Channel Myanmar

Musical

3 Idiots (2009) 8.4
3 Idiots (2009) IMDb (8.4/10) /Rotten Tomatoes (100%)December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့ 3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်...ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး....သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ ဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။ဒီအကြောင်းတွေကို ...
movie

3 Idiots (2009)

2009
4K HEVC
The Dirty Picture (2011) 6.6
The Dirty Picture (2011) The Dirty Picture (2011) Genre- Biography, Comedy, Drama, Romanceဒီရုပ်ရှင်လေးကတော့ အပြင်မှာ တကယ်ရှိခဲ့တဲ့ အိန္ဒိယမင်းသမီးတစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီး ဇာတ်လမ်းပုံဖော် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ၁၉၈၀ ကျော်ကာလ Tamil နဲ့ Telugu ရုပ်ရှင်ရုံတွေမှာ ပုရိသတွေကို ညို့ငင်အားကောင်းကောင်းနဲ့ ရမ္မက်သွေးဆူလွယ်အောင် ဖျော်ဖြေနိုင်စွမ်းရှိလို့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Silk Smitha ကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြင်မှာတော့ ၁၉၉၆ ခုနှစ်မှာ ၃၅ နှစ်အရွယ်နဲ့ ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တာပါ ရဲတွေကတော့ အရက်သေစာသောက်စားထားလို့ ဖြစ်တယ်ဆိုပြီး ပြောကြပေမဲ့ အလောင်းကနေရှာတွေ့ထားတဲ့ မှတ်စုကိုလည်း အဓိပ္ပာယ်မဖော်နိုင်သေးပဲ ယခုထက်ထိတိုင် ဆန်းကြယ်တဲ့ ပဟေဠိတစ်ပုဒ်အနေနဲ့ ကျန်ရှိနေပါတော့တယ်။ဒီဇာတ်ကားလေးထဲမှာတော့ Reshma ဆိုတဲ့ ကောင်မလေးဟာ ငယ်စဉ်ကတည်းက မြို့ကြီးပြကြီးကို သွားရောက်ချင်နေတဲ့ ကျေးတောသူလေးတစ်ယောက်ပေါ့။ မိခင်ဖြစ်သူက ယောက်ျားလေးဆန်ဆန် ပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း ဆန့်ကျင်ဖက်လိင်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရသူတစ်ယောက်ပါ။ရုပ်ရှင်သရုပ်ဆောင် ဝါသနာပါသူမို့ လူရွေးပွဲ ...
movie

The Dirty Picture (2011)

2011
Waqt (2005) 6.7
Waqt (2005) Waqt The Race Against Time(2005)ဆန့်ကျင်ဘက်မျဉ်းပြိုင်နှစ်ကြောင်းရဲ့ အားပြိုင်မှုIMDb-6.7/10ဘောလိဝုဒ်ပရိသတ်ကြီးအတွက် Legend တွေရဲ့ တစ်ခေတ်တခါက ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် အမီတာဘဂျမ်း ၊ ပရီရန်ကား ၊ အရှေးကူးမား တို့လို ထိပ်သီးအနုပညာရှင်တွေချည်းပါဝင်ထားတဲ့ကားဖြစ်ပါတယ်ဘဝနေဝင်ချိန်နဲ့ နီးနေပြီဖြစ်တဲ့ဖခင်ဖြစ်သူက သူကိုယ်တိုင်လည်း ဘဝကို ကြိုးစားရှင်သန်ခဲ့သလိုသူကြိုးစားတည်‌ထောင်ခဲ့တဲ့ ဘဝကို သားဖြစ်သူလက်ထဲအကြွင်းမဲ့ယုံကြည်အပ်နှံထားခဲ့ချင်တယ် သူထွက်မသွားခင် သားဖြစ်တဲ့သူကို ဘဝကြီးအကြောင်း သေချာနားလည်ပြီး အဖိုးတန်တဲ့ လူတော်လူကောင်းတစ်ယောက်အဖြစ်နဲ့ မြင်ခဲ့ချင်တယ် သားဖြစ်သူရဲ့သွေး မျိုးဆက်လေးရလာခဲ့ရင်ဆိုပြီးတော့လည်း တွေးတွေးပြီးပျော်နေတတ်တဲ့သူသားဖြစ်တဲ့သူကတော့ အဲဒီအချက်တွေနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့သူပါပဲ တော်တတ်ပြီးသားအဖေနဲ့ မပူပန်ရတဲ့စည်းစိမ်တွေကြား ဘာလိုနေသေးလဲဆိုပြီး ဘဝကိုပျော်ပျော်ပဲဖြတ်သန်းနေခဲ့တယ် ။သားဖြစ်သူကအားမကိုးရ သုံးစားမရတဲ့အပြင် ရန်သူတော်ရဲ့ သမီးကိုမှအရယူလာတော့ ဘဝဆိုတာရင်ဆိုင်ကြည့်စမ်းဆိုပြီး အကြမ်းနည်းသုံးအိမ်ပေါ်ကနှင်ချတော့တာပဲသိက္ခာ ဥစ္စာ အစစပြည့်စုံနေတဲ့မိသားစုကနေ ရုတ်တရက်ကြီး ဘာမှမရှိတဲ့ဘဝကို ရောက်သွားတဲ့သူက သူ့အဖေဗီဇတွေပါပြီး တိုးတက်အောင်လုပ်နိုင်မလား ဖခင်မေတ္တာကိုရော နားလည်သဘောပေါက်သွားမလား20 ရာစုဝန်းကျင်က ထွက်ရှိခဲ့တဲ့ ဂန္တဝင်တင်တဲ့ဘောလိဝုဒ်ကောင်းများစွာလို ဒီကားကရော အဲဒီစံနှုန်းကိုမီရဲ့လား ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေ‌ကတော့ CM Bollywood Team မှဖြစ်ပါတယ် File size…5.62GB / 2.35GB Quality…AMZ WEB DL 1080p / 720p Format…mp4 Duration….2h 33m Subtitle….Myanmar ...
movie

Waqt (2005)

2005
Mula sa Buwan (2023) 5.0
Mula sa Buwan (2023) Mula sa Buwan ဆိုတာကတော့ Edmond Rostand ရဲ့ ခေတ်ဟောင်း ဂန္ထဝင် Cyrano de Bergerac ကို အခြေခံပြီး မူရင်း ဖိလစ်ပိုင်ဂီတနဲ့ မမျှတသော ချစ်ခြင်းမေတ္တာ၊ အလှတရားနှင့် ခင်မင်ရင်းနှီးမှုတွေရဲ့ ပုံစုံတွေကို ပိုမိုရင်းနှီးသော ပုံပြင်- OURS အဖြစ် ဖန်တီးထားတာဖြစ်ပါတယ်1940 ခုနှစ် မနီလာရဲ့ လှပသောရှုခင်းများကို ထည့်သွင်းထားပြီး ပုံဖော်တင်ဆက်ထားတဲ့ ပြဇာတ်လေးပါအားလုံးခြုံငုံလိုက်ရင်တော့ ကဗျာဆရာ Cyrano၊ရဲ့ သူချစ်ရတဲ့ Roxane နဲ့ ကြင်နာတတ်တဲ့ ခရစ်ယာန်တို့ရဲ့ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်လို့လည်း ဆိုနိုင််ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Kiwi ပါ )File size_(4.4GB)/(2.8GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:55:00 Genre_Documentry, Musical Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Kiwi
movie

Mula sa Buwan (2023)

Unaad (2023) 7
Unaad (2023) Unaad (2023) "နုနယ်ချိန်"ဒီတစ်ခါမှာ CM ပရိသတ်ကြီးအတွက် ရိုးရှင်းပြီး ကြည့်ပျော်မယ့် coming-of-age ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်တံငါရွာလေးတစ်ရွာမှာ အခြေတည်ထားပြီး ဘန်ယာ၊ ဆူဘမ်၊ ဂျမ်မီးလ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ် သူငယ်ချင်းသုံးယောက်နဲ့အတူ ပူပင်ကြောင့်ကြမဲ့ လူငယ်ဘဝကို လိုက်ပါခံစားရမှာပါလှပတဲ့ ရှုခင်းတွေကြား သူငယ်ချင်းသုံးယောက်သား အလုပ်မရှိ ကစားခုန်စား အချိန်ကုန်ရင်း အရွယ်ရောက်ခြင်းနဲ့အတူ ကပ်ပါလာတဲ့ တာဝန်ဝတ္တရားတို့ကို ငြင်းဆန်တတ်တဲ့ ဆယ်ကျော်သက်လူငယ်ဘဝ … ရင်ခုန်သံတို့ အစပျိုးတဲ့အရွယ်မှာ စတင်ခံစားမိတဲ့ အချစ်နှင့် အချစ်နောက်ကို လိုက်ခြင်း၊ သူငယ်ချင်း အချင်းချင်း အခန့်မသင့်လို့ သဘောထားကွဲလွဲကြပုံတွေနဲ့အတူ … ရင့်ကျက်တည်ငြိမ်ခြင်းဆိုတဲ့ ကာလမတိုင်ခင် ဆယ်ကျော်သက်ပြဿနာတို့ကို ဘယ်သို့ဘယ်ပုံ ကျော်ဖြတ်ကြမှာလဲဆိုတာကတော့ …အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.2GB / 958MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Unaad (2023)

2023
Raundal (2023) 7
Raundal (2023) Raundal (2023) "လယ်သမား"IMDb 7.2 ရထားပြီး အက်ရှင် ဇာတ်ကြမ်း အချစ်အလွမ်းတို ရောယှက်ထားတဲ့ အိန္ဒိယကျေးလက်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်ရှီဗာဟာ အမိမြေကို အလုပ်အကျွေးပြုချင်လို တပ်ထဲဝင်သွားပေမယ့် လေ့ကျင့်ရေးမှာ မလိုက်နိုင်တာရယ် အသက်ပြည့်သွားတာရယ်ကြောင့် ဝင်ခွင့်ကျသွားတော့ …ဘိုးဘွားပိုင် လယ် ၇ ဧကကို အထွက်တိုးအောင်လုပ်ပြီး တိုင်းပြည်ကို စိုက်ပျိုးရေးနဲ့ အလုပ်အကျွေးပြုဖို ဆုံးဖြတ်လိုက်တယ်စိုက်ပျိုးတာအောင်မြင်သလောက် ရိတ်သိမ်းရောင်းချဖိုကျ အခက်အခဲရှိတာကို သိရပြီး စက်ရုံပိုင်ရှင်တစ်ယောက်က သူတိုရွာကိုမှ ခွဲခြားနှိမ်ထားတဲ့ အကြောင်းတစ်ခုကလည်း ရှိနေပြန်တယ်သူ့အိပ်မက်အကောင်အထည်ဖော်ဖို ကြိုးစားရပုံတွေနဲ့အတူ တစ်ဖက်မှာလည်း ဘေးအိမ်က အထာတွေပေးနေတဲ့ ကောင်မလေးနဲ့ရော ဘယ်လိုဇာတ်လမ်းဆက်မှာလဲ အချစ်နဲ့ ဘဝ ဘက်မျှမျှ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါကြောင်းအညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alex ~ KKKZ တို ဖြစ်ပါတယ် File size… 3.2GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Raundal (2023)

2023
Yaariyan 2(2024) 5.3
Yaariyan 2(2024) Yaariyan 2 (2023) "အချစ်များ လွှမ်းခြုံ၍"မြူးမြူးကြွကြွ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် သီချင်းလေးတွေကအစ တောတောင်ရှုခင်းလေးတွေအဆုံး energetic ဖြစ်တဲ့ လူငယ်အချစ်ဟာသကားလေးပါလာဒ်လီက မွေးရာပါသွေးအားနည်းရောဂါကနေ နလံထူလာသူဖြစ်ပြီး သူကြိုးစားခွင့်မရခဲ့တဲ့ အခွင့်အရေးကို လှမ်းတက်မယ် ပြင်ကာမှ "အမေ့နို့ဖိုး" ခေါင်းစဥ်တပ်ပြီး တစ်ခုလပ်အမေက ယောကျာ်းပေးစားဖို့ အတင်းအကျပ်တိုက်တွန်းပါတယ်အစမှာတော့ အမေ့ဆန္ဒလိုက်လျောလိုက်ရရုံဆိုပေမဲ့ တကယ်တမ်း အဲဒီအမျိုးသားကို သဘောကျသွားပြီး လက်ထပ်ဖို့ဖြစ်လာတယ်သူနဲ့ သူငယ်ချင်းလိုခင်တဲ့ ဝမ်းကွဲအစ်ကိုနှစ်ယောက် ဘာဂျူနဲ့ ရှီခါတို့ပါ လက်ထပ်ပွဲကို ရောက်လာကြပြီး သူတို့မောင်နှမသုံးယောက်လုံး ဘယ်လိုစွန့်စားခန်းတွေကို ဆက်လက်ခရီးဆက်ကြပြီး ဘယ်နည်းဘယ်ဖုံ အချစ်ကို ရှာကြမလဲဆိုတာကို...တောင်ပေါ်မြို့လေးမှာ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေရယ် မြူးမြူးကြွကြွသီချင်းလေးတွေနဲ့ အရောင်အသွေးစုံလင်စွာ တင်ဆက်ထားတဲ့ ဒီကားလေးမှာ ဆက်ကြည့်လိုက်ကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.64GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Yaariyan 2(2024)

2024
Kahin Pyaar Na Ho Jaaye (2000) 4.4
Kahin Pyaar Na Ho Jaaye (2000) Kahin Pyaar Na Ho Jaaye (2000)"ချစ်မိသွားနိုင်တယ်" =========================================ဆလူးဘိုင်ရဲ့ နုစဉ်အခါက rom-com ကားလေးကို Cm ပရိသတ်တွေအတွက် Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ ပရမ်ဟာ မြို့ငယ်လေးတစ်ခုက နာမည်အတော်အသင့်ရှိတဲ့ ဂီတသမားလေးပါ။ သူ့မှာ နီရှာဆိုတဲ့ လက်ထပ်ခါနီးချစ်သူတစ်ယောက်ရှိပါတယ်။ နီရှာကတော့ အလုပ်ကိစ္စကြောင့် ပရမ်နဲ့အဝေးကို လနဲ့ချီ ရောက်နေတဲ့သူပေါ့။အဲဒီလို ချစ်သူနဲ့ ဝေးနေတုန်းမှာ ပရမ့်ရဲ့ ဘဝထဲကို ပရီယာဆိုတဲ့ မိန်းမလေးတစ်ယောက်ရောက်လာပြီး ဝါသနာတွေ၊ အကြိုက်တွေတူတာမလို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနီးသွားကြပါတယ်။အဲဒီလိုအချိန်မှာပဲ ပရမ်ရဲ့ချစ်သူနီရှာတစ်ယောက် သူတို့မြို့လေးကို ပြန်ရောက်လာတဲ့အခါ သူတို့သုံးယောက်ကြားမှာ သုံးပွင့်ဆိုင်မကျတကျ အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ဒီရုပ်ရှင်လေးထဲမှာ ဆလူးဘိုင် တော်တော်လေးငယ်သေးပြီး သရုပ်ဆောင်ကွက်တွေဟာလည်း လက်ဆတ်တက်ကြွနေပါသေးတယ်။ ဒီရုပ်ရှင်လေးဟာ ရှေးကားတွေရဲ့ထုံးစံ သရုပ်ဆောင်တွေက အနည်းငယ်ပြဇာတ်ဆန်နေပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဆန်တဲ့ဟာသလေးတွေ၊ ဒရာမာအနှစ်တွေပါတာမလို့ sit-com ဆန်ဆန် vitage vibe အပြည့်ရမယ့် ပေါ့ပေါ့ပါးပါးကလက်ဆစ်ရုပ်ရှင်လေးဖြစ်လို့ ၂ နာရီကျော် အချိန်ပေးရကျိုးနပ်စေမှာပါ...။(ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V, ToMo, Suri ...
movie

Kahin Pyaar Na Ho Jaaye (2000)

2000
The Color Purple (2023) 6.9
The Color Purple (2023) The Color Purple (2023)~ IMDb - 6.9/10, RT - 82%, Meta - 72% ~ကျွန်တော်တို့ရဲ့ ဂန္ထဝင်ကြီး စတီဗင်စပီးဘာ့ဂ်ဟာ ၁၉၈၅မှာ The Color Purple ကို ရိုက်ခဲ့ဖူးတယ်။ ဒီကားက အဲဒီကားနဲ့ ဇာတ်လမ်းအတူတူပဲ။ ဒါပေမဲ့ Remake ရိုက်တယ်ဆိုတာထက် Musical ဗားရှင်းအဖြစ်နဲ့ ပြန်အသက်သွင်းတယ်လို့ပဲ သုံးချင်တယ်။ မူရင်းကတော့ Alice Walker ရဲ့ ပူလစ်ဇာဆုရထားတဲ့ ဝတ္ထု။ မြူဇစ်ကယ်အနေနဲ့အသက်သွင်းထားတယ်ဆိုတော့လည်း စပီးဘာ့ဂ်ဗားရှင်းနဲ့ မတူဘဲ ပြုတ်ကျန်ခဲ့တဲ့နားတွေလည်းရှိတယ်။ ဒါပေမဲ့ ပိုခမ်းနားသွားတာလည်းရှိတယ်။ ဒါတော့ ခေတ်အရရော မြူဇစ်ကယ်အနေနဲ့ရောဖြစ်နေလို့ နည်းနည်းပိုလှပစေချင်လို့လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ လူမဲအမျိုးသမီးတွေရဲ့ အဖိနှိပ်ခံဘဝအကြောင်းကို အဓိကထားပြတဲ့ရုပ်ရှင်ဆိုတော့ စပီးဘာ့ဂ်ဗားရှင်းက ပိုပြီးပနံသင့်မယ်လို့တော့ မြင်တယ်။ ဘယ်ဒါရိုက်တာတွေ ဘယ်လိုပဲကောင်းကောင်း ကျွန်တော်တို့အချစ်ကို မပေးပစ်နိုင်စေတဲ့ ...
movie

The Color Purple (2023)

2023
4K HEVC
Mean Girls (2024) 6.1
Mean Girls (2024) အားလုံးပဲစောင့်မျှော်နေကြမယ့် Mean Girls (2024) ဇာတ်ကားသစ်လေးလာပါပြီ။အားလုံးသိကြမယ့်အတိုင်း ဒီဇာတ်ကားလေးကတော့ ၂၀၀၄ တုန်းက ထွက်ရှိခဲ့ပြီးအားလုံးရဲ့ မှတ်ဉာဏ်ထဲမှာ မှတ်မှတ်ရရဖြစ်ခဲ့ကြတဲ့ နာမည်ကြီး Mean Girls ဇာတ်ကားလေးကိုမှ adapation သဘောမျိုး ပြန်လည်ရိုက်ကူးထားတာပါ။ ဒီတစ်ခေါက် ဇာတ်ကားလေးမှာ ထူးခြားတာကတော့ အရင်ဇာတ်လမ်းကျောရိုးကိုမှ Gen-Z အသုံးအနှုန်း၊ စတိုင်လ်တွေ ထပ်မံအားဖြည့်ထားပြီး Musical ဘက်သွားထားတဲ့အတွက် သစ်လွင်တဲ့ခံစားချက်မျိုးနဲ့ အတိတ်ကို ပြန်တမ်းတပြီး ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကေဒီဟာ ကန်ညာမှာ သုတေသနလုပ်နေတဲ့မိဘတွေနဲ့ အတူနေရာကနေ ကျောင်းပြောင်းလာတဲ့အခါမှာတော့ မကြုံဖူးတာတွေ ကြုံရပါတော့တယ်။ ကျောင်းမှာ သူ့အဖွဲ့အုပ်စုနဲ့ သူရှိတာ၊ တစ်ယောက်နဲ့ တစ်ယောက်ပြိုင်ဆိုင်ကြတာ၊ သမီးရည်းစားကိစ္စတွေ၊ အတင်းအုပ်တာတွေကို ကြုံတွေ့ရတဲ့အခါမှာ အထူးအဆန်းဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့ကျောင်းမှာ နာမည်ကြီးတဲ့ အလှပဂေး ပလတ်စတစ်မလေး သုံးယောက်က သူ့ကိုသတိထားမိသွားပြီး သူတို့အဖွဲ့ထဲပါဖို့ ဖိတ်ခေါ်ပါတော့တယ်။ ဒီလိုနဲ့ ဘုမသိ ...
movie

Mean Girls (2024)

This Is Me…Now (2024)
This Is Me…Now (2024) ဒီဇာတ်လမ်းကတော့ JLo တစ်ယောက် သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ This is Me... Now album ကို ပရိုမိုရှင်းဆင်းဖို့ ရိုက်ကူးရင်း ပျိုမဒီလေးတွေကို ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ မီးမောင်းထိုးပြထားတဲ့ Musical ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်း အသွားအလာက စိတ်ကူးယဉ်ဆန်ပြီး ရှင်တို့ကျွန်မတို့ အကြိုက် Zodiac Sign တွေပါတဲ့အပြင် Zodiacal Council ဆိုပြီး လတ်တလောကမှ ဂရမ်မီမှာ MC လုပ်ထားသူ Trevor Noah, Kim Pertras, Post Malone, Keke Palmer, Jenifer Lewis တို့က ရာသီခွင် နတ်ဘုရားတွေအဖြစ်ပါ ပါဝင် အားဖြည့်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့JLo တစ်ယောက် ရည်းစားတွေ ထည်လဲတွဲလိုက် ယောင်္ကျားတွေ တစ်ယောက်ပြီးတစ်ယောက်ယူလိုက် အဆင်မပြေလို့ Therapy ဝင်လိုက်နဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပါတယ်။ သူ့ရဲ့ မူလ ...
movie

This Is Me…Now (2024)

Waitress: The Musical (2023) 8.1
Waitress: The Musical (2023) Waitress: The Musical (2023) ====================== IMDb Rating - 8.1/10ဒီတစ်ခေါက်မှာတော့ Imdb 8.1 ရထားပြီး အတော်လေးကြည့်ကောင်းတဲ့ musical ပြဇာတ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Waitress (2007) ကို ပြန်လည်ဖန်တီးရိုက်ကူးထားပြီး ဒီပြဇာတ်ထဲက သရုပ်ဆောင်တွေရဲ့ Vocal လည်း အတော်ကောင်းကြပါတယ်။ ပြဇာတ်တစ်လျှောက်လုံး ဟာကွက်မရှိ အောင်ကို အတော်လေးသေသေသပ်သပ် ကပြဖျော်ဖြေသွားတာကတော့ တကယ့်ကိုချီးကျူးစရာပါ။ပြဇာတ်အကျဥ်းကတော့ မြို့ငယ်လေးမှာ မကောင်းတဲ့အိမ်ထောင်သည်ယောကျ်ားနဲ့ ရုန်းကန်နေရတဲ့ စားပွဲထိုးမလေး Jenna မှာ ကိုယ်ဝန်ရလာခဲ့တယ်။ Jenna က ပိုင်မုန့်တွေဖုတ်တာ အရမ်းတော်ပြီး တစ်နေ့မှာ ကိုယ်ပိုင်ဆိုင်ခန်းဖွင့်ဖို့ အိပ်မက် မက်နေတဲ့သူပဲဖြစ်ပါတယ်။ အဲဒီအချိန် Jenna သူ့ကိုယ်ဝန်အတွက်ဆေးခန်းပြရင်း သူတို့မြို့ဆီမကြာသေးခင်ကပြောင်းလာတဲ့ ဆရာဝန် Pomatter နဲ့ တွေ့ဆုံလာခဲ့ တယ်။ နောက်ပိုင်းမှာတော့ Jenna ရဲ့ အဆင်မပြေတဲ့အိမ်ထောင်ရေး၊ ဆရာဝန် အသစ်လေးနဲ့ ပေါ်ပေါက်လာတဲ့ခံစားချက်တွေအပြင် Jenna သူ့ရဲ့အိပ်မက်နောက် ကိုလိုက်ဖို့ ဘယ်လိုခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရမလဲဆိုတာကို လူ့သဘာဝဖြစ်စဥ် တွေနဲ့ ရသစုံလင်စွာ ဆက်လက်ကြည့်ရှူနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(2.48 ...
movie

Waitress: The Musical (2023)

2023
Little Miss Rawther (2023) 7.9
Little Miss Rawther (2023) Little Miss Rawther (2023)"အချစ်ရူးမလေး မိရော်သာ" =======================================IMDb 8.3/10 စီအမ် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် Little Miss Rawther ဆိုတဲ့ မလျာလမ်စကားပြော အချစ်ဟာသဇာတ်မြူးရုပ်ရှင်လေးကို CM Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။နိုင်နာရော်သာဆိုတဲ့ ကောင်မလေးဟာ အရာဝတ္ထုတွေ အစီအစဉ်တကျဖြစ်မနေရင် ရင်ဘက်ထဲ ကျလိကျလိဖြစ်တတ်တဲ့ OCD ရောဂါပိုင်ရှင် အရပ် ၅ ပေ ဝန်းကျင်ကောင်မလေးပဲဖြစ်ပါတယ်။ သူ့ဘဝမှာ အခက်အခဲဆိုလို့ သူများမျက်နှာ မော်ကြည့်ရတာလောက်သာ ရှိပြီး ဘဝကို သက်တောင့်သက်သာဖြတ်သန်းနေရတဲ့ ကံကောင်းသူလေးပေါ့။သူဟာ အရပ်ငါးပေဝန်းကျင်သာ ရှိပေမဲ့ သူ့ရဲ့ ရည်းစားဦး အာဘီဂျစ်ကတော့ အရပ် ၆ ပေကျော်တဲ့ ကလန်ကလားကိုကိုပဲဖြစ်ပါတယ်။ အာဘစ်ဂျစ်ကတော့ နီနာ့လို ဖယောင်းလမ်းကို သက်တောင့်သက်သာလျှောက်ခွင့်မရဘဲ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ အခက်အခဲတွေကြားမှာ ဘဝကို ကန့်လန့်တိုက်ဖြတ်သန်းနေရတဲ့ မအောင်မြင်တဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပေမဲ့ အရပ်ကစလို့ အစစအရာရာကွာခြားနေတဲ့ သူတို့နှစ်ယောက်ကြား မတူညီမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရပုံကို ဒီရုပ်ရှင်လေးထဲမှာ ရယ်ရယ်မောမောကြည့်ရှုခံစားကြရမှာပါ...။ ( ဒီရုပ်ရှင်ရဲ့ ...
movie

Little Miss Rawther (2023)

2023
The Archies (2023)
The Archies (2023) The Archies (2023) "အိပ်မက်မြို့လေးက လူငယ်ဘဝ"Netflix က အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြော teen musical comedy ဖြစ်ပြီး ရှရွတ်ခန်းရဲ့ သမီး‌ချောလေးဖြစ်တဲ့ ၂၃နှစ်အရွယ် မင်းသမီး အသစ်စက်စက်လေး ဆူဟာနာခန်းနဲ့ အမီတာဘဂျမ်းရဲ့ မြေးအဂတ်စ်တယနန္ဒတို့ပါ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။"အာချီ" ကာတွန်းက တီးဝိုင်းတစ်ခုဖြစ်တဲ့ "The Archies" ဆိုတဲ့ တီးဝိုင်းအဖွဲ့ကို အခြေခံရိုက်ကူးထားတာပါ ဇာတ်လမ်းကတော့ ရွှေခေတ်လို့ ခေါ်ကြတဲ့ ၁၉၆၀ များ ကာလမှာ တည်ထားပြီး ရေးဗားဒေးဆိုတဲ့ စိတ်ကူးယဥ်သုခဘုံ မြို့လေးက အာချီနဲ့အတူ ဆယ်ကျော်သက်ကျောင်းသားလေးတွေရဲ့ အချစ်ရေးရာ သူငယ်ချင်းပေါင်းသင်းဆက်ဆံရေးနဲ့ လူငယ်သဘာဝ အဖြစ်အပျက်လေးတွေကို ပေါ့ပေါ့ပါးပါး ဖော်ပြထားတာပါရေးဗားဒေးမှာ Green Park လို့ခေါ်တဲ့ စိမ်းစိုစိုတောင်ကုန်းလေးမှာ နှစ်စဥ်နှစ်တိုင်း သစ်ပင်စိုက်ပွဲကျင်းပလေ့ရှိပြီး သဘာဝကို တန်ဖိုးထားသူတို့ ပျော်စံရာ သုခဘုံလေးဖြစ်ပါတယ် မြို့သူမြို့သားပိုင် ဌာနေအဖြစ် သတ်မှတ်ထားပေမယ့်လည်း ဒါကို တစ်နေ့မှာ မစ္စတာလော့ဒ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မြို့ရဲ့အချက်အချာဖြစ်တဲ့ Green Park ...
movie

The Archies (2023)

2023
Rockstar (2011) 7.7
Rockstar (2011) [ IMDB - 7.7 /10 ]Bollywood ရဲ့ လူငယ်မင်းသားတွေအကြောင်း ပြော ကြကြေးဆိုရင် Ranbir Kapoor မပါရင်ပြီးပြည့်စုံမှုရှိမှာ မဟုတ်ပါဘူး။သူ့ဇာတ်ကား အများစုဟာ အလွမ်းအဆွေးဆောင်ပြီး မျက်ရည်ချူဖို့ များခဲ့ပါတယ်။ ဒီတစ်ချက်က ကျွန်တော်မနှစ်သက်တဲ့ အချက်ဖြစ်ပြီး သူ့ သရုပ်ဆောင်စရိုက် ပိုင်နိုင်မှုကိုတော့ Roctstar (2011) နဲ့ Sanju (2018) ဇာတ်ကားတွေမှာ ကြွေခဲ့ရပြန်ပါတယ်။အစကတော့ Rock သီချင်းတွေနဲ့ မနီးစပ်တာ တကြောင်း Drama ဆန်တဲ့ ဇာတ်လမ်းဖြစ်သည်က တကြောင်းကြောင့် မရေးချင်ခဲ့ပါဘူး ။ ကိုယ့်အရေးအသားမပြည့်စုံမှုက ဒီဇာတ်ကားကို စိတ်ဝင်စားမှု နည်းလာမှာလည်း မဖြစ်စေချင်ခဲ့ဘူး။ဒီဇာတ်ကားဟာ အသွင်အပြင် ခမ်းနားစွာနဲ့ Rock စရိုက်ပီပြင်တယ်။ အဝတ်အစား ဝတ်ဆင်မှုက Ranbir နဲ့ စောက်ရမ်းလန်းနေတယ်။ ခေတ်စကားအရ ဂေါ်တယ် ပေါ့။ ဂီတာတစ်ဖက် နဲ့ ...
movie

Rockstar (2011)

2011
Richie Gadi Pelli (2023) 8.7
Richie Gadi Pelli (2023) Richie Gadi Pelli (2023) နောက်ကွယ်က အမှန်တရားIMDb 8.7/10 ဝေးကွာနေတဲ့ သူငယ်ချင်းဟောင်းတွေပြန်တွေ့ဆုံဖို့ဆိုတာ မင်္ဂလာဆောင်ဖိတ်စာကြောင့်မဟုတ်ရင် ပိုက်ဆံချေးဖို့ပါပဲတဲ့ ငယ်ပေါင်းကြီးရဲ့မင်္ဂလာပွဲကိုအစပြုလို့ အလုပ်ကိုယ်စီ တစ်နယ်တစ်ကျေး တစ်နေရာ တစ်ဒေသမှာရောက်နေကြတဲ့ ငယ်ပေါင်းကြီးဖော်တွေ ပြန်လည်ဆုံတွေ့ကြဖို့ အကြောင်းဖန်လာပါတယ်အချင်းချင်းရုပ်မမြင်ချင်အောင်မုန်းတီးသူတွေရှိလင့်ကစား ပြန်ဆုံတွေ့ဖြစ်ကြတဲ့ မင်္ဂလာပွဲမတိုင်ခင်တစ်ည ညစာစားပွဲမှာ အကြွေးတစ်ခုအကြောင်းပြုပြီး ဘော်ဒါတစ်ယောက်က အဖဲ့ခံလိုက်ရပါလေရော ဒီတော့သူကစပြီး ဂိမ်းတစ်ခုထွင်လိုက်ပါတော့တယ် ဘာဂိမ်းလဲဆိုတော့ လာသမျှဖုန်းတွေကို စပီကာဖွင့်ပြီးပြောဖို့ပါပဲ ဆိုတော့ တစ်ဖက်လူကမသိဘဲ အသံဖွင့်ပြောရမဲ့ဂိမ်းမှာ သူတို့အဖွဲ့ ဘယ်လိုအမှန်တရား လိမ်ဆင်တွေပေါ်ထွက်လာမလဲ IMDb ကလည်း 8.7 ထိရရှိထားတာဖြစ်လို့ ကြည့်ပျော်တဲ့ဇာတ်လမ်းတစ်ခုဖြစ်နေမှာပါ(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.89GB / 864MB Quality…1080p WEB DL /720p Format…mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Richie Gadi Pelli (2023)

2023
The Greatest Showman (2017) 8.0
The Greatest Showman (2017) The Greatest Showman (2017)IMdb Rating (7.5)ဒီ Musical Drama ရုပ်ရှင်ကားကြီးက ခြူးတစ်ပြားမှမရှိသူတစ်ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူ ဆပ်ကပ်ဆရာကြီး P. T. Barnum ရဲ့ ဘဝဇာတ်ကြောင်းအခြေခံရိုက်ကူးထားတဲ့ Biography ရုပ်ရှင်လည်းဖြစ်ပါတယ်။မင်းသားကြီး Hugh Jackman က P.T.Barnum အဖြစ်အဓိကပါဝင်ထားပြီး Michelle Williams, Zac Efron, Zendaya, Rebecca Ferguson စတဲ့နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဘတ်ဂျက် $84 million သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ $435 million ထိ ပြန်လည်ရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေ တစ်ကမ္ဘာလုံးက Musical ပရိတ်သတ်တွေရဲ့ ကောင်းချီးကိုပါ ရရှိခဲ့ပါတယ်။စိတ်ဓာတ်ကျနေချိန်တိုင်း နားထောင်ကြရမယ့် သီချင်းတွေပါဝင်တယ်လို့ နာမည်ကြီးသလို နားဆင်မိသူတိုင်း ရင်ထဲစွဲငြိအောင် ကြိုက်ရတဲ့သီချင်းတွေလဲပါဝင်ပါတယ်။ဇာတ်လမ်းကတော့..... မိဘမဲ့တစ်ယောက်ဖြစ်တဲ့P.T.Barnum ဆိုတဲ့ကောင်လေးအနေနဲ့ ကြိုက်မိတဲ့ကောင်မလေးကကျ ရွှေဘုံပေါ်က သူဌေးသမီးဖြစ်နေပါတယ်။ ဒါပေမယ့်သူဟာ ရည်မှန်းချက်ကြီးတဲ့လူဖြစ်ပြီး စကားပြောကောင်းသူ..ဇွဲကောင်းသူ...အနုပညာအမြင်ရှိသူဖြစ်ပါတယ်။ရည်မှန်းချက်ကြီးသူဖြစ်တဲ့အတိုင်း သူ့စိတ်ကူးထဲက ကြီးကျယ်ခမ်းနားတဲ့ ...
movie

The Greatest Showman (2017)

2017
4K HEVC
Dicks: The Musical (2023) 5.5
Dicks: The Musical (2023) Dicks: The Musical ( 2023 )A24ကားအသစ်ဆိုတဲ့အတိုင်း A24မှာ အတွေ့ရများတဲ့အတိုင်း ဆန်းဆန်းပြားပြားဇာတ်လမ်းကို ထူးထူးခြားခြားတင်ဆက်ထားတဲ့ ဇာတ်လမ်းပါပဲ။ A24 အနေနဲ့ Comedy အမျိုးအစား သီးသန့်ရုပ်ရှင်မရှိခဲ့သေးသလို Musicalရုပ်ရှင်လည်းမရှိခဲ့သေးပါဘူး။ ဒစ်ကတော့ ဒီသမိုင်းကို ချိုးဖောက်လိုက်ပါတယ်။ A24ရဲ့ ပထမဆုံး မြူဇစ်ကယ်ရုပ်ရှင်ပါပဲ။ မြူဇစ်ကယ်ဆိုပေမဲ့ ပျင်းစရာကောင်းမယ်တော့ မထင်ပါနဲ့။ ပြောခဲ့သလို ဒါက A24က ထုတ်တာပါ။ သမားရိုးကျဖြစ်နေတဲ့အလုပ်မျိုး ဒီကောင်တွေ ဘာမှမလုပ်ပါဘူး။ ဇမ္မူမှာတစ်လူ ငါသာအတော်ဆုံးဆိုတဲ့‌ ကောင်၂ကောင်ရှိတယ်။ သူတို့ဘဝနဲ့သူတို့နေနေကြတယ်။ သူတို့ချင်းတစ်ခါမှလည်းမတွေ့ဖူးကြဘူး။ ရုပ်ချင်းလည်း တစ်စက်မှမတူကြဘူး။ ဒါပေမဲ့ သူတို့က ချွတ်စွပ်တူတဲ့ အမွှာတွေ။ ဘာလို့လဲ မမေးနဲ့ ရုပ်ချင်းမတူပေမဲ့ သူတို့၂ယောက်ကို ချွတ်စွပ်တူတယ်ဆို တူလိုက်လို့ ဒီထဲက ဘုရားသခင်က ထအော်ထားတယ်။ တူတယ်ဆို တူလိုက်။ ဘလင်းဘလင်းတွေအပြည့်နဲ့ ဘောင်းဘီတိုလေးဝတ်ထားတဲ့ ဂေးရုပ်ထွက်နေတဲ့ ဘုရားသခင်ရဲ့အစီအစဉ်တိုင်း တစ်နေ့အလုပ်မှာ သူတို့ချင်းတွေ့ပြီး စကားပြောရင်း သီချင်းတွေဆိုရင်းမှပဲ သူတို့က ကွဲကွာနေတာ နှစ်ပေါင်းများစွာကြာနေတဲ့အမွှာတွေဆိုတာ သူတို့သိလိုက်ရတယ်။ ငယ်ငယ်ကတည်းက အဖော်ကို ငံ့လင့်နေတဲ့ ဘယ်နားမှမတူပေမဲ့ ဘုရားသခင်က တူတယ်လို့ပြောထားတဲ့ ...
movie

Dicks: The Musical (2023)

2023