Channel Myanmar

Mystery

Se7en (1995) Seven 8.6
Se7en (1995) Seven "The world is a fine place and worth fighting for."Ernest HemingwayCM ပရိသတ်ကြီးရေ။ ဘဝမှာ ရုပ်ရှင်ဇာတ်ကားတစ်ကားကိုကြည့်ပြီး ဘယ်တော့မှမေ့ဖျောက်လို့ မရနိုင်တော့တဲ့ အဖြစ်မျိုးဖြစ်ဖူးပါသလားခင်ဗျာ။ ဖြစ်ခဲ့ဖူးတယ်ဆိုရင်တောင် အခုဇာတ်ကားကို ကြည့်လိုက်ရင် အရင်ကစွဲလန်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ မှေးမှိန်သွားနိုင်ပါတယ်။ အထူးသဖြင့်ကတော့ သည်းထိတ်ရင်ဖို ရုပ်ရှင်နှစ်သက်သူတွေပေါ့ဗျာ။IMDb 8.6/10 နဲ့ RT 80% ရထားခဲ့တဲ့ Se7en (1995) ဟာ သည်းထိတ်ရင်ဖိုရုပ်ရှင်အမျိုးအစားတွေထဲမှာ ဂန္တဝင်ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကို အညွှန်းရေးရင် ကျွန်တော် သတိအထားဆုံးအရာက Spoil လုပ်လိုက်မိမှာကိုပါ။ တချို့ဇာတ်ကားတွေမှာ ဒါက သိပ်မသိသာပေမယ့် အလှည့်အပြောင်း အဝေ့အဝိုက်များတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားတွေမှာ အရမ်းသိသာပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာဆို ပိုတောင်သိသာပါတယ်။ ဒါကြောင့် အညွှန်းကို သဘောလောက်ပဲ ရေးပေးပါရစေ။ ဇာတ်လမ်းကဒီလိုပါ..... ဝီလီယမ် ဆမ်မာဆတ်( Morgan Freeman)ဟာ ...
movie

Se7en (1995) Seven

4K HEVC
The Resident (2011) 7.8
The Resident (2011)  ဂျူလိယက်ဟာ သူမရဲ့ရည်းစားဖြစ်သူကို တခြားကောင်မလေးနဲ့။ သူမရဲ့အိပ်ရာပေါ်မှာ ဖောက်ပြန်နေတာကို မိပြီးတဲ့နောက်မှာ သူမရဲ့ရည်းစားနဲ့ လမ်းခွဲလိုက်ပြီး သူမရဲ့ဘဝကို အသစ်စတင်ချင်တာကြောင့် နေရာအသစ်လိုက်ရှာနေတဲ့ အရေးပေါ်ဆရာဝန်တစ်ယောက်ပါ။ အိမ်ခန်းလိုက်ရှာရင်းနဲ့ သူမဟာ နေရာကျယ်ဝန်းပြီး ရှုခင်းကောင်းတဲ့တိုက်ခန်းတစ်ခုကို တွေ့သွားပြီး ထိုတိုက်ခန်းရဲ့ပိုင်ရှင်က ဈေးသက်သက်သာသာနဲ့ ငှားပေးတဲ့အခါမှာ နှစ်ခါမတွေးဘဲ ပြောင်းနေလိုက်ပါတော့တယ်၊ သူမဟာ ရည်းစားဟောင်းကြောင့် စိတ်က ဇဝေဇဝါဖြစ်နေပြီ အိမ်ပိုင်ရှင်ကို နမ်းလိုက်မိပါတော့တယ်၊ အဲကနေစပြီး သူမဟာ မနက် မနက်ဆို အိပ်ရာထနောက်ကျပြီး အမြဲလိုလို ပင်ပန်းနွမ်းနယ်ကာ အလုပ်တွေနောက်ကျလာပါတော့တယ်၊ အကြောင်းအရင်းကို သိရဖို့ CCTV တပ်ဆင်ထားလိုက်တဲ့အခါမှာတော့ အကြောင်းအရင်းက ဘာဖြစ်မလဲ ဒီအကြောင်းအရင်းကိုရော သူဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.3 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

The Resident (2011)

Conjuring Curse ( 2023 ) 5.9
Conjuring Curse ( 2023 ) သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကိုပဲ ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် ဒီရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ဒဏ္ဍာရီထဲက ဖုန်းရွှေဂိုဏ်း ပါးဖုန်းထဲက အဖွဲ့ဝင်ဖြစ်သူ လီကွမ်းကျန့်ဟာ နှစ် ၇၀ ကျော်မှ ကျဲ့ကျီတစ္ဆေမြို့နဲ့ ပတ်သက်တဲ့ သတင်းကို ပို့ပေးခဲ့ပါတယ်။ အဘိုးဖြစ်သူ ဝူလောင်ကုန်ရဲ့ မပြီးခဲ့တဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် ဝူရှဲဟာ ကျန်းချီလင်နှင့် ဝမ်ဖန့်ကျီတို့နဲ့အတူ စွန့်စားရေးခရီးကို စတင်ခဲ့ပါတယ်။ကောင်းကင်ပေါ်မှ ကြယ်တာရာရဲ့ လမ်းညွှန်မှုအတိုင်း သူတို့ဟာ မြေအောက်ဂူရဲ့ ဝင်ပေါက်ကို ရှာတွေ့ခဲ့ပြီး ကလေးရုပ်တုတွေနဲ့ ပြည့်နေတဲ့ ဂူထဲကို ရောက်ရှိသွားခဲ့ပါတယ်။ ထိုဂူထဲမှာ မျက်ကန်းကိုမထိနဲ့၊ နောက်ပြန်မသွားနဲ့၊ အခေါင်းကိုမဖွင့်နဲ့၊ လရောင်ကို မထိနဲ့ စတဲ့ စည်းမျဉ်းတွေနဲ့ ပြည့်နှက်နေပါတယ်။စည်းကမ်းတွေကို ၇ ကြိမ်တိတိချိုးဖောက်ရင် မိစ္ဆာကြီးလည်း ရောက်လာနိုင်ပါသေးတယ်။ စည်းကမ်းတွေ ချိုးဖောက်ရင် ဘယ်လို ဒဏ်ပေးခံရမလဲ ...... သူတို့အဖွဲ့ရော မြေအောက်ဂူထဲကနေ အသက်ရှင်လျက် ထွက်ခွါနိုင်ပါ့မလား...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : ...
movie

Conjuring Curse ( 2023 )

Broken Army X-Files Stealth Man ( 2023 ) 5.8
Broken Army X-Files Stealth Man ( 2023 ) တရုတ်ပြည်ရဲ့ ၁၉ရာစုတော်လှန်ရေးကာလကိုအခြေခံပြီးရိုက်ထားတဲ့ စူပါပါဝါတွေနဲ့ထူးဆန်းလူသားကားလေးဖြစ်ပါတယ်...... လူ့ခန္ဓာကိုယ်မှာ အဆုံးမရှိတဲ့စွမ်းအားတွေရှိတယ်လို့ဆိုကြတယ်။ အဲဒီစွမ်းအားတွေကိုလှုံ့ဆော်ဖော်ထုတ်နိုင်ဖို့အတွက် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သိပ္ပံပညာရှင်တွေဟာ အမျိုးမျိုးသုတေသနလုပ်ပြီး စမ်းသပ်ကြပါတယ်။အဲဒီအ်ချိန်မှာဓာတ်အားမတည်ငြိမ်တာကြောင့် မတော်တဆဖြစ်ပြီး အစမ်းသပ်ခံလူတစ်ယောက်ဟာထွက်ပြေးလွတ်မြောက်သွားပါတယ်။ မကောင်းဆိုးဝါးနှိမ်နင်းသူဟာ သူကိုယ်တိုင်မကောင်းဆိုးဝါးမဖြစ်သွားဖို့သတိထားရပါတယ်။ သူမတူတဲ့စွမ်းအင်တွေရသွားပြီးနောက် လူဆိုးဖြစ်သွားမလား လူကောင်းဖြစ်မလားဆိုတာ စိုးရိမ်စရာဖြစ်လာခဲ့တယ်။အဲဒီဖြစ်ရပ်ဖြစ်သွားပြီး နောက်(၃)နှစ်မှာ ထူးဆန်းတဲ့လူသေမှုဖြစ်ပွားလာတဲ့အခါ လျှို့ဝှက်အဖွဲ့အစည်းဟာ အမှုနောက်ကိုလိုက်ရင်း ပျောက်သွားတဲ့သန္ဓေပြောင်းလူသားနဲ့ပြန်တွေ့ကြရပါတယ်။ ဒီထူးဆန်းတဲ့လူသေမှုနဲ့ဘယ်လိုတွေပတ်သက်နေလဲ...... ဒီနောက်ကွယ်မှာဘယ်လိုအကြံအစည်ကြီးတွေရှိနေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , Mystery Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Broken Army X-Files Stealth Man ( 2023 )

Neither Heaven Nor Earth (2015) 6.3
Neither Heaven Nor Earth (2015)  ဒီဇာတ်ကားက ပြင်သစ် ​War/thrillerဇာတ်ကားဖြစ်ပြီး IMDb 6.3RTမှာ92%ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းက​တော့ အာဖဂန်နဲ့ပါကစ္စတန်နယ်စပ်မှာ တာဝန်ကျတဲ့ စစ်တပ်တစ်ခုမှာ တပ်သား​တွေတစ်​​ယောက်ပြီးတစ်​ယောက် အစအနရှာမရဘဲ ​ပျောက်ကုန်ရာက​နေစပါတယ်။အစပိုင်းမှာ​တော့ တပ်ခွဲကပ္ပတိန်အ​နေနဲ့ နယ်ခံရန်သူ​တွေ၊ရွာခံ​တွေက ပြန်ပေးဆွဲထားတာလို့ ထင်ခဲ့​မိပေမယ့် ​နောက်ကျ​တော့တပ်သား​တွေက ​နေ​ရောညပါမကျန် ရုတ်တရက်​ပျောက်တဲ့ အဆင့်​​ရောက်လာပါ​တော့တယ်။ ဒီလိုနဲ့ ​ပျောက်ဆုံးရတဲ့အ​ကြောင်းရင်းကိုရှာရင်း ပြဿနာက သူတို့ထင်ထားတာထက် အများကြီး ပိုနက်ရှိုင်း​နေမှန်း သိလိုက်ရပါ​တော့တယ်။ File size…1.86 GB / 906MB Quality…Web-Rip  1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Fantasy , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Neither Heaven Nor Earth (2015)

American Outlaws (2023) 5.5
American Outlaws (2023)  American Outlaws ဆိုတဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားထဲမှာတော့လီဂရေ့စ် ဒေလန်ရိုင်ယန်လို့ခေါ်တဲ့ ဒိုဟာတီမိသားစုဝင် မောင်နှမသုံးယောက်ရဲ့ ဝရမ်းပြေးဘဝကိုအသေးစိတ်ရိုက်ကူးပြသထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။သူတို့မောင်နှမသုံးယောက်ဘယ်လိုဝရမ်းပြေးတွေဖြစ်လာသလဲဆိုတာကိုပြောရရင်ရိုင်ယန်ကခံဝန်နဲ့လွတ်ထားတာမကြာသေးပဲ စောင့်ကြည့်ခံထားရတဲ့အပြင်မှတ်ပုံတင်ပါမရှိတဲ့အတွက် နှစ်ရက်နေရင်အဖမ်းခံရတော့မှာပဲဖြစ်ပါတယ်။သူတို့မောင်နှမသုံးယောက်ကလည်း အရမ်းဆင်းရဲတဲ့အတွက် ကျရာအလုပ်လုပ်ကိုင်နေရတဲ့သူတွေဖြစ်ပါတယ်။ဒီလိုနဲ့ အစ်ကိုအကြီးဆုံးဖြစ်တဲ့ ဒေလန်ကသုံးယောက်သား တခြားနိုင်ငံကိုထွက်ပြေးနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။သူတို့မောင်နှမသုံးယောက်လည်း သေချာစဉ်းစားဆုံးဖြတ်ပြီးတဲ့ နောက်မှာတော့နယ်စပ်ကိုခိုးဖြတ်ဝင်ဖို့အတွက် သဘောတူခဲ့ကြပါတော့တယ်။ရိုင်ယန်လည်းသူ့ရဲ့မွေးဖွားခါနီးကောင်မလေးကိုထားခဲ့ရပြီး ထွက်လာခဲ့ပါတော့တယ်။ဒါပေမယ့်လမ်းမှာကားကို အရှိန်တင်မောင်းလို့ ရဲကားအလိုက်ခံရတဲ့အချိန်မှာသေနတ်နဲ့ပြန်ပစ်လို့ အမှုပတ်သွားပါတော့တယ်။ဒီလိုနဲ့သူတို့လည်းဆက်ထွက်ပြေးရင်းနဲ့ပိုက်ဆံလိုအပ်လာတဲ့အတွက်ဘဏ်ကိုပါဓားပြဝင်တိုက်ခဲ့ပါတော့တယ်။ဒီလိုနဲ့တစ်မှုကနေနှစ်မှုဆင့်လာပြီး နောက်မှာတော့ သတင်းတွေထဲမှာရောရေဒီယိုတွေထဲမှာပါနာမည်ကြီးလာတဲ့ ဝရမ်းပြေးတွေဖြစ်လာခဲ့ပါတယ်။တခြားနိုင်ငံကိုကူးဖို့နယ်စပ်တောင်မရောက်သေးပဲ နဲ့ဒီလောက်အမှုတွေကြီးနေတဲ့ ဝရမ်းပြေးမောင်နှမသုံးယောက်ထွက်ပြေးဖို့ဆိုတာဖြစ်နိုင်ဦးပါ့မလား။သူတို့ရဲ့ဝရမ်းပြေးဘဝတွေမှာဘယ်လိုနေထိုင်ရလဲ သူတို့ရဲ့ငယ်ဘဝတွေကရောဘယ်လိုတွေဖြစ်ခဲ့လို့ဒီလောက်ဆိုးသွမ်းနေတဲ့လူတွေဖြစ်ရတာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.73 GB / 730 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

American Outlaws (2023)

Tumbal Kanjeng Iblis(2022) 6.5
Tumbal Kanjeng Iblis(2022) Tumbal Kanjeng Iblis(2022)*************************မတူညီကြတဲ့ယုံကြည်ကိုးစားမှုတွေက ဒီကမ္ဘာမှာဒုနဲ့ဒေးရှိသလိုကိုယ်လိုချင်တာတစ်ခုအတွက် အခြားသူတွေကိုချနင်းစတေးဖို့ ဝန်မလေးတဲ့လူတွေလည်း အများအပြားရှိပါတယ် ...မိသားစုလေးတစ်ခုမှာ ပူတရီနဲ့တီအာဆိုတဲ့ညီအမနှစ်ယောက်ရှိတယ် ပူတရီကောလိပ်တက်ဖို့ တစ်ခြားမြို့ကိုသွားပြီးနောက် ၂နှစ်ကြာတဲ့အထိ သတင်းအဆက်အသွယ်မရ ပျောက်ဆုံးသွားခဲ့တယ်,,,,ကျန်းမာရေးယိုယွင်းလာတဲ့ ဖခင်ကို ဆေးရုံတင်ထားခဲ့ရပြီးတီအာ သူ့အစ်မကိုရှာဖို့ ထွက်လာခဲ့တယ် ...သူ့အစ်မနေခဲ့တယ်လို့ ယူဆရတဲ့အဆောင်မှာ နေပြီး သူ့အစ်မသတင်းကိုစုံစမ်းဖို့ကြိုးစားတယ်...အဆောင်ပိုင်ရှင် ရိုဆာက ရှေ့မှာအင်မတန် ဖော်ရွေလှပေမယ့် နောက်ကွယ်ကမူမမှန်တာတွေကို တွေ့ပြီး တီအာ သံသယတွေဝင်လာတယ် အဆောင်ရောက်ပြီးညတိုင်းအိပ်မက်ဆိုးတွေမက်နေပြန်တယ် သူ့အစ်မပျောက်ဆုံးမှုနောက်ကွယ်မှာဘယ်လိုအရာတွေ ရှိနေတာလဲ.... သူမအဖေရဲ့ အဖြေရှာမရ ဆိုးဝါးလှတဲ့ ကျန်းမာရေးပြဿနာတွေရဲ့ဇစ်မြစ်ကဘာလဲ ကြောက်မက်ဖွယ်ကောင်းတဲ့ ကျိန်စာဆိုးကြီးကနေတီအာ လွတ်မြောက်နိုင်မလားဆိုတာ...။ ဒီဇာတ်လမ်းလေးက ကြောက်တတ်တဲ့သူတွေဆို တစ်ယောက်ထဲမကြည့်သင့်ပါဘူးအသည်းယားစရာကောင်းတဲ့ သွေးသံရဲရဲ ကြောက်စရာမြင်ကွင်းတွေ ပါတာမို့လို့ပါ။File size… 995MB& 416MB Quality… WEB-DL1080p,720p Format…mp4 Duration….1hr 33min Genre ….. Horror , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by AOI
movie

Tumbal Kanjeng Iblis(2022)

Brightburn (2019) 6.5
Brightburn (2019) IMDb Rating (6.1)ဒါကတော့ စူပါဟီးရိုး ဟော်ရာ အမျိုးအစားပါဇာတ်လမ်းအကျဉ်းကတော့ လယ်သမားလင်မယားနှစ်ယောက်ဆီကိုအာကာသယာဉ်နဲ့အတူ ကလေးလေး တစ်ယောက် ပါလာခဲ့တယ်။သူတို့ အဲဒီကလေးကို မွေးစားခဲ့တယ်။အခြားဂြိုလ်က လာတဲ့ ဒီကလေးဟာ ကမ္ဘာသားတွေနဲ့မတူပဲ ထူးခြားတဲ့အစွမ်းတွေရှိနေခဲ့တယ်။ ဒီဇာတ်လမ်းမျိုး ထပ်ခါထပ်ခါ ကြားဖူးကြမှာပါ။ဒါဟာ စူပါမန်းရဲ့ ဇာတ်လမ်းပါပဲ။အခြားဂြိုလ်က လာတဲ့ စွမ်းအားရှင်လေးဟာ ကမ္ဘာကြီးကို ကာကွယ်သူဖြစ်လာခဲ့တယ်ပေါ့။တကယ်လို့ အဲဒီလိုအစွမ်းနဲ့ လူတစ်ယောက်ကဆိုးသွမ်းသွားရင် ဘာတွေဖြစ်လာမလဲ။ကမ္ဘာကြီးကို ကာကွယ်မယ့်အစား ဖျက်ဆီးဖို့ကြိုးစားရင် ဘာဖြစ်လာမလဲ။ဒီမှာ ကြည့်ရမှာပါ။စာတန်းထိုးအပြီးမှာ အခန်းအပိုပါ ပါသေးတယ်။စောင့်ကြည့်ဖို့မမေ့ပါနဲ့။အခြား ဟီးရိုးတွေရဲ့ အရိပ်အယောင်ကိုပါ မြင်ရပါလိမ့်မယ်။ File size…(3 GB)/ (1 GB)/(685 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:30:30 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littleneo
movie

Brightburn (2019)

2019
4K HEVC
Death Notice ( 2023 ) 6.2
Death Notice ( 2023 ) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်း ဇာတ်လမ်းကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -ကိုယ့်ကိုယ်ကိုယ် တရားမျှတသူအဖြစ် ခေါ်ဆိုနေတဲ့ လျှို့ဝှက်ကွင်းဆက်လူသတ်သမား Darker ဆိုသူဟာ ရဲတပ်ဖွဲ့ကို စိန်ခေါ်ခဲ့ပါတယ်။ "သေဆုံးခြင်းအကြောင်းကြားစာ" များကို ဆက်တိုက်ပို့ခဲ့ပြီး အပို့ခံရသူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။အမှန်တရားကို စုံစမ်းဖို့အတွက် ပေါက်ကွဲမှုမှာ မျက်မြင်သက်သေဖြစ်ခဲ့သူ ဟွမ်ရှောက်ဖျင်၊ ရဲမှူးလော်ဖေး၊ မှုခင်းတပ်ဖွဲ့အဖွဲ့ခေါင်းဆောင် ဟန်ဟောက်တို့ဟာ Darker ရဲ့ အစီအစဉ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။Darker က ဘယ်သူဖြစ်မလဲ...... အသတ်ခံရတဲ့လူတွေကရော ဘယ်လို ပြစ်မှုတွေကို ဖုံးကွယ်ထားသလဲ...... ဆိုတာကို plot twist အပြည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဟောင်ကောင်ရှုပ်ရှင်ကောင်းတွေ ရှားပါးနေတဲ့အချိန်မှာ ဟောင်ကောင်ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အပြည့်အဝ အားဖြည့်ထားတဲ့ ဒီရုပ်ရှင်လေးကိုတော့ မကြည့်မဖြစ်ကြည့်ကို ကြည့်သင့်ပါတယ်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 40 min Subtitle : Myanmar Subtitle ( ...
movie

Death Notice ( 2023 )

10 Days of a Good Man (2023) 6.5
10 Days of a Good Man (2023)  ဇာတ်ကားနာမည်ကတော့ မြန်မာလိုဘာသာပြန်ရရင် "လူကောင်းတစ်ယောက်ရဲ့ဆယ်ရက်တာ" တဲ့။ လူကောင်းဆိုတာ ဘယ်လိုလူမျိုးတွေသတ်မှတ်ကြတာလဲ။အကြမ်းဖျင်းသတ်မှတ်ရရင် သူများကို ဒုက္ခမပေး၊အန္တရာယ်မပေး၊ သစ္စာရှိပြီးယုံကြည်ရတဲ့လူမျိုးတွေပေါ့။ဒီဇာတ်ကားထဲက ဆာဒစ် ဟာလည်း အဲ့လိုလူစားမျိုးပဲ။"ကောင်းလွန်းရင် လူပါးဝခံရတတ်တယ်" ဆိုတဲ့စကားအတိုင်းပဲ ဆာဒစ်လည်းအဲ့ဒဏ်ကိုကောင်းကောင်းခံခဲ့ရတယ်။ ဘယ်လောက်ထိလဲဆိုရင် သူ့ဘဝကြီးပြောင်းပြန်လှန်သွားတဲ့အထိပဲ။ ဒီလိုနဲ့ ရှေ့နေအလုပ်ကနေပါ နားလိုက်ရပြီးအလွတ်တမ်းစုံထောက်သဘောမျိုးပဲ လုပ်ကိုင်နေတော့တယ်။ တစ်ရက်ကျသူ့ရဲ့ ရှေ့နေမိတ်ဆွေတစ်ယောက်က သူ့ကလေးထိန်းရဲ့ သားပျောက်သွားလို့စုံစမ်းပေးပါဆိုပြီး အလုပ်အပ်လာခဲ့တယ်။ ဒီလိုနဲ့ လူကောင်းတစ်‌ယောက်ရဲ့ဆယ်ရက်တာ အစပြုခဲ့တာပေါ့။တစ်ဖက်မှာလည်း ထူးဆန်းတဲ့လူနှစ်ယောက်က လူတွေသတ်ပြီး လက်စဖျောက်ပစ်နေတဲ့ကိစ္စကလည်းဖြစ်နေသေးတယ်။ ဒါတွေနဲ့ ပျောက်ဆုံးနေတဲ့ ကောင်လေးကရောဘယ်လိုအဆက်အစပ်ရှိတာလဲ။ ဒီကောင်လေးကဘာလို့ပျောက်ဆုံးသွားတာလဲ။အဲ့ကောင်လေးကရော ဘယ်လိုလူမျိုးလဲ။ ဒီလိုမေးခွန်းတွေအပြင်ကိုမှ လူတွေရဲ့အရှုံးပေးသူကိုမှ အနိုင်လိုချင်တတ်တဲ့ စိတ်ထားတွေ၊ ကိုယ်ချစ်ရတဲ့သူက သစ္စာဖောက်တဲ့အခါ နှစ်ခါပြန်သေခဲ့ရတာမျိုးတွေ၊ ကိုယ်ကျိုးပဲကြည့်ပြီး ဘယ်သူဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်ထားမျိုးတွေ၊ ဒီလိုတွေ့နေမြင်နေကျ လူ့သဘောလူ့သဘာဝတွေကိုလည်းဒီဇာတ်ကားထဲမှာတွေ့ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက တူရကီ film တစ်ခုဖြစ်ပြီးCrime/ mystery အမျိုးအစားမျိုးဖြစ်တာကြောင့် လူပျောက်ရှာပုံတော်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆယ်ရက်တာအတွင်း လူကောင်းတစ်ယောက် ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကြည့်ရှုခံစားလိုက်ကြပါဦး။  File size…1.58 GB/ ...
movie

10 Days of a Good Man (2023)

10 Days of a Bad Man (2023) 6.1
10 Days of a Bad Man (2023)  ဒီ "10 Days of a Bad Man" ဆိုတဲ့ Turkish Netflix ဇာတ်ကားထဲမှာဆာဒစ်ခေါ် အာဒေးလ်ဆိုသူ လူတစ်ယောက်ရဲ့ ဆယ်ရက်တာခရီးကြမ်းတစ်ခုကိုDrama Thriller ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ဆာဒစ်ဆိုတဲ့သူတစ်ယောက် ကားအက်စီးဒန့်ဖြစ်ပြီး သေကံမရောက်သက်မပျောက်ခဲ့ပေမယ့် အဲ့ကားကလူဆိုးဂိုဏ်းတစ်ခုရဲ့ကားဖြစ်နေတော့ပြန်လျော်ဖို့ကလည်းပိုက်ဆံမရှိ။ ဒီတော့သူတို့ခိုင်းတဲ့အတိုင်း အလုပ်တစ်ခုလုပ်ပေးရယ်ဆိုပြီး သဘောတူခဲ့ရတယ်။ အဲ့လိုလုပ်ပေးရင်းနဲ့ တစ်ခြားဘက်မှာလည်း လူသတ်မှုတစ်ခုအတွက် သူ့ကိုလိုက်ပေးဖို့ အသိမိတ်ဆွေတစ်ယောက်က ပြောလို့လက်ခံပေးလိုက်ရတယ်။ တစ်ဖက်ကသူ့ကိုခိုင်းထားတဲ့အလုပ်ရဲ့နောက်ကွယ်မှာ ဘယ်လိုလှည့်ကွက်တွေရှိပြီးတော့ သပွတ်အူလိုရှုပ်နေတဲ့အမှုကို ဆယ်ရက်အတွင်း ဘယ်လိုပြီးပြတ်အောင် လုပ်ဆောင်သွားမလဲဆိုတာကိုတော့စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားကြပါလို့ ပြောကြားရင်း....  File size…1.06 GB/ 768MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….2h 3m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZZA
movie

10 Days of a Bad Man (2023)

Strange Case in Western Hunan ( 2023 ) 5.9
Strange Case in Western Hunan ( 2023 ) အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် သဲထိတ်ရင်ဖို ရုပ်ရှင်လေးတစ်ကား ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ရှန်းရှီးလူမျိုးတွေဟာ ဇာတိမြေကို တန်ဖိုးထားကြပြီး သစ်ရွက်ကြွေဟာ အမြစ်ဆီပြန်ရမယ်ဆိုတဲ့ ရိုးရာရှိပါတယ်။ နယ်မြေလမ်းခရီးကြမ်းတမ်းလှတဲ့အတွက် အလောင်းနှင်သူဆိုတဲ့ လုပ်ငန်းတစ်မျိုးလည်း ပေါ်ထွက်လာပါတယ်။လုံချီးရဲနဲ့ တပည့်ဖြစ်သူ လုံဖျင်အန်းတို့ဟာ ထိုနယ်မြေမှာ နာမည်ရှိတဲ့ အလောင်းနှင်သူတွေပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က လုံချီးရဲဟာ အလောင်းနှင်စဉ် အလောင်းနှင်သူတို့ အကြောက်ဆုံးဖြစ်တဲ့ အလောင်းပြန်ရန် နေရာမရှိခြင်းကို ကြုံတွေ့ခဲ့ရပါတယ်။နှစ် ၂၀ ကြာပြီးနောက် ခေါင်းမဲ့အလောင်းတစ်ခုပေါ်လာခဲ့ပြီး မြို့ထဲမှာ ထူးဆန်းကြောက်လန့်စရာကောင်းတဲ့ ကိစ္စတွေ ဆက်တိုက်ဖြစ်ပျက်နေပါတယ်။ ဒီကိစ္စဟာလည်း လွန်ခဲ့တဲ့ နှစ် ၂၀ က လုံချီးရဲအလောင်းနှင်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်နေပါသတဲ့။လွန်ခဲ့တဲ့ နှစ် ၂၀ က အဖြစ်ရဲ့ အမှန်တရားက ဘယ်လိုဖြစ်မလဲ...... ယခုမြို့ထဲက လူသေမှုပေါင်းများစွာရဲ့ နောက်ကွယ်မှာ ဘယ်သူက ကြိုးကိုင်ထားတာလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller ...
movie

Strange Case in Western Hunan ( 2023 )

The Way Out (2022)
The Way Out (2022) လောကကြီးမှာ လူမျိုးစုံ စရိုက်မျိုးစုံရှိကြပါတယ် အဲဒီလိုပဲ ကြုံရတဲ့ လောကဓံတွေကလည်း မျိုးစုံပါပဲ မတူတဲ့ လောကဓံတွေကို တုံ့ပြန်ကြတဲ့ ပုံစံကလည်း အမျိုးမျိုအထွေထွေကိုရှိနေတာပါ။ဒီကားလေးထဲမှာတော့ အဖေနဲ့ အဆင်မပြေ အနိုင်ကျင့်ခံရလို့ စိတ်ညစ်ပြီး အရက်သောက်နေရာကနေ အရက်ဖြတ်ပြီး ၁နှစ်ကျော်ကြာတဲ့အချိန်မှာ အဖေ့ဆီပြန်သွားတော့ အဖေက အိမ်ထဲမှာ အသတ်ခံထားရတာကနေ ဇာတ်လမ်းလေးကို အစပြုထားတာပါ။ ကိုယ်နဲ့ဘယ်လောက်ပဲ မတည့်မတည့် ဖခင်အရင်းတစ်ယောက် အသတ်ခံလိုက်ရတာကိုတော့ အနည်းနဲ့အများ ဝမ်းနည်းကြတာချည်းပါပဲ။ အဲဒီလိုနဲ့ အဖေ့ရဲ့ အမွေအဖြစ် အိမ်ကြီးရော ကားတစ်စီးပါ ရသွားပေမဲ့ အပိုဆောင်းအနေနဲ့ အကြွေး ဒေါ်လာ ၅၀၀၀ပါ ကျန်ခဲ့သေးတာဆိုတော့ ပိုက်ဆံရှာဖို့အတွက် အိမ်ကြီးဆီမှာ လူငှားတင်ရတော့တာပါပဲ။အိမ်လာငှားတဲ့ လူကလည်း တောင့်တောင့်ဖြောင့်ဖြောင့် အားကစားနည်းပြ ငှားပေးတဲ့သူကလည်း လောလောလတ်လတ် အဖေဆုံးပါးသွားရတဲ့ လိင်တူချစ်တဲ့သူ သူတို့တွေ့သွားချိန်မှာတော့ အားကစားနည်းပြရဲ့ အသွန်အသင်တွေနဲ့ လောကဓံကြီးကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲ ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာတွေကို တဝကြီးကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ File size…(950 Mb)/(440 ...
movie

The Way Out (2022)

Absentia (2011) 5.8
Absentia (2011)  Absentia 2011 ကတော့ စိတ်လှုပ်ရှားစရာ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို horror movie လို့ ညွှန်းဆိုလိုက်လို့ စိတ်ကူးပေါက်ရာ ဇာတ်လမ်းလုပထားတဲ့ စိတ်ကူးယဥ် horror movie လို့တော့ တွေးလို့မရပါဘူး။ စိတ်လှုပ်ရှားစရာတွေကိုလည်း တွေ့ရမှာ ဖြစ်သလို တွေးစရာတွေလည်း ပါတာဖြစ်တာမို့ horror တစ်ပိုင်း mythology တစ်ပိုင်း ပေါင်းစပ်ထားတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။ ပြီးတော့ သိပ္ပံနည်းကျ တွေးခေါ်မှုနဲ့ ချည်းကပ်ထားတာလည်း ပါနေတာကြောင့် ခံစားချင်တဲ့သူတွေအတွက်တင် မဟုက်ဘဲ တွေးတော ချင်တဲ့ သူတွေအတွက်ပါ ကြည့်ရှုဖို့ သင့်လျော်ပါတယ်။ ဇာတ်လမ်းမှာ ထရေရှာဆိုတဲ့အမျိုးသမီးရဲ့ အမျိုးသားဟာ တစ်နေ့တော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး ဘယ်မှာမှ ရှာမတွေ့ကြဘူး။ ဖြစ်ချင်တော့ ပျောက်နေတာက သူ့အမျိုးသား တစ်ဦးတင်မဟုက်ဘဲ သူတို့ပတ်ဝန်းကျင်က သူတွေပါ ပျောက်နေတာကို သိရတဲ့အခါမှာတော့ စဥ်းစားရခက် / လက်ခံရခက် ...
movie

Absentia (2011)

The Untamed (2016) 6.1
The Untamed (2016)  ဒီဇာတ်ကားဟာ ၂၀၁၆ခုနှစ်ထွက် မက္ကဆီကန် Thriller, horrorအမျိုးအစားဖြစ်ပြီး IMDb 6.1နဲ့ RTမှာ87%ထိ ရထားပါတယ်။အိမ်​ထောင်​​​ရေးသုခ မပြည့်စုံတဲ့ လင်မယား၂​ယောက်၊ ခင်ပွန်းဖြစ်သူက ​​ဂေးဖြစ်တဲ့ယောက်ဖနဲ့ ဖောက်ပြန်​နေချိန် ဗာရိုနီကာလို့​ခေါ်တဲ့ မိန်းက​လေးတစ်​ယောက်က သူတို့ကြားကို ဝင်လာချိန်ကစပြီး ပြဿနာ​တွေမျိုးစုံ ဖြစ်လာပါ​တော့တယ်။ဗာရိုနီကာက ​တောတွင်းတစ်​နေရာက သစ်လုံးအိမ်ထဲမှာ ​နေသူဖြစ်ပြီး ထိုအိမ်ထဲမှာ​ လျှို့ဝှက်ချက်တစ်ခုရှိ​နေပါတယ်။ အစမှာ ​မောင်ဖြစ်သူ ​ဖေဘီယန်ကို ​အဲဒီကိုခေါ်သွားပြီး ကိုမာ​​ရောဂါရပြီး​ဆေးရုံတက်ရတဲ့ထိ ဖြစ်သွားသလို ​နောက်ပိုင်းမှာ အစ်မဖြစ်တဲ့အလက်ဂျန်ဒရာကိုပါ ထိုအိမ်ကို​​ခေါ်သွားခဲ့တာပါ။ ထိုအိမ်ထဲမှာရှိတဲ့အရာက ဘယ်လိုအရာမျိုး ဖြစ်​နေမလဲ။ ဘယ်လိုပြဿနာ​တွေကို ဇာတ်လိုက်မိသားစု​၃​​ယောက်ကြား ယူ​ဆောင်လာမလဲဆိုတာ thrillerဆန်ဆန် ကြည့်ရှူရမှာပါ။ File size…1.69GB / 791MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

The Untamed (2016)

Detective Dee And Ghost Soldier Borrowed ( 2023 ) 5.9
Detective Dee And Ghost Soldier Borrowed ( 2023 ) စုံထောက်ကြီးဒီးရဲ့ ပြောမဆုံးပေါင်တောသုံးတောင် အမှုတွေထဲက ထူးဆန်းတဲ့အမှုနောက်တစ်မှုလာပါပြီ...... ဘုရင်မကြီးဝူကျယ်ထျန်းဟာ သူ့ရဲ့ဇာတိဖြစ်တဲ့ ပင်းကျိုးကိုပြန်လာပြီး ဘိုးဘေးကန်တော့်ဖို့ရောက်လာတဲ့အချိန်မှာ တစ်မိသားစုလုံးသတ်ခဲ့ရတဲ့ ထူးဆန်းတဲ့လူသတ်မှုဖြစ်လာခဲ့ပါတယ်။အဲဒီလိုနဲ့ပင်းကျိုးက အားထားရတဲ့စုံထောက်ကြီးဖြစ်တဲ့ ဒီးရန်ကျယ်က ဒီအမှုကိုတာဝန်ယူပြီးစုံစမ်းတော့တာပေါ့။ ဒီးရန်ကျယ်ဟာ မီးခိုးကြွက်လျှောက် အမှုကိုလိုက်ရင်း တစ်နေ့မှာတော့ တစ္ဆေလိုလိုနတ်လိုလိုပေါ်လာပြီး မရဏနန်းတော်က အမှောင်စစ်သည်ပါဆိုပြီး ဒီအမှုကိုဆက်ပြီးမစုံစမ်းဖို့ ခြိမ်းခြောက်တာပေါ့။ဒါမျိုးခြိမ်းခြောက်တာမျိုးတော့ စုံထောက်ကြီးဒီးတို့ကဘယ်မှုမလဲ...... ကဲ......စုံထောက်ကြီးဒီးကအမှုကိုဘယ်လိုဆက်ဖော်သွားလဲ အမှန်တရားကဘယ်လိုလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါဦးနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Detective Dee And Ghost Soldier Borrowed ( 2023 )

Narcosis (2022) 7
Narcosis (2022) Narcosis (2022)ပူဆွေးသောကဆိုတာ လူတိုင်းမှာရှိစမြဲပါ။ တချို့ကတော့ ဒီသောကကို ယစ်မူးစေတတ်တဲ့အရာတွေနဲ့ ဖြေသိမ့်တတ်ကြတယ်။ တချို့ကျတော့ ကိုယ့်ရဲ့အချစ်ဆုံးသောသူတွေရဲ့မေတ္တာကြောင့် ဒီအပူတွေက အလိုလိုငြိမ်းသွားတတ်ကြပါတယ်။ တချို့ကျတော့ ကြုံကြုံသမျှအခက်အခဲမှန်သမျှကို ကိုယ်တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရတာပေါ့။ ဒီဇာတ်ကားမှာတော့ အဖြစ်ဆိုးတစ်ခုနဲ့ တွေ့ကြုံလိုက်ရတဲ့ မိသားစုတစ်စုရဲ့ ရင်ဆိုင်လာရတဲ့ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြလဲဆိုတာကို ရှုမြင်ရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့ နာမည်ကြီး ဒတ်ခ်ျဒါရိုက်တာ Martijn de Jong ကိုယ်တိုင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆုပေါင်း ၉ ခုနဲ့ IMDb ဆို 7/10 အထိရရှိထားပါသေးတယ်။ဒီဇာတ်ကားမှာဆိုရင်တော့ ရိုးရှင်းမှုရဲ့သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်းမြင်အောင် CGI တွေကိုလည်း လျှော့သုံးထားပါတယ်။ သည်းထိတ်ရင်ဖိုကြိုက်တတ်တဲ့သူတွေအတွက်တော့ အားမရတာမျိုးဖြစ်စေနိုင်ပေမဲ့ ရိုးရိုးလေးတွေကြိုက်တတ်တဲ့သူတွေအတွက်တော့ ဖီးလ်အပြည့်ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.05GB, 891MB Quality - 1080p, 720p IMDb Rating - 7/10 Format ...
movie

Narcosis (2022)

2022
Boy in the Walls (2023)
Boy in the Walls (2023)  မိသားစုလေးတစ်ခုက မြို့နဲ့ ၄၅မိနစ်လောက်ဝေးတဲ့ မြို့ပြင်းနားလေးတစ်နေရာမှာရှိတဲ့ အိမ်ကြီးဆီကို ပြောင်းလာတာကနေ ဇာတ်လမ်းလေးကို အစပြုထားတာပါ။ အဲဒီအိမ်ကြီးမှာ မိန်းမကြီးတစ်ယောက်ကသေသွားခဲ့ဖူးပါတယ်။ ပြောင်းလာတဲ့မိသားစုမှာ ယောကျာ်းက သူ့အရင်ဇနီး ကင်ဆာနဲ့ဆုံးသွားလို့ နောက်ဇနီးယူထားပြီး အရင်ဇနီးနဲ့ ရတဲ့ ကလေး၂ယောက်ပါ ပါတယ်။ ကလေးတွေက မိထွေးကိုတော့ သိပ်ကြည့်တဲ့ပုံမပေါ်ပါဘူး။မိထွေးကလည်း ကလေးတွေနဲ့ အဆင်ပြေအောင်ကြိုးစား ကလေးတွေကလည်း မိထွေးဆို ကလန်ကဆန်လုပ်နေရင်းကနေ ယောကျာ်းက အလုပ်ကိစ္စနဲ့ ခရီးခန ခန သွားရတော့ အိမ်မှာသူတို့ပဲကျန်တာက များပါတယ်။ ဒီလိုနဲ့ အိမ်ထဲမှာ ပစ္စည်းတွေပျောက် မူမမှန်တာတွေဖြစ်လာတော့ အချင်းချင်းအပြစ်တင်ကြရာကနေ ဘာတွေဆက်ဖြစ်ကြမလဲ မိထွေးနဲ့ ကလေးတွေရော အဆင်ပြေသွားပါ့မလား ပစ္စည်းတွေက ဘာလို့ပျောက်နေရတာလဲ ဘာတွေမူမမှန်ဖြစ်နေရတာလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(700 Mb) Quality….Webrip 720p Format…mp4 Duration….01:27:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield
movie

Boy in the Walls (2023)

Surongo (2023) 6.6
Surongo (2023) Surongo (2023) IMDb-6.6/10မထင်မှတ်ထားတဲ့ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့ မင်းသားကြီးအာဖရန်နီရှိုးရဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ငွေ သန်းနှစ်ဆယ်အသုံးပြုရိုက်ကူးခဲ့ပြီး နှစ်ဆကျော်ပြန်လည်ရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားလေးလည်းဖြစ်ပါတယ်။မာဆုဒ်ဆိုတာ ရွာထဲမှာလျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်နေတဲ့လူငယ်တစ်ယောက်။ တစ်ရက်စျေးထဲဓာတ်တိုင်က မီးသီးတက်ပြင်နေရင်း မြင်လိုက်ရတဲ့မိုနာဆိုတဲ့အမျိုးသမီးလေးကြောင့် အချစ်မှာကျရှုံးမိပါလေရော။ချစ်သူတောင်းဆိုသမျှ လိုက်လျောဖို့အသင့်ဖြစ်နေခဲ့သူလေး မောင်မာဆုဒ်တစ်ယောက် ဆန္ဒတွေပြည့်၀သွားပြီး ချစ်သူနဲ့နှစ်ကိုယ်တူလက်ထပ်ပေါင်းသင်းပြီးနောက်မှာတော့ လိုအင်ဆန္ဒတွေများပြားလွန်းလှတဲ့ ဇနီးဖြစ်သူမိုနာရဲ့ တောင်းဆိုမှုလိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းမပေးနိုင်တော့။ချစ်ဇနီးမျက်နှာအညှိုးမခံချင်သူ မာဆုဒ်တစ်ယောက်မိဘ လက်ငုတ်လက်ရင်း အိမ်လေးကိုပေါင်ပြီး မလေးရှားတက်အလုပ်လုပ်ပါလေရော။အထက်မှာပြောခဲ့သလိုပဲ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကနေ မထင်မှတ်ထားတဲ့ဇာတ်ကွက်ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~YH~Zwe~BpL~Vတို့ပဲဖြစ်ပါတယ်) File size…1.8GB  /  900MB Quality…1080p WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~YH~Zwe~BpL~V
movie

Surongo (2023)

2023