Channel Myanmar

Horror

Side Effect (2020) 5.1
Side Effect (2020) Side Effects (2020)IMDb 5.1Horror/Thriller အဆိုတော်အိုလီယာနဲ့ ယောကျာ်းဖြစ်သူအန်ဒရေးတို့နှစ်ယောက်ဟာ ထင်မှတ်မထားတဲ့ဖြစ်ရပ်ဆိုးတစ်ခုရှိ‌ခဲ့ပါတယ် ဒီအတိတ်ဖြစ်ရပ်ဆိုးတွေကနေရုန်းမထွက်နိုင်တဲ့ အိုလီယာကိုကြည့်မနေနိုင်တော့တဲ့ အန်ဒရေးတစ်ယောက် နာမည်ကြီးဆရာမတစ်ယောက်ဆီသွားပြီး အိုလီယာ့မှတ်ဉာဏ်တွေကိုဖျက်ပေးဖို့ အကူအညီတောင်းခဲ့တယ် ဆရာမကမှိုတစ်ပွင့်ပေးလိုက်ပြီး သူမရှိချိန်သူ့အိမ်ကိုစောင့်ရှောက်ပေးဖို့အပေးအယူလုပ်လာတော့ အိမ်ပြောင်းချင်နေတဲ့အန်ဒရေးအတွက်လည်း လက်လွှတ်မခံဘဲသဘောတူမိလိုက်ပါတယ် ဒီလိုနဲ့အိမ်ပြောင်းနေရာကစပြီး အိမ်ကြီးမှာထူးဆန်းတာတွေတွေ့ကြုံလာရင်း တစ်နေ့မှာ မိန်းမဖြစ်သူအိုလီယာဟာပျောက်ဆုံးသွားတဲ့အခါ... ဘာတွေဆက်ဖြစ်မှာလဲ ဒီအိမ်ရဲ့ရာဇဝင်ကရောဘာဖြစ်မလဲ သူ့မိန်းမကိုရောရှာတွေ့မှာလားဆိုတာ စိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ပါတယ်       File size…1.1GB / 490MB Quality…1080p AAC5.1CH / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Side Effect (2020)

2020
Session 9(2001) 7.0
Session 9(2001) Session 9(2001) အညွှန်း********************ဂေါ်ဒွန်ဦးဆောင်တဲ့အဖွဲ့ဟာ ကျောက်ဂွမ်းမှုန့် (Asbestos) တွေရှင်းလင်းသန့်စင်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်...စိတ္တဇဆေးရုံတစ်ခုကိုပြန်လည်ပြုပြင်ရေးပရောဂျက်မှာလေလံဝင်ဆွဲရာကနေအနည်းဆုံးသုံးပတ်ကြာမဲ့အလုပ်ကိုတစ်ပတ်နဲ့ပြီးစေရပါမယ်ဆိုပြီး လေလံအောင်ခဲ့ပါတယ်... ဂေါ်ဒွန်ကတော့ သူ့မိန်းမဝင်ဒီနဲ့ သူ့သမီးလေးကြောင့် တစ်ခုခုစိတ်ရှုပ်နေရပုံပါ... သူတို့အလုပ်လုပ်နေကြရင်း session 9 ဆိုတဲ့ ခွေကိုဖွင့်ကြည့်ခဲ့မိပါတယ်... အဲဒီမှာတော့ မေရီဆိုတဲ့ စိတ်အထွေထွေကွဲပြားတဲ့ရောဂါသည်လေးကိုဆွေးနွေးမေးမြန်းထားတာပဲဖြစ်ပါတယ်... ဟန့်ကလည်း ငွေပြားတွေရှာတွေ့ပြီးနောက်မှာထူးထူးဆန်းဆန်းပျောက်ကွယ်သွားပါတယ်...အဲဒီနောက်မှာတော့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ကိုပေါ်လာပါတော့တယ်...ဘာတွေလဲဆိုတာကိုတော့....Box Office ဝင် Horror မို့ ခံစားကြည့်သင့်ပါကြောင်း...File Size :(1.7GB) (715 MB) and (278MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:37:00 Genre : Horror,  Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Poant Encoded by Phyo Pyae
movie

Session 9(2001)

The Haunting of the Tower of London (2022) 5.2
The Haunting of the Tower of London (2022) The Haunting of the Tower of London (2022)အင်္ဂလန်ရဲ့ Tudorအိမ်တော်က ဘုရင်တွေလက်ထပ်က ဇာတ်လမ်းပါ။ အင်္ဂလန်နန်းတွင်းကားကိုမှ Horror vibeနဲ့ ရိုက်ပြထားတဲ့ဇာတ်လမ်းပါ။ အတ်ဒဝတ်ဘုရင် လက်ထပ်မှာ အယ်လီဇဘက်မိဘုရားရဲ့ သားတော်နှစ်ပါးသေဆုံးသွားပါတယ်။ နန်းတော်ထဲက ထွက်ခဲလှတဲ့ သားတော်နှစ်ပါးသေဆုံးသွားတဲ့ တရားခံက နန်းတော်ထဲမှာပဲရှိမယ်ယူဆပြီး ရှာကြပါတယ်။ အတ်ဒဝတ်ရဲ့ ထီးနန်းကို လိုချင်နေတဲ့ ရစ်ချက်ဟာ နာမကျန်းဖြစ်နေတဲ့ အတ်ဒတ်ရဲ့ သားတော်နှစ်ပါးမရှိတော့တဲ့နောက် ထီးနန်းကို သူရမှာသေချာသလောက်ဖြစ်နေတဲ့အတွက် တရားခံကိုရစ်ချက်လို့ အယ်လီဇဘက်ရဲ့ အစေခံက ထင်ထားပါတယ်။ ဒါပေမဲ့ ဘာသက်သေမှမရှိခဲ့ပါဘူး။ဒီတော့ အယ်လီဇဘက်ရဲ့အစေခံဟာ နန်းတော်ပြင်ပက သရဲတစ္ဆေတွေကို မြင်နိုင်တဲ့ စကားပြောနိုင်တဲ့ သူတစ်ယောက်အကြောင်း သဲ့သဲ့ကြားပြီး အဲဒီလူကို နန်းတော်ကိုခေါ်လာပြီး မင်းသားလေးတွေရဲ့ ဝိညာဉ်နဲ့ စကားပြောခိုင်းပြီး တရားခံဖော်ဖို့လုပ်တဲ့အခါမှာတော့.....သရဲကားလည်းဟုတ်သလို နန်းတွင်းကားလည်းဟုတ်သလို နှိပ်စက်ခန်းတွေလည်း မနည်းပါပါတယ်။ လိင်ဆက်ဆံခန်းတစ်ချို့လည်းပါတာကြောင့် မိသားစုနဲ့ ကြည့်လို့ အဆင်မပြေပါဘူး။ ...
movie

The Haunting of the Tower of London (2022)

Ginger Snaps 2: Unleashed (2004) 6.4
Ginger Snaps 2: Unleashed (2004) Ginger Snaps 2: Unleashed (2004) တစ်မှာတုန်းက အဖြစ်အပျက်တွေအပြီးမှာ ဘရစ်ဂျက်တစ်ယောက် သူ့အစ်မလိုဖြစ်မသွားအောင် တိဝုပင်ကိုပဲ အားကိုးနေရပါပြီ။ဒါပေမဲ့ အဲဒါက ဖြေဆေးမဟုတ်ပဲ အချိန်ဆွဲပေးရုံသက်သက်ဖြစ်တာကြောင့် သူမပြောင်းသွားခင် အချိန်သိပ်မကျန်တော့သလို သူ့နောက်ကိုလိုက်နေတဲ့ သတ္တဝါဆိုးကြီးကလည်း ရှိနေပြန်ပါတယ်။အရေးထဲ သူ့ကို ဆေးစွဲနေတယ်ထင်ပြီး ဆေးဖြတ်စခန်းကို အတင်းခေါ်သွားခံရတဲ့အခါ ...သူ အဲဒီမှာ ဘယ်သူတွေနဲ့ ဘယ်လို စခန်းဆက်သွားမလဲဆိုတာ သည်းထိပ်ရင်ဖို ဆက်ကြည့်ရှုခံစားလိုက်ပါဦး။ ပထမကား ကို မကြည့်ရသေးရင် Ginger Snaps (2000) မှာ ကြည့်လို့ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat ပါ။) File Size : 1.9GB, 675MB & 335MB Quality : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format : mp4 Duration : 1hr & 34mins Genre ...
movie

Ginger Snaps 2: Unleashed (2004)

2004
Ginger Snaps (2000) 6.8
Ginger Snaps (2000) Ginger Snaps (2000) Horror ဆို ပေါကားတွေများတဲ့ထဲမှာမှ လုံးဝပေါကားမဟုတ်တဲ့ old but gold, teen horror လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျင်ဂျာနဲ့ ဘရစ်ဂျက်က သိပ်ချစ်တဲ့ ညီအစ်မနှစ်ယောက်ပေါ့။ ဂျင်ဂျာက ၁၆ နှစ် ဘရစ်ဂျက်ကတော့ ၁၅ နှစ်။ အသက်လေးကလည်း မတိမ်းမယိမ်း၊ အကျင့်စရိုက်လည်းတူတော့ ကျောင်းမှာဆိုလည်း နှစ်ယောက် တစ်ကမ္ဘာလို ဖြစ်နေတတ်ပြီး သူတို့နဲ့ မတည့်တဲ့သူတွေလည်း ပေါမှပေါပါပဲ။ နောက်ပြီး ခေါင်းမာပြီး rebellious ဖြစ်တဲ့ ဆယ်ကျော်သက်တို့ရဲ့ ထုံးစံအတိုင်း တစ်ခုခုဆို ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ်ပေါ့။ဒီလိုနဲ့ တစ်ရက် ဘရစ်ဂျက်ကို အနိုင်ကျင့်တဲ့ ကျောင်းသူတစ်ဦးကို ကလဲ့စားချေမယ်ဆိုပြီး အိမ်က ခိုးအထွက်မှာ အကြီးမဖြစ်သူ ဂျင်ဂျာတစ်ယောက် အမည်မသိ သတ္တဝါတစ်ကောင် ကိုက်တာ ခံလိုက်ရပါတော့တယ်။ အဲဒီသတ္တဝါကလည်း သူတို့ရပ်ကွက်မှာ သောင်းကျန်းနေတာ ကြာပြီဖြစ်ပြီး အိမ်မွေးခွေးတိုင်းလိုလိုကို ...
movie

Ginger Snaps (2000)

2000
Bloody Summer Camp (2022) 5.2
Bloody Summer Camp (2022) 1986 ခုနှစ်ဝန်းကျင်၊ Trustfall ဆိုတဲ့နွေအပန်းဖြေစခန်းတစ်ခုမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုပါတော့။ အပန်းဖြေစခန်းပိုင်ရှင်တွေနဲ့ဝန်ထမ်းတွေက အသစ်ရောက်လာမယ့်နွေရာသီအတွက် ပြင်ကြဆင်ကြ လူအသစ်ခန့်ကြပေါ့။ လူအသစ်လေးတွေနဲ့စခန်းအတွက်ပြင်ကြဆင်ကြရင်း ကံဆိုးမိုးမှောင်တစ်ခုကျရောက်လာခဲ့ပါတယ်။ ဝန်ထမ်းတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်နေတဲ့ကိစ္စပါပဲ။ဟိုးအရင်အပန်းဖြေစခန်းရဲ့ကြောက်စရာဒဏ္ဍာရီဇာတ်လမ်းနဲ့ ဒီဝန်ထမ်းတွေပျောက်နေတဲ့ကိစ္စက ပတ်သက်မှုများရှိနေမလား။ လူတွေပျောက်နေတဲ့ကိစ္စကဘယ်လိုအဖြေပေါ်လာမှာလဲ။ အဖြေကရောရှာလို့တွေ့နိုင်ပါ့မလား စတာတွေကိုကြည့်ရမယ့် Horror ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:02:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Encoded by Naing Aung Latt
movie

Bloody Summer Camp (2022)

Open Water (2003) 5.8
Open Water (2003)     Open Water(2003 film)ဒန်နီရယ် နဲ့ ဆူဆန် ဆိုတဲ့ လင်မယား နှစ်ယောက် ဟာ scuba diving လုပ်ဖို့ ပင်လယ်ပြင်ကို Tour guide တွေ အခြားသာတွေနဲ့ ခရီး ထွက်လာခဲ့ပါတယ် သူတို့ဟာ အဖွဲ့ထဲကနေ ခွဲထွက်ပြီး နည်းနည်းပိုနက်တဲ့ နေရာထိ ရေငုပ် စူးစမ်းခဲ့တာကြောင့် ဆုံမှတ်ကို ပြန်ရောက်တာ အနည်းငယ် နောက်ကျခဲ့ပါတယ် ကံဆိုးစွာနဲ့ပဲ လှေပေါ်က tour guide က အပြန်မှာ လူရေတွက်တာ မှားသွားတာ ကြောင့် ဒန်နီရယ် နဲ့ ဆူဆန်တို့ ပြန်မရောက်သေးတာ မသိပဲ ထွက်သွားခဲ့ပါတယ်ရေစီးသယ်ရာ မျောပါရင်း အနီးနားမှာ ‌သင်္ဘောကြီးတစ်စီးကို လှမ်းပြခဲ့‌ သော်လည်း သူတို့ကို မမြင်ခဲ့ပါဘူး သေရေးရှင်ရေးမှာ လူသားတွေ ဖြစ်တတ်တဲ့ စိတ် သဘာဝတွေ မြင်တွေ့ရမှာပါ ငါးမန်းတွေနဲ့ တွေ့ကြုံရချိန်မှာတော့ ...
movie

Open Water (2003)

Vietnamese Horror Story (2022) Complete 4.7
Vietnamese Horror Story (2022) Complete Vietnamese Horror Story (2022)ဒီစီးရီးကတော့ ဗီယက်နမ်နိုင်ငံ ကျေးလက်ဒေသရဲ့ ကျောချမ်းစရာကောင်းတဲ့ ပုံပြင်ယုံတမ်းစကားတွေအပေါ်မှာအခြေခံပြီး ရိုက်ကူးထားတဲ့ Netflix ရဲ့ Series တစ်ခုဖြစ်ပါတယ် တစ်ပိုင်းကို ပုံပြင်တစ်ပုဒ်နှုန်းနဲ့ အပိုင်းစုစုပေါင်းအပိုင်း ၃ပိုင်းထွက်ထားပါတယ်ဗျ Epi (1)- The Sugarcane Juice Lady======================== လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက "လန်ဟုန်"ဆိုတဲ့ လျှမ်းလျှမ်းတောက်ကျော်ကြားတဲ့ မင်းသမီးတစ်ယောက်ဟာမျက်နှာအက်ဆစ်အပက်ခံရပြီးရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ် သူ့အိမ်ကိုတော့ နာမည်ကျော်မင်းသမီးတစ်လက်ပြီးတစ်လက် ဆက်နေခဲ့ပါတယ်...တစ်နေ့ "နော့မင်" တစ်ယောက် မင်းသမီး"အိုင်နူ"(လက်ရှိလန်ဟုန်အိမ်၌နေနေသူ)ရဲ့ တပည့်အဖြစ်အရွေးခံရပါတယ် အိုင်နူကလည်းအေးသလောက်သူ့ကို မတရားဂရုစိုက်ပြီးချစ်ပေးပါတယ်...ဒါပေမဲ့ အိမ်ကြီးထဲမှာ ဘာလှည့်ကွက်တွေရှိနေမှာလဲ နေ့ာမင်ရဲ့ကံကြမ္မာကရော ဘယ်လိုဆက်ဖြစ်လာမလဲ.... Epi(2)- The Magician============== မျက်လှည့်ဆရာတစ်ယောက်က တစ်နေ့ ကလေးမလေးတစ်ယောက်ကို နောက်တစ်နေ့ကျရင်မျက်လှည့်ပြပေးမယ်လို့ ကတိပေးခဲ့ပါတယ် သို့သော်အကြောင်းအမျိုးမျိုးကြောင့်ပျက်ကွက်ခဲ့တဲ့အတွက် ထူးဆန်းတဲ့ကလေးမလေးအတွက် ကတိဖျက်သလိုဖြစ်သွားခဲ့ပါတယ်....ကတိကိုမတည်နိုင်ဘဲ ပေးခဲ့တဲ့ မျက်လှည့်ဆရာတစ်ယောက် ဘာတွေဆက်ပြီး ကြုံတွေ့လာရမှာလဲ... Epi(3)- Three Souls and Seven Spirits========================== ဒါကတော့ ယောက်ျားဖြစ်သူ"ဒင်" နဲ့ မိန်းမဖြစ်သူ"ဟန်" ဆိုတဲ့ ...
movie

Vietnamese Horror Story (2022) Complete

2022
The Nanny’s Night (2021) 5.0
The Nanny’s Night (2021)     Bianka လို့ခေါ်တဲ့ ကောင်မလေး တစ်ယောက် ကတော့ ကလေးထိန်းတစ်ဦး ဖြစ်ပါတယ် လူတွေ သိပ်မသိတဲ့ အချက်က သူက Lesbian တစ်ဦး ဖြစ်ရုံမက စေတန်ကိုးကွယ်တဲ့ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါတယ် တစ်ရက်မှာတော့ မြို့ထဲက ပလတ်စတစ်ဆာဂျင် တို့ လင်မယား အိမ်ကို သူတို့ရဲ့ ၁၃ နှစ် သမီးလေး ညလုံးပေါက် ထိန်းဖို့ သွားရမှာပါသူရဲ့ ရည်ရွယ်ချက် အမှန်ကရော သူတို့သမီးလေး ကို ထိန်းဖို့ အတွက်လားဘီယန်ကာ နဲ့ သူ့ သူငယ်ချင်း ချာလီတို့ကရော အပျိုစင် ကောင်မလေး ကို ဘာလို့ အသည်းအသန် လိုက်ရှာနေတာလဲ သူတို့ ရဲ့ မျက်နှာဖုံး အောက်က အမှန်တရားက ဘာလဲHorror ဇာတ်ကားမျိုး ဖြစ်ပေမယ့် ရယ်စရာတွေလည်း အတော်ပါတာကြောင့် ဘယ်လို တိုင်ပတ်ပြီး အလွဲတွေ ဖြစ်ဦးမလဲ ဆိုတာ ...
movie

The Nanny’s Night (2021)

Some Like It Rare (2021) 6.6
Some Like It Rare (2021) Some Like It Rare (2021) ================== IMDb Rating - 6.6/10ကမ္ဘာတစ်ဝှမ်းမှာ အခြေအနေအမျိုးမျိုးကြောင့် ကွင်းဆက်လူသတ်သမားအဖြစ် ကျော်ကြားခဲ့တဲ့ လူသတ်သမားတွေအများကြီးရှိခဲ့ပါတယ်။ အခြေအနေရယ် အကျိုးအကြောင်းရယ် ဆက်စပ်မိတဲ့အခါမှာ လူတစ်ချို့ဟာကွင်းဆက် လူသတ်သမားအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီရုပ်ရှင်မှာလဲ ပြင်သစ်နိုင်ငံကဖော်ရွေပြီးခင်ဖို့အရမ်း ကောင်းတဲ့ လင်မယားနှစ်ယောက်ဟာ အခြေအနေ တစ်ခုကြောင့် လူသတ်မိပြီး တစ်ဖြည်းဖြည်းနဲ့ ကွင်းဆက် လူသတ်သမားဖြစ်လာခဲ့ပြီး လူဆယ့်သုံးယောက်အထိ သတ်ခဲ့တာပုံကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။လူသတ်သမားကားဖြစ်တာကြောင့် သွေးသံတရဲရဲ အခန်း နည်းပေမယ့် ရွံတတ်တဲ့သူတွေ ကြည့်ဖို့တော့ မသင့်လျှော် ပါဘူး။ ဖြစ်ရပ်မှန်မဟုတ်ပေမယ့် တင်ဆက်ပုံကောင်းတာ ကြောင့် Thriller ပရိတ်သတ်တွေအတွက်တော့ လက်မလွှတ် သင့်တဲ့မူဗီဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်)File Size..........(1.04 GB) / (577 MB) / (342 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 27mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Horror Translator.......Lwin Htoo Aung Encoder..........SWM
movie

Some Like It Rare (2021)

2021
A Message from Brianna (2021) 4.5
A Message from Brianna (2021) A Message from Brianna (2021)========================အခုနောက်ပိုင်းထွက်တဲ့ Horror ‌ကားတွေထဲမှာမှ ဇာတ်အိမ် ကောင်းကောင်းနဲ့ကြည့်လို့ကောင်းမယ့်ကားလေးဖြစ်တယ်။ ဇာတ်လမ်းအစကို ဘရီအာနာ ဆိုတဲ့ သမီးဦးလေးပိုင်ဆိုင်ထားတဲ့ လင်မယားနှစ်ယောက် အိမ်အသစ်ပြောင်းလာတဲ့အချိန်ကနေ စထားတယ်။ ကလေးက လမ်းလျှောက်နိုင်ရမယ့်အချိန်မှာ လမ်းမလျှောက်လို့ မိဘတွေက ဆရာဝန်ဆီသွားပြလည်း အဖြေ အတိအကျရှာမရဘူး။ နောက်ပိုင်းအိမ်မှာ ပုံမှန်မဟုတ်တာတွေ ဖြစ်လာပြီး စုံစမ်းကြည့်လိုက်တော့မှ သူတို့သမီးနဲ့ မမြင်ရတဲ့အရာ တစ်ခုနဲ့ ဆက်နွှယ်နေတယ်ဆိုတာသိသွားကြရော။ကလေးနဲ့ အဲ့အရာကြီးနဲ့ ဘာလို့ပက်သက်နေတာလဲ ဘာတွေဆက် ဖြစ်မလဲဆိုတာကတော့ CM ပရိတ်သတ်ကြီးကပဲ ဇာတ်သိမ်းအထိ ရင်တထိတ်ထိတ်နဲ့ ဆက်ပြီးကြည့်ရှူပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.16 GB) / (530 MB) / (350 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 20mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Khant Sett Naing Encoder..........SWM
movie

A Message from Brianna (2021)

2021
Rising Boas in a Girl’s School ( 2022 ) 6.3
Rising Boas in a Girl’s School ( 2022 ) ဒီတစ်ခါတော့ CMပရိသတ်ကြီးအတွက် Horror, Thrillerကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။မြို့အစွန်အဖျား တောင်ကုန်တွေကြားမှာ လျှို့ဝှက်မြွေမွေးမြူတဲ့စခန်းတစ်ခုရှိပြီး တရားမဝင်ဟော်မုန်းဆေးတွေ တိုက်ကျွေးမွေးမြူထားတာကြောင့် မြွေတွေဟာတစ်ဖြည်းဖြည်းဗီဇပြောင်းလာပါတယ်။တစ်နေ့မှာတော့ မြွေတွေကလှောင်အိမ်ထဲကနေလွတ်မြောက်သွားပါတယ်။ အနီးနားမှာရှိတဲ့ လေကြောင်းတက္ကသိုလ်က လေယာဉ်မယ်ကောလိပ်ကျောင်းသူလေးတွေဟာ ကျောင်းဆင်းပွဲအခမ်းအနားအတွက်ပြင်ဆင်နေကြပါတယ်။အဲဒီအချိန်မှာအလွန်ကြီးမားတဲ့မြွေကြီးတစ်ကောင်နဲ့ မြွေတွေရောက်လာပြီး လေယာဉ်မယ်လောင်းလေးတွေကိုအမဲဖျက်ပါတော့တယ်။ လေယာဉ်မယ်လောင်းအချောအလှလေးတွေရဲ့သည်းထိပ်ရင်ဖို ပြေးလွားစွန့်စားတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်။ သူတို့လေးတွေမြွေကြီးရန်ကနေလွတ်မြောက်နိုင်ပါ့မလား။ မိစ္ဆာမြွေကြီးနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့အဆုံးထိဆက်ကြည့်လိုက်ပါနော်။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Horror Runtime : 1h 28 min Subtitle : Myanmar Subtitle ( hardsub ) Translated by Nu Mon , Hnin Wut Hmon , Minnie , Shwe Zin Oo Encoded by LK
movie

Rising Boas in a Girl’s School ( 2022 )

Zero Avenue (2021)
Zero Avenue (2021) Zero Avenue (2021)ဇာတ်လမ်းကတော့ ဒီလိုဗျာ။ နှစ်ပေါင်းလေးရာကျော် ရှင်သန်နေခဲ့တဲ့ မသေမျိုးတစ်ကောင်ရှိတယ်။ သူ့မသေခြင်းဟာ ကျိန်စာတစ်မျိုးပါပဲ။ ဒီမသေခြင်းကနေ လွတ်မြောက်ဖို့ သူလုပ်ရမှာက သူ့အမေဝင်စားတဲ့ အမျိုးသမီးကိုရှာဖို့ပါပဲ။ ဒီတော့ သူရှာတယ်ပေါ့၊ သူ့အမေဝင်စားတဲ့ အမျိုးသမီးလို့ သူထင်လိုက်တဲ့ အမျိုးသမီးကတော့ ပခြုပ်သည်မလေးပါပဲ။ ဒီတော့ သူက အဲဒီအမျိုးသမီးကို ငွေပေးပြီး BDSM ကစားတယ်။ ဒီတော့ လိင်ဆက်ဆံခန်းတွေတော့ ပါတဲ့အပြင် အတော်ခပ်ဆိုးဆိုး ဒိုင်ယာလော့တွေလည်းပါတာမို့ မိသားစုနဲ့ မကြည့်ကြစေချင်ပါဘူး။ဒီဇာတ်လမ်းရဲ့နောက်ထပ်ထူးခြားချက်ကတော့ တစ်ချိန်လုံး စကားပဲပြောနေတာပါပဲ။ ပြောနေတဲ့ စကားတွေက စိတ်ဝင်စားဖို့ကောင်းတာတွေလည်း ပါသလို လလေးလုံးတွေလည်းပါပါတယ်။ Plot Twist လိုလို ဘာညာတွေလည်း သုံးပြီး နိုလန်ရဲ့ Following ဆန်တယ်လို့တောင် ဆိုလို့ရပါတယ်။ သူ့ဇာတ်က ဘာတွေမှန်းမသိ မလည်ရှုပ်ဖြစ်နေတာကတော့ တစ်ပိုင်းပေါ့။ဘာပဲဖြစ်ဖြစ်ပါ၊ တော်တော်ထူးဆန်းပြီး မကြုံစဖူး ဇာတ်လမ်းအသစ်အဆန်းတွေကို သဘောကျတဲ့သူတွေတော့ သဘောကျကြမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" ...
movie

Zero Avenue (2021)

2021
Kumanthong (2019) 5.6
Kumanthong (2019)  သစ်ပင်တစ်ပင်အောက်မှာ ကောင်လေးရယ် သူ့အမေရယ် ရပ်နေကြတယ်။ မြွေတစ်ကောင်က အဲဒီနားရောက်လာပြီး ကောင်လေးအမေကိုပေါက်ဖို့လုပ်တဲ့အချိန်မှာ ကောင်လေးက အစားအပေါက်ခံလိုက်တယ်။ ကောင်လေးသေသွားပေမဲ့ နတ်ဆရာအဖြစ်ရွေးချယ်ခံရပြီး အသက်ပြန်ဝင်လာခဲ့တယ်။ ဒါပေမဲ့ သူ့အမေကတော့ သူ့သားအတွက် ဖြေမဆည်နိုင်ဖြစ်ပြီး သတ်သေသွားခဲ့တယ်။ သူ့အမေကို ပြန်ရဖို့ ကောင်လေးဟာ နတ်နဲ့အပေးအယူလုပ်ပြီး ...ရှားရှားပါးပါးကြည့်ရခဲတဲ့ ဗီယက်နမ်ရုပ်ရှင်ပါ။ Genreကလည်း Horror / Thrillerပါ။ ဗီယက်နမ်ရဲ့ ပထမဆုံးကွင်းဆက်လူသတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ဒါရိုက်တာ ဉာဏ်ကွန့်မြူးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ရှေးနတ်အယူအဆတွေ ယာဇ်ပူဇော်တာတွေနဲ့ ကွင်းဆက်လူသတ်တာကို ချိတ်ဆက်ပြီး ပုံဖော်သွားပြီး ဇာတ်အိမ်ကိုလည်း စိတ်ဝင်စားစရာကောင်းအောင် ပြထားပါတယ်။ နတ်ဆရာတွေ ဆေးကုပုံဘာညာကလည်း တွတ်ပီစာအုပ်တွေ ထဲက အတိုင်းပါပဲ။ ဗီယက်နမ်ဟန်ကို မြင်ရမှာပါ။ စုန်းလည်းဆန်သလိုလိုဖြစ်ပေမဲ့ နတ်ကားပါပဲ။ စပွိုင်လာဖြစ်မှာစိုးလို့ ဇာတ်လမ်းတော့ အများကြီးမပြောတော့ပါဘူး။ ဇာတ်လမ်းသက်သက်ချည်းလည်း ကြည့်ကောင်းသလို Thriller အငွေ့ လွှမ်းထားတဲ့ ဇာတ်ဝင်ခန်းတွေလည်း ...
movie

Kumanthong (2019)

The Twins Effect II (Vampire Effect 2) (2004) 5.5
The Twins Effect II (Vampire Effect 2) (2004)   Twin Effect 2 မှာ​တော့ 1က သရုပ်​ဆောင်​တွေပဲ ပြန်ပါလာ​ပေမယ့် ဇာတ်​ကြောင်းလုံးဝကွဲပြားသလို သရုပ်​ဆောင်အသစ်​တွေ အများကြီးပါဝင်လာပါတယ်။ 1တုန်းက ပါခဲ့တဲ့ Jackie Chanအပြင် ဒီကားမှာ Ip Man အဖြစ်လူသိများတဲ့ Donnie Yenပါ ဧည့်သည်အဖြစ် ပါဝင်လာတာပဲ ဖြစ်ပါတယ်။ဇာတ်​ကြောင်းက​တော့ ​​ယောကျ်ား​တွေကို စိတ်နာ​နေတဲ့ အ​မေဇုန်ပြည်ဘုရင်မကြီးဟာ အာဏာ​ရော ​မှော်အစွမ်း​တွေပါ သုံးပြီး တိုင်းပြည်ကိုထိန်းချုပ်ထားတာပါ။ ​ ယောကျ်ား​တွေလို ​​ငွေဝယ်ကျွန်လို​ ​ရောင်းဝယ်​ဖောက်ကားကြပြီး မိန်းမ​တွေက ပြားပြားဝပ် ဖိနှိပ်ထားတဲ့ တိုင်းပြည် တစ်ခု​ပေါ့။ ဒီလိုမျိုးအစွန်း​ရောက်​နေတဲ့ ဘုရင်မကြီးကို နှိမ်နင်းနိုင်တဲ့ တစ်ခုတည်း​​သော နည်းက​တော့ ကြယ်တာရာ သူရဲ​ကောင်းတစ်​ဦးက Excaliburဓါးနဲ့အတူ ဘုရင်မကြီးကို သတ်ပစ်ရမှာပါ။သူ့ကို​ ချေမှုန်းနိုင်မယ့်သူရှိတာ သိ​နေတဲ့ဘုရင်မက တိုင်းပြည်ထဲက ​​​ယောကျ်ားမှန်သမျှ လိုက်ဖမ်းပြီး သူရဲ​ကောင်းအ​လောင်းအလျာကို ရှာ​ဖွေ​နေခဲ့တာပါ။ ဒါ​​ပေမဲ့ အ​ကြောင်းအမျိုးမျိုး​ကြောင့် အထက်ပါ သူရဲ​​ကောင်းက လွတ်​မြောက်​နေပြီး ​​နောက်ဆုံးမှာ မိစ္ဆာဘုရင်မကြီးနဲ့ ထိပ်တိုက်​တွေ့ဆုံပါ​တော့တယ်။ ထိုသူရဲ​ကောင်းက ...
movie

The Twins Effect II (Vampire Effect 2) (2004)

The Twins Effect (Vampire Effect) (2003) 6.0
The Twins Effect (Vampire Effect) (2003)  ၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ​ဟောင်​ကောင်အက်ရှင်ဟာသကား​လေး တင်ဆက်​​ပေးချင်ပါတယ်။ Initial Dနဲ့ Internal Affairs ဇာတ်ကား​တွေမှာ ပါဝင်ဖူးတဲ့ Edison Chenက ​ခေါင်း​ဆောင်ပါဝင်ထားသလို Jackie Chanနဲ့ Karen Mokတို့လည်း cameoအ​နေနဲ့ ပါဝင်ထားပါ​​သေးတယ်။အနာဂတ်ကာလမှာ သွေးစုပ်ဖုတ်​ကောင်မျိုးနွယ်​တွေ ကမ္ဘာတစ်ဝန်းကြီးစိုးလာသလို ​သွေးစုပ်ကောင်နှိမ်နင်း​ရေး အဖွဲ့​အစည်းတွေလည်း အများအပြား​ ပေါ်ထွက်လာပါတယ်။ ရိဗ်၊ ညီမဖြစ်သူ ဟယ်လန်နဲ့ပါတနာ ဂျစ်ပစီတို့ကလည်း ​သွေးစုပ်​ကောင်မုဆိုး​တွေ​ပေါ့။ဒီလိုနဲ့ သူတို့​နေထိုင်ရာ ​ဟောင်​ကောင်ကို ဥ​ရောပနွယ်သွေးစုပ်ကောင်​တွေ ရုတ်တရက်​ရောက်လာကြပါတယ်။ သူတို့​​တွေ ရောက်လာရတဲ့အ​ကြောင်းရင်းက သွေးစုပ်ကောင်သမ္မာကျမ်းစာအုပ်လို့ ​​ပြောနိုင်တဲ့ "Day For Night"စာအုပ်ကို ဂိုဏ်း​တွေလုရာမှ စတင်ခဲ့တာပါ။ဒီစာအုပ်ရဲ့အစွမ်းကို ပိုင်ဆိုင်ဖို့လိုအပ်တဲ့အရာက မူလပိုင်ရှင်​ဖြစ်တဲ့ ​တော်ဝင်မိသားစု မင်းသား၆ပါးရဲ့ ​သွေးပါ။ ဒီထဲကမှ ပဥ္စမမင်းသားဖြစ်တဲ့ ကာဇမ်က ​ဟောင်​ကောင်ကို ​ရောက်လာပြီး ရိဗ်ရဲ့ ညီမ​လေးဟယ်လန်နဲ့ ​ရေစက်သွားဆုံပါတယ်။ဒီလိုနဲ့ စာအုပ်အစွမ်းကို ပိုင်ဆိုင်ချင်တဲ့ ဥ​ရောပမျိုးသွေးစုပ်ကောင်တသိုက်နဲ့ တစ်ဖက်က ​​တော်ဝင်မင်းသားနဲ့ သွေးစုပ်​ကောင်မုဆိုးတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဟာသအက်ရှင်ဆန်ဆန် ...
movie

The Twins Effect (Vampire Effect) (2003)

Watcher (2022) 6.7
Watcher (2022) Watcher (2022)Box office တန်းဝင်တဲ့ သည်းထိပ်ရင်ဖို ဇာတ်ကားမျိုး ကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက်ပါ။ဇာတ်လမ်းအညွှန်းလေးကတော့ ... ဂျူလီယာက သူ့ရဲ့ ချစ်ခင်ပွန်းနဲ့ ရိုမေးနီးယားကို ပြောင်းရွှေ့လာခဲ့တဲ့ အမေရိကန်သူလေးပေါ့။ရိုမေးနီးယားစကားမပြောတတ်တော့ တိုင်းတစ်ပါးကို ရောက်ခါစမှာ သူ အတော်လေး အထီးကျန်ရပါတယ်။ အထီးကျန်ရတဲ့ကြားထဲမှာမှ သူ့ကို စောင့်ကြည့်နေတဲ့ သူ တစ်ယောက်က ရှိနေပြန်ပါတယ်။ အဲဒီအကြောင်း သူ့ယောက်ျားကို ပြောပြပေမဲ့ အလုပ်များတဲ့ horror ရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း ယောက်ျားဖြစ်သူက မယုံပြန်ပါဘူး။တကယ်တမ်း စောင့်ကြည့်နေတဲ့ အဲဒီလူရဲ့ ရည်ရွယ်ချက်က ဘာလဲ? လူကောင်းလား? လူဆိုးလား? ဂျူလီယာတစ်ယောက် ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမလဲ? ဆိုတာကို ဇာတ်ကောင် ဂျူလီယာ နဲ့အတူ အသည်းတယားယား စောင့်ကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 1.2GB, 471MB & 236MB Quality : 1080p WEB-DL ...
movie

Watcher (2022)

2022
Crimes of the Future (2022)
Crimes of the Future (2022)   ဒီရုပ်ရှင်ကတော့ မင်းသမီး ခရစ္စတင်း စတီးဝပ်ရဲ့ ရုပ်ရှင်အသစ်ပါပဲ။ သိပ္ပံစိတ်ကူးယဉ်၊ ဟော်ရာ အမျိုးအစားဖြစ်ပါတယ်။ အဖော်အချွတ်တွေ အဖြတ်အတောက်တွေပါလို့ ကလေးငယ်တွေကြည့်ဖို့ မသင့်ပါဘူး။ တွေးစရာတွေပေးတဲ့ ရုပ်ရှင်မျိုးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ခေတ်ရဲ့ လူသားဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွေ ထူးဆန်းလာတာ မှားယွင်းလာတာကို အခြေခံထားတာပါပဲ။ ဒီနေ့ခေတ်မှာဆိုရင် ဆိုးရွားတဲ့ စက်ရုံအညစ်အကြေးတွေ၊ ညစ်ညမ်းဓာတ်ငွေ့တွေ၊ ဓာတုပစ္စည်းတွေကြောင့် လူတွေ ကင်ဆာတွေအဖြစ်များလာပါပြီ။ကင်ဆာဆိုတာလည်း လူရဲ့ကိုယ်ထဲက ဆဲလ်တွေ ပုံပြောင်းပြီး ဖြစ်လာတာပါပဲ။ ဒီတော့ အဲဒီလို ပုံပြောင်းရင်းနဲ့ကနေ လူတွေရဲ့ အခြေခံဖွဲ့စည်းပုံတွေပါ ပြောင်းလဲလာမယ်ဆိုရင် ဘာဖြစ်လာမလဲ။ ဒီရုပ်ရှင်ထဲမှာတော့ "အလွန်မြန်ဆန်စွာ ဆင့်ကဲပြောင်းလဲမှု ရောဂါ" လို့ ခေါ်ကြပါတယ်။ လူသားတွေဟာ မနာကျင်တတ်တော့ဘူး၊ ကူးစက်မှုတွေမရှိတော့ဘူး။မနာကျင်တော့တာဟာ ရုတ်တရက်ကြည့်ရင် ကောင်းတယ်ထင်ရသလို မကောင်းတာတွေလည်းရှိပါတယ်။ နာကျင်မှုဟာ လူတွေကို အန္တရာယ်ကနေ ရှောင်တိမ်းနိုင်ဖို့ အချက်ပြတဲ့စနစ်ပါပဲ။ ပူတာကိုကိုင်မိရင်လက်ကို ဆတ်ခနဲ ရုတ်လိုက်တာမျိုး၊ တစ်ခုခုစူးရင် ချက်ချင်းနောက်ဆုတ်လိုက်တာမျိုးပေါ့။ ဒီတော့ နာကျင်မှုတွေမရှိရင် ...
movie

Crimes of the Future (2022)

They Live in The Grey (2022) 5
They Live in The Grey (2022) They Live in The Grey (2022) ပရလောကဘက်ကို မြင်နေရတဲ့ ကလယ်ရီဆိုတဲ့ အမျိုးသမီးဟာ လူတွေမယုံကြမှာစိုးလို့ သူ့အစွမ်းကို ဘယ်သူ့ကိုမှ အသိမခံဘဲ မျိုသိပ်နေရတဲ့သူပေါ့။ သူ့အလုပ်က အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ ကလေးတွေရှိရင် အဲဒီကလေးတွေဘက်ကနေပြီး မိဘတွေကို ပြန်တရားစွဲတဲ့အလုပ်မျိုးပေါ့။ ကလေးသူငယ်ကာကွယ်ရေးလို့ဆိုရမယ်။ တစ်နေ့ကျ သူကလေးတစ်ယောက်ကိုစစ်တော့ ကလေးက သူ့မိဘတွေ အနိုင်ကျင့်တာခံနေရတာမဟုတ်ဘဲ သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်‌နေမှန်း သိလိုက်ရတယ်။ သရဲတစ်ကောင်က ကလေးကို အန္တရာယ်ပေးနေတာ‌ပေါ့။ ဒီတော့ သူက ကလေးမိဘဘက်ကနေပြီး အမှုကို ဆိုင်းငံ့ထားသလို သရဲကို ရှင်းဖို့လည်း အကြောင်းဖန်လာတယ်။ဒီလိုမျိုးကူညီချင်တဲ့သူပေမဲ့လည်း သူကိုယ်တိုင်လည်း သူ့ကလေးကို သူ့အမှားကြောင့်နဲ့ ဆုံးရှုံးထားတာမကြာသေးသလို၊ သူ့ကလေးကိုလည်း သူမြင်နေရသလို ဝမ်းနည်းစိတ်နဲ့ စိတ်ကျရောဂါခံစားနေရတဲ့သူပါ။ သူကိုယ်တိုင်ရဲ့ အခက်အခဲတွေကြားက ဒီသရဲတွေ အနိုင်ကျင့်ခံနေရတဲ့ကလေးကို ကူညီပေးနိုင်မလား...သရဲကားပေမဲ့ IMDb 5/10 အထိရထားတဲ့ ကားကောင်းတစ်ကားဖြစ်ပြီး ဇာတ်လမ်းအချိုးအကွေ့တွေမှာ ပရိသတ်ကို စိတ်ဝင်စားစေမိမယ့် ရုပ်ရှင်ပါပဲ။ ...
movie

They Live in The Grey (2022)

2022