Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mystery
Sleeping Dogs (2024)
ဒါရိုက်တာကြီး Adam Cooper ရိုက်ကူးထားပြီး 2024 March 22 တုန်းကမှ Release လုပ်ထားတဲ့ Crime/Mystery/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း..... မင်းသားကြီး Russell Crowe၊ Marton Csokas နဲ့ Tommy Flanagan တို့လို နာမည်ကြီး မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ Karen Gillan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့..... ကားမတော်တဆမှုဖြစ်ပြီး မှတ်ဉာဏ်တွေဆုံးရှုံးထားတဲ့ ရဲစုံထောက်တစ်ယောက်ဖြစ်တဲ့ ရွိုင်းဖရီးမန်း ဟာ တာဝန်မှ အနားပေးခြင်းခံလိုက်ရပါတယ် ဆေးကုသမှုမျိုးစုံနဲ့ ကုသနေရပြီး အတိတ်ကို သတိမရတချက် ရတချက် ဖြစ်နေတာပေါ့ တစ်နေ့တော့ တစ်ချိန်က သူနဲ့ သူ့ရဲ့ပါတနာနဲ့ လိုက်ထားတဲ့လူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်က သူနဲ့တွေ့ချင်ပါတယ်လို့အကြောင်းကြားလို့ သွားတွေ့ရာကနေ..... အတိတ်က သူတို့လိုက်ခဲ့တဲ့အမှုတွေက ဘယ်လိုမျိုးတွေလဲ..... ဒီလူသတ်မှုရဲ့ တရားခံအစစ်က ဘယ်သူလဲ..... သူတို့တွေ တကယ်ပဲ အမှုကို သေချာလိုက်ခဲ့ကြရဲ့လား.... ...
movie
Sleeping Dogs (2024)
7.5
Contact (1997)
Contact (1997)IMDb Rating (7.5) / Rotten Tomatoes (68%)Forrest Gump တို့ Cast Away တို့ Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် ...
movie
Contact (1997)
L.I.F.E. (2024)
အကသမဖြစ်ချင်တဲ့အိပ်မက်ရှိတဲ့ ကုမ္ပဏီဝန်ထမ်း အမ်မာနဲ့ ငွေဝင်သိပ်မရဘဲချို့ချို့တဲ့တဲ့နေရတဲ့ အကသမလေး ယင်ကာတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အမ်မာက ပြည့်ပြည့်စုံစုံနေရပေမဲ့ အကသမဘဝကိုပဲ တပ်မက်နေတယ်။ တစ်ဖက်မှာလည်း ယင်ကာက အကသမဖြစ်နေပေမဲ့ ဝင်ငွေနည်းတာကြောင့် အလုပ်ပြောင်းဖို့စဉ်းစားနေတယ်။ တစ်နေ့မှာ သူတို့နစ်ယောက်လုံးလမ်းဘေးကအမေအိုကြီးနဲ့ တစ်လှည့်စီတွေ့ဆုံဖြစ်ခဲ့ကြပြီး သူတို့လိုချင်တဲ့ဘဝတွေအကြောင်းရင်ဖွင့်လိုက်ကြတယ်။အဘွားအိုကြီးက သူတို့နှစ်ယောက်စလုံးကို ဆုတောင်းမမှားဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ အမ်မာနဲ့ယင်ကာတို့က ခန္ဓာကိုယ်ချင်းပြောင်းသွားကြပါတော့တယ်။ သူတို့နှစ်ယောက် ကိုယ့်ခန္ဓာကိုယ်ကိုပြန်ရဖို့ ဘယ်လိုတွေလုပ်ကြမလဲ အဲ့မတိုင်မှာရင်ဆိုင်ရမဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khant Sett Naing
movie
L.I.F.E. (2024)
9.6
Athomugam (2024)
Athomugam 2024 (ဖုံးကွယ်ထားသောမျက်နှာ) IMDb 9.7/10' တစ်ခုခုကိုအစီအစဉ်ချဖို့ဆိုရင် အကွက်ကျကျနဲ့ အစကနေအဆုံးထိ ပိပိရိရိဖုံးကွယ်တတ်ရတယ် ' ဒါကတော့ ဒီဇာတ်လမ်းရဲ့အသက်သွေးကြောပါ Anni နေ့မှာ မိန်းမအတွက်ကြိုစပရိုက်စ်စီစဉ်ထားပေမဲ့ မိန်းမတွေ တစ်ကွက်ကြိုမြင်တယ်ဆိုတဲ့အတိုင်း ဟိုကကြိုသိနေတော့ မာတင်တစ်ယောက် မတင်မကျဖြစ်နေလေရဲ့ ဒီလိုနဲ့ ငါကွယောကျာ်းဆိုပြီး မိန်းမမသိအောင်စပရိုက်စ်လုပ်နည်းတွေပတ်ရှာရင်း အလုပ်ထဲကတစ်ယောက်ရဲ့အကြံနဲ့ မိန်းမဖုန်းထဲ Hidden and Face ဆိုတဲ့ app တစ်ခုဒေါင်းပေးလိုက်ပါလေရောဒီအက်ပ်ရဲ့လုပ်ဆောင်ချက်တွေက ဒေါင်းထားတဲ့လူရဲ့ဖုန်းကင်မရာထဲ အချိန်မရွေးဝင်ကြည့်လို့ရတာပါ မိ န်းမရဲ့ ချစ်စရာအမူအရာလေးတွေကို record လုပ် အကုန်ပေါင်းပြီး video လုပ် စပရိုက်စ်မယ်ဆိုပြီး မိန်းမမသိအောင် ဖုန်းထဲဒေါင်းပေးထားပြီး နောက်ဆုံးစပရိုက်စ်အလုပ်ခံရသူကတော့ ထပ်ပြီးသူပါပဲ ဖုန်းကင်မရာတွေကနေ ဘာတွေများသူတွေ့သွားမလဲ ဇာတ်လမ်းကအေးတယ်ထင်ရပေမဲ့ အဆုံးထိဆွဲခေါ်သွားနိုင်ပါကြောင်း။။။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~Zwe ~ Alex ~ ToMo ~ Suri တို့ပဲဖြစ်ပါတယ် ) File size… 1.3GB / 555MB Quality…WEB ...
movie
Athomugam (2024)
2024
5.8
The Mystery of Jade ( 2024 )
မီးထွန်းပွဲတော်ညတစ်ညမှာ ပြည်သူတွေပျော်ပျော်ရွှင်ရွှင်နဲ့ လည်ပတ်ပြီး မီးပုံးတွေရှုစားနေတဲ့အချိန်မှာ တော်ဝင်နတ္ခတ်ပညာရှင်ကြီးက " စုန့်တိုင်းပြည်ကြီးပျက်တော့မည်" ဆိုတဲ့တဘောင်ကို တွင်တွင်အော်ဟစ်ပြီး အဆောက်အဦးပေါ်ကနေခုန်ချသေဆုံးသွားခဲ့တယ်။တဘောင်ကြောင့် ပြည်သူတွေထိတ်လန့်တကြားဖြစ်ရပြီး တိုင်းပြည်တည်ငြိမ်ရေးကိုပါ ထိခိုက်လာနိုင်တဲ့အတွက် ဘုရင်မင်းမြတ်ဟာ ပေါင်ချိန်ကို (၃)ရက်အတွင်းအမှုဖော်ဖို့ တာဝန်ပေးလိုက်ပါတယ်။ (၃)ရက်အတွင်းမှာ ဆန်းကြယ်လှတဲ့ဒီအမှုကိုဘယ်လိုစုံစမ်းစစ်ဆေးမလဲ...... ပြည်သူတွေကိုကိုင်လှုပ်ခဲ့တဲ့တဘောင်ကိုပြန့်အောင်လုပ်တဲ့သူကဘယ်သူဖြစ်နေမလဲ......အရာအားလုံးကိုနောက်ကွယ်ကချုပ်ကိုင်နေတဲ့တရားခံဟာ ဘယ်လိုရည်ရွယ်ချက်နဲ့များကျူးလွန်ခဲ့တာဖြစ်မလဲ...... လူငယ်ပေါင်ချိန်ဇာတ်ကားဖြစ်ပြီးတော့ ပေါင်ချိန်ဇာတ်လမ်းတွဲနဲ့မတူတဲ့ ဟန်တစ်မျိုးနဲ့ တင်ဆက်ပုံဖော်ထားတာဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းတွေကိုကြိုက်တဲ့ ပရိသတ်အတွက် စိတ်ဝင်စားစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Mystery , Horror Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Mystery of Jade ( 2024 )
6.1
The Abandoned ( 2024 )
CM ချစ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ abandoned ဆိုတဲ့ တရုတ်ကားကောင်းလေးနဲ့ မိတ်ဆက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်ကားလေးကတော့ ရွေ့ပြောင်းလုပ်သားတွေရဲ့ သူများနိုင်ငံမှာ ဘယ်လိုရှင်သန်ရတယ်ဆိုတာကို တစ်စိတ်တစ်ပိုင်း ဖော်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… ဒီဇာတ်လမ်းအစမှာ ရည်းစားသေလို့ ထရာမာရနေပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြိုးစားနေတဲ့ ဝူကျယ်ဆိုတဲ့ ရဲမေတစ်ယောက် သူသတ်သေဖို့ ကြံရွယ်နေချိန်မှာပဲ ဗီဇာသက်တမ်းကုန်နေတဲ့ ထွက်ပြေး ရွေ့ပြောင်းအလုပ်သမားတစ်ယောက်အလောင်းကို မြစ်ထဲပစ်တာနဲ့ ကြုံခဲ့ပါတယ်…ဒီလိုနဲ့ ဝူကျယ်တစ်ယောက် အလောင်းဖော်ထုတ်ရင်း ဘာတွေဖော်ထုတ်နိုင်ခဲ့လဲ… ဘာတွေ ကြုံတွေရမှာလဲ ဇာတ်လမ်းလေးက ခေါ်ဆောင်သွားပေးပါလိမ့်မယ်… Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller , Crime , Drama Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK
movie
The Abandoned ( 2024 )
6.1
Suspect ( 2024 )
CM ရဲ့ တရုတ်ကားချစ်ဖန်လေးတွေအတွက် suspect ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေးကတော့ ရုတ်တရက်ကြီး ကြိုးဆွဲချသေသွားတဲ့ လူတစ်ယောက်... ဒီလူကို သတ်ပါတယ်လို့ ကိုယ်တိုင်ရဲစခန်းရောက်ပြီး ဝန်ခံခဲ့တဲ့ သံသယရှိသူ အမျိုးသမီးတစ်ယောက်...ဒါပေမယ့် ဒီအမျိုးသမီးက ငရဲတရားသူကြီးရဲ့ စွမ်းအားသုံးပြီး စီရင်လိုက်တယ်ပဲ ဖြောင့်ချက်ပေးနေတဲ့အပြင် ပြည်သူ့ရဲတပ်ဖွဲ့က အနားယူသွားတဲ့ ကောဝမ်ပင်းကိုမှ တွေ့ချင်တယ် ဆိုသောအခါ...ကောဝမ်ပင်းဆိုတာ ဘယ်သူလဲဆိုတော့ မှုခင်းအရာရှိဟောင်းတစ်ဦးပေါ့... မွေးရပါ ဓာတ်ပုံမှတ်ဉာဏ်လို မှတ်ဉာဏ်ထူးကို ပိုင်ဆိုင်ထားသူပေါ့... ဒါပေမယ့် ကွင်းဆက်လူသတ်မှုတစ်ခုကို ညီအစ်ကို ၂ ယောက်အတူလိုက်ရင်း သူ့မျက်စိရှေ့တင် သူ့ညီလေး အသတ်ခံလိုက်ရပြီး ထူးထူးဆန်းဆန်း အဲ့လူသတ်တရားခံမျက်နှာကို ဘယ်လိုမှ မမှတ်မိတော့တာကြောင့် ဘဝကို အရှုံးပေးဖို့အထိ စဉ်းစားပြီး အလုပ်နားခဲ့သူပေါ့...ဒီတော့ ငရဲတရားသူကြီးကရော ဘယ်သူလဲ... သူက ဘာလို့ လူတွေကို စီရင်နေတာလဲ... စခန်းမှာ လာဝန်ခံခဲ့တဲ့ အမျိုးသမီးကရော တကယ့်တရားခံလား... တကယ်တရားခံမဟုတ်ရင် သူဘာလို့ တရားခံပါလို့ ဝန်ခံရတာလဲ... ဇာတ်လမ်းလေးကြည့်ပြီး အဖြေရှာလိုက်ကြတာပေါ့... Quality : WEB-DL 1080p , 720p Format : mp4 Genres : ...
movie
Suspect ( 2024 )
5.8
Snake Skin Beauty ( 2024 )
တောနက်ကြီးထဲမှာအလောင်းကောင်တွေကိုစားသုံးနေတဲ့ မြွေကြီးတစ်ကောင်ရှိနေခဲ့တယ်။ မိန်းမလှလေးအဖြစ်အယောင်ဆောင်ထားတဲ့ မြွေကြီးလှည့်ဖျားမှုအောက်မှာ အလောင်းပြင်ဆရာတစ်ယောက်ဟာ အလောင်းတစ်ခုရဲ့ခေါင်းနဲ့ကိုယ်ကိုတွဲချုပ်ပေးလိုက်ခဲ့မိတယ်။အဲဒီအချိန်ကစပြီးတော့ အလောင်းပြင်ဆရာတို့လင်မယားရဲ့အေးချမ်းတဲ့ဘဝဟာ လှုပ်ခတ်လာခဲ့တယ်။ မြွေမလေးဟာ မျက်နှာလှလှလေးရဲ့နောက်ကွယ်မှာ လူတွေကိုစားသုံးနေရင်း အလောင်းပြင်ဆရာရဲ့ မိန်းမနေရာမှာအစားနိုင်ဖို့ကြိုးစားလာတဲ့အခါ...... မြွေမလေးရဲ့ညှို့ကွက်အောက်ကလွတ်နိုင်ပါ့မလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller , Fantasy , Thriller Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie
Snake Skin Beauty ( 2024 )
5.5
The Recall (2017)
ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကိုဒါရိုက်တာ Mauro Borrelli ရိုက်ကူးပုံဖော်ထားတဲ့ Sci-Fiဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Final Recall ဆိုတဲ့ဇာတ်ကာလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်..ဒီဇာတ်ကားမှာ မင်းသား Wesley Snipes , RJ Mitte နဲ့မင်းသမီး Laura Bilgeri ,Hannah Rose May တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာဒါရိုက်တာ Mauro Borrelli ကအကောင်းဆုံးဒါရိုက်တာဆုကိုရရှိထားပါတယ် ဇာတ်လမ်းအစမှာ ချာလီတို့သူငယ်ချင်းငါးယောက် လူသူကင်းဝေးတဲ့ ရေကန်တစ်ခုဆီကိုပျော်ပွဲစားထွက်လာပုံနဲ့စတင်ထားပါတယ်အဲ့နောက်ခရီးထွက်လာရင်း သူငယ်ချင်းငါးယောက် ဂတ်စ်ဆိုင်မှာကားဂတ်စ်ဝင်ဖြည့်နေတုန်း ဘရန်ဒန်ဆိုတဲ့ တစ်ယောက်ကအဲ့ဒေသကမုဆိုးတစ်ယောက်နဲ့ ပြဿနာဖြစ်ပါတယ် အဲ့ဒီနောက်ဆက်ပြီးခရီးဆက်လာကြရင်း သူတို့ထွက်လာတဲ့ ရေကန်လေးဆီကိုရောက်လာပါတယ် တိုက်တိုက်ဆိုင်ဆိုင်အဲ့အချိန်မှာ တစ်ကမ္ဘာလုံးကကောင်းကင်ယံမှာ ထူးဆန်းတဲ့တိမ်တိုက်တွေဖြစ်ပေါ်လာပါတယ် တချို့ကလည်းဒါကတခြားကမ္ဘာကဂြိုလ်သားတွေရောက်ရှိလာခြင်းဖြစ်တယ်လို့ သုံးသပ်ကြသလို တချို့ကလည်း ဒါကမုန်တိုင်းတစ်ခုသာဖြစ်တယ်လို့ အငြင်းပွားနေကြပါတယ် အဲ့ဒီနောက်သူငယ်ချင်းငါးယောက် စခန်းချရာအိမ်ကိုရောက်ရောက်ချင်းထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု စဖြစ်ပါတော့တယ် ချာလီဘရန်ဒန်နဲ့ အန်နာတို့ တောထဲကို လျှောက်ပတ်သွားရင်းမုဆိုးတစ်ဦးနေထိုင်တဲ့ သစ်သားအိမ်လေးထဲကို ရောက်ရှိသွားပါတော့တယ် ထူးထူးဆန်းဆန်းအဲ့အိမ်က ချိတ်ဆွဲထားတဲ့ဓာတ်ပုံတွေမှာ လမ်းမှာ ...
movie
The Recall (2017)
5.8
Heaven and Earth Are Righteous ( 2024 )
နတ်တွေသရဲတွေက သူရဲကောင်းကိုမတားကြဘူး၊ တောင်တန်းပေါ်ကနေရာတိုင်းမှာ သစ္စာရှိအရိုးတွေ မြှုပ်ထားတယ်တဲ့။ ဒီသည်းထိတ်ရင်ဖိုရုပ်ရှင်လေးက ၁၉၃၉ ခုနှစ်က ခေတ်ပြောင်းလဲချိန်ကို အခြေခံ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။၁၉၃၉ ခုနှစ်မှာ အခေါင်းသယ်သူ စုန့်ကျုံးယိကို မုဆိုးမယန်ထောင်က အခေါင်းသယ်ပေးဖို့ တောင်းဆိုလာပါတယ်။ သူ့ရဲ့ ဆုံးပါးသွားတဲ့ ခင်ပွန်းရဲ့ အခေါင်းကို လဲ့ရှန်းတောင် အန်းဂူမြို့မှာ မြှုပ်နှံသင်္ဂြိုလ်ဖို့တဲ့။ ဒါပေမဲ့ အဲ့ဒါဟာ လိမ်နေကြောင်း စုန့်ကျုံးယိက သိတဲ့အတွက် ငြင်းခဲ့ပါတယ်။ အဲ့ဒီအခါ ယန့်ထောင်တစ်ယောက် အခေါင်းကို ဂိတ်ဖြတ်ခွင့်ပေးဖို့ ဝမ့်ဖူရွာက ဌာနမှူးကျန်းကို ခွင်းတောင်းရပါတယ်။ယန်ထောင်တစ်ယောက် ဂိတ်ဖြတ်ခွင့်တောင်းတဲ့ ညမှာပဲ ဌာနမှူးကျန်းရဲ့ အကောက်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး စုန့်ကျုံးယိဆီကို ရောက်လာတဲ့ အခေါင်း ၂ခေါင်း ဖြစ်သွားပါတယ်။ အဲ့လို အဖြစ်အပျက်တွေ ဖြစ်ပြီးနောက်မှာပဲ ဌာနမှူးကျန်းတို့အိမ်မှာ နိမိတ်ဆိုးတွေ စပြလာပါတော့တယ်။လည်ပင်းမှာ အခေါင်းကွင်းလို့ခေါ်တဲ့ ယားနာဖုလို အဝိုင်းကြီးပေါ်လာတဲ့အခါ...... သေသွားတဲ့ မိန်းကလေးယန်ထောင်ရဲ့ မျက်နှာမူရာအရပ်အတိုင်း သွားရှာလိုက်တဲ့အခါ...... စုန့်ကျုံးယိတစ်ယောက် ဘယ်လို လျှို့ဝှက်ချက်တွေကို ရှာဖွေတွေရှိသွားမလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : ...
movie
Heaven and Earth Are Righteous ( 2024 )
7.3
Twin Peaks: Fire Walk with Me (1992)
Twin peaks fire walk with me ဆိုတဲ့ဇာတ်ကားကတော့ 1992 ကထွက်ရှိထားတဲ့ဇာတ်ကားဖြစ်ပြီး Horror / crime အမျိုးအစားဖြစ်ပါတယ်။FBI အေးဂျင့်နှစ်ယောက်ဖြစ်တဲ့ ဆမ်နဲ့ချက်က စားပွဲထိုးမလေးထရီဆာရဲ့အသတ်ခံရတဲ့အမှုကိုလိုက်လံစုံစမ်းရာကနေစပါတယ်။အမှု့ရဲ့သဲလွန်စကိုရှာတွေ့ပြီလို့ထင်တဲ့အချိန်မှာချက်က ရုတ်တရက်ကြီးပျောက်သွားပါတော့တယ်။ဇာတ်လမ်းတစ်လျှောက် မြုပ်ကွက်နဲ့သဲလွန်စတွေကို ကြည့်ရှုသူတွေကိုယ်တိုင်စဉ်းစားသွားရမှာမလို့ တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(800 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:14:00 Genre...Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie
Twin Peaks: Fire Walk with Me (1992)
6.7
The Verge of Death (2023)
The Verge of Death / Di Ambang Kematian [2023] (IMDb 6.7/10)ဇာတ်လမ်းအစမှာ နာဒီယာဟာ သူ ၇နှစ်သမီးတုန်းက မိသားစုလိုက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောင်းပြောလို့ နေခဲ့ပါတယ်... သူ့အမေဟာ နာတာရှည်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရရင်းက ရုတ်တရက်ပြန်ကောင်းလာပြီးနောက်မှပဲ သတ်သေသွားခဲ့ပါတယ်... အသေဆိုးနဲ့ သေခဲ့ရပြီးတဲ့နောက်မှာ သူ့အစ်ကိုဟာ ထူးဆန်းတာတွေကို စတင်မြင်တွေ့လာပါတော့တယ်... အဲ့လိုနဲ့ နှစ်အတန်ကြာတဲ့ နောက်မှာတော့ အစ်ကိုဖြစ်သူ ယိုဂက နာဒီယာကို အမေသေရတာဟာ အဖေ့ကြောင့်ဖြစ်ကြောင်း ပြောပြလာပါတော့တယ်.. ဒီလိုနဲ့ သူတို့အဖေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရင်းက သူတို့အဖေ ယစ်ပူဇော်နေတာကို တွေ့ရပါတော့တယ်... ဒီတော့မှ ဖြစ်ကြောင်းကုန်စင်ကို သိလိုက်ရပြီးတော့ သူတို့ရထားတဲ့ ချမ်းသာကြွယ်ဝမှု မှန်သမျှဟာ အရာတစ်ခုဆီမှာ အလဲအလှယ်ပြုလုပ်ပြီး ရထားကြောင်းနဲ့ အပြန်အလှန်အနေနဲ့ မအေလုပ်သူက အသက်ပေးလိုက်ရတယ်ဆိုတာပါပဲ... နာဒီယာ့အဖေဟာ ကျန်တဲ့သူတွေ အသက်မပျောက်စေရေးအတွက် ယစ်ပူဇော်မှုတွေ ဆက်လုပ်နေခဲ့ရတာပါ... ဒါပေမယ့် အရာမထင်ခဲ့ပါဘူး... ဘယ်သူတွေ ဆုံးပါးသွားပြီး ဘယ်သူတွေ အသက်ဆက်ရှင်ဖို့ ကြိုးစားသွားမလဲဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ်အညွှန်း ...
movie
The Verge of Death (2023)
2023
6.0
Crimes of Fashion: Killer Clutch (2024)
အားလပ်ရက်တွေမှာ ကြည့်စရာ အေးအေးငြိမ့်ငြိမ့်ရုပ်ရှင်တစ်ကားလောက် ရှာနေပါသလား?ဇာတ်အိမ် ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကောင်တွေပါဝင်တဲ့ဒီဖက်ရှင်စုံထောက်ကားလေးကို ရွေးချယ်လိုက်ပါ!ဖက်ရှင်နယ်ပယ်မှာ ဦးတည်အလုပ်လုပ်တဲ့ အမေရိကန်သူစိတ်ပညာရှင် လောရမ် အဲလီးရက်ဟာ အလုပ်သစ်တစ်ခုကြောင့်ပါရီမြို့ကို ယာယီပြောင်းရွှေ့ခဲ့ရပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်သူမရဲ့ လုပ်ငန်းခွင်အသစ်ဖြစ်တဲ့ ပါရီဖက်ရှင်ပွဲမှာပဲ လူသတ်မှုကြီးတစ်ခုကို ကြုံတွေ့လိုက်ရတဲ့အခါမှာ…ထက်ထက်မြက်မြက် အမေရိကန်မလေး လောရမ်နဲ့အတူစည်းမျဉ်းစည်းကမ်းအတိုင်း တစ်သွေမတိမ်းလုပ်တတ်တဲ့ပြင်သစ်စုံထောက် အန်ဒရေ ဒူဗရိုင်းက ဘယ်လိုတွေ့ဆုံလက်တွဲပြီး ဒီအမှုကို အဖြေရှာမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အသံဩရှရှ ပြင်သစ်လေသံတွေ၊ ပေါ့ပါးတဲ့ဟာသတွေ၊အဓိကဇာတ်ဆောင် နှစ်ယောက်ကြားက chemistry ကိုက်မှုတွေနဲ့အတူ မလေးလံတဲ့ မှုခင်းစုံစမ်းရေးတွေ ရောပြွန်းပါဝင်နေတာကြောင့် အပျော်တမ်းကြည့်စရာ ရုပ်ရှင်ကားကောင်းတစ်ခုဆိုတာကို ညွှန်းလိုက်ပါရစေ။ File size…1.74 GB / 760 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie
Crimes of Fashion: Killer Clutch (2024)
The Number 23 (2007)
ဟာသ သရုပ်ဆောင် Jim Carreyလို့ ပြောလိုက်ရင် သူ့ရဲ့ပြောင်မြောက်လှတဲ့ ဟာသဉာဏ်နဲ့ သရုပ်ဆောင်စကေးတွေကြောင့် လူသိများပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ Jim Carrey ရိုက်နေကြ Comedy ပုံစံမဟုတ်ဘဲ ပုံမှန်နဲ့ကွဲထွက်တဲ့ Thriller/Mystery ပုံစံလေး ရိုက်ကူးထားပါတယ်။ Personally အရ ပြောရရင် ဇာတ်လမ်းရော သရုပ်ဆောင်တွေရော 10/10 ပါပဲနော်။ကျွန်တော်တို့ လူတွေတိုင်းမှာ ကိုယ်စီ အယူသီးတဲ့ နံပါတ် ရှိကြပါတယ်။ ဥပမာ ကမ္ဘာလုံး အယူသီးကြတဲ့ ၁၃ဆိုရင် ကံမကောင်းတဲ့နံပါတ်၊ ၇ကတော့ ကံကောင်းစေတဲ့ နံပါတ်လေးပေါ့။ ကျွန်တော်ဆိုရင်လည်း ၁၃၊ ၂၅၊ ၂၇ ဆိုရင် ကျွန်တော့်အတွက် ကံကောင်းစေတဲ့ နံပါတ်တွေလို့ အယူသီးလေ့ရှိပါတယ်။ ဒါကတော့ လူတစ်ဦးတစ်ယောက်ချင်းပေါ်မှာ မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။ဝေါတာ စပဲရိုးက တိရစ္ဆာန် ထိန်းသိမ်းရေးအရာရှိ တစ်ယောက်ပါ။ သူက အက်ဂက်သာလို့ ခေါ်တဲ့ ...
movie
The Number 23 (2007)
Aquaslash (2019)
Mystery, Thriller ကြိုက်တဲ့သူတွေအတွက်လာပါပြီ..Valley Hills အထက်တန်းကျောင်းမှ ဘွဲ့ရကျောင်းသားတွေစုပြီးWet Valley Water Park ကိုလာရောက်အပန်းဖြေကြပါတယ်..ရောက်ရောက်ချင်းညမှာတော့ သောက်စားပျော်ပါးကျနဲ့ပြီးသွားတယ်ပေါ့..နောက်တစ်နေ့မှာ လျှောစီးပြီး ရေကူးကန်ထဲကို အမြန်ဆုံးရောက်တဲ့အဖွဲ့က ဒေါ်လာ၅၀၀ ရမယ်ဆိုပြီး အဖွဲ့လေးတွေစုပြီးပြိုင်ကြပါတယ်...ကျောင်းသားလေးတွေမသိလိုက်တာက လျှောထဲမှာဘာတွေရှိနေမလဲဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့..... File size…1.23GB / 631MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 11m Genre …..Mystery, Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie
Aquaslash (2019)
Imaginary (2024)
လူကြီးမင်းတို့ရဲ့ အားလပ်ချိန်မှာ စိတ်အပန်းဖြေစရာ ဟော်ရာရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ ဝေဖန်ရေးဆရာကြီးတွေ ဝေဖန်လေကန်ကြပေမဲ့လည်း ငွေကြေးအရ အတော်လေး အောင်မြင်ခဲ့ပြီး ပရိသတ်လက်ခံနိုင်လောက်တဲ့ ဟော်ရာကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဂျက်စီကာဆိုတဲ့ ကလေးမလေးက ဖြစ်ရပ်တစ်ခုကို မေ့ဖျောက်ပစ်ဖို့ ငါးနှစ်သမီးလောက်မှာ အိမ်ပြောင်းခဲ့ရတယ်။ အရွယ်ရောက်လာချိန် အိမ်ထောင်ဖက်မှာ သမီးနှစ်ယောက်ပါလာခဲ့တဲ့အတွက် ကလေးတွေနဲ့ အဆင်ပြေဖို့အရေး ရုန်းကန်ကြိုးစားရင်း ကလေးဘ၀ကအိမ်ဆီကို ပြန်သွားဖို့ အကြောင်းဖန်လာပါတော့တယ်။ဂျက်စီကာရဲ့အိမ်ကို ရောက်ချိန်မှာတော့ လင်ပါသမီးထဲက အငယ်မလေးအက်လက်စ်ဟာ မြေအောက်ခန်းကနေ ဝက်ဝံရုပ်ကလေးတစ်ရုပ်ကို တွေ့လာခဲ့ပါတယ်။ အဲဒီဝက်ဝံရုပ်ကလေးကတော့ ဂျက်စီကာရဲ့ ကလေးဘ၀က စိတ်ကူးယဉ်သူငယ်ချင်းဖြစ်ခဲ့ပြီး အချိန်အကြာကြီး သူ့ကို ပစ်ထားခဲ့တဲ့အတွက် ဒေါသတကြီးနဲ့ ရန်ပြုဖို့ ကြိုးစားလာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.3 GB)/(674 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Mystery, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Imaginary (2024)
Snow Valley (2024)
Heath နဲ့ Laura က အသစ်စက်စက် စေ့စပ်ထားတဲ့ မောင်နှံ နှစ်ယောက်ပါ။ Laura က ကလေးတွေရဲ့ စိတ်ပညာကို လေ့လာရင်း ဒေါက်တာဘွဲ့ရအောင်လုပ်နေတာပါ။ Heathကလည်း ကိုယ်ပိုင် နှင်းလျှောစီးစကိတ်ကို ဒီဇိုင်းထွင်ပြီး ဖြန့်ချီမယ့်အရေး အလုပ်ရှုပ်နေတာဖြစ်ပါတယ်။ ဒီတော့ နှစ်ယောက်လုံး အနားရအောင် Heath မိဘတွေ ပိုင်ဆိုင်တဲ့အပန်းဖြေအိမ်ကြီးဆီ ခရီးထွက်လာခဲ့ကြပါတယ်။ပထမဆုံး ညမှာပဲ Laura က ထူးဆန်းတဲ့ အသံ တစ်သံ ကြားခဲ့ပါတယ်။ နောက်တစ်ရက် နိုးလာတော့ အနားမှာ Heath မရှိတဲ့အတွက် လိုက်ရှာရင်း တံခါး Bell မြည်သံကြောင့် ဖွင့်ပေးခဲ့တဲ့အခါမှာ အမျိုးသမီးကြီး တစ်ယောက်ကို တွေ့ပါတယ်။ ထို အမျိုးသမီးက သူ့ကိုယ်သူ မိတ်ဆက်ပြီး သူက အိမ်အကူဖြစ်ကြောင်း ပြောပြတယ်။နောက်ရက်မှာ သူတို့ကို ဂုဏ်ပြုပေးဖို့ သူငယ်ချင်း စုံတွဲကလည်း ရောက်လို့လာပါတယ်။ ဒါပေမယ့်လည်း ...
movie
Snow Valley (2024)
7.6
Birthmark (2024)
Birthmark 2024 ပြန်လည်မွေးဖွားခွင့်IMDb- 7.7/10လူတစ်ယောက်ရဲ့အနိမ့်ပါးဆုံးအချိန် အသက်ဆက်ရှင်လိုတဲ့ဆန္ဒတွေ ပျောက်ဆုံးနေချိန်မှာ အလိုအပ်ဆုံးကတော့ သူဆက်ပြီးရှင်သန်နေဖို့အတွက် နောက်ဆုံးမျှော်လင့်ချက်ပါပဲ။ သေခြင်းရှင်ခြင်းဆိုတာ အတွေးတစ်ချက်မှာတင် ကိစ္စပြတ်သွားနိုင်တဲ့ဒီလိုကာလမှာ ကောက်ရိုးတစ်မျှင်ဆိုရင်တောင် လှမ်းဆွဲထားချင်ကြတာပဲမဟုတ်ပါလား။ အခုဒီဇာတ်လမ်းလေးထဲမှာတော့ အိန္ဒိယဗိုလ်ကြီးဒန်နီရယ်ရဲ့မျှော်လင့်ချက်က သူ့မိန်းမဖြစ်တဲ့ဂျန်နီပါပဲ။သိပ်ချစ်လို့လက်ထပ်ခဲ့ကြတဲ့ ဂျန်နီနဲ့ဒန်နီရယ်တို့မှာ ကြာကြာကြည်နူးခွင့်မရပါဘူး။ တိုင်းပြည်တာဝန်ကိုထမ်းပိုးထားရတဲ့ လူဆိုတော့ လင်ယောက်ျားကို အပြည့်အဝပိုင်ဆိုင်ခွင့်သူ့မှာမရှိရှာပါဘူး။ ဒီလိုနဲ့ ဒန်နီရယ်လည်းစစ်ထွက်၊ စစ်ပွဲမှာ ပြန်ပေးဆွဲခံရပြီး ၆ လ သုံ့ပန်းဘဝနဲ့နေခွင့်ရပြီးမှ သူ့မိန်းမဆီကိုပြန်လာတဲ့အခါမှာတော့ ချစ်ဇနီးချောက တစ်ကိုယ်တည်းမဟုတ်တော့ဘဲ နေ့စေ့လစေ့ အချစ်စုဘူးလေးနဲ့ ဖြစ်နေပါသတဲ့။သူစစ်ထွက်ပြီး အဖမ်းခံရတာက ၆ လ ပြန်လာတော့ချစ်ဇနီးက ဗိုက်ပူနေပြီမလို့ ဒန်နီရယ်ဘဝင်မကျတော့ပါဘူး။ အဲဒီအပြင် ဇနီးသည်က ချူချာနေပြီးတော့ ကလေးဖွံ့ဖြိုးမှုနှုန်းကလည်း နှေးနေပြန်တော့ ဒန်နီရယ်တစ်ယောက် မိ န်းမကိုဘာမှသေချာမပြောပြဘဲ ဒါဗန်သရီသဘာဝနည်းနဲ့မီးဖွားပေးတဲ့ရွာကို ဇွတ်ခေါ်လာပါသတဲ့။နဂိုထဲက ကိုယ်ဝန်ဆောင်ကာလမှာ ယောက်ျားကမရှိ ကလေးကလည်းမကျန်းမာလို့ ပင်ပန်းရတဲ့ထဲ ယောက်ျားကပြန်လာတော့လည်း အပြုအမူကထူးဆန်း စိတ်ကလည်းဆတ်နေတဲ့အပြင် အရင်လိုနွေးနွေးထွေးထွေးမရှိ သူ့ကိုလည်းဘာမှမပြောပြတော့ စစ်ထဲမှာဘာဖြစ်လာမှန်းမသိရတဲ့အပြင် ဆရာဝန်တောင်မရှိတဲ့ ဒါဗန်သရီမှာ ကလေးလာမွေးခိုင်းတော့ ဂျန်နီကလည်း ကလန်ကဆန်၊ ဒန်နီရယ်ကလည်း သူ့ကိုပဲဇွတ်ယုံခိုင်းနေတဲ့အခါမှာတော့...ပြဿနာတွေအလီလီရှုပ်နေတဲ့ကြားက သိပ်ချစ်ကြတဲ့သူတို့နှစ်ယောက်ကြားက အေးစက်သွားတဲ့သံယောဇဉ်တွေ ဗိုက်ထဲကကလေးနဲ့အတူ ပြန်လည်မွေးဖွားလာမလားဆိုတာကို ဆက်လက်ရှုစားကြပါစို့လား။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ...
movie
Birthmark (2024)
2024
5.7
Club Dread (2004)
ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတယ့် အတော်လေးရယ်ရမယ့် comedy/horror ဇာတ်လမ်းမျိုးပါ"သုခဘုံကျွန်း"ဆိုတဲ့ ကျွန်းပေါ်က အပန်းဖြေစခန်းကို တစ်ချိန်က နာမည်ကြီးအဆိုတော် "Pete Coconut" က ပိုင်တယ် ကျွန်းပေါ်က ဝန်ထမ်းတွေကလည်း တစ်ယောက်တစ်မျိုးနဲ့ အဖောက်တွေချည်းပဲတစ်နေ့ စော်နှစ်ဗွေနဲ့ ဘဲတစ်ဗွေ ကျွန်းဘေးက တောထဲကို သွားပြီး threesome ကြရင်း လူသတ်သမား သတ်တာခံလိုက်ရတယ်ဒီကနေ ဝန်ထမ်းတွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်လို့ ကျွန်းပေါ်က ဝန်ထမ်းတွေအားလုံး လူသတ်သမားကို အဖြေရှာဖို့ လုပ်ရတော့တယ် ဖုန်းလိုင်းမမိ၊ လှေကလည်း ပျောက်သွားတဲ့အခါမှာ ကျွန်းပေါ်မှာ ပိတ်မိရင်း ဝရုန်းသုန်းကားတွေ ဖြစ်ကြတာကို ပရိသတ်ကြီး ခွီရမယ့်ကားလေးပါလိင်ဆက်ဆံခန်းတွေများတာမို့ မိသားစုနဲ့ အတူကြည့်မယ်ဆိုရင်တော့ မျက်နှာပူနေရမှာ သေချာတယ်။ File size…(2.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Comedy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan
movie
Club Dread (2004)
5.8
A Mother’s Nightmare (2012)
A Mother's Nightmare (2012) "မိခင်သောက" IMDb - 5.8/10ဒီကားကတော့ Flashမင်းသား ဂရန့်ဂတ်စတင်ရဲ့ The Flash ဇာတ်လမ်းတွဲ မရိုက်ခင် ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ teen thrillerရုပ်ရှင်ပါ။ ဒီကားထဲမှာတော့ ကျွန်တော်တို့ရဲ့ အမြန်ကောင်က ခရစ်ဆိုတဲ့ စာတော်ပြီး ရိုးသားကြိုးစားတဲ့ လူလိမ္မာလေးပေါ့။ ဒီလူလိမ္မာလေးက စော်ပစ်ကောင်လေးဖြစ်သွားလို့ ကြေကွဲလူငယ်လေး လုပ်နေတုန်းမှာပဲ သူတို့ကျောင်းကို ဗန်နက်ဆာဆိုတဲ့ ရေလည်ဟော့တဲ့ ခပ်မိုက်မိုက် စော်လေးတစ်ဗွေပြောင်းလာပါတယ်။ ပုံမှန်ဆို ခရစ်တို့လို လူရိုး စာဂျပိုးလေးတွေကို ဗန်နက်ဆာလို ခါးသေးရင်ချီ ခပ်ဟော့ဟော့ မိန်းမလှလေးက စာရင်းထဲတောင် ထည့်မှာမဟုတ်ပေမဲ့ ဗန်နက်ဆာကတော့ ခရစ်ကို ကြွေသွားပြီး ရေလာမြောင်းပေးလုပ်ရင်းနဲ့ ခဏအတွင်းမှာပဲ တွဲဖြစ်ခဲ့ကြပါတယ်။ လူလိမ္မာလေးဖြစ်ခဲ့တဲ့ ခရစ်တစ်ယောက် ဗန်နက်ဆာအတွက်နဲ့ အတန်းတွေပျက်၊ စာမေးပွဲတွေကျ အမေဖြစ်သူကို ကလန်ကဆန်တွေလုပ်တတ်လာပြီး ဗန်နက်ဆာရဲ့ အစွဲအလန်းကြီးမှု လွှမ်းမိုးမှုတွေမှာ တဖြည်းဖြည်း ပိတ်မိလာပါတယ်။ ဒီလိုနဲ့ ပျက်စီးစပြုလာတဲ့ခရစ်ဟာ သူသိထားတဲ့ ဗန်နက်ဆာရဲ့အကြောင်းတွေက အလိမ်အညာတွေဖြစ်ပြီး ဗန်နက်ဆာရဲ့ အတိတ်က စိတ်ဒဏ်ရာတွေကို သိလာချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာတစ်မျိုးတစ်ဖုံ ...
movie
A Mother’s Nightmare (2012)
2012
First
10
11
12
13
14
Last
Previous
Next