Channel Myanmar

Musical

Gunday (2014)
Gunday (2014) မင်းသမီးချော ပရီရန်ကာချော်ပရာနဲ့ မင်းသားတွေကတော့ ရမ်ဘီဆင်းနဲ့အာဂျွန်းကပူးတို့ပါ...Irrfan Khan လဲပါပါသေးတယ်။ငယ်ငယ်က ဘဝနာခဲ့ရတဲ့ သူငယ်ချင်း ၂ ယောက် လူမိုက်လူကြမ်းကြီးတွေအဖြစ် ကြီးပြင်းလာကြရာကနေသူတို့ဘဝထဲကို အကအလှမယ်လေးတစ်ယောက် ဝင်လာတဲ့အခါမှာတော့...၃ ပွင့်ဆိုင် အချစ်နဲ့ သူငယ်ချင်း ညီကို သံယောဇဉ်တွေကြား ဗျာများရပုံတွေနဲ့...သူတို့ရဲ့ ဒုစရိုက်မှုတွေကြောင့် ရဲတွေကလဲ အချီကြီးလိုက်ကြနေတဲ့အခါမှာဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ...။Fun ဖြစ်အောင် ရောင်စုံအလှ အက ရသစုံတင်ဆက်ထားတဲ့ အက်ရှင်ဒရမ်မာရုပ်ရှင်ကားပါ။Budget ရူပီး 310 Million ကုန်ချခံရိုက်ကူးခဲ့ပြီး Box office ဝင်ငွေ ရူပီး 1200 Million ကျော်မြတ်စွန်းခဲ့ပါတယ်။ File size…(3.8 GB)/(1.4 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

Gunday (2014)

Better Nate Than Ever (2022) 6.3
Better Nate Than Ever (2022) Better Nate than Ever (2022)IMDb - 6.1လူတိုင်းမှာ အိပ်မက်ပန်းတိုင်တစ်ခု​တော့ ကိုယ်စီရှိကြစမြဲပါ၊ တချို့​​တွေက ကိုယ်ဖြစ်ချင်တဲ့ကိုယ့်ရဲ့အိပ်မက်ကို ငယ်ငယ်​လေးတည်းကသိပြီး အ​ကောင်အထည်​ဖော်ဖို့ ကြိုးစား​နေကြသလို တချို့ကလည်း ကိုယ့်ရဲ့အိပ်မက်က ဘာလဲဆိုတာသိဖို့ ကြိုးစား​ရှာ​ဖွေ​နေဆဲသူ​တွေလည်း ရှိတာ​ပေါ့၊နိတ်ဆိုတဲ့​ ကောင်​လေးက​တော့ အလယ်တန်း​ကျောင်းသားဘဝကတည်းက ကိုယ့်အိပ်မက်ကို အ​ကောင်အထည်​ဖော်ဖို့ တစိုက်မတ်မတ် ကြိုးစား​နေသူ​​ပေါ့၊ ဘ​ရော့​ဒ်ဝေးပြဇာတ်ရုံတွေမှာ ကြီးကျယ်ခမ်းနားတဲ့ပြဇာတ်​တွေကို အဓိက​နေရာမှာ ကပြပြီး ဘ​ရော့​ဒ်ဝေးပိုင်းမှာအမြင့်ဆုံးဖြစ်တဲ့ တိုနီဆုကြီးကို အရယူဖို့ပါ၊လူက ငယ်ငယ်၊ အကြံကကြီးကြီး ခါချဉ်​ကောင်မာန်ကြီးလို့ ​တောင်ကြီးဖြိုမယ် ကြံ​ပေမယ့် ဆရာသမား​လေး နိတ်ခမျာ ​ကျောင်းကပွဲမှာ ဖြတ်​လျှောက်​နေရာက​တောင် အ​ရွေးမခံရ​အောင်ကို ပါရမီရှိပြီး စန်းပိတ်​နေတဲ့သူ​ပေါ့၊ တစ်​နေ့​တော့ နယူး​ယောက်​ရွှေမြို့​တော်ကြီးရဲ့ ဘ​ရော့​ဒ်ဝေးမှာ ကပြရင်း နာမည်ကြီးလာနိုင်တဲ့ ပဏာမလူ​ရွေးပွဲအ​ကြောင်း သိလိုက်တဲ့​နောက် သူ​နေထိုင်ရာ ပစ်ဘာ့ဂျ်မြို့​လေးက​နေ NYအထိ မိဘမသိ​​အောင် အိမ်​ပြေး​လေးလုပ်ရင်း သူ့ရဲ့အိပ်မက်ခရီးလမ်းကို စတင်​လျှောက်လှမ်းခဲ့ပါ​တော့တယ်၊Disney က​နေ အသစ်ထွက်ရှိထားတဲ့ Family, Musical, ...
movie

Better Nate Than Ever (2022)

2022
Phir Bhi Dil Hai Hindustani (2000) 6.3
Phir Bhi Dil Hai Hindustani (2000) မင်းသားကြီးရှရွတ်ခန်းနဲ့ မင်းသမီးချော Juhi Chawla တို့ပါဝင်ထားတဲ့ နိုင်ငံရေးနောက်ခံ အချစ်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်...အိန္ဒိယနိုင်ငံကို အိန္ဒိယလူမျိုးတွေ နည်းမှန်လမ်းမှန်နဲ့ ချစ်ကြတဲ့ ခံစားချက်တွေကို ပေါ်လွင်ထင်ရှားအောင် ပြသနိုင်ခဲ့တဲ့ဇာတ်ကားအဖြစ် နာမည်ကြီးပါတယ်...ဇာတ်ကားနာမည်ကလဲ "ရင်ထဲကအိန္ဒိယ" တဲ့။ဇာတ်လမ်းလေးကတော့ အဂျေးဟာ လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ နာမည်ကြီးသတင်းထောက်လေးပေါ့...သူ့ကိုအလဲထိုးဖို့ရောက်လာတဲ့သူကတော့ သတင်းထောက်မလေး ရီယား...မတူညီတဲ့ပြိုင်ဘက်ချန်နယ်တွေမှာ အလုပ်လုပ်ကြတဲ့ သူတို့နှစ်ယောက်ဟာ ကြောင်နဲ့ကြွက်...တကျက်ကျက်။တစ်နေ့တော့ နိုင်ငံရေးပါတီတစ်ခုရဲ့ဟောပြောပွဲတစ်ခုမှာ လူသတ်မှုတစ်ခုဖြစ်ပွားပြီးတဲ့နောက်ဒီမတည့်အတူနေ နှစ်ယောက်သား လူသတ်မှုနောက်ကွယ်က အမှန်တရားကိုလိုက်ကြရင်းနဲ့တကယ့်နိုင်ငံရေးအရှုပ်ထုပ်ထဲကို  ရောက်သွားပါတော့တယ်....ငွေနဲ့ အာဏာရဲ့ကြား သာမန်လူတစ်ယောက်ညှပ်သွားခဲ့ရင်ဒီလူဟာဘယ်လောက်ပဲရိုးသားဖြူစင်နေပါစေ ပြသနာအကြီးကြီးတက်တာပါပဲ...ငွေလည်းမရှိ အာဏာလည်းမရှိတဲ့ ဒီနှစ်ယောက်ဟာ စဉ်းလဲတဲ့နိုင်ငံရေးလောကရဲ့ ဘေးဒဏ်တွေကို ခံနိုင်ပါ့မလား...သူတို့လိုချင်တဲ့ တရားမျှတမှုကို ရအောင်ယူပေးနိုင်ပါ့မလားဆိုတာကတော့...။ File size…(4 GB)/(1.7 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:38:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie

Phir Bhi Dil Hai Hindustani (2000)

West Side Story (2021) 7.8
West Side Story (2021) အကောင်းဆုံးရုပ်ရှင်ဆု အကောင်းဆုံး Production Design ဆု အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု (Rita Moreno) အကောင်းဆုံးဝတ်စုံဆု အကောင်းဆုံးဒါရိုက်တာဆု (စတီဗင် စပီးဘက်) အကောင်းဆုံးအသံဆု အကောင်းဆုံး Cinematography ဆုတွေ အော်စကာ ဆန်ခါတင်ထားတဲ့ West Side Story ရုပ်ရှင်ကိုတင်ပေးထားပါတယ်။ IMDb 7.8 ရရှိထားပါတယ်။ဒီရုပ်ရှင်ကတော့ ၁၉၅၇ နာမည်ကြီးဂီတပြဇာတ် West Side Story ကိုပဲ ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၆၁ တုန်းကလည်း ရုပ်ရှင်အဖြစ် ရိုက်ကူးဖူးပါတယ်။ ဒါရိုက်တာကြီး စတီဗင် စပီးဘက်ရဲ့ ပထမဆုံး ဂီတရုပ်ရှင်ပါ။ မင်းသားကတော့ The Fault in Our Stars ထဲက Ansel Elgort ဖြစ်ပြီး မင်းသမီးကတော့ Rachel Zegler ပထမဆုံးရုပ်ရှင်အနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းကတော့ ရှိတ်စပီးယားရဲ့ ရိုမီယို နဲ့ ဂျူးလိယက်ကို inspire ယူထားတာပါပဲ။ နယူးယောက်မြို့ရဲ့ ဂျက်စ် ဆိုတဲ့ အမေရိကန်လူငယ်အဖွဲ့နဲ့ ငမန်းတွေဆိုတဲ့ ...
movie

West Side Story (2021)

Hridayam (2022) 8.8
Hridayam (2022) Hridayam (2022)ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ ပထမဆုံးချစ်ဖူးတဲ့ လူဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ရဲ့လား။အချစ်ဦးတိုင်းမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ရှိနိုင်ပါ့မလား။ ကျုပ်အနေနဲ့ဖြေရရင်တော့ ရှိနိုင်ပေမယ့် မလွယ်ကူဘူးလို့ပဲ ထင်တယ်ဗျ။ဒီဇာတ်လမ်းထဲက အာရွမ်နဲ့ ဒါချ်နာလိုပေါ့။ ကောလိပ်ကို စရောက်တဲ့အချိန်ကနေ မြင်မြင်ချင်းရင်ခုန်မိတဲ့နှစ်ယောက် အတူတူလက်တွဲခဲ့ကြပေမယ့် ၂၀ ပတ်လည် ကောလိပ်ကျောင်းသား ဘဝမှာ ကြုံကြရမယ့်အချစ်ရေးပြဿနာတွေ၊ အချင်းချင်းကို တသက်တာ မမေ့နိုင်မယ့် ဒဏ်ရာတွေ ပေးကြရင်း ဘယ်လိုအဆုံးသတ်ကို ဦးတည်ခဲ့ကြမလဲ။ဒီဇာတ်လမ်းက အာရွမ်ဆိုတဲ့ အမျိုးသားဇာတ်ကောင်ရဲ့ ကောလိပ်ကျောင်းသားဘဝကနေ ၃၀ ပတ်လည် လူလတ်ပိုင်းအရွယ်ထိသူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပုံတွေကို အသားပေးရိုက်ပြထားတာပါ။ လူငယ်ဘဝမှာ ကျောင်းကိစ္စ၊ အချစ်ရေး ၊ သူငယ်ချင်းလူလတ်အရွယ်မှာ စီးပွားရေးနဲ့ အိမ်ထောင်ရေး ဒါတွေကို ပျော်စရာရွင်စရာဆိုတာထက် လက်တွေ့ကျကျ ဖော်ကြူးထားတာပေါ့။ဒီနှစ်ထဲပဲ လောလောလတ်လတ်ထွက်ထားပြီး IMDb မှာ 8.9/10 ထိရထားတဲ့အပြင် ရုံတင်ငွေရူပီး 50 crores ထိစံချိန်တင်ထားတာပါ။ဇာတ်လမ်းရဲ့ကြာချိန် ၃ နာရီနီးပါးမှာ ...
movie

Hridayam (2022)

4K HEVC Web-DL
Josh (2000) 6.2
Josh (2000) Josh (2000) *************** အိန္ဒိယနဲ့အတူလွတ်လပ်ရေးမရခဲ့ဘဲ နောက်ပိုင်းကျမှရခဲ့တဲ့ Goa ဆိုတဲ့ နယ်မြေကလေးဟာ အခုချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားပါပြီ။ ဒါပေမဲ့ အဲဒီ့မတိုင်မီ ပေါ်တူဂီတွေအုပ်စိုးသွားခဲ့ပြီး သူတို့ထွက်သွားတဲ့အချိန်မှာဆိုရင် Goa မှာရှိတဲ့ မြေကွက်တွေဟာ ဦးသူယူဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့ပါတယ်။Goa ရဲ့အကြီးဆုံးမြို့တစ်ခုဖြစ်တဲ့ Vasco ဆိုတဲ့မြို့လေးမှာတော့ မြေကွက်တွေ နေအိမ်တွေကို အတင်းအဓမ္မ လိုက်လု၊မောင်းထုတ်ပြီး စီးပွားရေးလုပ်စားနေတဲ့ ကင်းမြီးကောက်ဂိုဏ်းဆိုတာရှိတယ်ဗျ။ အဲဒီဂိုဏ်းရဲ့ မဟာရန်ဘက်ကတော့ လင်းယုန်ဂိုဏ်းပေါ့။ သူတို့နှစ်ဖွဲ့ဟာ မတည့်လွန်းလို့ အလယ်မှာစည်းခြားပြီးတောင် ကိုယ့်နယ်မြေ သူ့နယ်မြေသတ်မှတ်ခဲ့ကြပါတယ်။ ပိုင်နက်ကျော်လာတာနဲ့ ကျော်လာတဲ့သူကို အဖွဲ့လိုက်ကြိတ်ကြတာပေါ့။အဲဒီဂိုဏ်းနှစ်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေကလည်း လူငယ်လေးနှစ်ယောက်ပါပဲ။ အသက်အရွယ်အားဖြင့် သွေးကြွတတ်တဲ့အရွယ်ပေါ့။ ဒါပေမယ့် သူတို့ဆော်မယ်ချမယ်လုပ်တိုင်း မြို့က ရဲမင်းကြီးတို့ သင်းအုပ်ဆရာတို့ရောက်လာနဲ့ အစွယ်မရှိတော့တဲ့ ကျားနှစ်ကောင်လိုပဲ ပခုံးဖက်လို့ ခင်ချင်ဆောင်တတ်ကြပါတယ်။လင်းယုန်ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင်မှာအမြွှာညီမတစ်ယောက်ရှိသလို ‌ကင်းမြီးကောက်ဂိုဏ်းရဲ့ခေါင်းဆောင်မှာလည်း အစ်ကိုတစ်ယောက်ရှိတယ်ဗျ။ အခုလိုကြောင်နဲ့ကြွက်လို မတည့်ဖြစ်နေတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ မြို့ကပြန်လာတဲ့ ကင်းမြီးကောင်ဂိုဏ်းခေါင်းဆောင်ရဲ့အစ်ကိုဟာ လင်းယုန်ဂိုဏ်းခေါင်းဆောင်ရဲ့ညီမ‌ကို ဘယ်လိုကြွေသွားမလဲ၊ ...
movie

Josh (2000)

Sing A Song (2022)
Sing A Song (2022) Sing a Song (2021)အခု လူကြီးမင်းတို့ကို Channel Myanmar ကနေတင်ဆက်ပေးမယ့် ရုပ်ရှင်လေးကတော့ “Sing A Song” (싱어송)ဆိုတဲ့ သီချင်းကားလေးဖြစ်ပါတယ်- သီချင်းဆိုချင်လို့ ဆိုးလ်ကို ရူးရူးမိုက်မိုက် လာခဲ့တဲ့ Seon Hye - နာမည်ကြီးကျော်ကြားဖို့ စိတ်ကူးထားတဲ့ အမည်မသိ တီးဝိုင်း အဆိုတော် Hyeon Do နဲ့ - မိသားစုရဲ့ ကန့်ကွက်မှုတွေကြားထဲကနေ သီချင်းဆိုဖို့ ရွေးချယ်ခဲ့တဲ့ အဆိုတော် Si Joon ဆိုတဲ့ သုံးယောက်က မတော်တဆ အဆိုတော်တွေခေါ်တဲ့အဖွဲ့ဆီကိုရောက်သွားပါတယ် သူတို့ရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုခံရပြီး "ဂျိုဘဲ့ဂင်" ဆိုတဲ့ တီးဝိုင်းတစ်ဖွဲ့ကို ထောင်ခဲ့ပါတယ် သူတို့ တဖြည်းဖြည်း Si Joon ရဲ့တေးရေးလက်ရာတွေ‌နဲ့ နာမည်ကြီးလာခဲ့ပါတယ် ဒါပေမယ့်‌ ဘီလီဖ်ဆိုတဲ့ ကုမ္ပဏီက Si Joon ကလွဲရင် Seon Hye နဲ့ Hyeon Do တို့နှစ်ယောက်ကိုပဲ ကမ်းလှမ်းခဲ့ပါတယ် အဲတော့ သူတို့ ကမ်းလှမ်းမှုကိုလက်ခံနိုင်မလား သူတို့ဘာကိုရွေးချယ်မလဲ အိပ်မက်လား ...
movie

Sing A Song (2022)

2022
Da Capo (2020) 7.1
Da Capo (2020)  Da Capo"ဂီတဆိုတာ ရင်ထဲကစစ်မှန်မှုမပါရင် အသက်မဝင်ဘူး" တဲ့ ဂီတရုပ်ရှင်တစ်ခု CM ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ် သီချင်းလေးတွေ နားဆင်ရတာကြိုက်တယ်ဆိုရင်တော့ မလွတ်တမ်းကြည့်ရှုလိုက်ပါဇာတ်လမ်းအကျဉ်းအရည်အချင်းရှိပေမယ့် နာမည်ကြီးဖြစ်မလာတဲ့ တေးရေးဆရာ/အဆိုတော် ထယ်အီအရည်အချင်းတစ်ခုရှိနေပေမယ့် ဂီတလောကမှာနေရာယူဖို့မကြိုးစားဘဲ ဂီတကျောင်းတစ်ခုမှာ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနေတဲ့ ဂျီဝန်အနုပညာဝါသနာပိုးအပြည့်နဲ့ Rock ဂီတကို သီဆိုချင်တဲ့ ဒေါ့ခိုတု့ိ သူငယ်ချင်းတစ်စုတစ်ရက်မှာ ထယ်အီနဲ့ ဂျီဝန်တို့ ဂီတကျောင်းမှာ ပြန်တွေ့တဲ့အခါ...ဒေါ့ခိုတို့ သူငယ်ချင်းတစ်စုရော ထယ်အီ့ဆီက ဘယ်လိုပညာတွေ သင်ယူဖြစ်မလဲ.... အနုပညာလမ်းပေါ် ဘယ်လိုပုံစံလေးနဲ့ ဆက်လျှောက်သွားမှာလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်File Size__(1.1GB) / (630MB) Quality__1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__01:13:00 Type__Drama, Music Subtitle__Myanmar Subtitle (Hardsub) Translated by Seung Encoded by Naing Aung Latt
movie

Da Capo (2020)

Baazigar (1993) 7.8
Baazigar (1993) ရှရွတ်ခန်းကို ပေါက်သွားစေခဲ့တဲ့ ဒီဇာတ်ကားက မင်းသမီးကာဂျိုးနဲ့ရှရွတ်ခန်းတို့ ပထမဆုံးတွဲရိုက်ထားတဲ့ရုပ်ရှင်ကားပါ...နောက်မင်းသမီးတစ်လက်ဖြစ်တဲ့ Shilpa Shetty အတွက်လဲ ပထမဆုံးဇာတ်ကားဖြစ်ခဲ့ပြီး သူ့ကို Baazigar မင်းသမီးလို့ ပြောစမှတ်တွင်ရလောက်အောင် ဒီရုပ်ရှင်ကားနဲ့ ပေါက်ခဲ့ပါတယ်။ရုပ်ရှင်ကား ပုံစံလေးကတော့...ရှာရွတ်ခန်း ဟာ ငယ်စဉ်ကတည်းက နာမကျန်းဖြစ်နေတဲ့ မိခင်ကြီးကို ပြုစုစောင့်ရှောက်နေရတဲ့အချိန်ကနေ စပါတယ်...သူ့ဘဝဟာ ဆိုးလွန်းပါတယ်...ငယ်ငယ်ရွယ်ရွယ်နဲ့ သူများအိမ်မှာ တောက်တိုမယ်ရ အလုပ်တွေလုပ်...မိခင်ကြီးကို ဆေးဝယ်တိုက်စားစရာတွေ ဝယ်ကျွေးပြီး သူကျတော့ အငတ်ခံနေတတ်တဲ့ ကလေး တစ်ယောက်ပါ...သူတို့ မိသားစု ဘဝကိုပြန်တွေးကြည့်ရင် ရင်နာစရာ အတိပါပဲ..ရှရွတ်ခန်းတို့မိသားစုဟာ အရင်တုန်းက ပြီးပြည့်စုံ ချမ်းသာတဲ့ မိသားစုလေးပါ..ရှရွတ်ခန်း အဖေ နဲ့ အမေ ဟာ ကြင်နာသနားတတ်သူ သူတစ်ပါးကို ယုံပေးတတ်သူတွေဖြစ်တာကြောင့် အလုပ်သမား တစ်ဦးရဲ့ကောက်ကျစ်မှုနဲ့ ဖခင်ဖြစ်သူလဲ သေဆုံးခဲ့သလို ပိုင်ဆိုင်သမျှ အကုန်လုံးလဲ ပေးအပ်လိုက်ရပြီး လမ်းဘေးကို ရောက်ရှိခဲ့ရပါတော့တယ်..အမေဖြစ်သူခမျာမှာလဲ ယောင်္ကျားဖြစ်သူ သေဆုံးသွားတဲ့ စိတ်နဲ့ပဲ အိပ်ရာထဲ ...
movie

Baazigar (1993)

1993
1080p HEVC
Jump (2009) 5.5
Jump (2009) ကွန်ဖူးဟာသတွေနဲ့ လောကကြီးရဲ့ စောင်တလွဲတွေကိုဟားတိုက်တတ်တဲ့ ဆရာကြီး စတီဖင်ချောင်ကိုယ်တိုင် ဇာတ်ညွှန်းရေးသားဖန်တီးထားတဲ့ Kunhfu Dance ဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်။  မင်းသမီးချော Zhang Yuqi နဲ့ မင်းသားချော Daniel Wu တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...တောမှာမွေးပြီး ဖခင်ဖြစ်သူရဲ့သိုင်းပညာတွေသင်ယူရင်း ကြီးပြင်းလာတဲ့ ချိုင်ဖုန့်ရဲ့ တကယ့်ဝါဿနာ အစစ်အမှန်က က တာပါ။မြို့ပြကိုတစ်ခါမှမရောက်ဖူးတဲ့ ချိုင်ဖုန့်တစ်ယောက် တစ်နေ့မှာ သူငယ်ချင်းတစ်ချို့နဲ့ မြို့ကိုတက်ပြီး အလုပ်လုပ်ဖို့ အခွင့်အရေးရလာတဲ့အခါ...သူ့ရဲ့ဝါဿနာ အစစ်အမှန်ကို ဖော်ထုတ်ဖို့အခွင့်အရေးကို ဘယ်လိုရှာဖွေမှာလဲ။ ရည်မှန်းချက်တွေ အောင်မြင်အောင်လုပ်နိုင်မှာလားဆိုတာ...။ဒီရုပ်ရှင်က ဟာသ/အကတွေကိုမှ အတုယူစရာ အားတက်စရာတွေပညာပေးလေးတွေနဲ့ မွမ်းမံပြီးပေါ့ပေါ့ပါးပါးရိုက်ပြထားတာတဲ့အပြင် မမZhang ရဲ့ အလှအပတွေကို တစ်ဝကြီးခံစားရဦးမှာမို့ စိတ်ဓါတ်ကျနေချိန်မှာ ကြည့်ဖို့တန်တဲ့ရုပ်ရှင်လေးဖြစ်ပါကြောင်း။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို SST မှ တင်ဆက်ထားပါတယ်။) File size…(2.1 GB)/(900 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:27:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by SST
movie

Jump (2009)

Cyrano (2022) 6
Cyrano (2022) Musical romance ကား နှစ်ခြိုက်သူတွေအတွက် ၁၇ရာစုကာလမှာ ဇာတ်အိမ်တည်ထားတဲ့ Cyrano ဆိုတဲ့ ပြင်သစ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေတစ်ခါက ပြင်သစ်ပြည်မှာ ရော့ဆန်ဆိုတဲ့ သိပ်ကိုလှပတဲ့ အမျိုးသမီးလေးတစ်ဦး ရှိခဲ့ပါတယ်။ သို့ပေမဲ့ ဒီအမျိုးသမီးလေးဟာ သနားစရာတစ်ကောင်ကြွက်လေးပါ။ သူ့ရဲ့အလှကြောင့် နယ်စားမင်းကတောင် လက်ထပ်ခွင့်တောင်းနေပေမဲ့ အချစ်ကိုပဲယုံကြည်သူ ရော့ဆန်ကတော့ အချစ်စစ်ကိုတွေ့ရှိမယ့် တစ်နေ့ကိုပဲ စောင့်နေခဲ့ပါတယ်။ဒီလိုနဲ့ ပြဇာတ်သွားကြည့်တဲ့တစ်နေ့မှာ ခရစ်ရှန်ဆိုတဲ့ အမျိုးသားတစ်ယောက်ကို သူ မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့ပါတယ်။ ခရစ်ရှန်က တော်ဝင်အစောင့်တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်လေတော့ ရော့ဆန်ဟာ သူ့ငယ်ပေါင်းမိတ်ဆွေတစ်ဦးဖြစ်တဲ့ အစောင့်တပ်ဖွဲ့ဝင် ဆီရန်နိုကတစ်ဆင့် ခရစ်ရှန့်ကို သူ့ဆီစာရေးဖို့ စကားပါးခိုင်းခဲ့ပါတယ်။ဆီရန်နိုဟာလည်း ရော့ဆန်ကို ငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ ချစ်လာခဲ့ရသူပါ။ ရော့ဆန်ဘက်က သူ့ကို မြှားနတ်မောင်လုပ်ပေးဖို့ တောင်းဆိုလာတဲ့အခါမှာတော့ သူ ရင်နာနာနဲ့ပဲ ချစ်သူအတွက် ကူညီပေးခဲ့ရပါတော့တယ်။ဖြစ်ချင်တော့ ခရစ်ရှန်က စစ်တိုက်ဖို့ဆိုအသင့် ဒါပေမဲ့ စာပေနဲ့တော့ ကင်းကွာနေတဲ့လူတစ်ယောက်၊ တစ်ဖက်က ရော့ဆန်ကတော့ ...
movie

Cyrano (2022)

Iris Warriors (2022) 6.1
Iris Warriors (2022) Iris Warriors (2022) ဘာဆိုဘာမှ လုပ်ပေးဖို့စိတ်ကူးမရှိတဲ့ လူကောင်းပါဆိုတဲ့ ပုဂ္ဂိုလ်တွေကြောင့်ပဲ ဆိုးယုတ်ခြင်းက အောင်လံလွှင့်ထူနိုင်တာပါပဲလေ။ ကောင်းမွန်သန့်စင်ခြင်းအလင်းရောင်က လောကကို အလှဆင်ရုံနဲ့ တာဝန်ကျေပြီလား။ စေတန်နတ်ဆိုးကတော့ အမှောင်ကမ္ဘာမှာ သူ့တာဝန်ကို သူကျေတယ်။ မဆုတ်မနစ် ကြိုးစား၊ စဉ်ဆက်မပြတ်အားထုတ်၊ ကောက်ကျစ်ခြင်းအပြုံးရဲ့ အမှုန်တွေ လေထုထဲကို အဆိပ်ခတ်လို့ သူယုံကြည်ရာသူ့လမ်းကြောင်းကို တည်ဆောက်နေလေရဲ့။ လှပသွားတဲ့လောကကြီးကို ထိုင်ကြည့်ပြီး တာဝန်ကျေပါတယ်ဆိုတဲ့ အထာနဲ့ ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့ လူကောင်းကြီး‌တွေ။ ကာကွယ်သူမဲ့နေတဲ့ မြေကမ္ဘာကို သိမ်းပိုက် အမှောင်တိုက်လိုသူတွေကတော့ စက္ကန့်မလပ်အားထုတ်ရင်း ပန်းတိုင်ဆီကို ဖြည်းဖြည်းမှန်မှန် ဝေ့ဝဲပျံသန်းလာနေတုန်း။ အရွယ်မတိုင်ခင်မှည့်တဲ့ ပန်းသီးကိုစားပြီး ကိုယ်ကျင့်တရားလက်ဖက်တစ်ရိုးနဲ့ ကိုယ့်ကိုယ်ကိုယ် မျက်နှာလုပ်ကြသူတွေကတော့ လေးစားခံဘဝမှာ ယစ်မူးသာယာရင်း တာဝန်တွေမေ့၊ သေနေ့စေ့မှ " မတရားဘူး " ကုန်းအော်ကြတယ်။ ပင်လယ်ပြာတဝှမ်း ရေခမ်းရင်တော့ အသိတရား ရလောက်ရဲ့။ အစွန်းနှစ်ဖက်ဟာ သိပ်ဝေးကွာသလိုလိုနဲ့ သူ့ရဲ့အထိအတွေ့ကို ကျောဖက်မှာ ရှတတခံစားရတာမျိုး။ အမုန်းတရားနဲ့ ...
movie

Iris Warriors (2022)

2022
Dear Evan Hansen (2021) 5.6
Dear Evan Hansen (2021) Dear Evan Hansen (2021)"ဘယ်သူမှ အနားမှာ မရှိဘူးလို့ ခံစားနေရပါသလား ..... ဘယ်မှာရှိမှန်းမသိဘဲ အမေ့ခံဘဝလို့ ခံစားရဖူးပါသလား ..... ပျောက်ကွယ်သွားရင် ကောင်းမယ်လို့ ခံစားခဲ့ရဖူးပါသလား ..... ငါသာ လဲကျသွားရင် ဘယ်သူမှ ကြားမှာ သိမှာ မဟုတ်ဘူး ဆိုတာမျိုးပေါ့"အဲဒီလို ခံစားနေရပြီ ဆိုရင် ဒီ Musical Drama လေးကို ကြည့်လိုက်ပါ။ကိုယ်က တစ်ယောက်ထဲ မဟုတ်ဘူးဆိုတဲ့ ခံစားချက် ကို ရလာမှာပါ။ အထီးကျန်တယ်ဆိုတဲ့ ခံစားချက်ကို ဟိုးဝေးဝေးထိ လွင့်ဖျောက်နိုင်မှာပါ။ဇာတ်လမ်းအစကတော့ချစ်သော အယ်ဗန် ဟန်ဆန် ..... ဆိုပြီး ဒီလိုမျိုး စထားပါတယ်။Movie တွေထဲမှာ ရှားရှားပါးပါး Musical Genre ပဲ ဖြစ်ပါတယ်။အယ်ဗန် ဟန်ဆန် ဆိုတာကတော့ ..... လူမှုရေးအားနည်းသူ တစ်ယောက် ဖြစ်ပြီး လူတွေနဲ့ စကားပြောရမှာကို ကြောက်တဲ့လူတစ်ယောက် ဖြစ်ပါတယ်။ဒီတော့ စိတ်ရောဂါကုဆရာဝန် နဲ့ ပြသပြီးတော့ သူ့ကိုယ်သူ စာပြန်ရေးတဲ့ အိမ်စာကို ...
movie

Dear Evan Hansen (2021)

2021
tick, tick…BOOM! (2021) 8.6
tick, tick…BOOM! (2021) tick, tick...BOOM! (2021)===================IMDb Rating - 8.6/10စပိုက်ဒါမန်းနိုးဝေးဟုမ်းမှာ မပါပါဘူးဆိုတဲ့ လူလိင်ကြီး အန်ဒရုး ဂါဖီးရဲ့ Musical ရုပ်ရှင်အသစ်ထွက်ပါပြီ။တိုနီဆုရှင် ပူလစ်ဇာဆုရှင် အမေရိကန် တေးရေးဆရာ ဂျိုနသန်လာဆန်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အန်ဒရူးရဲ့ အော်စကာနဲ့တောင်တန်တဲ့ သရုပ်ဆောင်ချက်တွေကို ထပ်ပြီးတွေ့ရဦးမှာပါပဲ။ဇာတ်လမ်းအကျဉ်းဂျိုနသန်ဟာ အသက်သုံးဆယ်ပြည့်တော့မှာဖြစ်ပြီး နာမည်ကျော် ပြဇာတ်ဂီတတေးရေးဆရာဖြစ်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဆီမှာ နာမည်ကြီး ပရိုဂျူဆာ ဒါရိုက်တာများစွာရဲ့ ငြင်းပယ်စာတွေလည်း ရှိပြီးနေပါပြီ။သူ ရှစ်နှစ်တိတိအချိန်ယူရေးသားထားတဲ့ ပြဇာတ်သီချင်းနဲ့ ဘရော့ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေခွင့်ရဖို့ ကြိုးစားနေဆဲပါပဲ။ဒါပေမဲ့ သူ့မှာ မီတာခ နဲ့ စားစရာတောင် အနိုင်နိုင်ဖြစ်နေပါပြီ။ ချမ်းသာတာဆိုလို့ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ချစ်သူတစ်ယောက်ပဲ ကျန်ပါတော့တယ်။ ဒီလိုအခြေအနေကနေ သူ့အိပ်မက်တွေကို မလျှော့တမ်းဘယ်လိုကြိုးစားသွားမလဲဆိုတာကို သီချင်းလှလှ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တန်ဆာဆင်ထားတာပဲဖြစ်ပါတယ်။ ဒီနှစ်အတွက် Musicalကောင်းကောင်းလေး ငတ်နေတဲ့လူတွေတော့ အဝကို ခံစားကြည့်ရှုလို့ရပါပြီ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ...
movie

tick, tick…BOOM! (2021)

2021
Diana (2021) 6.1
Diana (2021) Diana (2021)==========IMDb Rating - 6.1/10ဒီတစ်ခါမှာတော့ Netflix က ပူပူနွေးနွေးထွက်ရှိထားတဲ့ musical အမျိုးအစား stage play ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ရပါတယ်။ လူတိုင်း သိကြတဲ့ နာမည်ကျော် အင်္ဂလန် ဘုရင်မ ဒိုင်ယာနာရဲ့ ဘ၀ဇာတ်ကြောင်းပါ။ဒိုင်ယာနာရဲ့ လူသူမထင်ရှား မူကြိုကျောင်းဆရာမ‌လေးဘ၀ကနေ အင်္ဂလန်ဘုရင်မဖြစ်လာတဲ့အထိ ဒိုင်ယာနာဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒိုင်ယာနာရဲ့ ဖြူစင်တဲ့စိတ်နေသဘောထား နဲ့ တက်ကြွတဲ့ပုံစံ အင်္ဂလန်ရဲ့တင်းကျပ်တဲ့ နန်းတွင်းနေထိုင်မှု၊ လူပွေလူရှုပ်မင်းသားချားစ်ရဲ့ စရိုက်သဘာ၀၊ ချားစ်ရဲ့ သမီးရည်းစားအတင်းအဖျင်းတွေကိုရသမျှ အပုပ်ဖော်နေတဲ့ အင်္ဂလန်သတင်းစာ စတာတွေကို စုံလင်အောင် တင်ဆက်ပြသသွားပါတယ်။နန်းတွင်းဘ၀နဲ့ သာမန်ဘ၀အကြား ဆယ်ကျော်သက်အရွယ်ဒိုင်ယာနာတစ်ယောက် ဘယ်လိုအဆင်ပြေအောင် ထိန်းကျောင်းမလဲဆိုတာကို သေချာလေးပြသသွားတာတွေ့ရမှာဖြစ်ပြီး ဒိုင်ယာနာတစ်ယောက် စဥ်းစားတွေးခေါ်ပုံနဲ့ တခြားဇာတ်ကောင်တွေရဲ့ဘ၀ဇာတ်ကြောင်းတွေကို musical theme နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် စိတ်၀င်တစားကြည့်ရှုရမှာဖြစ်ပြီး။ဒီဇာတ်လမ်းလေးကိုကြည့်ပြီးသွားရင်တော့ Diana ရဲ့ဘ၀ဇာတ်ကြောင်းကို အတော်လေးစုံံစုံလင်လင် သိရှိသွားမှာ ဖြစ်တာမို့ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck ...
movie

Diana (2021)

2021
Dil Juunglee (2018) 3.7
Dil Juunglee (2018) တာ့ပ်ဆီးရဲ့  ၂၀၁၈ တုန်းကထွက်ရှိထားတဲ့ အချစ်ဟာသဇာတ်ကားလေးတင်ဆက်လိုက်ပါတယ်..ကိုရိုလီနိုင်ရာ...လန်ဒန်အ​ခြေစိုက်စီးပွား​ရေးလုပ်ငန်းပိုင်ရှင်ရဲ့ သမီးဖြစ်​ပေမယ့် အ​​ဖေဖြစ်သူရဲ့ လုပ်ငန်း​တွေကို စိတ်မဝင်စားဘဲဘဝကို ​ပျော်ရွှင်ရိုးရှင်းစွာ ​နေထိုင်ချင်သူ​လေး...အချစ်ဝတ္ထု​တွေ စိတ်ကူးယဥ်ဇာတ်လမ်း​တွေမှာ ​​မျှောပြီး အချစ်စစ်ကို ရှာ​​ဖွေ ​ပျော်ရွှင်စွာအိမ်​ထောင်ပြုချင်သူ​...အင်္ဂလိပ်စာဆရာမ အဖြစ် သူ့ဘဝသူ ​ကျေနပ်ပျော်ရွှင်​နေ​တဲ့ မိန်းက​လေးတစ်​ယောက်...ဆူမစ်အူပယ်လ်...သူကတော့ သရုပ်​ဆောင် ​ဘောလိဝုဒ်​လောကကို အ​ခြေချချင်တဲ့ gym trainer...ရည်မှန်းချက်ကြီးပြီး ​အောင်မြင်တဲ့မင်းသားတစ်လက် ဖြစ်ချင်တဲ့သူနဲ့ကိုရိုလီတို့ အင်္ဂလိပ်စာသင်တန်းတစ်ခုမှာ ဆုံမိကြတဲ့အခါ...အစပိုင်း​တော့ ဆရာမ/​ကျောင်းသား ဆက်ဆံ​ရေးက​နေ ပိုပိုပြီးရင်းနှီးလာတဲ့ သူတို့၂​ယောက်...ချစ်ခြင်းမေတ္တာနဲ့ သံ​ယောဇဥ် အနိမ့်အမြင့် အတက်အကျ​တွေကြားက ဆုံစည်းနိုင်ကြမလားဆိုတာ...။Romance Comedy ဇာတ်ကားလေးမို့ Rating တွေနည်းပေမယ့် တာ့ပ်ဆီးပရိတ်သတ်မို့ လက်မလွတ်တမ်းတင်ဆက်ပေးလိုက်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားတာပါ။)  File size…(1.5 GB ) / (900 MB) Quality…WEB-DL 1080p / 720p Format…mkv Duration….01:56:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated ...
movie

Dil Juunglee (2018)

Thalaivii (2021) 5.9
Thalaivii (2021) ဘောလိဝုဒ်ရဲ့ဆတ်ဆတ်ကြဲ မင်းသမီးကြီး ကန်ဂနားရဲ့  အမျိုးသမီးခေါင်းဆောင်လို့အမည်ရတဲ့ Thalaivii ဇာတ်ကားကတော့ ထွက်ရှိလာခဲ့ပါပြီ...ဒီဇာတ်ကားက အိန္ဒိယအမျိုးသမီးသရုပ်ဆောင် တဖြစ်လဲ တမီးလ်နာဒူပြည်နယ်ဝန်ကြီးချုပ်ဟောင်း J Jayalalithaa ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ Biography,Drama အမျိုးအစားဖြစ်ပါတယ်...။အိန္ဒိယတောင်ပိုင်းမင်းသမီးဘဝကစလို့...အိမ်ထောင်သည်ဘဝကြုံရဆုံရပုံတွေအပြင်..အမျိုးသားများသာကြီးစိုးနေတဲ့ နိုင်ငံရေးလောကမှာ အမျိုးသမီးခေါင်းဆောင်ဖြစ်လာဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပုံတွေ....အချိုးအကွေ့တွေ...ကောက်ကျစ်မှုတွေအကြောင်းကို ပုံဖော်ထားနိုင်ပြီး...ဂျယားကြီးရဲ့ အကောင်းအဆိုးတွေကို မျှအောင်ပြသထားနိုင်တဲ့ ရုပ်ရှင်ပါ။နိုင်ငံရေးနောက်ခံပြီး Feminism ကိုလည်း မြင်သာအောင် တင်ဆက်သွားနိုင်တဲ့အပြင် ကန်ဂနားရဲ့ အိုက်တင်နဲ့ အကအလှတွေကလဲ ရုပ်လုံးကြွအောင် ဖန်တီးထားနိုင်တာမို့ လက်လွတ်လို့မရတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဖြစ်ကြောင်း ညွှန်းဆိုပါရစေ။ File size…(2.5 GB ) / (1.4 GB) / (500 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….02:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mugiwara Ya & Nadi Myint Naing
movie

Thalaivii (2021)

Baahubali 2: The Conclusion (2017) Bahubali 2 8.7
Baahubali 2: The Conclusion (2017) Bahubali 2 IMDb Rating (8.2) / Rotten Tomatoes (86%)ဘုရင့် သက်တော်စောင့် ကက်တာပါးက မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို သူ ကိုယ်တိုင် ဘာကြောင့်သတ်ဖြတ် ပစ်ရတဲ့အကြောင်းကို သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီကို ရှင်းပြတဲ့ပုံစံနဲ့ ဇာတ်လမ်းဆက်ထား တာပါ။ဆူပူသောင်းကျန်းတဲ့ မ ကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီး မှာတော့ ဘုရင်မကြီးဆီဗာဂါမိ ဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟု ဘာလီကို ထီးနန်းဆက်ခံမယ့်သူ အဖြစ် ကြေညာခဲ့ပြီး တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ် ကြေညာခဲ့ပါတယ်။ ဘုရင်မကြီး က အမန်ဒရာကို တပ်မှူးကက် တာပါးနဲ့အတူ အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။အဲဒီလိုသွားရင်းနဲ့ တစ်နေ ရာအရောက်မှာတော့ တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက် တဲ့ ကန်တာလာနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက် အမန် ...
movie

Baahubali 2: The Conclusion (2017) Bahubali 2

2017
4K HEVC
Baahubali: The Beginning (2015) Bahubali 8.3
Baahubali: The Beginning (2015) Bahubali IMDb Rating (8/10) / Rotten Tomatoes (89%)မူရင်းအသံဖြစ်တဲ့ Telugu အသံနဲ့ International Cut Version ကို HEVC Encode နဲ့ပါ တင်ဆက်လိုက်ပါတယ်။ဗာဟုဘာလီဇာတ်ကားကတော့ Action, Adventure, History အမျိုးအစား ရာဇဝင်ဇာတ်ကားပါ။ရှေးခေတ်အိန္ဒိယတိုင်းပြည် က အင်အားကြီးဘုရင်တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ရှီဗာဆိုတဲ့ မွေး ကင်းစကလေးငယ်လေးနဲ့ သူ့ရဲ့ အထိန်းတော်ဖြစ်သူတို့ကို ဘုရင့် မှူးမတ်တွေက လိုက်ပြီးတော့ သုတ်သင်ပါတယ်။ ထွက်ပြေးရင်း လမ်းခုလတ်အရောက်မှာ သူ့ရဲ့ အထိန်းတော်ဖြစ်သူက ကွယ်လွန် သွားခဲ့ပြီး ရှီဗာဆိုတဲ့ ကလေးလေးကို ဒေသခံရွာသားတွေက စောင့်ရှောက်ခဲ့ပါတယ်။ရှီဗာ တဖြည်းဖြည်းကြီးလာ တဲ့အခါ တခြားလူငယ်တွေနဲ့မတူ ဘဲ သန်မာပြီးရဲရင့်တဲ့လူငယ်တစ် ယောက်ဖြစ်လာတယ်။ သူကြီး ပြင်းခဲ့တဲ့ရွာနဲ့ မနီးမဝေး တောင် ပေါ်မှာ ရှေးဟောင်းဘုရင့် တိုင်း ပြည်တစ်ခုရှိပြီး ...
movie

Baahubali: The Beginning (2015) Bahubali

2015
HEVC 1080p BluRay
Maestro (2021) 8.2
Maestro (2021) IMDb Rating (8.2)အားလုံးသိကြတဲ့အတိုင်း ၂၀၁၈ တုန်းကဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ အရွတ်ရှ်မန်းရဲ့ Andhadhun ကိုပြန်လည်ဖန်တီးထားတဲ့ Telugu ရုပ်ရှင်ဖြစ်ပါတယ်။ဒီနေ့ပဲထွက်ရှိလာတာပါ။ဇာတ်လမ်းအကျဉ်းကတော့ မျက်မမြင်ယောင်ဆောင်ထားတဲ့ စန္ဒရားဆရာတစ်ယောက် လူသတ်မှုတစ်ခုကို မျက်မြင်သက်သေဖြစ်သွားတဲ့နောက်ကနေ မီးခိုးကြွက်လျှောက်ပြဿနာတွေကြုံရတဲ့အကြောင်းပါပဲ။ သေတဲ့သူက နာမည်ကျော်မင်းသားဟောင်းကြီး မိုဟန်ဖြစ်ပြီး၊ သတ်တဲ့လူက သူ့ဇနီးရဲ့တိတ်တခိုးချစ်သူ ရဲအရာရှိ ဘော်ဘီပါ၊ သူ့ဇနီးဖြစ်သူ ဆီမရန်ကတော့ကြံရာပါအလောင်းဖျောက်တဲ့သူပါ။ သူကတော့ မျက်မမြင်ယောင်ဆောင်ထားတဲ့အတွက် ဒီအမှုဖြစ်စဉ်တစ်ခုလုံးကိုမမြင်ချင်ယောင်ဆောင်ထားရက်နဲ့မြင်နေခဲ့ရာကနေ အငြိမ်မနေနိုင်တဲ့အဆုံး ရဲစခန်းကိုတိုင်ချက်ဖွင့်ဖို့ သွားခဲ့ပါတယ်။ အဲ့ဒီမှာကျားရှေ့မှောက်ရက်လဲသလို အဓိကလူသတ်တရားခံဖြစ်တဲ့ ဘော်ဘီနဲ့မှ ဆိုက်ဆိုက်မြိုက်မြိုက်တိုးမိရာကနေ နောက်ဆုတ်ဖို့ခက်တဲ့အခြေအနေတွေထိ ဆိုက်ရောက်သွားပါတော့တယ်။တဘူးကြီးရဲ့ ဆီမရန်း ဇာတ်ကောင်ကို Bahubali, K.G.F တို့နဲ့ပရိသတ်ရင်းနှီးပြီးသား မင်းသမီးချောလေး Tamannaah ကအစွမ်းကုန်ကြဲထားပါတယ်။ အဓိကဇာတ်ကောင် အာရွန်းရဲ့နေရာမှာတော့နာမည်ကျော် Telegu မင်းသား Nithiin ပါဝင်ထားပြီး တစ်ခြားဇာတ်ကောင်တွေကလဲ ပရိသတ်နဲ့ မစိမ်းတဲ့သူတွေချည်းပါပဲ။မူရင်းဇာတ်ကားကိုကြည့်ပြီးတဲ့သူတွေအတွက်တောင် မူရင်းထက်မလျော့တဲ့ ရသကိုပေးနိုင်မှာ သေချာတဲ့ remake ဖြစ်ပါတယ်။ Andhadhun remake တွေမှာအစောဆုံးထွက်လာတဲ့ version ဖြစ်ပြီး နောက်ထပ် Tamil remake, malayalam remake အစရှိတာတွေ ဆက်ထွက်လာဦးမှာပါ။Rating တွေလဲမိုက်တာမို့ ...
movie

Maestro (2021)