Channel Myanmar

Horror

The Night Of The Peak ( 2024 ) 5.7
The Night Of The Peak ( 2024 ) သဲထိတ်ရင်ဖိုရုပ်ရှင်ကို ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် The night of the peak ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-အင်တာနက်စာရေးဆရာစူးဖေးဟာ ရည်းစားဖြစ်သူ အသတ်ခံရပြီးနောက် ပုံရိပ်ယောင်တွေကို ထင်ယောင်ထင်မှား မြင်မိနေပါတယ်။ အဲဒီနောက် သူဟာ စိတ်ပြေလက်ပျောက်အပန်းဖြေရအောင် တိတ်ဆိတ်အေးချမ်းတဲ့ စန်းကျားရွာကို ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ စန်းကျားရွာမှာ သူမဟာ တစ်ရက်မှ အေးချမ်းမှုကို မရခဲ့ဘဲ လူယုတ်မာရဲ့ ထောင်ချောက်ထဲကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ တည်းခိုဆောင်မှာ လာရောက်တည်းခိုနေတဲ့ ပန်းချီဆရာနဲ့ တည်းခိုဆောက်ပိုင်ရှင် ရန်ပေါဆိုသူတို့ထဲမှာ ဘယ်သူက တရားခံအစစ်ဖြစ်မလဲ...... တရားခံကရော စူးဖေးကို ဘာလို့ လိုက်လံနှောင့်ယှက်နေရတာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Filesize : 653 MB /387 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Romance , Horror , Mystery Runtime : 1h 06 min Subtitle ...
movie

The Night Of The Peak ( 2024 )

The Awakening (2011) 6.4
The Awakening (2011)  Horror ပရိသတ်များအတွက် slow burn‌ လေးနဲ့ ဖြည်းဖြည်းချင်းကျောချမ်းစေမဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Godzilla vs Kong နဲ့The prestige တို့မှာပါဝင်ခဲ့တဲ့ မင်းသမီး Rebecca Hall, နာမည်ကျော်ရုပ်ရှင်ပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားDominicWest နဲ့ Harry Potter ရုပ်ရှင်များထဲမှာ Voldemort ထက် ပိုလူမုန်းများခဲ့တဲ့ Dolores Umbridge သရုပ်ဆောင် မင်းသမီးကြီး ImeldaStaunton တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း--------------------အမျိုးသမီးတွေဟာ ပညာရေးပိုင်းနဲ့မသက်ဆိုင်ဘူးလို့ တစ်ပိုင်းတစသတ်မှတ်ထားကြတဲ့ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းအချိန်မှာ ဖလောရန့်စ်ကတော့ ပညာရေးပိုင်းထူးချွန်ပြီး အင်္ဂလန်ရဲ့ အထက်မြက်ဆုံးလူတွေထဲကတစ်ယောက်လို့ သတ်မှတ်ခံထားရပါတယ်။ သူဟာ သိပ္ပံဘာသာရပ်ကို စိတ်ဝင်စားလေ့လာနေတဲ့သူဖြစ်တဲ့အလျောက် လက်တွေ့အရှိတရားတွေကိုပဲယုံကြည်ပြီး သရဲတစ္ဆေဆိုတာ တကယ်မရှိဘူးလို့မှတ်ယူထားတာပါ။ ဒီလိုမှတ်ယူထားတဲ့အတွက် သူ့ရဲ့ ကောင်းမွန်တဲ့ဉာဏ်စွမ်းနဲ့အတွေးအခေါ်တွေကို ပေါင်းစပ်အသုံးချပြီး မြို့တွင်းက သရဲတစ္ဆေခေါ်ပွဲတွေ၊ သရဲခြောက်တယ်ဆိုတဲ့ နေရာတွေမှာ သရဲယောင်ဆောင်ထားတဲ့လူတွေကို လက်ပူးလက်ကြပ်ဖမ်းပြကာ ဝိညာဉ်တွေတကယ်မရှိကြောင်းသက်သေလိုက်ပြလေ့ရှိပါတယ်။တစ်နေ့မှာတော့ ...
movie

The Awakening (2011)

Knife+Heart (2018) 6.3
Knife+Heart (2018)  ဘတ်ဂျက်နည်းနည်းနဲ့ gay porn ရုပ်ရှင်ကားထုတ်လုပ်သူAnne ဟာ သူ့ကိုစွန့်ပစ်သွားတဲ့ ချစ်သူဟောင်းလည်းဖြစ်သလိုသူ့ရုပ်ရှင်ကားတွေရဲ့ တည်းဖြတ်သူလည်းဖြစ်တဲ့ Lois နဲ့လမ်းခွဲလိုက်ရတဲ့အခါမှာ ချစ်သူကို ပြန်လည်ရယူလိုစိတ်နဲ့ပြန်လည်ရုန်းထဖို့ ဆုံးဖြတ်လာခဲ့ပါတယ်။ဒါကြောင့်ပဲ Anne ဟာ သူ့အပေါ်သစ္စာရှိတဲ့ သူငယ်ချင်းဖြစ်သူArchibald ရဲ့အကူအညီနဲ့ သူ့ရဲ့စိတ်ဆန္ဒအပြင်းပြဆုံးရုပ်ရှင်ကိုရိုက်ကူးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါ‌ပေမဲ့ တဖက်မှာတော့ သူ့ရဲ့အဓိကသရုပ်ဆောင်တွေထဲကတဦးက စအိုမှာ ဓားချက်ပေါင်းများစွာနဲ့ရက်ရက်စက်စက် အသတ်ခံရတဲ့အခါ Anne ဟာ ထူးဆန်းတဲ့စုံစမ်းစစ်ဆေးမှုတခုမှာ ပါဝင်ပတ်သက်ပြီး သူ့ဘဝကို ဘယ်လိုဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမလဲဆိုတာ ထင်မှတ်မထားတဲ့လှည့်ကွက်တွေနဲ့ ဆွဲဆောင်မှုရှိရှိ ကြည့်ရှုခံစားရမယ့် Gay Pornအသားပေး ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။  File size…1.86GB / 845MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 42m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Knife+Heart (2018)

The House That Jack Built (2018) 6.8
The House That Jack Built (2018) The House that Jack Built(2018) IMDb: 6.8/10 Rotten Tomatoes: 60% Genre: Psychological Horror/ Psychological Thriller "ဂျက်ခ်တည်ဆောက်ခဲ့တဲ့အိမ်လေး" တဲ့ရုပ်ရှင်ခေါင်းစဉ်က။မသိရင်ပဲ သာယာလှပတဲ့ ရုပ်ရှင်လိုလိုနဲ့။ တကယ်တမ်းဒီရုပ်ရှင်ကအတော်လေးစိတ်ညစ်ဖို့ကောင်းပါတယ်။ တကယ်လည်းကောင်းတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။American Psycho ကြိုက်ရင် ဒီရုပ်ရှင်ကိုသဘောကျမှသေချာပါတယ်။ ကျွန်တော်ကအကျင့်တစ်ခုရှိတယ်။ အဲဒါက ရုပ်ရှင်တစ်ခုကို ဘာသာမပြန်ချင် အဲဒီရုပ်ရှင်နဲ့ပတ်သက်သမျှကို လိုက်ရှာကြည့်တာ။ ရှာကြည့်တော့ တကယ်ပဲ ဒီရုပ်ရှင်က လူကြိုက်များလှပါတယ်။ တချို့ဆိုရင် ရုပ်ရှင်ဝေဖန်ရေးသမားတွေပြောတာကိုနားမယောင်နဲ့။ ဒီရုပ်ရှင်ကိုကြည့်ဖြစ်အောင်ကြည့်လို့ဆိုပါတယ်။ တကယ်ပဲကောင်းတယ်လို့ပြောပါရစေ။ဇာတ်ညွှန်း ဂျက်ခ် ဟာ OCD ရောဂါခံစားနေရတဲ့ စိတ်ရောဂါရှင် ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာလူကိုကြုံရင်ကြုံသလိုသတ်နေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာလူသတ်ရတာကိုအနုပညာမြောက်တယ်လို့ထင်နေပြီး လူသတ်တာကိုပဲပျော်မွေ့နေတဲ့လူဖြစ်ပါတယ်။ သူ့ရဲ့အယူအဆတွေက တကယ့်လက်တွေ့လောကနဲ့လုံးဝကိုဆန့်ကျင်နေပြီး အတော်လေးလည်းကြောက်ဖို့ကောင်းလှပါတယ်။ သူဘယ်နှစ်ယောက်ထိထပ်ပြီးတော့သတ်နိုင်မှာလဲ။ ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကိုကြည့်လိုက်ပါ။ ကြည့်နေရင်းနဲ့ သူ့ရဲ့အယူအဆတွေကိုတောင်လက်ခံမိမလိုလို ဘာသာပြန်ရင်းဖြစ်သွားပါသေးတယ်။ဂျက်ခ်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Matt Dillion ဟာလည်းအတော်လေးကိုသရုပ်ဆောင်ကောင်းလှပါတယ်။ ဒီဇာတ်လမ်းလေးကိုတော့ ၁၂ နှစ်တာကာလအတွင်းမှာ သူသတ်ခဲ့တဲ့လူတွေအကြောင်းကိုပြန်ပြောပြတဲ့ပုံစံနဲ့ ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ File size…    4.5 GB / 1.5 GB Quality… ...
movie

The House That Jack Built (2018)

2018
Hush (2016) 6.6
Hush (2016) Hush (2016) IMDb rating - 6.6/10, Rotten tomatoes 93% (Award - wins ၂ ဆု nominations ၇ ဆု)အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2016 ခုနှစ်ထွက် horror/thriller ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းကတော့....မက်ဒီဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပြီး တစ်နေ့တော့ တောစပ်တစ်ခုကိုစာရေးဖို့ရောက်လာခဲ့ပါတယ် တောစပ်ဆိုတော့ အိမ်လေးတွေတော့ရှိပေမယ့် အလှမ်းတော့ဝေးတာပေါ့မက်ဒီကငယ်ငယ်က ရောဂါတစ်ခုကြောင့် နားမကြားနိုင်တော့ဘဲ စကားပြောဖို့လည်းခက်ခဲသွားပါတယ်။သူစာရေးလို့ရတဲ့ စာမူခတွေကိုလည်း ဆွံ့အ,နားမကြားစောင့်ရှောက်ရေးတွေမှာ ကူညီပေးနေသူလေးပါ...ဒီလိုတောစပ်ထဲကအိမ်လေးထဲမှာ သူမတစ်ယောက်ထဲဆိုပေမယ့် သူမတစ်ယောက်ထဲ မဟုတ်ခဲ့ပါဘူး...ရက်စက်တတ်တဲ့ လူသတ်သမားတစ်ယောက်က သူမကိုစောင့်ကြည့်နေပါတယ်...သူမလို ဆွံ့အ,နားမကြားသူတစ်ယောက်အတွက်က ရန်သူနဲ့ရင်ဆိုင်ရရင် ရန်သူ့လှုပ်ရှားမှုကိုလဲ မကြားနိုင်အကူအညီအော်တောင်းဖို့လဲအသံမထွက်နိုင်....အားနွဲ့တဲ့မိန်းမသားဆိုတော့ ပြေးဖို့ကလဲမလွယ်လှ။တောထဲမှာလူကလဲသိပ်မရှိတော့ ရက်စက်တဲ့လူသတ်သမားရဲ့သနားစရာပစ်မှတ်ဖြစ်သွားတာပေါ့...ဒီတော့ ရက်စက်တဲ့လူသတ်သမားနဲ့ဖြတ်ထိုးဉာဏ်ကောင်းတဲ့စာရေးဆရာမလေးတို့ရဲ့ တွေ့ဆုံမှုမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ....။ဆုတွေလည်းအများကြီးစကာတင်ဝင်ခဲ့ပြီး တကယ်လဲကြည့်လို့ကောင်းတဲ့ Horror,Thriller ကားလေးပါ...သည်းထိတ်ရင်ဖို လိုက်ပါစီးမျောခံစားကြည့်ကြပါဦး။ File size…(999 MB )/(530 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:21:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Kyawt ...
movie

Hush (2016)

2016
The Ring Two (2005) 5.5
The Ring Two (2005)  ဒီတစ်ခါမှာတော့ The​ Ring ဆိုတဲ့horror ကားကောင်းလေးကိုတင်ဆက်ပေးပါရစေတစ်ချို့သဘာဝလွန်ဖြစ်ရပ်တွေက တကယ်​ရှိတယ်​ မရှိဘူးပြောလို့မရဘဲကိုယ်တိုင်ကြုံတွေ့မှလက်ခံလို့ရတာမျိုးဗျဒီဇာတ်ကားလေးထဲမှာလည်းအဲလိုပဲ ရေချယ်လ်နဲ့သားဖြစ်သူအေဒန်တို့ကြုံတွေ့နေရတဲ့ သဘာဝလွန်ဖြစ်ရပ်က ဘေးလူတွေအတွက်တော့​ မယုံနိုင်စရာရူးကြောင်ကြောင်ပုံပြင်လိုပါပဲရေချယ်လ်ရဲ့သားဖြစ်သူအေဒန်ဟာ​ ဆမာရာဆိုတဲ့သေပြီးသားကလေးမလေးရဲ့ဝိညာဥ်ပူးကပ်ခြင်းကိုခံနေရတာပါဒီလိုမျိုးပူးကပ်ခံရတာမှာအေဒန်ဟာပထမဆုံးကလေးတော့မဟုတ်ပါဘူးရှေ့မှာလည်းအေဒန့်လိုမျိုးပူးကပ်ခံရတဲ့ကလေးတွေရှိပါသေးတယ်ကလေးတွေ​ကိုပူးကပ်တတ်တဲ့ဆမာရာဟာ စိတ်ကျဝေဒနာခံစားနေရတဲ့မိခင်ဖြစ်သူကြောင့် သေဆုံးခဲ့ရတဲ့ကလေးလေးပါမိခင်ကောင်းတစ်ယောက်လိုချင်တဲ့ဆမာရာတစ်ယောက် ဝိညာဉ်​ဘဝနဲ့ကလေးတွေကိုလိုက်ပူးကပ်ရင်းမိခင်ရဖို့ကြိုးစားရင်းနဲ့အေဒန်ဆီကိုပူးကပ်ရာကနေ အေဒန်လေးဟာ လူတစ်ကိုယ်စိတ်နှစ်မျိုးလိုဖြစ်သွားတတ်ပါတယ်ဒီလိုဖြစ်ရပ်ကနေလွတ်မြောက်ချင်လို့ မူလနေထိုင်ရာမြို့ကနေထွက်ပြေးတိမ်းရှောင်လာကြပေမယ့် အေဒန်ဟာ ဆမာရာရဲ့ပူးကပ်မှုကိုမလွတ်မြောက်နိုင်ဘဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုအတူတူကြည့်လိုက်ရအောင်ပါ.... File size…2.26GB / 1.12GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 50m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

The Ring Two (2005)

Devil’s Horns (2024) 5.0
Devil’s Horns (2024)  သရဲကားကောင်းကောင်းလေးတွေမှ ကြည့်ချင်သူတွေအတွက်အင်ဒိုသရဲကား ကောင်းကောင်းလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။အင်ဒိုနီးရှားသည်းထိပ်ရင်ဖိုသရဲကားတွေကလည်း အခုနောက်ပိုင်းမှာ ထိုင်းသရဲကားတွေနီးနီးလိုက်မှီလာတာကိုတွေ့ရမှာပါ။ယဉ်ကျေးမှုရိုးရာတွေကလည်း ခပ်ဆင်ဆင်ဖြစ်တဲ့အတွက် ဘာသာစကားသာ မကွာခြားဘူးဆိုရင်ထိုင်းသရဲကားလို့တောင် ထင်မိမှာအမှန်ပါပဲ။အခု တင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Tanduk Setan(Devil's Horn) ဖြစ်ပြီး ကျေးလက်ဒေသဖက်မှာ ကြုံတွေ့ရတတ်တဲ့ အဖြစ်အပျက်တွေအကြောင်းကို သည်းထိပ်ရင်ဖိုစရာကောင်းအောင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရွာတစ်ရွာမှာ ဆူမီရာဆိုတဲ့ အမျိုးသမီးတစ်ယောက်ကမီးဖွားခါနီးပြီဖြစ်တဲ့အတွက် ယောက်ျားဖြစ်သူရော အမေဖြစ်သူရော တစ်အိမ်လုံးအလုပ်တွေရှုပ်ယှက်ခတ်နေပါတော့တယ်။သားဖွားဆရာမရယ် ရွာထဲကအမျိုးတွေထဲကကလေးလာကြည့်တဲ့သူတွေရယ် ယောက်ျားဖြစ်သူဂျာရာရဲ့သူငယ်ချင်းတွေနဲ့ ဝင်လိုက်ထွက်လိုက်ဖြစ်နေခဲ့ပြီး ရိုးရိုးရှင်းရှင်းညလေးတစ်ညဖြစ်ခဲ့ပါတယ်။ဒါပေမယ့် မနေ့ကမနက်ကတည်းက ဗိုက်အောင့်နေပြီး နောက်ရက်မိုးလင်းတဲ့အချိန်အထိ ကလေးမမွေးနိုင်သေးတဲ့အခါမှာတော့ ဆေးရုံကိုတန်းပြေးရပါတော့တယ်။ကားက နှစ်ယောက်တည်းစီးလို့ရတဲ့ကား ဖြစ်နေတဲ့အတွက် ဂျာရာနဲ့ဆူမီရာတို့နှစ်ယောက်တည်းမြို့မှာ ဆေးရုံပြဖို့ထွက်လာခဲ့ကြပါတော့တယ်။မြို့ကိုသွားတဲ့လမ်းမှာ ထူးဆန်းမှုတွေအများကြီးကြုံတွေ့ခဲ့ရပြီး နောက်ဆုံးရောက်သွားခဲ့ပေမဲ့ ရောက်သွားတဲ့ဆေးရုံကြီးကကြောက်မက်ဖွယ်ရာဆေးရုံကြီးဖြစ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုသည်းထိပ်ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…778MB / 360MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 21m Genre ….. Drama  ,  Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Devil’s Horns (2024)

Gerald’s Game (2017) 6.6
Gerald’s Game (2017) Gerald's Game (2017)IMDb Rating (6.5) / Rotten Tomatoes (91%)အတူနေဖို့ ကုတင်မှာ လက်ထိပ်တွေဘာတွေခတ်ပြီးကာမှ ယောက်ျားဖြစ်သူနှလုံးရပ်သွားလို့ခေါ်မကြားအော်မကြားအိမ်ကြီးထဲမှာ တစ်ယောက်ထဲ လက်ထိပ်ကြီးနဲ့ကူကယ်ရာမဲ့ဖြစ်သွားတဲ့ ဇနီးသည်နှင့် ထူးဆန်းသော Horror ဇာတ်လမ်းဆိုပြီး ခေါင်းစဉ်တပ်ရမယ့်ဇာတ်ကားပါ။ဒီဇာတ်လမ်းလေး အကြောင်း မပြောခင် ဝတ္တုကိုရေးတဲ့ စာရေးဆရာက Stephen King ဖြစ်တယ်ဆိုတာ ကြိုပြောပါရစေဇာတ်လမ်းက ရိုးရှင်းသလား ဆိုတော့ ရိုးရှင်းတယ် ရှုပ်ထွေးသလားဆိုတော့လဲ ရှုပ်ထွေးတယ်ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်သူမဆို ကြည့်လို့ နားလည်တဲ့ ရုပ်ရှင်ကား မှန်တယ် ဒါပေမယ့်သေသေချာချာ နက်နက်နဲနဲ တွေးမယ်ဆိုရင် အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေရယ်တစ်ခြား လူမှုရေး ပြသနာတွေ ရဲ့ အဖြေကို ဒီထဲမှာ  ရှာတွေ့မယ်လို့ ညွှန်းဆိုပါရစေ...ဇာတ်လမ်း အစမှာတော့ ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ ဇနီးမှောင်နံ နှစ်ယောက်ဖြစ်တဲ့ Gerald နဲ့ Jessie တို့ကို စတွေ့ရမှာဖြစ်ပါတယ်သိပ်မကြာခင်မှာပဲ Gerald နဲ့ Jessie ...
movie

Gerald’s Game (2017)

2017
Shake, Rattle & Roll Extreme (2023) 4.5
Shake, Rattle & Roll Extreme (2023) Imdb rating- 4.5/10 Genre- Horrorဖိလစ်ပိုင် Horror ကားလေးပါ ဒီကားမှာ ၃ပိုင်း ပါ၀င်ပါတယ် Glitch: ဒါကပထမပိုင်းပါ. ဒီအပိုင်းမှာ လိုင်ကာဆိုတဲ့ ကောင်မလေးဟာ တပ်ဘလတ်နဲ့ Gary the goat လို့ခေါ်တဲ့ကလေးပြပွဲတစ်ခုကြည့်နေရာ မတော်တဆဂါထာတစ်ခုရွတ်ဖတ်မိလိုက်ပြီး မကောင်းးဆိုး၀ါးကိုဖိတ်ခေါ်မိသလိုဖြစ်သွားပါတယ်. ဒီမကောင်းဆိုး၀ါးကြီးက လိုင်ကာတို့မိသားစုကိုသတ်ဖြတ်ဖို့ကြိုးစားရာ ဘယ်လိုပြန်တိုက်ခိုက်ပြီး ရှင်သန်ကြမလဲဆိုတာကြည့်ရှုရမှာပါMukbang: ဒုတိယပိုင်းကတော့ Influencer ၂ယောက်ဖြစ်တဲ့ ရောဘင်နဲ့ရေး ဟာ အခြား influencer တွေကို Collab လုပ်ဖို့ သူတို့အိမ်ကို ဖိတ်ခေါ်လိုက်ပါတယ်. ဒါပေမယ့် ဒီအိမ်ကြီးက ရိုးရိုးအိမ်မဟုတ်ပဲ မကောင်းဆိုး၀ါးတွေနဲ့ပြည့်နှက်နေတဲ့ အိမ်ကြီးဖြစ်တာကြောင့် ဒီ influencer တွေဟာ ဒီအိမ်ကြီးကနေ ဘယ်လိုထွက်ပြေးလွတ်မြောက်အောင်လုပ်ကြမလဲဆိုတာ ကြည့်ရှုရမှာပါRage: ထရီနာ နဲ့ မို့ဇ် တို စုံတွဲဟာ သူငယ်ချင်းတွေနဲ့ခရီသွားနေတုန်း ဥက္ကာပျံကြွေတဲ့ဖြစ်စဥ်တစ်ခုနဲ့ကြုံတွေ့ကြရပါတယ်. ဒီကြွေကျလာတဲ့ ဥက္ကာပျံတွေက ကပ်ပါးကောင်တစ်မျိုး ထွက်ပေါ်လာပြီ လူတွေကိုဇွန်ဘီအဖြစ်ပြောင်းလဲစေခဲ့ရာမှာ သူတို့သူငယ်ချင်းတစ်သိုက် ဘယ်လိုကြိုးစာရှင်သန်ရမလဲဆိုတာ ကြည့်ရှုရမှာပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ...
movie

Shake, Rattle & Roll Extreme (2023)

Hide and Seek (2005) 5.9
Hide and Seek (2005) ဒီဇာတ်လမ်းကတော့ မိန်းမဖြစ်သူ ကိုယ့်ကိုယ်ကိုယ်သတ်သေပြီးတဲ့နောက်မှာ David တစ်ယောက် သူ့သမီးလေး Emily နဲ့ New York မြို့ကနေ စိတ်အပန်းဖြေဖို့ နယ်ဘက်ကို ရွှေ့ပြောင်းနေခဲ့တယ်။ ဒါပေမဲ့ သူ့သမီးလေး Emily မှာ Charlie လို့ခေါ်တဲ့ စိတ်ကူးယဥ်သူငယ်ချင်းတစ်ယောက် ပေါ်လာချိန်မှာတော့ ဖြေရှင်းလို့မရတဲ့ အဆန်းတကြယ်အဖြစ်အပျက်တွေ ပေါ်လာပါတော့တယ်။Charlie ဆိုတဲ့ စိတ်ကူးယဥ်သူငယ်ချင်းက Emily ရဲ့ စိတ်ရောဂါသက်သက်လား တကယ်ရှိနေတာလား၊ အံ့ဩစရာအဖြစ်အပျက်တွေရဲ့နောက်ကွယ်က Emily ကြောင့်ပဲလားဆိုတာကို ဇာတ်အိမ်လှည့်ကွက်တွေမျိုးစုံနဲ့ ရင်ဖိုစိတ်လှုပ်ရှားဖွယ်ရာကြည့်ရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Horror, Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

Hide and Seek (2005)

Pizza (2012) 7.9
Pizza (2012) Pizza (2012) ဆန်းကြယ်လေစွ ပရလောက Genre – Thriller, Horror IMDB – 7.9/10ခုတလော နာမည်ကြီး လူကြိုက်များနေတဲ့ Maharaja ရဲ့ မင်းသားကြီး ဗီဂျေးစည်သူပတိတစ်ယောက် ငယ်ရွယ်နုပျိုစဉ်တုန်းက ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုကားလေးကို ဗီဂျေးပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါပြီဗျာ။ ၂၀၁၉ ခုနှစ်တုန်းက ဗီဂျေးပါဝင်ထားတဲ့ Petta ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Karthik Subbaraj ရိုက်ကူးခဲ့တာ ဖြစ်ပြီး ဗီဂျေးနဲ့ တွဲလုံးစထုတ်ခဲ့ပြီး နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာဆိုလည်း မမှားပါဘူး။နောက်ပိုင်းရုပ်ရှင်တွေမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှယ်ဖြုတ်ပြတဲ့ ဘဲကြီးပုံစံတွေ သရုပ်ဆောင်ထားပေမဲ့ ဒီကားလေးမှာတော့ ချစ်သူနဲ့ တူတူ ပျော်ရွှင်ကြည်နူးပြီး ပီဇာပို့နေတဲ့ လူငယ်လေးအဖြစ် လန်းဆန်းတက်ကြွစွာ သရုပ်ဆောင်ထားတာပါ။ မင်းသားက ဗီဂျေးဆိုတာနဲ့ ဇာတ်လမ်း ဇာတ်အိမ်တွေက ခန့်မှန်းမရပဲ အဆုံးထိ မြုပ်ကွက်ချုပ်ကွက်တွေနဲ့ သယ်ဆောင်သွားပြီး အဆုံးကျမှ ဟာခနဲ ဟင်ခနဲ ဖြစ်မယ့် သည်းထိတ်ရင်ဖိုကားလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို မိုက်ကယ်ဆိုတဲ့ကောင်လေးဟာ ပီဇာဆိုင်က ဒယ်လီဝန်ထမ်းလေး ဖြစ်ပြီး ချစ်သူ ...
movie

Pizza (2012)

2012
Svaha: The Sixth Finger (2016) 6.3
Svaha: The Sixth Finger (2016) Svaha: The Sixth Finger (2016)IMDb Rating (6.3) / Rotten Tomatoes (75%)ဒီကိုရီးယားကားကတော့ Netflix ဇာတ်ကားလေးဖြစ်ပြီး Squid Game ထဲက မင်းသား Lee Jung-Jae နဲ့ မင်းသား Park Jung-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဘာသာရေးကျမ်းတွေ နတ်တွေ မကောင်းဆိုးဝါးတွေကို အခြေခံပြီး လူသတ်မှု လူသေမှုတွေကို စုံစမ်းဖော်ထုတ်တဲ့ဇာတ်လမ်းမျိုး ရိုက်ကူးထားလို့ Horror, Thriller အမျိုးအစားလို့ပဲ ပြောရမှာပါပဲ...ဇာတ်လမ်းကတော့... ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်နေသူဖြစ်ပါတယ်။ ဒီလိုနဲ့ သူလိုက်နေတဲ့အမှုတစ်ခုဟာ ဘာသာရေးဗန်းပြပြီး လူသတ်မှုတွေနဲ့ပါဝင်ပတ်သတ်နေတာကို တွေ့ရပါတော့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ (စတုလောကပါလ) နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ...
movie

Svaha: The Sixth Finger (2016)

2019
A Cure for Wellness (2016) 6.4
A Cure for Wellness (2016) A Cure for Wellness (2016)IMDb Rating (6.4)ဒီရုပ်ရှင်ကားကတော့ စိတ်ကူးယဉ် ဟော်ရာကားတစ်ကားဖြစ်ပြီး Horror တွေထဲ တမူထူးဆန်းတဲ့ဇာတ်ကြောင်းတွေနဲ့ပါ။ ဇာတ်လမ်းကတော့.... ဆွစ်ဇာလန်နယ် အစွန်အဖျား နယ်မြေလေးတစ်ခုက ထူးဆန်းတဲ့ ဆေးကုသဆောင်တစ်ခုအကြောင်းပါပဲ။ အဲဒီနေရာဟာ ကြောက်စရာသမိုင်းကြောင်းတစ်ခုနဲ့အတူ မီးလောင်တိုက်သွင်းခံရပြီးမှ ပြန်လည်တည်ဆောက်ထားတဲ့ နေရာတစ်ခုပါ။ အဲဒီကို တကယ့် လူချမ်းသာတွေက စိတ်အပန်းဖြေကုသဖို့ လာရောက်တတ်ကြပါတယ်။ လူနာတွေဟာ ၁-၂ ပါတ် ခန့်သာ နေထိုင်ဖို့ရည်ရွယ်ပြီး လာရောက်ကြပေမယ့် အထဲကိုရောက်ပြီးတာနဲ့ ဘယ်သူမှ ပြန်မလာချင်ကြတော့ဘူး။ နယူးယောက် ရှယ်ယာကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအို တစ်ယောက်ဟာလည်း အဲဒီကို အပန်းဖြေသွားပြီး ပြန်မလာတော့တဲ့ အချိန်မှာ ကုမ္ပဏီသေရေးရှင်ရေး ကိစ္စကြုံလာလို့ ဝန်ထမ်းဖြစ်သူ လော့ခ်ဟက်ဟာ CEO ပမ်ဘရုတ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အဲဒီ ဆေးကုသဆောင်ထဲက ပြန်ခေါ်ထုတ်ဖို့ ဆုံးဖြတ်ပြီး အဲဒီကို လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် အဲဒီထဲမှာ ထူးဆန်းတဲ့ ကုထုံးတွေနဲ့ လျို့ဝှက်ချက်တွေကြားမှာ နှစ်မြှပ်သွားပြီး ကျန်းမာခြင်းနဲ့ ဖျားနာခြင်း၊ စိတ်မှန်ခြင်းနဲ့ ရူးသွပ်ခြင်းကိုတောင် မခွဲခြားနိုင်တော့တဲ့အခါ......။ File ...
movie

A Cure for Wellness (2016)

Site 13 (2023)
Site 13 (2023)  စိတ်ရောဂါကု ဆေးရုံတစ်ရုံမှာ လွန်ခဲ့တဲ့ 10နှစ်လောက်က ရောက်လာခဲ့တဲ့ လူနာတစ်ယောက် အဲဒီလူနာက ဘာကိုမှ လှုပ်ရှားမှုမရှိ တုံ့ပြန်မှုမရှိတဲ့ catatonic ရောဂါလက္ခဏာ အခြေအနေနဲ့ အတိတ်မေ့ပြီး ဆေးရုံကို ရောက်လာခဲ့တယ် ။ အဲဒီလူနာက Miskatonic University မှာ ဂမ္ဘီရနဲ့ဆိုင်တဲ့ ၊ ဒဏ္ဍာရီနဲ့ဆိုင်တဲ့၊မနုဿဗေဒနဲ့ဆိုင်တဲ့ ဘာသာတွေသင်ကြားပေးနေတဲ့ ပါမောက္ခတစ်ယောက် ။ သူဘာလို့ အဲလိုဖြစ်သွားခဲ့ရတာလဲဆိုတာ 10 နှစ်ကြာတဲ့အထိ အဖြေရှာလို့မရသေးတဲ့ စိတ်ရောဂါကုဆရာဝန် ။တရက်မှာ အဲဒီ Catatonic အခြေအနေကနေ နိုးလာခဲ့တဲ့အခါ သူဘာဖြစ်ခဲ့တာလဲသိဖို့ ဆရာဝန်က သူ့ကိုပြန်မေးကြည့်တဲ့အခါမှာ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို Video Tape ရိုက်ထားတာသိလိုက်ရတယ် .အဲဒီ တိတ်ခွေကနေတဆင့် ကမ္ဘာကြီးပေါ်က သက်ရှိတွေရဲ့ အဆုံးသတ်ဖြစ်စေမယ့် K'luta လို့ခေါ်တဲ့ Anti-God တစ်ပါးကို Professor လေ့လာနေတဲ့ နတ်ဆိုးစက်ဝိုင်းတွေရဲ့ 13 ခုမြောက် ...
movie

Site 13 (2023)

The Madness of Humpty Dumpty (2023)
The Madness of Humpty Dumpty (2023)  Horror/Thriller အမျိုးအစားရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘေလီလို့ခေါ်တဲ့မိန်းကလေးက စိတ်ကစဉ့်ကလျားရောဂါကိုခံစားနေရတဲ့သူတစ်ယောက်ပါ။ ဘေလီ့အမေဟာလည်း စိတ်ကစဉ့်ကလျားရောဂါကြောင့် သေဆုံးသွားခဲ့ရပါတယ်။တစ်ရက်မှာတော့ ဘေလီဟာ ရည်းစားဖြစ်သူတွမ်နဲ့အတူ ငယ်စဉ်ကအမေနဲ့အတူနေခဲ့တဲ့ လူသူဝေးလံခေါင်ဖျားတဲ့နေရာက အိမ်‌ကလေးဆီကို အပန်းဖြေဖို့ရာထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီအိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာပဲ ဘေလီဟာ သူမရဲ့ငယ်ဘ၀ကပုံရိပ်တွေကို တဖျပ်ဖျပ်ပြန်မြင်ယောင် ကြားယောင်လာရပါတော့တယ်။ဒီလိုနဲ့ ဘေလီဟာ သူမငယ်ငယ်တုန်းကအဖော်ပြုခဲ့တဲ့ ဟမ်တီလို့အမည်ပေးထားတဲ့အရုပ်လေးကို အမှတ်မထင်ပြန်တွေ့သွားတဲ့နောက်မှာတော့ သဘာ၀လွန်အဖြစ်အပျက်တွေစတင်ဖြစ်ပေါ်လာပြီး ဘေလီတို့အတွဲဟာ အဖြစ်ဆိုးတွေနဲ့ကြုံတွေ့ရဖို့ရာအကြောင်းဖန်လာပါတော့တယ်။ File size…(1 GB)/(523 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:14:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant 
movie

The Madness of Humpty Dumpty (2023)

I Spit on Your Grave: Deja Vu (2019)
I Spit on Your Grave: Deja Vu (2019) I Spit on Your Grave: Deja Vu ကတော့ကြားထဲက remake တွေနဲ့မသက်ဆိုင်ပဲ မူလ ၁၉၇၈ ကားကိုပဲ တိုက်ရိုက်ချိတ်ဆက်ထားပြီး မူလဒါရိုက်တာနဲ့မူရင်းမင်းသမီးတို့ပဲပြန်လည်ပါဝင်ထားတာဖြစ်ပါတယ်။၁၉၇၈ အဖြစ်အပျက်တွေအပြီး နှစ် ၄၀ အကြာမှာ ဂျနီဖာဟာသူ့ရဲ့ခြောက်ခြားဖွယ်အတွေ့အကြုံတွေကိုစာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့ရာကနေအောင်မြင်မှုတွေရရှိနေပြီး မုဒိမ်းမှုသားကောင်တွေကိုပညာပေးဆွေးနွေးတာတွေ၊ ဟောပြောပွဲတွေ၊စာအုပ်မိတ်ဆက်ပွဲတွေနဲ့အလုပ်များနေပါတယ်။သူ့သမီးဖြစ်သူခရစ်စတီကတော့ထိပ်သီးမော်ဒယ် တစ်ဦးအဖြစ်ရပ်တည်နေပြီး မဆုံဖြစ်တာကြာတဲ့အတွက် သားအမိနှစ်ဦးတွေ့ဆုံစကားပြောပြီး စားသောက်ဆိုင်က အထွက်မှာ နှစ်ဦးလုံးလူတစ်စုရဲ့ပြန်ပေးဆွဲမှုကိုခံခဲ့ရပါတယ်။ အဲ့ဒီလူတွေကတော့ လွန်ခဲ့တဲ့နှစ် ၄၀ က ဂျနီဖာ သတ်ဖြတ်ခဲ့တဲ့ မုဒိမ်းကောင်တွေရဲ့မျိုးဆက်တွေဖြစ်ပြီး သူတို့ရဲ့အမုန်းအငြိုးတွေနဲ့ကလဲ့စားချေဖို့စောင့်ဆိုင်းနေခဲ့ကြတာပါ။ဒီတစ်ကြိမ်မှာရော ဂျနီဖာထပ်ပြီးလွတ်မြောက်နိုင်ဦးမလား? သူ့သမီး ခရစ်စတီရော သူ့လိုကြမ္မာဆိုးကြုံတွေ့ရဦးမှာလား ဆိုတာ ဆက်လက်ရှုစားကြပါ။ ထုံးစံအတိုင်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေ၊ကြမ်းတမ်းရက်စက်တဲ့ သတ်ဖြတ်ခန်းတွေနဲ့စကားလုံးကြမ်းကြမ်းတွေ ဖောဖောသီသီပါဝင်ထားပါတယ်။ File size…(3.5 GB )/(1.7 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:28:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie

I Spit on Your Grave: Deja Vu (2019)

Unfriended (2014)
Unfriended (2014) Unfriended (2014) IMDb: 5.6/10 Rotten Tomatoes: 62% Genre: Horror/MystreryUnfriended (2014) ကိုမသိတဲ့ ပရိသတ်မရှိလောက်ဘူးထင်ပါတယ်။ အဲတော့ရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူး။ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဇာတ်ညွှန်း သူငယ်ချင်းတစ်သိုက် လိုင်းပေါ်မှာ Group Video Call ပြောရင်း ဘီလီဆိုတဲ့တစ်ယောက်က သူတို့ပြောတဲ့အထဲမှာပါလာခဲ့ပါတယ်။ ခက်တာက ဘီလီဆိုတဲ့ သူငယ်ချင်းမရှိတာပါပဲ။ နောက်ထပ်သိလာရတာကတော့ ဘီလီဆိုတဲ့ လူဟာ ဆုံးသွားတဲ့ သူတို့သူငယ်ချင်း လော်ရာ ရဲ့အကောင့်ကိုယူသုံးပြီးဝင်ပြောနေတာဖြစ်ပါတယ်။ ဘာတွေဆက်ဖြစ်မှာလဲ။ လော်ရာရဲ့အကောင့်ကိုဝင်သုံးနေတာဘယ်သူများလဲ။  File size…    987 MB /  371 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 23m Genre ..... Horror, Mystery, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by  Lucifer Maximoff
movie

Unfriended (2014)

The Train of Death (2024)
The Train of Death (2024)  သရဲကားကောင်းတွေ ကြိုက်နှစ်သက်သူ cm ပရိသတ်ကြီးကိုအင်ဒိုသရဲကားကောင်း တစ်ကားဖြစ်တဲ့ The Train of Death(အင်ဒိုလို Kereta berdarah)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူရ်နားမားနဲ့ ကမ်ဘန်လို့ခေါ်တဲ့ ညီအစ်မနှစ်ဦးဟာ ဆန်ခါရာအပန်းဖြေစခန်းကို အလည်အပတ်သွားရောက်ဖို့ အတွက်အထူးစီစဉ်ထားတဲ့ ရထားကို စီးနင်းလာခဲ့ကြပါတယ်။ရထားစီးနင်းလာတဲ့ လမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့အရာတွေကိုရထားပေါ်မှာ ကြုံရတဲ့အပြင် လှိုဏ်ခေါင်းတစ်ခုကို ဝင်ရောက်ချိန်မှာရထားနောက်ဆုံးတွဲဖြစ်တဲ့ ပဥ္စမမြောက်အတွဲ ပြုတ်ထွက်ကျန်တာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ သူမတို့ ညီအစ်မနှစ်ဦးဘယ်လိုတွေဆက်လုပ်ကြမလဲ။ကျန်ရစ်ခဲ့တဲ့ ရထားတွဲထဲက ခရီးသည်တွေက ဘယ်လိုကံကြမ္မာတွေ ရင်ဆိုင်ကြရမလဲ။ ဒီရထားနဲ့ ပတ်သတ်ပြီးကြောက်မက်ဖွယ် အကြောင်းရင်းကို သိရှိလိုက်ရတဲ့ အချိန်ရထားတွဲ ခေါင်းတွဲတစ်တွဲသာ ကျန်တော့တဲ့အချိန်မှာတော့.....။ File size…1.49GB / 688MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

The Train of Death (2024)

The Inheritance (2024) 5.0
The Inheritance (2024)  ဒီဇာတ်လမ်းလေးမှာတော့ Shawshank Redemption မှာထောင်မှူးNorton အဖြစ် ကျွန်တော်တိုသိကြတဲ့ Bob Guntun ကအဗနာသီ မိသားစုရဲ့ဖခင်ကြီးအဖြစ်သရုပ်ဆောင်ထားပြီးcharacter အနည်းငယ်နဲ့ ကျစ်ကျစ်လစ်လစ်ဖွဲစည်းထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း***************အဗနာသီမိသားစုဟာ ကျိကျိတက်ချမ်းသာတဲ့ ဘီလျံနာမိသားစုပါ။ ကျိကျိတက်ချမ်းသာကြတဲ့အလျောက်မိသားစုဝင်တွေကလည်း တစ်ယောက်နဲ့တစ်ယောက်ခပ်စိမ်းစိမ်းပါပဲ။ တစ်နေ့မှာတော့ အဗနာသီ မိသားစုရဲ့ဖခင်ကြီး ချားလ်စ် က သူ့ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့အတွက်သူ့သားသမီး ၄ယောက် ကို ဖိတ်ခေါ်ခဲ့တယ်။ သားသမီးတွေအိမ်ကြီးဆီရောက်လာတဲ့အခါမှာတော့ ထင်ထားသလိုမွေးနေ့ပွဲ မဟုတ်နေပဲ သူတိုဖခင်ကြီးချားလ်စ် ကို လာသတ်မဲ့တစ်စုံတစ်ယောက်ရဲ့ ရန်ကနေ ကာကွယ်ပေးဖိုဖြစ်နေခဲ့တယ်။ဖခင်ကြီးရဲ့ အမွေတွေကိုလည်း ဖခင်ကြီးအသက်မသေမှရရှိမှာဖြစ်တဲ့အတွက် သားသမီး ၄ယောက်တိုက ဖခင်ကြီးကိုကာကွယ်ဖိုဖြစ်လာခဲ့တယ်။ ဖခင်ကြီးကို လာသတ်မဲ့တစ်‌စုံတစ်ယောက်က ဘယ်သူလဲ၊ ဘာအတွက်ကြောင့် ကာကွယ်ဖိုသားသမီးတွေကိုပဲ ခေါ်ရတာလဲ၊ ဒီပဟေဠိနောက်ကွယ်ကထူးဆန်းတဲ့ အဖြစ်အပျက်တွေက ဘာတွေလဲဆိုတာကိုစိတ်၀င်တစား ရင်တမမ နဲ့ရှုစားကြရမှာပါ။အိမ်ကြီးတစ်လုံးအတွင်းမှာပဲ ဇာတ်အိမ်တည်ထားပြီးအဗနာသီမိသားစုက ဒီတစ်ညတာကို ဘယ်လို‌ဖြတ်ကျော်ကြမလဲဆိုတာကို ကြည့်ရှုကြရမှာပါ။Plot ကောင်းကောင်းတွေလည်းပါ၀င်ပြီး စိတ်လှုပ်ရှားစရာပဟေဠိဆန်ဆန် ရုပ်ရှင်တစ်ကားဖြစ်တာမိုထူးခြားဆန်းပြားရုပ်ရှင်နှစ်သက်သူတွေအနေနဲ့ အလွတ်မခံသင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါကြောင်း.....  File size…857MB ...
movie

The Inheritance (2024)