Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Horror
6.0
The Entity(2019)
The Entity(2019)ညီမဖြစ်သူ Pam ရဲ့ရုတ်တရက်သေဆုံးသွားတဲ့သတင်းကိုကြားတော့ ကောလိပ်ကျောင်းသား Kent Gonzalez ကအိမ်ကို ဝမ်းနည်းကြေကွဲစွာပြန်လာခဲ့တယ်...အိမ်ရောက်တော့ အဖေ အမေနဲ့အတူစျာပနာကျင်းပခဲ့တယ်...နောက်ရက်များမှာ သူ့အတွက်ထူးဆန်းတဲ့ကိစ္စတွေဖြစ်လာတယ်...ကွယ်လွန်သွားတဲ့သူ့ညီမဝိညာဥ်က သူ့အိမ်မက်ထဲကိုအလည်လာခဲ့ပြီး သူမသိသေးတဲ့အကြောင်းအရာတွေကိုလာပြောပြသွားတယ်..... Kent အတွက်ထိန့်လန့်စရာကောင်းသလို ဝိညာဉ်ရဲ့ပြောပြချက်တွေကလည်းသူ့အတွက် စက်ဆုတ်စရာတွေဖြစ်နေတယ်....အဲ့ဒီနောက်မှာတော့.....ဝိညာဉ်ကဘာတွေပြောခဲ့လို့လဲ...အဲ့ဒီဝိညာဉ်ကရော ဘာတွေဆက်ပြီး Kent ကိုဆက်ပြောနေမှာလဲ...Kent ကရော ဝိညာဉ်ပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ဘာတွေဆက်လုပ်မှာလဲ...Horror ကားကြိုက်သူတို့အတွက် တော်တော်မိုက်တယ်လို့ပြောရမှာပါ..ခံစားကြည့်ကြပါကုန်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်... File Size : (1.3 GB) and (692 MB) Quality :WEB-DL 720p 5.1CH Format…mp4 Duration…01:45:00 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae
movie
The Entity(2019)
6.0
Cello (2005)
movie
Cello (2005)
2005
7.5
A Nightmare on Elm Street (1984) =========================Rotten Tomatoes… 94%IMDb… 7.5ကျွန်တော်တို့ငယ်ငယ်တုန်းကဒီရုပ်ရှင်ကိုကြည့်ဖူးကောင်း ကြည့်ဖူးကြပါလိမ့်မယ်။အိပ်မက်ထဲမှာ လူလိုက်သတ်တဲ့မကောင်းဆိုးဝါးကြီး Freddy လေ။လက်သည်းမှာ ဓားအချွန်တွေနဲ့လေ။ကြည့်ပြီးညမအိပ်ရဲကြတော့ဘူးလေ။မှတ်မိတယ်မလား ?သင်အိပ်လိုက်တာနဲ့ကို သင့်ကိုအိပ်မက်ဆိုးတွေပေးပြီးလိုက်သတ်နေတဲ့ကောင်ကြီးတစ်ကောင်ရှိရင်ဘယ်နှယ့်လုပ်မလဲ။နိုးထလာတာနဲ့ သင်ပြန်အိပ်ဖို့ကိုကြောက်နေပါလိမ့်မယ်။ဘယ်တော့မှလည်း ပြန်အိပ်ရဲမှာ မဟုတ်တော့ပါဘူး။မအိပ်ရတာ ရက်တွေဆက်လာတဲ့အခါဘာတွေဖြစ်လာလေမလဲ ?မအိပ်ရတဲ့ ရောဂါကို လူတိုင်းလိုလိုကြုံဖူးကြမှာပါ။အရမ်းခံရခက်တယ်။ ခေါင်းတွေမူးလာမယ်။စိတ်တွေခြောက်ခြားလာမယ်။မူမမှန်ဖြစ်လာမယ်။အဲ့ဒီအခါ ဘယ်လိုဖြတ်ကျော်မလဲ ?ဇာတ်လမ်းအကျဉ်း =============Freddy Krueger ဟာ လူငယ်လေးတွေကိုအိပ်မက်ဆိုးတွေပေးပြီး အိပ်မက်ထဲမှာလူလိုက်သတ်တဲ့မကောင်းဆိုးဝါးပဲဖြစ်ပါတယ်။နန်စီ တို့သူငယ်ချင်းတစ်စုကိုFreddy Krueger မှ အိပ်မက်တွေပေးပြီးလိုက်သတ်တဲ့အခါမှာတော့…. ။ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီးJohnny Depp သရုပ်ဆောင်ထားတဲ့ရုပ်ရှင်လည်းဖြစ်တာမို့သူ့ရဲ့ငယ်ရုပ်လေးကိုလည်း မြင်နိုင်ပါတယ်။ကြည့်ပြီးရင်လည်း အိပ်မက်လှလှမက်ကြပါစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Chan Myae Kyaw ဖြစ်ပါတယ်။) File size…(1.6 GB) and (970 MB) Quality…BluRay 1080p and 720p Format…mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Chan Myae Kyaw
movie
A Nightmare on Elm Street (1984)
Z (2019)
ကယ်ဗင်နဲ့ဘတ်သ်တို့ရဲ့တစ်ဦးတည်းသောသားလေး ဂျော့ရှ်ဟာထူးထူးဆန်းဆန်းပဲ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက် ရသွားခဲ့တယ်။အဲဒီသူငယ်ချင်းရဲ့နာမည်ကတော့ Z (ဇီ) လို့ခေါ်တယ်။တစ်ရက် ဘတ်သ်ဆီကို ကျောင်းကနေ ဖုန်းဆက်ပြီးတိုင်တဲ့အခါမှသာဘတ်သ်က သူ့သားလေးရဲ့အဖြစ်တွေကို သိရတော့တယ်။ကလေးက ကျောင်းမှာ အရမ်းဆိုးသွမ်းနေပြီးဘယ်လိုမှထိန်းမရဖြစ်နေတာကြောင့် ရက်အကန့်အသတ်မရှိကျောင်းနားခံလိုက်ရတော့တယ်။ဒါပေမဲ့ ကောင်လေးကတော့ ဒါတွေက ဇီကြောင့်ဖြစ်တာလို့ ပြောနေလေရဲ့။ဇီက တကယ်ပဲစိတ်ကူးယဉ်သူငယ်ချင်းသက်သက်လားသဘာဝနာနာဘာဝတစ်ကောင်လားဆိုတာ ဘယ်သူမှမသိကြပါဘူး။ထူးထူးဆန်းဆန်းပဲ ကောင်လေးရဲ့အမေ ဘတ်သ်မှာလည်းငယ်ငယ်က ဇီဆိုတဲ့စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက် ရှိဖူးမှန်း သိလိုက်ရတော့တယ်။ဒီဇာတ်ကားက Horror Drama အမျိုးအစားပါ။အရမ်းကြီးကြောက်ဖို့မကောင်းပေမဲ့ ကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားပါ။Horror ကြိုက်တဲ့သူတွေ လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ်။ File Size : ( 779 MB , 286 MB) Quality : WEBRip 720p Running Time ...
movie
Z (2019)
8.2
The Lighthouse(2019)
The Lighthouse(2019)IMDb....8.2(unicode)ဒီဇာတ်ကားလေးထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ ရောဘတ်ပတ်တီဆန် (Twilight ထဲကမင်းသား) နဲ့ မင်းသားကြီး ဝီလီယံဒတ်ဖို (Spiderman 2002 ထဲဗီလိန်မင်းသားကြီး) နှစ်ယောက်တည်းသာလျှင် တစ်ကားလုံးမှာ သရုပ်ဆောင်ထားတာတွေ့ရမှာပါ မင်သားနှစ်ယောက်တည်းနဲ့တင် တစ်ကားလုံးကိုတဖြည်းဖြည်းနဲ့ဆွဲဆောင်ထားတာပါ ဒီဇာတ်ကားကိုကြည့်ပြီးရင်တော့ ခေါင်းထဲမှာအတွေးတွေတစ်သီချည်းကျန်ခဲ့စေမယ့်ဇာတ်ကားမျိုးပါ ဇာတ်လမ်းအကျဉ်းကတော့ ၁၉ရာစု New England ကမ်းရိုးတန်းကမီးပြတိုက်တစ်ခုမှာအခြေတည်ရိုက်ထားပါတယ် အီဖရန်ဝင်းစလို လူငယ်လေးတစ်ယောက်ဟာ သောမတ်စ်ဝိတ်ဒ် ဆိုတဲ့ မီးပြတိုက်စောင့်ရှောက်သူအဖိုးကြီးရဲ့လက်အောက်မှာ လေးပတ်လောက်အလုပ်လုပ်ဖို့တာဝန်ကျလာပါတယ် စစရောက်ချင်းနေမှာပဲ သူ့အိပ်ရာထဲကနေ ရေသူမအရုပ်လေးတစ်ရုပ်ကိုတွေ့ခဲ့ပြီးသိမ်းထားခဲ့ပါတယ် အီဖရန် သူတို့နေထိုင်တဲ့နေရာအတွက် အလုံးစုံအကုန်လုံးကိုလုပ်ရပါတယ် သောမတ်စ်ဝိဒ်ကတော့ညဖက် မီးပြတိုက်ရဲ့ထိပ်ဆုံးအပေါ်ထပ်မှာပဲအလုပ်လုပ်ပါတယ် နေ့ဖက်တွေအလုပ်လုပ်ပြီး ညဖက်ဆိုအီဖရန်ရဲ့အတွေးတွေက ကယောက်ခြောက်ခြားဖြစ်တယ် တွေးမိတွေးရာတွေလျှောက်တွေး ဖြစ်တာများတယ် တစ်နေ့ညဖက် ညစာစားခဲ့တဲ့အခါ အီဖရန်ဟာ လမ်းညွှန်စာအုပ်မှာက အလုပ်ကိုအလှည့်ကျလုပ်ရမယ်လို့ရေးထားတယ်အဲ့ဒါကြောင့်သူလဲ မီးပြတိုက်အပေါ်ဆုံးမီးအိမ်ကြီးရှိတဲ့နေရာမှာအလုပ်လုပ်ချင်တယ်လို့ပြောပါတယ် ဒါပေမယ့် သောမတ်စ်ကလက်မခံပါဘူး သူတစ်ဦးတည်းသာလျှင်အဲ့အလုပ်လုပ်မယ်ဘယ်သူမှလုပ်လို့မရဘူးဆိုပြီးငြင်းခဲ့ပါတယ် အီဖရန်လည်း စီနီယာအထက်လူကြီးဖြစ်နေအတွက်ကြောင့် ပထမအကြိမ်လက်လျှော့ခဲ့ပါတယ် ညစာစားနေရင်းနဲ့သောမတ်စ်ကအီဖရန်ကို ဒီနေရာမှာရှိတဲ့အယူအဆတစ်ချို့ကိုပြောပြခဲ့ပါတယ် ပင်လယ်ဇင်ရော်ငှက်တွေကိုမသတ်ရဘူး သတ်ရင်ဒုက္ခရောက်မယ်ဆိုတာတွေအခြားအရာတွေရောပေါ့ ဒီလိုနဲ့ သောက်ရင်း စားရင်းနေလာလိုက်တာ ...
movie
The Lighthouse(2019)
6.6
The Lodge (2019)
ဟော်ရာ ရုပ်ရှင်အသစ်လေး ကြည့်ရအောင်။IT ရုပ်ရှင်ထဲက ကလေးသရုပ်ဆောင်လေးလည်း ပါပါတယ်။ဇာတ်လမ်းအကျဉ်း - သားတစ်ယောက် သမီး ၁ ယောက် ရှိတဲ့လင်မယား ၂ ယောက်ဟာ ကွာရှင်းဖို့အကြောင်းဖန်လာပါတယ်။ခင်ပွန်းဖြစ်သူက နောက်မိန်းမလည်း ယူတော့မယ့် အခြေအနေမှာမိန်းမဖြစ်သူဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။နောက်မိန်းမကလည်း ငယ်ငယ်တုန်းက တစ်မိသားစုလုံးဘာသာရေးအစွန်းရောက်ပြီး သတ်သေသွားခဲ့တဲ့မိသားစုရဲ့ တစ်ဦးတည်းကျန်ခဲ့တဲ့သူပါ။အဲဒီနောက်မှာတော့ ခရစ္စမတ်အတွက် တောင်ကုန်းတွေပေါ်ကအိမ်ကလေးတစ်လုံးမှာ ကလေး ၂ ယောက်ရယ် မိထွေးလောင်းရယ်အချိန်အတူကုန်ဆုံးဖို့ ကြုံလာခဲ့တယ်။အဲဒီနောက်မှာတော့ သရဲလေလား၊ လူလေလား၊ဘယ်သူက သေပြီးဘယ်သူက ရှင်နေတာလဲဆိုတော့ပဟေဠိတွေနဲ့ ကြောက်စရာတွေ ကြုံလာရပါတော့တယ်။ File Size : ( 1 GB , 314 MB) Quality : ...
movie
The Lodge (2019)
Sathu (2009)
movie
Sathu (2009)
5.3
We Summon the Darkness(2019)လှပညှို့အားပျင်းတယ်လို့ပြောလို့ရတဲ့ကောင်မလေးသုံးယောက်က စတိတ်ရှိုးပွဲကို ကြည့်ဖို့သွားရင်းနဲ့ ကောင်လေးအဖွဲ့နဲ့ ဆုံခဲ့ပါတယ်။အဲ့အချိန်မှာ စေတန်မာရ်နတ်ကို ကိုးကွယ်ယုံကြည်တဲ့သူတွေက လူတွေလိုက်သတ်နေတဲ့ အချိန်ဖြစ်တယ်။ ရှိုးပွဲပြီးတဲ့ညမှာ သူတို့ သုံးယောက်နဲ့ လမ်းမှာဆုံတွေ့တဲ့ ကောင်လေးတွေ အဖွဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ကြီးကြုံခဲ့ကြတယ်..။ဘယ်သူတွေက ဘာသာရေးမှိုင်းတတ်ခံရပြီး လိုက်သတ်နေကြတာလဲ။ သူတို့အားလုံးကော ရှင်နိုင်ကြမှာလား။ တစ်ဖက်ပိတ် အယူဝါဒတွေရဲ့ ကြောက်စရာကောင်းမှု၊ ဆိုက်ကို ဆန်ဆန် လူသတ်နေမှုရဲ့နောက်ကွယ်က ကြိုးကိုင်နေမှုတွေကို ရင်တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ်.ခပ်ကြမ်းကြမ်းHorror ကားကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size : (850 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Horror,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae zawgyiWe Summon the Darkness(2019)လှပညှို့အားပျင်းတယ်လို့ပြောလို့ရတဲ့ကောင်မလေးသုံးယောက်က ...
movie
6.0
IMDb 6.1 / 10ဘောလီဝုဒ်ဖန်တွေအတွက် မင်းသား Vicky Kaushal ၏ ရုံတင်ဇာတ်ကားသစ်တစ်ကားဖြစ်တဲ့Mystery, Horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ ... မွန်ဘိုင်းမြို့ ဂျူဟူးကမ်းခြေကို သင်္ဘောပျက်ကြီးတစ်စီး လာသောင်တင်ခဲ့ပါတယ်အမှန်ကတော့ ဒီသင်္ဘောပျက်ကြီးကို တခြားနေရာတစ်ခုကိုရွေ့ဖို့ ဆွဲသွားတာပါဒါပေမဲ့ ဆွဲကြိုးပျက်သွားပြီး ဂျူဟူးကမ်းခြေကို ရောက်လာခဲ့တာပါသင်္ဘောပေါ်မှာလည်း ဘာလူသူမှမပါလာသလို ဒီသင်္ဘောကြီးကလည်း သရဲခြောက်ပါတယ်လို့ ကောလဟာလတွေထွက်နေပါတယ်ဒီသင်္ဘောကြီးကို သင်္ဘောဋ္ဌာနက စစ်ဆေးရေးအရာရှိ ပရိသ်ဗီးက စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာတော့ .....………..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…. File Size : (900 MB) and (450 MB) Quality : AMZN WEB-DL 720p Running Time : 1hr 54min Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Source : ...
movie
Bhoot: Part One – The Haunted Ship (2020)
2020
6.6
Mermaid Down (2019)
ရေသူမတွေကိုမှ ဖမ်းဆီးချင်တဲ့ တံငါသမားနှစ်ယောက်ဟာဇွဲကောင်းကောင်းနဲ့ စောင့်ဆိုင်းပြီး ရေသူမလေးတစ်ကောင်ကိုဖမ်းမိကြတယ်…သူတို့ဟာသာမာန် ဖမ်းဆီးရောင်းချချင်တဲ့သူမျိုးတွေ မဟုတ်ဘဲနဲ့မိရိုးဖလာယုံတမ်းစကားအတိုင်း ရေသူမကို အမြီးတစ်ပိုင်းလူတစ်ပိုင်းဖြတ်ပြီး သယ်ဆောင်ရမယ်ဆိုတဲ့စကားအရရေသူမအမြီးကို ပုဆိန်နဲ့ခုတ်ဖြတ်လိုက်ပြီး တစ်ပိုင်းဆီထားထားတယ်….စိတ်ရောဂါကုဆရာဝန် ဒေါက်တာဘိုင်ယာဟာအဲတံငါသင်္ဘောနားတစ်ဝိုက်မှာစောင့်ကြည့်နေပြီးအဖြစ်အပျက်တွေအပြီးမှာ တံငါသမားဆီမှ ရေသူမလေးကို ရအောင်ကယ်ထုတ်ခဲ့ပြီး သူဘာဆက်လုပ်မလဲ…??စိတ်ရောဂါကုဆေးရုံမှာ ရှိနေတဲ့ စိတ်ဝေဒနာသည်မိန်းကလေးတစ်သိုက်နဲ့ ရေသူမလေးတို့ဆုံတွေ့ခဲ့ကြပြီးအစပိုင်းမှာ အဆင်မပြေခဲ့ကြတဲ့အပြင် သူ့ကိုရေသူမဆိုတာလည်းမယုံကြည်ခဲ့ကြပေမယ့် နောက်ပိုင်းကျ အန္တရာယ်ကို အတူတူရင်ဆိုင်ခဲ့ကြတယ်…သူတို့ရင်ဆိုင်ရမှာက ဘာအန္တရာယ်ဖြစ်မလဲ…ပုံမှန်ရေသူမကားတွေလို အချစ် အလွမ်း အနမ်းနဲ့ ပြီးသွားတတ်တဲ့ဇာတ်လမ်းမျိုးမဟုတ်ဘဲ သည်းထိတ်ရင်ဖိုနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ် File Size : ( 884 MB , 325 MB) Quality : WEBRip 720p Running ...
movie
Mermaid Down (2019)
Spirit: The Beginning of Fear (2020)
ဒီဇာတ်ကားကတော့ ၂၀၂၀ ဖေဖော်ဝါရီကလောလောလတ်လတ်ထွက်ရှိထားတဲ့ Horror ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အကျိုးဆောင်ကုမ္ပဏီတစ်ခုရဲ့သူဠေးဖြစ်သူ ပတ်မန်းဂီဆိုတဲ့သူကသူ့ဖောက်သည်ဖြစ်သူ အိမ်တစ်အိမ်ကိုဝယ်ဖို့စပ်ပေးပါတယ်။အဲ့အိမ်ကထူးခြားတာက ဈေးတော်တော်တန်နေတာပါ။ဈေးတန်ရင်တစ်ခုခု အပြစ်အနာအဆာရှိတတ်တယ်ဆိုတဲ့ ထုံးစံအတိုင်းအဲ့ဒီအိမ်ကြီးကသရဲခြောက်တယ်လို့နာမည်ကြီးနေတာပါ။နောက်ထပ်ထူးဆန်းတာကသူဠေးပတ်ကအဲ့အိမ်ကသရဲခြောက်မှန်းအိမ်ပျက်ကြီးမှန်းသိသိနဲ့ကိုတမင်ရောင်းလိုက်တာပါ။ဒါကိုဝယ်ဖို့သွားတဲ့သူလည်း အဲ့အိမ်ကြီးကအိမ်ရှင်ဆီမှာ အရောင်းအဝယ်စာချုပ်လက်မှတ်ထိုးခိုင်းဖို့သွားရင်းရုတ်တရက်ပျောက်ဆုံးသွားပြန်တယ်။သူ့မိန်းမဖြစ်ကလည်းယောကျာ်းပျောက်သွားတော့ရဲတွေကိုအကြောင်းကြားပြီးရှာဖို့ကြိုးစားပါတော့တယ်။ဒီအမှုကိုကြိုးစားလိုက်နေတဲ့စုံထောက်ချွဲကဒီပျောက်ဆုံးမှုဟာလွန်ခဲ့နှစ်ပေါင်း ၃၀ လောက်ဖြစ်ခဲ့တဲ့ လူသတ်မှုတွေနဲ့ပါပတ်သက်ဆက်နွယ်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါအမှုကိုကြိုးစားဖော်ထုတ်ဖို့လုပ်ပါတော့တယ်။နောက်တော့သူဠေးပတ်နဲ့ သူယောကျာ်းပျောက်သွားတဲ့အမှုကြားမှာထူးဆန်းတာတွေက တစ်စပြီးတစ်စဖြစ်လာပါတယ်။ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို Mystery ဆန်ဆန် စိတ်ဝင်စားဖို့ကောင်းအောင် တွေးလုံးတွေထည့်ရိုက်ကူးထားပါတယ်။ကဲ အားလုံးပဲဘယ်လိုတွေဆက်ဖြစ်မယ် ဘယ်လိုဇာတ်လမ်းကအပြောင်းအလဲရှိလာမလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုခံစားစေချင်ပါတယ်။***English စာတန်းထိုးဖိုင် အမှန် မထွက်တာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကိုယ့်ဖာသာ Timing လုပ်နားထောင်ပြီး ပြန်ထားတာဖြစ်လို့ ဘာသာပြန် အမှားအယွင်းအနည်းငယ်ပါပါက သည်းခံကြပါ(ဘာသာပြန်သူကတော့ Moe Pwint ပဲဖြစ်ပါတယ်…) File Size : (700 MB) and (350 MB) Quality : HDRip 720p Running Time : 1hr 20min Format : Mp4 Genre : Horror Subtitle : ...
movie
Spirit: The Beginning of Fear (2020)
2020
4.7
Fantasy Island (2020)
စိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကား တင်ပေးလိုက်ပါပြီ။Rating နည်းပေမယ့် အတော်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်နေတာ အံ့သြစရာပါပဲ။ဒီရုပ်ရှင်ကတော့ ၁၉၇၇ လောက်က နာမည်ကျော်ခဲ့တဲ့ Fantasy Island ဆိုတဲ့ စီးရီးရဲ့ Prequel ဇာတ်လမ်းအနေနဲ့ ရေးသားရိုက်ကူးထားခဲ့တာပါ။ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းနာမည်အတိုင်းပဲ ကျွန်းကြီးတစ်ကြီးရှိပါတယ်။အဲဒီကျွန်းရဲ့ ပိုင်ရှင် မစ္စတာ ရို့ခ် ဟာ ကျွန်းပေါ်ကို ရောက်လာသမျှလူတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက် (သို့မဟုတ်) အလိုချင်ဆုံး ဆန္ဒ တစ်ခုစီကို ပြည့်စေရမယ် ကြေညာခဲ့ပါတယ်။အဲဒီကျွန်းပေါ်ကို ဖိတ်ခေါ်ခံရတဲ့ ကံထူးရှင်တွေကတော့ သူတို့လိုချင်တာတွေကိုဘယ်လိုဖြည့်ပေးမလဲဆိုပြီး သိချင်စိတ်တွေ၊ မျှော်လင့်ချက်တွေနဲ့ ရောက်လာကြတာပါပဲ။သူတို့ထင်တာတော့ ကစားနည်းလေးတွေ၊ ဆင်ဆင်တူ နေရာလေးတွေ၊ ပုံရိပ်ယောင်ပြစက်လေးတွေနဲ့ လုပ်ပေးမယ် ထင်ခဲ့တာပါ။ဒါပေမယ့် တကယ်တမ်းကျွန်းပေါ်ကို ရောက်လာတဲ့အခါ မဖြစ်နိုင်တဲ့ ဆန္ဒတွေကအစအားလုံးသော ဆန္ဒတွေကို ...
movie
Fantasy Island (2020)
2020
6.6
To Your Last Death(2019)
To Your Last Death(2019)ထိတ်လန့်ဖွယ် ခပ်ကြမ်းကြမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် Animation ဇာတ်ကြမ်းကားတစ်ကား လာပါပြီ...ဇာတ်လမ်းအညွှန်းDeKalb ဆိုတဲ့ အာဏာရှိမိသားစုမှာ သားသမီးလေးယောက်ရှိရာက သူတို့လေးယောက်လုံးကို ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကြီးဟာ ညှင်းပန်းနှိပ်စက်ခဲ့တာပါ...စီးပွားရေးရာမှာ အောင်မြင်လာတဲ့ဖခင်ကြီးဟာ နိုင်ငံရေးဘက်ကို ခြေစုံပစ်ဝင်ဖို့ ကြိုးစားလာပြီး ဒုတိယသမ္မတအဖြစ် မဲဆွယ်ပွဲလုပ်တဲ့အခါမှာ သားသမီးလေးယောက်လုံးဟာ သူတို့အဖေရဲ့မကောင်းကြောင်းကို လူရှေ့သူရှေ့မှာ ထုတ်ဖော်ပြောကြားလိုက်တဲ့အတွက် သူ့ရဲ့နိုင်ငံရေးကြိုးပမ်းမှုဟာ ကျရှုံးခဲ့ရပါတယ်... ဖခင်ဖြစ်သူအတွက်တော့ ကမ္ဘာမကျေ ဖြစ်ရပ်ပါပဲ..အဲ့ဒီနောက်တော့ ဖခင်ဖြစ်သူဟာ ဘယ်လိုရက်စက်ယုတ်မာမလဲ... သားသမီးတွေကရော ဘယ်လို လူသတ်သမားမျိုးစုံနဲ့တွေ့မလဲ... ဒီ Animation က အက်ရှင်ကားဖြစ်ပြီး လူသတ်ချက်တွေလည်း ရက်စက်ပြီး ထိတ်လန့်စရာကောင်းပါတယ်... Plot Twist တွေများတဲ့အပြင် ခပ်ဆန်းဆန်းဇာတ်အိမ်လည်းဖြစ်လို့ ခံစားကြည့်ကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်...File Size : (850 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:31:00 Genre : Animation , Action , Horror Subtitle ...
movie
To Your Last Death(2019)
[18+] Corpse Prison: Part 2 (2017)
ယု ဆိုတဲ့ မိန်းမလှလေးဟာ အချစ်ဦးနဲ့ လွဲခဲ့ရပြီး ကြမ်းတမ်းတဲ့ အတိတ်ဆိုးရဲ့ခြောက်လှန့်မှုကို အခုချိန်ထိ ခံနေရတဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ဦးအဖြစ် အသက်မွေးနေပြီး တစ်နေ့မှာတော့ သူ့ကို အလုပ်အပ်တဲ့ မြေအောက်လောကရဲ့ သြဇာရှိသူတစ်ယောက်နဲ့ ပတ်သက်မိပါတော့တယ်။ အဲ့ဒီလူအပ်လာတဲ့ ပစ်မှတ်နောက်ကိုလိုက်ရင်း သူ့ ငယ်ချစ်ဦးကို ပြန်သတိရစေတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကို ဆုံတွေ့ ပတ်သက်မိလာတဲ့နောက်မှာတော့..သူဟာ မရုန်းနိုင်စရာ သုံးပွင့်ဆိုင် ဇာတ်ရှုပ်ထဲကို တိုးဝင်မိပါတော့တယ်။ ၁၉၇၀ ၈၀ ဝန်းကျင်မှာ အင်မတန်အားကောင်းခဲ့တဲ့ Pink Film လို့ခေါ်တဲ့ အဖော်အချွတ်အသားပေး Crime,Thiriller ကားကောင်းတစ်ကားပါ။ ခေါင်းဆောင်မင်းသမီးရဲ့ ဂန္ဓဝင်မမ အလှနဲ့တင်ကြည့်ရတာတန်သလို ဇာတ်လမ်းလေးလဲမဆိုးပါဘူး။ အဖော်အချွတ်အသားပေးဆိုတဲ့အတိုင်း ၁၈ နှစ်အထက်ကားပါပဲ။Dark Side Production မှ တင်ဆက်လိုက်တာပါ။ File size…(800 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:15:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGBTranslated by ALS zawgyiယု ဆိုတဲ့ မိန်းမလှလေးဟာ အချစ်ဦးနဲ့ ...
movie
6.8
[18+] Corpse Prison: Part 1 (2017)
movie
[18+] Corpse Prison: Part 1 (2017)
2017
5.3
Gretel & Hansel (2020)
Gretel & Hansel (2020) IMDb - 5.3/10_____Rotten - 65% ၂၀၂၀ ခုနစ်ထွက် Fantasy/ Horror ဇာတ်ကားလေးဖြစ်ပါတယ်... ဂရင်းစ်ညီအစ်ကိုတွေရဲ့ ပုံပြင်တွေထဲက တစ်ပုဒ်ဖြစ်တဲ့ တောအုပ်ထဲက လူသားစားတဲ့ စုန်းမကြီးအိမ်ကို ရောက်ရှိသွားတဲ့ ဟန်ဆယ်နဲ့ ဂရက်တယ်တို့မောင်နှမနှစ်ယောက်အကြောင်းကို အားလုံးကြားဖူးကြမယ်ထင်ပါတယ်... ဒီဇာတ်ကားလေးကလည်း အဲဒါကို အခြေတည်ပြီးရိုက်ကူးထားတာပါ... ဟန်ဆယ်နဲ့ ဂရက်တယ်တို့ မောင်နှမနှစ်ယောက်ဟာ မုဆိုးမ အမေနဲ့အတူတူ ဆင်းဆင်းရဲရဲနေထိုင်ကြရပါတယ်... တစ်နေ့မှာတော့ သူတို့အမေက ကိုယ့်ဝမ်းကိုယ့်ကျောင်းဖို့ သူတို့နှစ်ယောက်ကိုနှင်ထုတ်လိုက်ပါတော့တယ်... ဒီလိုနဲ့ စိတ်မနောကောင်းတဲ့ မုဆိုးတစ်ယောက်က တောထိန်းတွေဆီ သွားခိုလှုံဖို့ လမ်းညွှန်လိုက်ပါတယ်... ဒီလိုနဲ့ သွားရင်းနဲ့ တောထဲမှာ စားကောင်းသောက်ဖွယ်တွေနဲ့ပြည့်နှက်နေတဲ့ တဲအိမ်လေးတစ်လုံးကို တွေ့လိုက်ရပါတော့တယ်... အိမ်ပိုင်ရှင်ကတော့ သဘောကောင်းပုံရတဲ့ အဖွားအိုတစ်ယောက်ပဲ... အဲဒီအဖွားအိုဟာ ပုံပြင်ထဲကအတိုင်း စုန်းမကြီးများလား... ဒီဇာတ်ကားမှာ မတူခြားနားတဲ့ မြှုပ်ကွက်တွေပါတာကြောင့် ဘာတွေလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး... IMDB 5.3/10 ရရှိထားပါတယ် File Size : ( 817 MB , 240 MB) Quality : WEB-DL 720p Running Time : 1 hr 27 min Format ...
movie
Gretel & Hansel (2020)
2020
3.7
The Turning (2020)
ညအချိန်ကြီး အလယ်ခေတ်Gothic ပုံ အဆောက်အဦးတခုအတွင်းမှမိန်းကလေးတယောက် ထွက်ပြေးလာပြီးကားတံခါးကို အလျင်အမြန်ဖွင့်ကာ မောင်းပြေးသည်။အိမ်ကြီးထဲတွင်တော့ ကလေးတယောက်က ပြတင်းပေါက်မှ ကြည့်နေပြန်တယ်။ကားလေးက ခြံဝင်းတံခါးဆီအရောက်တွင်တော့တံခါးပိတ်ထားတာကြောင့် ရပ်သွားရတော့တယ်။အထဲမှ မိန်းကလေးထွက်လာပြီး တံခါးပွင့်အောင်လုပ်လိုက်နိုင်တယ်။တံခါးပွင့်လို့ ကားဆီပြန်သွားပြီး ကားတံခါးဖွင့်မယ်အလုပ်ကားဘေးမှန်ထဲပေါ်လာတာကတော့.....သူကတော့ သူ့အခန်းဖော်ကို ကြိုမပြောမိလို့ တောင်းပန်နေရတယ်။သူအလုပ်လုပ်တဲ့ကျောင်းကနေ ထွက်ပြီး ကလေးမလေးတယောက်ကိုထိန်းပေးဖို့ ကျောင်းကလူတွေကပဲ အလုပ်ရှာပေးလိုက်ကြတယ်။ရုတ်တရက်ကြီးဆိုတော့ သူ့အခန်းဖော်ကိုလည်း ပြောပြီးပြီးချင်းသူလည်း အလုပ်ကိုသွားရတော့မယ်။အလုပ်ကတော့ လုပ်တဲ့ဆီမှာပဲ နေရမှာဆိုတော့ အခန်းဖော်ကတော့သူမရှိတော့မှာကို စိတ်မကောင်းတော့ တဖျစ်တောက်တောက်ပေါ့။သူ့အမေဆီကိုလည်း သူမသွားခင် နှုတ်ဆက်သွားရအုံးမယ်။ဒီလိုနဲ့ သူနေရမယ့်ဆီ ရောက်လာတယ်။အိမ်ကြီးကတော့ ကျယ်ဝန်းလှတဲ့ ခြံကြီးထဲမှာရှိပြီးရှေးခေတ်အိမ်ကြီးပဲ နေတဲ့သူကတော့ အိမ်တော်ထိန်းခေါ်ရမယ့်အမျိုးသမီးကြီးတယောက်နဲ့ ကလေးမလေးပဲနေတယ်။ ...
movie
The Turning (2020)
5.9
Underwater (2020)
movie
Underwater (2020)
2020
6.4
The Hunt (2020)
The Hunt (2020)==============IMDb Rating 6.4 / 10 ထိရရှိထားပါတယ်။#Unicodeဒီဇာတ်ကားက Digital Release အနေနဲ့ ထွက်ရှိလာတဲ့ ရုံတင်ကားတစ်ကားပါပဲ . . .လူကုံထံလူတစ်စုရဲ့ Group Chat တစ်ခုတွင် အိမ်တော်ကြီးမှာအမဲလိုက်ခြင်းနဲ့ပတ်သတ်ပြီးအပြန်အလှန်ပြောဆိုပြီးမကြာခင်မှာ .... တစ်ယောက်နဲ့တစ်ယောက်မသိကြတဲ့ နေရာစုံကလူ ၁၁ ယောက်ဟာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိတဲ့နေရာတစ်ခုမှာနိုးလာကြတယ်။သူတို့ကိုဘာလို့ရွေးချယ်ထားတာလဲ ဘာလို့ဒီကိုရောက်နေတာလဲ ဘယ်သူမှသေချာမသိကြပါဘူး။လက်နက်သေတ္တာကြီးထဲမှာ လက်နက်တွေကိုစယူလိုက်တာနဲ့ အမဲလိုက်ပွဲကစတင်ပြီးတစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံကြရတယ်။ ဒါပေမယ့် သားကောင်ကနေမုဆိုးအဖြစ်ပြန်ပြောင်းသွားတဲ့အခါမှာ ဖုံးကွယ်ထားတဲ့အကြောင်းအရင်းတွေထွက်ပေါ်လာပါတယ်။ ဒီကိစ္စတွေဖြစ်ရတဲ့ အကြောင်းအရင်းအစစ်အမှန်ဟာ ချယ်ရီသင်းသီချင်းလေးလို"လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား" နဲ့မုန့်လုံးစက္ကူကပ် ဖြစ်နေလို့ သေချာနားလည်အောင်လို့ဇာတ်လမ်းလေးပဲကြည့်လိုက်ကြပါတော့နော်။ ဇာတ်လမ်းစစချင်းမှာပဲ သွေးသံတရဲရဲနဲ့ထိတ်လန့်ဖွယ်ရာတွေမြင်တွေ့ရမှာဖြစ်ပြီး တစ်ယောက်သေတိုင်း ဟာခနဲ ဟင်ခနဲ ဖြစ်ရမယ့်IMDb 6.4 ရထားတဲ့ဇာတ်ကားမျိုးလေးဖြစ်ပါတယ်။ #Zawgyiဒီဇာတ်ကားက Digital Release အနေနဲ့ ထွက်ရှိလာတဲ့ ရုံတင်ကားတစ်ကားပါပဲ . . .လူကုံထံလူတစ်စုရဲ့ Group Chat ...
movie
The Hunt (2020)
2020
6.3
Swallow (2019)
ဒီရုပ်ရှင်ကတော့ တော်တော် ရင်ဖိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ ရုပ်ရှင်လေးပါ။အစပိုင်းကနေ အဆုံးထိ သင့်ကို တဖြည်းဖြည်းချင်း ဆွဲငင်သွားမှာပါ။ဇာတ်လမ်းကတော့ Hunterဆိုတဲ့ မိန်းကလေးရဲ့ဘဝကိုအခြေတည်ပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။Hunterကတော့ လုံးဝပြီးပြည့်စုံတဲ့ သူချမ်းသာမိသားစုကလူတစ်ယောက်နဲ့ လက်ထပ်ထားတဲ့ သတို့သမီးအသစ်လေးပါ။သူမက လက်ခံမှုရှိပြီး ညင်သာတဲ့ မိန်းကလေးပါ။ဒါပေမယ့် Hunterက သူမရဲ့နေ့ရက်တိုင်းကို ခင်ပွန်းဖြစ်သူရဲ့ခြောက်ကပ်ကပ် ခေတ်မီအိမ်ကြီးထဲမှာအဆုံးမရှိတဲ့သစ်တောကြီးကို ငေးကြည့်ရင်း ကုန်ဆုံးရတယ်။အဲ ပြဿ နာတွေကတော့ Hunter တစ်ယောက် သက်မဲ့ပစ္စည်းတွေကိုစားစရာလိုမြိုချချင်တဲ့ စိတ်ကစဉ့်ကလျားရောဂါ ရှိလာတဲ့အခါမှာ စတော့တာပါပဲ။ရုပ်ရှင်အမျိုးအစားကတော့ Drama/Thriller ပါ။စိတ္တဇသည်းထိတ်ရင်ဖိုဇာတ်လမ်းကို လှလှပပလေးရိုက်ကူးထားမို့thriller ချစ်သူတွေအတွက် ဒီရုပ်ရှင်ကို ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။ File Size : ( 893 MB , 245 MB) Quality : WEB-DL ...
movie
Swallow (2019)
First
97
98
99
100
101
Last
Previous
Next