Channel Myanmar

Horror

Kinderfanger (2023)
Kinderfanger (2023)  ဆွံ့အနားမကြားသင်တန်းကျောင်းဆရာမလေး အိုလီဗီယာဟာ ရုတ်တရက်ပျောက်ဆုံးသွားတဲ့ အရင်းနှီးဆုံးသင်တန်းကျောင်းသား မားရ်ကပ်စ်ကို လိုက်ရှာရင်း ဝါးလေ့စ်ဆိုသူနဲ့ တွေ့ဆုံခဲ့ရပါတယ်။ဝါးလေ့စ်နဲ့ တွေ့ဆုံမှုကနေတစ်ဆင့် ကလေးပျောက်တရားခံ "ပုလွေသမား" လို့ခေါ်တဲ့ ကြောက်စရာသတ္တဝါအကြောင်းသိခဲ့ရပြီး မားရ်ကပ်စ်ကိုပြန်ခေါ်ဖို့ အတူတူကြိုးစားခဲ့ကြပါတယ်။ "ပုလွေသမား"ဆီကနေ မားရ်ကပ်စ်ကို ကယ်နိုင်မလား၊ အိုလီဗီယာဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုနိုင်မယ့် ခပ်သွက်သွက် Horror ဇာတ်လမ်း‌လေးပါ။ File size…(1.7 GB)/(850 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:34:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie

Kinderfanger (2023)

In a Violent Nature (2024) 5.8
In a Violent Nature (2024)  Gore Slasher တွေအထွက်နည်းနေတဲ့အချိန်မှာတော့ အသစ်စက်စက်ဒီကားလေးဟာ Slasher ကြိုက်တဲ့သူတွေအတွက် ရေငတ်ပြေစေမှာပါ။ Personal အရတော့ Jason X တို့ Wrong Turn တို့လောက်တော့ သိပ်အားမရတာအမှန်ပဲ။ ဒါပေမယ့် ဒါရိုက်တာကလည်းတက်သစ်စ၊ ဘက်ဂျက်ကလည်းနည်းတော့ ဒီလောက်ကွာလတီရတာကိုပဲ မဆိုးဘူးလို့ဆိုရမယ့်ပုံပါ။ ဇာတ်လမ်းအရလည်း Prequel အတွက်လမ်းခင်းပေးထားတာတွေ့ရပါတယ်။ CM ပရိသတ်ကြီးကြိုက်မယ်ထင်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လူငယ်တစ်စုပျော်ပွဲစားထွက်ရင်း မယူသင့်တဲ့နေရာကပစ္စည်းကိုယူမိတဲ့အခါ မကျွတ်မလွတ်သေးတဲ့လူသတ်သမားဟာ ပြန်အသက်ဝင်လာပြီးတော့ သူ့ပိုင်နက်ထဲလာသမျှလူ အကုန်သတ်ပါတော့တယ်။ ဒါပါပဲ။ အဓိကကတော့ လူငယ်ခြေတက်ဒါရိုက်တာလေးရဲ့ Low budget movie လေးဟာ ဘယ်လောက်ကွာလတီရှိတယ်၊ ဘယ်လိုတွေပီပြင်အောင်လုပ်နိုင်တယ်ဆိုတာကို slasher ကြိုက်သူတွေအတွက် ရေငတ်ပြေ ခံစားကြရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ Alex666 ပါ။ File size…(1.8 GB)/(1.5 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:34:00 Genre... Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

In a Violent Nature (2024)

From the Shadows (2022)
From the Shadows (2022) Hidden Wisdom လို့အမည်ရတဲ့ သဘာ၀လွန် အစွန်းရောက်ဂိုဏ်းတစ်ခုဟာ မီးလောင်မှုကြီးတစ်ခုနဲ့ကြုံတွေ့လိုက်ရပြီး အသက်သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်နိုင်ခဲ့တဲ့ ဂိုဏ်းသား လူငယ်ငါးယောက်နဲ့ ဒေါက်တာရို၀မ်လို့အမည်ရတဲ့ စိတ်ပညာပါမောက္ခတစ်ဦးက မှတ်တမ်းရုပ်ရှင်တစ်ခုရိုက်ကူးဖို့အတွက် Zoom meeting နဲ့တွေ့ကြပါတယ်။ဒီလိုနဲ့ ဒေါက်တာရို၀မ်နဲ့ ဂိုဏ်းသားလူငယ်ငါးယောက်တို့ဟာ Hidden Wisdom မီးလောင်မှုကြီးနဲ့ လူသေမှုတွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆွေးနွေးရင်းကနေ အားလုံးရဲ့မျက်စိရှေ့မှာတင် ဒီကျန်ရစ်သူငါးယောက်ဟာ မမျှော်လင့်ထားတဲ့အသက်ဘေးတွေနဲ့ကြုံတွေ့ရပါတော့တယ်။ ဒါကတော့ ဘယ်ကနေ ဘယ်လိုရောက်လာလဲဆိုတာမသိတဲ့လူတစ်ယောက်ဟာ Zoom Meeting ခေါ်ဆိုနေချိန်အတွင်းမှာပဲ ဂိုဏ်းသားတစ်ယောက်ပြီးတစ်ယောက်ကို လိုက်လံသတ်ဖြတ်တာပါ။ဒီလိုနဲ့ Hidden Wisdom ဂိုဏ်းရဲ့နောက်ကွယ်က အဖြစ်မှန်ကဘာလဲ၊ ဂိုဏ်းသားတွေကိုလိုက်သတ်နေတဲ့ သဘာ၀လွန်ပုဂ္ဂိုလ်ကရော ဘယ်သူလဲ၊ ဒေါက်တာရို၀မ်ကရော ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းပေးဖို့ရာ ကြိုးစားရမလဲ၊ နောက်ဆုံးမှာရော ဒီပဟေဠိတွေကို ဖြေရှင်းနိုင်သွားပြီး အသက်ဘေးကလွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။File size…(932 MB)/(532 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Thriller, Science Fiction, ...
movie

From the Shadows (2022)

Wild Eyed and Wicked (2023)
Wild Eyed and Wicked (2023) အသစ်ထွက်ရှိထားတဲ့ ဟော်ရာဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် လီလီဟာ လက်စဘီယန်တစ်ယောက်ဖြစ်ပြီး ဓားရေးလေ့ကျင့်ပေးတဲ့ နည်းပြပါ ဆုံးသွားတဲ့ သူ့အမေကတော့ မကောင်းဆိုးဝါးအဖြစ် သူ့အိပ်မက်တိုင်းမှာ လာရောက်ခြောက်လှန့်လေ့ရှိတယ် မခေါ်မပြောတော့တဲ့ အဖေဖြစ်သူက တစ်နေ့မှာ လီလီ့အမေရဲ့ နှစ် ၂၀ ပြည့်ဈာပနအတွက် အရင်အိမ်ကို ပြန်လာခိုင်းတဲ့အခါ... အဖေ့ကို မုန်းနေတဲ့ လီလီ သူ့အဖေနဲ့ဆက်ဆံရေးကို ဘယ်လိုပြန်တည်ဆောက်မှာလဲ အိပ်မက်ထဲက မကောင်းဆိုးဝါးကိုရောအလယ်ခေတ် ချပ်ဝတ်တန်ဆာတွေသုံးပြီး အထာကျကျ ဘယ်လိုနှိမ်နင်းသွားမလဲ ဆိုတာကို ပရိသတ်ကြီး အားပေးကြပါဦးလို့ ...File size…(1.1 GB)/(618 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Horror, Fantasy, Drama, Mystery. Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Wild Eyed and Wicked (2023)

Godsend (2004)
Godsend (2004) ပေါလ်နဲ့ ဂျက်စီတို့မှာ အဒမ်ဆိုတဲ့သားလေးတစ်ယောက်ရှိပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာပဲ အဒမ်က အသက် ၈ နှစ်ပြည့်မွေးနေ့ကျင်းပကာ နောက်တစ်ရက်မှာ မတော်တဆတစ်ခုဖြစ်ပြီး ဆုံးပါးသွားပါတော့တယ်။ယူကျုံးမရဖြစ်နေတဲ့ လင်မယားနှစ်ယောက်က သူတို့သားလေးရဲ့ ဆဲလ်ကိုပွားလိုက်ပြီး ချွတ်စွတ်တူတဲ့ ကလုန်းတစ်ယောက်ကို တရားမဝင် ထပ်မံမွေးဖွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ အဒမ် (ကလုန်း) အသက် ၈ နှစ်ပြည့်ပြီး ကျော်လွန်တဲ့ရက်ကစလို့ ကျောင်းမှာရော အိမ်မှာပါ အပြုအမူတွေက အရမ်းကို ဆိုးဝါးလာပါတော့တယ်။သူတို့ သားလေးရဲ့ အမူအကျင့်တွေပြောင်းလဲလာပုံကို လင်မယားနှစ်ယောက် လိုက်လံစုံစမ်းရင်းနဲ့ ဘာတွေကို သိလာရမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအမျိုးအစားက Horror/ Sci-fi ဖြစ်ပြီးတော့ ကလုန်းဖန်တီးပေးတဲ့ ဆရာဝန်ကြီးအဖြစ် Robert De Niro က အဓိကဇာတ်ဆောင်တစ်ဦးနေရာက ပါဝင်ထားပါသေးတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(1.6 GB)/(670 ...
movie

Godsend (2004)

Creep (2004)
Creep (2004) မြေအောက်ရထားဘူတာမှာ ပျားပန်းခတ်လှုပ်ရှားနေတဲ့လူတွေကြားမှာ ဆေးစွဲနေသူ၊ အိမ်ခြေရာမဲ့တွေရှိသလို ဟိုးအောက်ကို ဆက်သွားလိုက်ရင် ရေဆိုးပိုက်မှာ နေတဲ့ ပုံပျက်ပန်းပျက်မကောင်းဆိုးဝါးတစ်ကောင်လည်း ရှိနေတယ်ခပ်လှလှကောင်မလေး Kate မှာတော့ ဘတ်မန်းမင်းသား ဂျော့ကလူနေး ရောက်နေတယ်ဆိုလို့ သူရှိတဲ့နေရာဆီသွားဖို့ရာအတွက် ညမြေအောက်ရထားဘူတာကို အပြေးကလေးလာရင်းမှ ရထားစောင့်နေတဲ့ ထိုင်ခုံတန်းလေးမှာ အိပ်ပျော်သွားလေရဲ့… နိုးလာတော့ ညဥ့်နက်သန်းခေါင် ဘယ်သူမှ မရှိတော့ဘူး ဂိတ်တံခါးတွေလည်း အားလုံးပိတ်နေပြီ ထွက်မရပြုမရ အိပ်မက်ဆိုးသဖွယ် တစ်ညတာကနေ Kate လွတ်မြောက်နိုင်မှာလားFile size…(1.5 GB)/(819 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre... Horror, Thriller, Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Creep (2004)

Killer Body Count (2024)
Killer Body Count (2024) ဒီတစ်ခါမှာတော့ Killer Body Count ဆိုတဲ့ လူငယ်တွေကိုလိုက်သတ်တဲ့လူသတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ကမ်မီဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးဟာ မိတဆိုးလေးဖြစ်ပြီး ဖခင်ဖြစ်သူ"ဘရိုင်ယန်"နဲ့အတူတူ​နေပါတယ် ဘရိုင်ယန်ဟာ ကမ်မီ့ကို လိင်မှုကိစ္စစွဲလန်းနေသူဟုအထင်မှားပြီး ဝေးလံခေါင်ဖျားတဲ့နေရာမှာရှိတဲ့ ကတ်သလစ်ကုသရေးစင်တာကိုပို့ခဲ့ပါတယ် အဲ့ဒီမှာ ကမ်မီလိုပဲ လိင်မှုကိစ္စကိုအလွန်အကျွံစွဲလန်းတာကြောင့်ဆိုပြီး စင်တာကိုရောက်လာတဲ့အခြားဆယ်ကျော်သက်များလည်းရှိပါတယ်အဲ့ဒီစင်တာကိုတော့ တော်နီနဲ့ယူဂျင်းတို့မောင်နှမနှစ်ယောက်ကဦးစီးပြီးအုပ်ချုပ်ပါတယ် ဒါပေမဲ့ နတ်ဆိုးမျက်နှာဖုံးစွပ်ထားတဲ့လူတစ်ယောက်က အဲ့ဒီစင်တာမှာ လိင်မှုကိစ္စကျူးလွန်တဲ့သူတွေကို လိုက်လံသတ်ဖြတ်နေပါတယ် အဲ့ဒီအကြောင်းကိုစင်တာကိုရောက်နေတဲ့လူငယ်တွေသိသွားတဲ့အခါမှာ ဘယ်လိုလွတ်အောင်ပြေးကြမလဲ လိုက်သတ်နေတဲ့လူကရော ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်ခန်းတချို့ကြောင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်တော်ပါဘူးFile size…(848 MB) Quality…. 720p Format…mp4 Duration….01:47:00 Genre... Horror, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Killer Body Count (2024)

The Hangman (2023)
The Hangman (2023) သားအဖနှစ်ယောက် တောတွင်းတစ်နေရာမှာ စခန်းချရင်း မနက်နိုးလာတဲ့အခါ သားလုပ်တဲ့သူ ပျောက်သွားလို့ ဖခင်ဖြစ်သူ လီယွန်က အနီးအနားမှာ လိုက်ရှာရင်း အကူအညီတောင်းကြည့်လိုက်တဲ့အခါ နယ်ခံအချို့က Hangman လို့ခေါ်တဲ့ နတ်ဆိုးတစ်ကောင်ကို ကိုးကွယ်ကာ ထိုနတ်ဆိုးကို ငရဲကနေ လွှတ်ပေးဖို့ ကြိုးစားနေတဲ့အပြင် သူ့သားကိုလည်းထိုနတ်ဆိုးကိုးကွယ်သူတွေက ဖမ်းသွားတာကို သိလိုက်ရပါတော့တယ်။ သူ့သားလေးကို နတ်ဆိုးကိုးကွယ်သူတွေက ဘာလို့လိုချင်တာလဲ။ လီယွန်ကရော သူ့သားလေးကို နတ်ဆိုးကိုးကွယ်သူတွေနဲ့ နတ်ဆိုးလက်ထဲကနေ ကယ်တင်ပေးနိုင်ပါ့မလား။ နတ်ဆိုးကရော ငရဲကနေ လွတ်ပြီးကမ္ဘာမြေပေါ်ကို တက်လာမလား စတာတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(1.2 GB)/(652 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Horror  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw
movie

The Hangman (2023)

Sorority Row (2009)
Sorority Row (2009)  Sorority Row ဟာ 1982 ရုပ်ရှင် The House on Sorority Row ရဲ့ Remake ဖြစ်ပြီးရှားရှားပါးပါးမူရင်းကိုလိုက်မှီတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ရော့စ်မန်းတက္ကသိုလ် Theta P Sorority ညီအစ်မတစ်စုဖြစ်တဲ့ Cassidy, Jessica, Ellie, Claire, Chugs နဲ့ Megan တို့ဟာ စီနီယာပါတီကိုတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီညမှာပဲ ချက်ဂ်ရဲ့မောင်ဖြစ်သူ ဂဲရတ်အပေါ်သူ့ရည်းစား မီဂန်နဲ့ပေါင်းပြီး ဇာတ်လမ်းဆင်ဟာသတစ်ခုလုပ်ပြီး စနောက်ရာကနေ မီဂန်သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီမှာပဲအားလုံးတိုင်ပင်ပြီးတော့ မီဂန်အလောင်းကို မိုင်းတွင်းဟောင်းကြီးထဲပစ်ချဖျောက်ဖျက်ခဲ့ပြီးနောက်အားလုံး ဘာမှမဖြစ်သလိုပြန်နေခဲ့ကြပါတယ်။အဲ့ဒီဖြစ်ရပ်အပြီးနောက်ရှစ်လအကြာ သူတို့ရဲ့ကျောင်းဆင်းပွဲပါတီနေ့မှာတော့ ခေါင်းစွပ်ဘွဲ့ဝတ်စုံနဲ့မီဂန်ကိုသေဆုံးစေခဲ့တဲ့ တာယာတံတစ်ချောင်းကိုကိုင်ထားတဲ့လူသတ်သမားဟာ သူတို့အုပ်စုကိုအမှည့်ချွေပါတော့တယ်။ Horror ကားပီသစွာ Rated R ကိုယူထားတဲ့အတွက် သတ်ခန်းဖြတ်ခန်းတွေ ရှယ်ကြမ်းပါတယ်။ အမျိုးသမီးဆောင်ကိုအခြေခံပြီး ဗရုတ်ကျကျမိန်းကလေးငယ်တစ်စုဦးဆောင်တဲ့အတွက် အဖော်အချွတ်လေးတစ်ချို့လည်းပါပါသေးတယ်။ Slasher ကားကောင်းငတ်မွတ်နေတဲ့ ပရိသတ်တွေအတွက် Old but gold တစ်ကားပါပဲ။ File size…(1.7 GB)/(894 MB) Quality….Webrip ...
movie

Sorority Row (2009)

Emanuelle and the Last Cannibals (1977) 5.0
Emanuelle and the Last Cannibals (1977) Emanuelle and the Last Cannibals (1977) Original title: Emanuelle e gli ultimi cannibali Genre – Adventure, Horror(ရှေးခေတ် အီတလီကားဖြစ်လို့ ရှင်းလင်းသော လိင်မှုဆိုင်ရာပြကွက်များ ပါဝင်တဲ့အပြင် လူသားစားလူရိုင်းရုပ်ရှင် ဖြစ်တဲ့အတွက် သွေးထွက်သံယို အော်ဂလီဆန်စရာအခန်းများ ပါဝင်သောကြောင့် ကြည့်ရှုသူများအနေနဲ့ သတိချပ်စေလိုပါတယ်။) ဂျာနယ်လစ်တစ်ဦးဖြစ်သူ အီမာနူရယ်ဟာ စိတ်ကျန်းမာရေးဆေးရုံအကြောင်း ဇာတ်လမ်းရေးဖို့ အသွင်ယူနေတုန်း ဆေးရုံကို လူသားစားလူရိုင်းတွေလက်ကနေ လွတ်မြောက်လာတဲ့ ကောင်မလေးတစ်ယောက် ရောက်ရှိလာပါတယ်။တစ်ရက်ကျ ဒီကောင်မလေးဟာ သူ့ကို လိင်ပိုင်းဆိုင်ရာ အမြတ်လာထုတ်တဲ့ သူနာပြုတစ်ယောက်ရဲ့ ရင်သားကို ကိုက်ဖြတ်ပြီး စားသောက်လိုက်တော့ နာမည်ကြီးပြီး အီမာနူရယ်တစ်ယောက် သူ့ကို လေ့လာကြည့်တဲ့အခါ ဒီကောင်မလေးကိုယ်ခန္ဓာကိုယ်ပေါ် ပါလာတဲ့အမှတ်အသားက မျိုးတုန်းသွားပြီလို့ ယူဆရတဲ့ အမေဇုန်လူရိုင်းမျိုးနွယ်တစ်ခုရဲ့ သင်္ကေတ ဖြစ်နေပါတယ်။ဒီအတွက် အီမာနူရယ်ဟာ ဒီထက်ပိုကြီးမားတဲ့ဇာတ်လမ်း လိုက်နိုင်ဖို့ မနုဿပညာရှင် ပရော်ဖက်ဆာတစ်ယောက်ရယ် တောတွင်းလမ်းပြကောင်မလေးရယ် သူနာပြုတစ်ယောက်ရယ် အမေဇုန်တောထဲမှာ နောက်ဆုံးလက်ကျန် လူသားစားမျိုးနွယ်တွေကို လိုက်ရှာဖို့ စွန့်စားခန်းထွက်ကြရင်း ဘယ်လို ခြောက်ခြားစရာ အန္တရာယ်ဒုက္ခတွေနဲ့ တွေ့ကြမလဲဆိုတာကို ...
movie

Emanuelle and the Last Cannibals (1977)

Blackwater Lane (2024) 5.5
Blackwater Lane (2024)  မကြာသေးခင်ကမှထွက်ရှိထားတဲ့ လျှို့ဝှက်ဆန်းကြယ်လူသတ်တရားခံ ရှာပုံတော်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ကတ်စ်ဟာ ကျောင်းတစ်ခုမှာ ဆရာမအဖြစ်လုပ်ကိုင်နေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူ မက်သရူးနဲ့ သာယာတဲ့အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားသူပါ။ တစ်ညမှာ‌တော့သူတို့နေတဲ့အိမ်နဲ့သိပ်မလှမ်းတဲ့ တောအုပ်ဘေးကBlackwater Lane ကားလမ်းမပေါ်မှာ အမျိုးသမီးယောက်ကားထဲသေဆုံးနေတာကို ရဲတွေရှာတွေ့ခဲ့ကြပါတယ်။ဖြစ်ချင်တော့ သေဆုံးသွားတဲ့အမျိုးသမီးဟာ ကတ်စ်နဲ့အနည်းငယ်ခင်မင်ရင်းနှီးတဲ့လူဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ကတ်စ်တစ်ယောက် ထူးဆန်းတဲ့အသံတွေကြားရတာမျိုးတွေ မှတ်ဉာဏ်တစ်ပိုင်းတစ်စပျောက်ဆုံးတာမျိုးတွေပါဖြစ်လာပါတယ်။တကယ့်လူသတ်သမားအစစ်က ဘယ်သူဖြစ်မလဲ၊နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေမလဲ၊ဘယ်လို plot twist မျိုးကိုမြင်ရမလဲဆိုတဲ့မေးခွန်းတွေနဲ့အတူ ဇာတ်လမ်းအဆုံးထိ ‌ဖြည်းဖြည်းချင်းဆွဲခေါ်သွားမဲ့ရုပ်ရှင်ကားတစ်ကားပါပဲ။ မိုးအေးအေး ရာသီဥတုနဲ့လည်းလိုက်ဖက်ညီမဲ့ ဇာတ်ကားလေးဖြစ်တာကြောင့်ကော်ဖီတစ်ခွက်ဘေးနားချ နားကြပ်လေးတပ်ပြီးတစိမ့်စိမ့်နဲ့ ခံစားကြည့်ရှုရမဲ့ ဇာတ်ကားမျိုးဖြစ်ကြောင်းညွှန်းဆိုလိုက်ပါစေ။ File size…1.49GB / 623MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Crime , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
movie

Blackwater Lane (2024)

The Watchers (2024)
The Watchers (2024)  မင်းသမီး ဒါကိုတာဖန်းနင်းရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ ပဟေဠိဆန်ဆန်ကြည့်ရမှာပါ။ တောအုပ်တစ်ခုထဲကို ရောက်သွားတဲ့လူတွေဟာ ပြန်ထွက်လို့မရတော့ဘူး။ သူတို့အတွက်ခိုလှုံစရာ အိမ်တစ်လုံးတော့ ရှိနေတယ်။ ညဘက်ရောက်တိုင်း ဘာမှန်းမသိတဲ့အရာတွေက သူတို့ကို လာစောင့်ကြည့်တယ်။ နေ့ဘက်ဆိုရင်အဲဒီအရာတွေက အပြင်ထွက်မရဘူး။ညဘက်မှာထွက်တဲ့လူတွေလည်း ပြန်မလာနိုင်ကြတော့ဘူး။ အဲဒီကိုနောက်ဆုံးရောက်လာတဲ့ မင်းသမီး ဒီလိုနေနေရတဲ့အခြေအနေကို လက်မခံဘဲ ထွက်လမ်းရှာဖို့ အသက်နဲ့ရင်းပြီးကြိုးစားတဲ့အခါဘာတွေဆက်ဖြစ်လာလဲ ကြည့်ရမှာပါ...File size…(1.4 GB)/(772 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Horror, Mystery, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr Anderson
movie

The Watchers (2024)

Kisah Tanah Jawa: Pocong Gundul (2023) 6.8
Kisah Tanah Jawa: Pocong Gundul (2023)  ဒီဇာတ်ကားကတော့ ကျောတချမ်းချမ်းနဲ့ စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမယ့် အင်ဒိုနီးရှားနိုင်ငံသရဲကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ခေတ်နောက်ပြန်ဆွဲနိုင်စွမ်းရှိပြီး အတိတ်ကိုအချိန်ခရီးသွားရင်း အဖြစ်အပျက်တွေကို မြင်နိုင်စွမ်းရှိတဲ့Hao ဟာ မထင်မှတ်ဘဲ ပျောက်ဆုံးသွားတဲ့ ကျောင်းသူလေးSari ကို ပြန်လည်ရှာတွေ့အောင် ကြိုးစားခဲ့ပါတယ်။ကျောင်းတက်ရင်း ရုတ်တရက် ကျောင်းဝန်းထဲမှာ ပျောက်ဆုံးသွားတဲ့ Sari ကို ဟောင်က သူ့အစွမ်းအစနဲ့ရှာဖွေတဲ့အခါကျောင်းသူလေးကို ပြန်ပေးဆွဲသွားခဲ့တဲ့ သင်္ချိုင်းဖုံးမှာရစ်ပတ်နေတဲ့ ခေါင်းပြောင်တစ္ဆေကြီးပိုချောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ဟောင်ရဲ့လုပ်ရပ်တွေကို မနှစ်မြို့တဲ့ ခေါင်းပြောင်တစ္ဆေကြီးပိုချောင်ဟာ ဟောင်နောက်ကိုလိုက်လာပြီး ဒုက္ခပေးဖို့ကြိုးစားပါတော့တယ်။ ဒီအခါမှာတော့ ဟောင်နဲ့သူ့ကောင်မလေးရီဒါတို့ကြားမှာ ရင်တုန်စရာ အဖြစ်အပျက်တွေက ဆက်တိုက်ဖြစ်ပျက်လာခဲ့ပြီး ဟောင်က ပိုချောင်ရဲ့အတိတ်ကို စူးစူးစိုက်စိုက်ကြည့်ရင်း သူ့ရဲ့ဇစ်မြစ်နဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေဖော်ထုတ်သွားမှာဖြစ်ပါတယ်။ ဆယ်နှစ်တကြိမ် လူတွေကိုဒုက္ခပေးနေတဲ့ခေါင်းပြောင်တစ္ဆေကြီးကို ဟောင်တယောက် ဘယ်လိုပညာပေးသွားနိုင်မလဲဆိုတာ သဘာဝလွန်ဖြစ်ရပ်တွေ၊ သည်းထိတ်ရင်ဖိုစရာတွေနဲ့ အင်ဒိုနီးရှားရိုးရာပုံပြင်တွေကို ပေါင်းစပ်ပြီးကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။  File size…1.26GB / 487MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Horror Subtitle….Myanmar Subtitle ...
movie

Kisah Tanah Jawa: Pocong Gundul (2023)

A Tale of Two Sisters (2003) 7.2
A Tale of Two Sisters (2003) A Tale Of Two Sisters (2003) IMDb: 7.1/10 Genre: Drama/Horror/Mysteryမွန်ဂိုယောင်းပါဝင်ထားပြီးနာမည်ကြီးတဲ့ ဒီရုပ်ရှင်ကသရဲကားဆိုပေမဲ့ သာမန်ကြည့်နေကျသရဲကားပုံစံတွေနဲ့ကွဲထွက်နေပြီး ဇာတ်လမ်းရဲ့လှည့်ကွက်တွေကြားထဲမှာ ဟင်ကနဲ ဟာကနဲဖြစ်နေမယ့်ရုပ်ရှင်မျိုးပါ။ ကြောက်ရွံ့မှုတွေ ဝမ်းနည်းမှုတွေခံစားရမယ့်အပြင် တကယ်ကိုစိတ်ထဲမှာစွဲကျန်နေမဲ့သရဲကားဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ကျန်းမာရေးဆေးရုံမှာ ရက်ရှည်ဆေးကုပြီး အဖေနဲ့မိထွေးရှိတဲ့အိမ်ကိုပြန်လာတဲ့ ဆူယွန်းနဲ့ဆူမီတို့ညီအစ်မ၊ သူတို့အိမ်ပြန်လာပြီးနောက်ပိုင်းမှာအရာရာကအရင်လိုမဟုတ်နေတော့ပဲ အိမ်ကြီးမှာလည်း ထူးဆန်မှုတွေဖြစ်လာပါတော့တယ်။ပြောင်းလဲမှုတွေက ဘယ်လိုမျိုးပြောင်းလဲမှုမျိုးလဲ ထူးဆန်းတဲ့အရာတွေကရောဘာတွေဖြစ်နေမလဲဆိုတာကို ဇာတ်လမ်းအစကနေအဆုံးထိပဟေဠိဆန်ဆန်ကြည့်ရှုခံစားရမှာဖြစ်ပြီးဝမ်းနည်းမှုကြောက်ရွံ့မှုစတဲ့ခံစားချက်များစွာကို ခံစားရမှာဖြစ်ပြီး ညီအစ်မနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကိုပါပုံဖော်ရိုက်ကူးပေးထားတာကြောင့် ကြည့်ရှုဖို့ညွှန်းလိုက်ပါတယ်။ File size…    2.2 GB /  809 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ..... Drama/Horror/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jia
movie

A Tale of Two Sisters (2003)

2003
Sharp Teeth ( 2024 ) 5.6
Sharp Teeth ( 2024 ) သဲထိတ်ရင်ဖိုဇာတ်လမ်းတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် Sharp Teeth ဆိုတဲ့ သဲထိတ်ရင်ဖိုဇာတ်ကားကောင်းလေးကို CM ကတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်လမ်းအညွှန်းလေးကတော့ : ဦးလေးနျိုနဲ့သူ့နောက်လိုက်ငယ်သားတွေက ပင်လယ်ထဲကနေ ရှားပါးသတ္တဝါတွေကိုဖမ်းယူပြီး တရားမဝင် ကုန်သွင်းကုန်ပို့လုပ်ငန်းတွေနဲ့ ပိုက်ဆံအများကြီးရှာကြတဲ့သူတွေပါ။တစ်နေ့မှာတော့ ထူးဆန်းတဲ့ငါးအကြီးကြီးကိုဓာတ်တို့ဖမ်းမိလာခဲ့ရာကနေ အဲဒီငါးကြီးနဲ့မျိုးတူငါးပေါက်စလေးတွေပါပါလာခဲ့ပါတော့တယ် ။ ဒီငါးကြီး လူစားတတ်တဲ့အကြောင်းကိုတော့ အပြင်ကိုပေါက်ကြားမသွားအောင် ဖုံးထားဖိထားရင်းနဲ့ပေါ့ ။တစ်ဖက်မှာလည်း မုန့်ရှန်နဲ့သူ့ချစ်သူကျန်းရှောတို့သူငယ်ချင်းအုပ်စုက အရင်တည်းဖို့လုပ်ထားနဲ့ဟိုတယ်ကနေ အကြောင်းအမျိုးမျိုးကြောင့် မတည်းဖြစ်ရာကနေ နောက်ထပ်ဟိုတယ်တစ်ခုရှာရပါတော့တယ် ။ အဲဒီမှာ မထင်မှတ်ထားဘဲ လူသားစားငါးကြီးရှိတဲ့ ဟိုတယ်ကို‌သူငယ်ချင်းအုပ်စုရောက်သွားပါတော့တယ်။အဲဒီမှာ ဟိုတယ်ရဲ့တရားမဝင်အလုပ်တွေကိုဘယ်လိုဖော်ထုတ်သွားမလဲ သူတို့သူငယ်ချင်းအုပ်စုကရော လူသားစားငါးကို ဘ ယ်လိုမျိုးရင်ဆိုင်သွားမလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 896 MB / 530 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Thriller , Adventure , Mystery Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Sharp Teeth ( 2024 )

I Spit on Your Grave (1978) Day of the Woman 5.6
I Spit on Your Grave (1978) Day of the Woman I Spit on Your Grave/ Day of the Woman (1978)I Spit on Your Grave ဟာ အဓမ္မမှုကိုရက်ရက်စက်စက်လက်စားပြန်ချေတဲ့ဇာတ်ကားတွေထဲမှာ အထင်ကရဖြစ်ဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပြီး 2010 မှာပြန်ရိုက်ခဲ့တဲ့ remake ဇာတ်ကားတွေဟာလည်းအောင်မြင်မှုရခဲ့ပါတယ်။ ခုတင်ဆက်လိုက်တာကတော့ မူရင်း အော်ရဂျင်နယ် ၁၉၇၈ ခုနှစ်က ရုပ်ရှင်ကားဖြစ်ပါတယ်။ပထမဆုံးဇာတ်ကားစတင်ထွက်ရှိချိန်မှာ သူ့ရဲ့ကြမ်းတမ်းရက်စက်မှုတွေ၊ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းပေါင်း မြောက်များစွာတွေကြောင့် ရုံမတင်ခင်ကတည်းက အငြင်းပွားမှုတွေပြဿနာတွေမျိုးစုံရင်ဆိုင်ခဲ့ရပြီး ဇာတ်ကား ရုံတင်ချိန်မှာလည်းဝေဖန်ရေးဆရာတွေရဲ့ရှုံ့ချမှုတွေကိုအပြင်းအထန်ခံခဲ့ရပါတယ်။ဒါပေမယ့် အခုချိန်မှာတော့ cult classic ဇာတ်ကားတစ်ကားအဖြစ် ရပ်တည်နေခဲ့ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့... စာရေးဆရာမပေါက်စလေး ဂျနီဖာဟေးလ်ဟာ နယ်စွန်နယ်ဖျားက လူသူဝေးလံတဲ့ တောအုပ်ထဲက အိမ်တစ်လုံးကို စာရေးဖို့ရည်ရွယ်ချက်နဲ့ငှားရမ်းခဲ့ပါတယ်။မြို့အဝင်ဆီဆိုင်မှာတွေ့ခဲ့ရတဲ့ လူရွယ်တစ်စုကို မြို့ကြီးသူပီပီ မိတ်ဖွဲ့ပြီးရင်းရင်းနှီးနှီးစကားဆိုခဲ့မိရာကနေ တောသားငစနူတွေက သူ့ရဲ့ ဖော်ရွေမှုကိုအထာပေးတယ်လို့ယူဆပြီး သူငှားနေတဲ့ အိမ်ကိုလာအုပ်စုဖွဲ့မုဒိမ်းကျင့်ရာကနေ နောက်ဆုံး လက်စဖျောက်ပစ်ဖို့အထိကြိုးစားခဲ့ကြပါတယ်။ဒါပေမယ့် ကံကောင်းထောက်မစွာသေကံမရောက်ခဲ့တဲ့ ဂျနီဖာဟာ သူ့ကိုအဓမ္မကျင့်ခဲ့တဲ့မုဒိမ်းကောင်တွေကို ရက်ရက်စက်စက်ပြန်ပြီးကလဲ့စားချေပါတော့တယ်။Horror,Thriller အမျိုးအစားဖြစ်ပြီး ကြမ်းတမ်းရက်စက်တဲ့သတ်ခန်းဖြတ်ခန်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်ပါ။ File size…(13 GB) / (3 GB )/(1.6 GB) Quality….BluRay ...
movie

I Spit on Your Grave (1978) Day of the Woman

Within (2016) 5.5
Within (2016)  အမေရိကန် Horror ကားကိုမှ Parasite လို Vibe မျိုးလေးနဲ့ကြည့်ရှုချင်ရင်တော့ အခုတင်ဆက်ပေးမဲ့ ကားလေးကကွက်တိပဲဖြစ်မှာပါ။Parasite လိုမျိုးကြီးလုံး၀တူနေတာတော့မဟုတ်ဘဲနဲ့ အိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတဲ့ခံစားချက်ကြီးနဲ့ ကျောချမ်းစေမှာကတော့အသေအချာပါပဲ။ခေါင်းကြီးတွေကတော့ မင်းသမီးချောချောလေးကို ငေးနေတာနဲ့တင်ကြောက်ချိန်ရမယ်မထင်ပါဘူး။ဇာတ်လမ်းနာမည်ကတော့Within ဖြစ်ပြီး IMDb Rating 5.1 ရရှိထားတဲ့ 2016 တုန်းကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။အမေရိကန် သည်းထိပ်ရင်ဖို ဇာတ်ကားတွေကတော့ ထုံးစံအတိုင်းပဲမိသားစုတစ်စုက အိမ်သစ်တစ်လုံးကို ပြောင်းရွှေ့လာရာကနေစပါတယ်။သူတို့မိသားစုမှာ အဖေ မိထွေးနဲ့ ဆယ်ရာဆိုတဲ့သမီးဖြစ်သူဆိုပြီးမိသားစုဝင် ၃ ယောက်ရှိပါတယ်။မိထွေးဆိုပေမဲ့ ဆယ်ရာနဲ့အရမ်းအဆင်ပြေပြီး သင့်မြတ်ကြပါတယ်။အိမ်ကိုရောက်လာခါစမှာတော့ ဘာပြဿနာထွေထွေထူးထူးမှမရှိခဲ့ပေမဲ့ သူတို့ခေါ်ခိုင်းတဲ့ ဘေးအိမ်ကသော့ပြင်ဆရာကတော့ ကြောက်စရာကောင်းပြီးတော့ ကြောင်တောင်တောင်နိုင်ပါတယ်။အဲ့ဒီအပြင်ကိုမှဆယ်ရာက တစ်ခါတစ်လေအိမ်ထဲမှာ လူရိပ်တွေ့တာတွေအသံတွေကြားနေရတာတွေ ခဏခဏဖြစ်လာပြီး စိတ်ခြောက်ခြားနေပါတော့တယ်။ဆယ်ကျော်သက်တစ်ယောက်ရဲ့ စကားဆိုတော့လည်း အဖေနဲ့မိထွေးဖြစ်သူက သိပ်မယုံချင်ကြပါဘူး။ဒီလိုနဲ့ ဆယ်ရာပြောနေတာအမှန်တွေဖြစ်တယ်ဆိုတဲ့ အကြောင်းသက်သေထွက်ရှိလာပြီးနောက်မှာတော့ သူတို့ရဲ့အိမ်ထဲမှာသူတို့မထင်မှတ်ထားတဲ့ ဘယ်လိုကြောက်စရာကောင်းတဲ့ အရာတွေရှိနေမယ်ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.22GB / 470MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ...
movie

Within (2016)

The Corpse Washer (2024) 7
The Corpse Washer (2024) The Corpse Washer သို့ Pemandi Jenazah 2024 အလောင်းပြင်သူImdb 7.1/10ခုရက်ပိုင်း ထွက်ရှိထားတဲ့သရဲကားတွေထဲ အကောင်းဆုံးလို့ပြောလို့ရလောက်တဲ့ အင်ဒိုအသစ်စက်စက်သရဲကားတင်ဆက်ပေးချင်ပါတယ် အသည်းငယ်တတ်သူများအနေနဲ့ ကြမ်းပေ့ဆိုတဲ့ဇာတ်ဝင်ခန်းတွေပါတာဖြစ်လို့ မကြည့်ခင်မှာစဉ်းစားစေချင်ပါတယ် ဒီကားကို ရုပ်ရှင်ရုံမှာသွားကြည့်တုန်းကတစ်ရုံလုံး ဝက်ဝက်ကွဲအော်ခဲ့ကြတဲ့ထိ ထိတ်လန့်စရာကောင်းခဲ့ပါတယ်လီလာတို့မိသားစုက ဘိုးစဉ်ဘောင်ဆက် အလောင်းရေချိုးပေးတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ် ဒါပေမဲ့လီလာကတော့ ဒီအလုပ်ကိုရွံရှာပြီးမုန်းတီးနေသူပါ တစ်ရွာလုံးမှာလည်းသူ့အမေကလွဲ ဒီအလုပ်ကိုလုပ်မဲ့လူကမရှိ သူ့အမေမရှိတော့ရင် ဒီအလုပ်ကိုသူပဲဆက်ပြီးလုပ်ကိုင်သွားရမှာကိုတွေးပြီး စိတ်ပူပန်နေခဲ့တာပေါ့ အလောင်းပြင်ရင်လိုက်နာရမဲ့စည်းကမ်းက ပြင်နေချိန်ဝတ်ထားရမဲ့အဝတ်အစားနဲ့ သေဆုံးသူနဲ့ဆိုင်တာတွေကို မီးရှို့ပစ်ဖို့ပါ မဟုတ်ရင် ကံဆိုးခြင်းတွေနဲ့အတူ မမြင်အပ်တာတွေပါလာတတ်တယ်လို့ အယူရှိတယ်ပေါ့ ဒါပေမဲ့စူးစမ်းချင်စိတ်နဲ့ ပုံမှန်မဟုတ်ဘဲသေ‌‌‌ဆုံးသွားတဲ့ သူတို့မြို့ထဲကလူရဲ့ပစ္စည်းတစ်ခုကို လီလာကမီးမရှို့ဘဲသိမ်းထားခဲ့မိတယ် ဒီလိုကနေ မိခင်သေဆုံးတဲ့ထိဖြစ်လာပြီး အလောင်းပြင်ဖို့တာဝန်က လီလာ့လက်ထဲရောက်လာချိန်မှာတော့။။။ပုံမှန်မဟုတ်တဲ့ သေဆုံးမှုတွေ တစ်မှုပြီးတစ်မှုဖြစ်ပြီး သေဆုံးပုံတွေက တူလာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းကို Yunni မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Yunni ~ Alex ~ V ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size…1.2GB / 475MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 47m Subtitle….Myanmar ...
movie

The Corpse Washer (2024)

2024