Channel Myanmar

Horror

Scare Package II: Rad Chad’s Revenge (2022)
Scare Package II: Rad Chad’s Revenge (2022) Scare Package II: Rad Chad's Revenge (2022)~ Rotten Tomatoes - 88%, Shudder - 3.3/5 ~ယနေ့ခေတ် Horror Movie တွေရဲ့ ရှင်းလင်းသပ်ရပ်တဲ့ ရိုက်ကွက်တွေနဲ့တင်ဆက်ထားတဲ့ Scare Package (2019) ရဲ့အဆက်ဖြစ်တဲ့ Scare Package II: Rad Chad's Revenge ဟာ အရင်လ ဒီဇင်ဘာ 22 ရက်နေ့ကမှ ထွက်ရှိထားတဲ့ အသစ်စက်စက် Horror ကားပဲဖြစ်ပါတယ်။Horror ဇာတ်လမ်းတွေအကြောင်း မသိတာမရှိတဲ့ အခွေဆိုင်ပိုင်ရှင်ကြီး Rad Chad တစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ဆုံးပါးသွားပါတယ်။ သူ့အသုဘကို လာပို့တဲ့သူတွေကို ဆေးခတ်ပြီး ရယ်ရခက် ငိုရခက် ထောင်ချောက်တွေနဲ့ တမလွန်ကနေဘယ်လိုတွေ ဒုက္ခပေးဦးမလဲဆိုတာကိုတော့ ပါးစပ်မပိတ်ပဲ တခွိခွိနဲ့ရယ်ရင်း ရှုစားကြရမှာပါ။ သဘောကျစရာအကောင်းဆုံးတစ်ချက်က ရုပ်ရှင်တစ်ခုတည်းကိုကြည့်ရသလိုမဟုတ်ပဲ ...
movie

Scare Package II: Rad Chad’s Revenge (2022)

2022
The Menu (2022) 7.5
The Menu (2022) The Menu (2022)~ IMDb - 7.5/10, RT - 89%, Meta - 71% ~ဒါရိုက်တာ Mark Mylod ရဲ့ ရုပ်ရှင်အသစ်ကြီး လာပါပြီ။ ဒီဒါရိုက်တာကိုတော့ အကောင်းဆုံးစီးရီးတွေဖြစ်တဲ့ Game of Thrones, Succession လို စီးရီးတွေမှာ ဝင်ပြီးရိုက်ကူးခဲ့တဲ့သူအဖြစ် လူသိများပါတယ်။ အခုရုပ်ရှင်ကတော့ Dark Comedy, Horror အမျိုးအစားပါပဲ။ အဓိက ဇာတ်ဆောင်အဖြစ် အေးစက်စက်နဲ့ ကြောက်စရာအခန်းတွေနဲ့အရမ်းလိုက်ဖက်တဲ့ Ralph Fiennes က သရုပ်ဆောင်ထားပါတယ်။ သူ့ကိုတော့ ရှင်းဒလားလစ်စ် တို့ ဂရန်းဘူဒါပက်စ်ဟိုတယ်တို့လို ရုပ်ရှင်တွေမှာ တွေ့ဖူးကြမှာပါ။ နောက်ထပ် ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသမီး အာညာတေလာဂျွိုင်း၊ Warm Bodies ရဲ့မင်းသား Nicholas Hoult တို့လည်းပါဝင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~လူတစ်ယောက်ကို ...
movie

The Menu (2022)

2022
Aporia (2019) 4.0
Aporia (2019) Aporia (2019) ==========ဇာတ်လမ်းအစမှာ လူတစ်စုကရွာသားတွေကိုဖမ်းပြီးတောင်တွေ ဆီကိုဦးတည်မောင်းလာတယ်။ ဒါပေမယ့် ရွာသားတွေကိုခေါ်မလာ ခင် လူတိုင်းရဲ့လည်ပင်းကိုဆေးတွေထိုးပေးလိုက်တယ်။ အခြား ဆေးတော့မဟုတ်ပါဘူး။ဇွန်ဘီဖြစ်လာနိုင်တဲ့ စမ်းသပ်တဲ့ဆေးတွေ။ အဲ့ထဲမှာ အာဗင်နဲ့ အိစ်ချ်တို့လင်မယားနှစ်ယောက်လည်းပါတယ်။အာဗင်က ကားနောက်ခန်းထဲမှာ ခေါ်လာတဲ့သူတွေကိုပြန်တိုက်ပြီး ထွက်ပြေးကြဖို့ တိုင်ပင်ထားကြပေမယ့်လည်း တကယ်လည်းဖြစ် လာရောအလုပ်မဖြစ်ဘူး။ ခရီးဆုံးလည်းရောက်ရော ဖမ်းခေါ်လာသူ တွေက သူတို့ကို တောင်ကြားတွေဆီကိုပြေးခိုင်း ပြီးတော့ သေနတ်နဲ့ လိုက်ပစ်တယ်။ ပြေးရင်းနဲ့ပဲ အီချ်နဲအာဗင်ဟာ မြောင်းကြားထဲကို ကျသွားတာပေါ့။မြောင်းကအတော်လေးနက်ပြီး ပြန်တက်ဖို့မလွယ် ပါဘူး။ လိုက်သတ်တဲ့သူတွေက မသတ်တော့ဘဲပြန်သွားကြတယ်။ ဒီလိုနဲ့ညရောက်လာတော့ သူတို့ထဲကတစ်ယောက်ကဆေးအစွမ်းပြ လာတဲ့အခါမှာတော့....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.47 GB) / (620 MB) / (338 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 25mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Horror Translator.......Tin Myo Lwin Encoder..........SWM
movie

Aporia (2019)

2019
LiveScream (2022) 5.4
LiveScream (2022) LiveScream (2022)နာမည်ကျော် Vivamax ကလူတွေပဲ ထပ်စကေးပြထားတဲ့ ရုပ်ရှင်အသစ်တစ်ကားပေါ့ဗျာ။ သူက Saw တို့ ဘာတို့လို Escape Room ရုပ်ရှင်ပုံစံမျိုးရိုက်ပြထားတယ်။ ဒါပေမဲ့ ဆန်းတာက သူက ဒါကို ယူကျူ့လိုနေရာမှာ ပေါက်ပန်းဈေးဗီဒီယိုတွေတင်၊ လိုက်ဖ်ရှာ၊ ဖော်လိုဝါရှာတဲ့ လုပ်စားတစ်ကောင်ကို ဇာတ်လိုက်ထားထားတယ်။ အဲဒီကောင်က သူဖော်လိုဝါရဖို့ လိမ်ထားသမျှအလိမ်တွေအတွက် အပြစ်ခံရတဲ့သဘောပေါ့။ ဒါကိုမှ ခပ်ဆန်းဆန်းဖြစ်အောင် လိင်ဆက်ဆံခန်းတွေ လိင်ပိုင်းဆိုင်ရာနဲ့ Escape ဖြစ်အောင်လုပ်ရတဲ့အခန်းတွေက အဆစ်ပါသေးတယ်။ တစ်ချို့အခန်းတွေလည်း ကျောချမ်းဖို့တော့ ကောင်းပါတယ်။Saw လိုပုံစံမျိုးကိုမှ ခေတ်ရေစီးကြောင်းက အဖြစ်တွေကို အသားပေးထားတော့ တစ်မျိုးတစ်ဖုံတော့ ကြည့်ကောင်းပေမဲ့ ဒီရုပ်ရှင်ဟာ အရမ်းကြမ်းတာကြိုက်တဲ့လူတွေအတွက်မဟုတ်သလို အသည်းငယ်တတ်တဲ့လူတွေအတွက်လည်း မဟုတ်ပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.2GB, 540MB Quality - 1080p, 720p IMDb Rating - 5.4/10 Format ...
movie

LiveScream (2022)

2022
They Nest (2000) 5.7
They Nest (2000) They Nest (2000)==============ရုပ်ရှင်ပရိသတ်တို့ကို ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Horror သိပ္ပံဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောရမယ်ဆိုရင် ဒေါက်တာဘန်ကေဟေးကခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ ဒါပေမဲ့ အရက်ဖြတ်ထားတဲ့အရှိန်ကြောင့်လူနာကို ခွဲစိတ်မယ်အလုပ်မှာ မခွဲစိတ်နိုင် ဖြစ်သွားရတယ်။ အဲဒီလိုနဲ့ သူကဆေးရုံကနေ ယာယီအနားယူဖို့ ဖိအားပေးခံခဲ့ရပါတယ်။ဆေးရုံကနေ နားတဲ့အချိန်မှာ သူ့ဇနီးနဲ့ ဝယ်ခဲ့တဲ့ အိမ်ရှိရာ ကျွန်းကိုထွက်လာခဲ့တယ်။ ကျွန်းကိုလာတဲ့လမ်းမှာ အိမ်ပိုင်ရှင်မိသားစုဝင်တစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံဖြစ်သွားတယ်။ အဲဒီလူကသူ့အိမ်ကို ဝယ်လို့ ကေဟေးကို မကျေနပ်ခဲ့ဘူး။ ကေဟေးကျွန်းပေါ်ရောက်လာချိန်မှာလည်း ကန့်လန့်တွေတိုက်တော့တာပါပဲ။တကယ်တော့ အဲဒီကျွန်းပေါ်မှာ မကြာခဏ ထူးဆန်းတဲ့သေဆုံးမှုတွေဖြစ်နေခဲ့ပေမဲ့ အကြောင်းအရင်းကို မသိရဘူး။ မြို့နဲ့ဝေးတဲ့ နေရာမလို့အလောင်းခွဲစိတ်ပြီး စစ်ဆေးတာမျိုးလည်း မတတ်နိုင်ကြဘူး။တစ်နေ့မှာ ကေဟေးနဲ့ မတည့်တဲ့ အဲဒီအိမ်ပိုင်ရှင်ဟောင်းကသေသွားခဲ့ပါတယ်။ တစ်ကျွန်းလုံးက ကေဟေးသတ်တာလို့ပဲထင်ကြတော့တာပေါ့။ ဒါပေမဲ့ အဲဒီလူကို တကယ်သေစေခဲ့တဲ့အကြောင်းအရင်းက ဘာများဖြစ်နိုင်မလဲ။ အရှေ့က သေဆုံးမှုတွေနဲ့ဆက်စပ်နေမလား။ ကေဟေးကရော သူစွပ်စွဲခံရတာတွေကိုချေပဖို့ ဘယ်လိုဖော်ထုတ်မလဲဆိုတာကို They Nest ဆိုတဲ့ဇာတ်ကားထဲမှာ ...
movie

They Nest (2000)

Christmas Bloody Christmas (2022) 5.2

Christmas Bloody Christmas (2022)

Arthur, Malédiction (2022)
Arthur, Malédiction (2022) Arthur, Malédiction (2022)ဒီကားက ဟိုးတုန်းက နာမည်ကျော်ခဲ့တဲ့ Arthur and the Invisibles Trilogyကို Theme ယူပြီး ရိုက်ထားတဲ့ ဆိုက်ကိုလိုဂျီကယ် ဟော်ရာကား။ ဟော်ရာကားတွေထဲ ဆိုက်ကိုလိုဂျီကယ်ဟော်ရာတွေ ဘယ်လောက်စားလဲ သိကြတယ်မလား။ ဒီကားကလည်း အဲဒီလိုခပ်စားစားကား။ စစချင်းမှာ ကြည့်ရင် အရောင်စိုစို ကလေးဘဝဆန်ဆန် စိတ်ကူးယဉ်ဆန်ဆန်လိုလေး အာသာကားတွေလို ဖြစ်တော့မလိုလိုပုံလေးပြထားတယ်။ အမှန်ပြောရရင် ဒီကားကို ကျွန်တော် ဘာကားလဲ ရှာမကြည့်မိဘူး။ ဒီတိုင်းပဲကြည့်လိုက်မိတာ ဆိုတော့ ဘာအမျိုးအစားလဲတောင် မသိခဲ့ဘူး။ တစ်ဝက်လောက်ထိကို ဖန်တက်စီကားလေးလိုလိုပဲထင်နေခဲ့တာ တစ်ဝက်နားကျမှ အရိပ်အယောင်တွေပြ ဘာတွေပြနဲ့ ဒီကားမဟုတ်တော့မဟုတ်တော့ဘူးလို့ သိလိုက်တယ်။ နောက်ကျမှပဲ သတ်တာဖြတ်တာတွေ ပါလာတော့မှ ဒီလိုကားကိုးလို့ သိလိုက်တာ။ ပြောချင်တာက ဒီတိုင်းကြည့်တဲ့လူတစ်ယောက်ဆို ဘာကားမှန်းတောင် သတိထားမိမှာမဟုတ်ဘူး။ တစ်ဝက်လောက်ကျမှ သတ်ချသွားမယ့် အချိုးအကွေ့ကြမ်းတဲ့ ရုပ်ရှင်ပေါ့။ဆန်းတာက ဒီကားက ဟိုကားထဲက အဖြစ်တွေ ...
movie

Arthur, Malédiction (2022)

2022
Zombiepura (2018) 5.0
Zombiepura (2018)  ဇွန်ဘီကားကို ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ကားအမျိုးအစားပါပဲ။ ဘာပြီးရင်ဘာဖြစ်မလဲဆိုပြီး တစ်ဆက်တည်းကြည့်ဖြစ်သွားမယ့်ကားမျိုးပါ...။ စစ်တပ်စခန်းတစ်ခုမှာ ဇွန်ဘီဗိုင်းရပ်စပြန့်လာတယ် အမြဲရေသာခိုတတ်တဲ့စစ်သား၊ စည်းကမ်းကြီးတဲ့အထက်အရာရှိ၊ စစ်ကန်တင်းကကောင်မလေး စတဲ့ အဓိကဇာတ်ဆောင်တွေက ဇွန်ဘီကပ်ဘေးကနေလွတ်မြောက်အောင် ကြိုးစားကြတယ်။ ဗီလိန်လည်းပါပါတယ်...ကြုံလာတဲ့အခက်အခဲတစ်ခုကိုကျော်ဖြတ်ဖို့ ကြိုးစားရမှာ တစ်ဦးတည်းတစ်ကိုယ်ကောင်းဆန်ဆန်ကျော်ဖြတ်နိုင်ဖို့ ကြိုးစားခြင်းထက်စာရင် စုပေါင်းကြိုးစားခြင်းကပဲအမြဲတမ်းအောင်နိုင်သွားတယ်ဆိုတဲ့ messageကို ရစေပါတယ် ။setting, acting, zombie make up အကုန်အဆင်ပြေပါတယ်။ genreကတော့ comedyနဲ့horrorပေါင်းထားတာပါ။ အနောက်တိုင်းဇွန်ဘီကားတွေနဲ့ယှဥ်ရင်တော့ ပေါ့သလိုဖြစ်ပေမယ့် စင်္ကာပူculture, တရုတ်cultureနဲ့မစိမ်းတဲ့သူတွေ ဒါမှမဟုတ် သူတို့တွေရဲ့cultureတွေ ဘာသာစကားလေယူလေသိမ်းတွေကို သိချင်တဲ့သူတွေအတွက် အပျင်းလည်းပြေ cultureဗဟုသုတလည်းရတဲ့ ကားမျိုးပါပဲ။ ဒီကားမှာ အများဆုံးကြားဖြစ်မှာကတော့ "Even your mother can do better than you." ပါပဲ ဟုတ်ပါတယ်..Uncle Rogerရဲ့လေယူလေသိမ်းနဲ့ပါပဲ။ ဒီကားကို Singaporean Director Jacen Tan ရိုက်ကူးထားပါတယ်..။File size…(1.87GB)  / (`948MB) ...
movie

Zombiepura (2018)

Exorcist: The Beginning(2004) 5.1
Exorcist: The Beginning(2004) Exorcist The beginning (2004)====================Exorcist series ကြီးရဲ့အစသမိုင်းဖြစ်တဲ့ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေ လန်ကတ်စတာ မယ်ရင် တဖြစ်လဲဖာသာမယ်ရင်။စစ်ပွဲကြီးအပြီးမှာ သေကြေရတာတွေအနိဠာရုံတွေမြင်ခဲ့တာကနေဘုရားသခင်အပေါ်ယုံကြည်မှုပျောက်ဆုံးသွားခဲ့ပြီးရှေးဟောင်းသုတေသနပညာရှင်အနေနဲ့ပဲကျင်လည်ကျက်စားနေတဲ့သူပါ။တနေ့မှာသူ့ဆီအလုပ်ရောက်လာခဲ့တာက အာဖရိကက ရှေးဟောင်းခရစ်ယာန်ဘုရား‌ကျောင်းတခုဆီကရုပ်ထုတစ်ခုကိုရှာ‌ပေးဖို့ပါပဲ။ဒါပေမဲ့ခရစ်ယာန်သာသနာအာဖရိကတိုက်မရောက်ခင်တည်းကရှိနေခဲ့တဲ့ဒီဘုရားကျောင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။ဒီဘုရားကျောင်းနားမှာဖြစ်ပျက်နေတဲ့သေကြေပျက်စီးနေတာတွေကဘာကြောင့်လဲ။ နယ်ခံတာကာနာလူမျိုးတွေနဲ့ဒီဘုရားကျောင်းနဲ့ကဘာတွေဆက်နွယ်နေတာလဲ။ ဒီသေကြေပျက်စီးနေတာတွေရဲ့အလည်မှာကောင်လေးတယောက်ကလည်းရှိနေတာဘာ‌ကြောင့်များလဲ။ ဒီကောင်လေးကိုဘယ်အရာကများပူးကပ်ပြီးသတ်ဖြတ်နေတာလဲ။ ဘုရားသခင်ကိုယုံကြည်မှုမရှိတော့တဲ့မယ်ရင်တယောက်အဖြေရှာကယ်တင်ဖို့ကြိုးစားတာအောင်မြင်နိုင်ပါ့မလားဆိုတာကို Exorcist the beginning ဆိုတဲ့ဇာတ်ကားမှရှုစားပေးကြပါဦး..... File size…1.41GB / 779MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 54m Genre ..... Mystery , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Exorcist: The Beginning(2004)

Lullaby(2022) 5.2
Lullaby(2022) Lullaby (2022) ================ အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ ‌ horror ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ဂျွန်နဲ့ရေချယ်တို့ဟာ "အီလိုင်"ဆိုတဲ့သားတစ်ယောက် မွေးထားတာ မကြာသေးပါဘူး။ သူတို့ရဲ့သားဦးဖြစ်တာကြောင့် ကလေးကို ‌ထိန်းသိမ်းရာမှာ အခက်အခဲတွေရှိနေခဲ့ပြီး တစ်ရက်ထက်တစ်ရက် ပိုအဆင်မပြေ ဖြစ်လာခဲ့ပါတယ်။ တစ်နေ့ကျတော့ ရေချယ်ရဲ့ အမေပို့လိုက်တဲ့ ရှေးဟောင်းကလေးချော့တေးစာအုပ်ကို ပြန်တွေ့ပြီး ကလေးချော့တေးဆိုပြလိုက်တဲ့အခါ အီလိုင်လေးဟာ ချောချောခြူခြူပဲ အိပ်ပျော်သွားခဲ့ပါတယ်။ ဒီလိုနဲ့ အကြိမ်တိုင်း ဒီသီချင်းကို အသုံးပြုရင်းနဲ့ သူတို့ဘ၀လည်း ပြန်လည်အေးချမ်းအဆင်ပြေသွားပါတော့တယ်။ သူတို့မသိလိုက်တာက ဒီလောက်အစွမ်းထက်တဲ့စာအုပ်မှာ မယုံကြည်နိုင်စရာ အမှောင်စွမ်းအင်တွေ ရှိနေတာပါပဲ။ဒီလိုနဲ့ ကလေးထိန်းပျင်းတဲ့ ရေချယ်တို့တွေ ရှေးဟောင်းအမှောင်တံခါးကို သွားခေါက်မိတဲ့အခါမှာတော့ ဘယ်လို အဖျက်စွမ်းအားတွေ ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့ရမလဲဆို‌တာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါခင်ဗျာ။ File size…1.08GB  / 450MB Quality…1080p AMZ WEBDL / 720p Format…mp4 Duration….1h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
movie

Lullaby(2022)

2022
Delirium(2018) 5.7
Delirium(2018) Delirium(2018)===============ဒီတစ်ခါမှာ ပရိသတ်ကြီးတို့ကို မိတ်ဆက်ပေးချင်တာကတော့၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delirium ဆိုတဲ့ဇာတ်ကားလေးပါ။ပြသချိန် ၁ နာရီခွဲဝန်းကျင် ကြာပြီးတော့ Horror, Thrillerအမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အနေနဲ့လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပါပဲ။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် Tom Walker ကစိတ်ရောဂါကုဆေးရုံမှာ နှစ် ၂၀ ကုန်ဆုံးပြီးနောက်မှာလွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ရက် ၃၀အကျယ်ချုပ်နေပြီးမှ ပုံမှန်လူတစ်ယောက်လိုသွားလာခွင့်ရမှာပါ။ အဲဒီတော့ သူဟာ သူ့မိဘတွေ ချန်ခဲ့တဲ့အိမ်ကြီးမှာ တစ်ယောက်ထဲ နေရဖို့ အကြောင်းဖန်လာပါတော့တယ်။ အမေနဲ့ အဖေက သူတို့ငယ်ငယ်ကတည်းကကွဲသွားကြတာ ဖြစ်ပြီးတော့ အဖေဖြစ်သူက သူမလွတ်လာခက်ရက်ပိုင်းအလိုမှာ ကိုယ့်ကိုယ့်ကိုယ်သတ်သေသွားတာဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ Alex ကလည်း ထောင်ကနေလွတ်မလာသေးပါဘူး။ အိမ်အကြီးကြီးထဲမှာ တစ်ယောက်ထဲနေရတဲ့Tom ဟာ အိမ်ထဲကနေ အသံတွေကြားရတာတွေ၊ ထူးဆန်းတဲ့ဖုန်းခေါ်ဆိုမှုတွေကို ကြုံတွေ့လာရပါတော့တယ်။မိန်းကလေးတစ်ယောက် ရေနစ်နေတာကိုလည်းမြင်မြင်နေရပါသေးတယ်။ တစ်နေ့မှာတော့ Tom ဟာ မုန့်စားချင်လို့ဈေးဆိုင်ကနေ မုန့်မှာရင်း မုန့်လာပို့တဲ့ Lynn ...
movie

Delirium(2018)

Abraham Lincoln: Vampire Hunter(2012) 5.9
Abraham Lincoln: Vampire Hunter(2012) Abraham-Lincoln-Vampire-Hunter(2012)==================================အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း)သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေးမဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာကဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်းလင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာသွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကိုရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လိုအမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာနိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ်ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီးအလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်းလှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာတိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင်ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကိုဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ်ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် ကရိုက်ကူးတင်ပြလိုက်တဲ့အခါ-Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး ...
movie

Abraham Lincoln: Vampire Hunter(2012)

Witch Hunt (2021) 4.7
Witch Hunt (2021) Witch Hunt (2021) ===============စုန်းမတွေ တကယ်ရှိပြီး စုန်းအတတ်တွေကို တရားဥပဒေအရ တားမြစ်ထားတဲ့ မော်ဒန်အမေရိကခေတ်မှာ စုန်းမလေး ၂ ယောက်ကို ဝှက်ထားပေးတဲ့မိသားစု တစ်စုအကြောင်း ရိုက်ပြထားတာပါ။ကလယ်ရာ့မှာ အမေဖြစ်သူ မာသာရယ်၊ အမြွှာမောင်လေး ၂ ယောက် ရယ် ရှိပါတယ်။ ကလယ်ရာတို့အိမ်က အမေရိကန် နယ်စပ်ကိုဖြတ်ပြီး မက္ကဆီကိုဘက်ကို သွားမယ့် စုန်းတွေကို တစ်ညတာ တည်းခိုခွင့်ပေးတဲ့ အိမ်ပါ။ တစ်ရက်တော့ သူတို့အိမ်ကို စုန်း ညီအစ်မနှစ်ယောက် ရောက် လာပါတယ်။ ဖြစ်ချင်တော့ စုန်းတွေကို မက္ကဆီကိုဘက် ပို့ပေးတဲ့သူကို စုံထောက်က ဖမ်းမိသွားပြီး စုန်းညီအစ်မနှစ်ယောက် ကလယ်ရာတို့အိမ်မှာ သောင်တင်ဖို့ ဖြစ်လာပါတော့တယ်။စုန်းအတတ်ကို ရာဇဝတ်မှုလို ရှုမြင်ကြတဲ့အသိုင်းအဝိုင်းကြားထဲမှာ အဲဒီညီအစ်မကို ကလယ်ရာတို့ သေချာဝှက်ထားနိုင်ပါ့မလား။ ကလယ်ရာတို့ မိသားစုကရော စုန်းတွေနဲ့ ဘယ်လို ဆက်စပ်နေတာလဲ ဆိုတာကို ဒီကား လေးထဲမှာဆက်လက်ကြည့်ရှုပေးကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်)File Size..........(1.03 GB) / (438 MB) / (246 MB) Quality............WEB-RIP 1080p ...
movie

Witch Hunt (2021)

2021
(18+)Captive Files II (2003) 6.3
(18+)Captive Files II (2003) ကဲ စတော့ဟုမ်းဇာတ်လမ်းလေး အပိုင်းနှစ်လာပါပြီ ဒီဇာတ်ကားက မှုခင်းစိတ်ပညာ လူ့သဘောသဘာဝ introvert တွေရဲ့ စိတ်နေသဘောထားစတဲ့ စိတ်ဝင်စားစရာတွေ အများကြီးပါနေလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါအပိုင်းတစ်ရောအပိုင်းနှစ်ရောစိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်စေချင်ပါတယ် အမှောင်ခန်းတွေပါတာမို့ မိသားစုနဲ့တော့ အတူမကြည့်ပါနဲ့ ကြည့်ချင်ရင် crush နဲ့အတူကြည့်ပါ ပြန်မကြိုက်ပဲကို မနေရဲပါဘူး ဒီဇာတ်ကားပြပြီး ငါ့ကိုပြန်မကြိုက်ရင် ဒီဇာတ်ကားထဲကလို လုပ်လိုက်မယ်လို့သာပြောလိုက်ပါ ရဲဖမ်းခံရရင်တော့ ကျွန်တော်နဲ့မဆိုင်ပါဘူး File size…326MB Quality…DVD RIP Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

(18+)Captive Files II (2003)

Zombie Chikadees ( 2022 ) 6.3
Zombie Chikadees ( 2022 ) ထိပ်တန်းငှက်လေ့ကျင့်ရေး ဆရာကြီးတစ်ယောက်ဖြစ်တဲ့ မောင်ရှန်းဟောင်ဟာ ဖီးနစ်ကျွန်းကို သွားရောက်ခဲ့ပြီးတော့ ဗီဇပြောင်းငှက်မျိုးစေ့တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်ထူးဆန်းစွာနဲ့ပဲ လူတွေကလဲ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးလို့ နေပါတယ် တစ်ဆက်ထဲမှာပဲ မြို့တော်ရဲ့ လူချမ်းသာအိမ်တော်ဖြစ်တဲ့ မုန့်အိမ်တော်ရဲ့ သခင်ကြီးဟာ သေဆုံးရာကနေပြီး ဖုတ်သစ္ဆေတစ်ကောင်ကို ပြန်နိုးထလာခဲ့ပါတယ်ထိပ်တန်းငှက်လေ့ကျင့်ရေး ဆရာကြီး မောင်ရှန်းဟောင်က ဒီသေဆုံးမှုဟာ ငှက်တစ်ကောင်တိုက်ခိုက်ခံရလို့ သေဆုံးတယ်လို့ ကောက်ချက်ချခဲ့ပေမဲ့ ဘယ်သူကမှယုံကြည်ချင်းမရှိခဲ့ပါဘူး မြို့တော်က လူတွေကလဲ ကောလဟာလတွေမှတစ်ဆင့် စိတ်တွေ ကယောင်ခြောက်ခြားတွေဖြစ်လို့လာမှာ အုံကြွမှုတွေပါ ဖြစ်လို့လာပါတယ် ဒီလိုနဲ့ မုန့်အိမ်တော်ရဲ့ သခင်လေးဖြစ်သူလဲဖြစ် ညွှန်ကြားရေးမှူးချုပ်လဲဖြစ်တဲ့ မုန့်ချန်နဲ့ အတူတူ အမှန်တရားကို ရှာဖွေခဲ့ကြတဲ့အခါ -❏ ဘာတွေဆက်ဖြစ်ကြမှာလဲ ❏ သူတို့ပြောနေတဲ့ ဖုတ်သစ္ဆေဆိုတဲ့ အရာကရော အမှန်ပဲ ဖြစ်နေမလား ❏ အဲဒီတိုက်ခိုက်ကြတဲ့ ငှက်ဆိုးတွေကရော ဘာတွေကြောင့်ဖြစ်နေကြမလဲ ဆိုတာ ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစားအဖြေရှာကြရမဲ့ horror အမျိုးအစားလေး ဇာတ်ကားကောင်းလေး တစ်ကားဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင် [ Reviewed By Chit Mya Mya Hmwe ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action ...
movie

Zombie Chikadees ( 2022 )

Hellblazers (2022) 4.5
Hellblazers (2022) ဂျိုးအန်ဒါဆင်ဆိုတဲ့ နယူးယော့ခ်သား ရဲတစ်ယောက်ဟာ ရဲမှူးရာထူးနဲ့ ဟုပ်ဗေလီဆိုတဲ့ မြို့ငယ်လေးဆီကို ပြောင်းရွှေ့လာခဲ့ပါတယ်ဗျ။ ဟုပ်ဗေလီဟာဆိုရင် ရာဇဝတ်မှုကြီးကြီးမားမားမရှိတတ်တဲ့၊ အေးချမ်းတဲ့ မြို့ငယ်လေးပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ အဲ့ဒီဘာမှ ထူးထူးခြားခြားမရှိတတ်တဲ့ အဲ့ဒီမြို့လေးရဲ့ ရဲစခန်းကို ဘေလ်ဆိုတဲ့ ရူးကြောင်ကြောင်အဘိုးကြီးရောက်လာပြီး သူ့ခြံထဲမှာ အဝါရောင် ခြုံထည်တွေဝတ်၊ မျက်နှာတွေအုပ်ထားတဲ့ လူတစ်စုက ဂါထာမန္တာန်တွေရွတ်ကာ ငရဲတွင်းပေါက်ဖွင့်ပြီး နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်ကြတယ်လို့ တိုင်ချက်ဖွင့်လာခဲ့ပါတယ်ဗျ။အဲ့ဒီအချိန်ကနေစပြီး ငြိမ်သက်နေတဲ့မြို့လေးမှာ ထူးခြားတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတော့တယ်။ ဒီ Hellblazers ဆိုတဲ့ရုပ်ရှင်လေးဟာဆိုရင် Jump scares ခပ်ပါးပါးတချို့နဲ့ ဇာတ်လမ်းကို စိတ်ဝင်စားအောင်ဆွဲခေါ်ထားပြီး အချိန်ပေးရတာတန်တဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ...။ File size…1.3GB  / 581MB  Quality…1080p AMZ WEB DL  / 720p Format…mp4 Duration….1h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe Yan Naing
movie

Hellblazers (2022)

2022
I Still Know What You Did Last Summer (1998) 4.7
I Still Know What You Did Last Summer (1998)  1997 ခုနှစ်ကထွက်ရှိခဲ့တဲ့ I Know What You Did Last Summer ဆိုတဲ့ ဆယ်ကျော်သက် horror, thriller ဇာတ်ကားရဲ့ နောက်ဆက်တွဲဇာတ်လမ်းပါ။ သူငယ်ချင်းတွေကိုသတ်ခဲ့တဲ့ စိတ္တဇလူသတ်သမားကို မတော်တဆသတ်မိခဲ့တဲ့ ကောလိပ်ကျောင်းသူဂျူလီဟာ တစ်နှစ်ကြာတဲ့အထိ အိပ်မက်ဆိုးတွေမက်ပြီး အရာရာကိုထိတ်လန့်နေဆဲပါ။ တစ်နေ့မှာ ဂျူလီရဲ့အခင်ဆုံးသူငယ်ချင်း အခန်းဖော် ကာလာမှာ ရေဒီယိုအစီအစဉ်တစ်ခုကနေပြီး ဘဟားမားကိုအပန်းဖြေခရီးလက်မှတ်လေးစောင်ရတဲ့အခါ ဂျူလီ၊ ကာလာရဲ့ရည်းစား တိုင်လာ နဲ့ ဂျူလီကိုတစ်ဖက်သတ်ကြွေနေတဲ့ သူငယ်ချင်းဝယ်လ်တို့ဟာ ကာလာကောင်းမှုနဲ့ ဘဟားမားကို ဂျူလိုင်လေးပိတ်ရက်အတွက် အလည်အပတ်သွားကြပါတော့တယ်။ ဒါပေမယ့် ကျွန်းပေါ်ရောက်တဲ့အခါ ဂျူလီတစ်ယောက် မူမမှန်တာတွေကို စသတိထားမိလာပြီး ခြိမ်းခြောက်စာတွေရလာတဲ့အခါမှာတော့ သူသတ်ခဲ့တဲ့ စိတ္တဇလူသတ်သမား ဘန် ဝဲလေ့စ်ဟာ မသေသေးတာကိုသိလိုက်ရပါတော့တယ်။ မုန်တိုင်းကြောင့် လှေအသွားအလာမရှိတဲ့ ကျွန်းပေါ်မှာ လူသတ်သမားလက်ကနေ သူတို့လေးယောက်လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တထိပ်ထိပ်နဲ့ကြည့်လိုက်ကြရအောင်။ File size…(1.63GB)  / (837MB) / (483MB) Quality…. ...
movie

I Still Know What You Did Last Summer (1998)

The Exorcism of Emily Rose(2005) 6.7
The Exorcism of Emily Rose(2005) The Exorcism of Emily Rose(2005)=============================ဒီတခါ ဇာတ်ကားလေးကတော့ 2005 ခုနှစ်မှာထွက်ရှိခဲ့ပြီး Director Scott Derrickson ရိုက်ကူးခဲ့တဲ့သဲထိပ်ရင်ဖိုကားလေးပဲဖြစ်ပါတယ်မင်းသမီး က Jennifer Carpenter ဖစ်ပြီး ဒီဇာတ်လမ်းလေးက1976 ခုနစ်က ဂျာမနီမှာ သေဆုံးခဲ့တဲ့ Anneliese Michel ဆိုတဲ့ဂျာမန်မလေးရဲ့ မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ emily rose ဆိုတဲ့ ၁၉ နှစ်အရွယ်ကောင်မလေးက အနေအေပြီး စာဖတ်တာ ဂီတလေ့လာတာနဲ့ပဲအိမ်ထဲမှာပဲနေလေ့ရှိတယ် ဒါပေမဲ့ တက္ကသိုလ်တက်ဖို့အတွက်scholarship ရခဲ့တော့ ဆရာမဖြစ်ချင်တဲ့ သူမရဲ့အိပ်မက်ကြောင့်မိသားစုနဲ့ခွဲပြီ းသွားတက်ဖို့ဆုံးဖြတ်လိုက်တယ် သူမကညဘက်တွေဆိုမီးလောင်တဲ့အနံ့ရလို့ နိုးလာတတ်ပြီးအဆစ်တွေလှုပ်မရတာတွေ မျက်ဆံအနက်ကြီးဖြစ်သွားတာတွေနာရီအတော်ကြာအော်နေတာတွေ အင်းဆက်တွေစားတာတွေစတဲ့လက္ခဏာတွေနဲ့ မကြာခင်မှာသေဆုံးသွားတယ် သူမရဲ့သေဆုံးမှုကကျန်းမာရေးအခြေအနေကြောင့်လား? မကောင်းဆိုးဝါးဝင်ပူးတာလား?သူမရဲ့သေဆုံးမှုရဲ့တရားခံက ဘယ်သူလဲ? ဆိုတာ Jennifer Carpenter ရဲ့တအားမိုက်တဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရင်း အဖြေတူတူရှာလိုက်ကြဦးနော် အညွှန်းနဲ့ဘာသာပြန်ကတော့ Duckkie ပဲဖြစ်ပါတယ်; File size…1GB / 435MB Quality…Blu-Ray 1080p5.1CH  ...
movie

The Exorcism of Emily Rose(2005)

Nanny (2022) 5.2
Nanny (2022) Nanny (2022) ==========Rotten Tomatoes 88% နဲ့ IMDb 5.6 ရရှိထားတဲ့ ၂၀၂၂ ခုနှစ်ထွက် Horror/Thriller ဇာတ်ကားလေးတစ်ကား တင် ဆက်ပေးလိုက်ပါတယ်။ အာရီရှာဟာ အာဖရိကမှာရှိနေတဲ့ သားလေးလာမင် ကို အမေရိကဆီ ခေါ်နိုင်ဖို့ အလုပ်ကြိုးစား နေတဲ့ မိခင်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် အသစ်ရတဲ့ ကလေးထိန်းအလုပ်ကို လုပ်ကိုင်ရင်း ပိုက်ဆံရှာနေခဲ့ပါတယ်။ ဒီလိုလုပ်ကိုင်ရင်းနဲ့ပဲ အာရီရှာတစ်ယောက် ဝိညာဉ်တွေကို မြင် တွေ့လာရပါတော့တယ်။ အဲဒါကြောင့်ကျွမ်းကျင်သူတစ်ယောက်နဲ့ တွေ့ဆုံပြီး အဖြေရှာဖို့ ကြိုးစားခဲ့ပါတာပေါ့။ ပြောရရင် ဒီဇာတ်လမ်းမှာ အာရီရှာတစ်ယောက်ဘာလို့ ဝိညာဉ်တွေကို ဘာလို့ မြင်တွေ့နေရတာလဲ၊ ဘာတွေ ကြုံဆုံရမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းက ရိုးရှင်းသလိုနဲ့ လှည့်ကွက်လေးတွေ ပါရှိတာမို့ အများကြီး မညွှန်းတော့ပါဘူး။ Jump scare များများစားစား မပါဝင်ပေမယ့် Horror အရသာကိုတော့ ပေးစွမ်းနိုင်မှာမို့ လက်လွတ်မခံဖို့ အကြံပေးလိုက်ပါ့ရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.7 GB) / (550 MB) / (320 ...
movie

Nanny (2022)

2022
Ghost Writer 2 (2022) 7.4
Ghost Writer 2 (2022) Ghost Writer 2 (2022)(၂၀၁၉)ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost Writer ကားလေးရဲ့ နောက်ဆက်တွဲဇာတ်လမ်း ဖြစ်ပါတယ်။ ပထမကားနဲ့ ဆက်စပ်မှုရှိပေမယ့် သပ်သပ်စီကြည့်ရင်လည်း အင်မတန်ကြည့်ကောင်းပါတယ်။ဇာတ်လမ်း ကတော့ ကိုယ်တွေ့သရဲအကြောင်းအရာကို ရေးသားလိုက်ရာမှာ စာရေးဆရာမ နာရာရဲ့စာအုပ်ဟာ တော်တော် လေးပေါက်သွားပြီး နှစ်အတော်ကြာ ရောင်းအားအကောင်းဆုံး (best seller) ဖြစ်သွားပါတယ်။နာရာကိုယ်တိုင် ကတော့ လေးနက်တဲ့စာပေကိုရေးသားချင်ပေမယ့် ထုတ်ဝေသူကတော့ သရဲနဲ့ပက်သက်တဲ့အကြာင်းကိုသာ ရေး ခိုင်းနေတဲ့အတွက် နာရာအတွက် သရဲတစ္စေတွေကို စိတ်ကုန်နေချိန်ပါ။ အဲ့အချိန်မှာပဲ နာရာနဲ့ ပက်သက်သူ တစ်ယောက်ဟာ မမျှော်လင့်ဘဲ သေဆုံးသွားတဲ့အတွက် သရဲတွေကို စိတ်ပျက်နေတဲ့နာရာဟာ သရဲတွေနဲ့ မဖြစ် မနေ ဆက်ဆံဖို့ဖြစ်လာပါတယ်။မဖြစ်မနေဆက်ဆံတာဖြစ်တဲ့အတွက် ဖြစ်ရပ်တွေဟာလည်း သူမဖြစ်ချင်တာတွေ ထပ်မံကြုံတွေ့လာတဲ့အချိန်မှာတော့ ...Ghost Writer(၂၀၁၉)လိုပဲ ခြောက်ခြားစရာတွေ၊ ဆွတ်ပျံ့ကြည်နူး စရာတွေ၊ သင်ခန်းစာယူစရာတွေ၊ ပျော်ရွှင်စရာတွေ၊ ဝမ်းနည်းဖွယ်ရာတွေ ပေါင်းစပ်ပြည့်နှက်နေတဲ့ အင်ဒိုနီးရှား ...
movie

Ghost Writer 2 (2022)

2022