုန်းအချိန်မှာပဲရှိပါသေးတယ်။တစ်နေ့မှာတော့ လူတစ်ယောက် ရုတ်တရက်ဒေါက်တာဟာပါနဲ့ လာပြပါတယ်။သူ့ရဲ့ကလေးတွေကို မကောင်းဆိုးဝါးတစ်ကောင်ကသတ်သွားကြောင်း ...
movie

The Boogeyman (2023)

2023
4K HEVC
Premonition (2007) 5.9
Premonition (2007) လင်ဒါဟန်ဆင်ဟာ သမီးနှစ်ယောက်မိခင် အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ပြီး သူ့ခင်ပွန်းကတော့ အလုပ်ကိစ္စနဲ့ တစ်ညအိပ်ခရီးတိုတစ်ခုသွားနေခဲ့ပါတယ်။ ပုံမှန်မနက်ခင်းမှာ ပုံမှန်အတိုင်းပဲ နိုးထခဲ့ပြီး ကလေးတွေကိုကျောင်းပို့အိမ်ကိစ္စတွေလုပ်နေရင်းသူ့ဘဝကိုပြောင်းပြန်လှန်နိုင်တဲ့အပြောင်းအလဲတစ်ခုဟာ အိမ်ရှေ့ဘဲလ်ကို တီးပြီး ရောက်လာခဲ့တယ်။ တံခါးသွားဖွင့်ကြည့်လိုက်တော့ ရဲတစ်ယောက်ကို တွေ့ရပြီးအဲ့ဒီရဲကပဲ ဒီသတင်းဆိုးကို ပြောခဲ့တာပါ။ ' ခင်ဗျားယောက်ျား ကားမတော်တဆမှုဖြစ်ပြီး နေရာမှာတင် ဆုံးသွားပါတယ်" တဲ့။သူတို့နှစ်ယောက်ဟာ ချစ်ခြင်းတရားကို အခြေပြုတည်ဆောက်ထားတဲ့ အိမ်ထောင်ဖြစ်တဲ့အတွက် သတင်းကြားကြားချင်း လင်ဒါ စိတ်လွတ်သွားတယ်။ပတ်ဝန်းကျင်နဲ့ကင်းကွာသွားတဲ့အထိ။ အဲ့ဒီညမှာ သူတို့နှစ်ယောက်ရဲ့မင်္ဂလာဆောင် ဓာတ်ပုံလေးကို ဖက်ပြီး ဆိုဖာပေါ်မှာအိပ်ပျော်သွားခဲ့တယ်။ နောက်တစ်နေ့မနက်သူနိုးလာခဲ့တာကတော့သူတို့နှစ်ယောက်ရဲ့အိပ်ခန်းမှာတစ်ယောက်တည်းဖြစ်ပါတယ်။သမီးနှစ်ယောက်ကိုအော်ခေါ်တယ်။မီးဖိုချောင်ထဲကိုရောက်တော့တီဗွီကြည့်ပြီးမနက်စာစားနေတဲ့ယောက်ျားတစ်ယောက်ကိုမြင်တယ်။ မျက်နှာကိုပါတွေ့ရတော့မှ မနေ့က သေသွားပြီလို့သူသိထားတဲ့ သူ့ရဲ့ ချစ်လှစွာသော ခင်ပွန်းဖြစ်နေခဲ့တယ်။ ကြောင်တောင်တောင် မျက်နှာထားဖြစ်နေတဲ့ သူ့ကို သူ့ခင်ပွန်းက နူတ်ဆက်တယ်။ "ဘာတွေဖြစ်နေတာလဲအချစ်တဲ့"။သူတို့ သမီးလေးနှစ်ယောက်ဆင်းလာတယ်။ သူတို့အဖေကို နူတ်ဆက်တယ်။ အားလုံးကပုံမှန်အတိုင်းပဲ၊ သူတစ်ယောက်တည်းရူးကြောင်ကြောင်ဖြစ်နေသလိုမျိုး..။အဲ့ဒီနေ့လေးဟာဟိုးအရင်ကလိုပုံမှန်လည်ပတ်သွားတယ်။ ညအိပ်ယာဝင်တယ်။နောက်ထပ် တစ်နေ့ သူနိုးလာတယ်။ ဘယ်သူ့ကိုမှ ရှာမတွေ့တော့ အိမ်အောက်ထပ်ကိုဆင်းတယ်။အိမ်အောက်ထပ်မှာ ဝတ်စုံနက်နဲ့ ...
movie

Premonition (2007)

Altitude (2010)
Altitude (2010) ဇာတ်လမ်းက တစ်နေ့မှာ လူငယ်ငါးယောက်ပွဲတော်တစ်ခုကိုလေယာဥ်နဲ့သွားကြတယ်ပေါ့ဗျာ အဲ့မှာ လေယာဥ်ကထူးထူးဆန်းဆန်း အလုပ်မလုပ်တော့တာကနေ ဇာတ်လမ်းက စတာပဲလေယာဥ်ကိုမထိန်းချုပ်နိုင်တော့ အပျံတတ်ခါကလေယာဥ်မှုးလေးနဲ့ သူငယ်ချင်းလေးယောက်တိမ်တိုက်ကြီးတစ်ခုထဲကို အထိန်းအချုပ်မရှိဝင်ချသွားတာကနေတိမ်တိုက်ကြီးထဲမှာ ဘယ်လို သဘာဝလွန်ဖြစ်ရပ်ဆန်းကြုံရမလဲဘယ်လိုရုန်းကန်ကြရလဲ ဘယ်လိုပြဿနာတွေတက်ကြလဲလူတွေ သေဘေးနဲ့ကြုံရင် ဘယ်လိုပြုမူတတ်လဲဆိုတာကိုအပြည့်အဝပုံဖော်ထားတာကိုရှုစားရမှာပဲ ဖြစ်ပါတယ် File size…  1.57 GB /  703 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie

Altitude (2010)

Neeyat (2023) 6.5
Neeyat (2023) Neeyat ( 2023 ) ===============IMDb 6.6/10 မင်းသမီးကြီး Vidya Balan ရဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်သစ် Neeyat ထွက်ရှိလို့လာပါပြီ။ လူသတ်မှုကို အဖြေရှာရတာတွေကြိုက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့- အာရှစ်ကပူးရ်ဆိုတဲ့ အိန္ဒိယရဲ့ ဒိတ်ဒိတ်ကြဲ ဘီလျံနာကြီးတစ်ယောက်ဟာ စကော့တလန်မှာရှိတဲ့ ရဲတိုက်ကြီးတစ်ခုမှာ သူ့ရဲ့ရင်းနီးဆုံး မိတ်ဆွေ၊ ဆွေမျိုးတွေနဲ့ မွေးနေ့ပွဲကြီးတစ်ခု ကျင်းပရင်း ဧည့်သည် လူစုံတက်စုံရှိနေတဲ့အချိန်မှာပဲ ဘီလျံနာကြီးဟာ ထူးဆန်းစွာ အသတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင် သူ့ရဲ့ရဲတိုက်ကို တခြားအမှုတစ်ခု စစ်ဆေးဖို့ရောက်လာတဲ့ မီရာရောင်ဆိုတဲ့ စုံထောက်မလေးက ဘီလျံနာကြီးကို ဘယ်သူသဝာ်လိုက်တာလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် နာမည်ကြီး စုံထောက်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Knives Out ရုပ်ရှင်နဲ့ theme တွေ ဇာတ်လမ်းပုံစံတွေ ဆင်သယောင်ရှိပေမဲ့ ဒါရိုက်တာဖြစ်သူကတော့ သူ့ရဲ့ မူရင်းဇာတ်ညွှန်းပါလို့ အတိအလင်းကြေညာထားပါတယ်ဗျ။Knives Out နဲ့ ပုံစံဆင်ပေမဲ့ ဇာတ်လမ်းကွဲပြားတဲ့အပြင် Knives out ကြည့်နေရသလိုစိတ်လှုပ်ရှားမှုမျိုးပေးတာကြောင့် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအပြင် သည်းထိတ်ရင်ဖိုရုပ်ရှင်ပရိသတ်တွေပါ အကြိုက်တွေ့မယ့် ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ ...
movie

Neeyat (2023)

2023
4K HEVC
Medusa Deluxe (2023) 6.2
Medusa Deluxe (2023)  IMD b 6.2 ရရှိထားတဲ့ ဟာသအရောလေးတွေနဲ့ဒရမ်မာဆန်ဆန်ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့..... ဆံပင်အလှပြုပြင်တဲ့ပြိုင်ပွဲတစ်ခုမှာပြိုင်ပွဲဝင်တစ်ယောက်အသတ်ခံလိုက်ရပြီး ရိုးရိုးလူသတ်မှုမျိုးမဟုတ်ဘဲဦးရေပြားကိုပါဆွဲခွာသွားတာမို့လူတွေအားလုံးကလည်းအထိတ်တလန့်ဖြစ်ကုန်ပါတော့တယ် ဆံသဆရာတွေရဲ့ထုံးစံအတိုင်းအတင်းအဖျင်းဆိုထိပ်ဆုံးကပါတတ်ကြတာမို့ဒီလိုရှုပ်ထွေးတဲ့အခြေအနေမှာဆိုပြောနေဖို့တောင်လိုမယ်မထင်ပါဘူး ဒီလိုနဲ့အတင်းအဖျင်းတွေပြောပြီးတစ်ယောက်နဲ့တစ်ယောက်အချွန်နဲ့မကြရင်းတကယ်တမ်းလူသတ်တရားခံကဘယ်သူလဲဆိုတာကိုမသိနိုင်လောက်အောင်ဖြစ်နေပါတော့တယ် တကယ်တော့ဆံသဆရာတွေရဲ့လောကဟာလည်းထင်ထားသလောက်မရိုးရှင်းပါဘူး ဒီလိုထူးဆန်းတဲ့လူသတ်မှုမျိုးကိုဘယ်သူကကျူးလွန်ခဲ့တာလဲ ကောလဟလတွေကြားကနေတကယ့်လူသတ်သမားအစစ်ကိုရောရှာတွေ့နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပါ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Comedy, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Medusa Deluxe (2023)

Follow Me (2020) 5.4
Follow Me (2020) Follow Me (2020)အသက်လုပြီး လွတ်မြောက်အောင်လုပ်ရတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ကိုးလ်ဆိုတဲ့ကောင်လေးက ပရိသတ်တွေမဲပေးတဲ့နေရာစုံကိုသွားပြီး လျှို့ဝှက်သည်းဖို Challenge တွေလုပ်ပြတဲ့ Youtuber တ​စ်ယောက်ပါ။ ကိုးလ်က သူ့ချန်နယ် ၁၀ နှစ်ပြည့်တဲ့အထိမ်းအမှတ်အတွက် ရိုက်ကူးမယ့်နေရာကို Follower တွေဆီ မဲကောက်ရင်း ရုရှားနိုင်ငံ မော်စကိုကိုသွားဖို့အကြောင်းဖန်လာပါတယ်။ကိုးလ်တို့အဖွဲ့ထဲက ဒက်ရှ်ဆိုတဲ့သူငယ်ချင်းရဲ့ ရုရှားကအသိတစ်ယောက်က ကိုးလ်ရဲ့ Content တွေကိုသဘောကျပြီး သူတို့ဆီက Escape Room Challenge မှာပါဝင်ကစားဖို့ ဖိတ်လိုက်ပါတယ်။ ကိုးလ်တို့အဖွဲ့ကို အဆောက်အဦးတစ်ခုထဲပိတ်ထားပြီး အချိန်မပြည့်ခင် Puzzle တွေကိုအဖြေရှာပြီး သူငယ်ချင်းတွေကိုကယ်ထုတ်ရမှာပါ။အစပိုင်းမှာတော့ ကစားပွဲတစ်ခုသက်သက်ပဲလို့ထင်ခဲ့ပေမဲ့ တခုခုမှားယွင်းနေပြီဆိုတာ သတိထားမိတဲ့အချိန်မှာ ကိုးလ်တို့အဖွဲ့နောက်ကျသွားပြီလား... ကိုးလ်တစ်ယောက် သူ့သူငယ်ချင်းတွေကို အောင်အောင်မြင်မြင်ကယ်ထုတ်နိုင်မှာလား... ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုကြရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.95GB, 850MB Quality - 1080p, ...
movie

Follow Me (2020)

2020
Darkeplica (2023)
Darkeplica (2023)  ဒီတစ်ခါမှာတော့ mystery, thriller ဇာတ်ကားဖန်တွေအတွက်darkeplica ဆိုတဲ့ဇာတ်ကားကိုမိတ်ဆက်ပေးပါရစေ။ ပယ်နီလိုပီဟာ သက်လတ်ပိုင်းအရွယ်မိန်းမတစ်ယောက်ဖြစ်ပါတယ်။သူ့မှာကလေးနှစ်ယောက်ရှိပေမဲ့ သူ့အိမ်အနီးအနားမှာရှိတဲ့ တောအုပ်ထဲမှာကလေးနှစ်ယောက်လုံးပျောက်ဆုံးသွားကြပါတယ်။ ဘယ်လိုရှာရှာပြန်မတွေ့တောပါဘူး။ အဲဒီအချိန်ကနေ ပယ်နီလိုပီဟာ အဲဒီတောအုပ်ထဲမှာ မမြင်ရတဲ့မကောင်းဆိုးရွားတွေရှိနေတယ်လိုယုံနေတာပါ။ ညဘက်တွေဆို မကြာခဏအမှာင်ထဲမှာထထိုင်နေတတ်ပြီး တစ်ယောက်တည်းစကားတွေလည်းပြောနေတတ်ပါတယ်။ သူ့ယောက်ျားက သူရူးနေပြီလိုထင်ပြီး စိတ်ရောဂါကုဆေးရုံကိုပိုလိုက်ပါတယ်။ ငါးနှစ်ကြာပြီးတော့ စိတ်ရောဂါကုဆေးရုံကနေသူ့မိန်းမကိုပြန်ခေါ်လာပေမဲ့ သူ့မိန်းမနဲ့ အဲဒီမကောင်းဆိုးရွားတွေရဲ့ ဆက်ဆံရေးကပိုအားကောင်းလာပြီး သူ့မိန်းမကလည်း အဲဒီမကောင်းဆိုးရွားတွေရှိတယ်လိုပိုယုံကြည်လာပါတော့တယ်။ဒီတော့ အဲဒီတောအုပ်မှာ မကောင်းဆိုးရွားတွေက တကယ်ရှိနေတာလား။ကလေးတွေကရော လုံးဝပြန်မလာကြတော့ဘူးလား။Mystery, thriller အမျိုးအစားပေမဲ့ ဇာတ်လမ်းကနည်းနည်းအေးပြီးစကားပြောခန်းတွေကိုပဲအသားပေးရိုက်ထားတာမလို နည်းနည်းတော့ပျင်းစရာကောင်းပါတယ်။ ဒါပေမဲ့ ဇာတ်နှေးနှေးလေးနဲ့ စဥ်းစားရတာကြိုက်တဲ့သူတွေဆိုရင်တော့ အကြိုက်တွေ့စေမှာပါ။ File size…1.38GB / 432MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 33m Genre …..Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai
movie

Darkeplica (2023)

A Man (2022) 7
A Man (2022) A Man (2022)~ IMDb – 7/10, RT - 100%, MyDramaList – 7.9/10 ~ဘယ်သူဘယ်ဝါဆိုတာ အမှန်မသိရတဲ့ ယောက်ျားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းရင်းနဲ့ သူ့ရဲ့ ရှုပ်ထွေးတဲ့ဘဝအတိတ်အကြောင်းတွေကို တစ်ဆင့်ချင်း သိလာရမယ့် Mystery ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းကိုရီးယားလူမျိုးတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေ၊ ဒီလိုဖိအားကြောင့် ဖြစ်လာရတဲ့ အမှုတွေကိုလည်း ဒီရုပ်ရှင်ထဲမှာ မြင်ရမှာပါ။ရိအဲလို့ခေါ်တဲ့အမျိုးသမီးက ယောက်ျားဖြစ်သူနဲ့ ကွာရှင်းပြီးနောက် သားအကြီးနဲ့အတူ နယ်မြို့လေးဆီ ပြောင်းလာခဲ့ပါတယ်။ စာရေးကိရိယာဆိုင်လေးဖွင့်ထားရင်းနဲ့ ဒိုင်ဆုကဲဆိုတဲ့ အမျိုးသားနဲ့ ဆုံတွေ့ခဲ့ပါတယ်။ဒိုင်ဆုကဲက တည်းခိုခန်းကြီးပိုင်ရှင်ရဲ့ သားဖြစ်ပေမဲ့ မိသားစုဆီကနေ ထွက်လာခဲ့ပြီး တောင်ပေါ်မှာ သစ်ခုတ်လုပ်ငန်းလုပ်ရင်း ဇာတ်မြှုပ်နေတာပါ။ ကြင်နာတတ်ပြီး ရိုးသားတဲ့ ဒိုင်ဆုကဲကို ရိအဲလည်း သဘောကျသွားပြီး နောက်အိမ်ထောင်ပြုခဲ့ပါတယ်။ ၄နှစ်ကြာပြီးနောက်မှာတော့ သမီးလေးတစ်ယောက်လည်းထပ်ရနေပြီး ပျော်ရွှင်တဲ့မိသားစုလေးဖြစ်နေပါပြီ။တစ်နေ့မှာတော့ သစ်ခုတ်သွားရင်းနဲ့ ဒိုင်ဆုကဲတစ်ယောက် သစ်ပင်ပိပြီး ဆုံးပါးသွားရပါတယ်။ တစ်နှစ်ပြည့် ...
movie

A Man (2022)

2022
Suspect X (2008) 7.4
Suspect X (2008) Suspect X (2008)~ IMDb – 7.4/10, MyDramaList – 8/10 ~"ပုစ္ဆာတစ်ပုဒ်ကိုဖန်တီးရတာနဲ့ ဖြေရှင်းရတာမှာ ဘယ်ဟာကပိုခက်မလဲ"ဟာနာအိုကာ ယာဆုကို (Hanaoka Yasuko) ဟာ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတဲ့ တစ်ကိုယ်တော်မိခင်လည်းဖြစ်သလို တစ်ခုလပ်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပြီး သူ့သမီး မီဆာတို (Misato) နဲ့ နေထိုင်ပါတယ်။ တစ်ညမှာ သူတို့သားအမိရဲ့တိုက်ခန်းဆီ ယာဆုကိုရဲ့ခင်ပွန်းဟောင်း တိုဂါရှိ (Togashi) ပေါက်ချလာပြီး သူ့ထုံးစံအတိုင်း မိန်းမနဲ့သမီးကို ခြိမ်းခြောက်ငွေညှစ်ရာမှ လက်တွေပါကုန်ရင်း နောက်ဆုံးမှာ ယာဆုကိုတို့သားအမိဟာ တိုဂါရှိကို မတော်တဆသတ်မိသွားတော့တယ်။ ယာဆုကိုတို့ရဲ့ဘေးတိုက်ခန်း အိမ်နီးချင်းဖြစ်တဲ့ အီရှီဂါးမိ တဲ့ဆုယ (Ishigami Tetsuya) ဟာ သူ့ဘေးခန်းကဝရုန်းသုန်းကားဆူညံသံတွေကိုကြားလို့ လာမေးရင်း အကြောင်းရင်းကိုသိသွားကာ ချက်ချင်းဆိုသလို ကူညီပေးပါတော့တယ်။ကြည့်လိုက်ရင် စိတ်ဓာတ်ကျနေသလိုလိုနဲ့ ကုပ်ချောင်းကုပ်ချောင်းနေတတ်တဲ့ အီရှီဂါးမိတဲ့ဆုယဟာ တကယ်တော့ အလွန်ထူးချွန်ထက်မြက်ပြီး ပါရမီရှင်လို့တောင် ခေါ်ထိုက်တဲ့ သင်္ချာဆရာတစ်ယောက်ဖြစ်တယ်။ သူ့တစ်နေ့တာရဲ့အပျော်ရွှင်ဆုံးအချိန်က ...
movie

Suspect X (2008)

2008
Who Are You People (2023) 4.9
Who Are You People (2023) Who Are You People (2023) =====================မိသားစု ဆွေမျိုးတွေကြားထဲမှာ စ'နေကျစကားရှိတယ်လေ။ နင့်ကိုမွေးစားထားတာ နင့်ကိုဘယ်ကကောက်ရလာတာဆိုပြီး။ မိဘတွေနဲ့အဆင်ပြေ၊ ဘာပြဿနာမှမရှိတဲ့ ကလေးအတွက်တော့ ဒီစကားက စနောက်ရုံသက်သက်ထက်မပိုပေမဲ့ သားသမီးချင်း အတူတူ အချစ်မခံရတဲ့ ကလေးအတွက်ကျ ဒီလိုမျိုး စနောက်မခံရဘဲနဲ့တောင် ငါက သူတို့ကလေးမှဟုတ်ရဲ့လားလို့ အတွေးဝင်သွားတတ်တယ်။အဲလက်က သမီးအကြီးဆုံး။ သူ့အောက်မှာ အမြွှာညီမနှစ်ယောက်ရှိတယ်။ ငယ်ငယ် လေးကတည်းက အဖုအထစ်တွေရှိလာတဲ့ မိဘနဲ့သားသမီးကြားဆက်ဆံရေးမှာ အဲ လက်၁၆နှစ်အရွယ်ရောက်တော့ ပိုဆိုးကုန်တာပေါ့။ အရွဲ့တိုက် ကလန်ကဆန်လုပ် တတ်တဲ့အရွယ်မှာ အဖေဖြစ်သူက ဒေါသအိုး၊ အမေကလည်း စိတ်မရှည်တဲ့သူမျိုး ဆိုတော့ ဒီအဖေအမေနဲ့ သမီးက အမြဲတမ်းတကျက်ကျက်ပါပဲ။ အဲလက်ရဲ့ အမြွှာညီမ နှစ်ယောက်ကတော့ အဖေအမေရဲ့ အသည်းကျော်လေးတွေပါ။ သူတို့နှစ်ယောက်ကို ရဖို့ ဆရာဝန်တွေနဲ့ ဘယ်လိုတွေ့ခဲ့ရကြောင်း ဘယ်လိုခက်ခက်ခဲခဲကြိုးစားပြီးမှ ရလာတဲ့ ကလေးတွေဖြစ်ကြောင်းကို ပုံပြင်ပြောသလို တဖွဖွပြောနေတော့ သမီးကြီးဖြစ်တဲ့ အဲလက် ရင်ထဲမှာ သံသယမျိုးစေ့တွေ အညှောက်ပေါက်လာပါတယ်။ဒီမျိုးစေ့တွေ ကြီးထွားလာအောင် ရေလောင်းပေးလိုက်တာကတော့ အဲလက်အမေ သိမ်းထားတဲ့ စာတစ်စောင်ကြောင့်ပါ။ အဲလက်မမွေးခင်ခြောက်လအလိုမှာ ကားလ်ဆိုတဲ့ အမျိုးသားတစ်ယောက်က အဲလက်အမေဆီပို့ထားတဲ့တောင်းပန်စာ။ ဒီစာကြောင့်ပဲ အဲလက်က ကားလ်ဆိုတာ ...
movie

Who Are You People (2023)

2023