Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mystery
5.8
One in 89 Murderers ( 2024 )
သူဌေးသားလေး မုံ့ယိယွမ်နဲ့ နာမည်ကြီးအစီအစဥ်တင်ဆက်သူ ချန်ပင်းတို့ လက်ထပ်ခါနီးမှာပဲ မုံ့ယိယွမ်တစ်ယောက် ပြန်ပေးဆွဲခံရပြီး သုံးလေးရက်အကြာမှာတော့ မုံ့မိသားစုဆီကို ဗီဒီယိုတစ်ခုနဲ့အတူ ငွေညှစ်တဲ့ကိစ္စဖြစ်လာပါတယ်ဒါပေမဲ့ပြန်ပေးဆွဲထားတဲ့ဘက်ကို ငွေသွားပေးတဲ့အခါ ငွေကိုထားခဲ့ရပေမဲ့ မုံ့ယိယွမ်ကတော့ ပြန်ပေါ်မလာခဲ့ပါဘူး ၃ ရက်ကြာတဲ့အခါ မြစ်ကမ်းဘေးမှာ လက်ပြတ်တစ်ခုတွေ့လို့ ရဲဘက်က စစုံစမ်းတဲ့အခါမှ အဲဒီလက်ပြတ်က မုံ့ယိယွမ်ရဲ့ လက်ဖြစ်နေခဲ့ပြီး ရဲဘက်ကနေ မုံ့ယိယွမ်သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်သဲလွန်စတွေ စုံစမ်းကြတဲ့အခါ မုံ့ယိယွမ်နဲ့ ဖောက်ပြန်နေတဲ့ စူးရှောင်ချင်ရယ် စူးရှောင်ချင်ရဲ့ ရည်းစားဟောင်းဖြစ်သူ ချန်ကျစ်တို့ပါ ဒီအမှုနဲ့ ပတ်သက်နေပေမဲ့ ရဲဘက်က စစ်ဆေးလိုက်တဲ့အခါ အမှုကွင်းဆက်က မုံ့ယိယွမ်ရဲ့ ဇနီးလောင်းချန်ပင်းကိုပဲ ညွှန်ပြနေခဲ့ပါတယ်ဒါပေမဲ့ ချန်ပင်းနဲ့ စူးရှောင်ချင်ဟာ ရုပ်ချင်းတူနေတဲ့အခါမှာတော့... ဒီအမှုက အချစ်ကြောင့်ဖြစ်လာတဲ့ ရိုးရှင်းတဲ့ လူသတ်မှုလား ဒါမှမဟုတ် နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေဦးမှာလဲဆိုတာရှုစားကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Mystery , Crime Runtime : 1h 27 min Subtitle : Myanmar Subtitle ...
movie
One in 89 Murderers ( 2024 )
7
Vash (2023)
Vash 2023 မာယာရှင်ရဲ့လှည့်ကွက်သိပ္ပံပညာရဲ့တိုးတက်မှုနဲ့အမျှ အရာရာကို သိပ္ပံပညာနဲ့ဖြေရှင်းလို့ရလာပေမဲ့ အောက်လမ်း အထက်လမ်း သရဲ တစ္ဆေ ပရလောက အစရှိသဖြင့် လောကမှာ သိပ္ပံပညာနဲ့ ရှင်းမရတဲ့ပြဿနာတွေ အများကြီးပါပဲ။ အခုဒီဇာတ်ကားလေးက ဒီလိုဖြစ်ရပ်တွေထဲကတစ်ခုပေါ့။အာသာဗာက လေယာဉ်မှူးတစ်ယောက်ဖြစ်ပြီး သားဖြစ်သူအန့်ရှ်နဲ့ သမီးဖြစ်သူအာရ်ယာ ဇနီးဖြစ်သူဘီမာနဲ့ အေးချမ်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားသူလေးပေါ့။ အာသာဗာကတော့ လက်တွေ့သမားပီပီ ဖြစ်ရပ်ဆန်းတွေကို မယုံကြည်တဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။တစ်နေ့ ချောင်ကျတဲ့ရွာတစ်ရွာမှာ ခရီးထွက်ရင်းဖို့လုပ်ရင်း ပရာတာ့ပ်ဆိုတဲ့လူတစ်ယောက်နဲ့ဆုံပြီး ပရာတာ့ပ်ရဲ့ကူညီမှု ဖော်ရွေမှုနဲ့ သူတို့မိသားစု ရင်းနှီးသွားကြတော့တာပေါ့။ ဒါပေမဲ့ မိသားစုထဲကို ပရာတာ့ပ်ရောက်လာပြီးတာနဲ့ အာရ်ယာတစ်ယောက် ထူးဆန်းတဲ့အမူအရာတွေပြလာတဲ့အခါမှာတော့...မိသားစုထဲမှာ ပြဿနာဖြစ်လာချိန်မှာ အိမ်ထောင်ဦးစီးဖြစ်တဲ့အာသာဗာတစ်ယောက် ပြဿနာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ ရှုစားကြပါဦး။( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်) File size…1.35GB / 601MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Vash (2023)
2023
7.4
The Wailing(2016)
The Wailing(2016)*****************Exhuma 2024 သရဲကားထွက်ရှိပြီးနောက်မှာ The Wailing က ပိုကောင်းတယ် ...တစ်မျိုးစီကောင်းကြတယ် စသည်ဖြင့် အမျိုးမျိုး ထင်မြင်ချက်ပေးလာကြတဲ့အခါမှာတစ်ချို့ကလည်း The Wailing ကိုပြန်ကြည့်ချင်ကြသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်းအဆင်ပြေစေရန်အလို့ငှါ BluRay အကောင်းစားဖြင့် ပြန်ကုတ်ပေးထားပြီး အခြားလိုအပ်ချက်များလည်းပြည့်စုံစေရန်ဖြည့်ဆည်းပေးထားပါတယ်...Horror ကားကြိုက်သူများခံစားကြပါကုန်....တောင်ကိုရီးယားနိုင်ငံရဲ့တစ်နေရာမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်။ထိုရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြို့လေးဟာ အတော်အတန်သင့်သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ် ချောင်းအင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက်ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။ မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ဆိုပြီးသူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။သွေးတွေသံတွေနဲ့ရဲရဲနီနေတဲ့ လူ့အလောင်းတွေ နဲ့အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့မိသားစုဝင် လူသတ်သမားတစ်ယောက်။ ...
movie
The Wailing(2016)
5.8
The Zombies ( 2024 )
ကွမ်ကျိုးမြို့ရဲ့ ဆိပ်ကမ်းကနေ မြို့ထဲကိုလာတဲ့လမ်းမှာ ရှေးဟောင်းဘုရားကျောင်းကြီးတစ်ကျောင်းရှိပါတယ် ။ အဲဒီရှေးဟောင်းဘုရားကျောင်းကြီးက မကောင်းတဲ့အငွေ့အသက်အရမ်းပြင်းပြီးတော့ ပုပ်စော်တွေလည်းနံပါတယ်တဲ့ ။တစ်ခါတစ်ခါဆို ဘုရားကျောင်းထဲကနေ တဟူးဟူးအော်သံတွေပါကြားရတတ်ပါတယ် ။ တချို့လူတွေကတော့ လေတိုးသံလို့ပြောပေမဲ့ မြို့ထဲက တတ်သိနားလည်တဲ့လူကြီးတွေကတော့ အဲဒီဘုရားကျောင်းထဲမှာ စွန့်ပစ်ထားကြတဲ့ ပိုင်ရှင်မဲ့အလောင်းတွေရဲ့ လေလွင့်ဝိညာဉ်တွေက အော်တယ်ဆိုပြီး ပြောကြပါတယ် ။ဒီလိုဒွိဟဖြစ်စရာ ကောလဟယလတွေကြားမှာ အင်္ဂလိပ်တွေက အဲဒီလမ်းကနေ မြို့ထဲကိုဘိန်းမှောင်ခိုတင်သွင်းဖို့လုပ်ပါတော့တယ် ။ အဲဒီဘိန်းမှောင်ခိုတင်သွင်းတဲ့လှည်းတန်းကြီး ရှေးဟောင်းဘုရားကျောင်းကဖြတ်တဲ့အချိန်မှာတော့ မထင်မှတ်ထားတဲ့ ပြဿနာတွေပေါ်ပေါက်လာပါတော့တယ် ။ဟိုတုန်းက ဟောင်ကောင်ဖုတ်ကောင်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကျန်တာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Mystery , Action Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
movie
The Zombies ( 2024 )
5.8
The Legend of Xie Yaohuan: The Western Paradise ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် နန်းတွင်းစုံထောက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Legend of the West ဇာတ်လမ်းနဲ့ တင်ဆက်ပေးချင်ပါတယ်။တိုင်းပြည်ကိုအုပ်စိုးမယ့် ဘုရင်မအသစ်ကိုကြိုဆိုဖို့အတွက် ဆုတောင်းပြည့်နန်းဆောင်ကို လက်သမား (၁၀၈) နဲ့ဆောက်လုပ်နေစဉ်မှာပဲ တနေ့မိုးသည်းတဲ့ညမှာ လက်သမား (၁၀၈)ယောက်လုံး အလောင်းရှာမတွေ့ပဲ ပျောက်သွားခဲ့တယ်။ဒီဖြစ်ရပ်ကိုသတ္တိရှိရဲရင့်ပြီး အသိပညာဗဟုသုတကြွယ်ဝတဲ့ ရှဲ့ယောင်ဟွိုင် စုံစမ်းရေးမှူးမလေးက စုံစမ်းဖို့ဖြစ်လာခဲ့တယ်။ ရှဲ့ယောင်ဟွိုင်ကတော့တချိန်က နန်းတော်မှာနန်းတော်အစေခံအဖြစ်ခစားခဲ့ပြီး လက်ရှိတိုင်းပြည်အုပ်ချုပ်နေတဲ့ဘုရင်မက သူ့စွမ်းဆောင်ရည်ကြောင့် စုံစမ်းရေးဌာနကိုပို့ခဲ့တယ်။ဒါတင်မကသေးပဲဝူဝေးလူကြီးမင်း အသက်ရှင်စဉ်က စာလုံးမဲ့ကောင်းကင်စာပေကိုပေးခဲ့လိုက်သေးတယ်။ အဲ့စာပေထဲမှာ ပါတဲ့အကြောင်းရာတွေက ဆုတောင်းပြည့်နန်းဆောင်အမှုနဲ့ ပတ်သက်မှုရှိနေတယ်လို့ ယုံကြည်နေတယ်ရှဲ့ယောင်ဟွိုင်တစ်ယောက်။ ဒါပေမဲ့လဲ အဲ့စာပေထဲမှာပါတဲ့အကြောင်းရာတွေကို ဖတ်လို့မရလို့အဖြေရှာနေတဲ့သူမ။ တဆင့်ပြီးတဆင့် စုံစမ်းရင်းသဲလွန်စတွေတွေ့ရှိလာခဲ့ချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ဒီနောက်ကွယ်မှာပါဝင်ပတ်သက်နေသူတွေက ဘယ်သူများဖြစ်မလဲ။ ကောင်းကင်စာပေဆိုတာကဘာလဲ။ အထဲမှာဘာအကြောင်းရာဘာများဖြစ်နေကြမလဲ စတဲ့ မေးခွန်းတွေကို ဒီဇာတ်ကားလေးထဲကနေဖော်ပြသွားမှာဖြစ်တဲ့အတွက် ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
The Legend of Xie Yaohuan: The Western Paradise ( 2024 )
6.7
4bia (Phobia) 2008
VHS horrorတွေလို တိုတိုနဲ့လိုရင်းရောက်တဲ့Anthology horror geneကိုလည်းကြိုက်တယ်၊ asian အငွေ့အသက်လေးလည်းပါစေချင်တယ်ဆိုသူတွေအတွက် 2008 ခုနှစ်ထွက် Phobia ဆိုတဲ့ထိုင်းသရဲကားလေး တင်ဆက်ပေးလိုက်ပါပြီ။Anthology ပီပီ ဇာတ်လမ်းမတူ ဒါရိုက်တာမတူတဲ့ဇာတ်လမ်း 4 ခုကို ဒီကားလေးမှာ ခံစားရမှာပါ။ ပထမဆုံးအနေနဲ့ အထီးကျန်နေလို့ အွန်လိုင်းမှာချစ်သူရှာရင်းအဖြစ်ဆန်းသွားတဲ့ မိန်းကလေးအကြောင်းရိုက်ကူးထားတဲ့အထီးကျန်ကမ္ဘာ Lonelinessသာမန်ကျောင်းတွင်းအနိုင်ကျင့်မှုကနေ အောက်လမ်းတွေပါလာတဲ့အခါအဖြစ်ဆိုးသွားတဲ့ ကျောင်းသားတစ်စုအကြောင်းပုံဖော်ထားတဲ့ မရဏကျိန်စာ Deadly Charmသိပ်ချစ်ကြတဲ့ ရွှတ်နောက်နောက်သူငယ်ချင်းရဲ့ အမြဲထာဝရသူငယ်ချင်းဆိုတာဘယ်အထိရောက်မလဲဆိုတဲ့ The Man In the Middleနောက်ဆုံးအနေနဲ့ကတော့ တော်ဝင်မင်းသားရဲ့ ကြင်ယာတော်မင်းသမီးနဲ့လေယာဉ်မယ်ကြားက ဇာတ်ရှုပ်အကြောင်းတွေ့မြင်ရမယ့် Flight 244Anthology တွေရဲ့ထုံးစံအတိုင်း fast plot ကိုတွေ့မြင်ရမှာဖြစ်ပြီးHorror sceneအသားပေးထားတာမလို့ မီးပြတ်နေတုန်းနားကြပ်နဲ့အရသာရှိရှိခံစားနိုင်ဖို့ ရှုစားလိုက်ရအောင်ပါ။ File size… 2.3 GB / 1 GB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. ...
movie
4bia (Phobia) 2008
2008
6.7
4bia 2 (Phobia 2) 2009
Phobia 2(2009) Phobia 1 အထိုက်အလျောက်အောင်မြင်မှုတွေရပြီးတဲ့နောက်မှာတော့ ပိုမိုဆန်းသစ်တဲ့ဇာတ်လမ်း 5 ခုနဲ့ ထွက်ရှိလာတဲ့ Phobia 2 ပထမတွဲတုန်းက ဒါရိုက်တာတွေအပြင် နောက်ထပ်မံအားဖြည့်ထားတဲ့ဒါရိုက်တာတွေနဲ့ ဆန်းသစ်တဲ့ဘယ်လိုဇာတ်လမ်းတွေချပြလာမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ သူများကားတွေကို ခဲနဲ့ထုရတာကြိုက်တဲ့ကောင်ဇိုးလေးတစ်ယောက်အဖေ့ကားကိုခဲနဲ့ထုမိလိုက်မိတဲ့ ခေတ်သစ်အဇာတသတ်ရဲ့အဖြစ်ဆိုးကိုရိုက်ကူးထားတဲ့ ရှင်လောင်း Novice ဆယ်ကျော်သက်ပီပီ ဆိုင်ကယ်နဲ့ဒွန့်ရင်းနဲ့ ဆိုင်ကယ်မှောက်ဆေးရုံရောက်ရာက ထူးဆန်းတဲ့လူနဲ့တူတူဆေးရုံတက်ဖို့ဖြစ်လာတဲ့ကောင်လေးအကြောင်း ပုံဖော်ထားတဲ့ Ward ထရပ်ကားတားစီးရာက ငွေညှစ်ခံရပြီးဇွန်ဘီးနဲ့ပါထပ်တိုးတဲ့ခရီးသည်နှစ်ယောက် Backpackers အတိတ်ဆိုးနဲ့ ကားဟောင်းတွေကို အပြုံးချိုချို ဈေးချိုချိုနဲ့ရောင်းနေရင်းမြားဦးက ရောင်းသူဘက်ပြန်လှည့်လာတဲ့တစ်ပတ်ရစ်ကားလေးရဲ့ပုံပြင် Second Hand Car နောက်ဆုံးအနေနဲ့ကတော့ သရဲကားရိုက်ကွင်းတိုင်းမှာဖြစ်နေကြဖြစ်တဲ့သရဲကားရိုက်ရင်း သရဲအစစ်ပါလာတဲ့ In The Endသရဲကားလည်းကြိုက်တယ် အချိန်အကြာကြီးဇာတ်လမ်းတစ်ခုတည်းနဲ့မပျင်းချင်ဘူးဆိုရင်တော့အချိန်တိုတိုနဲ့ ဇာတ်လမ်းစုံစုံ horror vibeခံစားချင်သူတွေအတွက်အကြိုက်တွေ့မယ့်ဇာတ်ကားလေးဖြစ်လို့ ခုပဲကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size… 2.5 GB / 1 GB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. 2h 5m Genre ..... Horror Subtitle…. Myanmar ...
movie
4bia 2 (Phobia 2) 2009
2009
6.9
Crossword Mysteries: Terminal Descent (2021)
Who murdered Morgan? ဘယ်သူက မော်ဂန်ကိုသတ်တဲ့တရားခံလဲ?IT နည်းပညာရှင် သူဌေးကြီး လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး တရားခံအမှန်ပေါ်ပေါက်အောင် crossword ပဟဠိ ကျွမ်းကျင်ပညာရှင် တက်စ်နဲ့ စုံထောက် လိုဂန်တို့က ဘယ်လိုမျိုးတွေ ကွင်းဆက်တွေရှာဖွေခဲ့လဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်၊ စုံထောက်ဇာတ်လမ်းကြိုက်သူများ ကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။ File size…(1.3 GB)/(612 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Luca
movie
Crossword Mysteries: Terminal Descent (2021)
6.6
Goldstone (2016)
ဒီဇာတ်ကားက Crime/Thriller အမျိုးအစား ဖြစ်ပြီးတော့ကိုယ့်ရဲ့မွေးရပ်မြေမှာ အကျင့်ပျက်ခြစားမှုကြီးတစ်ခုကိုဖော်ထုတ်ခဲ့တဲ့ စုံထောက် ဂျေးစွမ်းန်ကို အာဏာပိုင်တွေကGoldstone ဆိုတဲ့ မြို့လေးတစ်မြို့ဆီပို့ပြီး ပျောက်ဆုံးနေတဲ့အာရှသားတိုးရစ်တစ်ယောက်ကို ရှာဖွေဖို့ စေလွှတ်လိုက်ပါတယ်။အဲဒီမှာမှ အကျင့်ပျက်ခြစားနေတဲ့ Goldstone မြို့တော်ဝန်တို့လူတစ်စုနဲ့ လိုက်လျောညီထွေနေနေရတဲ့ နယ်ခံရဲ ဂျော့ရှ်ဝါးတားနဲ့ သွားတွေ့ပါတယ်။ အကျင့်ပျက်ခြစားနေတဲ့လူတွေကြားကိုယ့်ရဲ့နဂိုကောင်းတဲ့စိတ်ရင်းအခံကို ချိုးနှိမ်ပြီး အလိုက်သင့်မျောပါနေရတဲ့ ဂျော့ရှ်တစ်ယောက်...မှန်ရင်ပြီးရော စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ စုံထောက်ဂျေးစွမ်းန်နဲ့ ထိပ်တိုက်တွေ့အပြီးမှာ ဘာတွေဘယ်လိုပြောင်းလဲသွားမလဲ...ကိုယ်စီက သက်ဆိုင်ရာတာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်မလား၊တရားတဲ့ဘက်နဲ့ မတရားတဲ့ဘက် ဘယ်ဘက်ကို ရွေးချယ်ကြမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်... File size…1.65GB / 743 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Action , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt
movie
Goldstone (2016)
6.0
The Happy Ghost 1 ( 1984 )
90s တွေ ငယ်ငယ်က အမှတ်တရရုပ်ရှင်တွေထဲမှာ တစ်ခုဖြစ်တဲ့ Happy Ghost ဆိုတဲ့ ဟာသကားလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ရှင်အကျဉ်းလေးကတော့-ချင်မင်းဆက် ရှန်ဖုန်းနှစ်ပိုင်းမှာ ကွမ်တုံးခရိုင် ပေါင်အန်းနယ်မှာ စာမေးပွဲ ၁၈ ကြိမ်ကျခဲ့တဲ့ ကျူးကျင်ချွင်းဟာ သူ့ဇနီးက တခြားလူနဲ့ လိုက်သွားတဲ့အတွက် စိတ်ဓာတ်ကျပြီး ဘုရားကျောင်းမှာ ဆွဲကြိုးချသေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ ဝိညာဉ်က ဘုရားကျောင်းက ကြိုးထဲမှာ ကျန်နေခဲ့ပါသတဲ့။၁၉၈၄ ခုနှစ်မှာ အထက်တန်းကျောင်းသူတစ်ဖွဲ့ဟာ ပျော်ပွဲစားထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မိုးတွေလေတွေ ကြီးနေတဲ့အတွက် ဘုရားကျောင်း အဟောင်းထဲမှာ မိုးခိုခဲ့ပါတယ်။ ချင်းချင်းရဲ့ အိတ်ချည်တဲ့ကြိုးက ပျက်သွားလို့ တွေ့ရာကြိုးယူပြီး ချည်ခဲ့ပါတယ်။ အဲ့ဒီကြိုးကတော့ ကျူးကျင်ချွမ်းဝိညာဉ်ရှိနေတဲ့ ကြိုးဖြစ်နေပါတယ်။ဒီလို တိုက်ဆိုင်မှုတွေကြောင့် ကျူးကျင်ချွမ်းတစ်ယောက် မိန်းကလေးကျောင်းကို ရောက်လာတဲ့အခါ ဘယ်လိုအလွှဲလေးတွေဖြစ်မလဲ...... ကျောင်းသူလေး ၃ ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီးနောက် ကောင်မလေးတွေကို သူ့အစွမ်းနဲ့ ဘယ်လိုကူညီမလဲ...... နောက်ဆုံးမှာ သူတို့အားလုံးဘဝရဲ့ အဓိပ္ပာယ်ကို ဘယ်လိုနားလည်သွားမလဲ ဆိုတာကို ဟာသလေးတွေနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။စုစုပေါင်း ၅ ကားရှိပြီးတော့ ဇာတ်ကားအားလုံးကို ဒီလင့်မှာတစုတစည်းထဲရှာနိုင်ပါတယ် Quality : WEB-DL 1080p , 720p Format ...
movie
The Happy Ghost 1 ( 1984 )
1984
6.2
Lies We Tell (2023)
19ရာစု အိုင်ယာလန် နိုင်ငံမှာ အခြေတည်ထားပြီး ဇာတ်ဆောင်က Maud Ruthyn ဆိုတဲ့ အမျိုးသမီးကလေး တစ်ယောက် ဖြစ်ပါတယ်။အဖေသေပြီးတဲ့ မိဘမဲ့ Maud ဟာ အုပ်ထိန်းသူ မရှိတဲ့အတွက် သူ့ရဲ့ အမွေထိန်းသိမ်းသူ နှစ်ယောက်နဲ့ တိုင်ပင်နေပါတယ်။ Maudရဲ့ အဖေက ညီဖြစ်သူကို အုပ်ထိန်းသူနေရာပေးဖို့ သေတမ်းစာထဲ ထည့်ရေးခဲ့ပါတယ်။ သို့ပေမဲ့ ဦးလေးဖြစ်သူရဲ့ လူသတ်မှု သံသယရှိသူ ဖြစ်ဖူးတဲ့ နောက်ကြောင်း ရာဇဝင်ကြောင့် အမွေထိန်းသိမ်းသူတွေက သဘောမကျလှပါဘူး။ဒါပေမဲ့လည်း Maudက သူ့အဖေအလိုအတိုင်း ဦးလေးဖြစ်သူ Silas နဲ့ ဝမ်းကွဲ မောင်နှမတွေဖြစ်တဲ့ Edward နဲ့ Emily ကိုပါ အိမ်မှာခေါ်ထားခဲ့ပါတယ်။ စစချင်းမှာ Maudဟာ ဦးလေးကိုရော ဝမ်းကွဲနှစ်ယောက်ကိုပါ သိပ်ကို ခင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဦးလေးဖြစ်သူဟာ သူထင်ထားသလိုမဟုတ်ဘဲ ကောက်ကျစ်ရက်စက်သူ ဖြစ်နေတဲ့အခါ သူ့ကံကြမ္မာက အလှည့်အပြောင်းဖြစ်လာပြီး ...
movie
Lies We Tell (2023)
5.0
Killer Fortune Teller (2024)
ဇာတ်လမ်းခပ်အေးအေးနဲ့ ဘယ်ဇာတ်ကောင် ကလိမ်ကျနေတာလဲဆိုတာကို စိတ်ကူးပုံဖော်ကြည့်ရတာ နှစ်သက်သူတွေအတွက် လျှို့ဝှက်ဆန်းကြယ်အမျိုးအစား ရုပ်ရှင်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ရှိန်းနဲ့ အိုလီဗီယာဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။မောင်နှမနှစ်ယောက်လုံး သူတို့အဖေ တည်ထောင်ခဲ့တဲ့ ဆက်တယ်လ်ဆေးဝါးကုမ္ပဏီကြီးမှာအလုပ်လုပ်နေကြပြီး အစ်ကိုဖြစ်သူ စီအီးအိုနေရာမှာရှိနေတာကို ညီမဖြစ်သူကမကြိုက်။ အဖေဖြစ်သူ ရှိစဉ်အခါက လမ်းကူးရင်တောင် တားရော့ကတ်တွေက ဘေးကင်းတယ်ပြောမှ ကူးရလောက်အောင်ထိ တားရော့ကိုရူးသွပ်ခဲ့တဲ့သူ။သားဖြစ်သူ ရှိန်းလည်း ကုမ္ပဏီက အရေးပါတဲ့အဆုံးအဖြတ်တစ်ခုအတွက် တားရော့ဆရာမဆီက လမ်းညွှန်မှုမှန်နေတာကို တွေ့လိုက်ရတဲ့နောက်မှာတော့ အဖေဖြစ်သူလိုပဲ တားရော့ကို အတော်လေးယုံကြည်လာခဲ့ပါတော့တယ်။ နောက်ထပ် သူ့ဘ၀အတွက်အရေးပါတဲ့နေရာကိုရောက်လာမဲ့ မိန်းကလေးကို ဘားတစ်ခုမှာ ရှိန်းတွေ့ခဲ့ရပြန်တယ်။ ရှိန်းမသိတာ သူ့ပတ်ဝန်းကျင်က ဒီအမျိုးသမီးတွေဆီမှာ ကိုယ်စီကိုယ်စီ ဖုံးကွယ်ထားတဲ့အရာတွေ ရှိနေတဲ့အခါမှာတော့...။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(720 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie
Killer Fortune Teller (2024)
5.6
Hotel (2004)
Hotel (2004) ============ဒီဇာတ်လမ်းမှာ Irene ဆိုတဲ့ မိန်းကလေးတစ်ယောက် ဩစတေးလျ တောအုပ်က လူသူအရောက်နည်းတဲ့ တစ်နေရာမှာဖွင့်လှစ်ထားတဲ့ ဟိုတယ်မှာ ဧည့်ကြိုစာရေးအနေနဲ့ အလုပ်စဝင်လာခဲ့တယ်။ နောက် တော့ သူ့ရာထူးမှာလုပ်ခဲ့တဲ့ အရင်ကောင်မလေးက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတာမို့ သူ့ကိုအစားထိုးလိုက်တာဖြစ်ကြောင်း သိလာ ရတယ်။Irene လည်း ဟိုတယ်ရဲ့ တဖြည်းဖြည်း ကျောချမ်းစရာအငွေ့အသက် တွေကို ကြုံတွေ့လာရရင်း အရင်ကောင်မလေးရဲ့ အဆန်းတကြယ် ပျောက်ကွယ်သွားမှုက လူသတ်မှုလား သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ဆက် စပ်နေသလားဆိုတာကို ဘယ်လိုအဖြေပေါ်မလဲဆိုတာတော့ ဒီဇာတ်လမ်း ထဲမှာ စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.35 GB) / (450 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 16Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......Thwal Htoo Zin Encoder..........SWM
movie
Hotel (2004)
2004
6.6
One Bad Apple: A Hannah Swensen Mystery (2024)
Mystery နဲ့ Thriller အမျိုးအစားဖြစ်တဲ့One Bad Apple: A Hannah Swensen Mysteryရုပ်ရှင်ကတော့ ၂၀၂၄ ခုနှစ်မှာမှထွက်ရှိထားတာဖြစ်ပြီးဟန်နာရဲ့စိတ်ဝင်စားစရာမုန့်လုပ်နည်းတွေကိုဟန်နာနဲ့အတူလူသတ်မှုကိုလိုက်ပါစုံစမ်းရင်းစိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ဒါရိုက်တာ Shannon Kohli က ရိုက်ကူးပေးထားပြီးရုပ်ရှင်ကိုရေးသားခဲ့သူတစ်ဦးဖြစ်တဲ့ Alison Sweeney ကဟန်နာအဖြစ် အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဟန်နာဆွမ်ဆင်ဟာ မြို့ကကောလိပ်မှာ မုန့်ဖုတ်သင်တန်းတစ်ခုသင်ပြပေးဖို့ဖြစ်လာခဲ့ပြီး တစ်ရက်မှာတော့ သူ့အတန်းမှာသုံးတဲ့ပစ္စည်းကိရိယာတစ်ခုကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။မီးသတ်ဌာနက မတော်တဆမှုလို့ကောက်ချက်ချခဲ့ပေမယ့်သိပ်မကြာခင်မှာပဲ ဟန်နာရဲ့လုပ်ဖော်ကိုင်ဖက်ကျောင်းဆရာတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုနဲ့ဆက်စပ်နေတယ်လို့ယူဆစရာဖြစ်လာခဲ့ပါတယ်။ အဲဒီအခါမှာတော့ မိတ်ဆွေတွေ၊မိသားစုဝင်တွေရဲ့အကူအညီနဲ့ ဟန်နာတစ်ယောက် မှုခင်းရဲ့သဲလွန်စလေးတွေကို လိုက်လံဆက်စပ်စုံစမ်းရပါတော့တယ်။ File size…1.65GB / 722MB Quality…WEB-DL 1080p 5.1CH/ 720p Format…mp4 Duration….1h 24m Genre ….. Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
One Bad Apple: A Hannah Swensen Mystery (2024)
5.8
Cry_Wolf (2005)
Supernatural ထဲက ဆမ်အဖြစ် လူသိများတဲ့ Jared Padalecki ပါဝင်ထားပြီး You Give Love A Bad Name သီချင်းရဲ့ အဆိုရှင် Jon Bon Jovi တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့မကြာသေးခင်ကမှ တောထဲမှာ လူသတ်မှုတစ်ခုဖြစ်ထားတဲ့ မြို့က ဝက်စ်လိတ်ကျောင်းကို ကျောင်းသားသစ်တစ်ယောက်ရောက်လာပါတယ်။ အဲဒီကျောင်းမှာ ညဘက်ဆို ဘုရားကျောင်းထဲမှာ လူစုပြီး အလိမ်ဖော်တဲ့ ဂိမ်းတစ်ခုဆော့လေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ ကျောင်းသားသစ်နဲ့ သူငယ်ချင်းတစ်စုဟာ လတ်တလောဖြစ်ပျက်ထားတဲ့ လူသတ်မှုနဲ့နွယ်ပြီး ဂိမ်းကိုပိုစိတ်ဝင်စားဖို့ကောင်းအောင်ဖန်တီးဖို့ ကြိုးစားရင်း မျှော်လင့်မထားတဲ့ အရာတွေဖြစ်လာတဲ့အခါမှာတော့....ဒီဇာတ်လမ်းက သွေးထွက်သံယိုတွေ၊ ခြောက်လှန့်တာတွေအစား မြေခွေးက ဘယ်သူဖြစ်မလဲစသဖြင့် ပဟေဠိဆန်ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(760 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama, Horror, Mystry Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Bonsai
movie
Cry_Wolf (2005)
Bodyguard Seduction (2022)
ချာလီဆိုတဲ့ အမျိုးသမီးဟာ တစ်နှစ်တာ အကောင်းဆုံးမော်ဒယ်ဆုကို သုံးကြိမ်ရရှိထားသူဖြစ်ပြီး အောင်မြင်တဲ့ ကုမ္ပဏီပိုင်ရှင် စီးပွားရေးသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့သူဟာ အမြဲအထက်စီးဆန်လေ့ရှိပြီး လုပ်ချင်တာကိုပဲတဇွတ်ထိုးလုပ်တတ်သူတစ်ဦးပါ။ ချာလီတစ်ယောက် နေရင်းထိုင်ရင်းကနေ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ ဆိုးရွားလာခဲ့ပြီး ကုမ္ပဏီဘုတ်အဖွဲ့က ဘယ်သူနဲ့မှ အလုပ်တွဲမလုပ်ချင်တဲ့သူ့ကို သက်တော်စောင့်တစ်ယောက် ငှားပေးခဲ့ပါတယ်။တစ်နေ့တစ်ခြား ပိုပိုဆိုးလာတဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို ချာလီဟာ သူရဲ့ သက်တော်စောင့်နဲ့အတူ ဘယ်လိုဖြေရှင်းကြမှာလဲ ရုတ်တရက် အလုပ်အတူတူတွဲလုပ်ဖို့ဖြစ်လာတဲ့ သူ့ရဲ့ သက်တော်စောင့်ကလည်း ယုံကြည်လို့ရနိုင်ရဲ့လားဆိုတာကို ကြည့်ရှုရမယ့် Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.4 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
Bodyguard Seduction (2022)
6.8
Spider (2002)
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်စိတ်ရောဂါဝေဒနာရှင်များကို စောင့်ရှောက်ထားတဲ့ဂေဟာတစ်ခုကို ကလက်ခ်တစ်ယောက်ရရှိလာပါတယ်။ ကလက်ခ် မိခင်ဖြစ်သူ သေဆုံးသွားရခြင်းမှာ ဖခင်ဖြစ်သူက အပျော်မယ်တစ်ယောက်နဲ့ဖောက်ပြန်ကာ မိခင်ကိုသတ်ခဲ့သည်ဟု တထစ်ချယုံကြည်ထားသူတစ်ယောက်ဖြစ်ပါတယ်။အဲဒီဂေဟာမှာ ကလက်ခ်နေ နေတုန်း ငယ်ဘဝက မိခင်ဖြစ်သူနဲ့ဖခင်တို့ အဆင်မပြေမှုတွေ ၊ငယ်ငယ်က သူ၏မိခင်ပြောခဲ့သောစကားတွေ ၊ဖခင်ဖြစ်သူ သွားနေကျအရက်ဆိုင် စသည်ဖြင့်အဖြစ်အပျက်တစ်ခုချင်းကို ပြန်မြင်ယောင်ရင်း ငယ်စဉ်က မိခင်သေဆုံးသွားမှုရဲ့အကြောင်းအရင်းကို ရှာဖို့ကြိုးစားပါတော့တယ်။ သူသိထားတာတွေက အဖြစ်မှန်တွေဖြစ်မလား စိတ်ရောဂါကြောင့်ပဲဖြစ်မလား စသည်ဖြင့် မရေရာမှုတွေနဲ့စောင့်ကြည့်ရမဲ့ စိတ္တဇဆန်ဆန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(850 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:38:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie
Spider (2002)
Belphegor, Phantom of the Louvre (2001)
မံမီကားဆိုပေမယ့် အီဂျစ်ရဲ့ ပိရမစ်တွေ ဘုရင်တွေရဲ့ သင်္ချိုင်းတွေမှာမဟုတ်ဘဲ ပြင်သစ်မှာ ဇာတ်အိမ်တည်ထားတာပါ။ အထူးသဖြင့် ဇာတ်ဝင်ခန်းအများစုကို ပဲရစ်က နာမည်ကျော် Louvre ပြတိုက်မှာ ရိုက်ကူးထားပါတယ်။အီဂျစ်က တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို Louvre ပြတိုက်ဆီသယ်လာရာမှာ မံမီတစ်ခုလည်းပါလာပါတယ်။ မံမီမှာ နာမည်ရော သူ့ကို မြှုပ်နှံတဲ့အချိန် ထည့်ရတဲ့ ရတနာတွေနဲ့ အဆောင်ပစ္စည်းတွေ ပါမလာပါဘူး။ ပညာရှင်တွေက သူ့ကိုလေဆာစကန်ဖတ်နေတဲ့အချိန် မံမီထဲကနေ ဝိညာဉ်ထွက်သွားပါတယ်။ အဲ့ဝိညာဉ်က ပြတိုက်တစ်ဖက်လမ်းမှာနေတဲ့ လီဆာဆိုတဲ့ မိန်းကလေးကိုယ်ထဲ ဝင်သွားပါတယ်။မကြာခင် ပြတိုက်က အစောင့်တွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီး တစ္ဆေရှိတယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့လာပါတယ်။ မံမီဝိညာဉ်ဝင်ပူးခံနေရတဲ့ လီဆာကလည်း ထူးထူးဆန်းဆန်းတွေ လုပ်နေပြီး လျှပ်စစ်မီးတွေကိုပါ ထိန်းချုပ်နိုင်လာပါတယ်။ ပြတိုက်လုံခြုံရေးတွေက မံမီတစ္ဆေကို သူခိုးထင်ပြီး ဖမ်းဖို့ကြိုးစားရင် သေကုန်တဲ့အခါ...လီဆာပါ အသက်အန္တရာယ်ရှိလာတဲ့အခါ...မံမီရဲ့ ရည်ရွယ်ချက်ကို သိအောင်လုပ်ပြီး လီဆာကို ကယ်ဖို့ သူ့ချစ်သူမာတင် ကြိုးပမ်းတာကို ...
movie
Belphegor, Phantom of the Louvre (2001)
6.3
The Killing Performance ( 2024 )
ဒီတစ်ခေါက်မှာတော့ လူသတ်မှုတရားခံကို ဖော်တိုင်း သေဆုံးသူ ဝိညာဉ်ကို ခေါ်မေးတတ်တဲ့ မန်စစ်ဆေးရေးမှူးကြီးတစ်ယောက်ဟာ ပြဇာတ်ရုံက မော့လင်ယိဆိုတဲ့ မြို့မျက်နှာဖုံး သဘင်သည်မလေး သေနတ်ပစ်ခံရတဲ့အမှုမှန်ပေါ်ဖို့ လိုက်ခဲ့ပုံကို နောက်ခံထား ရိုက်ကူးထားတဲ့ killing performance ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်လမ်းလေးမှာ မြို့မျက်နှာဖုံး သဘင်သည်မလေး မော့လင်ယိဟာ ပုရိသယောက်ျားသားတို့ နှလုံးသားကို ပိုင်ဆိုင်ထားပေမယ့် အားလုံးကို ငြင်းနေသူတစ်ဦးပေါ့... ဒီလိုနဲ့ ဒီကောင်မလေးနားဝဲနေတဲ့ ပျားပိတုန်းတွေကြားထဲမှာမှ ဘယ်သူက နှလုံးသားကို အပိုင်ရမလဲ ကြိုးစားနေကြရာကနေ ကောင်မလေးဟာ ပြဇာတ်ရုံက အနောက်ပန်းခြံထဲမှာတင် သေနတ်ပစ်ခံရပြီး အသက်ဆုံးရှုံးသွားခဲ့ရတယ်... ဒီအပြင် ဘယ်သူက တရားခံဆိုတာကို ရဲနဲ့ အမှုစစ်တွေလိုက်တာတောင် မသိခဲ့ဘူးတဲ့....ဒီလိုနဲ့ ဇာတ်လိုက်ကျော်ကြီး မန်စစ်ဆေးရေးမှူးကို ခေါ်ခဲ့ရာကနေ သံသယရှိသူ ၇ ယောက်ထွက်လာပြီး ဘယ်သူက တကယ့်တရားခံဆိုတာကို စစ်ဆေးရင်း စစ်ဆေးရင်း မေးခွန်းထဲက မေးခွန်းပေါ်ဆိုသလို တစ်ခုချင်း အလိမ်အညာတွေကနေ ဖုံးကွယ်ထားတဲ့အမှန်တရားကို သိရပေမယ့် အဆုံးသတ်မှာ တကယ် မော့လင်ယိကိုသတ်တဲ့ တရားခံရှာတွေ့မတွေ့ဆိုတာတော့ ဇာတ်ကားလေးက အဖြေတစ်ခုပေးမှာပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , ...
movie
The Killing Performance ( 2024 )
5.9
Doll Bride ( 2024 )
ယွင်ဝူမြို့က ယွင်ဝူတံတားမှာ လှေကားထစ် 99ထစ်ရှိပြီး လှေကားထစ်99ထစ်လုံးလျှောက်လှမ်းပြီးရင်တော့ ကြင်စဦးဇနီးမောင်နှံတွေ အိုအောင်မင်းအောင်ပေါင်းရမယ်ဆိုတဲ့ ဒဏ္ဍာရီရှိပါတယ်တဲ့ ။ဒါပေမဲ့ ထျန်အိမ်တော်ရဲ့သခင်လေးမင်္ဂလာဆောင်တဲ့နေ့မှာ မြူခိုးတွေလည်းထူထပ်နေပြီးတော့ တံတားကိုဖြတ်တဲ့အခါမှာ လှေကားထစ်က 99ထပ်အပြင် နောက်တစ်ထပ်ပါပိုနေခဲ့ပါတယ် ။ဒီလိုနဲ့နတ်ဆရာမရဲ့အပြောအရ အဲဒီတံတားက အမွှာလှေကားထစ်တစ်စုံပေါ်လာတတ်တာက တစ္ဆေမင်္ဂလာဆောင်မှဆိုတော့ ဒီမင်္ဂလာပွဲကဂြိုလ်ဆိုးဝင်ပြီမလို့ မင်္ဂလာပွဲဖျက်ဖို့အကြံပေးခဲ့ပါတယ် ။ဒါပေမဲ့ မင်္ဂလာပွဲကိုဆက်ကျင်းပကြတဲ့ ထျန်အိမ်ကမင်္ဂလာပွဲက တကယ်ကြီးကပ်ဆိုက်လာခဲ့ပါတော့တယ် ။ သတို့သမီးကရုပ်တရက်ပြီးစက္ကူရုပ်ဖြစ်သွားပြီး မင်္ဂလာပွဲမှာပါဝင်တဲ့သူတွေပါ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတဲ့အချိန်မှာတော့...တကယ်ပဲသရဲသတ်တာဖြစ်မလား ? ဒီလိုထူးဆန်းတဲ့သေဆုံးမှုတွေရဲ့ နောက်ကွယ်မှာတစ်ခုခုရှိလို့နေမလား ? အမှုတွေကရော ဘယ်လိုတွေတစ်ခုပြီးတစ်ခုထပ်ပေါ်လာအုံးမလားဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အဆုံးထိခံစားကြည့်ရှု့ပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by LK
movie
Doll Bride ( 2024 )
First
9
10
11
12
13
Last
Previous
Next