Channel Myanmar

Musical

[18+] The Wayward Cloud (2005) 6.5
[18+] The Wayward Cloud (2005) The Wayward Cloud (2005)~ IMDb - 6.5/10, Rotten Tomatoes - 78% ~ (ဒီလိုခေတ်ဟောင်းကားတွေထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲကြည်အောင် 720p ထိချဲ့ကုတ်ပေးလိုက်ပါတယ်ခင်ဗျာ) ထိုင်ဝမ်ဒါရိုက်တာ Tsai Ming-liang ရဲ့ အမှတ်သညာလိုဖြစ်နေတဲ့ကားလို့ ပြောရမှာပဲ။ နောက်ဒီကားအမျိုးအစားက မြူဇစ်ကယ်ဒရာမာ။ မြူဇစ်ကယ်ဒရာမာအရေအတွက်က တရုတ်ရဲ့ ရုပ်ရှင်တွေထုတ်လုပ်နှုန်းနဲ့ ယှဉ်ရင် ၀.၀၀၁ ရာခိုင်နှုန်းတောင် ရှိပါ့မလားပဲ။ တရုတ်မြူဇစ်ကယ် ဒရာမာစစ်ကလည်း ပိုရှားတယ်။ ကြည့်ဖူးသလောက်ထဲတော့ ဟောင်ကောင်မှာဆို Perhaps Love, နောက်ထိုင်ဝမ်က ဒီကား၊။ ဒီလောက်ပဲ တွေ့ဖူးတယ်။ ဒီကားက မြူဇစ်ကယ်ဒရာမာဖြစ်နေရုံတင်မဟုတ်ဘဲ တကယ့်ငစားကားလည်း ဟုတ်တယ်။ ဘယ်လိုစားလဲတော့ ခင်ဗျားကိုယ်တိုင်ကြည့်မှ သိမှာပဲ။ အပြမှာတင်စားတာမဟုတ်ဘဲ သူ့သီချင်းတွေကလည်း စားတယ်။ မသိတဲ့လူသွားပြရင်တော့ အောကားလားလို့တော့ အမေးခံရမှာပဲ။ Tsai Ming-liang အနေနဲ့ဆိုရင်တောင် တော်တော်စားတဲ့ကားလို့ပြောရမှာပါပဲ။ ဒီရုပ်ရှင်က ...
movie

[18+] The Wayward Cloud (2005)

2005
Blue’s Big City Adventure (2022) 7
Blue’s Big City Adventure (2022) Blue's Big City Adventure (2022)(1080p ရပါပြီ)Blue's Big City Adventure ဆိုတဲ့ ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးတကား အကြောင်းပြောပြချင်ပါတယ်။ဇာတ်လမ်းလေးထဲမှာတော့ ဂျော့ရှ် ဆိုတဲ့ ကောင်လေးနဲ့ သူ့ရဲ့ခွေးလေး ဘလူးတို့ဟာ သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ ပြဇာတ်သရုပ်ဆောင်တွေ ဖြစ်လာကြဖို့ နယူးယောက်မြို့က လူရွေးပွဲကို ရောက်လာကြတာဖြစ်ပါတယ်။ဖြစ်ချင်တော့ လူရွေးပွဲလုပ်မယ့် ပြဇာတ်ရုံရဲ့ လိပ်စာရေးထားတဲ့ မှတ်စုစာအုပ်ဟာ အိမ်မှာကျန်နေခဲ့ပါတယ်။မှတ်စုစာအုပ်မပါတဲ့ ဂျော့ရှ်နဲ့ ဘလူးတို့ နယူးယောက်မြို့ကြီးမှာ ဘာအခက်အခဲတွေ ကြုံရမလဲ? သူတို့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်ဖို့ ဘယ်လို စွန့်စားခန်းတွေ ဖွင့်ကြမလဲ? ဆိုတာ ...တေးသီချင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ကားလေးကို ကြည့်ရင်း ရင်ခုန်ကြတာပေါ့။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zeul Thwin ပါ။)File Size          : 2.2GB, 883MB, 481MB Quality      ...
movie

Blue’s Big City Adventure (2022)

2022
Spirited (2022) 6.2
Spirited (2022) Spirited (2022)ခရစ္စမတ်နီးပြီဆိုတော့ ခရစ္စမတ်ဇာတ်လမ်းလေးတွေလဲစပြီးထွက်လာပါပြီ။ ခရစ္စမတ်ဇာတ်လမ်းကိုမှ Ryan Reynolds နဲ့ Will Ferrell တို့က Christmas Carol ကိုပြန်အသက်သွင်းထားတဲ့ဇာတ်လမ်းဆိုရင်တော့ Christmassy feeling အပြည့်အဝနဲ့ စခွီလဲထရမယ့်ဇာတ်လမ်းဆိုတာ တကူးတကပြောစရာမလိုလောက်ပါဘူး။Dickens ရဲ့ Christmas Carol ကို အားလုံးသိထားပြီးသားနေမှာပါ။ အကျဥ်းချုံးပြောရရင် ခရစ္စမတ်ညမှာလူတစ်ယောက်ကိုပြောင်းလဲစေဖို့ ခရစ္စမတ်တစ္ဆေသုံးကောင်လာတယ်။ အတိတ်ပစ္စုပ္ပန်နဲ့အနာဂတ် ခရစ္စမတ်တစ္ဆေတွေပေါ့။ သူတို့ကဒီလူကိုသူ့ရဲ့ အတိတ်လက်ရှိနဲ့အနာဂတ် တစ်လျှောက်ခေါ်သွားပြီး သူ့ကိုအပြောင်းအလဲတွေဖြစ်စေဖို့ကြိုးစားကြတဲ့ဇာတ်လမ်းပေါ့။ ဒီဇာတ်လမ်းမှာတော့ Clint လို့ခေါ်တဲ့ Ryan Reynolds က မီဒီယာအကြံပေးတစ်ယောက်ဖြစ်ပြီး သူ့ကိုအလုပ်အပ်သူတွေအတွက် မီဒီယာမှာသူတို့ပြိုင်ဘက်တွေကိုနိုင်ဖို့ကူညီပေးသူပေါ့။ ပြိုင်ဘက်တွေရဲ့အပုပ်အစပ်ပေါင်းစုံကိုရှာပေးသူ ပွဲရှာပေးသူဆိုပါတော့။ သူကလူတွေအပေါ်သိပ်လွှမ်းမိုးနိုင်သူလဲဖြစ်နေတော့ သူသာပြောင်းလဲသွားရင် သူ့နောက်ကတခြားလူပေါင်းများစွာလဲလိုက်ပြောင်းလဲမယ်ဆိုပြီး ခရစ္စမတ််တစ္ဆေတွေက လာမယ့်နှစ်ခရစ္စမတ်အတွက်သူ့ကိုခြောက်လှန့်ပြောင်းလဲဖို့ ကလင့်ကိုရွေးချယ်လိုက်တော့ တစ္ဆေတွေရဲ့ပရောဂျက်ကြီးအောင်မြင်မလားကြည့်ရမှာပါ။ဒီဇာတ်လမ်းက Muscial လဲဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ကောင်းလို့ ဒီနှစ်ရဲ့ Holiday Movies ထဲက ကားကောင်းတစ်ကားပါပဲအညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Roman NoX, Kevin တို့ပဲ ဖြစ်ကြပါတယ်။Genre..... Comedy, Family, Musical Quality…. ...
movie

Spirited (2022)

Life Is Beautiful (2022) 7.6
Life Is Beautiful (2022) Life Is Beautiful (2022)(1080p ရပါပြီ)ဒီဇာတ်ကားဟာ Drama, Romance, Musical ထဲမှာ အတော် အောင်မြင်တဲ့ ရုပ်ရှင်လေးလို့ပဲ ပြောရမှာပါ။ Genre အရ စစချင်းမှာ သိပ်အလေးပေးမခံခဲ့ရပေမဲ့ ရုံတင်ပြသချိန်မှာတော့ ထင်မထားလောက်အောင်ကို ရုံဝင်ငွေ အမြောက်အများ ရရှိခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်း ... "Life Is Beautiful" ဆိုတဲ့ ဇာတ်ကားလေးဟာ ဘဝတစ်လျှောက်လုံးမှာ ခင်ပွန်းသည်အပေါ်ကိုပဲ သစ္စာရှိရှိချစ်ခဲ့ပြီး သမီးလေးအတွက် အရာရာပေးဆပ်ရင်း အသက်ရှင်ခဲ့တဲ့ အိုဆယ်ယွန်း ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ကံဆိုးစွာနဲ့ တစ်နေ့မှာတော့ အိုဆယ်ယွန်းတစ်ယောက် သူ လောကကြီးမှာ နေရမဲ့ အချိန် သိပ်မကျန်တော့ဘူးဆိုတာကို သိလိုက်ရပါတယ်။ ဒီအချိန်မှာတော့ တစ်ဘဝလုံး မိသားစုအတွက်ပဲ စိတ်နှစ်မြှုပ်ခဲ့တဲ့ အမျိုးသမီးက သူ့ရဲ့ ခင်ပွန်းဖြစ်သူကို ထူးဆန်းတဲ့ တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ အချစ်ဦးကို ရှာဖွေပေးဖို့ပါတဲ့။ဇနီးသည်ရဲ့ နောက်ဆုံး ...
movie

Life Is Beautiful (2022)

Robin Hood: Men in Tights (1993) 6.7
Robin Hood: Men in Tights (1993) Robin Hood: Men in Tights (1993)~ IMDb - 6.7/10, Rotten Tomatoes - 41% ~Mel Brooks ဆိုတဲ့ဘဲ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ထုတ်ရုံနဲ့အားမရလို့ ကိုယ်တိုင်ပါ ဝင်သရုပ်ဆောင်ထားတဲ့ ဂန္တဝင်မြောက် လက်ရာ တစ်ခု ဖြစ်တဲ့ Robin Hood Parody လေး ကြည့်ရှုနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ Mel Brooks ဟာ ဟာသလိုင်းမှာတော့ တော်တော်ပေါက်တဲ့လူဖြစ်ပြီး ဒီရော်ဘင်ဟုဒ်ကားကိုလည်း စောက်တလွဲတွေအပြည့်နဲ့ စခွီထချင်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ဒီကားက ရော်ဘင်ဟုဒ်ကားကိုမှ သောက်တလွဲစတိုင်ရိုက်ပြထားတဲ့ကားဆိုတော့ ကိုယ်တွေ အကြိုက် တောထဲမှာနေ လူဆိုးတွေဆီက ဓားပြတိုက်ပြီး လူကောင်းတွေကို ပြန်မျှတဲ့ ရော်ဘင်ဟုဒ်ထက် အိမ်ပါရှိနေပြီး အဲဒီအိမ်ကိုပါ အကြွေးနဲ့အသိမ်းခံရတဲ့အထိ သောက်တလွဲလုပ်ပြသလို၊ သူ့တိုင်းပြည်က မင်းသမီးကလည်း ဟိုနေရာကို မင်းကြီး သော့ခတ်ထားတာခံရပြီး သော့ပျောက်လို့ ...
movie

Robin Hood: Men in Tights (1993)

1993
The Swearing Jar (2022) 5.9
The Swearing Jar (2022) The Swearing Jar (2022)IMDb - 5.9/10ဆဲတယ်ဆိုတာကတော့ ယနေ့ခေတ်နဲ့စိမ်းသက်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဒီနိုင်ငံမှာတောင် အဆဲကြမ်းမှ ကူးကစ်ထင်နေကြတာဆိုတော့ ခေတ်ရေစီးကြောင်းအလိုက် ဆဲနည်းလေးတွေလည်း အမှီလိုက်ရတာပေါ့။ ဆိုတော့ အနောက်နိုင်ငံတွေအတွက်တော့ ဆဲတယ်ဆိုတာ ထမင်းစားရေသောက်ပါ။ ဒီဆဲတာနဲ့ပတ်သတ်ပြီး တမူထူးခြားတဲ့ရှုထောင့်လေးကနေ ရိုက်ကူးထားတဲ့ "The Swearing Jar" ဆိုတဲ့ ရုပ်ရှင်သစ်လေးကို ပရိသတ်တို့အတွက် တင်ဆက်ပေးချင်ပါတယ်။ကယ်ရီနဲ့ဆိုင်မွန်ဆိုတဲ့ ချစ်ရတဲ့ဇနီးမောင်နှံဟာ အိမ်ထောင်သက် ၁၀ စုနှစ်တစ်ခုကျော်ကာမှ ကြုံတောင့်ကြုံခဲ အချစ်စုဘူးလေးကို စတင်ပိုင်ဆိုင်ရပါတယ်။ တခြားစုံတွဲတွေလို အချိန်တိုနဲ့အလွယ်တကူရခဲ့တာမဟုတ်လေတော့ အပျော်ကြီးပျော်ကြတာပေါ့။ မွေးလာမယ့်ကလေးလေးအတွက် စံပြမိဘတွေလုပ်မယ်ဆိုပြီး ဆဲတာကိုမလုပ်ဖို့ ဆဲမိခဲ့ရင် ပိုက်ဆံ ၅ ဒေါ်လာကို ပုလင်းထဲထည့်ဖို့ သတ်မှတ်ထားခဲ့ကြတယ်။၅ ဒေါ်လာ ဆိုတဲ့ ပိုက်ဆံက မနည်းပေမယ့် ဆဲတာအကျင့်ပါနေတဲ့ သူတို့လူမျိုးတွေကတော့ ဆဲလိုက် ၅ ဒေါ်လာ ထည့်လိုက်ပါပဲ။ ဒီလိုပျော်ရွှင်နေတဲ့ သူတို့ဘဝထဲကို ကံကြမ္မာဆိုးဝင်လာချိန်မှာတော့...အိမ်ထောင်ရေးတစ်ခုမှာတွေ့ရမယ့် အဆင်မပြေမှုတွေ၊ မိသားစုကိစ္စတွေ၊ လူငယ်သဘောသဘာဝစိတ်ကစားတာတွေ၊ ကလေးယူတာနဲ့အတူ ပိုလာတဲ့တာဝန်ဝတ္တရား အစရှိတဲ့လက်တွေ့ဘဝက ပြဿနာမျိုးစုံကို မျက်ဝါးထင်ထင်မြင်သာအောင် ရိုက်ကူးပြထားတဲ့အတွက် Dramaချစ်ပရိတ်သတ်တို့ အကြိုက်တွေ့မယ့် ရုပ်ရှင်ကောင်းတစ်ကားဖြစ်မှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary ...
movie

The Swearing Jar (2022)

2022
Heathers: The Musical (2022) 7.5
Heathers: The Musical (2022) Heathers : The Musical (2022)Heathers: The Musical (2022) ဟာဆိုရင်တော့ ၁၉၈၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Heathers ဆိုတဲ့ Comedy, Drama ဇာတ်ကားကို musical အဖြစ် ပြန်လည်ဆန်းသစ်ထားတာဖြစ်ပါတယ်။Heathers (1988) ဇာတ်ကားကတော့ IMDb Rating 7.2, Rotten Tomatoes 93% အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီလို ဇာတ်လမ်းကောင်းပြီး ဇာတ်အိမ်ခိုင်မာတဲ့ ဇာတ်ကားကို ပြန်လည်စမ်းသစ်ထားတဲ့ Musical ဟာဆိုရင်လည်း Musical ကြိုက်သူများအတွက်တော့ တကယ့်ကို ရွှေပါပဲ။ အိုဟိုင်းရိုး ရှားဝုဒ်မှာရှိတဲ့ ဝက်စတာဘာ့ဂ် အထက်တန်းကျောင်းမှာ ဟယ်သာဆိုတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ ထိုအဖွဲ့ကိုတော့ နာမည်တူ သုံးယောက်ဖြစ်တဲ့ ဟယ်သာ ချန်ဒလာ၊ ဟယ်သာ မက်နမဲရာ၊ ဟယ်သာ ဒု့ခ် တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ထိုအဖွဲ့ဟာ နာမည်ကြီးပြီးတော့ တခြားကျောင်းသူကျောင်းသားတွေကို အနိုင်ကျင့်တတ်ပါတယ်။ ဗရော်နီကာဟာဆိုရင် အနိုင်ကျင့်ခံနေရတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူဟာ အနိုင်ကျင့်ခံရတဲ့ ဘဝကို စိတ်ပျက်နေပြီး ဟယ်သာအဖွဲ့ထဲကို ...
movie

Heathers: The Musical (2022)

2022
Thiruchitrambalam (2022) 8.1
Thiruchitrambalam (2022) Drama, Comedy, Musical IMDb - 8.1/ 10ဒီတစ်ခေါက် ရုပ်ရှင်လေးကတော့ Karnan ဆိုတဲ့ ဇာတ်ကားနဲ့ လူသိများနာမည်ကြီးတဲ့ မင်းသားကြီး Dhanush ရဲ့ အချစ် ဒရမ်မာ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်သီရူချီထရမ်ဘာလမ် (ဒါနုရှ်) ဟာ အမေနဲ့ ညီမ ဆုံးရှုံးသွားမှုကြောင့် ပျော်စရာတွေပါ ဆုံးရှုံးလိုက်ရတဲ့ လူတစ်ယောက်ပေါ့သူ့ကို သားလို့သတ်မှတ်ရမှာရှက်ပြီး၊ စကားမပြောဖြစ်တာ နှစ်နဲ့ချီပြီဖြစ်တဲ့ အဖေနဲ့ တစ်ယောက်တည်းသော စကားပြောဖော် အဘိုးနဲ့အတူ တစ်အိမ်တည်းမှာ နေပေမယ့် အိမ်နဲ့တူတယ်လို့ မခံစားနေရတဲ့သူပေါ့ဘဝကို ရိုးရှင်းစွာနဲ့ ပါဆယ်ပို့သမားအဖြစ် လုပ်ကိုင်နေရင်း သူ ကျောင်းတုန်းက ကြိတ်ကြိုက်ခဲ့တဲ့ ကောင်မလေးနဲ့ ပြန်ဆုံခဲ့ရတော့တယ်ဒါပေမယ့် အဲဒီကောင်မလေးနဲ့ သူ့ဘဝက မိုးနဲ့မြေလို ကွာခြားပြီး သူတို့ပြန်ဆုံတော့ ကောင်မလေး သူ့ကို ဆက်ဆံပုံတွေက တကယ်ပဲခင်လို့လား ဒါမှမဟုတ် အထင်အမြင်သေးပြီး နှိမ်ကြောနေတာလားဆိုတာတော့ သူတစ်ယောက် မသိတတ်နိုင်ခဲ့ပါဘူးဒါပေမယ့် ခွဲခြားသိနေတဲ့ သူတစ်ယောက်တော့ရှိတယ် အဲဒါကတော့ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း ကောင်မလေးပါပဲအဲဒီလိုနဲ့ သူ့ရဲ့ရိုးရှင်းနေတဲ့ ဘဝထဲ ကောင်မလေးနှစ်ယောက်နဲ့အတူ ဘယ်လိုရှုပ်ထွေးမှုတွေ ဘယ်လိုစိတ်လှုပ်ရှားစရာတွေနဲ့ ဘယ်လို ဘဝအလှည့်အပြောင်းတွေကို ကြုံတွေ့ရမလဲဆိုတာ ပရိသတ်ကြီးကိုယ်တိုင်ပဲ ရှုစားခံစားကြည့်ပေးပါဦးနော် File size…2.3GB  ...
movie

Thiruchitrambalam (2022)

2022
13: The Musical (2022) 5.2
13: The Musical (2022) 13: The Musical (2022)Musical ဆိုတဲ့အ‌တိုင်း သီချင်းသံ မြူးမြူးကြွကြွတွေနဲ့ ကြည့်ရမယ့်ကားပါဗျ။ ဆယ်ကျော်သက်ဖြစ်ကာစ လူငယ်ပေါက်စလေးတွေရဲ့ အလွဲတွေလည်း ပါသပေါ့ဗျာ ဇာတ်လမ်းအညွှန်းကတော့ ... အယ်ဗန်ဂိုးမန်းဆိုတဲ့ကောင်လေးက နယူးယောက်မြို့သားလေး ဂျူးလူမျိုးမလို့ တစ်ဆယ့်သုံးနှစ်မှာ ကျင်းပရမယ့် Bar Mitzvah ပွဲအတွက် အမျှော်လင့်ကြီး မျှော်လင့်နေသူပေါ့။ ဒါပေမယ့်လည်း အဖေဖြစ်သူရဲ့ ပြဿနာတွေကြောင့် မိသားစုကွာရှင်းလိုက်ရပြီး အင်ဒီယာနာက ပုံတုံးလှတဲ့ နယ်မြို့လေးကို ပြောင်းရွှေ့လိုက်ရတဲ့အခါ ...တောမြို့လေးဆိုပေမယ့် ကျောင်းအသစ်မှာလည်း ဆယ်ကျော်သက်ပေါက်စတွေရဲ့ အတတ်ဆန်းချင်တဲ့ ကိစ္စဝိစ္စလေးတွေ ရှိနေပါသေးတယ်။ Bar Mitzvah ပွဲကို အကြီးကျယ်ဆုံးဖြစ်ချင်တဲ့ မြို့သားလေး တောမြို့လေးမှာ ဘယ်လိုဂြိုဟ်မွှေခြင်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုကြရမှာပါ။13 နှစ်ကလေးတွေရဲ့ teenage ကားမလို့ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်မယ်ဆိုရင် ရွေးသင့်တဲ့ကားလေးပါ။ Musical မို့ သီချင်းသံတွေတော့ တော်တော်မြိုင်ဆိုင်ပါလိမ့်မယ်ဗျ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။)File Size : ...
movie

13: The Musical (2022)

2022
Be Cool (2005) 5.6
Be Cool (2005) ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ "မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့" ပါတဲ့။ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) ...
movie

Be Cool (2005)

Z-O-M-B-I-E-S 3 (2022) 5.5
Z-O-M-B-I-E-S 3 (2022) Z-O-M-B-I-E-S 3 (2022)Disney plus က ထပ်မံတင်ဆက်လိုက်တဲ့ Fantasy, Teen, Romance, Musical ကားလေးပါ။ အရှေ့မှာလည်း Zombies နဲ့ Zombies-2 ဆိုပြီး နှစ်ကား ထွက်ရှိထားပါသေးတယ်။ဇာတ်လမ်းကတော့ သွေးစုပ်ဖုတ်ကောင်တွေ ဝံပုလွေတွေနဲ့ လူတွေအကုန် အတူနေကြတဲ့ မြို့လေးအကြောင်းကို အခြေခံထားတာပါ။ဇက်က high school တက်နေတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး ချစ်သူနဲ့အတူ တက္ကသိုလ်တက်ရဖို့ ကြိုးစားနေတာပါ။ တက္ကသိုလ်ဝင်ရဖို့ သူ့ကိုအရွေးခံရမဲ့နေ့မှာပဲ ဂြိုလ်သားတွေက အုန်းဒိုင်းဆို ရောက်ချလာပါတယ်။ဇက်ရဲ့ ချစ်သူကလည်း cheerleader ဖြစ်တော့ cheerleading ပြိုင်ပွဲနဲ့ အလုပ်တွေ ရှုပ်နေပါတယ်တစ်ဖက်မှာလည်း ဂြိုလ်သားတွေက မြေပုံတစ်ခုကို အပူတပြင်း ရှာဖွေနေတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲ? ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။)File Size : 2.3GB, 1GB & 528MB Quality : ...
movie

Z-O-M-B-I-E-S 3 (2022)

2022
Z-O-M-B-I-E-S 2(2020) 6.7
Z-O-M-B-I-E-S 2(2020) Z-O-M-B-I-E-S 2(2020)(unicode)ဝေါ့ဒစ်စနေးက ထွက်လာတဲ့ Zombie 2 ဇာတ်ကားထဲမှာတော့ ဆံပင်အစိမ်းရောင်နဲ့ အရမ်းလန်းနေတဲ့ zombie ကောင်လေးခပ်ချောချောနဲ့ zombie ကောင်မလေးခပ်ချောချောလေးတွေကို တွေ့ရမှာပါ။ စီးဘရော့ခ်မြို့ဟာ ထူးခြားတဲ့စွမ်းအင်တစ်မျိုးကို အသုံးချကာ တောအုပ်ထဲက မကောင်းဆိုးဝါး အကောင်ကြီးတွေကို နှိမ်နင်းပြီး မြို့တည်ထားတာဖြစ်ပါတယ်။ အဲဒီစွမ်းအင်ကို အသုံးပြုပြီးလည်ပတ်တဲ့ ဓါတ်အားပေးစက်ရုံမှာတော့ တစ်နေ့မှာပေါက်ကွဲမှုဖြစ်ကာ စက်ရုံဝန်ထမ်းများဟာ ဓါတ်ရောင်ခြည်သင့်ပြီး zombie များအဖြစ်ပြောင်းလဲသွားပါတယ်။ ဒီzombie များဟာ အသိဉာဏ်မြင့်မားတဲ့အတွက် နည်းပညာကို အသုံးချကာ Z-လက်ပတ်တီထွင်ပြီး သူတို့ကိုယ်သူတို့ ပုံမှန်လူသားအသွင်အဖြစ်ပြန်ဖန်တီးလိုက်ပါတယ်။ ကျောင်းမှာ ကျောင်းပဒေသာကပွဲကျင်းပခါနီး တောထဲက ဝံပုလွေတစ်ပိုင်း လူတစ်ပိုင်း သမန်းဝံပုလွေတွေ ထွက်လာလို့ zombie တွေကို ဥပဒေနဲ့ တားမြစ်မှုတွေ လုပ်လာပါတယ်။ တောထဲက ထွက်လာတဲ့ သမန်းဝံပုလွေအုပ်စုကzombie ကောင်မလေးချောချောဆီ မသိမသာ ချဉ်းကပ်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ခံစားကြည့်ရှုလိုက်ပါအုံးနော်။ အချစ်ဖန်စီ မိသားစုကားလေးဖြစ်လို့ ...
movie

Z-O-M-B-I-E-S 2(2020)

Zombies (2018) 6.5
Zombies (2018) Zombies(2018)IMDb...6.5ဒီဇာတ်ကားလေးကတော့ Disneyက 2018မှာ အသစ်ထွက်ရှိထားတဲ့ကားလေးပါ  .....ဇွန်ဘီ(zombie)ဇာတ်ကားဆိုပေမယ့် စိုးရိမ်ထိတ်လန့်သွေးပျက်စရာအခန်းတွေနဲ့ကားမျိုးတော့မဟုတ်ပါဘူး....မတော်တဆမှုတစ်ခုကနေ လူသားမျိုးနွယ်အတော်များများဟာ ဇွန်ဘီတွေဖြစ်ကုန်ကြတယ်...အစိုးရကနေ ဇွန်ဘီတွေနဲ့ လူသားစင်စစ်တွေကြားမှာ တံတိုင်းကြီးခတ်လိုက်တယ်...နောက်ပိုင်းတိုးတက်လာတဲ့ခေတ်ကြီးမှာ ဇွန်ဘီတွေဟာ ထိန်းချုပ်စရာ ကိရိယာတွေတီထွင်ပြီး ပုံမှန်လူသားတစ်ဦးလိုနေထိုင်လာကြတယ်...ဇွန်ဘီတွေဟာ သာမန်လူတွေလို ပညာတွေသင်ကြတယ်..အလုပ်တွေလုပ်ကြတယ်...သီချင်းတွေဆိုကြတယ်...သို့ပေမယ့်လည်း ဇွန်ဘီတွေဟာ ပုံမှန်လူသားတွေအတွက် ထိတ်လန့်ကြောက်ရွံ့စရာအဖြစ်ရှိနေဆဲပါ...ဒီလိုအခြေအနေမျိုးမှာ ဇွန်ဘီ ကောင်လေးတစ်ယောက်ကို လူသားကောင်မလေးတစ်ယောက်က ကြွေသွားတယ်.. Disneyဇာတ်ကားလေးတွေအတိုင်း ကျောင်းသားကျောင်းသူတွေနဲ့ဇာတ်အိမ်တည်ပြီး သီချင်းလေးတွေမြိုင်ဆိုင်နဲ့ သက်ဝင်လှုပ်ရှားစွာရိုက်ပြထားပါတယ်...ကိုင်း ဖြေဖျော်ရေးဆန်ဆန် ပျော်ပျော်ပါးပါးကားမျိုးလေးတွေမှ သဘောကျနှစ်ခြိုက်တဲ့ သူတွေအတွက်အချစ်ဇာတ်လမ်းကောင်းလေးအဖြစ်ညွှန်းဆိုပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Inzali Than Htike ဖြစ်ပါတယ်...File Size : (850 MB) Quality : Blu-Ray 720p Format…mp4 Duration…01:34:00 Genre : Musical, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Inzali Than Htike Encoded by Phyo Pyae
movie

Zombies (2018)

2018
La La Land (2016) 8.4
La La Land (2016) (သီချင်းလေးတွေပါ ဘာသာပြန်ပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်..BluRay 4K Quality ထိ ခံစားကြည့်ရှုနိုင်ပါတယ်။)IMDb - (8/10) / Rotten Tomatoes (91%)၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို ...
movie

La La Land (2016)

2016
4K HEVC
Kisna (2005) 4.5
Kisna (2005) ဤဘဒ္ဒကမ္ဘာလောကမှာ ကမ္ဘာဦးအစကတည်းက ဆင့်ကဲပြောင်းလဲခြင်းတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်..လူသားတွေ ပြောင်းလဲလာတယ်...မြစ်ချောင်းအင်းအိုင်တွေ ပြောင်းလဲလာခဲ့တယ်..နိုင်ငံတွေ ဖြစ်ပေါ်လာတယ်လူ့စိတ်သဘောထားတွေ ပြောင်းလဲလာတယ်...ဒီထဲမွာမွ မပြောင်းလဲဘဲ တည်မြဲနေတာဆိုလို့ အချစ်စစ်ပဲရှိပါတယ်...ဟုတ်ပါတယ် ဒီဇာတ်လမ်းလေးက ကစ္စနဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ အချစ်စစ်တို့သက်သေထူရာကို ဖေါ်ပြထားတဲ့ ကားလေးပါ..၁၉၄၇ခုနှစ် အစောပိုင်း အိန္ဒိယနိုင်ငံလွတ်လပ်ရေးမရခင် ဗြိတိသျှတို့ အိန္ဒိယမြေပေါ် အုပ်စိုးခဲ့စဉ်က...။ကစ္စန..ကက်သရင်း..လက်ရှမီးဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဖေါ်ကျူးရိုက်ကူးထားပါတယ်...ဒီကားလေးဟာ သိပ်ကိုနူးညံ့လွန်းတယ်.. ရင်ထဲလည်း ပီတိဖြစ်ရပါတယ်အိန္ဒိယကို လွတ်လပ်ရေးပေးဖို့ ကြေညာလိုက်တော့ နိုင်ငံတွင်း ဗြိတိသျှအရာရှိတွေကို အင်္ဂလန်အမီ ပြန်ခိုင်းတယ်.. ဒီထဲမွာ ကက်သရင်းရဲ့အဖေနဲ့ အေမဟာ အသတ်ခံလိုက်ရပါတယ်တစ်ဦးတည်းကျန်ခဲ့တဲ့ သူငယ်ချင်းမလေး ကက်သရင်းကို အိန္ဒိယသားလေး ကစ္စနက ဘေးမသီရန်မခဘဲ ဘေးကင်းရာကို ပို့ပေးရမှာပါ...ကိုယ့်မိသားစုက သူ့မိဘတွေကို ရန်သူလို့ သတ်မှတ်ပြီး လိုက်သတ်နေတဲ့ကြားထဲက မိသားစုနဲ့ အတိုက်အခံလုပ်ပြီး ကက်သရင်းကို ကယ်တင်ရင်းနဲ့....။ပိုင်ဆိုင်ရမှ အချစ်မဟုတ်ပါဘူး ခွဲခွာခြင်းဟာလည်း အချစ်ရဲ့တစ်စိတ်တစ်ဒေသပါပဲတစ်ခါတလေကျရင် စွန့်လွှတ်ခြင်းက အချစ်ကို ပိုလို့တိုးလာစေပါတယ်အချစ်မှာ ကောင်းခြင်းတွေရတတ်သလို ခွဲခွါခြင်းမှာလည်း ကောင်းခြင်းတွေ ရတတ်ပါတယ်အချစ်ဆိုတာက အတူတူနေရဖို့ပဲမှ မဟုတ်တာ..ဒီတော့ ရိုချင်သူ FA နဲ့ ဆော်ပစ် ဘဲပစ်များ စောက်ကိုက် တစ်သျှူးဆောင်ပြီး ကြည့်လို့ရပါပြီလို့ ညွှန်းပေးလိုက်ပါတယ်...   File size…3.1GB / 1.5GB Quality…1080p ...
movie

Kisna (2005)

2005
Taal (1999) 6.6
Taal (1999) မင်းသမီး Aishwarya Rai အဓိကပါဝင်ထားပြီး Anil Kapoor နဲ့ Akshaye Khanna တို့လို မင်းသားကြီးတွေနဲ့ဒီရုပ်ရှင်ကားက အချစ်ရိုမန့် အလွမ်းအဆွေးရသစုံတဲ့ ရုပ်ရှင်ကားကြီးပါ။"Taal" ဆိုတာ သိပ်ကိုနူးညံ့တဲ့စကားလုံးလေး "ဂီတသံစဉ်" တစ်နည်းအားဖြင့် "နှောင်ကြိုး"လူသားရဲ့စိတ်ဖြေရာ အချစ်တို့မွေးဖွားရာ ခံစားချက်တွေ ပေါင်းဆုံရာကို ဂီတလို့ခေါ်နိုင်မလား...ဂီတငြိစွန်းလာတဲ့အခါ လူ့ရဲ့စိတ်ကနူးညံ့လာပြီး နှလုံးသားချင်း စကားပြောလာတတ်ပါတယ် အဲ့ဒီစကားလုံးတွေကပဲ နှလုံးသားကို အချစ်လမ်းသွယ်လေးဆီ ခေါ်ဆောင်လာတတ်တယ်...ဟုတ်ပါတယ် ဒီနှောင်ကြိုးလေးက မာနဗ် မာန်ဆီ ဗစ်ကရန်းဆိုတဲ့ ဘဝသုံးခုနဲ့ ချိတ်တွယ်ထားပါတယ်ဘဝရဲ့လမ်းသွယ်လေးတွေမှာ ကျွန်မတို့ လူတော်တော်များများနဲ့ ဆုံဖြစ်ကြပါလိမ့်မယ်ကိုယ့်စိတ်နဲ့ ထပ်တူမကျတာရှိနိုင်သလို ကိုယ့်နှလုံးသားနဲ့ အဲ့ဒီလူကို ငြိတွယ်သွားတာလည်း ဖြစ်နိုင်ပါတယ်နိုင်ငံခြားပြန် မြေပြန့်သားလေး မာနဗ်ဟာ ဖခင်ဖြစ်သူရဲ့ အလုပ်ကိစ္စနဲ့ တောင်ပေါ်ဒေသကို အလည်လာရင်း ရိုးသားတဲ့တောင်ပေါ်သူလေး မာန်ဆီနဲ့ သံယောဇဉ်ငြိတွယ်ခဲ့ပါတယ်...အခြေအနေအချင်းက အရမ်းကွာဟတာကြောင့် ဒီနှောင်ကြိုးကို မြဲအောင်မထားနိုင်ခဲ့ပါဘူး...ဘဝရဲ့အခန်းကဏ္ဍတစ်ခုပြီးဆုံးသွားတဲ့အခါ တခြားကဏ္ဍတစ်ခုက ပေါ်လာတတ်စမြဲပဲဆိုတာ ကြားဖူးကြတယ်မလား...အဲ့ဒီအခန်းကဏ္ဍနဲ့အတူ မာန်ဆီရဲ့ဘဝထဲကို ထပ်မံဝင်ရောက်လာသူကတော့ အောင်မြင်ကျော်ကြားတဲ့ သီချင်းဒါရိုက်တာကြီး..ထုတ်လုပ်သူကြီး ဗစ်ကရန်းကပူရ်ပါပဲ"လက်ထပ်တယ်ဆိုတာ ဘဝနှစ်ခု ပေါင်းဆုံဆည်းတာ" "လက်ထပ်တယ်ဆိုတာ နှလုံးသားနှစ်ခု ထပ်တူကြတာ" "အတူတူသေမယ် အတူတူရှင်သန်မယ်" တဲ့...။ကဲ..သူတို့သုံးဦးရဲ့ဘဝနှောင်ကြိုးတွေက ဘယ်ကိုဦးတည်သွားမလဲဒီနှောင်ကြိုးလွန်ဆွဲပွဲမှာ ဘယ်သူ့အချစ်က အနိုင်ရပြီး ဘယ်သူနဲ့ဆုံဆည်းရမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပြီး လူသားတိုင်း ...
movie

Taal (1999)

1080p HEVC
Sneakerella (2022) 4.2
Sneakerella (2022) Sneakerella (2022) ===============ဒစ်စနေးရဲ့ ဂီတ ရုပ်ရှင်အသစ်လေး ကြည့်လိုက်ရအောင်။ သီချင်းတွေနဲ့ စကားပြောလှလှလေးတွေရယ် ဇာတ်လမ်းကောင်းလေးရယ်နဲ့ တန်ဆာဆင်ထားတာပါပဲ။ သရုပ်ဆောင်အကုန်လုံးလည်း ချစ်ဖို့ကောင်းပါတယ်။ ကြည့်ရင်းတစ်ချိန်လုံးပြုံးနေရမယ့် ရုပ်ရှင်မျိုးပါပဲ။ဇာတ်လမ်းနာမည် စနိကရဲလားဆိုတာ စင်ဒရဲလားရဲ့ ခေတ်သစ်ပုံပြင်အနေနဲ့ ရိုက်ထားတာပါ။ ဖန်ဖိနပ်လေးအစား စနိကာလေးတစ်ရံ ဖြစ်လာပြီး မင်းသမီးလေးက ဆင်းရဲသားလေးကို လိုက်ရှာရတဲ့ ဇာတ်လမ်းလေးပေါ့။ အဲလ်ဆိုတဲ့ ကောင်လေးဟာ စနိကာဖိနပ်တွေကိုအရမ်းချစ်တတ်လာအောင်သင်ပေးခဲ့တဲ့ အမေဆုံးပါးသွားပြီးနောက်မှာ ပထွေးဖြစ်သူရယ်၊ ပထွေးရဲ့သားနှစ်ယောက်ရယ်နဲ့ ဖိနပ်ဆိုင်လေးမှာ အနှိမ်ခံဘဝနဲ့ ဆက်အလုပ်လုပ်နေရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာအောင်မြင်တဲ့ဖိနပ်ဒီဇိုင်နာဖြစ်ရမယ့် အိပ်မက်တွေရယ် ဖိနပ်ဒီဇိုင်းတွေနဲ့ ပြည့်နေတဲ့ စာအုပ်လေးတစ်အုပ်ရယ် ရှိနေတာပေါ့။ တစ်နေ့မှာတော့ သူ့အိပ်မက်တွေကို တကယ်ဖြစ်လာစေမယ့် ကောင်မလေးတစ်ယောက်နဲ့ တွေ့မိလာတဲ့အခါမှာ... ငြိမ့်ငြိမ့်မြူးမြူးလေးနဲ့ကြည့်ရမယ့် Disney movie ကောင်းလေးပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size - (2.4GB) / (1.13 GB) Quality – Web-Rip 1080p / 720p Duration - 1Hr 52mins Subtitle – Myanmar Hardsub Format – MP4 Genre ...
movie

Sneakerella (2022)

Ae Dil Hai Mushkil (2016) 5.8
Ae Dil Hai Mushkil (2016) Ae Dil Hai Mushkil (2016) " ဒီနှလုံးသားက ရှုပ်ထွေးလွန်းလှပါတယ်"မထွက်ခင်က သတင်း...၁၇ နှစ်လောက် တွဲအလုပ်မလုပ်ဖြစ်တော့တဲ့ ဒါရိုက်တာ ကာရန်ဂျိုဟာ နဲ့ မင်းသမီး အက်ရှ်ဝါရိုင်းတို့ ပြန်လည်ပေါင်းစည်းရိုက်ကူးထားတဲ့ ကားလေးပါ... မင်းသားကတော့ Ranbir Kapoor နဲ့ မင်းသမီး Anushka Sharma(PK) တို့ ပါဝင်ပါသေးတယ်... ကာရန်ဟာ Kuch Kuch Hota Hai ကအစပြု ပြီး Dostana(Shut Up & Bounce) ဒီမှာတော့ အေသင်ရဲ့တင်းတယ် ဖြစ်သွားတဲ့ သီချင်းပါတဲ့ ရုပ်ရှင်နဲ့ တအားအောင်မြင်ခဲ့တဲ့သူပါလို့ အက်ရှ်က ပြောပါသေးတယ်...ပါဝင်သူတို့အကြောင်း...ကာရန်ဂျိုဟာ - ရုပ်ရှင်ကားကို မညွှန်းခင် ဒါရိုက်တာကို အရင် ပြောပါရစေ... သူ့ရိုက်လိုက်တဲ့ ဒရမ်မာကားတွေဆိုရင် ဒရမ်မာကားမကြိုက်တဲ့သူတွေတောင် ကြိုက်ကြတယ်... လူငယ်ဆန်တယ် ပေါ့ပါးတယ်... စကားလုံး ဒိုင်ယာလော့တွေ အမိုက်စားတွေချည်းပဲ... ...
movie

Ae Dil Hai Mushkil (2016)

4K HEVC
Moulin Rouge!(2001) 7.6
Moulin Rouge!(2001) Moulin Rouge!(2001) အညွှန်း**************************IMDb...7.4ဒီဇာတ်ကားကြီးဟာ အော်စကာ ၂ဆုတောင်ရရှိခဲ့ပါတယ်...Nicole Kidman နဲ့ Ewan McGregor  နဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... "သဝန်တိုမှုကင်းသော အချစ်စစ်ဟူသည်မရှိ" ဆိုတဲ့စကားလေးရှိတယ်...လူတွေဟာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာသဝန်တိုစိတ်ဟာ အလိုလိုကပ်ပါလာတတ်ပါတယ်.... နည်းနည်းလေးသဝန်တိုတတ်တဲ့လူရှိသလို ဖြစ်သမျှအကြောင်း သဝန်တိုကောင်းလို့ခံယူထားတဲ့ဆန်းဆန်းတင့်ချစ်သူများလည်းရှိတတ်ပါတယ်... အဲ့လိုဆန်းဆန်းတင့်တွေဟာ ဒီမင်းသားနေရာမှာသာဆိုရင်တော့ သေပန်းတွေပွင့်ရပြီပေါ့ ဘာလို့လဲဆိုတော့ မင်းသမီးဟာ ပြည့်တန်ဆာပါ.... အရင်ခေတ်တွေတုန်းက ပြည့်တန်ဆာဆိုတာ နှိမ်ချတဲ့အသုံးမဟုတ်ဘဲတိုင်းပြည်ရဲ့ အဆင်တန်ဆာလို့ခေါ်စမှတ်ပြုရလောက်တဲ့အထိ အမြတ်တနိုးထားကြတာမို့ ပြည်၏တန်ဆာ "ပြည့်တန်ဆာ" လို့ခေါ်တယ်ဆိုပြီးလည်း ပြောကြပါတယ်.... အခုမင်းသမီးဟာလည်း အထက်တန်းစားပြည့်တန်ဆာတစ်ယောက်ပါ ငွေရရင် အချစ်နဲ့ရမ္မက်ကို ရောရောင်းတဲ့လူမျိုးပေါ့.... ဒါပေမဲ့ သူဟာ သူ့ချစ်သူလိုပဲ အနုပညာကိုချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ.... အကောင်းဆုံးဆိုတဲ့အနုပညာကိုပုံဖော်ဖို့အတွက် အရာရာကိုပေးဆပ်နိုင်သူတစ်ယောက်ပေါ့.....သူတို့ (၂)ဘယ်လိုတွေဆုံစည်းပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းက Romance နဲ့ Musical အမျိုးအစားဖြစ်တော့ သီချင်းလေးတွေအကလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ခံစားကြည့်ရှုနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File Size : (3.6GB)(1.2GB) And (580 MB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…02:07:00 Genre : ...
movie

Moulin Rouge!(2001)

[18+]Eternity Directors Cut (2010) 6.6
[18+]Eternity Directors Cut (2010) [18+]Eternity Directors Cut (2010) =========================ထိုင်းနာမည်ကြီး မင်းသား Ananda Everingham ပါ၀င်ထားတဲ့ တစ်ကားတည်းသော 18+ ကား The Eternity ဆိုတဲ့ကားလေးကို DVDRip Version ပေမယ့် ကြည့်လို့ ပြေတာမို့ တင်ဆက်ပေးလိုက်ပါတယ်ဆန်မောင် အဖြစ် Ananda Everingham ယူဖဒီ အဖြစ် Ploy Laila Boonyasak သခင်ကြီးဟန့်အဖြစ် Bie Teerapong ဇာတ်လမ်းအကျဥ်းသခင်ကြီးဟန့်ရဲ့ တူတစ်ယောက်ဖြစ်တဲ့ ဆန်မောင်ဟာ လူ့ကျင့်ဝတ်ကို သိတတ် လိမ္မာပြီး ဦးလေးကို အဖေအရင်းလို ရိုသေချစ်မြတ်နိုးတဲ့သူတစ်ယောက်ပေါ့မြန်မာနိုင်ငံ သစ်တောတက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ ဆန်မောင်က နတ်သားလေးလို ချောမောသလို ချစ်ရတဲ့မိန်းကလေးဖြစ်သူလည်းမရှိနေခဲ့ဖူးပါဘူးတခြားယောက်ျားလေးတွေလို မိန်းကလေးတွေနဲ့ပွေရှုပ်ခြင်းမရှိသလို လူပျိုဘဝကိုလည်း လက်ထပ်ပြီးမှကုန်ဆုံးချင်တဲ့ ဆန်မောင်အတွက် သခင်ကြီးဟန့်က ဘန်ကောက်ခရီးကအပြန်ဇနီးမယားရှာပေးမယ်လို့ ပြောခဲ့တယ်ဒါပေမဲ့ ခရီးအပြန်မှာတော့ သခင်ကြီးဟန့်က ယူဖဒီဆိုတဲ့ မိန်းမပျိုတစ်ယောက်ကို ဇနီးအဖြစ်တော်ကောက်လာခဲ့ပါတယ်အသက်သိပ်မကွာခြားတဲ့ ယူဖဒီနဲ့ ဆန်မောင်တို့ အနေနီးစပ်ရာ မဖြစ်သင့်တဲ့ချစ်ခြင်းတစ်ခု ဖြစ်ပေါ်လာပါတော့တယ်ဦးလေးကို ချစ်ကြောက်ရိုသေရပေမယ့် ...
movie

[18+]Eternity Directors Cut (2010)