Channel Myanmar

Mystery

Friday the 13th (1980) 6.4
Friday the 13th (1980) Friday the 13th (1980)~ IMDb - 6.4/10, Rotten Tomatoes - 64% ~ရေနစ်ပြီး သေသွားတဲ့ကောင်လေးတစ်ယောက်က ရေကန်အောက်မှာပဲ အရိုးဆွေးရမှာပဲမဟုတ်လား။ ဟင့်အင်း။ သူ့မှာ အငြိုးတွေရှိတယ်။ မပြေနိုင်တဲ့ အာဃာတတွေ။ ဒီလိုနဲ့ ရေနစ်သေသွားပြီဆိုတဲ့ ဂျေဆင် ဆိုတဲ့ကောင်လေးဟာ ယုတ္တိဗေဒနိဿယတွေကို ကျော်လွန်ပြီး အကောင်အထည်သတ္တဝါအဖြစ် လူ့လောကထဲကို ပြန်ဝင်လာခဲ့တယ်။ဒီလိုနဲ့ ကျွန်တော်တို့ ဟော်ကီမျက်နှာဖုံးစွပ်အောက်က ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားကြီး ဂျေဆင် ကို အားပါးတရ ကြည့်ခွင့်ရလိုက်တာပါပဲ။ စုစုပေါင်း ၁၂ ကားတောင်ရှိတယ်ဆိုတော့ တစ်ရက်တည်းများ ကြည့်လိုက်ရရင် လူတောင် ကြောင်တောင်တောင်ဖြစ်သွားလောက်ရဲ့။အခုတင်ဆက်ပေးမှာကတော့ ဂျေဆင် ကိုမွေးဖွားပေးခဲ့တဲ့ ပထမဆုံးဇာတ်ကားပါပဲ။ ခရစ်စတယ်ရေကန်စခန်းဟာ သွေးစခန်းလို့ အမည်တွင်တဲ့ စခန်းချလည်ပတ်ရာ တောတွင်းသဘာဝရေကန်လေးတစ်ခုပေါ့။ ဒါပေမဲ့ ကျိန်စာသင့်နေတဲ့ ရေကန်စခန်းမှာ လူသေအလောင်းတွေ တစ်လောင်းပြီးတစ်လောင်း ထွက်လာတော့တာပါပဲ။အဲဒီ ခရစ်စတယ်ရေကန်မှာ ဂျေဆင် ...
movie

Friday the 13th (1980)

1980
Dorian Gray (2009) 6.2
Dorian Gray (2009) ဒီဇာတ်ကားက Oscar Wilde ရဲ့ ဂန္တဝင်ဝထ္ထုကိုလိုက်လျောညီထွေနဲ့စွဲမက်ဖွယ်ကောင်းလောက်အောင်ပြန်လည်ပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။လူတွေရဲ့အတ္တနဲ့သေခြင်းတရားအပေါ်ကြောက်ရွံ့မှုတို့ကိုနက်ရှိုင်းတဲ့သဘောနဲ့ပုံဖော်ပြထားပါတယ်။စွဲမက်လောက်စရာရုပ်သွင်ရှိတဲ့ Ben Barners က Dorian Gray ဇာတ်ကောင်နေရာမှာသရုပ်ဆောင်ပေးထားတာကဇာတ်လမ်းနဲ့တကယ့်ကိုလိုက်ဖက်ညီလွန်းပါတယ်။ဇာတ်လမ်းသဘောကတော့သူ့ရဲ့ဝိညဥ်ကိုနတ်ဆိုးနဲ့မမျှော်လင့်ပဲအပေးအယူလုပ်မိသွားတဲ့ကောင်ချောလေးတစ်ယောက်အကြောင်းပါ။ရိုးသားဖြူစင်တဲ့ကောင်ချောလေးဒိုရီယန်ဟာအဖိုးသေဆုံးသွားပြီးအမွေဆက်ခံဖို့အတွက်တောကနေလန်ဒန်မြို့ကြီးကိုရောက်လာခဲ့ပါတယ်။မအူမလည်ဖိုးသခွားလေးဟာ လူရှုပ်လူပွေကြီး Lord Henry နဲ့ပေါင်းမိပြီးတဲ့နောက်မှာကောင်ချောလေးကနေကောင်ဇိုးလေးဖြစ်လာခဲ့ပါတယ်။ဆရာထက်တပည့်လက်စောင်းထက်လာတဲ့ဒိုရီယန်ဟာသူ့ဝိညဥ်ကိုမမျော်လင့်ဘဲ နတ်ဆိုးနဲ့အလဲအလှယ်လုပ်မိသွားတဲ့နောက်မှာမအိုမင်းနိုင်တဲ့ခန္တာကိုပိုင်ဆိုင်သွားပြီးမြင်းကိုဂျိုတပ်ပေးလိုက်သလိုတွေဖြစ်သွားတဲ့အခါ....သူ့နုပျိုမှုကထာဝရခံပါ့မလား အဲ့ဒီအလဲအလှယ်အတွက်သူဘာတွေပေးဆပ်လိုက်ရမလဲဆိုတာဇာတ်ကားထဲမှာဆက်ပြီးစောင့်ကြည့်ပေးကြပါဦး....Ben Bernes က Dorian Gray ရဲ့ ဇာတ်ကောင်ကိုအပြစ်ကင်းစင်တဲ့လူငယ်လေးတစ်ယောက်ရဲ့ဘဝကနေပြီးတော့စိတ်ဝိညဥ်မရှိတော့တဲ့အထိကိုယ့်ကျင့်တရားဖောက်ပြန်စိတ်ဓာတ်ပျက်ပြားတဲ့လူတစ်ယောက်အဖြစ်ကူးပြောင်းလာပုံကို ကျွမ်းကျွမ်းကျင်ကျင်ပဲပုံဖော်ပြသွားပါတယ်။Horry and Mystery vibes မျိုးကိုသေချာခံစားချင်ပြီးတကယ်စိတ်ဝင်စားစရာကောင်းပြီးကြည့်ရတာတန်တဲ့ဇာတ်လမ်းမျိုးကိုရှာနေရင်ဒီဇာတ်ကားလေးကသင်တို့အတွက်ပါပဲလို့...( PS. တစ်ချို့ဇာတ်ဝင်ခန်းတွေက မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်တဲ့အတွက်ကြောင့်ညမှောင်မှောင်မှာ တစ်ယောက်တည်း or သူငယ်ချင်းတွေနဲ့စုကြည့်ကြဖို့ပြောချင်ပါတယ်။)  File size…  1.74 GB /  800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre .....  Drama, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai ...
movie

Dorian Gray (2009)

2009
Dragon Gate Posthouse 5: Flying Butterfly ( 2018 ) 6
Dragon Gate Posthouse 5: Flying Butterfly ( 2018 ) ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ်ဒီမှာရှာပါ ဒါလေးကတော့ လူတွေ မေ့ထားတဲ့ အချစ်ပုံပြင်လေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သိုင်းလောကထဲမှ သူရဲကောင်းစုံတွဲ "လိပ်ပြာပျံ" လို့ နာမည်တွင်နေတဲ့ မုံ့ဖေးနဲ့ ထျန်ယွဲ့တို့ လင်မယားနှစ်ယောက်ဟာ အနောက်ရုံးတော်ရဲ့ အသုံးချချင်းကို ခံခဲ့ရပြီး ထုံကွမ်းမှ နိုင်ငံတော်ငွေတွေကိုခိုးယူခဲ့ပါတယ်။အဲ့နောက်မှာ အနောက်ရုံးတော်မှ လိုက်လံသတ်ဖြတ်ခဲ့ပါတယ်။ မုံ့ဖေးဟာ ချင်တာရဲ့ လုပ်ကြံခြင်းကို ခံရပြီး ချန်းချန်အဆိပ်မိသွားကာ သေဆုံးသွားခဲ့ပါတယ်။ သူမရဲ့ယောကျာ်း သေသွားတာကို လက်မခံနိုင်တဲ့ ထျန်ယွဲ့ဟာ မုံ့ဖေးကို ကျောပိုးကာ မိုင်ထောင်ချီအဝေးကနေ ယွဲ့ယာမြို့မှာ ဆေးကုသပေးနိုင်မယ့် သမားတော်ကို လာရှာခဲ့ပါတယ်။ဖုန်းစစ်ညန်ဟာ ထျန်ယွဲ့ရဲ့ မေတ္တာကြီးမားမှုကြောင့် ခံစားခဲ့ရပြီး တောနက်ထဲဝင်ကာဖြေဆေးတောင်းဖို့ ထွက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ချင်တာဦးဆောင်တဲ့ စစ်တပ်ကြီးဟာ ရပ်နားစခန်းရှေ့သို့လာပြီး ထျန်ယွဲ့တို့ လင်မယားကို သတ်ဖို့ လုပ်လာပါတယ်။ လင်မယားနှစ်ယောက်ကို ကယ်တင်ဖို့အတွက် ရပ်နားစခန်းမှ လူအပေါင်းတို့ဟာ သေရေးရှင်ရေး အန္တရာယ်ကြီးနဲ့ တွေ့ကြုံနေရပါတော့တယ်။စစ်ညန်တစ်ယောက် ဖြေဆေးကို အချိန်မီယူလာနိုင်ပါ့မလား...... ရပ်နားစခန်းရှေ့ရောက်လာတဲ့ စစ်တပ်ကြီးကိုရော ...
movie

Dragon Gate Posthouse 5: Flying Butterfly ( 2018 )

Dragon Gate Posthouse: Howling Moon ( 2018 ) 5.9
Dragon Gate Posthouse: Howling Moon ( 2018 ) Dragon Gate Posthouseရဲ့စတုတ္ထကားလေးပါ ဇာတ်ကားအားလုံးကိုတော့အောက်ကလင့်လေးမှာ တစုတစည်းထဲရှာလို့ရပါတယ်ဒီမှာရှာပါ ဒီကားလေးမှာတော့ မာတာဖုန်းက လုံမိန်ရပ်နားစခန်းရဲ့ ကံခေတဲ့ချစ်သူနှစ်ယောက်ရဲ့အကြောင်းကိုပြောပြနေတာပဲဖြစ်ပါတယ်။ကျန်းယွင်ယန်းဟာ အရာရှိသမီးဖြစ်ပြီး စိတ်ထားမြင့်မြတ်တဲ့မမလေးတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ပွင့်လင်းတဲ့စရိုက်ကြောင့် လုံမိန်ပိုင်ရှင် စစ်ညန်နဲ့အဖွဲ့ကျပြီး ညီအစ်မတွေဖြစ်သွားခဲ့တယ်။ တစ်နေ့မှာတော့ စစ်ညန်ဆီကိုအရေးပေါ် စာတစ်စောင်ရောက်လာလို့ စစ်ညန်ကယွင်ယန်းကိုသွားရှာတဲ့အချိန်မှာ ယွင်ယန်းဟာအနာကြီးရောဂါနဲ့ အသက်ငွေ့ငွေ့သာကျန်ပါတော့တယ်။ဘယ်လိုကြောင့်များ ယွင်ယန်းဟာဒီရောဂါကြီးစွဲကပ်သွားရတာလဲ...... စစ်ညန်နဲ့ မာတာ့ဖုန်းတို့ဟာ ယွင်ယန်းကိုကုသပေးဖို့ ကြိုးစားရင် ရောဂါရဲ့အရင်းအမြစ်ကိုရှာတော့ ဝမ်းနည်းစရာဖြစ်ရပ်ကိုသိလိုက်ပါတယ်...... အဆုံးသတ်ကတော့ အချစ်ဆိုတာအပေးအယူမှမဟုတ်ပဲ...... ကိုယ်ပေးဆပ်သလောက်ပြန်ရဖို့မမျှော်လင့်ကြပါနဲ့တဲ့...... တော်ရုံသာချစ်ကြပါမိတ်ဆွေတို့ရေ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , History , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Dragon Gate Posthouse: Howling Moon ( 2018 )

Stone Turtle (2023) 6.4
Stone Turtle (2023) Stone Turtle (2023)ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ လျို့ဝှက်ပြီးပဟေဠိဆန်တဲ့ဇာတ်ကားလေးပါ အာရစ်ဖ်ဆိုတဲ့လူတစ်ယောက်ကသူ့ညီလေးဟာကျွန်းတစ်ကျွန်းကိုသွားရင်းမတော်တဆပျောက်ဆုံးသွားလို့ သူ့ညီရဲ့ပျောက်ဆုံးမှုကိုရှာဖွေဖို့ ဒဏ္ဍာရီပုံပြင်ပေါင်းများစွာရှိတဲ့အဲ့ဒီကျွန်းကို ရောက်လာခဲ့ပါတယ် အဲ့ကျွန်းပေါ်မှာတော့အမျိုးသမီးတစ်ဦးနဲ့ကလေးမလေးတစ်ဦးတို့နေထိုင်ကြပြီးထိုအမျိုးသမီးကတော့သူ့ကိုသတ်ချင်နေပါတယ် အဲဒီအမျိုးသမီးရဲ့နောက်ကြောင်းကရောဘာလဲ အဲဒီအမျိုးသားကရော သူ့ကိုသတ်မယ့်သူရဲ့လက်ထဲကနေလွတ်မြောက်နိုင်ပါ့မလား အဒီအမျိုးသမီးကရော သူ့ကို ဘာကြောင့်သတ်ချင်နေတာလဲ အာရစ်ဖ်နဲ့အဲ့အမျိုးသမီးရဲ့ပက်သက်မှုကဘယ်လိုလဲဆိုတာပဟေဠိဆန်ဆန်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွန်းကိုတော့ Thae Thae မှရေးသားထားပါတယ်Genre..... Drama, Mystery, Sci-fi Quality…. 1080p | 720p File size… 1.5GB | 574MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie

Stone Turtle (2023)

2022
The Breach (2022)
The Breach (2022) The Breach (2022)~ Rotten Tomatoes - 82% ~မိုးအေးအေးနဲ့ လိုက်ဖက်မယ့် Horror ကားလေးတစ်ကား လာပါပြီ။ဂျွန်ဟောကင်းဟာ ခပ်ခေါင်ခေါင်ဒေသက မြို့ငယ်လေးတစ်မြို့ရဲ့ ရဲမှူးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူလူသူသူအားကျရာအရပ်ဆီကို ပြန်လို့ပြောင်းမိန့်ကျထားပြီဖြစ်တာကြောင့် သူ ပြောင်းရတော့မယ့်ရက်ကို စောင့်စားရင်းနေနေသူ တစ်ဦးဖြစ်ပါတယ်။ တစ်ရက်မှာတော့ ထူးထူးဆန်းဆန်းဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်းတစ်လောင်းဟာ မြစ်စပ်မှာ မျောလို့ တင်လာပါတယ်။ ဒီလိုနဲ့ပဲ ဂျွန်ဟောကင်းတစ်ယောက် သူ့အတွက် ဒီမြို့လေးရဲ့ နောက်ဆုံးဖြေရှင်းရမယ့်အမှုအဖြစ် စတင်ကိုင်တွယ်ရပါတော့တယ်။Horror ကားဆိုတဲ့အတိုင်း များများပြောပြလို့ မကောင်းတာမို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။ လူသားတစ်ဦးရဲ့ နားလည်နိုင်စွမ်းအလွန်က ကြောက်မက်ဖွယ်ပဟေဠိထဲ ဂျွန်ဟောကင်းတစ်ယောက် ဘယ်လိုတွေ ရင်ဆိုင်ရဦးမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါ။ ဒီရုပ်ရှင်ဟာ ကောင်းလှတယ်လို့ မဆိုသာပေမယ့် Best FX Makeup (အထူးပြုလုပ်ချက်မိတ်ကပ်ဆု)ကို ဆွတ်ခူးထားသမို့တော့ သက်ဝင်ကြွရွ အလောင်းလှလှလေးတွေ မြင်ချင်ရင်တော့ လက်မနှေးဘဲ ...
movie

The Breach (2022)

2022
The Exorcists (2023)
The Exorcists (2023)   ဇာတ်လမ်းအစမှာ ဖာသာ ရိုင်လန်ဆီကို လူတစ်ယောက်ရောက်လာတယ်။ရွံ့ကျိုးတဲ့ပုံစံနဲ့ ကိုယ့်ကိုယ်ကို ဖာသာ ရောလ်ကိုတက်စ်ဖြစ်ကြောင်းနှုတ်ဆက်လိုက်ပြီးပရောဂကုပေးဖို့အကူအညီတစ်ခုတောင်းလိုက်တယ်။သူနဲ့အတူ အပနှင်ခဲ့တဲ့သူ ဂျွန်မာဖီဟာသေဆုံးသွားပြီဖြစ်တဲ့အတွက် မသေခင်မှာဖာသာရိုင်လန်ကိုသွားရှာပါလို့မှာခဲ့တဲ့အတွက် လာရောက်ခြင်းဖြစ်ကြောင်းရှင်းပြလိုက်တယ်။ဆရာလည်းဖြစ် မိတ်ဆွေလည်းဖြစ်တဲ့ ဂျွန်မာဖီရဲ့ တောင်းဆိုချက်ကြောင့် လက်ခံလိုက်တယ်။တစ်ဖက်မှာ စစ္စတာ ကယ်ရိုလိုင်းဟာ စိတ်ရောဂါကုဆရာဝန်ဒေါက်တာ ဘတ်ခ်တက်ကိုအကူအညီတောင်းနေတယ်။လက်ရှိဖြစ်နေတဲ့ မကောင်းဆိုးဝါးဝင်ပူးခံထားရတဲ့ ကလေးဟာ ဒေါက်တာဘတ်ခ်တက်ကိုမဖြစ်မနေခေါ်လာခိုင်းတာဖြစ်ကြောင်းရှင်းပြတယ်။ အစပိုင်းမှာ မယုံကြည်ပေမယ့်နောက်ဆုံးမှာ စစ္စတာကယ်ရိုလိုင်းထုတ်ပေးလိုက်တဲ့ဖိုင်ကို ကြည့်ပြီးတော့ လက်ခံလိုက်တယ်။ဒါတင်အားမရသေးဘဲ စစ္စတာကယ်ရိုလိုင်းဟာ နောက်ထပ် အမျိုးသမီး အပနှင် သူဘတ်တစ်ဘုန်းတော်ကြီးကို အကူအညီထပ်တောင်းရပြန်တယ်။ ဒီလို အင်အားကြီးအတွေ့အကြုံရင့်သန်သူတွေကိုအကူအညီတောင်းပြီးနောက်မှာ ကလေးပေါ်မှာဝင်ပူးနေတဲ့မကောင်းဆိုးဝါးကို စတင်ချွတ်ပါတော့တယ်။ File size…905MB / 435MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 24m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

The Exorcists (2023)

Danur (2017) 5.3
Danur (2017) Danur (2017)ဒီတစ်ခေါက်ကိုတော့ ''Danur : I can See Ghosts ''ဆိုတဲ့သရဲကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် Risa ဆိုတဲ့ကလေးမလေးဟာမိိဘတွေကအမြဲတမ်း အချိန်မပေးနိုင်ကြဘဲအလုပ်များနေလို့ အထီးကျန်နေတဲ့ကလေးမလေးပါ တစ်နေ့မှာတော့Risa ရဲ့မိဘတွေကသူ့တို့သမီးလေးဟာ နေ့တိုင်းလိုလိုတစ်ယောက်တည်းကစားရင်း တခြားသူတွေကိုကြည့်ပြီးစကားပြောနေတာကို တွေ့သွားကြပါတယ် အဲ့ဒါနဲ့ Risa ရဲ့မေမေကပရောဂဆရာရှာပြီးသရဲနှင်ခိုင်းလိုက်ပြီးနောက်ပိုင်း Risaဟာသူ့ ရဲ့သရဲသူငယ်ချင်းတွေကိုထပ်မတွေ့ရတော့ပါဘူး Risa ဟာအဲ့အတိုင်းပဲကြီးပြင်းလာတဲ့အချိန်မှာ တစ်နေ့တော့ သူ့အဘွားကိုစောင့်ရှောက်ပေးတဲ့သူနာပြုမိန်းမကသူ့ညီမလေးကိုခေါ်သွားပါတော့တယ် Risaတစ်ယောက်သူ့ညီမလေးကိုပြန်ရဖို့ဘယ်လိုလုပ်မလဲ သူနာပြုရဲ့သရုပ်မှန်ကရောဘာလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမယ့်ရုပ်ရှင်ကားလေးမို့လက်မလွှတ်သင့်တဲ့ကားလေးပါနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ ThaeThae ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Thriller Quality…. 1080p | 720p File size… 815MB | 392MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie

Danur (2017)

2017
Mystery Team (2009) 6.6
Mystery Team (2009)  အချစ်ဆုံးသူငယ်ချင်း သုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ စုံထောက်ဝါသနာအိုးလေးဦးဆောင်တဲ့ လှို့ဝှက်ဆန်းကြယ်အဖွဲ့ဟာ ရပ်ကွက်ထဲကအရေးမပါတဲ့အမှုငယ်လေးတွေက်ု ဖြေရှင်းနေရာမှ တစ်နေ့မှာတော့ ကလေးမလေးတစ်ယောက်က သူ့မိဘတွေရဲ့လူသတ်မှုကို သူတို့ထံလာရောက်ဖြေရှင်းခိုင်းပါတော့တယ်။ လူသတ်မှုကို အဖြေရှာရင်း အလွဲတွေနဲ့တွေ့ကြံုပုံ လွဲလွဲလေးပဲကောင်းပါတယ်ဆိုသလို လွဲနေရင်းနဲ့ပဲ သဲလွန်စတွေတွေ့လာပုံ၊ သူငယ်ချင်းသုံးယောက်ရဲ့ အူကြောင်ကြောင်နိုင်ပုံ ကလေးဆန်ပုံနဲ့ သူငယ်ချင်း သံယောဇဉ်တို့ကို မပျင်းရအောင် ဟာသနှောကာ ရိုက်ကူးတင်ဆက်ထားတဲ့ လူငယ်စုံထောက်ဟာသကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.8 GB)/(933 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Comedy, Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Mystery Team (2009)

When Strangers Appear (2001) 6.3
When Strangers Appear (2001) When Strangers Appear (2001) ======================= IMDb Rating - 6.3/10ဘတ်သ်တစ်ယောက် လူသူအလာကြဲလှတဲ့ သူ့ရဲ့လမ်းဘေးစားသောက် ဆိုင်လေးကို တစ်နေ့တာအတွက်စတင်ဖွင့်ချိန်မှာသူ့အတွက် သာမန်ပျင်း ရိဖွယ်နေ့တစ်နေ့လို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့်လည်း ဂျက်ခ်ဆိုတဲ့ ဒဏ် ရာရထားတဲ့ red flag တွေအပြည့်နဲ့လူချောလေးတစ်ယောက် ဆိုင်ထဲကို ဝင်လာချိန်မှာတော့ သူ့အထင်မှားသွားပြီဆိုတာ စသိလိုက်ရပါတယ်။ငနဲသားဟာ ထိတ်ထိတ်ပျာပျာရှိလွန်းတယ်၊ လက်ထဲမှာလည်း အကြွေစေ့တွေပဲပါတယ်။ ဘတ်သ်ကတော့ ဒါနပြုလိုက်တယ်လို့ သဘောထားပြီး သူ့ ကိုမနက်စာကျွေးနေချိန်မှာ နောက်ထပ် လူရမ်းကားပုံစံနဲ့လူသုံးယောက်ဆိုင် ထဲထပ်ဝင်လာပါတယ်။ သူတို့အုပ်စုခေါင်းဆောင်ကလည်း လူချောတစ်ယောက် ပါပဲ။အဲ့ဒီအချိန်မှာ ဂျက်ခ်တစ်ယောက် စားပွဲမှာထိုင်နေရာကနေပျောက်သွား ပြီး တစ်နေရာမှာ ဝင်ပုန်းနေတဲ့အချိန်မှာ ဘတ်သ် တစ်စုံတစ်ခုကိုသတိထားမိ လိုက်ပါတော့တယ်။ အဲ့ဒါကတော့ ပထမကောင်လေး ဂျက်ခ်နောက်ကိုဒီလူရမ်း ကားသုံးယောက်က အကြောင်းတစ်စုံတစ်ရာအတွက် လိုက်အန္တရာယ်ပေးနေ တယ်ဆိုတာပါပဲ။ ဒီနေ့တစ်နေ့တာဟာ သူ့အတွက် ဘယ်လိုမှပျင်းစရာမကောင်း တော့ဘူးဆိုတာ သေချာသွားပါပြီ။အခုချိန်မှာသိပ်မတွေ့ရတော့တဲ့ psychological thriller ကားကောင်းတစ်ကား ဖြစ်ပြီးအစကနေအဆုံးအထိ လှည့်ကွက်တွေအပြည့်နဲ့ဆွဲခေါ်သွားပါလိမ့်မယ်။ Josh Lucas , Radha Mitchell နဲ့ Barry Watson တို့လိုဝါရင့်သရုပ်ဆောင် ကြီးတွေရဲ့ နုစဉ်ဘဝကိုလတ်လတ်ဆတ်ဆတ်မြင်ရမှာဖြစ်ပါတယ်။ ပရိသတ် တွေလက်လွတ်မသင့်တဲ့ဇာတ်ကားပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

When Strangers Appear (2001)

2001
Dragon Gate Posthouse 3: Red Turban (2018) 5.9
Dragon Gate Posthouse 3: Red Turban (2018) CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Dragon Gate 3 ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ်ဒီမှာရှာပါ ယွဲ့ယာရှေးဟောင်းမြို့မှာ လူတွေအပိုင်းပိုင်းသေဆုံးကုန်ကြပြီးတချို့လူတွေ အလောင်းပျောက်ဆုံးနေတဲ့ ထူးဆန်းအမှုတစ်ခုဖြစ်ပွားတာကနေအစချီထားပါတယ်။ လုံမိန်ရပ်နားစခန်းကလူတွေထင်တာကတော့ ဟုန်ထုံကျင်းဓါးပြကရက်ရက်စက်စက် သတ်ဖြတ်သွားတာလို့ထင်ပြီး ညတိုင်းကင်းစောင့်ကာ ရွာသားတွေကို ကာကွယ်တဲ့ကြားက ရွာသားတွေကိုသတ်ဖြတ်သွားတာခံလိုက်ရတယ်။တနေ့မှာတော့ အရှေ့မြောက်ပိုင်း ဆေးဝါးကုန်သည်အဖွဲ့ကရောက်လာပြီး ကူညီကင်းစောင့်ပေးရာကနေ ဒီအဖြေရှာမရတဲ့အမှု အဖြေပေါ်လာပါတော့တယ်။ ကဲဒီတော့ဒီထူးထူးဆန်းဆန်း လူတွေအသတ်ခံလိုက်ရတာ ဘာကြောင့်များလဲ။ သူတို့ထင်နေကြတဲ့ဓါးပြကကော တကယ်ပဲ အဲ့လောက်ရက်စက်ကြမ်းကြုတ်တာဖြစ်နိုင်ပါ့မလား။ ဒီအမှုနောက်ကွယ်မှာ ဘာတွေရှိနေမလဲ စတဲ့မေးခွန်းထုတ်စရာတွေကိုဒီဇာတ်လမ်းလေးကြည့်ရင်းနဲ့ အတူတူအဖြေရှာကြည့်ရအောင် ~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , History , Mystery Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Dragon Gate Posthouse 3: Red Turban (2018)

Dragon Gate Posthouse 2: Thunder Without Rain (2018) 5.9
Dragon Gate Posthouse 2: Thunder Without Rain (2018) ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ်ဒီမှာရှာပါ Dragon.Gate.Posthouseရဲ့ဒုတိယဇာတ်ကားလေးပါ။ ဒီကားလေးမှာတော့ ရူးရူးနှမ်းနှမ်းနဲ့ ချူအာဆိုတဲ့ကောင်မလေးတစ်ယောက်က မာတာ့လုရဲ့အကူအညီနဲ့ Dragon.Gate.Posthouse လုံမိန်ရပ်နားစခန်းကို ရောက်လာပါတယ်။ကောင်မလေးကသူ့ရဲ့အဖေကိုလိုက်ရှာရင်း ရပ်နားစခန်းကိုရောက်လာတာဖြစ်တယ်။ သူရှာနေတဲ့သူ့ရဲ့အဖေ ရှန့်ထျန်းလေဟာ လုံမိန်ရပ်နားစခန်းကခေါင်းဆောင် ရှီကန်တန်းဖြစ်နေပါတယ်။ နှစ်နှစ်ဆယ်လောက်ကွဲကွာနေတဲ့သားအဖဟာ ဒီလိုနဲ့ပြန်တွေ့ဆုံခဲ့ရပြီး သူတို့တွေဘယ်လိုဝေးကွာခဲ့ရတယ်ဆိုတဲ့အကြောင်းကိုပြန်ပြောဖြစ်ကြတယ်။အဲဒီအချိန်တုန်းက ရှန့်ထျန်းလေက တိုင်းပြည်ရဲ့သူရဲကောင်းစစ်သူကြီး လုတင်ထျန်းကို တာဝန်အရလိုက်သတ်ခဲ့ရပြီး စစ်သူကြီးလုတင်ထျန်းရဲ့ သားနဲ့သမီးဟာပျောက်သွားခဲ့တယ်။ ရှန့်ထျန်းလေကလဲ သူလုပ်ခဲ့တဲ့အပြစ်တွေကြောင့် မိသားစုအိုးအိမ်ပျက်စီးခဲ့ရတယ်။ ဒီစိတ်မကောင်းဖြစ်ရပ်ရဲ့နောက်ကွယ်ကစေခိုင်းသူကဘယ်သူဖြစ်နေမလဲ… လုတင်ထျန်းရဲ့သားနဲ့သမီးဟာဘယ်လိုအဆုံးသတ်သွားလဲ....... သူတို့ရဲ့ကံကြမ္မာအလှည့်အပြောင်းတွေဟာဘယ်လိုဖြစ်နေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , History , Mystery Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Dragon Gate Posthouse 2: Thunder Without Rain (2018)

Dragon Gate Posthouse 1: Sunflower (2018) 5.9
Dragon Gate Posthouse 1: Sunflower (2018) ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ဒါကတော့ ကလဲ့စားချေတဲ့ ပုံပြင်လေးတစ်ပုဒ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က လက်ရောခြေပါ ရိုက်ချိုးခံရပြီး သေသွားခဲ့တဲ့ အရူးမဟာ ယွဲ့ယာမြို့ဟောင်းကို ပြန်လာပြီး သူ့ကို သတ်ခဲ့တဲ့လူတွေကို ကလဲ့စားလိုက်ချေနေပါသတဲ့။ ယွဲ့ယာမြို့ဟာလည်း သွေးမုန်တိုင်းတစ်ခုထဲ ဝင်ရောက်နေသလို ဖြစ်ရပြီး လူတိုင်းက စိုးရိမ်နေကြပါတယ်။တစ်ချိန်တည်းမှာပဲ ရူးကြောင်ကြောင်ဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ဟာ ယွဲ့ယာမြို့ကို ရောက်လာပါတယ်။ သူမက လူလား သရဲလား၊ လူသတ်မှုတွေဟာ သူမနဲ့ ပတ်သက်နေလားဆိုတာကို စာပို့သမားလေး မာတာ့လုက လိုက်လံ စုံစမ်းနေပါတယ်။တာ့လုရဲ့ သူငယ်ချင်းကောင်းဖြစ်သူ ချန်ခိုင်းဟာ မြို့ထဲက လူချမ်းသာ သူတော်ကောင်းမော့အိမ်က အစေခံမလေး ယန်ယန်နဲ့ မေတ္တာသက်ဝင်နေကြပါတယ်။ သူတို့ဟာ တစ်နေ့မှာ မျှော်လင့်ချက်တွေ ပျော်ရွှင်ခြင်းတွေကို ကိုယ်စားပြုတဲ့ နေကြာပန်းခင်းကြိး စိုက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့်လဲ ချန်ခိုင်းမှာလည်း လျှို့ဝှက်ချက်များရှိနေပါတယ်။မာတာ့လုတစ်ယောက် လူသတ်သမားအစစ်ကို ရှာဖွေနိုင်ပါ့မလား...... လွန်ခဲ့တဲ့ နှစ် ...
movie

Dragon Gate Posthouse 1: Sunflower (2018)

Her Hobby (2023)
Her Hobby (2023) Her Hobby (2023)အရိုးစွဲနေတဲ့ဓလေ့နဲ့ နိမ့်ရာကိုလှံစိုက်တတ်ကြတဲ့ လူ့သဘာဝကတော့ နေရာတိုင်းမှာရှိစမြဲပါပဲဒီဇာတ်လမ်းအကျဉ်းကတော့ ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းပြီး ရွာကိုပြန်ရောက်လာတဲ့ ဂျောင်အင်းကို ရွာကလူတွေဟာ ရှေ့မှာပေါ်တင်တစ်မျိုး၊ နောက်ကွယ်မှာတစ်ဖုံ အမျိုးမျိုးကဲ့ရဲ့ပြောဆိုနေကြတာပါတစ်ကောင်ကြွက်လိုဖြစ်နေတဲ့ဂျောင်အင်းကို နိုင်စားရာလိုမြင်နေကြတဲ့အတွက် ခိုကိုးရာမဲ့နေခဲ့တာပါအဲလိုနဲ့ ရွာကိုအသစ်ပြောင်းလာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ခင်မင်ပြီးတဲ့နောက် ဂျောင်အင်းဟာ ခံယူချက်တွေပြောင်းလာပြီး ရွာကလူတွေကို လက်စားချေပါတော့တယ်မိန်းကလေးတွေဆို ပြောချင်ဆိုချင်ကြတဲ့လောကကြီးက ဂျောင်အင်းအတွက် ဘယ်လိုလောကကြီးဖြစ်မလဲ... ဂျောင်အင်းကရော နောက်ဆုံးမှာ ဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတာ ကြည့်ရှုပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Mystery Quality…. 1080p | 720p File size… 1.4GB | 679MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie

Her Hobby (2023)

2023
The Autopsy of Jane Doe (2016) 6.8
The Autopsy of Jane Doe (2016) IMDb Rating (6.8) / Rotten Tomatoes (86%)Horror ကားတွေ Thriller ကားတွေ ကြိုက်နှစ်သက်သူတွေအတွက်The Autopsy of Jane Doe ဇာတ်ကားကတစိမ့်စိမ့်ကြည့်ရင်းကြောက်ဖို့ကောင်းတဲ့ခံစားချက်တွေကိုရရှိစေမယ့်ဇာတ်ကားပါ။သေမှုသေခင်းနဲ့အလောင်းတွေကို ရင်ခွဲစစ်ဆေးပြီးသေရတဲ့အကြောင်းအရင်းကိုဖော်ထုတ်ပေးရတဲ့ရင်​ခွဲရုံက သားအဖနှစ်​​ယောက်​ဆီကို ဘယ်သူဘယ်ဝါဆိုတာမသိရတဲ့ပိုင်ရှင်မဲ့အမျိုးသမီးအလာင်းတစ်​ခုရောက်​လာပါတယ်​အဲ့အမျိုးသမီးဟာ သေစေနိုင်လောက်တဲ့ပြင်ပဒဏ်ရာကြီးကြီးမားမားမရှိဘဲ ​သေဆုံး​နေတာဖြစ်​ပါတယ်​သူသေဆုံးရခြင်းအ​ကြောင်းအရင်းကိုလိုက်​ရှာရင်း​ ရှာရင်းနဲ့သူတို့နှစ်ယောက် ကြုံတွေ့သိရှိလိုက်ရတဲ့အရာတွေကတော့...​ အဲ့ဒီအမျိုးသမီးရဲ့ ​သေဆုံးရတဲ့အ​ကြောင်းအရင်းကိုပဲ အ​ဖြေရှာနိုင်​မလားအဲ့အမျိုးသမီး မ​သေခင်​ဘာ​တွေဖြစ်​ခဲ့လဲဆိုတာကိုအ​​ဖြေရှာနိုင်​မလား မရှာနိုင်​ဘူးလား ဆိုတာကို​တော့ ......။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို May Myat Thu မှ တင်ဆက်ထားပါတယ်။) File size…(940 MB)/(530 MB) Quality….BluRay 1080p /720p Format…mp4 Duration….01:26:26 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by May Myat Thu
movie

The Autopsy of Jane Doe (2016)

2016
Fate: Into The Wall ( 2023 ) 5.9
Fate: Into The Wall ( 2023 ) ဒီတစ်ခါCM ကနေဘာသာပြန်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ တရုတ်ကားကြည့်နေကျပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ မကောင်းဆိုးဝါးဖမ်းတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် သူဌေးသားလေးဝမ်လိရွှမ်က စာပေကိုလုံးဝစိတ်မဝင်စားဘဲနဲ့ သောက်စားပျော်ပါးပြီး အမတမျိုးနွယ်တွေလိုပျံသန်းကြတဲ့အကြောင်းရေးထားတဲ့စာတွေပဲ ဖတ်လေ့ရှိပါတယ် တစ်နေ့တော့ ဖားမကောင်းဆိုးဝါးကိုလိုက်ဖမ်းတဲ့ သူတောင်းစားလေးအယောင်ဆောင်ထားတဲ့အမတမျိုးနွယ် နဲ့ဆုံတွေ့ပြီး ချွေ့ယွင်တောင်မှာ အမတပညာတွေကို သင်ယူဖို့ ခရီးနှင်လာခဲ့ပါတယ်ဘယ်ကိစ္စမဆိုပေါ့ပျက်ပျက်ပဲ သဘောထားတတ်တဲ့ သခင်လေးဝမ်တစ်ယောက် တောင်အောက်ခိုးဆင်းဖို့ပြင်ရင်း ဆရာသုံးယောက်ရဲ့ သေရည်ဝိုင်းထဲကို ရောက်သွားရာကနေမှ ပန်းချီကားချပ်ထဲက နတ်မိမယ်လေးကို ‌မေတ္တာသက်ဝင်သွားခဲ့ပါတယ်နတ်မိမယ်လေးကို သူ့ဆရာက နံရံထဲကနေ ဖောက်ဝင်ပြီးတော့ခေါ်ထုတ်လာတာကို သူတွေ့တော့ နံရံဖြတ်ဝင်တဲ့အတတ်ပညာကို သင်ယူချင်သွားပါလေရော အဲ့ကနေစပြီးတော့ သူ့ရဲ့အမတပညာတွေက တဖြေးဖြေးတိုးတက်လို့လာခဲ့ပါတယ် တစ်ဖက်မှာလည်း သူ့ဆရာက သူ့ကိုခေါ်ထားရတဲ့အကြောင်းရင်းကတော့ သူတို့ဆရာသုံးယောက်ပုလဲထည့်ပြီး ထိန်းသိမ်းထားရတဲ့ ပုံရိပ်ယောင် ဆွဲဆောင်မှု မိစ္ဆာဆိုတဲ့ မြွေမကောင်းဆိုးဝါးရဲ့ဝိညာဉ်အခွဲတွေ ပြန်ပေါင်းစည်းပြီး လူ့လောကကြီးကို အန္တရာယ်ပြုလာရင် ဖြစ်လာမယ့်အန္တာရာယ်ကို ကိုင်တွယ်နိုင်သူက သူပဲလို့ ဆရာအကြီးဆုံးကပြောခဲ့တာမို့လို့ပဲဖြစ်ပါတယ် အဲ့တော့ သူတို့ကြိုတွက်ချက်ထားသလိုပဲ ဝမ်လိရွှမ်က ဒီအန္တာရာယ်ဆိုးကြီးကို ဘယ်လိုရင်ဆိုင်ကိုင်တွယ်သွားမှာလဲ ဆိုတာကို ဟာသလေးနှောပြီးရိုက်ကူးထားတာဖြစ်လို့ ‌ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဇာတ်ကားလေးတစ်ကားအဖြစ်ညွှန်ပေးချင်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance , Fantasy Runtime : 1h 46 min Subtitle : Myanmar ...
movie

Fate: Into The Wall ( 2023 )

Squeaky Clean Mysteries: Hazardous Duty (2022) 6.4
Squeaky Clean Mysteries: Hazardous Duty (2022) အမတ်လောင်းရဲ့ မိန်းမကို ဘယ်သူသတ်သွားတာလဲ ညတစ်ည…သေနတ်သံတစ်ချက်နဲ့အတူ အလားအလာအရှိဆုံး ဥပဒေပြုလွှတ်တော် အမတ်လောင်း မိုက်ကယ်ကာနင်ဟန်ရဲ့ ဇနီးဖြစ်သူဟာ သေဆုံးသွားခဲ့တယ်။ လူသတ်သမားပါဆိုပြီး စွဲချက်တင် ဖမ်းဆီးထားခဲ့တာက ဂေးလ်နယူးစွန်း အမည်ရှိ အာမခံနဲ့ လွတ်လာတဲ့သူ။ အဓိကမဇာတ်‌ဆောင် ဂယ်ဘီ စိန့် ကလဲယာက မှုခင်းနေရာသန့်ရှင်းရေးဆားဗစ်က ဝန်ထမ်းတစ်ယောက်ဖြစ်တယ်။ အမတ်လောင်းရဲ့ အမှုအခင်းဖြစ်ပွားရာ နေအိမ်ကို ပါတနာဖြစ်သူ ဟာရိုမာတင်နဲ့ သန့်ရှင်းရေးလုပ်ဖို့ ရောက်လာကြရင်း စာအုပ်စင်နောက်က လျှို့ဝှက်အခန်းငယ်ထဲက သေနတ်တစ်လက်ကို တွေ့ခဲ့ရတယ်။ သူ သေနတ်ကို တွေ့တဲ့အချိန်မှာပဲ အိမ်က မီးလောင်သွာတာဟာ ဘယ်သူရှို့တာ ဖြစ်မလဲ ရှို့မီးအတွက် တရားခံအဖြစ် စွဲချက်တင် ဖမ်းဆီးခံလိုက်ရသူကတော့ အမှိုက်ပစ်ဖို့ ထွက်သွားခဲ့တဲ့ ဟာရိုပါပဲ။ ဂယ်ဘီက သူ့ပါတနာဖြစ်သူကို အပြစ်ကင်းစင်ကြောင်းပြဖို့အတွက် သူကိုယ်တိုင်ပဲ လိုက်လံစုံစမ်းခဲ့တဲ့အခါ သူရှာတွေ့သမျှအထောက်အထားတွေက တရားခံဟာ အမတ်လောင်းမိုက်ကယ်ကာနင်ဟန်လို့ ညွှန်ပြနေကြတယ်။ ဆိုတော့ တကယ်ပဲ အမတ်လောင်း ...
movie

Squeaky Clean Mysteries: Hazardous Duty (2022)

72 Hours – Operation Gold ( 2023 ) 5.9
72 Hours – Operation Gold ( 2023 ) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်းကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ဖူကွမ်းမြို့မှာ ဒုစရိုက်မှုပေါင်းစုံကို လုပ်နေကြတဲ့ ဒုစရိုက်အဖွဲ့ဟာ အမှုပေါင်းများစွာနဲ့ ပတ်သက်နေပါတယ်။ မူးယစ်မှောင်ခိုလုပ်ခြင်း၊ လက်နက်ကိုင်ဆောင်ပြီး လူသတ်ခြင်းဖြင့် နေရာတိုင်းမှာ အဖွဲ့ဝင်တွေ ရှိနေပါတယ်။ အဖွဲ့တွင် အဖွဲ့ဝင်များပြားခြင်း၊ အင်တာနက်ကို အသုံးချပြီး ဒုစရိုက်ပြုလုပ်ခြင်း၊ အဖွဲ့ခေါင်းဆောင်ရဲ့ လျှို့ဝှက်ခြင်းတို့ကြောင့် ထိုအဖွဲ့ဟာ ဉာဏ်ရည်မြင့်ဒုစရိုက်အဖွဲ့တစ်ခု ဖြစ်ပါတယ်။ဖူကွမ်းမြို့မှ ရဲတပ်ဖွဲ့ကလည်း နှစ်ပေါင်းများစွာ ထိုဒုစရိုက်အဖွဲ့ရဲ့ ပြစ်မှုသက်သေတွေကို လိုက်လံစုံစမ်းနေခဲ့ပြီး ပြည်သူ့လုံခြုံရေးကို ကာကွယ်ပေးခဲ့ပါတယ်။ တစ်နေ့မှာ မိန်းကလေးတစ်ယောက်ကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ တိုက်ခိုက်ခံရသူမိန်းကလေး ရုံလင်ဟာ ရဲတပ်ဖွဲ့ကို အမှုတိုင်ခဲ့ပါတယ်။တိုင်ကြားမှုကို လက်ခံရရှိခဲ့ပြီးနောက် ဖူကွမ်းမြို့ ဒုစရိုက်တိုက်ဖျက်ရေးတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ထန်ဖေးဟာ အဖွဲ့သားတွေကို ဦးဆောင်ပြီး စစ်ဆေးစုံစမ်းမှုများ သက်သေရှာဖွေမှုများကို ပြုလုပ်ခဲ့ပါတယ်။ ရုံလင် ထွက်သွားပြီးနောက် အချိန် ၇၂ နာရီကို အသုံးချကာ ဒုစရိုက်တပ်ဖွဲ့တွေကို တစ်ချက်တည်းအပြီးရှင်းဖို့ လုပ်ရှားရပါတော့တယ်။ထန်ဖေးတို့အဖွဲ့က ဒုစရိုက်အဖွဲ့ခေါင်းဆောင်ကို အမိအရဖမ်းဆီးဖို့ ဘယ်လိုတွေ ကြိုးစားခဲ့ရလဲ...... အမှုတိုင်တဲ့ မိန်းကလေးကရော ဘယ်လိုရည်ရွယ်ချက် ရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်လေးကို ကြည့်ရှုလိုက်ရအောင်နော်။ Quality : ...
movie

72 Hours – Operation Gold ( 2023 )

Children…(2011) 7.1
Children…(2011) Childern (2011)ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းလေးဖြစ်ပါတယ် ဆိုးလ် MBC ရုပ်သံဌာန ကထုတ်လုပ်သူဂန်ဟာ သူတာဝန်ယူရိုက်ကူးခဲ့တဲ့အစီအစဥ်တစ်ခုက ဥပဒေနဲ့မညီတာကြောင့် ဌာနကအကြီးအကဲတွေကသူ့ကို နယ်မြို့လေးတစ်မြို့ကရုပ်သံလွင့်ဌာနခွဲဆီပို့လိုက်ကြပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီမြို့ကရွာလေးတစ်ရွာမှာကလေး ၅ ယောက်ကထူးဆန်းစွာတစ်ပြိုင်ထဲပျောက်ဆုံးမှုဖြစ်ခဲ့ပြီး သူကလည်း သူ့နာမည်ပြန်ရဖို့အတွက် အဆိုပါအမှုကို တာဝန်ယူထားရတဲ့ စုံထောက်နဲ့ပူးပေါင်းပြီး ကလေးပျောက်မှုကိုစစ်ဆေးပါတော့တယ် သူတို့ရော ပျောက်သွားတဲ့ကလေးတွေကိုပြန်ရှာပြီးလူသတ်သမားကိုဖော်ထုတ်နိုင်ပါ့မလား က‌လေးတွေကရောအသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား လူသတ်သမားကရောဘယ်သူဖြစ်မလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်လိုက်ကြရအောင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p File size…3GB | 1.1GB Format… mp4 Duration…. 2h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie

Children…(2011)

2011
Incendies (2010) 8.3
Incendies (2010) Unnamed Middle East Countryတစ်ခုမှာဖြစ်တဲ့ ဘာသာရေးပြည်တွင်းစစ်ပွဲတစ်ခုရဲ့ရိုက်ခတ်မှုကြောင့် နာဝယ်မာဝန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ကြုံခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် စစ်ပွဲဆိုတာက လူတွေအပေါ် အသက်ဆုံးရှုံးစေတာထက်ပိုပြီး ပြင်းထန်နာကျင်စရာကောင်းတဲ့ ခါးသီးမှုဒုက္ခတွေပေးနိုင်ကြောင်းကို ဒီကားထဲမှာ ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအစမှာ နာဝယ်မာဝန်က သူမရဲ့သားသမီးတွေဖြစ်တဲ့ ဂျန်းမာဝန်နဲ့ဆီမွန်မာဝန် အမွှာနှစ်ယောက်လက်ထဲကို သူမရဲ့သေတမ်းစာကနေတစ်ဆင့် စာနှစ်စောင်ထားရှိခဲ့တယ်။ တစ်စောင်က စစ်ပွဲမှာသေဆုံးသွားပြီလို့ အမွှာနှစ်ယောက်သိထားတဲ့ သူတို့ရဲ့အဖေက သက်ရှိထင်ရှားရှိနေတာကိုသိရပြီး အဖေကိုလိုက်ရှာပြီး ပို့ပေးရမယ့်စာဖြစ်နေတယ်။ နောက်တစ်စောင်ကတော့ တစ်ခါမှမသိခဲ့ဖူးတဲ့ သူတို့ရဲ့ သွေးသားရင်းအစ်ကိုတစ်ယောက်ကို လိုက်ရှာပြီးပို့ပေးရမယ့်စာပေါ့။ ဒီလိုနဲ့ အမွှာနှစ်ယောက်က သူတို့အမေရဲ့အတိတ်ကိုတူးဖော်ရင်း တဖြည်းဖြည်းနဲ့သိလာခဲ့ရတာတွေက ဘာတွေဖြစ်မလဲဆိုတာကို ဇာတ်ကားထဲမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲမှာလေးနေမှာတော့ သေချာပါတယ်။ ဇာတ်ကားထဲက နာဝယ်မာဝန်က လူတစ်ယောက်ဆီမှာ ကြုံရနိုင်တဲ့ဒုက္ခကိုမှ အပြင်းထန်ဆုံးlimitအထိရရှိသွားတဲ့ သူတစ်ဦးမို့လို့ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲတော်တော်လေးနေပါလိမ့်မယ်။ ခါးသီးမှုတွေနဲ့ကျင့်သားမရဖူးသေးတဲ့သူဆိုရင် ကြည့်မိရင် စိတ်ဒဏ်ရာရသွားနိုင်တဲ့ကားမို့လို့ ကြိုချင့်ချိန်ပြီးမှကြည့်ဖို့ ကြိုမှာချင်ပါတယ်နော်။File size…(2 GB)/(1 ...
movie

Incendies (2010)