Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mystery
7.4
Carrie (1976)
Carrie (1976)~ IMDb - 7.4/10, Rotten Tomatoes - 93% ~Carrie ဟာ စတီဖင်ကင်းရဲ့ ပထမဆုံးဝတ္ထုဖြစ်ခဲ့သလို ကော်ပီပေါင်း 30,000 ရောင်းရတဲ့အထိ ပေါက်ခဲ့တဲ့ ဘတ်ဆဲလ်လား ဝတ္ထုလည်းဖြစ်ခဲ့တယ်။ Carrie ကနေစလို့ စတီဖင်ကင်းဆိုတဲ့နာမည်က မိန်းစထွင်းမှာ နေရာတစ်နေရာ ရလာခဲ့တယ်ဆိုလည်း မမှားဘူး။ Carrie ကို ရုပ်ရှင်အနေနဲ့ လေးခါပြန်ရိုက်ခဲ့ပြီး Carrie (1976), The Rage: Carrie 2 (1999), Carrie (2002) တို့နောက် ၂၀၁၃မှာလည်း Chloë Grace Moretz ကိုသုံးပြီး Remake ထပ်ရိုက်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီ ၁၉၇၆ဗားရှင်းဟာ အကောင်းဆုံးဖြစ်သလို ကင်းကိုယ်တိုင်လည်း ထပ်ရိုက်မယ်ကြားတော့ မူရင်းကားက ခြောက်ပြစ်ကင်းနေမင့်ကို ဘာလို့ ထပ်ရိုက်နေဦးမှာလဲလို့ ပြောခဲ့ပါသေးတယ်။ စတီဖင်ကင်းကိုယ်တိုင် ဒီရုပ်ရှင်ရဲ့ ...
movie
Carrie (1976)
1976
4.9
The Odds (2018)
2018 တုန်းကထွက်ရှိခဲ့တဲ့ The Odds ဆိုတဲ့ဇာတ်ကားကောင်းလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။IMDb မှာ Rating 4.9 သာရရှိထားပေမဲ့ကြည့်လို့ကောင်းတယ်လို့ပြောရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။အခန်းထဲမှာလူနှစ်ယောက်ရှိတယ်။တစ်ယောက်ကအသက်နဲ့ရင်းပြီးကစားရတဲ့ Squid Game လိုကစားပွဲတစ်ခုမှာလာပြိုင်တဲ့အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်ကတော့ဘာလုပ်ရမယ်ဆိုတာတွေနဲ့ ကစားပွဲစဉ်းမျဉ်းတွေကိုသူ့ကိုရှင်းပြပေးပြီးညွှန်ကြားပေးရတဲ့ လူတစ်ယောက်။အသက်နဲ့ရင်းပြီး ကစားရတယ်ဆိုပေမဲ့လူအများကြီး စုပေါင်းပြီး ယှဉ်ပြိုင်ရတာမဟုတ်ဘဲ တခြားပြိုင်ပွဲဝင်တွေကလဲတခြားအခန်းတွေထဲမှ ာကိုယ်စီကိုယ်စီယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။အနိုင်ရရှိတဲ့လူကတော့ ပိုက်ဆံတွေအများကြီးကိုပိုင်ဆိုင်ရမှာ ဖြစ်ပြီးတခြားလူတွေကတော့ ထွက်သွားရင်ထွက်သွား မသွားရင်သေခြင်းတရားနဲ့ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ဒီတော့ အဲ့ဒီလိုကစားပွဲကြီးထဲမှာ ဘာတွေကစားရမှာလဲအခန်းတစ်ခန်းထဲမှာပဲ နှစ်ယောက်တည်းနေရပြီး ကစားနေရတဲ့အတွက်တခြားလျှို့ဝှက်ချက်တွေရောရှိနေသေးလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.68GB / 747MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
The Odds (2018)
The Sea of Trees (2015)
ချစ်ရတဲ့သူ့ကို ချစ်လို့ရတုန်းမှာ အစွမ်းကုန် ချစ်ပေးဖို့ ပြောကြတာဟာ ဆုံးရှုံးလိုက်ရသူတွေရဲ့ ရင်နဲ့ရင်းပြီးပြောခဲ့ကြတဲ့ စကားပါပဲ။အချစ်တွေနဲ့ ထူထောင်ထားတဲ့ အိမ်ထောင်တစ်ခုဟာ အချိန်တစ်ခုကြာမြင့်လာတဲ့အခါ နွေးထွေးတွေ ချစ်ခြင်းတွေအစား၊ အေးစက်တဲ့ ချစ်ခြင်းတွေကသာ အစားထိုး ဝင်ရောက်လာခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားကို ပြော၊ မပြော စဉ်းစားတွေဝေနေစရာမလိုအောင်လို့ဆိုပြီး သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ အခြေအနေနဲ့ပဲ အသေးစိတ်လေးတွေအစ ဖြည့်ဆည်းပေးနေတဲ့ အချစ်ရေးတစ်ခုဟာ ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲ တွေးမိဖူးလား။ဂျပန်နိုင်ငံ၊ တိုကျိုမြို့က အာအိုခီကာဟာရာဆိုတဲ့တောင်ဟာ ကမ္ဘာအနှံ့အပြားက ဆူဆိုက်လုပ်လိုသူတွေ လာကြတဲ့ နေရာတစ်ခုပဲဖြစ်တယ်။ အမေရိကန်သား အာသာဘာနန်ဟာလဲ အဲအကြောင်းရင်းနဲ့ပဲ အာအိုခီကာဟာရာတောင်ကို ရောက်လာခဲ့တယ်။ တောင်ထဲရောက်ရောက်ချင်းပဲ လမ်းပျောက်နေတဲ့ ဂျပန်လူမျိုး တခုမီ နာခါမူရာ နဲ့ တွေ့ခဲ့ပြီး နှစ်ယောက်စလုံး လမ်းပျောက်သွားခဲ့တယ်။ အေးစက်စက်တောင်ကြီးထဲ မိုးပါရွာလို့၊ ဒီလိုအခြေအနေအောက်မှာ နှစ်ယောက်သား အချင်းချင်းရိုင်းပင်းရင်း ထွက်လမ်းကို အတူတူရှာခဲ့တယ်။တခုမီက ...
movie
The Sea of Trees (2015)
6.1
Dead Silence (2007)
Dead Silence (2007) ============ IMDb Rating (6.1) အရုပ်သရဲကားတွေထဲမှာတော့ Dead Silence က ဇာတ်လမ်းဇာတ်ကွက်လုံးဝမိမိုက်တဲ့ထဲပါပါတယ်။ ဒီဇာတ်ကားကို ကမ္ဘာကျော် Horror Film တွေထဲ Top ဝင်ခဲ့တဲ့ The Conjuring Universe ကို စဖန်တီးခဲ့တဲ့ ဒါရိုက်တာ James Wanက ရိုက်ကူးပြီး Insidious ကိုအသက်သွင်းခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ Leigh Whannell က ဇာတ်ညွှန်းရေးခဲ့ပါတယ်။ 💀💀 ကျွန်တော်ဒီကားကြည့်တာ ၂ခါရှိပြီ။ကြည့်တဲ့အခါတိုင်း လန့်ရတယ်၊ဇာတ်အိမ်ကို ကြိုက်လို့ ပြန်ရှာကြည့်တယ်။တခြားHorrorတွေထက် ကွဲထွက်တယ်။သူ့ဟန်ပန်နဲ့ သူရှိတယ်။🤐 💀💀 Horror တွေရဲ့ ထုံးစံအတိုင်း စလာတုန်းက ဘာမှန်းမသိဘူး ကြောက်ဖို့ကောင်းတာပဲသိတယ်။နောက်ပိုင်းမှ ဇာတ်က တဖြည်းဖြည်း နက်နဲလာတယ်။🤐 💀💀 အဓိက က ကျွန်တော်အံ့ဩမင်တပ်သွားရတဲ့ point က ပြီးခါနီးမှ ဇာတ်တစ်ခုလုံးရဲ့ မြှုပ်ကွက်ကို ၁မိနစ်အတွင်းရိုက်ပြဖော်ပြသွားတာက အမ်....ဆိုပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရတဲ့အထိပါပဲ....🤐၁မိနစ်အတွင်းလေးနော်...😳 အစက အဲ့လောက်ထိကို....မတွေးထား မထင်ထားတာပါ... ...
movie
Dead Silence (2007)
7.9
Ugly (2013)
Ugly (2013) "အကျည်းတန်"ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb 7.9/10, Rotten Romatoes 60% ရရှိထားတဲ့ ဘောလိဝုဒ်ကားလေးပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အိန္ဒိယနိုင်ငံဟာ ခိုးမှု၊ လုယက်မှု၊ ကိုယ်ထိလက်ရောက်ပြုလုပ်မှု၊ လိင်ပိုင်းဆိုရာစော်ကားမှု၊ ပြန်ပေးဆွဲမှု အစရှိသည်ဖြင့် ရာဇဝတ်မှုဖြစ်ပွါးမှုနှုန်း အတော်လေးမြင့်တဲ့ နိုင်ငံတစ်ခုပါ။ ခေတ်ကာလတိုးတတ်လာနဲ့အမျှ အမှုဖြေရှင်းနှုန်း ပိုကောင်းလာသော်ငြား တပြိုင်ထဲမှာပဲ ပြစ်မှုကျူးလွန်မှုဟာလည်း လျော့သွားခြင်းမရှိပါဘူး။ ဒါမျိုးနိုင်ငံမှာ ကလေးတစ်ယောက်ပျောက်တယ်ဆို ဘယ်လိုတောင် ပူပန်နေရမလဲ တွေးသာကြည့်ပါတော့။မင်းသားရူးရူးနေတဲ့အဖေနဲ့ တီဗီကလွဲ လောကကြီးကိုစိတ်ပျက်နေတဲ့အမေတို့ရဲ့ တစ်ဦးတည်းသောသမီး ကာလီဟာ စနေနေ့တိုင်းအဖေနဲ့ သွားတွေ့ခွင့်ရပါတယ်။ ဒီလိုနဲ့တနေ့ ကားပေါ်မှာ ကာလီတစ်ယောက်တည်းချန်ခဲ့ပြီး ဇာတ်ညွှန်းသွားယူတဲ့အဖေဖြစ်သူ ပြန်လာတဲ့အချိန်မှာတော့ ကာလီလေးရဲ့အရိပ်အယောင်တောင်မတွေ့ရတော့ပါဘူး။ဖြစ်ချင်တော့ တစ်ခုတည်းသောသဲလွန်စဖြစ်တဲ့ လူကလည်း လိုက်ဖမ်းရင်း အသက်ဆုံးသွားခဲ့တယ်။ လူပျောက်မှုထက် လူသေမှုကိုပဲစိတ်ဝင်စားတဲ့ရဲတွေဟာလည်း ကလေးကို ဖိဖိစီးစီးမရှာပေးကြတဲ့အခါ ကာလီ့ရဲ့ပထွေးဖြစ်တဲ့ အမှုစစ်ကပါ ဝင်ပါလာရပါတော့တယ်။ရှာရင်းဖွေရင်း အမှုလိုက်ရင်းနဲ့ သမီးဇောကပ်လာတဲ့အခါ ဒီအဖေနှစ်ယောက်လည်း အချင်းချင်းသံသယမကင်းဖြစ်လာပါတော့တယ်။ အမျိုးမျိုးသော ရှုထောင့်တွေကနေ အကွက်ကျကျရိုက်ကူးထားတဲ့ကားလေးမို့ စိတ်ဝင်စားဖို့ကောင်းမှာ အသေအချာပဲမို့ ကြည့်ရကျိုးနပ်တဲ့ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။(အညွှန်းနဲ့ ဘာသာပြန်ထားတာကတော့ Aditi~Cherry~KKKZ~V~BpLတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie
Ugly (2013)
2013
6.4
The Interpreter (2005)
Special ops: Lioness, The undoing, Aquaman 1,2 , Nice perfect stranger အစရှိတဲ့ ရုပ်ရှင်ကားကောင်းများစွာရဲ့ သရုပ်ဆောင် အမျိုးသမီး Nicole Kidmanနဲ့ I'm Sam , Mystic River, Deadman walking , Casualties of War, Black Flies အစရှိတဲ့ ရုပ်ရှင်ကောင်းများစွာရဲ့ မင်းသား Sean Penn တို့ ၂ယောက်ရဲ့ ၂၀၀၅ခုနှစ်က ထွက်ရှိထားတဲ့ The Interpreter ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။မတိုဘူလို့ ခေါ်တဲ့ အာဖရိက နိုင်ငံလေးမှာ ဒေါက်တာ ဇူဝါနီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ရယ်၊ အဂျင်း ဇိုလာ ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့ရယ်၊ ပြည်နှင်ခံထားရတဲ့ တော်လှန်ရေးခေါင်းဆောင် ကူမန်း-ကူမန်း ဦးဆောင်တဲ့ အဖွဲ့ရယ်ဆိုပြီး ...
movie
The Interpreter (2005)
8.2
Sita Ramam (2022)
Action, Drama, Mystery IMDB 8.2/ 14kဒီတစ်ခေါက် CM က တင်ဆက်ပေးမှာကတော့ အားလုံးရဲ့အချစ်တော် မင်းသမီး ရက်ရှ်မီကာ ပါဝင်အားဖြည့်ပေးထားတဲ့ အိန္ဒိယ ပါကစ္စတန်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်အက်ဖရင်း (ရက်ရှ်မီကာ) ဟာ ပါကစ္စတန်လူငယ်ဥက္ကဌဖြစ်ပြီး အိန္ဒိယတွေကို တအားမုန်းတဲ့သူဖြစ်ပါတယ်အိန္ဒိယကျောင်းသားနဲ့ ပါကစ္စတန်ကျောင်းသားတွေ အဓိကရုဏ်းဖြစ်ပြီး အိန္ဒိယဘက်က ပါကစ္စတန်အလံကို မီးရှိခဲ့တဲ့အတွက် သူဟာ အိန္ဒိယအကြီးအကဲတစ်ယောက်ရဲ့ကားကို ပြန်ပြီး မီးရှိခဲ့ပါတယ်အဲဒီအတွက် ဟိုဘက်က သူ့ကို တောင်းပန်ရင်ပန် မဟုတ်ရင် လျော်ကြေး ၁ သန်းပေးရမယ်လို ပြောပါတယ်ဒါနဲ့ပဲ အိန္ဒိယတွေကို တအားမုန်းတဲ့ အက်ဖရင်းဟာ အိန္ဒိယတစ်ယောက်ကို တောင်းပန်မယ့်အစား လျော်ကြေးပဲပေးမယ်လို ဆုံးဖြတ်ပြီး အဘိုးဖြစ်သူဆီက ပိုက်ဆံတောင်းလိုက်ပါတယ်ဒါပေမယ့် သူ့အဘိုးဖြစ်သူဟာ သေဆုံးသွားပြီဖြစ်ပြီး သေတမ်းစာထဲမှာ သူ လွန်ခဲ့တဲ့နှစ် (၂၀) က မတည်နိုင်ခဲ့တဲ့ ကတိတစ်ခုကို "အက်ဖရင်း" က တည်အောင်လုပ်ပေးရမယ် အဲဒီလိုလုပ်ပေးမှ အမွေတွေပေးမယ်လို ရေးထားခဲ့ပါတယ်အဲဒီကတိကတော့ သူ့သူငယ်ချင်းဖြစ်သူ "ရမ်" ရဲ့ ကောင်မလေး "ဆီတာ" ဆီ မပိုဖြစ်ခဲ့တဲ့ စာတစ်စောင်ကို ပိုပေးရမှာပဲဖြစ်ပါတယ်... ခက်တာက အဲဒီ "ရမ်" နဲ့ "ဆီတာ" ...
movie
Sita Ramam (2022)
2022
4K HEVC
6.8
It Follows (2014)
It Follows (2014) Horror, Mystery . --- Storyline --- It Follows က ကျွန်တော်ကြည့်ဖူးတဲ့ Horror ကားတွေထဲကမှ ကြောက်ဖို့အကောင်းဆုံးကားတွေထဲက ပါပါတယ်။ တခြားကားတွေလို audience မကြောက်ကြောက်အောင် ဖြဲခြောက်တာမျိုးမဟုတ်ဘဲ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အမြင်နဲ့ကိုယ် သူ့ဟာသူရူးသွပ်နေအောင် လုပ်ထားတဲ့ကားပါ။ . Teenager ကောင်မလေးတစ်ယောက် တစ်ညမှာ သူ့ဘဲနဲ့ ကားထဲ ဇာတ်လမ်းတွေဖြစ်သွားတယ်။ ဒါက သူတို့ဆီမှာ ဘာမှမထူးဆန်းပါဘူး။ ဘာသွားဖြစ်လဲဆိုတော့ ကောင်လေးဆီက ကျိန်စာ curse လိုမျိုးတစ်ခုက ကောင်မလေးဆီရောက်လာတယ်။ အဲဒီမှာ လူနဲ့တူတဲ့ သရဲ/အကောင် ဘာမှန်းညာမှန်းမသိတဲ့ လူတစ်ယောက်က ကောင်မလေးနောက်လိုက် follow လုပ်ပါတယ်။ အစက ကောင်လေးဆီလိုက်ပေမဲ့ နှစ်ယောက်သား sex လုပ်လိုက်တဲ့အတွက် ကောင်မလေးနောက် လိုက်လာတာပါ။ အဲဒီ လိုက်တဲ့အကောင်ကို အလိုက်ခံရတဲ့လူတွေပဲမြင်ရပါတယ်။ Follow လုပ်တယ်ဆိုပေမဲ့လည်း လမ်းလျှောက်တဲ့ speed က zombie လောက်ပဲရှိတယ်။ ...
movie
It Follows (2014)
2014
4K HEVC
5.7
The Search for Secret Santa (2022)
“လျှို့ဝှက်ဆန်တာရှာပုံတော်”ခရစ်စမတ်အားလပ်ရက်မှာ အလွတ်တန်းသတင်းထောက်မလေးဆိုဖီယာက တိုက်ခန်းတစ်ခန်းမှာငှါးနေဖြစ်ခဲ့ပါတယ်၊တနေ့ဆိုဖီယာဟာ ပစ္စည်းတွေကို စတိုခန်းထဲသွားထားရင်း အဲ့မှာ မဖောက်ရသေးတဲ့ခရစ်စမတ်လက်ဆောင်လေးကိုတွေ့လိုက်ရပါတယ်။ အက်ဘီဂေးလ်အတွက်လျှို့ဝှက်ဆန်တာကပေးထားတာလေးပါ။ဒါပေမဲ့လက်ဆောင်ကနှစ်ပေါင်းအတော်ကြာထိပိုင်ရှင်ဆီလည်းမရောက်သေးတော့သတင်းထောက်ပြီပြီစူးစမ်းရင်းဆောင်းပါးလေးပါရေးဖြစ်ပါတော့တယ်၊လက်ဆောင်ထဲမှာဘာတွေပါလဲ၊ လျို့ဝှက်ဆန်တာကဘယ်သူလဲ၊အက်ဘီဂေးလ်ဆိုတာဘယ်သူလဲ၊ ဘာလို့လက်ဆောင်ကဒီအတိုင်းရှိနေရသေးတာလဲစသဖြင့်မေးခွန်းတွေကိုအဖြေရှာသွားမှာဖြစ်ပါတယ်။ရှာပုံတော်ခရီးစဉ်ကိုပါဝင်အားဖြည့်ပေးတာတော့ရှေးဟောင်းပစ္စည်းတွေကိုစိတ်ဝင်စားတဲ့ဂျက်ဆင်ဖြစ်ပြီး နှစ်ဦးသားအဖြေရှာရင်းနှလုံးသားရေးရာအဆင့်တွေဘယ်လိုတက်သွားမလဲဆိုတာ ခရစ်စမတ်အငွေ့အသက်နဲ့ ရိုမန့်စ်ဆန်ဆန်ကြည့်ရမှာပါ။ File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre...Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie
The Search for Secret Santa (2022)
5.7
The Imperial Cat (2021)
ပေါင်ချိန်ပရိသတ်တွေကတော့ တော်ဝင်ကြောင်ဆိုတာနဲ့ ကိုလူချောကိုယ်ရံတော် ကျန်ကျောင်းကိုပြောတယ်ဆိုတာ သိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ကျန်ကျောင်းတစ်ယောက်ထဲ ခိုင်ဖုန်းမဟုတ်တဲ့ တခြားပြည်နယ်တစ်ခုမှာအမှုလိုက်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။အမှုကတော့ အန်းလီခရိုင်မှာ အမျိုးသမီးပျောက်တဲ့အမှုတွေဆက်တိုက်ဖြစ်နေပါတယ်။ ကျန်ကျောင်းဟာ ပန်းပဲဖိုမှာလက်နက်ထားတာသွားယူတဲ့အချိန်မှာ ပန်းပဲဆရာနဲ့ သူ့မိန်းမဟာပျောက်နေပြီး သမီးငယ်လေးနဲ့ အဖွားအိုတစ်ယောက်ပဲ အိမ်မှာရှိတာကိုတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ကျန်ကျောင်းဟာ ပန်းပဲဆရာလူပျောက်မှုကိုလိုက်စုံစမ်းရင်း ဒီအမှုဟာ အမျိုးသမီးတွေပျောက်တဲ့အမှုနဲ့ပတ်သက်နေတာကိုသိလိုက်ရပါတယ်။အန်းယန်ကအင်အားကြီးအိမ်တော်တစ်ခုကဒီကိစ္စနဲ့ပါဝင်ပတ်သက်နေလို့ သံသယတွေရှိပေမယ့် ဘာသက်သေမှမရနိုင်ဘူးဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ အထက်ကလဲဖိအားပေးလာတော့ ကျန်ကျောင်းတို့ဒီအမှုကိုဘယ်လိုပေါ်အောင်စုံစမ်းပြီးဖော်ထုတ်ကြမလဲ။ ဒီကားလေးမှာတော့ ကျန်ကျောင်းဟာသူ့ရဲ့ထောက်လှမ်းရေးစွမ်းရည်နဲ့ အမှုဖော်တဲ့စွမ်းရည်ကိုထုတ်ပြသွားခဲ့ပါတယ်။ ပေါင်ချိန်ဇာတ်လမ်းတွဲအလွမ်းပြေကြည့်ရမယ့် ဇာတ်ကားလေးပါပဲ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Imperial Cat (2021)
6.7
Rumble Through the Dark (2023)
Rumble Through the Dark (2023)~ IMDb - 6.7/10, Rotten Tomatoes - 50% ~"You either die a hero or live long enough to see yourself become the villain." ဆိုတဲ့ နာမည်ကျော် ဒိုင်ယာလော့ကို ကြားရင် ခင်ဗျားတို့ ဘယ်သူ့ကိုပြေးမြင်ကြလဲ။ သေချာတာပေါ့... နိုလန်ရဲ့ The Dark Knight ထဲက ဟာဗီးဒန့် ခေါ် Two-Face ကြီးကိုပါပဲ။ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Aaron Eckhart ကိုလည်း ခင်ဗျားတို့ကောင်းကောင်းရင်းနှီးကြမှာပါ။ Olympus Has Fallen, London Has Fallen, I, Frankenstein နဲ့ Sully တို့အပါအဝင် ...
movie
Rumble Through the Dark (2023)
2023
8.7
Tantiram Chapter 1: Tales of Sivakasi (2023)
Tantiram (2023)"တစ္ဆေများရဲ့မာယာ"IMDb 8.7 ရထားတဲ့ စိတ်ဝင်စားစရာ တေလဂူး Mystery Horror ကားကောင်းတစ်ကားပါ မျက်နှာသိ သရုပ်ဆောင်တွေဖြစ်တဲ့ Priyanka Sharma နဲ့ Srikanth Gurram တို့ပါဝင်ထားပြီး ဝေဖန်ရေးဆရာတို့ရဲ့ ရီဗျူးလည်း ကောင်းတာမို့ အချိန်ပေးရတာ တန်မှာပါ"ထိုင်နေတော့ ကောင်းသား ထသွားမှ ကျိုးမှန်းသိ" ဆိုသလို ဘဝမှာ တချို့ကိစ္စတွေမှာ ကိုယ်က သူများရဲ့ အကူအညီယူမိကာမှ ဒုက္ခလှလှ တွေ့ရတဲ့ အဖြစ်တွေ ရှိတတ်ကြပါတယ်ဒီဇာတ်လမ်းမှာ ရိုးရာ ဒဏ္ဏာရီဇာတ်လမ်းတစ်ခုကို နောက်ခံထားပြီး စတင်ထားပါတယ်ဒီကားထဲက "ဂျင်" ဆိုတဲ့ စွမ်းအားမြင့် တစ္ဆေတွေက ဘုရားသခင်ဖန်ဆင်းခဲ့တာဖြစ်ပြီး သူတို့ကို တားမြစ်ထားတဲ့ ပညတ်တွေလည်း ရှိလို့နေပါတယ်ဒါကတော့ လူသားမိန်းမနဲ့ အိပ်လို့ မရတာပါပဲ ဒီစည်းမျဥ်းကို ဖောက်ဖျက်ကြတဲ့ "ဂျင်" တို့ဟာ ကြီးလေးတဲ့ အပြစ်ကို ခံကြရပါတယ် သို့ပေသိ တော်တော်ဖြစ်တဲ့ "ဂျင်" ပုဂ္ဂိုလ်တို့ဟာ လူသားမိန်းမကို တပ်မက်လွန်းတာကြောင့် သူတို့ရဲ့ အထီးကျန်ဆန်ချိန်တွေကို စောင့်ပြီး သွေးဆောင် ...
movie
Tantiram Chapter 1: Tales of Sivakasi (2023)
2023
6.3
Hell House LLC Origins: The Carmichael Manor (2023)
Hell House LLC Origins: The Carmichael Manor (2023)~ IMDb - 6.3/10, Rotten Tomatoes - 83% ~အခုတစ်ခေါက်ထပ်မံထွက်ရှိလာတဲ့ Hell House LLC ဇာတ်ကားကတော့ ၂၀၁၅၊ ၂၀၁၇ နဲ့ ၂၀၁၈ တုန်းက ထွက်ရှိထားတဲ့ Hell House ရုပ်ရှင်သုံးခုရဲ့ အဆက်ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Hell House အကြောင်း အဓိကထားရိုက်ကူးထားတာမဟုတ်ဘဲ ဇာတ်လမ်းရဲ့နာမည်အတိုင်း အဗ္ဗဒုန်ဟိုတယ်မီးပြာကျသွားတုန်းက ပါခဲ့တဲ့ အာသာ ကာမိုက်ကယ်ရဲ့ မိသားစုနောက်ကြောင်းကို ပြန်လည်သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သက်တမ်းရင့်အမှုအေးတွေနောက် လိုက်နေတဲ့ လူငယ်တစ်ဖွဲ့က လူသတ်မှုဖြစ်ပြီး သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ကာမိုက်ကယ်အိမ်ကြီးထဲမှ ၅ ညသွားအိပ်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီပေမဲ့ ၅ရက်မပြည့်ခင်မှာပဲ တစ်ဖွဲ့လုံး အစအနရှာမရအောင်ပျောက်သွားခဲ့ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ဘရစ်ဂျစ်၊ ရေဗက္ကာနဲ့ ချေ့စ်တို့သုံးယောက်ဟာ လူသတ်မှုဖြစ်ထားပြီး ...
movie
Hell House LLC Origins: The Carmichael Manor (2023)
2023
6
Red Paper Crane ( 2022 )
ယောကျာ်းတစ်ယောက်က မိန်းမကို လက်သီးနဲ့စရွယ်လိုက်တဲ့အချိန်ကစပြီး တစ်ကြိမ်သည်းခံလိုက်ခြင်းဟာ တစ်ဘဝလုံးကို ဖျက်ဆီးလိုက်တာပဲ။ CM ရဲ့ ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။လေယာဉ်မယ်အိုးယန်ကျီဟဲ့ဟာ မိဘအတွက် သမီးကောင်း ကုမ္ပဏီအတွက်လည်း လုပ်ဖောင်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူမယောကျာ်းကို သတ်မိပြီဆိုပြီး သူမကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ ထို့နောက် ရှေ့နေအကူအညီများကို ငြင်းခဲ့ပြီး အသေခံဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ကျန်းထုံဟာ ဥပဒေအကူအညီရှေ့နေတစ်ယောက်အနေနဲ့ ကျီဟဲ့ရဲ့ အမှုမှာ ဖုံးကွယ်ထားတာတွေ ရှိဦးမယ်ဆိုတာ ခံစားနေရပါတယ်။ သူမဟာ မောင်ရိရဲ့ အကူအညီဖြင့် အဓိက သက်သေတွေကို ရှာတွေ့ခဲ့ပြီး လေယာဉ်မယ်လူသတ်မှုရဲ့ အမှန်တရားကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ဒီရုပ်ရှင်လေးဟာ အိမ်တွင်းအကြမ်းဖက်မှုကို အဓိကထား ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ အမှန်တရားကို သိရဖို့ ကျန်းထုံတစ်ယောက် ဘယ်လို အခက်အခဲတွေ အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရလဲ ဆိုတာကိုတော့ ရုပ်ရှင်ကိုပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h ...
movie
Red Paper Crane ( 2022 )
5.8
The Canal (2014)
အမျိုးသားဖလင်မော်ကွန်းတိုက်ရဲ့ မော်ကွန်းမှူးဖြစ်တဲ့ ဒေးဗစ်ဟာဇနီးသည်နဲ့အတူ အိမ်အသစ် တစ်လုံးဝယ်ပြီး အိမ်ထောင်ရေးခရီးစတင်ဖို့ ကြိုးစားခဲ့ပါတယ်။ တစ်နေ့မှာ မော်ကွန်းတိုက်ကို ရဲဌာနကမှုခင်းဟောင်း ဖလင်မှတ်တမ်းတွေ ရောက်လာတာကြောင့် ဒေးဗစ်အနေနဲ့ စစ်ဆေးကြည့်ရင်း အဲဒီဖလင်တွေဟာ သူတို့လက်ရှိနေတဲ့အိမ်မှာဖြစ်ခဲ့တဲ့ မှုခင်းအကြောင်း ရိုက်ကူးထားတာဖြစ်နေပါတယ်။မှုခင်းကတော့ ၁၉၀၂နှစ်တုန်းက အမျိုးသားဖြစ်သူက သူ့မိန်းမကိုသတ်ဖြတ်ခဲ့တဲ့အမှုပါ။အဆိုပါအမှုဟာ သူ့စိတ်ထဲမှာ တချိန်လုံးစွဲနေခဲ့သလို သူ့အိမ်ထဲမှာလူရိပ်လူခြေတွေ အမြဲမြင်တွေ့နေရလို့ စိတ်ကယောင်ချောက်ခြားဖြစ်လာတဲ့ဒေးဗစ်တစ်ယောက်ဟာ တစ်နေ့မှာတော့ မိန်းမဖြစ်သူရဲ့ဖောက်ပြန်မှုကို မျက်ဝါးထင်ထင်မြင်လိုက်ရပါတယ်။ ကံဇာတာကဒီလောက်နဲ့ မပြီးဘဲ မိန်းမဖြစ်သူ သေဆုံးခြင်းနဲ့မှ အဆုံးသတ်သွားတဲ့အခါ မိတဆိုးသားလေးနဲ့ ဒေးဗစ်တို့ဟာ ဇနီးသည်ရဲ့သေခြင်းနဲ့သူတို့အိမ်ရဲ့ ဆက်စပ်မှုတွေကို ဖော်ထုတ်ဖြေရှင်းရင်း အမှောင်ထုထဲကို တစ်စတစ်စတိုးဝင်သွားမိပါတော့တယ်။ File size…1.16GB / 488MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
The Canal (2014)
5.9
Tales from the Occult: Ultimate Malevolence ( 2023 )
ဤဇာတ်လမ်းမှာတော့ ဇာတ်လမ်းတိုလေးသုံးခုအဖြစ် ခွဲခြားတင်ဆက်ပေးထားပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်ပထမအပိုင်းမှာတော့ သူငယ်ချင်းနှစ်ယောက်က ဒါရိုက်တာဖြစ်ဖို့အိမ်မက်ရှိကြပြီး တစ်နေ့မှာတစ်ယောက်က အခြားတစ်ယောက်ကို မတော်တဆသတ်မိလိုက်ပြီးတော့ သူ့အလောင်းကိုတာရှည်ခံအောင်ထားပြီး ဒီလူသတ်မှုခံစားချက်နဲ့ သူရေးထားတဲ့ဇာတ်ညွှန်းကိုအချောသတ်ခဲ့တယ် နောက်တော့သူက ဇာတ်ညွှန်းနဲ့ငွေရပြီး ဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ မျက်လှည့်ဆရာတစ်ယောက်က သူငယ်ချင်းနဲ့ဖုန်းပြောပြီးနောက် ပျောက်ဆုံးသွားတဲ့သူငယ်ချင်းက သရဲအဖြစ်လိုက်နှောင့်ယှက်တဲ့ ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ် နောက်တော့သူငယ်ချင်းသေဆုံးကြောင်းသိရှိခဲ့ရပြီး အဲဒီသူငယ်ချင်းကသူများနဲ့စကားပြောပြီးနောက် ကားပေါ်တက်သွားတာကို ပြန်လည်သတိရခဲ့တယ် ဒီလူသတ်တရားခံက ဘယ်သူလဲဆိုတာ မှတ်မိအောင်ကြိုးစားနေစဥ်မှာပဲ..............တတိယအပိုင်းမှာတော့ လူတစ်ယောက်က သင်္ဘောကျင်းကြီးတစ်ခုပေါ်မှာ နိုးလာခဲ့ပြီး ထွက်ပေါက်ရှာနေစဥ်မှာ အလောင်းတွေ သရဲတစ္ဆေတွေအပြင် သူ့ဇနီးဟောင်းကိုပါ ပြန်လည်တွေ့ရှိခဲ့တယ် သူလမ်းတစ်လျှောက်လုံးတွေ့ခဲ့တဲ့အရာတွေကို သူ့ဇနီးဟောင်းကိုပြချင်ပေမယ့်လဲ ဖြစ်လာတဲ့အရာတွေကတော့...ဒီဇာတ်လမ်းတိုသုံးမျိုးက နောက်ဆုံးမှာဘယ်လိုတွေဖြစ်သွားကြမလဲ သူတို့တွေဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါစို့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Mystery Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Eaint Encoded by LK
movie
Tales from the Occult: Ultimate Malevolence ( 2023 )
6
Tainted Love ( 2023 )
ဒီရုပ်ရှင်ကားလေးကတော့ တရုတ်ရုပ်ရှင်တွေရဲ့ အမြင့်ဆုံးဆုကြီးသုံးဆုပိုင်ဆိုင်ထားတဲ့ ၊ ရုပ်ရှင်လောကမှာ ACE လို့ခေါ်ရလောက်တဲ့အထိတော်တဲ့ မင်းသမီးလေး Zhou Dong Yu ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပြီး Zhang Yu , Zhang Youhao နဲ့ Meng li တို့လို သရုပ်ဆောင်ကောင်းတွေပါ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။ဇာတ်လမ်းကတော့ 2016ခုနှစ်လောက်က တရုတ်ပြည်မှာ အွန်လိုင်းလိမ်လည်မှုတွေကနေတစ်ဆင့် နစ်နာခဲ့ကြရတဲ့ အမျိုးသမီးနှစ်ဦးအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ ။2016 ခုနှစ် တရုတ်မှာ အွန်လိုင်းကနေတစ်ဆင့် ငွေကြေးလိမ်လည်နည်းအသစ်တစ်ခုက မှိုလိုပေါက်အောင်ပေါ်ပေါက်လာခဲ့ပါတယ် ။ ငွေကြေးလိမ်လည်သူတွေရဲ့ အဓိကပစ်မှတ်က အမှီအခိုကင်းကင်းနဲ့ရပ်တည်နေတဲ့ မြို့ကြီးပြကြီးက အမျိုးသမီးတွေကိုဖြစ်ကာ သူတို့နဲ့ချစ်သူရည်းစားဆက်ဆံရေးတည်ဆောက်ပြီး ငွေကြေးလိမ်ယူကြတာပါ ။ ထိုလိမ်လည်မှုတွေကြား ကျိုးရန်နဲ့ဖန်နင်ကလည်း နစ်နာသူတွေထဲက နစ်နာသူနှစ်ဦးဖြစ်ပါတယ် ။ဒါပေမဲ့ ရဲရင့်ပြီး ဉာဏ်ကောင်းလှတဲ့ ကျိုးရန်နဲ့ဖန်နင်က သူတို့ကိုလိမ်သွားတဲ့သူတွေရဲ့နောက်ကြောင်းကိုလိုက်ရင်း လင်ကွမ်းမြို့ကိုရောက်လာချိန်မှာတော့.... သူတို့ကိုလိမ်တဲ့သူတွေနဲ့ပြန်တွေ့မလား ... ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်ကြည့်ကြဖို့တိုက်တွန်းပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : ...
movie
Tainted Love ( 2023 )
5.5
Grudge (2021)
Grudge (2021) ဇာတ်ကားဟာ တူရကီနိုင်ငံမှာ အခြေခံရိုက်ကူးခဲ့တဲ့ဇာတ်ကားဖြစ်ပြီး တူရကီနိုင်ငံရဲ့ နာမည်ကျော် ဇာတ်ညွှန်းဆရာ/ဒါရိုက်တာဖြစ်တဲ့Yilmaz Erdogan ကိုယ်တိုင် ရေးသားပြီး ပါဝင်သရုပ်ဆောင်ထားတဲ့action/crime ဇာတ်ကားကောင်းလေး တစ်ခုဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကျောရိုးက ဆုချီးမြှင့်ခံရပြီး ရာထူးတိုးတော့မဲ့ရဲမှူးကြီးတစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။ သူ ရာထူးမတိုးခင်လေးမှာသူသာမန်ရဲဘဝတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ဘယ်လိုလူတွေကသူ့ကို ရန်ငြိုးတွေနဲ့ ဘာများကြံစည်ကြမလဲ။ သူကကော အဲ့အခက်အခဲတွေကိုကျော်လွှားနိုင်မှာလား။ သူ့ရဲ့အတိတ်က အရိပ်မည်းတွေကို လွတ်အောင်ရှောင်ပြေးနိုင်မှာလားဆိုတာတွေကို ကြည့်ရှူရမှာဖြစ်ပါတယ်။ သာမန် crime တွေနဲ့မတူတာက ဇာတ်လမ်းမဆုံးမချင်း ဘယ်သူက ဘာတွေ ဖြစ်လိုဖြစ်မလဲဆိုတာလုံးဝမှန်းလို့မရနိုင်တာပဲ ဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးကို အပေါ့ထသွားဖို့တောင်မေ့လောက်တဲ့အထိ အစကနေအဆုံး ဆွဲခေါ်နိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။မဖြစ်မနေ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်... File size…1.08GB / 531MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 45m Genre ….. Crime , Drama , Mystery Subtitle….Myanmar ...
movie
Grudge (2021)
5.8
The Guilty Ones (2019)
လွန်ခဲ့တဲ့၁၀နှစ်က လင်တန်းဆိုတဲ့ကလေးမလေးတစ်ယောက်ကို လူတစ်ယောက်ကပြန်ပေးဆွဲခဲ့ပြီး ကလေးမလေးအမေဆီကို ငွေညစ်တောင်းခဲ့ပေမဲ့ကလေးမလေးကတော့သေသွားခဲ့ပါတယ်.... အဲ့ဒီအမှုကို၁၀နှစ်ကြာစုံစမ်းစစ်ဆေးခဲ့တာတောင် အဖြစ်မှန်မပေါ်နိုင်သေးပဲရှိနေသေးတာမို့ ကလေးမလေးအမေကလက်မလျော့ပဲ အဲ့အချိန်တုန်းကပြန်ပေးဆွဲသမားကို ဆက်လက်ပြီးတော့လိုက်ရှာနေခဲ့ပါတယ်တိုက်ဆိုင်စွာနဲ့ပဲလွန်ခဲ့တဲ့၁၀နှစ်တုန်းကအဖြစ်လိုမျိုး ကျူးကျူးဆိုတဲ့ကလေးမလေးဆီမှာပြန်ဖြစ်လာသောအခါ... ကလေးကိုဘယ်သူကပြန်ပေးဆွဲတာလဲ ဘာကြောင့်လဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်..... Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery , Drama Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Xiao Encoded by LK
movie
The Guilty Ones (2019)
5.7
Fight Through The Yin-Yang House ( 2023 )
ဒီတခေါက်မှာတော့ CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မင်ကော်ခေတ်မှာ သင်္ချိုင်းဖုန်းရွှေကြည့်တဲ့ အယူတွေကို အလေးထားကြပါတယ်။ "ချမ်းသာဖို့နေအိမ်ကြည့်၊ ရာထူးတိုးဖို့ သင်္ချိုင်းကြည့်" ဆိုပြီး ပြောနေကြပါတယ်။ ဆရာယင်းယန်ရဲ့ တာဝန်ကတော့ နဂါးဂူတည်ရာကိုရှာပြီး နေအိမ်နဲ့ သင်္ချိုင်းအတွက် နေရာကောင်းတွေကို ရှာဖွေပေးဖို့ဖြစ်ပြီးတော့ လူအများရဲ့ လက်ခံခြင်းကို ခံရပါတယ်။မြေနတ်အမည်ရတဲ့ ကောယင်းယန်ဟာ လင်ရှန်းမြို့မှာ ကျေးဇူးရှင်ကျန့်ဝုန်းကို လာရောက်ရှာဖွေချိန်မှာပဲ လင်ရှန်းမြို့မှာ ဆန်းကြယ်တဲ့ ကြွက်အိမ်ထောင်ပြုပွဲတစ်ခု ရှိတာတွေ ဖုန်းရွှေနေရာကောင်းမှာရှိတဲ့ မိသားစုတစ်စု သေဆုံးရခြင်းအကြောင်းတွေကို ကြားသိခဲ့ရပါတယ်။ဖုန်းရွှေခိုးပြီး ချမ်းသာလာတဲ့ ညီအစ်ကို ၂ ယောက်ဟာ ၃ နှစ်တိတိ မိခင်အတွက် ဝမ်းနည်းမှုကို ပြသခဲ့ပါတယ်။ ဒါတွေက အစစ်တွေလား အတုအယောင်တွေလား...... သဲလွန်စအားလုံးဟာ ပုံပြင် ၃ ခုနဲ့ ဆက်နွယ်နေပါတယ်။အကျိုးနဲ့အကြောင်းဟာ သံသရာလည်နေပြီး နောက်ကွယ်က လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာပါတယ်။ သရဲတစ္ဆေထက် ကြောက်ဖို့ကောင်းတဲ့ လူ့စိတ်ဆိုတဲ့အရာကို ဘယ်လို ဖော်ထုတ်ကြမလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်ပြီး ကြည့်ရှုခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : ...
movie
Fight Through The Yin-Yang House ( 2023 )
First
19
20
21
22
23
Last
Previous
Next