Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Horror
5.2
Dead Dicks 2019
ဒီကားလေးကတော့ Rating 5.4ရထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် review 5.4 ရထားတယ်ထင်ပြီးမကောင်းဘူးမထင်နဲ့နော် ဒီကားလေးက Dead dicks ဆိုတဲ့အတိုင်း horror ကားဖြစ်ပါတယ် ဇာတ်လမ်းအစ မှာ Becca လို့ခေါ်တဲ့ သူနာပြုမလေးကို သူ့အကိုဖြစ်သူ Richie ဆီက ထိတ်လန့်စရာ message ကိုရရှိခဲ့ပြီး အဲ့ဒါကြောင့် သူက သူ့အကို ဆီကိုအပြေးသွားခဲ့ပါတယ် သူအကိုေနတဲ့တိုက်ခန်းကိုရောက်သွားတဲ့အခါမှာတော့ စိတ်ရောဂါဝေသနာခံစားနေရတဲ့ သူ့အကိုက အဝတ် ဘီရိုထဲမှာ ကြိုးဆွဲချပြီးသေနေတာ ကိုမြင်တွေ့ခဲ့ရပြီး လန့်သွားခဲ့ပါတယ် ဒါပေမယ့် ထူးဆန်းတာက သူ့အကိုရဲ့အလောင်းက တစ်ခုမကပဲ လေးခုဖြစ်နေပါတယ် အဲ့လိုနဲ့ ဘာေတွဆက်ဖြစ်မလဲသိချင်တယ်ဆုိရင် ကြည့်ကြည့်လိုက်ပါနော်File Size : 600 Mb / 300 Mb Quality :WEB-DL 720p Format…mp4 Duration…01:23:00 Genre : Comedy, Horror, Sci-fi Subtitle : Myanmar Subtitle (Hard ...
movie
Dead Dicks 2019
7.3
Impetigore (2019)
ဒီကားကတော့ အင်ဒိုသရဲကားပါ ကျိန်စာတွေ, အောက်လမ်းတွေ, မှော်တွေ, ရုပ်သေးပညာတွေနဲ့ ပတ်သတ်ပြီးစိတ်ဝင်စားတဲ့သူတွေဆိုရင် ဒီကားကလက်မလွတ်သင့်တဲ့ကားပါ မင်းသမီးနဲ့သူ့သူငယ်ချင်းတို့က အထည်ရောင်းတဲ့စီးပွားရေးလုပ်ဖို့ အတွက်၂ယောက်သားရှိသမျှငွေအကုန်ရင်းလိုက်ကြတယ် ကံဆိုးစွာနဲ့ ဂျင်းမိပြီး သူတို့မှာထားတဲ့အထည်တွေက Qualityအရမ်းညံ့တော့ဘယ်သူမှမဝယ်ကြဘူး အဲ့မှာ၂ယောက်လုံးမွဲပြာကျနေတဲ့အချိန် မင်းသမီးကသူ့မိဘတွေနေခဲ့တဲ့ရွာမှာအမွေပြန်သွားတောင်းမယ်ဆိုပြီး သူငယ်ချင်း၂ယောက်သားဆုံးဖြတ်လိုက်ကြတယ် ရွာကလည်းတော်တော်ကိုဝေးပြီး လူတော်တော်များများမသိတဲ့ရွာကြီးပါ သူတို့အဲ့ရွာလည်းရောက်ရောရွာကြီးကခြောက်ကပ်နေပြီ ကြက်သီးထစရာအပြည့်နဲ့သူတို့ကိုကြိုဆိုနေပါတယ် အဲ့ကနေစပြီး မင်းသမီးသူအမွေရမယ့်ဟာကိုစုံစမ်းရင် းသူ့သူငယ်ချင်းနဲ့အတူ အဲ့ရွာကနေလွတ်မှာလား မလွတ်ဘူးလားဆိုတာ ကြည့်ကြပါဦးလို့... File Size - 1.14 gb Quality - web-dl 1080p Subtitle - burmese Translator - Dolly Encoder - Thit San Khant
movie
Impetigore (2019)
2019
6.2
Amulet
ဒီဇာတ်လမ်းကတော့ ဇူလိုင်လ ၂၄ ရက်နေ့ကမှ ထွက်ထားတဲ့ အသစ်စက်စက် ကား တစ်ကားဖြစ်ပါတယ် ဇာတ်ကားနာမည်က Amulet ပါ Amulet ဆိုတာက အဆောင် လက်ဖွဲ့ ပစ္စည်းတစ်ခုခုကို ပြောချင်တာဖြစ်ပါတယ် တချို့အဆောင်လက်ဖွဲ့တွေက သိမ်းထားရင် ဘေးရန်ကင်းတယ်လို့ တချို့ကတော့ ဘေးဖြစ်စေတယ်လို့ ယူဆကြတတ်ကြပါတယ် ဒီဇာတ်ကားမှာလည်း အဆောင်လက်ဖွဲ့လေးတစ်ခုကို ရပြီးတော့ ထူးထူးဆန်းဆန်းတွေ ကြုံရတာကို ရိုက်ထားတာပါ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် တိုးမက်ဇ် လို့ခေါ်တဲ့ စစ်သားတစ်ဉီး ရှိပါတယ် သူက အကျင့်စာရိတ္တလည်း မကောင်းပါဘူး သူ တာဝန်ထမ်းဆောင်နေဆဲကာလမှာ ဆိုးရွားတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့တယ် ပြီးတော့သူ အဆောင် လက်ဖွဲ့တစ်ခုကို တောထဲမှာ ရှာတွေ့ခဲ့ပါတယ် အဲ့ဒီ့လက်ဖွဲ့ကလေးရပြီးတဲ့နောက် သူ ထူးထူးဆန်းဆန်းတွေနဲ့ပဲ ကြုံရပါတော့တယ် တစ်နေ့ သူမေ့လဲသွားပြီး မြို့က ဆေးရုံကို ရောက်သွားခဲ့ပါတယ် အဲ့ဒီနောက် စစ်စတာ တစ်ယောက်နဲ့ အဆက်အသွယ်ရပြီးတော့ မြို့က အကူညီလိုအပ်နေတဲ့ မက်ဂဒါလို့ခေါ်တဲ့ အမျိုးသမီးအိမ် ကို သွားပြီးတော့ အိမ်အလုပ်တွေ ကူလုပ်ရင်း နေခဲ့ပါတယ် မက်ဂဒါ ရဲ့ အမေက မူမမှန်ပါဘူး ဒ ါကို အစတည်းက တိုးမက်ဇ်က ရိပ်မိပါတယ် ဒါပေမယ့် အမေဖြစ်သူကိုတော့ သူ မမြင်ဖူးခဲ့ပါဘူး ဒီအိမ်ကိုစရောက်တဲ့နေ့ကစပြီးတော့ တိုးမက်ဇ်ဟာ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခုကြုံလာရပါတော့တယ် အိမ်ကနေ ...
movie
Amulet
2020
7.3
The Rental
ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တာကတော့ ညဘက်မှာ ကျောခြမ်းစရာ Thriller လေးတွေမှ ကြည့်ချင်တယ်ဆိုတဲ့ လူတွေအတွက် အကြိုက်ဖြစ်ပါလိမ့်မယ် ။ ခရီးတွေသွားတဲ့အခါ ငှားလို့ရတဲ့ လုံးချင်းအိမ်လေးတွေကို သိကြမယ်မလား ။ အခုဇာတ်အိမ်ကလည်း အဲ့လိုအိမ်လေးအပေါ် အခြေခံထားခဲ့တာပါ ။ ချာလီနဲ့ ဂျော့ရှ်က ညီအစ်ကို နှစ်ဦးဖြစ်ပြီး သူတို့ရဲ့ ချစ်သူတွေဖြစ်တဲ့ မီရှယ် ၊ မီနာ တို့နဲ့အတူ ပိတ်ရက်မှာ ကမ်းခြေကို ခရီးထွက်ဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ် ။ ငှားထားတဲ့ အိမ်ကို ရောက်လာတဲ့အခါမှာတော့ အိမ်ပိုင်ရှင်က နည်းနည်း ထူးဆန်းပြီး လူမျိုးရေးခွဲခြားတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်နေပြန်တာမလို့ မီနာက သဘောမကျခဲ့ပါဘူး ။ ဒီလိုနဲ့ပဲ ညဘက်ရောက်တဲ့အခါမှ သောက်စားမူးယစ်ရင်း မီနာက သူ့ရည်းစားရဲ့ ညီဖြစ်သူ ချာလီနဲ့ မှားယွင်းမိပြီး နောက်တစ်နေ့မှာတော့ သူတို့ရဲ့ ရေချိုးခန်းတွေထဲမှာ ကင်မရာ ဆင်ခံထားရတာကို သိလိုက်ရပါတော့တယ် ။ ဒါတင်မက တခြားရှုပ်ထွေးတဲ့ကိစ္စကပါ ထပ်ပြီး ထွက်ပေါ်လာတဲ့အချိန်မှာတော့ သူတို့လေးယောက်က ဒါတွေက ဘယ်လိုမျိုး ဖြေရှင်းကြမလဲ ဆိုတာကို ဇာတ်ကွက်အလှည့်အပြောင်းကြမ်းကြမ်း ၊ အသည်းတယားယားနဲ့ ကြည့်ရမှာ ဖြစ်သလို ချစ်သူတွေကြားက ကတောက်ကဆကိုပါ မြင်သာအောင် ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ခုလည်း ဖြစ်ပါတယ် ။ File Size - 954 ...
movie
The Rental
2020
6.5
Alive (2020)
မြို့တစ်မြို့မှာ အကြောင်းအရင်းမသိရတဲ့ ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့လာပြီး ထိန်းချုပ်မရဖြစ်လာတဲ့အချိန် တိုက်ခန်းတွဲကြီးတစ်ခုမှာ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ပဲ ရှိလာတဲ့အခါ...သူတို့နှစ်ယောက် ဇွန်ဘီလူသားတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့အချိန်တွေမှာ ဘယ်လိုကူညီပေးကြမလဲဖုန်းလိုင်းမမိသေးတဲ့အချိန် ဘယ်လိုဆက်သွယ်ကြမလဲ ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါtrailer ထွက်ကတည်းက ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ မင်းသားနဲ့မင်းသမီးကြောင့် ဇာတ်ကားကိုရင်းနှီးပြီးသားဖြစ်နေကြမှာပါထိတ်လန့်သည်းဖိုတွေကို သဘောကျတတ်ရင် သေချာပေါက်စိတ်မပျက်စေမယ့်ကားမလို့ ဒီကားလေးကို ညွှန်းပေးလိုက်ပါတယ်နော် File Size : ( 923 MB , 459 MB) Quality : WEB DL 720p Running Time : 1 hr 38 min Format : Mp4 Genre : Action , Drama , Horror Subtitle : Myanmar Subtitle (Hard Sub) Translated by P Encoded by Moe Myint Lwin
movie
Alive (2020)
8.0
Soul (2020)
မလေးရှားစုန်းသရဲကားကိုသဘောကျတဲ့သူတွေအတွက် အသစ်စက်စက် August 6ရက်နေ့မှ Malaysiaမှာreleaseလုပ်မယ့် ကားလေးပါ လူတွေနဲ့ဝေးရာတောကြီးထဲမှာ အာလုံတို့မောင်နှမ၂ယောက်ရယ် သူတို့အမေရယ်၃ယောက်နေထိုင်ကြပါတယ် တစ်နေ့အာလုံတော့မောင်နှမ၂ယောက်တောထဲမှာလျှောက်သွားရင်း ကလေးမလေးတစ်ယောက်ကိုတွေ့လို့အိမ်ကိုခေါ်လာခဲ့ကြတယ် အဲ့ကလေးမလေးကိုသူတို့ကလမ်းပျောက်နေတယ်ထက်လို့ အိမ်မှာခဏပေးနေထားတယ် နောက်နေ့မနက်ရောက်တော့ အဲ့ကလေးမလေးက ရုတ်တရက် "ဒီမိသားစုကလူတွေအကုန်သေလိမ့်မယ်" လို့ပြောပြီး သူ့လည်ပင်းသူဖြတ်ပြီးသတ်သေသွားတယ် အဲ့ကနေ့စပြီး သူတို့မိသားစု၃ယောက်အခက်အခဲတွေနဲ့ ဆက်တိုက်ကြုံရပါလေရော .... သူတို့တွေအကုန်ကလေးမလေးပြောသလိုသေမှာလား... ကလေးမလေးကကော ဘယ်ကရောက်လာလဲဆိုတာ... ဆက်ပြီးကြည့်လိုက်ပါဦးလို့ File Size - 600mb Quality - web-dl 720p Subtitle - burmese Translator - Dolly Encoder - Thit San Khant
movie
Soul (2020)
2020
2.6
Coven 2020
အဆင့်မြင့်စုန်းမငါးယောက်ဟာ သူတို့ရဲ့စုန်းမကြီး Ashura ရဲ့ရှေးဟောင်းစွမ်းအားတွေကို ပြန်လည်ခေါ်ယူတဲ့ ပူဇော်ပွဲလုပ်ဖို့အတွက် အတူစုဝေးလာကြပါတယ် စုန်းအဖွဲ့ရဲ့ခေါင်းဆောင်က ဦးဆောင်ကျင်းပပြီးတော့ ပွဲလုပ်နေစဥ်မှာ မတော်တဆ စုန်းမအဖွဲ့ဝင်တစ်ယောက်ကို သတ်လိုက်မိခဲ့ပါတယ် ဒါကြောင့် စုန်းမ Ashura ရဲ့စွမ်းအားကိုခေါ်ယူတာပြီးမြောက်ဖို့အတွက် နောက်ထပ်စုန်းမတစ်ယောက်ကိုရှာဖွေဖို့လုပ်ပါတော့တယ် ကျန်ရှိနေတဲ့ စုန်းမတွေရဲ့အစွမ်းတွေကို သူမစုပ်ယူဖို့အတွက် အဲ့အချိန်မှာ Ashura ရဲ့ spirit ကလွတ်မြောက်သွားပြီး စုန်းမအဖွဲ့ဝင်တွေကို လိုက်သတ်ဖို့ကြိုးစားတဲ့အချိန်မှာ စုန်းမအဖွဲ့ထဲကို အသစ်ဝင်ရောက်လာတဲ့ စုန်းမတစ်ယောက်က တားဖို့ကြိုးစားတဲ့အချိန်မှာတော့..... ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ပါဦးFile Size : 600 Mb / 300 Mb Quality :WEB-DL 720p Format…mp4 Duration…01:20:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Littleneo
movie
Coven 2020
6.5
Watching (2019)
Watching (2019) 2019 ထွက် Horror Movie လေးတင်ဆက်ပေးလိုက်ပါတယ်...ယောင်းဝူဟာ အလုပ်အရမ်းကြိုးစားတဲ့ အဖွဲ့မှူး တစ်ယောက်ပါ ...သူမက Single Mother တစ်ယောက်ဖြစ်ပြီး ဂုဏ်သိက္ခာအပြည့်နဲ့ ရပ်တည်နေသူပါ ...သူမရဲ့ အလုပ်ပြန်ချိ်န်ကတော့ အမြဲနောက်ကျလေ့ ရှိပါတယ် ...သူမကို အဖွဲ့ခေါင်းဆောင်ကလည်း အလုပ်တွေအနိုင်ကျင့်ပြီး ခိုင်းတတ်ပါသေးတယ် ...ဒါပေမယ့် သူမကို အမြဲ သတိထားစောင့်ကြည့်နေတဲ့သူရှိပါတယ်...သူကတော့ သူမတို့ Company အဆောက်အဦး ကားပါကင်ကဂျွန်ဟိုဆိုတဲ့ လုံခြုံရေးကောင်လေးပါ သူမကို အမြဲတမ်း စကားတွေ လိုက်ပြောလေ့ ရှိပြီ း မမ လို့ တရင်းတနှီးလည်း ခေါ်တတ်ပါသေးတယ်...စွဲလမ်းမှုကနေ စိတ္တဇလိုဖြစ်လာပြီး ဂျွန်ဟိုတစ်ယောက်ဟာ မလုပ်သင့်တာတွေ လုပ်ပါတော့တယ်...ယောင်းဝူဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာကိုတော့....ခံစားကြည့်ကြပါဉီး...ဇာတ်လမး်အညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်...File Size : (900 MB) and (363MB) Quality : WEB-DL 720p Format…mp4 Duration…01:38:00 Genre : Thriller,Horror Subtitle ...
movie
Watching (2019)
6.7
Necromancer (2020)
[Unicode]The Necromancer 2020casts ဝင်း အဖြစ် Mark Prin နောဝ်အဖြစ် Pearl Pitchapa ဂေါ့အဖြစ် Got Jirayu Tantrakulဇာတ်လမ်းအကျဉ်း...အဖေဖြစ်သူရဲ့ သံမဏိအဆောင်ကို လိုချင်သူတစ်ဦးကြောင့် မျက်စိရှေ့မှာတင် အဖေ့ကို သတ်ဖြတ်သွားတာကို မြင်လိုက်ရတဲ့ ဝင်းတစ်ယောက် အဖေ့အတွက် ပြန်လက်စားချေနိုင်ဖို့ လူသတ်သမားကို လိုက်ရှာပါတော့တယ်မှော်အတတ်ကို မလိုအပ်ဘူးထင်ခဲ့ပေမယ့် အဖေ့အတွက် လိုအပ်လာချိန်မှာ လိုက်လံသင်ယူခဲ့ပြီး နောက်ဆုံးမှာတော့ သဲလွန်စရှာတွေ့ခဲ့ပါတော့တယ်အဖေဖြစ်သူရဲ့ အဆောင်ကိုရှာရင်း ဝင်းသံသယဝင်လာတဲ့ လူချမ်းသာတွေအတွက် မှော်ပစ္စည်း စုန်းအတတ် ပစ္စည်းတွေရောင်းပေးနေတဲ့ အဖွဲ့အစည်းတစ်ခု...အဲဒီအဖွဲ့အစည်းနဲ့ပတ်သတ်နေတဲ့ ဝင်းချစ်သူ နောဝ်... အဖွဲ့အစည်းကိုစုံစမ်းရင်း လူသတ်မှုတွေမှာ ပါဝင်လာမိတဲ့ ဝင်း...လူသတ်မှုတွေနောက်လိုက်နေတဲ့ ရဲအုပ်ချန်တစ်ယောက် သေဆုံးပြီး ရဲအုပ်ရဲ့ အစ်ကိုဖြစ်သူက ဒဏ္ဍာရီလာ ပြောစမှတ်ပြုနေကြတဲ့ မှော်စွမ်းအားရှင် တစ်ယောက်ဖြစ်နေတဲ့အခါ...ရဲအုပ်ချန်ကို သတ်တဲ့သူနဲ့ ဝင်းအဖေကို သတ်တဲ့သူက တစ်ယောက်တည်း ဖြစ်နေမလား မှော်စွမ်းအားရှင်နဲ့ ဝင်းတို့ ပူးပေါင်းပြီး ရန်သူကိုချေမှုန်း လက်စားချေနိုင်မလား...( အညွှန်းရေးသားပြီးဘာသာပြန်သူကတော့ Kyi ...
movie
Necromancer (2020)
3.1
Termination 2019
Captain ချာလီနဲ့ သူ့ရဲ့အဖွဲ့သားတွေဟာ မားစ်ဂြိုလ်ကို မစ်ရှင်တစ်ခုနဲ့ အာကာသခရီးနှင်ကြတယ် ထူးဆန်းစွာနဲ့ captain ချာလီဟာ စိတ်လွတ်ပြီး သူ့ရဲ့အဖွဲ့သားတွေကို သတ်ဖြတ်တော့တယ်။ အဖွဲ့ထဲမှာ ပါလာတဲ့ ချာလီရဲ့ချစ်သူကတော့ သူ့ရဲ့ချစ်သူကို ဆေးကုသမှုတွေ စိတ်ငြိမ်ဆေးတွေနဲ့ ကုသချင်ခဲ့တယ်။ ဒါပေမယ့်ဟ ဒါဟာ အလုပ်ဖြစ်ပါ့မလား ....... ဇာတ်လမ်းက chapter တစ်ခုချင်းစီနဲ့ ကိုယ်စီဇာတ်လမ်းတစ်ခုစီရှိနေပါတယ် .... termination ဆိုတဲ့အတိုင်း အဆုံးစီရင်မှ လွတ်မြောက်နိုင်မယ့် အခြေအနေမှာ ဘယ်လိုတွေ ရင်ဆိုင်ကြမလဲဆိုတာ ကြည့်ရမှာပါ.... ခေါင်းစားရတာ ကြိုက်တဲ့သူတွေ တကယ်ကို ကြည့်သင့်တဲ့ကားပါနော် File Size : 650 Mb / 350 Mb Quality :WEB-DL 720p Format…mp4 Duration…01:30:00 Genre : Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Yoon Sandi ...
movie
Termination 2019
6.4
Relic (2020)
Relic (2020)==========IMDb Rating - 6.4/10#Unicodeဒီဇာတ်ကားလေးကတော့ 2020ခုနှစ်ထွက် IMDb 6.4/10 ရထားတဲ့ horror/dramaဇာတ်လမ်းလေးပါ။åဇာတ်လမ်းအညွှန်းကတော့ အသက်80အရွယ်အမေဖြစ်သူဟာ အိမ်က ရက်အတော်ပျောက်သွားတာကိုနယ်မြေရဲဖြစ်သူက ဖုန်းဆက်လာတာကြောင့် သမီးဖြစ်တဲ့ ကေနဲ့ မြေးမလေး ဆမ်တို့ဟာ အဖွားရှိရှာ မြို့ကိုချက်ချင်းလာခဲ့ပါတယ်။ ရဲတွေနဲ့ပူးပေါင်းပြီး သူတို့သားအမိဟာ အမေဖြစ်သူကို ရှာခဲ့ပေမယ့်လည်း လုံး၀ရှာမရခဲ့ပါဘူး။ ဒါပေမယ့် မထင်မှတ်တဲ့ တမနက်မှာတော့ အဖွားကြီးဟာ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတယ်။ ကေနဲ့ဆမ်ဟာ အဖွားဖြစ်သူကို ဘယ်ရောက်ခဲ့တာလဲ မေးခဲ့ပေမယ့်လည်း အသက်80အရွယ် အဖွားကြီးဆိုတော့ မမှတ်မိခဲ့ပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းချင်း အဖွားဖြစ်သူရဲ့ ပုံမှန်မဟုတ်တဲ့ မှတ်ညဏ်ချို့ယွင်းမှုတွေဖြစ်လာတာမို့ အဲ့လိုဖြစ်တာတွေကို သူတို့သားအမိရှာဖွေတွေရှိလာခဲ့ပါတယ်။ သူတို့သားအမိဟာ အဖွားရဲ့မှတ်ညဏ်ချို့ယွင်းမှုကြောင့် မျက်စိအောက်က အပျောက်မခံပဲ သေချာစောင့်ကြည့်လိုက်တဲ့အခါမှာတော့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ ဘယ်လို ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေလဲဆိုတာကိုတော့ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုခံစားပေးကြပါဦး........(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ YK ပဲဖြစ်ပါတယ်။)#Zawgyiဒီဇာတ္ကားေလးကေတာ့ ...
movie
Relic (2020)
2020
6.3
Silhouette (2019)
IDMb rating 6.5/10 Horror,Thriller Jack Harms နဲ့ Amanda Harmsဆိုတဲ့ ဇနီးမောင်နှံနှစ်ဦးမှာ Sarah ဆိုတဲ့ သမီးလေးတစ်ယောက်ရှိတယ်။Sarah ဟာ နာမကျန်းရောဂါနဲ့ သေဆုံးသွားတဲ့အခါ Jack က ဇနီးသည်Amanda ရဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ဖို့ Amanda နဲ့အတူကျေးလက်နယ်မြေတစ်ခုဆီ အိမ်ပြောင်းရွှေ့ခဲ့တယ်။ဇနီးသည်ရဲ့ စိတ်အခြေအနေကို Jack ထင်ထားသလိုကျေးလက်ရဲ့ ငြိမ်းအေးမှုနဲ့ ကုစားနိုင်ပါ့မလား။အတိတ်ရဲ့အရိပ်တွေက ထပ်ကြပ်မကွာ ခြောက်လှန့်နေတယ်။မည်းနက်ပြီး ဆေးကြောလို့မရတဲ့ အပြစ်တွေကခန္ဓာကိုယ်ထဲ ကိန်းအောင်းနေပြီး Silhouette ပုံရိပ်တစ်ခုလို...Silhouette ရုပ်ရှင်က သရုပ်ဆောင်မှုနဲ့ ရိုက်ချက်တွေကိုအဓိကဦးစားပေးရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။သရုပ်ဆောင်တစ်ဦးချင်းစီရဲ့ သရုပ်ဆောင်မှုကနေ ထင်ရှားထွက်နေတဲ့စိတ်ခံစားချက်တွေကို မြင်တွေ့ရမယ်။Amandaရဲ့ စိတ္တဇခြောက်ခြားမှုတွေကို မှောင်မည်းပြီး...
movie
Silhouette (2019)
6.1
Yummy (2019)
Yummy (2019)============IMDb Rating - 6.1/10#Unicodeဇွန်ဘီကားစစ်စစ်ကို ဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ချင်ရင်တော့ IMDb rating 6.1 ရထားတဲ့ ဒီကားကအသင့်တော်ဆုံးပါပဲ။ ပြင်းထန်တဲ့ပြကွက်တွေနဲ့ သွေးထွက်သံယိုတွေအများကြီးပါလို့ အသဲငယ်ရင်မကြည့်တာကောင်းပါတယ် :'Dအယ်လီဆန်ဟာ သူမရဲ့ ကြီးမားတဲ့ရင်သားတွေကြောင့် ယောက်ျားလေးတွေရဲ့ ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာစနောက်ခြင်းကိုခံနေရတာကြောင့် ရင်သားဆိုဒ်ကို သေးအောင်ခွဲစိတ်ဖို့အတွက် သူ့ရဲ့အမေ၊ ကောင်လေးဖြစ်သူတို့နဲ့အတူ ပလစ်စတစ်ဆာဂျရီဆေးရုံကို အတူလာခဲ့ကြပါတယ်။ ဆေးရုံအုပ် ဒေါက်တာခရောချက်ကတော့ "ကမ္ဘာကြီးကို ပိုမိုလှပအောင်လုပ်ဖို့" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသက်ကြီးတာကိုရပ်တန့်စေတဲ့ ကုသမှုကို စမ်းသပ်နေတဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ အယ်လီဆန်ရဲ့ကောင်လေးဖြစ်တဲ့ ပိုပီဟာ အယ်လီဆန်မခွဲစိတ်ခင်မှာ ဆေးရုံဝန်ထမ်းတချို့နဲ့ စကားများပြီး စိတ်ပြေလက်ပျောက် ဆေးရုံအခန်းတွေကိုလိုက်ကြည့်ရာကနေ တားမြစ်ထားတဲ့အခန်းတစ်ခုထဲ ရောက်သွားပါတယ်။အဲဒီ့အခန်းထဲမှာ ကြိုးတွေနဲ့တုပ်ပြီး ပါးစပ်အပိတ်ခံထားရတဲ့ ရုန်းကန်နေတဲ့မိန်းမတစ်ယောက်ကို သူတွေ့လိုက်ရတဲ့အချိန်မှာ ကူညီတဲ့အနေနဲ့ ပါးစပ်ပိတ်ထားတဲ့အစွပ်ကို ဖြုတ်ပေးလိုက်တဲ့အခါ ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေစတင်ကြုံရပါတော့တယ်။ အဲဒီ့အမျိုးသမီးကို ဆေးရုံရဲ့ကန့်သတ်ခန်းထဲမှာ ဘာကြောင့်ထည့်ပိတ်ထားရတာလဲ..........ဒီကိစ္စဟာ စမ်းသပ်မှုနဲ့ရော ဘယ်လိုတွေသက်ဆိုင်နေလဲ..........ဆေးရုံကလူတွေကရော ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာ ဒီ ...
movie
Yummy (2019)
2019
5.9
Cannibal Holocaust (1980)
Cannibal Holocaust (1980) IMDb - 5.9/10_____Rotten - 65% ဒီဇာတ်လမ်းလေးကတော့ IMdB 5.9/10 ရထားတဲ့ Adventure/Horror ဇာတ်လမ်းလေးပါ. ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်နိုင်ငံသားဒါရိုက်တာဖြစ်တဲ့ Allenဟာ သူ့ကောင်မလေးဖြစ်တဲ့ ဇာတ်ညွန်းရေးဆရာမလေးရယ် ကင်မရာမန်းနှစ်ယောက်ရယ်နဲ့ အမေဇုန်တောနက်ထဲ အစိမ်းရောင်ငရဲခန်းလို့ တင်စားထားတဲ့ အသားစားလူမျိုးစု နှစ်ခုရှိတဲ့ နေရာကို စွန့်စားသွားလာခဲ့ပါတယ်. သူတို့အဲ့ဒီကို သွားလာရတဲ့ ရည်ရွယ်ချက်ကတော့ အဲ့လူမျိုးနွယ်စုနှစ်ခုရဲ့ လူနေမှုစရိုက်ကို မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးဖို့ပါ.. ဒါပေမယ့် သူတို့ အဲ့ဒီကို ရောက်သွားပြီး နှစ်ပတ်အကြာမှာ ဘာသတင်းမှ မကြားရတော့တာကြောင့် နယူးရော့ တက္ကသိုလ်က မနုဿဗေဒပေါမောက္ခတစ်ဦးဟာ သူတို့နောက်ကို စွန့်စားပြီး လိုက်လာခဲ့ပါတယ်. ပေါမောက္ခဟာလဲ တောထဲမှာ လမ်းပြနဲ့အတူ သွားရင်း သူတို့ရောက်ရှိခဲ့တဲ့ မျိုးနွယ်စုတွေကို ရောက်ရှိသွားပြီး စိတ်မကောင်းစွာနဲ့ သူတို့အလောင်းတွေကိုပဲတွေ့ခဲ့ရပါတယ်.ဒါပေမယ့် ပေါမောက္ခကြီးဟာ အသိညဏ်ပညာရှိသူဖြစ်တာကြောင့် လူရိူင်းတွေကို စည်းရုံးပြီး သူတို့ရိုက်ကူးခဲ့တဲ့ ဖလင်တွေကို ပြန်လည်ရရှိခဲ့ပါတယ်. အမေရိကန်ကို ပြန်ရောက်ပြီး ဖလင်တွေကို ပြန်ဖွင့်ကြည့်တဲ့အခါမှာတော့ သူတို့လေးဦးဟာ ဘာတွေရိုက်ကူးခဲ့တယ် လူမျိုးနွယ်စုတွေဟာ တကယ်ပဲ အသားစားသလား? တကယ်ပဲ ရက်စက်သလား??? ဆိုတာကို မှတ်တမ်းတင်ရုပ်ရှင်တစ်ခု အဖြစ်တင်ဆက်ထားတာကြောင့် ဗဟုသုတရစေမှာပါဗျာ... ဇာတ်၀င်ခန်းတွေမှာ သွေးထွက်သံယိုနဲ့ လိင်ပိုင်းဆိုင်ရာ ဇာတ်၀င်ခန်းတချို့ပါ၀င်တာကြောင့် အသက်၁၈နှစ်အောက်မကြည့်သင့်ပါ....
movie
Cannibal Holocaust (1980)
1980
5.2
Body Cam (2020)
Body Cam (2020)==============IMDb Rating - 5.2/10#Unicodeဒီဇာတ်လမ်းရဲ့ အစပိုင်း အကျဥ်းလေးကိုပြောရရင် . . .ကလေးသေဆုံးပြီးနောက်ပိုင်း စိတ်ထိခိုက်နေတဲ့ ရဲအရာရှိ ရမ်နီ လိုမီတို တစ်ယောက် ခဏတာအနားယူပြီးပြန်လည်တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးနေ့မှာတင် ယခင်တွဲဖက်လုပ်ကိုင်ဖူးတဲ့ ရဲအရာရှိတစ်ယောက်အသတ်ခံလိုက်ရပါတယ်။ သူ့အလောင်းကိုရှာတွေ့ပြီး ရဲကားထဲမှာ မှတ်တမ်းဗီဒီယိုဖိုင်ကို ဖွင့်ကြည့်မိရာကနေဗင်ကားလေးတစ်စီးကို တွေ့ပြီး နားလည်ရခက်တဲ့ သဘာဝလွန်ဖြစ်ရပ်များနဲ့ သက်ဆိုင်နေကြောင်းသိလိုက်ရပါတယ်။ ထိုဗင်ကားကို လိုက်လံရှာဖွေရာကနေ လုပ်ဖော်ကိုင်ဖက် ၂ယောက်ကပါ ထပ်မံအသတ်ခံလိုက်ရပါတယ်။ရမ်နီ လိုမီတိုတစ်ယောက် မိမိဘာသာ စုံစမ်းဖော်ထုတ်နေရင်း အဲ့ဖြစ်ရပ်ဆန်းမှာ မိမိဌာနက ရဲအရာရှိများကို ဦးတည်နေကြောင်း သိလိုက်ပါတယ်။ မိမိဌာနမှ ရဲအရာရှိများကို ကာကွယ်ဖို့ ဆက်လက်စုံစမ်းရာကနေ မထင်မှတ်ပဲအကြောင်းအရင်းအမှန်ကို သိလိုက်တဲ့အခါမှာတော့ ရဲအရာရှိ အနေနဲ့ ဘယ်လိုဆက်လုပ်မလဲ၊ အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းအမှန်က ဘာလဲ၊ ဘာကြောင့် ရဲအရာရှိတွေကို လိုက်သတ်နေရတာလဲ ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမယ့် ရုပ်ရှင်ကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ တစ်ချို့သောကိစ္စတွေဟာ ...
movie
Body Cam (2020)
2020
4.9
Antrum(2018)
Antrum(2018)Antrum ကမ္ဘာပေါ်မှာ လူအသေအပျောက်များဆုံးရုပ်ရှင်တဲ့။ဒီရုပ်ရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကတော့ ဇာတ်ကားထဲမှာ ပါနေတဲ့အတွက် ထပ်မပြောတော့ပါဘူး။သတိပဲပေးချင်ပါတယ်။ လူပေါင်း ၅၀ ကျော်က ဒီရုပ်ရှင်ကို ကြည့်လို့ သေကြရတာပါလို့အခိုင်အမာယုံကြည်သူတွေရှိနေပါတယ်။ ရုပ်ရှင်ကြည့်တာနဲ့ပဲ သေနိုင်မှာလား။ စမ်းချင်စရာပဲနော်။မပူပါနဲ့ ဒီရုပ်ရှင်က မူရင်း Antrum ရုပ်ရှင်မဟုတ်ပါဘူး။ မူရင်းရုပ်ရှင်က ပျောက်နေတာပါ။ဒါပေမဲ့ တကယ်ကြောက်စရာကောင်းတဲ့ ရုပ်ရှင်ဆိုတာတော့ ငြင်းမရပါဘူး။ဝုန်းကနဲ ထခုန်ရမယ့် ခြောက်လုံးတွေ တစ်ခုမှာမပါဘဲ တစိမ့်စိမ့်ကြောက်နေရမယ့် ဇာတ်ကားပါ။ကြောက်အောင်လည်း သေချာလုပ်ထားပါတယ်။ အဲဒါကြောင့် မသေနိုင်ဘူးဆိုပေမဲ့လည်းစိတ်အားငယ်တတ်တဲ့သူတွေ၊ ကြောက်တတ်တဲ့သူတွေ မကြည့်ကြဖို့ သတိပေးချင်ပါတယ်။ကြောက်တော့ ကြောက်တယ် ကြည့်ချင်တယ်ဆိုတဲ့သူတွေ လက်ရှောင်သင့်ပါတယ်။သတိတော့ပေးပြီးပြီဗျာ။ ကြည့်ချင်တဲ့သူတွေ ကိုယ့်ဘာသာ တာဝန်ယူနိုင်တယ်ဆိုရင်တော့ ကြည့်လိုက်ကြပါဦး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ D3mon ပဲဖြစ်ပါတယ်...File Size : (850 MB) and (312 MB) Quality : WEB-DL 720p Format…mp4 Duration…01:35:00 Genre : Horror Subtitle : Myanmar ...
movie
Antrum(2018)
7.8
Low Season (2020)
ဇာတ်ကားနာမည် "ခရီးသွားပါးချိန်" ဆိုတဲ့အတိုင်းပါပဲ ခရီးသွားရာသီမဟုတ်တဲ့ မိုးရာသီတစ်နေ့မှာ တောင်ပေါ်တည်းခိုစခန်းလေးတစ်ခုကို ဧည့်သည်ကောင်မလေးတစ်ယောက် ရောက်လာပါတော့တယ် ကောင်မလေးဟာ မွေးကတည်းကသရဲတွေကိုမြင်ရပြီး သူ့ရဲ့အဲ့အချက်ကြောင့် ကောင်လေးတွေထားခဲ့တာကို ခဏခဏခံရသူလည်းဖြစ်ပါတယ်။ နောက်ဆုံးတွဲခဲ့တဲ့ စီနီယာအစ်ကိုကြီးချောချောလေးဟာလည်း နာမည်ကြီးပြီးနောက်ပိုင်း ရုပ်ရှင်မင်းသမီးတစ်ယောက်နဲ့ဖောက်ပြန်လို့ အသည်းကွဲပြီး ဒီတောင်ပေါ်စခန်းလေးကို ရောက်လာပါတော့တယ်။ ထူးခြားတာက အဲ့ဒီတောင်ပေါ်စခန်းလေးက အသည်းကွဲသမားတွေပဲစုနေတဲ့နေရာ... အဲ့ဒီတော့ အသည်းကွဲသမားအချင်းချင်း တစ်ယောက်ဒဏ်ရာတစ်ယောက် ဘယ်လိုကုစားကြမလဲ။ ဘယ်လိုအမှတ်တရတွေကိုဖန်တီးကြမလဲ။ သရဲနဲ့ပတ်သက်ပြီးရော ဘယ်လိုစွန့်စားခန်းတွေဖွင့်ကြမလဲဆိုတာကို ချင်းမိုင်ရဲ့သဘာဝတောတောင်ရေမြေအလှအပလေးတွေနဲ့ ချစ်စရာရိုးရာဓလေ့လေးတွေကိုခံစားရင်း စိတ်လှုပ်ရှားဖွယ်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ မင်းသားချော Mario နဲ့ ချစ်စရာမင်းသမီးလေး Ploypailinတို့ chemistryမိမိလေး ပါဝင်သရုပ်ဆောင်ထားတဲ့ Romance Horror Comedy ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး စာကြွင်း... မင်းသမီးကတော့ ဘယ်အရပ်ရောက်ရောက် ခေါင်းချတာနဲ့အိပ်ပျော်တယ် ကိုယ်တွေလိုပဲ File Size - 1.26 GB Quality - Web-DL 1080p Subtitle - Burmese (Hardsub) Translator - MTA Encoder - Thit San Khant
movie
Low Season (2020)
2020
5.9/10
Stairs (2019)
CM ပရိတ်သတ်ကြီးအတွက် ကိုယ့်ကို ကို Brainwash လုပ်လို့ ကောင်းမယ့်ဇာတ်ကားတစ်ကား တင်ပေးလိုက်ပါတယ် ဒီဇာတ်ကားက ကိုယ့်ကိုကို ပြန်ပြီးစစ်တိုက်နေရသလိုမျိုး parallel universe ပုံစံမျိုးပါ စတန်ဒန်ဦးဆောင်ပြီး စစ်ဆင်ရေးတာဝန်တစ်ခုနဲ့ လာခဲ့တဲ့ စစ်သားတွေက ဂိတ်ပေါက်တစ်ခုကနေ ဝင်ကမ္ဘာထဲရောက်သလို သံသရာလည်ပြီး ထွက်ပေါက်တွေ့ဖို့ခက် ပုံစံတူ လှေကားတွေပဲထပ်တလဲလဲတက်နေရပါတယ် အောက်ကိုဆင်းလို့မရပါဘူး အောက်ကိုဆင်းသွားရင် အောက်ထပ်ရောက်တဲ့အခါသေတာပါပဲ နောက်ပြီး ဂိတ်ပေါက်ကနေထွက်လာရင်လည်း ဒီစစ်ကွင်းပြင်နေရာကိုပဲပြန်ရောက်လာတာပါ ဝင်ကမ္ဘာလိုမျိုးဖြစ်နေတာပါ အဲ့ဒီဂိတ်ကိုရောက်သွားတာက ရန်သူ့စခန်းကိုဝင်စီးပြီးမှပါ သူတို့အဖွဲ့လာခဲ့တဲ့ တာဝန်ကတော့ ရန်သူ့စခန်းကိုဝင်စီးပြီး တွေ့သမျှသူတွေအကုန်သတ် ရသမျှသတင်းအချက်အလက်တွေယူဖို့ စစ်ဆင်ရေးနဲ့လာခဲ့ပါတယ် အဲ့ဒီ့စခန်းမှာရောက်တော့ အဖမ်းခံထားရတဲ့ အမျိုးသမီးတစ်ယောက်ကို မသတ်သင့်ဘဲ စတန်ဒန်ရဲ့ခေါင်းမာမှုကြောင့် ပစ်သတ်လိုက်ပါတယ် ဇာတ်လမ်းက အဲ့ဒီမှာ စတာပဲ အဲ့အမျိူးသမီးကို ဒေသခံတွေ သေမင်းတမန်တော်ဆိုပြီး သမုတ်ကြတာပါ စောနကအပေါ်မှာရေးခဲ့သလိုပဲ သူတို့ဟာ ဒီအချိန် ဒီနေ့ရက်ကိုပဲ ပြန်ပြန်ရောက်ရောက်လာတာနဲ့ကြုံနေရတာပါ အဲ့ဒီ့ အဖမ်းခံထားရတဲ့ သေမင်းတမန်လို့ခေါ်ကြတဲ့ အမျိုးသမီးကို မသတ်ခဲ့ရင်သူတို့အနေနဲ့ အသက်ရှင်ဖို့ လမ်းစကိုတွေ့နိုင်မှာလား ဘာတွေဆက်ဖြစ်ကြမလဲ အဲ့ဒီ့အမျိုးသမီးကိုရော ကယ်တင်နိုင်မှာလား လှေကားထစ်တွေမှာ ရွာလည်ပြီး အစကိုပြန်ပြန်ရောက်သွားတော့ရော သူတို့ကို ဘာတွေက ဒုက္ခပေးအုံးမှာလဲ သူတို့နဲ့ သူတို့ရဲ့တခြားဘဝတွေပြန်တိုက်ခိုက်ကြမှာလား ဘယ်လိုတွေဇာတ်သိမ်းမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ် File Size IMDb 5.9/10 Rotten Tomatoes 63% Grene - Horror/Sci-fi Duration - 1:40:00 Translator - Pyae Shan Tun Wai Encoder - XCode
movie
Stairs (2019)
2019
6.6
Bulbbul 2020
နက်ဖလစ်ကနေ ပြသသွားတဲ့ အိန္ဒိယကားအသစ်လေးကို တင်ဆက်ပေးထားပါတယ်။ ဒီဇာတ်လမ်းမှာ ဘူလ်ဘူးဆိုတဲ့ ကလေးမလေးဟာ မင်းဆွေမင်းမျိုး အိမ်တော်တစ်ခုမှာ သတို့သမီးအဖြစ်ရောက်လာပါတယ်။ ဒါပေမယ့် သူလက်ထပ်ရမယ့် အသက်တွေကြီးတဲ့ သတို့သားကို မနှစ်သက်ဘဲ သတို့သားရဲ့ ညီ သူနဲ့ ရွယ်တူလို ဖြစ်နေတဲ့ စတြာကိုပဲ ခင်မင်နှစ်သက်မိခဲ့တယ်။ စတြာဟာ လန်ဒါကို ဥပဒေပညာသင်ဖို့ ထွက်သွားပြီး နှစ်ပေါင်းများစွာကြာတဲ့အခါမှာ ရွာကို ပြန်လာတော့ ဘူလ်ဘူးဟာပြောင်းလဲနေခဲ့ပါပြီ။ ပြီးတော့ ရွာထဲမှာလည်း ခြေကလိမ်စုန်းမလို့ နာမည်ကြီးတဲ့ ပုံပြင်ထဲက စုန်းမတစ်ယောက်က လူတွေကို လိုက်သတ်နေတဲ့အမှုတွေလည်း ဖြစ်နေပြီး စတြာက ဒါကို လိုက်စုံစမ်းတဲ့အခါမှာ….Quality – 720p webripDuration - 1 hr 34 minSubtitle – Myanmar HardsubFormat – Mp4Genre : Horror Translator – LittleneoEncoder – ...
movie
Bulbbul 2020
5
Two Heads Creek 2019
မိမိ ဝါသနာပါရာ လုပ်ငန်းလုပ်ဖို့ အိမ်ကနေထွက်သွားခဲ့တဲ့ အန်နာဘဲလ် နဲ့ မိသားစုက အရေးပါတယ်လို့ ယူဆပြီး မိခင်နဲ့အတူဝက်အူချောင်းဆိုင်ဖွင့်ရင်း ကျန်နေခဲ့တဲ့ နော်မန်... မိခင်ဖြစ်သူရဲ့ စျာပနမှာ ပြန်တွေ့ဖြစ်ကြတဲ့ သူတို့ မောင်နှမ နှစ်ယောက်... မိမိတို့ မိခင်ဖြစ်သူရဲ့ ဈာပန ကျင်းပတဲ့နေ့မှာ ထိုအမျိုးသမီးက သူတို့ရဲ့ အမေရင်း မဟုတ်မှန်းသိလိုက်ရတဲ့အခါ.... ဈာပနမတိုင်ခင်က နော်မန် ပြန်ဖြေဖြစ်လိုက်တဲ့ ဩစတေးလျားက ထူးဆန်းတဲ့အမျိုးသမီး တစ်ယောက်ရဲ့ ဖုန်းကို အခြေခံပြီး ဩစတေးလျားနိုင်ငံ Two Heads Creekမြို့မှာ အမေဖြစ်သူကို ရှာပုံတော်ဖွင့်ဖို့ ထွက်လာခဲ့ပေမဲ့ အမေဖြစ်သူက ဆုံးပါးသွားပြီ ဖြစ်ကြောင်း သိလိုက်ရပြီး မိမိနေရပ်ကို ပြန်မဲ့နေ့မှာ ဒေသခံတွေရဲ့ မူမမှန်တာတွေ တွေ့ရတဲ့အခါ.... အဲ့ဒီမြို့က ဘာတွေ ဘယ်လို ထူးခြားနေပြီး မူမမှန်တာလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်ကြည့်လိုက်ရအောင်Quality – 720p webripDuration ...
movie
Two Heads Creek 2019
First
95
96
97
98
99
Last
Previous
Next