Channel Myanmar

Horror

Prey for the Devil (2022) 5.2
Prey for the Devil (2022) ဒီကားကတော့ The Exorcist လိုပဲ နတ်ဆိုးနှင်တဲ့ ရုပ်ရှင်မျိုးပါ။ Conjuring လိုမျိုး အလွတ်တန်းမဟုတ်ဘဲ ကတ်သလစ်ဘုရားကျောင်းရဲ့ အဖွဲ့အစည်းစနစ်နဲ့ လုပ်ဆောင်ပုံတွေကို တွေ့ရမှာပါ။ကတ်သလစ်ဘုရားကျောင်းဟာ မိစ္ဆာနှင်သင်တန်းတွေ ပေးနေပြီး အမျိုးသားဘုန်းတော်ကြီးတွေပဲ တက်ရောက်ခွင့်ရှိတဲ့နေရာပါ။ ဒါပေမဲ့ စစ္စတာအန်းဟာ မိစ္ဆာနှင်တဲ့ဘာသာရပ်ကိုအထူးစိတ်ဝင်စားပြီးတော့ ပထမဆုံးအမျိုးသမီးအဖြစ် လုပ်ခွင့်ရရေး ကြိုးပမ်းနေတဲ့သူပါ။သူ့မှာ သမားရိုးကျမဟုတ်တဲ့ မိစ္ဆာနှင်နည်းစိတ်ကူးတွေရှိပြီး အဓိကအားဖြင့် မိစ္ဆာထက် ပူးကပ်ခံရသူကို နားလည်အောင်လုပ်ဖို့ မြင်အေင်ကြည့်ဖို့ အားသန်သူဖြစ်ပါတယ်။ ရှေးရိုး မိစ္ဆာနှင်နည်းတွေနဲ့ ယုံကြည်ရာအတိုင်းလုပ်မယ့် စစ္စတာအန်းတို့ကြားမှာ အငြင်းအခုန်တွေဖြစ်နေရင်းနဲ့ သာမန်နည်းတွေနဲ့ ဘယ်လိုမှ နှင်လို့မရတဲ့ နတ်ဆိုးပူးကပ်မှုတွေကို ကြုံလာရတဲ့အခါ ဘယ်လိုဆက်ပြီးရင်ဆိုင်ကြမလဲဆိုတာကို စိတ်ဝင်စားစရာပြသထားပါတယ်... File size…1GB / 459MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson
movie

Prey for the Devil (2022)

2022
Mimic (1997) 6
Mimic (1997) Mimic (1997)~ IMDb - 6/10, Rotten Tomatoes - 64% ~ဆရာ့ ဆရာကြီး Guillermo del Toro ကိုယ်တိုင် ဇာတ်ညွန်းရေးသားရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ သူ့ရဲ့ ဒုတိယမြောက် Feature Film လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီကားဟာ နောက်ခံသမိုင်းကြောင်း တစ်ခုရှိခဲ့သလို ဒီကားရဲ့ ရုံတင်ဗားရှင်းကလည်း del Toro ရဲ့ လက်ရာစစ်စစ် မဟုတ်ခဲ့ပါဘူး။ ဒီကားကို ရိုက်ကူးတဲ့အချိန်မှာ del Toro ဟာ နာမည်ကျော်ထုတ်လုပ်သူတွေဖြစ်တဲ့ Harvey Weinstein နဲ့ Bob Weinstein တို့နဲ့ ပြဿနာတက်ခဲ့ပါတယ်။ Director's vision ကို သူတို့ဟာ မလေးစားခဲ့ကြသလို သူ့ကို တခြားဒါရိုက်တာနဲ့ပါ အစားထိုးဖို့ ကြံစည်ခဲ့ကြပါတယ်။ တာရန်တီနိုနဲ့ သူ့ရည်းစားရဲ့ ထောက်ခံအားပေးမှုကြောင့်နဲ့ တာရန်တီနို့ရည်းစားက ...
movie

Mimic (1997)

1997
Death Forest: Forbidden Forest (2014) N/A
Death Forest: Forbidden Forest (2014) Death Forest (2014)-------------------------------ဒီတစ်ခေါက်မှာတော့ သဲထိပ်ရင်ဖိုဇာတ်ကားတွေမှ ကြိုက်တတ်တဲ့ ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါပြီJapan နိုင်ငံရဲ့ အထင်ကရနေရာဖြစ်တဲ့ The Suicide Forest ထဲမှာ မကောင်းဆိုးဝါးရန်ကနေ Motorbike တစ်စီးနဲ့ လွတ်မြောက်အောင်ထွက်ပြေးရတဲ့ Death Forest Game ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Horror ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။Horror ကားတို့ထုံးစံအတိုင်း ဇာတ်လမ်းအစမှာ ကျောင်းသား လေးယောက် ခရီးထွက်ကြပါတယ်။ထုံးစံအတိုင်း ဖင်ယားကြမိတဲ့အခါ Death Forest ထဲကို ရောက်သွားတဲ့သူတို့ ဘယ်လိုတွေ စွန့်စွန့်စားစားပြန်ထွက်ကြမလဲဆိုတာ ခြောက်ခြားစွာကြည့်ရှုရမှာပါ။အကုန်လုံးကရော အသက်ရှင်ကျန်နိုင်ပါ့မလားဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားပေးကြပါဦး။ File size…1.1GB / 516MB Quality…1080p True WEB DL  / 720p Format…mp4 Duration….1h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Death Forest: Forbidden Forest (2014)

2014
A Wounded Fawn (2022) 5.6
A Wounded Fawn (2022) A Wounded Fawn (2022)(1080p ရပါပြီ)ဇာတ်လမ်းလေးကတော့ လေလံပွဲတစ်ခုမှာ ရှေးဟောင်းရုပ်ထုကို လေလံဆွဲကြတာနဲ့ စတင်ထားပြီး အဲ့ထဲမှာ serial killer ဖြစ်တဲ့ဘရုစ်က သူ့ဝယ်လက်တွေနဲ့ တိုင်ပင်ပြီး ဈေးအပြိုင်ဆွဲနေပေမယ့် ကိတ်ဆိုတဲ့ အမျိုသမီးက လေလံအောင်သွားပါတယ်။အဲ့ဒီနောက်တော့ ဘရုစ်က ကိတ်ဆီကိုသွားပြီး သူဝယ်တဲ့ဈေးကို နှစ်ဆပေးပြီး သူ့ရဲ့ ဝယ်လက်တွေက ဝယ်ချင်ကြောင်းပြောပြီးတော့ ညှိနှိုင်းပါတယ်။ဒီလိုနဲ့ ကိတ်အိမ်ထဲရောက်သွားပြီးတော့ ဘရုစ်ရဲ့ စိတ်တွေဖောက်ပြန်လာပြီး ကိတ်ကို သတ်လိုက်ပါတယ်။ နောက်ပိုင်းမှာဘရုစ်ဟာနောက်ထပ် အမျိုးသမီးတွေကို တစ်မျိုးပြီး တစ်မျိုး မြူဆွယ်ပြီး လိုက်သတ်ပါတော့တယ်။အဲ့ဒီနောက်မှာလည်း စိတ်ရောဂါကနေ ပြန်လည်သက်သာလာတဲ့ မာရီဒိသ်နဲ့ တွေ့ဆုံပြီး နောက်တစ်ယောက်အကြောင်း တစ်ယောက်သိအောင်လို့ ဘရုစ်က မာရီဒိသ်ကို အပြင်ကိုခေါ်ထုတ်ပြီး သူ့ရဲ့ မာယာကျော့ကွင်းထဲကို ရောက်အောင်သိမ်းသွင်းဖို့ ကြိုးစားတဲ့အခါ ...အရင်အခေါက်တွေလိုပဲ သတ်ပစ်လိုက်နိုင်မလား? အမျိုးသမီးတွေအတွက် တရားမျှတမှုနဲ့ အမှန်တရားကို မဖော်ထုတ်နိုင်တော့ဘူးလား ဆိုတာကိုတော့ ဒီ Horror ဇာတ်လမ်းလေးထဲ ...
movie

A Wounded Fawn (2022)

2022
Psycho Beach Party (2000) 6.5
Psycho Beach Party (2000) Psycho Beach Party (2000) ======================၂၀၀၀ ၀န်းကျင်လောက်က ဇာတ်ကားတွေကို သိပ်သဘောကျမိတယ်။အခုခေတ်လို CGI ကောင်းကောင်း မရှိသေးပေမယ့် စိတ်ကူးအသစ်အဆန်းတွေနဲ့ ဇာတ်ကားတစ်ကားနဲ့တစ်ကား မထပ်ရအောင် ဖန်တီးရိုက်ကူးပြီး ရုပ်ရှင်လောကရဲ့ခေတ်တစ်ခေတ်ဖြစ်ခဲ့တယ်လို့တစ်ဦးတစ်‌ယောက်တည်း အမြင်အရ ပြောချင်ပါတယ်။ အထူးသဖြင့်Psychological ဇာတ်ကားတွေဟာ အဲဒီနှစ်ပိုင်းတွေမှာ အများဆုံးရိုက်ကူးခဲ့ပြီး အခုချိန်အထိ ပြောစမတ်တွင်နေကြတဲ့ထိ လက်စွမ်းပြရိုက်ကူးနိုင်ခဲ့ကြပါတယ်။ အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားဟာလည်း၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ခေါင်းစဉ်ထဲကအတိုင်း ကမ်းခြေက ပါတီတစ်ခုမှာ စိတ္တဇတစ်ယောက်ရဲ့ လူသတ်မှုအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ၁၇နှစ်သမီး ဖလော်ရန့်စ် ဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ သူနဲ့ရွယ်တူကောင်မလေးတွေလူကြီးစိတ်၀င်‌လာကြတာကို စိတ်ပျက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ ကမ်းခြေမှာ ရေလွှာလျှောစီးနေတဲ့သူတွေကို တွေ့လိုက်ပြီးသူကိုယ်တိုင်ပါ ရေလွှာလျှောစီးချင်လာပါတယ်။ ဒီလိုနဲ့ ရေလွှာလျှောစီးတဲ့ကောင်လေးတွေက သူ့ကို ကြက်ပေါက်လို့အမည်ပေးလိုက်ရာကစပြီးသူ့နာမည်က ကြက်ပေါက်ဖြစ်သွားပါတယ်။ ကြက်ပေါက်မှာ personalitydisorder ဆိုတဲ့ စိတ်ရောဂါတစ်မျိုးရှိနေပြီး တခါတလေမှာ အန်နီဘိုးမန်းဆိုတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကမ်းခြေမှာ လူသတ်မှုတွေ တစ်ယောက်ပြီးတစ်ယောက်ဖြစ်လာတဲ့အခါမှာ ...
movie

Psycho Beach Party (2000)

Dangerous Methods (2022) 4.3
Dangerous Methods (2022) Dangerous Methods (2022) ====================အလက်ဆာ ဟာ ဟောလီးဝုဒ်မှာလုပ်ကိုင်နေတဲ့ ရည်မှန်းချက်ကြီးသူ လက်‌ထောက်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အထက်လူကြီးဖြစ်သူ ရှယ်ရွန်ဝါးမန်းဟာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒက်စမွန်ဂေ့ဂျ်ရဲ့ လက်ထောက် လုပ်ပေးဖို့ ကမ်းလှမ်းလာပါတယ်။ အလက်ဆာလည်း ပိုက်ဆံလည်းရမယ် ရာထူးလည်းတိုးမယ်ဆိုပြီး အပျော်လွန်ကာ လက်ခံလိုက်ပါတယ်။ဒီလိုနဲ့ အလက်ဆာလည်း အလုပ်ကိစ္စအတွက် လူမနီးသူမနီးနေရာ တစ်ခုကို ‌ရောက်လာရင်း ဒက်စမွန်ဂေ့ဂျ်နဲ့ နှစ်ယောက်တည်း တစ်အိမ် တည်းမှာ အတူနေဖို့ ဖြစ်လာပါတော့တယ်။ ဒက်စမွန်ဂေ့ဂျ်ဟာ နာမည်ကြီး သရုပ်ဆောင်ဖြစ်တာနဲ့အညီ သူ့သရုပ်ဆောင်ချက်တွေကို ပီပြင်စေချင် တာကြောင့် ရုပ်ရှင်မရိုက်ခင် ပြင်ဆင်လေ့ရှိသူပါ။ ထို့ကြောင့်လည်း လူမနီးသူမနီးနေရာတစ်ခုမှာနောက်ဇာတ်ရုပ်အတွက် ပြင်ဆင်ဖို့လုပ်ရင်း အလက်ဆာ့ကို လက်ထောက်အနေနဲ့ ခေါ်ထားတာပါ။ဒက်စမွန်ဂေ့ဂျ်ဟာ နောက်သရုပ်ဆောင်ရမယ့် သူ့ဇာတ်ရုပ်ကို အပီအပြင် စျာန်ဝင်စားရင်း လေ့ကျင့်ဖို့ လုပ်နေတဲ့အချိန်နဲ့ ပထမဆုံးအကြိမ် ဒီလို နာမည်ကြီးအတွက် လက်ထောက် လုပ်ပေးရမယ့် အလက်ဆာတို့ ကြားမှာ ဘာတွေဆက်ဖြစ်မှာလဲ။ နောက်ရုပ်ရှင်မှာ ဒက်စမွန် သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကရော ဘယ်လို ဇာတ်ကောင်ဖြစ်မလဲဆိုပြီး အလှည့်အပြောင်း တွေနဲ့ ဒီကားလေးမှာ ဆက်လက်ခံစားလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(2.5 GB) / (557 MB) ...
movie

Dangerous Methods (2022)

2022
The Lake (2022) 5.5
The Lake (2022) ထိုင်းမှာ August လ ၁၈ရက်နေ့က စရုံတင်ခဲ့ပြီး ကြည့်ရှု့သူများခဲ့တဲ့ The Lake ဆိုတဲ့ ဇာတ်ကားလေး အကြည်ထွက်လာလို့ ရရချင်းပဲ တင်ဆက်ပေးလိုက်ပါတယ် တစ်နေ့ခြားတစ်နေ့တိုးတက်လာတာတွေထဲမှာ ထိုင်းက CGI တွေလည်း ပါပါတယ်...သုံးထားတဲ့ effect တွေ အလင်းအမှောင် ယူပုံတွေက အတော်တိုးတက်လာတာတော့ ငြင်းစရာကိုမရှိပါဘူး ဒါ့အပြင် ထိုင်းစီးရီးကောင်းတော်တော်များများအပြင် လက်ရှိပြသနေဆဲဖြစ်တဲ့ "သက်တန့်လေးရှိရာ၀ယ်(Finding The Rainbow)" ဇာတ်ကားမှာပါတဲ့ မင်းသမီးချော Aom Sushar Manaying က Main Character အဖြစ် ပါ၀င်ထားပါတယ် ။ဇာတ်လမ်းအကျဥ်းတစ်နေ့ ပင်ကန်မြို့နယ်က ကောင်မလေးတစ်ယောက် ထူးဆန်းတဲ့ဥတစ်လုံးကို တွေ့ခဲ့ပါတယ် ဥက သာမန်ဥတစ်လုံးလိုမဟုတ်ဘဲ တော်တော် ကြီးမားတဲ့ဥပါ...ကလေးမလေးလည်း ကလေးတို့ရဲ့ထုံးစံအတိုင်း ဥကို အိမ်ယူလာတာပေါ့ဒါပေမယ့် သူယူလာတဲ့ ဥက ထူးဆန်းတဲ့သတ္တဝါကြီးရဲ့ဥဖြစ်နေတဲ့အခါ....သတ္တဝါကြီးလည်း သူ့ဥပျောက်သွားလို့ လိုက်လံရှာဖွေပြီး မြို့တွေထဲထိ၀င်လာကာာ လူတွေကို လိုက်လံ သတ်ဖြတ်တဲ့နောက် ...
movie

The Lake (2022)

2025: Blood, White & Blue (2022) 4.3
2025: Blood, White & Blue (2022) 2025: Blood, White & Blue (2022) =========================ဘီလ်ဝေလ်ဆင် ဆိုတဲ့ အေးဂျင့်တစ်ယောက်က သူလျိုလုပ်ပြီး ကာတယ်ခေါင်းဆောင်တစ်ယောက်ကို ဖမ်းဆီးလိုက်ပြီးတဲ့နောက် ဘီလ်ရဲ့ မိသားစုတစ်စုလုံး ပစ်မှတ်အထားခံလိုက်ရတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ဟုမ်းလမ်းလုံခြုံရေးအဖွဲ့က အခြားစစ်ရေးအဖွဲဲ့တစ်ဖွဲ့နဲ့ပေါင်းပြီး ကာတယ် ဆိုတဲ့ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ကိုအစီအစဉ် သေချာဆွဲပြီးဖမ်းဖို့လုပ်တယ်၊ အဲမှာ ဘီလ် ဆိုတဲ့ အေးဂျင့်တစ်ယောက်က သူလျိုအနေနဲ့ ကာတယ်တွေနေတဲ့နေရာထဲကိုဝင်ပြီး စီစဉ်ထားတဲ့အတိုင်း လုပ်လိုက်တာ စစ်ဆင်ရေးကြီးအောင်မြင်သွားရော၊ မူးယစ်ဂိုဏ်းဆိုတော့ မူးယစ်ဆေးတွေနဲ့ ပိုက်ဆံတွေအများကြီးသိမ်းစည်းရမိတာပေါ့လေ။အဲဒီနောက် တစ်ရက်နှစ်ရက်နေတော့ the Purge ဆိုတဲ့ ဥပဒေမဲ့သတ်ဖြတ်ခွင့် ရှိတဲ့ညကိုရောက်လာရော၊ ဘီလ် ကတော့ သူ့အိမ်ကို ခြံစည်းရိုးတွေဘာတွေနဲ့ သေသေချာချာ လုံခြုံအောင်လုပ်ထားပေမယ့် သူမသိလိုက်တာက သူနဲ့သိကျွမ်းတဲ့ အီဒင် ဆိုတဲ့လူက သူ့အိမ်မှာ သိမ်းစည်းရမိတဲ့ မူးယစ်ဆေးတွေနဲ့ ပိုက်ဆံတွေ အကြောင်းကြားသိပြီး၊ အဲ့နေ့ညမှာဓားပြတိုက်ပြီးယူမယ်ဆိုတာပါပဲ၊ ဖြစ်ချင်တော့ ဘီလ်ရဲ့မိသားစုကလည်း ဘီလ်ရဲ့ အိမ်မှာ ညစာလာစားတဲ့အပြင် ဘီလ်ရဲ့ လုပ်ဖော် ကိုင်ဖက်ဖြစ်တဲ့ ဒယ်လ် ကပါ သူ့အိမ်မှာတစ်ညလာနေဖို့ရောက်လာပါလေရော။ အဲညမှာ အီဒင် စီစဉ်ထားတဲ့အတိုင်း ဖြစ်သွားမလား နောက်ဘာများဆက်ဖြစ်မလဲ ဆိုတာ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett ...
movie

2025: Blood, White & Blue (2022)

2022
Slash/Back (2022) 5.7
Slash/Back (2022) Slash/Back (2022) ==============ကလေးအုပ်စုတစ်သိုက်ကို အခြေတည်ပြီးရိုက်ကူးထားတဲ့ရုပ်ရှင်တွေ ပရိတ်သတ်ကြီးတို့ကြည့်ဖူးကြမှာပါ....stranger things တို့ဘာတို့ပေါ့။ဒီတစ်ခေါက်ကလေးအုပ်စုကတော့ ယောကျ်ားလေးမပါဘဲ မိန်းကလေး တွေချည်း အစွမ်းပြထားတဲ့ရုပ်ရှင်ပါ။ ကဲစိန်တို့ ဂျက်မတို့ပေါ့ဗျာ။ ဖိုက်ရ တာကတော့ လူ့ခန္ဓာ၊ တိရစ္ဆာန်ခန္ဓာကို ကပ်ပါးလုပ်နေတဲ့ ဖုတ်လိုလို ဖွတ် လိုလိုတုတ်ပြားသံကောင်တွေနဲ့ပါ။မိန်းကလေးချည်းဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကျားကျားယားယား မိန်းမသားအဖွဲ့က သေနတ်ပစ်တတ်တဲ့သူနဲ့ လက်ရဲဇက်ရဲရှိတဲ့သူနဲ့ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပါပဲ။  သူတို့နေတဲ့ရွာလေးက တောခေါင်သလိုဖြစ်နေလို့ မမတို့အဖွဲ့က သိပ်မကျေနပ်ကြပါဘူး။ တစ်နေ့ကျ လှေခိုးမောင်းပြီး အကဲလွန် ရာကနေ ဝက်ဝံတစ်ကောင်‌နဲ့တွေ့ပြီး တစ်အုပ်စုလုံး မသာပေါ်တော့မလို့ပါ။သူတို့နဲ့မတော်တဆတွေ့မိတဲ့ ဝက်ဝံကနေ သူတို့ရွာလေးကို ဘယ်လိုအန္တရာယ် တွေကျရောက်လာမလဲ။ ကျားကျားယားယားမိန်းမသားမမလေးတို့အဖွဲ့က ဘယ်လိုပြန်ဆော်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Ngwe Zin, Khant Sett Naing တို့ဖြစ်ပါတယ်)File Size..........(1.43 GB) / (600 MB) / (342 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........1h 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, ...
movie

Slash/Back (2022)

2022
REC 4 Apocalypse(2014) 6.5
REC 4 Apocalypse(2014) REC 4 Apocalypse(2014)**********************လူကြိုက်များတဲ့ REC ရုပ်ရှင်စီးရီးရဲ့ နောက်ဆုံးစတုတ္ထမြောက်ကားပဲ ဖြစ်ပါတယ်။ အရှေ့က သုံးကားနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်လို့ အရှေ့သုံးကားကိုအရင်ဆုံးကြည့်ပြီးမှ ဒီဇာတ်ကားကိုကြည့်ဖို့ အကြံပေးပါရစေ။ REC 4 ကိုတော့ ဒါရိုက်တာ Jaume Balaguero ကရိုက်ကူးထားပြီး ရှေ့ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီး အန်ဟယ်လာဗီဒယ်အဖြစ် မင်းသမီး Manuela Velasco ကအဓိကသရုပ်ဆောင်အနေနဲ့ ပြန်လည်ပါဝင်လာပြီး Pavo Manzanedo, Hector Colome, Ismael Fritschi နဲ့ Crispulo Cabezas တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။Rec 3 အဆုံးမှာ အန်ဟယ်လာဗီဒယ်ကို ကယ်တင်ခဲ့ပြီးနောက်မှာ စစ်ဆေးမှုတွေအကြိမ်ကြိမ်အခါခါလုပ်ပြီး ရောဂါဖြစ်ပွားတဲ့နေရာကိုဝင်ရောက်ခဲ့သူများကို သင်္ဘောတစ်စီးဖြင့် ပင်လယ်ထဲစေလွှတ်ခါ ဗိုင်းရပ်စ်ကိုအနိုင်ယူနိုင်မယ့် ဖြေဆေးကိုဖော်စပ်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် ဖြေဆေးကမအောင်မြင်တဲ့အတွက် နောက်ထပ်နည်းလမ်းတစ်ခုကိုရှာဖွေတဲ့အခါမှာ ကင်မရာထဲက အန်ဟယ်လာရဲ့မှတ်တမ်းတွေကို တွေ့ရှိသွားတဲ့အခါမှာတော့... အန်ဟယ်လာအနေနဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေခဲ့တာလဲ သူ့ကတကယ်ပဲ ကူးစက်ခံထားရတာလား ဖြေဆေးကိုရော တကယ်ပဲဖော်စပ်နိုင်သွားမလား သူတို့စီးနေတဲ့ သင်္ဘောကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို သွေးသံတရဲရဲနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။သွေးထွက်သံယိုအခန်းများ အများအပြားပါဝင်တဲ့အတွက် ကလေးသူငယ်များနဲ့ နှလုံးမကောင်းသူများကြည့်ရှုဖို့ မသင့်တော်ပါခင်ဗျာ... File Size : ...
movie

REC 4 Apocalypse(2014)

A Savannah Haunting (2021) 4.4
A Savannah Haunting (2021) A Savannah Haunting ================= သရဲကားမှကြည့်ချင်တာ၊ တကယ့်အဖြစ်အပျက်မှကြိုက်တာ ဆိုတဲ့သူတွေအတွက် သရဲကားအသစ်တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်ကားကတော့ ဂျော်ဂျီယာပြည်နယ် ဆာဗားနားမြို့မှာရှိတဲ့ အိမ်တစ်အိမ်မှာ တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာဝီလီယမ် ကိုယ်တိုင် သူ့မိသားစုအိမ်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံဖြစ်ပြီး ဒီဇာတ်ကားကိုလည်း အဲဒီအိမ်မှာတင် ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ရန်ကော့ မိသားစုဟာ ဆာဗားနားမှာရှိတဲ့ လူမနေတာကြာပြီဖြစ်တဲ့ အိမ်တစ်အိမ်ကို ပြောင်းလာခဲ့ကြပါတယ်။ ဒီအိမ်ဟာ ဟိုးရှေးရှေးကတည်းက အတိတ်ဆိုးတွေရှိခဲ့တဲ့အိမ်ဖြစ်နေပေမယ့် အိမ်ထောင်ဦးစီးဖြစ်သူ အဲရစ်ဟာ ဒါတွေကို ယုံကြည်တဲ့သူ မဟုတ်တာကြောင့် ပေါ့ပြက်ပြက်ပဲ နေနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မိသားစုအပေါ် ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကြုံတွေ့လာရပြီးတဲ့နောက်မှာ အဲရစ်တို့မိသားစုတွေ ဒီအိမ်ကြီးထဲက လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှူနေရမှာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ သာမာန်သရဲကားတွေလိုမဟုတ်ဘဲ တကယ့်အဖြစ်အပျက်နဲ့ ကျောရိုးတည်ပြီး ရိုက်ကူးထားတာကြောင့် ဖြဲတာ၊ ကြဲတာတွေ သိပ်မပါတာကြောင့် "ဝူးရှူးဝါးတွေကြောက်လို့ သရဲကားမကြည့်ရဲပါဘူး" ဆိုတဲ့သူတွေလည်း ကြည့်လို့အဆင်ပြေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…1.13GB / 515MB Quality…1080p WEBRIP / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
movie

A Savannah Haunting (2021)

2022
REC 3 Genesis(2012) 7.0
REC 3 Genesis(2012) REC 3 Genesis(2012)******************လူကြိုက်များတဲ့ Rec ရုပ်ရှင်စီးရီးရဲ့ သုံးကားမြောက်ဇာတ်ကားပဲဖြစ်ပါတယ်။ ​ရှေ့နှစ်ကားနဲ့မတူတဲ့ နေရာတစ်ခါမှာ အ​ခြေတည်ထားပြီး ​ရှေ့နှစ်ကားထက်ပိုပြီးလေးနက်တဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်မယ့် ဇာတ်ကားဖြစ်တဲ့အတွက်Horror ချစ်ပရိတ်သတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ရှေ့နှစ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်တဲ့ Paco Plaza မှရိုက်ကူးထားပြီးDiego Martin, Leticia Dolera, Javier Botet နဲ့ Alex Monner တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။မင်္ဂလာမောင်နှံဖြစ်တဲ့ ကိုဒိုနဲ့ကလာရာတို့ဟာ သူတို့နှစ်ဦးနဲ့ အချစ်ကိုပိုပြီးခိုင်မြဲစေဖို့အတွက်မင်္ဂလာပွဲကြီးကို မိသားစုမိတ်ဆွေ စုံစုံလင်လင်နဲ့ ကျင်းပနေပြီး တစ်ဦးနဲ့တစ်ဦးချစ်ခြင်းမေတ္တာအပြည့်နဲ့ ဘဝခရီးကိုလျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။သူတို့ရဲ့ပျော်ရွှင်မှုတွေကို ဖျက်စီးမယ့်အကြောင်းအရာတစ်ခုကတော့ကိုဒိုရဲ့ဦးလေးဖြစ်သူ ပဲပဲဗီတာဟာ တိရိစ္ဆာန်ဆေးကုခန်းကနေခွေးကိုက်ဒဏ်ရာတစ်ခုရလာခဲ့ပြီး တူဖြစ်သူရဲ့မင်္ဂလာဆောင်ကို ချီးမြှောက်ဖို့ ရောက်လာပါတော့တယ်။ ​ရှေ့ဇာတ်ကားနှစ်ကားကို ကြည့်ဖူးခဲ့ရင်တော့ ဒီခွေးကိုက်ဒဏ်ရာဟာဘယ်လောက်အထိ ဆိုးဝါးတဲ့အဖြစ်ဆိုးတွေဖြစ်စေလဲဆိုတာကို ကြိုတင်မှန်းဆနိုင်မှာဖြစ်တဲ့အတွက် ​ရှေ့နှစ်ကားကိုအရင်ဆုံးကြည့်ဖို့ အကြံပေးပါရစေ။မင်္ဂစုံတွဲနှစ်တွဲကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာတွေ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ သစ္စာတရားတွေကိုသွေးသံတရဲရဲကို ကြည့်ရှုရမှာဖြစ်တဲ့အတွက် ...
movie

REC 3 Genesis(2012)

{21+} Blind Beast (1969) 7.1
{21+} Blind Beast (1969) မီချီကိုတစ်ယောက်က မွေးရာပါ အာရုံကြောချို့တဲ့ပြီး မျက်မမြင်တစ်ယောက်ဖြစ်ပါတယ် သူက အနုပညာကို အရမ်းဝါသနာပါပြီး အနုပညာသစ်တစ်ခုကို ဖနတီးနေချင်သူတစ်ယောက်ပါ သူဖန်တီးချင်တဲ့ အနုပညာက အထိအတွေ့ အနုပညာ...အာကီရှိမာက ဖေါ်ချွတ်ဓာတ်ပုံမော်ဒယ်နဲ့ ပက်သက်ပြီး လူငယ်တွေကြားမှာရေပန်းစားနေတဲ့ မော်ဒယ်တစ်ယောက်ပါ တစ်နေ့ သူရဲ့ပုံတွေကို ပြပွဲလုပ်တဲ့အခါမှာ သူ့ရုပ်ထု တစ်ခုလည်း ပါဝင်ခဲ့ပါတယ်မီချီကိုတစ်ယောက်ပြပွဲကို သတင်းရပြီး အရောက်သွားပြီး သူ့ရဲ့ အထိတွေ့ပညာနဲ့ ရုပ်ထုကို အာရုံခံပြီး သူမရဲ့ အဖုအထစ် အလုံးအကြွ သူမတူတဲ့ အသားရေတွေကို ခံစားမိပြီး အစွဲကြီးစွဲသွားပါတော့တယ်နောက်ဆက်တွဲဖြစ်လာမဲ့အကြောင်းရာတွေက စိတ်ဝင်စားစရာ ကောင်းနေပြီး သူမတူတဲ့ ရသာမျိုး ပေးဆောင်နိုင်တဲ့ ဇာတ်ကားကောင်းဖြစ်နေတာမလို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ် File size…1.28GB / 661MB Quality…1080p BluRay Remux / 720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

{21+} Blind Beast (1969)

1969
Wolf Creek 2 (2013) 6.1
Wolf Creek 2 (2013) Wolf Creek 2 =========ဒီကားဟာ ပထမကထွက်ရှိခဲ့တဲ့ Wolf Creek ရဲ့ ဒုတိယမြောက်ထွက်ရှိလာတဲ့ ဇာတ်ကားဖြစ်ပါတယ်။ Wolf Creek ကြည့်ဖူးတဲ့သူတွေအတွက် ထွေထွေထူးထူး ပြောစရာမလိုပေမယ့်မကြည့်ဖူးသေးတဲ့သူတွေအတွက်ပြောရရင် ဒီဇာတ်ကားဟာဩစတြေးလျနိုင်ငံမှာဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ကိုရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံမှာဆိုရင် နှစ်စဉ်လူပျောက်တိုင်ကြားမှု၃သောင်းလောက်ရှိတတ်ပါတယ်။ ကိုးဆယ်ရာခိုင်နှုန်းသောလူတွေကိုတော့ ပြန်တွေ့ပေမယ့် တချို့တွေကိုတော့သတင်းအစအနတောင် ပြန်မရခဲ့ကြဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ ဩစတြေးလျနိုင်ငံ ဝုဗ်ခရိခ် ဒေသကိုအလည်လာခဲ့တဲ့ ဂျာမနီလူမျိုးစုံတွဲတစ်တွဲနဲ့ အင်္ဂလိပ်လူမျိုးယောက်ျားတစ်ယောက်က အဲဒီဒေသနားက ထူးဆန်းတဲ့လူတစ်ယောက်ဖမ်းဆီးတာကိုခံခဲ့ရတဲ့အတွက် သူတို့တွေ ဘယ်လိုမျိုးလွတ်မြောက်အောင်ကြိုးစားကြမလဲဆိုတာကို ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ပထမ Wolf Creek ဇာတ်ကားလိုပဲ သွေးထွက်သံယိုတွေ၊သတ်ဖြတ်တာတွေ ပါတာကြောင့် horror/thriller ကြိုက်တဲ့သူတွေအနေနဲ့ပထမကားရော အခုကားကိုပါကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ File Size :    1.92GB  / 948MBQuality : BluRay 1080p 5.1CH , 720pRunning Time : 1hr 46minFormat : Mp4Genre : ...
movie

Wolf Creek 2 (2013)

Wolf Creek (2005) 6.5
Wolf Creek (2005) Wolf Creek==========ဒီဇာတ်ကားဟာ ၁၉၉၉ ခုနှစ် ဩစတြေးလျနိုင်ငံမှာဖြစ်ခဲ့တဲ့တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံမှာဆိုရင် နှစ်စဉ်လူပျောက်တိုင်ကြားမှု၃သောင်းလောက်ရှိတတ်ပါတယ်။ ကိုးဆယ်ရာခိုင်နှုန်းသောလူတွေကိုတော့ ပြန်တွေ့ပေမယ့် တချို့တွေကိုတော့ သတင်းအစအနတောင်ပြန်မရခဲ့ကြဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကို အခြေတည်ပြီးတော့ပျောက်ဆုံးသွားတဲ့သူတွေက ဘယ်လိုတွေပျောက်ဆုံးခဲ့လဲဆိုတာကိုပြန်လည်ပုံဖော်ရိုက်ကူးထားတာကြောင့် horror/thriller ကြိုက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ဘန်၊ ခရစ်စတီ နဲ့ လစ်ဇီ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာလူသူအရောက်အပေါက်နည်းတဲ့ ဥက္ခာခဲကျရောက်ခဲ့တဲ့နေရာကိုအပျော်ခရီးအနေနဲ့ လာခဲ့ကြပါတယ်။ အလာမှာ ချောချောချူချူရောက်ခဲ့ကြပေမယ့် ပြန်ဖို့ပြင်တဲ့အချိန်မှာ ကားစက်နှိုးလို့မရဖြစ်နေခဲ့ပါတယ်။သူတို့တွေလည်း အဲဒီညကို ကားပေါ်တင်အိပ်ပြီး ဖြတ်သန်းဖို့ဆုံးဖြတ်ခဲ့ကြပေမယ့် ကံကောင်းထောက်မစွာနဲ့ ကုန်တင်ကားတစ်စီးကသူတို့နားကို ကူညီဖို့ ရောက်လာခဲ့ပါတယ်။ သူတို့ ဘေးကင်းပြီလို့ထင်ခဲ့ကြပေမယ့် သူတို့ဆီကို မထင်မှတ်ထားတဲ့ ဘေးအန္တရာယ်တစ်ခုရောက်လာခဲ့တဲ့အခါ ဘယ်သူတွေကလွတ်မြောက်သွားကြမလဲအကုန်လုံးကရော လွတ်မြောက်နိုင်ပါ့မလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။  File Size : ( 3.76 GB ) and ( 1.26 GB)Quality : BluRay ...
movie

Wolf Creek (2005)

The Killing Tree / Demonic Christmas Tree (2022)
The Killing Tree / Demonic Christmas Tree (2022) Christmas လည်းရောက်ခါနီးပြီဆိုတော့ အသစ်စက်စက်ထွက်ရှိထားတဲ့ Christmas Horror ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းအကျဥ်း Christmas ရဲ့ထုံးတမ်းစဥ်လာတွေနဲ့ ပတ်သက်ပြီး တစ်ဖက်စွန်းရောက်နေတဲ့ psycho လင်မယား၂ယောက်ရှိပါတယ်.. ဒါပေမယ့် တစ်နေ့မှာ အကြောင်းတစ်ခုကြောင့် ယောက်ျားဖြစ်သူ သေဒဏ်ပေးခံလိုက်ရပါတယ်.. ဒါကြောင့် Christmas Eve ညမှာ အပယ်ခံမုဆိုးမဟာ ရှေးဟောင်းမန္တာန်တစ်ခုနဲ့ သူ့ယောက်ျားကို ပြန်အသက်သွင်းပါတော့တယ်.. ဒါပေမယ့် မန္တာန်မှားပြီး သူ့ယောက်ျားရဲ့ ဝိညာဥ်ဟာ Christmas သစ်ပင်ကြီးထဲကို ဝင်သွားတဲ့အခါမှာတော့.... Christmas သစ်ပင်ခန္ဓာကိုယ်နဲ့ သူ့ကိုသေဒဏ်ကျအောင် လုပ်တဲ့သူတွေကို ဘယ်လို လိုက်ရှာသတ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး..File size…(1.35GB)  / (635.18MB) / (277.01MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre... Comedy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ei Thwal
movie

The Killing Tree / Demonic Christmas Tree (2022)

And Now the Screaming Starts! (1972) 5.9
And Now the Screaming Starts! (1972) And Now the Screaming Starts! (1973)ငွေရှင်ကြေးရတတ် အမျိုးမြတ်တဲ့အပြင် သူ့အပေါ်မှာလည်းစုံမက်တဲ့ ချားလ်စ်ဖန်ဂရစ်ဖန်နဲ့ လက်ထပ်ဖို့အတွက် ဖန်ဂရစ်ဖန်စံအိမ်ကို လိုက်လာခဲ့တဲ့ ကတ်သရင်းရဲ့ရင်ထဲမှာ ကြည်နူးပျော်ရွှင်စိတ်နဲ့ သူ့အနာဂတ်အပေါ် စိတ်လှုပ်ရှားမှုတွေသာ အပြည့်ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ စံအိမ်ကိုရောက်လာတဲ့ ပထမဆုံးညမှာပဲ ချားလ်စ်ရဲ့ ဘိုးဘေးအစဉ်အဆက် ပုံတူကားချပ်တွေကို လိုက်ကြည့်ရင်းက ချားလ်စ်ရဲ့အဘိုး ဟင်နရီရဲ့ပုံကိုကြည့်ရင်း တုန်လှုပ်စရာပုံရိပ်တစ်ခုကို မထင်မှတ်ဘဲမြင်လိုက်ရချိန်မှာတော့ သူတစ်သက်လုံးနေသွားရမယ့် ဒီစံအိမ်ဟာ သူစနောက်နေခဲ့တဲ့အတိုင်း သရဲခြောက်တဲ့အိမ်အိုကြီးတစ်လုံး တကယ်ပဲဖြစ်နေမလားလို့ ဒွိဟတွေဝင်လာခဲ့တယ်။ဒါပေမဲ့ သူနဲ့ချားလ်စ်တို့ရဲ့ မင်္ဂလာဦးညမှာ တစ္ဆေခြောက်လှန့်မှုထက် အပုံကြီးဆိုးဝါးတဲ့အဖြစ်နဲ့ ကတ်သရင်း ကြုံလိုက်ရတဲ့နောက်မှာ ဒီအိမ်ကြီးနဲ့ ချားလ်စ်တို့မိသားစုအပေါ် သူ့ရဲ့မသင်္ကာစိတ်တွေက အချိန်တိုအတွင်း တိုးပွားလာခဲ့ရတယ်။ ဒါပေမဲ့ ချားလ်စ်အပြင် သူတို့နဲ့အနေနီးစပ်သူတွေပါ ထုတ်မပြောရဲအောင် စိုးရွံ့နေကြတဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ခုအကြောင်းကို သူသိလိုက်ရချိန်မှာ သူ့ကိုကူညီစောင့်ရှောက်ဖို့ ကြိုးစားသူတွေအားလုံး အန္တရာယ်တွေ ဆက်တိုက်တွေ့လာရပြီး သူကိုယ်တိုင်လည်း ဆိုးဝါးတဲ့ကျိန်စာတစ်ခုရဲ့သားကောင် ဖြစ်လာချိန်မှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို Costanza ...
movie

And Now the Screaming Starts! (1972)

1973
Event Horizon (1997) 6.6
Event Horizon (1997) Event Horizon (1997)Resident Evil ဇာတ်ကားအများစုရဲ့ ဒါရိုက်တာ Paul W.S. Anderson ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ဒီကားကို ပါရာမောင့်က ထုတ်ခဲ့တာဖြစ်ပြီး ဒီကားကို ထုတ်ပေးဖို့ ပါရာမောင့်မှာ ဆွယ်တရားသွားဟောတုန်းက ကားတောင်ထွက်မလာသေးဘဲ ပါရာမောင့် အမှုဆောင်တွေ လန့်ပါလန့်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ The Matrix ထဲက မောဘီးယပ်စ်ကြီး Laurence Fishburne က အဓိက ပါဝင်သရုပ်ဆောင်ထားသလို ဘွန်းခဲ့ပေမဲ့လည်း Cult Classic Horror Film တစ်ကားဖြစ်ခဲ့တဲ့အတွက် ကြည့်သင့်တဲ့ ဂန္ထဝင်တစ်ကားပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်တွေကို သဘောကျတဲ့လူတွေလည်း အကြိုက်တွေ့ကြမှာပါ။ သိပ္ပံစိတ်ကူးယဉ် သဲထိတ်ရင်ဖိုကားပီသသလို တော်တော်လည်းကြမ်းတာကြောင့် အသည်းငယ်တတ်သူတွေတော့ မကြည့်စေချင်ပါဘူး။ ဒီကားကြည့်ပြီးရင်တော့ အချင်းချင်း ခေါင်းစားကြစရာ အချက်အလက်တွေ အများကြီးထွက်လာမှာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။လူသားတွေဟာ လပေါ်မှာ အပြီးတိုင်အခြေချပြီးတဲ့နောက် ၂၅ နှစ်အကြာမှာ လူသားသမိုင်းတလျှောက် ပထမဆုံးသော အလင်းထက်မြန်တဲ့ ...
movie

Event Horizon (1997)

1997
The Other Child (2022) 5
The Other Child (2022) The Other Child (2022)ကလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ အစားထိုးချင်နေတဲ့ လင်မယားနှစ်ယောက်ဟာ သားသမီး ၃ ယောက်ရှိနေပြီးသားဆိုပေမဲ့ နောက်ထပ်တစ်ယောက်ကို မွေးစားဖို့ ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ အဲဒီမွေးစားလိုက်တဲ့ကလေးအီဆာ့ဟာ ထူးခြားတဲ့စွမ်းရည် ပိုင်ဆိုင်ထားလို့ ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်ပါတယ် အိမ်မှာလည်း ဆုံးရှုံးလိုက်ရတဲ့ကလေးရဲ့ ဝိညာဉ်ရှိနေတဲ့အချိန်မှာ မိသားစုတွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါHorror ဆိုပေမဲ့ ဝုန်းဒိုင်းကြီး ကြောက်စရာကောင်းတာမဟုတ်ဘဲ ငြိမ့်ငြိမ့်လေး ကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကို ကြည့်နိုင်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre.....Mhlystery, Horror Quality…. 1080p | 720p | 480p File size… 965MB | 453MB | 186MB Format… mp4 Duration….1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August
movie

The Other Child (2022)

2022