Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Horror
7.3
Suspiria (1977)
ဘဲလေး အကကို တဆင့်မြင့်တင်ဖို့ ဂျာမနီမှာရှိတဲ့ အကယ်ဒမီကို ရောက်လာတဲ့ ဘဲလေးအကမယ်လေး ဆူဇီတယောက် ကျောင်းကို ရောက်တဲ့အချိန် ကျောင်းသူတွေထူးဆန်းစွာတယောက်ပြီးတယောက်သေကြတာကိုတွေ့ရှိလိုက်ရပြီးနောက် အကယ်ဒမီရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့ လုပ်တဲ့အခါမှာတော့ ....ဒီဇာတ်ကားကတော့ ဒါရိုက်တာ Dario Argento’s ရိုက်ကူးခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ စတင်ပြသခဲ့ပါတယ် သွေးသံရဲရဲအခန်းတွေ ထိတ်လန့်စရာတွေ အသဲချမ်းစရာတွေပါဝင်တဲ့ဇာတ်ကားဖြစ်လို့ Horror ကြိုက်တဲ့သူတွေသေချာပေါက်ကြည့်ရှုရမယ့်ဇာတ်ကားပါ ၂၀၁၈ ခုနှစ်မှာလည်း သူ့ကို အခြေခံပြီးပြန်ရိုက်ထားတဲ့ဇာတ်ကားထွက်လာခဲ့ပါတယ် ထိတ်လန့်သည်းဖိုကြိုက်တဲ့သူတွေအတွက် ရင်ထဲအမြဲရှိနေတဲ့ ဂန္ဓဝင်ဇာတ်ကားလေးမို့ ကြည့်ရှုလိုက်ပါဦး..... File size…(1.4 GB)/(720 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie
Suspiria (1977)
6.9
Opera (1987)
ဒါရိုက်တာ Dario Argento ရိုက်ကူးတဲ့ horror/ mystery ဇာတ်ကား Opera မှာ rising star အဆိုတော်မလေး ဘက်တီက အဓိကဇာတ်ကောင်ဖြစ်ပါတယ်။ သူက Original Singer ဒဏ်ရာရသွားလို့ မမျှော်လင့်ဘဲ leading role ရခဲ့တာပါ။Original Singer ဒဏ်ရာရခြင်းနဲ့ တဆက်တည်းမှာပဲ အော်ပရာဟောက်စ်မှာ ရက်ရက်စက်စက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ လူသတ်သမားရဲ့ အဓိက target က ဘက်တီ ဖြစ်နေသောအခါ သူမအနေနဲ့ အသက်ရှင်ဖို့ကြိုးစားရင်း အမှု နောက်ကွယ်က မေးခွန်းတွေ၊ ဆန်းကျယ်မှုတွေကို ဖြေရှင်းရမှာဖြစ်ပြီး ဘာတွေ တွေ့ကြံရမလဲဆိုတာကိုတော့... File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre... Crime, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by BB
movie
Opera (1987)
6.4
Kuyang (2024)
အသစ်ထွက်ရှိထားတဲ့ အင်ဒိုခေါင်းပြတ်စုန်းသရဲကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။သရဲကားအမျိုးအစားထဲမှာတော့ပါပေမဲ့ အဓိကအားဖြင့်ကတော့စုန်းတွေ ကဝေတွေ အောက်လမ်းပညာတွေအဓိကတွေ့ရမှာပါ။ပြောရရင်တော့အမေရိကန်သရဲကားမျိုးတွေထက် ထိုင်းသရဲကားတွေရဲ့ Vibe နဲ့တော်တော်လေးသွားဆင်ပါတယ်။ဒီဇာတ်ကားရဲ့နာမည်ကတော့ Kuyang(ခေါင်းပျံကြီး)ဖြစ်ပြီးIMDb Rating 6.4 အထိရရှိထားပါတယ်။အေးချမ်းသာယာလှတဲ့ ညနေခင်းလေးတစ်ခုမှာကျောင်းဆရာဘီမို နဲ့ဇနီးဖြစ်သူဆရီတို့က ဘီမိုတာဝန်ကျရာရွာလေးတစ်ရွာကိုသွားဖို့အတွက်စောင့်ဆိုင်းနေကြပါတယ်။ရွာမှာသွားရောက်နေထိုင်ပြီး စာသင်ကြားပေးရမယ်ဆိုတာခက်ခဲပေမဲ့လည်း တာဝန်ကျရာသွားရမှာပဲမလို့ ဇနီးဖြစ်သူကပါမောင်တစ်ထမ်း မယ်တစ်ရွက်လိုက်ပါဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့ရွာကို ကားတစ်စီးနဲ့စထွက်လာခဲ့ကြပြီး စစချင်းမှာတင်မီးလောင်နေတဲ့ခေါင်းပျံကြီးတွေ သူ့ဘာသာသူအလိုအလျောက်ရွေ့နေတဲ့အခေါင်းကြီးတွေနဲ့စတင်ကြိုဆိုပါတော့တယ်။ရောက်ရောက်ချင်းဆောက်နဲ့ထွင်းပြီး ရွာကိုရောက်သွားတဲ့အချိန်မှာတော့ ရွာရဲ့ဝမ်းနည်းစရာသမိုင်းကြောင်းကိုသိခဲ့ရပါတော့တယ်။ဒီရွာမှာ အရင်တုန်းက အကြီးအကျယ်ရေလွှမ်းမိုးခဲ့ပြီး ရွာမှာရှိတဲ့ လူတော်တော်များများကလေးလူငယ်လူကြီးမရွေးသေဆုံးခဲ့ကြပါတယ်။အသက်ရှင်ကျန်ခဲ့တဲ့လူတော်တော်များများကလည်း ဒီရွာကနေထွက်သွားကြတဲ့အတွက်အခုအချိန်မှာ ရွာသူရွာသားအနည်းငယ်နဲ့ ကျောင်းသူကျောင်းသား ၇ ယောက်သာကျန်ပါတော့တယ်။ဒါပေမယ့်ကလေးဘယ်လောက်နည်းနည်း စာသင်ပေးရမဲ့ တာဝန်ရှိတာကတစ်ကြောင်း ရွာသူကြီးအဆွယ်ကောင်းတာက တစ်ကြောင်းနဲ့လင်မယားနှစ်ယောက်လုံး နောက်ရက်မှ ာစာစသင်ခဲ့ကြပါတော့တယ်။ဒါပေမယ့်သူတို့စာစသင်တဲ့ရက်ကတည်းကစပြီးကြောက်လန့်စရာတွေတစ်ခုပြီး တစ်ခုဆက်တိုက်တွေ့လာကာဘယ်လိုအရာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.39GB / 583MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle ...
movie
Kuyang (2024)
6.5
Inferno (1980)
ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ်ထွက် "Inferno" ဖြစ်ပါတယ်။ ဒါရိုက်တာ Dario Argento ရဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်း ရုပ်ရှင်ဖြစ်ပြီးတော့ "Three Mothers" ဇာတ်လမ်းတွဲ၏ ဒုတိယမြောက်ကားဖြစ်ပါတယ်။ဇာတ်လမ်းက နယူးယောက်မြို့ကို နေရာယူထားပြီး Rose Elliot (Irene Miracle) ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဝင်စားဖွယ် စုံစမ်းမှုနဲ့ စတင်ပါလိမ့်မယ်။ Rose က "The Three Mothers" ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရှာဖွေတွေ့ရှိပြီး အဲဒီစာအုပ်ထဲမှာ ကမ္ဘာ့အမှောင်မိခင်သုံးဦးတွေ့ရှိတဲ့အကြောင်းကို ဖော်ပြထားပါတယ်။Rose က သူနေတဲ့ အဆောက်အအုံမှာ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေရာက Mater Tenebrarum (အမှောင်၏မိခင်) နှင့် ဆိုင်တဲ့ ဖြစ်ရပ်ဆန်းတွေကို ရင်ဆိုင်တွေ့လာရတယ်။ Rose အမူအရာထူးထူးဆန်းဆန်း ဖြစ်နေတဲ့အခါမှာတော့သူရဲ့မောင်ဖြစ်သူ Mark (Leigh McCloskey) က ရောမကနေ နယူးယောက်ကို ခရီးထွက်ပြီး ...
movie
Inferno (1980)
5.0
Campton Manor (2024)
Horror ချစ်သူများအတွက် စိတ်ဝင်စားစရာလှည့်ကွက်မျိုးစုံနဲ့ဖြဲမခြောက်ဘဲ ကျောချမ်းနေရမဲ့ သရဲကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့Campton Manor ဖြစ်ပြီးနာမည်ကြီးသရုပ်ဆောင်တွေဒါရိုက်တာတွေနဲ့ ရိုက်ကူးထားတာတော့မဟုတ်ပေမဲ့ သူဟာနဲ့သူကြည့်ကောင်းတဲ့အနေအထားတော့ရှိပါတယ်။ဒီဇာတ်ကားကHorror ဆိုပေမဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်စဉ်တွေနဲ့ ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် ပုံမှန်သရဲကားတွေလို ခြောက် လန့်ပြေးမဟုတ်ဘဲ ခေါင်းနည်းနည်းသုံးပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အစမှာတော့ အောင်မြင်တဲ့သည်းထိတ်ရင်ဖိုစာရေးဆရာတစ်ဖြစ်လည်း ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ တက်ဒီ့ကိုတွေ့ရမှာဖြစ်ပါတယ်။သူဒီနေ့အလုပ်လာတဲ့ ရက်မှာတော့သူ့ရုံးခန်းကိုဂျက် ဆိုတဲ့လူတစ်ယောက်ကရောက်နေပါတယ်။ဂျက်ကတော်တော်ထူးဆန်းတဲ့လူတစ်ယောက်ဖြစ်ပြီး လာရင်းအကြောင်းလည်းမပြောသလို သူဘယ်သူဆိုတာကိုလည်းမပြောပြပါဘူး။ဒါပေမယ့်သူက တက်ဒီ့မှာသေဆုံးပြီးသား လူတွေကိုမြင်နေရတဲ့ အစွမ်းတစ်ခုရှိနေတာကို သိပြီးတော့ အဲ့ဒီအစွမ်းကိုအသုံးချဖို့လိုအပ်တဲ့အတွက်အကူအညီလာတောင်းတာလို့တော့ပြောပါတယ်။ဘာကိစ္စအတွက်တက်ဒီ့ အစွမ်းတွေကို လိုလဲဆိုတာကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက ကမ့်ပ်တွန်ဆိုတဲ့အိမ်တော်ကြီးမှာလူတွေအစုလိုက်အပြုံလိုက်သေဆုံးခဲ့ကြပြီး ဘာလို့သေဆုံးခဲ့ရလဲဆိုတာကိုအခုထက်ထိအဖြေမရှာနိုင်သေးတဲ့ အမှုအတွက်ပဲဖြစ်ပါတယ်။တက်ဒီကတော့စိတ်မပါပေမဲ့ ဂျက်ကအတင်းအကြပ်ခေါ်နေတဲ့အတွက်ပါသွားခဲ့ပြီးနောက်မှာတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ကမ့်ပ်တွန်အိမ်တော်ကြီးကိုရောက်ခဲ့ပါတော့တယ်။အဲ့ဒီကစပြီးတော့တက်ဒီနဲ့ ဂျက်နှစ်ယောက်အိမ်ကြီးထဲဝင်သွားခဲ့ကြပြီးနောက် ဒီအိမ်ကြီးမှာဖြစ်ခဲ့တဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေလဲ ဆိုတာကို အဖြေရှာကြပုံကို ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…976MB / 395MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 32m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard ...
movie
Campton Manor (2024)
Kakuda (2024)
Kakuda 2024 ကျိန်စာသင့်ရွာTGIFလေးမှာ ဘဝအမောတွေပြေပျောက်အောင် ဟာဒယရွှင်ဆေးလေးဖြစ်တဲ့ horror comedy ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီဗျ။ သရဲကားဆိုပေမဲ့ ဟာသဦးစားပေးထားတာဖြစ်တဲ့အပြင် castမှာဆိုရင်လဲ ဟင်ဒီနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ ဆိုနာ့ရှီးဆင်ယာနဲ့ ရီတေးရှ်တို့ ပါဝင်သရုပ်ဆောင်ထားတာကြောင့် အကြိုက်တွေ့စေမဲ့ ဟာသသရဲကားလေးပဲဖြစ်ပါတယ်မြို့တွေရဲ့အဝေးတစ်နေရာ လူသူနည်းတဲ့နေရာလေးမှာ သီးသန့်လေးဖြစ်နေတဲ့ရာတိုဒီဆိုတဲ့ရွာငယ်လေးလူသူအရောက်အပေါက်နည်းတဲ့အပြင် ဒီရွာလေးမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ အင်္ဂါနေ့တိုင်း ည ၇:၁၅ ရောက်တာနဲ့ အိမ်တိုင်းမှာရှိတဲ့ တံခါးပေါက်ငယ်လေးကို ဖွင့်ထားရပါသတဲ့။ ဒီတံခါးကိုမဖွင့်ထားရင်တော့ ကာကူဒါဆိုတဲ့သရဲက အိမ်ကယောက်ျားသားကို ကျိန်စာတိုက်ပြီး အဲဒီလူက နေ့ချင်းညချင်း ခါးကုန်းကြီးဖြစ်သွားပြီးတော့ ၁၅ ရက်နေရင် သေရတယ်ဆိုတဲ့အယူပါ။ဒါကို ချစ်သူဖြစ်တဲ့ ရာတိုဒီရွာသားဆန်နီက ယုံလည်းယုံ ကြောက်လည်းကြောက်ပေမဲ့ ခေတ်ပညာတတ်ဖြစ်တဲ့ အင်ဒီရာကတော့ မယုံပါဘူး။ ဒီလိုနဲ့ အိမ်ကအသည်းအသန် အိမ်ထောင်ချပေးတာကိုရှောင်ဖို့ ဆန်နီနဲ့ခိုးပြေးပြီး ရာတိုဒီရွာကိုသွားဖို့ အင်ဒီရာတစ်ယောက် အကြောင်းဖန်လာချိန်မှာတော့......(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ Thura ~ Cyrah ~ KKKZတို့ပဲဖြစ်ပါတယ်) File size…1.6GB / 721MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h ...
movie
Kakuda (2024)
2024
5.0
Ship of the Damned (2024)
ဒီတစ်ပတ် cm ပရိသတ်တွေအတွက် မိုးအေးအေးမှာအပျင်းပြေ ကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးတစ်ကားကိုမိတ်ဆက်ပေးပါရစေ။ Ship of the damned ဇာတ်ကားဟာHorror နဲ့ Action အမျိုးအစားဝင် ဇာတ်ကားဖြစ်ပြီးဇာတ်ကားအဆုံးမှာ ကြည့်ရှုသူ ပရိသတ်တွေကိုဘာကြောင့်လဲဆိုပြီး တွေးမိစေမယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။နှစ်ပေါင်း ၄၀၀ ကျော် တိမ်မြုပ်ပျောက်ကွယ်နေတဲ့ပင်လယ်ဓားပြလှေတစ်စင်းဟာ တစ်ညမှာတော့ UK ရဲ့ကမ်းစပ်မြို့ငယ်လေးတစ်ခုဖြစ်တဲ့ ဆော့ဖလိမြို့ရဲ့ပင်လယ်ရေပိုင်နက်ထဲမှာ ပေါ်လာခဲ့ပါတယ်။ဒီသင်္ဘောကို စူးစမ်းလေ့လာဖို့အတွက် ရောက်ရှိလာတာကတော့ကမ်းခြေစောင့်တပ်ဖွဲ့အေဂျင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့မိုက်ကယ်ဆိုတဲ့ သူနဲ့ ရှေးဟောင်းသင်္ဘောပျက်တွေကိုလိုက်လံရှာဖွေလေ့လာတဲ့ ပညာရှင် အယ်လီနာဆိုတဲ့အမျိုးသမီးတစ်ယောက်ပါပဲ။ သူတို့လှေပေါ်ရောက်ပြီးမကြာခင်သိလိုက်ရတာက ဒီသင်္ဘောဟာ သူတို့ထင်ထားသလိုလူသူကင်းမဲ့နေတဲ့ သင်္ဘောပျက်တစ်ခု မဟုတ်ဘဲထာဝရ ကျိန်စာသင့်နေတဲ့ လူသားစား သင်္ဘောသားတွေရှိနေတယ် ဆိုတာပါ။ ဒီသူတွေက ဘာကြောင့် မသေဆုံးနိုင်ဘဲဒီပင်လယ်ဓားပြလှေနဲ့အတူ မျောပါရွက်လွှင့်နေရတာလဲ။ဒါ့အပြင် သူတို့ကျိန်စာကို ချိုးဖျက်ဖို့အတွက် ဒီကျိန်စာသင့်လူသားတွေ လိုက်လံရှာဖွေနေတဲ့ အရာက အယ်လီနာလိုမျိုးလူသားအမျိုးသမီးတစ်ဦး ဖြစ်နေတဲ့အခါမှာတော့ ....။ File size…944MB / 370MB Quality…WEB-Rip 1080p ...
movie
Ship of the Damned (2024)
5.3
Tusk (2014)
Tusk (2014)Tusk ဟာ နာမည်ကျော် A24 ကနေ ၂၀၁၄က ထွက်ခဲ့တဲ့ကားပေမဲ့ A24 ပရိသတ်တွေကြား အခုထိ တခုတ်တရထည့်ထည့်ပြောနေရတဲ့ ကားပါ။ A24 က ဒီလိုကား အခုထိ ဒီတစ်ကားပဲရှိနေတော့ သူ့ဖန်တွေအတွက် ဒီကားက အမြဲအမှတ်တရလို ဖြစ်နေမယ့်ကားလည်းဖြစ်နေပါတယ်။ A24 က ဒီလိုကားတွေလည်း ဖြန့်တာလားဟလို့လည်း ပြောချင်ပြောလို့ရသလို တကယ်တမ်းပြောကြတာကတော့ ဒီကားရဲ့ စိတ်ညစ်ညူးအောင်လုပ်နိုင်စွမ်းကို ပြောကြတာက ပိုများတာပေါ့။ ဟာသမင်းသား ကီဗင်စမစ်က ရိုက်ထားတာမို့လို့လည်း ဒီကားက Comedy Horror ကားဖြစ်နေတယ်။ ဒီကားရဲ့ Horror ကတော့ Body Horror ပါ။ အားလုံးလည်းသိကြတဲ့အတိုင်း Body Horror ဆိုတာမျိုးက ကြည့်ရတဲ့သူတင်မဟုတ် တစ်ခါတလေကျ ဘာသာပြန်တဲ့လူကိုပါ တော်တော်စိတ်ထဲစွဲပြီး စိတ်ညစ်အောင်လုပ်နိုင်တယ်။ သေချာတာကတော့ ဒီဇာတ်ကားရဲ့ အကြောင်းအရာနဲ့ အပြတွေဟာ ထူးထူးခြားခြားနဲ့ ရှားပါးပါတယ်။ ...
movie
Tusk (2014)
2014
5.5
Latency (2024)
အိမ်ထဲကနေအိမ်ပြင်ကိုမထွက်တဲ့ Gamer တွေဆိုတာအပြင်မှာ တကယ်ကြီးကိုရှိပါတယ်။အခု တင်ဆက်ပေးမဲ့ဇာတ်ကားထဲမှာလည်း အိမ်ထဲကနေအိမ်ပြင်မထွက်ဘဲဂိမ်းတွေ အသားကုန်ဆော့လို့ရူးသွားရတဲ့ Gamer မမတစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတာကို တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီဇာတ်ကားကိုလူငယ်တွေထက်ကလေးတွေကို ဆုံးမချင်တဲ့ လူကြီးတွေကတော့ပိုကြိုက်မယ်လို့ထင်ပါတယ်။ဒါပေမယ့်လည်း လူငယ်ဇာတ်ကားဖြစ်တဲ့အတွက်လူငယ်တွေ အကြိုက်တွေကို အဓိကထားရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပြီး တန်ဆေးလွန်ဘေးဖြစ်တတ်တယ်ဆိုတာကိုကောင်းကောင်းကြီး ကွက်ကွက်ကွင်းကွင်းမြင်ရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ Latency ပဲဖြစ်ပါတယ်။အထက်မှာပြောခဲ့သလိုပဲ ဒီဇာတ်ကားထဲမှာအိမ်ထဲကအိမ်ပြင်မထွက်တဲ့ Gamer ကတော့ဟန်နာဖြစ်ပြီး သူအဲ့လိုဖြစ်နေရတယ်ဆိုတာလည်းအကြောင်းအရင်းရှိပါတယ်။အဲ့ဒီအကြောင်းအရင်းကတော့ သူ့မှာဟင်းလင်းပြင်ကြောက်တတ်တဲ့ ရောဂါရှိလို့ဖြစ်ပြီး သူနေတဲ့တိုက်ခန်းထဲကနေအပြင်ကို လုံး၀ခြေတစ်လှမ်းဆို တစ်လှမ်းတောင်မထွက်ရဲတာဖြစ်ပါတယ်။အဲ့လိုအိမ်ထဲမှာပဲ နေရတဲ့အတွက်ဂိမ်းတွေက သူ့အတွက်အဖော်ဖြစ်လာပြီး အခုအချိန်မှာဆိုရင်ဂိမ်းနဲ့ ပတ်သတ်တဲ့ပစ္စည်းတွေကို စမ်းသုံးပေးရတာတွေအစမ်းဆော့ကြည့်ပေးရတာတွေလုပ်နေရပါပြီ။အဲ့လိုအပြင်မထွက်ပဲနဲ့ သူဘယ်လိုအသက်ရှင်နေထိုင်လဲလို့ မေးရင်တော့အပေါ်ထပ်မှာနေတဲ့ သူ့သူငယ်ချင်းဂျန်ကိုအားကိုးပြီးနေနေရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့တစ်နေ့မှာတော့သူ့ဆီကို Omnia လို့ခေါ်တဲ့ထုတ်ကုန်အသစ်တစ်ခုရောက်လာပြီး ပွဲမထုတ်ခင်သူ့ကိုစမ်းသပ်ခိုင်းခဲ့ပါတော့တယ်။အဲ့ဒီ Omnia လို့ခေါ်တဲ့ပစ္စည်းကအာရုံကြောနဲ့ဆက်သွယ်ပြီးလျှပ်စစ်ပစ္စည်းတွေ ဂိမ်းတွေ ပရိုဂရမ်တွေကိုစိတ်နဲ့စေခိုင်းလို့ရစေတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ဟန်နာကလည်းအဲ့ဒီပစ္စည်းကိုအရမ်းကြိုက်သွားပြီးနောက်ပိုင်းအလွန်အကျွံတွေအသုံးပြုလာမိတဲ့အခါမှာတော့ဘယ်လိုဘေးထွက်ဆိုးကျိုးတွေကိုခံစားရပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…993MB / 370MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Horror , Thriller Subtitle….Myanmar Subtitle ...
movie
Latency (2024)
Tastes of Horror (2023)
Tastes of Horror (2023)***********************ကဲ ကျွန်တော်တို့ Channel Myanmar ကနေ ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ဇာတ်ကားကောင်းလေးကတော့ Tastes of Horror ဆိုတဲ့နာမည်နဲ့လိုက်အောင် Horror တောင်မှ အမျိုးမျိူးသောပုံစံတွေနဲ့တစိမ့်စိမ့်တွေးပြီးမှ ကြောက်ရမဲ့ မွန်းကြပ်ရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်း ၁၀ ပုဒ်ကို ပေါင်းထားတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်း ၁ ပုဒ်ကို ဒါရိုက်တာ ၁ ယောက်စီနဲ့စုစုပေါင်း ဒါရိုက်တာ ၁၀ ယောက်က လက်စွမ်းပြထားတာပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့လည်း The Atypical Family မှ ကလေးသရုပ်ဆောင် Park So Yi၊Itaewon Class ထဲမှ Lee Joo Young, Twinkling Watermelon ထဲမှ Shin Eun Soo၊CLC အဖွဲ့ဝင် Seunghee, Seung Yeon, Ye Eun ...
movie
Tastes of Horror (2023)
5.7
Crazy Tsunami ( 2021 )
ဒီနေ့တော့ Crazy tsunami ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်.. ဒီဇာတ်ကားလေးကို အမြည်းပြောပြရမယ်ဆိုရင်.. ဆင်ခြေဖုံးရပ်ကွက်ကို ပရောဂျက်ကြီးနဲ့ မြို့ပြအဖြစ်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ရှိတယ်.. ဒီလူကို ဆန့်ကျင်နေတာကတော့ အဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ နေတဲ့သူတွေပေါ့...အဲ့ဒေသလေးက ပင်လယ်နဲ့နီးလို့ ပင်လယ်ပျော်မြို့အနေနဲ့ အမှတ်သင်္ကေတ မိကျောင်းတောင် ထားဦးမှာဆိုပြီး ကျန်းဖုန်းဆိုတဲ့လူကို မိကျောင်းသယ်လာခိုင်းတယ်.. သူလည်း သယ်လာတာပေါ့..ဒါပေမယ့် ၁၀ နှစ်ကျော် ခင်မင်လာတဲ့ သူငယ်ချင်း အိမ်နီးချင်းတွေက ကန့်ကွက်ကြတယ် အဲ့ကိစ္စကို... ဒီကန့်ကွက်တဲ့ထဲ အိမ်ကပျောက်သွားတဲ့ သူ့သမီးလေးလည်း ပါနေတာပေါ့.. သူတို့အငြင်းပွားနေချိန်မှာပဲ ဆူနာမီလှိုင်းလုံးကြီးက အမှတ်မထင် နှုတ်ဆက်လိုက်ပါတယ်.. တစ်ချိန်တည်းမှာပဲ ကျန်းဖုန်းသယ်လာတဲ့ မိကျောင်းကြီးလည်း လွတ်သွားတာပေါ့... မိကျောင်းကြီးနဲ့ ဆူနာမီရေကြီးနေတဲ့ ဆင်ခြေဖုံးရပ်ကွက်လေး ဘာဆက်ဖြစ်မယ်ဆိုတာ ဇာတ်လမ်းလေးကြည့်လိုက်နော်... Filesize : 1.11 GB / 668 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Action , Drama Runtime : 1h 18 min Subtitle : Myanmar ...
movie
Crazy Tsunami ( 2021 )
6
The Caller ( 2024 )
Horror ကားကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် Horror ကားကောင်းကောင်းလေး တစ်ကားကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်ကားလေးကတော့ နာမည်အတိုင်း ဝင်လာတဲ့ ဖုန်းကောလ်တစ်ကောလ်ကနေ ပြဿနာတွေတသီတစ်တန်းကြီး တတ်တဲ့ကားပါ ။ဇာတ်လမ်းအညွှန်းလေးကတော့ လျိုမုန့်ကျားဆိုတဲ့မိန်းကလေးက ယောက်ျားဆီကနေ အိမ်တွင်းအကြမ်းဖက်ခံရတာကြောင့် ယောက်ျားနဲ့ကွာရှင်းဖို့လျှောက်ထားပြီး ရှောင်ရင်းနဲ့ နယ်မြို့လေးတစ်မြို့မှာ အိမ်ပြောင်းနေခဲ့ပါတယ် ။ သူအဲဒီအိမ်မှာနေရင်း တစ်နေ့မှာ ဖုန်းတစ်ကောလ်က ထူးဆန်းစွာဝင်လာခဲ့ပါတယ် ။ ဖုန်းဆက်တဲ့သူကလည်း မိန်းမတစ်ယောက်ဖြစ်ပြီးတော့ သူ့ကို လှေကားရှည်လမ်းထိပ်က ဟောင်ကောင်စားသောက်ဆိုင်ကိုလာခဲ့ပေးပါ စောင့်နေမယ်ဆိုပြီး အလောတကြီးပြောပြီးဖုန်းချသွားပါတော့တယ် ။မုန့်ကျားတစ်ယောက် မယုံသင်္ကာဖြစ်မိပေမဲ့ သွားရှာကြည့်လိုက်တဲ့ အဲဒီဟောင်ကောင်စားသောက်ဆိုင်ဆိုတဲ့နေရာက လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းက ဖျက်ခံထားပြီး ဈေးဆိုင်တစ်ခုဖြစ်နေတာပါ ။ ဒီလိုနဲ့ ညတိုင်းဖုန်းပြောဖြစ်ကြရင်း တစ်ဖက်ကမိန်းကလေးကလည်း သူလိုမျိုး ယောက်ျားဖြစ်သူဆီကနေ အနိုင်ကျင့်ခံရဲ့ အမျိုးသမီးဖြစ်ကြောင်းသိရပြီး မုန့်ကျားက စိတ်ခွန်အားတွေပေးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ မမျှော်လင့်ထားဘဲ ဖုန်းဆက်လာတဲ့အမျိုးသမီးက သူလက်ရှိရှိနေတာက ၁၉၉၇ ခုနှစ်အကြောင်းပြောပြလာချိန်မှာတော့ ၂၀၁၇ ခုနှစ်မှာရှိနေတဲ့ မုန့်ကျားတစ်ယောက် အံ့ဩထိတ်လန့်မှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။ကဲ ဇာတ်ကားထဲမှာတော့ အတိတ်ကို မတော်တဆပြောင်းလဲမိလိုက်တဲ့ မုန့်ကျားတစ်ယောက် အချိန်နဲ့အာကာသရဲ့ အပြိုင်စကြဝဠာလမ်းကြောင်းကို နှောက်ယှက်မိပြီး ဘယ်လိုထိတ်လန့်စရာတွေနဲ့ကြုံလာရမယ်ဆိုတာကို စိတ်ဝင်စားစွာနဲ့ ဇာတ်ကားလေးထဲမှာ သဲထိတ်ရင်ဖိုဆက်လက်ကြည့်ရှုလိုက်ပါအုံးနော် ။ Filesize : 451 ...
movie
The Caller ( 2024 )
Good Boy (2022)
IMDb - 5.7မီလီယံနာ အမွေဆက်ခံသူတစ်ဦးဖြစ်တဲ့ ခရစ်တီယန်နဲ့ စိတ်ပညာကျောင်းသူတစ်ယောက်ဖြစ်တဲ့ စီဂရစ်တို့ ချိန်းတွေ့တဲ့အက်ပ်ပလိီကေးရှင်းမှတဆင့် ချိန်းတွေ့ရမှ ဥစ္စာပေါ ရုပ်ချော သဘောကောင်းတဲ့ ခရစ်တီယန်တွင် လူစင်စစ်မှခွေးလိုပြုမူနေထိုင်သော သူတစ်ယောက် မွေးထားသည်ကို သိလိုက်ရသောအခါ စီဂရစ်တစ်ယောက် ဘယ်လိုတုံ့ပြန်မလဲ ၊ လူစင်စစ်မှ ဘာကြောင့်ခွေးလိုပြုမူနေသလဲဆိုတာကို သဲထိပ်ရင်ဖိုကြည့်ရှူရမည့် သဲထိပ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1 GB)/(500 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by April Snow
movie
Good Boy (2022)
[18+] Trauma (2017)
Trauma (2017) စပိန်စကားပြော ချီလီဇာတ်ကားဖြစ်ပြီး ကြောက်မက်ဖွယ်ရာ Horror, Drama ,Thriller,Action ဆိုပြီး မတူညီတဲ့ အမျိုးအစားတွေတွဲဖက်ပါဝင်တဲ့ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့...ညီမဖြစ်သူအပေါ် အရမ်းချုပ်ချယ်သလို ဖြစ်သော အစ်မကြီး အန်ဒရီယာ၊ ညီမဖြစ်သူက လိင်တူချင်းကြိုက်ပြီး အစ်မနဲ့ မတည့် အမေနဲ့ စကားမပြောတဲ့ ကာမီလာ၊ သူတို့နှစ်ယောက်ရဲ့ ဝမ်းကွဲညီအစ်မ မက်ဂ်ဒါလီနာ၊ ကာမီလာရဲ့ လက်စ်ဘီယန်ချစ်သူ ဟူလီယာ စတဲ့ မိန်းကလေး ၄ ယောက်ဟာ မြို့ပြင်နယ်စွန်နယ်ဖျားက ဦးလေးဖြစ်သူရဲ့ အပန်းဖြေအိမ်ကလေးကို အနားယူဖို့ ခရီးထွက်လာကြပါတယ်။ဒီအိမ်ရဲ့ရာဇဝင်နဲ့ ခြောက်ခြားဖွယ်အတိတ်တွေက ဘယ်လိုဆိုတာမသိကြဘဲ အဲဒီညမှာပဲ ထူးခြားတဲ့ သားအဖနှစ်ယောက်ဟာ အိမ်ထဲကို အကြမ်းဖက်ဝင်ရောက်လာပြီး ထပ်မံဒုက္ခပေးတဲ့အချိန်မှာတော့ အမျိုးသမီး ၄ ယောက်သား အသက်ရှင်နိုင်ဖို့ ဘယ်လိုတွေ လုပ်ကြမလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။(လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြကွက်များ၊ သွေးထွက်သံယို အော်ဂလီဆန်စရာများ ပါဝင်သောကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးမှသာကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။)(Dark Side Production မှ တင်ဆက်သည်။) File size…(1.7 GB)/ ...
movie
[18+] Trauma (2017)
6.0
The Exorcism (2024)
မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဟော်ရာကားသစ်ဖြစ်ပါတယ်။မနှစ်က ထွက်ထားတဲ့ The Pope's Exorcist နဲ့ နာမည်တူပေမဲ့အဆက်မဟုတ်ပါဘူး။ သီးခြားဇာတ်လမ်းပါ။ ဇာတ်လမ်းအကျဉ်း****************မင်းသားကြီး ရက်ဆဲခရိုးဟာ အန်သိုနီ(တိုနီ) ဆိုတဲ့မင်းသားကြီးတစ်ယောက်ဖြစ်ပါတယ်။ အရက်တွေစွဲဆေးလိပ်တွေစွဲ မိန်းမကသေ၊ သမီးက စိတ်နာတာခံနေရပြီးဘဝပျက်နေတာပါ။ ဒီလိုနေ့ တစ်နေ့မှာ နတ်ဆိုးတစ်ကောင်အကြောင်းရိုက်မဲ့ ဟော်ရာရုပ်ရှင်တစ်ခုမှာ မင်းသားအဖြစ်အရွေးခံလိုက်ရပါတယ်။ အဲဒီရုပ်ရှင်ကိုရိုက်နေရင်းပဲကံဆိုးတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာပြီး မိစ္ဆာပူးသလိုကိစ္စတွေကြုံလာတာကို ပြထားတာပါ။ သရဲပူးသရဲနှင်ဟော်ရာကားကိုပဲ စတိုင်တစ်မျိုးနဲ့ရိုက်ထားတာဖြစ်လို့ခံစားကြည့်လိုက်ပါဦး။ File size…1.25GB / 379MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson
movie
The Exorcism (2024)
Dreamcatcher (2003)
IMDb - 5.5 ဆရာကြီး Stephen King ရဲ့ Dreamcatcher စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးထားတဲ့ သဘာဝလွန်သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားအမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျုံးစီ၊ ဘီဗာ၊ ပိပ်နဲ့ ဟင်နရီဆိုတဲ့ သူငယ်ချင်းလေးယောက်မှာ ငယ်ငယ်လေးကတည်းက ထိန်းသိမ်းလာခဲ့ကြတဲ့ လျို့ဝှက်ချက်တစ်ခုရှိပါတယ်။သူတို့ အသက်ကြီးသွားပြီး ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်နေတောင်မှ တစ်နှစ်ကို တစ်ကြိမ်တော့ မိန်းပြည်နယ်မှာရှိတဲ့ တောအုပ်ထဲကိုစခန်းချသွားနေကျပါပဲ။ ဒီနှစ်မှာလည်း စခန်းချသွားကြရင်း နှင်းမုန်တိုင်းတိုက်တာနဲ့ ကြုံခဲ့ရပြီး သူတို့ရဲ့စခန်းချအိမ်ရှိတဲ့ တောအုပ်တဝိုက်မှာ ကူးစက်ရောဂါတမျိုးပြန့်နှံ့လာတဲ့အချိန်မှာတော့ ထူးခြားတဲ့ လက်ဆောင်မွန်တွေရရှိထားကြတဲ့ သူငယ်ချင်းေလးယောက် ဒီဖြစ်ရပ်ဆိုးကို ဘယ်လိုတားဆီးကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်တမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။File size…(2.9 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama, Horror, Science Fiction,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Dreamcatcher (2003)
5.8
The Devil’s Lair (2024)
The Devil's Lair 2023အင်ဒိုသရဲမှကြိုက်တာဆိုတဲ့ ပရိသတ်ကြီးတို့ အကြိုက်ဖြစ်စေမယ့် အင်ဒိုစုန်းကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒီကားလေးမှာတော့ Jump scare typeမဟုတ်ဘဲ အောက်လမ်းဘက်တို့ စုန်းတို့ မှော်တို့ဘက်ပိုရောက်တဲ့horrorကားမျိုးပါ။ဇာတ်လမ်းကတော့ အဖေ့ရဲ့အကြွေးတွေကို ခက်ခက်ခဲခဲဆပ်ဖို့ ရုန်းကန်နေရတဲ့အာလင်းတစ်ယောက် ညီမလေးကိုလည်း တစ်ဖက်ကစောင့်ရှောက်ရ၊ အကြွေးရှင်တွေကလည်း မိန်းမရွှင်လုပ်ခိုင်းဖို့ တကဲကဲဖြစ်နေတော့ ကြံရာမရဖြစ်ပြီး ချစ်သူဖြစ်တဲ့ ဂန်တို့အဖွဲ့နဲ့အတူ ရှေးဟောင်းအိမ်တစ်အိမ်ကို ဓားပြတိုက်ဖို့လုပ်ပါတော့တယ်။ အဖွဲ့ထဲက ဖစ် ကတော့ မကြည်ဖြူပေမဲ့ လင်းရဲ့ခြိမ်းခြောက်မှုနဲ့ လက်ခံပေးလိုက်ပြီး အိမ်ကြီးဆီရောက်လာတော့တာပေါ့။ဒါပေမဲ့ အိမ်ကြီးထဲမှာ အဖိုးတန်တွေရှာနေတုန်း အမျိုးသမီးတစ်ယောက်ကို ချုပ်ထားတာမြင်ပြီး ကူညီချင်တဲ့ဂန်က လွှတ်ပေးလိုက်ပြီး သူတို့နဲ့အတူခေါ်လာချိန်မှာ အဲဒီအမျိုးသမီးလည်း ပျောက်သွားပြီး အိမ်ထဲမှာ သူတို့လေးယောက် ပိတ်မိသွားကြတဲ့အခါ....ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့အတိုင်း ဘုမသိဘမသိနဲ့လွှတ်ပေးမိတဲ့ အမျိုးသမီးကဘာလဲ။ သဘာဝလွန်ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့ ဒီအိမ်ကြီးထဲက ဒီလူငယ်တစ်သိုက် ရုန်းထွက်နိုင်မလားဆိုတာ ရှုစားလိုက်ရအောင်ပါ။အညွှန်းနဲ့ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Action, Fantasy, Horror Quality…. 1080p | 720p File size… ...
movie
The Devil’s Lair (2024)
2024
Willow Creek (2013)
1999 နာမည်ကျော် The Blair Witch Project တို့လိုပုံစံ found footage horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာအခြေခံတာကတော့ တစ္ဆေသရဲတွေ စုန်းတွေမဟုတ်ပဲ နှင်းလူဖြစ်ပါတယ်။နှင်းလူကိုမှ သူ့ကိုတွေ့ရများတယ်ဆိုတဲ့ဒေသတွေ၊ ဒေသခံတွေရဲ့အတွေ့အကြုံတွေ၊ နှင်းလူကျွမ်းကျင်သူတွေကိုပါ ထည့်သွင်းဖန်တီးထားတာဖြစ်ပါတယ်။Blair Witch Project လိုပဲလူနည်းနည်းစရိတ်ကျဉ်းကျဉ်းနဲ့ဖန်တီးထားတာဖြစ်ပေမယ့် ပရိသတ်တွေ ဝေဖန်ရေးဆရာတွေရဲ့အားပေးမှုတွေကြောင့်ပေါက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ နှင်းလူအကြောင်း မှတ်တမ်းတင်ရုပ်ရှင်ရိုက်ချင်တဲ့စုံတွဲတစ်တွဲ နှင်းလူရှိတယ်ဆိုတဲ့တောနက်ကြီးထဲကိုဝင်ရောက်ကြရာကနေ အန္တရာယ်နဲ့ရင်ဆိုင်ရပုံအကြောင်းဖြစ်ပါတယ်။ဒီလိုဇာတ်ကားတွေကြိုက်ရင်ကြည့်ထားသင့်တဲ့ကားပါပဲ။File size…(1.1 GB) Quality….720p Format…mp4 Duration….01:49:00 Genre... Adventure, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie
Willow Creek (2013)
The Reaper Man (2023)
ဂျိုးဆပ်တစ်ယောက် အိမ်ဖောက်ထွင်းခံရမှုမှာ အသတ်ခံလိုက်ရပြီး ကျန်ခဲ့တဲ့ဂျက်ဆီကာဟာ ဂျိုးဆပ်သေဆုံးသွားတာကို ဖြေသိမ့်မရနိုင်ပဲ ပြန်တွေ့ချင်စိတ်နဲ့ မှော်အစွမ်းတတ်တဲ့ မိန်းမတစ်ယောက်ဆီသွားပြီး အကူအညီတောင်းရာမှ ဂျိုးဆပ်ပြန်ရောက်လာပြီး မမျှော်လင့်ထားတဲ့အရာတွေ စပြီးဖြစ်လာတဲ့အခါ…ပြန်ရောက်လာတာကရော ဂျိုးဆပ်အစစ်လား ဂျိုးဆပ်ပြန်ရောက်လာပြီးနောက်ပိုင်း ဘယ်လိုမျိုးပြောင်းလဲမှုတွေ ကြုံတွေ့ရမလဲဆိုတာကတော့ ဇာတ်လမ်းလေးကို ကြည့်ရှုပေးကြပါဦးနော် File size…(1.1 GB)/(450 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:28:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana
movie
The Reaper Man (2023)
The Legend of Lake Hollow (2024)
ဒဏ္ဍာရီလာ ဟော်လိုးရေကန်ဒီကားလေးကတော့ ၂၀၂၄ခုနစ်ကထွက်ထားတဲ့ တုန်လှုပ်ချောက်ခြားစရာ သရဲကားလေးပါ ဒီဇာတ်ကားကိုတော့ Legacy (2013)၊ change is good (2018) တို့နဲ့နာမည်ကြီးတဲ့ ဒါရိုက်တာ Chris Halloကရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ မာခ့် ကာဆန် ဒမ် သူငယ်ချင်းတစ်စုက ဝေးလံခေါင်သီတဲ့ဟော်လိုးရေကန်ဘေးနားက သစ်သားအိမ်တစ်အိမ်မှာ အပျော်ခရီးထွက်လာကြတယ် ဒမ်က သူ့စေ့စပ်ထားတဲ့ ရှေးယ်နဲ့ ရှေးသူငယ်ချင်း လော်ရီရယ်တို့ကိုပါ ခရီးထဲခေါ်လာတယ် ပျော်ပျော်ပါးခရီးစဉ်ဖြစ်မယ်လို့ ထင်ထားတဲ့သူတို့ချင်းတစ်စု ရေကန်ပတ်ဝန်းကျင် ကင်မရာတွေကနေတစ်ဆင့် သရဲတစ္ဆေနှင့် နတ်ဆိုးပုံရိပ်များကို မြင်တွေ့လာကြသော်အခါ…..သူတို့သူငယ်ချင်းတစ်စု ဒီဖြစ်ရပ်ဆိုးကြီးနှင့် တုန်လှုပ်ချောက်ချားစွာ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကိုတော့ The Legend of Lake Hollow ဇာတ်ကားတွင် သည်းထိတ်ရင်ဖို ခံစားကြည့်ရှုနိုင်ပါတယ်ဇာတ်လမ်းအညွှန်းအား April Snowက ရေးသားတင်ပြထားပါသည်။ File size…(1.1 GB)/(530 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:28:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by April ...
movie
The Legend of Lake Hollow (2024)
First
6
7
8
9
10
Last
Previous
Next