Channel Myanmar

Mystery

Simbaa (2024) 7.7
Simbaa (2024) Simbaa 2024 အမှန်တရားအောက်ပိုင်းသေနေတဲ့ယောကျာ်းဖြစ်သူ၊သမီးလေးတစ်ယောက်နဲ့ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေတဲ့အက်ရှာလေး ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး မဆိုးလှတဲ့လစာနဲ့ ဒီမိသားစုကိုတော့သူကောင်းကောင်းကြီးလုပ်ကျွေးနိုင်ခဲ့တယ်စိတ်ထားလှသူတစ်ယောက်မို့ ရပ်ကွက်ထဲကလူတိုင်းချစ်ခင်မှုကိုရရှိထားသူဆိုလည်းမမှားဘူးပေါ့ ဒါပေမဲ့လူအများမသိတဲ့အက်ရှာရဲ့အမှောင်ခြမ်းရှိပါတယ် အဲဒါကတော့ တစ်နေ့ မီးပွိုင့်မိနေတုန်း လူတစ်ယောက်ကသူ့ကိုကားနဲ့ဝင်တိုးမိတယ် အဲဒီအချိန်ကစ အက်ရှာကအက်ရှာမဟုတ်တော့ဘဲ စိတ်ရိုင်းတွေဝင်ပြီး ကားနဲ့တိုက်တဲ့လူနောက်တကောက်ကောက်လိုက်ရင်း ရက်ရက်စက်စက်သတ်ပစ်ခဲ့တယ်ဒီအမှုကိုလိုက်ဖို့ အထူးစုံစမ်းရေးပါခေါ်ထားရတဲ့အနေအထားထိဖြစ်လာခဲ့တဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်သွားမလဲ အက်ရှာကရော ဘာလို့ခုလိုအကြောင်းအရင်းမရှိ စိတ်ရိုင်းဝင်ရလဲဆိုတဲ့အကြောင်းရင်းခံကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.64GB / 1.23GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Simbaa (2024)

Murder at Honeymoon Hotel ( 2016 ) 5.9
Murder at Honeymoon Hotel ( 2016 ) 2016 ခုနှစ်က တောင်ကိုရီးယား-တရုတ် ပူးပေါင်းရိုက်ကူးထားတဲ့ ရယ်ရခက်ခက် ငိုရခက်တဲ့ ဟာသ လူသတ်သမားကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းလေးကို အကြမ်းဖြင်းမိတ်ဆက်ပေးရမယ်ဆို.. ဟိုတယ် ဧည့်ကြိုလေး ဝူတကျစ်ဟာ ကိုယ်ဝန်ဆောင် ဇနီးအသစ်စက်စက်လေးကို ဟန်နီးမွန်းမပို့နိုင်လို့ သူအလုပ်လုပ်တဲ့ ဟိုတယ်မှာပဲ ပျားရည်စမ်းဖို့ စဉ်းစားခဲ့တာပေါ့...တိုက်တိုက်ဆိုင်ဆိုင် ရုပ်ရှင်မင်းသမီးဆိုသူက သူဟန်နီးမွန်းဖို့ကြံထားတဲ့ အခန်းကိုမှ ရွေးတည်းခဲ့တယ်လေ... ဒီမင်းသမီးက ထူးတော့ ထူးဆန်းတယ်... ညကြီးအချိန်မတော် ကွန်ဒိုတိုက်ခန်းထဲရောက်သွားပြီးတော့... နောက်နေ့မှာ မန်နေဂျာလည်းမပါ... အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ မန်နေဂျာကို ပိုက်ဆံပေးပြီး... မှတ်ပုံတင်မအပ် စာရင်းလည်းမသွင်းတဲ့အပြင်.. ဟိုတယ်တောင် အနောက် အရေးပေါ် အခန်းကနေ ဝင်ပြီးတည်းတာနော်...ဒီမင်းသမီးက ဒီဟိုတယ်မှာ ပလတ်စတစ်ဆာဂျရီနဲ့ တွေ့ဖို့ကြံထားတာဖြစ်ပြီး... တိုက်တိုက်ဆိုင်ဆိုင် အဲ့ ဆာဂျရီက ဝူတကျစ်ရဲ့ တစ်ရွာတည်းသား မ်ဝမ်ရဲ့ လက်ရှိယောက်ျားဖြစ်နေပြီး လောင်းကစားအကြွေးရှုံးလို့ ထွက်ပြေးနေရသူပေါ့...ကဲမင်းသမီးနဲ့ ဆာဂျရီနဲ့တွေ့ဖြစ်မှာလား... ဝမ်ဝမ်ကရော ဘာလို့ ဟိုတယ်ရောက်နေတာလဲ... ဝူတကျစ်ရော သူ့ဟန်နီးမွန်းအခန်း မင်းသမီးဆီက တောင်းလို့ရမှာလား... ဇာတ်ကားလေးက အလင်းပြပါလိမ့်မယ် Filesize : 2.24 GB / 1.06 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : ...
movie

Murder at Honeymoon Hotel ( 2016 )

Greedy People (2024)
Greedy People (2024)  ပင်လယ်ကမ်းစပ်မြို့လေးကို တာဝန်ကြောင့် ပြောင်းရွှေ့လာခဲ့တဲ့ ဝေလ်နဲ့ သူ့ဇနီးပေ့ဂျ်တို့၊ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ ဘဝတစ်ခုကို ကောင်းကောင်းမွန်မွန်အစပြုချင်တဲ့အတွက်ကြောင့် ဒီမြို့လေးကို တစ်ခါတည်းပြောင်းရွှေ့လာကြတဲ့သူတွေဖြစ်ပါတယ်။ လူသစ်,စိတ်သစ်,နေရာသစ်,အလုပ်သစ်မှာနေထိုင်ရင်း ဝေလ်ဟာ အလုပ်စဝင်တဲ့ပထမဆုံးရက်မှာပဲ တိုင်ကြားချက်တစ်ခုကို ဖြေရှင်းဖို့သွားရင်းနဲ့ မတော်တဆဖြစ်ကာ လူသတ်မိသွားပါတော့တယ်။ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ မသိဖြစ်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ ဝေလ်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ တယ်ရီတို့ဟာ အိမ်ထဲမှာ ဒေါ်လာ၁သန်းငွေသားတွေအပြည့်ထည့်ထားတဲ့ ခြင်းတစ်ခုကို တွေ့သွားကြပါတယ်။ ဒီလိုနဲ့ ပိုက်ဆံကိုမြင်ပြီးနောက် လောဘစိတ်ရယ်, လူသတ်မှုကို အမှုမပတ်ဖို့အတွက် နှစ်ယောက်သား အကြံထုတ်ရင်း ဒေါ်လာတစ်သန်းကို ခွဲယူကြပြီး ဒီလူသတ်မှုကိုတော့ တခြားတစ်ယောက်က သတ်တဲ့ပုံစံနဲ့ထားခဲ့မယ်ဆိုပြီး လုပ်ကြပါတော့တယ်။ ဒီလိုနဲ့ ဒီအမှုကိစ္စကြီးရဲ့နောက်ကွယ်မှာ ဘယ်လိုရှုပ်ထွေးမှုတွေ ရှိနေဦးမလဲ ........လောဘကြောင့်နဲ့ ဝေလ်တို့ ဘယ်လိုကိစ္စတွေ ကြုံတွေလာရဦးမလဲ..... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.6 GB)/(854 MB) Quality….Webrip 1080p / ...
movie

Greedy People (2024)

Tales from the Hood 2 (2018)
Tales from the Hood 2 (2018)  ဒီဇာတ်ကားလေးကတော့ 1995 မှာထွက်ခဲ့တဲ့ Tales from the Hood ရဲ့ ဒုတိယမြောက်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ ဆင်းမ် ဆိုတဲ့လူကြီးကို လုံခြုံရေး စက်ရုပ်တစ်ရုပ်ရဲ့ AI ကို သင်ကြားပေးဖို့အတွက် ကုမ္ပဏီတစ်ခုကနေ ဖိတ်ခေါ်ခံရတာနဲ့စပါတယ်။ ဒီတော့ မစ္စတာ ဆင်းမ် ကလည်း လူမျိုးရေး၊ အကြမ်းဖက်မှု၊ လိုအင်ဆန္ဒ နဲ့ပတ်သက်တဲ့ ပုံပြင် လေးပုဒ်ကို စက်ရုပ်သင်ယူနိုင်ဖို့အတွက်ပြောပြပါတော့တယ်။Horror ဆိုတော့ horror ဆန်တာလေးတွေပါသလို မထင်ထားတဲ့ twist လေးတွေလည်းပါတော့ စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။ ကဲ ဒီလူကြီးပြောတဲ့ပုံပြင်ကို နားထောင်ချင်ကြတယ်ဆိုရင်တော့ ခံစားကြည့်ရှူလိုက်ကြပါဦးဗျာ။ File size…(2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre... Comedy, Crime, Drama, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min
movie

Tales from the Hood 2 (2018)

Fury 12 Hours ( 2024 ) 6
Fury 12 Hours ( 2024 ) တခါတုန်းက Kusk ဆိုတဲ့မြို့လေးမှာ မြို့တွင်းမြို့ပြင်ကို မောင်းနှင်နေတဲ့ဘတ်စ်ကားကိုစီးနေကျ လေကျွင်းဆိုတဲ့လူတစ်ယောက်ရှိတယ်။ သူကတော့ တရုတ်တန်းလိုနေရာမှာစတိုးဆိုင်ဖွင့်ထားတာဖြစ်ပြီး မိသားစု တစုလုံး ပျောက်ဆုံးနေခဲ့တဲ့သူတစ်ယောက်ပါ ရှာဖွေရင်းနဲ့ မိန်းမနဲ့သမီးဖြစ်သူအလောင်းကိုတွေ့ရှိခဲ့ပေမဲ့ သားဖြစ်သူကို မတွေ့သေးတာကြောင့် (၁၀) နှစ်ကြာတဲ့အထိမလျှော့သောဇွဲနဲ့ သားဖြစ်သူအလောင်းကိုရှာဖွေနေခဲ့သူ တစ်ဦးပေါ့။Kusk ဆိုတာကတော့ အလွန်ရိုင်းတဲ့မြို့လေးဖြစ်ပြီးအဲ့မှာ မိဘတွေကို သတ်ဖြတ်ပြီးကျန်နေခဲ့တဲ့သားသမီးတွေကို ခေါ်ယူပြီးလူသားမဆန်သတ်ဖြတ်တဲ့ အရှေ့တောင်အာရှမှာ အကြီးမားဆုံးပြစ်မှုကျူးလွန်တဲ့အဖွဲ့ သူပုန်အဖွဲ့ရှိတယ်။လွန်ခဲ့တဲ့ (၁၀) နှစ်တည်းကအစိုးရနဲ့ ပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုခဲ့ပေမဲ့ သူပုန်အဖွဲ့ သတင်းပြန်ကြားရေးဌာနမှာလုပ်ခဲ့တဲ့လင်ဝမ်ဆိုတဲ့ မိန်းကလေးကသူတို့ရဲ့လျှို့ဝှက်ထိပ်တန်း သတင်း ကဒ်လေးကိုခိုးယူထွက်ပြေးခဲ့တာကြောင့် သူပုန်အဖွဲ့က သူ့ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားခဲ့တာပေါ့။မြို့ထဲမှာရှိတဲ့လူတွေအကုန်လုံးကို တစ်ယောက် မကျန်သတ်ဖြတ်ပြီးသူ့ကို လိုက်လံဖမ်းဆီးခဲ့တယ်။ဒီလိုနဲ့ လေကျွင်းဆီမှာ လင်ဝမ်ကရောက်သွားခဲ့ပြီး လေကျွင်းကအဆုံးထိ သူ့ကိုကာကွယ်ပေးရာကနေ ဘယ်လိုတွေဆက်ဖြတ်လာကြမလဲ။ ဒီသူပုန်အဖွဲ့ကကော ဘယ်လိုတွေ ဆိုးဆိုးရွားရွား သတ်ဖြတ်ကြလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ဖော်ကျူးထားတာကြောင့် အက်ရှင်ကားကိုကြိုက်တဲ့ ပရိသတ်များအတွက် CM ကနေဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ Filesize : 1.08 GB / 625 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Mystery Runtime : 1h 23 min Subtitle : ...
movie

Fury 12 Hours ( 2024 )

Treasure Hunting : The Palace of the North Hell (2024) 5.9
Treasure Hunting : The Palace of the North Hell (2024) ဒဏ္ဍာရီမှာ ခွင်းငှက်တစ်ကောင်က သေဆုံးခဲ့ပြီး အရိုးကျန်နေခဲ့တယ်တဲ့။ ထန်လူမျိုးတွေက အဲဒီသေသွားတဲ့နေရာကို နေရာကောင်းအဖြစ် သတ်မှတ်ခဲ့ပြီး နဂါးကြောအဖြစ် သင်္ချိုင်းတစ်ခု ဆောက်ခဲ့ပြီး ပေမင်ခွင်းနန်းဆောင်လို့ ခေါ်ခဲ့ပါတယ်။အဲဒီနန်းဆောင်ထဲမှာ ရတနာအများအပြားရှိနေပြီး လူတိုင်းက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လိုချင်နေကြတာပေါ့။ ဂျပန်လူမျိုးတွေရဲ့ လက်ထဲကနေ ရတနာတွေကို ကာကွယ်ဖို့အတွက် ကျင်းစုတပ်က ခေါင်းဆောင်လုဟွမ်ရှန်း၊ ဖားချိုးဂိုဏ်းက ဂိုဏ်းချုပ်ကုရှန်းနဲ့ ဗိုလ်လေး ဝူစီးဝိန်တို့က ခွင်းနန်းဆောင်ကို ရှာဖွေဖို့ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။သူတို့ခရီးစဉ်တစ်လျှောက်မှာ ဘယ်လို အခက်အခဲ အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ...... ဂျပန်တွေကရော ဘယ်လိုနှောင့်ယှက်မလဲ...... ပေမင်ခွင်းနန်းဆောင်ထဲမှာရော ဘယ်လို ထူးဆန်းတဲ့ အစောင့်အရှောက်တွေက သူတို့ကို စောင့်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.14 GB / 666 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv  Genres : Adventure , Action , Mystery Runtime : 1h 27 min Subtitle : ...
movie

Treasure Hunting : The Palace of the North Hell (2024)

While You Were Sleeping (2024) 7.3
While You Were Sleeping (2024) While You Were Sleeping (2024)*******************************နာမည်ကြီး စာရေးဆရာဂင်ဂျွန်ဆော့နဲ့ ပန်းချီဆရာမ ဒေါ့ဟီတို့ဟာသာမန်ပျော်ရွှင်စရာကောင်းတဲ့ လင်မယားအတွဲလေးတစ်တွဲအဖြစ်ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေကြတဲ့သူတွေပေါ့။ဒါပေမဲ့ ဇနီးဖြစ်သူဒေါ့ဟီက အတိတ်မေ့ရောဂါရှိနေပြီးတချို့သော အကြောင်းအရာတွေကို မမှတ်မိတော့တဲ့အတွက်ပြန်ပြီးမှတ်မိလာအောင် ကြိုးစားနေရရှာသူတစ်ဦးပဲဖြစ်တယ်။တစ်နေ့မှာ ခင်ပွန်းဖြစ်သူ စာရေးဆရာဂင်ဂျွန်ဆော့ကဝတ္ထုအသစ်ရေးရန်ပြင်ဆင်ဖို့ ခရီးသွားနေတဲ့အချိန်မှာမတော်တဆမှုကြောင့် ရုတ်တရက်သေဆုံးသွားပါတော့တယ်။ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ဒေါ့ဟီက ခင်ပွန်းဖြစ်သူဆုံးပါးသွားခဲ့တဲ့ခရီးနေရာကို တစ်ဖန်ပြန်လည်သွားရောက်ခဲ့တဲ့ အချိန်မှာတော့မမျှော်လင့်ထားတဲ့ အမှန်တရားတွေကို ရင်ဆိုင်တွေ့ရှိလာရတဲ့အခါမှာတော့...။ဇနီးဖြစ်သူ သိရှိသွားတာက ဘယ်လိုအမှန်တရားတွေဖြစ်နေမလဲ...။ဂျွန်ဆော့က ဒေါ့ဟီမသိအောင် ဘာတွေ ကွယ်ဝှက်ထားမလဲဆိုတာကိုပဟေဠိဆန်ဆန် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။Cast တွေအနေနဲ့ကတော့ Arthdal Chronicles၊ My unfamiliar family တို့ထဲကမင်းသမီး Choo Ja Hyun နဲ့ The Glory၊ Blood Free တို့ထဲကမင်းသား Lee Moo Saeng တို့က နှစ်ယောက်ကြား chemistryကိုထိထိမိမိ သရုပ်ဆောင်ထားလို့ While you were sleeping ရုပ်ရှင်လေးကိုကြည့်ရှုပေးကြပါဦးနော်။  (ဇာတ်လမ်းအကျဉ်းကို ...
movie

While You Were Sleeping (2024)

Solaris (2002)
Solaris (2002)  CM ပရိသတ်ကြီးအတွက် sci-fi romance ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်Chris ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ကို တစ်နေ့မှာ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်က Solaris အမည်ရ ဂြိုဟ်တစ်ခုကို လာရောက်ပေးဖို့ အကူအညီတောင်းလာပါတယ်အကြောင်းကတော့ Solaris က အာကာသယာဥ် အဖွဲ့သားတွေဟာ ထူးဆန်းတဲ့ ပုံရိပ်တွေကို မြင်နေရပြီး ရှင်းပြလို့မရတဲ့ စွဲလမ်းမှုတွေ ရှိနေတာကို အဖြေရှာလို့ အားလုံးကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်နိုင်ဖို့ပါဒါကို အဖြေရှာဖို့ Solaris ဂြိုဟ်ကို ရောက်လာတဲ့ Chris ကိုယ်တိုင်ကပါ သေဆုံးသွားပြီးဖြစ်တဲ့ ချစ်သူ Rheya သူ့ဆီ ပြန်ရောက်လာတာကို တွေ့ကြုံလာရတဲ့အခါမှာတော့ ....မင်းသား George Clooney ရဲ့ ရုပ်ရှင်အဟောင်းလေးကို ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦး File size…(1.4 GB)/(585 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Science Fiction, Mystery  Subtitle….Myanmar Subtitle ...
movie

Solaris (2002)

My Home Hero (2024) 6.9
My Home Hero (2024) My Home Hero (2024)အသစ်ထွက်ရှိလာတဲ့ ဂျပန်လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။"ရာဇဝတ်ကောင်တွေမှာ ဘယ်လိုအကြောင်းပြချက်ပဲရှိရှိ သူတို့ကို ဘယ်တော့မှခွင့်မလွှတ်ဘူး" ... ။သမီးဖြစ်သူ စုံထောက်ဖြစ်ဖြစ်ချင်း ပြောလာတဲ့စကားကြောင့် အဖေဖြစ်သူရင်ထဲမှာပူပန်သွားခဲ့ရတယ်။လွန်ခဲ့တဲ့ခုနှစ်နှစ် သမီးဖြစ်သူကိုကာကွယ်ချင်စိတ်နဲ့ လုပ်မိလိုက်တဲ့ရာဇဝတ်မှုတစ်ခုကြောင့် လူဆိုးဂိုဏ်းတစ်ခုကနေ မိသားစုတစ်ခုလုံးကိုပါ ပစ်မှာထားရန်ရှာခြင်းခံရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ ဉာဏ်ကောင်းတဲ့ဖခင်ကြောင့် ခုနှစ်နှစ်လုံး အန္တရာယ်ကင်းကင်းနေလာခဲ့ပြီး ဘယ်သူမှမသိအောင် သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုက ပြန်ပြီးအစပေါ်လာခဲ့ပါတယ်။ မိသားစုအတွက်ဆို အသက်ပါစွန့်ရဲတဲ့ဖခင်တစ်ယောက်ရဲ့ မိသားစုကိုကာကွယ်စောင့်ရှောက်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားပုံကို စိတ်ဝင်တစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Crime, Mystery Quality…. 1080p WEB-DL | 720p WEB-DL File size… 1.5GB | 741MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

My Home Hero (2024)

Hellraiser: Deader (2005)
Hellraiser: Deader (2005) Hellraiser: Deader (2005)Hellraiser ရဲ့ အခန်း နောက်တစ်ခု စဖွင့်ပါပြီ။ သေတ္တာလေးက သေခြင်းတရားကို လှည့်စားနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာကို သိလာရပါလိမ့်မယ်။ဒီဇာတ်ကားမှာတော့ နောက်ထပ်သတင်းထောက်တစ်ယောက် အလှည့်ပါ။ သတင်းရှာရင်း သေတ္တာနဲ့တိုင်ပတ်သွားတဲ့ နောက်သတင်းထောက်တစ်ယောက်ပေါ့။ သေခြင်းတရားကိုလှည့်စားဖို့လုပ်တဲ့သူနဲ့ Pinhead ကြားက ဓားစာခံဖြစ်သွားပေမဲ့ သူ့ဘာသာလွတ်လမ်းရှာသွားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီအကြောင်းကိုတော့မရှင်းသေးပါဘူး။သေတ္တာရဲ့အစွမ်းကတော့ ထင်တာထက်ပိုကြမ်းတယ်ဆိုတာကို တဖြည်းဖြည်းသိလာရပါပြီ။ တခြား Hellraiser တွေထက် ထူးခြားကောင်းမွန်နေတာမျိုး မရှိပေမဲ့ Franchise ထဲမှာ ၅/၁၀ ပေးလို့ရလောက်တဲ့ ဇာတ်ကားမျိုးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 910MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded ...
movie

Hellraiser: Deader (2005)

2005
Hide and Seek (Lapachhapi) (2017) 7.6
Hide and Seek (Lapachhapi) (2017) Lapachhapi 2017 (တူတူပုန်းတမ်း)တူရှာနဲ့နီဟာတို့ဟာ အရမ်းကိုချစ်ကြတဲ့လင်မယားတွေပေါ့။ လင်မယားတွေ ချစ်ချစ်ခင်ခင်နေလာကြရင်း နီဟာရဲ့ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာတော့ တူရှာဟာ အကြွေးကိစ္စတွေနဲ့ ပုန်းဖို့ဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာတော့ တူရှာရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဘာဟူရောဝ်က သူ့ရွာက ခေါင်တဲ့နေရာမှာရှိတာဖြစ်လို့ လာရောက်နေထိုင်ဖို့ ကမ်းလှမ်းတဲ့အခါမှာ တူရှာတို့လင်မယားနှစ်ယောက် ဘာဟူရောဝ်တို့ရွာကို လိုက်ပါနေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ ဘာဟူရောဝ်တို့ရွာကိုရောက်လာတဲ့အခါ ရွာက ကြံခင်းတွေနဲ့ပဲပြည့်နေပြီး လူနေအိမ်ရယ်လို့ မမြင်ရပါဘူး။ ဒီလိုနဲ့ နေလာရင်း နီဟာတစ်ယောက် အိမ်နားမှာ ကလေးတွေလာရောက်ဆော့ကစားတာကို ရုတ်တရက်မြင်လိုက်မိတာမျိုးရှိပေမယ့် သေချာကြည့်ရင် ပျောက်ပျောက်သွားတာမျိုးကြုံတွေ့လာရပါတော့တယ်။အဲဒီလိုနဲ့ ရွာမှာလူဆိုလို့ ဘာဟူရောဝ်နဲ့ သူ့မိန်းမကလွဲရင် မမြင်ရတဲ့နေရာကြီးမှာ တူရှာတို့လင်မယား ဘယ်လိုတွေ တွေ့ကြုံရမလဲ ........ ရုတ်တရက်တွေ့တွေ့နေရတဲ့ ကလေးတွေကရော ဘယ်သူတွေဖြစ်မလဲ ....... ဒီရွာကြီးရဲ့ နောက်ကွယ်က ကိစ္စတွေကရော ဘာတွေလဲ.... ဆိုတာတွေကို ကြည့်ရှုရမယ့် ဒရာမာဟော်ရာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ToMo~Alex~KKKZ~Linn Lunnတို့ပဲဖြစ်ပါတယ်) File size… 1.8GB / 902MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ToMo~Alex~KKKZ~Linn Lun
movie

Hide and Seek (Lapachhapi) (2017)

Puzzle (2018)
Puzzle (2018) Puzzle (2018)*************Thriller ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးတော့ လက်ရှိပြသနေတဲ့ Good Partner,Korea-Khitan War စတဲ့ဇာတ်လမ်းတွဲတွေထဲက မင်းသားကြီး Ji Seung Hyun က...အဓိက ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး Extraordinary Attorney Woo ထဲကKang Ki Young ကလည်း support role အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း -------------ဒိုဂျွန်းက အလုပ်အကိုင်ကောင်းနဲ့ ငွေကြေးနဲ့ မိသားစုဘဝ အရာအားလုံးပြည့်စုံနေသူလို့ထင်ရပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ အိမ်ထောင်ကွဲနေ အမျိုးသားတစ်ဦးဖြစ်ပါတယ်....ကြိုးစားအလုပ်လုပ်ပြီးတော့ နိုင်ငံခြားမှာ နေထိုင်တဲ့ သမီးဖြစ်သူနဲ့ အမျိုးသမီးကိုထောက်ပံ့နေရသူပါ။သံသယအရမ်းကြီးတဲ့ ဒိုဂျွန်းက လူတိုင်းကိုမယုံမကြည် မိန်းမကိုသဝန်တိုလွန်းလို့ အိမ်ထောင်ကွဲခဲ့ရပါတယ်သမီးဖြစ်သူရဲ့မွေ့းနေမှာ ကိုရီးယားပြန်လာမယ်လို့ ကတိပေးထားတဲ့ မိန်းမနဲ့ သမီးက ပြန်မလာတဲ့အခါ...ဒိုဂျွန်းတစ်ယောက် စိတ်လေပြီးတော့ မူးအောင်သောက်ရင်း ဆယ်ရွန်းဆိုတဲ့ ထူးဆန်းတဲ့မိန်းကလေးနဲ့တွေ့ခဲ့တယ်။ဆယ်ရွန်းနဲ့တွေ့တဲ့အချိန်က စပြီးတော့ ဂျောင်ဒိုဂျွန်းရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တယ်...မထင်မှတ်ထားဘဲ သူဟာ လူသတ်သမားတစ်ယောက်ဖြစ်လာခဲ့ရပြီးတော့ ဝရမ်းပြေးဖြစ်လာတယ်။ဒါပေမဲ့ ဂျောင်ဒိုဂျွန်းကို အဲဒီလိုဖြစ်အောင်လို့ နောက်ကွယ်က စေခိုင်းသူရှိနေခဲ့ပါတယ်...အဲဒီလူက ဘယ်သူဖြစ်မလဲ... ဒီပဟေဠိကို ...
movie

Puzzle (2018)

Grendel (2017) 5.8
Grendel (2017) Grendel (2017)လူတစ်ယောက်ရဲ့ သေဆုံးမှုက ကိုယ့်ဘဝရဲ့ အောင်မြင်မှုလမ်းစဆိုရင်... သင် ဘာလုပ်မလဲ?? လူ့သဘာဝ၊ မီဒီယာတွေရဲ့ သဘော၊ ကိုယ်အဆင်ပြေဖို့ကိုပဲ ရှေ့တန်းတင်တတ်တဲ့ လူ့အသိုင်းအဝိုင်းအကြောင်းကို ဒီဇာတ်ကားမှာ ကြည့်ရှုရမှာပါပဲ။စာရေးဆရာဟန်ဂျွန်းဟာ သည်းထိတ်ရင်ဖိုဝတ္ထုတွေ ရေးသားသူဖြစ်ပေမဲ့ အားပေးသူတော့ သိပ်မရှိလှပါဘူး။ တစ်နေ့ သူ့ဝတ္ထုထဲက လူသတ်မှုအတိုင်း ပုံစံတုလူသတ်မှု‌ ပေါ်ပေါက်လာတဲ့အခါ လူစိတ်ဝင်စားမှု မြင့်တက်လာပြီး သူ့စာအုပ်ကလည်း ရောင်းမလောက်ဖြစ်လာတော့တာပါပဲ။ ဒီလိုနဲ့ ဟန်ဂျွန်းတစ်ယောက် သေဆုံးသူကိုတောင် အားမနာနိုင်ဘဲ နာမည်ကြီးလာဖို့အတွက် ရဲတွေလှည့်စား၊ မီဒီယာကို အသုံးချ လုပ်ပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းက အဆုံးမသတ်ရသေးတဲ့အခါ...လက်သည်မပေါ်တဲ့ အမှုရဲ့နောက်ဆက်တွဲကို သူ ဘယ်လိုဖြေရှင်းမလဲ အောင်မြင်မှုကို ဖက်တွယ်တတ်ကြတဲ့ လူတွေအကြောင်းကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်)Genre..... Crime, Drama, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.1GB | 554MB Format… mp4 Duration…. ...
movie

Grendel (2017)

Push (2009) 6.1
Push (2009) Push (2009)IMDb Rating (6.1)မင်းသားချော Chris Evans ၊ Djimon Hounsou ၊Clifford Curtis၊ မင်းသမီးချော Dakota Fanning ၊ Camilla Belle တို့လို သရုပ်ဆောင်တွေနဲ့ Push ရုပ်ရှင်ကတော့ စူပါဟီးရိုးခေတ်ဦးကို အမှတ်ရစေမယ့် စူပါဟီးရိုးရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းကတော့...ဒုတိယ ကမ္ဘာစစ်အတွင်းမှာ နာဇီစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့စွမ်းရည် မြင့်မားလာအောင် ဆေးဖော်စပ်ဖို့အတွက် မွေးရာပါ စွမ်းအားရှိသူ တွေကို ဖမ်းဆီးပြီး သုတသန လုပ်ခဲ့ပါတယ်။ အဲ့ဒီ့သုတေသနကြောင့် စွမ်းအားရှိသူတွေ အများအပြားသေဆုံးခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး စစ်ကြီးပြီးသွားတဲ့အခါမှာတော့ အမေရိကန်လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Division လို့ခေါ်တဲ့အဖွဲ့က ထိုသုတေသနကိုဆက်လက်ဆောင်ရွက်ခဲ့ပြီး Kira လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်က မသေဘဲ စမ်းသပ်ချက်အောင်မြင်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြှောက်သွားတဲ့အခါမှာတော့ . . . ။ File size…(9.7 GB)/ (2.9 GB ) / (1.4 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….01:51:27 Subtitle….Myanmar ...
movie

Push (2009)

2009
4K HEVC
The Myth 2 : A Legend (2024)
The Myth 2 : A Legend (2024) ဂျက်ကီချန်းရဲ့ နာမည်ကျော် The Myth (2005) အဆက်အဖြစ် ထွက်ရှိလာတဲ့ တရုတ်ဇာတ်ကား A Legend (2024) ကတော့ ဒီနေ့ပဲ ရုပ်သံအကြည်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။The Myth ရဲ့အဆက်ဆိုပေမယ့် ဂျက်ကီချန်းရဲ့ဇာတ်ကောင်လောက်ပဲ ပထမကားရဲ့အဆက်အဖြစ် တူညီမှုရှိပြီးဇာတ်လမ်းကတော့ တခြားဒဏ္ဍာရီ တစ်ပုဒ်ဖြစ်သွားခဲ့ပါပြီ။လက်ရှိခေတ်နဲ့ အတိတ်က ဟန်မင်းဆက်ခေတ်ကို အသွားအပြန်တင်ဆက်ထားတာတွေ့ရမှာပါ။ဟန်လူမျိုးတွေနဲ့ ရှုံနူလူမျိုးစုတွေရဲ့ ရာဇဝင်တိုက်ပွဲကို အခြေခံလို့ ချစ်ခြင်းဒဏ္ဍာရီ တစ်ပုဒ်ကို လွမ်းဆွေးဖွယ်တင်ဆက်ထားပါတယ်။ဂျက်ကီချန်းရဲ့ငယ်ရုပ်တွေ CGI တွေအများအပြားသုံးထားပြီး ဘယ်လောက်ထိ ဒဏ္ဍာရီဆန်မလဲဆိုတာကိုတော့....။ File size…(7.5 GB)/ (3.3 GB )/(1.7 GB) Quality….WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:09:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by CM Team
movie

The Myth 2 : A Legend (2024)

4K HEVC
Manhole (2014)
Manhole (2014) Manhole (2014)**************Hospital Playlist ထဲမှ Jung Kyung-ho၊ The School Nurse Files ထဲမှJung Yu-mi၊ Mirror of the Witch ထဲမှ Kim Sae-ron နဲ့ တခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ Manhole ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားအညွှန်း-မိဘတွေကွယ်လွန်သွားပြီးနောက် စကားမပြောတတ်တဲ့ ဆူဂျောင်းကိုအစ်မဖြစ်သူ ယွန်းဆောက အစ်မကြီး အမိရာပီပီ စောင့်ရှောက်ပေးပြီးနှစ်ယောက်တည်း ‌ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့သူတွေပါ။ဒါပေမဲ့ သူတို့မြို့နယ်လေးမှာ လူပျောက်တဲ့အမှုတွေက တစ်နေ့တခြားပိုပိုများလာပေမဲ့ ဘာသဲလွန်စမှ မကျန်တဲ့အတွက် ရဲဘက်ကလည်းစုံစမ်းစစ်ဆေးရာမှာ အရာမရောက်ဘဲ ခေါင်းခဲနေရသလိုပြည်သူတွေလည်း အထိတ်ထိတ်အလန့်လန့်နဲ့ သွားလာနေရတာပေါ့။တစ်နေ့ အလုပ်ကနေအိမ်ကို နောက်ကျမှပြန်လာတဲ့ ယွန်းဆောကိုဆူဂျောင်းက သွားကြိုရင်းနဲ့ မသင်္ကာစရာကောင်းတဲ့သူနဲ့ တွေ့ပြီးဆူဂျောင်းပျောက်သွားတဲ့အခါမှာတော့...ယွန်းဆောတစ်ယောက် ပျောက်သွားတဲ့ ညီမလေးကို ဘယ်လိုလိုက်ရှာမလဲ။ဘယ်မှာပြန်တွေ့ပြီး ဘယ်လိုကြောက်မက်ဖွယ်ကောင်းတာတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။(ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းတွေပါလို့ အသက်မပြည့်သေးတဲ့သူများ မကြည့်ရလို့သတ်မှတ်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။)File size…1.30GB ...
movie

Manhole (2014)

Prometheus (2012) 7.0
Prometheus (2012)  Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie

Prometheus (2012)

2012
Dead Boys Club aka Geng Kubur (2023) 5.7
Dead Boys Club aka Geng Kubur (2023) Dead Boys Club 2023 Imdb -5.7အိပ်မက်တစ်ခုတည်းကိုပဲ နှစ်တိုင်းအချိန်ကျလာရင်မက်တတ်တဲ့ဖာဟန် သူ့အိပ်မက်ကတော့ တောအုပ်တစ်ခုတည်း ဘယ်သူမှန်းမသိတဲ့ အမျိုးသမီးတစ်ယောက်ကသူ့ကိုခေါ်နေတာပါငယ်စဉ်ထဲကမက်လာတဲ့ဒီအိပ်မက် အမေ့သေဆုံးနှစ်ပတ်လည်ရောက်လာချိန်တိုင်း ပြန်ပြန်မက်နေလို့ ဆရာဝန်ဆီသွားပြီးဆွေးနွေးမှုခံယူခဲ့ရတဲ့အထိပါပဲ ဖာဟန့်မှာ သူငယ်ချင်း၃ယောက်ရှိပါတယ် အတိအကျဆိုရင်တော့ ၄ယောက်ပါ ဒါပေမဲ့ ၄ယောက်မြောက်က လူသားမဟုတ်ဘဲ ဘယ်သူမှမမြင်ရပေမဲ့ ရှိတယ်လို့လက်ခံထားကြတဲ့ မွတ်စ်ဆိုတဲ့ပရလောကသားပါပဲသူတို့တွေက ညဘက်ဆိုသင်္ချိုင်းထဲသွားထိုင်ပြီး စကားစမြည်ပြောရတာကို သဘောကျကြပါတယ် အကြောင်းကတော့ သင်္ချိုင်းကတိတ်ဆိတ်ပြီးတော့ ပြန်ပြောမဲ့သူမရှိလို့ပါတဲ့လေ ဖာဟန်က သူ့အိပ်မက်အကြောင်းပြောပြဖြစ်ရင်းနဲ့ လူငယ်သဘာဝစူးစမ်းချင်စိတ်ကြောင့် ဖာဟန်မက်မက်နေတဲ့တောအုပ်ထဲသွားကြည့်ဖို့ဆုံးဖြတ်ရာကနေ ဘယ်လိုကြောက်မက်ဖွယ်ရာတွေတွေ့ကြုံလာရမလဲဆို‌တာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Teamတို့ပဲဖြစ်ပါတယ် ) File size… 1.8GB / 907MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Dead Boys Club aka Geng Kubur (2023)

Detective Chinatown 2 (2018) 6.2
Detective Chinatown 2 (2018) Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး  ဒီမှာ  https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++ Detective Chinatown 2(2018)အညွှန်း *********************************ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်...Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကိုစုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့...အဆင့်တစ်ကတာ့ "Q" ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့်ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲCrimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက်အမှုကို ...
movie

Detective Chinatown 2 (2018)

2018