Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Musical
6.6
Annette (2021)
Annette (2021)=============IMDb Rating - 6.6/10 Adam Driver နဲ့ Marion Cotillard တို့ ပါ၀င် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းဟာဆိုရင် musical filmငတ်နေသူတွေအတွက်တော့ဘ၀င်ကျစရာပါပဲ၊ La La Land တို့ The Greatest Showman တို့လို ဇာတ်လမ်းအဖြစ်အပျက်ကို သီချင်းတွေ သီဆိုရင်း အနုပညာမြောက်မြောက် တင်ဆက်ထားတာ တွေ့ရပြီး နားကြပ်လေးသာတပ်ကြည့်ရင် ဂီတအနှစ်သာရခံစားရတာ ပိုပြီးကောင်းပါလိမ့်မယ်။Musical film ဖြစ်တဲ့အတွက် Plot ကိုပဲ အာရုံစိုက်ပြီး ကျန်တာဘေးထားကြည့်နိုင်ရင်တော့ အပန်းဖြေစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဟင်နရီဆိုတဲ့ လူဟာ stand-up comedian တစ်ယောက်၊ အန်ဆိုတဲ့ အမျိုးသမီးက operasinger တစ်ယောက်၊ ၂ ယောက်လုံးဟာ သူ့နယ်ပယ်မှာသူ ဒိတ်ဒိတ်ကြဲအောင်မြင်နေသူတွေ ဒီလိုအချိန်မှာ ရုတ်တရက်လက်ထပ်လိုက်ကြပြီး အန်းနက်ဆိုတဲ့ သမီးလေးမွေးဖွားလာတယ်။ သို့ပေမဲ့ အန်းနက်ဆိုတဲ့ ကလေးမလေးဟာ ...
movie
Annette (2021)
2021
7.0
Pardes (1997)
Pardes (1997) *****IMDb Rating (7.0) / Rotten Tomatoes (72%)Pardes (နယ်မြေရပ်ခြားနိုင်ငံခြား) ဟာ ၁၉၉၇ ၊ ဩဂုတ်လ ၊ (၈)ရက် မှာ အိန္ဒိယနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ် ။ ဘောလီးဝုဒ်ဒါရိုက်တာ ဆရာကြီး ဆူဘတ်ရ်ှဂိုင်း ၊ ဇာတ်လမ်းဇာတ်ညွှန်း ဆူဘတ်ရ်ှဂိုင်း ၊ နီရတ်ဂ်ျပသစ်ခ် ၊ ဂျာဗေ့ဒ်ဆစ်ဒီကီးတို့မှရေးသားကာ ဒါရိုက်တာဆူဘတ်ရ်ှဂိုင်းရိုက်ကူးပြီး ၊ အမ်မရစ်ရ်ှပူရီး ၊ အာလိုခ်နတ် ၊ ရှာရွတ်ခန်၊ မာဟီမားကျောင်ဒရီး ၊ အပူရ်ဗားတို့မှ ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားကြပါတယ် ။ ဇာတ်လမ်းအကျဉ်း ************* ကစ်ရှိုးလားဂျီးဟာ အမေရိမှာ အခြေတကျအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက် ။ အမေရိကမှာနေပေမဲ့ ကိုယ့်နိုင်ငံရိုးရာ ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်သလို သူ့ရဲ့တစ်ဦးတည်းသောချစ်သားလေးရာဂျစ်အတွက် ချွေးမလောင်းလေးဟာလဲ ရိုးရာဓလေ့နဲ့လူ့ကြီးသူမကို လေးစားရိုသေ အလုပ်အကျွေးပြုတတ်သူ အလိမ္မာအိမ်ပါ အိန္ဒိယသူစစ်စစ်ဖြစ်ရမယ်ရယ်လို့ ...
movie
Pardes (1997)
1080p Untouched
7.6
Kuch Kuch Hota Hai (1998)
IMDb Rating (7.6) / Rotten Tomatoes (92%)မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာဂျိုးတို့ရဲ့နာမည်ကြီးဇာတ်ကားပါပဲ...မင်းသမီး Rani Mukerji နဲ့ မင်းသား ဆယ်မန်ခန်းတို့လဲ ပါဝင်ထားပါသေးတယ်....ဇာတ်လမ်းကတော့...မိတဆိုးသမီးလေးတစ်ယောက် ဖခင်အပေါ်ကိုပဲအားလုံးမှီခိုနေရပြီး မိခင်ဆိုတာ ဓာတ်ပုံအချို့ပဲမြင်ဖူးခဲ့တာပါ.. တိုက်တိုက်ဆိုင်ဆိုင်ကျောင်းကျပန်းစကားပြောပြိုင်မွဲမှာသမီးလေးကျတဲ့ခေါင်းစဉ်က "အမေ" တဲ့ ခေါင်းစဉ်လေးကိုကိုင်ရင်း လက်တွေတဆတ်ဆတ်တုန် မျက်လုံးနဲ့ပြောနေတဲ့စကားက အမေအကြောင်းသမီးမသိပါဘူးလို့ အဓိပ္ပါယ်ဖော်နေသယောင်ပုံဖော်နေတယ်ကံကောင်းတာတစ်ခုက ၈နှစ်ပြည့်မွေးနေ့မှာ အမေထားခဲ့တဲ့စာလေးဖတ်လိုက်ရတယ် စာထဲမှာရေးထားတာက " အန်ဂျလီဆိုတာ တကယ်တော့သမီးရဲ့နာမည်အရင်းဖြစ်သလို သမီးအဖေသိပ်ချစ် ရတဲ့ကောင်မလေးရဲ့နာမည်လည်းဖြစ်တယ်တဲ့"စာလေးထဲမှာ အတိတ်ကအကြောင်းတွေအများကြီးရေးထားတယ် ကျောင်းတက်စဉ်ငယ်ဘဝတုန်းက ကောင်လေးတစ်ယောက်မှာအရမ်းခင်ရတဲ့ ယောကျ်ားလေးဆန်ဆန်ကောင်မလေးတစ်ယောက်ရှိတယ် ပေါ့ပေါ့ပါးပါးလေးဖြတ်သန်းနေတဲ့သူတို့ဘဝလေးထဲကို ကောင်မလေးတစ်ယောက်ညင်ညင်သာသာလေးဝင်လာခဲ့တယ် ဒါပေမဲ့ ထိချက်ကတော့ အတော်ပြင်းတယ် ယောင်္ကျားလေးဆန်ဆန်ကောင်မလေးက နောက်ဆုံးစာမေးပွဲကိုတောင်မဖြေပဲ အပြီးအပိုင်ဇာတ်မြှုတ်ပျောက်ကွယ်သွားတယ် အဲ့ဒီယောက်ျားလျာကောင်မလေးရဲ့နာမည်က " အန်ဂျလီ"တဲ့ဆုံးသွားတဲ့မိခင်က သမီးကိုသူ့ရဲ့နောက်ဆုံးဆန္ဒဘာတွေရေးခဲ့လဲသမီးလေးကရော အမေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာတွေနဲ့ချစ်ခြင်းမေတ္တာကိုပုံဖော်ရာမှာ ထိမိလွန်းတာကြောင့် နာမည်ကြီးတဲ့ဇာတ်ကားတစ်ကားပါပဲ။ဒီဇာတ်ကားက ကြာတော့ကြာခဲ့ပါပြီ ဒါပေမယ့် နှစ်ချို့ဝိုင်လိုအစွမ်းထက်နေတုန်းပါပဲကဲပရိတ်သတ်ကြီးရေ နှစ်ချို့ဝိုင်လေးသောက်ကြည့်ပါလို့ အကြံပြုရင်း..........။ File size…(3.2 GB) / (1.8 GB)/ (650 MB) Quality…BluRay 1080p / 720p / ...
movie
Kuch Kuch Hota Hai (1998)
7.4
Kabhi Khushi Kabhie Gham(2001)
Kabhi Khushi Kabhie Gham(2001)IMDb Rating (7.4) / Rotten Tomatoes (100%)အမီတာဘဂျမ်း..ရှရွတ်ခန်း...လက်ပွားမင်းသား ရိုရှမ်..မင်းသမီးကာဂျိုး...ကရီနာကပူးလ်စတဲ့ ဘောလိဝုဒ်ရဲ့တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေ ပြုံပြီးသရုပ်ဆောင်သလို ဇာတ်လမ်းကလဲတကယ်ကောင်းပါတယ်။ပြသချိန် ၃နာရီခွဲ ကြာတဲ့ဇာတ်ကားဆိုပေမယ့် ခနလေးလိုပဲ ထင်ရလောက်အောင်ကောင်းတာပါ။ဇာတ်လမ်းကတော့...ယာရှ်နဲ့ နန်ဒနီတို့ဟာ သားသမီးမဖွားမြင်တာကြောင့် ရာဟုလ်ကိုမွေးစားဖို့အိမ်ခေါ်လာပါတယ်။သားအရင်းမဟုတ်ပေမယ့်သားအရင်းတစ်ယောက်လို ချစ်ကြပါတယ်။တစ်နေ့ ရာဟုလ်က အဖြစ်မှန်ကို သိသွားခဲ့ပေမယ့် အဲဒီစကားကို အဲဒီအိမ်မှာဘယ်တော့မှထပ်မပြောကြဖို့ ယာရှ်က ဆုံးဖြတ်လိုက်တယ်။ယာရှ်ဟာ မျိုးရိုးဂုဏ်အရှိန်အဝါနဲ့ ဓလေ့ထုံးတမ်းအစဥ်အလာတွေကို အလေးထားတဲ့သူဖြစ်တာကြောင့် ရာဟုလ်ကိုအဆင့်အတန်းတူတဲ့ မျိုးရိုးက ဆင်းသက်လာသူနဲ့သာ ပေးစားချင်နေတယ်။ ဒါပေမယ့် အမျိုးဇာတ်နိမ့်တဲ့ ကောင်မလေးတစ်ယောက်ကို ရာဟုလ်က ချစ်မိသွားတဲ့အခါမှာတော့...။ဒရမ်မာဇာတ်လမ်းရှည်ကြီးတွေကို တစ်ရှူးအပြည့်နဲ့ကြည့်တတ်သူတွေ လုံးဝလက်လွတ်ခံလို့မဖြစ်ပါဘူး။(Thaik San မှ ဘာသာပြန်တင်ဆက်ထားတာပါ။) File size…(3.5 GB) / (2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….03:29:00 subtitle….Myanmar Hardsub Encoder….Nyeinsaeya Aung Translated by Thaik San
movie
Kabhi Khushi Kabhie Gham(2001)
7.6
Devdas (2002)
IMDb Rating(7.6) / Rotten Tomatoes (89%)တည်ငြိမ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ထည်ဝါလွန်းတဲ့ အိမ်တော်ကြီး တစ်ခုမှာ ထူးထူးခြားခြား ဆူညံပွက်လောရိုက်နေတယ်ဘာကြောင့်လဲဆိုတော့ ဒေ့ဗ်ဒါးစ် ပြန်လာမယ်လို့ စာရေးလိုက်လို့.. ဒေ့ဗ်ဒါးစ် ဆိုတာ ငယ်စဉ်ကတည်းက လန်ဒန်ကို ပညာသင်လွှတ်လိုက်တဲ့ ဒီအိမ်တော်ကြီးရဲ့ သခင်လေးသားကိုတွေ့ရတော့မှာမို့ ပျော်လွန်းလို့ မျက်ရည်ကျနေတဲ့ အမေ ဘာလုပ်လို့ ဘာကိုင်ရမသိဖြစ်နေတဲ့ အစေခံတွေ "ငါ့သားလေးကို ငါအရင်တွေ့ပါရစေ အားလုံး မျက်လုံးတွေ မှိတ်ထားပေးကြပါ "============================================"နင် လန်ဒန်ကို ရောက်နေတော့ ငါ့ကို သတိရလား တစ်ခါမှ မရပါဘူးငါ့မှာတော့ အကြိမ်ပေါင်း ၂၈၅၀ လောက်စာတွေ ရေးခဲ့တယ် နင့်အတွက် ရည်စူးပြီး ထွန်းညှိထားတဲ့ ဆီမီးတိုင်က ၈၇၆၀၀ နာရီလောက်ကြာအောင် တောက်လောင်နေတာနင့်ကို သတိရတဲ့ တစ်ချိန်တော့ ရှိပါတယ်ဟာ ငါ့ အသက်တစ်ကြိမ် ရှုလိုက်တိုင်းမှာပေါ့"******************************************အမေဖြစ်သူမှာ အရင်တွေ့ချင်ပေမယ့် မြင်တွေ့ခွှင့်မရပဲ ဘေးအိမ်က ပါရိုဆီကို အပြေးသွားခဲ့လေသူ ဒေ့ဗ်သားဖြစ်သူရဲ့ ဦးစားပေးမှုကို လုယူခံလိုက်ရလို့ ပါရိုကို သမီးတစ်ယောက်လို ...
movie
Devdas (2002)
2002
8.1
Dilwale Dulhania Le Jayenge (1995)
IMDb (8.1/10) / Rotten Tomatoes (94%)"ပြဿနာမရှိပါဘူး မိန်းမလှလေးနိုင်ငံကြီးတွေမှာ ဒီလိုအသေးအမွှားလေးတွေ ဖြစ်တတ်ပါတယ်"Dilwale Dulhania Le Jayenge (1995) ဆိုတဲ့ နာမည်မြင်ရုံနဲ့ ဘောလိဝုဒ်ပရိသတ်တင်မကဘဲရုပ်ရှင်ချစ်သူအားလုံး ဒီကားကိုကြည့်ဖူးကြမယ်ထင်ပါတယ်ဇာတ်ကားမကြည့်ဖူးရင်တောင် ဒီဇာတ်ကားထဲကဇာတ်ဝင်တေးတွေကိုတော့ နားရေဝနေလောက်ရောပေါ့အခုချိန်ထိ ဒီဇာတ်ကားထဲက သံစဉ်တွေကို ဖုန်း Ring Tone ထားတဲ့သူတွေ တပုံကြီးပဲဗျာဒီဇာတ်ကားရဲ့အောင်မြင်မှုနဲ့ ရ,ထားတဲ့ဆုတွေကလဲ ဘောလိဝုဒ်မှာ စံချိန်တင်ပါပဲ...ယနေ့အချိန်ထိ DDLJ ကို ရုံတင်နေဆဲ ရုပ်ရှင်ရုံတွေ အိန္ဒိယမှာရှိသေးတယ်ဆိုပဲ..ထွက်နေသမျှ ဘောလီဝုဒ်အချစ်ကားတွေမှာလည်း ဒီကားနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေဒီဇာတ်ကားထဲက ဇာတ်ဝင်တေးတွေ နာမည်ကြီးဇာတ်ဝင်ခန်းတွေကို ပြန်လည်ဂုဏ်ပြုထည့်သွင်းလေ့ရှိနေကျပဲ.ဒီတော့ ဒီကားကို ကျွန်တော်မညွှန်းခင် အားလုံးသိပြီးကြလောက်မှာပါKing Khan ရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတစ်ကားလို့လည်း ဆိုလို့ရသလိုSRK ကို Romance King ဖြစ်စေခဲ့တာ ဒီလိုဇာတ်ကားတွေကြောင့်ဆိုတာ ငြင်းလို့မရပါဘူးမင်းသမီး Kajol ဆိုတာကလဲ ရှရွတ်ခန်နဲ့အလိုက်ဖက်ဆုံးမင်းသမီးအဖြစ်နာမည်ကြီးသလို ဘောလိဝုဒ်နတ်ဘုရားမပဲကိုး...လိုက်ဖက်တဲ့သူတို့နှစ်ယောက်ကြောင့် ဒီဇာတ်ကားနာမည်ကြီးလှတာ သိပ်တော့မဆန်းလှပါဘူး..ဇာတ်လမ်းလေးညွှန်းဆိုရရင်ရာဂျ်ဆိုတဲ့ကောင်လေးလေးနဲ့ ဆင်မ်ရန်းဆိုတဲ့ကောင်မလေးဟာ ...
movie
Dilwale Dulhania Le Jayenge (1995)
1995
4.5
Tuesdays And Fridays (2021)
Netflix ကတင်ဆက်ထားတဲ့ Bollywood ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ချောမောလှပပြီး စည်းကမ်းကြီးတဲ့ ဆီရာဟာ မွန်ဘိုင်းကရုပ်ရှင်လုပ်ငန်းမှာ ဥပဒေကိစ္စတွေ စီမံဆောင်ရွက်ပေးနေတဲ့ ရှေ့နေမလေးပါ ဗာရွန်ကတော့ လန်ဒန်မှာနေထိုင်တဲ့ နာမည်ကြီးလူငယ်စာရေးဆရာတစ်ဦးပါ။ တစ်နေ့ ဗာရွန်ဟာ သူ့ဝတ္တုကို ရုပ်ရှင်ရိုက်မယ့်ကိစ္စအတွက် အိန္ဒိယကိုလာရင်း မူပိုင်ခွင့်ကိစ္စတွေညှိနှိုင်းဖို့ ဆီရာနဲ့ စတင်ဆုံစည်းမိပါတယ်။ ဗာရွန်ရဲ့ ဝတ္တုအကြောင်း အပြန်အလှန်ဆွေးနွေးကြရင်း သူတို့နှစ်ဦးဟာ ရင်းနှီးသွားပါတယ်။ ထို့နောက် ဗာရွန်လည်း လန်ဒန်ကိုပြန်သွားပြီး ဆီရာက သူ့အလုပ်သူဆက်လုပ်နေခဲ့ပါတယ်။ အလုပ်မှာထူးချွန်တဲ့အတွက် ကုမ္ပဏီက လစာပြည့်ခွင့် ၂ လပေးတဲ့အတွက် ဆီရာဟာ သူ့မိခင် နေထိုင်ရာ လန်ဒန်မြို့ကို အလည်လာခဲ့ပါတယ်။ လန်ဒန်မှာ မမျှော်လင့်ဘဲ ဗာရွန်နဲ့ ဆီရာတို့ ပြန်လည်ဆုံစည်းမိပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ဦးရဲ့ ရင်ထဲမှာ တစ်ယောက်ကိုယ်တစ်ယောက် စိတ်ဝင်စားမှုလေးတွေရှိလာပါတယ်။ ဒါပေမဲ့ ဗာရွန်မှာ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဗာရွန်ဟာ ကောင်မလေးတစ်ယောက်ကို ခုနစ်ပတ်ထက်ပိုပြီးတွဲလေ့မရှိပါဘူး။ ဗာရွန်ရဲ့ခံယူချက်က တွဲလာတာကြာလာတာနဲ့အမျှ စကားများရန်ဖြစ်ပြီး လမ်းခွဲတာထက်စာရင် စောစောစီးစီး နှစ်ဦးသဘောတူ ကြိုတင်လမ်းခွဲတာပိုကောင်းတယ်လို့ ခံယူထားသူပါ။ ဆီရာကတော့ တစ်ယောက်ဆိုတစ်ယောက် အချိန်အကြာကြီး အတည်တကျ လက်တွဲချင်သူပါ။ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေကြပေမဲ့ ဗာရွန်ရဲ့ ခုနစ်ပတ်ပဲတွဲမယ်ဆိုတဲ့ ခံယူချက်ကြောင့် ရှေ့ဆက်မတိုးဖြစ်ကြပဲ ...
movie
Tuesdays And Fridays (2021)
Dil Ka Rishta (2003)
ကျွန်တော်တို့ငယ်ငယ်တုန်းက မဂ္ဂဇင်းတွေမှာ မျက်ဝန်းလဲ့ပြာပြာ မျက်ခုံးကောင်းကောင်း နှုတ်ခမ်းဖူးဖူးနဲ့အိန္ဒိယမင်းသမီးတစ်ပါးကို မကြာခဏမြင်ဖူးခဲ့ကြပါတယ်...သူကတော့ ၁၉၉၄ ခုနှစ်ရဲ့ Miss World ဆုရှင် Aishwarya Rai ပါပဲ...အခုတင်ဆက်မှာကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ Drama,Romance ဇာတ်ကားလေး Dil Ka Rishta (2003) ပဲဖြစ်ပါတယ်..Dil Ka Rishta ဆိုတာ မြန်မာလိုဆို နှလုံးသားနှောင်ကြိုးလို့ အဓိပ္ပာယ်ရပါတယ်...ဆွေးမြေ့ဖွယ်ဇာတ်ကားနာမည်က Rai ရဲ့ရီဝေဝေအလှတွေနဲ့ အပ်စပ်လွန်းလှပါတယ်...ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်ဇာတ်လမ်းပါ...တစ်ယောက်က မီလျံနာသူဌေးသား...မင်းသမီးက ချစ်ရသူရှိပြီးသား ဆရာမလေး...သူဌေးသားက ပိုင်ရှင်ရှိပြီးသား ဆရာမလေးကိုမှ ချစ်မိသွားတဲ့အခါမှာတော့....၃ ပွင့်ဆိုင် ဇာတ်လမ်းမှာ ၂ ယောက်ထဲ ရှေ့ဆက်ဖို့ဆိုတာ ရင်ကိုခွဲထုတ်သလို နှလုံးသားနှောင်ကြိုးတွေကိုဖြတ်ချရတာမျိုးပါပဲ...နာကျင်ရတယ်....ဒါပေမယ့်အချစ်ဆိုတာ နာကျင်ခံခက် ကြည်နူးဆွတ်ပျံ့တဲ့ ဘုရားသခင်ရဲ့ပြစ်ဒဏ်မျိုးပဲမလား....။ File size…(2.7 GB) and (1.7 GB) Quality….WEB-DL 1080p and 720p 5.1CH Format…mp4 Duration….02:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Dil Ka Rishta (2003)
7.3
Sweeney Todd: The Demon Barber of Fleet Street (2007)
Sweeney Todd: The Demon Barber Of Fleet Street (2007) ============================ IMDb - 7.7 Directed By Tim BurtonBig Fish တို့ Charlie and the Chocolate Factory တို့လို Narrator လန်းလန်းနဲ့ ရုပ်ရှင်တွေ Edward Scissorhands, Sleepy Hollow, Dark Shadows တို့လို Gothicဆန်ဆန်ရုပ်ရှင်တွေ အရိုက်များတဲ့ Tim Burtonကို အားလုံး ရင်းနှီးပြီးသားဖြစ်မှာပါပဲ။ Sweeny Todd ကလည်း သူ့ရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုပါပဲ။ သူ့ဟန်ဖြစ်တဲ့ Gothicဟန်ကို အပြည့်အဝပုံဖော်ထားတဲ့အပြင် သူ့ရုပ်ရှင်တွေနဲ့ အလိုက်ဖက်ဆုံး သရုပ်ဆောင်တွေဖြစ်တဲ့ သူ့ရုပ်ရှင်တွေမှာမကြာ မကြာတွဲလျက်ပါတတ်တဲ့ အလိုက်ဖက်ဆုံအတွဲ Johnny Deep နဲ့Helena Bonham Carterကို သုံးထားတယ်။ ဒီလိုရုပ်ရှင်မျိုးတွေက Johnny Deepရဲ့ Typeလို့ ...
movie
Sweeney Todd: The Demon Barber of Fleet Street (2007)
Tees Maar Khan (2010)
Rating သိပ်မကောင်းပေမဲ့ ကြည့်လို့ကောင်းတဲ့အပြောင်ကားလေးပါ။ မင်းသားကြီး အက်ရှေးကူးမားနဲ့ မင်းသမီး ကတ်ထရီးနာကဖ်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အိန္ဒိယရုပ်ရှင်လောကကို ခပ်ပါးပါးလေး ကလိထားတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းကစလာကတည်းက ယဉ်သကိုဆိုတဲ့အတိုင်းပဲ သူခိုးနက္ခတ်နဲ့မွေးလာတဲ့ တိစ်မာခန်းဆိုတဲ့ ဆရာသမားလေးဟာ အမိဝမ်းထဲကထွက်ထွက်ချင်းမှာတင် ဆရာဝန်နဲ့သူနာပြုရဲ့ နာရီနဲ့ ဆွဲကြိုးကို ခိုးသတဲ့ဗျာ။ ကြီးလာတော့ နိုင်ငံတကာဒုစရိုက်သမား တိစ်မာခန်းဆိုတဲ့ အလိုရှိစာရင်းဝင်ကိုဖြစ်ရောပဲ။ ထိုအချိန်အိန္ဒိယက ရှေးဟောင်းပစ္စည်းမှောင်ခိုသမားအဖွဲ့က နိုင်ငံတော်ရတနာတွေကို မှောင်ခိုထုတ်ဖို့ ကြိုးစားရင်း ရတနာတွေက ရဲလက်ထဲရောက်သွားပါတယ်။ ရဲတွေက ထိုရတနာတွေကို ဒေလီကို လုံခြုံရေးအပြည့်ချထားတဲ့ရထားနဲ့ ပို့ဖို့လုပ်ပါတယ်။ ရထားဟာ လမ်းမှာလုံးဝမရပ်ပဲ သွားမယ့်ရထားပါ။ ထိုရထားပေါ်က ရတနာတွေကို ခိုးယူဖို့ နာမည်ကြီး တိစ်မာခန်းကို အကူအညီတောင်းပါတော့တယ်။ တိစ်မာခန်းကနေ ရဲတွေအပြည့်ပါတဲ့ သွားနေတဲ့ရထားပေါ်ကနေ ရတနာတွေကို ဘယ်လိုခိုးမလဲဆိုတာ ဒီဇာတ်ကားမှာကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ တစ်ချက်ထိုး ဆယ်ပေလောက် လွင့်ထွက်သွားတဲ့အိုဗာတွေမပါပေမဲ့ စကားလုံးတွေကတော့ ဆူနာမီထက်ကိုကြမ်းပါတယ်။ တော်ကီတစ်ပေါက်ရှမ်းရှမ်းတောက်ပါပဲ။ '' ပြည့်တန်ဆာမကို သိက္ခာဆည်တာနဲ့ တိစ်မာခန်းကို ထောင်ချဖို့ဆိုတာ နှစ်ခုစလုံးအချည်းနှီးပဲ '' အဲဒီလိုမျိုးတွေ။ ဒါနဲ့ ဒီဇာတ်ကားမှာ မင်းသားကြီး ဆယ်လ်မန်ခန်းက ဧည့်သရုပ်ဆောင်အနေနဲ့ သီချင်းတစ်ပုဒ်မှာ ဝင်သရုပ်ဆောင်ပေးထားသေးတယ်။ ကြည့်ကြည့်ပါ အပျင်းပြေပျော်ရွှင်ရမှာပါ။ File size…(2.2 GB) Quality….WEB-DL 720p 5.1CH Format…mkv Duration….02:15:00 Subtitle….Myanmar ...
movie
Tees Maar Khan (2010)
9.6
The Box (2021)
The Box(2021)“မျက်လုံးတွေကိုမှိတ်လိုက်ပါအဆုံးအစမရှိ ကျယ်ပြောနက်ရှိုင်းတဲ့ကမ္ဘာကြီးကမင်းရှေ့မှာ ရှိနေလိမ့်မယ်"အမြင်အာရုံကွယ်ပျောက်နေတဲ့မိန်းကလေးတစ်ယောက်က စင်ကြောက်နေတဲ့အဆိုတော်ပေါက်စလေးကို ပြောခဲ့တဲ့စကားပါဒီကားလေးက အကြွေးပတ်လည်ဝိုင်းနေတဲ့ ပရိုဂျူဆာတစ်ယောက်ရယ်လူတွေမမြင်တဲ့နေရာမှာပဲ သီချင်းဆိုရဲတဲ့ကောင်လေးတစ်ယောက်ရယ်ရဲ့musical journey တစ်ခုကိုရိုက်ပြထားတာပါကောင်လေးနေရာမှာတော့ Exo ထဲက Chanyeol ပါဝင်သရုပ်ဆောင်ထားတယ်သူတို့နှစ်ယောက် မထင်မှတ်ပဲတွေ့ဆုံရင်းစာချုပ်အသေးစားလေးတစ်ခု ချုပ်ခဲ့ကြတယ်အဲ့ဒီစာချုပ်အတိုင်း လူရှေ့မှာဆိုဖို့ train ပေးတယ်ပေါ့ဗျာMusical ကားဆိုတော့တစ်ကားလုံး သီချင်းလေးတွေနဲ့ပဲငြိမ့်ငြိမ့်ညောင်းညောင်းလေးသွားမှာပါအဆိုပိုင်းရော သရုပ်ဆောင်ပိုင်းပါတော်တဲ့Chanyeol ရဲ့သီချင်းတွေကို သူ့မျက်နှာလေးကြည့်ပြီးနားထောင်နေရတာနဲ့တင်ဒီကားကတော်တော်လေးကိုတန်နေပါပြီကြည့်ရှူလိုက်ကြပါဦးIMDb - 9.6/10 ရရှိထားတာမို့ Rating အတော်လေးမြင့်တဲ့ ဇာတ်ကားထဲမှာ ပါပါတယ်။Translator: AmeliaEncoder: AugustQuality: 1080P WEB-DL 5.1CH and 720P WEB-DL 5.1CH Size: 2 GB and 1 GB Subtitle: Myanmar (Hardsub) Genre: Drama, Music, Musical
movie
The Box (2021)
2021
7.9
99 Songs (2021)
99 Songs (2021)အော်စကာဆုရှင် A.R.Rahman ကိုယ်တိုင် ထုတ်လုပ်သူ နဲ့ ဂီတပိုင်းကို တာဝန်ယူပြီး ဇာတ်ညွှန်းကို ပူးတွဲရေးသားထားတဲ့ "သီချင်း (၉၉) ပုဒ်" ဇာတ်လမ်း ထွက်ရှိလာပါတယ်။အေအာရ် ရဲ့လက်ရာ ဖြစ်တဲ့အတွက် သီချင်းနဲ့ နောက်ခံတေးဂီတ ကောင်းဖို့ကတော့ အာမခံပါတယ်။သီချင်းပေါင်း ၉၉ ပုဒ် ..... ဘာအတွက်ကြောင့်များပါလိမ့် ?????ကိုယ့်ချစ်သူအတွက် ကိုယ်ပိုင်သီချင်းစပ်ပေးဖို့ စိတ်ကူးယဉ်ဖူးတဲ့လူတွေများ ရှိပါသလား?ဒါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ပြီး စိတ်ကူးတွေ ယဉ်လို့ ရမှာပါ။ဇာတ်လမ်းကတော့ ဒီလိုပါ။ဂျေးဆိုတဲ့လူငယ်လေးဟာ ဂီတအပေါ်မှာ တမ်းတမ်းစွဲအောင် ရူးသွပ်လွန်းသူတစ်ဦးပါ။ ဘယ်လောက်ထိ ရူးသွပ်သလဲဆိုရင် ကိုယ့်ရဲ့ချစ်သူကောင်မလေးအတွက် သီချင်းဆိုပြရင်တောင် ကိုယ်ပိုင်သီချင်းရေးပြီးမှ ဆိုပြလေ့ရှိတာပါ။ဂျေးရဲ့ချစ်သူကောင်မလေး ဆိုဖီယာကတော့ စကားမပြောနိုင်တဲ့ သူဌေးသမီးတစ်ယောက်ပေါ့။ဆိုဖီယာရဲ့အဖေက အစမှာတော့ ဂျေးကို သဘောကျခဲ့ပါတယ် သို့ပေမယ့်လည်း ဆိုဖီယာ့အဖေက ဂီတကို စီးပွားရေးဆန်ဆန် အသုံးချလိုသူဖြစ်တဲ့အတွက်သူဟာ ဂျေးကို သူ့ရဲ့ဂီတစီးပွားရေးလုပ်ငန်းတွေကို ဦးစီးစေခဲ့ပါတယ်။ဂီတအပေါ်မှာ ဘာလောဘမှမရှိ ကိုယ့်ရဲ့ကိုးကွယ်မှုတစ်ခုလို သက်ဝင်ယုံကြည်နေတဲ့ ဂျေးအဖို့ ...
movie
99 Songs (2021)
2021
6.5
Cry Baby (1990)
IMDB (6.5) / Rotten Tomatoes (73%)အလီဆင်ဟာ ရှေးရိုးစွဲ (စကွဲ) လို့ခေါ်ကြတဲ့ မိသားစု ဝန်းကျင်ကနေဆင်းသက်လာတဲ့ မိန်းမလှလေးတစ်ယောက်၊ တစ်သက်လုံး လိမ်မာခဲ့ရတာ စိတ်ကုန်လှပါပြီလို့ ဆုံးဖြတ်မိရာကနေ ခရိုင်းဘေဘီဝေါလ်ကာ ဆိုတဲ့ ဆန့်ကျင်ဘက် ဒရိတ်ပ် ခေါ် ဆိုးသွမ်းလူငယ်အဖွဲ့ တစ်ဖွဲ့ရဲ့ခေါင်းဆောင် ခပ်မိုက်မိုက်ဂေါ်ဘဲတစ်ပွေနဲ့ ချစ်ကျွမ်းဝင်မိပါတယ်။ မျိုးနွယ်ချင်း ခံယူချက်ချင်း ယဉ်ကျေးမှုချင်း တောင်နဲ့မြောက် အရှေ့နဲ့အနောက်လို ကွာခြားချက် အစစအရာရာတွေကိုဆန့်ကျင်ပြီး သူတို့ဇာတ်လမ်းမှာ ကြုံရမယ့် အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲဆိုတာကို ဂီတတွေနဲ့ မြူးမြူးကြွကြွပုံဖော်ထားတဲ့ Comedy, Musical ကိုမှ ဂန္ဓဝင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အဲလ်ဗစ်ပရက်စလေရဲ့ ရုပ်ရှင်တွေ ၁၉၅၀ ဝန်းကျင်က ဆိုးသွမ်းလူငယ်တွေအကြောင်းနာမည်ကျော် ရုပ်ရှင်တွေကို တစ်စိတ်တစ်ပိုင်းသရော်လှောင်ပြောင်ထားတာဖြစ်တဲ့အတွက် သူတို့ ရဲ့ ရုပ်တည်ကြီးနဲ့ ခံစားချက်အပြည့်နဲ့အမူအယာတွေဟာ အတည်ပေါက်နဲ့ခွီရမယ့်အကွက်တွေပါပဲ။ ခရိုင်းဘေဘီရဲ့ ဇာတ်ကောင်နေရာနဲ့ကိုက်ညီတဲ့ လူငယ်မင်းသား ရှာဖို့ ဒါရိုက်တာဟာ ဆယ်ကျော်သက် မဂ္ဂဇင်းတွေကို အဲ့ဒီခေတ်က ဒေါ်လာ သုံးဆယ်ဖိုးဝယ်ယူခဲ့ပြီး မျက်နှာဖုံးအားလုံးဟာ ၁၉၈၇ က 21 Jump ...
movie
Cry Baby (1990)
7.8
Maara
Maara (2021)ဇန်နဝါရီ ၈ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ တမယ်လ် ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ကြည့်မိရင် ရင်ထဲမှာ မေတ္တာတရားရဲ့ ဆွတ်ပျံ့မှု ကြည်နူးမှု နွေးထွေးမှုတွေကို ခံစာရမှာ အမှန်ပါပဲ။ကျွန်တော်တို့ပုံပြင်တွေကို ကြားဖူးကြပါတယ်။ နားထောင်ဖူးကြပါတယ်။ ပုံပြင်လေးတစ်ပုဒ်ကနေ တကယ့်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့တဲ့အချိန်မှာတော့ ....ပါရူး ဆိုတဲ့ ကလေးမလေးက ငယ်စဉ်ဘဝက ရထားတစ်စီးပေါ်မှာ စစ်သားလေးတစ်ယောက်နဲ့ သူ့ရဲ့ဝိဉာဉ် ငါးကလေး ဆိုတဲ့ ပုံပြင်လေးကို နားထောင်ခဲ့ရဖူးပါတယ်။ ပါရူးတစ်ယောက်က ပုံပြင်တွေကို စိတ်ဝင်စားတဲ့ မိန်းကလေးပါ။ သူ့အိမ်က နေရာချထားပေးဖို့ ပြင်ဆင်ပေမယ့် စိတ်မဝင်စားလို့ အိမ်ကနေ ထွက်လာရင်းနဲ့ ..... မာရာ ဆိုတဲ့ လူတစ်ယောက်ရဲ့ ပန်းချီကားလက်ရာတွေကို တွေ့ပြီး အဲဒီနောက်ကို တကောက်ကောက်လိုက်ရာကနေ တကယ့်ကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ် .....ဘာဇာတ်လမ်းလေးလဲ ဆိုတာကတော့ .....IMDb - 7.8/10 ရထားတဲ့ ဇာတ်ကားမို့ အများကြီး ပြောမနေတော့ပါဘူး။File size… 2.1GB ...
movie
Maara
2021
7.9
Veer-Zaara (2004)
IMDb Rating (7.8) / Rotten Tomatoes (92%) အထိရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်တွေက လှပတဲ့အပြင် ရှုခင်းပသာဒတွေက စိတ်ဘဝင်အေးစေတဲ့ကားမျိုးပါ။ ဒီကားဟာဖြင့် အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ ကြား စည်းထားကြပေမယ့် ချစ်ခြင်းကို ဘယ်သူက တားဆီးကြမှာလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတွေးများစွာ မေးစေမိပါတယ်။အချစ် ဟာ ချစ်နေရုံနဲ့ ပြီးလား လို့ မေးရင် Logic ဆန်ဆန်လူတွေက ခေါင်းခါမိပါလိမ့်မယ်။ အခြေအနေ မတူခြင်းတွေအောက်မှာ ချစ်လျက်နဲ့ခွဲခွာ ရတဲ့ ဖူးစာတွေဆိုတာလည်း ဒုနဲ့ဒေးပါ။ ဘာသာရယ် မတူ နိုင်ငံရယ်ခြားနေရင်ဖြင့် ပိုလို့တောင် စိတ်မကူးနိုင်တော့ပါ။ သို့သော် ……။ဇာတ်လမ်းအကျဉ်း လေး သွားကြည့်ရအောင် ။ ဒီလိုကားမျိုးကို ကောင်းတယ်လို့ပဲ ညွှန်းပေးချင်တာပါ။ ဘာ ဇာတ်လမ်းမှမသိဘဲ ကိုယ်တိုင် ဆွဲဆောင်ခံရတဲ့ ရေစီးကြောင်းတစ်ခုလို ကြည့်သင့်တဲ့ကားပါ။ ( လျှာရှည်တာ ...
movie
Veer-Zaara (2004)
2004
HEVC 1080p 5.1
7.2
Rab Ne Bana Di Jodi (2008)
IMDb Rating (7.2/10) / Rotten Tomatoes (78%)အချစ်မှာ နားလည်မှုလိုအပ်သလား?ဟုတ်ကဲ့..မဖြစ်မနေလိုအပ်ပါတယ်...လူနှစ်ဦးလက်ထပ်လိုက်ပေမယ့် နားလည်မှုတွေကို ပြန်ရှာကြရတဲ့အခါဒီဇာတ်ကားဖြစ်ပေါ်လာတဲ့အကြောင်းပါပဲ...။ကျွန်တော်တို့မေ့နေကြတာတွေ ပြန်မြင်လာရသလိုပေါ့...အချစ်က အနားမှာရှိနေပေမယ့် ဖွင့်ပြောဖို့ ရွှေ့ဆိုင်းနေတတ်ကြတယ်...တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှာပေးဖို့ထက် ဖြစ်သလို ကြုံသလို နေလိုက်တတ်ကြတယ်...ဒါတွေက အချစ်ခရီးမှာ လိုအပ်ချက်တွေဖြစ်ပေါ်လာစေတာပဲ..အချစ်ကိုတကယ်တွေ့ကြုံပြီး ကြည်နူးပျော်ဝင်လိုက်ဖို့ တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေရှိနေဖို့လိုပါတယ်။ဒီတော့..သင့်မှာချစ်ရတဲ့လူ ရှိတာဖြစ်ဖြစ်...ရှိတော့ရှိတယ် ဖွင့်မပြောရသေးဘူး..ဘယ်လိုအနေထားမှာဖြစ်ဖြစ်ဒီရုပ်ရှင်က သင်ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။မင်းသားကြီး ရှာရွတ်ခန်း နဲ့ Anushka Sharma တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးအနူးရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားနဲ့တန်းဝင်မင်းသမီးဘဝကိုချက်ချင်းရောက်သွားခဲ့သလို ရှာရွတ်ခန်းကတော့ ပြောနေစရာကိုမလိုအောင် ဇာတ်နဲ့လိုက်ဖက်နေခဲ့ပါတယ်....နိုင်ငံတကာမှာလဲ အားပေးမှုတွေရရှိခဲ့တဲ့ဇာတ်ကားမို့ သိမ်းထားလို့ရအောင် BluRay HEVC 1080p 5.1CH နဲ့ ပြန်လည်တင်ဆက်လိုပါတယ်။(ဒီဇာတ်ကားကို Aung Maw Han မှ ဘာသာပြန် တင်ဆက်ထားတာပါ။) File size…(3.4 GB) and (2 GB) Quality….Blu-Ray 1080p 5.1 CH & 720p (HEVC ...
movie
Rab Ne Bana Di Jodi (2008)
HEVC 1080p 5.1
4
Again (2020)
Again 2020ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေဖြစ်ပြီး လုပ်ချင်တာတွေလုပ်ပြီး နေခဲ့ရရဲ့လား.. ဒါမှမဟုတ် သူများအတွက်ပဲ ကိုယ်ကနေထိုင်နေခဲ့ရတာလား.. ဘဝရဲ့အဓိပ္ပါယ်ကို ဒီ again ဆိုတဲ့ကားလေးကဖော်ကျူးထားပါတယ်..ဇာတ်လမ်းအကျဉ်းက ယွန်းဂျူဆိုတဲ့ကောင်မလေး ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့ ကြိုးစားနေသူတစ်ယောက် ဖြစ်ပြီး အိမ်မှာဆို ဂျစ်ကန်ကန် မိုက်ကန်းကန်းနေတတ်သူပါ။သူတို့အိမ်က ပဲပင်ပေါက်ထမင်းဆိုင် ဖွင့်ထားဖြစ်ပေမယ့် ယွန်းဂျူကတော့ အိမ်ရဲ့စီးပွားရေးထက် သူဖြစ်ချင်တာကိုပဲ ဦးစားပေးတတ်တဲ့သူပါ။ သူမှာညီမတယောက်လည်းရှိပြီး သူညီမကတော့သူနဲ့မတူပဲ လိမ်မာပါတယ်။ သူအမေဖြစ်သူကတော့ သူတို့မမွေးခင်ထဲက အဲ့ဒီထမင်းဆိုင်ကို ဦးစီးခဲ့ရတာဖြစ်ပြီး နားရက်တစ်ရက်တောင်မယူပဲ နေ့မအားညမနား မိသားစုအတွက် သားသမီးတွေအတွက်ရှင်သန်နေတဲ့ အမေတစ်ယောက်ဖြစ်ပါတယ်။ဘဝကိုပေါ့ပေါ့လေးဖြတ်သန်းနေတဲ့ ယွန်းဂျူကတော့ အိမ်အလုပ်လဲကူမလုပ် အလုပ်အတည်တကျလဲမရှိသလို သူမအိမ်မက်ဖြစ်မြောက်ဖို့ကိုပဲ ခေါင်းမာမာနဲ့ ကြိုးစားနေသူလည်းဖြစ်ပါတယ်။တရက် သူတို့မိသားစုထဲကို ကြမ္မာဆိုးတစ်ခုဝင်ရောက်လာတဲ့အခါ ဘာဆက်ဖြစ်မလဲ။ ခေါင်းမာတဲ့ယွန်းဂျူကော အသိတရားရသွားမလား။ သူမအိမ်မက်ဖြစ်တဲ့ ရုပ်ရှင် ဒါရိုက်တာဖြစ်ဖို့ကရော အကောင်အထည်ပေါ်သွားမှာလားဆိုတာကတော့ ရုပ်ရှင်ကိုကြည့်မှအဖြေပေါ်မှာပါ။ဘဝသရုပ်ဖော်ကားတစ်ကားဖြစ်ပြီး ကြည့်တတ်မယ့်ဆို ဘဝသင်ခန်းစာရမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်သာမန်ရိုက်နေကျ ပုံစံတွေထဲက ကွဲထွက်ပြီး Musical Drama ပုံစံမျိုး ရိုက်ထားတဲ့အတွက် သီချင်းတွေလည်း နားထောင်ရင်း ရုပ်ရှင်ကို ခံစားရမှာပဲ ဖြစ်ပါတယ်။ File size ..… 1.2GB . 750MB Quality .…. WEB-DL 1080p and 720p Format ...
movie
Again (2020)
2020
6.6
The Prom(2020)
The Prom(2020)အညွှန်း**********************ကျောင်းကပွဲဆိုတာ ကျောင်းပြီးဆုံးခါနီးကျောင်းသားတွေအတွက်တော့ ကိုယ့်ချစ်သူတွေ သဘောကျတဲ့သူတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းရင်း ဘဝမှာမေ့ပျောက်လို့မရတဲ့ညတစ်ညအဖြစ်နဲ့ အမှတ်တရတွေ အများကြီး ချန်ထားခဲ့ရမယ့်ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ အင်ဒီယားနားပြည်နယ် အက်ချ်ဝါးတားမြို့က အထက်တန်းကျောင်းသူလေးအမ်မာကတော့ လိင်တူချစ်သူတစ်ယောက်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းကပွဲတက်ရောက်ခွင့် မရရှိပါဘူး.... မြို့နေလူထုဟာတစ်ဖက်သန်တစ်ယူသန်တွေများပြီး ကျောင်းသားမိဘတွေဟာလည်း လိင်တူစုံမက်ချစ်ခင်မှုကို မလိုလားတဲ့သူတွေဖြစ်ပါတယ်... လိင်တူချစ်ခင်သူတစ်ယောက်ဖြစ်တဲ့အကြောင်းပြချက်နဲ့တင် Parent Teacher Association (PTA)ကဆုံးဖြတ်ချက်နဲ့ ကျောင်းကပွဲတက်ရောက်ခွင့်မပြုပဲ လူ့အခွင့်အရေးကို ချိုးဖောက်ခံခဲ့ရပါတယ်... တစ်ဖက်မှာလဲ အရင်တုန်းကနာမည်ကြီးခဲ့ကြတဲ့ ပြဇာတ်သရုပ်ဆောင်တွေဟာ ပွဲတစ်ပွဲကရာမှ ဝေဖန်ပြစ်တင်မှုများစွာခံရပြီး နာမည်ကိုပြန်အဖတ်ဆယ်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ကောင်းတဲ့အရာတစ်ခုခုကိုလုပ်ပေးလိုက်ရင် လူတွေအမြင်ပြောင်းသွားမှာပဲဆိုတဲ့ ဆယ်လီဘရစ်တီတွေလုပ်နေကြ လှည့်ကွက်တွေနဲ့အတူ လူတွေအာရုံပြောင်းဖို့ အမ်မာရဲ့ဖက်ကနေ ကူညီပေးဖို့ကြိုးစားကြပါတော့တယ်.... အဆုံးသတ်မှာအမ်မာတစ်ယောက် သူချစ်ရတဲ့သူနဲ့အတူ ကျောင်းကပွဲကိုတက်ရောက်နိုင်ပါ့မလား... လူတွေရဲ့လိင်တူချစ်သူတွေကို မြင်တဲ့အမြင်ကရောဘယ်လိုရှိသလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ Musicalကားတစ်ကားဖြစ်တာနဲ့အညီ သီချင်းဒိုင်ယာလော့တွေ ဝေဝေဆာဆာပါဝင်ပါတယ်။ဆုကြီး (၂)ဆုရရှိထားတဲ့အပြင် မင်းသမီးကြီး Meryl Streep လည်းပါဝင်ထားလေတော့အလန်းဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါ File Size :(2.3GB) and (1.02GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:10:00 Genre : Comedy, Drama, Musical Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo ...
movie
The Prom(2020)
5.7
Power On Girls ( 2020 )
ဒီတစ်ခေါက်တော့ တရုတ် အိုင်ဒေါလ်မိန်းကလေးအဖွဲ့ တစ်ဖွဲ့ရဲ့ နောက်ကွယ်ကသွေးချွေးနဲ့ အခက်ခဲ အတားအဆီးတွေကို ရသစုံပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။ရသစုံဆိုတာက ဒီလိုပါ။ မိန်းကလေး အိုင်ဒေါလ်ဖြစ်လို့ တဏှာလက်မည်းတွေကအသုံးချဖို့ကြိုးစားနေတဲ့ ပုံရိပ်တချို့၊ မန်နေဂျာနဲ့ အိုင်ဒေါလ်ကြားကဖြူစင်တဲ့ မေတ္တာ၊ အဖွဲ့သားတွေကြား အခွင့်အရေးအတွက် လုယက်တုန်းအထေ့အငေါ့လေးတွေရှိပေမယ့် အရေးကြီးရင် သွေးစည်းသွားတာလေးတွေ။နောက်ပြီး အိုင်ဒေါလ်တိုင်းကြုံရတဲ့ အဆောင်ပြဿနာ၊အကလေ့ကျင့်ခန်းပြဿနာလေးတွေကို ပြိုင်ဖက်အဖွဲ့နဲ့လုရပုံလေးတွေကိုသုံးပြ ဟာသသဘောဆောင် တင်ဆက်ထားပါတယ်။အကုန်မတူပေမယ့် ဒီဇာတ်ကားလေးထဲကလေ အိုင်ဒေါလ်တစ်ယောက်ရဲ့ခက်ခဲတဲ့ လှေကားထစ်လေးတွေကို မြင်တွေ့နိုင်မှာပါ။Translated & Review By Chu ChuEncoded By LK
movie
Power On Girls ( 2020 )
6.6
Jingle Jangle: A Christmas Journey 2020
ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့်ကားလေးကတော့ မိသားစုခရစ္စမတ်ကားလေးပဲ ဖြစ်ပါတယ် ဆောင်းညတစ်ညမှာ အဘွားအိုတစ်ယောက် သူ့မြေးလေးနှစ်ယောက်ကို မီးလင်းဖိုလေးနံဘေးမှာ ပုံပြင်တစ်ပုဒ်ကို ပြောပြနေရာကနေ အစချီထားပါတယ် ဂျရောနစ်ကပ်စ် ဂျန်ဂယ်လ်ဆိုတဲ့ သိပ်တော်တဲ့ တီထွင်သူကြီး တစ်ယောက်အကြောင်းပေါ့ သူ့ရဲ့အိပ်မက်က အားလုံးရဲ့စိတ်ကို ပြောင်းလဲနိုင်လောက်စရာ တီထွင်မှုကြီးတစ်ခု ဒါကို သူနှစ်ပေါင်းများစွာကြိုးစားနေခဲ့တယ် အဲ့ဒီတီထွင်မှုကြီးကို သူနောက်ဆုံးလုပ်နိုင်ခဲ့ပေမယ့် တပည့်ဖြစ်သူ ဂတ်စတက်ဖ်ဆန်ဟာ ခိုးယူထွက်ပြေးသွားပါတယ် ဂျရောနစ်ကပ်စ်တစ်ယောက်ဟာ ဒီနောက်မှာ ဇနီးလည်းသေ သမီးကိုလည်းမေ့လျောလိုက်ပြီး သူ့ဘ၀ကြီးဟာ လုံး၀ကို စုတ်ပြတ်သပ်သွားပါတော့တယ် ဒီလို စုတ်ပြတ်သပ်နေတဲ့ ဂျရောနစ်ကပ်စ်ရဲ့ဘ၀ထဲကို မြေးမလေး ဂျာနီပြန်ရောက်လာပြီး အရင် တီထွင်သူကြီး ဂျရောနစ်ကပ်စ်အဖြစ် ပြန်လည်ပြောင်းလဲသွားမယ့်ပုံကို ကြည့်ရှုရမယ့် မိသားစု ခရစ္စမတ် ကားကောင်းလေးပဲဖြစ်ပါတယ် File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….02:00:00 Genre … Family, Fantsy, Musical Subtitle….Myanmar Subtitle (Hardsub) Translated by Chuck Chuck
movie
Jingle Jangle: A Christmas Journey 2020
First
3
4
5
6
7
Last
Previous
Next